အာဏာသိမ်း စစ်အုပ်စု၏ ထောက်တိုင်တခု (သို့မဟုတ်) ဦးစစ်တိုင်းအောင်
မြန်မာစစ်တပ်နှင့် နီးစပ်ပြီး စစ်လက်နက် တင်သွင်းပေးခြင်းအပြင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ လုပ်ကိုင်ခွင့် ရရှိကြသည့် အခွင့်ထူးခံ စီးပွားရေးလုပ်ငန်းရှင်များထဲ Suntac ကုမ္ပဏီအုပ်စု၏ ဦးဆောင်သူ ဦးစစ်တိုင်းအောင် တယောက်လည်း အပါအဝင် ဖြစ်သည်။
သူသည် မြန်မာစစ်တပ်အတွက် စစ်လက်နက်ပစ္စည်းများ အဓိက တင်သွင်းပေးသော ထူးကုမ္ပဏီအုပ်စု ဥက္ကဋ္ဌ ဦးတေဇ၊ ဦးအောင်လှိုင်ဦး (Myanmar Chemical & Machinery-MCM) နှင့် ဒေါက်တာနိုင်ထွဋ်အောင် (International Gateway Group of Company Limited) တို့နှင့် ရင်းနှီးမှုရှိသလို မြန်မာစစ်တပ် ထိပ်ပိုင်း စစ်ဗိုလ်ချုပ်များနှင့်လည်း နီးစပ် မှုရှိကြောင်း ရန်ကုန်မြို့ရှိ စီးပွားရေးလုပ်ငန်းရှင် တချို့ က ဆိုသည်။
သာမဏေကျော် စာတော်ပြန်ပွဲ ကဲ့သို့သော သာသနာရေးကိစ္စများနှင့် ပတ်သက်ကာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဦးစစ်တိုင်းအောင်တို့ကြား ရင်းနှီးသည့် ဆက်ဆံရေးရှိသူ ဖြစ်ကြောင်း သိရသည်။
ယခင်စစ်အစိုးရ နိုင်တော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဦးသန်းရွှေ လက်ထက်တွင် သစ်တောဝန်ကြီး တာဝန် ထမ်းဆောင်ခဲ့သော ဦးအောင်ဖုန်းသည် ဦးစစ်တိုင်းအောင်၏ ဖခင် ဖြစ်သည်။
ယခင်စစ်အစိုးရ နိုင်တော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဦးသန်းရွှေ လက်ထက်တွင် သစ်တောဝန်ကြီး တာဝန် ထမ်းဆောင်ခဲ့သော ဦးအောင်ဖုန်းသည် ဦးစစ်တိုင်းအောင်၏ ဖခင် ဖြစ်သည်။
“ဦးတေဇကို သစ်ကိစ္စမှာ စင်တင်ပေးခဲ့တာ ဦးစစ်တိုင်းအောင်တို့ပေါ့။ သူက အရင်ကတည်းက သစ်ကိစ္စရော၊ ယူကရိန်းတို့ ဘာတို့ဘက်က လက်နက်သွင်းတာရော လုပ်ခဲ့တာ။ ဦးတေဇကတော့ သူတို့ အရှေ့ကနေ နာမည် အပျက်ခံပေးရတာပေါ့” ဟု ဧရာဝတီ၏ သတင်းရင်းမြစ်တဦးက ဆိုသည်။
ဦးစစ်တိုင်းအောင်သည် မက္ကစီကိုနိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်အဖြစ် ခန့်အပ်ခြင်း ခံထားရသူလည်း ဖြစ်သည်။
မြန်မာစစ်တပ်၏ စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေး စက်ရုံတချို့ တည်ဆောက်ရေးနှင့် လက်နက် ထုတ်လုပ်ရေး အတွက် လိုအပ်သော ကုန်ကြမ်းပစ္စည်းများကို စစ်တပ်က တင်သွင်းသည် ဆိုသော Military Import သွင်းကုန်လိုင်စင်ဖြင့် တင် သွင်းခွင့် ရရှိသူ ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်တဦးက ပြောသည်။
ယူကရိန်းနိုင်ငံမှ စစ်လက်နက်ပစ္စည်း ထုတ်လုပ်သော Ukroboronservice ကုမ္ပဏီထံမှ လေယာဉ် စက်ပစ္စည်းများကို ပြီးခဲ့သည့် ၂၀၂၀ နှင့် ၂၀၂၁ ခုနှစ်တွင် မြန်မာ့စစ်တပ်အတွက် တင်သွင်းပေးခဲ့သော Yatanarpon Aviation Support ကုမ္ပဏီ သည် ဦးစစ်တိုင်းအောင်၏ ကုမ္ပဏီဖြစ်သည်။
ယူကရိန်းနိုင်ငံမှ စစ်လက်နက်ပစ္စည်း ထုတ်လုပ်သော Ukroboronservice ကုမ္ပဏီထံမှ လေယာဉ် စက်ပစ္စည်းများကို ပြီးခဲ့ သည့် ၂၀၂၀ နှင့် ၂၀၂၁ ခုနှစ်တွင် မြန်မာ့စစ်တပ်အတွက် တင်သွင်းပေးခဲ့သော Yatanarpon Aviation Support ကုမ္ပဏီ သည် ဦးစစ်တိုင်းအောင်၏ ကုမ္ပဏီဖြစ်ကြောင်း Justice for Myanmar ၏ ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် Yatanarpon Aviation Support ကုမ္ပဏီသည် ယူကရိန်းနိုင်ငံတွင် မြန်မာစစ်တပ်အတွက် စစ်လက်နက်ပစ္စည်း များ၊ တိုက်ခိုက်ရေး ဂျက်လေယာဉ် အစိတ်အပိုင်းများနှင့် လေကြောင်း ထောက်လှမ်းရေး ရေဒါနည်းပညာ အဓိက တင် သွင်းနေသည့် Myanmar Consultancy ကုမ္ပဏီနှင့် လိပ်စာတူ၊ ဖုန်းနံပါတ်တူဖြင့် မှတ်ပုံတင်ထားခြင်းများ ရှိခဲ့သည်။
အဆိုပါ ကုမ္ပဏီများတွင် မြန်မာစစ်တပ်အတွက် လက်နက်ပွဲစား တဦးဖြစ်သည့် ဒေါက်တာနိုင်ထွဋ်အောင်က ဒါရိုက်တာအဖြစ် တာဝန်ယူထားခဲ့ဖူးသည်။
Myanmar Consultancy ကုမ္ပဏီသည် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် တက်ရောက်ခဲ့သည့် ရုရှားနိုင်ငံတွင် ကျင်းပခဲ့သော MAKS 2021 Air Show လေကြောင်း ပြပွဲတွင် အွန်လိုင်းမှ ပါဝင်ပြသသူ တဦးအဖြစ် ပါဝင်ခဲ့သည်။
ဦးစစ်တိုင်းအောင်သည် လက်ရှိ အချိန်တွင် မြန်မာနိုင်ငံ သံမဏိလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူထားသူ ဖြစ်သည်။
ဧရာဝတီ
ထန်တလန်မြို့ မီးရှို့မှုနဲ့ ခြေလျင်တပ်ရင်း (ခလရ) ၂၂၂
အာဏသိမ်းမှု ကြံရာပါများနှင့် အချက်အလက်များ
ဒလန်အကြီးစား လူမိုက် မုန်တိုင်း သေပြီ
နိုင်ငံတကာက အမြန်ဆုံးအရေးယူရန် လိုအပ်ဟု အမေရိကန်ပြော
အဖြူရောင်အနုပညာရှင်များအား အဖြူရောင်အရည်များ တည်ခင်းဧည့်ခံ
ထန်တလန်မြို့ကို မီးရှို့တဲ့ တပ်တွေထဲက တပ်တစ်တပ်
စစ်ခေါင်းဆောင်များ ကို ဖယ်ရှားရန်ကု လ အထူး သံတမန် တောင်းဆို
အာဆီယံ မှ မင်းအောင်လှိုင် အား အစည်းအဝေး သို့ မဖိတ်ခေါ်ဘဲ ထားခဲ့မှုသည် နိုင်ငံတကာ ၏ အသိအမှတ်ပြု ခံရရန် အာသာငမ်းငမ်း ကြိုးပမ်းနေသော အာဏာသိမ်း အဖွဲ့ အတွက် အကြီးအကျယ် အထိနာသွားခဲ့ရသော် လည်း နောက်ဆုတ်မည့် ဟန် မရှိသည့်အပြင် တိုး၍ တိုး၍သာ မိုက်တွင်းနက်လာနေသည့် လက္ခဏာများ ပြသလာခဲ့သည်။
ကြံ့ခိုင်ရေးပါတီ၏ ပြောရေးဆိုခွင့်ရှိသူ နန်းမြမြမီမီဇော်၏ ခြိမ်းခြောက်မှု
လူစိတ်မရှိတဲ့ ကြံဖွတ်နှင့်စစ်ခွေးလော်ဘီများ
အမြန်ဆုံးအရေးယူ ဆောင်ရွက်ပေးရန် သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား
ထွက်ပြေးနေသော ရွာသားများအား နှစ်ရက်အတွင်း အိမ်ပြန်လာရန် စစ်ကောင်စီ အမိန့်ထုတ်
NUG မှ စစ်ဦးစီးချုပ်ရုံး ဖွဲ့စည်းပြီ *******************************
မအလအား စိတ်ဆင်းရဲစေသည့်ပြည်သူ့အောင်ပွဲ (၁)
မင်းအောင်လှိုင်၏ စကစသည် (၇၆)ကြိမ်မြောက် UN ၌ ခွေးနေရာမရသလို ဖြစ်သွားခဲ့သည်။ မအလက ခန့်အပ်မည့် ဒေါ်ရင်ရင်နွယ်သည် UNရုံးစိုက်ရာ အမေရိကန်ကို သွားဖို့ ဖင်တကြွကြွလုပ်နေရာမှ မသွားရတော့ပဲ UNနှင့် မအလအား စိတ်ဆိုးကာ ရှက်ရှက်ဖြင့် အိမ်ပြန်အိပ်နေရသည်။
နေရာမြဲသွားသည့် NUG သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် UN၏ ပထမဆုံးအစည်းအဝေး၌ စကားပြောခွင့်မရသော်လည်း နောက်ထပ်ကျင်းပသော အစည်းအဝေးမှန်သမျှတို့၌ မအလတို့ ကျုးလွန်ခဲ့သည့် ရာဇဝတ်မူ့တစ်ခု့ခြင်းစီကို အထောက်အထားခိုင်လုံစွာနှင့် တောက်လျှောက်ဖွင့်ချပြီး မိန့်ခွန်းပြော တင်ပြနေသည်။
မအလ၏ နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်သည် အစောပိုင်းက အလန့်တကြား ပြင်းထန်စွာကန့်ကွက်ကြောင်းစာထုတ်ပြန်ခဲ့သော်လည်း မည်သည့်အဖွဲ့အစည်းကမျှ စောက်ရေးပြန်မလုပ်သည့်အဖြစ်ကို တွေ့ရသောအခါဝမ်းနည်းကြေကွဲစွာ ခံစားရ၏။
ထို့အပြင် NUG သံအမတ်ကြီး ဦးကျော်မိုးထွန်း၏ များပြားလှသော အစည်းအဝေးများကြောင့် ဝဏ္ဏမောင်လွင်သည် ကန့်ကွက်စာများ ဆက်မထုတ်နိုင်တော့ပဲ ငုတ်တုတ် ထိုင်ကြည့်ကာ လက်မှိုင်ချသွားတော့သည်။ မအလသည် ထိုဖြစ်ရပ်အတွက် မချိတင်ကဲ ဒေါသထွက်ကာ "so what "ဟု့ အချိန်ရတိုင်း ပြောနေလေ၏။ စပစတစ်ဖွဲ့လုံးမကျေမနပ်ဖြင့် ယူကြုံးမရ စိတ်ဆင်းရဲနေလေသည်။
နောက်ဆုံး မအလတို့ မည်သို့ တပ်ပျက်နေသလဲ ဆိုသည်မှာစပစဥက္ကဌမင်းဟောင်လှိုင်က ကုလသမဂ္ဂအဖွဲ့ကြီးနှင့် လက်တွဲဆောင်ရွက်မည်ဟု့ (၇၆)ကြိမ်မြောက် ကုလသမဂ္ဂနေ့၌ ကုသမဂ္ဂသို့ သဝဏ်လွှာ ပို့၏။ သူ၏
ဒပဲ့ ဝဏ္ဏမောင်လွင်က ကုလမြန်မာအထူးကိုယ်စားလှယ်တင်သွင်းသောအစီအရင်ခံစာအား သဘောမတူပဲ ပြင်းထန်စွာကန့်ကွက်သည် ဟူ၏။
ခေတ်အဆက်ဆက် ကုလစင်မြင့်အထက်သို့ တက်ကာ မဟုတ်မမှန် ပြောခဲ့ကြားခဲ့သည့် ဝဋ်ကြွေးကို ယ္ခုအခါ
မအလတို့ အတိုးရော အရင်းပါ ပေါင်းပြီး ပြန်ခံစားနေရသည်။ ထိုသို့ မအလတို့တစ်သိုက် စိတ်ဆင်းရဲကြီးစွာ ခံစားနေရသည်ကို မြင်ခွင့်ရခြင်းသည် ကျွန်ုပ်တို့ ပြည်သူမျာအတွက် နှစ်ထောင်းအားရ ဝမ်းသာစရာဖြစ်၏။ တန်ဖိုးရှိလှ၏။ကမ္ဘာနိုင်ငံများတွင် မြင်ရခဲလှ၏။ ဤသည်ကား ပြည်သူအောင်ပွဲဖြစ်ပေသည်တကား။
ပြည်သူအောင်ပွဲ (၁)အတွက်စွမ်းဆောင် တိုက်ပွဲဝင်ပေးသူ ဦးကျော်မိုးထွန်း ကျန်းမာချမ်းသာပါစေဗျားး
ချစ်ကိုကြီး

