နောက်ဆုံးရ

NUG မှ စစ်ဦးစီးချုပ်ရုံး ဖွဲ့စည်းပြီ *******************************

အမျိုးသား ညီညွတ်ရေး အစိုးရမှ ဗဟိုကွပ်ကဲ ညှိနှိုင်းရေး ကော်မတီ Central Control and Coordination Committee (C3C) အား တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ နှင့် အတူ ပူးတွဲ ဖွဲ့စည်း လိုက်ပြီ ဟု ကာကွယ်ရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးနိုင်ထူးအောင်က ဧရာဝတီသို့ ထုတ်ဖေါ် အသိပေး လိုက်သည်။

တနိုင်ငံလုံး အနှံ့ ပြန့်ကျဲနေသော ရာပေါင်းများစွာ ရှိသည့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များအား တစု တစည်း တည်း ပေါင်းစည်းရန် ရည်ရွယ် လုပ်ဆောင်လာခြင်း ဖြစ်သည်။ တပ်ရင်း တပ်ဖွဲ့ အမည်များကိုလည်း စနစ်တကျ သတ်မှတ်သွားပြီး C3C ၏ ကွပ်ကဲမှု နှင့် ဟန်ချက်ညီညီ လှုပ်ရှားသွားမည်ဟု မျှော်လင့်ရပေသည်။

အာဏာရှင် များကတော့ သေမထူး နေမထူး ဇာတ်ခင်းကာ အာဆီယံ မှ ပါဝင် သက်ဆိုင်နေသူများနှင့် ဆွေးနွေး ရန် အတန်တန် တိုက်တွန်း နေသည့်ကြားမှ အသက် ၇၉ နှစ်ရှိ NLD ၏ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းထိန် အား ထောင်ဒဏ် အနှစ် နှစ်ဆယ်  ချမှတ်လိုက်ခြင်း ဖြင့် တုန့်ပြန်ခဲ့ပေသည်။

သို့သော် လက်ရှိတွင် မြို့ပေါ်ရှိ NLD အမတ် အတော်များများ အနေဖြင့် နိုင်ငံရေး နှင့် မပတ်သက်ပါ ကြောင်း လက်မှတ် ရေးထိုးပြီး စစ်တပ်ကို အညံ့ခံထားရသည့် အတွက် ထိုသူတို့ကို အသုံးချပြီး ဆွေးနွေး နေပါသည်ဟု လူသိရှင်ကြား လုပ်လာနိုင်သည့် အလားအလာ ကိုလည်း မမေ့မလျော့ ထည့်တွက် ထားကြရန် လိုမည်ဟု ယူဆမိသည်။

မနေ့က AP သတင်းဌာနမှ အာဏာသိမ်း အဖွဲ့၏ စစ်ကြောရေး တွင် လူပေါင်း ၁၃၁ ဦး သေဆုံးခဲ့ပြီး ဖြစ်သည်နှင့် ညှင်းပမ်းနှိပ်စက်ခံရသည့် သက်သေအထောက်အထား များကို ကမ္ဘာသိ ထုတ်ပြန်လိုက်သည့် သတင်း အပေါ် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ရန် တောင်းဆိုလာခဲ့သည်။ အမေရိကန် ကွန်ဂရက် အမတ်များကလည်း အလားတူ ပြုလုပ်ရန် တောင်းဆိုလာပြီး BURMA ACT ကို အမြန်ဆုံး အတည် ပြုနိုင်ရေး တိုက်တွန်းလာခဲ့သည်။

အဆိုပါ သတင်းကို မထုတ်ပြန်မီ ဇော်မင်းထွန်း နှင့် ဆက်သွယ်ပြီး မေးမြန်းသော်လည်း ထိုသို့ အဓိပ္ပါယ် မရှိ သည့် သတင်းမျိုး အတွက် မဖြေလို ဟု ပြောဆိုသွားခဲ့ရာ အဆိုပါ သတင်းကို မြင်ရတွေ့ရသူ အပေါင်းက သူ့လို သဘောထားခြင်း ရှိမည် မဟုတ်သည်ကို နားလည် နိုင်စွမ်း မရှိပေ။

ယခုအခါ AP ၏ စုံစမ်း တွေ့ရှိချက် များသည် လွန်စွာ အရေးပါသော အနေအထား သို့ ရောက်လာခဲ့ပြီ ဖြစ် သည်။ အမေရိကန် တို့၏ လုပ်ရပ်သည် ၂၀၀၃ ခုနှစ် အီရတ်ကို မကျူးကျော်မီ ကုလသမဂ္ဂမှ ငြင်းပယ်၍ မရလောက်သည့် ခိုင်လုံသော အကြောင်း ရင်းခံများ တ‌ဖြေးဖြေး တည်ဆောက်လာပုံ နှင့် ဆင်ဆင်တူနေသည်။

အာဏာသိမ်း အဖွဲ့သည် PDF ကို ထောက်ခံသည်ဟု မှတ်ယူထားသော ကျေးရွာ များ ကို လက်တုန့်ပြန်သည့် အနေဖြင့် မီးရှို့ခြင်း၊ NLD ရုံး အချို့အား ဖေါက်ခွဲခြင်းများ ပြုလုပ်လာခဲ့ခြင်းသည်ပင် ၎င်းတို့ ကိုယ် ၎င်းတို့ အစိုးရ အဖွဲ့ဟု ခံယူနိုင်ခြင်း မရှိတော့ဘဲ တာဝန်မဲ့စွာ ဖြင့် non-state actor များအလား ပြုမူလာနေကြသည်။ မင်းအောင်လှိုင်သည် သူ့မိသားစု အတွက် အသက်ပေးနေရသော တပ်သားများ အား မည်သို့မျှ ဟန့်တား ရဲခြင်း မရှိတော့သည့်အပြင် လုပ်ချင်တာ လုပ် ဟု ခွင့်ပြုထားရပုံ ရှိနေသည်ကလည်း တကြောင်း အပါအဝင် ဖြစ်သည်။
 

ဖယ်ခုံ၊ ဖရူးဆိုး၊ ဘော်လခဲ မြို့နယ်များ အတွင်း စစ်ဆင်ရေး တခုတွင် စစ်ကောင်စီ တပ် များသည် သက်ကြီးရွယ်အိုများ အပါအဝင် ရွာသား ၁၉ ဦးအား ၎င်းတို့ သွားရာ လမ်းတ လျှောက်တွင် သူရဲဘော ကြောင်စွာ လူသား ဒိုင်းသဖွယ် အသုံးချလာနေသည့် သတင်းကလည်း ဓါတ်ပုံ အထောက်အထား များဖြင့် ဖေါ်ပြလာကြသည်။ 

ချင်းပြည်နယ် ထန်တလန် မြို့ကိုလည်း လက်နက်ကြီး များ ဖြင့် ပစ်ခတ်တိုက်ခိုက်လာကြပြီး အဆောက်အဦးများ ကို မီးရှို့ တိုက်ခိုက်ခဲ့ကြရာတွင် မိမိတို့ ရုံး အဆောက်အအုံကို သိသိကြီး နှင့် မီးလောင်တိုက်သွင်းခဲ့သည်ဟု ဓါတ်ပုံ အထောက်အထား နှင့် တကွ Save the Children နိုင်ငံတကာ ပရဟိတ အသင်းကြီးက ကြေညာချက် ထုတ်ပြန်ခဲ့သည်၊ မြို့နေလူထု အားလုံး မြို့ကို စွန့်ခွာ ထွက်ပြေးခဲ့ကြရသည်ဟု သိရသည်။

မြန်မာ အကျပ်အတည်းကြီးက နိုင်ငံတကာ အာရုံစိုက်လာရသည့် အရေးအခင်းကြီး တခု ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

ထိုကဲ့သို့ ဖြစ်ပေါ်လာနေမှုများကြောင့် အမေရိကန် သမ္မတ၏ အမျိုးသား လုံခြုံရေး အကြံပေး ဂျိတ် ဆူလီဗန်သည် NUG အစိုးရနှင့် တရားဝင် ဆွေးနွေးလာခဲ့ခြင်းဖြင့် အာဏာသိမ်း အဖွဲ့ အပေါ် စိတ်ကုန်ခမ်းစ ပြုလာနေသော အာဆီယံ အား သွယ်ဝိုက်၍ လမ်းပြလာခဲ့ခြင်း ဖြစ်သည်။

အာဆီယံသည် အမေရိကန် ဦးဆောင်သော စစ်ရေး မဟာမိတ် အဖွဲ့ နှစ်ခုဖြစ်သော QUAD နှင့် AUKUS တို့ ဖွဲ့စည်း ပေါ်ပေါက်လာသည်နှင့် အတူ မသိချင်ယောင်ဆောင် ငြင်းပယ်ကာ ကြားနေဖို့ အရေး မဖြစ်နိုင်သလောက် နီးနီး ဟု Nikkei Asia Review က ထောက်ပြလာခဲ့သည်။ သို့သော် ကမ္ဘောဒီယား မှ ထိုသို့ အနေအထား ဖြစ်မလာအောင် အကျောက်အကန် ခုခံ ကာကွယ်သွားနိုင်ကြောင်း ယူဆရပေသည်။

လာအို ရဲ အဖွဲ့သည် မြန်မာ-ထိုင်းနယ်စပ်မှ ဝင်ရောက်လာသော မက်ဆေးပြား ၅၅.၆ သန်း နှင့် ခရစ်စတယ် မက် ၁.၅ တန် ကို ဖမ်းဆီးရမိသွား၍ အာရှ တွင် စံချိန်တင်သွားခဲ့သလို မြန်မာနိုင်ငံ အတွင်း အုပ်ချုပ်ရေး ပျက်ပြား လာနေပြီး ထင်တိုင်း ကျဲလာမှု များ ကြောင့် တရုတ်သည်လည်း မူးယစ်ဆေးဝါးများ တိုးလျှိုပေါက် ဝင်ရောက် လာနိုင်သည့် အလားအလာများ ကို ဟန့်တားရန်အတွက် ကိုဗစ် အကြောင်းပြုပြီး နယ်စပ် ကုန်သွယ်ရေးအား ပိတ်ပင်ထားခဲ့သဖြင့် အာဏာသိမ်း အဖွဲ့ အဖို့ နယ်စပ် ကုန်သွယ်ရေးမှ အခွန်အကောက်များ ဆုံးရှုံးနေရပြီ ဖြစ်သည်။

ကုလသမဂ္ဂ မူးယစ် ဆေးဝါး တိုက်ဖျက်‌ရေး အေဂျင်စီမှ ထိုသို့ ဒေသတွင်း မူးယစ်ဆေးများ ပျံ့ပွားလာနိုင်သည့် အလားအလာများကို သတိပေး စကား ပြောဆိုလာနေကြသည်။

မည်သို့ပင် ဖြစ်စေ အမျိုးသား ညီညွတ်ရေး အစိုးရ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်မှ တော်လှန်ရေးကြီး အောင်မြင်ဖို့ မိမိတို့ကိုယ် မိမိတို့ အားကိုးရမည် ဖြစ်သည်ဟု မြန်မာ နောင်း နှင့် တွေ့ဆုံ မေးမြန်းခန်းတွင် ထုတ်ဖေါ် သတိပေးသွားခဲ့သည်။

တော်လှန်ရေးကြီး မုချအောင်ရမည်!!!
ဆရာလှစိုးဝေ ရေးသားသည်။

(ပုံတွင် Safe the Children မှ ထုတ်ပြန်သော ထန်းတလန် မြို့ သတင်း ဓါတ်ပုံကို တွေ့နိုင်သည်)
ဆက်ဖတ်ရန် →

မအလအား စိတ်ဆင်းရဲစေသည့်ပြည်သူ့အောင်ပွဲ (၁)

 မအလတို့အား အရှက်တကွဲဖြစ်စေကာ မည်သို့မျှ မတုန့်ပြန်နိုင်တော့ပဲ အကြီးအကျယ် စိတ်ဆင်းရဲစေသည့်ပြည်သူ့အောင်ပွဲ (၁)


မင်းအောင်လှိုင်၏ စကစသည် (၇၆)ကြိမ်မြောက် UN ၌ ခွေးနေရာမရသလို ဖြစ်သွားခဲ့သည်။ မအလက ခန့်အပ်မည့် ဒေါ်ရင်ရင်နွယ်သည် UNရုံးစိုက်ရာ အမေရိကန်ကို သွားဖို့ ဖင်တကြွကြွလုပ်နေရာမှ မသွားရတော့ပဲ UNနှင့် မအလအား စိတ်ဆိုးကာ ရှက်ရှက်ဖြင့် အိမ်ပြန်အိပ်နေရသည်။ 


နေရာမြဲသွားသည့် NUG သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် UN၏ ပထမဆုံးအစည်းအဝေး၌ စကားပြောခွင့်မရသော်လည်း နောက်ထပ်ကျင်းပသော အစည်းအဝေးမှန်သမျှတို့၌ မအလတို့ ကျုးလွန်ခဲ့သည့် ရာဇဝတ်မူ့တစ်ခု့ခြင်းစီကို အထောက်အထားခိုင်လုံစွာနှင့် တောက်လျှောက်ဖွင့်ချပြီး မိန့်ခွန်းပြော တင်ပြနေသည်။ 


မအလ၏ နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်သည် အစောပိုင်းက အလန့်တကြား  ပြင်းထန်စွာကန့်ကွက်ကြောင်းစာထုတ်ပြန်ခဲ့သော်လည်း မည်သည့်အဖွဲ့အစည်းကမျှ စောက်ရေးပြန်မလုပ်သည့်အဖြစ်ကို တွေ့ရသောအခါဝမ်းနည်းကြေကွဲစွာ ခံစားရ၏။ 


ထို့အပြင် NUG သံအမတ်ကြီး ဦးကျော်မိုးထွန်း၏ များပြားလှသော အစည်းအဝေးများကြောင့်  ဝဏ္ဏမောင်လွင်သည် ကန့်ကွက်စာများ ဆက်မထုတ်နိုင်တော့ပဲ ငုတ်တုတ် ထိုင်ကြည့်ကာ လက်မှိုင်ချသွားတော့သည်။ မအလသည် ထိုဖြစ်ရပ်အတွက် မချိတင်ကဲ ဒေါသထွက်ကာ "so what "ဟု့ အချိန်ရတိုင်း ပြောနေလေ၏။ စပစတစ်ဖွဲ့လုံးမကျေမနပ်ဖြင့် ယူကြုံးမရ စိတ်ဆင်းရဲနေလေသည်။


နောက်ဆုံး မအလတို့ မည်သို့ တပ်ပျက်နေသလဲ ဆိုသည်မှာစပစဥက္ကဌမင်းဟောင်လှိုင်က ကုလသမဂ္ဂအဖွဲ့ကြီးနှင့် လက်တွဲဆောင်ရွက်မည်ဟု့  (၇၆)ကြိမ်မြောက် ကုလသမဂ္ဂနေ့၌ ကုသမဂ္ဂသို့  သဝဏ်လွှာ ပို့၏။ သူ၏

ဒပဲ့ ဝဏ္ဏမောင်လွင်က ကုလမြန်မာအထူးကိုယ်စားလှယ်တင်သွင်းသောအစီအရင်ခံစာအား သဘောမတူပဲ ပြင်းထန်စွာကန့်ကွက်သည် ဟူ၏။

 

ခေတ်အဆက်ဆက် ကုလစင်မြင့်အထက်သို့ တက်ကာ မဟုတ်မမှန် ပြောခဲ့ကြားခဲ့သည့် ဝဋ်ကြွေးကို ယ္ခုအခါ

 မအလတို့ အတိုးရော အရင်းပါ ပေါင်းပြီး ပြန်ခံစားနေရသည်။ ထိုသို့ မအလတို့တစ်သိုက် စိတ်ဆင်းရဲကြီးစွာ ခံစားနေရသည်ကို မြင်ခွင့်ရခြင်းသည် ကျွန်ုပ်တို့ ပြည်သူမျာအတွက် နှစ်ထောင်းအားရ ဝမ်းသာစရာဖြစ်၏။ တန်ဖိုးရှိလှ၏။ကမ္ဘာနိုင်ငံများတွင် မြင်ရခဲလှ၏။ ဤသည်ကား ပြည်သူအောင်ပွဲဖြစ်ပေသည်တကား။


ပြည်သူအောင်ပွဲ (၁)အတွက်စွမ်းဆောင် တိုက်ပွဲဝင်ပေးသူ ဦးကျော်မိုးထွန်း ကျန်းမာချမ်းသာပါစေဗျားး


ချစ်ကိုကြီး

ဆက်ဖတ်ရန် →

ပုသိမ်မြို့လယ်ခေါင် ပစ်ခတ်မှုကြောင့် တပ်ကြပ်ကြီး ဇော်မင်းထက်နှင့် တပ်ကြပ် မြတ်မင်းဦးတို့ သေဆုံး

ပုသိမ်မြို့လယ်ခေါင်၊ နေ့ခင်းအချိန် ယာဉ်ထိန်းရဲကင်းကို သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် တပ်ကြပ်ကြီး ဇော်မင်းထက်နှင့် တပ်ကြပ် မြတ်မင်းဦးတို့ သေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၂၉ 

ဧရာဝတီတိုင်း၊ ပုသိမ်မြို့လယ်ခေါင်တွင် အောက်တိုဘာလ ၂၈ ရက်နေ့  နေ့လယ်ပိုင်း မြကျွန်းသာမီးပွိုင့် ယာဥ်ထိန်းရုံးကို အမည်မသိသူတချို့က ဝင်ရောက်ပစ်ခတ်ခဲ့ပြီး ပစ်ခတ်မှုကြောင့် ယာဉ်ထိန်း ရဲ ၂ ဦး သေဆုံးသွားကြောင်း ရန်ကုန်ခေတ်သစ်က သတင်းဖော်ပြခဲ့ပြီးဖြစ်သည်။ 

ပုသိမ်ဒေသခံများ၏အဆိုအရ ပစ်ခတ်မှုကြောင့် သေဆုံးသွားသော ယာဉ်ထိန်းရဲ ၂ ဦးမှာ ယာဉ်ထိန်းတပ်ကြပ်ကြီး ဇော်မင်းထက်နှင့်တပ်ကြပ် မြတ်မင်းဦးတို့ ဖြစ်ကြောင်း သိရှိသည်။ 

"တစ်ဦးကတော့ ပွဲချင်းပြီးသေတာ။ နောက်တစ်ဦးကတော့ ဆေးရုံရောက်မှ သေတာ။ ပစ်သွားတာကလည်း အရမ်းမြန်တော့ ဘယ်သူမှန်းတောင် မသိလိုက်ကြဘူး။ ပုသိမ်မှာတော့ ဒီနေ့ စစ်တပ်က အင်အားများတယ်။ လမ်းဆုံလမ်းခွနဲ့ နေရာတိုင်းလိုလိုမှာ တွေ့ရတယ်" ဟု ပုသိမ်မြို့ခံတစ်ဦးက ပြောဆိုသည်။
ဆက်ဖတ်ရန် →

စစ်ရေးထွက်ပေါက် တံခါးတစ်ချပ်သာ ဟ'တော့သည်။



ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားတို့က စစ်ကောင်စီအဆိုပြုတဲ့ ထိုင်းကိုယ်စားလှယ်အစား ဘရူနိုင်းကိုယ်စားလှယ်ကိုသာ ခန့်အပ်လိုက်ခြင်းမှာ အာဆီယံအနေနဲ့ မြန်မာပြည်တွင်းရေးကို နောက်ပိုင်းမှာ ယခင်ကထက် ပိုစွက်လာမယ့်အကြောင်း၊ ရိုဟင်ဂျာ ပဋိပက္ခနဲ့ပက်သက်လို့ အရင်က အင်ဒိုနီးရှားဟာ အာဆီယံလမ်းကြောင်းက တစ်ဆင့် ဝင်စွက်လာခြင်းကို သံသယရှိခဲ့ခြင်း၊ ယခုအခါတွင်လည်း အာဆီယံ ကိုယ်စားလှယ်ရဲ့ လုပ်ပိုင်ခွင့်ကို တဖြည်းဖြည်း ချဲ့ထွင်ပြီးတော့ ရခိုင်အရေးကိုပါ ဆွဲသွင်း လာလိမ့်မယ်လို့ စစ်တပ်ဘက်က သံသယ ရှိနေတဲ့ သုံးချက်ဖြစ်သည်။

(သုံးရက်တာ ထိပ်သီးဆွေးနွေးပွဲမှာ ၎င်းတို့သံသယ ရှိခဲ့တဲ့ ထို (မွတ်ဆလင်) သုံးနိူင်ငံရဲ့ စစ်ခေါင်းဆောင်တွေအပေါ် ခြေတစ်လှမ်းကြို ဖိအားပေးခဲ့တာကို မြင်ခဲ့ရပြီး ဖြစ်သည်။) စစ်တပ်အတွက် ဒေသတွင်း ကြီးမားတဲ့ကျရှုံးခန်းနဲ့ ပဋိပက္ခကို ဖြေရှင်းနိူင်တဲ့ သံတမန်နည်း တစ်နည်း မှေးမှိန်သွားရခြင်းလည်း ဖြစ်သည်။

စစ်ခေါင်းဆောင် ကိုယ်တိုင် အထင်သေးစွာ ပြောဆိုဆက်ဆံခဲ့ဖူးသော အဖွဲ့အစည်း နှစ်ခုက ယခုတော်လှန်ရေးကို ဦးဆောင်နေသည်ကို ငြင်းလို့မရနိူင်ပါ။ တစ်ခုမှာ အနိုင်ရ လွှတ်တော်အမတ်များ နေပြည်တော်ရိပ်သာမှာ ရောက်နေတုန်း ပထမဖမ်းထားခဲ့ပြီး အာဏာသိမ်းပြီး သုံးရက်အကြာ နိူင်ငံအနှံ့ ငြိမ်သက်နေခြင်းကို စိတ်ကြီးဝင်ပုံရကာ ချက်ချင်းပြန်ခိုင်းခဲ့ခြင်းဖြစ်သည်။ ဆက်ရှိ​နေရင် ပစ်မိန့်ပေးထားပြီး ယခုလို တော်လှန်ရေးကို အခန်ကဏ္ဍတစ်ခုက ဦးဆောင်နိူင်လိမ့်မည်မဟုတ်ဟု ထပ်အထင်သေးခဲ့ခြင်းဖြစ်သည်။(နောက်ကိုပြန်သွားလို့ရရင်ဖြင့် အဲ့ဒီနေ့ကို စစ်ခေါင်းဆောင် ပြန်အသွားချင်ဆုံးဖြစ်လိမ့်မယ် ထင်တယ်။ ယခု ရရှိနေသော နောင်တများနဲ့ ကျဆုံးနေမှုများကို ချေဖျက်နိူင်လိမ့်မည်လည်း ဖြစ်သည်။)

နောက်တစ်ခုမှာ CNF ဖြစ်သည်။(ယခု ခုခံနေတဲ့စစ်ပွဲများမှာ အစုံဖြစ်ပေမယ့် ကြီးမားတဲ့ စစ်ဆင်ရေးကို ပြင်လာခြင်းမှာ အခြေကျ စစ်သင်တန်းများနဲ့ ထိုအဖွဲ့ချုပ် ဆိုက်ရာ ဗစ်တိုးရီးယားကို ဖြစ်သည်။) NCA ကို CNF ဝင်လာတုန်းကဆိုရင် တပ်ချုပ်ကိုယ်တိုင် အင်အားနည်းခြင်းကို စကားမှာ အကြောင်းပြပြီး အထင်မြင်သေးစွာ အခြား EAOs များလို တန်းတူဆက်ဆံခြင်း မရှိခဲ့တာပါ။ အာဏာသိမ်းပြီး နောက်ပိုင်း NUG အစိုးရနဲ့ ပထမဦးဆုံး လက်တွဲတိုက်ခိုက်ခဲ့သော အဖွဲ့ဖြစ်နေခြင်းအပြင် ထိုအဖွဲ့ရဲ့ သုတ်သင်ခြင်း ခံခဲ့ရတဲ့ စစ်ကောင်စီတပ်သားများသည် ချင်းတောင်တန်းကို ထိန်းချုပ်နိူင်ရေး တပ်ချုပ်အတွက် ကြီးမားစွာ ဆုံးရှုံးခဲ့သည်။

အဆိုးဝါးဆုံးသော စစ်တပ်ရဲ့သမိုင်းမှာ တာဝန်ရှိ စစ်ခေါင်းဆောင်များဟာ တာဝန်ခံရမှုကို ကြောက်ရွံ့၍ လက်ရှောင်ကြခြင်းဖြစ်သည်။ နိူင်ငံတကာဖိအားများကို လိုက်နာမည်ထားတော့ တာဝန်ခံရမှုဟာ ကြိုးစင်ပါ။ ပြည်တွင်းမှာ ၎င်းတို့ဘက်က အကြမ်းဖက်နေမှုကို ရပ်ပစ်ခဲ့ပြီ ဆိုပါစို့ ပြည်သူများရဲ့ နာကျည်းမှုဟာ မရပ်မယ့်အပြင် ၎င်းတို့အတွက် ပိုထိခိုက် ပိုဆုံးရှုံးဖို့သာ ဖြစ်လာနိူင်ပြီး ထပ်မိုက်နေမှသာ ခံသာရုံရှိဦးမည်။ အကျိုးကို မြင်လို့ စားပွဲဝိုင်းပေါ်တက်မည် ဆိုဦးတော့ နိူင်ငံခေါင်းဆောင်များကို လွှတ်ပေးခဲ့သည်ရှိသော် ကြိုးစင်ထက်ပိုဆိုးပြီး မိသားစုမှာ အခြေတည်နေတဲ့ အရာအားလုံး ဆုံးရှုံးရမှာပင်ဖြစ်သည်။ ဘယ်အခြေအနေပဲ ဖြစ်ဖြစ် တာဝန်ခံရမှု ပမာဏဟာ ကြီးမားလွန်းပြီး သေဖော်များနှင့် အဆုံးထိသွားကာ စစ်ရေးအရ နှိမ်နှင်းနိူင်ခဲ့ရင်ဖြင့် သက်ဆိုးရှည်နိုင်လိမ့်မယ်လို့ မျှော်လင့်ချက် ဝါးဝါးလေးနဲ့ ရှေ့ဆက်ရန်သာ ရှိသည်။

ဧပြီလ လောက်ကစလို့ ၎င်းတို့ ယန္တရားတည်ဆောက်နိုင်ရေးနဲ့ စစ်တပ်ရဲ့ ပုံရိပ်ကို အဓိက ဒုက္ခအပေးနိူင်ဆုံး ဖြစ်လာတဲ့အတွက် နိူင်ငံအနှံ့ ပြည်သူ့ကာကွယ်ရေးတပ်များကို မတားဆီးနိူင်ရင် ကျဆုံးရမည်ဟု ယူဆထားပုံရသည်။ နိူင်ငံရေးနည်းနဲ့ ဖြေရှင်းမှာဆိုရင် ကြိုးစင်ရှိနေပြီး စစ်ရေးမှာဆိုရင်တော့ဖြင့် နှစ်ပေါင်းများစွာ ကျွမ်းကျင်ထားပြီးလို့ ထင်မြင်ထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းဖြစ်လို့ အားသာကောင်းနိူင်လောက်မည့် အထင်နဲ့ ရွေးချယ်ရခြင်းသာ ဖြစ်သည်။ ထိုကျွမ်းကျင်သည်ဟု ယူဆထားသော စစ်ဆင်ရေးဗျူဟာကို \"ဖြတ်လေးဖြတ်\" လို့ကြုံးဝါးနေသော်လည်း တကယ့်လက်တွေ့တွင် ကျင့်သုံးနေသည်မှာ အကုန်မီးရှို့၊ အကုန်သတ်၊ အကုန်လုယက် နေတဲ့ \"ဖျက်သုံးဖျက်\" သာ ဖြစ်နေပြီး စစ်အသုံးစရိတ် ဘတ်ဂျတ်များနဲ့ ကမ္ဘာ့အဆင့် သတ်မှတ်စံနှုန်းများကို အားနာဖို့ကောင်းလှသည်။

လုံခြံရေးတပ်သားများ ရာကျော်နဲ့ မြို့တွင်းမြို့ပြင် ချထားပြီးဖြစ်တဲ့ ပူတာအိုခရီးစဥ်ကို နှစ်ကြိမ်တိုင် ဖျက်သိမ်းလိုက်ခြင်းအားဖြင့် စစ်ရေးစွမ်းရည်ကို ခန့်မှန်းနိူင်ပြီး မဖြစ်မနေရွေးချယ်ရတဲ့ လမ်းသာဖြစ်ခြင်းကို တပ်တွင်းသေဖော်များ အားလုံး နားလည်ပြီး ဖြစ်မည်ထင်သည်။ မင်းအောင်လှိုင်ရဲ့ တပ်ချုပ်ရာထူးရယူပြီး ယခုအချိန်အထိ စစ်ဦးစီးချုပ်ဖြစ်နေပါရက် ရင်ဆိုင်ရမယ့် ရန်သူများကို အထင်သေးခြင်း စိတ်ကြီးဝင် သန္ဓေတည်နေတာပါ။ ပြိုင်ဆိုင်မှုမှာ အဓိကကျတဲ့ ထိုအရေးကြီးသည့်အချက်သည် ယခုကျရှုံးခန်းကို မီးမောင်းထိုးပြနေပြီ ဖြစ်သည်။

အစဥ်အလာအရ စစ်ဘက်နဲ့ အရပ်ဘက် ရဲ့ သီးခြားနိူင်ငံရေးရည်မှန်းချက်များကို စားပွဲဝိုင်းပေါ်မှာ အဖြေရှာရတာ အခက်ဆုံးပါ။ ထိုသို့ အဖြေရှာရာမှာလည်း အကျိုးကိုမြင်မှသာ စားပွဲဝိုင်းပေါ်တက်မည်ကိုလည်း သတိပြုရမည် ဖြစ်သည်။

ဖြေလျော့မရတော့သော ပြည်သူက တောင်းဆိုနေတဲ့ နိူင်ငံရေးဆန္ဒ၊ မျိုးဆက်အလိုက် ပြုပြင်ပြောင်းလဲရေး ကဏ္ဍ၊ လွတ်လပ်သော ကိုယ်စီ နိူင်ငံရေးရည်မှန်းချက်များသည် စစ်ရေးနဲ့ ဖြေရှင်းမှသာ ပြေလည်နိူင်တော့မည်ဖြစ်ပြီး အပြီးတိုင် နောက်ဆုံးထွက်ပေါက်ဟုလည်း သတ်မှတ်ရမယ့် အချိန်အခါပါပဲ ။

NN🇬🇧
ဆက်ဖတ်ရန် →

PDF ကို နေ့စဉ်ဆဲဆိုနေသည့် ဘိုကလေးမြို့က ဒလန် ချစ်စမ်းမောင် သေနတ်ဖြင့်ပစ်သတ်ခံရ


28 October,2021

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF များကို နေ့စဉ်ဆဲဆိုနေသည့် ဒလန် ချစ်စမ်းမောင်မှာ ယနေ့ (အောက်တိုဘာလ ၂၈ ရက်နေ့ 
မနက် ၁ဝ နာရီဝန်းကျင်က ဘိုကလေးစျေးရုံမှာ သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။

အဆိုပါ ချစ်စမ်းမောင်မှာ အာဏာသိမ်း စစ်ကောင်စီ၏ သတင်းပေးဖြစ်နေသည့်အတွက် မိမိတို့အဖွဲ့မှ သုတ်သင်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ဧရာကဗေဒါအဖွဲ့က ပြောသည်။

"သူက ခရိုနီ ဒလန်အကြီးစား။ နေ့တိုင်း PDF ကို ဆဲနေတာ။ စစ်ကောင်စီကိုလည်း နေ့တိုင်း
သတင်းပေးတာ။ အဲဒါကြောင့် အခုမနက် ၁၀ နာရီဝန်းကျင်မှာ ရှင်းလိုက်တာ။ သတိပေးထားတဲ့ကြားက ဆက်ပြီးဇောင်းကြွ သတင်းပေးတဲ့သူတွေလည်း သတိသာထာနေကြ။ ဆက်ရှင်းမယ်"ဟု ဧရာကဗေဒါအဖွဲ့ဝင် တဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသတင်းပေး ခရိုနီအကြီးစားချစ်စမ်းမောင် ကို ဘိုကလေးစျေးရုံမှာ သေနတ်ဖြင့်တစ်ချက် ပစ်ခတ်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေ ရောက်ရှိလာကာ ရှာဖွေစစ်ဆေးမှုတွေပြုလုပ်နေကြောင်း မြို့ခံများထံက သိရသည်။

အဆိုပါ စစ်ကောင်စီသတင်းပေးဒလန် ရှင်းလင်းမှုသည် ဘိုကလေးမြို့နယ်တွင် ပထမဦးဆုံးအကြိမ်ဖြစ်ကြောင်း ဧရာကဗေဒါအဖွဲ့တပ်ဖွဲ့ထံမှ သိရသည်။
ဧရာဝတီတိုင်းမ်

ဆက်ဖတ်ရန် →

ကောလင်းPDFပေးစာ

သို့--

စစ်ကောင်စီ ကာကွယ်ရေးဦးစီးချုပ် 
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်
ဒုတိယ ကာကွယ်ရေးဦးစီးချုပ် 
ဗိုလ်ချုပ်ကြီးစိုးဝင်း !

သက်ဆိုင်ရာ စစ်ဘက်၊အရပ်ဘက် ဌာနများ၊ 
နစက ကောင်စီ ဥက္ကဌ ဝန်ကြီးချုပ် 
ဦးမင်းအောင်လှိုင်နဲ့ သက်ဆိုင်ရာ ဝန်ကြီးများ၊ 
လူမှုကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး
ဝန်ကြီး ဒေါ်သက်သက်ခိုင်နဲ့ 
သက်ဆိုင်ရာ လူကြီးမင်းများခင်မျာ... 

ကျွန်တော်တို့ ကောလင်း PDF အပေါ်  
စစ်ရေး၊ အုပ်ချုပ်ရေး၊ ဖိနှိပ်ချုပ်ချယ်ရေး၊ 
ရပ်ရွာ မီးရှို့ဖျက်စီးရေးတွေ လုပ်နေတာ 
ကျွန်တော်တို့ အနေနဲ့ ထွေထွေထူးထူး 
မပြောလိုပါဘူး။ 

ဒါပေမယ့် 
တစ်ခုပဲ တောင်းဆိုချင်ပါတယ်။ 

ဗိုလ်ချုပ်ကြီးတို့ ဘက်ကလာတဲ့ စစ်သားတွေရဲ့ 
အလောင်းတွေကို တော့ ကျေးဇူးပြု၍ 
နိုင်အောင်ပြန်ကောက်ယူပေးပါ။  

ကျွန်တော်တို့မှာ သူတို့ကို မီးရှို့ပေးဖို့ အထိ 
အချိန်ပေးနိုင်ဖို့ အလုပ်မအားကြတာမို့ ပါ။ 

ပုပ်ပွလာမှ.... ဒေသခံပြည်သူ 
အနံ့မခံနိုင်လို့ လုပ်ပေးရတာမျိုးတွေ 
ရှိနေပါတယ်။

ဒါကြောင့် ဒီကိစ္စလေးကိုတော့ 
ကျေးဇူးပြု၍ ကူညီပေးပါ... 😏

လူမှုကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ
ချထားပေးရေး ဝန်ကြီး ဒေါ်သက်သက်ခိုင် 
ဌာနနဲ့လည်း ဆိုင်ပါတယ်။ 

မိမိ ပြည်သူ မိမိစစ်သား အတွက် 
သဂြိုလ်မယ့် နေရာလေးလောက်တော့ 
ပြန်လည်နေရာချထားပေးရေး လုပ်ပေးကြပါ။ 

ကိုယ့်တာဝန်လေး ကိုယ်ကျေပေးကြပါ ခင်မျာ။ 

မေတ္တာရပ်ခံ တောင်းပန်ခြင်းပါ... 🙏

ပုံ  /  
ကောလင်း PDF
#Crd
#နှင်းမောင်
ဆက်ဖတ်ရန် →

အလောင်းစည်သူစစ်ဆင်ရေး

  ဘာ အလောင်းဘုရားစစ်ဆင်ရေးလဲ။ 
အလောင်းစည်သူစစ်ဆင်ရေးက အလောင်းစည်သူ
စစ်ဆင်ရေးပေါ့။ 

အမှိုက်အိတ် တစ်ယောက်တစ်အိတ် ထည့်ပေးလိုက်
တယ်ကြားတယ်။

မေ့ကျန်ခဲ့တဲ့ကောင်တော့ ချီးတွင်းထဲ ကန်ချခံရမှာပဲ။ 

စစ်ကိုင်းဘက်ဆီ စစ်ခွေးတွေကို ရဟက်ယာဉ်နဲ့ ပို့သတဲ့။ 

ပို့တာကတော့ ဟုတ်ပါပြီ။
အလောင်းတွေကိုကျ ဘာနဲ့ ပြန်သယ်မလဲ။ 

ရှင်းအောင် ပြောထားဦး။

ပစ်ချင်ရင် စစ်တပ်ကို လာပစ်ဆိုပြီး ပြောထားတဲ့စကား ရှိတယ်။ ကျွန်တော်တို့သွားပစ်တော့လည်း သေတာပဲတဲ့။ 

ဖယ်ခုံ PDF က ငါးယောက် ငါးလက် ရလိုက်တဲ့နေ့က အင်တာဗျူးမှာ ဖြေတဲ့စကား။ 

အနော်ရထာစစ်ဆင်ရေးဆိုတော့ ပိုကြိုက်တယ်။ သူတို့လာတိုက်တော့ ကျွန်တော်တို့ သွားတိုက်စရာမလိုတော့ဘူး။ ခရီးသွားရ သက်သာတာပေါ့တဲ့။ 

မင်းတပ် CDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတူမီးရဲ့ ပြောစကား။ 

စုန်စုန်ခွေ့ ဆွေ့ဆွေ့ခုန်စမ်း ကြင်စိုးရေ

စစ်ခွေးသင်္ချိုင်း စစ်ကိုင်းတိုင်းဆိုတာ အလကားဖြစ်လာတဲ့ နာမည်မဟုတ်ဘူး ကြင်စိုးရဲ့။ 

ရွှေဘိုကနေ မုံရွာအသွား မြင်းမူဘက်မှာတင် ကား၂ စီး ဖျောခံရ။
နေကြာ ၁၅ ခင်းဖြစ်တဲ့။ 

ကြင်စိုးရေ…. 
နင်တော့ အရမ်းနီးလာပြီ။
ကြိုးစင်နဲ့။

စောက်တပ်က ကောင်တွေက
မသေခင်သာ တန်ဖိုးမရှိတာ
သေတော့လည်း တစ်ပြားမှ မတန်ဘူး။ 

ချီးတွင်းတွေ

(ပန်ဆယ်လို)


ဆက်ဖတ်ရန် →

ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကို ပစ်ပယ်လို့မရဘူးဆိုတာ တရုတ်က ရှင်းရှင်းလင်းလင်း နားလည်

အာဆီယံအစည်းထိပ်သီးအစည်းအဝေးမှာ စစ်တပ်ရဲ့ အမြင့်ဆုံးခေါင်းဆောင်ကို ဖယ်ကျဉ်ခံလိုက်ရတဲ့ ဒီကာလမှာ ရုရှားရဲ့ ရေတပ် ဒုတိယအကြီးအကဲက မြန်မာနိုင်ငံရောက်လာတယ်။ တကယ်တော့ ဒါဟာ စစ်လက်နက်ရောင်းဖို့ ရည်ရွယ်တာထက် အခြားဘယ်ကိစ္စမှ ဦးစားပေးမဖြစ်နိုင်ဘူး။ 

စစ်တပ်ဟာ ရုရှားကို သိသိသာသာ ပူးကပ်ပေမယ့် ရုရှားကတော့ မြန်မာစစ်တပ်ကို လက်နက်ဖောက်သည် အဆင့်ထက်ပိုမြင်ထားပုံလည်းရဘူး။ ဘာကြောင့်လဲဆိုရင် 
အာဆီယံ က ဖယ်ကျဉ်တာပဲဖြစ်ဖြစ်၊ကုလသမဂ္ဂမှာ သံအမတ်ကြီးဦးကျော်မိုးထွန်းဆက်ရှိနေတာပဲဖြစ်ဖြစ် ရုရှားဟာ မြန်မာစစ်တပ်ဘက်က ခုခံကာကွယ်တာမျိုးမလုပ်ဘဲ နှုတ်ဆိတ်နေတာတွေဟာ မြင်သာတဲ့အချက်လို့ဆိုရမယ်။

တရုတ်အနေနဲ့ကျတော့ မြန်မာနိုင်ငံမှာ ဘယ်နိုင်ငံရေးစနစ်ပဲရှိနေပါစေသူစိတ်မဝင်စားဘူး။ သူစိတ်ဝင်စားတာ မြန်မာနိုင်ငံတည်ငြိမ်ရေးပဲ( ဒါဟာ ထာဝရငြိမ်းချမ်းရေးလို့ ဆိုလိုတာမဟုတ်ဘူး)။ တည်ငြိမ်မှု ရှိမှလည်း သူ့ရဲ့ ပိုးလမ်းမစီမံကိန်းအတွက် အဆင်ချောမှာ။ တည်ငြိမ်ဖို့ဆိုရင် မြန်မာလူထု ထောက်ခံမှုရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကို ပစ်ပယ်လို့မရဘူးဆိုတာ တရုတ်က ရှင်းရှင်းလင်းလင်း နားလည်တယ်။ လက်နက်ကိုင်တော်လှန်တာကို တရုတ်က အားမပေးပေမယ့် ဒီအကျပ်အတည်းတွေကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံဖြေရှင်းရေးဆိုတာကို တရုတ်က အားပေးတယ်။ ဒါဟာ ပကတိလိုအပ်ချက်လို့ တရုတ်က တွက်ဆထားပုံပေါ်တယ်။

ပြီးခဲ့တဲ့ လပိုင်းက တရုတ်အထူးကိုယ်စားလှယ်က မြန်မာပြည်ကို တစ်ပတ်ကြာလာတယ်။ စစ်တပ်ခေါင်းဆောင်နဲ့တွေ့တယ်။ တွေ့ဆုံဆွေးနွေးရေးနည်းလမ်းကို တိုက်တွန်းခဲ့ပေမယ့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ တရုတ်ရဲ့ တိုက်တွန်းမှုကို နှစ်လိုဟန်မပြခဲ့တာကြောင့် တရုတ်အထူးကိုယ်စားလှယ် စိတ်ပျက်လက်ပျက်နဲ့ ပြန်သွားရတယ်။

အဲ့ဒီခရီးစဉ်နောက်မှာတော့ ဦးကျော်မိုးထွန်းကို ကုလမှာဆက်ရှိဖို့ နဲ့ ကုလညီလာခံကို စစ်တပ်ကလွတ်တဲ့ကိုယ်စားလှယ်ကို ပေးမတက်ဖို့ ဆိုတဲ့ သဘောတူညီချက်မျိုး တရုတ်နဲ့ အမေရိကန်ပူးပေါင်းချမှတ်ခဲ့တယ်။ ဒါ့အပြင် အာဆီယံအထူးသံတမန်မြန်မာပြည်လာပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်တောင်းတာကို စစ်တပ်ဘက်က ငြင်းပယ်တာကြောင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အာဆီယံထိပ်သီးခေါင်းဆောင်တွေနဲ့ တတန်းတည်း မထားနိုင်ဘူးလို့ သဘောဆောင်တဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တယ်။ ဒီအပေါ်မှာ တရုတ်ဟာ သိသိသာသာနှုတ်ဆိပ်နေတာဟာ နောက်ကွယ်မှာ တရုတ်ရဲ့ သဘောထား ပါပုံရတယ်ဆိုတဲ့ အမြင်မျိုး အကဲခက်တွေက ရှုမြင်ကြတယ်။ အခု အာဆီယံ-တရုတ် အစည်းအဝေးမှာ တရုတ်ဝန်ကြီးချုပ် လီကာချန်းတက်ရောက်ပေမယ့် မြန်မာ့အကြောင်း လုံး၀ မပြောခဲ့ဘူးလို့ နိုင်ငံတကာ သတင်းတွေက ဖော်ပြနေကြတယ်။

စစ်တပ်က တရုတ်ကို ပစ်ခွာပြီး ရုရှားနဲ့ ပူးပေါင်းဖို့ကြံရွယ်ခဲ့ပေမယ့် ရုရှားက နိုင်ငံရေးအရှုပ်အထွေးတွေမှာ ဝင်ပါချင်ပုံမပေါ်ဘဲ လက်နက်ဖောက်သည်နဲ့ ဆက်ဆံရေးကောင်းထိန်းထားဖို့သာ ရည်ရွယ်ခဲ့တယ်။ ဒီအခြေအနေက စစ်တပ်အနေနဲ့ သံတမန်ရေးမှာ တွက်ကိန်းမှားခဲ့တယ်ပဲ ဆိုရမယ်။
(စိုင်းဝဏ္ဏ ရေးသားသည်)

----------------------

ရန်ကုန်၊ အောက်တိုဘာ ၂၅

(People Media)

ရုရှားနိုင်ငံမှ ဒု-ရေတပ်ဦးစီးချုပ်သည် မနေ့က နံနက်ပိုင်းက လေကြောင်းခရီးဖြင့် မြန်မာနိုင်ငံသို့ ရောက်ရှိ နေပါတယ်။

မြန်မာနိုင်ငံကို ရောက်ရှိလာသည့် ရုရှားနိုင်ငံ ဒု-ရေတပ်ဦးစီးချုပ်သည် မြန်မာ့တပ်မတော်မှ အဆင့်မြင့် အရာရှိများနှင့်လည်း တွေ့ဆုံရန်ရှိကြောင်း သိရပါတယ်။ 

အလားတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပါအဝင် တပ်မ တော်မှ အဆင့်မြင့်အရာရှိများ ရုရှားနိုင်ငံ သွားရောက်ခဲ့စဉ်က နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာနည်းပညာပူးပေါင်း ဆောင်ရွက်ရေးသဘောတူညီမှု ရရှိခဲ့တယ်လို့ ရုရှား-မြန်မာ စစ်ဘက်ဆိုင်ရာလေ့လာသူအချို့က ပြောပါတယ်။

ထိုကဲ့သို့ ရုရှား ဒု-ရေတပ်ဦးစီးချုပ် မြန်မာနိုင်ငံခရီးစဉ်နှင့် ပတ်သက်ပြီး တပ်မတော်ဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်မှုကို ပြုလုပ်ထားခြင်း မရှိသေးပါဘူး။

 




ဆက်ဖတ်ရန် →

Blood Money global campaign

 မအလရဲ့အာဏာခိုးအဖွဲ့ဟာလစဉ်ဒေါ်လာသန်းတရာ
ကျော် ရေနံနဲ့သဘာဝဓါတ်ငွေ့ လုပ်ငန်းတွေဆီကရရှိ
နေတာဖြစ်ပါတယ်၊
ဒီပိုက်ဆံတွေဟာ အာဏာရှင်ကိုတော်လှန်နေတဲ့ပြည်
သူတွေအတွက်တော့ သွေးဒဏ်ရာတွေပါပဲ၊
တရုတ်ကိုသွားတဲ့ပိုက်လိုင်းသွယ်တန်းထားခွင့်တခုထဲ
မှာတင် ဒေါ်လာသန်း၄၀လောက်ရရှိနေတယ်လို့ ဆိုပါ
တယ်၊
ဒါတွေဟာတနည်းအားဖြင့်ပြည်သူကိုသတ်မယ့်
သွေးစွန်းငွေတွေပါပဲ။
Blood Money global campaignကိုဒီအပတ်ပြုလုပ်
ပါမယ်၊ဝါရှင်တန်ဒီစီမှာရေနံရုံးတွေအလုပ်မပိတ်ခင်
သောကြာနေ့ထဲကရုံးရှေ့တွေမှာဆန္ဒပြကြမှာပါ။

ကနေဒါတိုရန်တိုမြို့ မြို့တော်ခန်းမရှေ့မှာ တနင်္ဂနွေ
နေ့လည်၂နာရီကစလို့  စခတွေနေရာယူပြီးမှိန်းစားနေ
တဲ့ ရေနံနဲ့သဘာဝဓါတ်ငွေ့ MOGEကိုအဆိပ်ပင်
ရေမလောင်းစေရေးအတွက် Total နဲ့ chervon
ကိုငွေကြေးစီးဆင်းမှုရပ်တန့်ပေးရန် တောင်းဆို
သွားကြမှာပါ။
ဆက်ဖတ်ရန် →

Dr.ဆာဆာ၏ နောက်တဆင့်ခြေလှမ်း ဖြစ်သလို အဆုံးသတ်မဲ့ခြေလှမ်း

Dr.ဆာဆာ၏ နောက်တဆင့်ခြေလှမ်းဖြစ်သလို အဆုံးသတ်မဲ့ခြေလှမ်းလို့လဲပြောလို့ရပါတယ်။ (ICJ) နိူင်ငံတကာတရားရုံးကို မေးခွန်းထုတ်၊တောင်းဆိုလိုက်ပါတယ်။
====================================

ဂုဏ်ဏ်သရေရှိ တရားမျှတမူရှိသောလူကြီးများခင်ဗျာ...
ICJ ဆိုတာဟာ နိူင်ငံတစ်နိူင်ငံရဲ့ထိပ့်သီးပိုင်းတွေ နိူင်ငံရေးပြသနာသို့မဟုတ် စစ်ရာဇာဝတ်မူကျုုးလွန်းမူတွေရှိလာတဲ့အခါ နိူင်ငံတကာ တရားဥပဒေအရအရေးယူ ဆောင်ရွက်ပေးတဲ့ နိူင်ငံတကာတရားမျှတမူရှိတဲ့ တရားရုံးဖြစ်ပါတယ်။ မြန်မာနိူင်ငံမှာနှစ်ပေါင်းများစွာ စစ်ရာဇာဝတ်မူနှင့် လူမျိုးတုန်းသတ်ဖြတ်မူ၊ လူမျိုးတုန်းသတ်ဖြတ်ရန်ကြိုးစားမူများ ကျုးလွန်ခဲ့ကြသော်လည် သက်သေခိုင်လုံစွာ မပေးနိူင်မူကြောင့် စစ်အကြမ်းဖက်အုပ်စုဟာ နှစ်ပေါင်းများစွာ လွတ်မြောက်ခဲ့ကြရပါတယ်။ ဒီလိုအကျင့်ဆိုး စနစ်ဆိုးကို အကြမ်းဖက်အုပ်စုဟာ ပွက်ပိုက်ပြီးတော့...

ယခု 2021 ဖေဖော်ဝါရီလကတည်းက မြန်မာပြည်သူလူထုအပေါ် စစ်အကြမ်းဖက်မူများ၊ ရွာလုံးကျွတ်မီးရို့မူများ၊ လူမျိုးတုန်းသတ်ရန်ကြိုးစားအားထုတ်မူများ၊ စစ်ရာဇာဝတ်မူကျုးလွန်မူများစွာပြုလုပ်နေမူသည် သိသာထင်ရှားလှပါတယ်။ ကျွန်ပ်တို့မြန်မာပြည်သူများသည် နိူင်ငံတကာတရားဥပဒေနှင့်အညီအရေးယူမူကို လိုလားကြသော ပြည်သူများဖြစ်ကြပါသည်။ နိူင်ငံတကာတရားဥပဒေနှင့်အညီအရေးယူနိူင်ဖို့ရန်လည် ကျွန်ပ်တို့ မြန်မာပြည်သူများသည် ခိုင်လုံသောသက်သေများစွာကို အသက်နှင့်ရင်းပြီး စုဆောင်ထားလာကြတာလူကြီးမင်းတို့အသိပါခင်ဗျာ။  

ဒါကြောင့် ကျွန်ပ်ထပ်လောင်း တောင်းဆိုချင်တာက
ကျွန်ပ်အနေဖြင့် သက်သေပေါင်းများစွာကို လူကြီးမင်းတို့ထံအပ်နှံထားပြီးဖြစ်ပါတယ်။ ယခုအခါမှာ လူကြီးမင်းတို့ နိူင်ငံတကာတရားဥပဒေနှင့်အညီ အမြန်ဆုံး အရေးယူနိူင်ရေးဟာ မြန်မာပြည်သူလူထုအတွက် လွန်စွာအရေးကြီးပါသည်။ လူကြီးမင်းတို့ အရေးယူနိူင်မူ နောင့်နေးလေလေ မြန်မာပြည်သူလူထု အသက်ပေါင်းများစွာစတေးရလေလေဖြစ်ပါတယ်။ ကျွန်ပ်သည် ကမ္ဘာ့နိူင်ငံအသီးသီးက၎င်း ကမ္ဘာ့အဖွဲ့အစည်းအသီးသီက၎င်း လုပ်သင့်လုပ်ထိုက်သောအမူများ ပြုလုပ်ပြီးစီးသွားပြီဖြစ်ပါတယ်။ လူကြီးမင်းတို့အနေဖြင့်အမြန်ဆုံးအရေးယူနိူင်လေလေ မြန်မာပြည်သူလူထုအသက်စတေးရတာ နည်းလေလေဖြစ်သွားမှာပါ။ဒါကြောင့် အရေးယူနိူင်ရေးကို အမြန်နိူင်ဆုံးမြန်အောင် လုပ်ဆောင်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်။

ကျွန်ပ်တို့ NUGအစိုးရဟာ နိူင်ငံတကာတရားဥပဒေကို လေးစားလိုက်နာသော အစိုးရတစ်ရပ်ဖြစ်ပါတယ်။
ကျွန်ပ်တို့အစိုးရအနေဖြင့် အကြမ်းဖက်လူတစ်စုကြောင့် မြန်မာနိူင်ငံမှာ နေ့တိုင်းလူ့အသက်ပေါင်းများစွာ ဆုံးရူံးနေရတာ မလိုလားအပ်တော့ပါ။ မြန်မာပြည်မှာ စစ်မီးတွေတောက်နေပြီဆိုတာ လူကြီးမင်းတို့လဲ သိကြမြင်ကြလိမ့်မယ်လို့ထင်ပါတယ်။ကျွန်ပ်၏ခံစားချက်ကို လူကြီးမင်းတို့ နားလည်ပေးနိူင်လိမ့်မယ်လို့ မျော်လင့်ပါတယ်။ 

နောက်ဆုံးအနေဖြင့် ကျွန်ပ်မေးချင်တာကလူကြီးမင်းတို့ အနေနှင့် နိူင်ငံတကာတရားဥပဒေနှင့်အညီ အကြမ်းဖက်အုပ်စုကို ဖမ်းဆီးချုပ်နှောင်အရေးယူပေးမှာလား?
ကျွန်ပ်တို့ မြန်မာပြည်သူလူထုကပဲ အကြမ်းဖက်အုပ်စုကို တရားစီရင်ရမှာလား ?ဆိုတာ လူကြီးမင်းတို့အလုပ်ကပဲ စကားပြောလိမ့်မယ်လို့ထင်ပါတယ်။ လူကြီးမင်းတို့အနေဖြင့် အမြန်ဆုံး အရေးယူနိူင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။ အားလုံးကို ဘုရားသခင် ကောင်းကြီးပေးပါစေ။ ကျေးဇူးတင်ပါတယ်။


credit/coppy@
ဆက်ဖတ်ရန် →

စစ်ကောင်စီကို တိုက်ရန် NUG နှင့် EAO များ ဗဟိုစစ်ရေးကော်မတီဖွဲ့စည်း



စုပေါင်းခေါင်းဆောင်မှုဖြင့် သွားမည့် ထိုကော်မတီ၏ အဆင့်ဆင့်ကွပ်ကဲမှုစနစ်အတွင်း စစ်တိုင်း၊ စစ်ဒေသစသဖြင့် ပါဝင်မည်ဖြစ်ပြီး တိုက်ရည်ခိုက်ရည်နှင့် အတွေ့အကြုံရှိသူများကို တာဝန်ပေးအပ်မည်ဟု NUG က ဆိုသည် 

တစ်နိုင်ငံလုံး လှည်းနေ၊ လှေအောင်း၊ မြင်းဇောင်းမကျန်ပါဝင်မည့် ပြည်သူ့တော်လှန်ရေးစပြီဟု ကြေညာပြီး နှစ်လနီးပါးရှိလာချိန်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(EAO) အချို့ ပူးပေါင်းပါဝင်သည့် စစ်ရေးဆိုင်ရာ ဗဟိုကော်မတီ (Central Command and Coordination Committee/C3C) ဖွဲ့စည်းလိုက်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တာဝန်ရှိသူက ပြောသည်။ 

ထိုကော်မတီအောက်တွင် စစ်တိုင်းအလိုက် စစ်ဒေသဦးစီးအဖွဲ့၊ တပ်ရင်း၊ တပ်ဖွဲ့ စသဖြင့် ပါဝင်မည်ဖြစ်ကာ Chain of Command (အဆင့်ဆင့်ကွပ်ကဲမှုစနစ်) ဖြင့် စစ်ကောင်စီကို ထိရောက်စွာ ရင်ဆိုင်တိုက်ပွဲဝင်နိုင်ရန် ရည်ရွယ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန၊ အတွင်းဝန် ဦးနိုင်ထူးအောင်က Myanmar Now ကို ယနေ့ (အောက်တိုဘာ ၂၈) ပြောကြားသည်။ 

"(ကော်မတီမှာ) NUG က ကာကွယ်ရေးနဲ့ စစ်ရေးဆိုင်ရာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေပါဝင်သလို တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ စစ်ရေးဆိုင်ရာ ခေါင်းဆောင်များပါဝင်ပြီးတော့ စုပေါင်းဦးဆောင်မှုမျိုးနဲ့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်" ဟု ၎င်းက ပြောသည်။

သို့သော် ထိုကော်မတီတွင် ပါဝင်ပြီးဖြစ်သည့် EAO နှင့် စစ်ဆင်ရေးဆိုင်ရာ ကိစ္စများကို အဓိကကြီးကြပ်မည့်သူတို့၏ အမည်နာမများကိုမူ NUG ဘက်က ထုတ်မပြောပေ။ ကော်မတီ၌ ပါဝင်ခြင်းမရှိသေးသည့် EAO များနှင့် ဆွေးနွေးမှုများ ဆက်ရှိနေဆဲဖြစ်သည်ဟုလည်း ဦးနိုင်ထူးအောင်က ပြောသည်။

"ပါဝင်သင့်ပါဝင်ထိုက်တဲ့ ပုဂ္ဂိုလ်တွေ ပါဝင်နေပြီဖြစ်သလို ပါဝင်သင့်တဲ့ ပုဂ္ဂိုလ်တွေ ဆက်လက်ပါဝင်လာစေဖို့လည်း စီစဉ်ဆောင်ရွက်နေပါတယ်။ တိုးတက်မှုတွေလည်း ရှိနေပါတယ်"ဟု ၎င်းက ဆိုသည်။

ယခုခြေလှမ်းမှာ ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ကာ အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒပြသည့် ပြည်သူများကို အကြမ်းဖက်ပစ်ခတ်နှိမ်နင်းနေသည့် စစ်ကောင်စီကို ခုခံရန် နိုင်ငံအနှံ့တွင် ပေါ်ထွန်းလာသည့် ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) များနှင့် ပေါင်းကာ စစ်ရေးကိစ္စများ ထိရောက်စွာ ဆောင်ရွက်နိုင်မည့် ခြေလှမ်းအဖြစ် NUG က ရှုမြင်ထားသည်။

မေလအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကို ဖွဲ့စည်းခဲ့ကာ ဒေသအခြေစိုက် PDF များနှင့် ပူးပေါင်းဆောင်ရွက်မှု၊ ထောက်ပံ့မှုများ မြှင့်တင်ထားနိုင်သည်ဟု NUG က ဆိုသော်လည်း အသေးစိတ်ကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

"လက်နက်တပ်ဆင်မှုကိစ္စရပ်တွေ၊ ကာကွယ်ရေးအတွက် လိုအပ်တဲ့ အခြားသော ဖြည့်ဆည်းမှုတွေအတွက်ဆိုရင်တော့ C3C (စစ်ရေးဆိုင်ရာ ဗဟိုကော်မတီ) မှာ EAO တွေနဲ့ စုစည်းပြီးတော့ ပိုမိုကောင်းမွန်တဲ့ မဟာဗျူဟာမြောက် ဖြည့်ဆည်းမှုပုံစံတွေဖြစ်အောင် လုပ်နေပါတယ်"ဟု ဦးနိုင်ထူးအောင်က ဆိုသည်။

EAO များ၏ အကူအညီနှင့် အကြံဉာဏ်များရယူကာ မြေပြင်တိုက်ပွဲဝင်မည့် တပ်မှူးများကို အတွေ့အကြုံနှင့် တိုက်ရည်ခိုက်ရည်ရှိသူများ ခန့်အပ်ရန်၊ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)တွင် ပါဝင်နေသည့် စစ်သားဟောင်းများ၏ ပူးပေါင်းပါဝင်နိုင်မှုကို မြှင့်တင်ရန် စီစဉ်နေကြောင်းလည်း သိရသည်။ 

"တပ်မှူးတွေရဲ့ အရေးပါမှု၊ အထူးသဖြင့် စစ်မြေပြင်မှာ ဆုံးဖြတ်ချက်ပေးတဲ့ အခါမှာ တပ်မှူးတွေရဲ့ အရည်အချင်းဟာ အရမ်းကိုအရေးကြီးတယ်။ အတွေ့အကြုံတွေက အရမ်းစကားပြောတာ" ဟု ဦးနိုင်ထူးအောင်က ပြောသည်။

ထို့အတူ NUG လက်အောက်ရှိ PDF တပ်မတော်တွင် စစ်သည်များ၏ တိုက်ရည်ခိုက်ရည် လျင်မြန်စွာ တိုးတက်လာနေပြီး စစ်သည်အင်အားမှာလည်း မျှော်လင့်ထားသည်ထက် ပိုကောင်းလာသည်ဟု ၎င်းက ဆိုသော်လည်း အသေးစိတ်ကိုမူ ထုတ်မပြောပေ။

"တပ်ရင်းတွေ တပ်မဟာတွေ အများကြီးစုဖွဲ့ပြီးတော့ စစ်မျက်နှာပြင် နေရာပေါင်းများစွာမှာ တိုက်ပွဲဝင်နိုင်လောက်တဲ့ အင်အားမျိုးတော့ ကျွန်တော်တို့မှာ ရှိနေပါပြီ"ဟု ဦးနိုင်ထူးအောင်က ပြောသည်။

ထို့ထက်ပို၍ အင်အားကောင်းလာစေရန် စစ်တိုင်းကြီး ၅ခုနှင့် ဒေသခံ PDF အဖွဲ့များ ချိတ်ဆက်နိုင်ရန် ကာကွယ်ရေးဝန်ကြီးဌာနတွင် သီးခြားဌာနတစ်ခု ဖွဲ့စည်းလုပ်ဆောင်နေသည်ဟုလည်း ၎င်းက ဆိုသည်။

သို့သော် NUG က ထုတ်ပြန်ထားသည့် စစ်သည်တော်ကျင့်ဝတ်(Code of Conduct)၊ ထူထောင်ထားသည့် အဆင့်ဆင့်ကွပ်ကဲမှုစနစ်တို့အောက်တွင် တစ်သားတည်းရှိရန် လိုအပ်ကြောင်း၊ လက်နက်ခဲယမ်း အဓိကလိုအပ်ချက်ရှိသည့် ဒေသအလိုက် PDF များထံ ထောက်ပံ့ပေးနိုင်မှု ပိုမိုအားကောင်းလာစေရန် စီမံနေကြောင်းလည်း ဆိုသည်။ 

"ရရှိနိုင်တဲ့ အရင်းအမြစ်များစွာကနေ ကြိုးစားဆောင်ရွက်နေပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း ဒီတော်လှန်ရေးအတွက်ကို များစွာကူညီဆောင်ရွက်မှုတွေ ပြုလုပ်ပေးနေပါတယ်" ဟု ဦးနိုင်ထူးအောင်က ဆိုသည်။

ရန်ပုံငွေ တိုးတက်ရရှိနိုင်ရေး လုပ်ဆောင်နေသည်ဆိုသော်လည်း လက်နက်ခဲယမ်းနှင့် စစ်ရေးဆိုင်ရာကိစ္စ အကူအညီများ မည်သို့ရရှိနေသည်ကိုမူ မသိရပေ။

ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက် ၉ လနီးပါးရှိလာချိန်တွင် လက်နက်ကိုင်တော်လှန်ရေးနှင့် အလှမ်းဝေးသည့် စစ်ကိုင်း၊ မကွေးကဲ့သို့သော တိုင်းများ၌ပင် ခုခံတော်လှန်မှုများ အလွန်အားကောင်းလာနေပြီး ချင်း၊ ကယား ပြည်နယ်များနည်းတူ စစ်ကောင်စီ၏ အပြင်းအထန်ဖိနှိပ်မှုများ ကြုံတွေ့နေရသည်။

ထို့အတူ ရန်ကုန်၊ မန္တလေးကဲ့သို့သော မြို့ကြီးများ၌ပင် စစ်ကောင်စီ၏ ယန္တရားများကို ပစ်မှတ်ထားနေသည့် တိုက်ခိုက်မှုများ အရှိန်အဟုန်နှင့် ပေါ်ပေါက်နေသည်။ လူစည်ကားရာ နေရာများတွင်ပင် စစ်တပ်နှင့် ရဲများကို ဦးတည်သည့်​ ပစ်ခတ်၊ ပေါက်ကွဲမှုများ နေ့စဉ်နှင့်အမျှ ဖြစ်ပွားနေသည်။

NUG က အောက်တိုဘာ ၉တွင် နောက်ဆုံးထုတ်ပြန်သည့် စာရင်းအရ စက်တင်ဘာ ၆ မှ အောက်တိုဘာ ၇ အထိ တစ်လအတွင်း နိုင်ငံအနှံ့တွင် စစ်ကောင်စီက အရပ်သားများအပေါ် ကျူးလွန်သည့် အကြမ်းဖက်မှုပေါင်း ၁၃၅ ခုရှိကာ စစ်ကိုင်းတိုင်းအတွင်း အများဆုံးဖြစ်ကြောင်း သိရသည်။ ထိုဖြစ်စဉ်များအတွင်း ကလေးငယ် ၄ ဦး၊ မသန်စွမ်းသူ ၁ ဦးအပါအဝင် စုစုပေါင်း ၁၂၆ ဦး သတ်ဖြတ်ခံခဲ့ရကာ အမျိုးသမီး ၆ ဦး လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရသည်ဟု ဆိုသည်။

ထို့အတူ အောက်တိုဘာလအတွင်း တိုက်ပွဲနှင့် ပဋိပက္ခပေါင်း ၆၉၀ ထိရှိခဲ့ပြီး စစ်ကောင်စီဘက်မှ ၇၆၈ ဦး သေဆုံးကာ ၂၂၀ ဦး ဒဏ်ရာရခဲ့ကြောင်း NUG က အောက်တိုဘာ ၈ ရက်တွင် ထုတ်ပြန်ထားသည်။ 

လက်ရှိတွင် စစ်ကောင်စီက မကွေးတိုင်းတွင်းရှိ ဒေသအချို့အပါအဝင် စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်ကို အကြီးအကျယ်ထိုးစစ်ဆင်လျက်ရှိရာ ဒေသခံ PDF များနှင့် နေ့စဉ်ရက်ဆက်တိုက်ပွဲဖြစ်နေပြီး ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောင်း၊ ကယားပြည်နှင့် ကရင်ပြည်နယ် ဒေသအချို့တွင်လည်း စစ်ကောင်စီနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ တိုက်ပွဲများဖြစ်နေသည်။

NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောဆိုသည့် စစ်ဆင်ရေးဆိုင်ရာ ဗဟိုကော်မတီတွင် မည်သည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ပါဝင်သည်ကို မသိရသေးပေ။ 

ဉာဏ်လှိုင်လင်း/Myanmar Now
Oct 28, 2021
ဆက်ဖတ်ရန် →

ကမ္ဘာ့ စာနယ်ဇင်းကြီးက ချီးကြူးလာသော မြန်မာတို့၏ တွန်းလှန် ခုခံစစ်


လန်ဒန် အခြေစိုက် အီကော်နော်မစ် မဂ္ဂဇင်းကြီးပါ
"Rebels fighting Myanmar\"s junta are doing better than expected" မှ ကိုးကားသည်။

ဇွန် လ အတွင်း က ဖြစ်သည်။

ပုလဲ မြို့နယ်ရှိ လယ်သမားများ အများစု ပါဝင်သော ရွာသား နှစ်ထောင်ခန့်သည် လုပ်သေနတ် ရိုင်ဖယ်များကို ကိုင်စွဲကာ စစ်ကောင်စီ တပ်များကို စတင်တိုက်ခိုက်လာခဲ့ကြသည်။ ထိုသူတို့သည် စစ်ပွဲ အတွေ့အကြုံ လားလားမျှ မရှိဘဲ နှစ်ပေါင်း ၇၀ နီးပါး တိုင်းရင်းသား လူမျိုးစု များအပေါ် တိုက်ခိုက်ရင်း အတွေ့အကြုံ ရင့်ကျက် လာနေသော စစ်တပ်ကို ခုခံ တိုက်ခိုက် ရန် ဆုံးဖြတ်ခဲ့ကြသည်။

စစ်ကောင်စီ တပ်များသည် ၎င်းတို့ ကျင့်သုံးနေကျ လမ်းစ‌ဉ် အတိုင်း ရွာများကို မီးရှို့၊ အိမ်များကို လုယက် ဖျက်ဆီး၊ အမျိုးသမီးများကို အဓမ္မ ပြုကျင့်ခြင်း နည်းလမ်းဖြင့် တုန့်ပြန် လာခဲ့ကြသည်။

သို့သော် တော်လှန်ရေး ခေါင်းဆောင် ဗိုလ်နဂါး ၏ ဦးဆောင်မှု အောက်တွင် တော်လှန်ရေး တပ်များက စစ်ကောင်စီ တပ်များကို ပုလဲ မြို့ အတွင်း မှ အောင်မြင်စွာ မောင်းထုတ်နိူင်ခဲ့ကြသည်။ တိုက်ပွဲများ အတွင်း စစ်ကောင်စီ တပ်သား ၄၀၀ အား သုတ်သင်နိုင်ခဲ့ပြီး မိမိတို့ဖက်မှ ငါးယောက်သာ ကျဆုံးသွားခဲ့သည်ဟု ဗိုလ်နဂါးက ဆိုသည်။

စစ်ကောင်စီ တပ်သားများသည် စိတ်ပါလက်ပါ မရှိသည့်အပြင် မဖြစ်၍သာ တိုက်ခိုက်နေရသူ များ ဖြစ်၍ ဝိညာဉ်မဲ့ ဖုတ်ကောင် များ သာသာ ဖြစ်နေကြသည် ဟု မှတ်ချက်ချခဲ့သည်။

ဗိုလ်နဂါး ၏ အပြောသည် ချဲ့ကားမှု များစွာ ပါနေသော်လည်း အမှန်တရား ဆိုသည့် အရာမှ ကင်းလွတ်သွားခြင်းမျိုးတော့ မရှိပေ။ လက်ရှိ မြန်မာစစ်တပ်ကို ခုခံ တွန်းလှန်နေကြသူ အားလုံးသည် လေ့လာသူများ ခန့်မှန်းထားသည်ထက် အပုံကြီး သာလွန် ကောင်းမွန်နေကြသည်။

အာဏာသိမ်းပြီးချိန်မှစ၍ တနိုင်ငံလုံးတွင် မြို့ပြ၊ မြေအောက် လှုပ်ရှားမှု များမှသည် ထောင်ပေါင်းများစွာ ပါဝင်‌ သော အဖွဲ့ပေါင်း ၂၅၀ ခန့် ပေါ်ထွက်လာခဲ့ပြီး ဖြစ်သည်။ ထိုအထဲတွင် အဖွဲ့ ၅၀ ခန့်သည် စစ်တပ်ကို ရေကုန်ရေခန်း တိုက်ခိုက်နိုင်ခဲ့ကြသည်ဟု စစ်ဖက် ဆိုင်ရာ များ လေ့လာရေးသားနေသည့် ကမ္ဘာကျော် Janes စာစောင်မှ အန်ထော်နီ ဒေးဗီစ် က ပြောသည်။

ပေါ်ပေါက်လာသော အဖွဲ့များသည် စစ်ကောင်စီ ခန့်  ကျေးရွာ ရပ်ကွက် အဆင့် အုပ်ချုပ်ရေးမှူးများကို လုပ်ကြံ သတ်ဖြတ်ခြင်း၊ စစ်စခန်းများကို တိုက်ခိုက်ခြင်း၊ စစ်တပ် အသုံးပြုနေသော မဟာဗျူဟာမြောက် လမ်းများကို မိုင်းခွဲ တိုက်ခိုက်ခြင်း၊ အခြေခံ အဆောက်အအုံများကို ဖေါက်ခွဲခြင်းများ ပြုလုပ်လာခဲ့သည်။

နှစ်လ အတွင်းမှာပင် စစ်တပ် မှ ရှယ်ယာ အများဆုံး ပိုင်ဆိုင်ထားသည့် တယ်လီဖုန်း တာဝါတိုင် ၁၂၀ ကို ဖြိုလှဲနိူင်ခဲ့ကြသည်။ ပြောက်ကျားတပ်ဖွဲ့များက တပ်များ ရွှေ့ပြောင်းရန် နှင့် ထောက်ပို့ ပစ္စည်းများ သယ်ဆောင် ပေးနေ‌သော လမ်းကြောင်းများရှိ မီးရထားလမ်းများ နှင့် တံတားများကို ပြစ်မှတ်ထားလာခဲ့ကြသည်။

တော်လှန်ရေး တပ်ဖွဲ့များတွင် အားသာချက် အများအပြား ရှိနေသည့် အထဲမှ "တော်လှန်မှ ဖြစ်မည် ဆိုသော စိတ်ဓါတ်" သည် အဓိကနေရာမှ ပါဝင်လာခဲ့သည်။ ထိုစိတ်ဓါတ် တခုတည်းနှင့်ပင် ထောင်ပေါင်းများစွာသော လူထုကြီးသည် လက်နက်စွဲကိုင် ပါဝင်လာခဲ့ကြခြင်း ပင် ဖြစ်သည်။

မိုးရာသီ အတွင်းလည်း ဖြစ်၍ စစ်တပ် အဖို့ စစ်ဆင်ရေးများ မလုပ်နိုင်သည့် အချိန်တွင် အနားရနေသော တိုင်းရင်းသား လူမျိုးစု လက်နက်ကိုင်များ နှင့် ချိတ်ဆက်မိပြီး မဟာမိတ်များ ဖွဲ့စည်းလာနိုင်ခဲ့သည်။ အချို့ကကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်တိုက်ခိုက်ပေးလာခဲ့ကြသည်။

အာဏာသိမ်း ခေါင်းဆောင်များ အနေနှင့် ဗမာ အများစု ရှိရာ အလယ်ပိုင်းဒေသများတွင် ယခုလို ခုခံမှုများနှင့် ရင်ဆိုင်ရလိမ့်မည်ဟု လုံးဝမျှော်လင့်ထားခဲ့ကြခြင်း မရှိပေ။ ထို အရပ်များမှပင် တပ်သားသစ်များ စုဆောင်း ရရှိခဲ့ကြခြင်း ဖြစ်၍ ယခုအခါ မိမိတို့ အချင်းချင်း သတ်ဖြတ်ကြရတော့မည် ဖြစ်လာ‌ သော ကြောင့် စိတ်ဓါတ်များ ကျဆင်းလာကြရသည်။ ၎င်းဒေသများတွင် တိုက်ပွဲများ တခါဖူးမျှ ဆင်နွှဲခဲ့ကြရခြင်း မရှိ၍ နယ်မြေ အနေအထား တွင် ကျွမ်းကျင်မှု မရှိ ဖြစ်လာခဲ့ရပြန်သည်။ သတင်းပေး ဒလန်များ ကို အသုံးပြုလာခဲ့သော်လည်း ထိုလူများမှာ လုပ်ကြံ သတ်ဖြတ်ခြင်း ခံခဲ့ကြရသည်။

စစ်ကောင်စီ တပ်များသည် ဖေဖေါ်ဝါရီ မှ စက်တင်ဘာ လ အတွင်း မနားမနေ ရုန်းကန်နေကြရဆဲ ဖြစ်သည်ဟု တသီးပုဂ္ဂလ လေ့လာသုံးသပ်သူ မက်သယူး အာနိုးမှ ဆိုသည်။ ၎င်းတို့ အဖို့ ချုံခို အတိုက်ခံရခြင်း၊ မိုင်းခွဲခံရခြင်း တို့ အပြင် တော်လှန်ရေး အဖွဲ့များထံ ခိုလှုံသွားမှုများ ဆက်တိုက်ဆိုသလို ရင်ဆိုင်ခဲ့ကြရသည်။

တောက်လောင်လာနေသော မီးတောက် မီးလျှံကြီးကို ငြိမ်းသတ် နိုင်ဖို့ တပ်များကို နဲနဲ နှင့် ကျဲကျဲ ဖြန့်ချလာခဲ့ရသည်။ ပြီးခဲ့သည့် သုံးလ အတွင်း စစ်ကောင်စီဖက်မှ ၁,၇၀၀ ခန့် ကျဆုံးသွားခဲ့ရသည်ဟု အမျိုးသား ညီညွတ်ရေး အစိုးရမှ စာရင်းထုတ်ပြန်လာခဲ့သည်။ ထို့အပြင် ၁,၅၀၀ ခန့်လည်း ဘက်ပြောင်းသွားခဲ့သည့် အပြင် အရာရှိလောင်းများ စုဆောင်းနိုင်ရေး တွင် အခက်အခဲများ ကြုံလာရသည်။

အင်အား သုံးသိန်းခန့် ရှိနေသော စစ်တပ်အတွက် အကြီးအကျယ် ထိခိုက်သွားဖို့က မရှိသေးပေ။ သို့သော် စစ်ကောင်စီ တပ်များသည် လေ့ကျင့်မှု အပြည့်အဝ မရသည့်အပြင် လက်နက် အရည်အသွေး တွင်လည်း ချို့ငဲ့နေရှာသည်။

စိတ်ဓါတ်များ ကျဆင်းလာနေကာ နယ်မြေ အတော်များများကိုလည်း လက်လွှတ်ခဲ့ကြရသည်။

စစ်တပ်သည် ၎င်းတို့ လက်ရှိ အနေအထားကို မဖြစ်မနေ ပြန်လည် သုံးသပ်နေရပြီ ဖြစ်သည့် existential crisis နှင့် ရင်ဆိုင်နေရပြီ ဟု အာနိူးက ဆိုသည်။

‌မကြာမီ ရောက်ရှိလာမည့် ပွင့်လင်းရာသီ
အတွင်း အခြေအနေများ ကောင်းလာဖွယ် ရှိနေသည်ဟု မျှော်လင့်နေကြပြီး နိုင်ငံ၏ အနောက်မြောက် အရပ်သို့ စစ်ကူများ ‌စေလွှတ်လျှက် ရှိနေသည်။

ထိုဒေသများတွင် ရိုဟင်ဂျာများအား ကျူးလွန်သလို "နယ်မြေရှင်းလင်းရေး စစ်ပွဲ" များ ဆင်နွှဲလာမည်ဟု မျှော်လင့်ရပေသည်။ ကျေးရွာများကို မီးတင်ရှို့ကာ ရွာသားများ ထွက်ပြေးအောင် လုပ်ပြီး အကာအကွယ် မဲ့နေသော ရန်သူများကို လက်နက် အင်အား အသာဖြင့် ချေမှုန်းရန် ကြံစည်နေခြင်းလည်း ဖြစ်သည်။

နယ်မြေ အနေအထားရော၊ စစ်ဆင်ရေး ပမာဏ အားဖြင့် စစ်တပ် အတွက် အကြီးမားဆုံး ဖြစ်နိုင်သည်ဟု ပြောလိုက ပြော၍ ရနိူင်ကြောင်း ‌မက်သယူး ဒေဗီးက ဆိုသည်။

ထိုသို့ ဖြစ်လာမည် ဆိုလျှင် တော်လှန်ရေး တပ်ဖွဲ့များ အရေးနိမ့်ကောင်း အရေးနိမ့်သွားနိုင်သော်လည်း နိုင်ငံတွင်း အခြားဒေသများတွင် ပြောက်ကျားအဖွဲ့များ ကျန်နေဆဲ ဖြစ်၍ ပြည်တွင်းစစ်ပွဲကြီးက တဖြေးဖြေး နှင့် မည်သို့မျှ ရှောင်လွှဲ၍ မရတော့သည့် အခြေအနေ သို့ ရောက်လာနေပြီလည်း ဖြစ်သည်။

(၂)

တဖက်တွင် စစ်အာဏာသိမ်း အဖွဲ့သည် နိုင်ငံတကာ မျက်နှာစာ တွင် ၎င်းတို့တွက်ဆထားသလို မိတ်ဆွေ နိုင်ငံ အနည်းငယ် နှင့် ပင် ရပ်တည်လို့ မရသည့် အခြေ အနေကို ဆိုက်ရောက်လာရပြီ ဖြစ်သည်။

အာဆီယံ ဥက္ကဌ ဖြစ်လာမည့် ကမ္ဘောဒီယား ၏ နိူင်ငံခြားရေး ဝန်ကြီး ပရပ် ဆော့ဟွမ်း မှ အာဏာသိမ်း အဖွဲ့ အား စေ့စပ်ဆွေးနွေးရန် ဖိအားပေးသွားမည်ဟု ထုတ်ဖေါ်ပြောဆိုလာပြီ ဖြစ်သည်။

အာဆီယံသည် မင်းအောင်လှိုင်အား အစည်းအဝေးမှ ထုတ်ပယ်လိုက်ခြင်းသည် မတတ်သာလွန်း၍ အနိမ့်ဆုံး ပြစ်ဒဏ်ခတ်လိုက်သည့် သဘောသာ ရှိသေးပြီး ဒီထက်မက အရေးယူသည့် အနေဖြင့် NUG အား တရားဝင် အသိအမှတ်ပြု ဆက်ဆံရန် အထိ အဆင်သင့် ဖြစ်ပုံမရသေးဟု ဝေဖန် ထောက်ပြလာကြသည်။

အာဏာသိမ်း အဖွဲ့ သည် နိုင်ငံတကာ အမြင်ထက် ၎င်းတို့ အသက်ရှင် ရပ်တည်နိူင်ရေးက လောလောဆယ် အရေးကြီးလာနေရပြီ ဖြစ်၍ စစ်ဆင်ရေး ကို အမည် အမျိုးမျိုး တတ်ကာ ပြည်သူများ အပေါ် နှိပ်ကွပ် သတ်ဖြတ် ချေမှုန်းနိုင်ရန် ကြံစည်လာနေကြသည်။ သို့သော် လုံလောက်သော စစ်အင်အားမရှိ၊ ဒီဖက်က ဖိ၊ ဟိုဖက်က ကြွ အနေအထား နှင့် အရူး မီးဝိုင်း ဖြစ်လာမည့်အပြင် နိုင်ငံတကာမှ လက်ပိုက် ကြည့်နေကြတော့မည် မဟုတ်သဖြင့် ကဒါဖီ နှင့် ဆက်ဒမ်တို့ သွားရာလမ်း သို့ အနှေးနှင့် အမြန် လိုက်ကြရဖို့သာ ရှိပေတော့သည်။

ယခု မြန်မာနောင်း သတင်းအရ စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ် အနောက်ခြမ်းသို့ ရဟတ်ယာဉ် ၄ စီး၊ ဂျက်တိုက်လေယာဉ် ၂ စီး ဖြင့် ထိုးစစ်ဆင်လာသဖြင့် ဒေသခံ ပြည်သူများ ထွက်ပြေးကုန်ကြရသည်ဟု သိရသည်။

အေပီ သတင်းဌာန၏ စုံစမ်း တွေ့ရှိချက် အရ အကျဉ်းထောင်ထဲတွင် နှိပ်စက်ညှင်းပမ်းခံရ၍
သေဆုံးသွားသူ ၁၃၁ ဦး ရှိလာပြီ ဖြစ်သည်ဟု ဆိုသည်။ ထိုသတင်းများက ကမ္ဘာအနှံ့ ပျံ့နှံသွားပေ တော့မည်။

တော်လှန်ရေးကြီး မုချအောင်ရမည်💪💪💪

လှစိုးဝေ ရေးသားတင်ဆက်သည်။

ဆက်ဖတ်ရန် →

၂ရက်ကို မွှင်းငါးပွဲ၆၀ကျော်​၏

ကောလင်း ယနေ့တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၂၅ ဦး ​သေဆုံး၊ ယမန်နေ့ သေဆုံးသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ဦးတွင် တပ်မ ၈၈ လက်အောက်ခံ ခလရ ၁၀ မှ  ဗိုလ်မှူးရဲထွဋ်ဦး(ကြည်း-၄၃၉၈၀) ပါဝင်၊ အလောင်းဖြစ်သလို မြှုပ်ပြီး အမိန့်ဖြစ်သလို ပြန်ထားခဲ့

ရန်ကုန်၊ အောက်တိုဘာ ၂၈
ခေတ်သစ်

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်အရှေ့ခြမ်း ဖလဲရွာအနီးတွင် စစ်ကောင်စီတပ်များနှင့် ကောလင်း PDF တို့ ယနေ့ အောက်တိုဘာလ ၂၈ ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်မှ ၂၅ ဦးခန့် သေဆုံးပြီး ကောလင်း PDF မှ ၃ ဦးကျဆုံးကြောင်း Kawlin Revolution-KRက လူမှုကွန်ရက်တွင် သတင်း​ဖော်ပြသည်။

ယမန်နေ့ အောက်တိုဘာလ ၂၇ ရက်နေ့ ကောလင်း PDF နှင့် စစ်ကောင်စီတပ်များ  ကောလင်းမြို့နယ် အရှေ့ဘက်ခြမ်း၊ ကျောက်ပြင်သာရွာနှင့် ကချင်ကုန်းရွာကြားတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ယင်းတိုက်ပွဲတွင် ခလရ ၁၀ မှ ဗိုလ်မှူးရဲထွဋ်ဦး (ကြည်း-၄၃၉၈၀) ပါ ပါဝင်ကြောင်း၊ ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ခန့် သေဆုံးခဲ့ကြောင်း သိရှိရသည်။ 

ဗိုလ်မှူးရဲထွဋ်ဦး၏ အလောင်းကို ဖြစ်သလို မြှုပ်နှံထားသည့်အတွက် ဒေသခံများနှင့် ဒေသ ကာကွယ်ရေးတပ်က ကောင်းမွန်စွာ သဂြိုလ်ပေးနိုင်ရန် ပြန် လည်ဖော်ကြည့်ရာမှ ခလရ ၁၀ မှ ဗိုလ်မှူးရဲထွဋ်ဦး( ကြည်း ၄၃၉၈၀) ဖြစ် ကြောင်း သိရှိခဲ့ရပြီး ကောင်းမွန်စွာ ပြန်လည် သဂြိုလ်ပေးခဲ့သည်ဟု ကောလင်း KR သတင်းက ဆိုသည်။

သေဆုံးသွားသော ဗိုလ်မှူးရဲထွဋ်ဦး သည် တပ်မ ၈၈ လက်အောက်ခံ မကွေး တိုင်း၊ စကုအခြေစိုက် အမှတ် ၁၀ ခြေလျင်တပ်ရင်းမှဖြစ်ကြောင်း သိရှိရသည်။
ဆက်ဖတ်ရန် →

မွှင်းငါးပွဲလေးဆယ်

 ကောလင်းတွင် စစ်ကောင်စီအင်အား ၁၀၀ ခန့်ကို နှစ်နေရာခွဲ၍ တစ်ပြိုင်နက်တည်း ဝင်တိုက်၊ စစ်ကောင်စီဘက်မှ ၄၀ ခန့်သေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၂၈ 
ခေတ်သစ်မီဒီယာ

စစ်ကိုင်းတိုင်းကောလင်းမြို့နယ်တွင် အောက်တိုဘာလ ၂၇ ရက်နေ့ နံနက် ၂ နာရီအချိန် စစ်ကောင်စီအင်အား ၁၀၀ ခန့်ကို နှစ်နေရာခွဲ၍ တစ်ပြိုင်နက်တည်း ဝင်တိုက်၊ စစ်ကောင်စီဘက်မှ ၄၀ ခန့်သေဆုံးနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ 

 အောက်တိုဘာလ ၂၇ ရက်နေ့ နံနက် ၂ နာရီ အချိန်ခန့် စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် အရှေ့ဘက်ခြမ်း၊ ကျောက်ပြင်သာရွာနှင့် ကချင်ကုန်းရွာကြားရှိ စစ်ကောင်စီတပ်သား ၂၀ ဦးခန့် နေရာယူထားသော နေရာနှင့် နောက်ချန် စစ်ကောင်စီ အင်အား ၈၀ ခန့် နားနေသော သော နေရာ ၂ ခုကို  ကောလင်း PDF က လက် နက်ကြီးများဖြင့် တစ်ချိန်တည်း ဝင်ရောက်ပစ်ခတ်နိုင်ခဲ့ကြောင်း၊ တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်သား ၄၀ ခန့် သေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်သား ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်း သိရှိရသည်။ 

စစ်ကောင်စီတပ်၏ သေဆုံးအလောင်းများကို မီးရှို့သဂြိုလ်ပေးခဲ့ကြောင်း ကောလင်းPDFက သတင်းထုတ်ပြန်သည်။
ဆက်ဖတ်ရန် →

တက်မရရင် ခုန်ချလိုက်တော့ မြောင်းထဲကို


မင်းအောင်လှိုင်(သို့မဟုတ်) ဝန်ကြီးတစ်ဦး အာဆီယံထိပ်သီးအစည်းအဝေး တက်ခွင့်မရလျှင် မတက်ဟု အကြမ်းဖက်စစ်ကောင်စီ ထုတ်ပြန်


ရန်ကုန်၊ အောက်တိုဘာ ၂၅ 

ခေတ်သစ်မီဒီယာ

အကြမ်းဖက် ဖက်ဆစ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်(သို့မဟုတ်) ဝန်ကြီး  တစ်ဦးဦး အာဆီယံ ထိပ်သီးအစည်းအဝေး တက်ခွင့်မရလျှင် တက်ရောက်တော့မည်မဟုတ်ကြောင်း ဖက်ဆစ် စစ်ကောင်စီက ယနေ့ည သတင်းထုတ်ပြန်သည်။ 


 ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကျင်းပမည့် (၃၈) ကြိမ်မြောက်နှင့် (၃၉) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးများ နှင့် ဆက်စပ် ထိပ်သီးအစည်းအဝေးများသို့ နိုင်ငံအကြီးအကဲ(မင်းအောင်လှိုင်) သို့မဟုတ် အစိုးရအဖွဲ့အကြီးအကဲ သို့မဟုတ် နိုင်ငံအကြီးအကဲ( မင်းအောင်လှိုင်) ကို ကိုယ်စားပြုမည့် ပြည်ထောင်စုဝန်ကြီးအဆင့်ပုဂ္ဂိုလ် က ပါဝင်တက်ရောက် နိုင်ရေးကိုသာ မြန်မာနိုင်ငံက လက်ခံမည်ဖြစ်ကြောင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီးဌာနသို့ အကြောင်းပြန်ထားပြီးဖြစ်ကြောင်း  စစ်ကောင်စီ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 



ဆက်ဖတ်ရန် →