တိုကျိုမြန်မာသံရုံးမှဒုအတွင်းဝန် ၏ စိတ်ဓာတ်အင်အား။
၏
လေးစားဂုဏ်ယူစရာ စိတ်ဓာတ်အင်အား။ ၁၇.၃.၂၀၂၁၊ ဗုဒ္ဓဟူးနေ့။ --------------------------- ကျမကို အားတင်းထားနော် တို့
အသက်က ခုမှ ငယ်ငယ်လေး ၂၇ နှစ်ပဲရှိသေးတာ
ရာထူးကလည်း နှမြောစရာကြီး စိတ်မကောင်းဖစ်လိုက်တာ ဆိုတာ
စာတွေ ပို့ကြတယ် ကျမ ဝန်ထမ်းစလုပ်ခဲ့ကတည်းက
ရာထူးအတွက် လုပ်ခဲ့တာမဟုတ်ဘူး
ငါ့လုပ်ဆောင်မှုတိုင်းက ငါတို့နိုင်ငံတိုးတက်ရမယ်ဆိုတဲ့
စေတနာထားမှုကို အခြေခံထားတဲ့
တာဝန်တစ်ခုအတွက်အလုပ်လုပ်ခဲ့တာ ရာထူးကို မနှမြောဘူး
ငယ်ငယ်ကတည်းက ခုထိကို ဆရာတော်ဘုရားကြီးတွေ
သွန်သင်ထားတဲ့
ဓမ္မလမ်းပေါ် မရောက်တော့မှာ
ပို နှမြောတယ် ကိုယ့်ရဲ့လွတ်လပ်စွာရွေးချယ်မှုကြောင့် တစ်ပါးသူကို ကိုယ်အားဖြင့် စိတ်အားဖြင့် ထိခိုက်စေရင်
ဒါဟာ အဓမ္မလမ်းကြောင်းဖြစ်တယ်✍️
CDM လုပ်ခြင်းဖြင့် အုတ်တစ်ချပ်
သဲတစ်ပွင့်အနေနဲ့ လုပ်ခဲ့တာပါ
CDM လုပ်သူအားလုံးဟာ
Strong ဖြစ်လို့ လုပ်ကြသူတွေပါ ဒါကြောင့် ရာထူးကို နှမြောတာတို့
ဘာတို့ မပြောကြပါနဲ့ 😌 ✍️
Crd. မူလတင်သူ #WeSupportCRPH #WhatsHappeningInMyanmar #SaveMyanma
ဂျပန်နိုင်ငံ တိုကျိုမြန်မာသံရုံးမှ
CDM လုပ်နေသော ဒုအတွင်းဝန်
ရန်သူအဖြစ် သဘောထား၍ အကြမ်းဖက်စစ်တပ်နှင့်ရဲက ပစ်ခတ်နေသည့် ဗီဒီယို
ရန်ကုန်၊ တာမွေတွင် ပြည်သူကို ရန်သူအဖြစ် သဘောထား၍ အကြမ်းဖက်စစ်တပ်နှင့်ရဲက ပစ်ခတ်နေသည့် ဗီဒီယို
ရန်ကုန်၊ မတ် ၁၇
ရန်ကုန်တာမွေမြို့နယ်တွင် ယနေ့ မွန်းလွဲပိုင်း အကြမ်း ဖက်စစ်တပ်နှင့်ရဲက ပြည်သူများကို ရန်သူအဖြစ်
သဘောထား၍ ရပ်ကွက်ထိပ် အကာအရန်များကြားမှ ချိန်ရွယ်ပစ်ခတ်နေစဥ်။
မဟနတွေလည်း အကျယ်ချုပ်ကျမယ့် အန္တရာယ်ရှိ

အရုဏ်ဆွမ်း စားနေတုန်း ဆရာတော်ကြီးတစ်ပါးက ဖုန်းဆက်လာတယ်။
မင်းက လူသိများတယ်။ ဒါကြောင့် လူငယ်တွေကို ကိုယ်ရော စိတ်ရော ကြံ့ခိုင်အောင်နေကြဖို့ ပြောပေး။ ဒီတိုင်းဆိုရင် စစ်ပွဲက ရှောင်လွှဲလို့မရတော့ဘူး။ မဟနတွေကို အကျယ်ချုပ်ချပြီး ထုတ်ပြန်မယ့်စာကို သူတို့စိတ်ကြိုက် ပြင်ရေးလိုက်မှာမို့ လက်မှတ်တွေမပါပဲ အရေးတကြီးနဲ့ မီဒီယာကို ပေးလိုက်ရတာ။
မဟနအဖွဲ့နဲ့ သာသနာရေးအရာရှိတွေနဲ့ အစည်းအဝေးမှာ အတော်လေး အချေအတင်ဖြစ်သွားတယ်။
သာသနာရေးအရာရှိတွေက စာထုတ်ဖို့ ကန့်ကွက်ကြလို့ မဟန ဆရာတော်ကြီးတွေက 'မင်းတို့က ငါတို့မေတ္တာရပ်ခံတာကို နားမထောင်ရင် ငါတို့လည်း မင်းတို့ပြောတာ နားထောင်စရာမလိုဘူး' လို့ ခပ်ပြတ်ပြတ် ပြောပြီး ကားပေါ်တက် ပြန်လာကြတယ်။
အခုစာက အတည်ပဲ။ နောက်ထပ် စာထွက်လာရင် အဲဒါ ပြင်ရေးထားတဲ့ဟာလို့ နားလည်ကြ။ မဟနတွေလည်း အကျယ်ချုပ်ကျမယ့် အန္တရာယ်ရှိနေတယ်။
တို့သံဃာထုက တညီတညွတ်ထဲ မဟနဘက်ကနေ ကြံ့ကြံ့ခံရပ်တည်ပေးကြရမယ်။
စစ်ပွဲအတွက် လူငယ် လူကြီး ကြိုတင်ပြင်ဆင်ကြ။ မပေါ့လျော့ကြနဲ့လို့ ပြောပေး တဲ့။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ မတရားအသင်းမှပယ်ဖျက်ကြောင်း CRPH ကြေညာ
ကြေညာချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အားလုံးကို အကြမ်းဖက်အဖွဲ့အဖြစ်မှ ဖြစ်စေ၊ မတရားအသင်းမှ ဖြစ်စေ ပယ်ဖျက်ကြောင်း ကြေညာခြင်း။
၁။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် နိုင်ငံရေးရည်မှန်းချက်များဖြစ်သော စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ သမ္မတကြီးဦးဝင်းမြင့် နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံရသူများအားလုံး လွတ်မြောက်ရေး၊ ဒီမိုကရေစီရရှိရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖျက်သိမ်းရေး နှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ဖွဲ့စည်းပုံခြေခံဥပဒေပေါ်ပေါက်ရေး တို့ကို ၂၀၂၁ ခုနှစ် မတ်လ ၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။
၂။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း၌ အကြမ်းဖက်အဖွဲ့အဖြစ်သော်လည်းကောင်း၊ မတရားအသင်း အဖြစ်သော်လည်းကောင်း ကြေညာခံထားရသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေးအတွက် တိုက်ပွဲဝင်နေကြသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများအားလုံးကို အကြမ်းဖက်အဖွဲ့ အဖြစ်မှ ဖြစ်စေ၊ မတရားအသင်းမှ ဖြစ်စေ ပယ်ဖျက်ကြောင်း ကြေညာလိုက်သည်။
၃။ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တိုက်ပွဲဝင်နိုင်ရန် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်သောကြောင့် ပုဒ်မ ၁ရ (၁) ဖြင့် ဖမ်းဆီး အရေးယူမှု အားလုံးသည် တရားဝင်မှုမရှိကြောင်း နှင့် ၎င်းဖမ်းဆီးအရေးယူမှုအားလုံးကို ရှုံ့ချကြောင်း ကြေညာလိုက်သည်။
၄။ တရားမဝင် အာဏာသိမ်းစစ်ကောင်စီ၏ မတရားသောအမိန့်အာဏာများကို ဖီဆန်သည့် ပြည်သူ့လှုပ်ရှားမှု (Civil Disobedience Movement) တွင် ပါဝင်သော နိုင်ငံ့ဝန်ထမ်းများ၊ အကြမ်းဖက်စစ်ကောင်စီ၏ မတရားမှုများ၊ အကြမ်းဖက်မှုများကို ဆန့်ကျင်တိုက်ပွဲဝင်နေကြသော ပြည်သူများကို စောင့်ရှောက်ကာကွယ် မှုများ ဆောင်ရွက်ပေးနေကြသည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများအားလုံးကို အထူး ကျေးဇူးတင်ရှိပါသည်။
၅။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး တည်ဆောက်ရေးအတွက် ခိုင်မာသော သန္နိဋ္ဌာန်ချမှတ်ကာ ညီရင်း အစ်ကို၊ မောင်ရင်းနှစ်မ စိတ်ထားများဖြင့် အတူတကွ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများအားလုံးကို လေးနက်စွာ မှတ်တမ်းတင် ဂုဏ်ပြုပါသည်။
သမ္မတဘိုင်ဒန်ရဲ့ ရိုက်ချက် မအလတို့ ကျောအောင့်နေအောင်ခံရ
The United States calls on the international
" အန္တရာယ် အပေးဆုံး သစ္စာဖေါက်တွေ ......"
☝️☝️👉 ဒုတိယတစ်ယောက်က - ဦးကိုကိုလှိုင်
ကျွန်တော်တို့ တက္ကသိုလ်ကျောင်းသား စဖြစ်ခါစက
mrtv-4 မှာ အပတ်စဥ်လာတဲ့ ဆရာမျိုးမြတ်သူနဲ့
ဦးကိုကိုလှိုင်တို့ရဲ့ Political Talk Show တွေကို
အမြဲစောင့်ကြည့်ခဲ့ရတယ်။ အဲဒီတုန်းက Internet လည်း မသုံးတတ်မကျယ်ပြန့်သေးသလို ဒီလို Talk တွေကလည်း မြင်ရခဲလို့ နိုင်ငံတကာအရေးအတွက်
လူကြီးလူငယ်အများစုက ကြည့်ခဲ့ကြမှာပါ။
ဒါပေမဲ့ သူ့ရဲ့စာအုပ်တွေကို ဖတ်ဖူးလာချိန်မှာတော့
သူ့အပေါ် ရှိခဲ့ဖူးတဲ့ respect တချို့ ပျောက်သွားခဲ့တာကြောင့် မကြိုက်တဲ့ စာရေးဆရာအနေနဲ့ ဒီတိုင်းပဲ Neglect လုပ်ခဲ့တယ်။ အခုတော့ သူ့ရဲ့ Capacity ကို
အာဏာရှင်အတွက် အသုံးပြုလာပါပြီ။
ဇစ်မြစ် ပြန်ကောက်ရရင် ဦးကိုကိုလှိုင်က DSA ဆင်း၊
ပထမအဆင့် သုတေသနပညာရှင်၊
ဦးသိန်းစိန်အစိုးရရဲ့ သမ္မတအကြံပေးလုပ်ခဲ့သူ၊
ဒီဖက်ရာစု မြန်မာ Military Researcher ထဲ ချန်ထားမရ တဲ့ ဝါရင့်ပညာရှင်၊ နိုင်ငံတကာရေးရာနဲ့ ကမ္ဘာ့အရေး သမိုင်းတွေကို Professional ကျကျ အောက်သက်ကြေထားခဲ့သူလို့ ဆိုရမယ်။ စစ်အုပ်စုထဲမှာ Popular သိပ်မဖြစ်လှပေမယ့်၁၉၉၁ ခုနှစ်တည်းက
စစ်ဖက်ရဲ့လူအဖြစ် လုပ်ကိုင်ခဲ့တယ်။
ကျွန်တော်တို့ရဲ့ ဂျပန်ရောက်မြန်မာ Environmental Activist Gp က Info & Scientific Data Activist သူငယ်ချင်းတွေ စုံစမ်းထားမိသလောက် လက်ရှိအာဏာရှင်အုပ်စုကို အဓိကအကြံပေးနေသူ ငါးဦးထဲ
ဦးကိုကိုလှိုင်က အဓိကလူဖြစ်နေတယ်။
ဆန္ဒပြသူ ဖြိုခွင်းမှုပုံစံ၊ မြို့အလိုက် ကိုင်တွယ်မှုပုံစံ၊
အာဏာသိမ်းအုပ်စုကို Legitimacy ဖြစ်ဖို့
နိုင်ငံတကာ အသိုင်းအဝိုင်းထဲ image တည်ဆောက်မှု၊
ဝဏ္ဏမောင်လွင်နဲ့ ပူးပေါင်းပြီး နိုင်ငံခြားရေးရာ ကိစ္စတွေကိုကိုင်တွယ်နေမှု၊ ICC ICJ မှာ စစ်အုပ်စုရဲ့ လုပ်ရပ်တွေကို ရှောင်လွှဲထုချေဖို့ သက်သေတွေ ရှာပေးနေမှု၊
UN ကို အာကာသိမ်းအုပ်စုက တင်ပြခဲ့တဲ့ ဦးမြင့်သူရဲ့ စာတမ်းကို စီစဥ်ပေးခဲ့မှု၊ အာဏာသိမ်းအုပ်စုဖက်က လိုအပ်တဲ့ Supplement တွေကို အကြံပေးနေမှု၊
တရုတ်နဲ့ အာဏာသိမ်း စစ်အုပ်စုကြား ပတ်သက်မှုတွေကို အကြံပေးမှု၊ အခုရက်ထဲတက်လာတဲ့ အစ္စရေးထောက်လှမ်းရေးကို လော်ဘီလုပ်ဖို့ ငှားရမ်းမှုမှာ
ဝဏ္ဏမောင်လွင်နဲ့အတူ ပါဝင်ဆောင်ရွက်ခဲ့မှု၊
(Confirm မဖြစ်သေးပေမယ့် ဒီလိုငှားရမ်းနေမှုတွေ
ထပ်ရှိသေးတယ်လို့လည်း သိရတယ်)၊
အာဏာသိမ်းအုပ်စုရဲ့ Terrorist လုပ်ရက်တွေကို
နိုင်ငံတကာမှာ ဖုံးဖိဖြေရှင်းဖို့ အစီစဥ်တကျ စီစဥ်ပေးနေမှု၊ CDM Power ကို ဖြေရှင်းဖို့ အကြံပေးနေမှု၊
စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ စက်မှုဝန်ကြီး ဦးဝင်းရှိန်နဲ့
ပူးပေါင်းပြီး ပြည်ပ Investment ကိစ္စတွေကို အကြံ
ပေးနေမှုနဲ့ အာဏာသိမ်းအုပ်စုရဲ့ နိုင်ငံတကာရေးရာ ကိစ္စတွေအတွက် အဓိကအကြံပေးနေသူ ဖြစ်နတယ်။
နောက်ပြီး ကျွန်တော်တို့ အဓိကမေ့နေတဲ့ အန္တရာယ်ရှိသူကလည်း ဦးကိုကိုလှိုင်ဖြစ်နေတယ်။
ဦးကိုကိုလှိုင်က NLD အစိုးရလက်ထက် NLD အမတ်ထဲတောင် မရှိခဲ့တဲ့ ထိပ်တန်းပညာရှင်ဖြစ်ခဲ့သလို သူ့ရဲ့အတွေ့အကြုံကလည်း
နိုင်ငံရေးပါး အရမ်းဝထားသူလို့ ပြောလို့ရတယ်။
ဒါပေမဲ့ အခုထက်ထိ ဝဏ္ဏမောင်လွင်၊ ဇော်မဲလုံးနဲ့ ချစ်နိုင်တို့လို လူတွေကိုပဲ အာဏာသိမ်းအုပ်စုက
Public မှာ Attention ယူခိုင်းထားပြီး
ဦးကိုကိုလှိုင်ကိုတော့ လုံးဝမထင်ပေါ်ခိုင်းထားဘူး။
ဒီလိုလူကို မေ့နေတာ ပြည်သူအဖို့ အန္တရာယ်အရမ်းကြီးပြီး သူ့ရဲ့လုပ်ကွက်ကိုလည်း ပိုသွားစေပါတယ်။
သူ့အကြောင်း၊ သူ့ Capacity ကို ဘေးဖယ်ထားရင်တောင် သူယူထားတဲ့ Position ကို ပြည်သူက မေ့နေသ၍ ခံရမှာတွေကများတယ်။ ဒါကြောင့် အာဏာသိမ်းအုပ်စုရဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးနေရာကို ယူထားတဲ့ ဦးကိုကိုလှိုင်နဲ့ မိသားစုကို လာမယ့်ရက်တွေမှာ Social Punishment လုပ်၊ ကျယ်လောင်မှပဲ သူတို့ရဲ့လုပ်ရပ်တွေကို
ပြည်သူသိကြောင်း ပြသနိုင်မှာပါ။
☝️☝️☝️👉 တတိယတစ်ယောက်ကတော့ -
ဦးဝင်းရှိန် -- ဦးသိန်းစိန်အစိုးရလက်ထက်မှာ Finance Minister အဖြစ် လုပ်ကိုင်ခဲ့တဲ့ ဦးဝင်းရှိန်က မြန်မာရဲ့ Natural Resources Area တွေမှာ Investment တွေချပေးဖို့ အဓိကအကြံပေးခဲ့သူပါ။ လက်ရှိဘဏ္ဍာရေးကိစ္စနဲ့ GDP အရေးအတွက် အာဏာသိမ်းအုပ်စုကို အကြံပေးနေသူလည်း ဖြစ်သလို၊ Industrial ဖက်ကိုလည်း ကိုင်တွယ်ထားသူပါ။ Bank တွေကို အတင်းပြန်ဖွင့်ဖို့ အာဏာသုံးနေသူဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖက်ကိုလည်း တာဝန်ယူထားသူ ဖြစ်ပါတယ်။ IMF နဲ့ပေါင်းပြီး လုပ်ကိုင်ခဲ့ဖူးသူ၊ လက်ရှိမှာလည်း ပြည်သူကို တရုတ်ဖက်က BPI Project တွေနဲ့ စိုးရိမ်ခိုင်းပြီး သြဇီအခြေစိုက် တရုတ်ပိုင် Cooperation တစ်ခုနဲ့ သဘာဝဓာတ်ငွေ့နဲ့ သတ္တုတူး
ဖော်ရေး ကိစ္စတွေကို ညှိနှိုင်းနေရသူလို့ သိရတယ်။
အဆိုးဆုံးကတော့ ပြည်သူတချို့ရဲ့ ပိုင်ဆိုင်မှု (
ဥပမာ- နာရေးကူညီမှုအသင်းကိစ္စ) တွေကို
နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း (SEE) အနေနဲ့သိမ်းဖို့
အကြံပေးနေသူ ဖြစ်နေတယ်။ အခုလည်း ကမ္ဘာ့ဘဏ်ချေးငွေကိစ္စ ပျက်အပြီး အာဏာသိမ်းအုပ်စုရဲ့ ရှေ့ဆက်နိုင်မယ့် ဘဏ္ဍရေးကိစ္စတွေကို စီမံပေးနေသူဖြစ်ပြီး Public ကို ရှောင်ထွက်ပြီး Industrial Zone တွေဖက်မှာ လိုက်လံကိုင်တွယ်နေပါတယ်။ နောက်ဆုံးအချက်က ဦးဝင်းရှိန်ကို မေ့ထားတာက Natural Resources ဖက်ကိုပါ အကြီးအကျယ် အန္တရာယ်ရှိစေပြီး Environmental ဖက်ကို ကောင်းကောင်းအတွေ့အကြုံ ရှိထားသူဖြစ်တာကြောင့် အဓိကမေ့ထားလို့မရသူပ။ဒါါကြောင့် ဇော်မဲလုံးတို့၊ ဝဏ္ဏမောင်လွင်တို့လို အာဏာသိမ်းအုပ်စု Highlight လုပ်ပေးထားတဲ့ လူတွေကိုပဲ မကျယ်လောင်နေဘဲ ဒီလူသုံးယောက်ကို ပိုကျယ်လောင်မှ၊ Social Punishment လုပ်မှ အာဏာသိမ်းအုပ်စုရဲ့ အဓိကထောက်တိုင်တွေဖြစ်နေတဲ့
လူတွေကိုပါ ပြည်သူက တော်လှန်ရာရောက်မှာပါ။
U Khin Maung Yee's Fact
https://m.facebook.com/story.php?story_fbid=2911926489132750&id=100009462812922
U Khin Maung Yee's Daughter Fact
https://m.facebook.com/.../480.../permalink/482517639584633/
We'll continue to show the family members of other Dictator's supporters.
BGA17
မူရင်းလင့်
https://www.facebook.com/profile.php?id=100009462812922
ေအိုင်အေတပ်မဟာ၁တပ်ရင်း၄အခြေအနေ...။
ဒေါက်တာဆာဆာကိုမှ သွားစိန်ခေါ်တာကိုး ...
ဒေါက်တာဆာဆာကိုမှ သွားစိန်ခေါ်တာကိုး ...
ဟိုက ချက်ချင်းပြန်တွယ်တာ အာဏာရူးတွေ ဘယ့်နှယ်ရှိစ။ စိမ့်သွားကြပြီလား ....
ပြည်ထောင်စုလွှတ်တော်၏ ကုလသမဂ္ဂဆိုင်ရာ အထူးသံတမန် ဒေါက်တာ ဆာဆာ၏ ထုတ်ပြန်ချက်
ဒီကနေ့ ကျွန်တော်ဟာ စစ်အာဏာရှင်တွေက နိုင်ငံတော်သစ္စာဖောက်မှုနဲ့ စွဲချက်တင်ခံရတဲ့အတွက် ဂုဏ်ယူပါကြောင်း ပြောကြားလိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်အာဏာရှင်ကို သစ္စာဖောက်တယ် ဆိုတာက ကျွန်တော်ဟာ မြန်မာပြည်သူတွေနဲ့ တသားတည်းရပ်တည်ပြီး ကျွန်တော့်ရဲ့အသက်ကို ပြည်သူတွေရဲ့ လွတ်လပ်ခွင့်အတွက်၊ ဖက်ဒရယ်ဒီမိုကရေစီအတွက်နဲ့ တရားမျှတမှုအတွက် ပေးအပ်ထားတယ်လို့ ဆိုလိုတာဖြစ်ပါတယ်။
ဒီကနေ့ ကျွန်တော့်ကို နိုင်ငံတော်သစ္စာဖောက်မှုကြီးနဲ့ စွတ်စွဲနေတဲ့ ဒီစစ်ဗိုလ်ချုပ်ကြီးတွေကပဲ ကျွန်တော်တို့[တိုင်းရင်းသား]တွေကို နှိပ်စက်ညှင်းပန်းတာ၊ အဓမ္မလုပ်အားပေးခိုင်းစေတာ၊ ခြိမ်းခြောက်တာ၊ မုဒိန်းကျင့်တာနဲ့ သတ်ဖြတ်တာတွေကို ကျွန်တော် ဘဝမှာ မြင်တွေ့ခဲ့ပါတယ်။ ဒီစစ်ဗိုလ်ချုပ်ကြီးတွေကပဲ ဒီကနေ့မှာ လက်နက်မဲ့ပြည်သူတွေကို တိုင်းပြည်နေရာအနှံ့အပြားက လမ်းတွေပေါ်မှာသတ်ဖြတ်ဖို့ စစ်တပ်ကို အမိန့်ပေးနေပါတယ်။
ဥပဒေနဲ့ဆန့်ကျင်တဲ့ တရားမဝင်တဲ့ ဒီစစ်အာဏာရှင်တွေဟာ ပြီးခဲ့တဲ့ နှစ်ပေါင်း ၇၀ အတွင်းမှာလည်း တိုင်းရင်းသားတွေအပေါ် အလွန့်အလွန် ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ဆက်တိုက်ကျူးလွန်နေခဲ့ကြတယ်။ ကချင်၊ ကရင်၊ ကယား၊ ရှမ်း၊ မွန်၊ ရခိုင်၊ ချင်း.... ၁၉၈၈ မှာ ငြိမ်းချမ်းစွာဆန္ဒပြကြတဲ့ ကျောင်းသားတွေကို ရာနဲ့ချီသတ်ဖြတ်ခဲ့တယ်။ ၁၉၉၇ ခုနှစ်မှာ လက်နက်မဲ့ ပြည်သူတွေကို သတ်ခဲ့တယ်။ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးမှာ ဗုဒ္ဓဘာသာ သံဃာတော်တွေကို ရိုက်နှက်သတ်ဖြတ်ခဲ့တယ်။ ၂၀၁၇ ခုနှစ်မှာ သူတို့ကပဲ ရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖို့ အမိန့်ပေးခဲ့တယ်။ ကျွန်တော်တို့ရဲ့ လွတ်လပ်ရေး [ရပြီးနောက်]သမိုင်းတလျှောက်လုံးကို ကြည့်ရင် ပြည်သူကို ကာကွယ်ဖို့တာဝန်ယူထားတဲ့သူတွေရဲ့ ကျူးလွန်မှုတွေကြောင့်ပဲ ကျွန်တော်တို့ တနိုင်ငံလုံး သွေးထွက်သံယိုမှုတွေနဲ့ ဆင်းရဲဒုက္ခတွေကို ခံစားခဲ့ကြရတယ်။
နေ့စဉ်နဲ့အမျှ နိုင်ငံတော်သစ္စာဖောက်မှုကြီးကိုကျူးလွန်နေသူတွေဟာ ဒီစစ်ဗိုလ်ချုပ်ကြီးတွေပဲ။ သူတို့လိုချင်တာမှန်သမျှ ကြိုက်သလို ယူနေကြတယ်။ လူထုရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေကို ငြင်းပယ်နေကြတယ်။ သူတို့လမ်းမှာ အတားအဆီးဖြစ်သူတွေ ဘယ်သူ့ကိုမဆို ဖိနှိပ်နေတယ်။ ဒီကနေ့မှာ ထုတ်ပြန်လိုက်တဲ့ နိုင်ငံတော်သစ္စာဖောက်မှု ကြေညာချက်ဟာ ဖက်ဒရယ်ဒီမိုကရေစီ၊ လွတ်လပ်ခွင့်နဲ့ တရားမျှတမှုကို စစ်ကြေညာလိုက်တာပဲ ဖြစ်တယ်။ ဒီရာဇဝတ်ကောင်တွေကို တရားခွင်ကို မပို့နိုင်မချင်း ကျွန်တော်တို့ ဘယ်တော့မှ ရပ်သွားမှာမဟုတ်ပါဘူး။
ကျွန်တော်ဟာ လွတ်လပ်မှုအတွက် ရပ်တည်တယ်။ ကျွန်တော်ဟာ ဖက်ဒရယ်ဒီမိုကရေစီအတွက် ရပ်တည်တယ်။ ကျွန်တော်ဟာ ကျွန်တော့နိုင်ငံမှာ တရားမျှတမှုရှိဖို့အတွက် ရပ်တည်တယ်။ စစ်တပ်ရဲ့ ကြမ်းကြုတ်ရက်စက်မှုတွေနဲ့ သွေးထွက်သံယို အကြမ်းဖက်မှုတွေ ရပ်တန်းကရပ်ဖို့ ကျွန်တော် ဆက်ပြီး တောင်းဆိုတယ်။ ဒီကနေ့မှာ အဲဒီတောင်းဆိုချက်တွေကို ထပ်မံတောင်းဆိုတယ်။ ကျွန်တော်ဟာ ဘယ်တော့မှ ရပ်နားသွားမှာ မဟုတ်ပါဘူး။ သူတို့ရဲ့ လွတ်လပ်မှုတွေအတွက် ဆန္ဒပြနေကြတဲ့ လက်နက်မဲ့ အရပ်သားတွေ - ရဲရင့်ကြတဲ့ မြန်မာနိုင်ငံကပြည်သူလူထုတွေ- ကို စစ်ပွဲသုံးလက်နက်တွေနဲ့ ပစ်ခတ်နေခဲ့တဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ နိုင်ငံတော် သစ္စာဖောက်မှုကြီးကို ရပ်ပစ်ဖို့အတွက် ဆက်ပြီးတော့လည်း နိုင်ငံတကာက အရေးယူဆောင်ရွက်လာဖို့ တောင်းဆိုသွားမယ်။ သေဒဏ်အပြစ်ပေးနိုင်တဲ့ ဒီစွဲချက်က ကျွန်တော့်ကို ကြောက်သွားအောင် မခြောက်နိုင်ပါဘူး။ မြန်မာတနိုင်ငံလုံးက လမ်းမတွေပေါ်မှာ နေ့စဉ်နဲ့အမျှ သူတို့ရဲ့ အသက်တွေကို ရင်းပြီး ဆန္ဒပြနေကြတဲ့ ရဲရင့်လှတဲ့မြန်မာပြည်သူတွေကို ဟန့်တားပိတ်ပင်လို့မရသလိုဘဲ ကျွန်တော့်ကိုလည်း ဟန့်တားပိတ်ပင်လို့ မရပါဘူး။
တကယ်ဆိုရင်တော့ ဒီစစ်ဗိုလ်ချုပ်တွေ၊ စစ်အာဏာရှင်တွေကိုသာ လူသားထုအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု၊ လူမျိုးတုန်းသတ်ဖြတ်မှုတွေနဲ့ နိုင်ငံတော်သစ္စာဖောက်မှုအတွက် စွဲချက်တင်ရမှာပါ။ နေ့စဉ်နဲ့အမျှ ကျွန်တော်တို့ဟာ သူတို့ကျူးလွန်တဲ့ ရာဇဝတ်မှုတွေရဲ့ သက်သေအထောက်အထားတွေကို စုဆောင်းရယူနေပါတယ်။ သူတို့ကို တရားခွင်တင်နိုင်တဲ့အထိ ကျွန်တော်တို့ အနားယူကြမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ကို ပိတ်ပင်ဟန့်တားလို့ မရပါဘူး။ ကျွန်တော်တို့ဟာ မြန်မာပြည်သူလူထုအတွက် တရားမျှတမှု ရရှိစေဖို့အတွက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံးကို တင်ပါမယ်။
ကျွန်တော့်ကို နိုင်ငံတော်သစ္စာဖောက်မှုနဲ့ စွဲချက်တင်တဲ့လုပ်ရပ်ကိုကြည့်ရင် ဥပဒေနဲ့မညီညွတ်တဲ့ တရားမဝင်တဲ့ စစ်အာဏာရှင်တွေဟာ သူတို့ ထိန်းချုပ်လို့ မရတော့ဘူး၊ အနိုင်မရနိုင်တော့ဘူးဆိုတာကို သိလာကြပြီး အကြီးအကျယ် ကြံရာမရဖြစ်နေတယ်ဆိုတာကို ပြသလိုက်တာပဲ ဖြစ်ပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီ အောင်မြင်ရမည်
လွတ်လပ်မှုက အောင်မြင်ရမည်
တရားမျှတမှုက အောင်မြင်ရမည်
ဒေါက်တာ ဆာဆာ
ကုလရဲ့ အချက်အလက်ရှာဖွေရေးမစ်ရှင်ဆီ +41 766911208 ကိုပို့ပေးပါ။
ကုလရဲ့ အချက်အလက်ရှာဖွေရေးမစ်ရှင်ဆီ သတင်း၊ကိုယ့်အဖြစ်အပျက်၊ videoစတာတွေပို့လို့ရပါတယ်တဲ့။
တယ်လီဖုန်းမှာ ၁။ Signal ကို ပလေးစတိုးကနေဒေါင်းပါ
၂။ဖုန်းနံပါတ် +41 766911208 ကိုပို့ပေးပါ။
နောက်တခုကတော့… ပိုမို Protonmailကိုအသုံးပြုပြီး
mountain741@protonmail. com ဆီကိုပေးပို့နိုင်ပါတယ်။
IIMM: Recipients of illegal orders should contact us
17 March 2021
The Independent Investigative Mechanism recommends
using the following secure means of communication
1- downloading Signal and
2- using its message service to contact the
Mechanism at +41 76 691 12 08 or
3 - using a ProtonMail account and
4- sending the message to mountain741@protonmail.com.
Your safety is of utmost importance to the Mechanism,
therefore if at any time you believe it may be unsafe
to share information via secure means of communication,
please refrain until it is safe to do so.
လှိုင်သာယာမြို့နယ် နေအိမ်အချို့ မီးရှို့ခံရ
လက်နက်ဖြင့် ခြိမ်းခြောက်ပြီး အတားအဆီးများကို ဖယ်ရှားခိုင်းနေ
ပြည်သူအပေါ် လူမိုက်ဆန်ဆန် ရမ်းကားဆက်ဆံမှု (ဗီဒီယို)
ပစ်မိန့်ပေးရန် order ညွှန်ကြားချက်evidence သက်သေအထောက်အထား
ဆရာတော်ကြီးတွေကိုအကျယ်ချုပ်ဖမ်းဆီးချုပ်နှောင်ဖို့စီစဥ်နေ
လော်ဘီအတွက် ငှါးရမ်းခငွေတွေကို ကမ္ဘာ့ဘဏ်ကို လွှဲပြောင်းပေးအပ်
လော်ဘီအတွက် ငှါးရမ်းခငွေတွေကို လွှဲလိုက်တဲ့ဘဏ်က ကမ္ဘာ့ဘဏ်ကို မြန်မာနိူင်ငံသားများရဲ့
အများပိုင်ငွေအဖြစ် ပြန်လည် လွှဲပြောင်းပေးအပ် လိုက်လို့ သာဝတို့အဖွဲ့ မျောက် မီးခဲကိုင်မိသလို
ဆွေ့ဆွေ့ခုန်နေတယ် ဆိုတာပဲ ဘယ်လိုအသိမ်းခံရသလည်းဆိုတာ 👇👇👇👇👇👇👇👇👇👇👇👇👇
ဒီဒေါ်လာနှစ်သန်းဟာမြန်မာပြည်ထဲမှာရှိတဲ့ပြည်ပကတရုပ်လုပ်ငန်းရှင်ဆယ်ဉီးကစိုက်ထုတ်ပေးတာပါ။
ဒီငွေတွေကိုသူတို့ဌားတဲ့လော်ဘီဆီကိုလွှဲရပါတယ်အဲ့လော်ဘီက ကနေဒါမှာနေတဲ့အတွက်ကနေဒါနိုင်ငံ
ကိုလွှဲပါတယ်။အဲ့လိုငွေကြေးစီးဆင်းလိုက်ပြီဆိုတာနဲ့အမေရိကန်ကချက်ချင်းကိုသိပါတယ်။
သူဘာကြောင့်သိလည်းဘယ်လိုငွေကြေးစီးဆင်းမှု့လုပ်လုပ်အမေရိကန်ဘဏ်ကိုဖြတ်ပြီးမှသွားလို့ရပါတယ်
အဲ့အတွက်ခုချိန်မှာအမေရိကန်နိုင်ငံကမြန်မာနိုင်ငံငွေကြေးစီးဆင်းမှု့ကိုစက္ကန့်မလပ်စောင့်ကြည့်နေတဲ့
အတွက်ချက်ချင်းတန်းသိလိုက်တာပါပဲ။
အဲ့အတွက်ကနေဒါနိုင်ငံကိုလှမ်းပြောလိုက်ပါတယ်။မင်းဘာလုပ်မှာလည်းလို့ပါဘဲအဲ့တော့ကနေဒါအစိုး
ကချက်ချင်းသိမ်းလိုက်ပါတယ်ဒါနဲ့တင်မပြီးပါကနေဒါအစိုးရကအဲ့ဂျူးလော်ဘီအဖွဲ့ကိုပါ တရားဆွဲအုံးမှာပါ။
ဒါအပြင်ခုသိမ်းလိုက်တဲ့ဒေါ်လာနှစ်သန်းကိုလည်းကျွန်တော်တို့ခုလုပ်နေကြတဲ့ဒီမိုကရေစီတိုက်ပွဲ
အတွက်နောက်ကနေထောက်ပံပေးနေတဲ့လုပ်ငန်းရှင်ကြီးတွေဆီကိုပြန်လည်းပေးမယ်ဆိုတဲ့
သတင်းကောင်းလေးလည်းပါးလိုက်ပါရစေ။ ပြည်သူအားလုံးပိုးစိုးပက်စက်သာပျော်လိုက်ကြစမ်းပါဗျာ။
#crd
















