နောက်ဆုံးရ
RCSS-SSAကတော့ CRPHနဲ့ ပူးပေါင်းလိုကြောင်း ကမ်းလှမ်းလိုက်ပါပြီ

RCSS-SSAကတော့ CRPHနဲ့ ပူးပေါင်းလိုကြောင်း ကမ်းလှမ်းလိုက်ပါပြီ

span id="fullpost"> US/UN ဝင်တာမဝင်တာထက် ဒီကိစ္စက ပိုကြီးပါတယ်. ရှမ်းပြည်နယ်ရဲ့ နိုင်ငံရေးအခင်းအကျင်း တီးခေါက်မိတဲ့လူတွေကတော့ RCSSက ဒီလိုကမ်းလှမ်းလာတာဟာ တော်တော်အားပါတဲ့ အရွေ့တစ်ခုဆိုတာ နားလည်ကြပါတယ် CRPH..ရဲ့အောက်မှာ... KNU/KNLA...RCSS/SSA တို့ ပါဝင်လာပြီဖြစ်တဲ့အတွက် MAL တို့ ပြေးပေါက်သာရှာထားပေတော့.??? #CRPHဖယ်ဒရယ်တပ်မတော်အောင်ရမည် #အရေးတော်ပုံအောင်ရမည်
ဆက်ဖတ်ရန် →
မြန်မာနိုင်ငံကို Current crisis အဆင့်ထဲ ထည့်လိုက်ပါတယ်

မြန်မာနိုင်ငံကို Current crisis အဆင့်ထဲ ထည့်လိုက်ပါတယ်

‼️TOP STORIES TODAY ‼️ 🔴American 🇺🇸 ကာကွယ်ရေးဝန်ကြီး Lloyd Austin နဲ့ နိုင်ငံခြားရေးဝန်ကြီး Anthony Blinken တို့ရဲ့ ပထမဆုံး လေးရက်တာ အာရှခရီးစဉ် စပြီတဲ့။ ဒီခရီးစဉ်မှာ US တပ်များ တပ်စွဲရန်အတွက် မဟာမိတ်နိုင်ငံတွေ ကုန်ကျစရိတ်မျှခံဖို့ သဘောတူညီချက်တွေ ယူမှာ ဖြစ်ပါတယ်တဲ့။ မတ် ၁၅, ၁၆ မှာ Japan 🇯🇵 မတ် ၁ရ မှာ Korea 🇰🇷 မတ် ၁၈ မှာ India 🇮🇳 နိုင်ငံများကို သွားရောက်ဆွေးနွေးမှာ ဖြစ်ပါတယ်။ မတ် ၁၈ မှာပဲ Anthony Blinken က US ကို ပြန်လာပြီး သူနဲ့ လုံခြုံရေးအရာရှိ Jake Sullivan တို့နှစ်ယောက်ဟာ တရုတ် 🇨🇳 ကွန်မြူနစ်ပါတီ ညွှန်ကြားရေးမှူး ယန်ကျဲ့ချီ (Yang Jiechi) နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ (Wang Yi) တို့နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ ဒါဟာ ပထမဆုံးအကြိမ် အမေရိကန်-တရုတ် နိုင်ငံခြားရေးဝန်ကြီးအဆင့်တွေ တွေ့ဆုံပွဲဖြစ်ပါတယ်။ 〰〰〰〰〰〰〰〰〰〰〰 🔴 QUAD alliance လေးနိုင်ငံ + ပြင်သစ် 🇫🇷 ငါးနိုင်ငံပေါင်း ရေတပ်အဖွဲ့များဟာ မြန်မာနိုင်ငံရဲ့ ကမ်းလွန်ပင်လယ်ပြင်ဖြစ်တဲ့ ဘင်္ဂလားပင်လယ်အော်မှာ "စစ်ရေးလေ့ကျင့်မှု" လာရောက်ပြုလုပ်မယ် ဆိုပြီး QUAD အဖွဲ့ဝင် ဖြစ်တဲ့ India က ကြေငြာလိုက်ပါတယ်။ 😼 〰〰〰〰〰〰〰〰〰〰〰 🔴 တိုင်းပြည်အခြေအနေ ဘယ်လောက်ဆိုးဝါးနေသလဲဆိုတာ အပေါ်မူတည်ပြီး R2P နဲ့အရေးယူဖို့လိုမလို စောင့်ကြည့်ပြီး အဆင့်သတ်မှတ်ပေးရတဲ့ အမေရိကန်အဖွဲ့ Global Center for Responsibility to Protect က ဒီနေ့မှာ သတင်းထုတ်လိုက်ပါတယ်။ "ကျွန်ုပ်တ်ို့ဟာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေကိုကြည့်ပြီး မြန်မာနိုင်ငံကို Current crisis အဆင့်ထဲ ထည့်လိုက်ပါတယ်" တဲ့ Current crisis ဆိုတာ အနီရောင် 🔴အဆင့်ဖြစ်ပြီး ချက်ချင်းအရေးယူလို့ရတဲ့ အဆင့်ဖြစ်ပါတယ်။ သူ့အောက်မှာ လိမ္မော်ရောင် 🟠အဆင့်နဲ့ အဝါရောင် 🟡 အဆင့်ရှိပြီး အဲဒီအဆင့်တွေကတော့ စောင့်ကြည့်တဲ့ အဆင့်နဲ့ စိုးရိမ်တဲ့ အဆင့်တွေပဲ ဖြစ်ပါတယ်။ 〰〰〰〰〰〰〰〰〰〰〰 စဉ်းစားကြည့်ရင် ဒီသတင်းတွေဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေပါတယ်။ 😼 Crd Ref: CNBC, The times of India, GCR2P, DW PHOTO CREDIT
ဆက်ဖတ်ရန် →
လှိုင်သာယာမြို့နယ်တွင်းကျဆုံးခဲ့သော အာဏာနည်အချို့

လှိုင်သာယာမြို့နယ်တွင်းကျဆုံးခဲ့သော အာဏာနည်အချို့

· 🥀🥀🥀လှိုင်သာယာမြို့နယ်တွင်း အာဏာသိမ်းစစ်ကောင်စီ​၏အကြမ်းဖက်ပစ်ခက်မှုကြောင့် ကျဆုံးခဲ့သော အာဏာနည်အချို့အား ယနေ့ 16.3.2021 တွင် ထိမ်ပင်သုဿန်သို့ ပိုဆောင် မီးသင်္ဂြိုဟ်မှု မြင်ကွင်းအချို့ "ကူရာမဲ့နေဆဲပင်စည်ပါ ဘယ်အကိုင်းကိုပဲ လှုပ်ချလှုပ်ချ မျက်ရည်တွေသာ တစက်စက် ကြွေကျတယ်" လေးစားဂုဏ်ယူမိပါတယ်🙏 ကောင်းရာသုဂတိရောက်ပါစေ 😢 လှိုင်သာယာမြို့နယ် Information - YT
ဆက်ဖတ်ရန် →
လှိုင်သာယာမြို့နယ် တံတားဖြူအခြေအနေ

လှိုင်သာယာမြို့နယ် တံတားဖြူအခြေအနေ

ယနေ့ 16.3.2021 နံနက် 9:00 ဝန်ကျင်ခန့်ထဲက အာဏာသိမ်းစစ်တပ်မှ တံတားဖြူ (၈)ရပ်ကွက်တွင်း စီးနင်းတပ်စွဲမှု ပြုလုပ်ခဲ့ပြီး နေ့လည် 1:00 ဝန်းကျင့်ခန့်တွင် အင်အားအမြောက်အမြားဖြင့်ပစ်ခတ်တပ်စွဲရရှိခဲ့သည်။ ယခုရပ်ကွက်နေပြည်သူများ ထွက်ပြေးတိမ်းရှောင်မှုများ ပြုလုပ်လျှက်ရှိပြီး ပိတ်မိသူများလည်းရှိနေကြောင်း သတင်းပေးပို့မှုအရသိရသည်။ #Edit-ပြန်လည်ထွက်ခွာသွားပြီဟုသိရပြီး ပြည်သူအချို့ဖမ်းစီးခံရတယ် လို့လည်းသိရပါတယ်။ #လှိုင်သာယာမြို့နယ်_Information
ဆက်ဖတ်ရန် →
 လှိုင်သာယာမြို့နယ် မီးသတင်း

လှိုင်သာယာမြို့နယ် မီးသတင်း

🔥🚒 သတင်းပေးပို့မှုအရ လှိုင်သာယာမြို့နယ် စက်မှုဇုံ (၁) တွင်ဖြစ်ပြီး မီးလောင်မှုသည် ယနေ့ 16.3.2021 နေခင်း 2:30 ဝန်းကျင်အချိန်ထဲက လောင်ခဲ့ကြောင်းသိရပြီး ယခုအချိန်ထိ 🔥မီးများလျှက်ရှိကြောင်းနှင့် မီးကူးလျှက်ရှိကြောင်းသိရသည်။
ဆက်ဖတ်ရန် →
Never Give-up, Never Surrender

Never Give-up, Never Surrender

U.S Army က အငြိမ်းစားပုဂ္ဂိုလ်တစ်ဦးရဲ့ ပြော ကြားချက်တွေထဲက အားတက်စေမယ့် အချက်တွေကို အားလုံးနဲ့ မျှဝေပေးချင်ပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေအပေါ် သူ့ရဲ့အမြင် - သူက American perspective က ကြည့်ပြီး နိုင်ငံတစ်ခုရဲ့ အာဏာကို တည်မြဲစေနိုင်တဲ့ DIME လို့ အတိုခေါ်တဲ့ instruments (၄)ခုကနေ assess လုပ်သွားပါတယ်။ ပထမတစ်ခုက D ဆိုတဲ့ Diplomatic ပါ။ နိုင်ငံတကာ ဆက်ဆံရေး၊ နဲ့ အသိအမှတ်ပြုခံရမှုတို့ ပါဝင်ပါတယ်။ ဒီအချက်မှာ ပြည်သူတွေနိုင်နေပါတယ်။ အကြမ်းဖက်အုပ်စုကို ခုချိန်ထိ ဘယ်နိုင်ငံကမှ အသိအမှတ်မပြုသေးပါဘူး။ နောက်တစ်ခုက I ဆိုတဲ့ Informational ပါ။ သတင်းအချက်အလက်နဲ့ နိုင်ငံတကာ မီဒီယာများရဲ့ ကြေညာချက်တို့ ပါဝင်ပါတယ်။ ဒီ​နေရာမှာ မီဒီယာအာဘော်တွေက ပြည်သူတွေဘက်မှာရှိ​နေလို့ ပြည်သူတွေနိုင်ပါတယ်။ သူတို့ရဲ့ media channel တွေ အကုန်အပိတ်ခံထားရပါတယ်။ ပြီး​​တော့ သူတို့ပြောတာ​တွေလည်း ဘယ်သူမှ အယုံအကြည်မရှိပါဘူး။ နောက်တစ်ခုက M ဆိုတဲ့ Military - စစ်တပ်အင်အားပါ။ ဒီ​နေရာမှာ တော့ လက်နက်အင်အားအရ အကြမ်းဖက်စစ်အုပ်စုက အသာရ နေပါတယ်။ နောက်ဆုံးတစ်ခု E ဆိုတာ Economic - စီးပွားရေးအထောက်အပံ့ပါ။ ဒီ​နေရာမှာတော့ သူက သရေပဲလို့ သုံးသပ်ပါတယ်။ စစ်အုပ်စုမှာ ပိတ်ဆို့ခံထားရတဲ့ စီးပွားရေးအကြပ်အတည်း​တွေ များနေတဲ့ အချိန်မှာ ပြည်သူဖက်မှာ ကူညီပေးချင်တဲ့ နိုင်ငံတကာ အသိုင်းအဝန်းများစွာရှိနေပါတယ်။ ဒါဆိုရင် လက်ရှိအခြေအနေတော်တော်ကောင်းပါတယ်။ တိုင်းပြည်အာဏာ ပြည်သူ့လက်ထဲပြန်ရောက်ဖို့ လိုအပ်တဲ့ ၄ချက်မှာ ၂ချက်နိုင်၊ ၁ချက်သရေ ‌အခြေအနေပါ။ ဒါဆို ရှုံးနေတဲ့ တစ်ချက်အကြောင်းပြောပါမယ်။ စစ်တပ်အင်အား လက်နက်အင်အား မမျှတာကို နိုင်အောင် ဘယ်လိုတိုက်မလဲ? Self-defense - မိမိကိုယ်ကို ခုခံကာကွယ်ပါ။ ဒီနေရာမှာ မိမိကိုယ်ကို ခုခံကာကွယ်ဖို့ နည်းလမ်းများစွာသုံးလို့ရပါတယ်။ ဒါပေမယ့် ကိုယ်ကစပြီး ပြစ်မှုမကျူးလွန်ဖို့ကိုတော့ သူက သတိပေးပါတယ်။ ပြည်သူ့ဖက်က လက်နက်နဲ့ ပြစ်မှုကျူးလွန်ရင် နိုင်ငံတကာအမြင်မှာ offence ဖြစ်နိုင်တဲ့အတွက် သတိထားရပါမယ်။ အကောင်းဆုံး နည်းလမ်းကတော့ disengagement ပါ။ အကြမ်းဖက်အုပ်စုနဲ့ ထိပ်တိုက်မတွေ့ပါနဲ့။ သူတို့ ဒီဖက်လာရင် ကိုယ်တွေနောက်တစ်နေရာမှာ ဆူပူ၊ သူတို့ဒီဖက်ကဝင်ရင် ကိုယ်တွေက ပြောက်ကျားအကွက်ရွှေ့ပါ။ သူတို့က movement တွေကိုမုန်းတဲ့အတွက် ချောင်ပိတ်ချ ချင်တဲ့သူတွေ ဖြစ်ပါတယ်။ ချောင်ပိတ်မခံပါနဲ့။ ရှောင်ပါ။ ရှေ့တန်းထွက်မှ တိုက်ပွဲဝင်တာ မဟုတ်ပါဘူး။ US Army မှာဆို ရှေ့တန်း ၁ ယောက်ထွက်နိုင်ဖို့ နောက်တန်းက ၁၀ယောက် နီးပါးလောက် support လိုပါတယ်တဲ့။ logistics, mental, medics, information စတဲ့ နောက်တန်းက အထောက်အပံ့တွေများစွာလိုပါတယ်။ ဒါကြောင့် ကျွန်တော်တို့လည်း online ပေါ်မှာ တွေ့တဲ့ သတင်းတွေ မှန် မမှန် verify လုပ်ပေးတာ၊ အကြမ်းဖက်တွေရဲ့လမ်းကြောင်းတွေ track လုပ်ပေးတာ၊ သူ့မြို့နယ်နဲ့ သူ ရှေ့တန်းတွေအတွက် ဆေးကုပေးတာ စတဲ့ ​ support တွေ အများကြီးလိုပါတယ်။ Self-R2P - ပြည်သူတွေ R2P အော်နေပေမယ့် နိုင်ငံတကာက ဝင်လာဖို့က အချိန်ကြာအုံးမှာပါ။ ဒီလို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပြန်တိုက်တာကလည်း Self-R2P ပါပဲ။ UN က protect မလုပ်နိုင်​သေး​တော့ ကိုယ့်ဟာကို protect လုပ်ရမှာပါ။ တိုက်ပွဲသဘာဝ အကျအရှုံးကတော့ ရှိ​နိုင်ပါတယ်။ သူကတော့ မြန်မာ ပြည်သားတွေ စစ်ပညာမသင်ဖူးပေမယ့် တီထွင် ကြံဆမှု အရမ်းကောင်းတယ်လို့ ချီးကျူးပါတယ်။ ဒီပွဲမှာ တောင့်ခံနိုင်တဲ့သူက နိုင်မှာပါ။ နှစ်ဖက်လုံးက limited resource ပါ။ သူတို့လည်း unlimited resource ရှိနေတာ မဟုတ်ပါဘူး။ အခုဆိုရင် နယ်စပ်မှာလည်း စစ်ဖြစ်​နေ​တော့ တပ်​တွေ ခွဲ​​ပေးနေရပါတယ်၊ မြို့ပေါ်တွေမှာလည်း ပုန်ကန်မှုတွေက ရပ်တန့်သွားလို့ မရပါဘူး။ ဆက်ပြီး ပုန်ကန်နေရပါမယ်။ Be unpredictable လို့ပြောပါတယ်။ ဒီနေရာမှာ ဒီအချိန်မှာ ဒီလူစုက ဒီလမ်းကြောင်းက လာ ပြီး ဆန္ဒပြတာမျိုး မလုပ်ရပါဘူး။ တိုက်ကွက်ကို အမြဲပြောင်းရပါမယ်။ ပြတဲ့ အချိန်ပြောင်း၊ နေရာပြောင်း၊ ပုံစံပြောင်းရပါမယ်။ သူက shared leadership အကြောင်းလဲ ချီးကျူးပါတယ်။ အဲ့တာ ကျွန်တော်တို့ရဲ့ အားသာချက်၊ အကြမ်းဖက်အုပ်စုရဲ့ အားနည်းချက်လို့လဲ ပြောပါတယ်။ ကျွန်တော်တို့အားလုံးက သူ့နေရာနဲ့သူ ခေါင်းဆောင်တွေပါပဲ။ သူတို့ထင်နေတာ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ချုပ်ထားရင် တစ်ဖွဲ့လုံးကို ထိန်းနိုင်ပြီထင်တာ အခုတော့ ဘယ်သူခေါင်းဆောင်မှန်း မသိတော့လို့ သူတို့ ခေါင်းကိုက်နေပါ ပြီ။ ​နောက်ဆုံးနဲ့ အ​ရေးကြီးဆုံး၊ သူပြောတာတွေထဲမှာ အကြိုက်ဆုံးအချက်က - Positive Thinking- လူတွေက ဒီလိုအချိန်မျိုးမှာ ကိုယ့် အားနည်းချက် နဲ့ ကိုယ်ရှုံးနေတာကိုပဲ တွေးပြီး စိတ်ဓာတ်ကျနေတတ်ပါတယ်။ ဒါပေမဲ့ သူတို့ဆီမှာ အရင်ဆုံးလေ့ကျင့်ရတာ အကောင်းမြင်စိတ်ထားဖို့နဲ့ ကိုယ့် အားသာချက်ကို ဖော်ထုတ်ပြီး အဲ့ဒီ အားသာချက်ကို တစ်ချိန်လုံးတွေးနေပြီး ရန်သူကို အထိနာစေမယ့် တိုက်ကွက်ကို ရှာဖွေတာပါပဲ။ ကျွန်တော်တို့လိုနေတာလည်း အဲ့ဒါလို့မြင်ပါတယ်။ နိုင်ပါ့မလား? မေးနေတဲ့ သူတွေအတွက်ကျွန်တော်တို့ နိုင်နိုင်ပါတယ်။ ကျွန်တော်တို့ စည်းလုံးဖို့လိုပါတယ်။ ပန်းတိုင်ကို Positive Thinking နဲ့ အရောက်သွားဖို့လိုပါတယ်။ ရေလိုကျင့်ဖို့လိုပါတယ်။ အားမလျော့ဖို့လိုပါတယ်။ Never Give-up, Never Surrender ပါ။ အရေးတော်ပုံအောင်တော့မည်။ အားလုံးပဲ Fighting ပါ။ Crd
ဆက်ဖတ်ရန် →
16.3 2021 လိုင်​သာယာ

16.3 2021 လိုင်​သာယာ

မ​နေ့က​သွေး​ကြောင်းစီးသွားလို့တွန့်​ဆုပ်​သွားမယ်​ထင်​ရင်​မှားသွာလိမ့်​မယ်​ အနာခံ ပြန်​ခုခံပီအဆုံးသက်​ထိတိုက်​မှာတဲ့ respect ပါ ဂုဏ်​ယူစွာဖြန့်​​ဝေပါ
ဆက်ဖတ်ရန် →
ဘင်္ဂလားပင်လယ်အော်တွင်Quads + France စစ်ရေးလေ့ကျင့်မည်။

ဘင်္ဂလားပင်လယ်အော်တွင်Quads + France စစ်ရေးလေ့ကျင့်မည်။

ဧပြီ ၄-၇ အထိ ဘင်္ဂလားပင်လယ်အော်တွင်Quads + France စစ်ရေးလေ့ကျင့်မည်။ Quads မှာ အမေရိကန် ဂျပန် ဩဇီ အိနိ္ဒယ ၄နိုင်ငံပါပါတယ်။ အခုပြင်သစ်ပါပူးပေါင်းလာပါပီ ။🤗🤗🤗 စစ်ရေးလေ့ကျင့်တယ်ဆိုတာက စကားလှအောင်ပါ။ တကယ်က လူလိုသူလိုပြောနေတာကို နားမထောင်လို့ ဆုံးမဖို့ ရောက်လာတာပါ။ လိမ္မာမှာလား ဆက်ပီးမိုက်မလား။ ခုလိုသတင်းကြားရင်ကို ဖင်တုန်နေလောက်ပီ လက်နက်မဲ့ပြည်သူတွေကိုပဲ သတ်ရဲတဲ့ သူခိုးဓါးပြတွေ https://m.timesofindia.com/.../articleshow/81502359.cms...
ဆက်ဖတ်ရန် →
ကောလင်းတွင် ပြည်သူတစ်ယောက်ကို ပစ်သတ်လို့ ရဲစခန်းကို ဝိုင်းဝန်းပိတ်ဆို့ထား

ကောလင်းတွင် ပြည်သူတစ်ယောက်ကို ပစ်သတ်လို့ ရဲစခန်းကို ဝိုင်းဝန်းပိတ်ဆို့ထား

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့တွင် မတ်လ ၁၆ ရက်နေ့ နေ့လည်ပိုင်းက ရဲကနေ အကြမ်းဖက် ပစ်ခတ်ခဲ့လို့ ပြည်သူတစ်ယောက် သေနတ်ထိမှန် သေဆုံးခဲ့ပါတယ်။ ဒီအတွက် ပြည်သူတွေက ရဲစခန်းကို သွားရောက်ကာ ဝိုင်းဝန်းပိတ်ဆို့ထားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ “အခုညနေ ၄ နာရီခွဲအထိတော့ ဝိုင်းဝန်းပိတ်ဆို့ထားတယ်။ အထဲကလည်း နားလိုက်ပစ်လိုက်ပဲ။ ဝန်းသိုတပ်ကလည်း ကား ၅ စီးနဲ့ လာနေတယ်ပြောတယ်။ အတားအဆီးတွေကြောင့် အထဲကားဝင်မရလို့ ခြေလျင်လာနေတယ်လို့လည်း သိရတယ်။ လက်ရှိအချိန်ထိတော့ ပစ်ခတ်မှုတွေ၊ ပိတ်ဆို့မှုတွေရှိနေဆဲပါ။”လို့ ကောလင်းမြို့ဒေသခံတစ်ဦးက အတည်ပြုပြောဆိုပါတယ်။ လက်ရှိမှာ စစ်တပ်က အတွဲလိုက်ကျည်အစစ်တွေနဲ့ပစ်ခတ်တာတွေလည်း ရှိပြီး လူ ၃ ဦး သေနတ်မှန် သေဆုံးပြီလို့လည်း အတည်မပြုနိုင်သေးတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒါ့အပြင် ကောလင်းမြို့နယ်က ရဲကင်းစခန်းတစ်ခုကိုလည်း ပြည်သူတွေက သိမ်းပိုက်လိုက်ပြီဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပေမယ့် မျက်မှောက်ခေတ်သတင်းဌာနအနေနဲ့တော့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ မနက်ပိုင်းက ကောလင်းမြို့မှာ သပိတ်စစ်ကြောင်းက ချီတက်ဆန္ဒပြပြီးအပြန် စစ်ကောင်စီက ခန့်အပ်တဲ့ မြို့နယ်ကောင်စီဥက္ကဌ ဦးချစ်ဝေ ဆိုသူအိမ်ကို သွားရောက်ဝိုင်းဝန်းဆန္ဒပြကြကာ ဖမ်းဆီးပြီး မျက်ခုံးမွှေးရိတ်၊ ဆံပင်လေးကွက်ကျားရိတ်နေချိန်မှာ ရဲကနေ လာရောက်ပစ်ခတ်တဲ့အတွက် ကိုကျော်မင်းထွန်းဆိုသူ ချိုင်းအောက် နံဘေး သေနတ်မှန် သေဆုံးခဲ့ပါတယ်။ လက်ရှိအချိန်အထိ ကောလင်းမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်နေတဲ့ ပြည်သူတွေနဲ့ လက်နက်ကိုင် စစ်တပ်နှင့် ရဲတို့အကြား တင်းမာမှုတွေလည်း ဖြစ်ပေါ်နေသလို အတားအဆီးတစ်ချို့လည်း မီးလောင်နေပါတယ်။
ဆက်ဖတ်ရန် →