နောက်ဆုံးရ
မိမိကိုယ်ကိုယ် ကာကွယ်ခုခံပိုင်ခွင့် လုပ်ငန်းစဉ် ထုတ်ပြန်

မိမိကိုယ်ကိုယ် ကာကွယ်ခုခံပိုင်ခွင့် လုပ်ငန်းစဉ် ထုတ်ပြန်

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီက ကြေညာချက်အမှတ် (၁၂/၂၀၂၁)
ဆက်ဖတ်ရန် →
အင်းစိန် ဖေါ့ကန် စဉ်ငူ သွေးစွန်းပါပြီ

အင်းစိန် ဖေါ့ကန် စဉ်ငူ သွေးစွန်းပါပြီ

Media အားနည်းတဲ့ ရပ်ကွက်လေးမှာ ဒီမိုကရေအတွတ် နေ့တိုင်းတိုက်ပွဲဝင်ရင်း 14.3.2021 မှာအသက်ပေးသွားခဲ့ပါတယ် သူပြောခဲ့တဲ့စကားက ညီလေးတို့ နောက် မှာနေကြပါတဲ့ 😭 ကိုဝဏ္ဌဌေး ဖေါ့ကန်စဉ့်ငူ၊ နဝရတ် ၄ လမ်း RIP
ဆက်ဖတ်ရန် →

မိန်းကလေးတစ်ယောက်ကိုရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားတဲ့ စစ်သားနဲ့ရဲများ

ရန်ကုန် တာမွေမှာ သေနတ်ဒဏ်ရာရနေတဲ့လူတစ်ယောက်ကို ကယ်ဖို့လုပ်နေတဲ့မိန်းကလေးတစ်ယောက်ကိုရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားတဲ့ စစ်သားနဲ့ရဲများ (14.3.2021)ဗီဒီယို 
ဆက်ဖတ်ရန် →

မြင်းခြံ ၅ ယောက်ကျဆုံး

မြင်းခြံ အခြေအနေ ဗိုလ်ချုပ်လမ်း သုဓမ္မာ တမာတန်း ဗလီထိပ် လူငယ်ရုံထိပ် ထွက်ပေါက်တိုင်း ချိန်ပစ်နေပါတယ် သေဆုံး ဒါဏ်ရာရ ၅၀ ကျော်ပြီလို့သိရ ဒိုင်းကာ ၈ ဦးထိ မိန်းကလေးဒိုင်းကာ ဗိုက်ထိ ကျဆုံး ခေါင်းထိ ၃ ဦး လောလောဆယ်ထိ Cofirm ကျဆုံး ၅ ယောက် စစ်သူပုန်အဖွဲ့ အတော်မိုက်ရိုင်းစော်ကားလွန်းနေပါပြီ. ( 15. 3. 2021 ) #videocrd
ဆက်ဖတ်ရန် →
ြဝတီဘဏ်ခွဲ (ဝါးတန်းလမ်း) ATMကို  စစ်တပ်က မီးလာရှို့

ြဝတီဘဏ်ခွဲ (ဝါးတန်းလမ်း) ATMကို စစ်တပ်က မီးလာရှို့

💢မြဝတီဘဏ်ခွဲ (ဝါးတန်းလမ်း) ATMကို စစ်တပ်က မီးလာရှို့ပါတယ်။ 💢ရပ်ကွက်နဲ့ ဘဏ်ကအစောင့်တွေနဲ့ ပေါင်းပြီး မီးငြိမ်းလိုက်ပါတယ်။ 💢မီးလဲငြိမ်းရော လဒတွေက ပြန်ရောက်လာပြီး သေနတ်လျှောက်ပစ်ပါတယ်။
ဆက်ဖတ်ရန် →
ာတ်ဆီ 95 ဆီကို သင်္ကြန် ဆော့ တဲ့ ရေဘောလုံးထဲ ထည့်

ာတ်ဆီ 95 ဆီကို သင်္ကြန် ဆော့ တဲ့ ရေဘောလုံးထဲ ထည့်

ဓာတ်ဆီ 95 ဆီကို သင်္ကြန် ဆော့ တဲ့ ရေဘောလုံးထဲ ထည့်ပြီး ပစ်.. အထပ်မြင့် လမ်းကြားတွေထဲ ဝင်လာရင် .. 95 ဘောလုံးတွေ အထပ်တိုင်းမှာ ရေ စိမ်ပြီး စောင့်နေ.. ဒီကောင် တွေ သေနတ် တဒိုင်းဒိုင်း ဖောက်တာနဲ့ .. မျက်နှာချင်းဆိုင် တိုက်တွေ က လက်လုပ် smoke Bomb တွေ ပစ် ချ .. ဘယ်သူပစ်မှန်း မမြင်ရတော့ ဘူး .. ပြီးရင် 95 ဘောလုံးပစ် ချ .. ဆီစိုသွားတာနဲ့ သေနတ် မဖောက် ရဲတော့ ဘူး . ဖောက် လို spark ထွက်တာနဲ့ လောင်ပြီပဲ .. ပြန်ကူးတင်ပေးကြပါအုံး Crd victoriaGY
ဆက်ဖတ်ရန် →
ပဲခူးမြို့မှာ ရဲနဲ့စစ်တပ်ပစ်ခက်မှု့ကြောင့် ဒုတိယမြောက် အမျိုးသမီး၁ဦးသေဆုံး

ပဲခူးမြို့မှာ ရဲနဲ့စစ်တပ်ပစ်ခက်မှု့ကြောင့် ဒုတိယမြောက် အမျိုးသမီး၁ဦးသေဆုံး

ပဲခူးမြို့ ခေါင်းဆေးကျွန်းမှာ အမျိုးသမီးတစ်ဦးကို စစ်သားတစ်ဦးမှ ဘူတာကုန်းတံတားပေါ်ကနေ လှမ်းပစ်သည့်ကျည်ဆံကြောင့် အမျိုးသမီး၏ နောက်စေ့အားမှန်းပြီး နေရာတွင် ကျဆုံးသွားတယ်လို့ မျက်မြင်တွေရဲ့ ပြောကြားချက်အရ သိရပါတယ်။ ၄င်းအမျိုးသမီးကို စစ်သားများက မြောင်းအတွင်းသို့ပြစ်ချပြီး အပေါ်မှအမှိုက်ဖုံးကာ ပြန်လည်ထွက်ခွာသွားတာလို့ ဒေသခံတွေကပြောနေကြပါတယ်။ ထိုအမျိုးသမီးမှာ ဒုတိယမြောက်သေဆုံးသူဖြစ်ပြီး ယနေ့နံနက်ပိုင်းမှာ မှော်ကန်ရပ်ကွက်အတွင်း အသက်၁၈နှစ်အရွယ် မောင်ထက်နိုင်ရှိုန်းကို ရင်ဘက်ကျည်ထိမှန်ပြီး ကျဆုံးသွားပြီး ၂၀ဦးခန့် သေနတ်ဒဏ်ရာရရှိခဲ့ပါတယ်။ ယခုအချိန် ရပ်ကွက်အတွင်း ရဲနဲ့စစ်တပ်မှ ဝင်ရောက်ပစ်ခက်မှု့ရှိနေတယ်လို့လည်း ရပ်ကွက်နေပြည်သူတွေကပြောပါတယ်။
ဆက်ဖတ်ရန် →

တရုတ် နိုင်ငံသား အပြည့်အဝပိုင် ပြည်ပ ကုမ္ပဏီစာရင်း


ရန်ကုန်မှာ အခြေစိုက်တဲ့ တရုတ် နိုင်ငံသား အပြည့်အဝပိုင် 

ပြည်ပ ကုမ္ပဏီစာရင်းကို ရသလောက် စုပေးထားပါတယ်။ လိုအပ်သလို ဆက်လက် ဆောင်ရွက် နိုင်ကြပါတယ်။


◾ လှိုင်သာယာ

🇨🇳 CHINA JIANGSU SANHE GROUP MYANMAR SHOES COMPANY LIMITED

မြေကွက် အမှတ် ၁၇၉၊ စက်မှုဇုန် အမှတ် ၂၊ လှိုင်သာယာမြို့နယ်။


🇨🇳 P & S UNION GROUP CO.,LTD (CHINA)

အမှတ် ၃၉၆၊ မြေကွက် အမှတ် ရလပ-၂၅၊ ရွှေလင်ပန်း စက်မှုဇုန်၊ လှိုင်သာယာမြို့နယ်။

🇨🇳 ENJOY FASHION COMPANY LIMITED (CHINESE)

မြေကွက် အမှတ် ၁၀၁၊ ၁၄ ရပ်ကွက် (ရွှေသံလွင်)၊ လှိုင်သာယာမြို့နယ်။


◾ ရွှေပြည်သာ


🇨🇳 CHINA PALETTE GARMENT MYANMAR COMPANY LIMITED

မြေကွက် အမှတ် ၁၄၂၊ မြေတိုင်းအမှတ် ၄၉၊ ဝါးတရာ စက်မှုဇုန်၊ ရွှေပြည်သာမြို့နယ်။


🇨🇳 DA CHENG MYANMAR COMPANY LIMITED (CHINESE)

မြေကွက် အမှတ် ၈၈၊ မြေတိုင်းအမှတ် ၅၁၊ စက်မှုဇုန် အိမ်ယာ၊ ရွှေပြည်သာမြို့နယ်။


◾ ကျောက်တံတား


🇨🇳 CHINA UNICOM (MYA) OPERATIONS COMPANY LIMITED

အခန်း အမှတ် ၁၇၀၆၊ ၁၇ ထပ်၊ ဆာကူရာ တာဝါ၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ကျောက်တံတား မြို့နယ်။


◾ မင်္ဂလာဒုံ


🇨🇳 YANCHENG FOOTWEAR COMPANY LIMITED ( CHINA)

မြေကွက် အမှတ် ၈၇၁၊ ရန်ကုန် စက်မှုဇုန်၊ မင်္ဂလာဒုံမြို့နယ်။


🇨🇳 VUINO GEAR MYANMAR COMPANY LIMITED (CHINESE)

မြေကွက် အမှတ် ၂၅၊ ၂၆၊ မြေတိုင်း ဧရိယာ (၅၂၅/A)၊ ရေစု အနောက်၊ မင်္ဂလာဒုံမြို့နယ်။


◾ ဒဂုံဆိပ်ကမ်း


🇨🇳 FULL STRONG TEXTILE COMPANY LIMITED (CHINESE)

မြေကွက်အမှတ် ၆၉၊ စက်မှုဇုန် အပိုင်း (၂)၊ ဒဂုံဆိပ်ကမ်း မြို့နယ်။


🇨🇳 HUIYUAN GARMENT COMPANY LIMITED (CHINESE)

မြေကွက်အမှတ် ၁၂၆၊ စက်မှုဇုန်၊ ဒဂုံဆိပ်ကမ်း မြို့နယ်။


🇨🇳 MYANMAR YULIN COMPANY LIMITED (CHINESE)

မြေကွက် အမှတ် စီ-၁၀၊ မြေတိုင်းအမှတ် ၁၇၅၊ စက်မှုဇုန်၊  ဒဂုံဆိပ်ကမ်း မြို့နယ်။


◾ တောင်ဒဂုံ


🇨🇳 MYANMAR SUNWAY SHOES LIMITED (CHINESE)

မြေကွက်အမှတ် ၁၁၊ မြေတိုင်း အမှတ် (၁၄၃/၁)၊ ဒဂုံမြို့သစ် တောင်ပိုင်း မြို့နယ်။

Crd @ye htut


ဆက်ဖတ်ရန် →

ကျော်ဇေယျာထွန်း ၁၇ နှစ် (ရွှေပြည်သာ)


ရွှေပြည်သာ အ.ထ .က (၁ )ကျောင်းရှေ့မှာ

မျက်လုံးနဲ့ပေါင်ထိပီ ကျဆုံးသွားတာပါ

နာမည်က ကျော်ဇေယျာထွန်းပါ 

17 နှစ်ပဲရှိသေးတဲ့ ကလေးပါ

ငြိမ်းချမ်းစွာ အနားယူပါတော့ ညီလေး

မင်းတာဝန်ကျေခဲ့ပြီ

R.I.P....ပါသူရဲကောင်းလေး...😓

 မြင်းလှည်းသမားလေးရေ စိတ်မကောင်းဘူး ညနေဘက်ဆို သူမြင်းလှည်းမောင်းသံအမြဲကြားရတယ် လမ်းထဲမှာ

အမှန်တရားဘက်တော်သားများအုပ်စု


ဆက်ဖတ်ရန် →

စူးစူးဝါးဝါး အော်ငိုသံများအား လစ်လျူရှု့ထားနေဆဲ ဖြစ်သည်


စက်ရုံများကို မီးရှို့မှု တရုတ် ပြင်းထန်စွာ တုံ့ပြန်  

မြန်မာပြည်သူများကို ကူညီပေးရန် ကုလ ပန်ကြား

•••••••••••••••••••••••••


ဖခင်များ သေဆုံးခဲ့ကြရ၍ မိဘမဲ့ ကလေးများ၏ မချိတင်ကဲ စူးစူးဝါးဝါး အော်ငိုသံများအား တရုတ်က ဆက်လက် လစ်လျုရှုထားနေဆဲ ဖြစ်သည်နှင့် အမျှ တရုတ်၏ ပုံရိပ်သည် နိုင်ငံသားများ အကြား တဖြေးဖြေး ကျဆင်းလျက် ရှိနေပေသည်။


ရလဒ် အဖြစ် တနင်္ဂနွေနေ့ နေ့လည် ၁:၃၀ ခန့်တွင် တရုတ် ပိုင် အထည်ချုပ်စက်ရုံ နှစ်ရုံ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း တရုတ် ရုပ်သံ CGTN က ထုတ်လွှင့်ခဲ့သည်။


လူထုကြီးက သံတုတ်များ၊ ပုဆိန်များနှင့် ဓါတ်ဆီပုံးများ ယူလာကာ လုံခြုံရေး အစောင့်များ ကို အတင်းကျော်ဖြတ်၍

စက်ရုံ အဝင်ဝ နှင့် ဂိုဒေါင်များကို မီးတင်ရှို့ခဲ့ကြသည်ဟု ဆိုသည်။


မီးရှို့ခံရသော စက်ရုံ နှစ်ရုံ အနက် တရုံသည် တရုတ်ပိုင် ဖြစ်ပြီး ကျန်စက်ရုံ သည် တရုတ်-မြန်မာ ဖက်စပ် ပိုင် ဖြစ်သည်ဟုသိရသည်။


တရုတ်သံရုံး မှ စက်ရုံများကို တိုက်ခိုက်ခဲ့ကြသူများအား "ဥပဒေချိုးဖောက်သူများ"ဟု သုံးနှုံးလိုက်ပြီး ပြင်းထန်စွာ အရေးယူပေးရန် အာဏာပိုင် ဆိုသူများကို တိုက်တွန်းသည့် ကြေညာချက်  ထုတ်ပြန်လာ သည်ကို တွေ့ရသည်။ တရုတ်သံရုံး ပြောခွင့်ရ မှ မြန်မာပြည်သူများအား စစ်တပ်၏ ဥပဒေမဲ့ ပြစ်ခတ်နေခြင်းကို လျစ်လျုရှုကာ မိမိတို့၏ လိုလားချက်များကို ဥပဒေနှင့် အညီသာ တောင်းဆိုကြရန် နှင့် တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်နေမှုအား ထိခိုက်အောင် မလုပ်ရန် ပြောဆိုခဲ့ပြန်သည်။


တရုတ်တို့က မြန်မာအား ၎င်းတို့ ပိုင် ဟောင်ကောင် အလား သဘောထားကာမောက်မာစွာ ဆက်လက် ပြောဆိုနေဆဲပင် ဖြစ်သည်။


အာဏာသိမ်း အဖွဲ့မှ ချက်ခြင်းလိုပင်လှိုင်သာယာနှင့် ရွှေပြည်သာ နယ်မြေများတွင် မာရှယ်လော ထုတ်ပြန်လိုက်ပြီး ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှုးအား လုပ်ပိုင်ခွင့် အပြည့်အဝ ပေးလိုက်ပြီဖြစ်သည်ဟု ဆိုသည်။


တရုတ်စက်ရုံများ မီးရှို့ခံရခြင်းသည်မည်သည့်ဖက်ကဟု သဲကွဲစွာ မသိရသေးသော်လည်း မင်းအောင်လှိုင်သည် တရုတ်မှ ၎င်းဖက်တွင် အခိုင်အမာ ရပ်တည်ပေးအောင် ကြံစည်မှုလည်း ဖြစ်နိုင်ပေသည်။


သို့သော် တရုတ်၏ အစိုးရ အာဘော်တပိုင်း အမျိုးသားရေး သတင်းစာဖြစ်သည့် ဂလိုဘယ်တိုင်းမ်က မိမိတို့မှ မြန်မာပြည်အရေး အား ဝင်စွက်မည်ဆိုက ဆိုးဝါးသော အကျိူးဆက်များ ထွက်ပေါ်လာနိုင်ပြီး နှစ်နိုင်ငံ ဆက်ဆံရေး သည် အိမ်မက်ဆိုးကြီး သဖွယ် ဖြစ်လာနိုင်သည်ဟု ရေးသားခဲ့သည်။


သို့သော် မြန်မာတို့မှ ၎င်းတို့၏ အကျပ်အတည်းကို ဖြေရှင်းရာတွင် တရုတ်စက်ရုံများကို ဓါးစာခံအဖြစ်အသုံးချလာခြင်းကို မည်သည့်နည်းနှင့်မျှ ခွင့်ပြုမည် မဟုတ်ပဲ ထိုသို့ပြုလုပ်ရန် လှုံ့ဆော်သူများကို ပြင်းပြင်းထန်ထန်အရေးယူရမည် ဟုလည်း ရေးသားခဲ့ပြန်သည်။


တချိန်တည်းမှာပင် မီးလောင်မှု ဖြစ်ပွားခဲ့သည့် လှိုင်သာယာ နယ်မြေတွင် ဆန္ဒပြ ပြည်သူများအား မင်းအောင်လှိုင် သစ္စာခံတပ်များက ဆက်လက် ပြစ်ခတ် သတ်ဖြတ်လျက် ရှိရာ တနင်္ဂ‌‌ နွေနေ့ တနေ့တည်း ၂၂ ဦး သေဆုံးပြီး ၂၀ ဒဏ်ရာရရှိသွားကြောင်း နိုင်ငံရေး အကျဉ်းသားများ အကူ အညီ‌ ပေးရေး အဖွဲ့ (AAPP) မှ သတင်းထုတ်ပြန်ခဲ့ပြီး ယခု အချိန်ထိ တနိုင်ငံလုံးတွင် သေဆုံးသူ ၁၂၆ ဦး ရှိသွားပြီ ဖြစ်ကြောင်း တရားဝင် အတည်ပြုခဲ့သည်။ သင်္ကန်းကျွန်းမြို့နယ် တွင်လည်း သေဆုံးသူ အနည်းဆုံး ခုနှစ်ဦး ရှိသည်ဟု သိရသည်။


အင်းစိန် နှင့် လှိုင်သာယာ သည် စစ်ပွဲဖြစ်ပွားနေသည့် နယ်မြေများသဖွယ် ဖြစ်လာနေပြီး ဝင်ရောက်လာသော စစ်ထရပ်ကားများအား ပြည်သူများက ရရာပစ္စည်းပေါင်းစုံ ဖြင့် လမ်းကို ပိတ်ဆို့ ခုခံနေကြပြီး မီးခိုးလုံးများ တက်လာနေသည်ကို တွေ့နေရသည်။


ပဲခူးတွင် တဦး၊ မန္တလေးတွင် တဦး နှင့် ဖားကန့် တွင် တစ်ဦး ထပ်မံ သေဆုံးခဲ့ရပြန်ပြီး တနင်္ဂနွေ တရက်တည်း ၃၈ ဦး သေဆုံးခဲ့ကြောင်း  AAPP က ဆိုသည်။


မန္တလေးတွင် ဘုန်းကြီးကျောင်း တံခါးကိုပါ ရိုက်ချိုးဖျက်ဆီးပြီး အထဲရှိ ယာယီ ဆေးခန်းတွင် ကုသမှု ခံယူနေသာ ဒဏ်ရာရသူများကို ပါ အတင်း အဓမ္မ ဖမ်းဆီးခေါ်သွားကြကြောင်း နယူးယောက် တိုင်း သတင်းစာတွင် အသေးစိတ် ရေးသားထားသည်။


ကုလ အတွင်းရေးမှုးချုပ်၏ မြန်မာအထူးသံတမန် ဖြစ်သူ ခရစ်စတင်း ရှရေနာ ဘာဂင်ဂါ မှ စစ်တပ်သည် နိုင်ငံတကာမှ ချုပ်တည်းပါရန် ပန်ကြားတောင်းဆိုနေမှုကိုအာခံကာ ပြည်သူများ အပေါ် ဆက်လက်သတ်ဖြတ်နေ၍ နိုင်ငံတကာ မှ အကူအညီပေးကြပါရန် ထပ်မံ တောင်းဆိုပြန်သည်။


CRPH ၏ အထူးကိုယ်စားလှယ် ဒေါက်တာ ဆာဆာ က ပြည်သူများ ကျခဲ့သော သွေးတစက်တိုင်းအတွက် စစ်ကောင်စီ အဖွဲ့ဝင်များနှင့် ကျုးလွန်သူတိုင်းကို ဖေါ်ထုတ် အရေးယူသွားမည်ဟု ကြုံးဝါးလိုက်သည်။


မင်းအောင်လှိုင် အာဏာသိမ်း အဖွဲ့သည်၎င်းအား ထောက်ခံသူ နှင့် လက်ပါးစေများကိုသာ ပြည်သူ ဟု ခေါ်ဆိုနေ‌ပြီးသန်း

ပေါင်းများစွာ သော ပြည်သူများကို"ရာဇဝတ်ကောင်" များ အဖြစ် သုံးနှုံးလာနေပြီ ဖြစ်သည်။


ပြည်သူ ကျွေးသည့် ထမင်းကို စား၍ ပြည်သူများ အပေါ် သစ္စာစောင့်သိပါမည် ဟု နှစ်ပေါင်းများစွာ နှုတ်မှ တဖွဖွ ရွတ်ဆိုခဲ့ကြ သော တပ်မတော် အရာရှိများသည်လည်း မင်းအောင်လှိုင် တဦးတည်းကိုသာ သစ္စာစောင့်သိနေကြဆဲ ဖြစ်သည်။ ၎င်းတို့၏ လုပ်ရပ်များကြောင့် တိုင်းပြည်သည်လည်း ဒုသမ္မတကြီး ဦးမန်းဝင်းခိုင်သန်း ပြောသလို အမှောင့်တကာ အမှောင်မိုက်ဆုံး ကာလသို့ တစထက် တစ ချည်းနင်းဝင်ရောက်လာနေပြီ ဖြစ်သည်။ ထို့အပြင် မြန်မာစစ်အရာရှိများ၏ အမှားနှင့် အမှန်ကိုပင် မခွဲခြားနိုင်လောက်အောင် ကိုယ်ကျင့်တရားပိုင်း ယို့ယွင်း ဖေါက်ပြန်နေမှုများကို နေ့စဉ်လို ကမ္ဘာသိ ကြေညာပေးနေသကဲ့သို့  ဖြစ်လာနေပေပြီ။


ဒုသမ္မတ၏ အထက်ပါ စကားက ကမ္ဘာကျော်သွားခဲ့ပြီဖြစ်သည်၊ အာဏာသိမ်းအဖွဲ့ နှင့် ပြည်သူများ အကြား ထိတ်တိုက်ရင်ဆိုင်နေမှုသည် ပြင်းထန်လာနေပြီး တဖက် နှင့် တဖက် အလျော့ပေးမည့် အရိပ်အယောင်များ မပြသေးသည့် အတွက် တိုင်းပြည်၏ စီးပွားရေးသည်အဆိုးဆုံး အနေအထားရောက်သွားနိုင်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်နေကြောင်း ဗီယက်နမ် သတင်းစာက ဖေါ်ပြခဲ့သည်။


မင်းအောင်လှိုင်နှင့် စစ်ခေါင်းဆောင်များသည် အာဏာသိမ်းစဉ်က ကန့်ကွက် ဆန္ဒပြမှုများ ဖြစ်ပေါ်လာနိုင်သည်ဟု ယူဆထားကြပြီး ဖြစ်သော်လည်း ယခုလောက် ပြင်းထန်လိမ့်မည်ဟု ယူဆထားခဲ့ခြင်း အလျင်းမရှိပဲ အလျင်အမြန် ထိန်းချုပ်နိုင်လိမ့်မည် လျော့တွက်ခဲ့သည့် မဟာဗျူဟာ မြောက်အမှားကြီးကို ကျုးလွန်ခဲ့မှု ကြောင့် ယခုအခါ ရှေ့တိုး နောက်ဆုတ်မရ ဖြစ်လာခဲ့ရပြီဟု ပြည်ပရှိ လေ့လာသုံးသပ်သူများက တညီတညွတ်တည်း ကောက်ချက်ချ ပြောဆို လာကြပြီ ဖြစ်သည်။ 


မင်းအောင်လှိုင်သည် အခြေအနေများကိုထိန်းချုပ်လာနိုင်သည်နှင့်အမျှ ၎င်းအားကမ္ဘာ၏ အသိအမှတ်ပြုမှု ရလာလိမ့်မည်ဟု အလွယ်တကူ တွေးခဲ့သော်လည်ကိုယ်ဝန်ဆောင် မိခင်၏ နဖူးတည့်တည့်ကို ချိန်ရွယ်ပြစ်ခတ်ကာ အာဏာကို ဆုပ်ကိုင်ထားသူ အဖြစ် ကမ္ဘာတဝှမ်း က ရွံရှာခြင်းခံနေရ၍ ၎င်းမျှော်လင့်သလို မည်သည့်အခါမျှ ဖြစ်လာတော့မည် မဟုတ်ဆိုသည်ကို ရိပ်စားမိခြင်း မရှိသေးပဲ ယခုအချိန်ထိ အနိုင်ရလိမ့်မည်ဟု မျှော်လင့်‌ နေဆဲပင်ဖြစ်သည်။


သို့သော် တပ်တွင်းစည်းလုံးညီညွတ်မှုသည်ကား စတင်တည်ထောင်ခဲ့သည့် အချိန်မှစ၍ နှစ်ပေါင်း ၈၀ အတွင်း တခါမျှ မကြုံဖူးအောင် စိန်ခေါ်ခြင်းခံလာရပြီ ဖြစ်သည်။


၎င်းအဖို့က လက်ရှိ သစ္စာခံနေသော တပ်များကို သုံးကာ ပို၍ အကြမ်းဖက် ဖြေရှင်းမည့် နည်းလမ်းသာ ရှိတော့ပြီး ထို့အတွက် မည်သို့မည်ပုံ ပေးဆပ်ရမည်ကို စောင့်ကြည့်ဖို့သာ ရှိသည်ဟု မြန်မာအရေး လေ့လာသူ ဒေးဗစ် မက်သီဆန်က ပြောသည်ဟု Taipei Times သတင်းစာတွင် ရေးသားထားသည်။


သတင်းစာက ဆက်လက်ရေးသားရာတွင်ဆိပ်ကမ်း ဝန်ထမ်းများ၏ သပိတ်မှောက်နေမှုကြောင့် ကုန်သွယ်ရေးသည် လုံးဝရပ်ဆိုင်းသွားခဲ့ပြီ ဖြစ်သည်ဟု ဖေါ်ပြထားသည်။


သယံဇာ အရင်းအမြစ် နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနရှိ ဝန်ထမ်း ၅၆% သည် CDM လှုပ်ရှားမှုတွင် ပါဝင်လျက် ရှိနေသည်ဟုလည်း ဖေါ်ပြထားသည်။


ပြည်သူများ၏ မကြုံဖူးအောင် စစ်တပ်အား ဆန့်ကျင် အုံကြွ‌ နေမှုများက ပြင်းထန်သည်ထက် ပြင်းထန်လာနေပြီး မုံရွာ မြို့နယ်မှ ၎င်းတို့ မြိုအတွက် ပြည်သူ အုပ်ချုပ်ရေး အဖွဲ့ နှင့် ရဲတပ်ဖွဲ့ကို တည်ထောင်လိုက်ပြီဟု ကြေညာလိုက်သည်။


မြန်မာနိုင်ငံတွင် လူများ သေဆုံးနေရခြင်းသည် လူမျိုးရေး ပဋိပက္ခကြောင့် အချင်းချင်း သတ်ဖြတ်နေကြခြင်းမျိုး မဟုတ်ပဲလက်နက်မဲ့ အရပ်သားများကို လက်နက်ကိုင် စစ်တပ်က နေ့စဉ်လို စိတ်ကြိုက် ပြစ်ခတ် သတ်ဖြတ်နေသည့် လူမဆန်သောလုပ်ရပ်များသာ ဖြစ်သည်၊ အဆိုပါ အဖြစ်ဆိုးကြီးအား နှစ်ဆယ်တရာစုနှစ် ၏ ယဉ်ကျေးသော လူ့အသိုက်အဝန်း တရပ်လုံးက မည်သည့် အချိန်အထိ လက်ပိုက်၍ ကြည့်နေကြမည် ဆိုသည်ကို သမိုင်းက တာဝန်သိစွာဖြင့် မှတ်ကျောက်တင်သွားမည်သာ ဖြစ်ပေသည်။ 


မိမိတို့ အရေး မိမိတို့ အားဖြင့် အနိုင်တိုက်

မည့် အရေးတော်ပုံကြီး အောင်ရမည်!!!


Article Credit to Hla Soewai


ဆက်ဖတ်ရန် →
အမှန်တရားအတွက်မရပ်တည်နိုင်တဲ့ မိဘတွေဆီမဝင်စားပါစေနဲ့

အမှန်တရားအတွက်မရပ်တည်နိုင်တဲ့ မိဘတွေဆီမဝင်စားပါစေနဲ့

နောင်ဘဝတွေသာရှိခဲ့ရင် အမှန်တရားအတွက်မရပ်တည်နိုင်တဲ့ မိဘတွေဆီမဝင်စားပါစေနဲ့ ဒဂုံ တက္ကသိုလ် က R.I.Pပါ မိဘတွေက ဆေးရုံရောက်နေတာတောင်လာမ ကြည့်ဘူးတဲ့ မိဘတွေကစစ်တပ်ဘက်က သူကတော့အမှန်တရားဘက်ကပေါ့။မိဘကမသွားခိုင်းတာတောင် သွားလို့ လိုက်မကြည့်ဘူးတဲ့။ နွေဦးတော်လှန်ရေးအတွက် ဒဂုံတက္ကသိုလ်ကျောင်းသားတစ်ဦး အသက်ပေးလှူ။ ဒဂုံတက္ကသိုလ် ၊ မြန်မာစာ (တတိယနှစ် ၊ အဝေးသင်) မှ မောင်ဟန်ထက်အောင် (အသက် ၂၂) နှစ် သည် စစ်အာဏာရူး မင်းအောင်လှိုင် နှင့် အကြမ်းဖက်အဖွဲ့ကို အံ့တုတော်လှန်ရင်း မတ်လ ၁၄ ရက် ၊ ညနေ ပိုင်းတွင် မြောက်ဥက္ကလာတွင် ကျည်ဆန်အစစ်ထိမှန်၍ အသက်ပေးလှူသွားခဲ့ပါပြီ ။ အာဇာနည် ဟန်ထက်အောင် ငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ။ #crd
ဆက်ဖတ်ရန် →

ဒီနေ့ စုစုပေါင်း ၈၃ ဦး (ရန်ကုန်)

ယနေ့ (14.3.2021)💔🥀 ရက်စက်လိုက်ကြတာ🙏😭

ရန်ကုန်တိုင်း ကျဆုံးသူစာရင်း... 🥀💔(10:20 PM) Update

လှိုင်သာယာ - ၄၆ ဦး 
သင်္ကန်းကျွန်း - ၂၀ ဦး
ရွှေပြည်သာ - ၃ ဦး
တောင်ဒဂုံ - ၃ ဦး
မြောက်ဥက္ကလာ - ၂ ဦး
တောင်ဥက္ကလာ - ၁ ဦး
လှိုင် - ၁ ဦး
အင်းစိန် - ၁ ဦး
မြောက်ဒဂုံ - ၁ ဦး
ကြည့်မြင်တိုင် -၄‌ ဦး
တာမွေ - ၁ ဦး

စုစုပေါင်း ၈၃ ဦး (ရန်ကုန်)

ပစ်ခတ်နေဆဲပါတဲ့ 
ထပ်တိုးမများလာဖို့ ဝိုင်းဆုတောင်းပေးကျပါ☹️
တလကျော်အတွင်း တနိုင်ငံလုံး၂၀၀ခန့်စုစုပေါင်းကျဆုံး
#WhatHappeningInMyanmar
#online_warriors
ဆက်ဖတ်ရန် →