နောက်ဆုံးရ

ငြိမ်မခံတော့ဘူးဆိုတဲ့နေရာမှာ ရုပ်မဆိုးအောင်လုပ်ဖို့လိုတယ်။


ငြိမ်မခံတော့ဘူးဆိုတဲ့နေရာမှာ သံခင်းတမန်ခင်းအရ ကိုယ်တွေအသာစီးရနေတာကို ရုပ်မဆိုးအောင်လုပ်ဖို့လည်းလိုတယ်။


Moltovကိုတော့ အတော်များများက စိတ်အားထက်သန်နေကြပေမဲ့ ကိုယ်က ရေဘူဘောင်းထဲ ဓာတ်ဆီနဲ့ အင်ဂျင်ဝိုင် ထည့်ပေါက်ဖို့ကို ပိုရွေးချင်တယ်။

Moltovက လောင်စာကို မီးစွဲရတယ်။ အပစ်မတော်တာမျိုးဆို မီးနဲ့မို့ လိုရင်းမဖြစ်ပဲနေမယ်။ 

ဖန်ပုလင်းကလည်း နေရာယူတာမို့ များများသယ်မဖြစ်ဘူး။ 


အင်ဂျင်ဝိုင်ဘော်လုံးကတော့ မီးမပါဘူး ဘော်လုံးသက်သက်ပဲ။ အခွံပါးလို့ ကွဲလွယ်တယ်။ လူတိုင်းပေါက်လို့ရတယ်။ ပစ်ပေါက်တဲ့ဖက်မှာ အန္တရာယ်မရှိဘူး။


ဒါပေမဲ့ သူတို့ဖက်က သေနက်ကျည်ထွက်တာနဲ့ သူတို့ဟာသူတို့ မီးလောင်တိုက်သွင်းပြီးသားပဲ။ 

နောက်တစ်ချက်က မီးရှုးပါတွဲလျက်ဆောင်ထားပြီး တပ်ဆုတ်ဖို့ ဖယ်ဖို့ Warning  ပေးလို့ရတယ်။ ရှေ့ဆက်တိုးရင် မီးရှုးဖောက်မယ်ဆိုတာမျိုး။


ကိုယ်တွေဖက်က သူတို့ကိုchanceပေးတာကြောင့် ကိုယ်တွေအလွန်မဖြစ်တော့ဘူး။

ပြီးရင် လျှော်ရမလွယ် ဆီစင်ဖို့ခက်တာကြောင့် နောက်ရက်တွေ၀တ်လာလည်း သူတို့ဟာသူတို့ သေတွင်းတူးသွားလိမ့်မယ်။


တစ်ခုပဲ ကိုယ့်လူဖက်က လေတင်မဟုတ်ပဲ ညီဖို့ရယ် လုပ်တဲ့သူကို ဒလံဆိုပြီး ဝိုင်းမဘေဖို့ရယ်ပဲ။ ရပ်ကွက်ထဲကျွံလာရင် ပုန်းနေ မီးမှိတ်နေ ငြိမ်ခံနေရင်း ညဖမ်း မနက်အလောင်းပြန်ပို့တဲ့စောက်ချိုးတွေကို တော်လှန်ဖို့သင့်ပြီ။ 

No moreအကွက်ထဲ၀င်dramaတွေနော်။ 

ကိုယ်တို့အငယ်တွေက အနာဂတ်နဲ့ အကြာကြီးလူလုပ်ရဦးမှာမို့ ကိုယ်တွေနဲ့ မလိုက်နိုင်ရင်တောင် နောက်ကဆွဲမထားကြပါနဲ့တော့။


#CrdOrginalUploader



ဆက်ဖတ်ရန် →

မြန်မာ ကိုအာဆီယံအဖွဲ့ဝင်အဖြစ်မှ ခေတ္တဆိုင်းငံ့ ဖို့မလေးရှားဘုရင့်လွှတ်တော်အစည်းအဝေးခေါ်ယူ


ကျော် ဇေယျ


မြန်မာ ကိုအာဆီယံအဖွဲ့ဝင်အဖြစ်မှ ခေတ္တဆိုင်းငံ့ဖို့အတွက် မလေးရှားဘုရင့်လွှတ်တော်အစည်းအဝေး ခေါ်ယူ 

မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ဝင်အဖြစ်မှ ဒီမိုကရေစီအစိုးရ အာဏာပြန်ရသည်အထိ ဆိုင်းငံ့ထားရန် အာဆီယံအရေးပေါ်အစည်းအဝေး စတင် ခေါ်ယူဖို့ မလေးရှားဘုရင့်လွှတ်တော်က မနေ့ကပဲ ကြေငြာခဲ့ပါတယ်။ အဆိုပါလွှတ်တော်အစည်းအဝေးကို မလေးရှားဘုရင့်အမိန့်နဲ့ခေါ်ယူခဲ့တာဖြစ်ပြီး ငြိမ်းချမ်းစွာဆန္ဒပြပြည်သူများကိုသတ်ဖြတ်နေတဲ့ မြန်မာစစ်တပ်ရဲ့လုပ်ရပ်ကိုလဲ ရှုံ့ချခဲ့ပါတယ်။ မလေးရှားဘုရင့်လွှတ်တော်ရဲ့ကြေငြာချက်ကို ဘုရင့်လွှတ်တော်ဥက္ကဋ္ဌမှတဆင့် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဘရူနိုင်းဘုရင်ထံသို့ပေးပို့သွားမယ်လို့လဲဆ်ိုပါတယ်။ မလေးရှားနဲ့ အင်ဒိုနီးရှား နိုင်ငံများဟာ မြန်မာစစ်အာဏာသိမ်းလုပ်ရပ်ကို အစောပိုင်းတည်းက ပြင်းပြင်းထန်ထန်ဝေဖန်ကန့်ကွက်ခဲ့တဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံများပဲ ဖြစ်ပါတယ်။  Crd By@ Kalay Nation News


ဆက်ဖတ်ရန် →

စျေးရောင်းစျေးဝယ်အဆင်ပြေစည်ကား နေပုံရိုက်ကူးတင်ဆက်မည့်ရိုက်ကွင်း


ဂျင်းတွေရမယ်            စျေးရောင်းစျေးဝယ်အဆင်ပြေစည်ကားနေပုံရိုက်ကူးတင်ဆက်မည့်ရိုက်ကွင်း setting 😁

crd



ဆက်ဖတ်ရန် →

အနောက်ဖက်မှနေ၍ အနီးကပ်သေနတ်ဖြင့်ပစ်ခတ်ခဲ့

 ဤရုပ်သံမှတ်တမ်းတွင် မတ်လ ၃ ရက်နေ့က မြောက်ဥက္ကလာပမြို.နယ်တွင် လက်နက်ကိုင်အဖွဲ.များက အကြမ်းဖက်တိုက်ခိုက်စဥ် ဖမ်းဆီးခံရသော ဆန္ဒပြသူတစ်ဦးကို ကျောအနောက်ဖက်မှနေ၍ အနီးကပ်သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ကို တွေ့ရှိရသည်။ ထိုဆန္ဒပြသမားလဲမကျသွားခင် သေနတ်သံထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ ယခုဖြစ်စ်ဥ◌်နှင့်ပတ်သက်၍၎င်း၊ ပစ်ခတ်ခံရသူနှင့် ပတ်သက်၍၎င်း အသေးစိတ်အချက်အလက်များအား contact@myanmar-now.org သို့လည်းကောင်း၊ Myanmar Now ၏ Facebook မက်စေ့ဘောက်သို့လည်းကောင်း၊ +61481700538 Viber နံပါတ်သို့လည်းကောင်း ပေးပို့ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

Myanmar Now
ဆက်ဖတ်ရန် →

အသံမကောင်းရကောင်းလားဆိုပြီး ပါးကိုဘယ်ညာပိတ်ချပါတယ်


ကမ္ဘာမကြေဘူးနဲ့ အလိုမရှိသီချင်းတွေဆိုခိုင်းပြီး အသံမကောင်းရကောင်းလားဆိုပြီး ပါးကိုဘယ်ညာပိတ်ချပါတယ်။ ဂျပန်ခေတ်အကြောင်း ပြောနေတာမဟုတ်ပါဘူး။ မြိတ်အကျဥ်းထောင်ရောက်နေတဲ့ ကျွန်တော့်သူငယ်ချင်းတွေပါ။

.

မိန်းကလေးနေနေ ယောကျ်ားလေးနေနေ သံကြိုးတွေ ကြာပွတ်တွေနဲ့ ခန္ဓာကိုယ်ပတ်လည် အရှိုးရာပြိုင်းပြိုင်းထအောင်ရိုက်ခံရပါတယ်။ အဆိုးဝါးဆုံးကတော့ အဖမ်းခံရလို့ အချုပ်ထဲရောက်ပြီးကာမှ လှုပ်မရအောင်တုပ်ပြီး လည်ပင်းကို ရာဘာကျည်နဲ့တေ့ပစ်ခံရလို့ ဒဏ်ရာအကြီးကြီးရလာတဲ့ ညီမငယ်တယောက်ရဲ့အဖြစ်ပါပဲ။

.

ကျောင်းကဆရာဆရာမတွေနဲ့ ရှေ့နေတွေလိုက်ပြီး သွားထုတ်ပေမယ့် တယောက်တလေပဲထွက်လို့ရခဲ့ပြီး အများစုကို ထောင်သွင်းအကျဥ်းချပြီး နောက်ရက်တွေမှ ပုဒ်မထုတ်ပြန်မယ်ဆိုတဲ့ အဖြေသာရခဲ့ပါတယ်။

.

ပါသွားတဲ့အထဲ ကျွန်တော်နဲ့သိပ်ကိုရင်းနှီးတဲ့ သူငယ်ချင်းတွေပါပါတယ်။ သူတို့တွေက ပကာသနဂုဏ်ဒြပ်အတွက်နဲ့ လမ်းပေါ်ထွက်လာတဲ့သူတွေ မဟုတ်ပါဘူး။ တိုင်းပြည်အတွက် ကျွန်တော်တို့အနာဂတ်တွေအတွက် ပေးဆပ်ဖို့ရှေ့ကို ရောက်လာခဲ့ကြတာပါ။ လက်နက်ကိုင်တွေဟာ အသေပစ်ဖမ်းမယ်ဆိုတာ သိသိရက်နဲ့ လမ်းမပေါ်တက် ပြည်သူ့ဆန္ဒကို ရဲရဲတောက်ထုတ်ဖော်ခဲ့တဲ့ သူငယ်ချင်းတွေ သူရသတ္တိရင့်သန်လွန်းရလို့ သိပ်ဂုဏ်ယူမိပါတယ်။

.

ဒါပေမယ့်အခု သူတို့လေးတွေရဲ့ အနာဂတ်ကို အကျဥ်းထောင်ရဲ့ သံတိုင်တွေ၊ သွေးစက်တွေက ဝါးမျိုဖို့ဟန်ပြင်နေပါပြီ။ ဂျပန်ခေတ်မှာတောင် မသုံးတဲ့နည်းတွေသုံးပြီး အကျဥ်းထောင်ထဲ ရာဇဝတ်သားလို နှိပ်စက်ခံနေရပါပြီ။

.

မြန်မာနိုင်ငံရဲ့ အထူးပြည်သူ့အဖွဲ့အစည်းတွေ၊ မီဒီယာတွေ၊ ပရဟိတအဖွဲ့အစည်းနဲ့ ရှေ့နေအသင်းတွေ ကျွန်တော့်သူငယ်ချင်းတွေအတွက် တခုခုကူပေးကြပါဦး။ တောင်းဆိုပါရစေဗျာ။ ပြည်သူ့အတွက် ပြည်သူကတင်မြှောက်တဲ့ ပြည်သူ့အစိုးရဖြစ်ဖို့တောင်းဆိုရင်း လူမဆန်အောင် ဥပဒေမဲ့နှိပ်စက်ညှင်းပန်းခံနေရတဲ့ ကျွန်တော်တို့ သူငယ်ချင်းတွေကို ကယ်တင်ပေးကြပါဦးဗျာ။ ကျွန်တော် တောင်းဆိုနေတာပါ။

.

ကျွန်တော့်သူငယ်ချင်းတွေမှာ ဘာအပြစ်ရှိလို့လဲဗျာ။


(Media ရှားပါးတဲ့ နယ်မြို့လေးဖြစ်လို့ ကူညီ share ပေးဖို့ အောက်ကျို့ခံတောင်းဆိုပါတယ်)


Plz share more and speak out 

#crd 

#CrimesAgainstHumanity



ဆက်ဖတ်ရန် →

ငါတို့လက်လှမ်းမမီတဲ့နေရာအထိ သူတို့ပျံသန်းကြတော့မယ်"

"ထိုင်းကထုတ်လွှင့်တဲ့ TV Show စကားဝိုင်းတစ်ခုမှာ"


"မြန်မာတွေ ဒီတစ်ပွဲ နိုင်သွားခဲ့လို့ရှိရင် သူတို့ပျံသန်းဖို့အားယူကြတော့မယ်။ ပြီးရင် အခုငါတို့ ရောက်နေတဲ့နေရာထက်

ပိုပြီးဝေးတဲ့ ပိုပြီးမြင့်မားတဲ့ ငါတို့လက်လှမ်းမမီတဲ့နေရာအထိ သူတို့ပျံသန်းကြတော့မယ်" လို့ ပြောသွားတယ်။

ဘယ်နိုင်ငံမှ ဒီမိုကရေစီ အပြည့်အဝ မရသေးတဲ့ အာဆီယံ အသိုင်းအဝိုင်း တစ်ခုလုံးက မင်းတို့ရဲ့တော်လှန်မှုကို ရင်သပ်ရှုမော အားကျစိတ်နဲ့ ငေးကြည့်နေကြတာပါ။

ပြီးတော့ ကမ္ဘာကြီးတစ်ခုလုံးကလည်း GEN XYZတို့ရဲ့ တောင့်ခံနိုင်စွမ်းကို အံ့သြ လေးစားလာနေကြပြီ ။

အောင်ပွဲရတဲ့အထိ တိုက်နိုင်ခဲ့ရင် GEN XYZ တို့ရဲ့တော်လှန် ရေးဟာ လွတ်လပ်မှုနဲ့ တရားမျှတမှုကို လိုချင်တဲ့ ကမ္ဘာကြီးရဲ့ဘယ်အစိတ်အ ပိုင်းမဆို သင်ရိုးညွှန်းတမ်းတစ်ခုဖြစ်လာတော့မှာပါ ။

အရေးတော်ပုံ အောင်ရမည်။  III  ✊

Crd

ဆက်ဖတ်ရန် →

ဝဏ္ဏမောင်လွင်ကနေ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဆီပို့တဲ့အီးမေး


ပုံတွေက ဝဏ္ဏမောင်လွင်ကနေ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဆီပို့တဲ့အီးမေးပါ... 

စကစ က ကျည်အစစ်နဲ့မပစ်ခိုင်းဘူး၊ အကြမ်းမဖက်ခိုင်းဘူး၊ ဒါပေမယ့်လုံခြုံရေးတပ်ဖွဲ့တွေက အမိန့်မလိုက်နာပဲ လူတွေသတ်နေတာပါ ဆိုပီးရေးထားပါတယ်... အဲဒီ့အတွက်စစ်ဆေးပီး အရေးယူသွားမယ်လို့ အမေရိကန်ကို ကတိပေးလိုက်ပါပီ။ (သူတို့လွတ်အောင် ထိုးကျွေးတော့မှာပါ)

လုံခြုံရေးတာဝန်ယူထားတဲ့ သူတွေအားလုံး (အထူးသဖြင့်ရဲတွေ) အတွက်ပြသနာကြီးပါပီ... အမေရိကန်က မယုံလို့အတွက် ခိုင်းတာလုပ်နေရတဲ့သူတွေအခွင့်အရေးရအောင် ထုတ်ပြန်ပေးတာပါ၊ အမိအရယူပီး မိမိကိုယ်တိုင်နဲ့ မိသားစုအတွက်စဉ်းစားကြပါ။ ဆက်နေရင်တော့ မကြာခင်ထိုးကျွေးခံရတော့မှာပါ။

ဆိုက်ဝါး မဟုတ်ပါ... မဖတ်တတ်ရင် ဖတ်တတ်တဲ့သူကိုဖတ်ခိုင်းပါ... အီးမေးအစစ်ဟုတ်မဟုတ် စစ်ချင်ရင် တတ်တဲ့သူကို စစ်ခိုင်းကြည့်ပါ။




ဆက်ဖတ်ရန် →

အာဏာသိမ်းစစ်ကောင်စီက ဘုရားရွှေခွာ ရောင်းပြီး သူတို့အိတ်ကပ်ထဲထည့်ဖို့ ကြံ



အကြံကုန် ရွှေတိဂုံကို ဆားချက်ဖို့ လုပ်နေကြပါပြီ။

ဘဏ်တွေက အတိုးမပေးနိုင်တော့တဲ့ ခေတ်အဆက်ဆက် ပြည်သူတွေ လှူဒါန်းထားတဲ့ ဘုရားဘဏ္ဍာငွေတွေနဲ့ ရွှေပြားတွေကို ခိုးဖို့အတွက် သူရဦးအောင်ကို ခန့်ထားတဲ့ ဘုရားဂေါပကတွေကို ထုတ်ဖယ်ပြီး ကြံ့ဖွတ်အမတ်ပြုတ်တွေကို အစားထိုးခန့်လိုက်ပါပြီ။ ထူးခြားချက်က ၂၀၁၉ ကမှ ရွှေသင်္ကန်းကပ်ထားတာကို ခုမှခန့်လိုက်တဲ့ ဂေါပကတွေနဲ့ ရွှေသင်္ကန်းအသစ်ကပ်မယ်လို့ ထုတ်ပြန်လိုက်တာပါပဲ ....

အသစ်ရောက်လာတဲ့ ဖွတ်ဂေါပကသစ်ကလည်း ဘုရားငြမ်းဆင်ဖို့ ဝါးလုံးဖိုး သိန်း ၅၀၀၀ ဆိုပြီး ဘုရားဘဏ္ဍာကနေ ထုတ်သွားပါတယ်တဲ့ ..... 

အာဏာသိမ်းစစ်ကောင်စီက ခန့်အပ်လိုက်သော ဂေါပကများ ‌‌ ရွှေတိဂုံစေတီတော်ကြီးကို ငြမ်းထိုးပြီး ထင်ရာစိုင်းကြတော့မည်

~~~~~~~~~~

6-3-2021 ရက်နေ့က အာဏာသိမ်းစစ်ကောင်စီက ဂေါပကအသစ်လေးယောက်ကို ခန့်အပ်ခဲ့ပါတယ်။ အဆိုပါ ဂေါပကလေးယောက်မှာ ဘဏ္ဍာရေးပိုင်းမှာ ကျွမ်းကျင်ပိုင်နိုင်တဲ့ ဦးဝင်းတည်၊ ရူးသလိုလိုပေါသလိုလိုနဲ့ ဝန်ထမ်းတွေကို အာဏာရှင်ဆန်ဆန် ဖိနှိပ်တတ်တဲ့ ဦးထွန်းထွန်းဦး(စစ်အရာရှိ ငြိမ်း)၊ ကြံ့ဖွတ်လွှတ်တော်ကိုယ်စားလှယ်ဝင်ရွေးခံဖူးတဲ့ ဦးတင်ဝင်းနှင့် ဦးတင်ဝ(ပညာရေးကလာသည်ဟုဆို)တို့ဖြစ်ကြပါတယ်။ 

ဒီဂေါပကလေးယောက်ဟာ ရွှေတိဂုံဘဏ္ဍာတော်ငွေတွေကို ရအောင်ယူဖို့ စစ်ကောင်စီက စီမံချက်အနေနဲ့ပို့လွှတ်လိုက်တဲ့လူတွေဖြစ်ပါတယ်။ စစ်ကောင်စီအလိုကျ ဘုရားဘဏ္ဍာငွေတွေကို လူနည်းစုလက်တစ်ဆုပ်စာစစ်ကောင်စီကို အရောက် လွှဲပြောင်းပေးမယ့်သူတွေဖြစ်ပါတယ်။ 

အဆိုးဆုံးလုပ်ရပ်ကတော့ ၁၂-၃-၂၀၂၁ ရက်နေ့မှာ ရွှေတိဂုံစေတီတော်ကြီးကို ငြမ်းထိုးပြီး ရွှေသင်္ကန်းကပ်မယ်ဆိုပြီး လုပ်နေကြတဲ့ကိစ္စပါပဲ။ ရွှေတိဂုံစည်းမျဉ်းဥပဒေအရဆို စေတီတော်ကြီးကို ရွှေသင်္ကန်းကပ်တဲ့ကိစ္စဟာ လေးနှစ်တစ်ကြိမ်(သို့မဟုတ်) ငါးနှစ်တစ်ကြိမ်သာ ကပ်လှူရခြင်းဖြစ်ပါတယ်။ စေတီတော်ကြီးကို လုံးတော်ပြည့်ရွှေသင်္ကန်းကပ်ခဲ့တာက ၂၀၁၉ ခုနှစ်က ဖြစ်တာကြောင့် အခုမှ တစ်နှစ်ကျော်ပဲရှိပါသေးတယ်။ ရွှေတိဂုံစည်းမျဉ်းဥပဒေနဲ့ ညီညွတ်ခြင်းမရှိတာလည်း တွေ့ရပါတယ်။ သို့သော် စစ်ကောင်စီကခန့်အပ်တဲ့ဂေါပကအသစ်များကတော့ စည်းမျဉ်းဥပဒေနဲ့ညီတာ မညီတာကို ဂရုမစိုက်ပါဘူး။ ၉-၃-၂၀၂၁ ရက်နေ့ညကစပြီး ငြမ်းတာဝန်ခံတွေကို ရွှေတိဂုံမှာ ညအိပ်စေကာ လုပ်ငန်းစဖို့ ပြင်ဆင်နေကြပါပြီ။ သတင်းတွေအရ ၁၂ ရက်နေ့ ငြမ်းထိုးမယ်ဆိုပေမယ့် ယနေ့တောင် စပြီး ငြမ်းထိုးနေပြီလို့ သိရပါတယ်။

သုံးသပ်ချက်

~~~~~~~

1/စေတီတော်ကြီးကို ရွှေသင်္ကန်းကပ်မည်ဟု အကြောင်းပြကာ ပြည်လူထုဆီက အလှူငွေတွေ ကောက်ခံဖို့လည်း ရှိနိုင်ပါတယ်။ 

2/ ရွှေသင်္ကန်းကပ်မည်ဟု အကြောင်းပြကာ လက်ရှိကပ်လှူထားသော ရွှေပြားအစစ်များနေရာမှာ ရွှေပြားအတုများနဲ့ လဲလှယ်တပ်ဆင်နိုင်တာကိုလညိး သတိပြုရပါမယ်။ လက်ရှိ ရွှေတိဂုံရဲ့ ရွှေပြားကြိတ်စက်ရုံ(ရွှေရတနာဌာန)ရဲ့ တာဝန်ခံဂေါပကဖြစ်သူ ဦးအေးထွန်းကလည်း စစ်ဘက်ဆိုင်ရာ အရာရှိဟောင်းတစ်ယောက်ဖြစ်လေတော့ ဘာမဆိုဖြစ်နိုင်ခြေရှိပါတယ်။

တပ်ကတော့ ပျက်နေပါပြီ။ ဘုရားရွှေတွေကိုခွာပြီး ရောင်းချကာ CDM မလုပ်တဲ့ဝန်ထမ်းတွေကို လစာပေးဖို့ကြံနေတာလား။ အာဏာသိမ်းစစ်ကောင်စီကပဲ ဘုရားရွှေခွာရောင်းပြီး သူတို့အိတ်ကပ်ထဲထည့်ဖို့ ကြံနေတာလား။ နှစ်မျိုးလုံးလည်း ဖြစ်နိုင်ခြေရှိပါတယ်။ ရွှေတိဂုံကို ကယ်တင်ကြပါ။

#saveshwedagonpagoda 

#ရွှေတိဂုံ‌စေတီတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့


ဆက်ဖတ်ရန် →

ဓါတ်ငွေ့ပိုက်လိုင်းဖောက်ခွဲခြင်းကိုထောက်ခံပါသည်။


ပေါက်ဖော်ကြီးနဲ့သာဝ နှလုံးရပ်ပြီးမသေရင်တောင်သွေးတိုးအောင် ဒါလေး ပြိုင်တူတင်ကြရအောင်


#ဓါတ်ငွေ့ပိုက်လိုင်းဖောက်ခွဲခြင်းကိုထောက်ခံပါသည်။

#We_support_to_blow_up_the_natural_gas_pipeline
#chinamyanmargaspipeline
#credit

ဆက်ဖတ်ရန် →

ဖမ်းခေါ်သွားတာ အယောက် 200ကျော်နေပါပြီ

 · ‼️Save North Okkalapa ‼️ ဖမ်းခံရတာ ကလေးတွေ တော်တော်များပါတယ် ကျောင်းသားတွေပါသွားတာများပါတယ်  မိန်းကလေးတွေဆို မျက်နှာတွေပါ ဆောင့်ကန်တယ်  လူကြီးတွေ သွေးမနည်းကြပါနဲ့တော့ ကလေးတွေကို ကယ်ပေးပါ  အပြင်ထွက်ပြီး speak out လုပ်ပေးပါ တောင်းပန်ပါတယ် ဖမ်းခေါ်သွားတာ အယောက် 200ကျော်နေပါပြီ ကူညီပေးကြပါ 
ဆက်ဖတ်ရန် →
ပစ်မိန့်ပေးနေတဲ့ ဒုချုပ် စိုးဝင်းနဲ့ သူမိသားစုပုံတွေ

ပစ်မိန့်ပေးနေတဲ့ ဒုချုပ် စိုးဝင်းနဲ့ သူမိသားစုပုံတွေ

ဆန္ဒပြသူတွေ ကိုပြင်းပြင်းထန်ထန် ပစ်မိန့်ပေးနေတာ ဒုချုပ် စိုးဝင်းပါတဲ့နော်။ သူမိသားစုပုံတွေပါ ။ ၁/ ဒုချုပ် စိုးဝင်း - သန်းသန်နွယ် ၂/ စိုးဝင်း မယားပါ သားကြီး လင်းထူး -သဲသဲ ၃/ မယားပါ သားငယ် ဟန်ထူး- နန္ဒာ ၄/ စစ်ကောင်စီကပေးတဲ့ မြို့တော်ဝန်ရာထူး ယူထားတဲ့ ရွှေဥသြ ရွှေဆိုင် မောင်ကို ရဲ့ သမီး မသိမ့်
ဆက်ဖတ်ရန် →