နောက်ဆုံးရ
ကန့်ဘလူ၊ ပဇီကြီးကျေးရွာ ရုံးဖွင့်ပွဲသို့ စစ်တပ်က လေကြောင်း တိုက်ခိုက် မှုကြောင့် သေဆုံးသူ အရေအတွက် ၁၀၀ ကျော်ပြီ

ကန့်ဘလူ၊ ပဇီကြီးကျေးရွာ ရုံးဖွင့်ပွဲသို့ စစ်တပ်က လေကြောင်း တိုက်ခိုက် မှုကြောင့် သေဆုံးသူ အရေအတွက် ၁၀၀ ကျော်ပြီ

Update News- ကန့်ဘလူ၊ ပဇီကြီးကျေးရွာ ရုံးဖွင့်ပွဲသို့ ကျောင်းသား ကျောင်း သူ များနှင့် ပြည်သူများ တက်ရောက်စဉ် စစ်တပ်က လေကြောင်း တိုက်ခိုက် မှုကြောင့် သေဆုံးသူ အရေအတွက် ၁၀၀ ကျော်ပြီ 

 ရန်ကုန်၊ ဧပြီ ၁၁ ရန်ကုန်ခေတ်သစ်

 စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ ရုံးဖွင့်ပွဲသို့ ကျောင်းသား ကျောင်း သူများနှင့် ပြည်သူများ တက်ရောက်စဉ် စစ်တပ်က လေ ကြောင်းမှ တစ် ဆင့် တိုက်ခိုက်မှုကြောင့် သေဆုံးသူ အရေအတွက် ၁၀၀ ကျော်သွားပြီ ဖြ စ် ကြောင်း မြေပြင်သတင်းရင်းမြစ်က အတည်ပြုပြောဆိုသည်။ ဧပြီလ ၁၁ ရက်နေ့ နံနက် ၈ နာရီ ၅ မိနစ်ခန့်အချိန် ကန့်ဘလူမြို့နယ်၊ ပဇီကြီး ရွာကို အကြမ်းဖက် စစ်တပ်က ဂျက် ဖိုက်တာ ဖြင့် တစ်ကြိမ်၊ Mi 35 ရဟတ် ယာဥ်ဖြင့် ၄ ကြိမ် ဗုံးကျဲ ပစ်ခတ် တိုက် ခိုက်ခဲ့ကြောင်း၊ အခမ်းအနား ကျင်းပ နေစဉ် ပစ်ခတ်ခံရသဖြင့် ပြည်သူ သေဆုံးမှု အရေအတွက် ၁၀၀ ကျော်သွား ပြီဖြစ်ကြောင်း သိရှိရသည်။ " အလောင်းအတိုင်း အကောင်းအတိုင်း ရတဲ့ အလောင်းက ၅၃ လောင်းရှိပါ တယ်။ မနက်ရေတွက်ထားတာ။ ရေတွက်လို့မရဘဲ ခေါင်းနဲ့ ကိုယ် တခြားစီဖြစ် သွားတဲ့ အလောင်းတွေကလည်း အများကြီးပဲ။ မျက်မြင်အရဆိုရင်တော့ သေဆုံး သူ ၁၀၀ ကျော်တာ အတည်ပြုနိုင်ပါပြီ။ ဗုံးကျဲခံရတဲ့နေရာက ဆိုးဆိုး ရွား ရွား ဖြစ်သွားလို့ ဘယ်က ဘယ်လို စပြီး အလောင်းကောက် ရမှန်းမသိ တော့အောင်ပါပဲ" ဟု လက်ရှိ မြေပြင်တွင် ကူညီကယ်ဆယ်ရေး လုပ်ဆောင် နေသူ ပြည်သူတစ်ဦးက ဆိုသည်။ "ကလေးငယ်တွေ အလောင်းတွေလည်း အတော်များတယ်။ အမျိုးသမီးတွေ လည်းများတယ်။ နောက်ပြီး တချို့ အလောင်းတွေက အပိုင်းပိုင်း ပြတ်ကုန်တာ။ လူမှန်း သူမှန်းတောင် မသိရတော့ဘူး" ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။ လက်ရှိတွင် လေယာဉ်ဖြင့် ဗုံးကျဲခံရသော နေရာသို့ ကျေးရွာသားတချို့ ရောက် ရှိ နေသော်လည်း အလောင်းကောက်ခြင်းနှင့် ကူညီရေး လုပ်ငန်းများ အနည်း ငယ်သာ လုပ်ဆောင်နိုင်ကြောင်း၊ ဒဏ်ရာရရှိထားသူ အများ အပြား လည်း ရှိနေပြီး ဆေးဝါးကုသမှုနှင့်ကူညီကယ်ဆယ်ရေး မလုပ်နိုင်သေးကြောင်း သိရှိရ သည်။
ဆက်ဖတ်ရန် →
ပဒိုမန်းရှာလာဖန်းကို လုပ်ကြံသတ်ဖြတ်တာ စောချစ်သူ

ပဒိုမန်းရှာလာဖန်းကို လုပ်ကြံသတ်ဖြတ်တာ စောချစ်သူ

"ပဒိုမန်းရှာရဲ့ သွေးကြွေးဆပ်ချင်တော့ စစ် ခွေးသန်းဗိုလ်ချစ်သူကို အခုချိန် လားပင်စင် ပေးလိုက်ဖို့ အချိန်ကောင်းပဲ" — Irony ကော့မူးရာလို့ခေါ်တဲ့ ရွှေကုက္ကိုလ်ဒေသကို အပိုင်စီးချင်လို့ အကြမ်းဖက်စစ်တပ်ရဲ့ ရန် သူတော် KNU အထွေထွေအတွင်းရေးမှူး ပဒိုမန်းရှာလာဖန်းကို လုပ်ကြံသတ်ဖြတ်တဲ့ အဓိကလက်သည်က BGFအထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူလက်ချက်ပါပဲ... Assassination က ဗိုလ်စိုးမြင့်(ခ)ဗိုလ် စံပြုံးလို့ သိကြပေမယ့် နောက်ကွယ်မှာ လက် ထောက်ချခဲ့သူက ဗိုလ်ချစ်သူကိုယ်တိုင်ပဲ... ဗိုလ်ချုပ်ခင်ညွှန့် ထောက်လှမ်းရေးအဖွဲ့ ဖျက် သိမ်းခံရပြီး စရဖ-စစ်ဘက်လုံခြုံရေးအဖွဲ့လို့ ပြောင်းလိုက်တဲ့အချိန် ၂၀၀၆ဝန်းကျင်မှာ စရဖညွှန်ချုပ်အဖြစ် ဗိုလ်ချုပ်ကျော်ဆွေတာဝန် ယူခဲ့တဲ့အချိန် KNUကိုအမြစ်ပြုတ်တိုက်ဖို့ DKBAက ကရင်သစ္စာဖောက်တွေကို အသုံး ချခဲ့တယ်... အရင်ကရင်ပြည်နယ်ဘက်မှာ တာဝန်ယူခဲ့တဲ့ဒုဗိုလ်မှူးကြီးစန်းပွင့်နေရာမှာ ဗိုလ်မှူး မြထွန်းဦး(DSA-25) တာဝန်ယူခဲ့တယ်...ကရင်ခေါင်းဆောင် ပဒိုမန်းရှာလာဖန်း ကြောင့် အကြမ်းဖက်စစ်တပ်က ထင်တိုင် မပေါက်ပဲ ခွေးဘီးလူးသန်းရွှေက လုပ်ကြံ ခိုင်းခဲ့တယ်...အဲသည်အချိန်ရွှေကုက္ကိုလ်ကို တာဝန်ယူလုပ်ကိုင်တာက ဗိုလ်မို့သိုလ်(ခ) မုတ်သန်ပါပဲ... ငွေတွင်းလို ဖြစ်နေတဲ့ ရွှေကုက္ကိုလ်က အရင်ကတည်းက နွားမှောင်ခိုဈေးကွက်အပြင် ကားနဲ့ဆိုင်ကယ် Without ဈေးကွက်လည်း ဖြစ်တယ်... ကော့မူးရာလို့ခေါ်တဲ့ရွှေကုက္ကိုလ် ဒေသကိုရဖို့ ဗိုလ်ချစ်သူဟာ အကြမ်းဖက်စစ် တပ်ကိုခေါင်းကိုက်စေတဲ့ ပဒိုမန်းရှာကို လုပ် ကြံဖို့ ဗိုလ်စိုးမြင့်ကိုရွေးခဲ့တယ်... မိန်းမရှုပ်တဲ့ ဗိုလ်စိုးမြင့်ကိုထုတ်ပယ်လိုက်တဲ့ ပဒိုမန်းရှာ ကို တဖက်လှည့်နဲ့လုပ်ကြံသတ်ဖြတ်ပြီး ဗိုလ် ချစ်သူက ရွှေကုက္ကိုလ်မှာထိုင်ခွင့်ရခဲ့တယ်... ၂၀၁၀ခုနှစ် ဩဂုတ်မှာ ဗိုလ်ချစ်သူက ကရင့် နယ်ခြားစောင့်တပ်(BGF)ကို ဖွဲ့စည်းပြီး အကြမ်းဖက်စစ်တပ်ရဲ့လက်ကိုင်တုတ်လုပ်ခဲ့သလို နယ်မြေစစ်ဘုရင်ငယ်ပုံစံတစင်ထောင်ခဲ့တယ်... Bo ချစ်သူ ဧပြီလ၈ရက်နေ့မှာ လက်နက်ချမယ်ဆိုပြီး လုပ်ဆောင်လာတဲ့အတွက် ကရင် အချင်းချင်း သစ္စာမဖောက်ပါဘူးဆိုပြီး ဗိုလ် အယ်ဆေးဝါးဦးဆောင်တဲ့ Lion battalion ကရင်ပူးပေါင်းတပ်ဖွဲ့ဟာ KNU တပ်မဟာ၇ ထိန်းချုပ်တဲ့နေရာကို လာရောက်တဲ့အချိန်မှာ BGFတပ်နဲ့ အကြမ်းဖက်စစ်တပ် နှစ်ဖက် ဝိုင်းညှပ်တိုက်ခိုက်ရာမှာ ကရင်ပူးပေါင်းတပ် ဖွဲ့ဝင် ၅ဦးကျဆုံးခဲ့ပြီး လက်နက်၊ ကားတွေနဲ့ ဖုန်းတွေသိမ်းခံလိုက်ရတယ်... ဗိုလ်အယ်လ်ဆေးဝါး လွတ်မြောက်ခဲ့ပြီး ကရင်လက်နက်ကိုင်အဖွဲ့တွေကြား ဗိုလ်ချစ်သူရဲ့ အောက်တန်းကျယုတ်မာမှုက ဘူးပေါ်သလို ဘွားဘွားကြီးပေါ်လာတယ်...ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ ဗိုလ်ချုပ်ကြီးစောဂျော်နီတို့ လည်း တပ်မဟာ၇နယ်မြေမှာဖြစ်တဲ့အတွက် တာဝန်ရှိပြီး သည်လိုအောက်တန်းကျတဲ့ ဗိုလ်ချစ်သူရဲ့ တိုက်ခိုက်မှုအပေါ် လက်စတုံး ရှင်းပစ်ရမှာ KNUရဲ့ ပေါ်လစီပဲဖြစ်တယ်... ကရင်က စစ်တိုက်ရင် မျက်နှာချင်းဆိုင်တိုက် သလို အလံဖြူ ထောင်ရင် စစ်ပွဲမှာကျခဲ့တဲ့ အလောင်းတွေကောက်ဖို့ ရန်သူကိုသေနတ် နဲ့မပစ်တော့ဘူး... ဂျီနီဗာကွန်ဗန်းရှင်းလောကို လေးစားလိုက်နာကြတယ်.... ရန်သူကိုတောင် သည်အတိုင်းဆက်ဆံနိုင် သလို ကရင်အချင်းချင်းကြား ပိုလို့တောင် သစ္စာရှိကြသေးတယ်...တော်တန်ရုံ နားလည်ပေးကြပေမယ့် နောက်ကြောဓားနဲ့ထိုးရင် တော့ ငန်းမြွေလို ရေဆုံးမြေဆုံးလိုက်လံသုတ်သင်လေ့ရှိတယ်... အခုဆိုရင် အကြမ်းဖက်စစ်တပ်ရဲ့ခွေးသန်း ဗိုလ်ချစ်သူရဲ့ အောက်တန်းကျယုတ်မာတဲ့ ကိစ္စဟာ သူ့အလောင်းစင်ကို သူကိုယ်တိုင် ပြင်တယ်လို့ပဲ ကရင်လူထုအသိုင်းအဝိုင်း မှာ သုံးသပ်ကြတယ်... စစ်ခွေးသန်းဗိုလ်ချစ်သူက သူ့ရဲ့လောင်းကစားရပ်ဝန်းကို ကရင်ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်လာတာ BGF+ အကြမ်းဖက်စစ်တပ် ၈၅ယောက်သေတာ လက်နက်ချည်းပဲ၇၅ လက်ရပြီး၊ စစ်စခန်းတွေမီးရှို့ဖျက်ဆီးခံရလို့ ရှုံးမဲမဲပြီး ကျားနာမျက်ကန်းဖြစ်လာတယ်... သူ့လက်ရုံး ဗိုလ်မှူးဒီးဒီး တိုက်ပွဲမှာကျလို့ အ ရင်ကလိုပဲ အောက်တန်းကျတဲ့ကစားကွက်နဲ့ သူကိုယ်တိုင်ဝင်ကစားလာတာတွေ့ရတယ်... ရွှေကုက္ကိုလ်လောင်းကစားမြို့မှာ ပတ်လည် ချထားတဲ့ BGF တပ်ရင်းစခန်း၅ခုကိုပါ KNLA KTLA နဲ့ PDF စတဲ့ကရင့်ပူးပေါင်းတပ်တွေ ဝင်တိုက်ခဲ့ပြီး BGF အကျအဆုံးများတဲ့နောက် မှာ ဗိုလ်ချစ်သူက ဥာဏ်နီဥာဏ်နက်ထုတ် KNUခေါင်းဆောင်တွေကို ဗန်းပြပြီး တပ်မဟာ၇နယ်မြေမှာ ပူးပေါင်းမယ်ဆိုပြီး ကောက်ကျစ်ယုတ်မာစွာနဲ့ တိုက်ခိုက်ခဲ့တယ်... PCမှာလည်း ဗျူဟာမှူး စောလက်ကိုင်နဲ့ တပ်ရင်းမှူးစောကျော်ဂရောင်းတို့က ကရင်ပူး ပေါင်းတပ်တွေနဲ့ ပေါင်းစည်းသွားတဲ့အတွက် စစ်ကောင်စီဘက်ယိမ်းတဲ့ KNUခေါင်းဆောင် တွေ PCခေါင်းဆောင်တွေ ခေါင်းဆင်နင်းပြီး လိုက်ဖြောင်းဖျပေမယ့် PCတပ်မှူးတွေက လက်မခံလို့ ထုတ်ပစ်လိုက်တယ်... ဗိုလ်အယ်ဆေးဝါးကို အပြတ်ရှင်းချင်တဲ့ ဗိုလ် ချစ်သူက KNUတပ်မဟာ၇နယ်မြေမှာ လက်တွဲပူးပေါင်းမယ်ဆိုပြီးခေါ်တဲ့အခါ ကရင်နယ်မြေမို့ စိတ်ချယုံကြည်စွာတက်လာတဲ့ ဗိုလ် အယ်ဆေးဝါးကို နှစ်ဖက်ညှပ်ပြီး အသေသတ်ခဲ့တယ်...ကံကောင်းထောက်မစွာ လွတ် ခဲ့ပြီး သတ်ကွင်းထဲခေါ်ခဲ့တဲ့ ဗိုလ်ချစ်သူသာ မက အယုံသွင်းပေးခဲ့တဲ့ KNUခေါင်းဆောင် အချို့လည်း နောက်ကြောမလုံဘူး... ကရင်အချင်းချင်းသည်လိုလုပ်တာ ကရင်လူထုသာမက KNUမူဝါဒကိုပါထိပါးတဲ့ အတွက် ကရင့်သစ္စာဖောက်စစ်ခွေးသန်း ဗိုလ်ချစ်သူကို ရှင်းပစ်ရမှာဖြစ်တယ်... လှည့်စားတာနဲ့ ကောက်ကျစ်ယုတ်မာတယ် ဆိုတာ စစ်ရေးမှာရှင်းရှင်းလင်းလင်း ကွာ ခြားတယ်...ကရင်ပူးပေါင်းတပ်တွေလည်း သင်ခန်းစာရလောက်ပြီးထင်တယ်... သည်လိုဖြစ်တော့ ကရင်ပူးပေါင်းတပ်ဖွဲ့တွေ ရွှေကုက္ကိုလ်ကို ထောင်းလမောင်းကြေအောင် ဝင်ကြိတ်ဖို့လမ်းကြောင်းပွင့်သလို PCနဲ့ DKBAလည်း ဝင်ပြောစရာမရှိတော့ဘူး... ဗိုလ်ချစ်သူအနေနဲ့ ကျားနာခဲခဲလိုက်တာ ထင်တိုင်းမပေါက်ပဲ ရမ်းဝင်ရင် ထမ်းစင်နဲ့ သယ်ရတော့မယ့် အဖြစ်မျိုး မကြာခင် ရောက်မယ်ဆိုတာ... 
 Written by: A.M.H#(Irony) Photo Credit #


ဆက်ဖတ်ရန် →
ဗိုလ်ချုပ်မြတ်သက်ဦးနဲ့ အပေါင်းအပါအချို့ကို  စစ်ကောင်စီခေါင်းဆောင်များကိုယ်တိုင် ဖမ်းဆီးထိန်းသိမ်း

ဗိုလ်ချုပ်မြတ်သက်ဦးနဲ့ အပေါင်းအပါအချို့ကို စစ်ကောင်စီခေါင်းဆောင်များကိုယ်တိုင် ဖမ်းဆီးထိန်းသိမ်း

မျက်မှောက်ခေတ်၊ ဧပြီ ၉ 
 မကြာသေးခင်ကမှ အရှေ့တောင်တိုင်း စစ်တိုင်းမှူးတာဝန်ကနေ ဖယ်ရှားခံလိုက်ရတဲ့ ဗိုလ်ချုပ်မြတ်သက်ဦးနဲ့အပေါင်းအပါတွေ၊မိသားစုဝင်တွေကို စစ်ကောင်စီကဖမ်းဆီးထိန်းသိမ်းထားတယ်လို့ယင်းမပင်နယ်ဒေသခံသတင်းရင်းမြစ်ဆီကသိရပါတယ်။ ယင်းမပင်နယ်၊စုန်းချောင်းရွာသား ဗိုလ်ချုပ်မြတ်သက်ဦးဟာ ပြည်သူ့ဘက်ကိုသဘောထားပြောင်းလာတာကြောင့် ဖမ်းဆီးခံရတာဖြစ်တယ်လို့လည်းဆိုပါတယ်။ "ကျနော်တို့ ယင်းမာပင်နယ် စုန်းကျောင်းရွာမှာပါ။ ဟိုတလောက စစ်ကြောင်းထိုးပြီး တိုင်းမှုးရဲ့မိသားစုဝင်တွေနဲ့ အစောင့်တွေပါ ပြန်ဖမ်းသွားတာ" လို့ သတင်းရင်းမြစ်ကပြောပါတယ်။ ဧပြီလ ၂ ရက်နေ့ နံနက်အစောပိုင်းမှာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ မုံရွာ) ကနေ စစ်ကားတစ်စီး ထွက်လာပြီး အောင်ဇေယျမြို့သစ်ကိုရောက်လာကာ စုန်းချောင်းရွာကို စစ်ကြောင်းစထိုးပြီး မိသားစုဝင်တွေနဲ့အစောင့်တွေကို ခေါ်ဆောင်သွားတာဖြစ်တယ်လို့သိရပါတယ်။ စစ်အာဏာသိမ်းပြီးကတည်းက ယင်းမပင်နယ်၊စုန်းချောင်းရွာက ဗိုလ်ချုပ်မြတ်သက်ဦးရဲ့မိဘတွေနေအိမ်ကို စစ်ကောင်စီအဖွဲ့ဝင်တွေက လုံခြုံရေးယူပေးခဲ့တာဖြစ်တာလို့သိရပါတယ်။ ဗိုလ်ချုပ်မြတ်သက်ဦးဟာ ၂၀၂၂ ဩဂုတ်လက မြောက်ပိုင်းတိုင်း စစ်တိုင်းမှူးကနေ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ စစ်တိုင်းမှူးအဖြစ်ပြောင်းရွှေ့ခဲ့ရသူဖြစ်ပြီး ၂၀၂၃ မတ်လကုန်ပိုင်းမှာ အရှေ့တောင်တိုင်း၊ စစ်တိုင်းမှူးကနေ ထပ်မံလဲလှယ်ခံရပြီး သူဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ မတ်လ ၂၇ ရက်ကတော့ အာဏာသိမ်းစစ်တပ်ပြုလုပ်တဲ့ တပ်မတော်နေ့မှာ အရှေ့တောင်တိုင်း၊ စစ်တိုင်းမှူးအဖြစ်နဲ့ ဗိုလ်ချုပ်မြတ်သက်ဦး ပွဲတက်ရောက်တာကို စစ်တပ်ဝါဒဖြန့် သတင်းတွေမှာ တွေ့ခဲ့ရပြီးတဲ့နောက်မှာ စစ်တိုင်းမှူး တာဝန်ကနေဖယ်ရှားခံရတာဖြစ်တယ်လို့ မော်ကွန်းမီဒီယာကဖော်ပြထားပါတယ်။ အခုအချိန်မှာတော ဗိုလ်ချုပ်မြတ်သက်ဦးရဲ့မိသားစုဝင်တွေနဲ့အစောင့်တွေကိုဖမ်းဆီးသွားတယ်လို့သာဒေသခံရင်းမြစ်တွေဆီကသိရပြီး အသေးစိတ်အချက်အလက်တွေကိုသိရှိရခြင်းမရှိသေးပါဘူး။ 
 ပုံစာ - ၂၀၂၃ မတ်လ ၂၇ ရက်ကတော့ အာဏာသိမ်းစစ်တပ်ပြုလုပ်တဲ့ တပ်မတော်နေ့မှာ အရှေ့တောင်တိုင်း၊ စစ်တိုင်းမှူးအဖြစ်နဲ့ ဗိုလ်ချုပ်မြတ်သက်ဦးကို တွေ့ရစဉ် 
 ဓါတ်ပုံ - စစ်တပ်ဝါဒဖြန့် MYANMAR NATIONAL PORTAL
ဆက်ဖတ်ရန် →
 လေတပ် G1 ၏ကတော် လင်းလင်းဦး ILO မှာ ခြယ်လှယ် စိုးမိုးနေ

လေတပ် G1 ၏ကတော် လင်းလင်းဦး ILO မှာ ခြယ်လှယ် စိုးမိုးနေ

ILO ရုံးဆက်သွယ်ရေးတာဝန်ခံမစ္စတာဒေါင်းလင်း(တရုတ်)
အကြိုသင်္ကြန်ကျင်းပနေချိန်ဒုတာဝန်ခံ မစ္စပီယာမား(ထိုင်း)က၂ နှစ်ကျော်ပြည်ဝင်ခွင့်မရ 
 ရန်ကုန် ၊ do or die 
ဧပြီလ ၉ ရက်နေ့
 ILO အပြည်ပြည်ဆိုrင်ရာအလုပ်သမားရေးရာအဖွဲ့ချုပ် သည် (ဆွစ်ဇလန်နိုင်ငံ ဂျနီဗာ) မှ ရန်ကုန် ILO ရုံး၏ မြန်မာနိုင်ငံတွင် ဆက်သွယ်ညှိနိူင်းရေးရုံးတာဝန်ခံမစ္စတာဒေါင်းလင်း(တရုတ်) ဒု ဆက်သွယ်ညှိနိူင်းရေးရုံးတာဝန်ခံ မစ္စပီယားမား(ထိုင်း)နိူင်တို့နှစ်ဦးကို တာဝန်ပေးအပ်ထားရာ အာဏာလုစစ်ကောင်စီမှ မစ္စတာဒေါင်းလင်း(တရုတ်) တဦးတည်းကိုပြည်ဝင်ခွင့်ပေးထားပြီး မစ္စပီယားမား(ထိုင်း) ကို အာဏာလု ပြီးချိန်မှ ဝင်ခွင့်ပိတ်ပင်ထားကြောင်း ယမန်နေ့ ဧပြီလ ၈ ရက်နေ့တွင် ILO ရုံး သင်္ကြန် အကြိုပွဲဓါတ်ပုံများအရ သိရသည်။ တရုတ်နိူင်ငံ မှ တာဝန်ခံဝန်ထမ်းကို ပြည်ဝင်ခွင့်ပေးပြီး ထိုင်း နိူင်ငံမှ ဒု တာဝန်ခံ ကို ပြည်ဝင်ခွင့်မပေးသည့် အခြေအနေများအားလုံးကို ILO ရုံး အုပ်ချုပ်ရေး နှင့် စာရင်းစစ် တာဝန်ရှိသူ ဒေါ်လင်းလင်းဦး မှ ဦးစီးလုပ်ဆောင်နေခြင်းဖြစ်ပြီး ILO မှ အလုပ်သမားဖွံ့ဖြိုးရေးဖြင့် နိုင်ငံတကာ ငွေကြေးများ INGO များ နိုင်ငံအစိုးရများထံမှ ပရော့ဂျက်များကို အာဏာလု စစ်ကောင်စီ အလိုဆန္ဒများအတိုင်း ရပ်တည်ပေးနေသူ တရုတ် နိူင်ငံသားဆက်သွယ်ညှိနိူင်းရေးရုံးတာဝန်ခံမစ္စတာဒေါင်းလင်း နှင့် အစီစဥ်များစနစ်တကျ လုပ်ဆောင်နေသဖြင့် မြန်မာပြည်သူများအတွက် အခွင့်အရေးများ အာဏာလု စစ်ကောင်စီ ထံ သို့ရောက်ရှိ နေကြောင်း သိရသည်။ ILO ရုံးတာဝန်ရှိသူ ဒေါ်လင်းလင်းဦး မှ တရုတ် နိူင်ငံသားဆက်သွယ်ညှိနိူင်ရေးတာဝန်ခံ မစ္စတာဒေါင်းလင်းအား ပြည်ဝင်ခွင့်ဗီဇာ အဆက်မပျက်ပေးထားခြင်းဆွေးနွေးပွဲတချို့ကို နေပြည်တော်တွင် တက်ရောက်ခြင်း ရန်ကုန် ဟော်တယ်တစ်ချို့တွင် အလုပ်ရုံဆွေးနွေးပွဲများပြုလုပ်ခြင်း ရုံးအတွင်း တွင် စကစ အာဏာလုပြီးနောက်ပိုင်း ပုံပါ ကဲ့ သို့ သော အောင်ပွဲခံပျော်ပွဲရွှင်ပွဲ များ သောက်စား ကခုန်ခြင်းများအဆက်မပျက်ပြုလုပ်နေခြင်းများကို အခွင့်အရေးပေးထားကြောင်းသိရသည်။ ဒုတိယဆက်သွယ်ညှိနိူင်း ရေးတာဝန်ခံ ထိုင်းနိူင်ငံသူမစ္စ ပီယားမား အား အာဏာလုပြီးချိန်မှစ၍ ယနေ့ထိပြည်ဝင်ခွင့် ဗီဇာ မပေးခြင်းမှာ သူမ၏ မှု မှန်သော ပြောဆို ဆောင်ရွက်မှုများကြောင့် စစ်ကောင်စီ မှ အလိုမကျသဖြင့် ဝင်ခွင်မပေးခြင်းဖြစ်ကြောင်းသိရသည်။ ဒေါ်လင်းလင်းဦး (ပုံပါ ဝိုင်းပြထားသူ) သည် မှော်ဘီလေတပ်စခန်းမှ G1 ဌေးလွင် ၏ ဇနီးဖြစ်ပြီး မစ္စတာ ဒေါင်းလင်းILO နှင့် ဆက်ဆံရေးကိုအကောင်းဆုံးတည်ဆောက်နေခြင်း ILO ရုံးလုံခြုံရေးဝန်ထမ်းများကို မှော်ဘီတပ်မိသားစုဝင်အားခန်ထားခြင်း မိသားစု ကိုယ်ရေးကိုယ်ရေးကိုယ်တာကို ILO ကားများ နှင့် ဝန်ထမ်းများအား အဆက်မပျက်အသုံးပြုခြင်း သား သမီး များအား ကျောင်းကြိုကျောင်းပို့ ပေးရခြင်း နေပြည် တော်ရှိ ယောကျ်ားဖြစ်သူT ထံ ကြိမ်ဖန်များစွာ သွားရောက်ခြင်းတို့တွင် ကုလသမဂ္ဂ တံဆိတ်တပ်ကား နှင့် ဝန်ထမ်းတို့အားမိသားစုလုံခြုံရေးအတွက် လူတံတိုင်းအဖြစ်အသုံးပြုခြင်း ။ILO ဝန်ထမ်းများ Contract သက်တမ်းတိုးနိုင်စေရန်မှာ သူမ အခရာဖြစ်ပြီး သူမ၏ အလုပ်တာဝန်ပြင်ပ တွင် အခိုင်းမခံသူ ကူညီမလုပ်ဆောင်ပေးနိုင်သူအား သက်တမ်း ထပ်မံ မတိုးစေရန် နှင့် အလုပ်ဆက်လုပ်နိုင်ရန် recommends မပေးခြင်းများကို စစ်တပ်တွင်းအစဥ်အလာ ပုံစံ အတိုင်း ဆောင်ရွက်ပေးနေကြရကြောင်းသိရသည်။ ILO မှ နိုင်ငံတကာ ငွေကြေးများ INGO များ နိုင်ငံအစိုးရများထံမှ ပရော့ဂျက်များ လက်တွေ့တွင် အာဏာလု စစ်ကောင်စီ အတွက် အထောက်အပံများဖြစ်နေပြီး မြန်မာပြည်သူများ ၏ တော်လှန်ရေးနှင့် အလုပ်သမားရေးအားအထောက်အပံ့မဖြစ်သည့်အပြင် အနှောက်အယှက်ဖြစ်နေသည်ကို နိုင်ငံတကာနှင့် ရုံးစိုက်ရာ ဂျနီဗာ နှင့် UN တာဝန်ရှိသူများတွင် အထူးတာဝန်များ ရှိကြောင်း သိရသည်။ 

 ပုံများ ၇.၄.၂၀၂၃ သင်္ကြန် အကြိုပွဲဓါတ်ပုံများ

#Khit Oo Ayeyaywaddy News Media








ဆက်ဖတ်ရန် →

#မိုက်ကယ်ကျော်မြင့်အား_ငွေပေးစေခိုင်းပြီး #ကြံ့ဖွတ်ပါတီတစ်ခုလုံးကို_ဒေါက်တက်ဖြုတ်ခိုင်း(ရုပ်သံ)



လက်ရှိ ကြံ့ဖွတ်ပါတီဥက္ကဌ ခင်ရီ၏တူမဖြစ်သူ ဒေါ်စောဥမ္မာနှင့်၊ မြေးဖြစ်သူ လဝန်းကြည်ဖြူ တို့အုပ်စုဟာ ငွေကြေး သိန်းပေါင်း ၅၀,၀၀၀ ကျော်အား အုပ်စုဖွဲ့ လိမ်လည်ခဲ့ကြသူများဖြစ်ပြီး၊ ခင်ရီတာဝန်ထမ်းဆောင်ခဲ့သည့် လ.ဝ.က အဖွဲ့အစည်းကပင် လဝန်းကြည်ဖြူအား နိုင်ငံသားမှတ်ပုံတင် အမည်မတူသည့်ကဒ်ပြား ၂ခု ထုတ်ပေးခဲ့ကြောင်း မိုက်ကယ်ကျော်မြင့် မှ သတင်းစာရှင်းလင်းပွဲပြုလုပ်၍ ကြံ့ဖွတ်ပါတီတစ်ခုလုံးကို ဒေါက်တက်ဖြုတ်သွားခဲ့ပါတယ်။


ဖော်ပြပါရှိသော သတင်းစာရှင်းလင်းပွဲကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့၊ နေလည် ၁၂ နာရီလောက်က Yangon Star City Hotal မှာ ပြုလုပ်ခဲ့တာပါ။


ပွဲအပြီး ရက်ပိုင်းအကြာမှာပဲ မိုက်ကယ်ကျော်မြင့်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ယက်စာမျက်နှာပေါ်ကနေပြီး “ပြည်သူတွေ စိတ်ဆင်းရဲဒုက္ခရောက်စေမည့် ပြဿနာများကို ကာကွယ်ဖြေရှင်းပေးသွားမည်။ သို့သော်... ငါ့တူမ/ငါ့မြေး/ငါ့ဆွေမျိုးတို့၏ လိ-မ်လည် yokeမာမှုကြောင့် ပြည်သူတွေ ဆင်းရဲဒုက္ခရောက်လျှင်မူကား ငါနှင့်လားလားမှမဆိုင်။ ပုံ.. ဥက္ကဌ​ကြီးလောင်ကီး” ဆိုပြီး ကြံ့ဖွတ်ဥက္ကဌခင်ရီကို လှောင်ပြောင်သည့်ပို့စ်များ ရေးသားခဲ့ပါသေးတယ်။


၎င်းပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲသည် သူ့ပါတီ၏ငွေကြေးဖြစ်သာ ပြုလုပ်သည်ဟု ပြောကြားခဲ့သော်လည်း၊ ထိုသတင်းစာရှင်းလင်းပွဲကို ခန်းမကြေး ၁နာရီကို ၁၅ သိန်းပေး၍ စုစုပေါင်း ၃နာရီကြာကြာ ပြုလုပ်ခဲ့ပြီး၊ လူတစ်ယောက်စာ စားစရိတ်အတွက် တစ်ဦးလျှင် ၅၀,၀၀၀ ကျပ်နှုန်းပေး၍ လူ ၁၀၀ နီးပါးနဲ့ ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။ မီဒီယာတွေကို ငွေပေးတက်ရောက်ခိုင်းတာ၊ ပွဲတက်လာသူတွေအတွက် အသွားအပြန် စရိတ်အပြင်၊ အခြား လုံခြုံရေးအတွက်တွေရော ငွေကုန်ကြေးကျ များစွာ ခံထားတာပါ။ ဒီလိုကုန်ကျစရိတ်တွေ မိုက်ကယ်ကျော်မြင့်က ဘယ်ကရပါသလဲ..?


မိုက်ကယ်ကျော်မြင့် ယခုလိုလုပ်ဆောင်ရခြင်းသည် လက်ရှိ အကြ-မ်းဖ-က်စစ်ကောင်စီမှ တရားမဝင်ကျင်းပမယ့် ရွေးကောက်ပွဲတွင် မှတ်ပုံတင်ထားကြသော အခြားပါတီကြီးတွေမှ ငွေပေးစေခိုင်းခြင်းဖြစ်ပြီး၊ ကြံ့ဖွတ်(thu khoe)ပါတီအား ဒေါက်ဖြုတ်ရန် အခြားပါတီစုံမှ အချက်အလက်တွေ ချပေးခဲ့ခြင်းဖြစ်ကြောင်း မျိုးညစ်အတွင်းသတင်းပေးသူက ဆိုပါတယ်။


#အေအန်န်အမ်မ်တီ

https://youtu.be/qcUtHu-NV-A


ဆက်ဖတ်ရန် →
 အုပ်ချုပ်ရေးမှူး စိုးမင်းဟန် ပစ်ခတ်ခံရပြီး သေဆုံး

အုပ်ချုပ်ရေးမှူး စိုးမင်းဟန် ပစ်ခတ်ခံရပြီး သေဆုံး

မန္တလေးမြို့တွင် ပြည်သူပိုင် နေအိမ်များကို ကျူးကျော်ဟု ဆိုကာ ရှင်းလင်းရာ၌ ဦးဆောင်ခဲ့သည့် အုပ်ချုပ်ရေးမှူး စိုးမင်းဟန် ပစ်ခတ်ခံရပြီး သေဆုံး


ရန်ကုန်၊ ဧပြီ ၃ ခေတ်သစ်


မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ)ရပ်ကွက်အုပ်ချုပ်ရေးမှူး အကြမ်းဖက်စစ်ကောင်စီထောက် တိုင် အကြီးစား စီးပွားရေးသမား စိုးမင်းဟန်အား ပစ်ခတ်ခဲ့ရာ သေဆုံးသွားကြောင်း အောင်စည်တော် စစ်ဆင်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။


ယနေ့ ဧပြီလ ၃ ရက်နံနက်ပိုင်းက ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ)ရပ်ကွက်၊ ၁၃၁ လမ်း၊ ၅၃ လမ်းနှင့် ၅၄ လမ်း ကြားတွင်နေထိုင်သော ပြည်ခွန်(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ပြစ်မှုကျူးလွန်မှုများကို အကြမ်းဖက် စစ်တပ်က ကင်းလွတ်ခွင့်အဖွဲ့ဝင်ကဒ်ပေးထားသူ၊ လန်ဒန်ဆေးရုံပိုင်ရှင်၊ Mytel စီးပွားရေး ပါတနာ၊ မန္တလေးမြို့အတွင်း၌ ကျူးကျော်များဟုဆိုကာ ဖျက်သိမ်းရှင်းလင်းရာတွင် အမိန့်ပေးစေခိုင်းသူ၊ ၅၀၀ တန် ထမင်းထုပ်ဦးဆောင်စီစဉ်သူ စိုးမင်းဟန်အား သေနတ်ဖြင့် ၁၁ ချက်ပစ်ခတ်ရာ သေဆုံးသွား ကြောင်း သိရသည်။


“ထွက်ပြေးတယ်၊ လိုက်ပစ်တာ၊ ဓားနဲ့ဝင်လာတဲ့တစ်ယောက်တော့ တစ်ချက်ပစ်ပြီး ကာကွယ်ခဲ့ရတယ်၊ ဒဏ်ရာတော့ ရနိုင်တယ်၊ ခွေးတွေကတော့ အဓိက မစ်ရှင်ဖြစ်သူကိုပဲ ရှင်းခဲ့တာပါ” ဟု အောင်စည်တော် စစ်ဆင်ရေးမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။


ယင်းတိုက်ခိုက်မှုအတွင်း အောင်စည်တော် စစ်ဆင်ရေးရဲဘော်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီနှင့်ပူးပေါင်းပြီး ပြ်သူလူထုအား ဒုက္ခပေးနေသော စခ၊ ရခနှင့် လက်ပါးစေ ထောက်တိုင်များအား တရစပ်ပစ်ခတ်ဖယ်ရှားရှင်းလင်းသွားမည်ဖြစ်ကြောင်း အသိ ပေးထားသည်။





ဆက်ဖတ်ရန် →