နောက်ဆုံးရ
ဘာမှားလဲပြောကြည့်

ဘာမှားလဲပြောကြည့်

စကစရဲ့မအလသမ္မတဖြစ်ရေးအတုအယောင်
ရွေးကောက်ပွဲကို လုပ်လို့ရတဲ့နေရာတွေမှာလုပ်
ပြီးစလွယ်လုပွဲဆင်နွဲတော့မှာပါ

နိုင်ငံရေးသုတေတီအချို့ကဒေါ်အောင်ဆန်းကြည်
တို့ကိုအပြစ်ဒါဏ်လျော့ပြီးအသုံးချလာနိုင်တယ်
သုံးသပ်တာ ဘယ်လိုအတွေးနဲ့သုံးသပ်တာပါလဲ

၂၀၂၀ဖေဖေါ်ဝါရီ မတိုင်ခင်မဲဆွယ်ပွဲကာလထဲက
မအလအာဏာသိမ်းမှာ ဘူးလက် ဝီရသူ မိုက်ကယ်
ကျော်မြင့်တို့လိုသတင်းဦးပြောချင်သူတွေစကား
အရအာဏာသိမ်းမယ်ဆိုတဲ့အရိပ်အယောင်တွေပြ
ထားပြီးသားဖြစ်တယ်၊

မအလမိန့်ခွန်းတွေမှာ အရင်ကစစ်ဘုရင်နာမည်တွေ
ပါမှားပြောတဲ့အထိ စစ်ဘုရင်ရူး ရူးနေတာ အတိအကျ
ပါပဲ၊

လက်ရှိထိုးစစ်တွေလောက်နဲ့ သူမဖြုံပါဖူး
မနေ့ကကရင်ပြည်နယ် တိုက်ပွဲ၂ခုမှာ စခ ၁၀၀သေ
လဲအပြုံးမပျက်ပါဖူး သမ္မတခုံကိုသွားရည်သပ်ရင်း
စိတ်ကူးယဉ်လို့ကောင်းနေဆဲပါပဲ

ဒေါ်စုတို့ကိုလဲလွှတ်စရာမလိုပဲရအောင်နေရာယူမှာ
ပဲဖြစ်တယ်

လွှတ်စရာတလမ်းပဲရှိတယ် USAနဲ့မဟာမိတ်တွေဟာ
ထိုင်းကိုကျော်ပြီးနယ်စပ်ကိုရောက်လာမယ့်အချိန်ပါ၊

လွှတ်ခဲ့ရင်လဲသူတို့ရဲ့အသံကတခုထဲပါ
ကျမတို့ခဏနားမယ် လက်ရှိအခင်းအကျင်းကိုအချိန်
ယူသုံးသပ်မယ် ဆိုပြီး ဘေးထွက်ထိုင်နေယုံပါပဲ
ဝင်ပါလို့လဲမရပါဖူး၊ သူတို့က ပါတီနိုင်ငံရေးလုပ်သူ
တွေပါ၊ PDFရဲ့စစ်ခေါင််းဆောင်နေရာယူမှာမဟုတ်ပါဖူး
လက်ရှိခုခံနေသူတွေကဆက်လက်ခုခံနေတာကိုဝင်
ရောက်စွက်ဖက်မှာမဟုတ်ပါဖူး ဒါထောင်ချောက်ပါ
လေပြေတချက်သွေးတာနဲ့လွတ်လာမယ့် ဒေါ်စုတို့
တဖွဲ့လုံးဂျောက်ထဲကျမှာပါ

တိုက်ကျမယ်ဟေ့ဆိုပြီးဖေဖေါ်ဝါရီတရက်နေ့မှာအတိ
အလင်းစိန်ခေါ်လိုက်တာမအလပါ အဲ့ဒီတော့ပြန်တိုက်
သူတွေအခုဆိုထင်ထင်ရှားရှားတွေ့နေရပြီးတနိုင်ငံလုံး
ဗျောက်သံဝေနေပြီလေ၊

Non violence သမားတွေအတွက်ပွဲကြည့်ပိရိတ်သပ်
ဖြစ်သွားပြီ၊ ထိုင်နေလဲရတယ် ပြန်ချင်လဲရတယ်
Playersတွေက ၁၂ချီပြည့်အောင်ထိုးမှာပဲ
ငါပြန်တော့မယ် နောက်နေ့မှဆက်ထိုးလို့ပြောခွင့်မှမရှိတာ 

နောက်ပြီးအာဏာသိမ်းမယ်ဆိုတာဒေါ်စုကသိလို့
ဦးဝင်းထိန်လက်ထဲစာထည့်ပေးခဲ့တာ မီးစိမ်းပြ
ပေးခဲ့တာ 
တော်လှန်ကားတွေအတွက်မီးစိမ်းပါ
ပါတီကားတွေအတွက်မီးနီပါ

Chance သေးသေးလေးတခုပဲ မအလမှာရှိတယ်
စစ်တပ်ကစစ်တပ်နေရာမှာနေမယ် ပါတီနိုင်ငံရေး
ကထွက်ပေးမယ်ဆိုတဲ့ကတိပဲ ဒါတောင်ဒေါ်စုက
ဆုံးဖြတ်သူနေရာမရပါဖူး ခံတိုက်သူတွေက No
ဆိုသူလဲ လက်ပိုက်ကြည့်နေရမှာပဲ၊

လက်ရှိမှာ မအလ ကအပေါ်ယံလေးဟန်ဆောင်
အုပ်ချူပ်နေတာပါ ဘက်ပေါင်းစုံမှာရှူံးနှိမ့်နေတာပါ
အခုထိနိုင်ငံရေးပါးမဝတဲ့အချက်က 

၁၊ပြည်တွင်းကထောက်ပံ့တာရပ်ရင် PDFတွေငတ်
သေမယ်၊အဲ့ဒီအတွက်ပြည်တွင်းမှာ အဖမ်းကြမ်း
ပစ်ရမယ်ဆိုတဲ့အတွေးပါ၊ လက်သုံးချောင်းခေတ်
မှမဟုတ်တော့တာ လိုက်ဖမ်းလဲ တိုက်ပွဲတိုက်သူက
သပ်သပ်ဆိုတော့ဘာထိရောက်မှာလဲ၊

၂၊သံတမန်ရေးကျဆုံးမှုရဲ့အဓိပ္ပါယ်က တရားမဝင်
မှုပါပဲ တရားမဝင်ဖူးလို့သတ်မှတ်မှုနဲ့ရပ်လိုက်မှာမ
ဟုတ်ပါဖူး၊နိုင်ငံတခုကိုစွက်ဖက်ရာမှာ တနိုင်ငံထဲက
ထင်တိုင်းကျဲလို့မရဖူးမဟာမိတ်တွေသဘောထား
လက်ရှိမှာအာဆီယံထဲက အင်ဒိုနီးရှားစင်္ကာပူမလေး
ရှားနိုင်ငံတွေက ဘယ်လို actionဖြစ်ဖြစ်ပါပြီးသား

ထိုင်းကလဲအေးဆေးပါ တကယ်မဟာမိတ်တွေလာရင်
လမ်းဖွင့်ပေးမှာပါ မဟာမိတ်နဲ့ဂျပန်တိုက်တုံးက၂ဖက်
လုံးကိုနယ်မြေဖြတ်သန်းခွင့်ပြုခဲ့ပြီးစစ်ဘေး ကိုလိုနီ
ဘေးရှောင်နိုင်ခဲ့တဲ့နိုင်ငံတခုပါ၊အခုလဲအဲ့ဒီပေါ်လစီမျိူး
ပဲသုံးမှာပါ၊ မအလကိုလဲစာတကြောင်းပဲပို့လိုက်ရင်
ပြီးတယ်၊ “ခွင့်မပြုရင်ငါ့နိုင်ငံပြာကျမှာပေါ့”

မဟာမိတ်မလာရင်ဘာဖြစ်မလဲ
နွေဦးဘက်တော်သားတွေဆက်တိုက်ပေါ့
တနှစ်နဲ့လဲနိုင်ချင်နိုင်မယ် ဆယ်နှစ် အနှစ်၁၀၀ လဲ
ဖြစ်ချင်ဖြစ်မယ် ကျွန်တော်တို့မျိူးဆက်တခုထဲ
ကြည့်ပြောရင်တောင် ( ၁၉၈၈-၂၀၂၃ ) ၃၅နှစ်ရှိပြီ
တရက်မပျက်ဖူးတိုက်နေဆဲပဲ၊

ဆက်တိုက်ရမှာကိုယ်တွေတာဝန်
ထိုင်ကြည့်ရမှာဒေါ်စုတို့တာဝန်
ကျွန်တော်တို့နိုင်ခဲ့ရင်သူတို့နန်းပြန်တက်ရမယ်
ကြံ့ကြာနေရင် သူတို့ရော ကျွန်တော်ရော
သက်တမ်းစေ့ရင်သေသွားကြမှာ မနက်ဖန်လဲ
သေချင်သေကုန်မှာ အသက်တွေကသဂြိုလ်စက်
ထဲခြေတဖက်ရောက်နေပြီ GZတွေဆက်တိုက်ကြ
လိမ့်မယ်

မအလရဲ့ brain wash ကို ဆပ်ပြာအရည်တင်မက
ချွတ်ဆေးပါအထည့်ခံထားရတဲ့ တဲ့စခတွေ နလပိန်
တုံးနေသ၍ တိုက်ပွဲသံတညံညံဖြစ်နေအုံးမှာပါပဲ

ဒါ ကျွန်တော့်သုံးသပ်ချက်ပါ။
ဘာမှားလဲပြောကြည့်

ရဲရင့်ငယ် ကနေဒါ

စကားမစပ် ကကဟန်ပုံတင်ပြီးဖမ်းခိုင်း
တဲ့ညီမလေး ဘေးကင်းရာ ရောက်သွားပါပြီ
ပို့စ်ပြန်မဖြုတ်သေးတဲ့ရေသည်ကိုသွားနှောက်
လိုက်အုံးမယ်😊 

ကိုယ်တွေက Like&share ကိစ္စတွေစိတ်မဝင်စားဖူး
လွတ်နေတဲ့နေရာရှိရင်ဝင်ဖြည့်ပေးတာ
မနေ့ကဆိုအဆက်အသွယ်တွေရဖို့ တဆင့်ခြင်း
လိုက်ဆက်သွယ်တာ ကကဟန်တင်ထားသူ
အကုန်နီးပါးဆက်သွယ်နိုင်ခဲ့တယ် မနက်၄နာရီ
ထိုးမှအိပ်ရတယ် တယောက်ဆိုရင်အင်တာနက်
မသုံးလို့့ဖုန်းဆက်ပြီးရှောင်ဖို့ပြောနိုင်ခဲ့တယ်၊

စခကိုအနီးကပ်စိတ်ဓါတ်စစ်ဆင်ရေးအင်တာနက်
စသုံးတဲ့အချိန်ကနေအခုအထိလုပ်လာတာ
ကိုယ့်ကိုကျော်တက်သွားတာပန်ဆယ်လိုတယောက်
ပဲရှိသေးတယ် 😌








ဆက်ဖတ်ရန် →
ငွေတောင် ဆိုင်ပိုင်ရှင်မိသားစုများ

ငွေတောင် ဆိုင်ပိုင်ရှင်မိသားစုများ

ငွေတောင်ဆိုင်အလုပ်သမားတွေက
ဆိုင်နောက်က လမ်းထဲမှာ အိမ်ငှား
စုနေတယ်လို့ အကြမ်းဖြင်းသိရ၏
ငွေတောင်ဆိုင်ပိုင်ရှင်က
ငွေတောင်ဆိုင်နဲ့ လေးငါးခြောက်အိမ်
အကွာ မှာ လမ်းမတန်းမှာRCနှစ်ထပ်
အိမ်အကြီးကြီးမှာနေတယ်
အဲဒီအိမ်ရဲ့ ထူးခြားချက်က
အိမ်မျက်နှာစာ မြင်းမိုရ်ပိတ် မှာ
ကွန်ကရစ်ကောနစ်ပန်းနဲ့ ငွေတောင်ပုံ
တောင်တန်းပုံ ပန်းတမော့ လုပ်ထါးသည်၊

ငွေတောင်တရုတ်စာဆိုင်ပိုင်ရှင်ဗိုလ်ကြီး
အောင်ခိုင်ဝင်းမိသားစုနေထိုင်သည့်အိမ်

(ဥက္ကလာပဘုရားမီးပွိုင့်မရောက်ခင် 
၃/၄ အိမ်အလို ၊ အရှေ့ဘက်ခြမ်း)

တိုက်နံပတ်ရေးတဲ့နေရာ ခြံဝမှာလဲ 
ငွေတောင် လို့ရေးထားတယ်




ဆိုင်ပိုင်ရှင်မိသားစုများ







#ငွေတောင်ဇယားမှာပါတဲ့ဒီကောင်က မကွေးတိုင်းမြို့သစ်မြို့နယ်နွားလှကျေးရွာက ဦးကျော်မြိုင် ဒေါ်တစ်ထွာမရဲ့
သားဖြစ်ပါတယ်ရွာမှာ သု့နာမည်ကို ပိစိ လို့ခေါ်ကြတယ်လိုသိရပါတယ် အကိုနှစ်ယောက်။ညီမတစ်ယောက်ရှိ့ပါတယ် 
သူတို့အိမ်ကဝဋ်ကျောင်းဘေးနားမှာပါရွာတန်းရှေလို့လဲ
ခေါ်ပါတယ် သု့ခြေရင်းအိမ်က ဦးပေါ်ဆန်းအိမ်ပါ 
 ရွာလည်ပိုင်းလောက်ဖြစ်ပါတယ်











ဆက်ဖတ်ရန် →
DKBA အမှတ် ၂ နည်းဗျူဟာမှူး ဗိုလ်မှူးကြီးစောအေဝမ်း နေအိမ်ကို အကြမ်းဖက်စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်

DKBA အမှတ် ၂ နည်းဗျူဟာမှူး ဗိုလ်မှူးကြီးစောအေဝမ်း နေအိမ်ကို အကြမ်းဖက်စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်


NCA လက်မှတ်ရေးထိုးထားတဲ့ DKBA နှင့် အကြမ်းဖက် စစ်ကောင်စီ လမ်းခွဲပြီလား
………………………………………
ဇန်နဝါရီ ၂၁

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့၊ပြောင်မထိန်ကျေးရွာအုပ်စု၊ ကြိမ်ချောင်းကျေးရွာရှိ DKBA (ဒေါနအနောက်ခြမ်း)၊ အမှတ် ၂ စစ်ကွပ်ကဲရေးနည်းဗျူဟာမှူး၊ ဗိုလ်မှူးကြီးစောအေဝမ်းရဲ့ နေအိမ်ကို ဒီကနေ့ ဇန်နဝါရီ ၂၁ ရက်နေ့ မနက် ၁ နာရီဝန်းကျင်မှာ အကြမ်းဖက် စစ်ကောင်စီက ဂျက်ဖိုက်တာ တိုက်လေယာဉ် ၄ စီးနဲ့  ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 

တိုက်ခိုက်မှုကြောင့် ဗိုလ်မှူးကြီးစောအေဝမ်းနေအိမ်နဲ့ ဘုရားကျောင်းဆောင်ကို အပါအဝင်၊ အနီးဝန်းကျင်ရှိ အဆောက်အအုံများ၊ အလုပ်သမားတန်းလျားများ ဗုံးထိမှန် ပျက်စီးခဲ့ပါတယ်။ 
အလုပ်သမားတန်းလျားတစ်ခုနဲ့ DKBA ဗိုလ်မှူးကြီးရဲ့ နေအိမ်ခြံဝန်းအတွင်းက အဆောက်အအုံ ၂ လုံး လုံးဝ ပြိုကျပျက်စီးသွားခဲ့ပါတယ်။

DKBA ဗိုလ်မှူးကြီးစောအေဝမ်းရဲ့ နေအိမ်ကို လေယာဉ်ပေါ်မှ ပွိုင့်ဖိုက်စက်လက်နဲ့ပါ ပစ်ခတ်ထားတာကြောင့် နေအိမ် တစ်ခုလုံး မွစာကြဲ ပျက်စီးနေတာ တွေ့ရပါတယ်။ 
ပျက်စီးနေတဲ့ ဗိုလ်မှူးကြီးစောအေဝမ်းရဲ့ နေအိမ်အတွင်းမှာ ဗိုလ်မှူးကြီး စောအေဝမ်းနဲ့ အကြမ်းဖက်စစ်ကောင်စီ ဒုဥက္ကဋ္ဌ စိုးဝင်းတို့ ယခင် NCA ငြိမ်းချမ်းရေး ဆွေးနွေးပွဲကာလတုန်းက ရိုက်ကူးထားတဲ့ ဓာတ်ပုံနဲ့  စစ်ကောင်စီ ငြိမ်းချမ်းရေးဥက္ကဋ္ဌ ရာပြည့်တို့နဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေဟာလည်း ကျည်ဆံထိမှန်ထားပြီး ပျက်စီးနေတာ တွေ့ခဲ့ရပါတယ်။

စစ်တပ်အာဏာမသိမ်းခင် ၂၀၂၀ ပြည့်နှစ် ကိုဗစ်ကာလတုန်းက ကိုဗစ်ကာကွယ်တားဆီးရေးလုပ်ငန်းတွေမှာ ပါဝင်ကူညီဆောင်ရွက်ပေးခဲ့တဲ့ ဗိုလ်မှူးကြီးစောအေဝမ်းဆီကို အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးရဲ့ လက်မှတ်နဲ့ ပေးပို့ထားတဲ့ ဂုဏ်ပြုလွှာတစ်စောင်ကိုလည်း နေအိမ်ကြမ်းပြင်ပေါ်က အပျက်အစီးတွေကြားမှာ တွေ့မြင်ခဲ့ရပါတယ်။ 

DKBA အမှတ် ၂ နည်းဗျူဟာမှူး ဗိုလ်မှူးကြီးစောအေဝမ်းဟာ ဘုရားသုံးဆူဒေသမှာ ဘုရားစေတီတွေ၊ ဘုန်းကြီးကျောင်းတွေ၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေအမြောက်အမြား ဆောက်လုပ်လှူဒါန်းခဲ့သူဖြစ်သလို၊ ဘုရားသုံးဆူဒေသတွင်းက ကျေးရွာသူကျေးရွာသားတွေအတွက် စာသင်ကျောင်းတွေ၊ ဆေးပေးခန်းတွေအများအပြား ဆောက်လုပ်လှူဒါန်းပေးထားခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ 

“ဗိုလ်မှူးအေဝမ်းက စိတ်ကောင်းနှလုံးကောင်း အင်မတန်ရှိတဲ့သူပဲ။ ကျနော်တို့ ဒေသမှာ သူဆောက်ပေးထားတဲ့ စာသင်ကျောင်းတွေ ဆေးပေးခန်းတွေကြောင့် ဒေသတွင်းမှာ ပညာရေး၊ ကျန်းမာရေးတွေ ဖွံ့ဖြိုးလာတာ။ ဘုရားရှိခိုးကျောင်းတွေ၊ ဘုရားစေတီတွေ၊ ဘုန်းကြီးကျောင်းတွေလည်း သူဆောက်ပေးထားတာ မနည်းဘူး။ ဒေသခံတွေက သူ့ကို အတော်လေး အားကိုးယုံကြည်ကြတယ်” လို့ ဘုရားသုံးဆူမြို့၊ ကြိမ်ချောင်းရွာက ဒေသခံတစ်ဦးက ပြောပြပါတယ်။

လေကြောင်းတိုက်ခိုက်မှုကနေ ဗိုလ်မှူးကြီးစောအေဝမ်းနဲ့ မိသားစုတွေ လက်မတင်လေးလွတ်မြောက်ခဲ့တယ်လို့လည်း သိရပါတယ်။

ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) ဟာ NCA ငြိမ်းချမ်းရေးစာချုပ်မှာ လက်မှတ်ရေးထိုးထားခဲ့ပြီးအကြမ်းဖက်စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးမှု တွေရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေ ရှိပါလျက်နဲ့ အခုလို လေကြောင်းကနေ အလစ်အငိုက် ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်လာတာဟာ အကြမ်းဖက်စစ်ကောင်စီအနေနဲ့ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် DKBA နဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှုကို တစ်ဖက်သတ်ချိုးဖောက်လိုက်တာလို့ ဆိုရမှာ ဖြစ်ပါတယ်။
……….
နောင်ဘို
#ငွေမောင်းသံ မီဒီယာ




ဆက်ဖတ်ရန် →
ညောင်ဦးတွင် အမျိုးသမီးများကို ဖမ်းဆီး မုဒိမ်းကျင့်သူ စစ်အရာရှိ ဗိုလ်ကြီး မျိုးညီ

ညောင်ဦးတွင် အမျိုးသမီးများကို ဖမ်းဆီး မုဒိမ်းကျင့်သူ စစ်အရာရှိ ဗိုလ်ကြီး မျိုးညီ

ညောင်ဦးတွင်  အမျိုးသမီး ၁၀ ဦးကျော်ကို  PDF ထောက်ပံ့သည်ဟုဆိုကာ စစ် တပ်က စွပ်စွဲ ဖမ်းဆီး ပြီး စစ်ကြောရေး တွင် မုဒိမ်းကျင့် 

--------------------------------------------------------------

▪️ မုဒိမ်းကျင့်သူများ တွင် စစစ အရာရှိ နောင်မင်းလတ်၊ ဗိုလ်ကြီး မျိုးညီ၊ စရဖ အရာရှိ တင်ထွန်းအောင် တို့ပါဝင်


ရန်ကုန်၊ ဇန်နဝါရီ ၂၀ ခေတ်သစ်


မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တွင် အသက် ၂၀ အရွယ် အမျိုးသမီး ၁၀ ဦး ကျော် ကို PDF ထောက် ပံ့ သည်ဟု စွပ်စွဲကာ စစ်တပ်က ဖမ်းဆီးခဲ့ပြီး  အဆိုပါ အမျိုးသမီးများကို စစ်ကြောရေးတွင် စစ်တပ်ဘက်မှ စစ်ဆေးသော အရာရှိ များ က  ဖမ်းဆီးခံ အမျိုးသမီး တချို့ကို မုဒိမ်းကျင့်မှုများ ကျူး လွန် ကြောင်း သိရှိရသည်။


ဇန်နဝါရီလအတွင်း ညောင်ဦးမြို့နယ်တွင် အသက် ၂၀ ကျော် အမျိုးသမီး ၁၀ ဦး ကျော်ကို အကြမ်းဖက် စစ်တပ်၊ ညောင်ဦးမြို့နယ် အထူးစုံစမ်း စစ်ဆေး ရေး ဦးစီးဌာန (စစစ)နှင့် စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) တို့က ပူးပေါင်း ဖမ်းဆီးလိုက်ပြီး ဖမ်းဆီးရာတွင် PDF များကို ထောက်ပံ့သည်ဆိုသော စွပ်စွဲ ချက်ဖြင့် ဖမ်းဆီးကြောင်း၊ ယင်းသို့ ဖမ်းဆီးပြီးနောက် စစ်ကြောရေးတွင် အမျိုး သမီးများကို စစ်ကြောရေးလုပ်သူ စစ်တပ်အရာရှိများက မုဒိမ်းကျင့် ခြင်း ဖြစ်ကြောင်း သိရှိရသည်။ 


ဖမ်းဆီးခံအမျိုးသမီးများကို မုဒိမ်းကျင့်မှု ကျူးလွန်သူများတွင်  ညောင်ဦး မြို့ နယ် စစစ အရာရှိ နောင်မင်းလတ်၊ အကြမ်းဖက်  စစ်တပ်မှ ဗိုလ်ကြီး မျိုးညီ၊ စစ်ဘက်ရေးရာလုံခြုံရေးအရာရှိ တင်ထွန်းအောင်တို့ပါဝင်ကြောင်း သိရှိရသည်။ 


"ညောင်ဦးမြို့ပေါ်မှာ စကစ က အမျိုးသမီး ငယ်တွေ ကို အဓိကထားပြီး ဖမ်း ဆီး နေပါတယ်။ အမျိုးသမီးငယ် ၁၀ ထက်မနည်း အဖမ်းခံထားရပါတယ်။ ကျောင်းဆရာမလေး ၊ NGO မှာ အလုပ်လုပ်တဲ့  ညီ အမ ၃ ဦး ကို လွန်ခဲ့သော တပတ်ခန့်က PDF ထောက်ပံ့တယ် ဆို ပြီး ဖမ်းသွားတယ်။ အဓိက အမျိုးသမီး ငယ်တွေကိုပဲ ဦးစားပေး အဓိက ဖမ်းနေပါတယ်။ စားသောက်ဆိုင် ပိုင်ရှင် ရဲ့ သမီးငယ်ကို လည်း ၅၀၅ က နဲ့ စွဲချက်တင်ပြီး ထောင် ၃ နှစ်ချမှတ် လိုက် တယ်။ အခြား အမျိုးသမီးလည်း ဖမ်းဆီးခံရတယ်။ အကုန်လုံးတော့ အမည်တွေ မသိရ သေးဘူး။ နောက်ပြီး ဖမ်းဆီးခံရတဲ့ အမျိုးသမီးတချို့ကို စစ်ကြောရေးမှာ လိင် ပိုင်း ဆိုင်ရာ စော်ကားမှုတွေပြုလုပ်ပြီး မုဒိမ်းပြုကျင့် မှုတွေ ရှိတယ်လို့ သိရ ပါတယ်" ဟု ပုဂံပြည် ဘီလူးတပ်မှ တာဝန်ခံ တစ်ဦး ကပြောဆိုသည်။ 


ရန်ကုန်ခေတ်သစ်အနေဖြင့် စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဇော်မင်းထွန်း၊ ညောင် ဦး မြို့နယ် စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများက တရားဝင် ဆက်သွယ်၍ စစ်တပ်က စစ်ကြောရေးတွင် အမျိုးသမီးများကို မုဒိမ်းကျင့်မှု ရှိနေသော သ တင်းများအပေါ် မေးမြန်းရန် ကြိုးစားခဲ့သော်လည်း အဆက်အသွယ်မရရှိပေ။

ညောင်ဦးတွင် အမျိုးသမီးများကို ဖမ်းဆီး မုဒိမ်းကျင့်သူ စစ်အရာရှိ ဗိုလ်ကြီး မျိုးညီ



ဆက်ဖတ်ရန် →
MLM လိမ်တယ်ဆိုတာတော်ရုံရှက်ကြောပြတ်နဲ့မရဖူး

MLM လိမ်တယ်ဆိုတာတော်ရုံရှက်ကြောပြတ်နဲ့မရဖူး

Pyramid Schemes များသည် MLM နည်းဗျူဟာတစ်ခုအဖြစ် အသွင်ယူထားသော လိမ်လည်လှည့်ဖြားသော အစီအမံများဖြစ်သည်။
 ကနေဒါအစိုးရက MLMကို ခေတ်သစ်စီပွါးရေးစနစ်တခု
အဖြစ်လက်ခံသော်လည်း ပစ်ရမစ် စီးပွါးရေးစနစ်ကို
တားမြစ်ထားတယ် ဆိုလိုချက်က MLMအမည်ခံပြီး
ပစ်ရမစ်ဆန်ဆန်ရောင်းချရင်အရေးယူခံရမယ်လို့ဆိုလို
တာပါ

ဘာလို့ပစ်ရမစ်စနစ်ကိုပိတ်ရတာလဲ

၂၀၀၀ခုနှစ်က အော့တာဝါကမြန်မာလင်မယား၂ယောက်
တိုရန်တိုမှာ လာရောင်းတယ် ကိုယ်ရောက်သွားချိန်မှာ
အယောက်၂၀ လောက်ဝယ်ပြီးပြီ တယောက်$၁၀၀၀
ဆိုတော့ $၂၀၀၀၀ လောက်ခိုင်နေပြီ ပစ္စည်းတန်ဖိုးက
$၂၅၀ထက်မပိုပါဖူး မကြားဖူးတဲ့ရောင်းမထွက်တွေ၊

သူရှင်းပြတာနားထောင်ရင်း ဘော့ပင်တလက်နဲ့လိုက်
တွက်တယ် အဆင်မပြေဖူး

ကိုယ်က၁၀၀၀ဖိုး ၂ယောက်ကိုရအောင်ရောင်းရမယ်
သူတို့ကလဲ၂ယောက်စီထပ်ရောင်းရမယ်
ကိုယ်ကစရေလို့ ပစ်ရမစ်တခုစာပြည့်ရင် အပတ်စဉ်
ပိုက်ဆံရမယ်၊ လောလောဆယ်တော့ $၇၅၀ဆုံးပြီ၊

ပစ်ရမစ်တခုစာကလဲဘယ်တော့မှပြည့်လာမှာ
မဟုတ်ဖူး ဘောကန်သလိုပေါ့ နောက်တန်းကကန်မတင်
ပဲရှေ့တန်းကဂိုးသွင်းခွင့်ရမှာမဟုတ်ဖူး

ပစ်ရမစ်treeထဲက တဆင့်ဆင့်မှာရပ်တာနဲ့ပိုက်ဆံမရဖူး
ရချင်ရင် ဘယ်သူဘယ်ဝါမှန်းမသိတဲ့သူကို ၂ယောက်
ပြည့်အောင်ရောင်းပေးဖို့ သွားပြောရမယ်

မြန်မာလင်မယားက တပတ်အကြာမှာသူတည်းတဲ့
အိမ်ရှင်ဘဏ်ထဲ ကုမ္ပဏီအကောင့်ကနေ $၁၅၀ လွှဲ
ပေးလိုက်ပြီးလာသမျှလူကိုပြတယ် နောက်တလဆို
အပတ်စဉ်သူဘယ်လောက်ရတော့မှာဆိုပြီးဆွယ်တယ်

အံမယ် သူတင်ပြတဲ့ presentation မှာတလ $၂၀၀၀၀
ရတဲ့သူတောင်ပါသေး😂

ဘာပဲဖြစ်ဖြစ် ၂၅၀တန်၁၀၀၀ရအောင်ရောင်းဖို့
တော်တော်နလပိန်းတုံးတဲ့သူကိုလိုက်ရှာရမှာ
အဲ့နလပိန်းတုံးကလဲသူထက်နလပိန်းတုံးတဲ့သူ
ကိုထပ်ရှာပြီး ၂၅၀တန်၁၀၀၀ရအောင်ရောင်းရမယ်
ဘယ်လိုမှအဆင်မပြေနိုင်တဲ့စျေးရောင်းနည်း
အဲ့လင်မယားကလဲ treeတခုပြည့်စရာမလိုပါဖူး
 
အယောက်၂၀ဆို ၂၀၀၀၀ခိုင်လဲ အဆင်ပြေတယ်

အံမယ် ကိုယ့်ကတရုတ်စကားတတ်လို့ ချိုင်းနား
တောင်း ကတရုတ်မြန်မာတွေကိုရောင်းပေးဆိုပဲ

အဲ့တာနဲ့ အိမ်ရှင်ကျွေးတဲ့ မုန့်ဟင်းခါးအဝစားပြီး
ပြန်လာလိုက်တယ်

ငွေဆိုတာကြိုက်သင့်တယ် 
ပစ္စည်းတခုဟာ ၁၅%ထက်အမြတ်တင်ရောင်းရင်
ရေရှည်တည်တံ့တဲ့လုပ်ငန်းဖြစ်မလာဖူး
လူလိမ်ဆိုတာကလဲတပွဲတိုးလုပ်တာ
ယုံအောင်ပြောတတ်တဲ့ ပါးစပ်ကိုပိုင်တယ်
၂၅၀တန်ကို၁၀၀၀ရအောင်ပြောရောင်းတာနည်းတဲ့
ပါးစပ်ပေါက်မဟုတ်ဖူး ၄၂၀အကြီးစားတွေ

လိမ်တဲ့သူဆိုတာ ရအောင်လိမ်မှာပဲ
မိမိကအလိမ်မခံရဖို့ပဲ

စိတ်ထဲမှာဘာဖြစ်လိုက်လဲဆိုတော့ ဘာလို့သူ့ဆီက
ဝယ်မလဲ ကုမ္ပဏီတိုက်ရိုက်ဆက်ပြီး သူ့လိုပဲကိုယ်
စားလှယ်ဟန်ဆောင်ပြီး သူရောင်းသလိုရောင်းပဲ
ရောင်းမှာပေါ့ဆိုတဲ့အသိဝင်တယ် ဒါပေမယ့်မလုပ်ပါဖူး
သူများကိုတခါလိမ်မိရင်အဲ့တညလုံးအိပ်မရဖူး
လိမ်တယ်ဆိုတာတော်ရုံရှက်ကြောပြတ်နဲ့မရဖူး
ကြိုက်သလောက်အပြစ်တင် ပြုံးခံပြီးစောက်ကြော
တင်းနိုင်မှရမှာ၊ 

ဟိုတယောက်လိုပေါ့ ချေးထားတဲ့ပိုက်ဆံပြန်တောင်း
တော့အသားသာလှီးယူသွားပါတဲ့ မခက်ဖူးလား😌

.




ဆက်ဖတ်ရန် →

သပွတ်အူနိုင်ငံတော်

အခုအချိန်မှာ ဒီနိုင်ငံက မြေပုံပေါ်မှာကမ္ဘာက
အသိအမှတ်ပြုထားတဲ့တစ်ပြည်ထောင်စုပါ
ခွဲထွက်တယ်ဆိုတာ မသင့်လျော်တော့ဖူး
ဒါပေမယ့် မခွဲထွက်နိုင်ဖို့ မျှတမှုလိုတယ်
တချိန်လုံး မဘသ လုပ်နေလို့မရဖူး

သမိုင်းအပေါ်မှာရိုးသားရမယ်
အားလုံးကအမှန်ကိုလက်ခံရမယ်

ရှမ်းဆိုရင်စော်ဘွားတွေဟော်နန်းတွေနဲ့နေတယ်
ကချင်ချင်းရခိုင်မွန် သူ့ခေါင်းဆောင်နဲ့သူ
သူ့နယ်နဲ့သူနေနေတယ်

အလယ်ပိုင်းဒေသအပူပိုင်းဒေသမှာ ဗမာ
( ဗ နေရာမှာ မ ထည့်ခေါ်ရင်းမြန်မာလို့လဲသိကြတယ်)
တွေနေတယ်၊ အကုန်မဲမဲသဲသဲလေးတွေ😊

ဟိုတိုက်လိုက်ဒီတိုက်လိုက် ကလေးတွေစွတ်မွေးလိုက်
နဲ့ ဗမာပိုင်တဲ့နယ်ကကျယ်လာပြီး ကမ္ဘာကလဲ Burma
လို့ပဲ ခေါ်ကြတယ် အင်္ဂလိပ်မဝင်အထိ အတူတူတွဲ
တိုက်ခဲ့ကြတဲ့အချိန်တွေလဲရှိခဲ့တယ် 

အင်္ဂလိပ်ကအကုန်သိမ်းလိုက်ပြီး Burma လို့ပေါင်း
ခေါ်ခဲ့ပေမယ့် ဗမာဘုရင်တွေ မပိုင်တဲ့နေရာတွေ
ကအင်္ဂလိပ်မဝင်ခင်ထဲကသပ်သပ်ရှိတယ်

ဒီသမိုင်းကြောင်းကို အင်္ဂလိပ်ကသိထားတော့
လွတ်လပ်ရေးတောင်းချိန်မှာ တောင်တန်းတွေက
ဗမာပိုင်တာမဟုတ်ဖူးလုပ်ပြန်ရော

အဲ့အချိန်မှာသူ့ကျွန်မခံလိုသူတွေပေါင်းစည်းချိန်
ဆိုတော့ ပင်လုံစာချူပ်ကိုချူပ်ဆိုပြီး လွတ်လပ်
ရေးရခဲ့တယ် ကံဆိုးချင်တော့ လွတ်လပ်ရေးရ
တာတောင်ဗိုလ်ချူပ်မသိလိုက်နိုင်ခဲ့ဖူး

သူသာရှိရင်ကိုယ်ကြိုးမရှာတတ်သူမို့ ပိုင်ဆိုင်လို
ချင်စိတ်မရှိသူမို့ ပင်လုံစာချူပ်နောက်ကွယ်က
ကိစ္စတွေသူရအောင်ရှင်းနိုင်မှာ
ခွဲနေတာမဟုတ်ပဲ တွဲနေနိုင်တဲ့ပုံစံတခုရအောင်
သူဖန်တီးမှာအမှန်ပဲ

မြန်မာကိုမြန်မာချင်းတောင်ပြန်နှိပ်စက်တဲ့နေဝင်း
အာဏာလုလိုက်ချိန်မှာ ကချင်နဲ့ရှမ်းပြည်နယ်တွေ
ရဲ့မျှော်လင့်ချက်တွေပျက်ခဲ့ရတယ်

ဒီ့နောက်ပိုင်းဆွေးနွေးကြတဲ့အခါ ကိုယ့်ကြမ္မာ ကိုယ်
ဖန်တီးခွင့်ဆိုတဲ့အသုံးအနှုန်းကခေတ်စားတယ်၊

ဆိုရှယ်လစ်ခေတ်မှာအဲ့ဒီဖန်တီးခွင့်မရခဲ့ဖူး
လက်နက်စွဲကိုင်တော်လှန်ခဲ့တာဒီအချိန်အထိပဲ

ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ဆိုတဲ့အသုံးအနှုန်းအစား
ဖက်ဒရယ် ဒီမိုကရေစီနဲ့အစားထိုးခဲ့တယ် 

အဓိပ္ပါယ်အတူတူပါပဲ
မြန်မာ့နည်းမြန်မာ့ဟန်ဖက်ဒရယ်ဒီမိုကရေစီဆိုပြီး
ပြောကြရာမှာဘယ်အချက်ကိုကိုင်စွဲပြောကြတာလဲ

ရှောင်မရတဲ့အချက်က ဗဟိုအစိုးရက မြန်မာအများစု
နေတဲ့နေရာကမဲတွေနဲ့ဗမာပါတီတွေကပဲနိုင်မှာ
ဒီနေရာမှာပြည်နယ်အစိုးရလုပ်ပိုင်ခွင့်နဲ့ ဗမာသမ္မတ
ကအုပ်ချူပ်တဲ့ဗဟိုအစိုးရကပြည်နယ်တွေဆီကို
ရပိုင်ခွင့်တွေဘယ်လိုပေးရမယ်ဆိုတဲ့ကတိတွေ
ဖွဲ့စည်းပုံမှာပြဌာန်းပြီးဖြစ်ရမယ်

မြန်မာများလို့မြန်မာနိုင်ငံလို့အလွယ်ခေါ်ခဲ့ကြတာ
အပေါ်မှာ အခြားတိုင်းရင်းသားတွေရဲ့သဘောထား
ကိုလဲရှင်းရှင်းလင်းလင်းသိသင့်တယ်

အမှန်ကိုလက်ခံပြီးမှ ဘယ်လိုရှေ့ဆက်ကြမယ်
ဆိုတာဆက်ဆွေးနွေးလို့ရမယ် 
ကချင်ဟာမြန်မာလူမျိူးပါတို့
အဖေနဲ့သားပုံစံချိုးတာတို့ လုပ်နေသ၍
 ပြည်တွင်းစစ်ကရှိနေအုံးမှာပဲ

သပွတ်အူနိုင်ငံတော်လေ။
ဆက်ဖတ်ရန် →
"အရည်အချင်းမရှိဘဲ ဘာကြောင့် သမ္မတ ဖြစ်ချင်တာလဲ" ဟု မင်းအောင် လှိုင် ကို  အင်ဒိုနီးရှားဝန်ကြီး၊ ဗိုလ်ချုပ်ကြီးဟောင်း  Luhut Panjaitan မေး ခွန်း ထုတ်၊ အင်ဒိုနီးရှားစစ်တပ်ကို နမူနာ ယူရန် တိုက်တွန်း

"အရည်အချင်းမရှိဘဲ ဘာကြောင့် သမ္မတ ဖြစ်ချင်တာလဲ" ဟု မင်းအောင် လှိုင် ကို အင်ဒိုနီးရှားဝန်ကြီး၊ ဗိုလ်ချုပ်ကြီးဟောင်း Luhut Panjaitan မေး ခွန်း ထုတ်၊ အင်ဒိုနီးရှားစစ်တပ်ကို နမူနာ ယူရန် တိုက်တွန်း

ရန်ကုန်၊ ဇန်နဝါရီ ၁၉  ခေတ်သစ်

မြန်မာနိုင်ငံမှ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေဖြင့် "အရည် အချင်း မရှိဘဲ ဘာ ကြောင့် သမ္မတဖြစ်ချင်တာလဲ" ဟု  အင်ဒိုနီးရှားအစိုးရ၊ ရေ ကြောင်း နှင့် ရင်းနှီးမြှုပ်နှံဆိုင်ရာ ဝန်ကြီး လည်းဖြစ်၊ အင်ဒိုနီးရှား တပ်မ တော် မှ ဗိုလ်ချုပ်ကြီးဟောင်းလည်း ဖြစ်သူ  Luhut Panjaitan က မေးခွန်း ထုတ် လိုက် ကြောင်း သိရှိရသည်။ 

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် စီးပွားရေး ပိတ်ဆို့အရေးယူမှုများနှင့် ပြည်တွင်းစစ်များ ပိုမိုဆိုးရွား လာခြင်း ကြောင့်  ယိုယွင်းနေသည့် နိုင်ငံကို  အရည် အချင်းပြည့်မီသော ခေါင်းဆောင် များ အုပ်ချုပ်ခွင့် ပေးရန်နှင့် မြန်မာ စစ်တပ် အနေဖြင့် နိုင်ငံရေးမှ နောက်ပြန်ဆုတ်ရန်  အင်ဒိုနီးရှား ဗိုလ်ချုပ်ကြီး ဟောင်းက တိုက်တွန်းသည်။

မြန်မာစစ်တပ်အနေဖြင့် အင်ဒိုနီးရှား၏နမူနာကို ယူသင့်ကြောင်း၊ အင်ဒိုနီးရှား တွင် စစ်တပ်က လွန်ခဲ့သောဆယ်စုနှစ်များအတွင်း နိုင်ငံရေးမှ ဆုတ်ခွာသွား သည့် လမ်းကြောင်း လိုက်နာသင့်ကြောင်း ၎င်းက ဆိုသည်။ 

“အစိုးရထဲမှာ စစ်ဘက်ကလူတွေ အများကြီးရှိနေတာပဲ။  ဒါပေမဲ့ အရည်အချင်း မရှိဘဲ  သမ္မတဖြစ်ချင်လို့ရမလား။ အရည်အချင်းရှိတဲ့သူ အုပ်ချုပ်ပါစေ" ဟု ဆွစ်ဇာလန်တွင်ပြု လုပ် သည့် ကမ္ဘာ့ စီးပွား ရေးဖိုရမ်တွင် မြန်မာစစ် ခေါင်း ဆောင် မင်းအောင်လှိုင်ကို ရည်ညွှန်း၍ အင်ဒိုနီးရှား ဝန်ကြီး က ထောက်ပြ ပြောဆိုသည်။ 

အင်ဒိုနီးရှားနိုင်ငံတွင် ၁၉၆၆ ခုနှစ် အာဏာသိမ်းခဲ့သော စစ်ဗိုလ်ချုပ်ဟောင်း ဆူ ဟာ တိုကို ၁၉၉၈ ခုနှစ်တွင် ဖြုတ်ချပြီးနောက် ဒီမိုကရေစီသို့ ပြန်လည် ရောက် ရှိခဲ့ပြီး အင်ဒိုနီးရှား စစ်တပ်သည် နိုင်ငံ ရေးမှ လုံး၀ ထွက်ခွာသွားခဲ့သည်။


ဆက်ဖတ်ရန် →
မြန်မာနိုင်ငံကို ဘော်စနီးယား စတိုင်လ် No-fly-zone သတ်မှတ်ရေး ခရီးစဉ်

မြန်မာနိုင်ငံကို ဘော်စနီးယား စတိုင်လ် No-fly-zone သတ်မှတ်ရေး ခရီးစဉ်

ပင်တဂွန်က Eileen Laubacher နှင့် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Donald Lu ဘင်္ဂလားဒေ့ရှ် နိုင်ငံသွားကြတယ်။ မြန်မာနိုင်ငံကို ဘော်စနီးယား စတိုင်လ် No-fly-zone သတ်မှတ်ရေး ခရီးစဉ်လို့ ပြောနေကြတယ်။ အဲ့ဒီအချိန်နဲ့ ကွက်တိမှာပဲ ကြင်စိုးရဲ့ လေတပ်က ကသာ မိုးတားလေး ရွာကို ရွာလုံးကျွတ် ဗုံးမိုး ရွာပစ်လိုက်တယ်။ အလှူ ရှိတဲ့အချိန် မို့လို့ ရွာသားတွေ တော်တော် ထိကြတယ်။ တက်လာတဲ့ ပုံတွေကလည်း မမြင်ရက်စရာတွေ။

ကသာ နယ်မြေက NUG နဲ့ မဟာမိတ် KIO ရဲ့ ထိန်းချုပ်မှုအောက်ကို ရာနှုန်းပြည့် နီးပါး ရောက်ပြီးသား။ အခွန်တောင် ကောက်နေတာ ကြာပြီ။ “ဖိုး - သရီး - သရီး” အခွန် စံနစ် ဆိုတာကို NUG က သုံးတယ်။ ပြည်ထောင်စု အတွက် ၃၀%၊ ပအဖ အတွက် ၄၀%၊ ပကဖ အတွက် ၄၀% သုံးတယ်တဲ့။ တကယ်တော့ ပြည်ထောင်စုဆိုတာ MoD အတွက် အများဆုံး သုံးတာပါပဲ။  မြို့နယ် ၄၀ နီးပါးကို NUG ရဲ့ အခွန်စံနစ် သုံးနေပြီ။ ၂၀၂၂ နှစ်လည်က စပြီးတော့ လည်ပါတ်နေပြီ ဖြစ်တဲ့အတွက် စံနစ်လည်း တော်တော် ကျနေပြီတဲ့။ 

ကြင်စိုးရဲ့ တပ်တွေ ကသာဝန်းကျင်ကို စစ်ကြောင်းပြန်ထိုးတာမှာ တော်တော် အထိနာနေသတဲ့။ လက်နက်ကိုင်ချင်း မနိုင်တော့ ထုံးစံအတိုင်း ရွာတွေကို ဗုံးကျဲပစ်လိုက်တာပဲ။ တနိုင်ငံလုံး အနှံ့ အဲ့လို ကျဲနေတာပါပဲ။ ဒါကြောင့်လည်း ဒီရက်ပိုင်းမှာ No Fly Zone, Limited Fly Zone ဆိုတဲ့ အသံတွေ ထွက်လာတာပဲ။ UN ရဲ့ Resolution နောက်ဆက်တွဲ လာဖို့ ရှိသလို US ရဲ့ BURMA Act ကလည်း အွန်သဝေး မို့လား။

ဘောဇိတွေက သိတယ် ဂျပေါင်ကု လက်ထက်မှာ “ချွေတာစုဆောင်း သူဌေးလောင်း” တော့ ဖြစ်မှာ မဟုတ်ဘူး “ချွေတာစုဆောင်း ျင်ဟောင်းလောင်း” ပဲ ဖြစ်မယ် ဆိုတာကို။ တော်လှန်ရေး ပြီးတဲ့ အချိန် အက်ဒီ အခွန်စလစ်တွေနဲ့ ရှင်းကြရမှာပဲမို့ လိုလိုလားလား အခွန်ဆောင်ကြသတဲ့။ “ဂျပုပေးငွေ ကြက်သောက်ရေ၊ နတ်အုန်းရွှေချ ပြန်မရ” ဆိုသလို ကြင်စိုးဆီကနေ ဂွင် ဝေးလို့ နောင်တနဲ့၊ ဒုက္ခတွေပဲ ရကြမှာကိုး။

ဒါကြောင့်လည်း ခုဆို NUG-MoPFI က ထုတ်ရောင်းမယ့် ကွန်ဒို အသစ်ကို ကြိုရောင်းကိုးက ဒေါ်လာ ၄ သန်းဖိုး ရှိပြီ။ ဂျပေါင်ကုရဲ့ ကျဆုံးခန်း နီးလေ ဒီဖက်က သွက်လာ၊ တက်လာလေပဲ မို့လား။ ဘောဇိ များအတွက် မိုးကုတ်ရတနာမြေ လုပ်ကွက်တွေ ချရောင်းဦးမှာ။ အကျိုးအမြတ်များမှာမို့ ဝယ်ကြမှာပဲ။

ဒီဖက်က ဝင်သမျှက ဂျပေါင်ကုအတွက် ကျည်တွေ၊ ဆူးတွေ၊ မီးတွေ ပါပဲ။ ဘောဇိတွေတင်လား ဆိုတော့ မဟုတ်ဘူး။ တပ်တွင်း ဖရဲသီးတွေကလည်း ပေါမှပေါ။ နိုင်မြင်းကို ရွေးလောင်းတဲ့ ခေတ်မှာ နိုင်မြင်းအပေါ် ပုံကြပြီပေါ့ဗျား။

ဆို့စ် - ကျူးလိပေါင် သတင်းစဉ် (နိုင်မြင်းတို့၏ ဒဏ္ဍာရီ ကဏ္ဍ)


ဆက်ဖတ်ရန် →
မူးယစ်ဆေးဝါးအမှုအပါအဝင် အခြားဆက်စပ်တဲ့အမှုများနဲ့ဖမ်းဆီးရမိတဲ့ထွန်းမင်းလတ်နဲ့အပေါင်းပါများကိုဇန်နဝါရီ၂၃ရက် တရားရုံးထုတ်မယ်လို့သိရ

မူးယစ်ဆေးဝါးအမှုအပါအဝင် အခြားဆက်စပ်တဲ့အမှုများနဲ့ဖမ်းဆီးရမိတဲ့ထွန်းမင်းလတ်နဲ့အပေါင်းပါများကိုဇန်နဝါရီ၂၃ရက် တရားရုံးထုတ်မယ်လို့သိရ

ဇန်နဝါရီ၁၉ရက်

မူးယစ်ဆေးဝါးအမှုအပါအဝင် အခြားဆက်စပ်တဲ့အမှုများနဲ့ဖမ်းဆီးရမိတဲ့ထွန်းမင်းလတ်နဲ့အပေါင်းပါများကိုဇန်နဝါရီ၂၃ရက် တရားရုံးထုတ်မယ်လို့သတင်းရရှိပါတယ်။

ဇန်နဝါရီ၁၉ရက်မှာ ထိုင်းရေးရာကျွမ်းကျင်သူ ဦးစတီဗင်စန်းယုကဆိုထားပါတယ်။

"မင်းအောင်လှိုင်လူယုံ ထွန်းမင်းလတ်နှင့် သူ့ရဲ့အတွင်းရေးမှုး၊ စစ်တပ်ခန့် ထိုင်းအထက်လွှတ်တော်အမတ် ဥပကစ်ရဲ့ သမက်နှင့် သူ့ရဲ့အတွင်းရေးမှုးတို့ကို သန်ဘက်ခါ၊ ဇန္နဝါရီလ ၂၃ ရက်နေ့မှာ ရုံးထုတ်ပါလိမ့်မယ်"လို့ဖော်ပြထားပါတယ်။

စစ်တပ်ခန့် အထက်လွှတ်တော်အမတ် ဥပကစ်က သူ့သမက်ကို လောလောဆယ် တရားခံစာရင်းထဲမထည့်ဘဲ အပြစ်မရှိသေးသူစာရင်းထဲ (သံသယရှိသူအဆင့်မှာသာ) မှာသာထားပေးဖို့တောင်းဆိုတာကို တရားရုံးက လက်မခံပါယ်ချခဲ့ပါတယ်။ 

ဒါ့အပြင် သူတို့ ၄ ယောက်လုံးကိုလည်း အာမခံပေးဖို့လျှောက်တာ ၄ ကြိမ်ရှိပြီဖြစ်ပေမယ့် ၄ ကြိမ်လုံးကို တရားရုံးကပါယ်ချခဲ့ပါတယ်။ 

မင်းအောင်လှိုင်လူယုံ ထွန်းမင်းလတ်ကို စွဲချက်တင်ထားတဲ့အမှုအ‌ရေအတွက်က အများကြီးဖြစ်ပြီး အဲဒီအမှု‌တွေထဲမှာ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှု၊ မူးယစ်ဆေးဝါးမှု၊ လက်နက်မှောင်ခိုမှု၊ ငွေကြေးခဝါချမှု စတာတွေအဓိကပါဝင်တယ်လို့ဆိုပါတယ်။

၂၀၂၂ ခုနှစ် စက်တင်ဘာလက မင်းအောင်လှိုင်လူယုံ ထွန်းမင်းလတ်ကိုဖမ်းဆီးရမိတာဖြစ်ပါတယ်။
မိုးကြိုးသတင်းစဉ်


ဆက်ဖတ်ရန် →