ရှေ့နေ ဒေါ်ရွက်နုအောင် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံရ
တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်အား တွေ့ရစဉ်။မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရဲ့ အမှုလိုက် ရှေ့နေ ဒေါ်ရွက်နုအောင် ကို မန္တလေး အိုးဘိုထောင်တွင်း အထူးတရားရုံးကနေ ဒီဇင်ဘာ ၂၈ ရက် ဒီနေ့မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၅ နှစ် ချမှတ်လိုက်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရှေ့နေတစ်ဦးက RFA ကို ပြောပါတယ်။
“သူ့ (ဒေါ်ရွက်နုအောင်) ကို ၅၀ (ည) နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၅ နှစ် ချလိုက်တယ်။ ဒီနေ့ မန္တလေးအိုးဘိုထောင် အထူးတရားရုံးကနေ အမိန့်ချတာပါ။ ကျန်းမာရေးလည်း ကောင်းပုံရပါတယ်”
ဒေါ်ရွက်နုအောင်ဟာ မန္တလေးအခြေစိုက် ဒေသခံခုခံကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ကို ငွေသုံးသိန်း ထောက်ပံ့ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့မှာ ဖမ်းဆီးခဲ့ပြီးနောက် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (ည) နဲ့ မန္တလေးခရိုင်ရဲမှူးက တရားလိုလုပ်ပြီး အမှုဖွင့်ခဲ့တာပါ။
အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (ည) မှာတော့ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့ အဖွဲ့အစည်း တစ်ခုခုကို ငွေကြေးထောက်ပံ့ရင် အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်ကနေ ထောင်ဒဏ် တစ်သက်ထိ ချမှတ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။
လူ့အခွင့်အရေးရှေ့နေ တစ်ဦးလည်းဖြစ်တဲ့ ဒေါ်ရွက်နုအောင်ဟာ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် အပါအဝင်၊ တိုင်းအစိုးရအဖွဲ့ဝင်တွေနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီဝင်တွေရဲ့ အမှုတွေကို အဖမ်းမခံရခင်က လိုက်ပါဆောင်ရွက်ပေးနေသူ ဖြစ်ပါတယ်။
နေပြည်တော်က နာမည်ကျော် သက်ငယ်မုဒိမ်းမှုဖြစ်တဲ့ ဗစ်တိုးရီးယားအမှုမှာလည်း ခံရသူ ကလေးငယ်ဘက်က ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ပေးခဲ့သူပါ။
RFA က ပြုစုထားတဲ့ စာရင်းတွေအရ အာဏာသိမ်း တစ်နှစ်ကျော်အတွင်း စစ်ကောင်စီကို ဆန့်ကျင်လို့ နိုင်ငံရေးအမှုတွေကို လိုက်ပေးနေတဲ့ ရှေ့နေတွေ အပါအဝင် ရှေ့နေ စုစုပေါင်း ၂၈ ဦး ဖမ်းဆီးခံထားရပါတယ်။
စင်ကာပူဘွားတော်က ဒလန်လား?
တရုတ် အထူးကိုယ်စားလှယ်သစ် နေပြည်တော် ယနေ့ ရောက်မည်
ဒီမိုကရေစီအရေး လှုပ်ရှားမှုနှင့် ပတ်သက်သည့် ကင်မ်ဂွန်းထယ်ဆု မပန်ဆယ်လိုရရှိ
Author လင်းခိုင်
Categories
Published on Dec 28, 2022

ဒီမိုကရေစီအရေး လှုပ်ရှားမှုနှင့် ပတ်သက်သည့် ကင်မ်ဂွန်းထယ်ဆုကို ယင်းဆု ပေးအပ်သည့် အဖွဲ့က ယခုနှစ်အတွက် မပန်ဆယ်လိုကို ပေးအပ်ကြောင်း ကြေညာထားသည်။
ကင်မ်ဂွန်းထယ်ဆုကော်မတီသည် ဒီဇင်ဘာ ၂၅ ရက်တွင် ၇ ကြိမ်မြောက် ဒီမိုကရေစီအရေးလှုပ်ရှားသူ ကင်မ်ဂွန်းထယ်အထိမ်းအမှတ်ဆုရရှိသူအဖြစ် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူ မပန်ဆယ်လိုကို ရွေးချယ်လိုက်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။
ဖမ်းဝရမ်းနှင့် စစ်ကောင်စီ နှောက်ယှက်မှုကြားမှ တိုင်းတစ်ပါးသို့ ထွက်ပြောင်းတိမ်းရှောင်ခဲ့သော်လည်း၊ တိုင်းတစ်ပါးသို့ရောက်ရှိချိန်တွင်လည်း မိမိတိုင်းပြည်အတွက် ဒီမိုကရေစီ ရရှိရေး ကြိုးပမ်းနေသည့် စာရေးဆရာမ ပန်ဆယ်လိုကို မြင်ရသည်မှာ လွန်ခဲ့သည့် ဆယ်စုနှစ်များက ဖမ်းဝရမ်းကို ၂၆ ကြိမ်တိုင် ကြံ့ကြံ့ခံပြီး တောင်ကိုရီးယားစစ်အစိုးရ၏ ဖိနှိပ်မှုကြားမှ တိုက်ပွဲဝင်ခဲ့သည့် တောင်ကိုရီးယားဒီမိုကရေစီ လှုပ်ရှားသူ ကင်မ်ဂွန်းထယ်ကို သတိရမိကြောင်း ယင်းဆုချီးမြှင့်ကော်မတီ ကြေညာချက်တွင် ဖော်ပြထားသည်။
အဆိုပါ ဆုရရှိခြင်းနှင့်ပတ်သက်ပြီး ပန်ဆယ်လိုက ကင်မ်ဂွန်းထယ်ဆုကော်မတီနှင့် ဆုရွေးချယ်ရေးကော်မတီသို့ ဗီဒီရိုဖြင့်ပေးပို့သည့် ကျေးဇူတင်စကား၌ “ မြန်မာနိုင်ငံသည် ယနေ့အချိန်ထိ အိပ်မက်ဆိုးကြီးမှ မလွတ်မြောက်နိုင်သေးသလို အရိပ်မည်းကြီးထဲ ပိတ်မိနေပါတယ်။ ထို့ကြောင့် အဆုံးတိုင် တိုက်ပွဲဝင်သွားရမယ့် မြန်မာပြည်သူတို့ရဲ့ တော်လှန်ရေး ရည်ရွယ်ချက်များ ဆန္ဒများကို အဆုံးတိုင် သတိရပေးပြီး အတူတကွရပ်တည်ပေးပါ” ဟု ပြောကြားခဲ့သည်။
၇ ကြိမ်မြောက် ကင်မ်ဂွန်းထယ်ဆု ရွေးချယ်မှုကို ရွေးချယ်ရေးကော်မတီ အဖွဲ့ဝင် ၉ ဦးဖြင့် ဖွဲ့စည်းကာ အသင်းဥက္ကထဖြစ်သူ ဒီမိုကရေစီးအရေးလှုပ်ရှားသူ၊ စာရေးဆရာဘန်းဟောင်ေးဆော့မှ တာဝန်ယူကာ၊ ရုပ်ရှင်မင်းသား၊ စာနယ်ဇင်းသမားများနှင့် အနုပညာရှင်များ၊ တက္ကသိုလ်ပါမောက္ခ၊ ယွန်အမ်းဒေသ အုပ်ချုပ်ရေးမှူး၊ ရုပ်ရှင်ဒါရိုက်တာ၊ လွှတ်တော်အမတ်တို့ဖြင့် ရွေးချယ်မှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ပထမ ၆ ကြိမ်တွင် ချီးမြှင့်ခဲ့သည့် ကင်မ်ဂွန်းထယ်ဆုကို တောင်ကိုရီးယားနိုင်ငံသားများကိုသာ ချီးမြှင့်ခဲ့ပြီး၊ ယခု ၇ ကြိမ်မြောက်တွင် နိုင်ငံခြားသား မပန်ဆယ်လိုက ရရှိခဲ့ခြင်းလည်းဖြစ်သည်။
ကင်မ်ဂွန်းထယ်ဆု ချီးမြှင့်ငွေအဖြစ် ကိုရီးယား ဝမ်ငွေ သိန်းတစ်ရာ(မြန်မာငွေ သိန်း နှစ်ရာခန့်) ပေးအပ်သွားမည်ဖြစ်ကာ၊ ကင်မ်ဂွန်းထယ် ပုံစံတူ ထုလုပ်ထားသည့် ဆုတံဆိပ်ကိုလည်း ဒီဇင်ဘာ ၂၉ ရက်တွင် ကင်မ်ဂွန်းထယ်ကွန်လွန်ခြင်း ၁၁ နှစ်ပြည့် အထိမ်းအမှတ်နှင့်အတူ ဆိုးလ်မြို့ ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
အဆိုပါ ဆုပေးပွဲအခမ်းအနားသို့ မပန်ဆယ်လိုမှ တက်ရောက်နိုင်ခြင်းမရှိသဖြင့် မပန်ဆယ်လို ကိုယ်စား မရွှေမိုးမှ တက်ရောက် ဆုယူမည်ဖြစ်သည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #ပန်ဆယ်လို #ကင်မ်ဂွန်းထယ်ဆု
PDF နဲ့ တော်လှန်ရေးကို ထောက်ပံ့မယ့် အမေရိကန် NDAA ဥပဒေကို စစ်ကောင်စီ ပြင်းပြင်းထန်ထန် ကန့်ကွက်
တရုတ်မှာ အမေရိကန်လုပ် ကိုဗစ်ကုသဆေးတွေ စတင် ဖြန့်ဝေဖွယ်ရှိနေ
နိုင်ငံတကာ
တရုတ်မှာ အမေရိကန်လုပ် ကိုဗစ်ကုသဆေးတွေ စတင် ဖြန့်ဝေဖွယ်ရှိနေ
ဘေဂျင်းမှာရှိတဲ့ ကုသရေး စင်တာတွေဟာ မကြာခင် ရက်ပိုင်းအတွင်း Paxlovid သောက်ဆေးတွေကို လက်ခံ ရရှိလာနိုင်တယ်လို့ ရှီနဲ့ နီးစပ်သူ တစ်ဦးကို ကိုးကားပြီး CNN သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
Published
3 နာရီ ago
ပြည်တွင်းမှာ ကိုဗစ် ကပ်ရောဂါ ကူးစက်မှုတွေ အရမ်း အရှိန်မြင့်လာတဲ့နောက် တရုတ် အာဏာပိုင်တွေက ဘေဂျင်းမြို့တော်မှာ အမေရိကန်လုပ် ကိုဗစ်ကုသဆေးတွေ ဖြန့်ဝေပေးနိုင်ဖို့ စီစဉ်နေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။
တရုတ်ဟာ ပြည်တွင်းဖြစ် ကာကွယ်ဆေးတွေကို တစ်နိုင်ငံလုံးအနှံ့ ဖြန့်ကျက် ထိုးနှံပေးခဲ့ပေမယ့် တရုတ်လုပ် ကာကွယ်ဆေးတွေက မျိုးဆက်သစ် Omicron ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲတွေကို ဟန့်တားနိုင်စွမ်း မရှိသလောက် နည်းသွားပါတယ်။ ဒါကြောင့်လည်း လက်ရှိ အခြေအနေတွေအရ တရုတ်ဟာ Omicronက နှိပ်စက်တဲ့ ကိုဗစ် ကူးစက်မှုတွေဒဏ်ကို အလူးအလဲ ခံစားနေရပါတယ်။
တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ အမေရိကန်ရဲ့ mRNA နည်းပညာသုံး ကာကွယ်ဆေးတွေ တင်သွင်းပြီး ပြည်သူတွေကို ထိုးနှံပေးရေး တောင်းဆိုမှုတွေကို ကာလရှည်ကြာ ငြင်းဆိုခဲ့ဖူးသူပါ။ လတ်တလော အခြေအနေတွေကြောင့် ရှီအနေနဲ့ အမေရိကန် ဆေးဝါးတွေကို ရှောင်လွှဲလို့ မရဘဲ အားကိုးဖို့ စဉ်းစားနေရပြီလို့ နီးစပ်သူတွေက ပြောပါတယ်။ ဒါပေမဲ့ ကာကွယ်ဆေး ထိုးနှံပေးတာမျိုး မဟုတ်ဘဲ Pfizerက ထုတ်လုပ်တဲ့ Paxlovid သောက်ဆေးတွေကို တင်သွင်းဖို့ စီစဉ်နေတာလို့ သတင်းတွေက ဖော်ပြပါတယ်။
ဘေဂျင်းမှာရှိတဲ့ ကုသရေး စင်တာတွေဟာ မကြာခင် ရက်ပိုင်းအတွင်း Paxlovid သောက်ဆေးတွေကို လက်ခံ ရရှိလာနိုင်တယ်လို့ ရှီနဲ့ နီးစပ်သူ တစ်ဦးကို ကိုးကားပြီး CNN သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
တရုတ်ဟာ လက်ရှိ အခြေအနေအရ ကိုဗစ်ကူးစက်မှုတွေကို ထိန်းချုပ်လို့ မရနိုင်တဲ့ အနေအထားမျိုးထိ ရင်ဆိုင်နေရပြီး နေ့စဉ် ကူးစက်နှုန်းနဲ့ သေကြေမှု ကိန်းဂဏန်းတွေကိုတောင် အာဏာပိုင်တွေက မထုတ်ပြန်တော့ဘဲ ဆိုင်းငံ့ထားလိုက်ရပါတယ်။
တရုတ်ဟာ Paxlovid ဆေးဝါးကို ပြည်တွင်းမှာ တင်သွင်း သုံးစွဲခွင့် ပြုလိုက်မယ်ဆိုရင် တရုတ် အစိုးရက တရားဝင် ခွင့်ပြုတဲ့ တစ်ခုတည်းသော ကိုဗစ် ကုသဆေး အနေနဲ့ မှတ်တမ်း ဝင်လာမှာ ဖြစ်ပါတယ်။
သတင်းတွေရဲ့ အဆိုအရ တရုတ်ပိုင်နက်ထဲမှာ အမေရိကန်လုပ် ကာကွယ်ဆေးတွေ ထိုးနှံခွင့်ရှိတဲ့ တစ်ခုတည်းသော နေရာလို့ သတ်မှတ်ရမယ့် ဟောင်ကောင်ကို သွားရောက်ပြီး ဆေးထိုးနှံနိုင်ဖို့ ကြိုးစားသူ အရေအတွက်ဟာလည်း တရိပ်ရိပ် တိုးပွားလာနေကြောင်း သိရပါတယ်
အင်းစိန်ထောင်သီးသန့်တရားရုံးတွင် တရားသူကြီးကို နိုင်ငံရေးအကျဉ်းသား တချို့က ရုပ်သေးရုပ် လက်ဆောင်ပေး၍ ဆန္ဒပြ
အမေရိကန် NDAA အက်ဥပဒေ နေပြည်တော်ဗိုလ်ချုပ်များ ကတုန်ကရင်ဖြစ်နေ
သူနဲ့ ကျမ နှစ်ယောက်တည်းသိတဲ့အကြောင်းအရာတွေကို ဒီလိုပြည်သူကိုချပြရတာ တကယ်ပဲ စိတ်မကောင်းပါ။





















