နောက်ဆုံးရ

အာဆီယံနိုင်ငံများအနေဖြင့် CRPH၊ NUG၊ PDF တို့ကို အားပေးထောက်ခံခြင်း မပြုသင့်ကြောင်း ထိုင်းနိုင်ငံမှ စီစဉ်သည့်အလွတ်သဘောဆွေးနွေးပွဲ၌ နစကဝန်ကြီးများ ဆွေးနွေး

22/12/2022 19:02

NP News - ဒီဇင်ဘာ ၂၂

အာဆီယံနိုင်ငံများအနေဖြင့် CRPH၊ NUG၊ PDF တို့ကို အားပေးထောက်ခံခြင်း မပြုသင့်ကြောင်း ထိုင်းနိုင်ငံမှ စီစဉ်သည့်အလွတ်သဘောဆွေးနွေးပွဲ၌ နစကဝန်ကြီးများက ဆွေးနွေးပြောဆိုခဲ့ကြောင်း သတင်းရရှိသည်။

ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဒွန်ပရာမွန်းဝီနိုင်း၏ ဖိတ်ကြားချက်အရ ယနေ့(ဒီဇင်ဘာလ ၂၂ ရက်)တွင် ထိုင်းနိုင်ငံ၌ ပြုလုပ်သော အလွတ်သဘောဆွေးနွေးပွဲသို့ နစက၏ ဝန်ကြီးများဖြစ်သည့် ဦးဝဏ္ဏမောင်
လွင်၊ ဒေါက်တာကံဇော်နှင့် ဦးကိုကိုလှိုင်တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါအလွတ်သဘောဆွေးနွေးပွဲ၌ အာဆီယံ၏တူညီဆန္ဒ(၅)ချက်အပေါ် ပူးပေါင်းဆောင်ရွက်နေသည့်ကိစ္စအပါအဝင် မြန်မာနိုင်ငံ၌ လက်ရှိဖြစ်ပေါ်နေသည့် အခြေအ နေများကို မြန်မာကိုယ်စားလှယ်အဖွဲ့ နစကဝန်ကြီးများက ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် မြန်မာအစိုးရက တစ်ဖက်သတ်အပစ်အခတ်ရပ်စဲရေးကြေညာကာ တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်နေသည့်ကိစ္စ၊ ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် စီးပွားရေးပြန်လည် ဦးမော့လာရေးဆောင်ရွက်နေသည့်ကိစ္စနှင့် ရွေးကောက်ပွဲကော်မရှင်က အထွေထွေရွေး ကောက်ပွဲကျင်းပရန် ကြိုးပမ်းနေသည့်ကိစ္စရပ်များကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဒီမိုကရေစီပြန်လည်ဖော်ဆောင်ရေးအတွက် ကြိုး ပမ်းနေမှုများကို CRPH၊ NUG၊ PDF များက ပျက်စီးစေလိုသည့်ဆန္ဒဖြင့် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်နေပြီး၊ ယင်းတို့၏ လုပ်ရပ်ကြောင့် အပြစ်မဲ့ပြည်သူများ၊ ရဟန်းသံဃာများနှင့် သီလရှင်များ၊ ဝန်ထမ်းများ သေကြေခဲ့ကြောင်း ဆွေးနွေးပွဲနှင့်ပတ်သက်၍ နစက၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် စာသင်ကျောင်း၊ ဆေးရုံ၊ ဘဏ်များအပါအဝင် နိုင်ငံပိုင်နှင့် ပြည်သူပိုင်အ ဆောက်အဦးများ၊ လမ်း၊ တံတား၊ လျှပ်စစ်တာဝါတိုင်များ ဖျက်ဆီးခြင်းခံနေရသည့်အခြေအနေများကို နစကဝန်ကြီးများက ထည့်သွင်းဆွေးနွေးခဲ့
ကြောင်း သိရသည်။

ထို့ကြောင့် အကြမ်းဖက်လုပ်ရင်များအား ကျူးလွန်နေသူများကို အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် အားပေးထောက်ခံခြင်း မပြုသင့်ကြောင်းကို မြန်မာကိုယ်စား လှယ်အဖွဲ့ နစကဝန်ကြီးများက ဆွေးနွေးပြောဆိုခဲ့သည်ဟု ထုတ်ပြန်ထားသည်။

အဆိုပါအလွတ်သဘောဆွေးနွေးပွဲသို့ ထိုင်းနိုင်ငံမှ ဦးဆောင်စီစဉ်ခြင်းဖြစ်ပြီး မြန်မာအပါအဝင် ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများ တက်ရောက်ခဲ့ပြီး ကျန်အာဆီယံ(၅)နိုင်ငံမှာ တက်ရောက်ခဲ့ခြင်းမရှိကြောင်းသိရသည်။

ဆက်ဖတ်ရန် →

ဓမ္မလေးညှို့ရှင်မှ ပစ်လွှတ်လိုက်သော မြားသုံးစင်း
*****************

မြန်မာ တော်လှန်ရေး အတွက် ၂၀၂၃ တွင် အလင်းရောင် တန်း လေး အဖြစ် ဓမ္မ လေးညို့ရှင်က ပစ်တင် လိုက်သော မြားသုံးစင်းသည် ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့ရသည်။

ယင်းသည် အင်ဒိုနီရှား မှ အာဆီယံ ဥက္ကဌ ဖြစ်လာခြင်း၊ အမေရိကန် လွှတ်တော်မှ BURMA ACT ထွက်ပေါ် လာခြင်း နှင့်  နောက်ဆုံး ကုလ လုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက် အမှတ် ၂၆၆၉ ထွက်ပေါ်လာခဲ့ခြင်းပင် ဖြစ်သည်။

မြားသုံးစင်းသည် တခု နှင့် တခု ဆက်စပ်လျှက် ရှိနေပေသည်။ အင်ဒိုနီရှား သည် G-20 အဖွဲ့ဝင် ဖြစ်ရုံမျှမက ဥက္ကဌ နေရာ မှပင် ထိပ်သီး အစည်းအဝေးကို အောင်မြင်စွာ ကျင်းပ နိုင်ခဲ့ခြင်း နှင့် အတူ ကမ္ဘာစင်မြင့်တွင် ခေါင်းဆောင် နိုင်ငံ အဖြစ် အသိအမှတ် ပြုလာခဲ့ကြသည်။ ထို့အတွက် မြန်မာပြည် အရေးအား သတိကြီးစွာနှင့် ပြတ်ပြတ်သားသား ကိုင်တွယ်သွားမည့် အလားအလာ များ ရှိနေသည်။

ထိုအရေးကို ယိုးဒယား မှ အမြန်ဆုံး ကာကွယ် နိုင်မှ ဖြစ်မည် ဆိုကာ မိမိတို့ သဘောထားကို လွတ်လွတ် လပ်လပ် တင်ပြနိုင်သည် ဆိုသည့် open-ended အလွတ်သဘော ဆွေးနွေးပွဲကို ဘန်ကောက်တွင် လူစုပြီး တန်ပြန် နိုင်ရန် စီစဉ်လာခဲ့သည်။ ယိုးဒယားသည် လက်ရှိ မြန်မာ အရေး မှ အကျိုးများစွာ ဖြစ်ထွန်းနေသည့် နိုင်ငံလည်း ဖြစ်နေသည်။ ယခုအခါ ဝဏ္ဏမောင်လွင်သည် ဘန်ကောက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထိုအစည်းအဝေး သို့ လာအို၊ ဗီယက်နမ် နှင့် ကမ္ဘောဒီယား တို့သာ တက်ရောက်မည် ဖြစ်ပြီး အာဆီယံ ၏ အဓိက အဖွဲ့ဝင် နိုင်ငံများ တနိုင်ငံမှ ကိုယ်စားလှယ် စေလွှတ်ခဲ့ခြင်း မရှိပေ။

အမေရိကန် ကွန်ဂရက် မှ ပြဋ္ဌာန်းပေးလိုက်သော NDAA ပါ BURMA ACT သည် စစ်ဖက်နှင့် မဆိုင်သော အကူ အညီများ သာ ပေးရန် ဆိုသော်လည်း စစ်ဖက် နှင့် စစ်ဖက် မဟုတ်သည် ဆိုသည့် အကြား ပိုင်းခြားထားသော မျဉ်းသည် လွန်စွာ ပါးလွှာနေကြောင်း အမေရိကန် တို့  ပတ်သက်ခဲ့သည့် ပဋိပက္ခ နှင့် ယဉ်ပါးခဲ့သူတိုင်း ကောင်းစွာ သိကြသည်။

အခြေအနေသည် တဖြေးဖြေး နှင့် အင်အားကြီး နိုင်ငံများ ၏ တဆင့်ခံ စစ်မြေပြင်သို့ ပြောင်းလဲရန် ချဥ်းကပ် လာနေသည်ဟု ဘန်ကောက်ပို့စ်တွင် ရေးသား လာခဲ့သည်။

အမေရိကန်၏ BURMA ACT ကြောင့်  ရုရှားတို့က ၎င်းတို့အား ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ လုံးဝလက်လွှတ်၍ မရတော့မှန်း သိထားပြီး ဖြစ်သည်။ ကုလ ဆုံးဖြတ်ချက်ကို အဘယ် အတွက်ကြောင့် မိမိတို့ ဂုဏ်သိက္ခာ နှင့် ရင်းပြီး ကန့်ကွက်ဖို့ လိုပေမည်နည်းဟု သုံးသပ်ခဲ့ကြသည်။ ထို့အပြင် ရုရှား တို့သည် အရှေ့တောင် အာရှ နိုင်ငံများ၊ အထူးသဖြင့် အင်ဒိုနီရှား ၏ အငြိုအငြင် ခံရမည်ကို စိုးရွံ့နေသည်။

ဗြိတိန် ၏ မူလ အဆိုတွင် ပါဝင်သော လက်နက် ရောင်းချ၊ လွှဲပြောင်းမှု ပိတ်ပင်ရန် ဆိုသည့် အချက်နှင့် နိုင်ငံတော် အတိုင်ပင်ခံ၊ သမ္မတကြီးတို့အား ပြန်လွှတ်ပေးရမည် ဆိုသည်ကို အလဲအလှယ်လုပ်ကာ ဖြုတ်ချခဲ့ပြီး ဖြစ်သည်။ ထို့အတွက်လည်း တရုတ် နှင့် ရုရှားက ကြားနေပေးလိုက်ခြင်း ဖြစ်ကာ ၎င်း နိုင်ငံများ အနေနှင့် ဆိုလျှင် လုံခြုံရေး ကောင်စီ သဘာပတိ၏ ကျေညာချက်မျိုး လောက်နှင့်သာ ပြီးသွားစေချင်ကြသည်။

အိန္ဒိယ မှ ကြားနေလာခြင်းသည် လွန်စွာ စိတ်ဝင်စားဖို့ ကောင်းနေရသည်။ အိန္ဒိယသည် တရုတ် ဆန့်ကျင်ရေး တွင်သာ အမေရိကန် နှင့် တက်ကြွစွာ ပူးပေါင်းခဲ့သော်လည်း သူတို့၏ အဓိက ရန်သူတော်ကြီး ဖြစ်သော ပါကစ္စတန် နှင့် ပတ်သက်၍ မူ အမေရိကန်ကို လုံးဝ ယုံကြည် စိတ်ချထား၍ မရမှန်း သိနေ၍ ရုရှား နှင့် အတူ ရပ်တည်ပေးလာခြင်း ဖြစ်သည်။ နောက်တကြောင်းမှာ မြန်မာ စစ်ခေါင်းဆောင် များကို ကန္တကောစ လုပ်ပါက တရုတ်ဖက် ရောက်သွားမည့် အရေးကို စိုးရွံ့နေ၍လည်း ဖြစ်သည်။

ဤကဲ့သို့ ဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်း အတွက် လူ့အခွင့်အရေး အဖွဲ့များက ကြိုဆိုခဲ့ကြသည်။ သို့သော် ဒီမျှ နှင့် ရပ်မနေဘဲ ဆက်၍ တွန်းတွန်းတိုက်တိုက် လုပ်သွားရန် တောင်းဆိုခဲ့ကြပေသည်။

လက်ရှိ ကုလ ဆုံးဖြတ်ချက်သည် ရုရှား နှင့် တရုတ်တို့၏ ဗီတိုရန်မှ ကာကွယ်ရန် အခြေအနေအရ စကားလုံး အသုံးအနှုန်းများကို အပေးအယူ လုပ်ခဲ့ရသော်လည်း မြန်မာ နှင့် ပတ်သက်၍ ထိုသို့ ဆုံးဖြတ်ချက် ချနိုင်ခဲ့မှု၏ အရေးပါမှု ကိုမူ လျော့တွက်၍ မရပေ။ အရေး မပါဟုဆိုလျှင် ထိုနိုင်ငံများက ကျားကုတ်ကျားခဲ နှင့် နဂို ကတည်းက ကန့်ကွက်စရာ မလိုပေ။ ၎င်းတို့ အစဉ်တစိုက် ကန့်ကွက်ခဲ့ကြ၍သာ ယခုမှ ထိုသို့ ဆုံးဖြတ်ချက် ချမှတ်နိုင်ခဲ့ခြင်း ဖြစ်ပေသည်။ ရိုဟင်ဂျာ တို့အပေါ် လူမျိုးတုန်း သတ်ဖြတ်မှု မျိုးတွင်ပင် ထိုသို့ ဆုံးဖြတ်ချက် ထွက်ပေါ် မလာခဲ့ပေ။

ဆုံးဖြတ်ချက်အား မလိုက်နာပါက ဆက်လက်၍ လက်နက် ရောင်းချမှု ပိတ်ပင်ခြင်း၊ စီးပွားရေး ပိတ်ဆို့ ဒဏ် ခတ်ခြင်းများဖြင့် တဆင့်တက်လာဖို့ ရှိနေသည်။ အမေရိကန်သည် ထိုသို့သော လုံခြုံရေး ကောင်စီ၏ ဆုံးဖြတ် ချက်များကို ကောင်းစွာ အသုံးချ၍ အီရတ် နှင့် လစ်ဗျားတွင် အာဏာရှင်များကို ဖြုတ်ချ နိုင်ခဲ့ကြသည်။ ဤအရေးကို ကြိုမြင်လာသော တရုတ် သံအမတ်ကြီးမှ လစ်ဗျားတွင်လည်း ထိုကဲ့သို့ ဖြစ်သွားသည့် သာဓက များကို ထောက်ပြ၍ သတိကြီးစွာ ထားရန် လုံခြုံရေး ကောင်စီတွင် သတိပေးလာခဲ့ခြင်း ဖြစ်သည်။

ယခုအခါ အဆိုပါ ဆုံးဖြတ်ချက်ပေါ် မူတည်၍ ကုလသမဂ္ဂတွင် အခြေအတင် ဆွေးနွေးပွဲများ ပြုလုပ်နိုင်ရန် လမ်းပွင့်သွားပြီ ဖြစ်သည်။ အမေရိကန် နှင့် အနောက်အုပ်စုများ အတွက် သံတမန်ရေးအရ အောင်ပွဲရသွားခဲ့ခြင်း ဖြစ်သည်။ မြန်မာ ပြည်သူ များ အတွက်လည်း မိမိတို့ ရင်ဆိုင်နေရသည့် ပြဿနာကြီး သည် ကမ္ဘာ ငြိမ်းချမ်းရေး အတွက် မဖြစ်မနေ ဖြေရှင်းရမည် ဆိုသည်ကို ကမ္ဘာ အမြင့်ဆုံး အဖွဲ့အစည်းကြီးမှ တရားဝင် အသိအမှတ် ပြုခံလိုက်ရခြင်းလည်း ဖြစ်ပေသည်။

အကြမ်းဖက် စစ်တပ်သည် ကုလ ဆုံးဖြတ်ချက် အား လိုက်နာ ကြလိမ့်မည် မဟုတ်သော်လည်း ယခင်ကကဲ့သို့ ပရမ်းပတာ သတ်ဖြတ် အနိုင်ကျင့်ခြင်းမျိုး ကို တတ်နိုင်သမျှ လျော့ချသွားမည်ကတော့ ကျိန်းသေသည်။ ထိုသို့ ဆက်လုပ်နေမည်ဆိုက ဒီထက် ပြင်းထန်သော ဆုံးဖြတ်ချက်များ ထွက်ပေါ်လာအောင် အနောက် အုပ်စုမှ နည်းမျိုးစုံဖြင့် ကြိုးပမ်းလာလျှင် အခုကဲ့သို့ တရုတ် နှင့် ရုရှား တို့ နောက်လန်သွားမည် ဆိုက ဒုက္ခများဖို့သာ ရှိပေတော့သည်။ လုံးဝ စိတ်ချထား၍ မရတော့မှန်း သင်ခန်းစာ ရသွားခဲ့ကြပြီ ဖြစ်သည်။

ထို့အတွက် ဓမ္မ လေးညှို့ ရှင်မှ ပစ်လွှတ်ပေးလိုက်သော မြား သုံးစင်း ဟု ဆိုလိုရင်း ဖြစ်ပေသည်။

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!

(ပုံတွင် သမိုင်းတွင်မည့် မြန်မာ အရေး ကုလ ဆုံးဖြတ်ချက် အမှတ် ၂၆၆၉ ချမှတ်သည့် နေ့ အစည်းအဝေး မြင်ကွင်း ကို ရိုက်တာ သတင်းက ဖေါ်ပြထားသည်ကို တွေ့နိုင်သည်)

လှစိုးဝေ


ဆက်ဖတ်ရန် →
အရာရှိအပါစစ်သား၄ဦးသေဆုံးပြီး PDF တဦးကျဆုံးခဲ့တဲ့သဲတောရွာတိုက်ပွဲ ( ရုပ်/သံ)

အရာရှိအပါစစ်သား၄ဦးသေဆုံးပြီး PDF တဦးကျဆုံးခဲ့တဲ့သဲတောရွာတိုက်ပွဲ ( ရုပ်/သံ)



ရေစကြို ၊ ဒီဇင်ဘာ ၂၂ ၊ ၂၀၂၂ ။

မကွေးတိုင်း ရေစကြိုမြို့နယ် သဲတောရွာမှာ နယ်မြေရှင်းလင်းရေးလုပ်တဲ့ PDF ၄ဦးနဲ့ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်သားတွေ အပြန်အလှန်ပစ်ခတ်မှုဖြစ်လို့ စစ်ကောင်စီဘက်က ခလရ ၂၅၈ တပ်အရာရှိတဦးအပါ စစ်သား ၄ဦးသေဆုံးခဲ့သလို CDM ရဲတပ်သား PDF တဦးလည်း ကျဆုံးခဲ့ပါတယ်။

သဲတောရွာကိုဝင်လာတဲ့ အင်အား ၁၀၀ ဝန်းကျင်ပါစစ်ကြောင်းနဲ့ PDF တပ်ပေါင်းစုတို့  ဒီဇင်ဘာ ၁၉ရက် မနက် ၉နာရီဝန်းကျင်မှာ တိုက်ပွဲကြာချိန် ၃နာရီဝန်းကျင်လောက်အပြန်အလှန်ပစ်ခတ်အပြီး စစ်ကြောင်းပြန်ထွက်သွားချိန် PDF ၄ဦးက နယ်မြေရှင်းလင်းခဲ့တာဖြစ်ပါတယ်။

" ကျနော်တို့ ရွာတောင်ဘက် ရွာအလယ် ဘုန်းကြီးကျောင်း စာသင်ကျောင်းတို့ရှင်းလင်းပြီးတဲ့အချိန် မြောက်ပိုင်းအခြမ်းကိုရှင်းလင်းတဲ့အခါမှာ မင်္သကာစရာတွေလို့ ဆိုင်ကယ်ရပ်ပြီး သေနက်နဲ့ချိန်ထားတယ်။ အဲဒီမှာမြင်လိုက်ရတာက စစ်ဦးထုပ်နဲ့ ဗုံးသီးတပ်လောင်ချာကိုင်ထားတဲ့အရာရှိကိုမြင်လိုက်တဲ့အခါ ကျနော်တို့က AKသေနက်နဲ့ အော်တိုဆွဲလိုက်တယ်။ အဲဒီအရာရှိလည်းအဲဒီအနားမှာသေသွားတယ်" လို့ Southern Yesagyo PDF တာဝန်ခံက ပြောပါတယ်။

အဲ့ဒီနောက် အပြန်အလှန်ပစ်ခတ်ကြရင်း PDF ရဲဘော်တဦးဖြစ်တဲ့ CDM ရဲတပ်သားတဦးလည်း လည်ပင်းကျည်ထိပြီး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

သတင်း - ဒိန်းဂျား၊ တည်းဖြတ်- CM
#မြေလတ်အသံ


ဆက်ဖတ်ရန် →
နှစ်ဖက်လုံးစွန့်ခွါကြမလား သောင်လှိုင်သား

နှစ်ဖက်လုံးစွန့်ခွါကြမလား သောင်လှိုင်သား

နိုင်ငံနဲ့ ပြည်သူအကျိုးအတွက် လက်နက်ကိုင်လမ်းစဉ်ကို စွန့်ခွာပြီး တွေ့ဆုံဆွေးနွေးဖို့ နစကဥက္ကဋ္ဌပြော
.......................
ဒီဇင်ဘာ ၂၂

နိုင်ငံနဲ့ ပြည်သူအားလုံးတို့ အကျိုးအတွက် လက်နက်ကိုင်လမ်းစဉ်ကို စွန့်ခွာပြီး တွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် နိုင်ငံရေးလမ်းကြောင်းအမှန်ပေါ်မှ ငြိမ်းချမ်းစွာလျှောက်လှမ်းကြရန် နစကဥက္ကဋ္ဌက ပြောဆိုလိုက်ပါတယ်။

ယနေ့ ဒီဇင်ဘာလ ၂၂ရက်နေ့မှကျရောက်တဲ့ ကရင်နှစ်သစ်ကူးနေ့အခမ်းအနားသို့ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပေးပို့တဲ့ သဝဏ်လွှာမှာ ယခုလို ပြောဆိုထားတာဖြစ်ပါတယ်။

နိုင်ငံရေး၊ တိုင်းရင်းသားရေးများကြောင့် ကရင်ပြည်နယ်အတွင်းမှာ လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားခဲ့သဖြင့် တည်ငြိမ်အေးချမ်းမှု ပျက်ပြားပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှု အဟန့်အတားများကို ကျော်လွှားနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။

ဖြစ်ပေါ်နေတဲ့ ဆူပူအကြမ်းဖက်မှုများကို တရားဥပဒေနဲ့အညီ သိမ်မွေ့ညင်သာစွာ ထိန်းသိမ်းဆောင်ရွက်လျက်ရှိပြီး တိုင်းရင်းသားအဖွဲ့အစည်းများနဲ့လည်း NCA လမ်းကြောင်းအတိုင်း လျှောက်လှမ်းနိုင်ရန် ညှိနှိုင်းဆွေးနွေးလျက်ရှိရာ တိုးတက်မှုများရှိတယ်လို့ ၎င်းက ထပ်မံပြောဆိုထားပါတယ်။

သတင်းအပြည့်အစုံဖတ်ရှုရန် >>> 
https://www.myanmaplatform.com/a/66637.html
https://t.me/myanmaplatform
#MyanmaPlatform #News #Domestic


ဆက်ဖတ်ရန် →

အခုအမျိုးသမီးလည်း ဘယ်အတွင်းစည်းထဲမှမရောက်ဘူး

ရေသည် ထော့ကျိုးကတော့ အပိုင်ပေါ့လေ စလုံးထောက်ပို့တွေကို သူဖြိုခွင်းလိုက်နိုင်ပြီ ဆိုပြီး အူမြူးနေမှာပေါ့… 

ဒါပေမယ့် ခက်တာက စလုံးကပညာတတ်များတယ်… လူရည်လည်ကြတယ်ရယ်… တကယ့်ထောက်ပို့ အကြီးစားတွေက Live လွှင့်ဖို့နေနေသာသာ အသံတောင်မထွက်ဘူးရယ်… 

ဘယ်သူကဘာဆိုတာလည်း စလုံးက ကျဉ်းကျဉ်းလေးမို့ အကုန်သိကြတယ်… အထူးသဖြင့် တလရ လောကမှာ ပါဝင်နေတဲ့သူတွေက အတွေ့အကြုံမနည်းကြဘူးရယ်… 



အခုအမျိုးသမီးလည်း ဘယ်အတွင်းစည်းထဲမှမရောက်ဘူး… သူက နာမည်ကြီး PDF တွေနဲ့ နာမည်မရှိ ငွေလိုနေတဲ့အဖွဲ့တွေကို တပဲခြောက်ပြားလောက်ထောက်ပံ့ပြီး စကားတွေနှိုက် အတင်းချိတ်ဆက်လုပ်နေတာ… 

စလုံးအင်အားစုကိုတော့ ထိခိုက်စရာမရှိသလို… ထောက်ပို့လည်းနည်းနည်းမှ ထိသွားစရာမရှိဘူး… 

တခုပဲ သူနဲ့ချိတ်ဆက်နေတဲ့ မြေပြင်ကလေးတွေ သတိထားဖို့လိုပြီ… ဒလန်ဆိုတာ လူသိသွားရင် ဒီတဖက်မှာနေစရာမရှိတော့လို့ တခြားတဖက်ကို ခြေစုံရပ်လိုက်တဲ့သဘောရှိတော့ထပ်ဖော်လိမ့်ဦးမယ်… 

နောက်တခု… ပန်နင်စူးလားမှာ လူပြပြီး တလရ ရံပုံငွေ ရသမျှရှာပေးနေတဲ့ အဖွဲ့တွေလူတွေရှိတယ်… ရှေ့ထွက်ပြီးအလုပ်လုပ်နေကတည်းက risk တွေကို သိပြီးသားဖြစ်မယ်… ဒါပေမယ့် အရင်ထက် အစစ ပိုသတိထားဖို့လိုလာမယ်… 

ဒါလေးပါပဲ… ကျန်တာတော့ စင်ကာပူ တလရ မိသားစုက အလုံးရော အရပ်ရော လျော့စရာမရှိတာ သေချာပါတယ်… ထော့ကျိုးပျော်ဖို့ အဝေကြီးလိုပါသေးတယ်…
မတ်မတ်ကိတ် (စမယ်မယ်)


ဆက်ဖတ်ရန် →
စစ်ကောင်စီအပေါ် လုံခြုံရေးကောင်စီရဲ့တိုက်တွန်းချက် တရုတ်ဘဝင်မကျ

စစ်ကောင်စီအပေါ် လုံခြုံရေးကောင်စီရဲ့တိုက်တွန်းချက် တရုတ်ဘဝင်မကျ


■  ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ မြန်မာနိုင်ငံအတွက်ဆုံးဖြတ်တဲ့အခါမှာ အမြဲတမ်းသတိကြီးကြီးနဲ့ဆောင်ရွက်သင့်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံအမြဲတမ်းကိုယ်စားလှယ် သံအမတ် Zhang Jun က ပြောလိုက်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီအနေနဲ့ အကြမ်းဖက်မှုတွေရပ်ပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ဖို့ တိုက်တွန်းကြောင်း လုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ဗုဒ္ဓဟူးနေ့က မဲခွဲဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ 

ဒါဟာ ၇၄ နှစ်အတွင်း လုံခြုံရေးကောင်စီရဲ့ပထမဆုံးဆောင်ရွက်ချက်လည်း ဖြစ်ပါတယ်။ ဒီတိုက်တွန်းချက်နဲ့ ပတ်သက်လို့ ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံအမြဲတမ်းကိုယ်စားလှယ် သံအမတ်က Global Times သတင်းစာကို ပြောဆိုလိုက်တာပါ။
 
လုံခြုံရေးကောင်စီမှာ မဲခွဲဆုံးဖြတ်ခဲ့တဲ့ မြန်မာဆိုင်ရာဆုံးဖြတ်ချက် မူကြမ်းကို တရုတ်ပြည်အနေနဲ့ စိုးရိမ်မကင်းရှိနေဆဲဖြစ်ပါတယ်။ မြန်မာ့ပြဿနာက အလွယ်တကူ မြန်မြန်ဆန်ဆန် ဖြေရှင်းနိုင်တဲ့ကိစ္စ မဟုတ်သလို ပြင်ပက ဝင်ရောက်စီမံဆောင်ရွက်နိုင်တာလည်း မဟုတ်တဲ့ အကြောင်း၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးလုပ်ငန်းစဉ်တွေဟာအချိန်ယူပြီး စိတ်ရှည်သည်းခံမှုနဲ့ လက်တွေ့ကျမှုတွေ လိုအပ်တယ်လို့လည်း ဆိုပါတယ်။

နိုင်ငံတကာအသိုက်အဝန်းအနေနဲ့လည်း မှန်ကန်တဲ့လမ်းကြောင်းနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှု မြှင့်တင်ရေး၊ အားလုံးပါဝင်တဲ့ အပြုသဘောဆောင် တွေ့ဆုံဆွေးနွေးမှုတွေ ဖော်ဆောင်ပေးဖို့ လိုအပ်ကြောင်း တရုတ်သံအမတ် Zhang Jun က ပြောပါတယ်။

“လုံခြုံရေးကောင်စီအနေနဲ့ ဒီလိုလုပ်ရပ်တွေအတွက် အမြဲတမ်းသတိကြီးကြီးထားဖို့လိုအပ်ပါတယ်။ လစ်ဗျားနိုင်ငံကိစ္စနဲ့ တခြားကမ္ဘာ့အရေးကိစ္စတွေမှာ လုံခြုံရေးကောင်စီက အဆင်အခြင်မဲ့ ဆောင်ရွက်ခဲ့တာမျိုးတွေ ဖြစ်တဲ့ ဖိအားပေးတာ ဒါမှမဟုတ် အရေးယူပိတ်ဆို့မယ်ဆိုတဲ့ ခြိမ်းခြောက်မှုလုပ်တာဟာ ပဋိပက္ခပိုဖြစ်စေတယ်၊ ထိပ်တိုက်ရင်ဆိုင်မှု ပိုဖြစ်စေတယ်၊ အခြေအနေကို ပိုရှုပ်ထွေးစေတယ် ” လို့ တရုတ်ကိုယ်စားလှယ်က ပြောပါတယ်။

လုံခြုံရေးကောင်စီ တိုက်တွန်းချက်ပေါ်ထွက်လာဖို့အတွက် ဗြိတိန်နိုင်ငံက ဦးဆောင်ခဲ့ပြီး စစ်ကောင်စီနဲ့မဟာမိတ်ဖြစ်တဲ့ တရုတ်၊ ရုရှားနဲ့ အိန္ဒိယတို့က မဲမပေးဘဲ ကြားနေခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်ကို အမေရိကန်နိုင်ငံခြားရေးဌာနက ကြိုဆိုလိုက်ပါတယ်။
____________

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် မြန်မာနိုင်ငံအရေးဆွေးနွေးပွဲ တက်ရောက်လာသော ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံအမြဲတမ်းကိုယ်စားလှယ် သံအမတ် Zhang Jun။
RFA


ဆက်ဖတ်ရန် →
မအလတညလုံးမအိပ်ခဲ့

မအလတညလုံးမအိပ်ခဲ့

'တပ်ချုပ်ကြီး အတော်လွတ်နေတယ်ဗျ၊ သူ တညလုံး UN အစည်းအဝေးကို စောင့်ကြည့်နေတာ၊ မနက် Result ထွက်လာတော့ ဗီတိုအာဏာသုံးပြီး သူကို မကာကွယ်ပေးခဲ့လို့  ရုရှနဲ့တရုတ်ကို အရမ်း ဒေါသထွက်နေတယ်၊ အထူးသဖြင့် ရုရှကို  ပိုပြီးတော့ ပေါက်ကွဲတာဗျ၊ ဘယ်လောက်တောင် လွတ်နေလဲဆိုရင် အခြေအနေက တပ်ချုပ်ကတော် ဒေါ်ကြူကြူလှကိုတောင် အနားအကပ်မခံဘူး၊ အော်ဟစ်ပြီး မောင်းထုတ်နေတာ၊ ဒါကြောင့် သူရဲ့ အထူးကုဆရာဝန်ကြီးတွေအကုန် လှမ်းခေါ်ထားပီး  မလှမ်းမကမ်းမှာ နေခိုင်းထားရတယ်ဗျ''လို့ နေပြည်တော် ဖရဲသီးက သတင်းပေးလာပါတယ်။

''ဟို နောက်ပီးတော့ ဝဏ္ဏမောင်လွင်ကိုလည်း ခေါ်ထားတယ်ဗျ။ မြန်မာ့အရေးဆုံးဖြတ်ချက်ချလိုက်တဲ့ အဲဒီကုလလုံခြုံရေကောင်စီအဖွဲ့ဝင် ၁၅နိုင်ငံစလုံးကို ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်တယ်၊ ကုလသမဂ္ဂဟာ သူတို့ချမှတ်ထားတဲ့ ဥပဒေတွေကို ချိုးဖေါက်ပြီး NUG PDFဆိုတဲ့ အကြမ်းဖက်အဖွဲ့ကြီးကို အားပေးအားမြောက်ပြုနေတဲ့အဖွဲ့ဆိုပီး ခေါင်းစဥ်တပ်ခိုင်းတယ်၊ အပြင်းအထန်ကန့်ကွက်တဲ့အကြောင်း နစကရဲ့မူဝါဒလမ်းစဥ်အရ ရွေးကောက်ပွဲကို လွတ်လပ်စွာ ကျင်းပပေးပြီးရင် အနိုင်ရတဲ့ပါတီကို အာဏာလွှဲပေးမှာဖြစ်တဲ့အကြောင်း စာထုတ်ခိုင်းလိုက်တယ်ဗျ၊ မကြာခင် အဲဒီစာထွက်လာလိမ့်မယ် ''ဟု့ ထပ်ဆင့် သတင်းပေးလာပါတယ်ခင်ဗျား... 

ဘာပဲဖြစ်ဖြစ် ဒီမအေလိုး မီးခဲဖင်ခုထိုင်နေတာ မြင်ရလေ ဝမ်းသာလေပဲ.

အရေးတော်ပုံ အောင်ရမည်။

၂၂.၁၂.၂၂

#crd



ဆက်ဖတ်ရန် →
ထိုင်းတွင် ပြုလုပ်သည့် အလွတ်သဘော မြန်မာ့အရေးဆွေးနွေးပွဲသို့ အာဆီယံ အဓိကအဖွဲ့ဝင်နိုင်ငံများမတက်

ထိုင်းတွင် ပြုလုပ်သည့် အလွတ်သဘော မြန်မာ့အရေးဆွေးနွေးပွဲသို့ အာဆီယံ အဓိကအဖွဲ့ဝင်နိုင်ငံများမတက်

ထားအိ/People’s Spring

မြန်မာ့အရေးနှင့်ပတ်သက်၍ ထိုင်းနိုင်ငံက ယနေ့(ဒီဇင်ဘာ ၂၂ ရက်) လက်ခံပြုလုပ်သည့် ဒေသတွင်းဆွေးနွေးပွဲသို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး တက်ရောက်ခဲ့ပြီး အဓိက အာဆီယံ အဖွဲ့ဝင်နိုင်ငံများ တက်ရောက်ခြင်းမရှိကြောင်း Reuters က ရေးသားသည်။

အာဆီယံထိပ်သီးညီလာခံနှင့် နိုင်ငံခြားရေး၀န်ကြီးများ အစည်းအဝေးများသို့ တက်ရောက်ခွင့်မရသည့် အကြမ်းဖက်စစ်ကောင်စီသည် အာဆီယံမဟုတ်သော(Non-ASEAN) အလွတ်သဘောဆွေးနွေးပွဲကို ထိုင်းနိုင်ငံ၌ ကျင်းပစေကာ တက်ရောက်ခဲ့ခြင်းဖြစ်သည်။

သို့သော် ယင်းဆွေးနွေးပွဲသို့ အာဆီယံ၏ အဓိက အဖွဲ့ဝင်နိုင်ငံများဖြစ်သော အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ဖီလစ်ပိုင် နိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်ခြင်းမရှိကြောင်း Reuters ၏ဖော်ပြချက်အရ သိရသည်။

ဆွေးနွေးပွဲကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးက စိတ်ပါဝင်စားသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ တက်ရောက်နိုင်ကြောင်း ဖိတ်ကြားပြုလုပ်ခြင်းဖြစ်ပြီး ယနေ့ အစည်းအဝေးပြုလုပ်သည့် နေရာ ကို အများပြည်သူသိရှိရန် ထုတ်ပြန်ခြင်းမရှိပေ။

အကြမ်းဖက်စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်က ဦးဆောင်လာပြီး အခြားစစ်ကောင်စီဝန်ကြီးများလည်း တက်ရောက်ခဲ့ကြောင်း ထိုင်းအစိုးရသတင်းရင်းမြစ်တစ်ဦးက  Reuters သို့ ပြောသည်။

ဆွေးနွေးပွဲ၌ မည်သည့်အကြောင်းအရာများဆွေးနွေးသည်ကို မသိရပေ။ ဆွေးနွေးပွဲသို့ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ် နိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။ သို့သော် ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးသည် ဗီယက်နမ်သမ္မတ၏ ဂျာကာတာခရီးစဥ်တွင် လိုက်ပါနေ၍ အစည်းအဝေး မတက်ရောက်နိုင်ပေ။

#လူထုနွေဦး
#LuduNwayOo
#People'sSpring
#PS
https://bit.ly/ludunwayoo
https://www.facebook.com/LuduNwayOo
https://www.instagram.com/ludunwayoo/


ဆက်ဖတ်ရန် →

ကားလမ်းတဖက် ကအဆောက်အဦးသိတာနဲ့ရိုက်တဲ့တိုက် သိတယ်


ဒလန်ကပို့ပေးလို့ရေသည်ထော့ကြိုး

ဟန်ငြိမ်းဦးကတင်ပြီးတနာရီလောက်မှာ

ဒီဗွီဒီယိုဖိုင်တင်သူအဖမ်းခံရတယ်

တစ်တော့နဲ့ဖေ့ဘွတ်စောင့်ကြည့်ဒလန်

တွေရှိတယ် ဒီဖိုင်မှာကားလမ်းတဖက်

ကအဆောက်အဦးသိတာနဲ့ရိုက်တဲ့တိုက်

သိတယ် အထပ်အတိအကျမသိပေမယ့်

ရိုက်တဲ့ကောင်မလေးပုံ သူတင်တဲ့အကောင့်

မှာရှာလို့ရတယ်

ယူကျူ့တွင်ကြည့်ရန် : https://youtu.be/J0aLf-GcsFM

ဒီအချိန်တော်လှန်ရေးက Level 1 မဟုတ်

ဖူး Level 4 လောက်ရောက်နေပြီ

စစ်ကိုင်းမှာလို ပတဖတွေလိုက်စောင့်

ရှောက်လို့ ဆန္ဒပြတာကလွဲလို မလုံခြုံတဲ့

နေရာကသူတွေအနေနဲ့ ကလစ်နဲ့ထောက်ပို့ကိုပဲ

 အားစိုက်ကြဖို့တိုက်တွန်းပါတယ် 


လက်နက်ချင်းတိုက်တဲ့ပွဲမှာ ကိုယ်ပါရမယ့်အခန်း

ကဏ္ဍကတိုက်မလား ထောက်ပို့မလား ၂မျိုးပဲရှိချိန်မို့ပါ


ဆက်ဖတ်ရန် →
မြန်မာ ပြည်သူ တို့၏ အောင်ပွဲ၊ ကုလ လုံခြုံရေး ကောင်စီမှ ကန့်ကွက်သူ မရှိ ဆုံးဖြတ်ချက် ချပြီ

မြန်မာ ပြည်သူ တို့၏ အောင်ပွဲ၊ ကုလ လုံခြုံရေး ကောင်စီမှ ကန့်ကွက်သူ မရှိ ဆုံးဖြတ်ချက် ချပြီ

ယနေ့ ပြုလုပ်သော ကုလ လုံခြုံရေး ကောင်စီမှ ၇၄ နှစ် အတွင်း ပထမဆုံး အကြိမ် အဖြစ် နိုင်ငံတွင်း အကြမ်း ဖက်မှုများ ချက်ချင်း အဆုံးသတ်ရေး နှင့် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးရန် ဆုံးဖြတ်ချက် အမှတ် ၂၆၆၉ အား ထောက်ခံမဲ ၁၂ မဲ၊ ကန့်ကွက်သူ မရှိ ချမှတ်လိုက်ပြီ ဖြစ်သည်။

ရုရှား၊ တရုတ် နှင့် အိန္ဒိယ တို့က မဲမပေးဘဲ ကြားနေခဲ့ကြသည်။ ဗီတိုအာဏာဖြင့် ပယ်ချခွင့် ရှိနေသည့် တရုတ် နှင့် ရုရှားတို့မှ ယခုအကြိမ်တွင် ကန့်ကွက်ခဲ့ခြင်း မရှိ၍ ထိုသို့ ဆုံးဖြတ်ချက်ကို ပထမဆုံး အကြိမ် ချမှတ် နိုင်ခဲ့ ကြခြင်းလည်း ဖြစ်သည်။

ထိုအဆိုအား ဗြိတိန်မှ ကမကထ ပြု တင်သွင်းလာခြင်းဖြစ်ပြီး ဆုံးဖြတ်ချက် အဆိုမူကြမ်းကို ထုံးစံအတိုင်း ရုရှား၊ တရုတ်တို့၏ ဗီတို နှင့် ရင်ဆိုင်ရဖွယ် ရှိ၍ မျှော်လင့်ချက် မရှိလှဟု ယူဆရသော်လည်း အဆိုတင်သွင်း သည့် နိုင်ငံများကလည်း ထိုနိုင်ငံများမှ ဗီတို အာဏာ သုံး၍ ကမ္ဘာ အလယ်တွင် ဆိုးသွမ်းလှသော အကြမ်းဖက် စစ်တပ်အပေါ် ကာကွယ်ပေးနေမှု ကို ပေါ်လွင်စေရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်လာကြခြင်း ဖြစ်သည်။

မိမိတို့ နိုင်ငံ၏ ဂုဏ်သိက္ခာသည် ဆိုးသွမ်းလှသော အကြမ်းဖက် စစ်တပ် ဖက်မှ ဆက်လက်ရပ်တည်ပေးနေပါက ကျဆင်းဖွယ် သာ ရှိတော့သည်ဟု ယူဆလာကြပြီ ဖြစ်၍ ယခုလို ကန့်ကွက်ခဲ့ကြခြင်း မရှိ၊ ကြားနေခဲ့ကြခြင်းသာ ဖြစ်သည်။

ကမ္ဘာအကြီးဆုံး ဒီမိုကရေစီနိုင်ငံ အိန္ဒိယ မှ ကြားနေ ခဲ့ခြင်းကတော့ စိတ်မကောင်း ဖွယ်ရာပင် ဖြစ်သည်။

ဘန်ကောက်ပို့စ် သတင်းစာကြီး တွင် မြန်မာအရေးကို အစဉ်တစိုက် သုံးသပ်ဝေဖန်နေသည့် ဝါရင့် ဆောင်းပါးရှင် ကာဗီ ချောင်တီရာဗွန်မှ အထက်ပါ ခေါင်းစဉ် ဖြင့် သုံးသပ်တင်ပြသွားခဲ့သည်။

ဗြိတိန်မှ ထိုဆုံးဖြတ်ချက်ကို ဩဂုတ်လ ကတည်းက ကျန် လုံခြုံရေး ကောင်စီဝင် နိုင်ငံများ၊ အာဆီယံ နိုင်ငံများ၊ အခြား ပတ်သက်နေသည့် နိုင်ငံများ နှင့် အသေးစိတ် ညှိနှိုင်း ပြီးနောက် ယခုလို ချမှတ်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု ကုလ ဆိုင်ရာ ဗြိတိန် သံအမတ်ကြီး ဘာဘရာ ဝုဝပ်ဒ် မှ ကောင်စီ၏ သဘာပတိ ဖြစ်သူ အိန္ဒိယ သံအမတ်ကြီး မစ္စက် ရူချီရာ ကမ်ဘော့ချ် အား ယခုလို ရှင်းပြခဲ့သည်။

၂၀၂၁ ဖေဖေါ်ဝါရီလမှစ၍ စစ်တပ်သည် မြန်မာပြည်သူတို့၏ ဆန္ဒကို ဆန့်ကျင်ကာ ဒီမိုကရေစီ ကျကျ ပြုလုပ် ခဲ့သော ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ် ပြုရန် ငြင်းဆန်ပြီး အာဏာသိမ်းယူခဲ့ပြီး ချိန်မှစ၍ မြန်မာပြည်သူ ၅၅ သန်း တို့ အဖို့ လူမှုရေး၊ နိုင်ငံရေး နှင့် စီးပွားရေး အစရှိသည် တို့ ကသောင်းကနင်း ဖြစ်ကာ ဆက်တိုက် ဆိုသလို ဒုက္ခပင်လယ် ဝေခဲ့ရပါတယ်။

စစ်တပ်၏ အာဏာသိမ်းမှုကြောင့် ဒေသတွင်း တည်ငြိမ်ရေး အတွက် ဆိုးကျိုးများ ဖြစ်ပေါ်လာစေခဲ့သည့်အပြင် ရိုဟင်ဂျာ များ ရင်ဆိုင်နေရသော အခြေအနေများသည်လည်း ပို၍ ဆိုးဝါးသွားစေခဲ့ပါတယ်။

သဘာပတိကြီးရှင့် ယခု လို ဆုံးဖြတ်ချက် ချမှတ်နိုင်ခဲ့ခြင်းကြောင့် ကုလ အနေဖြင့် အာဆီယံ နိုင်ငံ ခေါင်းဆောင် များမှ ၎င်းတို့ ကြိုးပမ်းနေမှုများကို ထောက်ခံပေးရန် တောင်းဆို မှုကို တုန့်ပြန်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။

ယခု ဆုံးဖြတ်ချက်တွင် အကြမ်းဖက်မှုများ ရပ်တန့်ရေး၊ အာဆီယံ၏ အချက် ငါးချက်အား ချက်ချင်း လက်ငင်း အကောင်အထည် ဖေါ်ရန်၊ မြန်မာ ပြည်သူတို့၏ ဒီမိုကရေစီကျကျ ဆုံးဖြတ်ခဲ့သည့် ဆန္ဒကို လေးစားလိုက်နာရန်၊ လူ့အခွင့်အရေး ကို လေးစားရန်၊ လေးစားခြင်း မရှိ ကျူးလွန် ဖေါက်ဖျက်သူများကို တာဝန်ခံမှု ရှိလာရေး ဆောင် ရွက်ရန်၊ အကူအညီ လိုအပ်နေသူများအတွက် အတားအဆီး မရှိ လူလူချင်း စာနာထောက်ထားမှု အကူအညီများ ပေးနိုင်ရေးအတွက် ခွင့်ပြုရန်၊ ဒေါ်အောင်ဆန်းစုကြည် နှင့် သမ္မတ ဦးဝင်းမြင့် တို့ အပါအဝင် ထင်ရာ မြင်ရာ ဖမ်းဆီးခံ ထားရသူ အားလုံး ပြန်လွှတ်ပေးရန်တို့ ပါဝင်ပါတယ်။

မတ်လ အတွင်း အထွေထွေ အတွင်းရေးမှူးချုပ်၏ ရှင်းလင်းချက်ထဲတွင် ပါရှိသည့် အတိုင်း ယခု ဆုံးဖြတ် ချက်သည် နိုင်ငံတွင်း လက်ရှိ အမှန်အတိုင်း ဖြစ်ပေါ်နေသော အခြေအနေများကို စီစစ် ဆုံးဖြတ်ရန် အာဏာ အပ်နှင်းခဲ့ပြီ ဖြစ်၍ လွန်စွာ အရေးပါသည့် အခွင့်အလမ်းများ ထွက်ပေါ်လာခဲ့ရပြီ ဖြစ်ပါတယ်။

ယနေ့ ဆုံးဖြတ်ချက်ဟာ မြန်မာ စစ်တပ်အား မိမိတို့ အနေဖြင့် ယခု ဆုံးဖြတ်ချက် အပေါ် မဖြစ်မနေ အပြည့်အဝ အကောင်အထည် ဖေါ်သွားမည်ကို ယုံမှား သံသယ မရှိရန် ပြတ်သားစွာဖြင့် အကြောင်းကြားစာ ပေးပို့လိုက်ခြင်း လည်း ဖြစ်ပါတယ်။

တဖန် မြန်မာပြည်သူများ အားလည်း မိမိတို့ မှ ၎င်းတို့၏ အခွင့်အရေးများ၊ ဆန္ဒ အကျိုးစီးပွား များ နှင့် တထပ် တည်း ကျအောင် ဖေါ်ဆောင်ပေးသွားမည်ကိုလည်း အသိပေးလိုက်ခြင်း ဖြစ်ပါတယ် အစရှိသည်ဖြင့် ပြောဆို သွားခဲ့သည်။

အဆိုပါ ရှင်းလင်းချက် အား ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ဗြိတိန်သည် မြန်မာ ပြည်သူများ နှင့် အတူ ရပ်တည်သွားမည် ဖြစ်ပြီး စစ်အာဏာသိမ်း အဖွဲ့ အနေဖြင့် ပြည်သူများ ထံ အာဏာ ပြန်လည် အပ်နှင်းရန် အချိန်တန်ပြီ ဟူသော ခေါင်းစဉ် ဖြင့် တရားဝင် ကျေညာချက် ထုတ်ပြန်ခဲ့သည်။

ကလု လုံခြုံရေး ကောင်စီ တွင် ဗီတို အာဏာ ကိုင်စွဲထားသည့် နိုင်ငံကြီး ငါးနိုင်ငံ အပြင် လက်ရှိတွင် အလှည့်ကျ အဖွဲ့ဝင်များ အဖြစ် အယ်ဘေးနီယား၊ ဘရာဇီး၊ ဂါဘွန်၊ ဂါနာ၊ အိန္ဒိယ၊ အိုင်ယာလန်၊ ကင်ညာ၊ မက္ကဆီကို၊ နော်ဝေး နှင့် ယူအေအီး တို့ ပါဝင်ကြသည်။

ကျွန်တော်တို့ မြန်မာပြည်သူများ အနေဖြင့် တော်လှန်ရေးကြီး အောင်မြင်ရာ အောင်မြင်ကြောင်း ဘက်ပေါင်းစုံမှ အကူအညီပေးလာနေပြီ ဖြစ်၍ မိမိတို့ ပန်းတိုင်ကို မျက်ခြေမပြတ်ဘဲ စည်းစည်းလုံးလုံး ဖြင့် ဆောင်ရွက်သွားရန် လိုအပ်နေပေသည်။ 

ယခုလို စည်းလုံးညီညွတ်စွာ ဆန့်ကျင်တွန်းလှန် နိုင်ခဲ့ကြ၍လည်း စစ်အုပ်ချုပ်‌ရေး လက်အောက်တွင် နေခဲ့ရ သည့် နှစ်ပေါင်း ၆၀ ကျော် ကာလအတွင်း ရုရှား တရုတ်တို့ပင် ဗီတို အာဏာ မသုံးနိုင်တော့ကာ အလျော့ပေး ခဲ့ရသည် အထိ ဖြစ်လာ၍ ပထမဆုံးအကြိမ် လုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက် ထွက်ပေါ်လာခဲ့ရခြင်း ဖြစ်သည် မဟုတ်ပါလား။

ထိုအတွက် အမြင်မတူသည်များကို ခဏ ဘေးချိတ်ပြီး ညီညွတ်မှု အရှိန်ကို ဆက်လက် မြှင့်တင်သွားဖို့ လိုအပ်နေ ပေသည်။ သူတလူ ငါတမင်း လုပ်နေကြမည်ဆိုလျှင် မိမိတို့ တော်လှန်ရေးသည် ဆီးရီးယားကဲ့သို့ ရေစုန်မျောသွားနိုင်ကို သတိချပ်ဖို့ လိုအပ်လှပေသည်။

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!
 လှစိုးဝေ


ဆက်ဖတ်ရန် →
အဆိုမူကြမ်းအား ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ အတည်ပြုခဲ့ခြင်းနှင့်စပ်လျဉ်း၍  ထုတ်ပြန်ချက်”

အဆိုမူကြမ်းအား ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ အတည်ပြုခဲ့ခြင်းနှင့်စပ်လျဉ်း၍ ထုတ်ပြန်ချက်”

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
https://nugmyanmar.org
ကြေညာချက်အမှတ်(၂၇/၂၀၂၂)
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်

“မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက် အဆိုမူကြမ်းအား ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ အတည်ပြုခဲ့ခြင်းနှင့်စပ်လျဉ်း၍  ထုတ်ပြန်ချက်”

W၁။ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက် အဆိုမူကြမ်းကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အတည်ပြုခဲ့ခြင်းအပေါ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အား ကိုယ်စားပြုသည့် အမျိုးသားညီညွတ်ရေးအစိုးရက ကြိုဆိုပါသည်။ အထူးအားဖြင့် ယင်းအဆိုမူကြမ်းအားပြုစုသည့် လုပ်ငန်းစဉ်၌ ဦးဆောင်ဦးရွက်ပြုခဲ့ပြီး ဆုံးဖြတ်ချက် အဆိုမူကြမ်းအား အတည်ပြုရာတွင်လည်း ထောက်ခံပေးသည့် ဗြိတိန်နိုင်ငံနှင့် အခြား ထောက်ခံသည့် နိုင်ငံများကိုလည်း ကျေးဇူးတင်ရှိကြောင်း ဖော်ပြလိုပါသည်။

၂။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ယခုအတည်ပြုခဲ့သည့် ဆုံးဖြတ်ချက်အဆိုကို ထောက်ခံပါသည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြန်လည်ထွန်းကားလာစေရေးအတွက် ထပ်မံတိုးမြှင့် ဆောင်ရွက်သည့်အနေဖြင့် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများနှင့် သက်ဆိုင်သူများ အားလုံးက ဤဆုံးဖြတ်ချက်အဆိုပါ အချက်များကို အချိန်နှင့်တစ်ပြေးညီ အကောင်အထည်ဖော် ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းလိုပါသည်။
၃။ ဤဆုံးဖြတ်ချက်အဆိုသည် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ဆိုးရွားသော အကျပ်အတည်းအတွက် လုံခြုံရေးကောင်စီက အရေးယူဆောင်ရွက်ပေးရာတွင် တိုးတက်မှုတစ်ခုအဖြစ် ပြသနိုင်ရုံသာမက နိုင်ငံတကာ ငြိမ်ချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် စစ်တပ်၏ ခြိမ်းခြောက်နေမှုကိုလည်း ပြသပေးပါသည်။ ထို့အပြင် ဆုံးဖြတ်ချက်အဆိုတွင် လူ့အခွင့်အရေးအား လေးစားလိုက်နာရန်နှင့် တရားဥပဒေစိုးမိုးရေးဖော်ဆောင်ရန် လိုအပ်ကြောင်းကိုလည်း မီးမောင်း ထိုးပြထားပါသည်။ အဓိကအချက်တစ်ခုအနေဖြင့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် စစ်တပ်က မတရားဖမ်းဆီးချုပ်နှောင် ထားသည့် အကျဉ်းသားအားလုံးကို ချက်ချင်းလွှတ်ပေးရန် စစ်တပ်ကို တောင်းဆိုကြောင်း ပါရှိပါသည်။ ထို့အတူ ဆုံးဖြတ်ချက်အဆိုတွင် ဒီမိုကရေစီအဖွဲ့အစည်းများနှင့် လုပ်ငန်းစဉ်များကိုလည်း မြန်မာပြည်သူများ၏ ဆန္ဒနှင့် အကျိုးစီးပွားတို့နှင့်အညီ လေးစားရန်လည်း အလေးထား ဖော်ပြထားပါသည်။

၄။ ထို့အတူ ယင်းဆုံးဖြတ်ချက်အဆိုတွင် လူသားချင်းစာနာထောက်ထားမှုအကူအညီများကို ပြည့်ပြည့်ဝဝ လုံလုံခြုံခြုံ အဟန့်အတားမရှိ အကူအညီ လိုအပ်နေသူများထံ ပေးအပ်နိုင်ရန် လိုအပ်သည်ကိုလည်း အလေးထား ထည့်သွင်းဖော်ပြထားပါသည်။ တစ်ဆက်စပ်တည်းမှာပင် ရိုဟင်ဂျာဒုက္ခသည်များနှင့် ပြည်တွင်းနေရပ်စွန့်ခွာသူများ အနေဖြင့်လည်း ၎င်းတို့၏ ဆန္ဒအလျောက် ဘေးကင်းလုံခြုံစွာ၊ သိက္ခာရှိစွာနှင့် ရေရှည်တည်တံ့ခိုင်မြဲစွာ နေရပ်ပြန်လည် သွားရောက်နိုင်‌ရေးအတွက် လိုအပ်သည့် အခြေအနေများကို ဖန်တီးပေးရန်လည်း အလေးထား ဖော်ပြထားပါသည်။ ထိုမျှမက ဆုံးဖြတ်ချက်အဆိုတွင် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ဘုံသဘောတူညီချက် (၅) ရပ်ကိုလည်း ထိရောက်စွာနှင့် လျင်မြန်စွာ ချက်ချင်းအကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် အကောင်အထည် ဖော်မှုလုပ်ငန်းစဉ် အတွက် ကုလသမဂ္ဂက ထောက်ပံ့ပေးနိုင်မည့် အခြေအနေနှင့်ပတ်သက်၍ လုံခြုံရေးကောင်စီထံ နှုတ်ဖြင့် အစီရင်ခံတင်ပြရန်လည်း ထည့်သွင်း တောင်းဆိုထားပါသည်။ 

၅။ ဤဆုံးဖြတ်ချက်အဆိုတွင် ဖော်ပြပါ အပြုသဘောဆောင်သည့် အချက်အလက်များ ပါဝင်နေသည့်တိုင် မိမိတို့ အမျိုးသားညီညွတ်ရေးအစိုးရက မျှော်မှန်းထားသည့် အချက်များ များစွာ ပါဝင်လာမှု မရှိသေးသည်ကို တွေ့ရှိရပါသည်။ သို့ဖြစ်ရာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီနှင့် အထွေထွေညီလာခံတို့က ဤဆုံးဖြတ်ချက်အဆိုအပေါ်အခြေပြုကာ စစ် အာဏာရှင်စနစ်နှင့် ၎င်း၏ ရာဇဝတ်မှုများကို အပြီးတိုင် အမြန်ချုပ်ငြိမ်းရေးအတွက် ထို့ထက်ပို၍ ခိုင်မာသော လုပ်ဆောင်ချက်များကို အချိန်မီဆောင်ရွက်ကြပါရန် မြန်မာပြည်သူများကိုယ်စား အမျိုးသားညီညွတ်ရေးအစိုးရက တောင်းဆိုအပ်ပါသည်။ အဓိကအားဖြင့် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် မိတ်ဖက်အဖွဲ့အစည်းများနှင့် မြန်မာပြည်သူများနှင့်အတူ အကျိုးတူပူးပေါင်းကာ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ထောင်ရေးလုပ်ငန်းစဉ်၊ ရိုဟင်ဂျာများ နေရပ်ပြန်လည် လာရောက်နိုင်ရေးအတွက် အထောက်အကူဖြစ်စေမည့် ပတ်ဝန်းကျင်အား ဖန်တီးပေးရေး၊ လူသားချင်းစာနာ ထောက်ထားမှုအကူအညီများ အမှန်တကယ် လိုအပ်နေသူများထံ ရောက်ရှိရေးနှင့် နိုင်ငံတကာရာဇဝတ်မှုဥပဒေအား ချိုး‌ဖောက်မှုများအတွက် တာဝန်ခံမှုရှိစေရေးတို့အတွက် နိုင်ငံတကာကူညီထောက်ပံ့မှု များကို ထပ်လောင်းတောင်းဆိုပါသည်။

၆။ ဤနေရာတွင် မြန်မာပြည်သူလူထု၏ ဆန္ဒနှင့် အကျိုးစီးပွားမှာ ရှင်းလင်းမြင်သာ၍ ထင်ရှားပါသည်။ ထိုသို့ သိသာထင်ရှားစေရန် ရဲစွမ်းသတ္တိပြည့်ဝသည့် သန်းပေါင်းများစွာသော မြန်မာပြည်သူများက တစ်ဦးချင်းအလိုက် ဆန္ဒထုတ်ဖော်ပြသခြင်း၊ လူထုအထွေထွေသပိတ်အား ဆက်လက်ပြုလုပ်နေခြင်း၊ ၎င်းတို့၏ ကျေးရွာများနှင့် မိသားစုများကို စစ်တပ်၏ ရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်များမှ အကာအကွယ်ပေးခြင်းတို့ဖြင့် နေ့စဉ်နှင့်အမျှ ဆက်လက် ထုတ်ဖော်ပြသလျက်ရှိပါသည်။ သို့ဖြစ်ရာ ယခုဆုံးဖြတ်ချက်အဆိုသည် ၎င်းတို့အတွက် အထောက်အပံ့ ဖြစ်စေသည့် ခြေလှမ်းတစ်ခုအဖြစ် ကြိုဆိုပါသည်။ ဤအတည်ပြုခဲ့သည့် ဆုံးဖြတ်ချက်အဆိုသည် မြန်မာနိုင်ငံနှင့် စပ်လျဉ်း၍ လုံခြုံရေးကောင်စီ၏ လုပ်ငန်းကို စတင်ခြင်းပင်ဖြစ်ပါသည်။ မြန်မာနိုင်ငံအရေးကိစ္စနှင့် ပတ်သက်၍ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို မြန်မာကိုယ်စားလှယ်များနှင့် ပြည်သူများထံမှ တိုက်ရိုက်လက်ခံရယူ၍ ယခုကိစ္စအား ဦးစားပေးအဖြစ် လုံခြုံရေးကောင်စီက ထိရောက်စွာ ပုံမှန်ကိုင်တွယ်ဆောင်ရွက်သွားရန်လိုအပ်ပါသည်။ အဓိကအားဖြင့် မြန်မာပြည်သူများ၏ အသက်အိုးအိမ်များကို ကယ်တင်ရန်နှင့် ဒေသတွင်းမတည်မငြိမ်ဖြစ်မှုအား ကာကွယ်ထိန်းသိမ်းရန် လုံခြုံရေးကောင်စီ၏ တိကျခိုင်မာပြတ်သားသော ဆုံးဖြတ်ချက်ကို အထူးလိုအပ်ပါသည်။ 

အမျိုးသားညီညွတ်ရေးအစိုးရ

The Republic of the Union of Myanmar 
National Unity Government
Statement (27/2022)
http://nugmyanmar.org
22 December 2022

“Statement of the National Unity Government of Myanmar on the adoption of the
United Nations Security Council Resolution on the situation in Myanmar”

 The Republic of the Union of Myanmar, as represented by the National Unity Government, welcomes the adoption of the United Nations Security Council Resolution on the situation in Myanmar. Myanmar offers its deep gratitude to the United Kingdom for its leadership in the process of drafting and adopting the resolution and to all others who support the resolution.
 The NUG supports the resolution and accordingly urges the member states and all relevant stakeholders to timely implement the resolution as taking a step towards restoration of democracy in Myanmar.
The resolution demonstrates the Security Council’s progress in taking action on the serious crisis in Myanmar and the junta’s threats to international peace and stability. This resolution highlights the need to respect human rights and to uphold rule of law. It urges the “military to immediately release of all arbitrarily detained prisoners, including President Win Myint and State Counsellor Aung San Suu Kyi,” whom the National Unity Government notes continue to serve in those roles within Myanmar’s government. Furthermore, the resolution emphasizes respect for “democratic institutions and processes, in accordance with the will and interests of the people Myanmar.”
The resolution also highlights the need for “full, safe and unhindered humanitarian access” as well as “scaled up humanitarian assistance to all people in need.” It emphasizes creating “conditions necessary for voluntary, safe, dignified and sustainable return of Rohingya refugees and internally displaced persons.” In addition, the resolution calls for concrete and immediate actions for implementation of the ASEAN Five Point Consensus and for an oral report to the Security Council on UN support for that implementation.
 Despite these positive elements and the challenges to adoption, we would have liked to see a stronger text. However, we are clear this is only a first step. As such, on behalf of the people of Myanmar, the National Unity Government calls on the UN Security Council, building on this resolution, to take further and stronger action to ensure the swift end of the military junta and its crimes. We call for additional international support for the collective efforts of the National Unity Government, allied stakeholders, and the people of Myanmar to build the Federal Democratic Union, pave a way to create a conducive environment for the repatriation of the Rohingya, deliver life-saving humanitarian assistance to all people in need, and ensure accountability for all violations of international criminal law.
The will and interests of the people are clear and continue to be expressed each day by millions of brave individuals protesting, maintaining a general strike, and defending their villages and families against the military’s atrocities. This resolution is a welcome step towards supporting them. The Security Council’s work only begins with this resolution. It should remain more regularly seized of the matter as a priority, including by receiving formal updates directly from representatives of Myanmar and its people. Decisive action by the Security Council is needed to save lives of the people of Myanmar and prevent further destabilization of the region.

National Unity Government of Myanmar





ဆက်ဖတ်ရန် →
UNမှာ ဗီဒိုအာဏာ မပါပဲ...မဲခွဲဆုံးဖြတ်နေကြပါပြီ....

UNမှာ ဗီဒိုအာဏာ မပါပဲ...မဲခွဲဆုံးဖြတ်နေကြပါပြီ....

UNရဲ့ ဗလာမပါ ကံစမ်းပွဲ
****************************
၂၁-၁၂-၂၂ရက်နေ့ ယနေ့....
UN မှာ ဗြိတိန်က မြန်မာနိုင်ငံအတွက်....
အဆိုတင်သွင်းထားသည့်.…..မူကြမ်းကို.....
ဗီဒိုအာဏာ မပါပဲ...မဲခွဲဆုံးဖြတ်နေကြပါပြီ......

(အကြမ်းဖက်မှုတွေ ချက်ချင်း ရပ်တန့်ဖို့....
ထိန်းသိမ်းခံထားရတဲ့ခေါင်းဆောင် ....
အမေစု အပါအဝင် နိုင်ငံရေး....
အကျဉ်းသားအားလုံး လွှတ်ပေးဖို့....)

UN ရဲ့ ဗီဒိုအာဏာ ရရှိနေကြသည့်....
(၄)နိုင်ငံက...တဖက်ကို (၂) နိုင်ငံစီ....
ဖြစ်နေကြတော့....
မဲခွဲ ဆုံးဖြတ်ကြဖို့ ဖြစ်လာခဲ့ရပါတယ်...…

မဲခွဲဆုံးဖြတ်ကြရင်တော့.….
မြန်မာ့အရေး မူကြမ်းက အနိုင်ရဖို့သာ....
ရှိနေပါသည်.....

UN မှာ အဆိုပါ မူကြမ်းအနိုင်ရရှိပြီး.….
အချိန်ကာလ တခုသ-တ်မှတ်ပေးပြီးလို့မှ....
မအလ အုပ်စုက လိုက်နာမှု မရှိပါက.......

ကမ္ဘာက....
အစွန်းရောက် အကြမ်းဖက်အဖွဲ့အဖြစ်သာ....
သ-တ်မှတ်ကာ စီရင်ချက်တွေ ချမှတ်ကြဖို့သာ.....
ရှိနေပါတော့သည်....

Crd.,
(ပုံအဟောင်းဖြစ်ပါသည်)


ဆက်ဖတ်ရန် →

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအရာရှိ ထောင်ငါးနှစ် ထပ်မံချမှတ်ခံရ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအရာရှိ ဦးအောင်နိုင်ဦးကို နေပြည်တော် အချုပ်ထောင်တွင်းတရားရုံးကနေ ဒီဇင်ဘာလ၂၁ ရက် ဒီကနေ့မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒ ပုဒ်မ ၅၂ (က) နဲ့ ထောင်ဒဏ် ၅ နှစ်ချမှတ်ခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအရာရှိ ဦးအောင်နိုင်ဦးအား တွေ့ရစဉ်။ Citizen Journalist

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအရာရှိ ဦးအောင်နိုင်ဦးကို နေပြည်တော် အချုပ်ထောင်တွင်းတရားရုံးကနေ ဒီဇင်ဘာလ၂၁ ရက် ဒီကနေ့မှာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒ ပုဒ်မ ၅၂ (က) နဲ့ ထောင်ဒဏ် ၅ နှစ်ချမှတ်ခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

နိုင်ငံတော်သမ္မတရုံး သတင်းနဲ့လုံခြုံရေးဆိုင်ရာဌာနကြီး၊ လုံခြုံရေးအရာရှိချုပ်ရုံး ဒုတိယညွှန်ကြားရေးမှူး ဦးအောင်နိုင်ဦးကို အောက်တိုဘာ ၁၃ ရက်ကလည်း မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ-၃၊ ပုဒ်မခွဲ (၁)၊ ပုဒ်မခွဲငယ် (ဂ) နဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ပါတယ်။

ဒါ့ကြောင့် ဦးအောင်နိုင်ဦးဟာ စုစုပေါင်း ထောင်ဒဏ် ၁၅ နှစ်ကျခံရဖို့ ရှိနေပါတယ်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီကို ဖမ်းဆီးမိချိန်က ကိုဂျင်မီဖုန်းထဲမှာ ဦးအောင်နိုင်ဦးနဲ့ ဆက်သွယ်ထားတာကို တွေ့ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ဦးအောင်နိုင်ဦးကို ဖမ်းဆီးခဲ့တာပါ။

ဦးအောင်နိုင်ဦးက အမျိုးသားဒီမိုကကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်တွေမှာ လုံခြုံရေးအတွက် စီမံခန့်ခွဲရသူဖြစ်ပါတယ်။

စစ်အစိုးရလက်ထက် ၁၉၉၀ အလွန်ကာလတွေက ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်မြို့ နေအိမ်မှာ အကျယ်ချုပ်ကျနေတုန်းကလည်း ဦးအောင်နိုင်ဦးက ရဲအရာရှိငယ်ဘဝနဲ့ ကာလအတန်ကြာ စောင့်ကြပ်ခဲ့ဖူးပါတယ်။ ၂၀၁၆ ခုနှစ်မှာတော့ သတင်းရဲတပ်ဖွဲ့ရဲမှူး တာဝန်ကနေ နိုင်ငံတော်သမ္မတရုံး သတင်းနဲ့ လုံခြုံရေးဆိုင်ရာဌာနကြီးကို ပြောင်းရွှေ့ခန့်အပ်ခံခဲ့ရတာပါ။

အလားတူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ်လုံခြုံရေးတာဝန်ယူခဲ့သူ ရဲအုပ်ပြည့်ဖြိုးနိုင်နဲ့ ဒုရဲအုပ်ချယ်ရီထက်တို့လည်း ဖမ်းဆီးထောင်ချခံထားရပါတယ်။ ဒုရဲအုပ်ချယ်ရီထက်က ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေနဲ့ ထောင်သုံးနှစ်၊ ရာဇသတ်ကြီးပုဒ်မ - ၅၀၅ (က) နဲ့ ထောင်နှစ်နှစ်၊ စုစုပေါင်း ငါးနှစ် ချမှတ်ခံထားရတာပါ။ ရဲအုပ်ပြည့်ဖြိုးနိုင်ကတော့ ရဲစည်းကမ်းထိန်းသိမ်းရေးဥပေဒေနဲ့ ထောင်သုံးနှစ် ချမှတ်ခံထားရပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဒီဇင်ဘာ ၂၀ ရက် စာရင်းအရ အာဏာသိမ်းပြီးနောက် စစ်ကောင်စီဟာ နယ်ပယ်အသီးသီးက လူပုဂ္ဂိုလ်ကို ၁၃,၀၈၈ ဦးကို ဖမ်းဆီးထားပြီး အဲဒီအထဲက ၁,၇၆၃ ဦးကို ထောင်ဒဏ်ချမှတ်ထားပါတယ်။

ဆက်ဖတ်ရန် →
 မုံရွာမြို့ပေါ်မှာ ပစ်သတ်ခံရတဲ့ ရဲအလောင်းနဲ့ ဒဏ်ရာရ ရဲ ၂ ဦးကို လာသယ်တဲ့ကား မိုင်းဆွဲတိုက်ခိုက်ခံရ

မုံရွာမြို့ပေါ်မှာ ပစ်သတ်ခံရတဲ့ ရဲအလောင်းနဲ့ ဒဏ်ရာရ ရဲ ၂ ဦးကို လာသယ်တဲ့ကား မိုင်းဆွဲတိုက်ခိုက်ခံရ

ရုပ်သံကြည့်ရန်နှိပ်ပါ

မဲခေါင်၊ ဒီဇင်ဘာ ၂၁

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ ပစ်သတ်ခံရတဲ့ ရဲအလောင်းနဲ့ ဒဏ်ရာရ ရဲ ၂ ဦးကို လာသယ်တဲ့ကားကို မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ Special Forces-11 က မနေ့က ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာလ ၂၀ ရက် မွန်းလွဲ ၂ နာရီ ၄၀ မိနစ်က မုံရွာမြို့နယ် တစ်နေရာမှာ ဈေးဝယ်ထွက်လာတဲ့ ရဲ ၃ ဦး လမ်းခုလပ် တစ်နေရာမှာ သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက် ခံခဲ့ရပါတယ်။

Special Forces-11  ရဲဘော်‌တွေ ဦးဆောင်ပြီး မုံရွာမြို့ နယ် -ပ.က.ဖ၊  မုံရွာမြို့နယ်-ပ.လ.ဖ ရဲဘော်တွေ စောင့်ကြို တိုက်ခိုက်ခဲ့ရာမှာ ရဲတစ်ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာ‌တွေနဲ့ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

အဲဒီ တိုက်ပွဲမှာ သေနတ် တစ်လက်၊ ၉ မမ ကျည် ၁၅ တောင့်၊ ကျည်ဘောက် တစ်ခုတို့ကို သိမ်းဆည်း ရမိခဲ့ပြီး ရဲဘော်တွေ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ညနေ ၄ နာရီ ၅၆ မိနစ်မှာ မုံရွာမြို့ပေါ် တိုက်ခိုက်မှုကြောင့်  သေဆုံးသွားတဲ့ ရဲအလောင်းနဲ့ ဒဏ်ရာရ ရဲ ၂ ဦးကို လာသယ်တဲ့ ကားကို  မုံရွာ-မန္တလေး လမ်းမကြီးရဲ့ မုံရွာ-ချောင်းဦး လမ်းပိုင်းမှာ Special Forces-11 အဖွဲ့က ပဒေသာမိုင်း ၅ လုံးဆွဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီ မိုင်းထိမှန်မှုကြောင့် သေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာ ရရှိမှု အသေးစိတ် အခြေအနေကို မသိရသေးဘူးလို့ Special Forces-11 အဖွဲ့က ထုတ်ပြန်ထားပါတယ်။

MK-003
#MeKongNews


ဆက်ဖတ်ရန် →
စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်တပ်နဲ့ မင်းအောင်လှိုင် သမီးကို ရိုးမဘဏ်က ထောက်ပံ့နေ

စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်တပ်နဲ့ မင်းအောင်လှိုင် သမီးကို ရိုးမဘဏ်က ထောက်ပံ့နေ


မဲခေါင်၊ ဒီဇင်ဘာ ၂၁

ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်တပ်နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ သမီးပိုင် စီးပွားရေး လုပ်ငန်းတွေကို ထေက်ပံ့နေတဲ့ အထောက်အထားတွေ တွေ့လို့ ကမ္ဘာ့ဘဏ်အုပ်စုရဲ့ လုပ်ငန်းခွဲ ဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း-IFC က ရိုးမဘဏ်မှာ ရင်းနှီးမြှုပ်နှံထားတာတွေ ရုပ်သိမ်းတော့မယ်လို့ Justice For Myanmar က ဒီကနေ့ အတည်ပြု ထုတ်ပြန်ပါတယ်။

ရိုးမဘဏ်ဟာ လူမျိုးတုံး သတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်တပ်နဲ့ စီးပွားရေး လုပ်ကိုင်နေတဲ့ အထောက်အထား မှတ်တမ်းတွေကြောင့် IFC က ရင်းနှီးမြှုပ်နှံမှုတွေ ရုပ်သိမ်းတာ ဖြစ်ပါတယ်။

IFC ဟာ ရိုးမဘဏ်ရဲ့ ရှယ်ယာ ၄ ဒသမ ၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်ပြီး သူ့ရဲ့ အစုရှယ်ယာ အားလုံးကို First Myanmar Investment -FMI ကို အမေရိကန်ဒေါ်လာ ၅ သန်းနဲ့ ပြန်ရောင်းချနေတာ ဖြစ်ပါတယ်။ 

၂၀၂၀ ခုနှစ်က ရိုးမဘဏ်ဟာ စစ်ခေါင်းဆောင်ရဲ့ သမီး ခင်သီရိသက်မွန် ပိုင်ဆိုင်တဲ့ Pinnacle Asia ကို ကုမ္ပဏီ ချေးငွေ ထုတ်ပေးခဲ့ပြီး အဲဒီချေးငွေဟာ စစ်ကောင်စီပိုင် မိုင်တဲလ်အတွက် တာဝါတိုင်တွေ တည်ဆောက်ဖို့ ပံ့ပိုးပေးခဲ့တာ ဖြစ်တယ်လို့ Justice For Myanmar က ဆိုပါတယ်။

ရိုးမဘဏ်ဟာ Mytel ပိုင်ရှင်ဖြစ်တဲ့ Telecom International Myanmar အတွက် ဒေါ်လာ ၁၀ သန်းကျော်ကို ၂၀၂၂ ခုနှစ် မတ်လအထိ သိမ်းဆည်းပေးခဲ့တယ်လို့ ပြီးခဲ့တဲ့လမှာ Justice For Myanmar က ဆိုပါတယ်။

အဲ့ဒီအပြင် နိုဝင်ဘာလမှာ စစ်ကောင်စီပိုင် အင်းဝဘဏ်နဲ့ ရိုးမဘဏ်တို့ ငွေလွှဲမှု အကြိမ်၂၀၀ ကျော် ရှိတယ်လို့ ဆိုပါတယ်။

ရိုးမဘဏ်ကို ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင် ဦးပိုင်ကုမ္ပဏီ ဖြစ်တဲ့ FMI က ထိန်းချုပ်ထားပြီး စင်္ကာပူ  နိုင်ငံပိုင် ရန်ပုံငွေ GIC အဖွဲ့ဝင်ဖြစ်တဲ့ Greenwood Capital က ၁၉ ဒသမ၇ ရာခိုင်နှုန်းနဲ့ နော်ဝေ ဖွံ့ဖြိုးရေးဆိုင်ရာ ဘဏ္ဍာရေး အဖွဲ့အစည်း Norfund က ၁၀ ဒသမ ၆ ရာခိုင်နှုန်း ပိုင်ဆိုင်တယ်လို့ သိရပါတယ်။ 

လက်ရှိ FMI ဟာ ဟောင်ကောင်က ဦးပိုင်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Pun Holdings (HK) Limited နဲ့ အရောင်းအဝယ် ပြုလုပ်ပြီး IFC ရဲ့ ရှယ်ယာတွေကို ဝယ်ယူနေတယ်လို့ ဆိုပါတယ်။

စစ်တပ်ပိုင် အင်းဝဘဏ်ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းကို အမေရိကန်၊ အီးယူ၊ ယူကေနဲ့ ကနေဒါနိုင်ငံတို့က ဒဏ်ခတ်ပိတ်ဆို့ အရေးယူထားတယ်လို့ သိရပါတယ်။

သြစတြေးလျဘဏ် ANZ ဟာ Innwa Bank နဲ့ ငွေလွှဲတာတွေ လူသိရှင်ကြား ဖော်ထုတ်ခံရပြီးနောက် မြန်မာနိုင်ငံကနေ ထွက်ခွာတော့မယ့်အကြောင်း ပြီးခဲ့တဲ့လက ကြေညာခဲ့ပါတယ်။

MK-006
#MeKongNews



ဆက်ဖတ်ရန် →