အမေရိကန်က မြန်မာ့နွေဦးတော်လှန်ရေးကိုဒေါ်လာ၁၃၆သန်းထောက်ပံ့
အမေရိကန်က မြန်မာ့နွေဦးတော်လှန်ရေးကို ထောက်ပံ့ဖို့ ဒေါ်လာ၁၃၆သန်းတဲ့။
အထက်လွှတ်တော်ရော အောက်လွှတ်တော်ကရော ထောက်ခံပြီးတာမို့ သေချာသလောက်နီးပါးတော့ ရှိနေပါပြီ။ ရက်ပိုင်းအတွင်း မစ္စတာဘိုင်ဒန် လက်မှတ်ထိုးအတည်ပြုဖို့ပဲ ကျန်ပါတော့တယ်။
ဒီ၁၃၆ သန်းဟာ နွေဦးတော်လှန်ရေးအတွက် ထိရောက်တဲ့နေရာမှာ အသုံးပြုခွင့်ရမယ်ဆိုတော့ဖြင် စောက်ပုရဲ့ နေ့ရက်တွေကို အမြန်အဆုံးသတ်နိုင်မယ်လို့ မျှော်လင့်ရတယ်။
မုန်တိုင်းနေ့စွဲတွေမှာ လေပြေရနံ့ကို လှမ်းရလိုက်တာပဲ။
❤️
ပန်ဆယ်လို
နွေဦးတော်လှန်ရေးအတွက် အထောက်အကူပြုဖို့ ကန်ဒေါ်လာ ၁၃၆ သန်းကျော် အကူအညီပေးရေး ပါဝင်ထားတဲ့ အမေရိကန်အစိုးရဘတ်ဂျက်ကို လွှတ်တော်က အတည်ပြု
အမေရိကန်ပြည်ထောင်စု ကွန်ဂရက်လွှတ်တော်ကနေပြီးတော့ အမေရိကန်အစိုးရအတွက် ၂၀၂၁-၂၀၂၂ ခုနှစ် ဘတ်ဂျက်ကို မတ် ၁၁ ရက်က အတည်ပြုခဲ့ရာ အဲဒီဘတ်ဂျက်ထဲမှာ မြန်မာ့နွေဦးတော်လှန်ရေးအတွက် ကန်ဒေါ် လာ ၁၃၆ သန်းကျော်အကူအညီပေးမယ့်အစီအစဉ်တွေ ပါဝင်နေတာ တွေ့ရပါတယ်။
ဒီဘတ်ဂျက်ကို အမေရိကန်လွှတ်တော်နှစ်ရပ်စလုံးကထောက်ခံပြီးတာမို့ သမ္မတဂျိုးဘိုင်ဒင်က ရက်ပိုင်းအတွင်း လက်မှတ်ရေးထိုးအတည်ပြုမယ်လို့လည်း ဆိုထားပါတယ်။
လွှတ်တော်က အတည်ပြုလိုက်တဲ့ ဘတ်ဂျက်ထဲမှာ မြန်မာနိုင်ငံအတွက် အမေရိကန်ဒေါ်လာ ၁၃၆,၁၂၇,၀၀၀ ထောက်ပံ့ဖို့ သတ်မှတ်ထားတာပါ။
ဒီသတ်မှတ်ချက်တွေထဲမှာ ကချင်၊ ချင်း၊ မွန်၊ ကရင်၊ ကရင်နီ၊ ရခိုင်နဲ့ ရှမ်းပြည် နယ်များအတွင်း တိုင်းရင်းသားလူမျိုးစုများ၊ မတူကွဲပြားသော ကိုးကွယ်ယုံ ကြည်မှုများအကြား အပြန်အလှန် နားလည်မှု၊ ညီညွတ်မှုများကို တည်ဆောက်ရန်၊ လိင်ပိုင်းဆိုင်ရာနှင့် Gender-based အကြမ်းဖက်မှုများကို တားဆီးတိုက်ဖျက်ရန် ဆောင်ရွက်မှုတွေ၊ မြန်မာနိုင်ငံအရှေ့ပိုင်း၊ ထိုင်းနယ်စပ်ဒေသရောက် ပြည်တွင်းရွှေ့ပြောင်း ဒုက္ခသည်များ (IDPs) ကို အကူအညီပေးနေကြတဲ့ ဒေသအခြေပြုအဖွဲ့အစည်းတွေ (Community-Based Organizations)၊ (မြန်မာဒုက္ခသည်များကို ကူညီထောက်ပံ့ရန် သီးခြား သတ်မှတ်ထားသည့် Migration and Refugees Assistance Fund ရန်ပုံငွေများအပြင်)၊ မြန်မာဖက်ဆစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးခြင်း၊ အထောက်အထားရှာဖွေစုဆောင်းခြင်းဆိုင်ရာလုပ်ငန်းတွေ အတွက်ဆိုပြီးတော့ အမေရိကန် မှာ နေထိုင်တဲ့ စာရေးဆရာအောင်ဒင်က သုံးသပ်ထားပါတယ်။
ထောက်ပံ့ပေးဖို့ အဖွဲ့အစည်းတွေကတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ၊ စီဒီအမ် (CDM) နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (EAOs) ရဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းတွေဖြစ်တယ် လို့ ဆိုပါတယ်။
၁၃.၃.၂၀၂၂
#crd_to_owner
#CRPH
#NUG_Our_Legitimate_Government
#Pdfnews
#RejectMilitaryCoupInMyanmar

မှတ်ချက်များ
Post a Comment