ICE က ဖမ်းသွားရင် ဆက်သွယ်ရမယ့် ရှေ့နေတွေ — Buffalo
ရဲရင့်ငယ် — ၁၁ နိုဝင်ဘာ ၂၀၂၆
Buffalo မြို့တော် — Photo: Andre Carrotflower (CC BY-SA 4.0)
အရေးကြီးဆုံး အချက် — အဖမ်းခံရသူ ရှိရင် အရင်ဆုံး ဖုန်းဆက်ပါ။ ချိန်းဆိုထားတဲ့ ရက်ချိန်းမပါဘဲ ရုံးကို တိုက်ရိုက်သွားတာ အချိန်ကုန်နိုင်ပါတယ်။ Journey's End ကလွဲရင် walk-in မရပါဘူး။ ဒီစာရင်းထဲက ဝန်ဆောင်မှုတွေက အခမဲ့ (pro bono) ဖြစ်ပါတယ်။
Buffalo နဲ့ အနောက်နယူးယော့ခ်မှာ ICE က ဖမ်းသွားရင် ဆက်သွယ်လို့ရတဲ့ အခမဲ့ ဥပဒေအကူအညီအဖွဲ့တွေနဲ့ မြန်မာအသိုင်းအဝိုင်း ဆက်သွယ်ရန်တွေကို စုစည်းထားပါတယ်။ အဖမ်းခံထားရသူတွေကို အများအားဖြင့် Batavia က Buffalo Federal Detention Facility မှာ ထိန်းသိမ်းထားပါတယ်။
Buffalo / အနောက်နယူးယော့ခ် — အဖမ်းခံထားရသူ အတွက် အရေးပေါ်
Erie County Bar Association Volunteer Lawyers Project (VLP)
438 Main Street, 7th Floor, Buffalo, NY 14202
အဖမ်းခံထားရသူ လိုင်း: (716) 847-0752 — ရုံးချုပ်: (716) 847-0662
Batavia ထိန်းသိမ်းရေးစခန်းက အဖမ်းခံရသူတွေအတွက် အခမဲ့ ရှေ့နေ (universal representation)။
Journey's End Refugee Services — Immigration Legal Services
2495 Main Street, Suite 530, Buffalo, NY 14214
(716) 882-4963 x203 — immigration@jersbuffalo.org
မြန်မာနဲ့ ကရင် ဘာသာစကား ရပါတယ်။ အခမဲ့၊ ခိုလှုံခွင့်နဲ့ ပြည်နှင်ဒဏ် ကိစ္စတွေ လိုက်ပေးပါတယ်။ walk-in က သောကြာနေ့ မနက် ၁၀ နာရီကနေ နေ့လည် ၁ နာရီအထိပဲ ရပါတယ်။
Legal Aid Bureau of Buffalo
290 Main Street, Suite 400, Buffalo, NY 14202
(716) 853-9555 — တနင်္လာ–သောကြာ မနက် ၈:၃၀–ညနေ ၄:၃၀
ခိုလှုံခွင့်နဲ့ ပြည်နှင်ဒဏ် ကြားနာမှုတွေ အပါအဝင် အခမဲ့ ဥပဒေဝန်ဆောင်မှု။
Justice for Migrant Families of WNY
371 Delaware Avenue, Buffalo, NY 14202
အဖမ်းခံထားရသူ hotline: (716) 427-4917 (တနင်္လာ–ကြာသပတေး နေ့လည် ၂–၄ နာရီ၊ ည ၆–၈ နာရီ) — ရုံး: (716) 575-9110
Jewish Family Service of Buffalo & Erie County — R.I.C.H. program
70 Barker Street, Buffalo, NY 14209
(716) 883-1914
ခိုလှုံခွင့်တောင်းသူနဲ့ ညှဉ်းပန်းနှိပ်စက်ခံရသူတွေအတွက် ဥပဒေ + ဆေးဘက် + စိတ်ကျန်းမာရေး အကူအညီ။ တရားရုံးမှာ တစ်ဦးတည်း ကိုယ်စားပြုတဲ့ ရှေ့နေဝန်ဆောင်မှု မဟုတ်ပါ။
ဖုန်းလိုင်း နဲ့ ကိရိယာများ
NYIC Immigration Legal Support Hotline: 800-354-0365
NYS Office for New Americans Hotline: 1-800-566-7636
National Immigration Detention Hotline: ထိန်းသိမ်းရေးစခန်းထဲက ဖုန်းကနေ 9233# ကို နှိပ်ပါ — တနင်္လာ–သောကြာ မနက် ၁၁ နာရီ–ည ၁၁ နာရီ၊ အခမဲ့
Prisoners' Legal Services, Buffalo Immigration Office: (716) 844-8266 (အကျဉ်းထောင်မှာ ရာဇဝတ်မှု ပြစ်ဒဏ်ကျနေသူတွေအတွက်သာ)
ICE Online Detainee Locator: အဖမ်းခံရသူ ဘယ်မှာ ထိန်းသိမ်းထားလဲ ရှာလို့ရပါတယ် — locator.ice.gov
Buffalo မြန်မာအသိုင်းအဝိုင်း
Buffalo Myanmar Association
927 Tonawanda Street, Buffalo, NY 14207
(716) 266-2230 — bmaonevoice@gmail.com
Burmese Community Services — Steven Sanyu
1215 Tonawanda Street, Buffalo, NY 14207
(716) 308-4338
မြန်မာနဲ့ ထိုင်း ဘာသာစကား ရပါတယ်။ အခမဲ့ case management နဲ့ လွှဲပြောင်းပေးမှုတွေ လုပ်ပေးပါတယ်။
Karen Society of Buffalo
246 Lafayette Avenue, Buffalo, NY 14213
(716) 768-0064
ကရင်နဲ့ မြန်မာ ဘာသာစကား ရပါတယ်။ ဥပဒေအကူအညီ လွှဲပြောင်းပေးပါတယ်။ walk-in က တနင်္လာနေ့ပါ။
ကနေဒါကို ရောက်သွားရင် — Toronto / Mississauga
Legal Aid Ontario (LAO) — 1-800-668-8258 (Toronto 416-979-1446) — တနင်္လာ–သောကြာ မနက် ၈ နာရီ–ညနေ ၅ နာရီ။ ဘာသာစကား ၃၀၀ ကျော် စကားပြန်ရပါတယ်။ ခိုလှုံခွင့် ရှေ့နေခကို ထောက်ပံ့ပေးတဲ့ certificate ထုတ်ပေးပါတယ်။
LAO Refugee Law Office, Toronto
20 Dundas Street West, Suite 730 (Atrium on Bay), Toronto
416-977-8111 — တနင်္လာ–သောကြာ မနက် ၉:၃၀–ညနေ ၄ နာရီ၊ ရက်ချိန်း ယူရပါတယ်။
FCJ Refugee Centre
208 Oakwood Avenue, Toronto, ON M6E 2V4
416-469-9754 — info@fcjrefugeecentre.org — drop-in က တနင်္လာနေ့ မနက် ၉:၃၀–ညနေ ၄ နာရီ။
Mississauga Community Legal Services (905-896-2050) ကတော့ ခိုလှုံခွင့် ဥပဒေဝန်ဆောင်မှု မပေးပါဘူး — LAO Refugee Law Office ကို လွှဲပေးပါတယ်။
သတိပေးချက် — ဆိုရှယ်မီဒီယာမှာ ပျံ့နေတဲ့ hotline နံပါတ်တချို့ကို အတည်မပြုရသေးပါဘူး။ ဒီစာရင်းထဲက အဖွဲ့အစည်းတွေရဲ့ တရားဝင် နံပါတ်တွေကိုပဲ အားကိုးပါ။
ရင်းမြစ်များ —
https://ecbavlp.com/immigration/
https://www.jersbuffalo.org/immigration-legal-services
https://legalaidbuffalo.org/
https://www.justiceformigrantfamilies.org/
https://www.jfswny.org/
https://www.immigrationadvocates.org/nonprofit/legaldirectory/
https://www.legalaid.on.ca/
https://www.fcjrefugeecentre.org/
https://www.buffalomyanmarassociation.org/about-us
https://www.karenbuffalo.org/

မှတ်ချက်များ
Post a Comment