မကြွေတဲ့ကြယ်
ရဲရင့်ငယ် — ၂၀ အောက်တိုဘာ ၂၀၂၆
ကဗျာဆရာ အောင်ဝေး ရဲ့ ကဗျာကို သီချင်းအဖြစ် ဖန်တီးထားတာ ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးမှာ ကျဆုံးခဲ့ရတဲ့ သူရဲကောင်းတွေကို ရည်ညွှန်းတဲ့ သီချင်းပါ — သေပြီးရင်တောင် ရှင်သန်နေမယ့်၊ မြေကြီးအောက်မှာ ဘယ်တော့မှ မကြွေတဲ့ ကြယ်တွေအကြောင်း ဖြစ်ပါတယ်။
ကဗျာ — အောင်ဝေး
တေးရေး — ရဲရင့်ငယ်
သီချင်းစာသား
သေခြင်းတရား သေခြင်းတရားကို
ရွှေချထားမယ့် သူရဲကောင်းတို့ရဲ့ ဝိညာဉ်များ
ဒီတရား ဒီတရား ဒီတရား
နားနဲ့မနာ ဓားနဲ့နာလိုက်ပါ
အနိစ္စတရား သင်္ခါရတရား
မရှောင်နိုင်တဲ့ ငါတို့ ငါတို့ သေခဲ့ရတယ်
ငါတို့သေခဲ့ ငါတို့ရှင်ခဲ့
ငါတို့ ငါတို့ သေပြီးလဲ ရှင်ခဲ့ကြပါတယ်
တော်လှန်ရေး ဓမ္မတိုက်ပွဲ နွဲလိုက်ကြ
ငါတို့ ငါတို့ ငါတို့ရဲ့ နာမ် ရှင်သန်နေမယ် အမြဲ
ဒီတရား ဒီတရား ဒီတရား
နားနဲ့မနာ ဓားနဲ့နာလိုက်ပါ
သေမင်း သေမင်းရဲ့ နောက်လိုက်တွေ
လူဆိုတာ သေမျိုးပဲလို့ ခဏခဏ မပြောပါနဲ့
ငါတို့သေခဲ့ ငါတို့ရှင်ခဲ့
ငါတို့ ငါတို့ သေပြီးလဲ ရှင်ခဲ့ကြပါတယ်
တော်လှန်ရေးနဲ့ ခွဲရလဲ ငါ့စိတ်က တိုက်ပွဲမှာ
မြေကြီးအောက်မှာ ကြယ်တွေ မကြွေဘူး
မကြွေဘူး မကြွေကြပါဘူး
ဒီတရား ဒီတရား ဒီတရား
နားနဲ့မနာ ဓားနဲ့နာလိုက်ပါ
နွေဦးရဲ့ ဝိညာဉ်များ သေခြင်းတရားကို
ရွှေချထား ဒီတရား ဒီဓား ငါတို့မမှုပါဘူး
ငါတို့သေခဲ့ ငါတို့ရှင်ခဲ့
ငါတို့ ငါတို့ သေပြီးလဲ ရှင်ခဲ့ကြပါတယ်

မှတ်ချက်များ
Post a Comment