သံအမတ်ကြီး ဦးကျော်မိုးထွန်း — Theater 21 ပဝါ
ရဲရင့်ငယ် — ၂၇ အောက်တိုဘာ ၂၀၂၆
ကုလသမဂ္ဂ အထွေထွေညီလာခံ၊ ၈၁ ကြိမ်မြောက် အစည်းအဝေး၊ တတိယကော်မတီ၊ ၂၉ ကြိမ်မြောက် အစည်းအဝေး (လူ့အခွင့်အရေး) မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားခဲ့တဲ့ မိန့်ခွန်းအပိုင်းအစကို မြန်မာဘာသာပြန်ထားတာပါ။ မူရင်းမိန့်ခွန်းသည် အင်္ဂလိပ်ဘာသာဖြစ်သည်။
ဗီဒီယို (မြန်မာစာတန်းထိုး): https://www.youtube.com/watch?v=ZvucwnrVEKw
ကျွန်တော် အဆုံးမသတ်ခင်မှာ၊ ရင်ထဲက နက်ရှိုင်းတဲ့ အကြောင်းတစ်ခုကို မျှဝေချင်ပါတယ်။
ကျွန်တော့်လက်ထဲမှာ ကိုင်ထားတာက ပုဝါတစ်ထည်ပါ။ ဒါက တော်လှန်ရေးအသိုင်းအဝိုင်းက ထုတ်လုပ်တဲ့ သီယေတာ ၂၁ ရဲ့ ထုတ်ကုန်ပါ။
ဒါက သာမန် အဝတ်အစားတစ်ခုမဟုတ်ပါဘူး။
ဒီပုဝါပေါ်မှာ ကျဆုံးသွားတဲ့ သူရဲကောင်းတွေနဲ့ အပြစ်မဲ့ပြည်သူတွေရဲ့ နာမည်တွေ ရေးထားပါတယ်။
လွတ်လပ်ရေးအတွက် အသက်ပေးသွားကြတဲ့ ရဲရင့်ပြီး အပြစ်မဲ့သူတွေပါ။
အဲဒီနာမည်တွေကို ဖတ်လိုက်တဲ့အခါ ကျွန်တော့်နှလုံးသား ကြေကွဲရပါတယ်။ အားလုံးရဲ့ နှလုံးသားလည်း ကြေကွဲရမှာပါ။
ဒီပုဝါကို အနီးကပ်ကြည့်လိုက်ရင် ကျဆုံးသူတွေရဲ့ နာမည်နဲ့ အသက်အရွယ်တွေကို တွေ့ရမှာပါ။
အငယ်ဆုံးသူက နှစ်လသားအရွယ်ပါ။
အကြီးဆုံးသူက ၁၀၅ နှစ်အရွယ်ပါ။
ဒီသားကောင်တွေဟာ မျိုးဆက်တိုင်းက ဖြစ်ကြပြီး၊ သူတို့ရဲ့ အနာဂတ်တစ်ခုလုံးကို ကျည်ဆံနဲ့ ဗုံးတွေကြောင့် အလွန်လူမဆန်တဲ့ နည်းလမ်းနဲ့ ဆုံးရှုံးခဲ့ရပါတယ်။
ဒီနေ့ ဒီမှာရပ်ပြီး ရိုးရှင်းပေမယ့် အသည်းအသန် တောင်းဆိုချင်တာတစ်ခုရှိပါတယ်။
ဒီပုဝါပေါ်မှာ နာမည်အသစ်တွေ ထပ်တိုးလာတာကို ကျွန်တော် မဖတ်ချင်တော့ပါဘူး။
သူရဲကောင်းတွေ၊ အပြစ်မဲ့ပြည်သူတွေ၊ ကျွန်တော်တို့ရဲ့ ကလေးတွေ၊ လူငယ်တွေ၊ ညီအစ်ကို မောင်နှမတွေ၊ လူကြီးတွေကို နောက်ထပ် ဆုံးရှုံးလို့ မဖြစ်တော့ပါဘူး။
မြန်မာပြည်သူတွေဟာ မယုံနိုင်လောက်အောင် ရဲရင့်ပြီး ကြံ့ကြံ့ခံနိုင်ကြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ SCEF နဲ့ တိုင်းရင်းသားမဟာမိတ်တွေနဲ့အတူ စည်းလုံးညီညွတ်စွာ ခုခံနေကြပြီး၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုဆီသို့ တက်ကြွစွာ ချီတက်နေကြပါတယ်။
ဒါပေမယ့် သူတို့မှာ သင်တို့ရဲ့ အကူအညီ လိုအပ်ပါတယ်။
ကျေးဇူးတင်ပါတယ်။
ရင်းမြစ်များ
UN Web TV — Third Committee, 29th meeting: https://webtv.un.org/en/asset/k1v/k1vlleci7l
NUG Representative Office - Czech Republic (Facebook reel): https://facebook.com/reel/2361129478033809/

မှတ်ချက်များ
Post a Comment