နောက်ဆုံးရ

တော်လှန်ရေးရန်သူ ဆိုပေလင့် တဖက်မှာ စီးပွားရေး မိတ်ဖက်

Dawei Watch စုံစမ်းဖော်ထုတ်ရေးသားသည်| ဖေဖော်ဝါရီ ၁၇ 

ထိုင်းနိုင်ငံနယ်စပ် ထီးခီးတွင်ရှိသော ကာစီနိုများကို ကရင်ပဒို၊ ကရင်တပ်မှူး အမည်များနှင့် ဒေသခံများက တွဲသိလေ့ရှိသည်။ သည်ကာစီနိုမှာ ပဒို အယ်နားပိုင်၊ သည်ကာစီနိုမှာ တပ်မှူး ဘချောပိုင် ဟူ၍ ဖြစ်သည်။ 

ထီးခီးဒေသရှိ ကာစီနိုကြီးတစ်ခုကို ကရင်အမျိုးသား အစည်းအရုံး (KNU) မြိတ်-ထားဝယ်ခရိုင်၊ တပ်မဟာ (၄) ပဒိုခေါင်းဆောင်ပိုင်း၊ တပ်ရင်း (၇) တပ်ရင်းမှူး အပါအဝင် စစ်ကောင်စီခန့် တနင်္သာရီတိုင်းဒေသကြီး တိုင်းရင်းသားရေးရာ ဝန်ကြီးတို့ ပူးပေါင်း ပိုင်ဆိုင်သော ကုမ္ပဏီက လည်ပတ်နေကြောင်း သက်သေ အထောက်အထားများ တွေ့ရှိခဲ့ရသည်။ 

ထိုကြောင့်ပင် စစ်အာဏာရှင်ကို အမြစ်ပြတ်တော်လှန်မည်ဟု ကြွေးကြော်ထားသော KNU တပ်မဟာ (၄) ခေါင်းဆောင်ပိုင်းတို့သည် စစ်ကောင်စီ၏ တိုင်းရင်းသားရေးရာ ဝန်ကြီးနှင့် ဟိုတယ်ကာစီနိုလုပ်ငန်း စီးပွားဖက်များ ဖြစ်လျက်ရှိကို တွေ့ရသည်။

စစ်အာဏာရှင် တော်လှန်ရေး ကာလအတွင်း KNU တပ်မဟာ (၄) သည် စစ်ကောင်စီ တပ်များနှင့် ထိပ်တိုက်မတွေ့မှုကို ပြည်သူများက မေးခွန်းထုတ်နေချိန်တွင် ထီးခီးတွင် နိုင်ငံတကာ ကာစီနိုကြီး တစ်ခု တဖြည်းဖြည်း ရုပ်လုံးပေါ်လာနေသည်။  

■ လေးဦးပိုင် ကုမ္ပဏီ 

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA) တွင် ဖော်ပြထားချက်အရ ဟိုတယ် လုပ်ငန်း လုပ်ကိုင်ရန်ဟုဆိုကာ ဖွင့်လှစ်ထားသော ဆာကပရေထူး ကုမ္ပဏီလီမီတက်၏ ဒါရိုက်တာ အဖွဲ့ဝင်များစာရင်းတွင် မြန်မာနိုင်ငံသားများအဖြစ် ဘချော၊ စောမာတင်လူသာ၊ စောတင်စိုး တို့နှင့် အတူ ထိုင်းနိုင်ငံသား Tanakorn Jiraphasuksakul တို့ ပါဝင်သည်ကိုတွေ့ရသည်။ 

ဘချောမှာ KNU တပ်မဟာ (၄) အောက်ရှိ KNDO တပ်ရင်း ၇ ၏ တပ်ရင်းမှူး ဖြစ်ပြီး ဗိုလ်ဘချောအဖြစ် လူသိများသူ ဖြစ်သည်။ ယခင်က တပ်မဟာ (၄) လမ်းပန်းဆက်သွယ်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေး ဆိုင်ရာ တာဝန်ရှိသူ ဖြစ်ပြီး ထီးခီးနယ် သစ်ထုတ်လုပ်ရေး လုပ်ငန်းတွင် နာမည်ကြီးသူ ဖြစ်သည်။ 

စောမာတင်လူသာမှာ လက်ရှိ စစ်ကောင်စီခန့် တနင်္သာရီတိုင်းဒေသကြီး တိုင်းရင်းသားရေးရာ ဝန်ကြီးဖြစ်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တစ်ဆင့် ၂၀၂၀ ရွေးကောက်ပွဲဝင်ခဲ့ပြီး ရှုံးနိမ့်ခဲ့သူ ဖြစ်သည်။ ကရင်အမျိုးသား အစည်းအရုံး ဗဟို၏ ဒုတိယ ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၏ တူတော်စပ်သူလည်း ဖြစ်ပြီး တနင်္သာရီတိုင်း ကရင်တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း ဥက္ကဌအဖြစ်လည်း ဆောင်ရွက်ခဲ့သည်။ ထိုစဉ်ကတည်းက KNU တပ်မဟာ (၄) နယ်မြေအတွင်း စီးပွားရေး လုပ်ငန်းလုပ်ကိုင်လိုပါက စောမာတင်လူသာ၏ ထောက်ခံချက် ယူရလေ့ရှိကြောင်း ယုံကြည်စိတ်ချရသည့် ကရင် သတင်းအရင်းအမြစ်တစ်ခု ထံမှ သိရသည်။ 

စောတင်စိုးမှာ KNU မြိတ်-ထားဝယ်ခရိုင် (တပ်မဟာ ၄) ၏ အတွင်းရေးမှူး ဖြစ်ပြီး ပဒို အယ်နား အဖြစ် လူသိများသူ ဖြစ်သည်။ မြိတ်-ထားဝယ်ခရိုင်၏ လယ်ယာမြေ၊ သစ်တော တာဝန်ခံ လည်းဖြစ်သည်။ လက်ရှိ KNU ဗဟို၏ ဒုတိယ ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း မြိတ်-ထားဝယ် ခရိုင် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့စဉ်က ပဒို အယ်နားမှာ ရုံးပိုင်းဆိုင်ရာ တာဝန်ရှိသူဖြစ်သည်။ 

တနခွန် ဂျစ်ရဖစပ်ကကော (Tanakorn Jiraphasuksakul) မှာ ထိုင်းနိုင်ငံ ကန်ချနဘူရီမြို့တွင် အခြေစိုက်ထားသော ဂရမ်းထီးခီးတောင်ကြား ကာစီနို (Grand Tee Kee Valley) ၏ ဒါရိုက်တာနှင့် တည်ထောင်သူ အဖြစ် အလုပ်အကိုင်ဆိုင်ရာ လူမှုကွန်ရက် စာမျက်နှာ တစ်ခု ဖြစ်သော Linkedin စာမျက်နှာတွင် ရေးသားထားသည်။ 

ကရင်ဘာသာဖြင့် ကောင်းကင် ရွှေကြယ် ဟု အဓိပ္ပါယ်ရသော ဆာကရေထူးကုမ္ပဏီကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလကုန်ပိုင်း တွင် မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသည်။ ဆာကပရေထူး ကုမ္ပဏီသည် ထီးခီးတွင် ရှန်ဂရီလာ ဟိုတယ်လုပ်ငန်း လုပ်ကိုင်ခြင်း ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန သတင်းအရင်း အမြစ်တစ်ဦးက Dawei Watch သို့ အတည်ပြုပြောကြားသည်။ ရှန်ဂရီလာ ပျော်ပွဲစားရုံ (Entertainment Complex) နှင့် ဂရမ်းထီးခီးတောင်ကြား အပန်းဖြေစခန်း ကိုလည်း အထက်ပါ ကုမ္ပဏီက ပူးတွဲပိုင်ဆိုင်ကြောင်း ၎င်းက ဆိုသည်။ 
 

■ ဂရမ်းထီးခီး နှင့် နိုင်ငံတကာ ကာစီနိုကွန်ရက် 

ဂရမ်းထီးခီးတောင်ကြား (Grand Tee Kee Valley) အပန်းခြေစခန်း မှာ ထိုင်းနိုင်ငံ ဖူနမ်ရွန် နယ်စပ်ဖြတ်ကျော်ရေးစခန်းအနီး မြန်မာနိုင်ငံ ပိုင်နက်အတွင်း တည်ရှိသည်။ ထို အပန်းဖြေစခန်းရှိ ရှန်ဂရီလာ ကာစီနိုမြန်မာ (Shangri La Casino Myanmar) ကို မကြာမီ ဖွင့်လှစ်မည်ဖြစ်ကြောင်း ၎င်း၏ အင်တာနက် စာမျက်နှာတွင် ကြေညာထားသည်။ ယင်းတွင် လောင်းကစားဝိုင်းများ၊ စလော့ဂိမ်းများ၊ ဘားနှင့် ကဖေးဆိုင်များ၊ ကြယ်ငါးပွင့် အဆင့်ရှိ အပန်းဖြေအခန်းများ ပါဝင်မည်ဖြစ်ကြောင်း ကြေညာထားသည်။ 

ရှန်ဂရီလာ ကာစီနိုမြန်မာသည် အရှေ့ ဥရောပနိုင်ငံ တစ်လွှား လောင်းကစားရုံများ ဖွင့်လှစ်ထားသော နိုင်ငံတကာ လောင်းကစားလုပ်ငန်းစု၏ တစိတ်တစ်ပိုင်းဖြစ်ကြောင်း ရှန်ဂရီလာ၏ အင်တာနက် စာမျက်နှာတွင် တရားဝင်ဖော်ပြထားသည်။ 

ယူကရိန်း၊ လစ်ဗီးယား၊ ဂျော်ဂျီယာ၊ အာမေးနီးယား၊ ဘီလာရုစ်၊ ဂျာမနီနိုင်ငံတို့တွင် ရှန်ဂရီလာ ကာစီနို အမည်ဖြင့် ကာစီနိုဝိုင်းဖွင့်လှစ်ထားသော နိုင်ငံတကာ လုပ်ငန်းစုကို Strom International လုပ်ငန်းစုက ပိုင်ဆိုင်သည်။ ရှန်ဂရီလာ အမည်ဖြင့် သက်ဆိုင်ရာ နိုင်ငံ ဒေသ အလိုက် လောင်းကစား လုပ်ငန်း ကိုယ်တိုင် လည်ပတ်ဖွင့်လှစ်နိုင်ရန် Strom International က နည်းပညာ၊ အရင်းအမြစ်များ ပံ့ပိုးပေးလေ့ရှိသည်။ 

Strom International ကို ၁၉၉၂ ခုနှစ်တွင် အင်္ဂလိပ်အမျိုးသား တစ်ဦးက ထူထောင်ခဲ့ပြီး နိုင်ငံတကာတွင် ဆုပေါင်းများစွာ ရရှိထားကြောင်း ၎င်း၏ အင်တာနက် စာမျက်နှာတွင် ညွှန်းဆိုထားသည်။ 
 
ထီးခီး ရှန်ဂရီလာလောင်းကစားရုံကို ၂၀၂၀ ပြည့်နှစ် ဝန်းကျင်ကတည်းက အွန်လိုင်းမှ ဖွင့်လှစ်ထားကြောင်း ထီးခီးဒေသခံများ၏ အဆိုအရ သိရသည်။ ယင်းနောက် ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းက မြေပြင်ပေါ်တွင် ဖွင့်လှစ်ထားဖွယ်ရှိကြောင်း အထောက်အထားများ အရသိရသည်။ 

ယူကရိန်းနိုင်ငံမြို့တော် ကီယက် အခြေစိုက် ကာစီနိုရှန်ဂရီလာ၏ မန်နေဂျာ ရှောင် ဆိုသူ အနောက်နိုင်ငံသားတစ်ဦး နှင့် ရှန်ဂရီလာ ထီးခီး၏ အရောင်းမြှင့်တင်ရေး မန်နေဂျာ ထိုင်းနိုင်ငံသား သီထီဆိုသူတို့ ထီးခီးသို့ ၂၀၂၂ ခုနှစ် ဇွန်လ ဆန်းပိုင်းက လာရောက်ခဲ့သည်။ သီထီမှာ ကမ္ဘောဒီးယား နိုင်ငံ အခြေစိုက် ခရောင်း ကာစီနို (Crown Casino) ပွိုင်ပက်၏ အရောင်းမြှင့်တင်ရေး မန်နေဂျာတစ်ဦးလည်း ဖြစ်ကြောင်း သူ၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။ 

ဇွန်လဆန်းပိုင်းက ထီးခီးသို့ လာရောက်ခဲ့ကြောင်း ၎င်းတို့ နှစ်ဦး၏ လူမှုကွန်ရက်စာမျက်နှာများတွင် ဓာတ်ပုံနှင့် ဗီဒီယိုများ သီးခြားစီတင်ခဲ့ကြသည်။ 

ထိုသို့ လာရောက်ချိန်တွင် ရှောင်က Opening Day ဟူသော ရှန်ဂရီလာ ထီးခီး ကာစီနို၏ ကြော်ငြာ ဗီဒီယိုဖိုင်တစ်ခု ၂၀၂၂ ခုနှစ် ဇွန်လ ၁၁ ရက်နေ့က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် တင်ခဲ့သည်။ 

ယင်းနောက် ရက်ပိုင်းအကြာ၊ လာရောက်အပမ်းဖြေ ဆော့ကစားသူများအား ဖိတ်ခေါ်ချက်ကို ရှန်ဂရီလာ ထီးခီး Entertainment Complex ၏ Facebook စာမျက်နှာ၌ တင်ခဲ့သည်။

■ ဘန်ကောက်မှ နှစ်နာရီခွဲ မျှသာ 

လောင်းကစားနည်းပေါင်းစုံ လာရောက်ကစားနိုင်ပြီး ကြယ်ငါးပွင့် အဆင့် ပုံမှန်နှင့် အထူး ဝန်ဆောင်မှုများအတွက် ဖွင့်လှစ်နေပြီဖြစ်ကြောင်း၊ လာရောက်လည်ပတ်လိုသူများ အနေနှင့် ကန်ချနဘူရီရှိ ရေပူစမ်း စူရပ်တွင် စုဆုံပြီး ကြိုပို့ ပြုလုပ်ပေးပါကြောင်း ဖိတ်ခေါ် ကြော်ငြာထားသည်ကို တွေ့ရသည်။ 

မြန်မာနိုင်ငံ၏ အလှပဆုံးနေရာများအနက် တစ်ခု ဖြစ်သည့် ထီးခီးတောင်ကြားတွင် တောတောင် ရေတံခွန်များကို ခံစားရင်း လာရောက် ဆော့ကစားနိုင်ပါကြောင်း၊ ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မှ အနောက်ဘက်သို့ နှစ်နာရီခွဲမျှသာ ခရီးနှင်ရမည် ဖြစ်ကြောင်း ရှန်ဂရီလာ မြန်မာ၏ အင်တာနက် စာမျက်နှာတွင်လည်း အမွန်းတင်ကြော်ငြာထားသည်။ 

ကာစီနို ဖွင့်လှစ်မှု နှင့် ပတ်သက်၍ မေးမြန်းအတည်ပြုနိုင်ရန် ရှန်ဂရီလာက တရားဝင် ထုတ်ပြန်ထားသော တယ်လီဖုန်းများကို Dawei Watch က ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။ 
 
ထီးခီးတွင် ကာစီနိုဝိုင်းများ ဖွင့်လှစ် ဆော့ကစားနေသည်မှာ ကြာမြင့်ပြီဖြစ်ကြောင်း ထီးခီးတွင် နှစ်ဆယ်ချီ နေထိုင်လာခဲ့သော ဒေသခံတို့ကဆိုသည်။ ထနောင်စီ အမည်ရ ဗိုလ်ဘချောပိုင် ကာစီနိုမှာ ပထမဆုံး ဖွင့်လှစ်သော လောင်းကစားရုံ တစ်ခု ဖြစ်သည်။ ယင်းနောက် လောင်းကစားရုံ ငါးရုံ အထိ တိုးလာခဲ့သည်။ ယခုအခါ ထိုငါးရုံစလုံး လည်ပတ်ခြင်း မရှိတော့ဘဲ အကြီးဆုံး ကာစီနို ရှန်ဂရီလာတစ်ရုံသာ လည်ပတ်လျက်ရှိကြောင်း ဒေသခံတို့က ဆိုသည်။ 

ရှန်ဂရီလာမှာ ထိုင်း နယ်စပ်ဂိတ်နှင့် ကပ်လျက် ထီးခီးဆူးလေ ပုံတူစေတီ၏ မျက်နှာချင်းဆိုင် တောင်ကုန်းပေါ်တွင် တည်ရှိသည်။ 

“ရှန်ဂရီလာ ရှိတဲ့ တောင်ကုန်းပေါ် ဒေသခံတွေ ဘယ်သူမှ တက်လို့ မရဘူး”ဟု ထီးခီးဒေသခံ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ဆိုသည်။

ရှန်ဂရီလာသို့ အလာများသော ထိုင်းသူဌေးများမှာ နယ်စပ်မှ မော်တော်ကားဖြင့် တိုက်ရိုက်လာရောက်လေ့ရှိကြောင်း ဒေသခံတို့က ဆိုကြသည်။ 

ထီးခီးမြို့ပြစီမံကိန်း တည်ဆောက်ရန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ လက်ထက် ၂၀၂၀ ခုနှစ် ဒီဇင်ဘာလတွင် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်က အတည်ပြုခဲ့သည်။ မြေမြှုပ်မိုင်းများကို ဦးစွာ ရှင်းလင်းပြီး သဘာ၀ပတ်ဝန်းကျင် မထိခိုက်ဘဲ တည်ဆောက်ရန် ထီးခီးမြို့ပြ စီမံကိန်း ရေးဆွဲရေး အစီရင်ခံစာတွင် အကြံပြုထားသည်။ 

ထီးခီးတွင် ယခုကဲ့သို့သော ကာစီနိုဝိုင်းများကို မည်သို့သော တရားဝင်မှုဖြင့် ဖွင့်လှစ်ထားသည်ကို ရှင်းရှင်းလင်းလင်း မသိရပေ။ 

ထီးခီးအပါအဝင် တနင်္သာရီတိုင်းဒေသကြီးတွင် မည်သို့သော ကာစီနိုကိုမျှ ဖွင့်လှစ်ခွင့်ပြုထားခြင်း မရှိကြောင်း တနင်္သာရီတိုင်းစစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးတစ်ဦးက Dawei Watch သို့ဖြေကြားသည်။ 

“ထီးခီးနယ်စပ်က ပိတ်ထားတုန်း ရှိသေးတယ်။ ဘယ်သူမှ ဝင်ဖြတ်လာလို့ မရသေးဘူးလေ”ဟု ၎င်းက ဆိုသည်။ 

ထိုကိစ္စနှင့် ပတ်သက်၍ မီဒီယာများ ဆက်သွယ်ရန် KNU တပ်မဟာ (၄) က ထုတ်ပြန်ထားသော တယ်လီဖုန်းသို့ ဆက်သွယ်ရာ ‘ပြောဆိုနိုင်သော လူကြီး မရှိသေး’ ဟု ပြန်လည် ဖြေကြားသည်။ 
 
စစ်အာဏာရှင် စနစ်အမြစ်ပြတ် ဖြုတ်ချရေး ပြတ်ပြတ်သားသား တော်လှန်သွားမည်ဟု ဆိုထားသော KNU မြိတ်-ထားဝယ်ခရိုင် တပ်မဟာ (၄) ခေါင်းဆောင်ပိုင်းများနှင့် စစ်ကောင်စီခန့် တိုင်းရင်းသားရေးရာ ဝန်ကြီးတို့ ပူးပေါင်းဖွင့်လှစ်ထားသော ကာစီနိုမှာ နယ်စပ်ဂိတ်ဖွင့်ပြီးနောက်ပိုင်း ပိုစည်လာဖွယ်ရှိကြောင်း ထီးခီးနယ်စပ် ကုန်သည်တို့က ခန့်မှန်းကြသည်။  

ရှန်ဂရီလာနှင့် မနီးမဝေးတွင် စစ်ကောင်စီ တပ်စခန်းရှိပြီး ရှန်ဂရီလာကိုမူ KNU တပ်မဟာ (၄) တပ်သားတို့က စောင့်ကြပ်လေ့ရှိသည်။ 

စစ်အာဏာရှင် တွန်းလှန်တိုက်ဖျက်ရေး ကရင်တပ်အတွင်းသို့ ဝင်ရောက်လာသော တပ်သားအချို့မှာ တော်လှန်ရေး အလုပ်မလုပ်ရဘဲ တပ်မှူးများ၏ စီးပွားရေးလုပ်ငန်းများတွင် ထိုသို့ စောင့်ကြပ်ရခြင်းကို စိတ်ပျက်ရကြောင်း ညည်းညူလေ့ရှိသည်ဟု ဒေသခံ ကရင်တိုင်းရင်းသား တစ်ဦးကဆိုသည်။ 

“လက်နက်ကိုင်ပြီး တပ်မှူးတွေရဲ့ သစ်ပုံ၊ မိုင်း (သတ္တုတွင်း) တွေ သွားစောင့်ပေးရတယ်။ အဲဒါ ငါတို့ လုပ်ချင်တဲ့ အလုပ်မဟုတ်ဘူးလေ”ဟု တပ်သား တစ်ဦးကို ကိုးကား၍ ၎င်းက ဆိုသည်။ 

Dawei Watch 

ဆက်ဖတ်ရန် →
အင်းစိန်လူမိုက် ထောင်ထွက် ပျူစောထီး ခေါင်းဆောင် ကျော်ဝင်းစိန်နှင့်မင်းအုပ်စိုး ဆက်စပ်နေ

အင်းစိန်လူမိုက် ထောင်ထွက် ပျူစောထီး ခေါင်းဆောင် ကျော်ဝင်းစိန်နှင့်မင်းအုပ်စိုး ဆက်စပ်နေ

ဓားပြမှုဖြင့် အိမ်ချိတ်ပိတ်ခံရ၍ ၀ရမ်းပြေးနေရသော်လည်း စစ်တပ်ကို သေသည်အထိ ချစ်ခင်နေဟု မင်းအုပ်စိုး ပြော၊ အင်းစိန်လူမိုက် ထောင်ထွက် ပျူစောထီး ခေါင်းဆောင် ကျော်ဝင်းစိန်နှင့်မင်းအုပ်စိုး ဆက်စပ်နေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇ ခေတ်သစ်

ဓားပြမှုဖြင့် ထွက်ပြေး တိမ်းရှောင်နေသော အိမ်ကို စစ်တပ်က  ချိတ်ပိတ်သွားသော်လည်း နောက်ဆုံး ထွက်သက်အထိ စစ်တပ်ကို ချစ်ခင်လေးစားမည်ဟု ယမန်နေ့  လူမှုကွန်ရက်မှတစ်ဆင့် ရေးသားပြောဆိုသည်။ 

"ဖိုးစိန်လမ်းမှာရှိတဲ့ ကျွန်တော့်အိမ်တစ်လုံး ချိတ်ပိတ်ခံလိုက်ရတယ်ဆိုတာ …… မှန်ပါတယ်…… ။ ဘာကြောင့်မို့ ချိတ်ပိတ်ခံရတာလည်းဆိုရင် ……. လွန်ခဲ့တဲ့ (၈) လကျော်တုန်းက ဖြစ်ခဲ့တဲ့ ပြသာနာကြောင့်ပါ ။ ကျွန်တော့်ကိုစွဲခဲ့တဲ့ ပုဒ်မကြောင့်ပါ ။ ကျွန်တော့်ကို တရားစွဲခဲ့ကြတဲ့ ဓားပြမူကြောင့်ပါ ။ အဲ့ဒီချိန်မှာကတည်းက ဒီဓားပြမူကို ကျွန်တော် မကျုးလွန်ခဲ့တာမို့ ရဲစခန်းမှာသွားပြီး အဖမ်းမခံခဲ့ပါဘူး ။ တေးနုယဉ်သေတုန်းက ကျွန်တော့်ကြောင့်သေတာ မှန်ကန်တဲ့အတွက် ကျွန်တော်ကိုယ်တိုင်ရဲစခန်းမှာ သွားအဖမ်းခံခဲ့ပါတယ် ။ ဒီဓါးပြမှုမှာတော့ သူတို့တွေက ကျွန်တော့်ကို မတရားအမှုဆင် စွဲထားကြတာပါ ။ သူတို့စွဲထားတဲ့ ဓားပြမှုဆိုတာကြီးကို ကျွန်တော်နဲ့ ကျွန်တော်ညီတွေ ၊ ညီမတွေ မကျုးလွန်ခဲ့ကြပါဘူး ။ ဒါကြောင့်မို့ ရဲစခန်းမှာ ကျွန်တော်သွားပြီး အဖမ်းမခံနိုင်ပါဘူး ။အချုပ်ထဲဝင်မနေနိုင်ပါဘူး" ဟု မင်းအုပ်စိုးက ရေးသားထားသည်။ 

ဓားပြမှုဖြင့် အမှုဆင် ဖမ်းဆီးခံရခြင်းဖြစ်သည့်အတွက် ၎င်းကို ချောက်ချသည့် လက်မည်းကြီးများ ရှိနေသည်ဟု မင်းအုပ်စိုးက ဆက်ပြောသည်။ 

"တကယ့် အဖြစ်အပျက်မှန်ကို လူအများသိအောင် ဖွင့်ထုတ်ပြောပြမယ်ဆိုရင် …….. အဲ့ဒီအမှုမှာ ဝင်ရောက်စွက်ဖက် ခဲ့ကြတဲ့သူတွေအဖို့မှာ ရာထူးတွေ ထိခိုက်တော်မူကြပါမယ်တဲ့ ။ ကျွန်တော်ချစ်တဲ့သူတွေ ထိခိုက်မှာစိုးရိမ်တာကြောင့် ကျွန်တော့်ကိုစွဲထားတဲ့ အမူနဲ့ပတ်သက်ပြီး ပေါ်ပေါက်လာတဲ့ အမှန်တရားကို ကျွန်တော်က ရေငုံနေခဲ့ပါတယ် ။ နူတ်ပိတ်နေခဲ့ပါတယ် ။ ဘယ်သူကိုမှလည်းပြောမပြခဲ့သလို ၊ ဘယ်နေရာမှာမှလည်းစာရေးမပြခဲ့ပါဘူး ။
တကယ်ဆိုရင် လွန်ခဲ့တဲ့ ၈ လအကျော်အချိန်မှာ ကျွန်တော် Live လွင့်ခဲ့စဉ်အချိန်တုန်းက ……. သူတို့တွေ စစ်ဆေးခဲ့ချိန်တုန်းက …ကျွန်တော်ဓားပြမတိုက်ခဲ့တာရယ် ဗဟန်းစခန်းက ဒုရဲအုပ်ကျော်ကျော်ဝင်းနှင့်
ရဲအုပ်ထင်အောင်ကျော်တို့ မရိုးသားခဲ့တာရယ် နောက်ကွယ်ကနေ ဖိအားပေး စေခိုင်ခဲ့တာက ဘယ်သူဖြစ်တယ် ဆိုတာရယ် ……. အာလုံးပေါ်လွှင်ခဲ့ပါတယ်ဗျာ" ဟု မင်းအုပ်စိုးက ဆိုသည်။ 

ဓားပြမှုဖြင့် မင်းအုပ်စိုးအဖွဲ့မှ ထွန်းဝင်းဆိုသူကိုလည်း စစ်တပ်က ဖမ်းဆီးထားပြီး ချုပ်နှောင် စစ်ဆေးနေကြောင်း သိရှိရသည်။ 

"ကျွန်တော့်ညီလေး မောင်ထွန်းဝင်းကလည်း ဒီနေ့ဒီအချိန်ထိ အင်းစိန်ထောင်ထဲမှာ ဓားပြမူနဲ့ တရားအစွဲခံထားရတုန်းပါပဲ ။ သူ့ခမျာ အကျဉ်းသားဘဝနဲ့နေရဆဲပါပဲ ။ ကျွန်တော်ကလည်း ဝရမ်းပြေးတစ်ယောက်ဘဝမှာ ကျင်လည်နေရဆဲပါပဲ ။ ဒါ့အပြင် ……. အပိုဆုအဖြစ် ဒီကနေ့မှာ ကျွန်တော့်အိမ်တစ်လုံး ချိတ်ပိတ်ခံလိုက်ရပါသေးတယ်" ဟု မင်းအုပ်စိုးက ဆက်ပြောသည်။ 

၀ရမ်းပြေးနေရသော်လည်း စစ်တပ်ကို ဆက်ချစ်နေဆဲဟု မင်းအုပ်စိုးက ဆိုသည်။ 

" မြန်မာတပ်မတော်သားတွေကို ချစ်ခင်နေဆဲပါ ။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေကို ယုံကြည်အားကိုးနေဆဲပါ ။ နိုင်ငံ့ဝန်ထမ်းတွေကို ချစ်ခင်အားကိုး လေးစားနေဆဲပါ ။ ကျွန်တော့်နောက်ဆုံး ထွက်သက်အထိလည်း မြန်မာ့တပ်မတော်ကြီးနဲ့ မြန်မာ့တပ်မတော်သားတွေအပေါ်မှာ ချစ်ခင်ယုံကြည် အားကိုးလေးစားနေမှာပါ ။ ဒီစိတ်က ဘယ်လို အခြေအနေမျိုးတွေနဲ့ပဲ ကြုံရကြုံရ ဘယ်တော့မှ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး" ဟု မင်းအုပ်စိုးက ဆိုထားသည်။ 

လက်ရှိ ထွက်ပြေးတိမ်းရှောင်နေသော မင်းအုပ်စိုးသည် အင်းစိန်ကမ်းနားမှ လူမိုက် ထောင်ထွက် ပြည်သူ့စစ်(ခေါ်) ပျူစောထီး ခေါင်းဆောင် ကျော်ဝင်းစိန်၊ ကျင်ဟုတ်တို့နှင့် တစ်ဖွဲ့တည်း ထောင်ထဲတွင် သိကျွမ်းခဲ့ကြရာ ထောင်မှ ပြန်လွတ်လာချိန် အပြင်လောကတွင် တပူးပူးတတွဲတွဲ နေကြကြောင်း သိရှိရသည်။ 

"မင်းအုပ်စိုးကကျော်ဝင်းစိန်က တစ်ဖွဲ့တည်း သူ့ကားအကောင်းစားကြီးကိုကျော်ဝင်းစိန်ကိုပေးထားတာ။ သူ့ဓားမြတိုက်တာ အမှန်ဆို ကျော်ဝင်းစိန်၊ကျင်ဟုတ်တို့ ညီအစ်ကိုတွေနဲ့ တစ်ဖွဲ့တည်းပဲ။ ကျော်ဝင်းစိန်တို့အမျိုးတွေက ထန်းတပင်ဘက်မှာသရက်ခြံနဲ့ငါးကန်တွေရှိတယ်။ ပြီးတော့ရွှေပြည်သာနဲ့ဝါးတစ်ရာဘက်မှာ လည်းကျော်ဝင်းစိန် လူခံတွေရှိတယ်။ အဲဒီဘက်လောက်မှာ မင်းအုပ်စိုး လောလောဆယ်ပုန်းနေတယ်လို့ သိရတယ်" ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောသည်။ 

မင်းအုပ်စိုးနှင့် ဆက်စပ်နေသူ လူမိုက်ကျော်ဝင်းစိန်သည် NLD အစိုးရလက်ထက် ၂၀၁၆ ခုနှစ်တွင် ဖမ်းဆီးခံခဲ့ရသူဖြစ်ပြီး ဖမ်းဆီးရမိချိန်က လိုင်စင်မဲ့ကား၊ ဆိုင်ကယ်၊ လက်နက်များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ ၎င်းသည် ၂၀၁၃ ခုနှစ်တွင် တွံတေးတွင် အမျိုးသမီးတစ်ဦးကို ပြန်ပေးဆွဲပြီး သိန်း ၂၀၀၀ ဖြင့် အရွေးခိုင်းခဲ့မှု၊ လုယက်မှု များ ကျူး လွန်ခဲ့ကြောင်း၊ ၂၀၁၃ ခုနှစ်တွင်ပင် လှိုင်သာယာ တိုးဂိတ်အနီးတွင် ရဲတပ်ဖွဲ့ဝင်များကို ဓားဖြင့်ခုခံ တိုက်ခိုက်ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင် ၁ ဦး ပြတ်ရှဒဏ်ရာ ရရှိခဲ့ကြောင်း၊ ၂၀၁၄ ခုနှစ်တွင်  မူးယစ်ဆေးဝါးရောင်း ဝယ်မှု ကျူးလွန်ခဲ့ကြောင်း၊ ယင်းနောက် ၎င်းကို ဖမ်းဆီးရမိခဲ့ပြီး  အင်းစိန်မြို့နယ်၊ မင်္ဂလာဒုံမြို့နယ်နှင့် အလုံမြို့နယ်တရားရုံးများက  လုယက်မှု၊ ဓားပြမှုများ၊ မူးယစ်မှုများဖြင့် ထောင် ဒဏ်  ၆၅ နှစ်၊  ၃ လ ချမှတ်ခဲ့ရသူဖြစ်ကြောင်း သိရှိရသည်။

လူမိုက်ကျော်ဝင်းစိန်သည် ထောင်ဒဏ်ကျခံနေရချိန် မုပ္ပလင်ကျောက် ထုတ် လုပ်ရေး စခန်းမှ ထွက်ပြေးခဲ့ပြီးနောက် ၂၀၁၆ ခုနှစ် တွင် ပြန်လည်ဖမ်းဆီးခံခဲ့ရကာ ထောင်ဒဏ် ၁၀ နှစ်ကျော် ထပ်မံ ချမှတ်ခံရသဖြင့် နှစ်ပေါင်းထောင်ဒဏ် ၇၅ နှစ်ကျော် ချမှတ်ခံခဲ့ရကြောင်း၊ ယင်းနောက် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်၏ လွတ် ငြိမ်း ချမ်းသာခွင့်ဖြင့် ပြန် လည် လွတ် မြောက် လာသူဖြစ်ကြောင်း သိရှိရသည်။

သရုပ်ဆောင်၊ ဒါရိုက်တာ မင်းအုပ်စိုးသည်  ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက်နေ့တွင် သူထုတ်ဝေသော သရပါ မဂ္ဂဇင်းမှအယ်ဒီ တာ မတေးနုယဥ်ကို သတ်ဖြတ်ခဲ့ပြီး  လူသတ်မှုဖြင့်  ၂၀၁၅ ခုနှစ် ဇူလိုင် ၂၉ ရက်နေ့တွင် ထောင်ဒဏ် တစ်သက် တစ်ကျွန်းချမှတ်ခံခဲ့ရကြောင်း၊ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းချိန်တွင် လွတ်ငြိမ်းသက်သာခွင့်ဖြင့် ပြန် လည် လွတ်မြောက်လာခဲ့ပြီး ထောင်မှ လွတ်လာပြီးနောက် ၂၀၂၂ ခုနှစ်တွင်  OASIS တည်းခိုးခန်းကို မင်းအုပ်စိုးနှင့်အဖွဲ့က ဝင်ရောက် ရမ်းကားပြီး ရိုက်နှက် ဓားပြတိုက်ကြောင်း သိရှိရသည်။ 

ယင်းနောက် အရိုက်နှက်ခံရသူများက အမှုဖွင့်သဖြင့် မင်းအုပ်စိုးကို ဓားပြမှု၊ ဆဲဆိုမှု၊ ပိုင်နက်ကျူးလွန်မှု၊ ခြိမ်းခြောက်မှုများဖြင့်  ဗဟန်းမြို့နယ်ရဲတပ်ဖွဲ့က အမှုဖွင့်ပြီး တရားရုံးက ဖမ်းဆီးရန် ၀ရမ်းထုတ်ခဲ့ကြောင်း၊ သို့ရာတွင် ထွက်ပြေး တိမ်းရှောင်နေသဖြင့် ၎င်း၏ ဗဟန်းမြို့နယ်၊ ဖိုးစိန်နေအိမ်ကို ယမန်​နေ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် စစ်တပ်က ချိတ် ပိတ်လိုက်ကြောင်း သိရှိရသည်။ 

ဓာတ်ပုံ- မင်းအုပ်စိုးနှင့် လူမိုက် ထောင်ထွက် ကျော်ဝင်းစိန် ထောင်မှ လွတ်ပြီးနောက် တွေ့ရစဉ်။


ဆက်ဖတ်ရန် →
သေနတ်ပစ်နည်း သင်ပြစဉ် လ၀က ဦးစီးမှူး ပေါင် ကျည်ထိမှန်

သေနတ်ပစ်နည်း သင်ပြစဉ် လ၀က ဦးစီးမှူး ပေါင် ကျည်ထိမှန်

စစ်ကောင်စီက ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို လျှောက်လွှာ တင်ရန် မလိုအပ်ဘဲ လက်နက်များ ထုတ်ပေး၊  ကျောက်ပန်းတောင်းတွင် ရဲမှူးက လ၀က ဦးစီးမှူးကို သေနတ်ပစ်နည်း သင်ပြစဉ် လ၀က ဦးစီးမှူး ပေါင် ကျည်ထိမှန်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈ ခေတ်သစ်

အကြမ်းဖက်စစ်ကောင်စီက  ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို လက်နက်ကိုင်ဆောင်ခွင့် လျှောက်လွှာ တင်ရန် မလိုအပ်ဘဲ လက်နက်များ တပ်ဆင် ထုတ်လုပ်ပေးနေကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးတချို့ထံမှ သိရှိရသည်။ 

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ သာကေတမြို့နယ်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးတချို့သည် စစ်တပ်က ထုတ်လုပ် ပေးသည့် ပစ္စတို သေနတ်များ စတင်ရရှိနေကြပြီး လက်နက်ငယ် ပစ်ခတ်မှု သင်တန်းကို ရက်တို ပုံစံဖြင့် သင်ကြား နေကြရကြောင်း သိရှိရသည်။ 

"လှိုင်သာယာနဲ့ သာကေတ ဘက်က ရပ်ကွက် လူကြီးတချို့ ပစ္စတိုတွေ စရတယ်။ အခြားမြို့နယ်က ရပ်ကွက်လူကြီးတွေ ရ၊ မရတော့ မသိသေးဘူး။ လှိုင်သာယာဘက်နဲ့ သာကေတ ဘက်တော့ ပစ္စတိုလေးတွေ အုပ်ချုပ်ရေးမှူးတချို့ရနေကြပြီ။ အဲဒါ လျှောက်လွှာတင်စရာမလိုဘဲ ထုတ်ပေးတာလို့ သိရပါတယ်" ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ် တစ်ခုက ပြောသည်။ 

အလားတူ ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ မြို့ပေါ်ရှိ ရပ်ကွက်အုပ်ချုုပ်ရေးမှူးတချို့ကိုလည်း စစ်ကောင်စီက လက်နက် ငယ်များ ထုတ်ပေးသည်ဟု သိရှိရကြောင်း ဒေသပြည်သူတချို့က ပြောသည်။ 

"ပြည်မြို့မှာ ဒလန်တွေလည်း ပေါ၊ ပျူစောထီးတွေလည်း ပေါတယ်။  ဒီကောင်တွေလက်နက်မရှိတဲ့အချိန်တောင် မြို့ပြ ပျောက်ကျားလုပ်ဖို့ ခက်ခဲနေတာ။  အခုလည်း စစ်ကောင်စီက အုပ်ချုပ်ရေးမှူးတွေကို လက်နက်ချပေး နေပြန်တော့ ပိုပြီး ဖိနှိပ်ခံရမှာ စိုးရိမ်တယ်။ နေသာလို နေကြတော့ အသေ နာကြရမယ့်  အခြေအနေ ဖြစ်နေတယ်" ဟု ပြည်မြို့သားတစ်ဦးက ဆိုသည်။ 

ထို့ပြင် မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့နယ်ရဲမှူးနှင့် စခန်းမှူးက ကျောက်ပန်းတောင်းမြို့နယ် လ၀က ဦးစီးမှူးကို သေနတ်ပစ် သင်ပေးစဉ် လ၀က ဦးစီးမှူး၏ ပေါင်ကို သေနတ်ကျည်ထိမှန်ပြီး အရိုးအတွင်းအထိ အက်ကျိုး သွားသဖြင့်  သိရှိရသည်။ 

"ဒီလ ၁၂ ရက်နေ့  လ၀ကမှ ဦးစီးမှူး၊ ကျောက်ပန်းတောင်း ရဲမှူး နှင့် စခန်းမှူးတို့က  Home Tea Shop မှာ လက်ဖက်ရည်ဆိုင်ထိုင်ပြီးတော့ မြို့နယ်ရဲမှူးက လ၀က ဦးစီးမှူးကို သေနတ်ပစ်နည်းသင်ပြပေးတယ်။ လ၀ကဦးစီးမှူးက စစ်တပ်က ထုတ်ပေးထားတဲ့ လက်နက်ရထားတယ်။ အဲဒီလို သေနတ်ပစ်နည်း သင်ပြနေတုန်း ကျည်က ထွက်သွားပြီးတော့ လ၀က ဦးစီးမှူးရဲ့ ပေါင်ကိုမှန်၍ ပေါင်အရိုး အက်ကျိုးသွားတယ်။ အခုက လ၀က ဦးစီးက မိထ္ထီလာစစ်ဆေးရုံမှာ ပို့ထားရတယ်" ဟု ကျောက်ပန်းတောင်းမြို့မှ ပြည်သူတစ်ဦးက ပြောသည်။ 

လက်ရှိတွင် ပြည်ထဲရေးဝန်ကြီးဌာနထံသို့ မဘသများ၊ ကြံ့ဖွတ်ပါတီဝင်များ၊ အမျိုးသားရေး အစွန်းရောက်များ၊ စစ်မှု
ထမ်းဟောင်းများက လက်နက်ကိုင်ဆောင်ခွင့် လျှောက်ထားမှုများပြားလျက်ရှိပြီး စစ်ကောင်စီက ယခုလဆန်းပိုင်းတွင် လက်နက်ကိုင်ဆောင်ခွင့်လုပ်ထုံးလုပ်နည်းများ ထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။ 

ဓာတ်ပုံ- ယမန်နှစ် ရေစကြိုတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ အရာရှိကိုင်ဆောင်သော ပစ္စတို တစ်လက်ကို တိုက်ပွဲအတွင်း  သိမ်းဆည်းရရှိမိခဲ့စဉ်။



ဆက်ဖတ်ရန် →
ချမ်းမြသာစည်မြို့နယ်ရှိ သေနတ်ကိုင်ခွင့်ရ ရာအိမ်မှူးတစ်ဦးကို အောင်စည်တော်အဖွဲ့မှ ပစ်ခတ်ရှင်းလင်းပြီး သေနတ်ပါသိမ်းဆည်းရရှိ

ချမ်းမြသာစည်မြို့နယ်ရှိ သေနတ်ကိုင်ခွင့်ရ ရာအိမ်မှူးတစ်ဦးကို အောင်စည်တော်အဖွဲ့မှ ပစ်ခတ်ရှင်းလင်းပြီး သေနတ်ပါသိမ်းဆည်းရရှိ



ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၈ ရက်       
မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်ရှိ ရာအိမ်မှူးတစ်ဦးကို အောင်စည်တော် စစ်ဆင်ရေးအဖြစ် ဖေဖော်ဝါရီ ၁၇ ရက်နေ့ ညနေ ၄နာရီ ဝန်းကျင်တွင် သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သတင်းရရှိသည်။ 

စစ်ကောင်စီမှ သေနတ်ထုတ်ပေးထားပြီး ရာအိမ်မှူး လုပ်နေသူ ဇော်ဝင်းထွန်းဆိုသူအား ၇၉ လမ်းထောင့်တွင် ပစ်ခတ်ရှင်းခင်းခဲ့ခြင်းဖြစ်ကြောင်း အောင်စည်တော်အဖွဲ့ထံမှသိရသည်။         
          
" သူက ဆယ်အိမ်မှူးကနေ ရာအိမ်မှူးဖြစ်တာ မကြာသေးဘူး၊ သူ့ကို ၇၉ လမ်းရှိ ပညာပျိုးခင်း ထောင့်မှာ သေနတ်နဲ့ပစ်သတ်ခဲ့တာပါ။ သူ့ဆီက လက်လုပ်သေနတ် ၁ လက်၊ ကျည် ၁၅ တောင့်၊ ငွေသားနဲ့ဖုန်းတွေ သိမ်းဆည်းနိုင်ခဲ့တယ်၊ သူ့အလောင်းကို စစ်ကောင်စီက လာသယ်ပြီးစစ်ဆေးနေတေယ်လို့တော့သိတယ်"ဟု အောင်စည်တော်အဖွဲ့၏ ပြန်ကြားရေးအဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်သို့ ပြောသည်။

နောင်တွင်လည်း စစ်ကောင်စီအလိုကျ ပြည်သူတွေကို ဒုက္ခပေးအနိုင်ကျင့်နေသည့် စစ်ကောင်စီဒေါက်တိုင်မည်သူကိုမဆို အောင်စည်တော်အဖွဲ့အနေဖြင့် ဆက်လက်ရှင်းလင်းသွားမည်​ဖြစ်ကြောင်း ၎င်းမှဆက်လက်ပြောဆိုသည်။      
          
ဇန်နဝါရီလ ၂၇ ရက်နေ့နှင့် ဖေဖော်ဝါရီ ၄ ရက်နေ့များတွင် အောင်စည်တော်စစ်ဆင်ရေးအဖြစ် ပြည်ကြီးတံခွန်မြို့နယ်ရှိ ရာအိမ်းမှူး ခင်မောင်နှင့် အုပ်ချုပ်ရေးမှူး သာဌေး ဆိုသူများကို သုတ်သင်ရှင်းလင်းခဲ့ကြောင်း အောင်စည်တော်အဖွဲ့ထံမှသိရသည်။

#ချမ်းမြသာစည် #သေနတ်ကိုင်ခွင့်ရ #ရာအိမ်မှူး #ရှင်းလင်းခံရ #သေနတ် #သိမ်းဆည်းရရှိ
#Ayeyarwaddy_Times
ဆက်ဖတ်ရန် →
ရွှေဘိုမြို့နယ်၊ ရေတော်မူရွာကို စစ်တပ် မီးရှို့မှု နေအိမ် ၃၂ လုံးပြာကျ

ရွှေဘိုမြို့နယ်၊ ရေတော်မူရွာကို စစ်တပ် မီးရှို့မှု နေအိမ် ၃၂ လုံးပြာကျ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈ ခေတ်သစ်

စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ်၊ရေတော်မူရွာအကြမ်းဖက်

စစ်တပ် မီးရှို့ဖျက်ဆီးမှု နေအိမ် ၃၂ လုံးပြာကျခဲ့

ကြောင်းဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ်

 မီဒီယာသို့ပြောဆိုသည်။ဖေဖော်ဝါရီလ ၁၆ ရက်နေ့

တွင် ရွှေဘိုမြို့နယ်၊ ရေတော်မူရွာကို အကြမ်းဖက်စစ်တပ်က ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကာ နေအိမ် ၃၂လုံးပြာကျခဲ့ကြောင်း သိရသည်။ " ရေတော်မူရွာနားမှာ တိုက်ပွဲဖြစ်ပြီး စစ်ခွေးတွေက ရွာကို ဝင်စီးပြီး မီးရှို့တာပဲပြည်သူပိုင် နေအိမ် ၃၂ လုံး

ပြာကျခဲ့တယ်။ ပြည်သူတွေကတော့ အချိန်မီ ရှောင်ရှား

နိုင်ခဲ့လို့ ထိခိုက်ဒဏ်ရာရတာ မရှိပါဘူး" ဟု ဒေသခံ ပြည်သူတစ်ဦးကပြောဆိုသည်။















စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရေတော်မူရွာကို အကြမ်း

ဖက် စစ်တပ် မီးရှို့ဖျက်ဆီးမှု နေအိမ် ၃၂ လုံးပြာကျခဲ့ကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ရွှေဘိုမြို့နယ်၊ ရေတော်မူရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းခဲ့ပြီးပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကာ နေအိမ် ၃၂ လုံးပြာကျခဲ့ကြောင်း သိရသည်။ " ရေတော်မူရွာနားမှာ တိုက်ပွဲဖြစ်ပြီး စစ်ခွေးတွေက ရွာကို ဝင်စီးပြီး မီးရှို့တာပဲ ပြည်သူပိုင် နေအိမ် ၃၂ လုံးပြာကျခဲ့တယ်။ ပြည်သူတွေကတော့ အချိန်မီ ရှောင်ရှားနိုင်ခဲ့လို့ ထိခိုက်ဒဏ်ရာရတာ မရှိပါဘူး" ဟု ဒေသခံ ပြည်သူတစ်ဦးကပြောဆိုသည်။


ဆက်ဖတ်ရန် →
မအလ အဖွဲ့အရေးယူမှုများ ရှောင်လွှဲ ရန် နာမည်ပြောင်းလဲထားသော နိုင်ငံကူးလက်မှတ် ၃ ခုနှင့် မှတ်ပုံတင် ၃ ခု ကိုင်ဆောင်

မအလ အဖွဲ့အရေးယူမှုများ ရှောင်လွှဲ ရန် နာမည်ပြောင်းလဲထားသော နိုင်ငံကူးလက်မှတ် ၃ ခုနှင့် မှတ်ပုံတင် ၃ ခု ကိုင်ဆောင်

မင်းအောင်လှိုင် အပါအဝင် စစ်ဗိုလ်ချုပ်များ၏ မိသား

စုဝင်များအားလုံး  စီးပွား ရေးပိတ် ဆို့မှုနှင့် ဒဏ်ခတ်

အရေးယူမှုများ ရှောင်လွှဲ ရန် နာမည်ပြောင်းလဲထား

သော နိုင်ငံကူးလက်မှတ် ၃ ခုနှင့် မှတ်ပုံတင် ၃ ခု 

ကိုင်ဆောင်ထား


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈ ခေတ်သစ်


အကြမ်းဖက် မင်းအောင်လှိုင်နှင့် စစ်ဗိုလ်ချုပ်များက ပြည်သူလူထုကို နိုင်ငံကူးလက်မှတ်များ ထုတ်ပေးမှု ရပ်ဆိုင်းထားသော်လည်း ၎င်းတို့၏ မိသားစုဝင်များအတွက် အမည်နာမည် ပြောင်းလဲထားသော နိုင်ငံကူးလက်မှတ် ၃ ခုစီ၊မှတ်ပုံ တင် ၃ ခု စီ ထုတ်ယူ ကိုင်ဆောင်ထားကြောင်း စစ်ဘက်သတင်းအသိုင်းအ၀ိုင်းနှင့် ပြည်ထဲရေး သတင်းရင်းမြစ် များထံမှ သိရှိရသည်။ 


အမေရိကန်၊ ဥရောပ၊ ကနေဒါ အပါအဝင် အနောက်နိုင်ငံများက စစ်ဗိုလ်ချုပ်များနှင့် မိသားစုဝင်များကို စီးပွားရေးပိတ်ဆို့မှုများ၊ ခရီးသွားလာခွင့် ပိတ်ပင်သော အရေးယူဒဏ်ခတ်မှုများ လုပ်ဆောင်လာကြောင်း၊ လိုအပ်ချက်ကြောင့် ပြည်ပနိုင်ငံများသို့ ခရီးသွားရောက်ရပါက အဆိုပါ အရေးယူဒဏ်ခတ်ပိတ်ဆို့မှုများကို ကျော်လွှားနိုင်ရန်၊အမည် နာမည် ပြောင်းလဲထားသော နိုင်ငံကူးလက် မှတ်များ၊  မှတ်ပုံတင်များကို ထုတ်ယူ ကိုင်ဆောင်ထားကြခြင်းဖြစ် ကြောင်း သိရှိရသည်။ 


"အဲဒါက မှန်ပါတယ်။ နာမည်မတူတဲ့ မှတ်ပုံတင်တွေ ကိုင်ထားတာလည်းမှန်တယ်။ အမည်ပြောင်းထားတဲ့ နိုင်ငံကူးလက်မှတ်တွေ ကိုင်ဆောင် ထားတာလည်းမှန်ပါတယ်။ ဒါပေမယ့် တစ်ဦးကို ၃ ခုစီ ကိုင်ဆောင်ထားတယ်ဆိုတာမျိုး အတိအကျကြီး ပြောလို့မရဘူး။ လိုအပ်သလောက် ထုတ်လို့ရနေတာဆိုတော့ ၃ ခုထက်လည်း ပိုနိုင်တယ်။လက်ရှိ နာမည်အရင်းနဲ့  နိုင်ငံကူးလက်မှတ်တွေလည် စီးပွားရေးပိတ်ဆို့မှုမရှိတဲ့ နိုင်ငံတွေ သွားရင် သုံးကြတယ်" ဟု ပြည်ထဲ ရေး သတင်းရင်းမြစ်က ပြောသည်။   


ယခုဖေဖော်ဝါရီလဆန်းပိုင်း အကြမ်းဖက် မင်းအောင်လှိုင်၏ မိန်းမ ကြူကြူလှနှင့် သားသမီး၊ မြေးများ စင်ကာပူနိုင်ငံသို့ သွားရောက်ခဲ့ရာတွင်မူ နာမည်အရင်းဖြင့် နိုင်ငံကူးလက်မှတ်များကို အသုံးပြုခဲ့ကြောင်း သိရှိရသည်။ 


ထို့ပြင် စစ်ဗိုလ်ချုပ် မိသားစုဝင်များက စင်ကာပူနှင့် ထိုင်းတွင် ကွန်ဒိုနှင့် တိုက် ခန်းများ ဝယ်ယူမှုရှိပြီး ပြည်ပဘဏ်ငွေ စာရင်း အကောင့်များ ဖွင့်လှစ်ထားကြကြောင်း၊ ထိုင်းနိုင်ငံတွင် ဘိန်းမူးယစ်ရာဇာ ထွန်းမင်းလတ်ထံမှမင်းအောင် လှိုင်၏ သား အောင်ပြည့်စုံ အမည်ပေါက် ကွန်ဒိုတိုက်ခန်းနှင့် သမီး ခင်သီရိသက်မွန်၏ ဘဏ်အကောင့်တွေ့ရှိခဲ့ပြီးနောက် စစ်တပ်ခေါင်းဆောင် မိသားစုဝင်များက နာမည်အရင်း အသုံးမပြုကြတော့ဘဲ နာမည်ပြောင်းလွဲထားသော ပတ်စ်ပို့နှင့်ဘဏ်စာရင်းများကိုသာ အသုံးပြုကြကြောင်း စစ်ဘက်သတင်းရင်းမြစ်က ပြောသည်။ 


"ပြည်ပမှာ ဘဏ်စာရင်းဖွင့်တာ၊ ကွန်ဒိုနဲ့တိုက်ခန်းတွေ ဝယ်တာမှာ နာမည်အရင်း ပတ်စ်ပို့တွေ မသုံးကြတော့ဘူး။ပိုင်ဆိုင်မှုတွေ ပိတ်ဆို့ခံရမှာစိုးလို့ နာမည်ပြောင်းတဲ့ ပတ်စ်ပို့တွေ သုံးနေကြပါတယ်။ နာမည်အရင်းနဲ့ မလုပ်ကြတော့ဘူး" ဟု စစ်ဘက်သတင်းရင်းမြစ်က ပြောသည်။ 


ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ဖမ်းဆီးခံထားရသော မူးယစ်ရာဇာ ထွန်းမင်းလတ်ထံမှ မင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံ ပိုင်ဆိုင်သော  အိပ်ခန်း ၄ ခန်းပါ ဘတ် ၃၃ သန်းတန်  Belle Grand Rama 9  ကွန်ဒိုတိုက်ခန်း၊ခင်သီရိသက်မွန်၏ Siam Commercial Bank ငွေစုစာအုပ်နှစ်အုပ်ကို ထိုင်းအစိုးရက သိမ်းဆည်းရမိခဲ့ကြောင်းသိရှိရသည်။ 


ဓာတ်ပုံ- အကြမ်းဖက် မင်းအောင်လှိုင်၏ ဇနီး သားသမီးများနှင့် ဆွေမျိုး ညီအစ်ကို မောင်နှမများကို သီတဂူဘုန်းကြီးနှင့် အတူတွေ့ရစဉ်။



ဆက်ဖတ်ရန် →
မင်းအောင်လှိုင်တို့ လုပ်သမျှ ဘာတခုမှ တရားမဝင်

မင်းအောင်လှိုင်တို့ လုပ်သမျှ ဘာတခုမှ တရားမဝင်

DVB | 17 February, 2023

မကြာသေးမီက မင်းအောင်လှိုင်တို့ အကြမ်းဖက်အဖွဲ့က မာရှယ်လော ထုတ်ပြန်ကြေညာခဲ့သည်။ ထိုနည်းတူ လာမယ့် သြဂုတ်လတွင်လည်း ဒင်းတို့အဖွဲ့က ရွေးကောက်ပွဲကျင်းပပေးဦးမည် ဆိုသည်။ စင်စစ် မာရှယ်လောပဲထုတ်ထုတ်၊ ရွေးကောက်ပွဲပဲလုပ်လုပ် ဒင်းတို့တွင် လုပ်ပိုင်ခွင့်မရှိ။ နိုင်ငံတော်ပုန်ကန်မှု ကျူးလွန်ထား ကြသောကြောင့် ဖြစ်သည်။ ထို့အပြင် သူတို့၏ ဘုရားရှိခိုးသဖွယ်၊ ဂါထာမန္တရားသဖွယ်ဖြစ်သော သူတို့ကိုယ်တိုင်ရေးဆွဲထားသည့် ၂၀၀၈ အခြေခံဥပဒေအရပင် တရားမဝင်တော့၍ ဖြစ်ပါသည်။ ၂၀၀၈ အခြေခံဥပဒေအကြောင်းမပြောချင်သည့်တိုင် ပြောရပါဦးမည်။

၂၀၀၈ ခြေဥဆိုတာ

၁၉၈၈ အရေးအခင်းပြီးနောက် စစ်တပ်အမည်ခံအဖွဲ့က နိုင်ငံတော်ကို အာဏာသိမ်းယူလိုက်သည်။

လွတ်လပ်မျှတ၍ သန့်ရှင်းသော ရွေးကောက်ပွဲကြီးကို ကျင်းပပြီးရင် အနိုင်ရပါတီကို အာဏာလွှဲပြောင်းပေးမယ်၊စစ်တပ်ဟာ စစ်တန်းလျားကိုပဲ ပြန်မယ်ဆိုသည့် အာမခံ ကတိစကားများနဲ့အတူ ၁၉၈၉ တွင် ရွေးကောက်ပွဲဥပဒေကို ပြဋ္ဌာန်းပေးခဲ့သည်။ နောက်တနှစ် ၁၉၉၀ တွင် ရွေးကောက်ပွဲကျင်းပရာ ပြည်သူအားလုံး ထောက်ခံမဲပေးသည့်NLD ပါတီက သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့သည်။ သို့ဖြင့် NLD သည် ပြည်သူရွေးကောက်သည့် အနိုင်ရပါတီဖြစ်လာခဲ့သည်။ သို့ပါသော်လည်း ဗြောင်လိမ်ဗြောင်စား စစ်တပ်အမည်ခံအဖွဲ့က သူတို့‌ပြောခဲ့သောစကားကိုရုပ်သိမ်းခဲ့သည်။ အနိုင်ရပါတီကို အာဏာလွှဲပြောင်းပေးရမည့် အစား အာဏာလွှဲမပေးသည့်အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေတရပ် ရေးဆွဲရဦးမည်ဆိုကာ မဆီမဆိုင် အကြောင်းပြချက်များဖြင့် အာဏာကို မလိမ့်တပတ်ဆက်လက် သိမ်းယူထားခဲ့သည်။ သို့နှင့် အခြေခံဥပဒေရေးဆွဲရန်ဆိုကာ ၁၉၉၂ တွင် အမျိုးသားညီလာခံတရပ်ကိုကျင်းပခဲ့ပေသည်။

ပြည်သူ့ဆန္ဒ ဘယ်လောက်ပါသလဲ

ဖွဲ့စည်းပုံဥပဒေတရပ် ရေးဆွဲရာတွင် ပြည်သူ့ဆန္ဒနှင့်အညီ ဒီမိုကရေစီနည်းကျ ရေးဆွဲပြဋ္ဌာန်းရပြီး ကိုယ်လိုသလိုတဖက်သတ် ရေးဆွဲပြဋ္ဌာန်း၍မရ။ အကြမ်းဖက် စစ်အုပ်စုကတော့ သူတို့၏ ၂၀၀၈ ခြေဥရေးဆွဲဖို့ အမျိုးသားညီလာခံ ကျင်းပနေချိန် ဥပဒေတရပ် ထုတ်ပြန်လိုက်သည်။ ၁၉၉၆ ဇွန်၇ ရက်နေ့တွင် ၅/၉၆ ဖြင့် “နိုင်ငံတော်တာဝန်ကို တည်ငြိမ်အေးချမ်းစွာ စနစ်တကျ လွှဲပြောင်းပေးရေးနှင့် အမျိုးသားညီလာခံနှင့် အမျိုးသားညီလာခံလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်ရေးတို့ကို နှောင့်ယှက်ခြင်းမှ ကာကွယ်သည့်ဥပဒေ” ကို ပြဋ္ဌာန်းခဲ့သည်။ ထိုဥပဒေအရ အမျိုးသားညီလာခံက ပြုလုပ်နေသည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကိစ္စရပ်များအပေါ် ထိခိုက်ပျက်ပြားစေရန် လှုံ့ဆော်၊ ဟောပြော၊ ရေးသားခြင်း စသည့် ထင်မြင်ယူဆပိုင်ခွင့် ကိစ္စရပ်များကို မည်သည့်နိုင်ငံသားကမှလုပ်ဆောင်၍မရကြောင်း၊ ဖောက်ဖျက်ကျူးလွန်ပါက အနည်းဆုံး ထောင်ဒဏ် ၅ နှစ်မှ အများဆုံး အနှစ် ၂၀ အထိချမှတ်နိုင်ကြောင်း ဥပဒေတွင် ဆက်လက်ပြဋ္ဌာန်းထားသည်။

မိမိတို့အတွက် အရေးကြီးသည့် ဖွဲ့စည်းပုံ၊ နောင်တချိန်တွင် ၂၀၀၈ ဟု အမည်တွင်လာမည့် ဖွဲ့စည်းပုံတွင် မြန်မာပြည်သူများ၏ သဘောထားဆန္ဒ၊ အခွင့်အရေး မည်မျှပါဝင်ခွင့်ရကြောင်း အဆိုပါဥပဒေအရ သိသာထင်ရှားလှပါသည်။ ဤသို့ဖြင့် အကျဉ်းချုံ့ရပါက ၂၀၀၈ ခုနှစ်တွင် ဆန္ဒခံယူပွဲ ပြုလုပ်သည်။ ၂၀၀၈ နာဂစ်မုန်တိုင်းကြောင့်ပြည်သူများ ဒုက္ခပင်လယ်ဝေနေရာ ဆန္ဒခံယူပွဲမလုပ်ဖို့ ဝိုင်းဝန်းကန့်ကွက်သည့်ကြားကပင် အတင်းအကျပ်ပြုလုပ်ကာ ၂၀၀၈ အခြေခံဥပဒေကို ပြဋ္ဌာန်းခဲ့ကြသည်။

ဤသို့ မရမက အတင်းအကျပ်ဖြင့် ပြုလုပ်ပြဋ္ဌာန်းလိုက်သော ၂၀၀၈ အခြေခံဥပဒေ၏ အတွင်းအနှစ်သာရကိုကြည့်လိုက်ပြန်တော့လည်း စစ်တပ်ကပဲ ဦးဆောင်ပြီး နိုင်ငံရေးလုပ်ဖို့၊ ကာကွယ်ရေးဦးစီးချုပ် တဦးတည်းကိုသာလွှတ်တော် ၂၅ ရာခိုင်နှုန်းကို အုပ်စီးထားပိုင်ခွင့် ရှိစေဖို့၊ နယ်စပ်ရေး၊ ပြည်ထဲရေး၊ ကာကွယ်ရေးဌာနအားလုံးကိုအရပ်သားအစိုးရအောက်မှာ မထားရှိစေဖို့၊ အရေးပေါ်အခြေအနေဟု အပေါ်ယံလိမ်ညာထားသည့် အာဏာသိမ်းနိုင်သည့် အခြေအနေတရပ် ဖန်တီးထားရှိဖို့ စသည်ဖြင့် ဒီမိုကရေစီမရှိဘဲ စစ်တပ်ဗိုလ်ကျ စိုးမိုးရေးကိုသာကျားကန်ပေးထားသည့် အချက်များနှင့် တင်းကြမ်းပြည့်နေသည်ကို လေ့လာတွေ့ရှိနိုင်ပါသည်။

၂၀၀၈ နှင့်ပင်မညီ

ဆိုခဲ့သလို ပြည်သူ့ဆန္ဒ တရွေးသားမှမပါဘဲ စစ်အုပ်စုအလိုကျ အဓမ္မ တဖက်သတ် ရေးဆွဲ အတည်ပြုခဲ့သည့်အခြေခံဥပဒေမှာ ၂၀၀၈ ခြေဥပင်ဖြစ်သည်။ ဆိုရလျှင် နိုင်ငံရေးကနေ စစ်တပ်အနေနဲ့ တလက်မမှ နောက်မဆုတ်ရအောင်၊ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်အောင် စနစ်တကျ ပြင်ဆင်ထားသည့် ဖွဲ့စည်းပုံတခုပဲ ဖြစ်ပါသည်။ အံ့သြဖို့ကောင်းသည်မှာ မင်းအောင်လှိုင် ဦး ဆောင်သည့် နိုင်ငံတော်ပုန်ကန်သူများအနေဖြင့် သူတို့ကို ယင်းသို့အပြည့်အဝ အကာအကွယ်ပေးထားသည့် ၂၀၀၈ ခြေဥအရပင် တရားဝင်မှုမရှိကြောင်း၊ တနည်းဆိုရရင် သူတို့အာဏာသိမ်းခြင်းမှာ ၂၀၀၈ အခြေခံဥပဒေနှင့်ပင် မညီကြောင်း တွေ့ရှိရသည်။ ရှင်းပါမည်။

ပြည်သူတရပ်လုံး လွတ်လပ်မျှတစွာ ရွေးကောက်ထားသည့် အစိုးရကို လက်နက်အားကိုးဖြင့် အာဏာလုခဲ့သည့်ဖေဖော်ဝါရီ ၁ ရက်၊ ၂၀၂၁ တွင် မင်းအောင်လှိုင်တို့အုပ်စုက တိုင်းပြည်တဝန်း ဆူပူသောင်းကျန်းမှုများကြောင့်အရေးပေါ်အခြေအနေ ကြေညာလိုက်ရသည်ဟု ထုတ်ပြန်ခဲ့သည်။ ပုဒ်မ ၄၁၇ အရ အရေးပေါ်အခြေအနေကြေညာလိုက်ရသည်ဟု ဆိုသည်။ တကယ်တော့ ၂၀၀၈ ခြေဥအရ အရေးပေါ်အခြေအနေ ကြေညာရမည့်အကြောင်းကို ပုဒ်မ ၄၁၀ တွင်  ဤကဲ့သို့ ပြဋ္ဌာန်းထားသည်။

ပုဒ်မ၄၁ဝ- “တိုင်းဒေသကြီးတစ်ခုတွင်ဖြစ်စေ၊ ပြည်နယ်တစ်နယ်တွင်ဖြစ်စေ၊ ပြည်ထောင်စုနယ်မြေတစ်ခုတွင် ဖြစ်စေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုတစ်စုတွင်ဖြစ်စေ အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို  ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်နိုင်စွမ်းမရှိကြောင်း သိရှိလျှင်သော်လည်းကောင်း၊ သက်ဆိုင်ရာ ဒေသအာဏာပိုင် အဖွဲ့အစည်းက တင်ပြလျှင်သော်လည်းကောင်း နိုင်ငံတော်သမ္မတသည် အမျိုးသား ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းပြီး ဥပဒေကဲ့သို့ အာဏာတည်သည့်အမိန့် ထုတ်ပြန်၍ အရေးပေါ်အခြေအနေကြေညာနိုင်သည်။”

ပုဒ်မ ၄၁၀ ကို ပထမဆုံးရှင်းလိုသည်က “အသုံးအနှုန်း” ကိစ္စဖြစ်သည်။ ပုဒ်မ ၄၁၀ တွင် အရေးပေါ်အခြေအနေ“ကြေညာနိုင်သည်” ဟု သုံးနှုန်းထားသည်ကို သတိချပ်စေလိုသည်။ အင်္ဂလိပ်လို ရေးသားထားသည်ကို ကြည့်လိုက်ပြန်တော့လည်း “may promulgate” ဟု ရေးသားထားသည်။ ဥပဒေတွင် may နှင့် shall အသုံးနှစ်ခုရှိရာ may တွင် မဖြစ်မနေ လုပ်ရမည်ဟု သဘောမဆောင်၊ shall ကသာ မဖြစ်မနေလုပ်ရမည့် အဓိပ္ပာယ် သက်ရောက်ပါသည်။ ဒါကြောင့် အရေးပေါ်အခြေအနေကို မဖြစ်မနေ ကြေညာရမှာမျိုးမဟုတ်။ ကြေညာချင်မှ ကြေညာနိုင်ခြင်း ဖြစ်သည်။

ဒုတိယ ရှင်းလင်းလိုသည်မှာ “အရေးပေါ်အခြေအနေ ကြေညာနိုင်သည့် အခြေအနေမျိုး ထိုစဥ်က ရှိ မရှိ” ဟူသည့်အချက်ဖြစ်သည်။ ထိုစဥ် ၂၀၂၀ က ကိုဗစ်ဖြစ်ပွားနေပြီး အရပ်သားအစိုးရ၏ ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်မှုကြောင့် ၂၀၂၀ နှစ်ကုန်တွင်ပင် ကိုဗစ်ကန့်သတ်ချက်များကို ဖြေလျှော့ကာ တိုင်းပြည်ကို နဂိုအခြေအနေပြန်ရောက်အောင် ပြင်ဆင်နေချိန်ဖြစ်ပြီး မည်သည့်ဆူပူသောင်းကျန်းမှုမှလည်းမရှိ။ ၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲအလွန်ကာလတွင်လည်း ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး မည်သည့် ဆူပူသောင်းကျန်းမှုမှ မတွေ့ရ။စစ်ကိုင်းတိုင်း ကန့်ဘလူဘက်တွင်သာ ပဋိပက္ခဖြစ်ပွားမှုတချို့ ရှိခဲ့သည်ဟု တွေ့ရသည်။ ဒါကလည်း အရင်းစစ်အမြစ်မြေက ဆိုသလို။ ရွေးကောက်ပွဲ အနိုင်မရသည့် ကြံ့ဖွံ့ထောက်ခံသူများက မင်းသားကြီးမလုပ်ရ၊ ပတ်မကြီးထိုးဖောက်သည့်နှယ် ဒေသခံများအပေါ် မိုက်ရိုင်းရမ်းကားမှုများပဲ ဖြစ်သည်။ ကျန် မည်သည့်နေရပ်ဒေသတွင်မဆိုပုဒ်မ ၄၁၀ ပြဋ္ဌာန်းချက်ပါ အချက်များအရ အုပ်ချုပ်ရေး မတည်ဆောက်နိုင်လောက်အောင် ဆူပူသောင်းကျန်းမှုများ မရှိခဲ့သည်ကို တတိုင်းပြည်လုံးက ပြည်သူများ အသိပါ။ ယုတ်စွအဆုံး ၂၀၁၉ လောက်ကစ၍ လက်နက်ကိုင်တိုက်ပွဲဖြစ်လာသော ရခိုင်ဒေသတွင်ပင် ၂၀၂၀ ရွေးကောက်ပွဲအလွန်ကာလတွင် မည်သည့်ပဋိပက္ခမှမရှိဘဲ AA နှင့်အကြမ်းဖက်စစ်တပ် အကြား ပစ်ခတ်တိုက်ခတ်မှု ရပ်စဲနေသည်ကို တွေ့ရှိနိုင်သည်။

တတိယ ရှင်းလင်းလိုသည်က ပုဒ်မ ၄၁၀ အရ အရေးပေါ်အခြေအနေ ကြေညာလိုက်ပြီပဲ ထားဦး။ ကြေညာခွင့်ရှိသူမှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ပဲ ဖြစ်သည်။ ဦးဝင်းမြင့်ကပဲ ကြေညာပိုင်ခွင့်ရှိသည်။ ယာယီသမ္မတဟု လိမ်ဆင်လုပ်ကာ မြင့်ဆွေဆိုသူက ကြေညာခွင့်မရှိ။

အထက်ပါအချက်များကြောင့် မင်းအောင်လှိုင် ဦးဆောင်သော နိုင်ငံတော်ပုန်ကန်သူများသည် သူတို့ကိုးကွယ်ရာ၂၀၀၈ ခြေဥပါ အချက်များနှင့်ပင် မညီ။ တရားမဝင်ဟု ဆိုရခြင်းဖြစ်သည်။ ယင်းသို့ တရားမဝင် အာဏာသိမ်းမှုကြောင့် သူတို့ကိုးကွယ်ရာ ၂၀၀၈ ခြေဥသည်လည်း အလိုလို ပျက်သွားပြီဖြစ်သည်။ ၁၉၆၂ အာဏာသိမ်းမှုကြောင့်၁၉၄၇ ခြေဥ ပျက်သွားသလို ၁၉၈၈ ကြောင့် ၁၉၇၄ ခြေဥလည်း ပျက်သွားခဲ့ရသည့် သာဓကများအတိုင်းဖြစ်သည်။ ထို့အပြင် Ivor Jennings ဆိုသည့် ဖွဲ့စည်းပုံအ‌ခြေခံဥပဒေပညာရှင်၏ အယူအဆကိုလည်း ဖော်ပြချင်ပါသည်။ Cabinet Government အမည်ရှိ သူ၏စာအုပ်တွင် “ဖွဲ့စည်းပုံအခြေခံဥပဒေတရပ်ကို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ၊ သွယ်ဝိုက်သဘောတူ လက်ခံမှု၊ အတင်းအကျပ်ပြုမှု စသည့် နည်းလမ်းတခုခုဖြင့် မည်သို့ပင် ပြဋ္ဌာန်းထားစေကာမူ စင်စစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ နှလုံးသည်းပွတ်မှာ ပြည်သူများ၏ စစ်မှန်သည့် သဘောထားသာဖြစ်ပေသည်။ ပြည်သူအားလုံးက အဲ့ဒီဖွဲ့စည်းပုံကို သဘောမတူပါက ဖြုတ်ချ၊ ဖျက်သိမ်းနိုင်ခွင့်ရှိသည်” ဟု ဖော်ပြထားပေသည်။

သို့ဖြစ်ရာ မူလဗီဇကတည်းက သန္ဓေလည်းမမှန် ပြည်သူ့ဆန္ဒ တရွေးသားမျှမပါသည့် ၂၀၀၈ ခြေဥသည်လည်းယနေ့အချိန်တွင် မြန်မာပြည်သူတို့က လက်မခံတော့ပြီဖြစ်ရာ ပျက်ပြယ်သွားပြီဖြစ်သလို ယင်းဥပဒေနဲ့လည်း မညီ၊နိုင်ငံတော်ပုန်ကန်မှုကိုလည်း ချိုးဖောက်ကျူးလွန်ထားသော မင်းအောင်လှိုင်တို့ အဖွဲ့မှာလည်း မည်သည့် တရားဝင်မှုမှ မရှိတော့ပေ။ ယခု သူတို့ပြုလုပ်နေသော ပြုမူလုပ်ဆောင်ချက်အဝဝမှာ နောင်တချိန် နွေဦးတော်လှန်ရေးအောင်ပွဲရသည့်နောက်ပိုင်း မဖြစ်မနေ တာဝန်ခံရမည့် ရာဇဝတ်မှုများသာဖြစ်ကြောင်း တင်ပြလိုက်ရပေသည်။

နွေဦးဇင်




ဆက်ဖတ်ရန် →