ပြည်သစ်ညွန့်ဝေခေါ်မောင်မောင်အရှုပ်တော်ပုံ
ပြည်သစ်ညွန့်ဝေခေါ်မောင်မောင်လို့လူသိများတဲ့ ဦးမောင်မောင်ဟာ သူ့ရဲ့ ငုတ်ဗီဇခဏတာပဲ ထိန်းချုပ်လို့ရပြီး မစားရတဲ့အမဲ သဲနဲ့ပတ်တဲ့အကျင့် မင်းသားကြီးမလုပ်ရလို့ပတ်မကြီးထိုးဖောက်တဲ့အကျင့် သစ်ကုလားအုပ်လိုနေရာတဆင့်ခြင်း အရယူဖို့ တိုးဝင်ဖယ်ထုတ်တတ်တဲ့အကျင့်ကပြန်ပေါ်လာပြီ
ကြောင်ကြာကြာရေမငုတ်ဘူးဆိုသလိုသူကလူကောင်းဟန်ခဏတာသာဟန်ဆောင်နိုင်သူဖြစ်ပါတယ်
လိုချင်တဲ့နေရာမရတဲ့အခါ တော်လှန်ရေးကာလ ခက်ခက်ခဲခဲဦးဆောင်နေရတဲ့ NUG နဲ့ဝန်ကြီးတွေကို တွန်းထိုးတိုက်ထုတ်မှုတွေဆက်တိုက်လုပ်လာပါတယ်ဦးမောင်မောင်က သူပရော့ဂျက်တွေ proposal တွေကို အရင်တင်လေ့ရှိပြီး သူလုပ်ချင်တဲ့အရာတွေကို NUCC ကတဆင့်ဆုံးဖြတ်ချက်တွေအရယူဖို့ အလုပ်သမားအဖွဲ့တွေအားကိုအသုံးချနေတာဖြစ်ပါတယ်
သူ့ပရော့ဂျက်ထဲက တစ်ခုဖြစ်တဲ့ အလုံးစုံစီးပွါးရေးပိတ်ဆို့နိုင်ဖို့NUG ကသူ့သဘောအတိုင်းမဖြစ်မနေလိုက်ပါဆောင်ရွက်ရမယ်ဆိုတဲ့သဘောထားတွေတွန်းတင်လာတယ်..
NUG က မူဝါဒနဲ့အညီဆောင်ရွက်နေတဲ့အတွက် အလုံးစုံ အတွက်ထက်တဆင့်ခြင်း သွားဖို့သာလက်ရှိအခြေအနေမှာ သဘောထား ရှိပါတယ်..
ဒီအပေါ်မှာ
ဦးမောင်မောင်အနေနဲ့သူသဘောနဲ့ထပ်တူမကျရကောင်းလားဆိုပြီး NUG ဝန်ကြီးတွေအပါအဝင် ဆရာကြီးDrZWSကိုပါ တိုက်ခိုက်လာတာ တွေ့ကြကြားကြပါလိမ့်မယ်
ဒီကိစ္စ သာမာန်ကြည့်ရင် အလုပ်သမားအဖွဲ့အစည်းအမည်ခံဦးမောင်မောင်ဖန်တီးထားတဲ့အမည်ခံ အဖွဲ့တာဝန်ရှိ အမျိုးသမီးကပဲVideo ရိုက်လွှင့် စာတွေရေးတင်နေတယ်လို့မြင်ရပေမဲ့ လက်တွေ့မှာ ဝန်ကြီးတွေအပေါ်ရိုင်းပြတဲ့ အပြုအမူအပြောအဆိုအမူအယာတွေနဲ့ အနှောက်အယှက်ပေးလာကြတာပါ
ဦးမောင်မောင်ကိုယ်စားပြောဆိုပေးနေသူ ဒေါ်ခိုင်ဇာအောင်ဆိုတာလည် မဲဆောက်မှာ ဦးမောင်မောင်မွေးထားပြီး မြန်မာပြည်ကိုအတူပြန်လာတဲ့မိန်းကလေးဖြစ်ပါတယ်
ဒီကလေးမတွေ လာတဲ့ပတ်ဝန်းကျင်နဲ့ပြောဆိုဆက်ဆံပုံတွေနားထောင်ရတဲ့အခါ ဦးမောင်မောင်နဲ့ သူတို့ Backgroundကို မဖြစ်မနေ ပြန်ထောက်ပြသတိပေးဖို့လိုအပ်တဲ့အတွက် ပြောရပါလိမ့်မယ်
ကျနော်တို့က ဦးမောင်မောင်ဟာ ဒီတော်လှန်ရေးမှာရော အရင့်အရင်လိုပဲ စစ်အုပ်စုရဲ့ ( ပွန်း )ဖြစ်နေနိုင်တယ်ဆိုတာ ပြန်သတိထားကြည့်နိုင်အောင် အစပြန်ထုတ်ပြရတော့မဲ့အခြေအနေဖြစ်လာပါတယ်
ဒါ ဦးမောင်မောင် က ခိုင်ဇာအောင်နဲ့အလုပ်သမားအဖွဲ့တွေကိုမြောက်ပင့်ပြီး.. Dr ဇော်ဝေစိုး ပြောဆိုတင်ပြမှုတွေကို.. စော်ကားလိုက်တဲ့အတွက်...ဘယ်သူမပြု ဦးမောင်မောင်အမှုပဲလို့ပြောရပါလိမ့်မယ်
ဦးမောင်မောင်ဟာ ၁၉၈၈ နောက်ပိုင်းတောခိုလာပြီး FTUB အလုပ်သမား သမဂ္ဂ ခေါင်းစဥ်တပ်ငွေရှာ NCGUB ဒေါက်တာစိန်ဝင်းအစိုးရကိုတိုက်ခိုက်ခဲ့သူဖြစ်သလို ဖရိုမန်းရှာလာဘန်းလိုတော်လှန်ရေးသူရဲကောင်းကိုလည်းရန်ရှာအားပြိုင်ခဲ့သူတစ်ယောက်ဖြစ်တယ် ဆိုတာတော်လှန်ရေးအင်အားစုအများသိပြီးသားဖြစ်ပါတယ်
NCGUB ဖွဲ့တဲ့အခါမှာလည်း သူရှာနိုင်တဲ့ငွေအင်အားနဲ့ အမတ်ဝယ်သူအဖြစ်နာမည်ကြီးခဲ့သူဖြစ်တယ်.. အမှန်တကယ်သူဝယ်တာခံရတဲ့အမတ်တွေလည်းရှိခဲ့တယ် သူခိုင်းတာလုပ်ပေးကြရတယ်.
ပရော့ဂျက်တွေမျိူးစုံတင်တက်တဲ့ဦးမောင်မောင်ဟာ NLDထဲကပြင်ပ မဲဆောက်ရောက်
လာသူအချို့ကိုအသုံးချပြီး UG အသွင်သဏ္ဍာန်သင်တန်းပေးဟန်နဲ့ နအဖ နဲ့လက်ဝါးချင်းရိုက်အမှုတွေဂွင်ဆင်ခဲ့သူတစ်ဦးဖြစ်တယ်
အလုပ်သမားရေးတက်ကျွမ်းလာပြီးနောက် အလုပ်သမားခေါင်းစဥ်ကိုအသုံးချ နိုင်ခဲ့သူလည်းဖြစ်တယ်.
ကမ္ဘာ ့အလုပ်သမားအဖွဲ့ချုပ်ကိုအကျွမ်းတဝင်ဆက်ဆံနိုင်သူဖြစ်လာပြီး အဲဒီ့ ILOခေါင်းစဥ်အောက်ကနေပြီး တစ် ကမ္ဘာလုံးမှာရှိတဲ့အလုပ်သမားအဖွဲ့အစည်းတွေအပေါ် သူ့အဖေ NLD CEC အမည်နဲ့ ကောင်းကောင်းကြီးငွေလိမ်တောင်းခဲ့သူတစ်ယောက်ပါ..
ဒါ့အပြင်ဒေါ်အောင်ဆန်းစုကြည်အမည်ကိုအသုံးချပြီး NCGUB မှာချယ်လှယ်ချင်တိုင်းချယ်လှယ်တဲ့အတွက် ကျောင်းသားအင်အားစုက ဦးမောင်မောင်နဲ့ဆိုအကင်းဆုံးနေခဲ့ကြတယ်
ဒါ ဦးမောင်မောင်ပြည်ပ ရှိစဥ်တစိတ်တပိုင်းလောက်ပဲရှိပါသေးတယ်။
ဦးမောင်မောင် နအဖ နဲ့ချိတ်ဆက်အပေးအယူအသွားအလာလုပ်တဲ့ ကိစ္စ ကိုသူ့ FTUB ရဲ့အတွင်းရေးမှုးတစ်ယောက်က ဖော်ထုတ်လိုက်တာလည်းကြားမိကြပါလိမ့်မယ်။
ဦးမောင်မောင်မြန်မာပြည်ပြန်ရောက်တဲ့အခါမှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကိုနည်းမျိုးစုံနဲ့ချည်းကပ်ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့သူမပါတီက သူတို့အမည်အသုံးချပြီး ဦးမောင်မောင်ငွေရှာခဲ့တဲ့အတွက် လုံးဝ လက်ခံဆက်ဆံခြင်းမပြုခဲ့ပါ။
ခွေးတိုးပေါက်မျိုးစုံကနောက်ဖေးပေါက်မျိုးစုံက ဝင်ခဲ့သလို ငွေနှင့်စည်းရုံးနိုင်မည်ထင်သောသူများကို ခိုးတွေ့ခဲ့ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ပါတီတွင်းမှာတော့တရားဝင်ဆက်ဆံခံရတယ်လို့မကြားခဲ့ပါ။
ကိုဗစ်အရေးပေါ်ကာလ တွင်း၌သာ အလုပ်သမားကိုယ်စားလှယ်အဖြစ် ဦးမောင်မောင်ကို အလုပ်သမားဝန်ကြီးဌာန USDP ဝန်ကြီးဌာနဖက်က နာမည်တင်သွင်းတာကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့် video conference ဖြင့် စကားပြောခွင့်တစ်ခါသာရှိခဲ့ဖူးပါတယ် ဒါလည်းဒေါ်အောင်ဆန်းစုကြည်က အလုပ်သဘောထိတွေ့မေးမြန်းရုံပါ.
မြန်မာပြည်ထဲပြန်ဝင်လာပြီး USDP အစိုးရအာဏာကိုလည်းချည်းကပ်ခဲ့သူ့ဖြစ်တယ်..ဝန်ကြီးဟောင်း အောင်မင်းစိုးသိမ်းတို့နဲ့လစဥ်တွေ့ဆုံပြီးအလုပ်သမားခေါင်းစဥ်နိုင်ငံတကာအလုပ်သမားရေးရာ ကိစ္စ တွေဆွေးနွေးအစည်းအဝေးတက်လေ့ရှိပြီး USDPအားချည်းကပ်ကာ အလုပ်သမားအနည်းငယ်လယ်သမားအများစုပါဝင်သည့် CTUM ကို အဖွဲ့ချုပ်ကြီးအဖြစ်မှတ်ပုံတင်အရယူခဲ့ပါတယ်။
ဒီလုပ်ရပ်ကို ဦးသိန်းစိန်အကြံပေးထဲကဖော်ထုတ်ခဲ့ပြီးဖြစ်တယ်..ယခု ဦးမောင်မောင် အသူံးချပြနေတဲ့အလုပ်သမားအဖွဲ့ချုပ်ဟာအလုပ်သမားလယ်သမားမှတ်ပုံတင်ပြီးသားအဖွဲ့လေးတွေကို တစ်ဖွဲ့ ကျပ်ငွေ နှစ်သိန်းနဲ့ မှတ်ပုံတင်ကျပြီးသားစာရွက်များကိုဝယ်ယူပြီး အဖွဲ့ချုပ်အမည်ခံအရယူသွားတာဖြစ်တယ် .
ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီက အဆက်အဆံမလုပ်တဲ့အတွက် ကြံ့ခိုင်ရေးပါတီနဲ့လက်ဝါးရိုက်ပြီးအရယူသွားတဲ့အဖွဲ့ချုပ်အမည်ခံသာဖြစ်တယ်
၂၀၂၀ ရွေးကောက်ပွဲမှာလည်း ဦးမောင်မောင်ကဦးဆောင်ပြီအလုပ်သမား သမဂ္ဂ ထဲက တစ်သီးပုဂလအမတ်စာရင်းတင်သွင်းကာ NLD ကိုဝင်ရောက်ယှဥ်ပြိုင်ခဲ့ပါတယ် မယှဥ်ပြိုင်စဥ်မှာ လှိုင်သာယာကနောင်ခန်းမတွင် ကြံ့ခိုငိရေးအမတ်ပြည်ထောင်စုအလုပ်သမားဝန်ကြီး ဦးသိန်းဆွေ မှ ဦးမောင်မောင်၏ အလုပ်သမားတစ်သီးပုဂ္ဂလများအတွက်ထောက်ခံမဲဆွယ်ပေးခဲ့ပါသေးတယ်... ၁%ပင်မဲမရရှိခဲ့ပါ။
ယခုအာဏာလုပြီးးနောက်ပိုင်းတွင် သုံးပွင့်ဆိုင်အား ရပ်တန့်မည်ဟူသောစကားရပ်ဖြင့် ေတာ်လှန်ရေးထဲပါလာသော်လည်း.. NUG အလုပ်သမားဝန်ကြီးဖြစ်ရရေး
အပတ်တကုတ်ကြိုးစားရင်း မရတော့သည့် ယနေ့အခြေအနေတွင် ၎င်းဦးဆောင်မှုအောက်တွင်ရောက်နေသော သူများမှ NUG အားအနှောက်အယှက်ပေးလာသည်ကိုကြားသိလာရသည်
ကျနော်တို့အနေနဲ့ ယခု တော်လှန်ရေးကာလအလုံးစုံညီညွတ်ခြင်းကိုလိုလားသော်လည်းစစ်အာဏာရှင်အားအမြှစ်ဖြတ်ရန်လိုအပ်သကဲ့သို့ အလုပ်သမားမျာအမည်အသုံးချ၍ လူတစ်စုကောင်းစားရေး ခြေလှမ်းစနေတဲ့ ယခုကဲ့သို့ တော်လှန်ရေးခေါင်းဆောင်များကိုပါအလုပ်ဖင့်စေရန် နိုင်ငံတကာအဖွဲ့အစည်းများနဲ့ရန်တိုက်ပြီးဖျက်လိုဖျက်ဆီးစော်ကားရမ်းကားနေသောဦးမောင်မောင်နှင့်အလိုတူအလိုပါများကိုပါရှင်းလင်းသည့်ဆက်ဆံရေးတစ်ရပ်ဆောင်ရွက်သင့်ပြီ...
အမှန်တကယ်အလုပ်သမားအစစ်အမှန်ဆောင်ရွက်သူ တတ်သိနားလည်သူများသည်လည်းဦးမောင်မောင်စေခိုင်းသည့်အတိုင်းဆောင်ရွက်မည်မဟုတ်သောကြောင့်၎င်းနှင်အတူတကွနေထိုင်သူ အမျိုးသမီးရွယ်နှစ်ဦးကိုသာလက်စွဲထား၍ ခိုင်းစေပြောဆိုစေရန်စေခိုင်းနိုင်နေခြင်းဖြစ်သည်
ဦးမောင်မောင်၏ စည်းရုံးစွဲဆောင်မှုထဲတွင်ပါဝင်သူအများစုမှာ ဘဝအခြေအနေမဲ့သူများ.နိုင်ငံတကာအဖွဲ့အစည်းများတွင် ဝင်ဆန့်ချင်သူများ အလုပ်သမားရေး ဃ ဃ ဏ ဏ နားမလည်းမတတ်ကျွမ်းသူများ စားဝတ်နေရေးအတွက်အဖွဲ့ဖွဲ့ရပ်တည်နေရသူများ ဦးမောင်မောင်၏ နောက်ခံသမိုင်းဆိုးအားသေသေချာချာမသိနားမလည်သူများ အများစုဖြစ်သည်။
အလုပ်သမားအစစ်တော်လှန်ရေးသမားအမှန်အကန်ဆိုလျှင် ဘာသာစကားတတ်ကျွမ်းမှုကိုအသာစီးယူ၍ နိုင်ငံတကာအဖွဲ့အစည်းများထံ လိမ်လည်လှည့်ဖျားလုပ်စားနေသည့်၎င်းတို့လူတစု၏ လက်အောက်ခံအဖြစ် မဖြစ်သင့်ပေ။
ဧရာဝတီသတင်းတွင် စီးပွါးရေးပိတ်ဆို့မှုဆိုင်ရာရေးသားထားသောဆောင်းပါးသည်လည်းဦးမောင်မောင်၏ရေးသားပေးချက်ဖြစ်ပြီးအလုပ်သမားအမည်ခံမိန်းခလေးမှာ ဦးမောင်မောင်လက်စွဲ နှစ်ဦးတည်းသော မိန်းမငယ်၏ညီမရင်းဖြစ်သည်။
.ယခုဆိုလျှင် ဆရာကြီး DrZWS၏ မိန့်မြွက်ချက်များကိုကောက်နုတ်၍ လှောင်ပြောင်သရော်ထိပါးလာခြင်းကြောင့် CTUM ...နှင့်ဆက်စပ်အဖွဲ့အစည်းတို့အား NUG ၏ နယ်နမိတ်အတွင်းစည်းခြားဆက်ဆံရန်အထူးရေးကြီးပါတယ်
ဦးမောင်မောင်ဟာ၄င်းပရော့ဂျက်အောင်မြင်ရန် ၎င်းကိုယ်ကျိုးစီးပွားငွေရှာလွယ်ရန် မည်သူ့အသက်မည်သူဘဝ စတေးရ စတေးရ ဝန်မလေးသူဖြစ်ပါတယ်
CDM အတွက် ဥရောပအထောက်အပံ့ ကိုတဆင့်ခံပံ့ပိုးပြီး ၎င်းကကျေးဇူးရှင်သဖွယ် ဝန်ကြီးနေရာတောင်းသဖြင့် နိုင်ငံရေးအင်အားစုများမှဝိုင်းဝန်းကန့်ကွက်ခဲ့ကြရပါတယ်
နိုင်ငံတကာအဖွဲ့အစည်းတွေကိုအမှီပြုပြီး NUG အစိုးရရဲ့ လုပ်ငန်းဆောင်တာတွေကို လွှမ်းမိုးဥဦးစီးချင်လာတဲ့အပြင် ၎င်းမလိုလားသော တာဝန်ရှိသူတွေကိုဖယ်ထုတ်ဖို့နည်းပေါင်းစုံနဲ့ တိုက်ထုတ်နေတဲ့အပြင် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ တိုက်ရိုက်ဆက်ဆံရေးလမ်းကြောင်းတွေကိုပါ သတင်းအမှားတွေပေးပို့ပြီးဖြတ်တောက်နေပါတယ်
၂၀၁၃မှ၂၀၂၁နှစ်စပိုင်းအထိ ဦးမောင်မောင်ဟာ USDP နဲ့သာအဆင်ပြေတဲ့ဆက်ဆံရေးရှိခဲ့ပြီး..လွှတ်တော်တွင်းအလုပ်သမားဥပဒေပြုမှုများရံဖန်ရံခါချဉ်းကပ်လာပေမဲ့ NLD ကိုစဉ်ဆက်မပျက်အတိုက်အခံပြုလုပ်လာသူဖြစ်ပါတယ်
ယခုအခြေအနေကိုကြည့်ရင် Drzwsတို့ကိုတိုက်ခိုက်ပြောဆိုပြီး စစ်တပ်ကို ပြန်လည်မျက်နှာချိုသွေးဖို့ပြင်ဆင်နေတယ် အရင်ကတည်းက သပ်လျိုပါဝင်လာနိုင်သည်ကိုလည် သတိထားသုံးသပ်သင်တယ်
နောက်ဆက်တွဲ ကိစ္စ တစ်ရပ်မှာ..မန်းလေးတွင် သမဂ္ဂ ဥဦးဆောင်တစ်ယောက်ကိုလဲ ၄င်းကိုNUG ရဲ့ဒုတိယဝန်ကြီးအဖြစ်မရွေးချယ်ခဲ့တာကြောင့်စကစနှင့် ပေါင်မယ်လို့ လူသိရှင်ကြားကြိမ်းဝါးခဲ့တဲ့နောက် ထိုလူရွယ် အလုပ်သမားသမဂ္ဂ ဦးဆောင်သူ
ကြောင့် မန်လေးတွင် အဖမ်းအဆီးခံရမှု တွေတည်နေရာကိုအဝိုင်းခံရမှုတွေအမျိုးမျိုးဖြစ်ခဲ့ပါတယ် ထိုလူရွယ်ကို ဒလံအဖြစ်သတင်းထွက်သွားချိန်တွင်လူရွယ် ထောင်ထဲရောက်သွားကြောင်း သတင်းဖြန့်ခဲ့တယ် အခုချိန်ထိ ထောင်ထဲမှာလားအပြင်လောကမှာလား အဖြေမရှိပဲ ထိုလူရွယ်ပျောက်ဆုံးနေပါတယ် ၎င်းလူရွယ်နှင်ပတ်သတ်မှုရှိခဲ့တဲ့ သမဂ္ဂ ခေါင်းဆောင်အမျိုးသမီးအမျိုးသားတချို့ ထိုလူရွယ်၏ရန်ကြောက်လှန့်၍တောခိုလိုက်ကြရတယ်
၎င်း ကိစ္စ ဖောက်ပြန်သွားတဲ့ လူရွယ်ဘက်က ဦးမောင်မောင်နှင့်၎င်းလက်အောက်ခံတစ်ချို့ကအကာအကွယ်ပေးပြောဆိုနေတာတွေရှိတယ်
တော်လှန်ရေးအရေးကြီးဆုံးကာလဖြစ်တဲ့အတွက် ဦးမောင်မောင်အနေနဲ့ ကိုယ်လုပ်ချင်ကိုယ်ချုပ်ကိုင်ချင်တဲ့အခြေအနေတွေ ရမလာတိုင်း ခြိမ်းခြောက်သည့်အသွင် ပြုမူနေခြင်း
အောက်ခြေ သမဂ္ဂ နှင့်အလုပ်သမားရေးဆိုင်ရာအဖွဲ့အစည်းများကိုမြှောက်ပင့်အသုံးချပြီး ယခုပြုမူနေမှုများချက်ချင်းရပ်ပါ..အပြည်ပြည်ဆိုင်ရ အဖွဲ့အစည်းများ အားကိုယူကာ NUG အစိုးရ ဝန်ကြီးများအားဖိအားပေးနေခြင်း ချက်ချင်းရပ်ပါ ။
ဒေါ်ခိုင်ဇာအောင် အပါအဝင် NUG အား ထိပ်တိုက် ထိပါးနေသူများအား လက်ပိုက်ကြည့်နေမည်မဟုတ်... မရပ်တန့်လျှင် သင်တို့အကြောင်းအရာများအား ပြည်သူသိသာစေရန်အသေးစိတ်ထပ်မံကြေညာသွားမည်ဟုဖေါ်ပြ
ပါရှိပါသည်။
မြန်မာပြည်သူပြည်သားအပေါင်းဘေးဘယာဝေးကွာ
လို့အေးချမ်းသာယာကြပါစေ။
၂၆ ၂၇ နောက်ပိုင်းတွေမှာ ပွဲကြီးတွေချည်းပဲ ဖြစ်လာတော့မယ်
တော်လှန်ရေးဗားရှင်း🇺🇲
ဦးကျော်မိုးထွန်းကို တရားရုံးမှာ တရားလာရင်ဆိုင်ပါဆိုပြီး စကစကစာထုတ်တယ် တကယ်ဆို ဒါဘာမှမထိရောက်မှန်းသူတို့သိပေမယ့် အခုလ ၂၆ ၂၇UN အစည်းအဝေးမှာ အစိုးရအသိအမှတ်ပြုရေးအတွက် NUGကို စကစကတိုက်ခိုက်လိုက်တာပဲ ဖြစ်ပါတယ်
ဒီအသိအမှတ်ပြုဖို့ကလဲ အမေရိကန်နဲ့တရုတ် သဘောအတိုင်းဖြစ်လာမှာပါ ကျင်ဖင့်နဲ့ ဘိုင်တန်လဲအခုရက်ပိုင်း ဆွေးနွေးမယ်လို့ အသံတွေထွက်လာပါတယ် ထုံးစံအတိုင်း ယခင်အခေါက်က ဆွေးနွေးသလို အဖြေထွက်လာမှာပါ
အခုရက်ပိုင်း စကစဆီ နိုင်ငံသုံးနိုင်ငံက သံတမန်တွေလာပါတယ် ထိုင်း ဒုဝန်ကြီးချုပ် ဂျပန် နီပွန်ဖောင်ဒေးရှင်း ဥက္ကဌ သူကတော့သိပ်အရေးမပါပါဘူး
တရုတ်က ဆွန်ကော့ရှန်တို့ပါပဲ ထိုင်းကလာတာတော့ သူ့နိုင်ငံထဲ ဝင်လာမယ့် ဒုက္ခသည်တွေနဲ့လဲဆိုင်သလို US UK တို့ထိုင်းကိုလာပြီး ဖိအားပေးလို့စကစကို ထိုင်း ဒုဝန်ချုပ်ကိုယ်တိုင်လာ သတိပေးတာဖြစ်ဖို့များပါတယ်
ဆွန်ကော့ရှန်လာရင် ထုံးစံအတိုင်းအပြောင်းအလဲနဲ့
ပြသနာတစ်ခုခုအမြဲရှိတတ်တယ် အရင်ကသူလာတယ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မရခဲ့ဘူး တပတ်ကြာနေသွားတယ် ဆွန်ကော့ရှန်ပြန်တော့ကျင်ဖင့်နဲ့ဘိုင်တန် ဖုန်းနဲ့ပြောပြီး UNမှာ ဦးကျော်မိုးထွန်း နေရာဆက်ရတယ် အခုလဲ ဆွန်ကော့ရှန်လာပြန်တယ် ဘိုင်တန်နဲ့ကျင်ဖင့် ဆွေးနွေးအုံးမယ် UNအစည်းအဝေးက ၂၆ ၂၇ ဆိုတော့ ဘာတွေဆက်ဖြစ်အုံးမလဲ
မြန်မာ့အရေးဟာ ပိုပိုပြီးအရှိန်တက်လာတယ်
အမေရိကန်က မြန်မာမှာ တရုတ်အလိုကျ ရေရှည်
စစ်ပွဲတွေမဖြစ်စေချင်ဘူး တရုတ်ကမြန်မာကို မီးမွှေးထားပြီး သူက ထိုင်ဝမ်ဘက်လှည့်မလာအောင်ကာချင်နေတာ မြန်မာနိုင်ငံဆိုင်ရာကုလသံအမတ်ကြီး အင်ဒရူးက မြန်မာပြည်အရေးဖြေရှင်းဖို့ရာစစ်ရေးမှလွဲပြီး တခြားမရှိလို့ဆိုလိုက်တယ်
အမေရိကန်လဲ စဥ်းစားရကျပ်နေတယ် သူက အာစီယံကိုပတ်ချုပ် စကစလူပ်မရအောင် လုပ်ပြီးအပြောင်းအလဲလုပ်ချင်နေပုံရတယ် စစ်မတိုက်ချင်
ဘူး ဒါလဲ ဒီမိုကရက်တွေမူဝါဒပဲ ဒါပေမယ့် စကစ
ကလဲ တစ်နိုင်ငံလုံးဘယ်လောက် ဒုက္ခရောက်ရောက် သူတို့ဆီကျည်ဆန်မလာသ၍ မဆင်းပေးဘူး သူ့ကိုဒေါက်တိုင်ပြုပေးထားတဲ့ တရုတ်ရှိနေသ၍ သူကရသမျှ ကျားကန်နေမှာပဲ
နဝတလက်ထက်မှာ အမေရိကန်က ဆက်ရှင်၃ခါချတယ် နဝတ အပြုံးမပျက်ဘူး တရုတ်ရှိနေတယ်လေ အမေရိကန်အဲ့လိုဆက်ရှင်ချလေ တရုတ်နဲ့ပိုနီးကပ်ပြီး တရုတ်အကျိုးရှိလေပဲ ပြည်သူကတော့ ဒုက္ခပိုရောက်လေပဲ ဒါကိုအမေရိကန်တွေလဲ သိတယ် အချိန်ကြာမရတာလဲသိတယ်
စကစကတော့ အခုရက်ပိုင်း စစ်ရေးပြင်ဆင်မူ့တွေထပ်လုပ်လာသလို နိုင်ငံရေးပိုင်းမှာလဲ သူတို့ပဲထာဝရအုပ်ချုပ်လို့ရအောင် ၂၀၀၈ ခြေဥကို ဗားရှင်းထပ်မြှင့်ဖို့ PRစနစ်ဆိုပြီး လုပ်လာတယ် လွှတ်တော်လဲ မရှိပဲဘယ်လိုပြင်မလဲ ပြည်သူကိုတော့ သေနတ်ထောက် မဲထည့်ခိုင်းအုံးမှာပါ သူတို့
ဘယ်လိုကြိုးစားကြိုးစား ရမယ်မထင်ဘူး ၂၀၀၈
ခြေဥကို ဘုရားဟော အဘိဓမ္မာလို ထင်နေတာလဲ
အတော့်ကို ဥာဏ်နည်းတယ်ပြောရမယ်
အမေရိကန်ဟာ အခုရက်ပိုင်း NUG ကို အစိုးရအဖြစ်အသိအမှတ်ပြုမှကိုရတော့မယ် ခုပုံစံအတိုင်း
ဆက်သွားလို့မရတော့ဘူး ထိုင်ဝမ်တောင် အစိုးရလို့
တရုတ်နဲ့မိတ်ပျက်မှာစိုးလို့ အသိအမှတ်မပြုထားပေမယ့် မြန်မာမှာတော့ NUG ကို ပြုမှရတော့မယ်
ဘာလို့လဲဆိုရင်UNမှာလဲ အမေရိကန်အသိအမှတ်ပြုမူ့က အရေးပါသလို ပြည်တွင်းမှာလဲ တိုက်ပွဲတွေကပိုပြင်းထန်လာ
ပါတယ်
ရရာလက်နက်နဲ့တိုက်နေရတဲ့နေရာမှာ NUGသာတရားဝင်အစိုးရ အသိအမှတ်ပြုခွင့်ရလာရင် လိုအပ်တာကို တရားဝင်ပံပိုးလို့ရလာတော့မှာဖြစ်ပါ
တယ် လက်ရှိအနေအထားအရ ချင်း စစ်ကိုင်း မကွေးမြောက်ပိုင်းတွေမှာ စကစအာဏာစက်မရှိတော့ပါဘူး ဒါကြောင့် NUGကို ပထဝီမပိုင်တဲ့အစိုးရလို့ ပြောလို့မရပါဘူး
တစ်နိုင်ငံလုံး နေရာအနှံကတော်လှန်ရေးလုပ်နေလို့
စကစတပ်တွေလဲ တပ်ဖြန့်ထားရပြီး ရုတ်တရက်မြို့သိမ်းတိုက်ပွဲတွေဆို အင်ပြည့်အားပြည့်နဲ့ မခုခံ
နိုင်တော့ပါဘူး စစ်သား ၅သိန်းရှိတယ်ဆိုပြီးသာ
မရှိတဲ့စာရင်းပြ လစာထုတ်စားနေတာ တကယ့်တကယ်မှာတော့ ၁သိန်း ဝန်းကျင်တောင်မရှိပါဘူး
မြို့ခံ pdf တွေကအခုဆို အရင်လို တူမီးတွေမဟုတ်သလို Auto တွေ လက်နက်ကြီးတွေထိ သုံးတိုက်လာလို့ စကစတပ်တွေ အကျအရူံးကြီးကြီးမားမားပေးဆပ်နေရပါတယ် မြို့ပြတွေမှာလဲ ထိရောက်တဲ့မစ်ရှင်တွေကြောင့် ပစ်မှတ်တိုင်း ထိရောက်နေပါတယ် လယ်ဗယ် အရှိန်မြှင့်လာတာမို့ မကြာခင် စကစ ယန္တယားရပ်သွားပါတော့မယ်
UN အစည်းအဝေးဆုံးဖြတ်ချက်ပေါ်မူတည်ပြီး ၂၆ ၂၇ နောက်ပိုင်းတွေမှာ ပွဲကြီးတွေချည်းပဲ ဖြစ်လာတော့မယ်လို့ထင်ပါတယ် တောထဲက PDF တွေလဲမြို့ပေါ်တွေ ရောက်လာကြသလို တစ်ချို့အဖွဲ့တွေလဲ EAOs တွေနဲ့ ပေါင်းတိုက်လာတာတွေ့ရပါတယ်
၁၆ရက်နေ့ မနက်ဖန် NUCC သတင်းစာရှင်းလင်းပွဲ
မှာ ဘာတွေပြောလာမလဲ နားထောင်ရပါမယ် အဲ့ပွဲ
က တော်လှန်ရေးအရှိန်အတက်အကျဖြစ်စေမယ်ထင်ပါတယ်
စကစကတော့ သူဘာသာဘာအော်အော် အမေရိကန်တော့ ငယ်ကြောက်ပါပဲ သံတမန်မဟုတ်တဲ့ အလွတ်သဘောလာတဲ့ အမေရိကန်သံတမန်ဟောင်း ရစ်ချက်ဆန်ကို တခန်းတနားဆွေးနွေးပြီးသူတို့ဖမ်းထားတဲ့ အမေရိကန် သတင်းထောက်ကိုဒီနေ့လွှတ်ပေးလိုက်ပါတယ်
မည်သို့ပင်ဆိုစေအုံးတော့
စကစရဲ့ PR အိမ်မက်လဲ ဖြစ်လာစရာမရှိသလိုသူ့အုပ်ချုပ်ရေး ယန္တယားကချင်းစစ်ကိုင်းအပြင် ကျန်ဒေသတွေမှာပါ မကြာခင် ပျက်ပါတော့မယ်
သူစစ်မျက်နှာဖွင့်ထားရတာ တစ်နိုင်ငံလုံးပါပဲ
တစ်ပြိုင်နက်ထဲ ထိုးစစ်ဆင်တဲ့အခါ သူတို့ဘယ်လိုမှ မထိန်းနိုင်ပါဘူး
ပြည်ပကအကူအညီမရလဲ ပြသနာမရှိတော့ပါဘူး
လက်ရှိပြည်တွင်းက EAOs တွေနဲ့ PDF အားတွေနဲ့
တင် စစ်အာဏာရှင်တွေကို အမြစ်ဖြတ်ဖို့ အဆင်သင့်ဖြစ်နေပါပြီလို့ ပြောချင်ပါတယ်ဗျာ
မုဆိုး လက် 🇺🇲
လွဲပြန်ပြီ စကစ
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နဲ့ စည်ပင်ဝန်ကြီးကို အဂတိတိုက်ဖျက်ရေး ပုဒ်မ ၅၅နဲ့
ထောင်ဒဏ် ၇၅နှစ်နဲ့ နှစ် ၉၀ ချလိုက်တဲ့အပေါ် အရမ်းအံသြရပါတယ်
ဒါကိုကြည့်ရင် စကစရဲ့နိုင်ငံရေး level ကိုသိနိုင်ပါ
တယ် သူတို့လုပ်နေတာ နိုင်ငံရေးမဟုတ်ပဲ အငုံစိတ်
နဲ့ အညှိုး အတေးဆန်နေပါတယ်။ နိုင်ငံရေးမလုပ်တတ်ပဲ တိုင်းပြည်ကိုဘယ်လိုဆက်အုပ်ချုပ်မလဲဆိုတာ
စဉ်းစားမရပါဘူး။
နဝတခေတ်မှာ ကျောင်းသားခေါင်းဆောင်တွေကို
ပုဒ်မအမျိုးမျိုးတပ် ထောင်နှစ်၆၀ နှစ်၉၀တွေချခဲ့
ဖူးပါတယ် ပြီးတော့ပြန်လွှတ်ရတာပါပဲ။ ပြန်လွှတ်တော့လည်းသူတို့ကပဲ သဘောထားကြီးသလိုလို မေတ္တာ
ရှင်လိုလိုလုပ်ပြန်တယ် ကလေးအထာတွေနဲ့ပါ ပြည်တွေကတော့ အဲ့လိုမထင်ပါဘူး သူတို့မတရားလုပ်တယ်ပဲ မြင်ပါတယ်၊ထင်ပါတယ်။
ဦးသိန်းစိန်လက်ထက်က မကွေးဝန်ချုပ် ဖုန်းမော်ရွှေ၊စစ်ကိုင်းသာအေး၊ဧရာဝတီသိန်းအောင် စသူတို့
ဘီလီယံနဲ့ချီ အကြီးအကျယ် လာဘ်စားမူ့ကြီးပေါ်
ပေါက်တာတောင် NLD အစိုးရက အမျိုးသားရင်ခြားစေ့ရေးမူနဲ့ ရယူထားမှူတွေကို ပြန်သာသွင်းခိုင်း
ခဲ့ပါတယ်။
စစ်အာဏာရှင်တွေကို ဘယ်ခေတ်မှာမှ ပြည်သူက
မထောက်ခံခဲ့ပါဘူး၊ သူတို့ကလည်း ပြည်သူထောက်ခံစရာမလိုဘူး သေနတ်ရှိအုပ်ချုပ်လို့ရတယ်ဆိုတဲ့ လောဂျစ်ကို အသေဆွဲကိုင်ထားပါတယ်၊ ဖိနှိပ်မယ်
ရက်စက်မယ် ထောင်ချမယ် ဘဝပျက်အောင်လုပ်မယ်၊ သတ်မယ် ဆိုတာချည်းပါပဲ ဒါစစ်အာဏာရှင်
တွေရဲ့မူပါ
ပြီးတော့ သူတို့ဟာ ပြည်သူထက်တစ်ဆင့်မြင့်တယ်
ပြည်သူ့တွေရဲ့ အရှင်သခင်လို့ယူဆထားပါတယ်
ငါတို့သာအုပ်ချုပ်သူ လူတန်းစား ကျန်လူလာမအုပ်ချုပ်နဲ့ စတဲ့အစွဲတွေကြောင့် NLD ငါးနှစ်တာ အုပ်ချုပ်ချိန်မှာ မခံမရပ်နိုင်ဖြစ်ပြီး အာဏာကို ဘယ်လိုနည်းနဲ့ဖြစ်ဖြစ်ပြန်ရယူဖို့ ယုတ်မာခဲ့ကြတာ
ပဲဖြစ်ပါတယ်။
တိုင်းပြည်ရဲ့သံယံဇာတ လုပ်ပိုင်ခွင့်အားလုံးဟာ
စစ်အာဏာရှင်မိသားစုနဲ့ပဲဆိုင်တယ် ဒါအတိတ်ကံ
ကြောင့်ဖြစ်တာ ပြည်သူနဲ့အောက်ခြေစစ်သားက
ပေးတာယူ ကျွေးတာစားအဆင့် သူတို့ကို မကန်နဲ့
အသေသတ်လိုက်မယ် ဒီလိုပုံစံနဲ့ရပ်တည်လာကြပါ
တယ်။
ပိုဆိုးတာက
မင်းအောင်လိူင်ပါပဲ သူကကာချုပ်ဖြစ်တဲ့ ၂၀၁၀က
နေပြီး ၂၀၂၀ ဆယ်နှစ်တာအတွင်း မယုံနိုင်လောက်
အောင် ချမ်းသာကြွယ်ဝလာပါတယ်၊ သားနဲ့သမီးက
လဲ ချက်ချင်းကြီးဆိုသလို ကုမ္မဏီပေါင်းမြောက်မြားစွာ ပိုင်ဆိုင်လာပါတယ် မျိုးရိုးစဥ်ဆက်
ကြွယ်ဝလာတာမဟုတ်တဲ့ မင်းအောင်လိူင်ဟာ ထိုမျှငွေ
တွေ ပိုင်ဆိုင်လာမှူ့ဟာ ဘယ်ကရလာပါသလဲ!
ပြောစရာရှိပါတယ် ၂၀၀၈ ခြေဥကြောင့် ရလာတာပါ၊ ထိုခြေဥအရ စစ်အာဏာရှင်တွေ လုပ်ပိုင်ခွင့်ဘယ်လောက်ရလဲ မရေးတော့ပါဘူး။
မင်းအောင်လိူင်ဟာ ဥစ္စာဓနပိုင်းကြွယ်ဝလာတဲ့နောက် အာဏာပါလိုတာထက်ပိုလိုချင်လာပါတယ်၊
ဒေါ်အောင်ဆန်းစုကြည်ကိုပြည်သူထောက်ခံသလို
သူ့ကိုလဲ ထောက်ခံစေချင်တဲ့ အငုံစိတ်ကဖြစ်လာ
ပါတယ်။
ဒါဘာကိုကြည့်ပြောလဲဆိုရင်
NLD လက်ထက် မင်းအောင်လိူင် ထောက်ခံပွဲတွေကို
ငွေတွေအများကြီးအကုန်အကျခံ လူငှားလုပ်တာကြည့်ရင် သိသာပါတယ်၊ တကယ်တော့ ပြည်သူအစစ်အ
မှန်ကထောက်ခံတာမဟုတ်တော့ ဒါဟာဒေါ်အောင်ဆန်း
စုကြည်ကြောင့်၊ NLDကြောင့်လို့ တွေးထင်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ NLDကို သူတို့ရှေ့က ဆရာသ
မားများနည်းတူ အမုန်းကြီးမုန်းပါတော့တယ်။
မုန်းတယ်ဆိုတာထက်ကြောက်ကြတာပါ ဒေါ်အောင်
ဆန်းစုကြည်ဆိုတဲ့ အသံကြားတာနဲ့ သေနတ်ကိုင်ထားတဲ့စစ်ဗိုလ်ချုပ်တွေ ကြောက်နေကြတာ၊ ဒေါ်အောင်ဆန်းစုကြည်သာ အာဏာဆက်မြဲသွားရင် ဆို
တဲ့အတွေး စစ်အာဏာရှင်ဟောင်းတစ်စုမှာရှိကြတယ် ဒီအခါ သမ္မတဖြစ်ချင်တဲ့ မင်းအောင်လိူင်ကို
ရှေ့ကတင်ပြီး အာဏာသိမ်းမှူ့ဖြစ်လာတာပါပဲ။
မင်းအောင်လိူင်ရဲ့ အဓိကအားနည်းချက်က တွေဝေ
တတ်တာပါ ဘာမှမပြတ်သားသလို သူကိုယ်တိုင်လည်း
နိုင်ငံရေးအရည်အသွေးက ညံ့ပါတယ်၊ သူခံယူထား
တဲ့ လောဂျစ်နဲ့ လက်တွေ့နိုင်ငံရေးက တစ်သားထဲမကျဖြစ်နေတော့ လုပ်လိုက်သမျှ လွဲနေတော့တာပါပဲ။
သူလုပ်နေတာတွေဟာ
သူ့ကိုပြန်သတ်ဖို့ လူစုပေးနေသလို ဖြစ်နေပြန်တယ်၊ သူ့ကိုဝိုင်းဖိအားပေးဖို့ သူကိုယ်တိုင်ကလုပ်နေသလိုလဲဖြစ်နေတယ်၊ ၉လတာအတွင်း စီးပွားရေးပိုင်းမှာ အထိနာပြီး ဘာမှလုပ်မရတာလည်း
စစ်အာဏာရှင်အသိုင်းအဝိုင်းပါပဲ အချိန်ကြာလေ ပိုအထိနာလေဆိုတာ ထိုသူတွေပါ ပြည်သူကတော့
ထူးပြီး ဆုံးရူံးစရာမရှိပါဘူး။
ဒီအခါ မင်းအောင်လိူင်အပေါ် ယုံကြည်မှု့က ကျဆင်းလာ
ကြပြီ၊အတွင်းအပြင်မှာ မင်းအောင်လိူင် ဆက်ရှိနေ
ရင် ငါတို့အကုန်ပျက်စီးတော့မယ်ဆိုတဲ့ အတွေးဝင်
လာကြပြီ သူက ကတိတွေလဲ အမျိုးမျိုးပေးတယ်
ဇွန်လဆန်းငြိမ်အောင်လုပ်မယ် မငြိမ်ပြန်ဘူး ၊အခု
စစ်ဆင်ရေး ၃လနဲ့ ချွေးသိပ်တယ် မဖြစ်နိူင်မှန်းသိလာ
ကြပြီ သူ့ဘက်ကခပ်ကြီးကြီးတစ်ယောက်တောင် ပို့စ်တင် ပြီတစ်နေ့ အော်လာပြီ။
ဒါဟာသူတို့ အရူံးကိုလက်ခံလာကြတာပါ။
သူတို့ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီးကို
ပုဒ်မအမျိုးမျိုးတပ်တယ် ဒါလည်း လမ်းဟောင်းပါပဲ
သူတို့မသိတာက ၁၉၉၀ကနေ ၂၀၁၂ထိ ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မအမျိုးမျိုးတပ် ဖိနှိပ်လေ ပြည်သူကပိုထောက်ခံလေ ယုံကြည်မူ့ပိုလာလေ ဆိုတာ
ကိုပါ တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူပိုထောက်ခံအောင် သူတို့ပဲ လုပ်လာတာပါ
အခုလဲ အဲ့လိုလုပ်လာပြန်ပါပြီ
အာဏာသာ သေနတ်နဲ့သိမ်းတာ သူတို့ကိုယ်သူတို့
ကြောက်တတ်တော့ အရှက်မဲ့ပြီး သမ္မတနဲ့ အမေစု
ကို ဖမ်းထားပြန်တယ် အခုလို မအောင်မြင်တဲ့အချိန်
မှာ ဆုတ်လမ်းအတွက် လူသားခံစစ်သုံးထားတာပဲ
ဖြစ်ပါတယ်
ပြောချင်တာက
သူတို့ NLD ခေါင်းဆောင်ပိုင်းတွေကို ထောင်နှစ်ရှည်ချတော့ရော ဘာထူးခြားမှာလဲ ဦးဝင်းထိန်ဆို
အပြုံးတောင်မပျက်ပဲ အားရပါးရတောင် ရီပြလိုက်
သေးတယ်။
အခုချိန်မှာ နှစ်ဖက်ဖွင့်ကစားရပါတော့မယ် NUGအစိုးရ
က ဘက်ပေါင်းစုံကနေ စကစကိုတိုက်တာပါ နိုင်ငံ
ရေး သံတမန်ရေး စစ်ရေး အစုံပဲ ပထဝီနယ်မြေတစ်
နေရာ မရသေးလို့သာ စကစအာဏာရှိတယ် ထင်နေရတာပါ၊နယ်မြေရတာနဲ့ စကစ အာဏာဟာ ဇီးရိုးပါပဲ-
နောက်တစ်ချက်က
EAOs တွေ ဘယ်တော့မှ ကတိမတည်တဲ့ စစ်အာဏာရှင်တွေဆီက ဘာတွေမျှော်လင့်နေပါသလဲ
စစ်မတိုက်ပဲ နယ်မြေပိုင်းခြားပြီး EAOsခေါင်းဆောင်ပိုင်းက စီးပွားရှာနေတာဆိုရင်
ဌာနေ တိုင်းရင်းသားတွေကို ကိုယ်စားမပြုပဲ ဓါးပြအဖွဲ့သာသာပဲ ဖြစ်သွားမှာပါ
သေချာတာက မင်းအောင်လှိုင်တို့ စကစအာဏာမမြဲပါဘူး မြန်မာ့အရေးဟာ ထင်ထားသလောက်လည်း
မရိုးရှင်းပါဘူး ၊စူပါပါဝါတွေ အားပြိုင်မှု့ကြားမှာ အထိုင်ကစားနေတာမို့ EAOs တွေ ဘယ်ဖက်ယိမ်း
ရမလဲဆိုတာ သဘောပေါက်သင့်ပါတယ် ၊အချိန်ကိုက် မထင်မှတ်ထားတဲ့ ဗားရှင်းကနေ တန်ပို
တွေအမြင့်ဆုံးရောက်လာပြီး ပေါက်ကွဲဖို့ ဖြစ်လာတော့မှာပါ✋✋✋
ထိုင်ဝမ်ဘက်အငြိမ်ထားပြီဆိုတာနဲ့ မြန်မာအရေးဟာ ပိုလူပ်ခက်လာမှာပါ ဆီးဆောလိုပုံစံ မျိုးပါပဲ
မြန်မာမှာအလူပ်များလာရင် တရုတ်ဟာ ထိုင်ဝမ်ကို
ဆွတတ်ပါတယ် စကစကိုတရုတ်ဟာ နောက်ကွယ်
ကနေကြိုးကိုင်ထားဆဲပါပဲ အရင်လိုတော့ ရှေ့ထွက်
လာတာတော့ မတွေ့ရပါဘူး
US UK ပြင်သစ်တို့ကလဲ အာဆမ်ကိုပတ်ချုပ်ပြီး
ကစားနေတာတွေ့ရပါတယ် ဘယ်လိုပဲဖြစ်ဖြစ်မြန်မာ့အရေးဟာ Time Plan နဲ့သွားနေတာပါပဲ
ဘယ်အချိန်ဘာလုပ်မယ် ဘာဖြစ်မယ်ဆိုတာ အချိန်
ကိုက်ဖြစ်လာတာတွေ့ရပါတယ်
ပြန်ချုပ်ရရင်
စကစဟာ အာဏာသိမ်းတဲ့ ၉လအတွင်း သူဘာမှလုပ်နိုင်တာမတွေ့ရပဲ လုပ်မမျှလဲ လွဲနေတာချည်းပါပဲ ကိုယ့်သေတွင်းကိုယ်တူးသလို ဖြစ်နေတော့ အာ
ဏာမြဲဖို့မဆိုထားနဲ့ သူတို့ဆုတ်လမ်းတောင် ပိတ်သွားပြီမို့ သူတို့ဘယ်လို နေဝင်မလဲဆိုတာ စောင့်ကြည့်ရအောင်ပါလို့ပဲ ပြောချင်တယ်ဗျာ
မုဆိုး လက်🇺🇲
ဝက်နဲ့အတူသွားတဲ့သင်းသင်းခိုင်အပိုင်း(၂)
"စံပြ မြတ်ဒလန်"
❌ မြတ်ဒလန် ပရိုဖိုင်းလ်
ဆရာမဒေါ်လှလှသန်းဟာ - ပြည့်စုံကြွယ်ဝပြီး အိမ်ကြီးအိမ်ကောင်းနဲ့ နေထိုင်တဲ့ မုဆိုးမတစ်ယောက်ပါ။ပုံမှန်အားဖြင့်တော့ ကိုယ်ပိုင်ကားနဲ့ ကျောင်းကိုသွားလေ့ရှိပြီး အခင်းဖြစ်တဲ့နေ့မှာတော့ Taxi ကို ငှါးစီးခဲ့ပါတယ်။စားဝတ်နေရေး မပြေလည်လို့ Non Cdm လုပ်လိုက်ရပါတယ်ဆိုတာ သတင်းအမှားပါ။( မယုံရင် မြောက်ဥက္ကလာ၊နွယ်နီ ၃လမ်းကို ကိုယ်တိုင်သွားလေ့လာကြပါ )
ဆရာမဒေါ်လှလှသန်းဟာ တပည့်တွေအပေါ်မှာ ဆင်းရဲ၊ချမ်းသာ လူတန်းစားအင်မတန်ခွဲတတ်သလို - ကျောင်းမှာဆိုရင်လည်း သူ့ရဲ့ စာသင်ချိန် တော်တော်များများကို ဖုန်းတစ်လုံးနဲ့ "ကလင်ဒါကျ -ပေတံခေါက် - ပါဝါချိန်း"ဆိုတဲ့ အတွက်အချက်တွေနဲ့ပဲ ကုန်ဆုံးသွားတာများတယ်လို့ သူ့တပည့်တွေကိုယ်တိုင်ကပြောပါတယ်။
သူ့မှာ အရွယ်မရောက်သေးတဲ့ ကလေးတစ်ယောက်ကျန်ခဲ့တယ်ဆိုတာလည်း - သတင်းအမှားပါ။ သူ့သမီး အရိုး၊အကြောအထူးကု ဆရာဝန်မက အရွယ်ရောက်လို့ စစ်ဗိုလ်တစ်ယောက်နဲ့ အိမ်ထောင်ကျပြီး သားယောက်ျားလေးတောင် ရနေပါပြီ။
ဒေါ်လှလှသန်းရဲ့ သမီးစစ်ဗိုလ်ကတော် ဆရာဝန်မကလည်း မြောက်ဥက္ကလာဆေးရုံက - စူပါ Non Cdm သမားတစ်ယောက်ပါ။သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် Cdm တွေကို ဖုန်းဆက်ပြီး အလုပ်ပြန်ဝင်ကြဖို့ ဇွတ်အတင်း ဖိအားပေးလေ့ရှိပါတယ်။ "အလုပ်ပြန်မဝင်ရင် နင်တို့နာမည်တွေကို - စကစကိုပေးလိုက်မယ်"လို့ခြိမ်းခြောက်ကာ - အပြောမဟုတ် - လက်တွေ့လည်းလုပ်ပြတယ်ဆိုပြီး သူ့ရဲ့ ဘော်ဘော် Cdm ဆရာဝန်အသိုင်းအဝိုင်းကပြောကြပါတယ်။
❌ မြတ်ဒလန်တို့ရဲ့ နေဝင်ချိန်
( 1 ) ဆရာမဒေါ်လှလှသန်းက ကျောင်းသားကလေးတွေရဲ့လိပ်စာတွေကို စခတွေဆီ - အကြိမ်ကြိမ်လက်ထောက်ချပြီး ဖမ်းခိုင်းခဲ့ပါတယ်။ သူ့ကြောင့် အဖမ်းခံရတဲ့ ကျောင်းသားလေးတွေ အများကြီးရှိနေသလို - ခုချိန်ထိ ထွက်ပြေးတိမ်းရှောင်နေတဲ့ အရေအတွက်ဆိုတာကလည်းမနည်းလှပါဘူး။
အရင်ကလဲ ( မြောက်ဥက္ကလာ - နွယ်နီ ၃လမ်းမှာ ) ကလေးမလေး၃ယောက် သံပုံးတီးလို့ဆိုပြီး စခတွေကို တိုင်ခဲ့လို့ ကလေးတွေခမျာ အဖမ်းခံလိုက်ရတဲ့ အဖြစ်အပျက် မျိုးတွေလည်းရှိခဲ့ပါတယ်။
https://m.facebook.com/story.php?story_fbid=212350197650468&id=103637985188357
( 2 ) အဖမ်းခံနေရတဲ့သူတွေ သိပ်ကိုများလာလို့ ဒလန်ဆက်မလုပ်ဖို့ ဆရာမကို နောက်ဆုံးအကြိမ်အထိ မေတ္တာရပ်ခံပြီး သတိပေးခဲ့ပါတယ်။
https://www.facebook.com/103439251912171/posts/210702477852514/?d=n
❌ မြတ်ဒလန်ဆိုတာ မြတ်ဆရာမဟုတ်
*အနန္ဒော အနန္ဒဂိုဏ်းဝင်မို့လို့ အမှန်တရားဘက်မှာရပ်တည်ပြီး Cdm လုပ်စေချင်တာပါ။ "ငါတို့ကတော့ အခြေအနေအရ - Non CDM လုပ်ရတာပါ"လို့ ဆိုတော့လဲ - လူတစ်ဦးချင်းစီရဲ့ ကိုယ်ပိုင် လွတ်လပ်ခွင့်ဖြစ်လို့ နားလည်မိပါတယ်။လုပ်ပါ ကိုယ့်ရပ်တည်ချက်နဲ့ကိုယ်ပဲလေ။
ဒါပေမဲ့ Non CDM လုပ်ရုံနဲ့အားမရ - ဒလန်အလုပ်ကိုခုံမင်လာပြီဆိုရင်တော့ - မသိသလိုနဲ့ ဖါသိဖါသာ နေလို့မရတော့ပါဘူး။
သေနတ်ဆိုတာမျိုးက ကျည်ဆံကုန်သွားရင် ရပ်သွားနိုင်ပေမဲ့ ဒလန်တွေရဲ့ပါးစပ်ကို ရပ်သွားဖို့ဆိုတာကတာ့ ------
အဲဒိလမ်းကို မလျှောက်ချင်လို့ ဒလန်ဆက်မလုပ်ပါနဲ့တော့လို့ အခါခါသတိပေးပြီး မေတ္တာရပ်ခံခဲ့ပါတယ်။ဒါပေမဲ့ ------ ဂုဏ်သိက္ခာရှိပြီး - တပည့်တွေရဲ့ ကိုးကွယ်ခံဘဝကနေ အောက်ဆုံးအထိခုန်ချလိုက်ပြီး - "မြတ်ဆရာ"ကနေ "မြတ်ဒလန်" အသွင်ကိုပြောင်းသွားခဲ့ပြီပဲလေ။
ဘယ်တတ်နိုင်မှာလဲ - ဒါ သူကိုယ်တိုင် ရွှေ့ယူလိုက်တဲ့သူ့ဘဝပဲလေ။ သူဒလန်လုပ်ခဲ့လို့ ငယ်ရွယ်နုပျိုတဲ့ ဘဝပေါင်းများစွာဟာလည်း ကြေမွခဲ့ရပြီ ။ ဉာဏ်မစောင့်တဲ့ - အသက်တစ်ချောင်းရဲ့ပိုင်ရှင် "မြတ်ဒလန်"ကို နောင်သံသရာတစ်ကွေ့မှာ ပြန်ဆုံမိခဲ့ရင်တော့ "မြတ်ဆရာ"ဆိုပြီး ကျေကျေနပ်နပ်ကြီးသက်မှတ်လို့ရနိုင်ပါရစေလို့ ဆုတောင်းပါတယ်။
"ကိုယ်ပြုသည့်ကံ ကိုယ့်ထံ ပဲ့တင်လာလိမ့်မည်"
ပိုးဝတီ
'မြန်မာစစ်ခေါင်းဆောင်တွေက လူမဆန်တဲ့ရာဇဝတ်မှုတွေ စနစ်တကျ ကျုးလွန်နေ
\"\"မြန်မာစစ်ခေါင်းဆောင်တွေက လူမဆန်တဲ့ရာဇဝတ်မှုတွေ စနစ်တကျ ကျုးလွန်နေတယ်လို့ ကျနော်တို့ ကောက်ချက်ချတယ်\"\"
(Nicholas Koumjian, မြန်မာနိုင်ငံဆိုင်ရာ UN အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ခေါင်းဆောင်)
၆ နိုဝင်ဘာ၂၀၂၁
အာဏာသိမ်းမြန်မာစစ်တပ်ဟာ အကြမ်းဖက်သတ်ဖြတ်မှုတွေကို အစီအစဉ်ရှိရှိ စနစ်တကျနဲ့ ကို ကျုးလွန်နေတယ်လို့ (IIMM)မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂစုံစမ်းစစ်ဆေးရေးအဖွဲ့ခေါင်းဆောင် Nicholas Koumjian က မနေ့က ဂျီနီဗာမှာ ထုတ်ဖေါ်ပြောဆိုလိုက်ပါတယ်။
အာဏာသိမ်းချိန်ကနေစပြီး IIMM လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဆက်သွယ်ပေးပို့လာတဲ့ အထောက်အထားမှတ်တမ်း ၁ သန်း ခွဲကျော် လက်ခံရရှိခဲ့တယ်ဆိုပါတယ်။ ကျွမ်းကျင်သူတွေနဲ့ အချိန်ယူစစ်ဆေးခဲ့ပြီး မြန်မာစစ်တပ်ဟာ လူသားမျိုးနွယ်အပေါ်ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေကျုးလွန်နေတယ်ဆိုတာ သက်သေအထောက်အထားတွေနဲ့ အတည်ပြုနိုင်ခဲ့တယ်လို့ Nicholas Koumjian က ပြောပါတယ်။
မြန်မာစစ်တပ်ဟာ သူ့ကိုလက်မခံဆန့်ကျင်သူတွေ ကျန်းမာရေးဝန်ထမ်းတွေ သတင်းသမားတွေကို စနစ်တကျပစ်မှတ်ထားခဲ့သလို ဖမ်းဆီးမိသူတွေကိုလည်း စနစ်တကျ နှိပ်စက်သတ်ဖြတ်ခဲ့တယ်ဆိုပါတယ်။ လူမဆန်တဲ့ သတ်ဖြတ်မှုတွေဟာ နေရာတချို့မှာ စစ်သားတချို့က ကျူးလွန်တဲ့ပုံမျိုးမဟုတ်ပဲ အာဏာသိမ်းစစ်ခေါင်းဆောင်တွေရဲ့ ဗဟိုကလာတဲ့ညွှန်ကြားချက်အရကို ကျူးလွန်နေတာတွေ့ရတယ်ဆိုပါတယ်။ သတ်ဖြတ်မှုပုံစံတွေ ဖျက်ဆီးမှုပုံစံတွေဟာ တနိုင်ငံလုံးမှာ အတူတူဖြစ်နေတာတွေ့ရတယ်လို့လည်း Nicholas Koumjian က ပြောပါတယ်။
လက်တလောမှာ လူမဆန်တဲ့ရာဇဝတ်တွေကျူးလွန်နေတဲ့ မြန်မာစစ်တပ်ရဲ့\"\"အာဏာမသိမ်းခင်ကကျူးလွန်ခဲ့တဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတွေအတွက်\"\" လည်း ဒေသတွင်းနဲ့ နိုင်ငံတကာမှာ တရားစွဲနိုင်ဖို့ ပြင်ဆင်နေပြီလို့လည်း Nicholas Koumjian က ပြောပါတယ်။
စစ်တပ်နဲ့ စစ်တပ်ထောက်ခံသူတွေရဲ့ FB အကောင့်တွေ FB ပေါ်က မှတ်တမ်းသက်သေအားလုံး ပေးဖို့ကိုလည်း သက်ဆိုင်ရာ FB ကုမ္ပဏီကိုတောင်းဆိုထားတယ်ဆိုပါတယ်။ FB ကုမ္ပဏီကနေ သက်သေတချို့ရပြီးဖြစ်ပေမယ့် တောင်းဆိုထားတာအားလုံး မရသေးဘူးလို့ Nicholas Koumjian ကပြောပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးစုံစမ်းရေးအဖွဲ့ကို ၂၀၁၈ ခုနှစ်က ဖွဲ့စည်းခဲ့တာဖြစ်ပြီး ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုတွေနဲ့ မြန်မာနိုင်ငံထဲက နိုင်ငံတကာဥပဒေချိုးဖေါက်မှုတွေကို လွတ်လပ်စွာစုံစမ်းစစ်ဆေးဖို့ဖြစ်ပါတယ်။
အဖွဲ့ခေါင်းဆောင် Nicholas Koumjian ဟာ အမေရိကန်ဥပဒေပညာရှင်တဦးဖြစ်ပြီး ကမ်ဘောဒီးယား ဘော့စနီးယား နဲ့ အရှေ့တီမောက စစ်ရာဇဝတ်မှုတွေကို တရားစွဲဆိုဖေါ်ထုတ်ရာမှာ ဦးဆောင်ခဲ့သူဖြစ်ပါတယ်။
BNN
ကျွန်းလှ အနီရောင်အဆင့် သို့ရောက်ရှိနေကြောင်းထုတ်ပြန်
#Nov6
စစ်ကိုင်းတိုင်းဒေသကြီး
ကျွန်းလှမြို့နယ်
၂ရက်အတွင်း စစ်ဘေးရှောင်ကျေးရွာ ၉ရွာ အနည်းဆုံးရှိလာပြီး
မြေပြင်အခြေအနေတွင် ယခုထက် ပိုမိုများပြားနိုင်ကြောင်း သိရပါတယ် ။
သဖန်းဆိပ်ဆည် အနောက်ဘက်ခြမ်းကို စနစ်တကျ ကြိုတင်ပြင်
ဆင်ပြီးမှ စစ်ရဟတ်များ၊ စစ်ဘက်သုံး တိုက်လေယာဉ်များဖြင့်
စတင်တိုက်ခိုက်ပြီးယခုအခါ ခြေလျင်စစ်ကြောင်းများစွာဖြင့်
ထိုးဖောက် ဝင်ရောက်လာပြီလို့သိရပါတယ် ။
🚨ကျွဲတဲရွာအခြေပြု စခ အင်အား ၂၀၀ခန့်
အေးချမ်းသာရွာ လိပ်စင်းထောင်ရွာဘက်မှ တစ်ကြောင်း
🚨ရေရှင်ရွာဘက်တွင် အင်အား ၂၀၀ခန့် စစ်ကြောင်းတစ်ကြောင်း
🚨မယားသာကျေးရွာ၊ လှည်းချောင်းကူးကျေးရွာဘက်တွင် လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ် နေသော စစ်ကြောင်းတစ်ကြောင်း
🚨ရေနံမှော်များကို ဝင်မွှေနေသည်က စစ်ကြောင်း
တစ်ကြောင်း
🚨ဗုံးကျဲလေယာဉ်ပျံများလည်း ဝဲနေကြောင်း သိရ
တစ်မြို့နယ်လုံး
ဆည်အရှေ့ဘက်ခြမ်းနေ ပြည်သူများရော
အနောက်ဘက်ခြမ်းနေပြည်သူများရော
ပြင်ဆင်စရာ ရှိတာပြင်ဆင်ထားကြပါ
အချင်းချင်း ကူညီပေးကြဖို့လည်း စဉ်းစားပါ ဟူ၍ 2021spring pageက
ထုတ်ပြန်ထားပါတယ် ။
#UpToDate
Fix stand
နိုင်ငံတစ်ဝန်း စစ်သား ၉၀ နီးပါး သေဆုံး
က မင်းတပ်တွင် စစ်ကား ၄၃ စီးပါ စစ်ကြောင်းကို CDF က ရှေ့နောက် ညှပ်တိုက်စဉ် နောက်ဆုံးစစ်ကား မောင်းပြေး၍ အကာအကွယ်မဲ့ပြီး တပ်သား ၂၀ ခန့် သေဆုံး၊ နိုင်ငံတစ်ဝန်း စစ်သား ၉၀ နီးပါး သေဆုံး
By ရန်ကုန်ခေတ်သစ်
နိုင်ငံတစ်ဝန်း ယမန်နေ့နှင့်ယနေ့တိုက်ပွဲများတွင် စစ်ကောင်စီတပ်သားများ ၉၀ နီးပါး သေဆုံးကြောင်း ဒေသခံ ကာကွယ်ရေးတပ်များထံမှ သိရှိရသည်။
ချင်းပြည်နယ်၊ မင်းတပ်တွင် စစ်သား ၂၅ ဦးခန့် သေဆုံးပြီး ဒဏ်ရာရသူ များပြား၊ စစ်ကားမောင်းပြေးမှုကြောင့် စစ်သားများ အသေအဆုံးများ
=========================================
နိုဝင်ဘာလ ၄ ရက်နေ့ ချင်းပြည်နယ် မင်းတပ်မြို့နယ်တွင် တိုက်ပွဲ ၂ နေရာဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၂၅ ဦးခန့် သေဆုံးပြီး ဒဏ်ရာရရှိသူများပြားကြောင်း မင်းတပ် CDF ၏ ပြောရေးဆိုခွင့်ရှိသူ ကိုယောမန်က သတင်းထုတ်ပြန်သည်။
နိုဝင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းတွင် မြို့အနောက်ဘက် မင်းတပ်-မတူပီလမ်း မိုင်တိုင် ၆ မိုင် အကျော်တွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ် နှင့် CDF-MINDAT တိုက်ပွဲဖြစ်ပြီး CDF-MINDAT ထောင်ထားသော ပဒေသာမိုင်းကြောင့် စစ်ကောင်စီ ၅ ဦး ခန့် ကျဆုံးပြီး ဒဏ်ရာရသူ များလည်းရှိကြောင်း သိရှိရသည်။
ယင်းနေ့တွင်ပင် မင်းတပ်-မတူပီလမ်း မိုင်တိုင် ၄၃ တွင် သံချပ်ကားပါ စစ်ကောင်စီ ယဉ်တန်းရှည်ကို CDF-MINDAT က မွန်းလွဲ ၂ နာရီခန့်တွင် ရှေ့နောက်ညှပ်တိုက်ရာ စစ်ကောင်စီ ၂၀ ဦးခန့်ကျဆုံးပြီး ဒဏ်ရာရသူ အများအပြားရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါတိုက်ပွဲတွင် စစ်ကြောင်းအနောက်ဘက်မှ CDF က ဝင်တိုက်သော အခါ စစ်ကောင်စီယာဉ်တန်း၏ နောက်ဆုံးကား မောင်းပြေးသဖြင့် ကားအောက်ဝင်ပုန်းနေသော စစ်ကောင်စီတပ်သားများ အကာအကွယ်မဲ့ပြီး အကျအဆုံးများခြင်းဖြစ်ကြောင်း၊ ယဉ်မောင်းက ကားမောင်းထွက်သွားသဖြင့် ကားအောက်တွင်နေရာယူသော တပ်သားများ စစ်ကားနောက်အမီ အူးယားဖားယား ပြေးလိုက်နေချိန်တွင် CDF-MINDAT ၏ ဝိုင်းဝန်း ပစ်ခတ်မှုကြောင့် အကျဆုံး များခြင်းဖြစ်ကြောင်း သိရှိရသည်။
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် ဗုံးဖြင့် စစ်တပ်ကို တိုက်ခိုက်
===========================================
စစ်ကိုင်းတိုင်း ဆန့်ဆည်မြို့ လမ်းဆုံရှိ အခြေခံပညာအထက်တန်းကျောင်း အ.ထ.က ၂ တွင် ယနေ့ နိုဝင်ဘာလ ၅ ရက်နေ့ နံနက် ၈နာရီ ၂ဝမိနစ်၌ ကင်းပုန်းချနေသော အကြမ်းဖက် စစ်ကောင်စီယဉ်ကို Myanmar Defense Force (Taze - Tiger) အဖွဲ့က ဖောက်ခွဲ တိုက်ခိုက်ကြောင်း သိရှိရသည်။
ဗုံးခွဲမှုဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ ရမ်းသမ်းပစ်ခတ်ခြင်းကြောင့် အမျိုးသမီး ၁ဦး ကျည်ထိမှန် သေဆုံးခဲ့ကာ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ သေဆုံးမှု အခြေအနေကို မသိရှိရသေးကြောင်း Myanmar Defense Force (Taze - Tiger) အဖွဲ့ထံမှ သိရသည်။
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်တွင် မိုင်းဆွဲတိုက်ခိုက်မှုများ ဖြစ်ပေါ်
===========================================
စစ်ကိုင်းတိုင်း ထီးချိူင့်မြို့နယ် မြောက်ပြင်ဘက် ကွင်းကြီး တံတားအနီးတွင် ယနေ့ နိုဝင်ဘာလ ၅ရက်နေ့ နံနက် ၅နာရီ ၅၅မိနစ်တွင် အကြမ်းဖက် စစ်ကောင်စီ စစ်ကားအား ထီးချိူင့် PDFအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှု အခြေအနေကို မသိရှိရသေးကြောင်း ထီးချိုင့် PDF အဖွဲ့ထံမှ သိရှိရသည်။
စစ်ကိုင်း ထီးချိုင့်မြို့နယ်အတွင်းရှိ ကွင်းကြီးတံတား အနီးတွင် ယနေ့ နိုဝင်ဘာလ ၅ရက်နေ့တွင် ခရီးသည်ကားဖြင့် လိုက်ပါလာသော အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ ဗုံးခွဲ တိုက်ခိုက်ခံရပြီး ထိခိုက် သေဆုံးမှု အခြေအနေ မသိရှိရသေးကြောင်း ဒေသခံပြည်သူများ ပြောဆိုချက်အရ သိရသည်။
စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ် မြတောင်နှင့် မောင်းကုန်းကြားတွင် ကင်းလှည့်နေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ ယနေ့ နိုဝင်ဘာလ ၅ ရက်နေ့တွင် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှု အခြေအနေ မသိရှိရသေးကြောင်း ဒေသခံပြည်သူများ ပြောဆိုချက်အရ သိရသည်။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် စစ်ကောင်စီသတင်းပေးဟု စွပ်စွဲခံရသူ မျိုးကျော် အသတ်ခံရ
===========================================
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် သရက္ကံကြီးကျေးရွာအုပ်စု ကြာဖက်ကန်ကျေးရွာနေ အကြမ်းဖက် စစ်ကောင်စီ သတင်းပေး ဒလန် မျိုးကျော်ကို ယနေ့ နိုဝင်ဘာလ ၅ရက်နေ့တွင် KBU-UG နှင့် မဟာမိတ် ပူးပေါင်းအဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း အဆိုပါ အဖွဲ့များက သိရသည်။
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် Mytel တာဝါတိုင်များ ဖောက်ခွဲ ဖျက်ဆီးခံရ
===========================================
စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ဝက်ခဲကျေးရွာနှင့် ငါးရဟိုးကျေးရွာအနီးရှိ အကြမ်းဖက် ခေါင်းဆောင် မင်းအောင်လှိုင် မိသားစုပိုင် Mytel တာဝါတိုင်ကို နိုဝင်ဘာလ ၄ ရက်နေ့ ည (၉)နာရီတွင် အရာတော်တော်လှန်ရေး အင်အားစု (ARA)နှင့် Falcon Force(စွန်ရဲတပ်ဖွဲ့)တို့က ဖောက်ခွဲ ဖျက်ဆီးခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်း၊ မုံရွာတွင် ရဲတစ်ဦး ဦးခေါင်းကျည်ထိသေပြီး အများအပြားဒဏ်ရာရ
===========================================
စစ်ကိုင်းတိုင်း မုံရွာမြို့ အမှတ်၂ ရဲစခန်းနှင့် အမှတ် ၁ ရဲစခန်းကို ယနေ့ နိုဝင် ဘာလ ၅ ရက်နေ့ ညနေပိုင်းက PDF-South Monywa အဖွဲ့က လက်လုပ်လက်ပစ်ဗုံး ပစ်ထည့်တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင် ရဲများ အများအပြား ထိခိုက်ဒဏ်ရာရရှိကာ ရဲတပ်ဖွဲ့ဝင် ၁ဦး ဦးခေါင်းကျည်ထိမှန် သေဆုံးခဲ့ကြောင်း PDF-South Monywa အဖွဲ့ထံမှ သိရသည်။
စစ်ကိုင်းတိုင်း မုံရွာမြို့ ကျောက္ကာလမ်းရှိ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် မိသားစုပိုင် Mytel ရုံးအစောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁ဦး ဆိုင်ကယ်ဖြင့် ပြန်လာစဉ် ယနေ့ နိုဝင်ဘာလ ၅ရက်နေ့ ညရနာရီတွင် PDF-South Monywa က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သေဆုံးမှု ရှိမရှိကို မသိရှိရသေးကြောင်း PDF-South Monywa အဖွဲ့ထံမှ သိရသည်။
ရန်ကုန်တိုင်း မရမ်းကုန်း၊လှိုင်သာယာနှင့်ကမာရွတ်မြို့နယ်တို့တွင် ဗုံးကွဲပြီး ပစ်ခတ်မှုများဖြစ်ပေါ်
===========================================
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် အမှတ်(၇)ရပ်ကွက် တေးဥယျာဉ် (၃)လမ်းထိပ် ၊ မီးခွက်ဈေး(၅)ထိပ်အနီး ယနေ့ နိုဝင်ဘာလ ၅ ရက်နေ့ နံနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့ကာ ထိခိုက် သေဆုံးမှု အခြေအနေကို မသိရှိရသေးကြောင်း ဒေသခံပြည်သူများ ပြောဆိုချက်အရ သိရသည်။
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ရရပ်ကွက်အတွင်း နေထိုင်သော အကြမ်း ဖက် စစ်ကောင်စီ သတင်းပေးဟု သတ်မှတ်ခံထားရသူ စမ်းသီတာကို ယနေ့ နိုဝင်ဘာလ ၅ ရက်နေ့တွင် Black Eagle Ranger အဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းကြောင့် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း BER အဖွဲ့ထံမှ သိရသည်။
ရန်ကုန်တိုင်း ကမာရွတ်မြို့နယ် ၂ ရပ်ကွက် ပြည်လမ်းမ မာလာကားမှတ်တိုင်အနီးရှိ KBZ Bank ရုပ်ချုပ်အနီး တွင် ယနေ့ နိုဝင်ဘာလ ၅ရက်နေ့ နံနက် ၉နာရီက ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ထိခိုက် ဒဏ်ရာရမှု မရှိကြောင်း၊ မရမ်းကုန်းမြို့နယ်ရှိ မင်းဓမ္မလမ်းရှိ KBZ ATM တွင်လည်း ဗုံးပေါက်ကွဲကြောင်း ဒေသခံပြည်သူများ ပြောဆိုချက်အရ သိရသည်။
ရန်ကုန်တိုင်း၊ တွံ့တေးမြို့နယ် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ချစ်ဝင်း သားအဖ အသတ်ခံရ
===========================================
ရန်ကုန်တိုင်း တွံတေးမြို့နယ် ကျွန်းဘက်ကျေးရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ချစ်ဝင်း ကို၎င်းနေအိမ်၌ နိုဝင်ဘာလ ၄ရက်နေ့ ည၉နာရီက အမည်မသိ သေနတ်သမားများ ဝင်ရောက်ပစ်ခတ်ခဲ့ပြီး ချစ်ဝင်း၏ သားဖြစ်သူ ပွဲချင်းပြီးသေဆုံးကာ ချစ်ဝင်းမှာလည်းဆေးရုံတွင် သေဆုံးသွားကြောင်း ဒေသခံပြည်သူများ ပြောဆိုချက်အရ သိရသည်။
မန္တလေးတိုင်း၊ မဟာအောင်မြေ ကျောက်၀ိုင်း ဗုံးပေါက်
=========================================
မန္တလေးတိုင်း မဟာအောင်မြေမြို့နယ် ကျောက်ဝိုင်းအနီး ၃၈ လမ်း၊ ၈ရလမ်းနှင့် ၈၈ လမ်း ကြား ဦးပေစိ ဘုရားအနီးတွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ ဘုရားဝင်းအတွင်း ဝင်ရောက်သွားပြီးနောက် ယနေ့ နိုဝင်ဘာလ ၅ရက်နေ့ နေ့လည် ၁၂ နာရီခန့်၌ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကာ ထိခိုက် ဒဏ်ရာရရှိမှု အခြေအနေ မသိရှိရသေးကြောင်း ဒေသခံပြည်သူများ ပြောဆိုချက်အရ သိရသည်။
ကချင်ပြည်နယ်၊ ဖားကန့်တွင် ရဲကားတစ်စီး ဗုံးခွဲခံရ
========================================
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်စီစာကျေးရွာ အ.ထ.က (ခွဲ) ကျောင်းအနီးတွင် ရပ်ထားသည့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ ဝင် ရဲကားတစ်စီးကို ယနေ့ နိုဝင်ဘာလ ၅ရက်နေ့ နံနက် ၈ နာရီ ၃ဝမိနစ်၌ ဗုံးခွဲတိုက်ခိုက်ခံရကာ ကားပျက်စီးသွားသော်လည်း လူမရှိခြင်းကြောင့် ထိခိုက် ဒဏ်ရာရရှိသူ မရှိကြောင်း ဒေသခံပြည်သူများ ပြောဆိုချက်အရ သိရသည်။
စစ်ကိုင်းတိုင်း၊ကလေးမြို့နယ်တွင် စစ်ကောင်စီတပ်သား ၂ ဦးသေဆုံး
===========================================
စစ်ကိုင်တိုင်း၊ ကလေး-ဂန့်ဂေါလမ်းပိုင်းတွင် စစ်ကား ၃ စီးပါ စစ်ကောင်စီယာဉ်တန်းအား သာယာကုန်းရွာနှင့် ထောက်ကြံ့ကျေးရွာကြားတွင် ကလေးမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ နိုဝင်ဘာလ ၅ ရက် နံနက် ၈ နာရီခွဲခန့်၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကား ၁ စီး မိုင်းထိမှန် ပက်လက်လန်သွားကာ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံး၊ အများအပြားဒဏ်ရာရသွားကြောင်း Kalay-PDF က သတင်းထုတ်ပြန်သည်။
ယမန်နေ့တွင် စစ်ကောင်စီ စစ်ကား ၃၀ ပါ ယာဉ်တန်းသည် ကလေးမြို့ဘက်မှ တောင်ဘက်သို့ ထွက်ခွာခဲ့ပြီး ကလေး-ဂန့်ဂေါလမ်းရှိ မှန်တောရွာအတွင်း အများပြည်သူ နေအိမ် ၁၁ လုံးအတွင်းက ရွှေ၊ ငွေ၊ ဆိုင်ကယ်၊ အဖိုးတန်ပစ္စည်း သိန်း ၂၀၀ ခန့်အား ခိုးယူသွားခဲ့ကြောင်း ကလေးမြို့ PDF ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်တွင် ရဲနှင့်စစ်သား ၁၅ ဦးသေဆုံး
===========================================
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း ဂန့်ဂေါမြို့ အခြေစိုက် ခလရ ၅၀ မှ စစ်သား ၁၀ ဦး ထွက်ပြေးရာ ယင်းထွက်ပြေးသည့် စစ်သား ၁၀ ဦး ကို လိုက်လံရှာဖွေရင်း ဂန့်ဂေါမြို့မရဲစခန်းမှ စခန်းမှူး အောင်ကျော်သန်း အပါအဝင် ရဲ ၄ ဦး မိုင်းဆွဲခံရပြီး သေဆုံးသွားကြောင်း ဂန့်ဂေါဒေသ သတင်းရင်းမြစ် Yaw Eagle က ပြောဆိုထားသည်။
အလားတူ ကလေး-ဂန့်ဂေါလမ်းပိုင်းတွင် ဒေသခံကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်များ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်သား ၁၁ ဦးယနေ့ သေဆုံးကြောင်း ဂန့်ဂေါဒေသတင်းရင်းမြစ်က ဆိုသည်။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် စစ်သား ၄ ဦးသေ
=====================================
စစ်ကိုင်းတိုင်း ယမန်နေ့ ပုလဲမြို့နယ် မင်းတိုင်ပင်ရွာတွင် သေနတ်များပစ်ဖောက်ကာ နေအိမ်များ ဖျက်ဆီးခဲ့သော အင်အား ၃၀ ခန့်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယနေ့ နံနက်ပိုင်းသပြေကုန်းရွာ အနောက်ဘက်တွင် ပုလဲ-PDF က မိုင်း ၆ လုံးဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိကြောင်း၊ သေဆုံး၊ဒဏ်ရာရ တပ်သားများကို ပုလဲမြို့နယ်ရဲစခန်းက ကားဖြင့် လာရောက်သယ်ဆောင်သွားကြောင်း ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF က သတင်းထုတ်ပြန်သည်။
အလားတူ ဦးနှောက်ကျေးရွာအနီး ရောက်ရှိလာသော စစ်ကောင်စီတပ်များကို PRA အပါအဝင် ပုလဲ PDF စုပေါင်းတပ်များက ၀ိုင်းဝန်း တိုက်ခိုက်ကြရာ စစ်ကောင်စီဘက်မှ အသေအပျောက်စာရင်း ရှိ၊ မရှိ အတည်ပြုမရနိုင်ကြောင်း သိရှိရသည်။
အလားတူ ကန်ဒေါင့်ကျေးရွာဘက်မှ ဆိုင်ကယ် ၆ စီးဖြင့် ထွက်ခွာလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လှိုင်းချောင်းလမ်းခွဲအနီးတွင် ပုလဲ PDF က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ဆိုင်ကယ် ၁ စီး မိုင်းထိခဲ့ပြီး စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးကြောင်း၊ စစ်ကောင်စီတပ်သားများ ကန့်ဒေါင့်ရွာဘက်သို့ ပြန်လည်ဆုတ်ခွာသွားကြောင်း PPDF ထုတ်ပြန်ချက်အရ သိရှိရသည်။
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်တွင် စစ်သား ၁ ဦးသေ
=======================================
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ရန်လင်းဖိုင်ကျေးရွာနှင့် ဝိတုပ်ကျေးရွာကြားတွင် စစ်ကောင်စီယာဉ်တန်းအား ယနေ့ မွန်းလွဲ ၁ နာရီခန့်၌ တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၃ က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကာ စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူများရှိကြောင်း တမူး PDF တပ်ရင်း ၃ ထံမှ သိရသည်။
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်တွင် စစ်သား ၃၀ ခန့်သေဆုံး
===========================================
စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ် အထက်ဝဲကြီးကျေးရွာသို့ သွားသည့်လမ်းတွင် ယနေ့ ညနေ ၄နာရီခွဲခန့်အချိန် မင်းကျောင်းကုန်းဘက်မှ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ် အင်အား ၁၀၀ ကျော်နှင့် ကသာ PDF တို့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်မှ ၃၀ ခန့် သေဆုံးကြောင်း ကသာမြို့သတင်းရပ်ကွက်များထံမှ သိရှိရသည်။
ခြေကျင်ဆင်းလာသော စစ်ကောင်စီတပ်များကို ကသာPDF က မိုင်း ၅ လုံးဆွဲ၍ လမ်းဘေး ဝဲယာမှ တစ်ပြိုင်တည်း ပစ်ခတ်တိုက်ခိုက်ကြောင်း၊ မိနစ် ၄၀ နီးပါး ပစ်ခတ်မှုများဖြစ်ပေါ်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၃၀ ဦးခန့် သေဆုံးနိုင်ကြောင်း ကသာPDF နှင့်နီးစပ်သော ဒေသခံများထံမှ သိရှိရသည်။
KIA သတင်းရင်းမြစ်ကမူ ကသာ မြို့နယ်၊ အထက်ဝဲကြီးကျေးရွာ အနီးတိုက်ပွဲမှာ KIA နှင့် PDF ပူးပေါင်း တပ်နှင့် စစ်ကောင်စီတပ်များ တိုက်ပွဲ ဖြစ်ပွားခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ သေဆုံးမှု စာရင်းကို အတည်မပြုနိုင်ဟုဆိုသည်။
ချင်းပြည်နယ်၊ တီးတိန်တွင် စစ်သား ၂ ဦး သေဆုံးပြီး လက်နက်များ သိမ်းဆည်းရမိ
===========================================
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ကနေဒီတောင်ခြေတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-Zoland၊ Chinland Defense Force - Kalay Kabaw Gangaw ၏ တပ်ရင်း ၂ CDM-Siyin ပူးပေါင်းတပ်ဖွဲ့ကြား ယနေ့ နိုဝင်ဘာလ ၅ ရက် မွန်းလွဲ ၃ နာရီခွဲခန့်၌ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၂ ဦး သေဆုံးကာ လကနက်အချို့သိမ်းဆည်းရမိကြောင်း PDF-Zoland က သတင်းထုတ်ပြန်သည်။
ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင် ၁ ဦး ကျည်ထိမှန် ဒဏ်ရာရကြောင်း၊ စစ်ကောင်စီတပ်မှ ၂ ဦးကျဆုံးကာ အချို့မှာ ဒဏ်ရာများဖြင့် ထွက်ပြေးသွားကြောင်း Civic Defense Militia - Siyin (CDF-KKG)အဖွဲ့ထံမှလည်း သိရှိရသည်။
ဖယ်ခုံတွင် တိုက်ပွဲများဖြစ်၊ စစ်တပ်သား ၁၀ ဦးသေဆုံး
====================================
ရှမ်းပြည်နယ်-ကယားပြည်နယ် နယ်စပ် ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာဘက်သို့ တိုက်ပွဲ အဆက် မပြတ် ဖြစ်ပွားပြီး အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီး ရမ်းသန်းပစ်၍ ကျေးရွာနေပြည်သူများ၏ အိုးအိမ်ပျက်စီးခဲ့ကြောင်း တိုး တက်သော ကရင်နီပြည်သူ့အင်အားစုPKPF က ပြောသည်။
ဖယ်ခုံတွင် နိုဝင်ဘာ ၅ ရက်နေ့ နံနက် ၈ နာရီ အချိန် မှညနေ ၂နာရီ အချိန်ထိတိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်များက လက်နက်ကြီးအများအပြားပစ်ခတ်အသုံးပြုကာ ခေါင်းအိကျေးရွာ၊စက်တော်ကျေးရွာတို့ကိုပစ်ခတ်ခဲ့သဖြင့် လူနေအိမ် ၆ လုံးခန့်ပျက်စီးခဲ့ကြောင်း၊ ပူးပေါင်းတပ်ဖွဲ့ဘက်မှ တစ်ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ စစ်ရှောင်စခန်းကို စကခ ၇ က လက်နက်ကြီး ဖြင့်ပစ်ခတ်ခဲ့ပြီး ပြည်သူတစ်ဦး ထိမှန်ဒဏ်ရာရခဲ့ကြောင်း ဖယ်ခုံ PDF က သတင်းထုတ်ပြန်သည်။
ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာအုပ်စု စက်တော်ကျေးရွာတွင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်များဖြစ်သည့် ကရင်နီတပ်မတော် (KA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDF)တို့အကြား ယနေ့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ၁၀ဦးသေဆုံးခဲ့ကြောင်း ၊ ကရင်နီတပ်သား ၁ ဦးလည်း ကျဆုံးခဲ့ရကြောင်း KNDF ကသတင်းထုတ်ပြန်သည်။
ရွှေကူမြို့နယ်တွင် ဗိုလ်ကြီးတစ်ဦးအပါအဝင် ၅ ဦးသေဆုံး
=================================
နိုဝင်ဘာလ ၅ ရက်နေ့ နံနက် ၇ နာရီဝန်းကျင်အချိန် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်အဝင် အောက်လေးလမ်းဆုံ ၆၀၂ တပ်အနီးရှိ စစ်ကောင်စီတပ်နှင့် ရဲများ စုပေါင်းစစ်ဆေးရေးဂိတ်ကို KIA တပ်မဟာ ၃ တပ်ဖွဲ့ဝင်များက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ဗိုလ်ကြီး ၁ ဦးအပါအဝင် စစ်သား ၃ ဦးနှင့် ရဲ ၂ ဦးသေဆုံးကြောင်း KIA သတင်းရင်းမြစ်က ပြောသည်။
ဒေသခံများ၏အဆိုအရမူ ရွှေကူမြို့ပြင် အောက်လေးလမ်းဆုံ ၆၀၂ တပ်အနီး စစ်ဆေးရေးဂိတ် ဗုံးခွဲတိုက်ခိုက်ခံရခြင်းဖြစ်ပြီး ဗိုလ်ကြီးတစ်ဦးနှင့် ရဲဘော်တစ်ဦး သေဆုံးကြောင်း ပြောဆိုကြသည်။
ရေစကြိုမြို့နယ်တွင် စစ်ကောင်စီတပ်များ မိုင်းခွဲတိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး
===========================================
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းက ပြန်လာသည့်စစ်ကောင်စီအဖွဲ့ကို နိုဝင်ဘာလ ၄ ရက်နေ့ ည ၉ နာရီခွဲ အချိန်ဝန်းကျင် ပခန်းကြီးနှင့် ပခန်းငယ်ကြားတွင် ရေစကြို PDF က မိုင်းဆွဲတိုက်ခိုက်သဖြင့် စစ်သား ၂ ဦး သေဆုံးကြောင်း ဒေသ ကာကွယ်ရေးတပ်က ပြောဆိုသည်။
မိုးကုတ်၊ စစ်ဆေးရေးဂိတ် ဗုံးခွဲခံရပြီး စစ်သား ၁ ဦးသေဆုံး
===========================================
မန္တလေးတိုင်း မိုးကုတ်မြို့ အနောက်ပိုင်း မြို့ဦးလွင်အနီးတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ကို ယနေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်တွင် ဒေသ ကာ ကွယ်ရေးတပ်ဖွဲ့က ဗုံးဖြင့် တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။
ခေတ်သစ်မီဒီယာ
ဓာတ်ပုံ- ချင်းပြည်နယ်၊ ဟားခါးသို့ အောက်တိုဘာလအတွင်း ဝင်ရောက်လာသော စစ်ကောင်စီယာဉ်တန်း။
Photo Credit - ချင်းဒေသမီဒီယာများ
အကြမ်းဖက် မြန်မာစစ်ကောင်စီကို ကုလသမဂ္ဂလုံခြုံရေးကောင်စီကချက်ချင်းအရေးယူရေးအရပ်ဘက်အဖွဲ့ ၅၂၁ ခု တောင်းဆို
ရန်ကုန်၊ နိုဝင်ဘာ ၅
မြန်မာနိုင်ငံတွင် ပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်သည့် အကြမ်းဖက်စစ်ကောင်စီကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက အရေးယူရန် အရပ်ဘက်အဖွဲ့ ၅၂၁ ခုက တောင်းဆိုလိုက်သည်။
ချင်းပြည်နယ်တွင် ထန်တလန်မြို့ အပါအဝင် နိုင်ငံတစ်ဝန်း ဖိနှိပ် သတ်ဖြတ် ဖျက်ဆီးမှုများ လုပ်ဆောင်နေသော မြန်မာစစ်ကောင်စီ အကြမ်းဖက်မှု ကို အဆုံး သတ်ရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ချက်ချင်း အရေးယူရန် တောင်းဆိုလိုက်ကြခြင်းဖြစ်သည်။
ချင်းပြည်နယ်တွင် ဖြစ်ပွားနေသော စစ်ကောင်စီ၏ အကြမ်းဖက် တိုက်ခိုက်မှုများ ပြင်းထန်လာခြင်းနှင့် ပတ်သက်၍ အရှိန်အဟုန်ဖြင့် အစည်းအဝေးတစ်ရပ်ကို ခေါ်ယူကျင်းပရန်နှင့် မြန်မာနိုင်ငံတွင် လျင်မြန်စွာ ဆိုးရွားလာနေသော လူ သားချင်းစာနာထောက်ထားမှု၊ လူ့အခွင့်အရေးနှင့် နိုင်ငံရေး အကျပ်အတည်းများကို ကိုင်တွယ်ဖြေရှင်းရန် အရပ်ဘက်အဖွဲ့အစည်းများက ကုလသမဂ္ဂကို တောင်းဆိုကြသည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့် မြန်မာစစ်တပ်ကို လက်နက်ရောင်းချပိတ်ပင်ရေး ချမှတ်ရန် တောင်းဆိုလိုက်ပြီး စစ်တပ်သည် နိုဝင်ဘာလ ၃ ရက်နေ့အထိ လူပေါင်း ၁၂၃၆ ဦးကို သတ်ဖြတ်ခဲ့ကာ ပြည်သူ ၉၆၆၇ ဦး မတရား ဖမ်းဆီးထိန်းသိမ်းထားသည်ဟု အရပ်ဘက်အဖွဲ့များက ပြောသည်။
အကြမ်းဖက်စစ်ကောင်စီသည် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်း ဒေသကြီးများတွင် အကြမ်းဖက် တိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်နေပြီး၊ ကရင်နီ၊ ကရင်နှင့် ရှမ်း ပြည်နယ်တွင်လည်း ဒေသခံ တိုင်းရင်းသားများကို တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိသည်။
မြန်မာစစ်တပ်သည် ချင်းပြည်နယ် အနောက်ပိုင်း ထန်တလန်မြို့တွင် အောက် တိုဘာ ၂၉ ရက်နေ့တွင် နေအိမ် ၂၀၀ ကျော်နှင့် ဘုရားကျောင်း ၂ ခု ရည်ရွယ် ချက်ရှိရှိ မီးရှို့ဖျက်ဆီးခဲ့သည်။
ချင်းပြည်နယ်ရှိ ရုံးခွဲ မီးရှို့ဖျက်ဆီးခံခဲ့ရသော Save the Children က မကြာသေးမီက ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများကို ပြင်းထန်စွာ ရှုတ်ချခဲ့ပြီး အကြမ်း ဖက်မှု အများအပြား ဆက်လက်ဖြစ်ပွားနေကြောင်း သတိပေးပြောဆိုသည်။
နိုင်ငံတစ်ဝှမ်းရှိ ကလေးများ အပါအဝင် အရပ်သားများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများအပေါ် တိုက်ခိုက်မှုများသည် နိုင်ငံ တကာဥပဒေကို ချိုးဖောက်ပြီး စစ်ရာဇဝတ်မှုများဖြစ်ကြောင်း၊ တိုက်ခိုက်ရေး ဂျက်လေယာဉ်များနှင့် လက်နက်ကြီးများ အသုံးပြုခြင်း အပါအဝင် စစ်တပ်၏ ပြင်းထန်သော တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ခဲ့ရပြီး ပြည်သူများ ဒါဇင်နှင့်ချီ၍ သေဆုံးခဲ့ရသည်ဟု အရပ်ဘက်အဖွဲ့များကဆိုကြသည်။
မြန်မာစစ်တပ်သည် ယခုနောက်ဆုံး ထန်တလန် တိုက်ခိုက်မှု မတိုင်မီ စက် တင်ဘာလအတွင်းက လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကြောင့် ထန်တလန်မြို့မှ ဒေသခံ ၁၀,၀၀၀ ခန့် ထွက်ပြေး တိမ်းရှောင်ခဲ့ရကြောင်း၊ ထိုအချိန်တွင် မီးငြှိမ်း သတ်ရန် ကြိုးပမ်းနေသော ခရစ်ယာန်သင်းအုပ်ဆရာတစ်ဦးသည် စစ် တပ်၏ သေနတ်ဖြင့် ပစ်သတ်မှုခံခဲ့ရပြီး ၎င်း၏လက်သူကြွယ်အား ရက်စက်စွာဖြတ်တောက်ကာ မင်္ဂလာလက်စွပ်နှင့်အတူ ဖယ်ရှားခဲ့ကြောင်းကိုလည်း ထောက်ပြထားသည်။
မြန်မာနှင့် နိုင်ငံတကာ အဖွဲ့အစည်းများက ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေ ဖြင့် မြန်မာစစ်တပ်ကို အရေးယူဆောင်ရွက်ရန် အကြိမ်ကြိမ် တောင်းဆိုခဲ့ကြသော်လည်း လုံခြုံရေးကောင်စီသည် ထုတ်ပြန်ချက်ထက် ကျော်လွန်၍ ထိရောက်သော အရေးယူဆောင်ရွက်မှု တစ်စုံတစ်ရာ ပြုလုပ်ရန် ပျက်ကွက်နေကြောင်း ထောက်ပြထားသည်။
Credit...
ဓာတ်ပုံ- ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးတစ်ခုကျင်းပနေသည့်မြင်ကွင်း။
သေဆုံးသွားသော ဆရာမအား ၃ ကြိမ်တိုင် သတိပေးခဲ့
မြောက်ဥက္ကလာတွင် သေနတ်မှန်၍ သေဆုံးသွားသော ဆရာမအား ၃ ကြိမ်တိုင် သတိပေးခဲ့ဟု ပစ်ခတ်သည့် အဖွဲ့ပြော
ဂန္ဒမာ (မဇ္စျိမ )
ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပ မြို့နယ်တွင် သေနတ်ဖြင့် ပစ်ခံရပြီး သေဆုံးသွားသည့် ကျောင်းဆရာမကို ပစ်ခတ်သည့် အဖွဲ့က သုံးကြိမ်တိုင် သတိပေးခဲ့သည်ဟု အဆိုပါအဖွဲ့ဝင် တစ်ဦးက ပြောသည်။
ကျောင်းဆရာမ ဒေါ်လှလှသန်းသည် ၎င်းနေအိမ်ရှိရာ မြောက်ဥက္ကလာပမြို့နယ်မှ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် အ.ထ.က (၂) ကျောင်းသို့ တက္ကစီဖြင့် သွားစဉ် မြောက်ဥက္ကလာပမြို့နယ် နွယ်နီမှတ်တိုင် အကျော်၌ တက္ကစီ မီးပွိုင့်မိနေစဉ် ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်သည်။
ယနေ့ နိုဝင်ဘာ ၅ ရက် မနက် ၈ နာရီ မိနစ် ၃၀ ခန့်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်း ဖြစ်ပြီး သေနတ်ဒဏ်ရာ သုံးချက်ဖြင့် မြောက်ဥက္ကလာပဆေးရုံသို့ တင်ပို့ကုသနေစဉ် သေဆုံးသွားကြောင်း ဒေသခံများထံမှ တစ်ဆင့် သိရသည်။
ပစ်ခတ်မှုပြုလုပ်ခဲ့သည့် GenerationZ Defence Force အဖွဲ့သည် ၎င်းအား သတိထား စောင့်ကြည့်ခဲ့ရာ ၎င်းသည် စစ်ကောင်စီထံသို့ ကျောင်းသားများ၏ အိမ်လိပ်စာများ ပေးပြီး ဖမ်းဆီးခိုင်းမှုများ ရှိကြောင်း၊ ပထမအကြိမ် သတိပေးမှုများ လုပ်ဆောင်ခဲ့ရာ လအတော်ကြာ ငြိမ်သွားခဲ့ကြောင်း၊ ယခုထပ်မံ၍ ကျောင်းသားများကို ခြိမ်းခြောက်မှုများ လုပ်ဆောင်လာ၍ ယခုကဲ့သို့ လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ဆိုသည်။
“သူ့ကြောင့် ထွက်ပြေးရတဲ့ ကလေးတွေရော၊ ဖမ်းမိသွားတဲ့ ကလေးတွေရော အများကြီး ရှိတယ်။ ကလေးတွေက လာတိုင်တော့ ကျွန်တော်တို့ သတိပေးစာ ထပ်ထုတ်ပါတယ်။ ရပ်တန့်ပေးဖို့လည်း တောင်းဆိုတယ်။ ဒါကိုလက်မခံဘဲ လုပ်ရပ်က ပိုဆိုးလာတယ်။ Non -CDM ဆရာမ မို့လို့ အခုလို လုပ်ခဲ့ရတာ မဟုတ်ပါဘူး။ ဒလန်လုပ်တယ်။ ခြိမ်းခြောက်တယ်။ မတရား လုပ်တယ်လို့ သတင်းကြီး နေတဲ့အပြင် တိုင်တဲ့သူတွေ များလာလို့ပါ" ဟု ပစ်ခတ်ရသည့် အကြောင်းအရင်းနှင့် ပတ်သက်၍ GenerationZ Defence Force အဖွဲ့ဝင်က မဇ္စျိမ ကို ပြောသည်။
အဆိုပါ ပစ်ခတ်မှုကို GenerationZ Defence Force အဖွဲ့နှင့် Human Right Defenders (HRD)အဖွဲ့ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
NUG ငွေတိုက်စာချုပ်တွေကို ဘယ်လိုဝယ်ယူလို့ ရနိုင်မလဲ
နောင်နောင်/မဇ္ဈိမ
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် နှစ်နှစ်သက်တမ်းရှိသော အထူး ငွေတိုက်စာချုပ်များကို ကန်ဒေါ်လာ စုစုပေါင်း သန်း ၁,၀၀၀ ဖိုး ရောင်းချရန် စီစဉ်ထားပြီး ဒေါ်လာ ၁၀၀၊ ၅၀၀၊ ၁,၀၀၀၊ ၅,၀၀၀ တန် စသည့် စာချုပ်ပုံစံ လေးမျိုးဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း NUG အစိုးရ၏ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနက ကြေညာထားသည်။
ငွေတိုက်စာချုပ်ဆိုတာဘာလဲ
ငွေတိုက်စာချုပ် (ချေးငွေစာချုပ်) များကို နိုင်ငံတစ်နိုင်ငံ အစိုးရတစ်ရပ်က ငွေကြေးလိုအပ်သည့်အချိန်တွင် ငွေတိုက်စာချုပ်များကို ပြည်သူများအား ထုတ်ရောင်းကာ ပြည်သူများထံက ချေးငွေယူသည့် လုပ်ငန်းစဉ်ဖြစ်ပြီး စာချုပ်ပါ သတ်မှတ်ကာလ ပြည့်ပါက ထိုစာချုပ်တန်ဖိုးကို အစိုးရက ပြန်လည်ပေးချေရသည်။
ကမ္ဘာ့နိုင်ငံ အများအပြားတွင် ကမ္ဘာစစ်အသုံးစရိတ် ပြင်ဆင်ရန်အတွက် အစိုးရက ပြည်သူ့ထံမှ ငွေချေးယူသည့်သဘောဖြင့် ငွေတိုက်စာချုပ်များကို ထုတ်ရောင်းလေ့ရှိပြီး NUG အစိုးရက တော်လှန်ရေးကာလ အတွက် ငွေတိုက်စာချုပ် ထုတ်ရောင်းခြင်းသည် ကမ္ဘာ့သမိုင်းတွင် ပထမဦးဆုံးဖြစ်သည်။
“အခုလိုမျိုး တော်လှန်ရေးကာလ အထူးငွေတိုက်စာချုပ်များကို ထုတ်ဝေရောင်းချရခြင်းက NUG အစိုးရရဲ့ အဓိက လိုအပ်နေတဲ့ ဘဏ္ဍာရန်ပုံငွေများကို ပြည်သူနဲ့အတူ လက်တွဲပြီး ပြည်သူ့ဆီကနေပြီးတော့ အစိုးရတစ်ရပ်က တရားဝင် ငွေချေးယူတဲ့သဘောဖြစ်ပါတယ်” ဟု စီမံကိန်း၊ ဘဏ္ဍာရေးနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ယမန်နေ့ နိုဝင်ဘာလ ၄ရက်က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
တော်လှန်ရေး ရန်ပုံငွေလိုအပ်ချက်အရ ရောင်းချမည့် ငွေတိုက်စာချုပ် ဒေါ်လာသန်း ၁,၀၀၀ ဖိုးကို အသုတ်လိုက် ရောင်းချသွားမည်ဖြစ်ပြီး ပထမအသုတ်အနေဖြင့် R စီးရီး ကန်ဒေါ်လာ ၁၀၀၊ ၅၀၀၊ ၁၀၀၀၊ ၅၀၀၀ တန်စာချုပ် များကို ယခု နိုဝင်ဘာလလယ်တွင် စတင်ရောင်းသွားမည် ဖြစ်သည်။
ငွေတိုက်စာချုပ်တွေကို ဘယ်လိုဝယ်ယူလို့ ရမလဲ
NUG အစိုးရက ရောင်းချမည့် ငွေတိုက်စာချုပ်များကို မြန်မာပြည်တွင်းရှိ အာဏာသိမ်း စစ်ကောင်စီထိန်းချုပ်ထားသည့် ဘဏ်အကောင့်များ အထူးသဖြင့် မြန်မာကျပ်ငွေဖြင့် ဝယ်ယူ၍ ရမည်မဟုတ်ဘဲ နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာဖြင့်သာ ဝယ်ယူရရှိနိုင်မည်ဖြစ်ပြီး စာချုပ်တန်ဖိုးပေးဆောင်ရမည့် ငွေကြေးများကိုလည်း NUG အစိုးရ၏ နိုင်ငံခြားဘဏ် အကောင့်များထံသို့သာ လွှဲပြောင်းပေး အပ်ရမည်ဖြစ်သည်။
ယင်းကြောင့် နိုင်ငံတကာသို့ ရောက်ရှိနေသူများက ငွေတိုက်စာချုပ်များကို အလွယ်တကူဝယ်ယူရရှိနိုင်မည် ဖြစ်သော်လည်း မြန်မာပြည်တွင်းက ဝယ်ယူလိုသူများအနေဖြင့် နိုင်ငံခြားရောက် ယုံကြည်စိတ်ရသည့် မိတ်ဆွေများဖြင့်သာ မိမိကိုယ်စား ချိတ်ဆက်ဝယ်ယူနိုင်မည်ဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့်
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောသည်။
“ငွေတိုက်စာချုပ်သည် တခြားကိစ္စရပ်လိုမျိုး လှူတာမျိုး မဟုတ်ပါဘူး။ မိမိဝယ်ထားတဲ့ ငွေတိုက်စာချုပ်မှာ မိမိရဲ့ ပိုင်ဆိုင်မှု ဖြစ်တယ်ဆိုတဲ့အချက် အရေးကြီးပါတယ်။ နောင်တစ်ချိန်မှာ ကျွန်တော်တို့ တော်လှန်ရေးပြီးကာလမှာ ငွေတိုက်စာချုပ်များကို ပြန်လည်ပြီးတော့ ရွေးနုတ်ခွင့်ပေါ့နော်။ ငွေတိုက်စာချုပ်များကို ဝယ်ထားတဲ့ ပြည်သူဆီပြန်လည်ပေးအပ်သွားရမယ့် အချိန်ရောက်ရင် ဝယ်ထားတဲ့ ကာယကံရှင် သူပိုင်ဆိုင်ပါတယ်ဆိုတဲ့ အထောက်အထား ခိုင်လုံဖို့ လိုပါတယ်” ဟု ဦးတင်ထွန်းနိုင်က ရှင်းပြသည်။
NUG က ထုတ်ရောင်းသည့် ငွေတိုက်စာချုပ်ကို အတိုးနှုန်းပေးနိုင်မည်မဟုတ်ကြောင်းနှင့် စာချုပ်ငွေကို တော်လှန်ရေး အောင်မြင်သည့်အချိန်တွင် ပြန်လည်ရွေးနုတ်ခွင့် ပေးသွားမည်ဖြစ်သည့်အတွက် ငွေကြေးဆုံးရှုံးစရာမရှိကြောင်း ဝန်ကြီးက ဆိုသည်။
ငွေတိုက်စာချုပ်တွေကို တော်လှန်ရေးစိတ်ဓာတ်ဖြင့် ဝယ်ယူကြရန် တိုက်တွန်း
တော်လှန်ရေးအစိုးရ ထုတ်ရောင်းသည့် ငွေတိုက်စာချုပ်များကို တော်လှန်ရေးအပေါ် သက်ဝင်ယုံကြည်ပြီး အာဏာရှင် ပြုတ်ကျလိုစိတ်၊ တော်လှန်ရေးအောင်မြင်လိုစိတ်ဖြင့် ဝယ်ယူအားပေးကြရန်လည်း ဝန်ကြီးက တိုက်တွန်းထားသည်။
မြန်မာ့နွေဦးတော်လှန်ရေး နှစ်နှစ်အတွင်း အောင်မြင်မည်ဟု ယုံကြည်သဖြင့် အထူးငွေတိုက်စာချုပ်သက်တမ်းကို နှစ်နှစ်သတ်မှတ်ခြင်းဖြစ်သည်ဟု NUG စီမံကိန်း၊ ဘဏ္ဍာရေးနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ယမန်နေ့သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောခဲ့သည်။
“တော်လှန်ရေးအောင်မြင်ရမယ်လို့ ခံယူချက်ဖြင့် ရောင်းချခြင်းဖြစ်သည့်အတွက် တော်လှန်ရေးမြင်မှုအတွက် အာမခံချက် ပေးနိုင်မည်” ဟု ဦးတင်ထွန်းနိုင်က ပြောသည်။
လတ်တလောတွင် NUG အစိုးရက ရောင်းချမည့် ငွေတိုက်စာချုပ်များကို ဝယ်ယူရန် ကြိုတင်ကမ်းလှမ်းမှုများလည်း ရှိနေပြီး စာချုပ်များ ဝယ်ယူရမည့်အချိန်ရောက်ပါက ထုတ်ပြန်အသိပေးသွားမည်ဟု NUG အစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုဝန်ကြီးဌာန ၀န်ကြီးပြောသည်။
Mizzima
ဘိုကလေးမြို့တွင် ကျောင်းဝတ်စုံမဝတ်၊ ဝန်ထမ်းကတ် မပါသည့် ဆရာမ ၃ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်က နားရင်းအုပ်ဟုဆို
PPST က မြန်မာနိုင်ငံသည် တိုင်းပြည်ကျဆုံး ပျက်စီးရေး လမ်းကြောင်းပေါ်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ယနေ့ ကြေ ညာချက် ထုတ်ပြန်
ဗိုလ်ချုပ်ကြီးဟောင်းဦးနေဝင်းဟာ သာမာန်ရိုးရိုးသားသား သေသွားခဲ့ရတာ မဟုတ်ပါဘူး ။
စကစက IMF ရဲ့ ဒေါ်လာ ၃၇၂ သန်းကို ဘတ်လိုက်လို့ ပြဿနာ ရှာခံနေရ
ဘိုတု မန္တလေးသွားတာလည်း ဓာတ်ဆင်ဓာတ်ရိုက် အတွက်ပဲ။
မနက်က ဘိုတု အောင်သပြေ ကိုင်ပြီး မဟာမြတ်မုနိဘုရားကြီးကပုံ တွေ့လိုက်တယ်။ ကျောက်ဝိုင်းမှာ အစောင့်များလို့ ဗုံးစာထိသေးတယ်။ ရွှေကျီးမြင် ဘုရားကိုလည်း သွားတယ်တဲ့။ အလာအလာအရ "မဟာ၊ ကြီးမြင့်၊ ချမ်းသာ" ဓာတ် လာယူတာပဲ ဖြစ်မယ်။
မဟာမြတ်မုနိဘုရားကြီး၊ ရွှေကျီးမြင်ဘုရား၊ ချမ်းသာကြီး ဘုရားတွေမှာ အလှူတူ၊ ဆုတောင်းတူ ပေါ့။ ဆုတောင်းပြည့်တယ်တဲ့။ မဟာမုနိ နဲ့ ချမ်းသာကြီး ဘုရားတွေမှာ ရွှေကပ်လို့ရပေမယ့်။ ရွှေကြီးမြင်မှာတော့ မှန်နဲ့ ပိတ်ထားတာမို့ စောင်းတန်းထဲက ဘုရားတွေကိုပဲ ကပ်ရတယ်။ သို့ပေမင့် ဂေါတွေက ဘိုတုအတွက် မှန်ခန်း ဖွင့်ပေးမှာပါ။
ဒီဓာတ်က ကျဉ်းကြပ်ထဲ ရောက်ရင် လုပ်ရတာ ဆိုပေမယ့် စီးပွားရေး နဲ့ ဆိုင်တာမှာ လုပ်ရတာမျိုး။ ဘိုတု ရဲ့ အခုအခြေအနေနဲ့ မသက်ဆိုင်။ သူ့ကို ထုံးစံအတိုင်း ဗေဒင်ဆရာက ချွန်လိုက်ပြန်ပေါ့။
ခုရက်ပိုင်း ဘိုတု ယတြာခြေတာ အရမ်းစိပ်လာတယ်။ ဒီပုံအတိုင်းဆို မကြာခင် တန်ခိုးကြီး ဘုရား တဆူဆူကို ထီးတော် တင်လိမ့်မယ်။ ပုဂံဘုရားတွေ မျက်ခုံး လှုပ်ပေရော့။
ဒီကြားထဲ စကစက IMF ရဲ့ ဒေါ်လာ ၃၇၂ သန်းကို ဘတ်လိုက်လို့ ပြဿနာ ရှာခံနေရတယ်။ စာရင်းလိမ်တွေ ပြပေမယ့် IMF က လက်မခံ။ ငဗစ်အတွက် မသုံးပဲ ရုရှကို ဂါလိုက်ပြီလေ။
အမှန် ဘိုတုခြေသင့်တာ "ဘဝပျက် ယတြာ"။ သူ့ကံကို Reset ချဖို့။ ဥပမာ- သုဓမ္မာဇရပ်တန်းမှာ တပွေတည်းသူတောင်းစား ပုံစံနဲ့ ညအိပ်တာမျိုး။ အနီး၊ အဝေး သက်တော်စောင့် ဘာညာ ရှိရင်ကိုး မရဘူး။ သူ သူတောင်းစားဘဝ ရောက်နေပါတယ် ဆိုတာကိုလည်း တလောကလုံး သိစေရမှာ။ မိုးလင်းမှ ယတြာအောင်မယ်။ ယတြာ မအောင်ခင် LDF က ဘွန့်သွားရင်တော့ ကံပဲ။
ဆို့စ် - ကျူးလိပေါင် သတင်းစဉ် (ပုဏ္ဏား ဂျောက်တွန်း ကဏ္ဍ)
-----------------
မြန်မာအတွက် ကိုဗစ်ရန်ပုံငွေအနေနဲ့ ပေးအပ်ထားသည့် ကန်ဒေါ်လာ ၃၇၂ သန်း စစ်ကောင်စီက စာရင်းရှင်းလင်းခြင်းမရှိသေးဘူးလို့ IMF ထုတ်ပြန်
