နောက်ဆုံးရ
အာဆီယံက မြန်မာ့အရေးဝင်စွက်ခွင့်မရှိဟု စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးပြော

အာဆီယံက မြန်မာ့အရေးဝင်စွက်ခွင့်မရှိဟု စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးပြော




DVB | 28 February, 2023

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းခဲ့တာကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက လက်မခံရုံနဲ့ အာဆီယံဟာ မြန်မာ့အရေးကိုဝင်ရောက်စွက်ဖက်ခွင့်ရသွားတာမဟုတ်ကြောင်းနဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေဟာ လမ်းဆုံးကိုရောက်နေပြီဖြစ်ကြောင်း စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘာလာခရစ်ရှ်နန်က ပြောပါတယ်။

ဖေဖော်ဝါရီလ ၂၇ ရက်ကကျင်းပတဲ့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဘဏ္ဍာရေးဆိုင်ရာ အစည်းအဝေးမှာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ  အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ပတ်သက်ပြီး ပြဿနာတွေဟာ ဒုတိယကမ္ဘာစစ်ကတည်းက ရှိနေခဲ့တာဖြစ်ပြီး အာဏာသိမ်းမှုကြောင့် ပိုလို့ဆိုးဝါးစေခဲ့တာလို့လည်း နိုင်ငံခြားရေး ဝန်ကြီးဗီဗီယန်ကပြောပါတယ်။

မြန်မာနိုင်ငံသားတွေဟာ တခြားနိုင်ငံသားတွေလိုပဲ အရည်အချင်းရှိပြီး ကြိုးစားကာ စွမ်းစွမ်းတမံ တိုးတက်ရာကိုရှာဖွေပြီး မိသားစုကို ထောက်ပံ့နေကြပေမဲ့ မြန်မာ့နိုင်ငံရေးကတော့ မြန်မာ့နိုင်ငံသားတွေအပေါ် အထောက်အပံ့ကောင်းမဖြစ်စေဘူးလို့ ပြောပါတယ်။ 

“အခုဆိုရင် အာဏာသိမ်းတာ နှစ်နှစ်ကျော်လာခဲ့ပေမယ့်လည်း ဘာမှဖြစ်မလာသေးဘူး၊ ကျနော့်အမြင်ကိုမေးရင်တော့ ဒါဟာ ရှေ့ဆက်ဘာမှဖြစ်လာမှာမဟုတ်တဲ့ လမ်းဆုံးကို ရောက်နေတာပဲ။ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး၊ နိုင်ငံပြန်လည်တည်ဆောက်ရေး၊ နိုင်ငံရဲ့ တိုးတက်မှုနဲ့ ဂုဏ်သိက္ခာကိုတည်ဆောက်ရေး၊ လူနည်းစုတိုင်းရင်းသားတွေကို ကာကွယ်ရေး၊ နိုင်ငံစီးပွားရေးနဲ့ နိုင်ငံသားတွေရဲ့ အရည်အသွေးမြှင်တင်ရေး အဲဒါတွေ ဘာတခုမှ မလုပ်နိုင်တော့ဘူး” လို့ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ဆက်လက်ပြီး ပြည်တွင်းမှာရှိတဲ့ အဓိကအဖွဲ့အစည်းတွေကမှ ကိုယ့်နိုင်ငံသားတွေရဲ့ အနာဂတ်အတွက် အကောင်းဘက်ပြောင်းလဲရေးကို ရိုးရိုးသားသားနဲ့ ဆွေးနွေးညှိနှိုင်းကြဖို့ မပြင်ဆင်ကြသေးဘူးဆိုရင်ပြင်ပကနေဝင်ရောက်စွက်ဖက်ပြုပြင်ပေးလို့ မရနိုင်ဘူးလို့ ပြောပါတယ်။

အာဆီယံကနေ ပြတ်ပြတ်သားသား အာဏာသိမ်းမှုကို လက်မခံဘူး၊ စစ်အာဏာရှင်တွေကို အသိအမှတ်မပြုဘူးဆိုပေမဲ့ သူတို့ရဲ့ ပြည်တွင်းရေးကို အာဆီယံက ဝင်ရောက်စွက်ဖက်ခွင့်မရှိဘူးလို့ ဆိုပါတယ်။

အာဏာသိမ်းမြန်မာစစ်တပ်ရဲ့ တရားဝင်မှုကို အာဆီယံက အသိအမှတ်မပြုသလို စစ်ခေါင်းဆောင်တွေကို အာဆီယံရဲ့ အဆင့်မြင့်အာဆီယံအစည်းအဝေးတွေမှာလည်း နိုင်ငံကိုယ်စားပြုအဖြစ်တက်ရောက်ခွင့် ပိတ်ပင်ထားတာဖြစ်ပါတယ်။

စင်ကာပူအလုပ်သမားပါတီ လွှတ်တော်အမတ် ဆယ်လ်ဗီယာလင်းမ်က ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာ ထိုင်းကဦးဆောင်စီစဉ်ပြီး မြန်မာနိုင်ငံက စစ်တပ်ခေါင်းဆောင်တွေ တက်ရောက်ခဲ့တဲ့ အစည်းအဝေးကို စင်ကာပူက သွားမတက်ခဲ့တာနဲ့ ပတ်သက်ပြီးလည်း မေးခွန်းထုတ်ခဲ့ပါတယ်။ 

အဲဒီမေးခွန်းနဲ့ပတ်သက်ပြီး  မစ္စတာဗီဗီယန်က မြန်မာ့အရေးဟာ အလွန်အမင်း ဝမ်းနည်းစိတ်ပျက်စရာဖြစ်သလိုပြင်ပကနေ ပြုပြင်ပေးလို့ရနိုင်တဲ့ ပြဿနာမဟုတ်ဘူးလို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။ 

ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံက စစ်ဘက်ခေါင်းဆောင်တွေတက်ရောက်ခဲ့တဲ့ အစည်းအဝေးနဲ့ ပတ်သက်ပြီး ဗီဗီယန်ကမြန်မာ့အရေးအပေါ် အာဆီယံရဲ့ ချဉ်းကပ်မှု ရာဇဝင်ကို ပြန်လည်ပြောပြခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဧပြီလမှာ  မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်တက်ရောက်ခဲ့တဲ့ မြန်မာ့အရေးနဲ့ ပတ်သက်တဲ့ အထူးအစည်းအဝေးတရပ် အင်ဒိုနီးရှာနိုင်ငံ ဂျာကာတာမှာကျင်းပခဲ့ပြီး အဲဒီကနေ အာဆီယံဘုံသဘောတူညီချက် ၅ချက် ရရှိခဲ့ပါတယ်။

ဒါပေမဲ မြန်မာစစ်တပ်က အဲဒီသဘောတူညီချက်တွေကို လိုက်နာဆောင်ရွက်ခဲ့ခြင်း မရှိတာကြောင့် စစ်ဘက်ခေါင်းဆောင်တွေကို အာဆီယံအဆင့်မြင့် အစည်းအဝေးတွေမှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် တက်ရောက်ခွင့်ပိတ်ပင်တားမြစ်လိုက်ပါတယ်။ 

အဆင့်မြင့်အစည်းအဝေးတွေမှာ စစ်ကောင်စီခန့်နိုင်ငံခြားရေးဝန်ကြီး တက်ရောက်ခြင်းမရှိတာဟာ အဲဒီဝန်ကြီးနဲ့အာဆီယံကြား ဆက်သွယ်ညှိနှိုင်းဆောင်ရွက်မှုတွေ မရှိဘူးဆိုတဲ့ သဘောတော့ မဟုတ်ဘူးလို့ ဆိုပါတယ်။

မြန်မာနိုင်ငံက အရပ်ဘက်ဆိုင်ရာ အစိုးရဌာနဆိုင်ရာတွေအနေနဲ့ကတော့ မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင်ဖြစ်နေသေးလို့ အာဆီယံအဖွဲ့ဝင်ဖြစ်ရခြင်းရဲ့ အခွင့်အရေးတွေကို ရရှိနေဦးမှာဖြစ်ပါတယ်။

အာဆီယံနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကိုလည်း မြန်မာနိုင်ငံက သိရှိခွင့်ရှိနေဆဲဖြစ်ပါတယ်။ အာဆီယံအဆင့်မြင့် အစည်းအဝေးတွေမှာလည်း မြန်မာနိုင်ငံအတွက် ခုံနေရာကို အလွတ်ပဲထားဖို့ အာဆီယံက မရည်ရွည်ပါဘူး။

စစ်ဘက်ဆိုင်ရာခေါင်းဆောင်တွေ တက်ရောက်ခွင့်မရှိပေမဲ့ မြန်မာနိုင်ငံက အရပ်ဘက်ဌာနဆိုင်ရာက အကြီးတန်းအရာရှိတွေကတော့ လာတက်ရောက်နိုင်ပါတယ်။ မြန်မာစစ်ကောင်စီက အဲဒီသတ်မှတ်ချက်ကို လက်မခံဘဲ လာတက်ရောက်ခြင်းမရှိခဲ့လို့ဆိုပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် မြန်မာ့အရေးအပေါ် အဖွဲ့ဝင်နိုင်ငံတွေရဲ့ အမြင်နဲ့ ခံယူချက်တွေကတော့ မတူညီကြဘူးလို့  စင်ကာပူဝန်ကြီးက ပြောပါတယ်။ 

ဥပမာအားဖြင့် မြန်မာနိုင်ငံက ဒုက္ခသည်တွေ အမြောက်အမြားဝင်ရောက်လာတဲ့ ဒဏ်ကိုခံနေရတဲ့ ဘေးချင်းကပ်အိမ်နီးချင်းနိုင်ငံတွေကတော့ မြန်မာ့အရေးကို အမြန်ဆုံးပြေလည်စေချင်မှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ ကျင်းပခဲ့တဲ့ အစည်းအဝေးဟာ အာဆီယံအစည်းအဝေးမဟုတ်ဘဲ ထိုင်းနိုင်ငံနဲ့ မြန်မာစစ်ခေါင်းဆောင်တွေပြုလုပ်တဲ့ အစည်းအဝေးသာဖြစ်ပြီး တခြားအာဆီယံနိုင်ငံတွေကိုပါ ဖိတ်ကြားခဲ့တာဖြစ်ပြီး စင်ကာပူက အဲဒီအစည်းအဝေးကို တက်သည်ဖြစ်စေ မတက်သည်ဖြစ်စေ ဘာထူးခြားချက်မှရှိမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

ဘန်ကောက်မှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၂ ရက်က ကျင်းပခဲ့တဲ့ မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးပွဲမှာ အာဆီယံနိုင်ငံတွေထဲက ထိုင်းနိုင်ငံ ဒုဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဒွန်ပရာမွန်းဝီနိုင်း၊ ကမ္ဘောဒီးယား ဒုဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ပရတ်ဆာခွန်း၊ လာအို နိုင်ငံခြားရေးဝန်ကြီး ဆလုံးဆေးကိုမာဆစ်နဲ့ ဗီယက်နမ်နိုင်ငံ နိုင်ငံခြားရေး ဒုဝန်ကြီး ဒိုဟုန်ဗီယက်တို့ တက်ရောက်ခဲ့ပြီး စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဘရူနိုင်းနဲ့ ဖိလစ်ပိုင်နိုင်ငံတို့က ဝန်ကြီးတွေကတော့ တက်ရောက်ခဲ့ခြင်းမရှိပါဘူး။

မစ္စတာဗီဗီယန် အနေနဲ့ကတော့ စစ်အာဏာရှင်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံရမယ်ဆိုရင်လည်းလမ်းဖွင့်ထားကြောင့်နဲ့သူ့ရဲ့ ရပ်တည်ချက်ဖြစ်တဲ့ ဘုံသဘောတူညီချက် ၅ ချက်ကိုပဲ ဆက်လက်တိုက်တွန်းသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာ့အရေးဟာ ခက်ခဲရှုပ်ထွေပြီး အချိန်ဘယ်လောက်ကြာအောင် ဖြေရှင်းရမလဲဆိုတာ မသိနိုင်သေးဘူးလို့နိုင်ငံခြားရေးဝန်ကြီး မစ္စတာဗီဗီယန်က ပြောခဲ့ပါတယ်။ 

Source: SCMP

ဆက်ဖတ်ရန် →
ကျိုက်မရောထောင်တွင် နိုင်ငံရေး အကျဥ်းသားများကို  ပစ်သတ်မည်ဟု ခြိမ်းခြောက်ပြီး ညအချိန် အကြောင်းမဲ့ ခေါ်ယူ ရိုက်နှက်မှုများဖြစ်ပွား

ကျိုက်မရောထောင်တွင် နိုင်ငံရေး အကျဥ်းသားများကို ပစ်သတ်မည်ဟု ခြိမ်းခြောက်ပြီး ညအချိန် အကြောင်းမဲ့ ခေါ်ယူ ရိုက်နှက်မှုများဖြစ်ပွား

ရန်ကုန်၊ မတ် ၆

မွန်ပြည်နယ်၊ ကျိုက်မရောမြို့ ဗဟို အကျဥ်းထောင်တွင် နိုင်ငံရေး အကျဥ်းသားများကို ထောင်ဝန်ထမ်းများက ပစ်သတ်မည်ဟု ခြိမ်းခြောက်ပြီး စစ်ကြောရေးကို ခေါ်ဆောင်ကာ ရိုက်နှက် နှိပ်စက်ပြီး ထောင်ပြောင်းမှုများ လုပ်ဆောင်ကြောင်း အကျဥ်းဦးစီး သတင်းရင်းမြစ်များထံမှ သိရသည်။

ကျိူက်မရော ဗဟို အကျဥ်းထောင်တွင် ထောင်တွင်း အဆင်မပြေမှုများကို ထောင်အာဏာပိုင် အဖွဲ့အစည်းများထံသို့တင်ပြသည့် နိုင်ငံရေး အကျဥ်းသားများကို ထောင်ဝန်ထမ်းများက ညအချိန်တွင် အဆောင်ပြင်သို့ ထုတ်ကာ ပုံစံ ထိုင်ခိုင်းပြီး ပစ်သတ်မည်ဟု ခြိမ်းခြောက် ပြောဆိုကြောင်း၊ ထောင်တွင်း အဆင်မပြေမှုများကို ဆက်လက်တင်ပြလျှင် ညအချိန် စစ်ကြောရေးကို ခေါ်ဆောင်ကာ ရိုက်နှက် နှိပ်စက်ပြီး ထောင်ပြောင်းမှုများ လုပ်ဆောင်​ကြောင်း သိရသည်။ 

"သူတို့ကို ထောင်တွင်း အဆင်ပြေမှုတွေကို အမြဲတင်ပြတဲ့လူဆိုရင် ညအချိန်မတော် ၂ နာရီလောက်ဆိုရင် စစ်ဘက် အရပ်ဖက် တွေနဲ့ လာခေါ်ထုတ်တယ်ပြီးရင် စစ်ကြောရေးကို တစ်ခေါက်ပြန်ခေါ်သွားပြီး ရိုက်တယ်။ ထောင်ပြောင်းတယ်။ တခါတလေ အဆင်မပြေမှုကို တင်ပြတဲ့သူတွေ အဆောင်ဆိုရင် ညဘက် ၂ နာရီလောက်ကြီး ရိုက်နှက်တယ်။ ပုံစံထိုင်ခိုင်းထားတယ်။ လူက အိပ်ငိုက်လာရင် ထိုင်ထ လုပ်ခိုင်းတယ်။ မင်းတို့ နိုင်ကျဥ်းတွေက ဘာကောင်တွေလည်း အကုန် ပစ်သတ်မယ် ကြည့်နေတဲ့ အဲလိုတွေပါ ခြိမ်း​ခြောက်ပြောဆိုတယ်" ဟု အကျဥ်းဦးစီး သတင်းရင်းမြစ်က ပြောဆိုသည်။ 

ထို့ပြင် အကျဥ်းထောင်အတွင်း နိုင်ငံရေးအကျဥ်းသားများသည် ပုံစံဖြင့် ရေးချိုးရခြင်း​၊ နေရာထိုင်ခင်း မသန့်ရှင်းသောကြောင့် ယားနာများ၊ ဝဲများပေါက်ကာ ဆေးကုသမှုမရရှိခြင်း၊ ညပိုင်းတွင် ထောင်ဝန်ထမ်းများက နိုင်ငံရေး အကျဥ်းသားများရှိသည့် အိပ်ဆောင်များ၌ မူးရူး ဆဲဆိုခြင်း၊ဘာရာ စောင့်ရသည့် နိုင်ငံရေး အကျဥ်းသားများကို ထောင်ဝန်ထမ်းများက ခေါ်ယူ ဆဲဆိုပြီး ထိုးကြိတ်မှုများပါလုပ်ဆောင်ကြောင်း၊ အကျဥ်းထောင်အတွင်း ရှာဖွေရေး လုပ် ဆောင် လျှင် နိုင်ငံရေးအကျဥ်းသားများ၏ အဆောင်များကို မွှေနှောက်ကာ ထောင်ဝင်စာပို့ထားသည့် ပစ္စည်းများကို ယူဆောင်သွားကြောင်း သိရှိရသည်။


ဆက်ဖတ်ရန် →
အသားထဲကလောက်ထွက်သူ

အသားထဲကလောက်ထွက်သူ

~~~~~~~~~~~~~~~~~~~~

ဒီဆောင်းပါးကိုကွီးဖြိုးကနေစရမှာပဲ၊ဒါကလဲဥပမာ
ပေးချင်လို့ပါ၊ ကွီးဖြိုးဇနီးကို နှိပ်စက်မယ် မုဒိန်းကျင့်
မယ်၊ သေတဲ့အထိနှိပ်စက်မယ်ဆိုလို့ ထွက်ဆိုရတာပါ
လို့သတင်းတက်ဖူးသလို သူ့ဇနီးကအဆိပ်သောက်ဖို့
ကြိုးစားခဲ့တယ်လို့လဲကြားရတယ်၊ကွီးဖြိုးဇနီးရဲ့မိသား
စုနဲ့ဒေါ်စုကြားမှာခိုင်မာတဲ့ဆက်ဆံရေးတခုရှိခဲ့တယ်၊
ဒါကလဲ တိုးလွင်နဲ့နိုင်းယှဉ်ပြချင်လို့၊  တိုးလွင်ခြံခုန်
တာကပုံစံတမျိုးဖြစ်နေလို့ပါ၊

တိုးလွင်မိန်းမစုစုထွေးက Great Light private school 
ရဲ့ လက်ရှိကျောင်းအုပ်ပါ၊ဒီကျောင်းဖွင့်ရဖို့ NLD
ဗဟိုအလုပ်အမှုဆောင် တိုးလွင်အနေနဲ့ အပေးအယူ
တွေလုပ်ခဲ့ရတယ် စန္ဒာမင်းနဲ့အတူဒေါ်စုကိုတွေ့ပြီး
စကစခိုင်းတာလုပ်တယ် (ကွီးဖြိုးနဲ့သူဘာကွာလဲ)
စကစခိုင်းဖတ်ချင်းတူပါတယ်

နောက်တခု CEC၆ယောက်ကိစ္စ၊ အောင်စိုးက 
တင်္နသာရီဝန်ကြီးချူပ်လှလှမော်ကိစ္စနဲ့ပါတ်သက်လို့
ထုတ်ပယ်ထားတာကြာပြီ၊ သူကထည့်ရေးထားတယ်
အောင်စိုး၊တိုးလွင်၊စန္ဒာမင်း သူတို့တွေပေါင်းပြီး NLD
ကို မင်းအောင်လှိုင်အကြိုက် အသက်သွင်းကြဖို့ကြံနေ
ကြတာပါ၊

တိုးလွင် ရဖြူဂျီခံဖူးလား
~~~~~~~~~~~~~~~~~

ခုန်ချပြီးတော့ကိုခံဖူးတာပါ၊
ဒီနေရာမှာအပြစ်ပြောတာမဟုတ်ပါ သူ့စကားနဲ့သူ့ကို
ပြန်နင်းချင်လို့ပါ သူကပြောတယ်လေ နိုင်ငံခြားမှာ
ဒုက္ခသည်အဖြစ် ( ကြောက်လို့) ခံယူသူတွေ NLDမှာ
တရားမဝင်ဖူးလို့သူရေးထားတာSSတင်ပေးပါတယ်

တိုးလွင်ကဒီပဲယင်းကိစ္စမှာပါတယ် ၂၀၀၆-၂၀၀၇မှာ
မဲဆောက်ကိုရောက်တယ် UNHCRမှာ ဒုက္ခသည်ခံတယ်
၂၀၀၈မှာ ပြည်သစ်ညွန့်ဝေ(အလုပ်သမားမောင်မောင်)
က ကိုပန်းသီးနဲ့တိုးလွင်ကို အမေရိကားမှာ ဒီပဲယင်း
သက်သေအဖြစ် credential challenge လုပ်ဖို့ခေါ်သွား
တယ်၊ ပြန်မလာပဲ ခုန်ချလိုက်တယ်၊ 

သူတို့လောကမှာဒါကို သိက္ခာမဲ့တဲ့လုပ်ရပ်လို့သတ်မှတ်
တယ်၊ အခုNUG ဝန်ကြီးတွေ ထဲကခုန်ချတာကြားဖူး
လား၊ ဒါကိုသူက NLDနဲ့မပါတ်သက်တော့ဖူး​လို့ပြော
နေတာရယ်စရာပျက်လုံးတခုပါပဲ၊သူခုန်ချတာဆန်ဖရန်
စစ်စကိုမှာလို့မှတ်သားဖူးပါတယ်၊

၂၀၁၆မှာသူပြန်လာတယ် သိက္ခာမဲ့လုပ်ရပ်လုပ်ဖူးသူဖြစ်လို့ နေရာပြန်မရနိုင်တော့ဖူး ၊ တိုးလွင်ယောက်ဖ 
က သိန်းဆွေ ၂၀၂၀ ဖျာပုံအမတ်၊ယောက္ခမ က မြင့်
ဆွေ ၁၉၉၀ ဖျာပုံအမတ်ဟောင်း၊ ဝိတ်နဲ့ NLDကိုပြန်ဝင်ခဲ့
တယ်အလုပ်သမားရေးရာမှာဝင်လုပ်တယ် ပြီးတော့ဦး
ဝင်းထိန်အကူအညီနဲ့စည်းကမ်းထိန်းသိမ်းရေးရောက်
တယ်၊ ပြီးတော့ ဦးဝင်းထိန်ကိုကန်တယ် ဦးဟန်သာမြင့်
တို့ကိုလုံးပြီး ရုံးအဖွဲ့အမျိူးသမီးတွေအကူအညီနဲ့မဲရ
အောင်လုပ်ပြီး ၁၇/၁၈လောက်မှာ ဗဟိုကော်မတီဝင်
ဖြစ်လာတယ်၊ ဒီပဲယင်းကိစ္စကြောင့် ပြန်လက်ခံခဲ့တယ်
လို့ယူဆလို့ရပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာတိုး
လွင်ကိုတယောက်ခြင်းတွေ့ခွင့်မပေးခဲ့ဖူး၊ ခုန်ချတဲ့လုပ်
ရပ်ကို NLDဗဟိုအဆင့်မှာ ခွင့်မပြုဖူး သွားပြီးရင်ပြန်
လာပဲ၊ ဒါကိုသူက အညှိးထားခဲ့ပြီးတော့ အခုလိုအခွင့််
သာတယ်လို့ထင်ချိန်မှာ အကုန်လုံးကို ချိုးချေဖို့ NDF
ပုံစံလုပ်ဖို့စတင်ကြိုးစားတာဖြစ်တယ်၊ ဒေါ်အောင်ဆန်း
စုကြည်ရော ကျန်တဲ့ CECတွေရော ဒေါ်ဇင်မာအောင်
တို့ကိုစိတ်ကြိုက်လမ်းဖေါက်ခွင့်ပေးပြီးသား၊ သူက
တ ရား မဝင်ဖူးထအော်တာ ဘာရည်ရွယ်ချက်လဲဆို
တာအားလုံးသဘောပေါက်မှာပါ၊

တိုးလွင်ဟာ မင်းအောင်လှိုင် ခိုင်းဘတ်ဖြစ်သွားပါပြီ။





(ဘောမတွေတိုးလွင်ရေးတာယူတင်နေကြပြီ)
ဆက်ဖတ်ရန် →
မမေဇွန်မိုး သို့မဟုတ် စစ်တပ်က ဖမ်းဆီးသတ်ဖြတ်လိုက်တဲ့ သူနာပြုဆရာမ

မမေဇွန်မိုး သို့မဟုတ် စစ်တပ်က ဖမ်းဆီးသတ်ဖြတ်လိုက်တဲ့ သူနာပြုဆရာမ

RFA
■ ပဲခူးတိုင်းအနောက်ခြမ်း အုတ်ဖိုမြို့နယ်က အသက် ၂၈ နှစ်အရွယ် မမေဇွန်မိုးဟာ ပြည်တက္ကသိုလ်ကနေ မြန်မာစာအဓိကနဲ့ ဘွဲ့ရပြီးနောက် သူနာပြုအလုပ်ကို ဝါသနာပါတာကြောင့် ၂၀၁၄ ခုနှစ်မှာ ရန်ကုန် သူနာပြု သင်တန်းကျောင်းကနေ အောင်လက်မှတ်ရရှိခဲ့သူပါ။

အဲဒီအချိန်ကစလို့ အသတ်မခံရခင်အချိန်ထိ နာမကျန်းသူတွေကို ကူညီစောင့်ရှောက်တဲ့ သူနာပြုအလုပ်ကိုပဲ သူ လုပ်ကိုင်ခဲ့ပါတယ်။ 

အသားဖြူဖြူ၊ ရုပ်ရည်သန့်သန့်ပြန့်ပြန့်၊ အမြဲတမ်းပြုံးရွှင်နေတဲ့ မျက်နှာနဲ့ မမေဇွန်မိုးဟာ စိတ်ထားနူးညံ့တဲ့ နှလုံးလှ သူနာပြုတစ်ယောက် ဖြစ်ပေမယ့် အာဏာသိမ်းစစ်တပ်ရဲ့ မတရားဖိနှိပ်မှုတွေနဲ့ ပတ်သက်ရင်တော့ ရပ်တည်ချက်နဲ့ ခံယူချက် ခိုင်မာပြတ်သားသူ ဖြစ်တယ်လို့ သူ့ရဲ့ သူငယ်ချင်းတွေက ပြောပါတယ်။ သူဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ် အာဏာသိမ်းပြီး သိပ်မကြာခင်မှာပဲ အုတ်ဖိုမြို့နယ်ကနေ အစောဆုံး CDM ဝင်ခဲ့တဲ့ ကျန်းမာရေးဝန်ထမ်းဖြစ်ပါတယ်။

ဒီကာလတွေအတွင်း သူက ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ထိခိုက်ဒဏ်ရာရတဲ့အခါ မကြာခဏ ဆေးလာကု ပေးလေ့ရှိတယ်လို့ PDF တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ဇန်နဝါရီ ၂၉ ရက် ညက ပဲခူးရိုးမပေါ်က PDF တပ်ဖွဲ့ဝင် အမျိုးသမီးတစ်ဦးကို မီးဖွားပေးပြီးအပြန် အုတ်ဖို မြို့နယ်အရှေ့ဘက် တိမ်ညွန့်ကျေးရွာ စစ်ဆေးရေးဂိတ်မှာ မမေဇွန်မိုး အဖမ်းခံလိုက်ရပါတယ်။ 

အဲဒီစစ်ဆေးရေးဂိတ်မှာ ခမရ-(၆) က စစ်သား လေးဦးကနေ ငါးဦးအထိ နေ့စဉ်အထိုင်ချပြီး လမ်းသွားလမ်းလာတွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေတာလို့ ဒေသခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာတော့ ပဲခူးရိုးမတောစပ်အနီး အဝတ်အစားမပါဘဲ နှိပ်စက်သတ်ဖြတ် ခံထားရတဲ့ မမေဇွန်မိုးရဲ့ ရုပ်အလောင်းကို ပြန်တွေ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အုတ်ဖိုမြို့နယ်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဓာတ်ဆီဘူး ငါးဘူး ဝယ်လာတယ် ထန်းပင်ကုန်းရွာကနေပြီးတော့၊ အဲစစ်(-)တွေက ဝယ်လာပြီးတော့မှ မသတ်သေးဘဲ အတင်းအဓမ္မကျင့်ကြံတယ်။ သူတို့အကုန်လုံး ကျင့်ကြံပြီးတော့မှ အဝတ်စားတွေ ချွတ်ခိုင်းပြီး မျက်လုံးပိတ်ပြီး ပြေးစမ်းဆို ပြေးခိုင်းတဲ့အခါမှာ ပစ်သတ်လိုက်တာပေါ့နော်။ ပစ်သတ်လိုက်ပြီးတော့မှ ချုံထဲသယ်ပြီး ဓာတ်ဆီငါးဘူးကို ဖျန်းပြီး ဝါးခြောက်တွေတင်ပြီး မီးရှို့တယ်။ မီးရှို့ခဲ့တော့ ခန္ဓာကိုယ်ရဲ့ လည်ပင်းကနေပြီးတော့ တင်ပါးဆုံအထိကို မီးက မလောင်ခဲ့ဘူး၊ မီးငြိမ်းသွားတယ်ပေါ့။ အဲဒီအသားစတွေကို သူတို့က မမြှုပ်ဘဲနဲ့ စစ် (-) တွေက ပြန်သွားတယ်။ ခွေးက ဆွဲဖော်ပြီးတော့ စားထားတယ်။ ကျနော်တို့က ဆရာမလေးအလောင်းရအောင် ပြန်ဖော်မယ်ဆိုပြီးသွားတော့ အသားစတွေ တွေ့ခဲ့တာပဲ၊ တစ်စချင်းစီဖြစ်နေပြီ။နံရိုးတွေကလည်း ခွေးတွေက ကိုက်ဖြတ်ထားတာ တွေ့ရတယ်။ ဆရာမလေး အလောင်းနဲ့ အဝတ်စားအစတွေလည်း တွေ့ခဲ့တယ်။ ဆရာမလေးရဲ့ အတွင်းခံ ဘောင်းဘီတွေ ချွတ်ထားတာ တွေ့ခဲ့တယ်”

ဇန်နဝါရီ ၂၉ ရက် အဖမ်းခံရချိန်ကနေ အသတ်ခံရတဲ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့အထိ ရက် ၂၀ နီးပါးအတွင်း အုတ်ဖိုမြို့နယ် စရဖရုံးခန်းထဲမှာ မမေဇွန်မိုး နှိပ်စက်ညှဉ်းပန်းခံခဲ့ရတာကို တစ်ဆင့်ပြန်သိရတယ်လို့လည်း သူက ပြောပါတယ်။

စစ်သားတွေက မမေဇွန်မိုးကို အဓမ္မကျင့်သတ်ဖြတ်ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပဲခူးတိုင်း စစ်ကောင်စီပြောခွင့်ရ တိုင်း စီးပွားရေးဝန်ကြီး ဦးတင်ဦး ကို RFA က ဒီနေ့ ဖုန်းခေါ်ခဲ့ပေမယ့် ဖုန်း လက်ခံမဖြေဆိုပါဘူး။

မမေဇွန်မိုးဟာ အာဏာသိမ်းပြီးစ အစောပိုင်းကာလတွေမှာ CDM လုပ်ရုံမက ဆန္ဒပြပွဲတွေမှာ တက်တက် ကြွကြွ ပါဝင်ခဲ့တာကြောင့် အုတ်ဖိုမြို့ အေးမြသာယာ အမှတ် (၈) ရပ်ကွက်က မမေဇွန်မိုးရဲ့ ဘိုးဘွားပိုင် နေအိမ်လည်း ချိပ်ပိတ်ခံခဲ့ရပါတယ်။

စိတ်ထားကောင်းတဲ့ သူနာပြုတစ်ဦး ငယ်ငယ်ရွယ်ရွယ်နဲ့ ရက်ရက်စက်စက် အသတ်ခံရတဲ့အပေါ် စိတ်ထိခိုက် ကြေကွဲရတယ်လို့ အုတ်ဖိုမြို့နယ် ကာကွယ်ရေးတပ် တပ်ရင်း (၅) က အမျိုးသမီးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါ တယ်။

“ဆရာမလေး မမေဇွန်မိုးက ကျမတို့ တပ်ဖွဲ့ဝင်တွေပေါ်မှာ ကျန်းမာရေးအတွက်ဆိုရင် ရဲဘော်တွေ ရိက္ခာထမ်းရတဲ့ ခရီးသွားရတဲ့ဟာမျိုးတွေ ရှိပါတယ်၊ ဒါမျိုးတွေ သွားလာနေရတော့ ဖျားတာနာတာတွေ ရှိပါတယ်၊ ဆရာမလေးက နေ့ညအချိန်မရွေး အားတက်သရောကုသပေးပါတယ်။ ဒါတွေကို မြင်ရတော့ အမျိုးသမီးရဲဘော်တွေအပေါ်မှာရော ညီမလို၊ အစ်မလို ရင်းရင်းနှီးနှီး ပျော်ပျော်ရွှင်ရွှင်နဲ့ တိုင်တိုင်ပင်ပင် နေပါတယ်။ အခုလို ဖြစ်သွားတော့ ကျမတို့လည်း အတော် စိတ်ထိခိုက်ရပါတယ်”

အဖမ်းခံရတဲ့နေ့က မမေဇွန်မိုးကိုလိုက်ပို့တဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦးလည်း ပစ်သတ်ခံခဲ့ရတယ်လို့ သူက ပြောပါတယ်။

မမေဇွန်မိုးရဲ့ ခင်ပွန်း ကိုအောင်ဇင် ကလည်း ၂၀၂၁ ခုနှစ် အစောပိုင်းကတည်းက နိုင်ငံရေးပုဒ်မ ၅၀၅ (က) နဲ့ အဖမ်းခံရပြီး သာယာဝတီထောင်မှာ ထောင်သုံးနှစ် ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားဖြစ်ပါတယ်။ ဇနီးအသတ်ခံရတာကို ထောင်ထဲက ခင်ပွန်းကို အခုထိ မပြောပြရက်သေးဘူးလို့ မိတ်ဆွေတွေက ပြောပါ တယ်။ 

မိဘတွေမှာ မမေဇွန်မိုးအပါအဝင် သမီးနှစ်ယောက်သာ ရှိပါတယ်။ သမက်က ထောင်ထဲရောက်နေ ပြီး သမီးဖြစ်သူအသတ်ခံရချိန်မှာ စစ်သားတွေက အိမ်ကိုလာရှာတာကြောင့် မိဘတွေလည်း ဘေးလွတ်ရာမှာ တိမ်းရှောင်နေရပါတယ်။

မမေဇွန်မိုးရဲ့ သတင်းကို ကြားချိန်မှာ ဖခင်ဖြစ်သူ စိတ်ထိခိုက်ပြီး သတိလစ် မေ့မြောသွားခဲ့တယ်လို့ မိသားစုနဲ့ အရင်းနှီးဆုံး မိတ်ဆွေတစ်ဦးက RFA ကို ပြောပါတယ်။

"နေအိမ်ပေါ်က ဘွဲ့ဓာတ်ပုံလေးတွေတောင် ဖြုတ်ဖို့ အချိန်မရလိုက်ဘူး၊ မမေဇွန်မိုး အဖမ်းခံရပြီး စစ်သားတွေက အိမ်ကိုလာရှာလို့ မိဘနှစ်ယောက်စလုံး ပြေးနေရတယ်။ မိဘတွေလည်း တော်တော် စိတ်ထိခိုက်နေရှာတယ်။ သမီးက အဖမ်းခံရပြီး အဓမ္မကျင့်ခံရပြီး ဆုံးတယ်။ သူတို့လည်း ထွက်ပြေးနေရရှာတယ်။ သူ့အဖေဆို သူ့သမီးသတင်းကြားပြီး သတိလစ်သွားတယ်။ ကျနော်တို့လည်း ထောင်ထဲက အမျိုးသားဖြစ်သူကို အသိမပေးဘူး၊ ရှော့ခ်ဖြစ်သွားမှာ စိုးရိမ်လို့"

စစ်တပ်ဟာ ပဋိပက္ခတွေဖြစ်လာတဲ့အခါတိုင်း အမျိုးသမီးတွေအပေါ် အုပ်စုဖွဲ့ အဓမ္မကျင့်သတ်ဖြတ်တာကို စစ်လက်နက်သဖွယ် အသုံးပြုနေတာဟာ စစ်ရာဇဝတ်မှုမြောက်တာကြောင့် ကျူးလွန်သူတွေ မဖြစ်မနေ တာဝန်ခံရမယ်လို့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) တွဲဖက်အထွေထွေ အတွင်းရေးမှူး မနန်းမို့မို့ က ပြောပါတယ်။

"စစ်ပွဲရဲ့ ဓားစာခံလိုမျိုး စစ်လက်နက်လိုမျိုး အသုံးပြုတာ၊ တကယ်ကို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်လာတာတွေက ကုလ သမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်မှာ အမျိုးသမီးနဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးမှာ အတိအလင်းကို ဖော်ပြထားတယ်၊ ဒီလိုကျူးလွန်တာသည် စစ်ရာဇဝတ်မှု ဖြစ်တယ်၊ လူသားဖြစ်မှုကို ဆန့်ကျင်တဲ့ ရာဇဝတ်မှု ဖြစ်တယ်။ ဒီလိုမျိုး ကျူးလွန်တာကို ကျူးလွန်တဲ့သူတွေကို ထိရောက်တဲ့ အပြစ်ပေးအရေးယူမှုကို သူတို့ရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုကို မဖြစ်မနေ ခံယူရမယ်"

စစ်ကောင်စီတပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မျက်ခြည်မပြတ် စောင့်ကြည့် မှတ်တမ်းတင်နေပြီး အဲဒီ အထဲက ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ၄၀၀ ကျော်ကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီနဲ့ နိုင်ငံ တကာရာဇဝတ်ခုံရုံး (ICC) ထံ ပေးပို့ တိုင်ကြားထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေး ဝန်ကြီးဌာန တာဝန်ရှိသူတွေ က ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလထဲမှာ RFA ကို ပြောပါတယ်။

CDM ကျန်းမာရေးဝန်ထမ်းတွေအပေါ် ပုံစံမျိုးစုံနဲ့ ကျူးလွန်သတ်ဖြတ်နေတဲ့ စစ်ကောင်စီရဲ့လုပ်ရပ်ကို ပြင်း ပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်းလည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မတ်လ ၁ ရက် မနေ့က ထုတ်ပြန်ပါတယ်။

အဲဒီထုတ်ပြန်ချက်မှာ အာဏာသိမ်းထားတဲ့ နှစ်နှစ်အတွင်း ဆရာဝန်နဲ့ သူနာပြုတွေအပါအဝင် ကျန်းမာရေးဝန်ထမ်း ၇၀ ခန့် သတ်ဖြတ်ခံရပြီး ၇၀၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့သလို ၉၀၀ ခန့် ဖမ်းဆီးခံထားရကြောင်း ဖော်ပြထားပါတယ်။
_________



ဆက်ဖတ်ရန် →
“ဗဟိုအလုပ်အမှုဆောင်တစ်ဦးနှင့် ဗဟိုကော်မတီဝင်သုံးဦးအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှထုတ်ပယ်”

“ဗဟိုအလုပ်အမှုဆောင်တစ်ဦးနှင့် ဗဟိုကော်မတီဝင်သုံးဦးအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှထုတ်ပယ်”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် မတ်လ (၃)ရက်နေ့ နေ့စွဲပါ သတင်းထုတ်ပြန်ချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။ အဆိုပါထုတ်ပြန်ချက်အရ ဗဟိုအလုပ်အမှုဆောင်တစ်ဦးနှင့် ဗဟိုကော်မတီဝင်သုံးဦးအား အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှထုတ်ပယ်လိုက်သည်။ 
ဗဟိုအလုပ်အမှုဆောင်ဦးဖြိုးမင်းသိန်း၊ ဗဟိုကော်မတီဝင်များဖြစ်ကြသော ဒေါ်စန္ဒာမင်း၊ ဦးဝင်းမြင့်အောင် နှင့် ဦးတိုးလွင် စုစုပေါင်း လေးဦးတို့အား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှထုတ်ပယ်လိုက်ခြင်းဖြစ်သည်။ သတင်းဖော်ပြချက်အရ အဖွဲ့ချုပ်၏ မူဝါဒနှင့်ရပ်တည်ချက်များကို ၎င်းတို့က ဆန့်ကျင်ပြီး ပြည်သူ့ဆန္ဒကို လေးစားလိုက်နာခြင်း မရှိသောကြောင့်  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ထုတ်ပယ်လိုက်ပြီး ၎င်းတို့သည် အဖွဲ့ချုပ်ပါတီနှင့် မည်သို့မျှ မသက်ဆိုင်တော့ ကြောင်းကို အသိပေး ကြေညာထားပါသည်။









ဆက်ဖတ်ရန် →
ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့ကို လွှတ်ပေးရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီ ၏ ဆုံးဖြတ်ချက် အကြမ်းဖက် စစ်ကောင်စီ မလိုက်နာမှု Noeleen Heyzer က လုံခြုံရေးကောင်စီထံ တင်ပြအစီရင်ခံမည်

ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့ကို လွှတ်ပေးရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီ ၏ ဆုံးဖြတ်ချက် အကြမ်းဖက် စစ်ကောင်စီ မလိုက်နာမှု Noeleen Heyzer က လုံခြုံရေးကောင်စီထံ တင်ပြအစီရင်ခံမည်

ရန်ကုန်၊ မတ် ၃ ခေတ်သစ်
ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့နှင့် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရေး အပါအဝင် မြန်မာ့ အရေး ချမှတ်ထားသော  ဆုံးဖြတ်ချက်များကို  စစ်ကောင်စီက လိုက်နာမှု ရှိ၊ မရှိ  ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer က လုံခြုံရေးကောင်စီထံ တင်ပြအစီရင်ခံမည်ဖြစ်ကြောင်း သိရှိရသည်။ 
ကုလမသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာ့အရေး ဆုံးဖြတ်ချက်များတွင် မတ်လ ၁၅ ရက်နေ့မတိုင်မီ  ဆုံးဖြတ်ချက်များကို စစ်ကောင်စီက လိုက်နာ ဆောင်ရွက်ခြင်းရှိ၊ မရှိ အစီရင်ခံ ရမည်ဟု တရားဝင် သတ်မှတ်ထားရာ ကုလသမဂ္ဂအတွင်းရေး မှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer က မတ် လ ၁၃ ရက်နေ့တွင် နှုတ်ဖြင့် လုံခြုံရေးကောင်စီသို့ တင်ပြမည်ဟု သိရှိရကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုသည်။ 
"အားလုံးသိတဲ့အတိုင်း ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၁ ရက်နေ့ ကုလသ မဂ္ဂ လုံခြုံရေးကောင်စီမှာ  မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ ဆုံးဖြတ်ချက်အဆိုတစ်ခုချခဲ့တယ်။ အဲဒီ ဆုံးဖြတ်ချက်က သိတဲ့အတိုင်း မြန်မာနိုင်ငံသမိုင်းမှာ ပထမဆုံး ကုလသမဂ္ဂလုံခြုံရေးကောင်စီက ချခဲ့တဲ့ ဆုံးဖြတ်ချက်ဖြစ်တဲ့အတွက် သမိုင်းဝင်ဖြစ်ခဲ့တယ်။ ဒါပေမဲ့ ဆုံးဖြတ်ချက်အဆိုမှာ ကျနော်တို့ လိုချင်တဲ့အချက်တွေ အားလုံးတော့ ပါလာတာမရှိဘူး။ နောက်ပြီးတော့ ဒီ ဆုံးဖြတ်ချက်အဆို ကိုယ်တိုင်ကိုက အရမ်းကို ပျော့နေတယ်လို့ အများကလည်း သုံးသပ်တယ်။ ကျနော်တို့လည်း သုံးသပ်တယ်။ ဘာကြောင့်ပဲဖြစ်ဖြစ် ဆုံးဖြတ်ချက်တစ်ခုချတဲ့အတွက် ကျနော်တို့ ကြိုဆိုတယ်။ ဒါပေမဲ့ အဲဒီ ဆုံးဖြတ်ချက်အပေါ် အခြေပြုပြီးတော့ ပြည်သူတွေရဲ့ တောင်းဆိုမှုတွေကို Reflect လုပ်တဲ့ နောက်ထပ်ဆုံးဖြတ် ချက်တွေ ချနိုင်ဖို့ အတွက်ကို အခု မကြာခင်ကာလမှာ ဒီ Resolution ရဲ့ အချက်အရ ဒီ မတ်လ ၁၅ ရက် မတိုင်ခင်မှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်ကနေပြီးတော့  ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ Oral Report တင်ဖို့ဆိုတဲ့ဟာ ပါတယ်။ အကြမ်းဖျင်း သိရတဲ့ဟာက မတ်လ ၁၃ ရက်နေ့မှာ လုပ်မယ်လို့တော့ သိရတယ်။ ဒါပေမဲ့ ဘယ်လို Format လုပ်မလဲ။ ဘယ်လို Format လဲဆိုတာက Open Debate လား လူအများပါဝင်ဆွေးနွေးနိုင်တဲ့ Open Debate ပုံစံမျိုးဖြစ်မလား ဒါမှမဟုတ်ရင် အရင်လို ကျင်းပတဲ့ ဒီ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေသာ တက်ရောက်နိုင်ပြီးတော့ ဒီ ရှင်းလင်းပြောကြားတဲ့ အရင်တုန်းကတော့ အာဆီယံ Special Envoy နဲ့ UN Special Envoy လာရောက်ရှင်းလင်းပြောကြားတဲ့ သာဓကတွေတော့ ရှိတယ်။ အခုတော့ ဘယ်လိုပုံစံနဲ့ဖြစ်မလဲ မပြောတတ်ဘူး ။ မတ်လ ၁၃ ရက်နေ့မှာ ဖြစ်ဖို့တော့ များတယ်ဆိုတဲ့ အသံလေးတွေတော့ ကျနော်တို့ ကြားနေရတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် Oral Report ရှိတယ်" ဟု သံအမတ်ကြီး ဦးကျော်မိုးထွန်းက ရှင်းပြသည်။ 
လာမည့် မြန်မာ့အရေးဆိုင်ရာ ကုလသမဂ္ဂအစည်းအဝေးများတွင် No Fly Zone သတ်မှတ်ရေးနှင့် R2P သတ်မှတ်ရေးတို့ကိုလည်း ဆက်လက် တောင်းဆိုသွားမည်ဖြစ်ပြီး အချိန်ကြာမြင့်ကာ အခက်အခဲများရှိနိုင်သော်လည်း စဉ်ဆက် မပြတ် ဆက်လက်တောင်းဆိုသွားမည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။ 
"Responsibility to Protect ဆိုတဲ့ Principle ကို အသုံးပြုဖို့ ၊ အဲဒီလို အသုံးပြု ပြီး‌ တော့ ပြည်သူတွေရဲ့ အသက်ကို ကာကွယ်ပေးဖို့ဆိုတာ့ဟာကို တောင်းဆိုနေတယ်။ နောက်ပြီးတော့ အဲလိုပဲပေါ့ ခုနပြောတဲ့ လေယာဉ်ပျံတွေ အသုံးပြုပြီးတော့ သတ်ဖြတ်နေတဲ့ဟာတွေကို ရပ်တန်းက ရပ်ဖို့အတွက်ဟာကို  No Fly Zone သတ်မှတ်ပေးဖို့အတွက်ကို ပြည်သူတွေ တောင်းဆိုတာရှိတယ်။ အဲဒီလိုမျိုး ပြည်သူတွေတောင်းဆိုသလို NUG အပါအဝင် ကျနော်တို့အနေနဲ့လည်း နိုင်ငံတကာက အဲဒါတွေကို လုပ်ပေးနိုင်ဖို့အတွက်ကို တောက်လျှောက်ကို တောင်းဆိုနေတဲ့ဟာရှိတယ်။ ဒါပေမဲ့လည်း အခုထိ ကျနော်တို့ တောင်းဆိုနေတဲ့ဟာက ဖြစ်မြောက်လာခြင်းမရှိဘူး။ ကျနော် အမြဲတမ်းပြောနေတဲ့ဟာတော့ ရှိပါတယ်။ ခုန လုံခြုံရေးကောင်စီအရကို လည်းကောင်း ၊ နိုင်ငံ အစုအဖွဲ့အရသော် လည်းကောင်း ၊ တစ်နိုင်ငံကသော် လည်းကောင်း ဒီလိုမျိုးတွေလုပ်ပေးဖို့အတွက်ကို တောင်းဆိုတဲ့ဟာမှာ လုပ်ပေးနိုင်သည် လုပ်ပေး၊ မလုပ်ပေးနိုင်သည်ပေါ့နော်။ အထူးသဖြင့် လုံခြုံရေးကောင်စီက ဒီလိုမျိုးတွေ လုပ်ပေးဖို့ဆိုတာတော်တော် ခက်ခဲတယ်ဆိုတဲ့ဟာ ကျနော်နားလည်ပါတယ်။ ဒါပေမဲ့လည်း ဘယ်လို ခက်ခဲသည် ဖြစ်စေ တောင်းဆိုရမယ့် တာဝန်က ကျနော်တို့မှာ ရှိတယ်။ ဒါကြောင့် ဘယ်အချိန်မှာ ရမယ်၊ ဘယ်အချိန်မှာ ဖြစ်မလဲဆိုတာတော့ကျနော်တို့ မသိဘူး။ ဒါပေမဲ့ ပြည်သူတစ်ယောက်အနေနဲ့ ပြည်သူတွေရဲ့ အသံကို ဆက်လက်ပြီးတော့ တောင်းဆိုရမှာ ဖြစ်တဲ့အတွက်ကြောင့် R2P Principle ကို အသုံးပြုပေးဖို့ ၊ နောက်ပြီးတော့ No Fly Zone ကို ကြေညာပေးဖို့အတွက်ကိုတော့  တောက်လျှောက်တော့ ဆက်လက်တောင်းဆိုနေမှာပဲ။ အဲဒီလိုပဲ ဒီလေယာဉ်ပျံတွေ မပျံနိုင်ဖို့အတွက်ဆိုရင် ဒီလိုမျိုး လေယာဉ်ဆီတွေ Jet fuel တွေ မြန်မာပြည်ကို မရောက်ဖို့ကလည်း အရေးကြီးတယ်။ ဒါကြောင့်မို့လို့ ဒီ No Fly Zone တောင်းဆိုသကဲ့သို့ ဒီ Jet Fuel တွေကို စစ်တပ်ဆီကို မရောင်းဖို့အတွက်ကိုလည်း ကျွန်တော်တို့ တိုက်တွန်းနေတာ ရှိတယ်။ ဒါကိုလည်း နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ကျနော်တို့ပြည်သူတွေရဲ့ အသံကို နားထောင်ပြီးတော့ ဒီ Jet fuel တွေကို မရောင်းဖို့ တိုက်တွန်းနေတာရှိတယ်။ ဒါတွေကိုလည်း ဆက်လက်ပြီးတော့ တိုက်တွန်းသွားမယ်ဆိုတာ ဒီနေရာကနေ တင်ပြလိုပါတယ်" ဟု သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဆက်လက်ပြောဆိုသည်။

ဓာတ်ပုံ- ကုလသမဂ္ဂလုံခြုုံရေးကောင်စီ၏ အစည်းအဝေးမြင်ကွင်း။


ဆက်ဖတ်ရန် →
မေ့လျော့မခံရသေးပေမဲ့ လျစ်လျူရှုခံနေရတဲ့ မြန်မာနိုင်ငံကစစ်ပွဲ

မေ့လျော့မခံရသေးပေမဲ့ လျစ်လျူရှုခံနေရတဲ့ မြန်မာနိုင်ငံကစစ်ပွဲ

မြန်မာနိုင်ငံမှာရက်စက်တဲ့ပြည်တွင်းစစ်ကို စတင်စေခဲ့တဲ့ ရက်စက်တဲ့စစ်အာဏာသိမ်းမှုအပြီး ၂ နှစ်အကြာမှာ ပဋိပက္ခအပေါ် ကမ္ဘာကြီးက မျက်စိမှိတ်ထားလိုက်ပြီလို့ လူအများအပြားက ယုံကြည်နေကြပါတယ်။

ကမ္ဘာ့မေ့လျော့ခံစစ်ပွဲလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးစုံစမ်းစစ်ဆေးရေးမှူး တွမ်အန်ဒရူးက ပြီးခဲ့တဲ့လမှာခေါ်ဝေါ်သုံးနှုန်းခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ဇန်နဝါရီ ၃၁ ရက်၊ အာဏာသိမ်းမှု ၂ နှစ်မပြည့်မီ ၁ ရက်အလိုက စီအန်အန်သတင်းဌာနရဲ့သတင်းခေါင်းစဉ်တခုမှာလည်း “ကြောက်မယ်ဖွယ်ရာအခြေအနေသို့ မြန်မာနိုင်ငံဆင်းသက်နေသော်လည်း ကမ္ဘာကြီးမျက်နှာလွှဲထား”လို့ ပါဝင်နေပါတယ်။

ဒါဟာ လက်ခံမှုမြင့်တက်လာတဲ့ ဘုံခံယူချက်တခုဖြစ်ပေမဲ့ အဲဒီအချက်မှာ ကောင်းကျိုးဘယ်လောက်ရှိနေပါသလဲ။ 

အာဏာသိမ်းခံရပြီး သီတင်းပတ်တွေလောက် ဒီနေ့မြန်မာနိုင်ငံကို နိုင်ငံခြားနိုင်ငံရေးသမားတွေနဲ့ သတင်းစာဆရာတွေ စိတ်မဝင်စားဘူးဆိုတဲ့ပြောဆိုမှုဟာ ၂၀၂၁ ခုနှစ်နှစ်လယ်ပိုင်းမှာ နေတိုးတပ်ဖွဲ့တွေပြန်ဆုတ်သွားပြီးနောက် နိုင်ငံအာရုံစိုက်မှု မြန်မြန်ဆန်ဆန်ရခဲ့တဲ့ အာဖဂန်နစ္စတန်နိုင်ငံကဖြစ်ရပ်တွေ၊ ဆီးရီးယား၊ ယီမင်နဲ့ အာဖရိကအရှေ့ပိုင်းက ပိုဆိုးလာတယ်လို့ ငြင်းခုန်ပြောဆိုရနိုင်တဲ့ ဖြစ်ရပ်တွေကြောင့်လို့လည်း ပြောနိုင်ပါတယ်။ 

နည်းလမ်းအများအပြားနဲ့ မြန်မာနိုင်ငံဆိုင်ရာအကြပ်အတည်းဟာ သတင်းစာခေါင်းကြီးပိုင်းတွေနဲ့ နိုင်ငံရေးသမားတွေရဲ့သတင်းစာရှင်းလင်းပွဲတွေမှာ ပါဝင်ခြင်းမရှိတော့ဘဲ ကမ္ဘာ့နောက်ဆုံးကပ်ဘေးတွေနဲ့ အစားထိုးလာနိုင်တယ်ဆိုတဲ့အချက်ကိုလည်း မျှော်လင့်ထားခဲ့သင့်ပါတယ်။ မြန်မာနိုင်ငံဟာ ရှင်းရှင်းပြောရရင်တော့ နာမည်ပျက်နဲ့ကျော်ကြားတဲ့ နိုင်ငံတကာအသိုက်အဝန်းရဲ့အာရုံစိုက်မှုကင်းမဲ့တဲ့ရောဂါအတွက် နောက်ထပ်သားကောင်တကောင်ဖြစ်သွားတာပါပဲ။ 

မြန်မာနိုင်ငံအကြောင်း အနောက်နိုင်ငံတွေမှာ အသိအမြင်ကင်းမဲ့မှုနဲ့ မီဒီယာတွေမြန်မာနိုင်ငံအတွင်း ဝင်ရောက်လုပ်ငန်းလည်ပတ်နိုင်မှု ခက်ခဲမှုတို့အပါအဝင် သိသာထင်ထားရှားတဲ့ မီဒီယာအာရုံစိုက်မခံရတဲ့ အကြောင်းရင်းအများအပြားရှိနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ကြီးဟောင်း စကော့ မာစီယယ်ကပြောပါတယ်။ 

ယူကရိန်းစစ်ပွဲဟာ မြန်မာနိုင်ငံအပေါ်အာရုံစိုက်မှုတွေကို ယုတ်လျော့စေတယ်လို့လည်း တခြားသောရင်းမြစ်တွေက ညီညီမျှမျှထောက်ပြကြပါတယ်။ အရှေ့ဥရောပပဋိပက္ခကိုအာရုံစိုက်သလို အာရုံစိုက်ခဲ့မယ်ဆိုရင် မြန်မာနိုင်ငံက စစ်အုပ်စုဆန့်ကျင်တဲ့တော်လှန်သူတွေအတွက် နိုင်ငံတကာအသိုက်အဝန်းက ပိုပြီးဆောင်ရွက်ပေးနိုင်လိမ့်မယ်လို့ ပြောကြတယ်ဆိုပြီး သက်သေပြနေပါတယ်။

“ကမ္ဘာတဝန်းက နိုင်ငံအများအပြားကတော့ မြန်မာအကြပ်အတည်းကို မေ့လျော့နေကြပါပြီ” လို့ မြန်မာစစ်တပ်ကို ဒဏ်ခတ်အရေးယူဖို့စည်းရုံးလှုံ့ဆော်နေတဲ့ ဘားမားကမ်ပိန်းယူကေ (Burma Campaign UK)ရဲ့ညွှန်ကြားရေးမှူး မာ့ခ် ဖာမာနာက ပြောပါတယ်။ 

“သူ့တို့အိမ်တံခါးရောက်နေတဲ့ အကြပ်အတည်းဆိုတဲ့သဘောနဲ့ အစိုးရတွေက ယူကရိန်းအရေးကို ပိုပြီးအာရုံစိုက်နေကြတယ်လို့ နားလည်နိုင်ပါတယ်။ ဒါပေမဲ့ ရုရှားကိုကျင့်သုံးနေတဲ့ အရေးယူဆောင်ရွက်မှုတွေရဲ့ ရာခိုင်နှုန်းအနည်းငယ်လောက်သာ မြန်မာစစ်တပ်ကို ကျင့်သုံးမယ်ဆိုရင် စစ်အာဏာသိမ်းမှုကိုခုခံနေကြတဲ့လူတွေကိုအားပေးတဲ့မျှခြေကို ကူညီနိုင်မယ်ဆိုတာကတော့ ရှုပ်ထွေးစရာကောင်းနေပါတယ်” လို့လည်း သူကပြောပါတယ်။ 

အဲဒီသဘောထားနဲ့ပတ်သက်ပြီး နောက်ပြန်ဆုတ်နေတဲ့ အချက်အချို့လည်းရှိနေပါတယ်။ ယူကရိန်းနဲ့ထပ်တူ သဘောထားနေတာဟာလည်း ပြဿနာတခုလို့ သတင်းရင်းမြစ်တချို့ကပြောပါတယ်။ 

“ယူကရိန်းနဲ့မြန်မာကို နှိုင်းယှဉ်တာ မသင့်လျော်ပါဘူး။ ယူကရိန်းအထောက်အပံ့တွေ အများကြီးရနေတာမြင်ရတဲ့အချိန်မှာ မြန်မာနိုင်ငံသားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကတော့ သူတို့ဟာ ပစ်ပယ်ခံထားရတယ်လို့ ခံစားရတာကို နားလည်ပေးနိုင်ပါတယ်။ လုံးဝကို ခြားနားတဲ့အခြေအနေတခုပါ” လို့ အကြီးတန်းနိုင်ငံခြားသံတမန်တယောက်က အေးရှားတိုင်းမ်စ်ကို ပြောပါတယ်။ 

ယူကရိန်းနိုင်ငံအတွက် သုံးစွဲနေရလို့ မြန်မာနိုင်ငံကို လျစ်လျူရှုခံနေရတယ်ဆိုပြီး ပါးစပ်ပြောဖြစ်နေတာကလည်း အနောက်နိုင်ငံတွေဟာ အာရှနိုင်ငံတွေနဲ့ပတ်သက်ပြီး ဂရုမစိုက်ဘူးဆိုတဲ့ စိုးရိမ်စရာအတွေးကိုဖြစ်လာစေပြီး (အကြောင်းရင်းခံက လူမျိုးရေးခွဲခြားမှုဖြစ်နေပြီး မှားနေတယ်လို့ အနောက်နိုင်ငံတွေဘက်ကပြောပါတယ်) ယူကရိန်းနိုင်ငံကအခြေအနေတွေကို သူတို့လည်း ဂရုစိုက်စရာမလိုဘူးလို့ အရှေ့တောင်အာရှနိုင်ငံတွေက ခံယူလာနိုင်တယ်လို့ အနောက်နိုင်ငံတနိုင်ငံက သံတမန်တယောက်ကပြောပါတယ်။ 

စကားမစပ်ပြောရရင် မြန်မာနိုင်ငံကလူ့မလိုင် ၁၀ ပုံ ၁ ပုံနီးပါးကလည်း ယူကရိန်းကစစ်ပွဲအကြောင်းကို စိတ်မဝင်စားဘူးလို့ ပြောပါတယ်။ ဒါဟာ ဘရူနိုင်းနိုင်ငံသားတွေနောက်မှာ ဒုတိယအများဆုံးရာခိုင်နှုန်းဖြစ်တယ်လို့ ပြီးခဲ့တဲ့တပတ်မှာ စင်ကာပူနိုင်ငံအခြေစိုက် အိုင်အက်စ်အီးအေအက်စ်-ယူဆွတ်ဖ် အိုင်ရှက်အင်စတီကျူ့ (ISEAS–Yusof Ishak Institute) ကထုတ်ပြန်တဲ့ စစ်တမ်းအရသိရပါတယ်။

မြန်မာနိုင်ငံရဲ့ဆယ်စုနှစ်များစွာကြာနေတဲ့ နိုင်ငံရေးရုပ်ဆောင် ဒေါ်အောင်ဆန်းစုကြည် ထောင်ဒဏ်ကျခံနေရတဲ့အတွက် မြန်မာနိုင်ငံက စစ်အုပ်စုဆန့်ကျင်ရေးခုခံမှုတွေဟာ သြဇာတိက္ကမရှိတဲ့ ဗဟိုရုပ်လုံးကင်းမဲ့နေပြီး ယူကရိန်းနိုင်ငံမှာတော့ သမ္မတ ဗိုလော့ဒီမျာ ဇီလန်စကီရှိနေတဲ့အတွက် မြန်မာအကြပ်အတည်းကို အာရုံစိုက်ခံရတာပိုနည်းနေတဲ့ အကြောင်းရင်းတရပ်ဖြစ်နိုင်ပါတယ်။ 

မြန်မာအရေးဟာ ပိုမိုရှုပ်ထွေးတဲ့ အကြပ်အတည်းလည်းဖြစ်ပါတယ်။ ယူကရိန်းမှာတော့ ကမ္ဘာကြီးကို အချုပ်အခြာအာဏာပိုင်နိုင်ငံတနိုင်ငံက နောက်တနိုင်ငံကိုဝင်ရောက်ကျူးကျော်တယ်ဆိုတဲ့ အဖြူနဲ့အမည်းဇာတ်လမ်းတခု တင်ပြထားပါတယ်။ ဒါ့အပြင် ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပနိုင်ငံတနိုင်ငံကို ပထမဆုံးကျူးကျော်ဝင်ရောက်မှုအဖြစ်လည်း သတ်မှတ်ထားပြီး တကမ္ဘာလုံးကိုသက်ရောက်နိုင်တဲ့ ဒါမှမဟုတ် နေတိုးအဖွဲ့ဝင်နိုင်ငံအားလုံး ပါဝင်လာနိုင်တဲ့ပိုကျယ်ပြန့်တဲ့ နျူကလီးယားစစ်ပွဲအဖြစ် ပြောင်းလဲသွားနိုင်တဲ့ အန္တရာယ်တွေရှိနေပါတယ်။ 

မြန်မာနိုင်ငံမှာတော့ နိုင်ငံတနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ပတ်သက်လို့ ရှင်းရှင်းလင်းလင်းနားလည်နိုင်တဲ့ ကိစ္စမဟုတ်တဲ့အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံတချို့ရဲ့အစိုးရတွေက နိုင်ငံတနိုင်ငံရဲ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ဖို့ သူတို့မှာတာဝန်မရှိဘူးလို့ ယုံကြည်နေပြီး မြန်မာနိုင်ငံကို အာဆီယံအစီအစဉ်ကနေဖယ်ထုတ်ချင်နေကြတာပါ။ 

မြန်မာအကြပ်အတည်းဟာ ပြည်တွင်းနိုင်ငံရေးပါဝင်ပတ်သက်သူတွေ၊ မတူကွဲပြားတဲ့ရည်ရွယ်ချက်တွေနဲ့ နည်းလမ်းတွေရှိနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုင်းရင်းသားတပ်ဖွဲ့တွေပါဝင်နေတဲ့ မတူညီတဲ့အုပ်စုတွေနဲ့ ရုပ်စုံပန်းချီကားအသွင် ဆောင်နေသူတွေကြားမှာဖြစ်နေတာပါ။ 

‘မြန်မာခုခံမှုဟာ တဖက်နဲ့တဖက် အကြည့်ချင်းမဆုံကြသေးတဲ့၊ အားလုံးပြောပြီးဆိုပြီးတဲ့အချိန်မှာ တဖွဲ့နဲ့တဖွဲ့ ပြန်လည်တိုက်ခိုက်နိုင်ကြတဲ့ မတူကွဲပြားတဲ့အဖွဲ့ ဒါဇင်ချီရဲ့ စုပေါင်းထားမှုဖြစ်ပါတယ်” လို့ မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာမှုစင်တာ (Center for Strategic and International Studies) အကြံပေးအဖွဲ့က အရှေ့တောင်အာရှ အစီအစဉ်ညွှန်ကြားရေးမှူး ဂရီဂိုရီ ပိုလင်းက ပြောပါတယ်။ 

မြန်မာနိုင်ငံက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ တိုင်းရင်းသားတပ်ဖွဲ့တွေကို မဖြစ်နိုင်တဲ့နည်းလမ်းနဲ့ ယူကရိန်းစစ်တပ်နဲ့ နိုင်ငံတကာသတင်းစာဆရာတွေက ချိတ်ဆပ်နေပါတယ်။ တပ်ဖွဲ့တွေလှုပ်ရှားမှုစက်ဝန်း နေ့စဉ်နောက်ဆုံးရအချက်အလက်တွေကို ယူကရိန်းစစ်ပွဲမှာရရှိနိုင်နေပြီး မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်တပ်နဲ့ စစ်တပ်ဆန့်ကျင်တပ်ဖွဲ့တွေ ဘယ်နေရာတွေကို ထိန်းချုပ်ထားသလဲဆိုတာ ထောက်ပြရတာက ပိုမိုခက်ခဲနေပါတယ်။ 

ယူကရိန်းစစ်ပွဲကြောင့် ကမ္ဘာတဝန်းမှာ စားနပ်ရိက္ခာပြတ်လပ်မှုတွေနဲ့ ငွေကြေးဖောင်းပွမှုတွေမြင့်တက်နေပြီး မြန်မာအကြပ်အတည်းကြောင့် အိမ်နီးချင်းနိုင်ငံတွေရဲ့စီးပွားရေးကို ရိုက်ခတ်မှုနည်းပါးပါတယ်။ 

အာဏာသိမ်းမှုနောက်ပိုင်း မြန်မာစစ်တပ်ကြောင့် လူ ၂၉၀၀ နီးပါးသေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (အေအေပီပီ) ဆီကနေသိရပြီး ပြီးခဲ့တဲ့ ၁၂ လအတွင်း ယူကရိန်းအရပ်သား ၇၀၀၀ ဝန်းကျင်လောက် သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂက ပြီးခဲ့တဲ့လမှာပြောပြီး ရုရှားနဲ့ ယူကရိန်းတပ်ဖွဲ့ဝင် သိန်းချီလည်းသေဆုံးခဲ့ပါတယ်။ 

နိုင်ငံခြားအစိုးရအဖွဲ့တွေက မြန်မာနိုင်ငံအကြောင်း မေ့လျော့နေတယ်ဆိုတာမဟုတ်ကြောင်း နိုင်ငံခြားအစိုးရအဖွဲ့တွေက ငြင်းဆိုကြပါတယ်။ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာမှာ မြန်မာနိုင်ငံအပေါ် ၅ ကြိမ်မြောက်ဒဏ်ခတ်အရေးယူမှုကို ဥရောပသမဂ္ဂက ပြုလုပ်ခဲ့ပြီး ဒီဇင်ဘာက အာဆီယံအဖွဲ့နဲ့ ခေါင်းဆောင်တွေရဲ့ထိပ်သီးအစည်းအဝေးမှာလည်း မြန်မာပဋိပက္ခဟာ အဓိကဆွေးနွေးခဲ့တဲ့အကြောင်းရင်းဖြစ်ပါတယ်။ 

ဥရောပသမဂ္ဂဟာ မြန်မာနိုင်ငံအတွက် အထူးကိုယ်စားလှယ်အနေနဲ့ အာဆီယံဆိုင်ရာဥရောပသမဂ္ဂသံအမတ်ကြီး အီဂေါ ဒရီးရက်စ်မန်းကို ခန့်အပ်ထားပါတယ်။ 

စစ်တပ်ဘဏ္ဍာငွေသုံးစွဲမှုကို ကြပ်မတ်ထားတဲ့ဥပဒေပြုမှုမှာ အာဏာသိမ်းစစ်တပ်ကို ဒဏ်ခတ်အရေးယူမှုတွေဖြစ်လာနိုင်တဲ့ ဘားမားအက်ဥပဒေကို ပြီးခဲ့တဲ့ဒီဇင်ဘာမှာ အမေရိကန်အထက်လွှတ်တော်က အတည်ပြုခဲ့ပါတယ်။ 

ဇန်နဝါရီ ၃၁ ရက်မှာ အမေရိကန်နဲ့ တခြားအနောက်နိုင်ငံတွေက နောက်ထပ်ဒဏ်ခတ်အရေးယူမှုတကြိမ် ထပ်မံပြုလုပ်ခဲ့ပြီး ဒီဇင်ဘာ ၂၁ ရက်မှာလည်း ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာစစ်တပ်ရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ရှုတ်ချတဲ့ဆုံးဖြတ်ချက် ချမှတ်ခဲ့ပါသေးတယ်။ 

နိုင်ငံတကာသတင်းစာတွေကလည်း မြန်မာနိုင်ငံမှာ ဘာတွေဖြစ်ပျက်နေသလဲဆိုတာကို တူညီတဲ့ပုံစံနဲ့ မေးခွန်းထုတ်နေပါတယ်။ ပြီးခဲ့တဲ့နှစ်သြဂုတ်တုန်းက အီကောနော်မစ်အပတ်စဉ်မဂ္ဂဇင်းက အမျိုးသားညီညွတ်ရေးအစိုးရကိုရည်ညွှန်းပြီး မြန်မာစင်ပြိုင်အစိုးရဟာ အကူအညီတွေပိုရဖို့ ထိုက်တန်တယ်လို့ ခေါင်းစဉ်တပ်ထားတဲ့မျက်နှာဖုံးစာမျက်နှာနဲ့ ထုတ်ဝေခဲ့ပါတယ်။ 

အဲဒီနောက်ပိုင်းမှာ မြန်မာနိုင်ငံအကြောင်းဆောင်းပါးတွေကို အဲဒီမဂ္ဂဇင်းက ဖော်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့သြဂုတ်ကစပြီး နယူးယောက်တိုင်းမ်စ်သတင်းစာက မြန်မာနိုင်ငံအကြောင်း ဆောင်းပါး ၁၇ ခု ဖော်ပြခဲ့ပါတယ်။ 

အမေရိကန်က နယူးယောက်တိုင်းမ်စ်ဟာ အခုနှစ်မှာတော့ မြန်မာနိုင်ငံအကြောင်း သတင်းဖော်ပြတာမရှိသေးပါဘူး။ ဗြိတိန်သတင်းစာ ဂါးဒီးယန်းကလည်း အခုနှစ်အစကစပြီး မြန်မာနိုင်ငံအကြောင်းဆောင်းပါး အနည်းဆုံး ၁၆ ခုဖော်ပြခဲ့ပါတယ်။ Telegraph သတင်းဌာနကတော့ သတင်းတွေနေ့စဉ်ထုတ်ဝေနေပါတယ်။ ဒါပေမဲ့ ၂ ဖက်စလုံးဟာ ကျိုးကြောင်းညီညွတ်မှုမရှိပါဘူး။ 

ယူကရိန်းစစ်ပွဲဟာ ထပ်တူပြုနှိုင်းယှဉ်ရာမှာ အကောင်းဆုံးမဟုတ်နိုင်ဘဲ လက်တွေ့အသုံးချရာမှာ တလွဲဦးဆောင်တဲ့အခြေအနေမှာရှိနေပါတယ်။ ယူကရိန်းစစ်ပွဲနဲ့ မြန်မာအကြပ်အတည်းကြား ရုပ်ပိုင်းဆိုင်ရာကွဲပြားခြားနားမှုတွေထက် အဆိုးဆုံးအနေနဲ့ အနောက်နိုင်ငံတွေရဲ့ မညီမမျှအဆင့်အတန်းခွဲတယ်လို့ ပြောနိုင်တဲ့လုပ်ရပ်တွေဟာ တမင်ရည်ရွယ်တာလို့ ဖော်ပြနေပါတယ်။ 

မြန်မာနိုင်ငံက ဒီမိုကရေစီပြောင်းလဲမှုတွေနောက်ကွယ်မှာ အပြည့်အဝရပ်တည်တယ်လို့ နှစ်ပေါင်းများစွာ အနောက်နိုင်ငံတွေကပြောခဲ့ပြီးနောက်၊ ရပ်တည်တဲ့အတွက် သူတို့ကိုယ်သူတို့ချီးကျူးခဲ့ပြီးနောက် ဒီမိုကရေစီအရေးကြိုးပမ်းမှုတွေကျရှုံးခဲ့ချိန်မှာ တူညီတဲ့အနောက်နိုင်ငံတွေရဲ့အစိုးရတွေက စိတ်ဝင်စားမှုနည်ကြောင်းပေါ်လွင်နေတဲ့အတွက် မြန်မာနိုင်ငံသားတွေမှာ ဒေါသထွက်ခွင့်ရှိနေပါတယ်။ 

“ယူကရိန်းနဲ့အပြိုင်ဖြစ်နေကြောင်း ဆက်ပြီးကောက်ချက်ဆွဲတာနဲ့ ယူကရိန်းမှာနိုင်ငံတကာကနေရတဲ့အထောက်အပံ့တွေရဲ့တစိတ်တပိုင်းဟာ မြန်မာနိုင်ငံက တော်လှန်မှုဒီရေကို ပြောင်းလဲပစ်နိုင်တယ်လို့ ပြောတာဟာ မြန်မာနိုင်ငံက ခုခံသူတွေအတွက် လုံးဝတရားမျှတပါတယ်” လို့ မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာမှုစင်တာက ပိုလင်းကပြောပါတယ်။ 

ပိုပြီးထိရောက်တာက အဲဒီလိုပြောတာဟာ နိုင်ငံရေးတန်ဖိုးလည်းရှိနေပါတယ်။ မြန်မာနိုင်ငံကအတိဒုက္ခတွေကို ယူကရိန်းနဲ့ယှဉ်ပြီးပြောတာဟာ ကမ္ဘာတဝန်းကအာရုံစိုက်ခံရတယ်လို့ မြန်မာနိုင်ငံက တော်လှန်သူတွေနဲ့ ထောက်ခံသူတွေသိကြပါတယ်။ တကယ်တော့ လူလေးစားခံရတဲ့နိုင်ငံတကာသတင်းစာတွေနဲ့ ဂျာနယ်တွေက မြန်မာနိုင်ငံအကြောင်းဖော်ပြရာမှာ အဲဒီဇာတ်ကြောင်းပြောပြမှုနဲ့ မကြာသေးခင်ကသတင်းဖော်ပြမှုတွေပြုလုပ်ခဲ့တာပါ။
 
ပိုပြီးအရေးကြီးတာကတော့ အဲဒီဇာတ်ကြောင်းပြောပြမှုဟာ မြန်မာနိုင်ငံက စစ်တပ်တော်လှန်သူတွေကို လွတ်လပ်ရေးအတွက် တိုက်ခိုက်နေတဲ့ယူကရိန်းက ရဲစွမ်းသတ္တိရှိတဲ့ခုခံသူတွေနဲ့ အဆင့်အတန်းတူဖြစ်ကြောင်း ဖော်ပြနိုင်ပြီး မြန်မာနိုင်ငံက ခုခံသူတွေဟာ ပိုကျယ်ပြန့်တဲ့ ဒီမိုကရေစီအတွက် ကမ္ဘာတဝန်းရုန်းကန်မှုတွေမှာ တစိတ်တပိုင်းအနေနဲ့  ပါဝင်လာအောင်လုပ်ပေးနိုင်မှာဖြစ်ပါတယ်။ 

(Asia Times တွင် David Hutt ရေးသားသော “Myanmar’s overlooked but not-yet-forgotten war” ကို #OhkKar ဘာသာပြန်ဆိုသည်။)
Photo – AFP
#MeKongNews
#ယူကရိန်း
#မြန်မာ့အရေး


ဆက်ဖတ်ရန် →
ညွှန်ချုပ်ဟောင်းတစ်ဦးပိုင်သည့် နေပြည်တော်ရှိ Mandalay Paradise စားသောက်ဆိုင်တွင် ဗုံးပေါက် ကွဲ

ညွှန်ချုပ်ဟောင်းတစ်ဦးပိုင်သည့် နေပြည်တော်ရှိ Mandalay Paradise စားသောက်ဆိုင်တွင် ဗုံးပေါက် ကွဲ

ဧရာဝတီတိုင်းမ်
မတ်လ ၁ ရက် 

ဆည်မြောင်းညွှန်ချုပ်ဟောင်း ဦးကျော်မြင့်လှိုင်ပိုင် ဆိုင်သည့် နေပြည်တော်ရှိ Mandalay Paradise စားသောက်ဆိုင်တွင် ဖေဖော်ဝါရီလ ၁ ရက်နေ့ ‌ညနေပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။ 

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဧရာဝတီလမ်းမပေါ်ရှိ Mandalay Paradise စားသောက်ဆိုင်တွင် ည ၈ နာရီခန့်က ဗုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

"ဗုံးပေါက်တာတော့ ကြားတယ် အထိခိုက်ရှိမရှိတော့ မသိရသေးဘူး၊ ဘယ်အဖွဲ့ကလုပ်တယ်ဆိုတာတော့ထုတ်ပြန်တာမရှိသေးဘူး။ ကျွန်တော်တို့လည်းစုံစမ်းနေဆဲပါ၊ မနက်လောက်တော့သိရမယ်ထင်တယ် "ဟု ဒေသတော်လှန်ရေးအဖွဲ့ဝင်တစ်ဦးမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။ 

အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှုနှင့် ပျက်စီးမှုကို ဧရာဝတီတိုင်းမ်သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေပေ။ 

ဖေဖော်ဝါရီ ၂၈  ရက်နေ့ကလည်း ဇမ္ဗူသီရိမြို့နယ် ၊ရွှေကြာပင်ရပ်ကွက်၊ မြစ်ငယ်လမ်းနှင့် စန္ဒီလမ်းထောင့်ရှိ အမျိုးသားလွှတ်တော် ဒုဥက္ကဌဟောင်း ဦးမြငြိမ်း၏ နေအိမ်အား လက်လုပ်ဗုံးဖြင့် ပစ်တိုက်ခိုက်ခံရပြီး အိမ်အမိုးထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသတွင်းအရင်းမြစ်များထံမှသိရသည်။ 

#နေပြည်တော် #ညွှန်ချုပ်ဟောင်း #စားသောက်ဆိုင် #ဗုံးကွဲ #Ayeyarwaddy_Times











ဦးသိန်းစိန်နဲ့နီးစပ်သူ ဆည်မြောင်းညွှန်ချုပ်ဟောင်းပိုင် နေပြည်တော်ကစားသောက်ဆိုင်မှာ ဗုံးပေါက်

မဲခေါင်၊ မတ် ၁

USDP သမ္မတဟောင်း ဦးသိန်းစိန်နဲ့ အလွန်ရင်းနှီးနဲ့ ဆည်မြောင်းညွှန်ချုပ်ဟောင်း ဦးကျော်မြင့်လှိုင်ပိုင်ဆိုင်တဲ့ နေပြည်တော်က Mandalay Paradise  စားသောက်ဆိုင်မှာ လွန်ခဲ့တဲ့ နာရီပိုင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ မတ်လ ၁ ရက်နေ့ ည ၈ နာရီအချိန်လောက်က ပေါက်ကွဲတာဖြစ်ပြီး အဲဒီဆိုင်ဟာ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဧရာဝတီလမ်းမပေါ်ရှိတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဦးကျော်မြင့်လှိုင်ဟာ သက်တော်ရှည်ဆည်မြောင်းညွှန်ချုပ်ဖြစ်ပြီး ဦးသိန်းစိန်သမ္မတဖြစ်စဉ်က အမြဲလို မနက်စာအတူစားလေ့ရှိတဲ့အထိ ရင်းနှီးကျွမ်းဝင်သူဖြစ်ပါတယ်။ သူ့ရဲ့သားဖြစ်သူ ကျော်သက်ဟာလည်း ရန်ကုန်မြို့က စိမ်းလန်းစိုပြေအပါအဝင် စားသောက်ဆိုင်၊ အဝတ်အထည်ဆိုင်နဲ့ Gym ခန်းမတွေဖွင့်လှစ်ထားသူ ဖြစ်ပါတယ်။

ဒါ့ပြင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်၊ မြစ်ငယ်လမ်းနဲ့ စန္ဒီလမ်းထောင့်မှာရှိတဲ့ အမျိုးသားလွှတ်တော် ဒု-ဥက္ကဋ္ဌဟောင်း ဦးမြငြိမ်းရဲ့ နေအိမ်ကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ညနေ ၆ နာရီ ၃၅ မိနစ်အချိန်ခန့်က လက်လုပ်ဗုံးပစ်ခံရတယ်လို့ သိရပါတယ်။ 

MK - 005
#MeKongNews 
#ဦးကျော်မြင့်လှိုင်


ဆက်ဖတ်ရန် →
 စစ်ကောင်စီအနေဖြင့် နေပြည်တော်အပါအဝင် မည်သည့်နေရာမှ လုံခြုံမှုမရှိတော့သည်ကို သိစေရမည်ဟု ကာကွယ်ရေးဝန်ကြီးပြောကြား

စစ်ကောင်စီအနေဖြင့် နေပြည်တော်အပါအဝင် မည်သည့်နေရာမှ လုံခြုံမှုမရှိတော့သည်ကို သိစေရမည်ဟု ကာကွယ်ရေးဝန်ကြီးပြောကြား

Author လင်းခိုင် သတင်း Published on Mar 02, 2023
 စစ်ကောင်စီအနေဖြင့် နေပြည်တော်အပါအဝင် မည်သည့်နေရာမှ လုံခြုံမှုမရှိတော့သည်ကို သိစေရမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးရည်မွန်မှ Radio NUG မှ PDF များကို မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်း ပြောကြားခဲ့သည်။ ဖေဖော်ဝါရီလသည် PDF တပ်မတော်အတွက် ဂုဏ်ယူစရာ လတစ်လဖြစ်ကြောင်း၊ အဆိုပါလအတွင်း စစ်ကိုင်းနှင့် စစ်ဒေသ ၃ခုလုံးရှိ PDF တပ်ရင်းများ၊ ပကဖများ၊ LDF များလက်တွဲပြီး တစ်နိုင်ငံလုံးအတိုင်းအတာနှင့် တပြိုင်နက် ဟန်ချက်ညီညီ စစ်ဆင်မှု အကြိမ် ၇၀ တိတိဖော်ဆောင်နိုင်ခဲ့သည်ဟု ပြည်ထောင်စုဝန်ကြီးက ဆိုသည်။ “တိုက်ပွဲဖော်ဆောင်ရာ ဒေသတွေက စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ရန်ကုန်၊ ပဲခူူး နှင့် နေပြည်တော်တို့ဖြစ်တယ်။ တိုက်ပွဲပေါင်း ၇၀ အနက် ၆၅ ပွဲကို ၂၄ နာရီအတွင်း တပြိုင်တည်း ဟန်ချက်ညီညီ ဖော်ဆောင်နိုင်ခဲ့ကြတာဖြစ်တယ်” ဟု ပြည်ထောင်စုဝန်ကြီးကပြောကြားသည်။ အဆိုပါ စစ်ဆင်ရေးများသည် စစ်ကောင်စီ လေတပ်စခန်း ၂ ခု၊ ရဟတ်ယာဉ် ကွင်း ၁ခု၊ တပ်မဌာနချုပ် ၁ခု၊ အထိုင် နောက်တန်းစခန်း ၂၆ခု၊ ရဲစခန်း ၉ ခု၊ ရန်သူ့စစ်ကြောင်း ၂ခု၊ ပျူစောထီးစခန်း ၁၅ ခုတို့ ဖြစ်ကြောင်း၊ မဟာမိတ်တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များနှင့် PDF ရဲဘော်များ လက်တွဲပြီး မြို့ပြ စစ်ဆင်မှုနှင့် စခန်းသိမ်းစစ်ဆင်မှုများ၊ ဟန်ချက်ညီညီဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ပြည်ထောင်စုဝန်ကြီးက ရှင်းပြသည်။ အထက်ပါ စစ်ဆင်မှုများကြောင့် စစ်ကောင်စီသည် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အထိနာခဲ့ပြီး PDF တပ်မတော်ကိုလည်း အဆုံးအဖြတ်နှင့် အဆုံးသတ်တိုက်ပွဲများ ဆင်နွှဲရန် ယုံကြည်မှု ပိုမိုတိုးပွားစေသည်ဟု ယင်းက ဆိုသည်။ “ပြည်သူကို ဆန့်ကျင်တဲ့ စစ်ကောင်စီအဖို့ နေပြည်တော်အပါအဝင် ဘယ်နေရာမှ လုံခြုံရာ ရှာမရနိုင်ဘူးဆိုတာ သူတို့သိစေရမယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောကြားသည်။ “ဒီလို ဟန်ချက်ညီညီ ဗျူဟာမြောက် စစ်ဆင်မှုကို ရှေ့မှာလည်း အရှိန်အဟုန်မြှင့်ပြီး ဆောင်ရွက်သွားဖို့ရှိလိမ့်မယ်။ မဟာဗျူဟာက ကွက်ပြည့်နင်းတဲ့ ဗျူဟာဖြစ်တယ်။ ပြည်သူထောက်ခံတဲ့ တော်လှန်ရေးဖြစ်တဲ့ အားလျော်စွာ တစ်နိုင်ငံလုံးအကြားအလပ်မရှိ အင်အားတည်ဆောက်ပြီးအကြားအလပ်မရှိ တိုက်ပွဲဝင်ကြဖို့ဖြစ်တယ်။ဒါက နွေဦးတော်လှန်ရေးရဲ့ ထူးခြားချက်ဖြစ်သလို အားသာချက်လည်းဖြစ်တယ်” ဟု ပြည်ထောင်စုဝန်ကြီးချုပ်က ဆိုသည်။ ထို့ပြင် တိုက်ပွဲဝင်နိုင်စွမ်း အားနည်းနေသေးသည့် ဒေသများရှိ ရဲဘော်များအနေဖြင့်လည်း အင်အားတည်ဆောက်မှု တိုးချဲ့ပြီး လုပ်ဆောင်နေကာ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် လိုအပ်သည့် ထောက်ပံ့မှု၊ တပ်ဆင်မှုများကို ဆက်တိုက်ဆောင်ရွက်နေကြောင်း၊ မဟာမိတ်တိုင်းရင်းသားများနှင့် PDF တပ်မတော်တို့ ပိုအားကောင်းလာသည့်အတွက် ပြည်သူ့တော်လှန်ရေးပိုမိုအားကောင်းပြီး မဟာဗျူဟာအတိုင်း ကွင်ပြည့်နင်းနိုင်မည်ဟု ယုံကြည်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။ “ပြည်သူကို ဆန့်ကျင်တဲ့ စစ်ကောင်စီအဖို့ နေပြည်တော်အပါအဝင် ဘယ်နေရာမှ လုံခြုံရာ ရှာမရနိုင်ဘူးဆိုတာ သူတို့သိစေရမယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောကြားသည်။ #CjPlatform #NUG #ပြည်ထောင်စုဝန်ကြီး #ဦးရည်မွန်


ဆက်ဖတ်ရန် →
 ပုသိမ်ထောင် လှုပ်ရှားမှုနောက်ပိုင်း နိုင်ကျဉ်း ၆၀ အား ခြေချင်းခတ်ထား၊ ထောင်ပိုင်မှ အရက်မူးတိုင်း မကျေနပ်သူများကို ရိုက်နှက်နေ

ပုသိမ်ထောင် လှုပ်ရှားမှုနောက်ပိုင်း နိုင်ကျဉ်း ၆၀ အား ခြေချင်းခတ်ထား၊ ထောင်ပိုင်မှ အရက်မူးတိုင်း မကျေနပ်သူများကို ရိုက်နှက်နေ

Author လင်းခိုင် Published on Mar 01, 2023
 ပုသိမ်ထောင် တွင် နိုင်ငံရေးအကျဉ်းသားများ ဆန္ဒထုတ်ဖော်မှု ပြုလုပ်ပြီးနောက်ပိုင်းတွင် နိုင်ငံရေးအကျဉ်းသား ၆၀ ကို ခြေချင်းခတ်ထားပြီး၊ ထောင်ပိုင်မှ အရက်မူးတိုင်း ယင်းမကျေနပ်သည့် နိုင်ငံရေးအကျဉ်းသားများကို ရိုက်နှက်မှုများပြုလုပ်နေကြောင်း အကျဉ်းသားအသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။ “ညွှန်မှူးက ညဘက် အရက်မူးပြီး ပြန်လာတာနဲက သူမကျေနပ်တဲ့သူတွေကို ဆွဲထုတ်ပြီးပါးရိုက်တယ်။ မင်းလား ကဗျာဆရာ၊ မင်းလား တော်လှန်ရေးသမားဆိုပြီး အော်အော်ရိုက်တာ” ဟု ဆိုသည်။ ထိုကဲ့သို့ ထောင်ပိုင်မှ စိတ်မထင်သလို ရိုက်နှက်မှုကြောင့် နိုင်ငံရေးအကျဉ်းသား ကိုဝင်းထွန်းနိုင်သည် ရိုက်နှက်ခံထားရသည့် ဒဏ်ရာများကြောင့် အပြင်းအထန် နာကြင်ကာ ဖူးယောင်ဒဏ်ရာများ ရရှိထားကြောင်းလည်း သိရသည်။ ထို့ပြင် ရိုက်နှက် နှိပ်စက်ခံထားရသည့် ဒဏ်ရာများကြောင့် ခြေဆစ်၊ လက်ဆစ်လွဲသူများ၊ အသားကျေသူများ၊ ချိနဲ့နေသူများ၊ ကျန်းမာရေး ဆိုးရွားစွာခံစားရသူများရှိနေပြီး၊ အနည်းဆုံး ၅ ယောက်မှ ၁၀ ယောက်ခန့်ရှိနေကြောင်း CJ Platform ၏ သတင်းရင်းမြစ်က ဆိုသည်။ ယင်းအပြင် ပုသိမ်ထောင်၏ ထောင်ဝင်စာကိုလည်း ဇန်နဝါရီ ၅ ရက်မှ စတင်ပိတ်ထားပြီး ဈေးဘားမှသာ ပိုက်ဆံပို့ခွင့်ရကြောင်း၊ ဈေးဘားသည်လည်း ၂ ပတ် တစ်ကြိမ်သာ ဝယ်စားခွင့်ရှိကြောင်းလည်း သိရသည်။ ယခုနှစ် ဇန်နဝါရီ ၅ ရက် နှင့် ၆ ရက်တွင် ပုသိမ်ထောင်အတွင်းရှိ ထောင်ဝန်ထမ်းများသည် ပြည်သူ တစ်ဦးကို အသက်ဆုံးရှုံးစေသည်အထိ ရိုက်နှက်ခဲ့ပြီး၊ ကိုးဦးသည် အသက်အန္တရာယ် စိုးရိမ်ရသည်အထိ နှိပ်စက်ခံခဲ့ရသည်။ ပုသိမ်ထောင် ဆူပူမှုဖြစ်စဉ်သည် မတရားဖမ်းဆီးအကျဉ်းကျခံနေရသည့် ကိုဝင်းမင်းထက် အပါအဝင် ရှစ်ဦးကို သေဒဏ်ချမှတ်ခြင်းနှင့် ပတ်သက်ပြီး နိုင်ငံရေးအကျဉ်းသားများမှ ဆန္ဒထုတ်ဖော်ခဲ့ခြင်းကို စစ်ကောင်စီလက်အောက်ခံ ထောင်ဝန်ထမ်းများက အကြမ်းဖက် နှိပ်စက်၊ ရိုက်နှက်မှုများပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ 
ဓာတ်ပုံ- Google #CjPlatform #ပုသိမ်ထောင် #နိုင်ငံရေးအကျဉ်းသား #ထောင်တွင်းအကြမ်းဖက်မှု


ဆက်ဖတ်ရန် →