အာဏာသိမ်းမှုကို လက်မခံသလို စစ်ကောင်စီကို အသိအမှတ်မပြုဘူးလို့ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ပြော
ဘဝဟောင်းမှ ဘဝသစ်သို့ ပြောင်းရွှေ့ကွယ်လွန်သွားပြီ"ဟု အော်၏
သေနတ်ဖြင့်ပစ်ခတ်ခံရသည့် မော်လမြိုင်ကျွန်းမြို့မှ ပြည်သူ့စစ်ခေါင်းဆောင် လေးရက်အကြာတွင် သေဆုံး
အိုက်မောင်/People's Spring
သေနတ်ဖြင့်ပစ်ခတ်ခံရသည့် မော်လမြိုင်ကျွန်းမြို့မှ ပြည်သူ့စစ်ခေါင်းဆောင်သည် လေးရက် ကြာဆေးကုသခဲ့သော်လည်း သေဆုံးသွား၍ ၎င်း၏နာရေးကို လုံခြုံရေးဖြင့် ယနေ့ အကျဉ်းချုန်းပြုလုပ်သွားကြောင်း ဒေသခံများက ပြောသည်။
ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့ ပြည်သူ့စစ်ခေါင်းဆောင် ကျော်တင့်ဦးသည် ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၁၁နာရီခန့်တွင် သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရပြီး ယမန်နေ့(ဖေဖော်ဝါရီ ၂၇ရက်) နေ့လယ်တွင် သေဆုံးသွားခြင်းဖြစ်သည်။
"စစ်တပ်က ပုသိမ်စစ်ဆေးရုံကို ခေါ်ကုတာ။ ဘယ်လိုတောင် ကုလိုက်တယ်မသိဘူး။မနေ့က သေသွားပါတယ်"ဟု မော်လမြိုင်ကျွန်းမြို့ခံတစ်ဦးက ပြောသည်။
ကျော်တင့်ဦးသည် ဖေဖော်ဝါရီ ၂၄ ရက် နံနက်က မော်လမြိုင်ကျွန်းမြို့ အမှတ်(၁၀)ရပ်ကွက်ရှိ Happy လက်ဖက်ရည်ဆိုင်တွင်ထိုင်နေစဉ် အမျိုးသားနှစ်ဦးကဝင်လာပြီး သေနတ်ဖြင့် သုံးချက် ပစ်ခတ်ခံခဲ့ရခြင်းဟု သိရသည်။
အပစ်ခံရသည့်နေ့က ဒဏ်ရာရသော်လည်း စိုးရိမ်စရာမရှိကြောင်း လူမှုကွန်ရက်ပေါ်တင်ခဲ့သည့် ကျော်တင့်ဦး၏ တပည့်ဇော်ဝင်းဆိုသူက "အစစအရာရာအခြေအနေကောင်းပေမယ့် ကံကြမ္မာကမျက်နှာသာမပေးခဲ့ဘူးဗျာ။စိတ်မကောင်းဘူးဗျာ"ဟု ဖေဖော်ဝါရီ ၂၇ရက်တွင် ထပ်မံရေးတင်ထားသည်။
ထို့အပြင် ကျော်တင့်ဦး၏ နာရေးပြုလုပ်မည်ကို သူ၏တပည့်များက မော်လမြိုင်ကျွန်းမြို့ပေါ်တွင် အသံချဲ့စက်ဖြင့် ယနေ့(ဖေဖော်ဝါရီ ၂၈ရက်) လိုက်လံကြေညာရာ"အသက် ၆၁နှစ်ရှိ သာသနာ့ဒါယကာကြီး ဦးကျော်တင့်ဦးသည် ဘဝဟောင်းမှ ဘဝသစ်သို့ ပြောင်းရွှေ့ကွယ်လွန်သွားပြီ"ဟု အော်သွားသည်ကို တွေ့ရသည်။
ထိုသို့အော်သွားသည့် အသံဖိုင်ကိုဒေသခံများက People's Spring သို့ပေးပို့ခဲ့ပြီး မော်လမြိုင်ကျွန်းမြို့၏ ဖွတ်တစ်ကောင် ငရဲသို့ရောက်သွားပြီဟု ပြောသည်။
ကျော်တင့်ဦးသည် စစ်ကောင်စီ၏ အကြီးစားထောက်တိုင်ဖြစ်ပြီး ပြည်သူ့စစ်ခေါင်းဆောင်တာဝန်အပြင် မောင်လမြိုင်ကျွန်းမြို့ မဘသ ဥက္ကဌတာဝန်လည်းယူထားကြောင်း သိရသည်။
၎င်းသည်ပြီးခဲ့သည့် ၂၀၂၁ နိုဝင်ဘာ ၈ရက်ကလည်း ပထမအကြိမ် သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရသေးသည်။ လက်မောင်းတွင် သေနတ်ဒဏ်ရာရရှ်ိပြီး ဆေးကုသခဲ့ရသည်။ သုံးလအကြာတွင် နောက်တစ်ကြိမ်ပစ်ခတ်ခံရပြီး သေဆုံးသွားခြင်းဖြစ်သည်။
ကျော်တင့်ဦးကို ပထမအကြိမ်သတိပေးပစ်ခတ်ခဲ့သော်လည်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပူးပေါင်းကာ မြို့ခံများအား နည်းမျိုးစုံဒုက္ခပေးခြင်း၊ Social Media ပေါ်မှတဆင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား ဆဲဆိုစိန်ခေါ်ခြင်းတို့ကြောင့် ထပ်မံပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဧရာဝတီလင်းပိုင်(မော်ကျွန်း)နှင့် ဘိုကလေးလင်းပိုင် PDF အဖွဲ့ကထုတ်ပြန်ထားသည်။
အိုးဘိုထောင်က နိုင်ကျဉ်းအမျိုးသမီးအချို့ ထောင်ပြောင်းခံရ
ဆိုင်းမင်း/People's Spring
မန္တလေး အိုးဘိုထောင်မှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူ အမျိုးသမီးတွေကို ဒီလဖေဖော်ဝါရီလ နောက်ဆုံးပတ်အတွင်း ထောင်ပြောင်းလိုက်တယ်လို့ ထောင်ပြောင်းခံလိုက်ရတဲ့သူတွေရဲ့ မိသားစုဝင်တွေထံကသိရပါတယ်။
ထောင်ပြောင်းခံရသူအမျိုးသမီးတွေဟာ ဖေဖော်ဝါရီလဆန်းပိုင်းက အကျဉ်းသူအချင်းချင်း စကားများမှုမှာ ထောင်အာဏာပိုင်တွေ ရဲ့ ရိုက်နှက် ညှင်းပမ်းမှုကို ခံခဲ့ရသူအများစုပါဝင်တယ်လို့သိရပါတယ်။
ထောင်ပြောင်းတာကို ပြီးခဲ့တဲ့ စနေနေ့ က လုပ်ခဲ့တာဖြစ်ပြီး သာယာဝတီ ၊တောင်ငူ၊မကွေး နဲ့ မြင်းခြံထောင်တွေကို ပြောင်းခံတာပါ။
ဒီလိုထောင်ပြောင်းခံရသူ အမျိုးသမီးအရေအတွက်ကို ကိန်းဂဏန်းအတိအကျမသိရပါဘူး ။
" ထောင်ပြောင်းရမယ်ဆိုတာ ကြိုမသိတဲ့အတွက် သူ့အတွက် ဘာမှမစီစဉ်ပေးလိုက်နိုင်ဘူး" လို့ နိုင်ငံရေး အကျဉ်းသူ မိသားစုဝင်နဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။
ဒီလ ဖေဖော်ဝါရီ ၃ရက် ၃ နာရီဝန်းကျင်က အိုးဘိုထောင် အိပ်ဆောင် အမှတ် (၁ )အမျိုးသမီး နိုင်ငံရေးအကျဉ်းသူအချို့ အချင်းများတာကို အမျိုးသမီး ထောင်အရာရှိနဲ့ ဝန်ထမ်းတွေဟာ ပြေလည်အောင်မဖြေရှင်းပေးဘဲ အကျဉ်းထောင်အမျိုးသားဝန်ထမ်းတွေက ဝင်ရောက်ရိုက်နှက်ခဲ့တာပါ။
အဲဒီဖြစ်စဉ်မှာ နိုင်ကျဉ်းအမျိုးသမီး ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရပြီး ၂၁ ဦး ဒဏ်ရာပြင်းထန်တယ်လို့ NUG အစိုးရ လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်အသိပေးထားပါတယ်။
ဖေဖေါ်ဝါရီ ၃ရက်နဲ့ ၄ရက်က ဖြစ်စဉ်မှာ ထောင်ဆူတယ်ဆိုပြီး အကျဉ်းသူအချို့ကို တစ်လတိုက်ပိတ်ထားရာကနေ ဖေဖေါ်ဝါရီ ၂၅ရက်မှာ ထောင်ပြောင်းရွေ့လိုက်တာလို့ သိရပါတယ်။
ထောင်ပြောင်းရွေ့ခံရမယ့် သတင်းကို မိသားစုများထံပြောခွင့်မရတဲ့အတွက် အဆက်အသွယ်ပြတ်တောက်သူများလည်းရှိနေပါတယ်။
စစ်ကောင်စီလက်အောက်ခံ အကျဉ်းထောင်ဟာ နိုင်ငံရေးအကျဉ်းသူတွေအပေါ် ထောင်ဝင်စာပို့ခွင့်နဲ့ တရားရုံးသက်သေထွက်ဆိုခွင့်ပါ ကန့်သတ်ထားတာဖြစ်ပါတယ်။
PDF နှင့် PDO တပ်ဖွဲ့ဝင်များကို နိုင်ငံတကာလူသားချင်းဆိုင်ရာဥပဒေ(IHL)သင်တန်းများ ပို့ချပေး
ယန်ဒီး/People’s Spring
အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ််ရေးဝန်ကြီးဌာနအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တပ်ဖွဲ့ဝင်များနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ(PDO)အဖွဲ့ဝင်များကို နိုင်ငံတကာလူသားချင်းဆိုင်ရာဥပဒေ(International Humanitarian Law) သင်တန်းများပို့ချပေးနေကြောင်း သိရသည်။
NUG ကာကွယ်ရေးဝန်ကြီးဌာနသည် Principles of Humanity အဖွဲ့၏ ပူးပါင်းပံ့ပိုးကူညီမှုဖြင့် ပြီးခဲ့သည့် ၂၀၂၂ စက်တင်ဘာမှစ၍ နိုင်ငံတကာလူသားချင်းဆိုင်ရာဥပဒေ(IHL) သင်တန်းများကို စီစဉ်ပြုလုပ်ပေးခြင်းဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်သည်။
ကာကွယ်ရေးဝန်ကြီးဌာန၏ အမိန့်စီးဆင်းမှုအောက်တွင်ရှိနေကြသော တိုက်ပွဲဝင်ရဲဘော်၊ ရဲမေ များအနေနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ နိုင်ငံတကာစည်းကမ်းသတ်မှတ်ချက်များနှင့် စံချိန် စံညွှန်း များအတိုင်း တသွေမတိမ်း လိုက်နာကျင့်သုံးကြစေရန်အတွက် အထက်ပါသင်တန််းများကို စီစဥ်ပြုလုပ်ပေးခြင််းဖြစ်သည်ဟု ဆိုသည်။
အထက်ပါသင်တန်းများကို ၁၅ ကြိမ်ခန့် ပို့ချပေးပြီးဖြစ်ကာ သင်တန်းသား ၁၀၀၀ နီးပါးကို လက်နက်ကိုင်င်ပဋိပက္ခဆိုင်ရာ ဥပဒေသများ၊ MoD ၏ Code of Conduct များ၊ နိုင်ငံတကာ လူသားချင်းဆိုင်ရာ ဥပဒေများနှင့် အရပ်သားများကိို ကာကွယ်ပေးရေးနှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို ပို့ချခဲ့ကြောင်း NUG ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။
“PDF တွေ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ဒါတွေအကုန်လုံးက security sector reform ပေါ့။ လက်ရှိ ရှိနေတဲ့ မြန််မာ စစ်တပ်က အကြမ်းဖက်စစ်အုပ်စုအဖြစ် ပြောင်းသွားပြီ ဖြစ်တဲ့အတွက်ကြောင့် မြန်မာနိုင်ငံနဲ့ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ဖို့က တချိန်ကျရင် ဖြစ်လာမယ့် Federal Army ဆိုတာကိုလည်း ရည်မှန်းထားတယ်။ ရည်မှန်းထားပြီး ဒါ အမြုတေအဖြစ်နဲ့ PDF တွေနဲ့ ဆောင်ရွက်နေတာဖြစ်တယ်။ ပြည်သူ့ကာကွယ်ရေးအဖွဲဲ့တွေနဲ့ ဆောင်ရွက်နေတာဖြစ်တယ်။ အဲဒါကြောင့် ကျွန်တော်တို့က ကျင့်ဝတ်ပြည့်ဝတဲ့ စည်းကမ်းပြည့်ဝတဲ့ ကျင့်ဝတ်လိုက်နာတဲ့ တပ်ဖွဲ့တွေအဖြစ် တစ်ဦးချင်းတစ်ယောက်ချင်းစီ အနေနဲ့လည်း ကျင့်ဝတ်ကို လေးစားလိုက်နာတဲ့ သူတွေဖြစ်အောင် ကျွန်တော်တို့ ပျိုးထောင်ပြီး အနာဂတ် Federal Army ကို မျှော်မှန်းပြီး ဆောင်ရွက်နေတာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်
သင်တန်းများတွင် အဓိကအားဖြင့် စစ်ရေးခေါင်းဆောင်ပိုင်းများကို အဓိက ဦးစားပေးပြီး အဆိုပါ ခေါင်းဆောင်များမှတဆင့် ၎င်းတို့၏ တပ်သားတွေကို ပြန်လည်မျှဝေကြောင်း သိရသည်။ အဆိုပါသင်တန်းများအပြင် သင်တန်းပို့ချချက်များ ပါဝင်သော လက်ကမ်းစာစောင်များ ထုတ်ဝေကာ သက်ဆိုင်ရာ စစ်ရေးနယ်မြေများ အားလုံးသို့ ဖြန့်ချိသွားရန် စီစဥ်ထားကြောင်း ဦးနေဘုန်းလတ်က ရှင်းပြသည်။
"ကောင်းပါတယ်။ ဒါတွေပိုသိနားလည်တော့ ကျွန်တော်တို့ရဲဘော်တွေရဲ့တော်လှန်ရေးအတွေးအမြင်တွေ ခိုင်မာတာပေါ့။ ပြီးတော့ ကိစ္စတွေမှာစဥ်းစားဆုံးဖြတ်ရာမှာလည်း အကောင်းဆုံး ဆုံးဖြတ်နိုင်ဖို့အတွက် Knowledge ရတာပေါ့။"ဟု အရာတော်ပကဖအဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောသည်။
Principles of Humanity သည် နိုင်ငံတကာလူသားချင်းစာနာမှုဆိုင်ရာဥပဒေအကြောင်း စိတ်ပါဝင်စားလေ့လာလိုသူအားလုံးကို အသိပညာပေးရန် ရည်ရွယ််ထားသော အခမဲ့ အွန်လိုင်းသင်တန််းဖြစ််ပြီး စစ်ပွဲ၊ ပဋိပက္ခများအတွင်း ကလေးသူငယ်ကာကွယ်ပေးရေး၊ မြေမြှုပ်မိုင်းမသုံးစွဲရေး၊ ကျန််းမာရေးစောင့်ရှောက်ရေး၊ လိင်အကြမ်းဖက်မှုတားမြစ်ရေး စသည့် ကဏ္ဍများကို သင်ကြားပို့ချကြောင်း သိသည်။
NUG ကာကွယ်ရေးဝန်ကြီးဌာနသည် နိုင်ငံတကာလူသားချင်းဆိုင်ရာဥပဒေသင်တန်းများကို မြန်မာနိုင်ငံတဝှမ်းရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်းများအတွက် ၂၀၂၃ အတွင်းတွင်သော် လည်းကောင်း၊ ၂၀၂၃ အလွန်တွင်သော်လည်းကောင်း ဆက်လက်ပြုလုပ်သွားမည်ဟု ထုတ်ပြန်ထားသည်။
ဒီမိုကရေစီ ယဉ်ကျေးမှုကို သင်ကြားခြင်းပိတ်ပင်ရန်အကြမ်းဖက် မင်းအောင်လှိုင် ခိုင်းစေ
နိုင်ငံတကာ အဆင့်မီ ပုဂ္ဂလိက ကျောင်းများတွင် အနောက်တိုင်း ဒီမိုကရေစီ ယဉ်ကျေးမှုကို သင်ကြားခြင်းပိတ်ပင်ရန်၊ ဥပဒေ ထုတ်ပြန်၍ တားမြစ် အရေး ယူရန် အကြမ်းဖက် မင်းအောင်လှိုင် ခိုင်းစေ
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ခေတ်သစ်
ရန်ကုန်အပါအဝင် မြို့ကြီးများတွင် ဖွင့်လှစ်လျက်ရှိသော ပုဂ္ဂလိကိုယ်ပိုင် ကျောင်း များတွင် အနောက်တိုင်း ဒီမိုကရေစီ ယဉ်ကျေးမှုများကို သင်ကြား ခြင်းမပြုရန် နှင့် ဥပဒေထုတ်ပြန်၍ တားမြစ်ဟန့်တား အရေးယူရန် အကြမ်း ဖက် မင်းအောင်လှိုင်က ခိုင်းစေလိုက်ကြောင်း သိရှိရသည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့ စစ်ကောင်စီ အစည်းအဝေးတွင် အကြမ်း ဖက် မင်းအောင် လှိုင်က ထိုသို့ ပြောဆို ခိုင်းစေညွှန်ကြားခြင်းဖြစ်ပြီး တိုင်းနှင့် ပြည် နယ် များရှိ ပညာရေး ဌာနများသို့ မင်းအောင်လှိုင်၏ ခိုင်းစေချက်ကို ဖြန့် ဝေ ထားကြောင်း သိရှိရသည်။ အကြမ်းဖက် မင်းအောင်လှိုင်၏ ခိုင်းစေချက်တွင် ပုဂ္ဂလိက ပညာရေးဥပဒေကို ရေးဆွဲထုတ်ပြန် ပြီးပါက အနောက်တိုင်း ဒီမိုကရေစီ ယဉ်ကျေးမှုကို ထည့်သွင်း သင်ကြားမှုများနှင့် အခြား မလိုလားအပ်သော သင်ကြားမှုများကို ထိရောက် သော ဥပဒေပုဒ်မများဖြင့် ထိရောက်စွာ ဟန့်တား အရေးယူဆောင် ရွက်ရ မည် ဖြစ်ကြောင်း သိရှိရသည်။ ပညာရေးဝန်ကြီးဌာနအနေဖြင့် ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများတွင် အနောက် တိုင်း ဒီမိုကရေစီ ယဉ်ကျေးမှုကို ထည့်သွင်းသင်ကြားနေမှုများကို Focal အဖြစ် တာဝန်ယူ၍ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းနှင့်ပတ်သက်သည့် စည်းမျဉ်း၊ စည်း ကမ်း များနှင့်ဥပဒေများ ရေးဆွဲ ထုတ်ပြန် အရေးယူရန် မင်းအောင်လှိုင်က ခိုင်း စေလာခြင်းဖြစ်ကြောင်း သိရှိရသည်။ "အင်္ဂလိပ်လို သင်တဲ့ ပုဂ္ဂလိက နိုင်ငံတကာကျောင်းတွေကို ပညာရေး ဝန်ကြီး ဌာနရဲ့ သင်ရိုးညွှန်းတမ်းတွေ မဖြစ်မနေ သင်ရမယ် လို့ ဖိအားပေးလာ တာ ရှိတယ်။ နောက်ပြီး Halloween party လို သရဲပါတီလို ဟာမျိုးတွေ မလုပ် ရဘူး။ ကလေးတွေကို မသင်ရဘူးဆိုပြီး အမိန့်ပေး လာတာ တွေရှိတယ်။ နိုင်ငံတကာ ပညာရေး ဗြိတိန် GCE တို့ အမေရိကန် GED တို့လို ဟာ မျိုးတွေ ကို ပြည်တွင်းကနေ သင်ကြား ဖြေဆိုတာ တွေ ပိတ်မယ့် သဘောမျိုး တွေ မြင်ရတယ်။ အဓိက ပညာရေး ဝန်ကြီး ဌာနရဲ့ သင်ရိုးညွှန်း တမ်းကို သင်ရမယ် ဆိုတာမျိုးတွေ လုပ်လာတယ်" ဟု ရန်ကုန် အခြေ စိုက် နိုင်ငံတကာအဆင့်မီ ပုဂ္ဂလိက ကိုယ်ပိုင် ကျောင်းတစ်ခုမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။ လက်ရှိတွင် စစ်ကောင်စီက နိုင်ငံတကာအဆင့်မီ ပုဂ္ဂလိကကျောင်းများကို ချ ထားပေးသည့် လိုင်စင်နှင့်ခွင့်ပြုချက်များကို ပြန်လည် စိစစ်ပြီး သက်တမ်း တိုး မှု ရပ်ဆိုင်းခြင်း၊ လိုင်စင်များ ပယ်ဖျက်ခြင်းများ ပြုလုပ်နိုင်ဖွယ် ရှိသည်ဟု ပုဂ္ဂလိက ပညာရေးအသိုင်းအဝိုင်းက မှတ်ချက်ပြုသည်။ အကြမ်းဖက် မင်းအောင်လှိုင်က သူ၏ မြေးမများကိုမူ ပုဂ္ဂလိက EMPS ကျောင်းကို ငွေကြေးထုတ်ထူထောင် တက်ရောက်စေပြီး ယင်းကျောင်းတွင် ပညာရေး ဝန် ကြီးဌာန၏ သင်ရိုးညွှန်းတမ်းကို အင်္ဂလန်သင်ရိုးတမ်းနှင့် နိုင်ငံတကာ သင်ရိုး ညွှန်းတမ်းကို ပေါင်းစပ်သင်ကြားခြင်းဖြစ်ကြောင်း၊ ပန်းချီအနုပညာ၊ ဂီတ၊ ကာယ၊ အက၊ စာကြည့်တိုက်၊ အားကစားများ ပေါင်းစပ်သင်ကြား ခြင်းဖြစ် သည်ဟုသိရှိရသည်။ "သူ့မြေးတွေကျတော့ နိုင်ငံတကာအဆင့်မီ ကျောင်းထားပြီး အခြားပုဂ္ဂလိက ကျောင်းတွေကိုတော့ ပိတ်ပင်မယ့် သဘောမျိုးလားမသိဘူး။ စောင့်ကြည့်ရမှာပဲ။ ပြည်တွင်းမှာ ပုဂ္ဂလိကကျောင်းတွေ ပိတ်လာရင်တော့ ဒီကလေးတွေ စင်ကာ ပူနဲ့ ထိုင်းဘက်ကို ကျောင်းသွားထားတာတွေ ခေတ်စားလာမယ် ထင်တယ်။ အခုတောင် တတ်နိုင်တဲ့သူတွေက စင်ကာပူမှာ ကျောင်းသွားထားကြတယ်။ လူ လတ်တန်းစားတွေက ထိုင်းလောက်မှာ ကလေးတွေကို ကျောင်းထားနေ ကြ ပြီ" ဟု ရန်ကုန်ကျောင်းသားမိဘတစ်ဦးက သုံးသပ်သည်။
ရန်ကုန်မြို့တွင် စစ်တပ်၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ပထမဦးဆုံး ကျဆုံးခဲ့ သည့် နွေဦးတော်လှန်ရေး သူရဲကောင်း ၄ ဦး ၏ရုပ်ပုံပါ အင်္ကျီများဝတ်ဆင်ကာ လွမ်း ဆွတ်ခြင်း အထိမ်းအမှတ် လှုပ်ရှား
Nestle မြန်မာနိုင်ငံက လုပ်ငန်းလည်ပတ်မှုကို ရပ်ဆိုင်းဖို့ ဆုံးဖြတ်
People's Spring
ဆွစ်ဇာလန်အခြေစိုက်စားသောက်ကုန် လုပ်ငန်းကြီး Nestle ရဲ့ မြန်မာနိုင်ငံက လုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်တော့မယ်လို့ ကုမ္ပဏီဘက်က ဒီနေ့မှာ ထုတ်ပြောလိုက်တယ်လို့ AFP သတင်းဌာနကဖော်ပြပါတယ်။စစ်တပ်အာဏာသိမ်းမှု အပြီး ပြည်ပ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေအသီးသီးထွက်ခွာချိန်မှာ Nestle လည်းထွက်ခွာတော့မှာပါ။မြန်မာနိုင်ငံရဲ့ လက်ရှိ စီးပွားရေးအခြေအနေအရ ရန်ကုန်မှာရှိတဲ့ စက်ရုံနဲ့ ရုံးချုပ် လည်ပတ်မှုကို ရပ်တန့်လိုက်တော့မယ်လို့ Nestle ရဲ့ပြောရေးဆိုခွင့်ရှိသူက AFP ကိုပြောပါတယ်။ မြန်မာနိုင်ငံကနေ ထွက်ခွာမယ့် အချိန်ကာလသတ်မှတ်ချက်ကိုတော့ Nestle ဘက်က ထုတ်မပြောသေးပါဘူး။Nestle ဟာ မြန်မာနိုင်ငံမှာ အသင့်သောက် ကော်ဖီ ၊ မက်ဂီ ( Maggi) ခေါက်ဆွဲ ၊ မိုင်လို ချောကလက်ဖျော်ရည် တွေကို ဖြန့်ဖြူးရောင်းချနေတာပါ။မြန်မာနိုင်ငံက လုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကြောင့် ထိခိုက်နစ်နာသူတွေအတွက် အကောင်းဆုံး ပံ့ပိုးသွားမယ်လို့ Nestle ပြောရေးဆိုခွင့်ရှိသူဆိုပါတယ်။
ဦးဝင်းထိန် သို့မဟုတ် မင်းအောင်လှိုင် ရင်ဘတ်ထဲက ဆူးတစ်ချောင်း

လုထားသည့် ပလ္လင်ကို လောင်မြိုက်စေသူဟု မင်းအောင်လှိုင် ရည်ညွှန်းသည့် အသက် ၈၀ ကျော် NLD နာယက ဦးဝင်းထိန်သည် ဇရာနှင့် ဝေဒနာကို အန်တုလျက် အကျဉ်းစံဘဝကို ဖြတ်သန်းနေသည်။ ဉာဏ်လှိုင်လင်း
Published on Feb 27, 2023 Myanmar now ကော်လာကတုံး အဖြူရောင်လက်တို၊ ကချင်ပုဆိုးဝတ်ဆင်ထားပြီး အရပ်ပုပြတ်ပြတ်၊ ဝဝဖိုင့်ဖိုင့် ပုံပန်းသဏ္ဌာန်ရှိသည့် အသက် ၈၀ ကျော် အဘိုးကြီးတစ်ဦး သတ္တုဖြင့် လုပ်ထားသည့် ငှက်ခေါင်းပုံ ကွပ်ထားသော သစ်သားတုတ်ကောက်ကို အားပြုလျက် တရွေ့ရွေ့ လျှောက်နေသည်။
ခါးရိုးကို ထိန်းကွပ်နိုင်သည့် ခါးပတ် အမြဲတစေ ပတ်ထားရကာ ရောဂါပေါင်းစုံရှိသည့် ထိုသူမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) နာယက ဦးဝင်းထိန်။ အချိန်ကား ၂၀၂၁ နိုဝင်ဘာ ၉ ရက် နံနက်ပိုင်း။
သာမန်အခြေအနေဆိုလျှင် တစ်ဦးဦးက တွန်းပေးသည့် ဝှီးချဲပေါ်တွင် ပါးစုန့်ကြီးများ မို့အစ် ဖောင်းကားနေသည့် ဦးဝင်းထိန်ကို ထိုင်လျှက် တွေ့ရမည်။ ၅ မိနစ်၊ ၁၀ မိနစ်ထက်ပို၍ အကူအညီမပါဘဲ လမ်းလျှောက်နိုင်သည့် ကျန်းမာရေးအခြေအနေ သူ့တွင် မရှိတော့။ လမ်းကြာကြာလျှောက်လျှင် အမောဖောက်တတ်သည်။
ယခုမူ မြန်မာပြည် ဗြိတိသျှအောက်မှ လွတ်မြောက်ပြီးနောက် ပေါ်ထွက်လာသည့် တတိယမြောက်စစ်အာဏာရှင် မင်းအောင်လှိုင်က လွန်ခဲ့သည့် နှစ်နှစ်ကတည်းက သူ့ကို ဖမ်းကာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) ဖြင့် ထောင်ဒဏ် နှစ် ၂၀ ချထားသဖြင့် အကျဉ်းထောင်ထဲ ရောက်နေရသည်။ ယခုလည်း နေပြည်တော်အချုပ်ထောင်မှ မိုင် ၁၆၀ ကျော်ဝေးသည့် မန္တလေးတောင်ခြေရှိ အိုးဘိုထောင်သို့ ပြောင်းရွှေ့ရန် သွားရပြန်ပြီ။
ထို့ကြောင့်ပင် တစ်ဦးတည်းနေထိုင်ရသည့် အလျား ၈ ပေ၊ အနံ ၁၂ ပေသာရှိသော အကျဉ်းခန်းလေးအတွင်းမှ သူ ထွက်လာရသည်။ အခက်အခဲကြုံတိုင်း ဒုက္ခပါပဲ သုခရာဟု ရေရွတ်၊ ဟာသလုပ်လေ့ရှိသည့် ဦးဝင်းထိန်က ကြုံနေရသည့် အခြေအနေကို လျစ်လျူပြုလျှက် ပြုံးပြုံးပျော်ပျော်။
အကျဉ်းဦးစီးဝန်ထမ်းများ ခြံရံ၊ တုတ်ကောက်ကို အားပြုလိုက်ပါသွားရင်း သူ့ထုံးစံအတိုင်း အာလုပ်သံကျယ်ကြီးပြု၍ တဟားဟား ရယ်သည်။ “ဘာရမလဲ သာဝရာ။ ဒီလောက်တော့ အပျော့ပါကွာ” ဟု ဦးဝင်းထိန်က အရွှန်းဖောက် အော်ဟစ်သွားသည်။
ထိုအကြောင်းကို ဦးဝင်းထိန် အိုးဘိုထောင်မပြောင်းမီနေပြည်တော်အချုပ်ထောင် အမှတ် ၂ တိုက်၊ ၅ ခန်းတွဲ၌ အခန်းကပ်လျက် ၈ လနီးပါး နေထိုင်ခဲ့ရသူ NLD မန္တလေးတိုင်း မဲဆန္ဒနယ် အမှတ် ၉ အမျိုးသားလွှတ်တော်အမတ် ဦးမောင်မောင်ဆွေက လွန်ခဲ့သော တစ်နှစ်ကျော်က သူမြင်ခဲ့၊ ကြားခဲ့ရသည်များကို ပြန်ပြောပြခြင်းဖြစ်သည်။
နေပြည်တော်အချုပ်ထောင်ဘူးဝ ဘယ်ဘက်ခြမ်းရှိ အစွန်ဆုံးတိုက်ခန်းတွဲတွင် ဦးဝင်းထိန်က အခန်း ၅၊ ဦးမောင်မောင်ဆွေက အခန်း ၄ တွင် နေထိုင်ခဲ့ကြသည်။ ဦးမောင်မောင်ဆွေသည်လည်း ဆူပူစေရန် လှုံ့ဆော်မှုဖြင့် စွပ်စွဲခံရပြီး ထောင်နှစ်နှစ်ချခံရခဲ့သည်။ ၂၀၂၂ နိုဝင်ဘာတွင် သူပြန်လွတ်လာပြီး ယခုအခါ လွတ်မြောက်နယ်မြေသို့ ရောက်နေပြီ။
“သူက အသက်ကြီးပေမဲ့ ရှေ့ဆောင်ပဲ။ ကျွန်တော်တို့တွေ စိတ်ဓာတ်ကျမှာစိုးလို့ သူက ထောင်ကျနေတယ်ဆိုတာကို စိတ်ထဲ လုံးဝမထည့်ဘဲနဲ့ ပျော်ပျော်ပါးပါးပဲ။ သီချင်းတွေ ညည်းရင် ညည်းမယ်။ အဲဒီလို ပုံစံမျိုးပဲ နေတယ်”။
ဦးဝင်းထိန်၏ လက်ရှိအသက်အရွယ်နှင့် ရောဂါဘယများအရ ပုံမှန်သောက်ရမည့် ဆေးဝါး၊ အောက်ဆီဂျင်နှင့် စားစရာများ ပုံမှန်ရရှိနိုင်ရန် အလွန်အရေးကြီးနေပြီ။ သို့သော် အိုးဘိုထောင်ရောက်ပြီးနောက် ဦးဝင်းထိန်၏ ကျန်းမာရေး မည်သို့ အခြေအနေရှိနေသည်ကို သဲသဲကွဲကွဲ မသိရတော့။
စစ်ကောင်စီ အာဏာသိမ်းကတည်းက ကိုဗစ်အကြောင်းပြ၍ ထောင်ဝင်စာတွေ့ခွင့်ပိတ်ထားရာ နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်အသီးသီးသို့ ရောက်နေသူများ၏သတင်း အမှောင်ကျနေဆဲ။
သို့သော် ဦးဝင်းထိန်က သူ့ပုံစံအတိုင်း စိတ်ရော၊ ကိုယ်ပါ မာမာချာချာ ဆက်ရှိနေလိမ့်မည်ဟု ဦးမောင်မောင်ဆွေက မျှော်လင့်ထားသည်။
“နှိပ်ကွပ်တဲ့သူတွေက မြင်စေချင်တာက စိတ်ဓာတ်တွေကျပြီးတော့ ညှဉ်းသိုးသိုးပုံစံ။ ဒါကြောင့် သူတို့ မြင်ချင်တဲ့ ပုံစံမမြင်ရအောင် အတတ်နိုင်ဆုံး ကိုယ့်ဟာကိုယ် ဂရုတစိုက်နေတတ်တယ်”။
အမှန်တော့ ဦးဝင်းထိန်တွင် သိုင်းရွိုက် ဟော်မုန်းအားနည်း၊ ဆီးကျိတ်ကြီး ရောဂါများရှိသည်။ ဦးနှောက်သို့ အောက်ဆီဂျင်အရောက်နည်းပြီး မကြာခဏ မေ့လဲတတ်၍ အောက်ဆီဂျင်အိုးနှင့် ပိုက် အသင့်ဆောင်ထားရသည်။ ညအိပ်လျှင် အောက်ဆီဂျင်ပိုက်တပ်၍ အိပ်ရသည်။
သို့သော် ဦးဝင်းထိန်မှာ သွေးတိုး၊ ဆီးချို မတက်အောင် အနေအစားထိန်း၍ နေနိုင်သည်အထိ အသက်အရွယ်နှင့်မမျှ သတိကောင်းနေဆဲ။ အခန်းကျဉ်းလေးအတွင်း အခင်းကြီး၊ အခင်းငယ် ကိစ္စများကို လက်သုံးတော် တုတ်ကောက်ဖြင့် တစ်ကိုယ်တော်ဖြေရှင်းနိုင်နေဆဲ။ ဖမ်းဆီးခံရပြီး တစ်နှစ်အတွင်း ကိုယ်အလေးချိန် ပေါင် ၁၇၀ ကျော်ရှိရာမှ ၁၀ ပေါင်ကျော် ကျသွားသည်။
စစ်ထောက်လှမ်းရေးက ပေးလိုက်သည့် အောက်ဆီဂျင်ပိုက်မှာ ကွဲနေသဖြင့် နေပြည်တော်အချုပ်ထောင်အတွင်း ရရာဖြင့် သင့်သလို ဖာထေးထားခဲ့ရသည်။ ယခု အိုးဘိုထောင်ရောက် ဦးဝင်းထိန်၏ အသက်ရှူပိုက်နှင့် နေရေး၊ စားရေး၊ ကျန်းမာရေး အဆင်ပြေမပြေကို ဦးမောင်မောင်ဆွေ တွေးပူနေသည်။
ယုံကြည်ချက်ကို မဖောက်ပြန်ခဲ့သည့် ဦးဝင်းထိန်၏ ပေးဆပ်ရမှုမှာ ယခုတစ်ကြိမ် ထောင်ဒဏ်နှင့်ဆိုလျှင် သူ့အသက်အရွယ်၏ ထက်ဝက်ခန့်ဖြစ်သော နှစ် ၄၀ နီးပါး ရှိလာပြီဖြစ်သည်။ 
သားနှစ်ဦး၊ သမီးနှစ်ဦးရှိသည့် ဦးဝင်းထိန်အတွက် ဒီမိုကရေစီရေးလှုပ်ရှားမှုကြောင့် ထောင်ကျသဖြင့် မိသားစုနှင့် ကွေကွင်းရသည်မှာ အထူးအဆန်းမဟုတ်တော့။ အငယ်ဆုံးသမီး မချစ်စုဝင်းထိန်ဆိုလျှင် ၂၀၁၀ မှ ၂၀၂၁၊ ၁၀ နှစ်တာသာ ဖခင်ဖြစ်သူကို အကျဉ်းထောင်ပြင်ပတွင် အချိန်အကြာဆုံး တွေ့ဆုံခွင့်ရခဲ့သည်။
အသက်ကြီးမှ ထပ်တိုးရသည့် အာဏာရှင်ကြောင့် ဖခင်ဖြစ်သူ ရင်ဆိုင်ရဦးမည့် အကျဉ်းစံနေ့ရက်များအတွက် ဝမ်းနည်းဒေါသထွက်ရကြောင်း အသက် ၃၅ နှစ်ကျော်ပြီဖြစ်သည့် မချစ်စုဝင်းထိန်က ၂၀၂၁ တွင် Myanmar Now ကို ပြောထားသည်။
အာဏာရှင်သုံးဆက်စလုံးကို ထိပ်တိုက်ရင်ဆိုင်သူ
စစ်တက္ကသိုလ်သမိုင်းတွင် ပထမဆုံးထူးချွန်ဆု နှစ်ဆုရသူအဖြစ် ၁၉၆၃ ခုနှစ်တွင် မှတ်တမ်းဝင်ခဲ့သည့် ဦးဝင်းထိန်မှာ မြန်မာပြည်၏ စစ်အာဏာရှင် သုံးဆက်စလုံးနှင့် ကြုံဖူးဆုံဖူး၊ ရင်ဆိုင်ခဲ့ဖူးသူ ဖြစ်သည်။
ဗိုလ်သင်တန်းဆင်းပွဲတွင် ဦးဝင်းထိန်က အောင်စစ်သည်နှင့် စာပေဆုနှစ်ဆု တစ်ပြိုင်နက် ဆွတ်ခူးချိန်တွင် ၁၉၅၆ တွင် မွေးသည့် လက်ရှိ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က အသက် ၇ နှစ်သားသာ ရှိသေးသည်။
ဦးဝင်းထိန်က စစ်တက္ကသိုလ် အပတ်စဉ် ၅၊ မင်းအောင်လှိုင်က ၁၉။ အထက်အောက် မဖြစ်မနေ ရိုကျိုးရသည့် စစ်တပ်ဓလေ့ဖြင့် ချိန်ထိုးကြည့်လျှင် ဦးဝင်းထိန်သာ စစ်အာဏာရှင်အစဉ်အဆက်ကို မဆန့်ကျင်လျှင် မင်းအောင်လှိုင်က မော်ကြည့်ရန်ပင် ခက်မည်။
သို့သော် ဦးဝင်းထိန်ကား မင်းအောင်လှိုင်၏ ဆရာ့ဆရာ မူလပထမ အာဏာရှင် ဗိုလ်ချုပ်ကြီးဟောင်းနေဝင်းကိုပင် ထိပ်တိုက်တိုးခဲ့သူ။ ၁၉၇၆ ခုနှစ်တွင် ဖြစ်သည်။ အာဏာသိမ်းပြီးနောက် တစ်ပါတီစနစ်ဖြင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ဟု အမည်တပ်ကာ တိုင်းပြည်ကို အုပ်စိုးနေသည့် ဦးနေဝင်းကို လုပ်ကြံရန် ကြံစည်မှုတွင် ပါသည်ဆိုကာ စစ်ကြောရေးသို့ ခြောက်လ ရောက်ခဲ့ရသည်။
ပြစ်မှုမထင်ရှားသဖြင့် ပြန်လွတ်သော်လည်း ဗိုလ်ကြီးရာထူးရုပ်သိမ်းခံရကာ ဦးဝင်းထိန် တပ်မှ ထွက်ရသည်။ ထိုအကြောင်းကို ၂၀၁၆ တွင် ထုတ်ဝေသည့် “ကျွန်တော်ရေးချင်တဲ့အကြောင်း၊ ကျွန်တော်ပြောချင်တဲ့အကြောင်း၊ ဗိုလ်ကြီးအုန်းကျော်မြင့်၊ နိုင်ငံတော်လုပ်ကြံမှု” ကိုယ်တိုင်ရေးစာအုပ်ဖြင့် ဦးဝင်းထိန်က မှတ်တမ်းတင်ထားပြီးဖြစ်သည်။
ထို့နောက် ပုဂ္ဂလိကလုပ်ငန်းများကို ရှင်သန်ခွင့်မပေးသည့် ဦးနေဝင်း၏ မဆလအစိုးရလက်ထက်တွင် စီးပွားရေးသမားအဖြစ် ဦးဝင်းထိန်က ကြံဖန်ရပ်တည်နိုင်ခဲ့သည်။ သကြား၊ အရက်ထုတ်သည့် ဥရောပကုမ္ပဏီများ မြန်မာတွင် လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရန် လျှို့ဝှက်ကူညီနိုင်ခဲ့သည်အထိ စီးပွားရေးလာဘ်မြင်ခဲ့သည်ဟု ၂၀၁၇ တွင် စာရေးသူနှင့် နေပြည်တော်၌ တွေ့ဆုံစဉ် ပြောဖူးသည်။ အသေးစိတ်တော့ မသိရ။
ဒီမိုကရေစီရေးအတွက် တစ်နိုင်ငံလုံး စတင်လှုပ်ရှားသည့် ၁၉၈၈ အရေးအခင်းကာလတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) သို့ ဦးဝင်းထိန်ရောက်ရှိလာပြီး ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကိစ္စများကို စီစဉ်ကြီးကြပ်သူဖြစ်လာသည်။
ထို့နောက် ဒုတိယမြောက်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၁၉၈၈ မှ ၂၀၀၉ အထိ နိုင်ငံရေးပုဒ်မများဖြင့် ဦးဝင်းထိန်ကို နှစ်ကြိမ် ထောင်ချခဲ့ရာ အနည်းဆုံး နှစ် ၂၀ ခန့် မြန်မာနိုင်ငံတစ်ဝန်း အကျဉ်းထောင်များအတွင်း လှည့်လည်နေထိုင်ခဲ့ရသည်။
ဦးသန်းရွှေ တပ်ချုပ်ရာထူး အမွေပေးခဲ့သည့် မင်းအောင်လှိုင်က NLD ထပ်နိုင်သည့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ကာ အာဏာသိမ်းပြီးနောက် ဦးဝင်းထိန်မှာ ထောင်နံရံများအကြား တတိယမ္မိ ရောက်ရပြန်သည်။
ဒုက္ခကို ရယ်ပွဲဖွဲ့၍ ရင်ဆိုင်သူ
ထိုသို့အခြေအနေများကြုံရသော်လည်း ဦးဝင်းထိန်က လွတ်လပ်ပွင့်လင်းစွာနေထိုင် ပြောဆိုတတ်သည့် သူ့စရိုက်ကို တစ်ပြားသားမျှ မလျှော့ခဲ့။ ဦးနေဝင်းလက်ထက် ဗိုလ်ကြီးအုန်းကျော်မြင့်အမှု စစ်ဆေးသည့် တရားခွင်တစ်ခုအတွင်း ရယ်ရယ်မောမော၊ စနောက်ခဲ့၍ သီးခြားအရေးယူခံရမည့် အခြေအနေနှင့် တိုးခဲ့ဖူးသည်။
ဗိုလ်ကြီးအုန်းကျော်မြင့်ကို ဥပစ္ဆေဒကံ (တစ်ပါးသူကြောင့် သေသည့်ကံ) ပါမပါ လက္ခဏာကြည့်ပေးမည်ဟု ဦးဝင်းထိန်က လှမ်းပြော၍ တရားခံအား ဂုဏ်ပြုသည်ဟု ထောက်လှမ်းရေးအဖွဲ့က အထက်အရာရှိထံ အစီရင်ခံခဲ့ခြင်းဖြစ်သည်။ သို့သော် ကံကောင်းစွာဖြင့် အရေးယူမခံခဲ့ရဟု “ဗိုလ်ကြီးအုန်းကျော်မြင့်နှင့် နိုင်ငံတော်လုပ်ကြံမှု” စာအုပ်တွင် ဦးဝင်းထိန်က ရေးထားသည်။
“တရားခွင်တစ်ခုပြီးတဲ့အချိန်မှာ အုန်းကျော်မြင့်ရှေ့ကနေ ဖြတ်သွားတော့ ဟေ့ကောင် ပြစမ်း မင်းလက္ခဏာဆိုပြီး နောက်ပြောင်တဲ့သဘောနဲ့ ကြည့်ဖို့လုပ်တာ။ ထောက်လှမ်းရေးက တရားခံနဲ့ အဲဒီလို ရင်းရင်းနှီးနှီးမနေရဘူးဆိုပြီး အော်လို့ မကြည့်ဖြစ်လိုက်ပါဘူး” ဟု နေပြည်တော်တွင် စာရေးသူနှင့် ၂၀၁၇ ခုနှစ်က တွေ့ဆုံစဉ် ဦးဝင်းထိန်က ပြောဖူးသည်။
ထိုဖြစ်စဉ်အပြီး နှစ် ၅၀ နီးပါးအကြာ မင်းအောင်လှိုင်စွပ်စွဲသည့် အမှုများကို နေပြည်တော်အချုပ်ထောင်တွင်း တရားခွင်များတွင်လည်း ဦးဝင်းထိန်က သူ့ပုံစံအတိုင်းသာ ဆက်လက် ရပ်တည်ပြောဆိုသည်။
ရုံးချိန်းတစ်ခုတွင် ချက်ချင်းအမိန့်ချပေးရန် ပြောခဲ့သလို တရားသူကြီးနှင့် ဥပဒေအရာရှိများကို အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် မပါကြဘူးလားဟု ဦးဝင်းထိန်က မေးခဲ့သည်ဟု ရှေ့နေအသိုင်းအဝိုင်းထံမှ သိရသည်။
“တရားသူကြီးတွေရာ၊ ဥပဒေအရာရှိတွေရာ ခေါင်းငုံ့နေတာပေါ့” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ရှေ့နေတစ်ဦးက ၂၀၂၁ အောက်တိုဘာတွင် ပြောပြဖူးသည်။
အခြားတရားခွင်တစ်ခုတွင်လည်း ဦးဝင်းထိန်က စစ်ကောင်စီအတွက် အမှုစစ်နေသည့် တရားသူကြီးကို ၎င်းလုပ်ဆောင်နေသည့် ကိစ္စများအပေါ် စဉ်းစား ဆင်ခြင်နိုင်ရန် ဥပမာတစ်ခု သုံး၍ လှမ်းပြောဖူးသည်။
“မင်းတို့ ပဲခူးရေကြီးတာ တွေ့ဖူးမှာပေါ့။ ရေကြီးတော့ ခွေးတွေ အိမ်ခေါင်ပေါ် တက်နေကြတယ်။ နေ့ချင်းညချင်း ရေကျသွားတော့ လူက လူနေရာ၊ ခွေးက ခွေးနေရာ ရောက်သွားတာပါပဲ” ဟူ၏။
နိုင်ငံရေးလောကဓံကြုံရသူ
၂၀၂၁ တွင် တိုင်းပြည်သို့ စစ်အာဏာရှင်စနစ် တတိယအကြိမ် တစ်ပတ်မလည်လာမီ ဦးဝင်းထိန်မှာ ပါတီတွင်း အရာကျနေသည့် အခြေအနေသို့ ဆိုက်နေသော်လည်း ယုံကြည်ချက် ခိုင်မြဲစွာဖြင့် NLD နှင့်အတူ ဆက်လက်ရပ်တည်ခဲ့သည်။
၂၀၁၈ တွင် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ အတွင်းရေးမှူးအဖွဲ့ဝင်အဖြစ်မှ ဦးဝင်းထိန် ဖယ်ရှားခံရကာ ပါတီတွင်း နေ့စဉ်လုပ်ငန်းများနှင့် ပတ်သက်ရန် အဓိကတာဝန်မရှိသည့် နာယကအဖြစ် သတ်မှတ်ခံလိုက်ရသည်။
ထိုမတိုင်မီတွင် သူ့ကို ဒေါ်အောင်ဆန်းစုကြည်နံဘေး အမြဲလိုလို တွေ့ရလေ့ရှိသည်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် NLD ကိုယ်စားပြု၍ မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော်အမတ်ဖြစ်ခဲ့သည်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲအပြီး NLD အနိုင်ရပြီးနောက် စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီထံမှ အစိုးရတာဝန်လွှဲပြောင်းယူရာတွင်လည်း ဦးဝင်းထိန်က ဦးဆောင်ခဲ့သည်။
ပြည်ထောင်စုနှင့် တိုင်း၊ ပြည်နယ် အစိုးရအဖွဲ့ ရွေးချယ်ခန့်အပ်မှုများ၊ လွှတ်တော်အမတ်တို့၏ မေးခွန်း၊ အဆို စိစစ်မှုများနှင့် ပတ်သက်၍ ပါတီတွင်း မကျေလည်မှုများ ပေါ်လာပြီးနောက်တွင် NLD ပါတီတွင်း ဦးဝင်းထိန်၏ တန်ခိုးထွားမှုများ တစ်ခန်းရပ်ခဲ့ရသည်။
၂၀၁၇ ဩဂုတ်လတွင် နေပြည်တော် စည်ပင်ဧည့်ရိပ်သာ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်လူငယ်များနှင့် တွေ့ဆုံနေသည့် ဦးဝင်းထိန်။ ဓာတ်ပုံ-NLD
သို့သော် NLD ထပ်နိုင်သည့် ၂၀၂၀ ရွေးကောက်ပွဲ မတိုင်မီနှင့် ရွေးကောက်ပွဲအပြီး စစ်တပ်က အာဏာသိမ်းမည့် အရိပ်အယောင်များ ပြနေသည့်တိုင် ဦးဝင်းထိန်က နေပြည်တော် ဥတ္တရသီရိမြို့နယ်ရှိ ပါတီ ယာယီဌာနချုပ် (ရုံးခွဲ) နံဘေးကပ်လျက် အိမ်တွင် နေထိုင်လျက် ကြုံလာမည့် ဘေးကို ပြေးတွေ့သည်။
မင်းအောင်လှိုင် အာဏာသိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်၊ နံနက်အစောပိုင်း ဖုန်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေ၍ တစ်နိုင်ငံလုံး သို့လော၊ သို့လောဖြစ်နေချိန်တွင် နိုင်ငံရေးဝါ သမ္ဘာရင့်နေပြီဖြစ်သည့် ဦးဝင်းထိန်က လက်ဖက်ရည်ဆိုင်ထိုင်မပျက် တည်တည်ငြိမ်ငြိမ်ရှိခဲ့သည်။
NLD ယာယီဌာနချုပ် (ရုံးခွဲ) ရှေ့တွင် စောင့်နေသည့် သတင်းထောက်များကို လက်ဖက်ရည်ဆိုင်မှ ပြန်လာသည့် ဦးဝင်းထိန်က “ကျုပ်ကို (အဖမ်းမခံရသေးဘဲ) အခုလို တွေ့တာ အင်မတန် ကံကောင်းတယ် အောက်မေ့” ဟုပင် နှုတ်ခွန်းဆက်သည်။
“ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မထူးဇာတ်ခင်းသွားပြီ။ သနားလည်း သနားပါတယ်။ သူက အာဏာနဲ့ သူ့ရဲ့ ကိုယ်ရေးကိုယ်တာဆန္ဒတွေကို ဦးစားပေးပြီးလုပ်တာပါ။ နိုင်ငံအတွက် မပါဘူးဆိုတာ သေချာတယ်။ ... ဒီပုဂ္ဂိုလ်တွေ အာဏာသိမ်းတာ တိုင်းပြည်အတွက်လား သူတို့ကိုယ်ကျိုးစီးပွားအတွက်လား အဲဒါတွေက ဆန်းစစ်ဖို့လိုပြီ” ဟု ဦးဝင်းထိန်က ဆက်ပြောသည်။
မိသားစုလိုက် ကျိကျိတက်ချမ်းသာနေပြီးဖြစ်သည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ လောဘကို သိပြီးဖြစ်သည့် တပ်မတော်သားများအနေဖြင့် အာဏာသိမ်းသည့် လုပ်ရပ်အပေါ် ပိုင်းခြားသုံးသပ်ကြပါရန်၊ ပြည်သူပြည်သားအားလုံး အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ကြပါရန် ၎င်းက တိုက်တွန်းသည်။
ထို့အတူ “တပ်မတော်သားခေါင်းဆောင်တွေဟာ သူ့လိုလူမျိုးကို ဆက်ထောက်ခံနေမယ်ဆိုရင် ဒီတပ်မတော်ဟာ ပြည်သူလူထုက အစကတည်းက မထောက်ခံတဲ့ တပ်မတော်၊ အခုက ပြည်သူလူထုရွံရှာမုန်းတီးတဲ့ တပ်မတော်ဖြစ်မယ်” ဟု ဦးဝင်းထိန်က ပြောခဲ့သည်။
လက်တွေ့တွင်လည်း ဦးဝင်းထိန်၏ ဟောကိန်းအတိုင်း အမှန်တကယ်ဖြစ်လာသဖြင့် အာဏာသိမ်းပြီး နှစ်နှစ်ကြာချိန်အထိ စစ်ကောင်စီ အကျပ်တွေ့ရသည်။ စစ်အရာရှိများအပါအဝင် အစိုးရဝန်ထမ်းတို့က အလုပ်မှ နုတ်ထွက်သည့်နည်း၊ ပြည်သူတို့က မီတာခကဲ့သို့ အခွန်မဆောင်သည့် နည်းဖြင့် CDM လုပ်ကြရာ စစ်ကောင်စီ လွန်စွာအထိနာနေသည်။
CDM လှုပ်ရှားမှုများကို ခြိမ်းခြောက်၊ တရားစွဲ၊ ဖမ်းဆီး၊ ထောင်ချ နည်းမျိုးစုံသုံး၍ နှိပ်ကွပ်နေသော်လည်း ယနေ့ထက်တိုင် မဖြေရှင်းနိုင်သည်ကို အာဏာဖီဆန်သည့်ဝန်ထမ်းများကြောင့် ဝန်ထမ်း ၅၀ ရာခိုင်နှုန်းသာ ရှိတော့သည့် ကျန်းမာရေးကဏ္ဍကို ကြည့်လျှင် သိနိုင်သည်။ စစ်ခေါင်းဆောင်ကိုယ်တိုင် ထိုအချက်ကို မကျေနိုင်မချမ်းနိုင် မကြာခဏ ထုတ်ပြောတတ်သည်။
ထို့ပြင် ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ခုခံမှုများမှာ နှစ်နှစ်အတွင်း ယုတ်လျော့သွားခြင်း မရှိ။ ကဏ္ဍစုံတွင် စစ်ကောင်စီကို အခက်တွေ့အောင် လုပ်ထားနိုင်သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မှ တပ်ဖွဲ့များ နိုင်ငံတစ်နံတစ်လျား ဖြန့်ကြက်ထားလာနိုင်သည်။
၂၀၂၂ စက်တင်ဘာလဆန်းတွင် NUG သမ္မတ၏ Myanmar Now ကို ပြောဆိုချက်အရ PDF တပ်ရင်း ၃၀၀ ကျော်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ) ၂၅၀ ကျော် ဖွဲ့ပြီးဖြစ်သည်ဟု သိရသည်။ ဒေသအလိုက် ကိုယ်ထူကိုယ်ထဖွဲ့ထားသည့် တော်လှန်ရေးအဖွဲ့များလည်း တစ်နိုင်ငံလုံး မှိုလိုပေါက်အောင် ပေါ်လာရာ အဖွဲ့မည်မျှရှိသည်ကိုပင် အတည်မပြုနိုင်သည့် အခြေသို့ပင် ဆိုက်နေသည်။
ထိုသို့ ခုခံသူများနေပြီး စစ်မျက်နှာတိုးလာချိန်၊ အာဏာဖီဆန်၍ တပ်ကို စွန့်ခွာသူများလာချိန်တွင် ၇၈ နှစ် စဉ်ဆက်မပြတ်ထူထောင်လာသည့် စစ်တပ်သည် မင်းအောင်လှိုင်လက်ထက်တွင် မည်မျှလုံးပါးပါးနေသည်ကို နေ့စားခပေး၍ပင် လူသစ် စုဆောင်းနေရသည့် အခြေအနေများ၊ ထောက်ခံသူတို့ကို လက်နက်တပ်ဆင်ပေးသည့် အဖြစ်အပျက်များက အထင်အရှားပြသနေသည်။
မင်းအောင်လှိုင်ကို တငွေ့ငွေ့လောင်မြိုက်စေသူ
ထို့ပြင် အာဏာသိမ်းသည့် နေ့တွင်းချင်း ဦးဝင်းထိန် ထုတ်ပြန်သည့် “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ပြည်သူသို့ ပန်ကြားချက်” ဟူသော စာတစ်စောင်က ယနေ့တိုင် မင်းအောင်လှိုင်အတွက် ရင်ဘတ်ထဲ စိုက်နေသည့် ဆူးတစ်ချောင်းဖြစ်နေဆဲ။
လက်နက်ဖြင့် ရယူထားသည့် အာဏာသက် နှစ်နှစ်ပြည့်ချိန်အထိ သူ့ပလ္လင်ပူနေရသည့် ကိစ္စများမှာ အာဏာသိမ်းပြီး သုံးရက်၊ ၂၀၂၁ ဖေဖော်ဝါရီ ၄ ရက်ကတည်းက သူဖမ်းထားသည့် ဦးဝင်းထိန်ကြောင့်ဟု မင်းအောင်လှိုင်က ထုတ်ပြောနေတုန်းဖြစ်သည်။
မင်းအောင်လှိုင်က အပြစ်ပုံချသည့် အကြောင်းရင်းခံမှာ ပြည်သူသို့ ပန်ကြားချက်စာဖြစ်သည်။ စာ ၅ ပိုဒ်၊ စာလုံးရေ တစ်ထောင်ကျော်သာပါသည့် ထိုစာအကြောင်းကို နေပြည်တော်တွင် ဇန်နဝါရီ ၃၁ ရက်က ပြုလုပ်သည့် စစ်ကောင်စီအစည်းအဝေးတစ်ခု၌ စစ်ခေါင်းဆောင်က ထပ်ပြောသည်။
ထိုစာတွင် ပြည်သူက မဲပေးရွေးချယ်ထားသည့် အစိုးရနှင့် လွှတ်တော်များကို ဖျက်သိမ်း၍ တိုင်းပြည်ကို စစ်အာဏာရှင်စနစ်သို့ ပြန်သွတ်သွင်းမည့် စစ်တပ်၏ လုပ်ရပ်ကို ပြည်သူထူထုက တစ်ခဲနက် ဆန့်ကျင်တုံ့ပြန်ကြရန်ဟူ၍ ပါဝင်သည်။
ကွန်ပျူတာဖြင့် စာစီ ဖြန့်ချိပြီး ဒေါ်အောင်ဆန်းစုကြည်၏ လက်မှတ်မပါဝင်သော ထိုစာ၏ အောက်ဆုံးတွင် “အထက်ပါ ပြည်သူသို့ ပန်ကြားချက်မှာ ဒေါ်အောင်ဆန်းစုကြည်၏ အာဘော်အစစ်ဖြစ်ကြောင်း ကျွန်ုပ်အသက်နှင့် ရင်း၍ သစ္စာဆိုတိုင်တည်ဝံ့ပါသည်။ ဝင်းထိန်” ဟု ဘောပင်ဖြင့် ရေးသားထားသည်။
ထိုစာကြောင့် နှစ်နှစ်ကြာသည့်တိုင် သူ့တွင် ရန်သူပတ်လည်ဝိုင်းနေကာ တိုင်းပြည်ရှိ မြို့နယ်ထက်ဝက်နီးပါးကို မအုပ်ချုပ်နိုင်၊ ကတိခံထားသည့် ရွေးကောက်ပွဲ ပြန်၍ ကျင်းပပေးရန် မဖြစ်နိုင်၊ ထို့ကြောင့် သူ အာဏာဆက်ယူရပါလိမ့်ဦးမည်ဟု မင်းအောင်လှိုင်က ဆိုလိုက်ကာ စစ်ကောင်စီသက်တမ်းကို ဇူလိုင်အထိ သက်တမ်းခြောက်လ ထပ်တိုးယူလိုက်သည်။
သို့သော် နိုင်ငံတော်အကြီးအကဲများကို ဖမ်းဆီးကာ တရားဝင် အာဏာရယူသယောင် ဖန်တီးလိုသည့် မင်းအောင်လှိုင်၏ ဇာတ်ညွှန်းမှာ ဦးဝင်းထိန်၏ အချိန်ကိုက်တုံ့ပြန်မှုကြောင့် အခက်တွေ့ခဲ့သည်မှာလည်း ထင်ရှားသည်။
ဦးဝင်းထိန်ကိုယ်တိုင်က လက်ရှိတော်လှန်ရေးတွင် သူ့အသက်အရွယ်အရ၊ စောစောစီးစီး အဖမ်းခံခဲ့ရ၍ ပြည်သူနှင့်အတူ မပါဝင်နိုင်ခဲ့သော်လည်း ပန်ကြားချက်ထုတ်ပြန်နိုင်ခဲ့သည့် သူ့လုပ်ရပ်အပေါ် ကျေနပ်နေသည်။
“သူနိုင်တဲ့ အလုပ်၊ ပြည်သူသို့ ပန်ကြားချက်ဆိုတဲ့စာကို အများပြည်သူကို သိအောင် ပြန်ကြားပေးနိုင်ခဲ့တဲ့အတွက် အင်မတန်ဂုဏ်ယူတယ်၊ တာဝန်ကျေသလို ခံစားရတယ်လို့ အမြဲတမ်းပြောတယ်” ဟု ဦးမောင်မောင်ဆွေက ဆိုသည်။
နှစ်နှစ်တာပတ်လုံး မင်းအောင်လှိုင်က ရန်ဘက်သာ တိုးနေချိန်တွင် ဦးဝင်းထိန်က တရားထိုင်၊ သီချင်းဆို၊ စာဖတ် သင့်သလိုနည်း သုံး၍ နောက်ဆုံးပေါ် အကျဉ်းစံနေ့ရက်များကို ဇရာနှင့် ဝေဒနာကို အန်တုလျက် အားတင်းဖြတ်သန်းနေသည်။
လူငယ်များ၏ စစ်အာဏာရှင်ကို တော်လှန်သည့်ခရီးလမ်းတွင် အပြုသဘောဖြင့်သာ အကြံပေး၍ အပျက်သဘောမလုပ်မိကြစေရန် သတိထားသင့်ကြောင်း သူနှင့် တွေ့စဉ် ဦးဝင်းထိန်က သတိပေးသည်ဟု ဦးမောင်မောင်ဆွေက ပြောသည်။
“ဒီကလေးတွေကို အားပေးပါ။ ခွန်အားဖြစ်စေမယ့် အကူအညီတွေပေးပါ။ ပြစ်တင်ဝေဖန်တာတွေ စောကြောတာတွေ သိပ်မလုပ်ပါနဲ့။ အဲဒီစကားတွေ အဘ (ဦးဝင်းထိန်) မှာပါတယ်”။
နေပြည်တော်အချုပ်ထောင်အတွင်း ဦးဝင်းထိန် မကြာခဏ ညည်းလေ့ရှိသည့် သီချင်းတစ်ပုဒ် ရှိသည်။ ၁၉၅၀ ဝန်းကျင်ကာလများအတွင်း အာဂျင်တီးနားသမ္မတထက် ပို၍နာမည်ကျော်၊ လူချစ်လူခင်များသည့် ဇနီး Eva Duarte Pero’n အတွက် စပ်ဆိုထားသည့် Don't Cry For me Argentina သီချင်း။
Financial Times က ၂၀၁၅ ခုနှစ်တွင် ရေးသားသည့် ဒေါ်အောင်ဆန်းစုကြည်၏ လက်ထောက် ဦးဝင်းထိန်အမည်ရ ဆောင်းပါးတစ်ပုဒ်တွင် ထိုသီချင်းနှင့် ချိတ်ဆက်၍ သူ၏ ခံယူချက်ကို ဦးဝင်းထိန်က ရှင်းပြဖူးသည်။
“ငါ့ဘဝမှာ လုပ်ချင်တဲ့အရာမှန်သမျှ လုပ်ခဲ့ပြီးပြီ။ ဘာအပြစ်မှ မလုပ်ခဲ့ဘူး။ ဘာမှ မရှိသလောက်ပဲ။ ဒါကို သူ့ဘေးတွင် ရှိသူများ၊ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်သိသည်၊ Don't Cry For me Argentina ဆိုတဲ့ သီချင်းကြားဖူးတယ်မို့လား” ဟု FT ဆောင်းပါးရှင်ကို ဦးဝင်းထိန်က ပြောခဲ့သည်။
အထက်ပါသီချင်း၏ သံပြိုင်ပိုဒ်ကို နေပြည်တော်အချုပ်ထောင်တွင် ရှိစဉ်က ဦးဝင်းထိန် မကြာခဏ ဆိုလေ့ရှိသည်။
“ငါ့အတွက် မငိုလိုက်နဲ့
အမှန်တော့ ငါမင်းတို့ကို ဘယ်တော့မှ ကျောခိုင်းမသွားဘူး
ခက်ခဲကြမ်းတမ်းတဲ့ ငါ့ရဲ့ နေ့ရက်တွေ
စိတ်နောက်သွားလောက်အောင် ရှုပ်ထွေးလှတဲ့ ငါ့ဘဝတစ်လျှောက်လုံး
ငါပေးထားတဲ့ ကတိတွေအတိုင်း ငါနေထိုင် ဖြတ်သန်းခဲ့တယ်
မင်းတို့လည်း ငါနဲ့ ဝေးမသွားပါနဲ့”။ 






















