နောက်ဆုံးရ
တပ်တွင်း ပုန်ကုန်မှုများနှင့် အမိန့်မနာခံမှုများစွာ ဖြစ်ပေါ်လာ

တပ်တွင်း ပုန်ကုန်မှုများနှင့် အမိန့်မနာခံမှုများစွာ ဖြစ်ပေါ်လာ

တပ်တွင်း ပုန်ကုန်မှုများနှင့် အမိန့်မနာခံမှုများစွာ ဖြစ်ပေါ်လာပြီးနောက် မင်းအောင်လှိုင် ကိုယ်တိုင် စစ်သားများ အမိန့်နာခံမှု ရှိရမည်ဟု လိုက်ပြောနေရ


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ခေတ်သစ်


အကြမ်းဖက် စစ်တပ်အတွင်း ဒုဗိုလ်မှူးကြီးအဆင့် တပ်ရင်းမှူးများ ကိုယ်တိုင် တပ်တွင်း ပုန်ကုန်မှုများနှင့် အမိန့်မနာခံမှုများစွာ ဖြစ်ပေါ်လာပြီးနောက် မင်း အောင် လှိုင်က စစ်သားများ အမိန့်နာခံမှု ရှိရမည်ဟု လိုက်လံသတိပေး ပြောဆို နေရသည်။ 


ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ရခိင်ပြည်နယ်၊ စစ်တွေသို့ ရောက်ရှိနေသည့် စစ် ခေါင်း ဆောင် မင်းအောင်လှိုင်က  အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ အရာရှိများ နှင့် စစ်သည်များကို စည်းကမ်းနှင့်အမိန့်နာခံမှုရှိရန်လိုအပ်ဟု အမိန့်ပေးမှာ ကြားခြင်းဖြစ်ကြောင်း သိရှိရသည်။  


"စစ်စည်းကမ်းသည် တပ်မတော်၏ ကျောရိုးဖြစ်ကာ စည်းကမ်းလိုက်နာမှုရှိပြီး အမိန့်နာခံမှုရှိမှသာလျှင် စစ်သားကောင်းတစ်ယောက်ပီသမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရာတွင် အမိန့်နာခံမှုရှိခြင်းသည် အလွန်အရေးကြီးပြီး စည်းကမ်းကောင်းမွန်ရန်လည်း လိုအပ်မည်ဖြစ်ကြောင်း၊ စည်းကမ်းကောင်းမွန်ခြင်းသည် အမိန့်နာခံမှုရှိခြင်း ပင်ဖြစ်ကြောင်း" ဟု မင်းအောင်လှိုင်က ပြောသည်။ 


စစ်စည်းကမ်းများထုတ်ပြန်ထားရှိခြင်းသည် မည်သည့်လုပ်ငန်းကိုမဆို စည်း စနစ်တကျ ဆောင်ရွက်တတ်စေရန်နှင့် မဖြစ်သင့်သည်များကိုမဖြစ်စေရန် ထုတ် ပြန်ထားခြင်းဖြစ်ပြီး အကြောင်းမဲ့တင်းကျပ်ထားခြင်းမဟုတ်သည်ကို နားလည် သဘောပေါက်ရန်လိုကြောင်း၊ စည်းကမ်းလိုက်နာခြင်းဖြင့် မိမိကိုယ် ကိုမြှင့်တင်ရမည်ဟု မင်းအောင်လှိုင်က ပြောသည်။  


စစ်သည်တော်များအနေဖြင့် အချင်းချင်းတည့်မတ်ထိန်းကြောင်းရမှာဖြစ်သလို ဦးစီးခေါင်းဆောင်သူများအနေဖြင့်လည်း မိမိတို့တပ်ဖွဲ့ကို ညီညွတ်မျှတစွာ ကွက်ကဲအုပ်ချုပ်ဖို့ လိုသလို တပ်မှူးကောင်းစိတ်ဓါတ်ဖြင့် အုပ်ချုပ်ရန် လိုသည်ဟု အကြမ်းဖက် မင်းအောင်လှိုင်က ဆိုသည်။ 


မင်းအောင်လှိုင်ကိုယ်တိုင် စစ်တပ်အတွင်း အမိန့်နာခံရန် ပြောဆိုလာရခြင်း၏ နောက်ကွယ်တွင် တပ်တွင်း ပုန်ကန်မှုများနှင့် ပစ်ခတ်သတ်ဖြတ်မှုများ ဆက်တိုက် ဖြစ်ပေါ်နေခြင်းကြောင့် ဖြစ်ကြောင်း သိရှိရသည်။ 


၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် ကရင်ပြည်နယ်တွင် ရှေ့တာဝန်ချထားသည့် ခမရ  ၄၀၃ မှ ယာယီတပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး/ဗိုလ်မှူး ပြည့်ဖြိုးမောင်၊ ဗိုလ်မှူးသန်းနိုင်အေး၊ ဗိုလ်မှူး နိုင်နိုင်ဇော်တို့ကို အမိန့်မနာခံမှု၊ စစ်တိုက်ရန် ပုန်ကန်ငြင်းဆန်မှုဖြင့် ဖမ်းဆီး အရေးယူခံခဲ့ရသည်။ 


ခမရ ၄၀၃ သည် တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် အခြေစိုက် တပ်ဖြစ်ပြီး ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေတွင် ရှေ့တန်း တာဝန်ချထားခံရသည့် တပ်ဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်း ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေရှိ မဲသလောက် စစ်တပ်စခန်းကို KNLA ၊ PDF ပူးပေါင်းတပ်များက သိမ်းပိုက်ခဲ့ပြီး ယင်းစခန်းကို ပြန်လည် သိမ်းယူရန် ခမရ ၄၀၃ မှ ယာယီတပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး/ဗိုလ်မှူး ပြည့်ဖြိုးမောင်၊ ဗိုလ်မှူးသန်းနိုင်အေး၊ ဗိုလ်မှူး နိုင်နိုင်ဇော်တို့ကို တိုင်းစစ်ဌာနချုပ်က အမိန့်ပေးရာတွင် အဆိုပါ အရာရှိ ၃ ဦးက  အမိန့်မနာခံဘဲ စစ်တိုက်ရန် ငြင်းဆန်ပုန်ကန်ခဲ့ကြကြောင်း သိရှိရသည်။


ထို့ပြင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်းတွင်ပင် ခမရ ၄၀၅ မှ  တပ်ရင်းမှူး ဒုတိယဗိုလ် မှူးကြီး လှိုင်မင်းထွဋ်၊ ဒုတပ်ရင်းမှူး ဗိုလ်မှူး ၀ဏ္ဏနှင့် တပ်ခွဲမှူး ဗိုလ်မှူး ကြည် သာဖြိုးတို့က  KNU တပ်မဟာ ၅ နယ်မြေ မဲ၀ိုင်စခန်းသို့ ပြောင်းရွှေ့ရန် ထိပ်ပိုင်း စစ်ဗိုလ်ချုပ်များ၏ အမိန့်ကို ငြင်းဆန်ခဲ့ကြသဖြင့်  တပ်တွင်း ပုန်ကန်မှု ပုဒ်မတပ်၍  စစ်တပ်က ဖမ်းဆီး အရေး ယူမှုများ လုပ်ဆောင်ထားကြောင်း သိရှိရသည်။ 


ထို့ပြင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့ ညနေပိုင်း ပြင်ဦးလွင်၊ စစ်တပ် ဆက်သွယ်ရေးနှင့် အီလက်ထရောနစ်သင်တန်းကျောင်း ဒုကျောင်းအုပ် ဒုဗိုလ်မှူးကြီး ကျော်စိုး အောင် ကို စစ်သည် ၁ ဦးက သေနတ်ဖြင့် ၂ ချက် ပစ်သတ်ခဲ့သည်။ 


နောက်တန်း အထိုင်တပ်တွင် အရာရှိကြီးကို စစ်သည်တစ်ဦးက ပစ်ခတ်ခြင်းဖြစ်ရာ ရှေ့တန်းတပ်များသာမက  နောက်တန်းအထိုင်တပ်များတွင်ပါ အမိန့်မနာခံမှုနှင့် တပ် တွင်း ပုန်ကန်မှုများ ဖြစ်ပေါ်လာနေကြောင်း သိရှိသည်။  ပစ် ခတ်သည့် စစ်သည်၏သတင်းမှာ လုံး၀ ပျောက်ဆုံးနေပြီး စစ်သည်၏ မိ သားစုမှာ သတင်းအစအန မရရှိတော့ဘဲ ပျောက်ကွယ်နေသည် ဟုသိရှိရသည်။ 


စစ်တပ်အတွင်း အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့ကြသော တပ်တွင်းပုန်ကန်မှုများစွာမှာလည်း ဆက်တိုက်ဖြစ်ပွားခဲ့သည်။ 


၂၀၂၂ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့ ရန်ကုန်တိုင်း သန်လျင်မြို့နယ်၊ စစ်ပင်ကွင်း ကျေးရွာတွင် စစ်ဗိုလ် ၁ ဦး အပါအဝင် စစ်သည် ၇ ဦးကို စစ်သား ၂ ဦးက ပစ်ခတ်သတ်ဖြတ်ခဲ့ကြသည်။  


ပစ်ခတ်မှုကြောင့် ဗိုလ်ကြီးမျိုးဟန်၊ တပ်ကြပ်သိန်းအောင်၊ တပ်သားတိုးတက် နိုင်၊ တပ်သားမျိုးမင်းခန့်၊ တပ်သားစန်းဝင်း၊ တပ်သားအောင်လေးနဲ့ တပ်သား လင်းလင်းထွေး တို့ သေဆုံးခဲ့ကြပြီး  တပ်တွင်းပုန်ကန်သူ စစ်သား ၂ ဦးကို စစ်တပ်က သတ်ဖြတ်လိုက်သည်။

ထို့ပြင် ကချင် ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ပြည်ထောင်ကျေးရွာ၊ အမှတ် ၇ တပ်မ တော် တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်းတွင် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ စစ်သား ၈ ဦးကို အရာခံ ဗိုလ် အောင်သန်းက ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ 


၂၀၂၂ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ)မှ အရာရှိ တချို့က အမှတ် ၇ တပ်မတော်တန်းမြင့်သင်တန်းကျောင်းကို လာရောက် စစ်ဆေးရာတွင် လုံခြုံရေး ကင်းကျနေသည့် စစ်သား ၁၀ ဦးက ဆေးသုံးစွဲပြီး မူးယစ် နေခြင်း၊ အရက်သောက်ထား သည်ကို တွေ့ရှိရခြင်းတို့ကြောင့်  သင်တန်း ကြီးကြပ်ရေးအရာရှိ အရာခံဗိုလ်အောင်သန်းကို စစ်အရာရှိများ ခေါ်ယူ အပြစ် ပေး ဆူပူခဲ့ကြောင်း၊ ဇွန်လ ၆ ရက်နေ့  ညပိုင်းတွင် အရာခံဗိုလ် အောင်သန်းက   စစ်သား ၈ ဦးကို ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။  အရာခံဗိုလ်အောင်သန်းမှာ လက်နက်ဖြင့် လွတ်မြောက်ခဲ့ကြောင်း သိရှိရသည်။ 


ဓာတ်ပုံ- စစ်တွေ ရောက်ရှိနေသော အကြမ်းဖက် မင်းအောင်လှိုင်။ 


Photo Credit- Border News Agency




ဆက်ဖတ်ရန် →
VPNကိုကျော်ဖြတ်လာကြပြီ

VPNကိုကျော်ဖြတ်လာကြပြီ

VPNတွေစတင်ခံသုံးရချိန်ထဲက တရုတ်ဆိုက်ဘာပညာရှင်
တွေဟာ ဖေ့ဘွတ်အပလီကေးရှင်းကိုထိန်းချုပ်ဖို့ရန်ကုန်မှာ
ရောက်ရှိနေတဲ့သတင်းတက်ခဲ့ပြီးဖြစ်တယ်၊
လုံခြုံရေးအားနဲတဲ့ အကောင့်တွေကိုခိုးဝင်ပြီးစစ်ဆေး ဖတ်
ရှု့နေတယ်လိုယူဆရပါတယ်၊ ဒီလိုဝင်ရောက်တာနဲ့ ဆာဗာ
ကသိလို့လော့ခ်ချလိုက်ပေမယ့် ဖတ်ရှု့တာခံခဲ့ရလားဆို
တာဖြေကြားထားတာမတွေ့ရပါဖူး၊စာဖတ်ရုံအသုံး
ချသူတွေအတွက်မစိုးရိမ်ရပေမယ့် မက်ဆင်ဂျာကိုတော်
လှန်ရေးအတွက်သုံးသူတွေအတွက်အန္တရာယ်ပါ၊လုံခြုံရေး
၂ဆင့်ခံထားသည့်တိုင် တော်လှန်ရေးကိစ္စများအတွက်အ
ခြားသောအပလီကေးရှင်းများအသုံးပြုစေလိုပါသည်၊
တရုတ်ပညာရှင်များက VPN အချို့ကိုအောင်မြင်စွာဖြတ်
ကျော်နိုင်ခဲ့သည့်သဘောဖြစ်ပါ၍ မိမိသုံးနေသောVPN
များအား upgrade ပြုလုပ်ကြရန်လဲလိုအပ်ပါသည်။
ပရုဖိုင်လော့ချသည့်တိုင်နိုင်ငံရေးသတင်းများ ကွန်မန့်
ပေးသူများသည် လိပ်စာပါသည့်ပို့စ်များ မိသားစုဝင်
များကိုတက်ခ်တွဲထားခြင်းများစသဖြင့် ကိုယ်ရေး
အချက်များအားလုံးမြေလှန်ရှာပြီးဖျက်ထားရန်လိုအပ်
ပါသည်၊ တော်လှန်ရေးအားကောင်းဖို့ ဖေ့ဘွတ်ကို
ဆက်လက်အသုံးပြုရမည်ဖြစ်သော်လည်းအကောင့်
အစစ်၊နာမည်အစစ်ဖြင့်တော်လှန်ရေးမလုပ်ရန်
တော်လှန်ရေးကွန်မန့်များမပေးရန်လိုအပ်သည်။
အချူပ်အားဖြင့်တော်လှန်ရေးအကောင့်သီးသန့်
ထပ်ဖွင့်ရန်တိုက်တွန်းအပ်ပါသည်၊



ဆက်ဖတ်ရန် →
(ဘန်ကောက်ပို့စ်) သူပုန်များက ရဲစခန်းသို့ ဝင်ရောက်ပြီးနောက် Sangkhla Buri မှ ဖြတ်ကျော် ခိုက်ရန်ဖြစ်ပွား

(ဘန်ကောက်ပို့စ်) သူပုန်များက ရဲစခန်းသို့ ဝင်ရောက်ပြီးနောက် Sangkhla Buri မှ ဖြတ်ကျော် ခိုက်ရန်ဖြစ်ပွား

မြန်မာနိုင်ငံမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် နယ်စပ်လုံခြုံရေးကို တိုးမြှင့်ထားပါတယ်။


လုပ်ဖော်ကိုင်ဖက်များ လွတ်မြောက်ရေးအတွက် အာဏာသိမ်းမှု ဆန့်ကျင်ရေး သူပုန်များက ရဲစခန်းသို့ ဝင်ရောက်ပြီးနောက် Sangkhla Buri မှ ဖြတ်ကျော် ခိုက်ရန်ဖြစ်ပွား


မြန်မာနိုင်ငံမှ ရွာသားများ ထိုင်းနိုင်ငံအတွင်းသို့ ထွက်ပြေးခြင်း မရှိကြောင်း အဆိုပါ သတင်းရင်းမြစ်ကဆက်လက်ပြောသည်။


စနေနေ့မွန်းလွဲပိုင်းလောက်မှာတော့ ဘုရားသုံးဆူဘုရားလမ်းမှာ လူနေမှုဘဝနဲ့ ကုန်သွယ်မှုတွေ ပုံမှန်ပြန်ဖြစ်ခဲ့ပါတယ်။ သို့သော် ဖြစ်နိုင်ချေရှိသော ကျူးကျော်ဝင်ရောက်မှုများကို တားဆီးရန် အထူးသဖြင့် ထိခိုက်လွယ်သောနေရာများတွင် နယ်စပ်တစ်လျှောက် လုံခြုံရေးအရာရှိများက အချိန်ပြည့်သတိရှိနေကြမည်ဖြစ်သည်။


Sangkhla Buri ခရိုင်အကြီးအကဲ Sutthiporn Siwawetphikul သည် ၎င်း၏လက်ထောက် Damrongrat Suphaphan ကို စနေနေ့တွင် နယ်စပ်ဧရိယာအား စစ်ဆေးရန်နှင့် အခြေအနေကို စောင့်ကြည့်ရန် တာဝန်ပေးအပ်ခဲ့သည်။


လတ်ယာတပ်နယ် ဒုတပ်မှူး ဗိုလ်မှူးကြီး Thatchadet Arbuarat က နယ်စပ်တလျှောက်ရှိ တပ်သားများအားတပ်လှန့်ထားရန် အမိန့်ပေးခဲ့သည်။ ပြည်သူများ ဘေးကင်းစေရန်အတွက် Nong Lu ရှိ နမ့်ကောက်လုံခြုံရေးဂိတ်ကို ဖြတ်သန်းသွားလာခွင့်မပြုပေ။


အာဏာသိမ်းဆန့်ကျင်ရေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) မှ သူပုန်များက Payathongzu ရဲစခန်းကို အစောပိုင်း မြန်မာစစ်သားများက ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရသည့် ၎င်းတို့၏ လုပ်ဖော်ကိုင်ဖက်များကို ကယ်တင်ရန်အတွက် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်တစ်ခုက ဆိုသည်။


PDF အဖွဲ့ဝင်များ လွတ်မြောက်သွားပြီးနောက် သူပုန်တပ်ဖွဲ့များက လျှပ်စစ်မီးဖြတ်တောက်ကာ ဘူတာရုံရှေ့တွင်ရပ်ထားသည့် ကားတစ်စီးအား ၎င်းတို့နယ်မြေကို သိမ်းပိုက်ထားပြီးဖြစ်ကြောင်း မြန်မာတပ်များထံ အချက်ပြပေးပို့ခဲ့သည်။


နောက်ပိုင်းတွင် အရေအတွက်မသိသော သူပုန်များသည် ၎င်းတို့၏ သစ်တောစခန်းသို့ ဆုတ်ခွာသွားကြသည်။အခုအခြေအနေက ပုံမှန်ပြန်ဖြစ်နေပါပြီ။


KANCHANABURI - စနေနေ့ နံနက်ပိုင်းက မြန်မာနိုင်ငံတွင် တိုက်ပွဲများ ထပ်မံဖြစ်ပွားနေသဖြင့် Sangkhla Buri ခရိုင် နယ်စပ်တစ်လျှောက် လုံခြုံရေး တင်းကျပ်ထားသည်။


မြန်မာစစ်တပ်သည် အမည်မသိတပ်များနှင့် တစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုင်းနိုင်ငံဘက်ခြမ်းတွင်နံနက် ၆ နာရီ ၃၀ မိနစ်ခန့်က သေနတ်သံများကြားရပြီး မြန်မာနိုင်ငံ Payathongzu မြို့နယ်အတွင်းမှ Phra Chedi Sam Ong ကျေးရွာ မူး ၉ ဘက်ခြမ်း၊ Sangkhla Buri ခရိုင် Nong Lu မှ မီးတောက်များ ထူထပ်စွာ ထွက်ပေါ်လာကြောင်း သိရသည်။


မီးလောင်ကျွမ်းခဲ့သည့်နေရာများမှာ ခရိုင်ရုံးနှင့် Payathongzu ရဲစခန်းတို့ဖြစ်ကြောင်း ကနဦးယုံကြည်ခဲ့သည်။၎င်းတို့သည် Sangkhla Buri ရှိ ဘုရားသုံးဆူမှ မီတာ ၂၀၀ ခန့် ကွာဝေးသည်။



ဆက်ဖတ်ရန် →
စစ်ဘက်ဆိုင်ရာ ကျန်းမာရေး အသုံးစရိတ်ကို ထက်ဝက်ကျော် ​လျှော့ချလိုက်ပြီး စရိတ်မျှပေး ဆေးကုသရေးစနစ်ကို အားပေး

စစ်ဘက်ဆိုင်ရာ ကျန်းမာရေး အသုံးစရိတ်ကို ထက်ဝက်ကျော် ​လျှော့ချလိုက်ပြီး စရိတ်မျှပေး ဆေးကုသရေးစနစ်ကို အားပေး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ ခေတ်သစ်

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများအတွင်း စစ်သားများ ထိ ခိုက် ဒဏ်ရာရရှိမှု များပြားနေသော်လည်း စစ်ဘက်ဆိုင်ရာ ကျန်းမာ ရေး အသုံးစရိတ် ကို ထက်ဝက်ကျော်​လျှော့ ချလိုက်ကြောင်း တပ်တွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

အကြမ်းဖက် စစ်တပ်က  ​လျှော့ချလိုက်သော စစ်ဘက်ဆိုင်ရာ ကျန်းမာရေး အသုံးစရိတ်များတွင် ဆေးဝါးနှင့် ကုသရေးဆိုင်ရာ ပစ္စည်းများ၊ ဆေးဘက်ဆိုင်ရာ သင်တန်းများအတွက် အသုံးစရိတ်များ ပါဝင်ကြောင်း၊ ယင်းသို့ ကျန်းမာရေး အသုံးစရိတ် မလျှော့ချမီ လွန်ခဲ့သည့် ၄ လခန့်ကပင် ဒဏ်ရာရစစ်သားများ စစ်ဆေးရုံများသို့ ရောက်ရှိလာချိန်တွင် ဆေးဝါး မစုံလင်မှုများ၊ စျေးပေါ၍ အရည်အသွေးနိမ့်ကျသော ဆေးဝါးများနှင့် ရက်လွန်ပြီးသော ဆေးဝါး အစုတ်အပြတ်များဖြင့် ကုသမှု ခံယူနေရကြောင်း သိရသည်။

ထို့ပြင် ဒဏ်ရာရ စစ်သားများ လိုအပ်သော အရေးကြီးဆေးဝါးနှင့် ဓာတ်ဆား ထုပ် ကဲ့သို့ သာမာန်ဆေးဝါးက အစ စစ်ဆေးရုံတွင် ပြတ်လပ်နေပါက ပြင်ပ ဆေးဆိုင်များမှ ကိုယ့်စရိတ်ဖြင့်ကိုယ် ဝယ်သုံးနေရသည်မှာ ယခင်ကတည်းကပင် ဖြစ်ကြောင်း၊ စစ်ဘက်ဆိုင်ရာ ကျန်းမာရေး အသုံးစရိတ်များ ထက်ဝက်လျော့ချ လိုက်ပြီဖြစ်သောကြောင့် အ​ခြေအ​​နေပိုမိုဆိုးရွားလာနိုင်ကြောင်း၊ ယင်းသို့ သက်တမ်းလွန် ဆေးပစ္စည်းများနှင့် ညံ့ဖျင်းသော ကျန်းမာရေး စောင့်ရှောက်မှုများကို အရာရှိများနှင့် အောက်ခြေ စစ်သားများက အဓိက  ခံစားနေကြရကြောင်း သိရှိရသည်။ 

စစ်တပ်ရှိ ရာထူးကြီး ဗိုလ်ချုပ်များနှင့် ၎င်းတို့၏ ယောက္ခမ၊ ဇနီး၊ ဦးလေး၊ အဒေါ် စသည့် ဆွေတော်မျိုးတော်များ စစ်ဆေးရုံသို့ ရောက်ရှိပါက အထွေထွေ ဝန်ဆောင်မှုနှင့် ကျန်းမာရေး စောင့်ရှောက်မှုများကို အခွင့်ထူးခံ ဦးစားပေး ဆောင်ရွက်ပေးရပြီး လိုအပ်ပါက ဗိုလ်ချုပ်​ဆွေမျိုးများကို စစ်ဆေးရုံက စရိတ် စိုက်ထုတ်၍ ကုသပေး နေရကြောင်း  တပ်တွင်း သတင်းရင်းမြစ်များက ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် စစ်တပ်က အသုံးပြုနေသော နှစ်စဉ် ကျန်းမာရေးအသုံးစရိတ် သိရှိနိုင်ရန် စစ်တပ်ပြောခွင့်ရပုဂ္ဂိုလ်ထံသို့ ဖုန်းဆက်သွယ်မေးမြန်းသော်လည်း အဆက်အသွယ် မရရှိဘဲလက်ခံဖြေကြားခြင်းမရှိပေ။ 

စစ်ဘက်ဆိုင်ရာ  ဆရာဝန်အသိုင်းအဝိုင်းတွင်လည်း CDM မလုပ်သည့်တိုင် မင်းအောင်လှိုင်နှင့်လက်ရှိ စစ်တပ် ဗိုလ်ချုပ်များ၏ လူသတ်ဖြတ်သည့် လမ်းစဉ်ကို မကြိုက်နှစ်သက်ကြကြောင်း၊ စစ်ဆေးဆရာဝန် များမှာ နည်းလမ်းအမျိုးမျိုးဖြင့် တပ်မှ  ထွက်ရရန် ကြိုးစားမှုများရှိကြောင်း သိရှိရသည်။ 

"CDM မလုပ်ပေမယ့် မင်းအောင်လှိုင်ကိုတော့ လုံးဝ အယုံအကြည်မရှိကြဘူး။ ကိုယ့်မိသားစုနဲ့အသက်ထက် ဘာမှအရေးမကြီးဘူး။ နေမကောင်းလိုက်။ ကိစ္စတစ်ခုပြ လိုက်နဲ့ တာဝန်တွေလှည့်ပတ်ရှောင်နေတာ။ စစ်ဆေးဆရာဝန်နဲ့ ဆေးတပ်သားတွေပါ ရှေ့တန်းထွက်ခိုင်းနေတဲ့အခြေအနေကိုလည်း ရောက်လာနေတယ်" ဟု စစ်ဆေးဆရာဝန်အသိုင်းအ၀ိုင်းက ဆိုသည်။ 

ဓာတ်ပုံ- စစ်ဆေးရုံတွေ လှည့်ပတ်စစ်ဆေးနေတဲ့ အကြမ်းဖက် မင်းအောင် လှိုင်။


ဆက်ဖတ်ရန် →
စ်ကောင်စီရဲ့ အင်အားသုံးနှိမ်နင်းနေမှုတွေနဲ့ ပတ်သက်လို့ ပြင်းထန်တဲ့ အချက်အလက်တွေပါတဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအစီရင်ခံစာတင်သ္ငင်းရန်ရှိ

စ်ကောင်စီရဲ့ အင်အားသုံးနှိမ်နင်းနေမှုတွေနဲ့ ပတ်သက်လို့ ပြင်းထန်တဲ့ အချက်အလက်တွေပါတဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအစီရင်ခံစာတင်သ္ငင်းရန်ရှိ

စစ်ကောင်စီရဲ့ အင်အားသုံးနှိမ်နင်းနေမှုတွေနဲ့ ပတ်သက်လို့ ပြင်းထန်တဲ့ အချက်အလက်တွေပါတဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအစီရင်ခံစာကို မတ်လ (၇) ရက်နေ့မှာ လူ့အခွင့်အရေးကောင်စီညီလာခံမှာ မဟာမင်းကြီးသစ် Volker Türk က တင်သွင်းဖို့ ရှိနေကြောင်း NUG ကြားကာလ၊ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ဗွီအိုအေကို ပြောပါတယ်။

"ကျနော်တို့နဲ့ တွေ့တဲ့အခါမှာလည်း လာမယ့် လူ့အခွင့်အရေးကောင်စီ မတ်လ (၇) ရက်နေ့ နောက်ထပ်အစီရင်ခံစာ၊ ပိုမိုပြင်းထန်မယ့် အချက်တွေပါတဲ့ အစီရင်ခံစာကို ထပ်ပြီးထုတ်ပါမယ်။ နဂိုကတည်းက လူ့အခွင့်အရေး အခြေခံစိတ်ဓါတ်ရှိတယ်။ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေကို ကောင်းကောင်းသိပြီးတော့ အကြမ်းဖက်စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ထုတ်ဖော်ပြောဆိုဖို့ အင်အားအသင့်ရှိပြီသား ဖြစ်တဲ့အတွက် ကျနော်တို့ အားကိုးစရာ၊ နောက်တခါ ကျနော်တို့နဲ့ လက်တွဲလုပ်ဆောင်စရာ လူ့အခွင့်အရေး မဟာမင်းကြီးဖြစ်မှာ သေချာပါတယ်။"

ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကုလသမဂ္ဂလူ့အခွင့်အရေး မဟာမင်းကြီး Volker Türk နဲ့ တွေ့ဆုံချိန်မှာလည်း မြန်မာနိုင်ငံမှာ ဆက်လက်ပြီး ဆိုးရွားနေတဲ့ လေကြောင်းက ပစ်ခတ်တိုက်ခိုက်မှုတွေ၊ ရွာတွေကို မီးရှို့၊ လူတွေကို ဖမ်းဆီးသတ်ဖြတ်နေတဲ့ အခြေအနေတွေကို တင်ပြခဲ့ကြောင်း လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။

လူ့အခွင့်အရေးမဟာမင်းကြီး တာဝန်ကို မနှစ်ကစထမ်းဆောင်ခဲ့တဲ့ Volker Türk အနေနဲ့ သူ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာကို ပထမဆုံးအကြိမ် တင်သွင်းမှာဖြစ်ပါတယ်။ မဟာမင်းကြီးအနေနဲ့ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်တဲ့ အစီရင်ခံစာကို မကြာခင်က တင်သွင်းထားတာ ဖြစ်ပါတယ်။

(၅၂) ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ ညီလာခံကို ဖေဖေါ်ဝါရီလ (၂၇) နေ့၊ တနင်္လာနေ့မှာ စတင်ကျင်းပမှာဖြစ်ပြီး၊ ဧပြီလ (၄) ရက်နေ့မှာ ပြီးဆုံးမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကိုယ်စားလှယ်အရေးမှာတော့ မနှစ်ညီလာခံလိုပဲ ခုံအလွတ်ထားရှိမှာ ဖြစ်ပါတယ်။

မြန်မာကိုယ်စားလှယ်နေရာအတွက် ဘယ်သူ့ကိုထားမလဲဆိုတာ ဆုံးဖြတ်ချက်ချဖို့ ကုလသမဂ္ဂ အထွေထွေညီလာခံက ရွှေ့ဆိုင်းခဲ့ပြီး လက်ရှိ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရကို ကိုယ်စားပြုထားသူ ဖြစ်ပါတယ်။

ဒါကြောင့် ကုလသမဂ္ဂနဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေရဲ့ အရေးကြီးတဲ့ ညီလာခံတွေမှာ ဒီနှစ်အတွက်လည်း မြန်မာကိုယ်စားလှယ်နေရာ လွတ်လပ်နေမှာ ဖြစ်တယ်လို့ မြန်မာ့အရေးအကဲခတ်တွေက ပြောပါတယ်။

VOA



ဆက်ဖတ်ရန် →
နတ်မောက်မှာ တိုက်ခိုက်ခံရပြီး စစ်ကောင်စီအရာရှိ ၂ ဦးအပါ ၄ ဦးသေဆုံး

နတ်မောက်မှာ တိုက်ခိုက်ခံရပြီး စစ်ကောင်စီအရာရှိ ၂ ဦးအပါ ၄ ဦးသေဆုံး

နတ်မောက်၊ ဖေဖော်ဝါရီ  ၂၆၊ ၂၀၂၃။ 

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ သီးချောင်းရွာအရှေ့ဘက်မှာ စစ်ကောင်စီကားတစီးကို ဒေသခံကာကွယ်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။ 

နတ်မောက်မြို့ဘက်ကနေ စိုင်ကောင်းရွာဘက်ကိုမောင်းနှင်လာတဲ့ စစ်ကောင်စီအရာရှိ ၂ ဦးနဲ့ တပ်သား ၂ ဦးပါကားတစီးကို အဲ့ဒီလမ်းပိုင်းတနေရာမှာ ဖေဖော်ဝါရီလ ၂၆ ရက်ဒီမနက်ပိုင်းက မိုင်းဆွဲပစ်ခတ်ခဲ့တာလို့ တိုက်ဒေါင်းပြည့်သူတော်လှန်ရေး အင်အားစုအဖွဲ့တာဝန်ခံ ဘကျော်ကြီးက ပြောပါတယ်။

“နတ်မောက်မြို့နယ်ထဲက စိုင်းကောင်းနဲ့နတ်မောက်မြို့နယ်ဆက်သွယ်ထားတဲ့ လမ်းမကြီးပေါ်မှာ စောင့်ကြိုပြီး မနက် ၉ နာရီ ၄၅ မိနစ်အချိန်မှာ မိုင်းဆွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာ၊ အိမ်စီးကား ၁ စီးကို တိုက်ခိုက်ခဲ့တာ၊ အရာခံဗိုလ်အဆင့်ရှိသူ ၂ ဦးပါတယ်၊ အားလုံး ၄ ဦး သေတယ်၊ ဘယ်တပ်ရင်းက လို့တော့ မသိရဘူး၊ ယူနီဖောင်းတွေပါတယ်၊ လက်နက်တွေပါတယ်” လို့ ပြောပါတယ်။

မြေပြင်တိုက်ခိုက်ရေးရဲဘော်တွေရဲ့ ပြောပြချက်အရ လိုက်ပါလာသူ ၄ ဦးလုံးသေဆုံးခဲ့တယ်လို့ ခန့်မှန်းပေးမယ့် ဒီသေဆုံးမှုနဲ့ပက်သက်ပြီး မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။ 

ခုတိုက်ခိုက်တဲ့ နေရာဟာ စစ်ကောင်စီတပ်သားတွေ စခန်းချထားတဲ့နေရာနဲ့ ၁ မိုင်ဝန်းကျင်သာ ဝေးတဲ့အပြင် တိုက်ခိုက်ပြီးနောက် နောက်ထပ်စစ်သားတွေက တပ်ကူရောက်လာတာကြောင့် ကာကွယ်ရေးရဲဘော်တွေအနေနဲ့ အမြန်ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။ 

လက်ရှိအချိန်ထိ အဲ့ဒီနေရာမှာ စစ်ကားတွေရှိနေပြီး အခြေအနေအသေစိတ်ကိုတော့ စုံစမ်းလို့မရသေးဘူးလို့ တာဝန်ခံဘကျော်ကြီးက ဆိုပါတယ်။ 

ပြီးခဲ့တဲ့ဇန်နဝါရီလ ၄ ရက်ကလည်း နတ်မောက်မြို့နယ်၊ ပန်းညိုကျေးရွာက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဘိုသိန်းဆိုသူကို တိုက်ဒေါင်း - ပြည်သူ့တော်လှန်ရေးအင်အားစုက သေနတ်နဲ့ပစ်ခတ်ပြီး ရှင်းလင်းခဲ့ပါသေးတယ်။ 

သတင်း - ဒိန်းဂျား၊ စာတည်း - လင်း 

#မြေလတ်အသံ 



ဆက်ဖတ်ရန် →
ဘာတွေ့တွေ့မကောက်ဖို့လိုအပ်

ဘာတွေ့တွေ့မကောက်ဖို့လိုအပ်

ပုသိမ်တွင် မစ်ရှင်ဖော်ဆောင်မှု မအောင်မြင်လို့ ဘာတွေ့တွေ့ ပြည်သူတွေမကောက်ဖို့အတွက် ပြောက်ကျားတပ်ဖွဲ့သတိပေး 

ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၂၆ ရက် 

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၅ ရပ်ကွက်မှာ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညပိုင်းက စစ်ကောင်စီ တပ်တွေ စစ်ဆေးရေးလုပ်တဲ့နေရာမှာ မစ်ရှင်တစ်ခု ပြုလုပ်ခဲ့ပေမယ့် မအောင်မြင်ခဲ့လို့ ပြည်သူတွေ သတိထားသွားလာဖို့အတွက် ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ 

မရမ်းချိုလမ်းဆုံမှာ စစ်ဆေးနေတဲ့ စစ်ကောင်စီ အုပ်စုကို အဝေးထိန်းစနစ်နဲ့ ဖောက်ခွဲတိုက်ခိုက်ဖို့ စီစဥ်ခဲ့ပေမယ့် အောင်မြင်မှုမရှိခဲ့တာကြောင့် ခုလို အသိပေးရတာဖြစ်တယ်လို့ ပုသိမ်မြို့ပြပြောက်ကျား တပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။ 

'' အဲ့နားမှာ မပေါက်ကွဲသေးတဲ့ ဗုံး ၂ လုံးကျန်ခဲ့တယ်၊ ပြည်သူတွေအနေနဲ့လည်း ဘာပစ္စည်းပဲ အဲ့နေရာမှာ တွေ့တွေ့ မကောက်ဖို့ ပြောချင်ပါတယ်'၊ နောက်ပိုင်း ခုထက်ပိုကောင်းအောင်ကြိုးစားပါမယ်လို့ ပြည်သူတွေကို အသိပေးချင်ပါတယ်''လို့ ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။ 

စစ်ကောင်စီတပ်ကို တိုက်ခိုက်ဖို့စီစဥ်ခဲ့ပေမယ့် နည်းပညာချို့ယွင်းမှုကြောင့် မအောင်မြင်ခဲ့လို့ နောက်ပိုင်း မစ်ရှင်တွေမှာ ခုထက်ပိုကောင်းအောင်ကြိုးစားသွားမယ်လို့ ဆိုပါတယ်။ 

'' မပေါက်သွားတဲ့အတွက် စိတ်မကောင်းဘူး၊ ညီမတို့က မလုပ်နိုင်ဘူး ဒါပေမယ့် လုပ်နိုင်တဲ့သူတွေ လုပ်တဲ့အခါ ဒီကောင်တွေကို ထိစေချင်တယ်၊ သေစေချင်တယ်၊ အားမလျော့ပါနဲ့ မြို့ပြပြောက်ကျားတပ်ဖွဲ့အတူရှိနေပါတယ် ပြောချင်ပါတယ်''လို့ အသက် ၂၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။ 

ပုသိမ်မြို့မှာ စစ်ကောင်စီတပ်သားတွေနဲ့ ပြည်သူ့စစ်၊ အရန်မီးသတ်တွေက ခုမစ်ရှင်ဖော်ဆောင်ဖို့စီစဥ်ထားတဲ့နေရာမှာ ညတိုင်းလိုလို သောက်စားပြီး ပြည်သူတွေကို စစ်ဆေးတာတွေပြုလုပ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။ 

#ပုသိမ် #မစ်ရှင် #မအောင်မြင် #သတိပေး #မြို့ပြပြောက်ကျားတပ်ဖွဲ့ #Ayeyarwaddy_Times



ဆက်ဖတ်ရန် →
နေရာရှားတဲ့မြေရှား(Rare Earth)

နေရာရှားတဲ့မြေရှား(Rare Earth)

မြေရှား Rare Earth တူးတယ်ဆိုတာ

 (၁) တတောင်လုံးကို အပေါက်ဖေါက် ပြီးရင်အက်ဆစ် လောင်းထည့် 

(၂) တောင်အောက်ဆုံးမှာ လိုင်ခေါင်းဖေါက်ပြီး အက်ဆစ် လောင်း ကျလာတဲ့ အရည်ကိုခံယူရတာပါ။ ဒါကြောင့် တောင် မရှိတဲ့နေရာလုပ်ရင် ကုန်ကျစရိတ်မကာမိဘူး။ မြေကိုတူးပြီး သီးသန့်ခွဲထုတ်ရလို့ ကုန်ကျစရိတ်များတယ်။ ခုလို တောင် ထူထပ်တဲ့နေရာမှာလုပ်ရင် အေးဆေးပဲ။

 (၃) Rare Earth ဆိုတာ တကယ့်မြေရှား သတ္တု မဟုတ်။ မြေ ရှိတဲ့နေရာတိုင်းက စစ်ယူလို့ရတယ်။ ပြဿနာက အဲ့လို တောင်တခုလုံး ဖျက်ဆီးလိုက်ဖို့ နေရာ ရှားသွားတဲ့ အချက် ပါ။ 

(၄) တောင်လုံးကြီးဖျက်လို့မရရင် မြေကြီးကိုတူးယူပြီး သီးသန့်စက်ရုံထောင် ခွဲထုတ်ယူတဲ့နည်းဟာ အင်မတန် အဖိုးအခများတယ်။ မကိုက်ဘူး။
 
(၅) ကချင်ပြည်နယ်က တောင်တွေဟာ တခုပြီးတခု အဆိပ်သင့်တဲ့ ရေတွေနဲ့ ကျန်ခဲ့မှာပါ။

(၆) ကုန်းနေ၊ရေနေသတ္တဝါအကုန်မျိုးတုန်းသွားနိုင်။

 (၇) အဆိုးဆုံးကတော့ အဲ့လို အက်ဆစ်ရည် လောင်းထည့်မဲ့ နေရာဟာ မြန်မာတပြည်လုံးစီးဆင်းနေတဲ့ ဧရာဝတီ မြစ်ဖျားခံရာ မေခ နဲ့ မလိခ မြစ်ဖျားမှာ တည်ရှိတဲ့အချက်ပဲ။ တနိုင်ငံလုံး ကင်ဆာရောဂါ နဲ့ အစတုံးသွားနိုင်တယ်။

👉 အောက်ကပုံတွေကတော့ ကချင်ပြည်နယ်၊ပန်ဝါမြို့ရှိ ဘိန်းဘုရင်ပြည်သူ့စစ် ဇခုန်တိန့်ယိန်းရဲ့ ​​မြေရှား သတ္တုလုပ်ငန်းခွင်ဖြစ်ပါတယ်။

#Crd.











ဆက်ဖတ်ရန် →
သေခါနီးအထိ ဝင်ဆို့နဲ့ထွက်ဆို့ ကြားဗျာများသူများ

သေခါနီးအထိ ဝင်ဆို့နဲ့ထွက်ဆို့ ကြားဗျာများသူများ

NLDအမတ်ဟောင်း မအူပင် ဦးစိန်ဝင်းနှင့် ၈၈ခေါင်းဆောင် ဦးကိုကိုကြီးတို့ ပူးပေါင်းပြီး ပြည်သူပါတီအမည်ဖြင့် မှတ်ပုံတင်မည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ 
လူငယ့်ခေတ် 

အမျိုးသားမီဒီမိုကရေစီအဖွဲ့ချုပ် NLDပါတီ အမတ်ဟောင်း မအူပင် ဦးစိန်ဝင်းတည်ထောင်ထားသည့်အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီနှင့် ၈၈ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးတည်ထောင်ထားသည့် ပြည်သူ့ပါတီတို့ ပူးပေါင်းပြီး ပြည်သူ့ပါတီဟူ၍ စစ်ကောင်စီလက်အောက်ခံရွေးကောက်ပွဲကော်မရှင်ထံ နိုင်ငံရေးမှတ်ပုံတင်မည်ဖြစ် သည်။ 

အဆိုပါ ပါတီကို ပြည်သူ့ပါတီ ဥက္ကဌ ဦးကိုကိုကြီးက ဆက်လက်ဦးဆောင်သွားမည်ဖြစ်ပြီး အမျိုးသားညီညွတ် သော ဒီမိုကရက်တစ်ပါတီက ဝင် ရောက်ကာပူးပေါင်းလိုက်ခြင်းဖြစ် ကြောင်း NUDP ဥက္ကဌဟောင်း ဦးစိန်ဝင်းက လူငယ့်ခေတ်ကိုပြောသည်။

အဓိက ပေါင်းစည်းရခြင်းရည်ရွယ် ချက်သည် စစ်တပ်ကထုတ်ပြန် သည့် နိုင်ငံရေး ပါတီမှတ်ပုံတင်ခြင်း ဥပဒေသည် အခက်အခဲနှင့် တင်းကြပ်မှုများရှိသည့်အတွက် ယင်းအခက် အခဲများကိုကျော်လွှားနိုင်ရန် ယခုကဲ့သို့ ပူးပေါင်းလိုက်ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“ကျွန်တော်တို့ နှစ်ပါတီမှာ အားသန်ရာသန်ရာတွေရှိပါတယ်။ မြို့ပေါ်နိုင်ငံရေးမှာဦးကိုကိုကြီးက တန်းတစ်ခုရှိတယ်ပေါ့။ ပေါင်းလိုက်ခြင်းအားဖြင့်ပြည်သူတွေအားကိုးရတဲ့ ပါတီကြီးတစ်ခုဖြစ်အောင်လုပ်မယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ" ဟု ဦးစိန်ဝင်းကပြောသည်။

လက်ရှိအချိန်တွင် ရွေးကောက်ပွဲ ဝင် ရေးမဝင်ရေးထက် ဥပဒေအရ သတ် မှတ်ထားသည့် ပါတီမှတ်ပုံတင်သည့်ရက်မပြည့်မှီ ပါတီတရားဝင်ဖြစ် အောင် ဆောင်ရွက်ရခြင်းဖြစ်ကြောင်းသိရသည်။

မအူပင်ဦးစိန်ဝင်းသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပါတီ (မြန်မာ) ကိုယ်စားပြုကာ မအူပင် မြို့နယ် ကိုယ်စားပြု ဝင်ရောက်ယှဥ် ပြိုင်ခဲ့သော်လည်းရှုံးနိမ့်ခဲ့သည်။ 

ထို့နောက် ၂၀၁၁ခုနှစ်တွင် NLDပါတီသို့ ဝင် ရောက်ခဲ့ပြီးနောက် ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၁၅ ရွေးကောက်ပွဲတို့တွင် NLDပါတီကိုယ် စားပြုကာ မအူပင်မြို့နယ်လွှတ် တော်ကိုယ်စားလှယ်နေရာတွင် အနိုင်ရရှိခဲ့သူဖြစ်သည်။

၂၀၁၇ခုနှစ်တွင် NLDပါတီမှ ထွက် ခွာခဲ့ပြီးနောက် ၂၀၁၈ခုနှစ်တွင် အမျိုးသားညီညွတ်သော ဒီမိုကရက် တစ်ပါတီ တည်ထောင်ပြီး ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲကို ဝင်ရောက် ယှဥ်ပြိုင်ခဲ့သော်လည်း အနိုင်ရရှိခဲ့ခြင်းမရှိပေ။ 

မကြာသေးမှီကာလက ဦးစိန်ဝင်းဦးဆောင်သည့် အမျိုးသားညီညွတ် သော ဒီမိုကရက်တစ်ပါတီ အနေဖြင့် NLDပါတီအမတ်ဟောင်းတစ်ဦးဖြစ် သူ၊  PPPပါတီ ကထုတ်ပယ်ခံထားရသည့် တပ်မတော်အရာရှိဟောင်း ဦးကျော်ဇေယျနှင့် ပူးပေါင်းမည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။ သို့သော်လည်း ၂၀၁၅ ခုနှစ် NLDပါတီက ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခြင်းမခံခဲ့ရသည့်အတွက် ပြည်သူ့ပါတီတည်ထောင်ခဲ့သည့် ၈၈ ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးပါတီနှင့်သာပူးပေါင်းခဲ့ခြင်းဖြစ်သည်။ 

“ပေါင်းတယ်ဆိုတာက အဓိက ရည်မှန်းချက်ကို မျက်ဝါးထင်ထင် မြင်တွေ့ နေရပြီး ပေါင်းမှဖြစ်မယ်ဆိုတဲ့ ဆန္ဒလည်းဖြစ်ပြီဆိုတော့ နာမည် တွေ၊ တံဆိပ်တွေကျွန်တော်တို့ အတွက်တော့မလိုပါဘူး။ သူက ပြည်သူ့ဆက်ဆံရေးကောင်းတယ်။ ကျွန် တော်က စည်းရုံးရေးကောင်းတယ်။ ကျေးလက်ဒေသတွေကိုစည်းရုံးနိုင် တယ်။ ပကတိအနေအ ထားအရ ပြည့်သူ့ပါတီနာမည်နဲ့ တံဆိပ်ကို ယူ လိုက်ပါတယ်” ဟု ဦးစိန်ဝင်းကဆိုသည်။ 

ဦးကိုကိုကြီးသည့် ၂၀၁၅ခုနှစ်တွင် NLDပါတီကိုယ်စားပြု ရွေးကောက်ပွဲဝင်ရန် ကိုယ်စားလှယ်လောင်းအဖြစ် အရွေးခံခဲ့သော်လည်း NLDပါတီက ရွေးချယ်ခဲ့ခြင်းမရှိပေ။

ယင်းကြောင့် ပြည်သူ့ပါတီတည် ထောင်ကာ ဥက္ကဌအဖြစ် တာဝန်ယူပြီး ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်ခဲ့သော်လည်း အနိုင်ရရှိခဲ့ခြင်းမရှိပေ။

စစ်တပ်၏ ဥပဒေသစ်ပါ ပြဌာန်းချက်များနှင့် သတ်မှတ်ချက်များသည် ယခင် ဥပဒေကို ပိုမိုတင်းကျပ်လိုက် သည့် သဘောသက်ရောက်နေရာ စစ်ကောင်စီ လက်အောက်မှ တဆင့်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် စိတ်ကူးနေသည့် နိုင်ငံရေးပါတီများ အခက်တွေ့နေကြသည်။

၂၀၁၀ ခုနှစ်မှ စတင် ကျင့်သုံးလာသည့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေအရ နိုင်ငံတစ်ဝှမ်းစည်းရုံးမည့် ပါတီ ဖြစ်ပါက ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး (၁၀၀၀) နှင့် တိုင်းဒေသကြီး/ ပြည်နယ် တစ်ခုအတွင်း၌သာ စည်းရုံးမည့် ပါတီဖြစ်ပါက မှတ်ပုံတင် ခွင့်ပြုသည့် နေ့မှစ၍ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး ၅၀၀ ကိုစုဆောင်းရမည်သာ ဖြစ်သည်။
 
သို့သော် စစ်တပ်က ထုတ်ပြန်သည့် ဥပဒေသစ်တွင်မူ နိုင်ငံတစ်ဝှမ်း စည်းရုံးမည့် ပါတီဖြစ်ပါက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့်ပြုသည့်နေ့မှစ၍ ရက်ပေါင်း (၉၀)အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး တစ်သိန်းအထိ စုဆောင်းရမည်ဖြစ်သည်။

“ပါတီပေါင်းပြီး မှတ်ပုံတင်ပြီးရင် ပါတီဝင် လူတစ်သိန်းရအောင် စုစည်းမယ်။ ပါတီရုံးခန်းတွေထက်ဝက် ကျော်ဖွင်နိုင်ဖို့ ကြိုးစားသွားမှာပါ။ ဖြစ်နိုင်ပါ့မလားဆိုတော့ ဒီနည်းလမ်းကလွဲပြီးတစ်ခြားနည်းလမ်းတွေ စဥ်းစားလို့မရဘူး။ ဒီနည်းလမ်းပဲရှိတဲ့အတွက် ကျွန်တော်တို့အကောင်းဆုံးခံယူချက်နဲ့ လုပ်သွားမှာပါ” ဟု ဦးစိန်ဝင်းက ပြောသည်။ 

ပြည်နယ်နှင့် တိုင်းဒေသကြီး တစ်ခုခုတွင် ဝင်ရောက်ယှဥ်ပြိုင်မည့် ပါတီများသည့် ရက်ပေါင်း (၉၀)တွင်း ပါတီဝင် ဦးရေ အနည်းဆုံး (၁၀၀၀) စည်းရုံးရမည်ဖြစ်သည်။

နိုင်ငံတစ်ဝှမ်း ကိုယ်စားပြုမည့် ပါတီများ သည့် ပါတီရန်ပုံငွေ ကျပ် သိန်းတစ်ထောင်နှင့် တိုင်းနှင့်ပြည်နယ် ကိုယ်စားပြုမည့် ပါတီအနေဖြင့် ပါတီရန်ပုံငွေ ကျပ် သိန်း(၁၀၀)တို့ကို မြန်မာ့ စီးပွားရေးဘဏ်တစ်ခုခုတွင် ငွေစာရင်းဖွင့်လှစ်နိုင်ရမည်ဖြစ်သည်။
 
ထို့အပြင် နိုင်ငံတစ်ဝှမ်း ကိုယ်စားပြုမည့် ပါတီများ သည့် ၃လအတွင်း နိုင်ငံတစ်ဝှမ်းရှိ မြို့နယ်ထက်ဝက် ကျော်တွင် ပါတီရုံးခန်းဖွင့်လှစ်ရမည် ဖြစ်ပြီး တိုင်းနှင့် ပြည်နယ်ကိုယ်စားပြုမည့်ပါတီများသည် ၅ မြို့နယ်တွင်ပါတီရုံးခန်းဖွင့်လှစ်နိုင်ရမည်ဟုလည်း သိရသည်။



ဆက်ဖတ်ရန် →
ခင်ဦးမှာ စစ်ကောင်စီ စစ်ကြောင်းထိုးလို့ ဒေသခံ ၁၀၀၀၀ ကျော် ဘေးလွတ်ရာကိုထွက်ပြေးနေရ

ခင်ဦးမှာ စစ်ကောင်စီ စစ်ကြောင်းထိုးလို့ ဒေသခံ ၁၀၀၀၀ ကျော် ဘေးလွတ်ရာကိုထွက်ပြေးနေရ

မဲခေါင်၊ ဖေဖော်ဝါရီ ၂၆

ခင်ဦးမြို့ပေါ်ကနေ စစ်ကောင်စီတပ် အင်အား ၁၀၀ လောက်နဲ့ ခြေလျင်စစ်ကြောင်း ထိုးလာတာကြောင့် ဒေသခံရွာသား ၁၀၀၀၀ ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

စစ်ကောင်စီ စစ်ကြောင်း ၂ ကြောင်းဟာ ခင်ဦးကနေ မနေ့ကထွက်လာတာဖြစ်ပြီး ဒီကနေ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ ခင်ဦး-ရေဦး လမ်း နားက တဲစုကျေးရွာကို လက်နက်ကြီးငယ် တွေနဲ့ ပစ်ခတ်ဝင်ရောက်နေသလို ခင်ဦးမြို့နယ် အနောက်ခြမ်း အင်းပတ်ကွေ့ ဈေးတန်းနဲ့ ရွာသစ်ကုန်းပျူခြံနဲ့ ချမ်းသာကုန်းကျေးရွာဘက်ကိုလည်း လက်နက်ငယ်တွေနဲ့ ပစ်ခတ် ဝင်ရောက်နေတယ်လို့ သိရပါတယ်။

အဲ့ဒီ စစ်ကြောင်းတွေကြောင့် ဗအိုး၊ အင်တိုင်းကြီး၊ ကံသစ်၊ ဂွေးကုန်း၊ မြစ်တော်၊ တဲစု၊ ကင်းပြစ်၊ သာဂရ၊ သရက်ကုန်း၊ သာဝတ္ထိ၊ မြင်းဒေါင်း၊ မြင်းကျ၊ အင်းပတ်၊ ချမ်းသာကုန်း၊ ညောင်ပင်ခြံနဲ့ ဆည်ကြီး စတဲ့ ကျေးရွာပေါင်း ၁၆ ရွာက ဒေသခံ ၁၀၀၀၀ ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး ကထုတ်ပြန်ထားပါတယ်။






MK-001
#MekongNews 
#ခင်ဦး
#ကျေးရွာပေါင်း၁၆ရွာ 
#ဒေသခံ၁၀၀၀၀ကျော်
#ဘေးလွတ်ရာကိုထွက်ပြေး
ဆက်ဖတ်ရန် →
ထန်တလန်မြို့ ၁၅ ကြိမ်ထက်မနည်း ဗုံးကြဲခံရ၊ ချင်းကာကွယ်ရေးအဖွဲ့ဝင်နှစ်ဦး သေဆုံး

ထန်တလန်မြို့ ၁၅ ကြိမ်ထက်မနည်း ဗုံးကြဲခံရ၊ ချင်းကာကွယ်ရေးအဖွဲ့ဝင်နှစ်ဦး သေဆုံး

■ ချင်းပြည်နယ်၊ ထန်တလန်မြို့ကို စစ်ကောင်စီလေတပ်က ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ လေကြောင်းတိုက်ခိုက်မှု ၁၅ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့တာကြောင့် ချင်းကာကွယ်ရေးတပ်ဖွဲ့တွေဘက်က နှစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

၂၀၂၁ ခုနှစ်ကတည်းက တိုက်ပွဲတွေကြောင့် ပျက်စီးနေတဲ့ ထန်တလန်မြို့ကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလလယ်ကစလို့ နေ့တိုင်းလိုလို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတာလို့ ချင်းကာကွယ်ရေးအဖွဲ့တွေနဲ့ နီးစပ်တဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"မနေ့က (၁၅) ကြိမ်ထက်နည်း ဗုံးလာကြဲတော့ သူတို့မှာလည်း သေချာတာက အထိအခိုက်တော့ အတော်များများ ရှိမယ်လို့ ခန့်မှန်းလို့ရတာပေါ့နော်။ ဒါပေမဲ့ ကျနော်တို့ဘက်က နှစ်ယောက်ကျသွားတယ်၊ အဲဒါကတော့ သေချာတယ်။ ရဲစခန်းကို ပြန်သိမ်းချင်လို့ လေကြောင်းတိုက်ခိုက်မှု အကြီးအကျယ်လုပ်နေတာ"

သေဆုံးသူတွေဟာ ချင်းအမျိုးသားတပ်မတော် (CNA/CNF) နဲ့ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF) တို့က တစ်ဦးစီဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ထန်တလန်မြို့ရဲစခန်းကို CNA နဲ့ CDF ထန်တလန် ပူးပေါင်းတပ်တွေ ဖေဖော်ဝါရီ ၈ ရက်က သိမ်းပိုက်ခဲ့ပြီးနောက် နေ့တိုင်းလိုလို လေကြောင်းတိုက်ခိုက်မှု ရှိနေသလို ဟားခါးမြို့ဘက်ကနေလည်း ငါးမိနစ်တစ်ကြိမ် လက်နက်ကြီးနဲ့ ပစ်ခတ်လေ့ရှိတယ်လို့ ဒေသခံက ဆိုပါတယ်။

ဖေဖော်ဝါရီလ ၂၆ ရက် ဒီနေ့မှာလည်း ထန်တလန်မြို့မှာ စစ်ရေးတင်းမာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသလို စစ်ကောင်စီရဲ့ ချင်းပြည်နယ် ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးသန့်ဇင်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရပါဘူး။

ထန်တလန်မြို့ ရဲစခန်းသိမ်းပိုက်ခံရတာကိုတော့ စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ သတင်းထုတ်ပြန် ဝန်ခံခဲ့ပြီး ပြန်သိမ်းပိုက်နိုင်ဖို့ ကြိုးစားနေတယ်လို့ ဆိုထားပါတယ်။

ချင်းအမျိုးသားတပ်မတော် (CNA/CNF) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကတော့ တစ်မြို့လုံးနီးပါးကို ချင်းကာကွယ်ရေးအဖွဲ့တွေက နယ်မြေစိုးမိုးထားနိုင်တယ်လို့ မီဒီယာတွေမှာ ဖြေဆိုထားပါတယ်။
_________RFA




ချင်းပြည်နယ်၊ ထန်တလန်မြို့အား ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့က တွေ့ရစဉ်။ (Photo: Salai Tial Hram Ling)
ဆက်ဖတ်ရန် →
စစ်ကောင်စီဥက္ကဋ္ဌ ခရီးစဉ်ကြောင့် စစ်တွေမြို့ စျေးဆိုင်အားလုံးပိတ်ထားရ

စစ်ကောင်စီဥက္ကဋ္ဌ ခရီးစဉ်ကြောင့် စစ်တွေမြို့ စျေးဆိုင်အားလုံးပိတ်ထားရ

■ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာရောက်ဖို့ရှိတာကြောင့် ဈေးဆိုင်တွေအားလုံး ပိတ်ခိုင်းထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နဲ့ ၂၇ ရက်နေ့တွေမှာ ဈေးဆိုင်တွေပိတ်ဖို့ စစ်ကောင်စီရဲ့ အာဏာပိုင်တွေက တစ်ရက်ကြို ညွှန်ကြားထားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"စစ်တွေပွိုင့်က ဈေးတွေလည်း ပိတ်ခိုင်းထားတယ်။ နောက်ပြီး လမ်းဘေးမှာ ဆိုင်ခန်းတွေလည်းပါတယ်။ ဦးဥတ္တမ ပန်းခြံနားက ဆိုင်ခန်းတွေလည်း ခဏပိတ်ခိုင်းထားတယ်။ လုံခြုံရေးချထားတာတွေလည်း တွေ့တယ်"
စစ်တွေမြို့ပေါ်မှာ လုံခြုံရေးတိုးမြှင့်ချထားတာတွေ တွေ့ရပြီး စည်ပင်ဝန်ထမ်းတွေကလည်း လမ်းသန့်ရှင်းရေးလုပ်နေကြတယ်လို့ သူက ဆက်ပြောပါတယ်။
စစ်ကောင်စီဥက္ကဋ္ဌနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ စစ်တွေမြို့မှာ တွေ့ဆုံဖို့ရှိတယ်လို့ သတင်းတွေထွက်နေပေမယ့် RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။
စစ်ကောင်စီကလည်း တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားတာမရှိသလို စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရပါဘူး။
ဇန်နဝါရီလ ၁၉ ရက်နေ့ကလည်း ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီကမ်းခြေမှာ စစ်ကောင်စီဥက္ကဋ္ဌနဲ့ ထိုင်းကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ချလမ်ပိုလ် ဆရီဆဝဒ်နဲ့ တွေ့ဆုံခဲ့ပြီး (၈) ကြိမ်မြောက် ထိုင်း- မြန်မာ နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ ကော်မတီအစည်းအဝေးကို သုံးရက်ကြာ ကျင်းပခဲ့ပါတယ်။
---------------RFA




ရခိုင်ပြည်နယ်၊ စစ်တွေမြို့တစ်နေရာကို ၂၀၂၁ ခုနှစ်၊ မတ်လ ၈ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ဆက်ဖတ်ရန် →
အရာတော်နဲ့ မြင်းမူမှာ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ ဆေးရုံမီးရှို့ခံရ

အရာတော်နဲ့ မြင်းမူမှာ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ ဆေးရုံမီးရှို့ခံရ

■ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်နဲ့ မြင်းမူမြို့နယ်မှာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကစပြီး ခြောက်ရက်ကြာ စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုးဝင်ရောက်ပြီး ဘုန်းကြီးကျောင်းသုံးကျောင်း၊ စာသင်ကျောင်းတစ်ကျောင်းနဲ့ ဆေးရုံတစ်ရုံကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြင်းမူမြို့နယ်၊ ကန်တော်ရွာက ဘုန်းကြီးကျောင်း သုံးကျောင်းကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ စစ်ကောင်စီတပ်စစ်ကြောင်း ဝင်ရောက်မီးရှို့ခဲ့တယ်လို့ Zero ပြောက်ကျားအဖွဲ့တာဝန်ရှိသူ ကိုမုတ်ဆိတ်က ပြောပါတယ်။

"ကန်တော်ရွာက ဘုန်းကြီးကျောင်းတွေချည်းပဲ ရှို့နေတာ။ အဲဒီမှာ စစ်ရှောင်တွေနေတာရှိတယ်။ အခုက အကုန်လုံးက ပြေးကြရတော့တာ"

RFA နဲ့ အဆက်အသွယ်ရတဲ့ ညနေ ၃ နာရီခွဲဝန်းကျင်မှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်နေသလို ဂျက်တိုက်လေယာဉ် လာရောက်တာပါ ရှိနေတယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာပဲ မြင်းမူမြို့နယ်ထဲက ကန်တော်ရွာ၊ ကန်ပြားရွာ၊ ဆပ်ပြာကျင်းရွာ၊ ခွက်ခွင်းရွာ၊ လက်ပဲကျင်းရွာနဲ့ ပဲကူရွာက ဒေသခံတစ်သောင်းကျော် ဘေးလွတ်ရာထွက်ပြေးနေရတယ်လို့လည်း ကိုမုတ်ဆိတ်က ပြောပါတယ်။

ဒီမတိုင်ခင်ကလည်း ငါးကင်းရွာ၊ ပဒတ္တိုင်းရွာ၊ ညောင်ပင်ကန်ရွာ၊ စိုင်မြစ်နဲ့ ကန်ဆွယ်ရွာတွေက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အရာတော်မြို့နယ်က မလဲသာရွာကိုလည်း ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ စစ်ကောင်စီတပ်က စစ်ရဟတ်ယာဉ်နဲ့ ဝင်ရောက်စီးနင်းပြီး စာသင်ကျောင်းနဲ့ ဆေးရုံကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"သူတို့က မင်းရွာကိုလာတော့ ဒီကအဖွဲ့တွေက ရွာမီးရှို့မှာစိုးလို့ ကာထားတော့ သူတို့ထွက်မရတော့ဘူး။ အဲဒီတော့ ဘာမှမဆိုင်တဲ့ ပြည်သူပဲရှိတဲ့ မလဲသာရွာကို ဟတ်စကီးလေးစင်းနဲ့ ဝင်စီး၊ ရွာသား ၁၅၀ လောက်နဲ့ ဒဏ်ရာရ သာမန်ပြည်သူတွေထားတဲ့ ဆေးရုံကို မီးရှို့၊ အခုမင်းရွာကြီးပါ မီးရှို့သွားတယ်"

အဲဒီစစ်ကြောင်းဟာ ဖေဖော်ဝါရီလ ၂၂ ရက်ကနေ ၂၅ ရက်အတွင်း မင်းရွာ၊ မလဲသာရွာနဲ့ ကန်ရင်းရွာတို့ကိုပါ မီးရှို့ဖျက်ဆီးခဲ့တယ်လို့လည်း အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီက ဖေဖော်ဝါရီလ ၂၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။

လက်ရှိ အဲဒီရွာတွေ အနီးတစ်ဝိုက်က ရွာတွေလည်း ဘေးလွတ်ရာကို ထွက်ပြေတိမ်းရှောင်နေကြရပြီး အရေအတွက် အတိအကျကိုတော့ မသိရှိရသေးဘူးလို့ ဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းစက်ပိတ်ထားပါတယ်။

အဲဒီအင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီတပ်စစ်ကြောင်းဟာ လက်ရှိညနေပိုင်းမှာတော့ မြင်းမူမြို့နယ်၊ ကန်တော်ရွာကို ရောက်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
---------------RFA

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခံရသည့် ဆေးရုံမှ ဆေးဝါးများနှင့် ဆေးဘက်ဆိုင်ရာပစ္စည်းတချို့ကို တွေ့ရစဉ်။ (ဓာတ်ပုံ - အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီ)



ဆက်ဖတ်ရန် →
 သူနာပြု ဆရာမကို ဖမ်းဆီးပြီးနောက် ရက်ပေါင်းများစွာ စစ်ကြောရေး လုပ်ခဲ့ပြီး  စစ်တပ်က  မုဒိမ်းကျင့်

သူနာပြု ဆရာမကို ဖမ်းဆီးပြီးနောက် ရက်ပေါင်းများစွာ စစ်ကြောရေး လုပ်ခဲ့ပြီး စစ်တပ်က မုဒိမ်းကျင့်

အုတ်ဖိုတွင် ဆေးကု ပြန်လာသည့် CDM သူနာပြု မမေဇွန်မိုးကို စစ်တပ်က မုဒိမ်းကျင့် သတ် ဖြတ်အလောင်းဖျောက်၊  သူနာပြု ကို လိုက်ပို့သည့် PDF ၂ ဦးကိုမူ  စစ် တပ်က ပစ်သတ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ ခေတ်သစ်

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် CDM သူနာပြု ဆရာမ မမေဇွန်မိုးကို စစ်တပ်က မုဒိမ်းကျင့် ပစ်ခတ်သတ် ဖြတ်အလောင်းဖျောက်ခဲ့သော်လည်း PDF ရဲဘော် များက သူနာပြု ဆရာမ၏ အလောင်းကို ပြန်လည် တွေ့ရရှိခဲ့ရကြောင်း မျက် မြင် များနှင့်PDF သတင်းရင်းမြစ်များက ရန်ကုန် ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၉ ရက်နေ့တွင် CDM သူနာပြု ဆရာမ မမေဇွန်မိုးသည် အုတ်ဖို မြို့နယ် PDF တပ်ဖွဲ့မှ ရဲဘော် တစ်ဦး၏ အမျိုးသမီးကို တောထဲတစ်နေရာတွင် သွားရောက်မီးဖွားပေးခဲ့ကြောင်း၊ ယင်းနောက် အုတ်ဖိုမြို့သို့ PDF ရဲဘော် ၂ ဦးက လိုက်ပို့ခဲ့ကြောင်း၊  အုတ်ဖို၊ အေးမြ သာယာအုပ်စု ကျောက်ဖြူတောင် ကျေးရွာ အနီး ခမရ ၆ တိမ်ညွန့်တပ် စစ်ဆေးရေးဂိတ်တွင် သူနာပြုဆရာမ မမေဇွန်မိုးကို လိုက်ပို့သည့် PDF ရဲဘော် ၂ ဦးကို စစ်တပ်က ပစ်သတ်ခဲ့ ကြောင်း၊ CDM သူနာပြု ဆရာမ မမေဇွန်မိုးမှာမူ ထွက်ပြေး ပုန်းအောင်းခဲ့ သော် လည်း စစ်တပ်က ဖမ်းမိသွားခဲ့ကြောင်း သိရှိရသည်။ 

စစ်တပ်က  CDM သူနာပြု ဆရာမကို ဖမ်းဆီးပြီးနောက် ရက်ပေါင်းများစွာ စစ်ကြောရေး လုပ်ခဲ့ပြီး   ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ထန်းပင်ကုန်းရွာအနီး စစ်တပ်က  မုဒိမ်းကျင့် ပစ်ခတ် သတ်ဖြတ် ခဲ့ကြောင်း၊ ယင်းနောက် အလောင်း ကို မီးရှို့ခဲ့သော်လည်း အကုန်လောင်ကျွမ်းခြင်းမရှိဘဲ အလောင်း အကြွင်း အကျန် များကို ရဲဘော်များက ပြန်လည် ရရှိခဲ့ကြောင်း  သိရသည်။

" အုတ်ဖိုမြို့နယ်မှာ PDF တွေကို ဆေးကုပေးပြီး ပြန်လာတဲ့ သူနာပြု ဆရာမ ကို စစ်ခွေးတွေက ဖမ်းသွားပြီး မုဒိန်းကျင့် သတ်ဖြတ်ခဲ့တယ်။ ကျနော်တို့ ရဲ ဘော် တွေ ၂၃ ရက်နေ့မှာ အလောင်း တွေ့ရ လို့ မုဒိန်းကျင့်သတ်တယ်ဆိုတာ သိရတာ။  စစ်ခွေးတွေက ဆရာမလေး အလောင်းကို မီးရှို့ခဲ့ပေမယ့် အလောင်း က အကုန်လုံး မလောင်ဘူး။ ဆရာမလေးအဝတ်အစားတွေနဲ့ အလောင်းကို မီးရှို့တာ အကုန်မလောင်တော့ ဆရာမလေးမှန်း သိခဲ့ရတယ်။ ဆရာမလေး အသတ်ခံရတဲ့ ထန်းပင်ကုန်း ရွာမှာက စစ်ခွေးတွေစခန်းချထားတယ်။ ရဲစခန်း လည်းရှိတယ်။ ဆရာမလေးကို မုဒိမ်းကျင့် သတ်ဖြတ်တာ မျိုးဝင်းဆိုတဲ့ ထန်းပင် ကုန်း အုပ်စု အရှေ့ကုန်းရွာ ပျုစောထီးလည်းပါတယ်။ စစ်ခွေး တွေ ရဲတွေလည်းပါတယ်။ မုဒိမ်းပြုကျင့်တာကို မျက်မြင်တွေ့တဲ့သူတွေဆီက အတည် ပြု ချက်ရ တယ်။ ဆရာမလေးကို စစ်တပ်က သတ်တာက ဖေဖော် ဝါရီလ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီပါ။  ဆရာမလေးကို လိုက်ပါ စောင့်ရှောက်ဖို့ ထည့်ပေးလိုက်တဲ့ ရဲဘော် ၂ ဦးကို ဇန်နဝါရီလ ၂၉ ရက်နေ့ စစ်ဆေးရေးဂိတ်မှာ စစ်ခွေးတွေက တစ်ခါတည်း ပစ်သတ်လိုက်တယ်" ဟု PDF သတင်းရင်းမြစ်က ပြောသည်။

CDM သူနာပြု ဆရာမ မမေဇွန်မိုးသည် အုတ်ဖိုမြို့နယ် ဥသျှစ်ကုန်းကျေးရွာ အုပ်စု ကြပ်ကွင်း ရွာတွင် နေထိုင်သူ ဖြစ်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ် ရှား မှုများတွင် တက်ကြွစွာ ပါဝင်ခဲ့ သဖြင့် စစ်တပ်က ဖမ်းဝရမ်းထုတ် သော ကြောင့်  အုတ်ဖို မြို့နယ်အတွင်း တိမ်းရှောင် နေထိုင် နေရသူဖြစ်ကြောင်း သိရသည်။

စစ်တပ်က မုဒိမ်းကျင့် ပစ်ခတ်သတ်ဖြတ်ခဲ့သော CDM သူနာပြု ဆရာမ မမေဇွန်မိုး ၏ ခင်ပွန်း ဖြစ် သူ ကိုအောင်ဇင်မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲများ  ဦးဆောင်မှုဖြင့် စစ်တပ်က ဖမ်း ဆီးခဲ့ကြောင်း၊ လက်ရှိတွင် ပုဒ်မ ၅၀၅ (က)ဖြင့်ထောင်ဒဏ် ၃ နှစ်ကျခံနေရကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်တပ်က သတ်ဖြတ်လိုက်သော CDM သူနာပြု ဆရာမ မမေဇွန်မိုး နှင့် PDF ရဲဘော် ၂ ဦး။






ဆက်ဖတ်ရန် →
ပျူတွေကိုသနပ်ခါးပင်တွေပါမီးရှို့ခိုင်းတဲ့အာဏာရူး

ပျူတွေကိုသနပ်ခါးပင်တွေပါမီးရှို့ခိုင်းတဲ့အာဏာရူး

မြိုင်မြို့နယ်တွင် ပျူစောထီးခေါင်းဆောင် ဦးဆောင်ပြီး ဒေသခံတွေရဲ့ သနပ်ခါးခြံ ဧက ၂၀ ကျော်ကိုမီးရှို့ဖျက်ဆီးခဲ့ 

ဧရာဝတီတ်ိုင်းမ်
ဖေဖော်ဝါရီလ ၂၆ ရက် 

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ ကန်နီကျေးရွာမှ ပျူစောထီးခေါင်းဆောင် ကျော်ဆန်းဝင်း ဆိုသူဦးဆောင်ပြီး ဒေသခံများ၏ သနပ်ခါးခြံများကို ဆက်တိုက်မီးဖျက်ဆီးနေကြောင်း ဒေသခံများထံက သိရသည်။ 

အဆိုပါ ပျူစောထီးခေါင်းဆောင် ကျော်ဆန်းဝင်မှာ ကန်နီကျေရွာတွင်နေထိုင်ပြီး သနပ်ခါးစိုက်ထားသည့် ခြံဧက ၂၀ ကျော်ခန့်ကို မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများမှပြောသည်။ 

"အခုသူတို့မီးရှို့ ဖျက်ဆီးနေတဲ့ သနပ်ခါးခြံ ဧက အ​တော်များများဟာ ဒေသခံတွေရဲ့ သနပ်ခါးခြံတွေပါ။ တမင်သက်သက်ကို ဒီကောင်တွေ ဒုက္ခပေးနေကြတာ ယုတ်မာလွန်းပါတယ်ဗျာ။ အခုဆို သနပ်ခါးခြံတွေရဲ့ တန်ဘိုးကလည်း မနည်းပါဘူး အတော်လေးဆုံးရှုံးသွားသလို ပြာပုံပဲရှိတော့တယ်။ အခုလည်း သူတို့ရဲ့ရန်ကြောက်လို့ အိမ်မှာ မနေရဲဘဲ ထွက်ပြေးနေကြရတယ်" လို့ ကန်နီ ဒေသခံတစ်ဦးက ဧရာဝတီတ်ိုင်းမ်ကိုပြောသည်။ 

ပျူစောထီးခေါင်းဆောင် ကျော်ဆန်းဝင်းနှင့် ပျူစောထီးအဖွဲ့များသည် ဖေဖော်ဝါရီလ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် စတင်ပြီး ဒေသခံများ၏ သနပ်ခါးခြံ ဧက ၂၀ ကျော်ကို ဆက်တိုက် မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း ၎င်းမှ ဆက်လက်ပြောဆိုသည်။ 

ဒါ့ပြင် အဆိုပါ ပျူစောထီးခေါင်းဆောင် ကျော်ဆန်ဝင်း ဦးဆောင်အဖွဲ့က သနပ်ခါးခြံများကို ဆက်တိုက် မီးရှို့နေသလို ဒေသခံများ၏ အသက်အန္တရယ်ကိုပါ ခြိမ်းခြောက်မှုများပြုလုပ်နေမှုကြောင့် ကန်နီ ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ဆက်လက်ပြောသည်။ 

















#ကန်နီ #ပျူစောထီးများ #သနပ်ခါးခြံများကိုမီးရှို့ဖျက်ဆီး #Ayeyarwaddy_Times

ဆက်ဖတ်ရန် →