နောက်ဆုံးရ
NDF ပါတီကနေ ဗဟိုဦးစီးကော်မတီအဖွဲ့ဝင် တွေ နုတ်ထွက်

NDF ပါတီကနေ ဗဟိုဦးစီးကော်မတီအဖွဲ့ဝင် တွေ နုတ်ထွက်

ဦးခင်မောင်ဆွေ ဦးဆောင်ခဲ့တဲ့ NDF ပါတီကနေ ဗဟိုဦးစီးကော်မတီအဖွဲ့ဝင် လေးဦး ပါတီက နုတ်ထွက်

ဓာတ်ပုံ ရင်းမြစ်, AFP  ဘီဘီစီ

ပြည်ထောင်စုအဆင့်ရွေးကောက်ပွဲဝင်မယ့် ပါတီအဖြစ် NDF မှတ်ပုံတင်မယ်လို့ ပြော

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ ရက်တုန်းက အမျိုးသားဒီမိုကရေစီအင်အားစု NDF ရဲ့ နဝမအကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာဗဟိုဦးစီးကော်မတီအစည်းအဝေးကို ကျင်းပပြီးတဲ့နောက် ပါတီအနေနဲ့ ပြည်ထောင်စုအဆင့်ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီအဖြစ် မှတ်ပုံတင်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ ပါတီဝင်တွေကနေ သိရပါတယ်။

အစည်းအဝေးမှာ တိုင်းဒေသကြီးကိုယ်စားပြုအနေနဲ့ပဲ တနိုင်တပိုင်ပါဝင်ယှဉ်ပြိုင်ဖို့ လိုလားသူတွေလည်း ရှိခဲ့ကြပြီး အခုလိုဆုံးဖြတ်ချက်ထွက်ခဲ့ပြီးတဲ့နောက် ရည်ရွယ်ချက်တွေမတူတော့တာကြောင့်လို့ဆိုကာ ပါတီ ဒုတိယဥက္ကဋ္ဌ ဦးသက်ထွန်းမောင်၊ အထွေထွေအတွင်းရေးမှူး ဦးအောင်ဇင်၊ အတွင်းရေးမှူး ၁ ဦးတိုးတိုး၊ CEC အဖွဲ့ဝင် ဦးမြင့်သိန်းအပါ ၄ ဦး ပါတီက နှုတ်ထွက်ခဲ့ကြပါတယ်။

"ပြည်ထောင်စုအဆင့်ဆိုရင်က စိန်ခေါ်မှုတွေများမယ်၊ တာဝန်မယူနိုင်တော့တဲ့ အတွက်ထွက်လိုက်တာပါ။ တသီးပုဂ္ဂလအနေနဲ့ ပြန်ပြိုင်ဖို့လည်းမရှိပါဘူး၊ နိုင်ငံရေးကို စိတ်ကုန်သွားကြတာပါ။ နိုင်ငံရေးသမားတွေအားလုံးက ရိုးသားကြဖို့၊ ပြည်သူကိုပွင့်လင်းမြင်သာစွာ ချပြဖို့နဲ့ ပြည်သူကို မလိမ်ဖို့လိုတယ်" လို့ အထွေထွေအတွင်းရေးမှူးတာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးအောင်‌ဇင်က ဘီဘီစီကိုပြောပါတယ်။

အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီဟာ လက်ရှိမှာ ဗဟိုဦးစီးကော်မတီအဖွဲ့ဝင်အသစ်တွေနဲ့ ပြန်လည်ဖွဲ့စည်းထားတာဖြစ်သလို အာဏာသိမ်းစစ်ကောင်စီရဲ့ ကောင်စီဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦး‌ခင်မောင်ဆွေလည်း ပါတီဥက္ကဋ္ဌတာဝန်ကနေ အစောပိုင်းကတည်းက ထမ်းဆောင်တာမရှိတော့ပါဘူး။

NDF ပါတီ ဥက္ကဋ္ဌဖြစ်ခဲ့သူ ဦး‌ခင်မောင်ဆွေက အာဏာသိမ်းစစ်ကောင်စီရဲ့ ကောင်စီဝင်အဖြစ်နှစ်နှစ်တာ တာဝန်ထမ်းဆောင်ခဲ့ပြီး အခုနောက်ဆုံး ခြောက်လ သက်တမ်းတိုးချိန်မှာတော့ စစ်ကောင်စီရဲ့ အကြံပေးအဖွဲ့မှာ တာဝန်ယူထားတာဖြစ်ပါတယ်။

၂၀၁၀ အထွေထွေရွေးကောက်ပွဲပါဝင်ယှဉ်ပြိုင်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကနေ ခွဲထွက်လာတဲ့ ဦးခင်မောင်ဆွေ၊ ဦးသိန်းညွန့်တို့ ဦးဆောင်ပြီး NDF ပါတီကို ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်ပိုင်း ဦးသိန်းညွန့်ကလည်း NDF ပါတီကနေ နုတ်ထွက်ပြီး အမျိုးသားဒီမိုကရေစီပါတီသစ် အမည်နဲ့ ပါတီတည်ထောင်ခဲ့ပါတယ်။

----------------------------------

ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌနဲ့ ရုရှားသံအမတ်တွေ့ဆုံ

ဓာတ်ပုံ ရင်းမြစ်, U Khin Yi Facebook

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP ဟာ မနေ့ ဖေဖော်ဝါရီ ၂၀ ရက် တစ်ရက်တည်းမှာတင် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီး H.E. Mr.Nikolay Listopadov ‌ရော ရုရှား-မြန်မာချစ်ကြည်ရေးအသင်း ဒုတိယဥက္ကဋ္ဌ Mr. Alexander osttrovskiy တို့နဲ့ပါ ‌တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ပါတီဥက္ကဋ္ဌဖြစ်တဲ့ ဦးခင်ရီက သူ့ရဲ့ ဖေ့ဘုတ်စ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

အကြမ်းဖက်ဝါဒကိုအခြေခံတဲ့ လူတစ်စု (မူရင်းအရေးအသားဖြစ်ပါတယ်) နဲ့ အနာဂတ်လူငယ်တွေအကြောင်းအပါအဝင် ရုရှား-မြန်မာ နှစ်နိုင်ငံပါတီချင်း ပူးပေါင်းဆောင်ရွက်တာ တိုးမြှင့်ဖို့အတွက်ပါ ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကတည်းက ရုရှားရဲ့ အထင်ကရပါတီ ဖြစ်တဲ့ United Russia ပါတီနဲ့ ဆက်သွယ်ရေး ပိုတိုးမြှင့်ပေးမယ့် ဆက်ဆံရေးတည်ဆောက်ဖို့ဆိုပြီး ရုရှားကိုယ်စားလှယ်အဖွဲ့တွေနဲ့ တွေ့ဆုံမှုတွေ ဆက်တိုက်ရှိခဲ့ပါတယ်။

ကြံ့ခိုင်ရေးပါတီဟာ ဗဟိုအလုပ်အမှုဆောင်အသစ် ပြန်ဖွဲ့စည်းပြီးနောက်ပိုင်း ပထမအဆင့် နိုင်ငံရေးခြေလှမ်းဆိုပြီး ရက် ၉၀ စီမံချက်ချမှတ်ကာ ပါတီစည်းရုံးရေးဆိုင်ရာ လှုပ်ရှားမှုတွေ၊ အာဏာသိမ်းစစ်ကောင်စီက ဦးစီးကျင်းပမယ့် ရွေးကောက်ပွဲ အောင်နိုင်ရေးကိစ္စရပ်တွေအပြင် ပါတီဝင်လုံခြုံရေးဆိုင်ရာကိစ္စတွေအတွက်ပါ လှုပ်ရှားမှုခပ်စိတ်စိတ်ရှိနေတာဖြစ်ပါတယ်။

တဖက်မှာလည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီထောက်တိုင်တွေလို့ဆိုကာ နိုင်ငံတဝန်းက ကြံ့ခိုင်ရေးပါတီဝင် ၃၀၀၀ ကျော် သတ်ဖြတ်ခံထားရတာကို ပါတီအချက်အလက်တွေအရ သိထားရပါတယ်။


ဆက်ဖတ်ရန် →
စကစ က နေအိမ်တွေမှာ မြေမြုပ်မိုင်းတွေထောင်

စကစ က နေအိမ်တွေမှာ မြေမြုပ်မိုင်းတွေထောင်

ကန့်ဘလူနယ်တွင်း မြေမြှုပ်မိုင်းများ PDF ရှင်းလင်း
ဖေဖော်ဝါရီ ၂၁၊ ၂၀၂၃ (ဗွီအိုအေ၊မြန်မာ)

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်အတွင်းကို မြန်မာစစ်တပ်က စစ်ကြောင်းတွေခွဲပြီး လှည့်ပတ်နယ်မြေရှင်းနေပြီးနောက်၊ ပြန်ထွက်ချိန်မှာ နေအိမ်တွေမှာ မြေမြုပ်မိုင်းတွေထောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီမြေမြှုပ်မိုင်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြန်လည်ရှင်းလင်းနေရတယ်ဆိုတဲ့ သတင်းပေးပို့ချက်ကို ကိုငြိမ်းချမ်းက တင်ပြပေးပါမယ်။

ကန့်ဘလူမြို့နယ် အင်းလယ်ကြီးကျေးရွာကို ဝင်ခဲ့တဲ့ မြန်မာစစ်တပ်ဟာ ကျေးရွာက ပြန်ထွက်ချိန်မှာ လူနေအိမ်တွေမှာ မြေမြှုပ်မိုင်းတွေ ထောင်ထားခဲ့တာကြောင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က မိုင်းတွေကို ရှင်းလင်းနေရတယ်လို့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ စစ်ကောင်စီတပ်တွေ ပြန်ထွက်သွားပြီး ကျေးရွာနဲ့ ဝေးသွားပြီဖြစ်တဲ့အတွက် ဒေသခံတွေ ရွာကို ပြန်ဝင်နိုင်ဖို့ မိုင်းတွေကို ရှင်းလင်းနေရတာဖြစ်တယ်လို့ ဆိုပါတယ်။

"သူတို့ထောင်ခဲ့တဲ့ မိုင်းတွေဘာတွေကို ရှင်းပြီးတော့ ကျွန်တော်တို့ ဝင်ခိုင်းနေတယ်ဗျ၊ အင်းလယ်ကြီးရွာပါဗျ သူတို့ ပထမဦးဆုံး ဝင်တဲ့ရွာ။ အိမ်အဝင်စလေးတွေ ခုံစီတန်းလျားလေးတွေပေါ့ လူထိုင်တဲ့ ခုံစီတန်းလျား နေရာမျိုးတွေမှာပေါ့။ လောလောဆယ်တော့ ၃ လုံးပဲ ရသေးတယ်ဗျ။ စစ်ကြောင်းဝင်တဲ့ရွာတွေဆိုရင် သူတို့ ဝင်တဲ့နေရာတွေ ထွက်တဲ့နေရာတွေဆိုရင် ထောင်တယ်ဗျ၊ ကျွန်တော်တို့ဒီ ကန့်ဘလူနယ်၊ တည်ပင် ပင့်သာဆိုရင်လည်း ကျွန်တော်တို့ ပြည်သူတွေခြေထောက်ပြတ်တာတွေရှိတယ်ဗျ၊ သူတို့ မိုင်းတွေကြောင့်။"

ဖေဖော်ဝါရီလ ၁၉ ရက်နေ့က မလည်တိုက်နယ်အတွင်းက အိမ်ခြေ ၅၅၀ ဝန်းကျင်ရှိတဲ့ မြေမွန်ရွာကို စစ်‌ကောင်စီတပ်တွေက ၂ ကြိမ်မီးရှို့ခဲ့တာကြောင့် အိမ်ခြေ ၂၀၀ နီးပါး မီးလောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပထမ တစ်ကြိမ်မီးရှို့စဥ်က နေအိမ် ၃၀ ကျော်လောင်ခဲ့ပြီး တစ်နေ့တည်းမှာပဲ နောက်ထပ်တစ်ကြိမ် ထပ်ရှို့ခဲ့တာလို့ ဆိုပါတယ်။

"၁၉ ရက်နေ့လောက်က ကျမလားမသိဘူးဗျ၊ မြေမွန်ရွာက အလုံး ၃၀ ကျော်လောက်ရှို့သွားတယ်ဗျ။ အဲ့ဒါက ခမရ ၃၆၉။ နောက်ထပ်ထပ်ရှို့တာတွေတော့ ပါအုံးမယ် (စာရင်းအတိအကျမသိရသေး)။ တရော်ကိုင်းကို ရောက်သွားတယ် ၂၀ ရက်နေ့က အဲ့မှာ တရော်ကိုင်းကို ထပ်ရှို့၊ တရော်ကိုင်းကတော့ ဘယ်လောက်ရှို့သလဲတော့ မသိရသေးဘူးဗျ ။ စစ်ကြောင်းက မစဲဘူး၊ စစ်ကြောင်းက အမြဲတမ်း လှုပ်ရှားတပ်အနေနဲ့ မရပ်မနားတပ်အနေနဲ့ကို ချထားတော့တာ ဒီဖက်မှာကတော့ ဒီကန့်ဘလူနယ်မှာကတော့ သူတို့ ဒီဖက် ထိုးပြီးပြီဆိုရင် ဟိုဖက် ဆက်ထိုးတယ်၊ ဟိုဖက် ထိုးပြီးပြီဆိုရင် ဒီဖက် ပြန်လာထိုးတယ်။"

မြန်မာစစ်တပ် ခမရ ၃၆၉ ရဲ့ နယ်မြေရှင်းစစ်‌ကြောင်းက မြေမွန်ရွာကို မီးရှို့ဖျက်ဆီးနေတာကြောင့် အနီးဝန်းကျင်ကျေးရွာတွေဖြစ်တဲ့ သီရိမွန်၊ စကျင်၊ တရော်ကိုင်း စတဲ့ ကျေးရွာတွေက ဒေသခံတွေလည်း ထွက်ပြေးနေကြရပါတယ်။
စစ်ကြောင်းနဲ့ ဝေးသွားပြီဖြစ်တဲ့ ကျေးရွာတွေကိုတော့ ဒေသခံတွေ ပြန်ဝင်နိုင်ဖို့ စစ်ရှောင်ကူညီသူတွေက ဆောင်ရွက်ပေးနေကြတယ်လို့ ဆိုပါတယ်။ စစ်ကြောင်းနဲ့ နီးနေသေးတဲ့ ကျေးရွာတချို့ကတော့ ရွာကို ပြန်မဝင်နိုင်ကြသေးပါဘူး။ ဒီစစ်ရှောင်တွေဟာ လက်ရှိမှာ ကွင်းပြင်တွေမှာပဲ စစ်ရှောင်နေရတာဖြစ်တာကြောင့် နေထိုင်ဖို့ အခက်အခဲဖြစ်နေကြရတာကြောင့် စစ်ကောင်စီစစ်ကြောင်းတွေ အဝေးကို ရောက်တာနဲ့ ရွာကို ပြန်ဝင်နိုင်ဖို့ ကြိုးစားကြရတာဖြစ်တယ်လို့ ဆိုပါတယ်။

"ကျွန်တော်တို့ ဒီ ၄၀ လောက်ရွာတွေကတော့ အကုန်လုံးကို စစ်ကြောင်းက အနောက်ဖက်ကိုလည်း ရောက်သွားပြီ၊ အခု ခမရ ၃၆၉ ကလည်း မြေမွန်ဖက်တွေ ရောက်သွားပြီး မီးရှို့ပြီးလုပ်နေတာဆိုတော့ ကျွန်တော်တို့ ဒီဖက်က နည်းနည်း လှမ်းသွားပြီဆိုတော့ အခု လောလောဆယ်ကတော့ အကုန်လုံးဒီရှောင်တဲ့ ရွာ ၄၀ အကုန်လုံးကို ပြန်ဝင်နိုင်ဖို့ လုပ်နေကြပါပြီဗျ။ တဝတ်တပြတ်တွေတော့ ရှိသေးတာပေါ့ဗျ၊ မဝင်နိုင်သေးတာတွေ သူတို့နဲ့ နည်းနည်း နီးတဲ့ ရွာလေးတွေတော့ မဝင်နိုင်သေးဘူးဗျ။"

ဒီကနေ့ ဖေဖော်ဝါရီ ၂၁ ရက် မနက်ပိုင်းက ပင့်သာတိုက်နယ်အတွင်းက ချောင်းကြားရွာကို စစ်ကောင်စီ အင်အား ၁၂၀ လောက်က ဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ချောင်းကြားရွာဟာ အခုတခေါက်နဲ့ဆိုရင် ၃ ကြိမ်မြောက် မီးရှို့ခံရတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီစစ်ကြောင်းဝင်လာတာကြောင့် ချောင်းကြားရွာ အနီးတဝိုက်မှာရှိတဲ့ မန်းကျည်းကုန်း၊ ဖလားရ၊ ပင့်သာ၊ ရှမ်းကုန်း၊ အင်းမ စတဲ့ ရွာတွေက ဒေသခံထောင်ချီ ထွက်ပြေးနေကြရပါတယ်။

စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး ထိုးစစ်နဲ့ တိုက်ပွဲတွေကြောင့် စစ်ကိုင်းအတွင်းမှာ အိုးအိမ် စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ရှောင် အရေ အတွက်တွေက တနေ့ထက်တနေ့ ပိုပြီးတိုးလာနေပါတယ်။ ပြည်သူ့ ကာကွယ်ရေးတပ် PDF တွေဟာ ဒီဒေသ ကျေးရွာတွေကို အခြေစိုက်ပြီး အကြမ်းဖက် လုပ်ငန်းတွေ လုပ်နေတယ်ဆိုပြီးတော့လည်း မြန်မာစစ်တပ်က စွပ်စွဲထားပါတယ်။\


 

ဆက်ဖတ်ရန် →
မင်းကင်းမြို့အနီး တိုက်ပွဲပြင်းထန်နေ၊ အရပ်သား ၅၀ ကို စစ်ကောင်စီ ဖမ်းထား

မင်းကင်းမြို့အနီး တိုက်ပွဲပြင်းထန်နေ၊ အရပ်သား ၅၀ ကို စစ်ကောင်စီ ဖမ်းထား

VOA

စစ်ကိုင်းတိုင်း မင်းကင်းမြို့အနီး ချင်းတွင်းမြစ်ဘေးမှာရှိတဲ့ ပုထိုးလုံးကျေးရွာမှာ တပ်စွဲတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ ၃ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားပြီးနောက် အရပ်သား ၅၀ နီးပါးကို စစ်ကောင်စီကခေါ်ဆောင်သွားပြီး ပြန်လွှတ်မပေးသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ စစ်ရေးတင်းမာနေတယ်လို့ ကာကွယ်ရေးအဖွဲ့တွေဘက်က ပြောပါတယ်။ မင်းကင်းမြို့အခြေအနေ သတင်းပေးပို့ချက်ကို မမြသဇင်အောင်က ပြောပြပါမယ်။

စစ်ကိုင်းတိုင်း မင်းကင်းမြို့နဲ့ ၃ မိုင်သာသာဝေးပြီး ချင်းတွင်းမြစ်ဘေးမှာရှိတဲ့ ပုထိုးလုံးကျေးရွာကို ဖေဖော်ဝါရီ ၁၈ ရက်က စစ်ကောင်စီတပ်ဖွဲ့တွေ ရောက်ရှိလာပြီး တပ်စွဲတဲ့အတွက် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဖြစ်ခဲ့တာပါ။ တိုက်ပွဲဖြစ်ပွားပြီးနောက် ဖေဖော်ဝါရီ ၂၀ ရက် ညနေပိုင်းမှာ ကျေးရွာထဲမှာရှိတဲ့ အရပ်သား ၅၀ ကျော်ကို စစ်ကောင်စီက ခေါ်ဆောင်သွားပြီး ပြန်လွှတ်မပေးသေးဘူးလို့ ပုထိုးလုံးကျေးရွာအနီးကျေးရွာက ဒေသခံတဦးက ပြောပါတယ်။

“ဒေသခံအခြေအနေက ရွာသူရွာသားတွေက တောတောင်တွေထဲ ပြေးလွှားနေကြရတာပေါ့ဗျာ။ အဲ့ဒါပြီးတော့ တချို့လည်း ပိတ်မိပြီးမှ မိသွားလို့ ဖမ်းခံရတဲ့သူတွေကိုလည်း ခေါ်သွားတယ်တဲ့ စစ်တပ်ရှိတဲ့ဆီပေါ့ဗျာ။ ၅၇ ယောက် အသက်ကြီးဖိုးဖွားတွေကော ကလေးငယ်တွေကော ခေါ်သွားတယ်။ လွှတ်မပေးသေးဘူး။ ပိတ်မိနေတဲ့သူတွေ အဲ့ဒါတွေကို သူတို့က ခေါ်သွားတာ။”

စစ်ကောင်စီတပ်က အရပ်သားအများအပြားကို ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာကို ဒေသခံကာကွယ်ရေး အဖွဲ့ဘက်ကလည်း အတည်ပြုပါတယ်။ ဖမ်းဆီးခံရတဲ့ လူဦးရေအရေအတွက်ကိုတော့ ဗွီအိုအေက သီးခြားအတည်မပြုနိုင်သေးသလို ဘာကြောင့် ခေါ်ဆောင်သွားတယ်ဆိုတာကိုလည်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ဖေဖော်ဝါရီ ၁၈ ရက်ကနေ ၂၀ ရက် ညနေပိုင်းအထိ တိုက်ပွဲ ၃ ရက်ဆက်တိုက်ဖြစ်ခဲ့ပြီး လက်ရှိမှာ စစ်ရေးတင်းမာတဲ့အနေအထားရှိနေပါတယ်။ တိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့ မင်းကင်းဒေသခံကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက အခုလို ပြောပါတယ်။

“မင်းကင်းကနေမှ မော်တော်တွေ ဖလက်တွေကို ချောဆွဲပြီးမှ ပုထိုးလုံးရွာထဲကို လာပြီး တပ်စွဲတာခင်ဗျ။ သူတို့ရွာထဲမှာ တပ်စွဲပြီဆိုတာနဲ့ ကျွန်တော်တို့အနေနဲ့ သတင်းရတယ်။ သတင်းရတာနဲ့ တပ်ရင်းကနေ စစ်ကြောင်းတွေ ပြင်ဆင်ပြီး ကျွန်တော်တို့ဘက်ကပဲ သူတို့တပ်စွဲတဲ့နေရာကိုသွားပြီး ဝင်ရောက်ပစ်ခတ်မှု လုပ်တာပါ။ ၁၈ ရက်ကနေ ၂၀ ရက်နေ့အထိ ထိတွေ့မှုဖြစ်တယ်။ ဒီနေ့မှာလည်း ဒီကောင်တွေ စစ်ကြောင်း ပြန်တက်လာတာရှိတယ် ရှိတဲ့အတွက် လောလောဆယ် ၂ ဖက် ရင်ဆိုင်ထားစဲပဲရှိတယ် ပစ်ခတ်မှုတော့ မရှိသေးဘူး။”

ဒ့ါအပြင် မင်းကင်းမြို့နယ်ထဲက စစ်ကောင်စီ အားပေးထောက်ခံတဲ့ ပျူစောထီး အားကောင်းတဲ့ နေရ
ာတွေမှာလည်း ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေရှိနေပါတယ်။ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ နယ်မြေစိုးမိုးမှု အားကောင်းလာတဲ့အတွက် စစ်တပ်ဘက်က မင်းကင်းမြို့နယ်ကို နယ်မြေရှင်းလင်း စစ်ကြောင်းထိုးဖို့ ပြင်ဆင်လာတာ ဖြစ်တယ်လို့ ဒေသခံကာကွယ်ရေး အဖွဲ့တွေက သုံးသပ်နေပါတယ်


ဆက်ဖတ်ရန် →
ခြူးလေး သာမက ခင်သီရိသက်မွန်နဲ့ ပါပါတ်သက်တဲ့အမွှာကောင်

ခြူးလေး သာမက ခင်သီရိသက်မွန်နဲ့ ပါပါတ်သက်တဲ့အမွှာကောင်

Brave Bar နဲ့ စစ်ကောင်စီဘယ်လိုပတ်သက်နေတာလဲ

၇.၁၀.၂၀၂၁နေ့တွင်ရန်ကုန်တိုင်း,မရမ်းကုန်းမြို့နယ်,ကန်ရိပ်သာလမ်းရှိ Brave Bar အမည်ခံ Clubအား စစ်ကောင်စီတပ်မှ ည ၁၁:၄၅ နာရီတွင် ဝင်ရောက်ဖမ်းဆီးရာ Brave Bar Clubတွင် အရက်,မူးယစ်တေဆေးဝါးများသုံးစွဲပြီးပျော်ပါးနေတဲ့ အမျိုးသား အမျိုးသမီး ဝန်ထမ်းအပါအဝင် စုစုပေါင်း လူ၂၀၀ဝန်းကျင်ခန့်ဖမ်းဆီးခံရတယ်လို့ ကနဦးသိရှိရပါတယ်။

ဒါပေမယ့် ယနေ့ မနက် ၉:၀၀ နာရီဝန်းကျင်တွင် အဆိုပါ Brave Bar Clubအတွင်းဖမ်းဆီးခံရတဲ့ ဧည့်သည်များ,clubရှိမန်နေဂျာ,ဝန်ထမ်းအားလုံး အန္တရာယ်ကင်းစွာ မိမိတို့နေအိမ်အသီးသီးသို့ ပြန်ရောက်နေပြီဖြစ်ကြောင်း သတင်းခိုင်မာစွာကြားသိရပါတယ်။

ညတုန်းက စစ်ကောင်စီတပ်ကဖမ်းခံရတဲ့သူအားလုံး လွတ်မြောက်သွားကြောင်း မည်သူ့ကိုမှဆက်လက်ဖမ်းဆီးထိန်းသိမ်းထားခြင်းမရှိကြောင်း သိရှိရပါတယ်။

Brave Bar ကို အခုလို ည၁၀ နာရီကစပြီး မနက်၄နာရီအထိ ညမထွက်ရအမိန့်ထုတ်ထားတဲ့အချိန်ဘယ်လိုပုံစံနဲ့ဖွင့်ထားတာလဲ ဆိုတဲ့အချက်ကအရေးကြီးပါတယ်။

Bar ဖြစ်ဖြစ်Clubဖြစ်ဖြစ်တိတ်တဆိတ်မသိအောင် ခိုးပြီးလျှို့ဝှက်ဖွင့်လို့အဆင်ပြေတဲ့လုပ်ငန်းမျိုးမဟုတ်ပါဘူး။ဒါဆိုအခုလို ညမထွက်ရအမိန့်ထုတ်ထားတဲ့အချိန်Bar တို့ clubတို့ ဖွင့်နိုင်တယ်ဆိုတာ နယ်မြေမြို့နယ်ရဲစခန်း,ခရိုင်ရဲတပ်ဖွဲ့လောက်ကို လာဘ်ပေးပြီးဖွင့်ဖို့မဖြစ်နိုင်ပါဘူး။

လက်ရှိအာဏာသိမ်း စစ်ကောင်စီခေါင်းဆောင်ပိုင်းအချို့နဲ့ပက်သက်မှုရှိမှဖွင့်လို့ရတဲ့အခြေအနေပါ။Brave Bar ကဘယ်သူပိုင်တာလဲ,ပိုင်ရှင်ဘယ်သူဖြစ်နေလို့အခုလိုပေါ်ပေါ်ထင်ထင်ဖွင့်ရဲတာလဲဆိုတော့ Brave Barရဲ့ပိုင်ရှင်က ကိုစိုးလှိုင်ဆိုတဲ့စီးပွားရေးသမားတယောက်ဘဲဖြစ်ပါတယ်။ကိုစိုးလှိုင်ဆိုတဲ့ Brave Barပိုင်ရှင်က ဘယ်သူဖြစ်နေလို့လဲဆိုတဲ့မေးခွန်းမေးစရာရှိပါတယ်။

Brave Bar ပိုင်ရှင် ကိုစိုးလှိုင် မှာ အမွှာညီအကို နောက်တယောက် ကိုစိုးနိုင်ဆိုတဲ့တယောက်ရှိပါသေးတယ်။သူတို့ ညီအကိုနှစ်ယောက်က (နအဖ)အစိုးရ ဦးသန်းရွှေလက်ထက် ၂၀၀၉-၂၀၁၀ဝနိးကျင်လောက် DoKoMoနာမည်နဲ့ မြေနီကုန်း,ပါရမီနဲ့နေရာတချို့မှာ တန်ဖိုးနည်းတရုတ်ဖုန်းများကို ရောင်းတဲ့ဆိုင်ဖွင့်လှစ်ပြီး လိုင်စင်မဲ့ကားကိုသာဝယ်စီးနိုင်တဲ့အခြေအနေသာရှိပြီး တရုတ်ပြည်ထုတ်တန်ဖိုးနည်းဖုန်းများကိုသာ သူတို့ညီအကိုနှစ်ဦးပိုင်တဲ့ DoKoMoဖုန်းဆိုင်တွေမှာ ရောင်းရတဲ့တန်ဖိုးနည်း စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေခဲ့ရသူတွေပါ။

ဒါပေမဲ့၂၀၁၆နောက်ပိုင်း ကိုစိုးလှိုင်ရဲ့စိးပွားရေးလုပ်ငန်းတွေက DoKoMoဖုန်းဆိုင်ခွဲတွေမဟုတ်တော့ပါဘူး။ယခုစစ်ကောင်စီတပ်ကဝင်ဖမ်းတဲ့ ကန်ရိပ်သာလမ်းက BraveBar,ဆရာစံလမ်းပေါ်က World Wide KTV,၇မိုင် ကုန်းမြင့်ရိပ်သာလမ်းက Icon KTV,Worldwide KTV Mdy,Icon KTV Mdy,ဆရာစံလမ်းပေါ်က Canton Paradise Chinese Fine dining Restaurant ,ဆရာစံလမ်းပေါ်က Beauty In The Pot Hot Pot ဆိုင်,ဆရာစံလမ်းပေါ်က NYX KTV,JanJanJan Japanese Restaurant,Brave Empire Production ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်း,Hotel SS Aung Ban စသည့်လုပ်ငန်းများအပြင် သိန်း၃သောင်းအထက် အိမ်ခြံမြေအရောင်းအဝယ်လုပ်ငန်းများကိုလုပ်ကိုင်နေတာတွေ့ရပါတယ်။

ယခုလက်ရှိ Brave Bar ပိုင်ရှင် စီးပွားရေးလုပ်ငန်းရှင်သူဌေးက 7miles Villa လို့ခေါ်တဲ့ ၇မိုင် အေဒီမီးပွိုင့်အနီး ပြည်လမ်းပေါ်ကနေဝင်ရတဲ့ ခြံတစ်ခြံအကျယ်အဝန်း ၁ဧကကျယ်ဝန်းတဲ့ခြံ ၇ခြံသာရှိတဲ့ ခြံတွေထဲက ခြံတစ်ခြံမှာ နန်းတော်ကြီးပုံစံအိမ်နဲ့နေထိုင်လျက်ရှိပါတယ်။

နိုင်ငံရဲ့စီမံကိန်းတွေလုပ်တဲ့လုပ်ငန်းတခုမှမရှိဘဲဘာကြောင့် နှစ်အနည်းငယ်အတွင်းချမ်းသာမှုပမာဏအများကြီးရှိတာလဲဆိုတဲ့အကြောင်းအရင်းက ကိုစိုးလှိုင်လုပ်တဲ့လုပ်ငန်းအများစုက Night Life(ညပိုင်းဖျော်ဖြေရေးလုပ်ငန်း)တွေဖြစ်နေတော့ အဓိက မူးယစ်ဆေးဝါးအရောင်းအဝယ်လုပ်ငန်းဖြစ်နေတာကြောင့်ဖြစ်ပါတယ်။ဒီလိုလုပ်ငန်းကို တကယ့်ဖြန့်ဖြူးရောင်းချတဲ့လုပ်ငန်းလုပ်ကိုင်နေတဲ့သူတစ်ယောက်က တပ်ကထိပ်ပိုင်းခေါင်းဆောင်တွေနဲ့အကျိုးတူလုပ်ကိုင်နိုင်မှ မူးယစ်ဆေးဝါးများကို တရားဝင်ပုံစံဖြန့်ဖြူးရောင်းချနိုင်မှာဖြစ်တယ်။

ကိုစိုးလှိုင်ရဲ့လုပ်ငန်းတစ်ခုဖြစ်တဲ့ World Wide KTV Mdyမှာ ၂၀၁၈ခုနှစ်ဝန်းကျင်က ပြည်ထဲရေးဝန်ကြီးဌာနမှသတင်းအရ မူးယစ်ဆေးဝါးကုန်သွယ်မှုလုပ်ငန်းအကြီးအကျယ်လုပ်ကိုင်တဲ့ ကုန်သည်တွေ Mdy World Wide KTVမှာ ရောက်နေတယ်လို့သတင်းအတိအကျနဲ့တိုင်တဲ့အတွက် ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။

ထိုသို့ဖမ်းဆီးရာအဓိကတရားခံ၅ဦးဖမ်းခံရပေမယ့် သတင်းတစုံတရာထုတ်ပြန်ခြင်းမရှိခဲ့ပါဘူး,ဖမ်းခံရတဲ့သူ၅ဦးအနက် ၁ဦးက မန္တလေးနဲ့ရန်ကုန် ကျောက်သူဌေးလောကမှာ နာမည်အရမ်းကြီးတဲ့ ဦးအိုက်ထွေး(ကျောက်အရောင်းအဝယ်လုပ်ငန်းရှင်)ရဲ့သားမက် ကိုအောင်ဝင်း ဆိုသူဖြစ်ပါတယ်။အခုလို မူးယစ်ဆေးဝါးကိုနိုင်ငံတကာရောင်းတဲ့ မူးယစ်ရာဇာတစ်ယောက် ဖမ်းခံရပြီး၁နှစ်မပြည့်ခင်အချိန်အတွင်းမှာ လွတ်မြောက်လာခဲ့ပါတယ်။

ဘယ်သူမှ မသိတဲ့ကြီးမားတဲ့ဖြစ်စဉ်တစ်ခုပါ။နောက်ပြီး ကိုစိုးလှိုင်ရဲ့ World Wide KTV Mdyဆိုင်ကတစုံတရာ အရေးယူခံရခြင်းမျိုးလည်းမဖြစ်ခဲ့ပါဘူး။ ကိုစိုးလှိုင်ပိုင်ဆိုင်တဲ့ KTV,Club,Barနေရာတိုင်းမှာ စိတ်ကြွမူးယစ်ဆေးဝါးတွေဖြစ်တဲ့ Ecstasy ၁ပြား၈သောင်း,Ketamine 1gram ကို ၁သိန်း၂သောင်း,Cocaine 1gram ၃သိန်းမှ ၆သိန်း,Molly Capsule ၁တောင့် ၁သိန်း စသည့် party drugs(ပျော်ပွဲရွင်ပွဲသုံးမူးယစ်ဆေးဝါးများ),Ice,ရာမ စသည့်မူးယစ်ဆေးဝါးမျိုးစုံကို သုံးစွဲဖို့ accessories များအဆင်သင့်ပြင်ဆင်ထားပြီး အဆင်သင့်သုံးစွဲနိုင်ရန်စီစဉ်ပေးထားပြီး ကိုယ်ကြိုက်နှစ်သက်ရာ မူးယစ်ဆေးဝါးများကို စိတ်ကြိုက်လွယ်ကူစွာဝယ်ယူ သုံးစွဲ နိုင်တဲ့နေရာတွေက ကိုစိုးလှိုင်ပိုင်ဆိုင်တဲ့ နေရာတွေမှာလွယ်လင့်တကူလွတ်လပ်စွာဝယ်ယူသုံးစွဲနိုင်အောင်ရောင်းချလျှက်ရှိပါတယ်။

ကိုစိုးလှိုင်ရဲ့ရင်းနှီးတဲ့ လုပ်ငန်းစပ်တူလုပ်ကိုင်တဲ့သူတွေ အာဏာသိမ်းစစ်ခေါင်းဆောင်တပ်ချုပ် မင်းအောင်လှိုင် သမီးခင်သီရိသက်မွန်နှင့် ခင်ပွန်းဟောင်းလင်းမြင့်ဖွယ်(DJ Xoon Mite),သားအငယ် အောင်ပြည့်စုံနှင့်ချွေးမ မျိုးရတနာထိုက်,ဒုချုပ်စိုးဝင်း (DSA22)ရဲ့မယားပါသားအငယ်လင်းထူးနှင့် ချွေးမ သဲသဲ (Mdy ရဲ့လုပ်ငန်း),ပြည်ထဲရေးဝန်ကြီးဟောင်း ဒုဗိုလ်ချုပ်ကြီးကျော်ဆွေ(DSA 22),ပြည်ထဲရေးဒုဝန်ကြီးဟောင်း ဒုဗိုလ်ချုပ်ကြီး အောင်စိုး(DSA 26),ရဲချုပ်ဟောင်း ရဲချုပ်အောင်ဝင်းဦး (DSA26),လက်ရှိပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး စိုးထွဠ်(OTS 64),စရခချုပ်ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦး (OTS 77) တို့ပဲဖြစ်ပါတယ်။

ဒါမျိုးတပ်ရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ လုပ်ငန်းအတူလုပ်ကိုင်နေသူဖြစ်လို့ မနေ့ညပိုင်း၁၁:၄၅မှာ စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးပေမဲ့ ဖမ်းဆီးခံရသူ ၂၀၀ဝန်းကျင်ထဲမှာ တစ်ယောက်မှဖမ်းဆီးထိန်းသိမ်းခြင်းမခံရ,ပိုက်ဆံပေးစရာမလိုဘဲ ခံဝန်ထိုးပြီး ပြန်လည်လွတ်မြောက်ခဲ့ခြင်းဖြစ်ပါတယ်။ 

ကိုစိုးလှိုင်ရဲ့ ရုပ်ရှင်ထုတ်လုပ်ရေးရဲ့အဓိက မင်းသားက ပြည်သူတွေရဲ့အချစ်တော်မင်းသားပိုင်တံခွန်ပဲဖြစ်ပါတယ်။ မင်းသားပိုင်တံခွန်က လက်ရှိ ၅၀၅-ကနဲ့ အင်းစိန်ထောင်မှာ အမှုရင်ဆိုင်နေရပါတယ်။ပိုင်တံခွန်ဖမ်းခံရတဲ့ဖြစ်စဉ်အမှန်က မင်းသားပိုင်တံခွန်က လွတ်မြောက်နယ်မြေတစ်ခုသို့ရောက်ရှိနေပြီး သူ့အတွက်လွတ်မြောက်နယ်မြေမှာ နေထိုင်ဖို့အဆင်မပြေတဲ့အကြောင်းပြချက်နဲ့ မင်းသားပိုင်တံခွန်က သူ့ရဲသူဌေးရုပ်ရှင်ထုတ်လုပ်ရေးပိုင်ရှင်ကိုစိုးလှိုင်ကိုဆက်သွယ်ပြီး ကိုစိုးလှိုင်ရဲ့ အစီအစဉ်ပြုလုပ်ပေးမှုကြောင့် စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ)တပ်ဖွဲ့ဝင်များက မင်းသားပိုင်တံခွန်ကို သူ့ရဲ့နေအိမ်မြောက်ဒဂုံသို့ လျှို့ဝှက်ပို့ဆောင်ပေးခဲ့ပါတယ်။ 

စစ်ကောင်စီက ည၈နာရီသတင်းမှာ ၅၀၅-က ဝရမ်းထုတ်ပြန်ခံရတဲ့အနုပညာရှင်တွေစာရင်းတွေကြေငြာတဲ့အခါ April ၇ရက်နေ့မှာမင်းသားပိုင်တံခွန်ရဲ့ ဝရမ်းထုတ်ခံရတယ်ဆိုတာ သတင်းမှာပါလာပါတယ်။ စရဖတပ်ဖွဲ့နဲ့ပြည်ထဲရေးတပ်ဖွဲ့အချင်းအချင်းမကျေနပ်မှုကြောင့် နေအိမ်သို့တိတ်တဆိတ်ပြန်ရောက်နေတဲ့ ပိုင်တံခွန် သတင်းရထားပြီးဖြစ်နေတဲ့အတွက် April ၈ရက်နေ့မနက်လင်းအားကြီးအချိန် ပိုင်တံခွန်ရဲ့ နေအိမ်မှာဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။ ထိုသို့ဖမ်းဆီးပြီးပိုင်တံခွန်ကို အင်းစိန်အကျဉ်းထောင်သို့ ပို့ဆောင်လိုက်ပြီး တရားစွဲဖို့ စီစဉ်ပါတယ်။

ပိုင်တံခွန်အင်းစိန်အကျဉ်းထောင်သို့ပို့ဆောင်ပြီး ၅၀၅-ကဖြင့်စတင်တရားစွဲဆိုတဲ့အခါ Brave Empire Production ထုတ်လုပ်ရေးပိုင်ရှင်ကိုစိုးလှိုင်က တပ်ထိပ်ပိုင်းခေါင်းဆောင်တွေကို ပိုင်နိုင်တဲ့အတွက် ပိုင်တံခွန်ကို မြောက်ဒဂုံ မာရှယ်လော စစ်အုပ်ချုပ်ရေးကြေငြာထုတ်ပြန်ထားတဲ့ မြို့နယ်မှာ ဖမ်းဆီးခံရပေမယ့် ပိုင်တံခွန်ရဲ့ထုတ်လုပ်ရေးပိုင်ရှင်ကိုစိုးလှိုင်ရဲ့ကူညီပေးမှုကြောင့် စစ်ခုံရုံးနဲ့ရုံးတင်တရားစွဲဆို ပြစ်ဒဏ်ချရမှာဖြစ်ပေမယ့် အရပ်ဘက်တရာရုံး မြောက်ဒဂုံမြို့နယ်တရားရုံးကနေအမှုရင်ဆိုင်ရပါတယ်။ 

ပိုင်တံခွန်လို မြောက်ဒဂုံမြို့နယ်မှာ ဖမ်းဆီးခံရတဲ့ အသက်၂၀ကျော် မိန်းကလေးတစ်ဦးကတော့ စစ်အုပ်ချုပ်ရေးထုတ်ပြန်ထားတဲ့မြောက်ဒဂုံမြို့နယ်မှာဖမ်းဆီးခံရလို့ မြောက်ဒဂုံမြို့နယ် စစ်ခုံရုံးကနေ အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၁၁နှစ်ချမှတ်ခံလိုက်ရပါတယ်။ အဆိုပါ မိန်းကလေးဖမ်းခံရတဲ့ရက်နဲ့ ပိုင်တံခွန်ဖမ်းခံရတဲ့ရက်က ၁ရက်ပဲကွာပါတယ်။ဒါကြောင့် Brave Bar ပိုင်ရှင်ကိုစိုးလှိုင် စစ်ကောင်စီကိုဘယ်လိုပိုင်တယ်ဆိုတာ တွေ့နိုင်မြင်နိုင်ပါတယ်။

အပြစ်မဲ့ပြည်သူတွေအိမ်ကို ညဦးပိုင်းအချိန်မှာ စကစတပ်တွေက ရပ်ကွက်တွေထဲဆဲဆိုကြိမ်းမောင်း ဧည့်စာရင်းဝင်စစ်ပြီး အသားလွတ်အပြစ်မရှိဘဲ မတရားဖမ်းဆီးထောင်ထဲထည့်ခံရပေမဲ့ စစ်ကောင်စီနဲ့ပက်သက်တဲ့ရေပေါ်ဆီအသိုင်းအဝိုင်းတွေကတော့ ည၁၀နာရီမထွက်ရဆိုတဲ့ ဥပဒေချိုးဖောက်ကာ တရားမဝင်တဲ့ စိတ်ကြွရူးသွပ်ဆေးပြားတွေကို သုံးစွဲပြီးတည်ဆဲဥပဒေ ပြဌာန်းဥပဒေတွေကို ချိုးဖောက်ကျူးလွန် အပြစ်ရှိပေမယ့် မတရားတဲ့အာဏာသိမ်းစစ်တပ်ရဲ့ မတရားဥပဒေကြောင့် အပြစ်လုပ်တဲ့သူ တရားခံအစစ်တွေက လွတ်မြောက်နေပြီး အပြစ်မဲ့ပြည်သူပေါင်းများစွာကတော့ မတရားဖမ်းဆီး လူမဆန်စွာ နှိပ်စက်သတ်ဖြတ်လူ့အခွင့်အရေးတွေချိုးဖောက်ခံနေရပြီး သူတို့နဲ့မသက်ဆိုင်တဲ့ အကျဉ်းထောင်တွေ စစ်ကြောရေးစခန်းတွေမှာ မတရားဖမ်းဆီးခံနေရတာက မတရားအာဏာလုထားတဲ့ အာဏာရူးစစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ အာဏာရူးစစ်ဗိုလ်ချုပ်ကြီးရာထူးကိုယ့်ဘာသာယူထားတဲ့ စစ်အာဏာရှင်ရဲ့ အမွေဆိုးစနစ်ဆိုး အကျင့်ဆိုးတွေကြောင့် ဖြစ်နေရတာပဲ ဖြစ်ပါတယ်။

#CrdOrginalUploader





























ဆက်ဖတ်ရန် →
မင်းအောင်လှိုင်ရဲ့ အကြမ်းဖက် စစ်တပ် အသေများမှု၊ ပုန်ကန်မှု တွေနဲ့ စတင်ပြိုဆင်းလာ

မင်းအောင်လှိုင်ရဲ့ အကြမ်းဖက် စစ်တပ် အသေများမှု၊ ပုန်ကန်မှု တွေနဲ့ စတင်ပြိုဆင်းလာ


https://youtu.be/U2gPLEW3Ajg ကြည့်ရန်

 
By ရန်ကုန်ခေတ်သစ်

-အကြမ်းဖက်မင်းအောင်လှိုင် ခေါင်းဆောင်နေတဲ့ စစ်ကောင်စီတပ်တွေအတွင်း အင်အားပြုန်းတီးမှု ရာခိုင်နှုန်း မြင့်တက်နေတယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

-  တိုက်ပွဲတွေအတွင်းမှာ သေဆုံးတာ တပ်မှ ထွက်ပြေးတာ တပ်မှ တရားဝင် ထွက်တာအပါအဝင် CDM ဝင်တာတွေ ကြောင့် မြင့်မားလာနေတာလည်းဖြစ်ပါတယ်။

- တပ်ရင်းတပ်ဖွဲ့အလိုက် စစ်သား အင်အားပြုန်းတီးမှု ရာခိုင်နှုန်းဟာ လအလိုက် မတူညီကြဘဲ ပျှမ်းမျှ ပြုန်းတီးမှု အင်အား ၂ ရာခိုင်နှုန်းကနေ  ၁၀ ရာခိုင်နှုန်းအကြား အတက်အကျရှိနေတယ်လို့ သိရပါတယ်။

- အာဏာသိမ်းကာလ ၂ နှစ်တာကာလအတွင်း ပြန်ကြည့်လျှင် စစ်သား ပြုန်းတီးမှုအင်အား ရာခိုင်နှုန်း ထိုးတက်မြင့် မားလာတာကို သိသိသာသာတွေ့ရတယ်လို့ စစ်ဘက်သတင်းရင်းမြစ်က ဆိုပါတယ်။

-အင်အား ပြုန်းတီးမှု ရာခိုင်နှုန်းများတဲ့ တိုင်းစစ်ဌာနချုပ် တပ်တွေထဲမှာ မပခ၊ နမခ၊ ရတခတပ်တွေက ရာခိုင်နှုန်း မြင့်မားတယ်လို့ ဆိုပါတယ်။

-တပ်ရင်းတပ်ဖွဲ့တွေဟာ စစ်ပြေးတွေ ရှိလာရင်လည်း အမှန်စာရင်း အတိုင်း မတင်ပြဘဲ လိမ်လည် တင်ပြကြပါတယ်။

-ဒါကြောင့် အင်အားပြုန်းတီးမှု ရာခိုင်နှုန်းမှာ လက်ရှိတွက်ချက်ထားတဲ့  နှုန်းထက် ပိုမို မြင့်မားနိုင်တယ်လို့ စစ်တပ်သတင်းရင်းမြစ်က ပြောပါတယ်။

-ဒုတိယဗိုလ်မှူးကြီး အဆင့် တပ်ရင်းမှူးတွေတောင်  အမိန့်မနာခံဘဲ  စစ်တိုက်ဖို့ငြင်းဆန် ပုန်ကန်လို့ ဖမ်းဆီးအရေးယူခံနေရပါတယ်။

စစ်တပ်အတွင်း အချင်းချင်း ပစ်ခတ်သတ်ဖြတ်တာတွေ မူးယစ်ဆေးဝါးသုံးစွဲတာတွေနဲ့ တိုက်တိုင်း ရှုံး ၊ စစ်ကြောင်းထိုး တိုင်းသေ" အခြေအနေဖြင့် ဖရိုဖရဲ စတင် ပြိုကျ ပျက်စီးနေတာကိုတွေ့ရပါတယ်။

ဒါပေမယ့် မင်းအောင်လှိုင်နဲ့ စစ်ခေါင်းဆောင်တွေကတော့  ပျော်ပွဲရွှင်ပွဲ ၊ မင်္ဂလာပွဲတွေ တက်ရောက်ကာ တပ်တွင်း စတင် ပြိုကွဲမှုများကို လျစ်လျူရှုထားတာကိုလည်း တွေ့ရပါတယ်။

 


ဆက်ဖတ်ရန် →
လေကြောင်းကြည်းကြောင်းထိုးစစ်ဆင်မှုကိုMDYPDFကအောင်မြင်စွာခုခံတိုက်ခိုက်ခဲ့သောရုပ်သံမှတ်တမ်း

လေကြောင်းကြည်းကြောင်းထိုးစစ်ဆင်မှုကိုMDYPDFကအောင်မြင်စွာခုခံတိုက်ခိုက်ခဲ့သောရုပ်သံမှတ်တမ်း

လေကြောင်းကြည်းကြောင်းထိုးစစ်ဆင်မှုကိုMDYPDFကအောင်မြင်စွာခုခံတိုက်ခိုက်ခဲ့သောရုပ်သံမှတ်တမ်း
ထုတ်ပြန်၆နာရီကျော်ကြာတိုက်ပွဲတွင်စစ်သား၂၅ဦးသေဆုံးပြီးPDFနှစ်ဦးကျဆုံးကာစစ်တပ်ထံမှခဲယမ်းများ
သိမ်းဆည်းရရှိခဲ့
ဒီပ ၊​မောင်စန်/People's Spring
 
 
 စစ်ကောင်စီတပ်ကတိုက်လေယာဥ်များရဟတ်ယာဥ်များအသုံးပြုတိုက်ခိုက်သလိုမြေပြင်မှပါတစ်ပြိုင်နက်ထိုး
စစ်ဆင်တိုက်ခိုက်လာမှုကိုမန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော်(MPDF)ကရင်ဆိုင်တိုက်ခိုက်ပြီးစစ်ကောင်
စီတပ်အထိနာစေခဲ့သောတိုက်ပွဲရုပ်သံမှတ်တမ်းယ​နေ့ထွက်​ပေါ်လာသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့နယ်တွင်စစ်ကောင်စီတပ်ကမြေပြင်နှင့်ဝေဟင်ကတပြိုင်နက်ထိုးစစ်ဆင်
တိုက်ခိုက်ခဲ့သဖြင့်၆နာရီကျော်ကြာတိုက်ပွဲတွင်စစ်ကောင်စီတပ်ဖွဲ့ဝင်၂၅ဦးသေဆုံးပြီးပြည်သူ့ကာကွယ်ရေးတပ်
ဖွဲ့ဝင်နှစ်ဦး ကျဆုံးခဲ့​သော ​ဖေ​ဖော်ဝါရီ ၁၀ ရက်တိုက်ပွဲမှတ်တမ်းကို Voice of Mandalay PDF ဖေစ်ဘွခ်စာမျက်
နှာကယ​နေ့တင်ဆက်ထားခြင်းဖြစ်သည်။
“ သပြေညို စစ်ဆင်ရေး “ဟု​ခေါင်းစဥ်တပ်ထား​ပြီး ၃ မိနစ်ခန့် ကြာသည့်အဆိုပါရုပ်သံမှတ်တမ်းနှင့်ပတ်သပ်၍
"၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ (၁၀)ရက်၌ ဖြစ်ပွါးခဲ့သော တိုက်ပွဲအတွင်းတွင် အကြမ်းဖက် စစ်အုပ်စု၏လေကြောင်း
တိုက်ခိုက်ခဲ့မှုကို MDY-PDF၏ စစ်သည်တော်များက ဂုဏ်ရောင်ပြောင်စွာ တွန်းလှန်တိုက်ပွဲဝင်ခဲ့သည့်တိုက်ပွဲ
မှတ်တမ်း ဖြစ်သည်။ တော်လှန်ရေး သစ္စာဖြင့်"ဟု ​ဖော်ပြရှင်းလင်းထားသည်။
စစ်​ကောင်စီတပ်မှ Mi 35 ရဟတ်ယာဥ်​ပေါ်မှ စက်​သေနတ်ဖြင့်ပစ်ခတ်တိုက်ခိုက်မှု ၊YAK 130 တိုက်​လေယာဥ်
ဖြင့် ဗုံးကျဲတိုက်ခိုက်မှုများကို PDF များကတည်တည်ငြိမ်ငြိမ်ဖြင့်စနစ်တကျ ခုခံတိုက်ခိုက်ခဲ့သည်ကိုရုပ်သံမှတ်
တမ်းတွင်​တွေ့ရသည်။
ဖေဖော်ဝါရီလ ၁၀ ရက်​နေ့နံနက် ၆ နာရီခန့်က ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၏တပ်ရင်းတပ်ဖွဲ့များ
ကို စစ်ကောင်စီ၏ တပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သည်။
မြေပြင်စစ်​ကြောင်းသာမက စစ်ကောင်စီဘက်က Mi 35 ရဟတ်ယာဉ်နှင့်တိုက်လေယာဉ်များဖြင့်ပါ ၃ ကြိမ်တိုင် 
လေကြောင်းပစ်ကူဖြင့်ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ရဲဘော်များသည် လူ၊ လက်နက်သာလွန်အင်အားဖြင့်ထိုးစစ်ဆင်
လာသောစစ်ကောင်စီတပ်ကိုတည်ငြိမ်စွာခုခံတိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီတပ်အထိနာပြီးပြန်လည်ဆုတ်ခွာ
သွားရာ ခဲယမ်းမီးကျောက်များစွာ သိမ်းဆည်းနိုင်ခဲ့သည်ဟုMDYPDF ကထုတ်ပြန်ထားသည်။
ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၂၅ ဦး သေဆုံးကြောင်း မျက်မြင်အတည်ပြုနိုင်ပြီးထိခိုက်ဒဏ်ရာရ
သူ များပြားကြောင်း၊ တိုက်ပွဲချိန် (၆) နာရီကျော်ကြာမြင့်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)ဘက်
က ကိုယ်ပိုင်အမှတ် (P1-1202-085) ရဲဘော်စစ်နိုင် နှင့် ကိုယ်ပိုင်အမှတ် (P1-1202-159) ရဲဘော် ဖိုးဝတို့ ကျဆုံး
ခဲ့ကြောင်း MDY-က အသိပေးခဲ့သည်။
တိုက်ပွဲနှင့်ပတ်သက်၍ "လောလောဆယ်တော့ အသေးစိတ်ထုတ်ပြန်ဖို့ မရှိသေးပါဘူးဗျာ။ နောင်ချိုမြို့နယ် ပြင်ဦးလွင် မိုးကုတ်လမ်းပိုင်းမှာလောက်ပဲပြောလို့ရပါဦးမယ်ဗျ။ နောက်ကျရင် အသေးစိတ်ထုတ်ပြန်ပေးပါ့မယ်
ဗျ။"ဟု MDY-PDFမှတာဝန်ရှိသူက People's Spring သတင်းဌာနသို့ ပြန်လည်ဖြေကြားသည်။
စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများအားPeople's Springကသီးခြားအတည်ပြုနိုင်ခဲ့ခြင်း မရှိပါ။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အနေဖြင့် ဂုဏ်ရောင်ပြောင်မြောက်စွာ အသက်ပေးလှူသွားသော ရဲဘော်ရဲဘက်များကိုဦးညွှတ်
ပြီးဖယ်ဒရယ်ဒီမိုကရေစီအရေးအတွက်ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းလည်းကတိပြုသည်။
အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)လက်​အောက်ရှိပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)သည် စစ်ကောင်စီ၏ တပ်မ (၁၀၁)လက်အောက်ခံ ခလရ(၂၅၃) ၊ စကခ(၁)လက်အောက်ခံ ခမရ(၅၀၂) နှင့် ခမရ(၅၀၅) 
တပ်ရင်းများဖြင့် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့က ပြင်ဦးလွင်မြို့နယ်နှင့် နောင်ချိုမြို့နယ်၌ တိုက်ပွဲ
များဖြစ်ပွားခဲ့​သေးသည်။
အဆိုပါတိုက်ပွဲတွင်လည်း စစ်ကောင်စီဘက်က ရဟတ်ယာဥ်များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးစစ်​ကောင်စီတပ်မှ
(၂၀)ခန့် သေဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူလည်း များပြားခဲ့​ကြောင်းMDY-PDFကထုတ်ပြန်ထားသည်။
​ထို့အပြင် သြဂုတ်လ (၂၉) ရက်နေ့ ညနေ(၆)နာရီခန့်ကလည်း စစ်ကောင်စီတပ်ကို မိုင်းဆွဲကာထပ်မံတိုက်ခိုက်
ခဲ့ပြီးအပြန်အလှန်ပစ်ခတ်ခဲ့ကြရာ စကစတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုများခဲ့ပြီး (၁၉)ယောက်ကျော်ခန့်သေ
ဆုံး၍ အပြင်းအထန် ဒဏ်ရာရရှိသူ(၄၀)ခန့်အထိ ရှိနိုင်ကြောင်း အသိ​ပေးခဲ့သည်။
အလားတူ သြဂုတ်လ(၃၀)ရက်နေ့ နံနက်ပိုင်းတွင်လည်း စကစစစ်ကြောင်းအား ထပ်မံမိုင်းဆွဲခဲ့ပြီး စကစတပ်ဖွဲ့ဝင်
(၃)ဦး သေဆုံးခဲ့​ကြောင်းသိရသည်။
ရုပ်သံ-Voice Of Mandalay-PDF/MDY-PDF
 
ဆက်ဖတ်ရန် →
ဗိုလ်ကြီး  နန္ဒာမင်း အပါအဝင် စစ်သား ၄ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရမိ

ဗိုလ်ကြီး နန္ဒာမင်း အပါအဝင် စစ်သား ၄ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရမိ


မြင်းမူ၊ မန္တလေးတွင် ပြည်သူ ၃ ဦးကို စစ်တပ်က ပစ်ခတ် ဖမ်းဆီးသတ်ဖြတ်၊  စစ်တပ်က  သံသယဖြင့် ပစ်ခတ် သတ်ဖြတ်မှုများ ဆက်တိုက် လုပ်လာ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁ ခေတ်သစ်

အကြမ်းဖက် စစ်တပ်က သံသယဖြင့် ပြည်သူများကို ဖမ်းဆီး သတ်ဖြတ်မှုများ များပြားလာပြီး မြင်းမူမြို့နယ်၊  မန္တလေးမြို့နှင့် တွံတေးမြို့နယ်တို့တွင် အပြစ်မဲ့ ပြည်သူ ၃ ဦးကို စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်လိုက်ကြောင်း သိရှိရသည်။ 

မြင်းမူမြို့ပေါ်တွင် ဆိုင်ကယ်ဝပ်ရှော့ပြင်သူနှင့် ပြည်သူ ၂  ဦးကို ပစ်သတ်
======================================================

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ်တွင် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ညပိုင်း ဆိုင်ကယ်ဝပ်ရှော့ပြင်သူ ၁ ဦးကို စစ်တပ်က ပစ်ခတ်ခဲ့သဖြင့် ဒဏ်ရာရရှိခဲ့ရာမှာ ဆေးကုသရင်း သေဆုံးသွားခဲ့ကြောင်း ဒေသပြည်သူများက ပြောသည်။ 

"ဆိုင်ကယ်ရပ်မပေးလို့ဆိုပြီး သေနတ်နဲ့ လိုက်ပစ်တယ်။ ဆိုက်ကယ်ဝပ်ရှော့ဆရာနဲ့ သူငယ်ချင်းက ၂ ဦးစီးလာတာ။  အဲဒါ ကျည်ထိပြီးတော့ ဆိုက်ကယ်ဝပ်ရှော့ဆရာကို မြင်းမူဆေးရုံသို့ပို့ဆောင်ပေးပြီး အခြားပြည်သူတစ်ဦး ကိုမန္တလေးဆေးရုံပို့ရတယ်။  ဆိုင်ကယ်ဝပ်ရှော့ဆရာကတော့ မြင်းမူဆေးရုံမှာ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ည ၇ နာရီ ဆုံးပါတယ်။ မန္တလေးဆေးရုံပို့ရတဲ့ ပြည်သူကလည်း ဆုံးပါတယ်" ဟု မြင်းမူဒေသပြည်သူတစ်ဦးက ပြောသည်။

စစ်ကောင်စီက မြင်းမူမြို့ပေါ်တွင် ဆိုင်ကယ်အတွင်း လက်ပစ်ဗုံးများ တွေ့ရှိရသည်ဟု သတင်းမှား ဖြန့်ချိကာ စစ်တပ်က ပစ်ခတ်သတ်ဖြတ်မှုကို ဖုံးကွယ်နေကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။  

မန္တလေးတွင် ရှမ်းခေါက်ဆွဲပိုင်ရှင်ကို သံသယဖြင့် ဖမ်းဆီး‌ပြီး အလောင်းသာပြန်ပေး
==========================================

မန္တလေးမြို့မဟာအောင်မြေမြို့နယ်တွင်ရွှေဘုန်းရှိန်ရပ်ကွက်ရာအိမ်မှူးဇော်ဝင်းထွန်းပစ်ခတ်သတ်ဖြတ်ခံရပြီးနောက် ရွှေဘုန်းရှိန် ရပ်ကွက်ရုံးနားတွင် ဖွင့်လှစ်ထားသော အန်တီခိုင် ခေါက်ဆွဲပိုင်ရှင် ဦးအောင်ကို စစ်တပ်ကဖမ်းဆီးသတ်ဖြတ်လိုက်ကြောင်း သိရှိရသည်။ 

ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ရွှေဘုန်းရှိန် ရပ်ကွက် ရာအိမ်မှူး‌ ဇော်ဝင်းထွန်း ပစ်ခတ်သတ်ဖြတ်ခံရပြီးနောက် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ညနေ ၆ နာရီအချိန်  ၄၄လမ်း ၈၁×၈၂ အကြား ဘုရားကြီးစျေး ရွှေဘုန်းရှိန် ရပ်ကွက်ရုံးအနီးတွင် ဖွင့်လှစ်ထားသော "အန်တီခိုင် ရှမ်းခေါက်ဆွဲဆိုင်" ပိုင်ရှင် ဦးအောင်ကို စစ်တပ်က ဖမ်းဆီးခဲ့ကြောင်း၊ ည ၉ နာရီအချိန်တွင်  ဦးအောင်၏ အလောင်းကို စစ်တပ်က လာယူရန် ပြောဆိုခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။ 

ထို့ပြင် ရွှေဘုန်းရှိန်ရပ်ကွက်ရုံးအနီးရှိ အထည်ဆိုင်တစ်ခုမှာ ကိုထိုက်ဆိုသော လူငယ် အပါအဝင် ပြည်သူ ၄ ဦးကိုလည်း စစ်တပ်က ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ညနေပိုင်းတွင် ဖမ်းဆီးခဲ့ပြီး လက်ရှိအချိန်အထိ သတင်းအစအန မရရှိကြောင်း သိရှိရသည်။
----------------------------------------------


တွံတေးတွင် "အမေစု နိုင်ပါစေ" ဟု ကြွေးကြော်ပြီး တစ်ကိုယ်တော် ဆန္ဒပြသူ ကို စစ်တပ်က  ဖမ်းဆီးရိုက်နှက်သတ်ဖြတ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁ ခေတ်သစ်

ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်တွင် "အမေစု နိုင်ပါစေ" ဟု ကြွေးကြော်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး တစ်ကိုယ် တော် ဆန္ဒပြသူ အရပ်အခေါ် နာမည် မိုးဒီ( နာမည်အရင်း စုံစမ်းဆဲ) ဆိုသူကို စစ်တပ်က ဖမ်းဆီး ရိုက်နှက်သတ် ဖြတ် လိုက်ကြောင်း ဒေသပြည်သူများက ပြောသည်။ 

ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့ နေ့လယ်ပိုင်း ရွှေဆံတော်ဘုရား အနီးတွင် အရပ်အခေါ် နာမည် မိုးဒီ ဆိုသူက စစ်အာဏာရှင် ဆန့်ကျင်ရေး တစ်ကိုယ်တော် ဆန္ဒပြကြောင်း၊ ၎င်းကို စစ်တပ်က လူမြင်ကွင်းတွင်ပင် ထိုး ကြိတ် ဖမ်းဆီးခဲ့ပြီး သေလုမျောပါး ရိုက်နှက်ခဲ့ကြောင်း၊ ယင်းနောက် စစ်ကားပေါ်ဆွဲတင်သွားပြီး ဆေးရုံတင်ပို့ခဲ့သော်လည်း သေဆုံးခဲ့ကြောင်း သိရှိရသည်။ 

"ဆန္ဒပြသူကို စစ်တပ်က  လူမြင်ကွင်းမှာပင်  အတင်းဖမ်းပြီး ရိုက်တယ်။ သေလုမျောပါး ဖြစ်အောင် ရိုက်နှက်တယ်။ ပြီးတော့ စစ်ကားပေါ်ဆွဲတင်ပြီး သေနတ်ဒင်တွေနဲ့ ဆက်ရိုက်တယ်။ အဲဒါ ရန်ကုန်ဆေးရုံတင်တယ်။ ဖေဖော် ဝါရီလ ၁၃ ရက်နေ့မှာ ဆုံးပါတယ်။  ဆန္ဒပြသူက သူ့ကို လိုက်ဖမ်းတော့ ရေတပ်က ခွေး ၃ ကောင်ကို လက်သီးနဲ့ ထိုးပြီး ထွက်ပြေးတာ။ ဘုရားနားကနေ စျေးကြီးနားရောက်မှ မိတာ။ မိတော့ သစ်သား ချောင်းနဲ့ စစ်သားတွေက ရိုက်တာ သစ််သားချောင်းတောင် မွ သွားတယ်။ နောက်ပြီး စစ်ကားပေါ် ဆွဲတင်ပြီး မြို့လယ်ခေါင်မှာ ဒူးထောက်ထိုင်ခိုင်းပြီး ခြေထောက်တွေနဲ့ ကန်ကြတယ်။  သူက "အမေစု နိုင်ပါစေ။ နိုင်ပြီ"  ဆိုပြီး အော်တာ" ဟု ဒေသပြည်သူတစ်ဦးက ပြော သည်။ 

စစ်အာဏာရှင် ဆန့်ကျင်ရေး တစ်ကိုယ်တော် ဆန္ဒပြရင်း စစ်တပ်၏ ရိုက်နှက်မှုကြောင့် သေဆုံးခဲ့သူ အရပ်အခေါ် နာမည် မိုးဒီသည် တွံတေးမြို့နယ်၊ ကွမ်းခြံရပ်ကွက်တွင် နေထိုင်သူဖြစ်ကြောင်း သိရှိရသည်။ 

ငါန်းဇွန်တွင် စစ်တပ် ပတ်ကင်းကို ပစ်ခတ်တိုက်ခိုက်မှု ဗိုလ်ကြီး  နန္ဒာမင်း အပါအဝင် စစ်သား ၄ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရမိ 

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁ ခေတ်သစ်

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် စစ်တပ် ပတ်ကင်းကို ပစ်ခတ် တိုက်ခိုက်ရာ  ဗိုလ်ကြီး နန္ဒာမင်း အပါ အဝင် စစ်သား ၄ ဦးသေဆုံးကြောင်း ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။




ဖေဖော်ဝါရီလ  ၂၀ ရက်နေ့ ညပိုင်းတွင် ငါန်းဇွန်မြို့နယ်၊ သားကြင်ရွာ၊ အ.ထ.က ကျောင်း၌ တပ်စွဲထားသော စစ်သား ၁၀ ဦးသည် ကင်းပတ်ထွက်လာချိန် ရွာလယ်ဘုရားအရောက် ဒေသကာကွယ်ရေးအဖွဲ့ဝင်များက စောင့်ကြို တိုက် ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုကြောင့် ဗိုလ်ကြီး နန္ဒာမင်း အပါအဝင် စစ်သား ၄ ဦးသေဆုံးကာ MA 2 သေနတ် ၁ လက်နှင့် ဖုန်း ၁ လုံး သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ 

အဆိုပါ တိုက်ခိုက်မှုကို ငါန်းဇွန်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ၊ TGYR - Youth Guerrilla Counter Revolution(LPD)၊ MN PDF MyitNge၊ မာန်စွယ်ကျားပြည်သူ့ကာကွယ်ရေတပ်ဖွဲ့၊ ဇာမဏီ ပျောက်ကျားတပ်ဖွဲ့၊ SINTGAING LPDFနှင့် မြင်းခြံခရိုင် တပ်ရင်း ၆ ( ငါန်းဇွန်)အပါအဝင် မဟာမိတ် တပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ် ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
ကိုးတောင်ဘို့မှာစစ်တပ်မီးရှို့မှာကြောက်လို့ ရွာအပြင်ထုတ်နေသည့် စပါးများကို စစ်ကောင်စီစစ်ကြောင်းကသိမ်းဆည်းသွား

---------------------------
 Author CJ Platform

Published on Feb 20, 2023

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့တိုက်နယ်အတွင်းမှာ စစ်ကောင်စီတပ်၏ ကျေးရွာအတွင်းဝင်ရောက်ကာမီးရှို့မှုများကြောင့် သိမ်းဆည်းထားသည့် စပါးများအား ရွာအပြင်သို့ထုတ်နေသည့် စပါးများကို စစ်ကောင်စီတပ်စစ်ကြောင်းမှသိမ်းဆည်းသွားကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မနက်ပိုင်းမှာစစ်ကောင်စီတပ်၏ ခမရ ၃၆၃ တပ်မှ ကိုင်းမကျေးရွာအရှေ့ဖက်ကို စစ်ကြောင်းထိုးကာ ဒေသခံလယ်သမားတစ်ဦး ပိုင်ဆိုင်သည့် စပါးတင်း ၆၀၀ ခန့်ကို အဓမ္မသိမ်းဆည်းသွားတာပဲ ဖြစ်သည်။

ထိုသို့သိမ်းဆည်းပြီးနောက်အဆိုပါစစ်ကြောင်းသည်စပါးများအားသုံးဘီးများဖြင့်သယ်ဆောင်ကာ၎င်းတို့အထိုင်ချရာနေရာသို့သယ်ဆောင်သွားကြောင်းသိရသည်။

“ဒီနေ့ မနက် ၈ နာရီ၂၀ လောက်ပဲ သူတို့အင်အား ၅၀ ၆၀လောက်နဲ့ ထွက်လာပြီးသိမ်းသွားတာ သုံးဘီးတွေနဲ့ မွန်းလွဲ ၁ နာရီလောက်ကြ သူတို့အထိုင်ကိုပြန်ဝင်သွားကြတယ် ဒီလိုရွာသားတွေကထုတ်တာကို စစ်ကြောင်းကသတင်းရလို့နေမှာပေါ့ စစ်ကြောင်းကိုဖြန့်ပြီးဝင်တာ ရွှေ့ချိန်တောင်မရပါဘူးဗျာ ဒီတိုင်းကိုယူသွားကြတာ”ဟု ဒေသခံတစ်ဦးကပြောပြသည်။

ယခုကဲ့သို့ဒေသခံများအနေဖြင့်ခြွေလှေ့ပြီးသားစပါးများကိုရွာအပြင်သို့ထုတ်နေရခြင်းသည်စစ်ကောင်စီစစ်ကြောင်းများကျေးရွာများအတွင်းဝင်ရောက်မီးရှို့သောအခါဒေသခံများသိုလှောင်ထားသည့်စပါးကျီများကိုပါမီးရှို့ဖျက်ဆီးတာကြောင့်စပါးများမပျက်စီးစေရန်ကျေးရွာအပြင်ရှိလုံခြုံသည့်နေရာများတွင် သိမ်းဆည်းထားရန်အတွက်ဖြစ်ကြောင်းသိရသည်။

ထို့အတူ စစ်ကောင်စီတပ်သည် ဒေသခံများ၏ ဆန် နှင့်စပါးများအားသယ်ဆောင်မှုများလည်းယခင်ကရှိခဲ့ကြောင်းသိရသည်။

“ဒီလိုမျိုးက အမြဲဖြစ်တယ်ဗျ အရင်ကောလင်းဘက် ဆန်စက်တွေကို ဝင်ပြီးဆန်တွေသိမ်းတာ တွေရှိတယ် ကောလင်းနဲ့ ကန့်ဘလူက ချိတ်ဆက်တဲ့ဒေသဆိုတော့ကာ အတင်းအဓမ္မတိုက်တာဖြစ်တယ် ရွာထဲကိုသုံးဘီတွေနဲ့ဝင်ပြီးတိုက်ယူကြတာပဲ ရွာသားတွေက စစ်ကြောင်းလာတာနဲ့ပြေရတော့ သူတို့ကအကုန်ယူတာထုံးစံအတိုင်းပဲဗျ”ဟု အဆိုပါဒေသခံကဆက်ပြောသည်။

ထို့အပြင့် ယမန်နေ့ ဖေဖော်ဝါရီလ ၁၉ရက်နေ့ကလဲ ကန့်ဘလူမြို့နယ်တောင်ခြမ်းရှိ မြေမွန်ရွာကို စစ်ကောင်စီတပ်၏ အင်အား ၁၀၀ ဝန်းကျင်ပါ ​ခမရ ၃၆၄နှင့်ပျူ​စောထီးပူး​ပေါင်းစစ်​ကြောင်းမှ ဝင်​ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ် ၅၀ခန့်ပျက်စီးခဲ့ပါသေးသည်။
--------------------------------------------------


ဦးဖြိုးမင်းသိန်းကို ရွေးကောက်ပွဲ မလျော်ဩဇာသုံးမှုနဲ့ ဒဏ်ငွေတစ်သိန်း အမိန့်ချ
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁
NLD လက်ထက်က ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းကို ၂၀၂၀ ရွေးကောက်ပွဲမှာ မလျော်ဩဇာပြုကျင့်မှုနဲ့ ဒဏ်ငွေကျပ် တစ်သိန်း ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ရွေးကောက်ပွဲ မသမာမှုနဲ့ NLD ပါတီက ထိပ်ပိုင်းခေါင်းဆောင် အများအပြား ဖမ်းဆီးခံရပြီး ထောင်ဒဏ်တွေ ကျခံနေရချိန်မှာ ဦးဖြိုးမင်းသိန်းဟာ အခုလို ငွေဒဏ်ပဲ ချမှတ်ခံခဲ့ရတာပါ။သူ့ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၇ ရက် မနက်ပိုင်းက ဒဂုံမြိုနယ်တရားရုံးက ရွေးကောက်ပွဲဥပဒေပုဒ်မ ၁၃၀ (က) နဲ့ အခုလို ဒဏ်ငွေ တစ်သိန်း အမိန့်ချခဲ့တာဖြစ်ပါတယ်။ဦးဖြိုးမင်းသိန်းဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲခဲ့တဲ့ အဂတိလိုက်စားမှုမှာ နစက ဘက်က သက်သေအဖြစ် ထွက်ဆိုထားသူဖြစ်ပါတယ်။
#Mercury_Media
#Mercury_Local_News
#ဖြိုးမင်းသိန်း
#Election

ဆက်ဖတ်ရန် →
ဗိုလ်ချုပ်ကြီးမိုးအောင်၊ ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ ရန်ကုန်စီးပွားရေးကြီး  မျိုးမြင့်အောင်၊  ဗိုလ်ချုပ်ကိုကိုမောင် အပါအဝင် လူပုဂ္ဂိုလ် ၉ ဦး၊ ကုမ္ပဏီအဖွဲ့ ၇ ခုကို ဥရောသမဂ္ဂက ဒဏ်ခတ် ပိတ်ဆို့

ဗိုလ်ချုပ်ကြီးမိုးအောင်၊ ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ ရန်ကုန်စီးပွားရေးကြီး မျိုးမြင့်အောင်၊ ဗိုလ်ချုပ်ကိုကိုမောင် အပါအဝင် လူပုဂ္ဂိုလ် ၉ ဦး၊ ကုမ္ပဏီအဖွဲ့ ၇ ခုကို ဥရောသမဂ္ဂက ဒဏ်ခတ် ပိတ်ဆို့

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁ 

ဥရောပသမဂ္ဂ(EU) က ဗိုလ်ချုပ်ကြီး မိုးအောင်၊ ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ရန်ကုန်စီးပွားရေး ဝန်ကြီး မျိုးမြင့်အောင်၊ မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်  အပါအဝင် လူပုဂ္ဂိုလ် ၉ ဦး၊ ကုမ္ပဏီ ၇ ခုကို ထပ် မံ စီးပွားရေးပိတ်ဆို့လိုက်ကြောင်း ဖေဖော်ဝါရီ ၂၀ ရက်နေ့ တွင် တရားဝင် သတင်းထုတ်ပြန်သည်။ 

စစ်အာဏာသိမ်းပြီးနောက် EU က ဒဏ်ခတ်ပိတ်ဆို့များ ဆက်တိုက် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ အရေးယူခံရသူများတွင် စစ်ကောင်စီ စွမ်းအင်ဝန်ကြီး ၊ စစ်တပ်အတွက် လက်နက်နှင့်နည်းပညာများ ဝယ်ရာတွင် ပါဝင်ခဲ့ကြသည့်  စီးပွားရေးသမားများနှင့် စစ်အရာရှိကြီးများ ပါဝင်‌ေ‌ြာကာင်း သိရှိရသည်။ 

၂၀၂၂ ခုနှစ် ဇူလိုင်လတွင်  ကိုဂျင်မီ၊ ကိုဇေယျာသော် အပါအဝင် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ၄ ဦးကို  သေဒဏ်ပေး ကွပ်မျက်ရေး လုပ်ငန်းစဉ်တွင် ပါဝင်ခဲ့သည့် ရန်ကုန်တိုင်းအစိုးရ စီးပွားရေးဝန်ကြီး မျိုးမြင့်အောင်ကို လည်း  EU က ဒဏ်ခတ်ပိတ်ဆို့ အရေးယူလိုက်ကြောင်း သိရှိရသည်။ 

EU က ပိတ်ဆို့မှု ချမှတ်သူ လူပုဂ္ဂိုလ် ၉ ဦးတွင် 

၁-ဗိုလ်ချုပ်ကြီး မိုးအောင်
ကာကွယ်ရေးဦးစီးချုပ်ရေ 

၂-ဗိုလ်ချုပ်ကြီး မောင်မောင်အေး 
ကြည်း၊ ရေ၊ လေ ညှိနှိုင်း ကွပ်ကဲရေးမှူး

၃- ဒုတိယဗိုလ်မှူးကြီးဟောင်း မျိုးမြင့်အောင်
ရန်ကုန်တိုင်းစီးပွားရေးဝန်ကြီး
( ကိုဂျင်မီ၊ကိုဇေယျာသော် အပါအဝင် ဒီမိုကရေစီလှုပ်ရှားသူ ၄ ဦးကို စီရင်ဆုံးဖြတ်ချ၊ ကြိုးပေး စီရင်သူ)

၄-ဗိုလ်ချုပ်ဇင်မင်းထက်
  ဒုဝန်ကြီးနှင့် ရဲချုပ်
  ပြည်ထဲရေးဝန်ကြီးဌာန 

၅- ဗိုလ်ချုပ်ကိုကိုမောင်
မြောက်ပိုင်းတိုင်းမှူး

၆-မျိုးမြင့်ဦး 
စွမ်းအင်ဝန်ကြီး ၊ စစ်ကောင်စီ

၇-အောင်လှိုင်ဦး
စစ်တပ်အတွက် နည်းပညာနှင့် လက်နက်ပွဲစား
MCM ဥက္ကဋ္ဌ 

၈-စစ်တိုင်းအောင်
စစ်တပ်အတွက် နည်းပညာနှင့်လက်နက်ပွဲစား
Yatanarpon Aviation Support Company နှင့် Suntac Technologies Co.,ltd

၉-ကျော်မင်းဦး
စစ်တပ်အတွက် နည်းပညာနှင့် လက်နက်ပွဲစား
ဒါရိုက်တာ၊ Sky Aviator   တို့ပါဝင်သည်။ 

ထို့ပြင် EU က ပိတ်ဆို့မှု ချမှတ်သည့် အဖွဲ့ ၇ ခုတွင်  ကာကွယ်ရေး ဝန်ကြီးဌာနလက်အောက်ခံ စစ်ထောက် ချုပ်ရုံး၊ ကာကွယ်ရေး ပစ္စည်းစက်ရုံများ ညွှန်ကြားရေးမှူးရုံး၊ ကာကွယ်ရေး ပစ္စည်းဝယ်ယူရေးရုံး၊ Asia Sun Group ၊ Dynasty International Company Limited ၊ International Gateways Group of Company Limited (IGG) နှင့် Sky Aviator Company Limited တို့ပါဝင်ကြောင်း သိရှိရသည်။ 

စစ်တပ် အာဏာသိမ်းပြီးနောက် EU က ပိတ်ဆို့ ဒဏ် ခတ်အရေးယူထားသူ စစ်တပ်နှင့်ပတ်သက်သော လူပုဂ္ဂိုလ် စုစုပေါင်း ၉၃ ဦးနှင့် အဖွဲ့အစည်း ၁၈ ခု ရှိလာပြီ ဖြစ်သည်။

 







 

ဆက်ဖတ်ရန် →
အီးယူ မှ နောက်ထပ် ပိတ်ဆို့ အရေးယူ(လှစိုးဝေ)

အီးယူ မှ နောက်ထပ် ပိတ်ဆို့ အရေးယူ(လှစိုးဝေ)

အဖွဲ့ဝင် ၂၇ နိုင်ငံ ပါ‌‌ သော ဥရောပ သမဂ္ဂ မှ ဖေဖေါ်ဝါရီ ၂၀ ရက်နေ့စွဲဖြင့် ၂၀၂၃/၃၈၀ တွင် မြန်မာ စစ်အာဏာသိမ်း အဖွဲ့ မှ ထိတ်တန်း ပုဂ္ဂိုလ် ၆ ဦး၊ လက်နက်ပွဲစား လုပ်ပေးသူ သုံဦး နှင့် ကာကွယ်ရေး နှင့် ပတ်သက်သော လုပ်ငန်း ၇ ခု ပါဝင်လာခဲ့သည်။
လက်ရှိ ၆ ကြိမ် မြောက် ပိတ်ဆို့ အရေးယူမှုကြောင့် အကြမ်းဖက် စစ်အာဏာသိမ်း အဖွဲ့မှ အရေးယူခံရသူ ၉၃ ဦး ရှိသွားပြီ ဖြစ်သည်။
ယခုအခါ စွမ်းအင်ဝန်ကြီး ဆိုသူ မျိုးမြင့်ဦး၊ စစ်ရေးချုပ် မောင်မောင်အေး၊ ရေတပ်ဦးစီးချုပ် မိုးအောင် တို့ ပါဝင်လာသည်။
ထူးခြားချက် တရပ် အနေဖြင့် ကိုဖြိုးဇေယျာသော် နှင့် ကိုဂျင်မီ တို့အား ကွပ်မျက်ရာတွင် တိုက်ရိုက် ပါဝင်ခဲ့မှု ဖြင့် လက်ရှိ ရန်ကုန်တိုင်း စီးပွားရေး ဝန်ကြီး  ဒုဗိုလ်မှုးကြီး မျိုးမြင့်အောင် အား ထည့်သွင်း လိုက်ခြင်းပင် ဖြစ်သည်။ ၎င်းသည် ယခင် ရန်ကုန်တိုင်း စစ်ဌာနချုပ် စစ်သားစုဆောင်းရေး နှင့် စစ်ခုံရုံး တရားသူကြီး ဖြစ်ခဲ့ဖူးသည်။ ၎င်းသည် လူပေါင်းများစွာ ကို သေဒဏ်စီရင်ခဲ့ဖူးသူ ဖြစ်သည်ဟု အီးယူ၏ ကျေညာချက် ၂၀၂၃/၃၈၀ တွင် ဖေါ်ပြခဲ့သည်။
နောက်ထပ် တဦးမှာ ကချင်ပြည်နယ် စစ်တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင် ဆိုသူ ပင် ဖြစ်သည်။ ၎င်းအား ပြည်သူများ အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု၊ အစုလိုက် အပြုံလိုက် လူသတ်မှု၊ လူသား တံတိုင်း အသုံးပြုရန် အမိန့်ပေးမှု၊ ကျေးရွာများအတွင်း ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးပစ်ရန် အမိန့်ပေးခဲ့မှု များ ကြောင့် ဖြစ်သည်ဟု သိရသည်။ သူသည် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောင်းရွှေ့လာသူ ဖြစ်သည်ဟု ဆိုသည်။
နောက်ထပ် ပါဝင်သူများက ပြည်ထဲရေး ဒုဝန်ကြီး ဆိုသည့် ဗိုလ်ချုပ် ဇင်မင်းထက်၊ အရပ်သားထဲမှ လက်နက် ပွဲစားများ ဖြစ်သည့် MCM မှ အောင်လှိုင်ဦး၊ ရတနာပုံ လေကြောင်းထောက်ပံ့ရေး မှ စစ်တိုင်းအောင်၊ စကိုင်း အေဗီရေတာ မှ ကျော်မင်းဦး တို့အား စစ်တပ်မှ စစ်ရာဇဝတ်မှုများ ကျုးလွန်နေမှု ကို အားပေးကူညီမှု များ ဖြင့် အရေးယူ ဒဏ်ခတ်သည့် စာရင်းထဲ ပါရှိလာခဲ့သည်။
နိုင်ငံတကာ မှ မည်သူသည် စစ်ရာဇဝတ်မှု များ ကျူးလွန်ရာတွင် မည်သည့် အတိုင်းအတာ အထိ ပါဝင် ပတ်သက်ခဲ့သည် ကို အထောက်အထား များ ရရှိထားသည် မှာ ပေါ်လွင် ထင်ရှားနေသည်။ တသက်လုံး ဒဏ်ခတ် လာတာ ဘာဖြစ် ဟု ယခုအခါ ယူဆ၍ မရတော့၊ ယခင်ကလို နိုင်ငံရေး ဖိအားပေးသည့် ပုံစံမျိုး မဟုတ်တော့ပဲ စစ်ရာဇဝတ်မှု များ နှင့် ဆက်နွယ်လာ‌နေပြီ ဖြစ်သည်။
အမိန့်နာခံရ၍ ဆိုသော လူများသည် ယခု ပြည်သူများ အပေါ် စစ်ဆင်နေမှု ကို အနိုင်ရမှသာ ဖြစ်ပေတော့မည်။ ထိုသို့ အနိုင်ရရှိအောင်ကလည်း ခေါင်းဆောင် ဖြစ်သူ မင်းအောင်လှိုင်မှ စွမ်းဆောင် နိုင်ပါမည်လော၊ ထိုသို့ မစွမ်းဆောင်နိုင်က ဟစ်တလာကဲ့သို့ အရေးနိမ့်သွားလျှင် ဂျာမန် စစ်ဗိုလ်ချုပ်များ တသီတသန်းကြီးလို နုရင်ဘတ် စစ်ခုံရုံး တွင် သေဒဏ်စီရင်ခြင်း ခံရပေတော့မည်။
အလားတူ ဂျပန် တို့ အရေးနိမ့်သွား ပြီး နောက် တိုကျို စစ်ခုံရုံးတွင် ဂျပန် စစ်ဗိုလ်ချုပ်များလည်း အပြစ်ပေး ခံကြရပြန်သည်။
မင်းအောင်လှိုင် ကတော့ နောက်ဆုပ်၍ မရတော့သည့် အတူတူ  ပြည်သူများ အပေါ် အကြမ်းဖက်မှုများ တိုး၍ ကျုးလွန်ရန် သစ္စာခံ အရပ်သားများ ရွေးထုတ်ကာ လက်နက်တပ်ဆင် ပေးလာပြီ ဖြစ်သည်။
စစ်ပွဲ တပွဲ၏ အနိုင်အရှုံးသည် ခေါင်းဆောင်မှု၊ နည်းဗျုဟာ၊ စိတ်ဓါတ်အင်အား၊ ထောက်ပို့ နှင့် နည်းပညာ ပိုင်း က အဆုံးအဖြတ် ပေးနိုင်ခဲ့သည်ချည်း ဖြစ်ရာ လက်ရှိတွင် လက်နက် နှင့် နည်းပညာ သာ အသာစီး ရနေသည်ကို သိကြမည်သာ ဖြစ်သည်။
ထိုသို့သော အနေအထား နှင့် ကော မည်မျှ ကြာအောင် ဆက်သွား နိုင်ပေမည်နည်း၊ ကုလသမဂ္ဂ တွင် ပင် တရားဝင် ရပ်တည်ခွင့်မရ၊ ပြည်ပ ရင်းနှီး မြုပ်နှံမှုကလည်း ဟန်ကို့ဖို့သာ လေလုံးထွားနေရသည်၊ တကယ်တမ်း ကျိုးတို့ကျဲတဲ အဆင့်မျှသာ ဖြစ်သည်။
အားလုံးသည် ကိုယ်လို လူမျိုး ချည်း မဟုတ်၊ မိမိတို့ အထဲမှ မိမိတို့ ပြစ်မှု များ ပပျောက်သွားရန် ပြည်သူဖက်က ရပ်တည်သွားရန် စိတ်ပိုင်းဖြတ်သူများ ရှိလာပါက အခြေအနေများ လျပ်တပြက်အတွင်း ပြောင်းလဲသွားပေမည်။
ထိုအခါတွင်တော့ ကားကြီးတဝီဝီ၊ ဘော်ဒီဂတ်များ တလှေကြီး နှင့် သွားလာနေသူများ နေမြင် ညပျောက် ဆိုသလို တရားရုံး၏ ဝက်ခြံထဲ ရောက်ကုန်ကြမည် ဖြစ်သည်၊ ပိုင်ဆိုင်မှု များလည်း အသိမ်းခံရမည်၊ မိမိတို့၏ ဇနီး သားသမီးများလည်း သေသည် အထိ လူတော တိုးတော့မည် မဟုတ်၊ စာရေးစာချီ အလုပ်ပင် ရှာလို့ မရတော့ ဆိုသည် ကို သတိမူသင့်သည်။
အားလုံးသည် ယခု အခါ မင်းအောင်လှိုင်၏ စွမ်းဆောင်ရည် အပေါ် မိမိတို့ အသက်များ၊ မိသားစု၏ ဘဝများ ပုံအော် လောင်းကာ လှုပ်ရှားနေကြရသူများ ဖြစ်သည်ကို လူတိုင်းလိုလို သိရှိနေကြပြီး ဖြစ်သည်။
အဘယ်သို့များ အားတက် စရာ ရှိပေဦးမည်နည်း၊ စဉ်းစားချိန်တန်ပြီ ဖြစ်သည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!
(လ
ှစိုးဝေ)





ဆက်ဖတ်ရန် →
 မန္တလေးတွင် အဖမ်းခံရသည့် ခေါက်ဆွဲဆိုင်ပိုင်ရှင်မှာ ၃ နာရီအတွင်း သေဆုံး

မန္တလေးတွင် အဖမ်းခံရသည့် ခေါက်ဆွဲဆိုင်ပိုင်ရှင်မှာ ၃ နာရီအတွင်း သေဆုံး

 မန္တလေးမှ ရာအိမ်မှူးကို ပစ်ခတ်မှု၊ အရပ်သားကို ဖမ်းဆီးမှုများတွင် ၂ ဦး သေဆုံး  

လက်နက်ကိုင် ရာအိမ်မှူး ပစ်သတ်ခံရပြီးနောက် အရပ်သားတချို့ ဖမ်းဆီးခံရသည့် မန္တလေးတွင် အဖမ်းခံရသည့် ခေါက်ဆွဲဆိုင်ပိုင်ရှင်မှာ ၃ နာရီအတွင်း သေဆုံးသွားသည်။

မြတ်သွယ်
Published on Feb 20, 2023 Myanmar Now

မန္တလေးမြို့တွင် ရာအိမ်မှူးတစ်ဦး ပစ်သတ်ခံရပြီးနောက် အဖမ်းခံရသည့် အရပ်သား ၄ ဦးထဲမှ အသက် ၄၀ ဝန်းကျင် အမျိုးသားမှာ စစ်ကြောရေးတွင် သေဆုံးခဲ့သည်ဟု မန္တလေးဒေသခံများထံမှ သိရသည်။

ပစ်ခတ်မှုနှင့် ထိုအဖမ်းအဆီးများ ဆက်စပ်မှု ရှိမရှိ မသိရသေးပေ။

ဖေဖော်ဝါရီ ၁၇ ညနေ ၅ နာရီခန့်က ၇၉ လမ်းနှင့် ၄၆ လမ်းထောင့်၊ ဘုရားကြီးအရှေ့ဘက်မုခ်အနီး စစ်ကောင်စီက သေနတ်ထုတ်ပေးထားသော မဟာအောင်မြေမြို့နယ် ရွှေဘုန်းရှိန်ရပ်ကွက်၏ ရာအိမ်မှူး အသက် ၄၀ ဝန်းကျင်အရွယ် ဦးဇော်ဝင်းထွန်း ပစ်သတ်ခံရသည်။ 

“ကြားရတာတော့ သူက ဆိုင်ကယ်စီးလာတာ။ လမ်းပေါ်မှာပဲ ဆိုင်ကယ်နဲ့ပဲ လူတစ်စုက လိုက်ပစ်သွားတယ် ပြောတယ်။ ပွဲချင်းပြီး ဆုံးတယ်။ ပြီးတော့ မကြာခင် လူနာတင်ယာဉ်နဲ့ ရဲတွေ ရောက်လာပြီး အလောင်းကို တင်သွားတယ်” ဟု ‌၄၂ လမ်းအနီး နေထိုင်သူ အမျိုးသားတစ်ဦးက ဆိုသည်။

ပစ်သတ်ခံရသူသည် ယခင်က ဆယ်အိမ်မှူးဖြစ်ပြီး မကြာသေးမီက ရာအိမ်မှူးအဖြစ် ရာထူးတိုးသွားကာ ၎င်းကို သေနတ်ထုတ်ပေးထားကြောင်း ယင်းအမျိုးသားက ဆက်ပြောသည်။

ဦးဇော်ဝင်းထွန်းကို အောင်စည်တော်ဟု အမည်ပေးထားသည့် စစ်ဆင်ရေးအဖြစ် ပစ်ခတ်ရှင်းလင်းခဲ့ခြင်း ဖြစ်သည်ဟု မန္တလေးမြို့ပြပြောက်ကျားအဖွဲ့များ စုပေါင်းဖွဲ့စည်းထားသည့် AST-MDY က ယင်းညမှာပင် ကြေညာသည်။

ရာအိမ်မှူး ဦးဇော်ဝင်းထွန်းကို သေနတ်ဖြင့် နှစ်ချက်ပစ်ခတ်ခဲ့ပြီး ၎င်းထံမှ လက်လုပ် (ပွိုင့်၂၂) သေနတ်၊ ကျည် ၁၅ တောင့်၊ ဖုန်းတစ်လုံး၊ ကျပ် ၃၂၈၀၀၀ တို့ကို သိမ်းဆည်းခဲ့ကြောင်း ထိုအဖွဲ့က ဆိုသည်။

အဆိုပါအဖွဲ့သည် ဇန်နဝါရီ ၂၇ တွင် လှုပ်ရှားမှုသတင်းများ တင်ရန် တယ်လီဂရမ်စာမျက်နှာဖွင့်ပြီး တစ်လမပြည့်မီ အုပ်ချုပ်ရေးမှူး၂ ဦး၊ ရာအိမ်မှူး ၁ ဦး၊ စစ်ကောင်စီသတင်းပေးဟု ယူဆရသူ ၁ ဦးတို့ကို သတ်ဖြတ်ခဲ့သည်။

ထို့ပြင် ရပ်ကွက်အုပ်ချုပ်ရေးရုံးတစ်ရုံး၊ မီတာရုံးတစ်ရုံး၊ စစ်ကောင်စီကင်းတဲတစ်ခု၊ ရဲစခန်းတစ်ခုတို့ကိုလည်း ဗုံးပစ်တိုက်ခိုက်ခဲ့ပြီး အဆိုပါအဖြစ်အပျက်များကို ရုပ်သံမှတ်တမ်းများဖြင့် ၎င်းတို့၏ တယ်လီဂရမ်ချန်နယ်တွင် ဖော်ပြထားသည်ကို တွေ့ရသည်။

၄ ဦး ဖမ်းဆီးခံရ

ရာအိမ်မှူး ပစ်သတ်ခံရပြီး နောက်တစ်နေ့ (ဖေဖော်ဝါရီ ၁၈) နံနက်တွင် ၇၈ လမ်း၊ ၄၆ လမ်းအနီး နေအိမ်တစ်ခုသို့ စစ်ကောင်စီလက်နက်ကိုင်တချို့ အရပ်ဘက်သုံးမော်တော်ယာဉ်ဖြင့် ရောက်လာပြီး သက်လတ်ပိုင်းအရွယ် အမျိုးသမီးနှစ်ဦးကို ဖမ်းဆီးကာ ပစ္စည်းတချို့ကို သိမ်းယူသွားကြောင်း၊ အဆိုပါအမျိုးသမီးနှစ်ဦးကို လူမြင်ကွင်းတွင် ပါးရိုက်ကြသလို မျက်နှာကိုလည်း လက်သီးဖြင့် ထိုးကြကြောင်း ထိုရပ်ကွက်တွင် နေထိုင်သူများက ဆိုသည်။

ဖေဖော်ဝါရီ ၁၉ ညနေ ၆ နာရီခန့်တွင် ၄၄ လမ်း (၈၁ လမ်းနှင့် ၈၂လမ်းကြား) ရှိ ရှမ်းခေါက်ဆွဲဆိုင်တစ်ဆိုင်သို့ စစ်ကောင်စီလက်နက်ကိုင်တို့က အရပ်ဘက်သုံးကားများဖြင့် ရောက်သွားပြီး ဆိုင်ပိုင်ရှင် အသက် ၄၀ အရွယ် ဦးအောင်ဆိုသူကို ဖမ်းသွားသည်၊ ယင်းည ၉ နာရီတွင် အလောင်း လာရောက်ထုတ်ယူရန် မိသားစုထံ အကြောင်းကြားခဲ့သည်ဟု ထိုရပ်ကွက်တွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

ဦးအောင်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို အမာခံ ထောက်ခံအားပေးသူဖြစ်ပြီး လတ်တလော လက်နက်ကိုင်တော်လှန်ရေးအတွက် ထောက်ပံ့သူဟု စွပ်စွဲကာ ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း အထက်ပါအမျိုးသမီးက ဆိုသည်။

“အလောင်းက မိသားစုကို လာထုတ်ခိုင်းတာ။ ဘာဒဏ်ရာတွေနဲ့ သေဆုံးသလဲတော့ အသေးစိတ် သွားမမေးရဲဘူး။ သင်္ဂြိုဟ်ပြီးပြီလို့ ကြားတယ်” ဟု သူက ဆိုသည်။

“သူ့ကို အရင်ကလည်း သတင်းထွက်တော့ လိုက်ဖမ်းဖူးတယ် ကြားတယ်။ အဲဒီတုန်းကတော့ ရှောင်ပြေးနိုင်ခဲ့တယ်”

ယနေ့ (ဖေဖော်ဝါရီ ၂၀) နံနက်တွင် မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ် စက်မှု (၁) ရပ်ကွက်ရှိ ဘီယာဆိုင်တစ်ဆိုင်မှ အသက် ၁၈ နှစ်အရွယ် မစိုးမြတ်နွယ် (ခေါ်) ထွေးထွေးဆိုသူ အမျိုးသမီးတစ်ဦး ဖမ်းဆီးခံရသည်။

TikTok တွင် သူ၏ ဝေဖန်ပြောဆိုထားမှုများနှင့် ပတ်သက်ပြီး ဖမ်းဆီးခံရခြင်းဖြစ်နိုင်သည်ဟု ယူဆနေသည်။

စစ်တပ်ကောင်းကြောင်း ရေးသားလေ့ရှိသည့် တယ်လီဂရမ်ချန်နယ်များက ထိုမိန်းကလေး၏ TikTok ဗီဒီယိုများကို ဖော်ပြကာ ဖမ်းဆီးရန် လှုံ့ဆော်ထားသည်ကို တွေ့ရသည်။

စစ်ကောင်စီသည် နိုင်ငံအနှံ့တွင် ၎င်းတို့ကို ဆန့်ကျင်သူ မည်သူ့ကိုမဆို ဖမ်းဆီး၍ ပုဒ်မများတပ်ကာ အကျဉ်းချထားသည်။

မန္တလေးမြို့၌ ပြီးခဲ့သည့်လများအတွင်း မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်များ၊ ဆန္ဒပြသူများ၊ ဆရာဝန်များ၊ ရှေ့နေများအပါအဝင် ဒေသခံ ၁၀၀ ကျော် ဖမ်းဆီးခံထားရသည်။


စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မန္တလေးမြို့ပေါ်တွင် ၂၀၂၁ ဖေဖော်ဝါရီအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ -မိုးဦး/Myanmar Now)


 

ဆက်ဖတ်ရန် →
 “လက်နက်တွေ ရရှိဖို့ဆိုရင်လည်း ထိုင်းကပဲ ဖြတ်ရမှာပါပဲ”

“လက်နက်တွေ ရရှိဖို့ဆိုရင်လည်း ထိုင်းကပဲ ဖြတ်ရမှာပါပဲ”

 အင်တာဗျူး

ထိုင်းရွေးကောက်ပွဲအပြီး ထိုင်းအစိုးရ၏ မြန်မာပြည်ဆိုင်ရာ မူဝါဒအလားအလာ၊ နှစ်နိုင်ငံစစ်တပ် နီးစပ်မှုတို့အကြောင်း ထိုင်းပညာရှင် သီတီနန် ပွန်ဆူဒီရက်ခ်က သုံးသပ်ထားသည်။ 
Myanmar Now
Published on Feb 20, 2023



၂၀၁၉ ခုနှစ် မတ်လတွင် ဗိုလ်ချုပ် မင်းအောင်လှိုင်က ၎င်း၏ မွေးစားဖခင်တော်ထားသူ ထိုင်းဗိုလ်ချုပ်ဟောင်း Prem Tinsulanonda ကို သူ၏နေအိမ်တွင် တွေ့ဆုံပြီး လက်ဆောင်များ ပေးအပ်နေစဉ်။

ထိုင်းနိုင်ငံသည် အိမ်နီးချင်း မြန်မာတို့ နိုင်ငံရေးနှင့် စီးပွားရေးအရ ခိုလှုံရာ ထိပ်ဆုံးနေရာတစ်ခုအဖြစ် ဆယ်စုနှစ်များစွာ ရှိနေခဲ့ပါသည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု ဖြစ်ပွားကတည်းက စစ်ကောင်စီ၏ နိုင်ငံအနှံ့ အကြမ်းဖက်မှုများကြောင့် မြန်မာနိုင်ငံသားအများအပြား ထွက်ပြေးခိုလှုံလာကြသည်ကို ထိုင်းနိုင်ငံ ကြုံတွေ့ခဲ့ရသည်။ မြန်မာဒုက္ခသည်များကို လက်ခံထားသော နိုင်ငံအဖြစ် ထိုင်းနိုင်ငံ၏ပြယုဂ်သည် ထိုင်းနှင့် မြန်မာ စစ်တပ်အာဏာပိုင်များအကြား နီးကပ်သော ဆက်ဆံရေး ဆက်လက်ရှိနေခြင်းက နားလည်ရခက်သော ဆန့်ကျင်ဘက်အခြေအနေ ဖြစ်ပါသည်။

Myanmar Now သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ထိုင်း-မြန်မာဆက်ဆံရေးကို လေ့လာနေသူ ဒေါက်တာ သီတီနန် ပွန်ဆူဒီရက်ခ် (Dr. Thitinan Pongsudhirak) က စစ်ကောင်စီ၊ အာဏာသိမ်းမှုကို ဆန့်ကျင်သူများ၊ နှစ်ဖက်စလုံးနှင့် ပတ်သက်သော ထိုင်းနိုင်ငံ၏ ပြောင်းလဲနေသော မူဝါဒများအကြောင်းနှင့် နိုင်ငံတကာအသိုင်းအဝန်းက မြန်မာတော်လှန်ရေးအင်အားစုကို လက်နက်ထောက်ပံ့နိုင်ခြေ ရှိမရှိတို့ကိုပါ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးထားသည်။

သီတီနန် ပွန်ဆူဒီရက်ခ်သည် ထိုင်းနိုင်ငံ ချူလာလောင်ကွန်တက္ကသိုလ် နိုင်ငံရေးသိပ္ပံဌာနမှ ပါမောက္ခတစ်ဦးဖြစ်ပြီး ထိုတက္ကသိုလ်၏ လုံခြုံရေးနှင့် နိုင်ငံတကာလေ့လာရေးဌာန အကြီးတန်းပညာရှင်တစ်ဦး ဖြစ်ပါသည်။

မေး -  စစ်ကောင်စီနဲ့ ထိုင်းနိုင်ငံအကြား ဆက်ဆံရေးကို ဘယ်လိုများ ရှင်းပြနိုင်မလဲ။

ဖြေ - ထိုင်း-မြန်မာဆက်ဆံရေးက ကာလရှည်လျားလှပါတယ်။ ၂၀၀၆ ခုနှစ်မှာ ထိုင်းစစ်တပ်ဟာ ပြန်အားကောင်းလာပြီး၊ ၂၀၁၄ ခုနှစ်ကစလို့ ထိုင်းနိုင်ငံရေးကို ထိန်းချုပ်ခဲ့ပါတယ်။ ထိုင်း-မြန်မာဆက်ဆံရေးကို ကြည့်ရင် သက်ဆင် (ထိုင်းဝန်ကြီးချုပ်ဟောင်း) ကာလအစောပိုင်းကို ပြန်ကြည့်ဖို့ လိုပါတယ်။ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကို ထိုင်းဘက်ကို မရိုက်ခတ်ဖို့ ထိုင်းက ရှမ်းနဲ့ ကရင်ပြည်နယ်တွေကို “ကြားခံ” (Buffer) ထားတဲ့ မူဝါဒကို နှစ်ပေါင်းများစွာ ကျင့်သုံးခဲ့ပေမဲ့ ဒီသက်ဆင်လက်ထက်ကစပြီး ရပ်တန့်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်း နှစ်နိုင်ငံဆက်ဆံရေးတည်ဆောက်ဖို့ ကြားခံမူဝါဒကို စွန့်လွှတ်လိုက်ပါတယ်။ ထိုင်းစစ်တပ်က အာဏာသိမ်းစဉ်တုန်းကလည်း မြန်မာစစ်တပ်နဲ့ အလွန်နီးနီးကပ်ကပ်ဆက်ဆံခဲ့တာကိုလည်း နားလည်ဖို့ လိုပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ထိုင်းဗိုလ်ချုပ်ကြီးဟောင်း Prem (Tinsulanonda) နဲ့ အလွန်နီးကပ်တဲ့ ဆက်ဆံရေးရှိတယ်၊ သူ့ရဲ့ မွေးစားသား ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့က မြန်မာမှာ အာဏာသိမ်းတော့ မင်းအောင်လှိုင်ဟာ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာဆီကို စာတစ်စောင်ပေးပို့ပြီး သူ့ကို နားလည်မှုပေးဖို့နဲ့ ထောက်ခံဖို့ တောင်းဆိုခဲ့တယ်။ ဒါဟာ သာမန်မဟုတ်တဲ့ ကိစ္စပါ။ ဒါ့အပြင် ခင်ဗျားတို့ မှတ်မိကြပါလိမ့်မယ်၊ ထိုင်းစစ်တပ်က မြန်မာနယ်စပ်တစ်လျှောက်က မြန်မာစစ်တပ်ကိုလည်း စားနပ်ရိက္ခာထောက်ပံ့ခဲ့တယ်။ ထိုင်းစစ်တပ်ဟာ မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းမှုကို အလွန်ထောက်ခံပံ့ပိုး နေရာပေးခဲ့ပါတယ်။ ထိုင်းဟာ CDM (ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှု)၊ NUG (အမျိုးသားညီညွတ်ရေးအစိုးရ) နဲ့ PDF (ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) တွေကို မထောက်ခံခဲ့ပါဘူး။ ဒါပေမဲ့ မြေပြင်မှာရှိနေတဲ့ ထိုင်းအာဏာပိုင်များက မြန်မာဒုက္ခသည်တွေနဲ့ မြန်မာဘက်က ထွက်လာတဲ့ အသိပညာရှင် အတတ်ပညာရှင်တွေကို အတော်လေး လက်ခံထားခဲ့ကြပါတယ်။

ဒါက နှစ်လမ်းသွားမူဝါဒပါ။ ထိုင်းအစိုးရက မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံအထူးကိုယ်စားလှယ် ခန့်အပ်ခဲ့ပြီး ဖြစ်ပါတယ်။ သူ့အမည်က ပွန်ပီမော (Pauline” Kanchanalak) ပါ။ သူက ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန် (Don Pramudwinai) နဲ့အတူ အဓိကကျတဲ့ ပုဂ္ဂိုလ်ပါ။ သူတို့နှစ်ဦးအကြား အထူးဆက်ဆံရေး ရှိပါတယ်။ ပွန်ပီမောဟာ အမေရိကန်မှာ ရာဇဝတ်မှု ကျူးလွန်ထားသူတစ်ဦးဖြစ်ပြီး၊ အခုတော့ ထိုင်းနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒကို ဒွန်နဲ့အတူ ကိုင်တွယ်နေသူ ဖြစ်နေပါတယ်။

ဒီလိုအချိန်မှာ နှစ်လမ်းသွားမူဝါဒနဲ့ ထိုင်းနိုင်ငံဟာ စစ်ကောင်စီကို တော်တော်လေး ထောက်ပံ့သလို၊ မြန်မာနိုင်ငံက ရောက်လာတဲ့ ပြည်သူတွေကိုတော့ မြေပြင်မှာ စာနာထောက်ထား နေရာပေးပါတယ်။ တကယ်လို့များ ထိုင်းက တံခါးပိတ်လိုက်မယ်ဆိုရင်၊ နှစ်လမ်းသွားမူဝါဒကို မကျင့်သုံးတော့ရင်၊ တစ်လမ်းသွားပုံစံနဲ့ မြန်မာစစ်ကောင်စီနဲ့ ပရာယွတ်အစိုးရအကြား အပြည့်အဝ ပူးပေါင်းဆောင်ရွက်ခဲ့မယ်ဆိုရင် ဒါဟာ ပြည်ပထွက်ပြေးလာတဲ့ မြန်မာအတိုက်အခံတွေအတွက် အလွန်ဆိုးရွားသွားနိုင်ပါတယ်။

စစ်တပ်မရှိတဲ့နောက် မြန်မာနိုင်ငံ ပြိုကွဲသွားမှာကို ထိုင်းနိုင်ငံ၊ ထိုင်းအစိုးရနဲ့ ထိုင်းလုံခြုံရေးအဖွဲ့အစည်းများ စိုးရိမ်ကြတယ်လို့ ထင်ပါတယ်။ မြန်မာစစ်တပ်မရှိလဲပဲ မြန်မာနိုင်ငံရဲ့ ပြည်ထောင်စုစုစည်းမှုနဲ့ နယ်မြေတည်တံ့မှုအတွက် ဆက်လက်တည်ရှိနေမယ်၊ တိုင်းပြည်ငယ်များအဖြစ် ပြိုကွဲမသွားဘူးဆိုတဲ့ ခိုင်မာတဲ့ အစီအမံနဲ့ အာမခံချက် ရှိရပါလိမ့်မယ်။ ဒီအချက်က ထိုင်းအစိုးရနဲ့ လုံခြုံရေးအဖွဲ့အစည်းတွေရဲ့ အစစ်အမှန်စိုးရိမ်မှု ဖြစ်တယ်ဆိုတာကို ဘန်ကောက်ပို့စ်သတင်းစာမှာ ကျွန်တော် ရေးခဲ့ပါတယ်။ ထိုင်းပြည်သူတွေကြားထဲမှာတောင် အဲဒီစိုးရိမ်မှု ရှိပါတယ်။ ဒီလိုဖြစ်လာရင် ထိုင်းနိုင်ငံကို တကယ်ထိခိုက်ပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ မူးယစ်ဆေးဝါး၊ ရာဇဝတ်မှု၊ ရေကြောင်းဆိုင်ရာအကျပ်အတည်း၊ ပြည်တွင်းစစ် စတဲ့ မတည်ငြိမ်မှုပေါင်းစုံ ဖြစ်လာပြီး ဒီအရာတွေဟာ ထိုင်းနိုင်ငံကို အထိန်းအချုပ်မရှိ ထိခိုက်လာပါလိမ့်မယ်။

ထိုင်းနိုင်ငံအတွင်းက လူတချို့၊ လုံခြုံရေးအဖွဲ့အစည်း၊ ထိုင်းအစိုးရတို့က မြန်မာစစ်တပ်ဟာ တိုင်းပြည်ကို ထိန်းချုပ်ထားသေးတယ်လို့ ထင်ကြပါတယ်။ ဒီထိန်းချုပ်ထားနိုင်မှုဆိုတဲ့အချက်က ထိုင်းတွေအတွက် အရေးပါဆဲပဲ ဖြစ်ပါတယ်။ အဲဒါကြောင့် NUG, NUCC (ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများနှင့် စစ်ကောင်စီကို ဆန့်ကျင်နေသော အခြားသော အဖွဲ့အစည်းများ စုဖွဲ့ထားသော အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ) တို့အနေနဲ့ ၎င်းတို့အကြားမှာ “တစ်သံတည်း၊ တစ်သဘောတည်း” ရှိပြီး၊ စစ်တပ်ကို အောင်နိုင်ရင် တိုင်းပြည်ကို ရှေ့ဆက်ဦးဆောင်သွားမယ့် သဘောတူညီချက် ရှိထားပြီဆိုပြီး ပြည်တွင်းပြည်ပက ပြည်သူတွေကို အာမခံရမယ့် ကြီးမားတဲ့ လုပ်ငန်းကြီးတစ်ခု ရှိနေပါတယ်။

မေး - ထိုင်းဘက်က မြန်မာစစ်တပ်နဲ့ ပိုပြီးပူးပေါင်းဆောင်ရွက်နေတာ တွေ့နေရပါတယ်။ မြန်မာနိုင်ငံ တစ်စစီပြိုကွဲထွက်ပြီး ဘောလ်ကန်နိုက်ဇေးရှင်း (Balkanisation) အဖြစ်မျိုး ဖြစ်နိုင်ခြေစိုးရိမ်ချက်က မြန်မာစစ်တပ်နဲ့ ပိုမို ပူးပေါင်းဆောင်ရွက်ရခြင်းရဲ့ အဓိကအကြောင်းတရားဖြစ်တယ်လို့ ပါမောက္ခက ပြောတယ်။ ဒီအချက်အပြင် ထိုင်းနဲ့ မြန်မာစစ်တပ်တို့ နီးကပ်နေခြင်းရဲ့ အခြား စီးပွားရေး၊ နိုင်ငံရေးနဲ့ မဟာဗျူဟာကျတဲ့ အကြောင်းရင်းတွေရော ရှိပါသလား။

ဖြေ - အခြားအကြောင်းရင်းတွေလည်း ရှိတာ သေချာတာပေါ့။ စီးပွားရေးနဲ့ပတ်သက်တဲ့ အကြောင်းရင်းတွေရှိတယ်။ PTT (ထိုင်းအစိုးရပိုင် ရေနံနဲ့ သဘာဝဓာတ်ငွေ့ကုမ္ပဏီ) က မြန်မာမှာ ရှိနေတယ်။ သူတို့ မြန်မာမှာ ဆက်ပြီး ရှိနေဖို့ အကျိုးစီးပွားအများအပြား ရှိနေပါတယ်။ ဂျပန်နဲ့ ဥရောပက အခြားကုမ္ပဏီတွေကတော့ မြန်မာက ထွက်ခွာနေကြပြီ။ အဲဒီလစ်လပ်သွားတဲ့ စီးပွားရေးခွင်နေရာတွေမှာ ထိုင်းနိုင်ငံက အကျိုးအမြတ်ရနိုင်တယ်လို့ ထိုင်းအထူးကိုယ်စားလှယ် ပွန်ပီမောက တွေးပါလိမ့်မယ်။ ဒါ့အပြင် အလွန်စိုးရိမ်စရာကောင်းတဲ့ အချက်တစ်ခုကလည်း ထိုင်းဟာ မြန်မာနိုင်ငံကထွက်တဲ့ သဘာဝဓာတ်ငွေ့အပေါ် မှီခိုအားထားနေခြင်းပါပဲ။ အဲ့လို မြန်မာ့သဘာဝဓာတ်ငွေ့အပေါ် မှီခိုနေတဲ့အတွက်ကြောင့်မို့လို့ ထိုင်းနိုင်ငံက မြန်မာစစ်တပ်ကို ဆန့်ကျင့်နေတဲ့ မြန်မာလူထုရဲ့ ဒီမိုကရေစီအရေးလှုပ်ရှားမှုတွေအပေါ် အလေးပြုမယ်လို့ ထင်ရင်တော့ 'အ’ ရာကျပါတယ်။ ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်နဲ့ လျှပ်စစ်မီးကိစ္စကိုပဲ ကြည့်ပါ။ ဥရောပသားတွေ စွမ်းအင်ဈေးမြင့်တက်တာကို ခံစားနေရတယ်။ ဒါက အဖြစ်မှန်ပဲလေ။ ဒါကြောင့် စွမ်းအင်အတွက် မြန်မာကို ထိုင်းက မှီခိုနေရတယ်။ မြန်မာ ပြိုကွဲမဲ့ကိစ္စ သက်သက်မဟုတ်ပါဘူး။ စီးပွားရေးအကျိုးစီးပွားတွေရှိတယ်။ ထိုင်းနိုင်ငံရဲ့ စွမ်းအင်လုံခြုံရေးအတွက် မြန်မာနိုင်ငံက အလွန်အရေးကြီးတာ အမှန်ပဲ။

နောက်ထပ်အကြောင်းရင်းက လက်ရှိထိုင်းအစိုးရဟာ ဘုရင့်သစ္စာခံ ရှေးရိုးစွဲဝါဒီတွေရဲ့ အစိုးရဖြစ်တယ်။ ဒီလိုအစိုးရမျိုးတွေဟာ ဒီမိုကရေစီလိုလားသူတွေ မဟုတ်ပါဘူး။ ဒါကြောင့် ဒီအစိုးရဟာ ဒီမိုကရေစီလှုပ်ရှားမှုကို ထောက်ခံပေးလိမ့်မယ်လို့ ရှုမြင်လို့ မရနိုင်ပါဘူး။ ဒီလိုသာ မျှော်လင့်နေမယ်ဆိုရင်၊ ထိုင်းနိုင်ငံမှာ ဒီမိုကရေစီလှုပ်ရှားမှုက အခြေပိုခိုင်မာလာမယ်ဆိုရင် ဒါဟာ ရှေးရိုးစွဲအစိုးရရဲ့ အကျိုးစီးပွားနဲ့ ဆန့်ကျင်သွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီလှုပ်ရှားမှု အောင်မြင်မှာကို မမြင်တွေ့လိုတဲ့ ဘုံအကျိုးစီးပွားနဲ့ ဘုံရပ်တည်ချက်တချို့ သေချာပေါက် ရှိနေပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာဒီမိုကရေစီအရေး အောင်မြင်သွားခဲ့ရင် အဲဒါဟာ ထိုင်းနိုင်ငံ၊ ထိုင်းနိုင်ငံရေးနဲ့ ထိုင်းနိုင်ငံက ဒီမိုကရေစီလှုပ်ရှားမှုကိုပါ ရိုက်ခတ်လာနိုင်လို့ပါပဲ။ ဒါကြောင့် ခြုံပြီးပြောရရင် အထက်က ဆွေးနွေးခဲ့တဲ့ အကြောင်းတရားတွေကြောင့် လက်ရှိထိုင်းအစိုးရဟာ မြန်မာစစ်ကောင်စီကို အတော်လိုက်လျောညီထွေပြုမယ်ဆိုတဲ့ မူဝါဒ ထားရှိတာကို တွေ့ရမှာ ဖြစ်ပါတယ်။

အခြားရှုထောင့်က ကြည့်ရင်လည်း ထိုင်းနိုင်ငံမှာ (၂၀၂၃ မေလ ရွေးကောက်ပွဲအပြီး) အစိုးရသစ်တစ်ရပ် တက်လာရင် ထိုင်းမြန်မာဆက်ဆံရေး အပြောင်းအလဲတစ်ခု ရှိလာနိုင်မလား၊ ဒီလိုဆို သိသာထင်ရှားတဲ့ အပြောင်းအလဲဖြစ်လာလိမ့်မယ်လို့ ထင်ပါတယ်။ ဥပမာ အစိုးရအသစ်ဖွဲ့လို့ နိုင်ငံခြားရေးဝန်ကြီးအသစ် ဖြစ်လာမယ်ဆိုရင် သိသာထင်ရှားတဲ့ အပြောင်းအလဲဖြစ်လာပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ဒွန်နဲ့ ပွန်ပီမောတို့က ထိုင်းနိုင်ငံနဲ့ အာဆီယံ အကျိုးယုတ်စေမယ့် ထိုင်းနိုင်ငံခြားရေးမူဝါဒနဲ့ မြန်မာမူဝါဒတွေကို ကိုင်တွယ်နေကြလို့ပါပဲ။ ဒါဟာ စိတ်ပျက်စရာကောင်းတဲ့ ပွဲတစ်ခုပါ၊ အတော်လေး ဆိုးရွားပါတယ်။ သူတို့ဟာ သူတို့ရဲ့ ပုဂ္ဂိုလ်ရေးဦးစားပေးမှုတွေနဲ့ အကျိုးစီးပွားတွေအတွက် အာဆီယံကို ဓားစာခံလုပ်ထားတယ်၊ ထိုင်းနိုင်ငံကို ဓားစာခံလုပ်ထားကြတယ်။

နိုင်ငံခြားရေးဝန်ကြီးအသစ် ရှိခဲ့မယ်ဆိုရင် ညှိနှိုင်းနိုင်မယ့် အခွင့်အလမ်းတချို့ ရှိလာနိုင်ပါတယ်။ ကြီးမားတဲ့ အပြောင်းအလဲတော့ ဖြစ်မှာမဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ ထိုင်းအစိုးရတွေက သူတို့ရဲ့ လူသိရှင်ကြား တရားဝင်မူဝါဒတွေအပေါ် အလွန်သတိထားတတ်ကြလို့ပါပဲ။ သူတို့က NUG, NUCC, CDM, PDF ဒါမှမဟုတ် EAOs (တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ) ကို ထောက်ခံလာမှာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ မြေပြင်မှာ လူသားချင်းစာနာမှုအကူအညီတွေကို ပိုပြီး ထောက်ပံ့လာနိုင်ပါတယ်။ ပြီးတော့ အာဆီယံအဆင့်မှာ ထိုင်းနိုင်ငံက ပိုပြီးကြီးမားတဲ့ အခန်းကဏ္ဍကနေ ဆောင်ရွက်လာနိုင်ပါတယ်။ ဒီနှစ် အင်ဒိုနီးရှားက အာဆီယံဥက္ကဋ္ဌပါ။ ဒါကြောင့် အင်ဒိုနီးရှားက ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးရေး တစ်ခုခုကိုတော့ သူစွမ်းနိုင်သမျှ ကြိုးစားပါလိမ့်မယ်။ ကျွန်တော်ကတော့ သိပ်မမျှော်လင့်ပါဘူး၊ ဒါပေမဲ့ သူတို့ ကြိုးစားပါလိမ့်မယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးအသစ်တစ်ယောက် ဖြစ်လာရင်တော့ သိသာထင်ရှားတဲ့ အပြောင်းအလဲတစ်ခု ဖြစ်လာနိုင်တယ်လို့ ထင်ပါတယ်။ တရားဝင်မူဝါဒမှာတော့ အကြီးအကျယ်ပြောင်းလဲဖို့ မရှိပေမဲ့ မြေပြင်မှာတော့ သိသာထင်ရှားလာပါလိမ့်မယ်။

မေး - နိုင်ငံတကာအသိုင်းအဝန်းကို ထိုင်းနိုင်ငံရဲ့ နယ်စပ်ဒေသ ဖွင့်မပေးရင်တော့ နေရပ်ရွှေ့ပြောင်းဒုက္ခသည် ၁ သန်းကျော်ကို ကူညီထောက်ပံ့မှုပေးဖို့ မဖြစ်နိုင်ပါဘူး။ ထိုင်းရဲ့ လက်ရှိ နယ်စပ်ဒေသဆိုင်ရာ မူဝါဒက လမ်းကြောင်းအမှန်ပဲလို့ ထင်ပါသလား။ မထင်ဘူးဆိုရင် ဘယ်လိုအပြောင်းအလဲ လုပ်နိုင်မလဲ။

ဖြေ - လူသားချင်းစာနာမှုဆိုင်ရာ အကူအညီအတွက် တရားဝင်မူဝါဒက အလွန်သတိထားကြတယ်။ ဒါပေမဲ့လည်း တရားမဝင်မူဝါဒကို ကြည့်ရမှာ ဖြစ်တယ်။ တစ်ယောက်ယောက်က ဘန်ကောက်က နိုင်ငံခြားရေးဝန်ကြီးဌာနကို သွားပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီအတွက် လမ်းကြောင်း ပိုပြီးလိုချင်တယ် ပြောရင် အလွန်ကောင်းမွန်တဲ့ အဖြေတော့ ရမှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ နိုင်ငံခြားရေးဝန်ကြီးဌာနတစ်ခုလုံးရဲ့ မြန်မာနိုင်ငံဆိုင်ရာ ချဉ်းကပ်မှုတွေဟာ ဝန်ကြီးနဲ့ အထူးကိုယ်စားလှယ်အပေါ်မှာပဲ မူတည်နေတယ်။ ဒါကြောင့် မြေပြင်မှာပဲ နယ်စပ်မှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီအတွက် ပျော့ပျောင်းမှုတချို့၊ ဖွင့်ပေးမှုတချို့ ရှာကြံဖို့ ကြိုးစားရမှာပဲ ဖြစ်တယ်။ ဒီလိုလုပ်တာဟာ အခြေအနေကြည့်လုပ်ရသလိုပါပဲ၊ စနစ်တကျဖြစ်နေမှာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီနည်းကပဲ အတော်လေး အထောက်အကူဖြစ်ပါလိမ့်မယ်။

ဒုတိယအချက်က ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၊ ထိုင်းအစိုးရ၊ လုံခြုံရေးအဖွဲအစည်းများရဲ့ တရားဝင်မူဝါဒရော တရားမဝင်မူဝါဒပါ ပိုမိုပျော့ပျောင်းလာစေဖို့၊ သူတို့ကို နိုင်ငံတကာအသိုင်းအဝန်းက ဖိအားပေးလာအောင် လုပ်ဆောင်ဖို့ ဖြစ်ပါတယ်။ သံရုံးတွေ၊ နိုင်ငံတကာအေဂျင်စီတွေ၊ ကုလသမဂ္ဂနဲ့ အန်ဂျီအိုတွေ နယ်စပ်ဒေသမှာ အလုပ်လုပ်နိုင်ပါတယ်။ ဒါဆိုရင် အထောက်အပံ့တွေရရှိဖို့ သူတို့မှာ ပိုပြီးအင်အားရှိပါတယ်။ ဒါလည်းပဲ စနစ်တကျတော့ ဖြစ်နေမှာမဟုတ်ပါဘူး။ ဒီလိုလုပ်တာဟာလည်း တိတ်တိတ်ဆိတ်ဆိတ်နဲ့ လုပ်ဖို့၊ စောင့်ကြည့်မှုကနေ လွတ်အောင်လုပ်ဖို့ လိုပါတယ်။ ဒီလိုလုပ်တာဟာလည်း အပြောင်းအလဲတချို့ လုပ်ဆောင်နိုင်ပါသေးတယ်။

မေး - အာဆီယံက ဦးဆောင်ပြီး ထိုင်းနယ်စပ်ကတစ်ဆင့် မြန်မာနိုင်ငံကို လူသားချင်းစာနာမှု အကူအညီပေးရေးအပေါ် ဘယ်လိုထင်မြင်ယူဆပါသလဲ။

ဖြေ - ဒါက ထိုင်းနိုင်ငံအပေါ် အများကြီး မူတည်နေပါတယ်။ ထိုင်းက မြန်မာနဲ့ ရှည်လျားတဲ့နယ်စပ် ထိစပ်နေပါတယ်။ ထိုင်းရွေးကောက်ပွဲပြီးရင် အစိုးရအပြောင်းအလဲဖြစ်လာဖို့ တကယ်မျှော်လင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အခြေအနေပြောင်းနိုင်ပါတယ်။ အမြဲတမ်းသတိပြုရမှာက တရားဝင်မူဝါဒအပြောင်းအလဲက သိပ်ကြီးမားမှာ မဟုတ်ပါဘူး၊ မြေပြင်က တရားမဝင်အပြောင်းအလဲက အလွန်သိသာထင်ရှားနိုင်ပါတယ်။ ထိုင်းအစိုးရဟာ ရှေ့ထွက်ပြီး CDM, PDF, NUG ကို ကူညီမယ်လို့ ပြောမှာတော့မဟုတ်ပါဘူး။ ဒါပေမဲ့ မြေပြင်မှာ ပြောင်းလဲမှုတချို့ ရှိနိုင်ပါတယ်။ အဆုံးစွန်အားဖြင့် အင်ဒိုနီးရှားက တွေ့ဆုံဆွေးနွေးမှုတချို့အတွက် ကြားဝင်ဆောင်ရွက်နိုင်ပြီး၊ (အာဆီယံ တူညီဆန္ဒ ၅ ချက်ထဲက တစ်ချက်ဖြစ်တဲ့) လူသားချင်းစာနာမှု အကူအညီတချို့ စတင်ပေးနိုင်ရင်တောင်မှ ဒီလိုကူညီဖို့ ထိုင်းကတစ်ဆင့်ပဲ သွားရမှာပါ။ မြန်မာကို လေယာဉ်စင်းလုံးပြည့် အကူအညီမျိုး ရှိလာလိမ့်မယ် မဟုတ်ပါဘူး။ ဒီအကူအညီက နယ်စပ်ကတစ်ဆင့်ပဲ သွားမှာပါ။ ထိုင်းအစိုးရကို ဖိအားနည်းနည်းပိုပေးဖို့ ဒါမှမဟုတ် နယ်စပ်ကတစ်ဆင့် အကူအညီပိုပေးတာကို ခွင့်ပြုဖို့ အင်ဒိုနီးရှားကို လူတချို့ ပြောနိုင်ပါတယ်။ အာဆီယံရဲ့ လူသားချင်းစာနာမှုအကူအညီအတွက် မင်းအောင်လှိုင်နဲ့ စစ်ကောင်စီအပေါ် မူတည်ပါတယ်။ သူတို့က မဖွင့်ပေး၊ လက်မခံပါဘူး။ ဒါကြောင့် တရားမဝင်လမ်းကြောင်းကိုပဲ အားထားရလိမ့်မယ်။

မေး - အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝန်းက တောင်ဆိုချက်တွေကို လိုက်လျောတယ်ဆိုတဲ့ ပုံစံပြဖို့ မြန်မာစစ်ကောင်စီက ထောင်နဲ့ချီတဲ့ ရာဇဝတ်အကျဉ်းသားတွေကို နိုင်ငံရေးအကျဉ်းသားအနည်းငယ်နဲ့ ရောပြီး လွှတ်ပေးတာကလွဲရင် ဘာမှမလုပ်ပါဘူး။ မြန်မာကို အာဆီယံအဖွဲ့ဝင်အဖြစ်က ဆိုင်းငံ့ ဒါမှမဟုတ် ထုတ်ပယ်သင့်တယ်လို့ ထင်သလား။

ဖြေ - မြန်မာကိစ္စမှာ အာဆီယံထဲ ကွဲနေတယ်။ ဒီနှစ်မှာ အင်ဒိုနီးရှားက ဥက္ကဋ္ဌအဖြစ် ဦးဆောင်နေတယ်။ အင်ဒိုနီးရှားက သိသာထင်ရှားတဲ့ လုပ်ဆောင်ချက် မလုပ်နိုင်ဘူးဆိုရင် အာဆီယံလုပ်နိုင်တာ ဘာမှ သိပ်ရှိမှာ မဟုတ်တော့ပါဘူး။

ထိုင်းနိုင်ငံမှာ အစိုးရသစ် နိုင်ငံခြားရေးဝန်ကြီးသစ်သာ ရှိခဲ့မယ်ဆိုရင် အခြေအနေဟာ သိသာထင်ရှားလာနိုင်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးသစ်နဲ့ ထိုင်းနိုင်ငံက အနာဂတ်မျှော်ကြည့်ပြီး အင်ဒိုနီးရှားနဲ့ ပူးပေါင်းလုပ်နိုင်မယ်ဆိုရင် ပိုပြီး အားကောင်းတဲ့ ညှိနှိုင်းနိုင်မယ့် အခွင့်အာဏာရှိလာနိုင်မှာ ဖြစ်ပါတယ်။ မြန်မာကို ဆိုင်းငံဖို့ကို နည်းစနစ်အားဖြင့် လုပ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ အာဆီယံပဋိညာဉ်ကို ကြည့်မယ်ဆိုရင် ဆိုင်းငံ့ဖို့၊ ထုတ်ပယ်ဖို့ အခွင့်အရေးကို အခြားခေါင်းဆောင်တွေကို ပေးအပ်ထားပါတယ်။ သူတို့ ဘာမဆို လုပ်နိုင်ပါတယ်။ ဒါပေမဲ့ သူတို့ လုပ်မှာမဟုတ်ပါဘူး၊ ဘာလို့လဲဆိုတော့ မြန်မာကို အာဏာသိမ်းလို့ အဖွဲ့ဝင်အဖြစ်က ထုတ်ဖို့ ဒါမှမဟုတ် ဆိုင်းငံ့ဖို့ လုပ်ရင် ထိုင်းကလည်း စစ်အာဏာသိမ်းမှု ရှိခဲ့တာပါပဲ။ ဒါဟာ လူ့အခွင့်အရေးချိုးဖောက်မှုလား၊ ဒါဆို ထိုင်းမှာလည်း ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေတာပဲ၊ ကမ္ဘောဒီးယားမှာလည်း လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိတယ်။ ဒါကြောင့် မြန်မာကို ဆိုင်းငံ့လိုက်ရင် ထိုင်း၊ ကမ္ဘောဒီးယား၊ ဘရူနိုင်း တို့ကိုလည်း ဆိုင်းငံ့နိုင်ပါတယ်။ မြန်မာကို ကိုင်တွယ်ဖို့ ရှင်းလင်းတဲ့ သတ်မှတ်ချက် ရှိမနေပါဘူး။

မေး -  မြန်မာစစ်ကောင်စီကို အာဆီယံရဲ့ ထိပ်သီးအစည်းအဝေးနဲ့ အစည်းအဝေးတွေကို တက်ရောက်ခွင့် ပိတ်ပင်တာ အတော်ထူးခြားတဲ့ လုပ်ရပ်မဟုတ်ဘူးလား။ ယခင်က မလုပ်ခဲ့ဖူးတဲ့ကိစ္စ မဟုတ်ဘူးလား။ ဘယ်အရာတွေက ဒီလိုဖြစ်လာအောင် လုပ်ခဲ့တာလဲ။

ဖြေ - ဒီလိုလုပ်နိုင်တာ အာဆီယံအတွင်း ညှိနှိုင်းနိုင်မှုကြောင့်လို့ မြင်တယ်။ ဒါဟာ အာဆီယံက မြန်မာကို ဆိုင်းငံ့ထားတာပဲ။ ဒီလိုလုပ်ဖို့ ရွေးချယ်တာဟာ အင်ဒိုနီးရှားနဲ့ မလေးရှားက ဒါကို ထောက်ခံခဲ့တာကြောင့် ဖြစ်တယ်။ သူတို့က အာဆီယံ တစ်ခုခုလုပ်ရမယ်လို့ ဖိအားပေးခဲ့တာပါ။ ဒါကြောင့် အာဆီယံဟာ မြန်မာကိုယ်စားလှယ်ကို နိုင်ငံရေးအရ ကိုယ်စားပြုသူ မဖြစ်ရဘူးဆိုတဲ့ စည်းကမ်းချက်ကို လုပ်ခဲ့ပါတယ်။ ဒါဟာ စစ်ကောင်စီ မဖြစ်နိုင်ဘူး၊ စစ်ကောင်စီမဟုတ်တဲ့ ပိုပြီးအဆင့်နိမ့်တဲ့ အရာရှိဖြစ်ရပါမယ်။ ဒါဟာ အာဆီယံဘက်က အရေးယူမှုတစ်မျိုးပါ။ တစ်ဝက်တစ်ပျက်အရေးယူမှုပါ။ ဘာလို့လဲဆိုတော့ အခြားနိုင်ငံတွေက အဲ့ဒါထက်ပိုပြီး မလုပ်ချင်ကြလို့ပါ။ မြန်မာ (စစ်ကောင်စီ) က ဒါကို စိတ်ပျက်ပါတယ်။ ထိပ်သီးအစည်းအဝေးနဲ့ ပတ်သက်ပြီးတော့ပေါ့။

ဒုတိယအကြောင်းရင်းက အာဆီယံဟာ ပြင်ပက ပိုပြီးအင်အားကြီးနိုင်ငံတွေနဲ့ ဆက်ဆံနေရပါတယ်။ အာဆီယံက ငတုံးမဟုတ်ပါဘူး။ မင်းအောင်လှိုင်ကို အာဆီယံအစည်းအဝေးတွေ တက်ရောက်ခွင့်ပေးလိုက်ရင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် ဒါမှမဟုတ် (ဂျပန်ဝန်ကြီးချုပ်) ဖူမီအို ကိုင်ရှိဒါလို ခေါင်းဆောင်တွေက အရှေ့အာရှထိပ်သီးအစည်းအဝေး တက်ရောက်မှာ မဟုတ်တော့ပါဘူး။ မင်းအောင်လှိုင်ကို ထိပ်သီးအစည်းအဝေးများ တက်ရောက်ခွင့်မပေးခြင်းဟာ အာဆီယံက သူ့ကိုယ်သူ ကယ်တင်နေခြင်းပါပဲ။

မေး -  NUG ကို အသိအမှတ်ပြုဖို့နဲ့ လေယာဉ်ပစ်လက်နက်ကဲ့သို့ လက်နက်မျိုးတွေ ထောက်ပံ့ပေးဖို့ နိုင်ငံတကာအသိုင်းအဝန်းကို ပါမောက္ခက ထိုင်းသတင်းစာတွေမှာ ရေးပြီး တောင်းဆိုခဲ့တာ တွေ့ရတယ်။ ဒီလို စစ်ရေးအကူအညီမျိုး မြန်မာစစ်ကောင်စီကို ဆန့်ကျင်နေတဲ့ တော်လှန်ရေးအင်အားစုတွေ ရရှိဖို့ ဘယ်လောက်ဖြစ်နိုင်ခြေရှိသလဲ။ ဒီလိုဖြစ်လာမယ်ဆိုရင် ထိုင်းနိုင်ငံကရော ဘယ်လိုအခန်းကဏ္ဍမှာ ရှိမလဲလို့ ထင်ပါသလဲ။

ဖြေ - NUG ဟာ စွမ်းဆောင်နိုင်တဲ့ အစိုးရတစ်ရပ် ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သူတို့ လေ့လာရမှာတွေ အများကြီးရှိပါတယ်။ သူတို့မှာ အခွန်နဲ့ လှူဒါန်းငွေတွေ ကောက်ခံနိုင်တဲ့ စွမ်းဆောင်ရည်တချို့ ရှိပါတယ်။ NUG ဟာ ငွေကြေးနဲ့ ရန်ပုံငွေများကို ဆွဲဆောင်နိုင်စွမ်းရှိတာ ကျွန်တော်သိပါတယ်။ ဒါပေမဲ့ သူတို့မှာ ပေါင်းစပ်ညှိနှိုင်းနိုင်စွမ်းနဲ့ ထိန်းချုပ်နိုင်စွမ်း ရှိရပါမယ်။ PDFs တွေမှာ ရိုးရှင်းပြီး ညီညွတ်တဲ့ အမိန့်ပေးထိန်းချုပ်မှုတချို့ ရှိဖို့လိုပါတယ်။ PDF အချင်းချင်း တိုက်ခိုက်မယ်ဆိုရင် ဒါဟာ တော်လှန်ရေးအတွက် အလွန်ဆိုးရွားပါတယ်။ လူတိုင်းက နောက်ဆုတ်သွားပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ သူတို့ ကြောက်ပါတယ်။ ဘယ်သူကမှ တော်လှန်ရေးအင်အားစုတွေကို လက်နက် ဒါမှမဟုတ် လေယာဉ်ပစ်လက်နက်တွေ ထောက်ပံ့မှာမဟုတ်တော့ပါဘူး။ ဘာလို့လဲဆိုတော့ PDFs တွေဟာ သူတို့ကိုယ်တိုင် ထိန်းချုပ်နိုင်ခြင်းမရှိသူတွေလို့ ထင်သွားပါလိမ့်မယ်။ အရာမှန်သမျှ ဘယ်လိုဖြစ်လာမလဲဆိုတာကို စစ်မြေပြင်က ဆုံးဖြတ်ပါလိမ့်မယ်။ ဒါကြောင့် မျှတတဲ့ တိုက်ပွဲဖြစ်ဖို့ လိုအပ်ပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေကို ဟန့်တားနိုင်မယ်ဆိုရင် ဒါဟာ အလွန်အရေးကြီးတဲ့ အောင်မြင်မှုပါပဲ။

အခု လက်နက်ရှိလာရင် တိတ်တိတ်နေသင့်ပါတယ်။ ယူကရိန်းက တိတ်တိတ်မနေဘူး၊ လူသိရှင်ကြား လုပ်လွန်းတယ်။ မြန်မာတော်လှန်ရေးအုပ်စုတွေအတွက် နိုင်ငံတကာမှာ ပြဿနာတစ်ခုရှိတယ်။ တကယ်လို့ အမေရိကန်က ယူကရိန်းနဲ့ ယှဉ်ပြီး မြန်မာတော်လှန်ရေးအင်အားစုတွေကို လက်နက်အနည်းငယ်ပေးမယ်ဆိုရင် ဘယ်သူတွေကို ပေးရမှာလဲ။ ဒီလက်နက်တွေနဲ့ အသုံးပြုပြီး မြန်မာစစ်တပ်ကို ထိထိရောက်ရောက် တိုက်ခိုက်သလား၊ သူတို့ ဘယ်လိုသိနိုင်မလဲ။ မတိုက်ဘဲ ပျောက်သွားရင် ဘယ်လိုလုပ်မလဲ။ ဒီလက်နက်တွေကို မှောင်ခိုဈေးကွက်မှာ ပြန်ရောင်းစားပြီး ငွေရှာတဲ့ အကျင့်ပျက်ခြစားမှုမျိုး မလုပ်ဘူးလို့ သူတို့ ဘယ်လိုသိနိုင်မလဲ။ ဒါကြောင့် ဒီအချက်တွေဟာ NUG, NUCC, PDFs, EAOs တွေ ပြင်ဆင်ရမယ့် အရာတွေပဲ။ သူတို့မှာ တပ်ဖွဲ့စည်းပုံ ကွဲပြားရင်တောင် ဗဟိုထိန်းချုပ်တဲ့ အမိန့်ပေးစနစ်တစ်ခု ရှိဖို့ လိုအပ်တယ်။ ဒီလိုမှမဟုတ်ရင် အခြားသူတွေက လက်နက်ထောက်ပံ့ပေးဖို့ အလွန်ခက်ခဲပါလိမ့်မယ်။

လက်နက်တွေ ရရှိဖို့ဆိုရင်လည်း ထိုင်းကပဲ ဖြတ်ရမှာပါပဲ။ အိန္ဒိယ ဒါမှမဟုတ် တရုတ်က ဖြတ်မှာမဟုတ်ပါဘူး။ တရုတ်က သူ့ရဲ့ ကိုယ်ပိုင်လက်နက်ကိုပဲ ထောက်ပံ့ပေးလေ့ရှိတယ်။ ၁၉၈၀ ပြည့်နှစ်တွေက ကမ္ဘောဒီးယားကို ဗီယက်နမ်က ကျူးကျော်တော့ အနောက်နိုင်ငံတွေက ထိုင်းကတစ်ဆင့် ကမ္ဘောဒီးယားကို လက်နက်ကူညီတာ လုပ်ခဲ့ဖူးပြီး ဖြစ်တယ်။ အဲ့တုန်းက အကျင့်ပျက်ခြစားမှု အများအပြားရှိခဲ့တယ်။ နောက်ဆုံးတော့ ကမ္ဘောဒီးယားတော်လှန်ရေးအင်အားစုများက ဗီယက်နမ်ကျူးကျော်မှုကို အောင်နိုင်ခဲ့တယ်။ ဒါပေမဲ့ မြန်မာအရေးမှာ ပြင်ပက လက်နက်အထောက်အပံ့မရဘဲ တော်လှန်ရေးအင်အားစုများအတွက် အခွင့်အလမ်းမရှိပါဘူး။ စစ်ကောင်စီရော တော်လှန်ရေးတွေဘက်ကပါ ဘယ်ဘက်ကမှ မနိုင်တဲ့ အခြေအနေ ဖြစ်နိုင်ပါတယ်။ မြန်မာစစ်တပ် ပြိုလဲဖို့ကလဲ မသေချာသေးပါဘူး။   

မေး - အခြား ဖြည့်စွက်ပြောချင်တာများ ရှိပါသေးလား။

ဖြေ -   လက်ရှိမှာတော့ ဘယ်ဘက်ကမှ မနိုင်တဲ့ အခြေအနေကတော့ တော်တော်လေး ရှင်းလင်းပါတယ်။ စစ်ကောင်စီမှာ တင့်ကားတွေနဲ့ စစ်သည်တင် သံချပ်ကာကားတွေ အကုန်လုံးရှိတယ်။ အခြားတစ်ဖက်မှာ EAOs တွေနဲ့ NUG က ထောက်ပံ့ကူညီနေတဲ့ PDFs တွေမှာလည်း ပြတ်သားခိုင်မာတဲ့ စိတ်ဓာတ်နဲ့ စိတ်အင်အားတွေရှိတယ်။ သူတို့ရဲ့ စိတ်အင်အားက အများကြီး အခရာကျပါတယ်။ အခုဆို ရေရှည်မှာ တိုက်ပွဲအရှိန်က ထိပ်ရောက်လာမယ်ဆိုရင် မြန်မာစစ်တပ်အတွက် အခွင့်အလမ်းမရှိပါဘူး။ ရေရှည်မှာ တော်လှန်ရေးအင်အားစုတွေဘက်မှာ အခွင့်အလမ်းရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်စိုးရိမ်မိတာက တော်လှန်ရေးအင်အားစုတွေဘက်က စုစည်းမှု၊ မဟာဗျူဟာမြောက်စုဖွဲ့နိုင်မှုပါပဲ။ တကယ်လို့ တော်လှန်ရေးအင်အားစုတွေဟာ ညီညွတ်မှုကို ပြသနိုင်မယ်ဆိုရင် သူတို့ ထိထိရောက်ရောက် တိုက်နိုင်မှာပါ။ သူတို့ဟာ သူတို့ရဲ့ ခိုင်မာပြတ်သားတဲ့စိတ်ဓာတ်ကို ပြသခဲ့ပြီးပါပြီ။ သူတို့ဟာ အလွန်တိုက်ရဲခိုက်ရဲကြတယ်၊ ရဲရင့်ကြတယ်ဆိုတာ ဘယ်သူမှ သံသယမရှိကြပါဘူး။ ဒါပေမဲ့ တော်လှန်ရေးအရှိန် ထိပ်ဆုံးရောက်လာရင် စုဖွဲ့မှု၊ ဂုဏ်သိက္ခာရှိမှု၊ ညီညွတ်မှုနဲ့ မဟာဗျူဟာကျကျ လုပ်ဆောင်နိုင်ဖို့ လိုပါတယ်။ လူအများအပြား စိုးရိမ်နေတာက သူတို့ဟာ အထိန်းအချုပ်မဲ့သူတွေ ဖြစ်နေရင် လူတွေက နောက်ဆုတ်သွားကြလိမ့်မယ်။

ထိုင်းအစိုးရ တွေးဆချက်က - “အနည်းဆုံးတော့ မြန်မာစစ်တပ် အာဏာရှိနေရင် သူတို့နဲ့ ဆက်ဆံလို့ ရနိုင်တယ်။ သူတို့က စုစုစည်းစည်း ဖွဲ့စည်းထားတယ်၊ မဟာဗျူဟာရှိတယ်” ဆိုတာပါပဲ။ ဒါကို ကျွန်တော် လုံးဝသဘောမတူပါဘူး။ ဒါပေမဲ့ လူအများအပြားအတွက် ဒါဟာ အလွန်အရေးကြီးပါတယ်။ NUG က စုစည်းညီညွတ်မှု၊ မဟာဗျူဟာရှိမှု၊ ဖွဲ့စည်းပုံကျမှု၊ အာမခံနိုင်မှု စတာတွေကို ပြင်ဆင်ထားနိုင်ရပါလိမ့်မယ်။ ဒါဆိုရင် NUG ကို ပိုပြီး အလေးထားဆက်ဆံကြပါလိမ့်မယ်။ ကျွန်တော်တို့အားလုံး စိုးရိမ်နေတာက မြန်မာ့သမိုင်းမှာ ဗဟိုချက်က အလွန်အင်အားတောင့်တင်းရပါတယ်။ တကယ်လို့ ဗဟိုက ပြိုလဲရင် တိုင်းပြည်ပြိုကွဲတာပါပဲ။ ဒီအချက်ကို တော်လှန်ရေးအင်အားစုတွေက အများကြီးစဉ်းစားပြီး၊ ဒီအတွက် လုပ်ဆောင်နေပြီး ရလဒ်တချို့ ရရှိနေပြီလို့ ပြင်ပကလူတွေကို ပြသနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ဆက်ဖတ်ရန် →