နောက်ဆုံးရ
စစ်ကောင်စီတပ်များအတွင်း အင်အားပြုန်းတီးမှု ရာခိုင်နှုန်း မြင့်တက်ခြင်း

စစ်ကောင်စီတပ်များအတွင်း အင်အားပြုန်းတီးမှု ရာခိုင်နှုန်း မြင့်တက်ခြင်း

ဒုတိယဗိုလ်မှူးကြီးများ စစ်ကောင်စီတပ်များအတွင်း  

အင်အားပြုန်းတီးမှု ရာခိုင်နှုန်း မြင့်တက်ခြင်း၊ 

 ဒုတိယဗိုလ်မှူးကြီးများ အမိန့်မနာခံဘဲ ပုန်ကန်ခြင်း၊

 အချင်းချင်း ပစ်ခတ်


သတ်ခြင်းများဖြင့်  ဖရိုဖရဲ စတင် ပြိုဆင်း


▪️စစ်သားများ မူးယစ်ဆေးဝါး သုံးစွဲမှု အလွန်များ

ပြား


By ရန်ကုန်ခေတ်သစ်


အကြမ်းဖက်မင်းအောင်လှိုင် ခေါင်းဆောင်နေသည့် 

စစ်ကောင်စီတပ်များအတွင်း အင်အားပြုန်းတီးမှု 

ရာခိုင်နှုန်း မြင့်တက်ခြင်း၊  ဒုတိယဗိုလ်မှူးကြီးများ 

အမိန့်မနာခံဘဲ ပုန်ကန်ခြင်း၊ အချင်းချင်း ပစ်ခတ်

သတ်ခြင်းများဖြင့်  ဖရိုဖရဲဖြစ်လာနေ ကြောင်း သိရှိ

ရသည်။ 


စစ်သား အင်အားပြုန်းတီးမှု ရာခိုင်နှုန်းမြင့်မားလာ

=============================

အကြမ်းဖက်စစ်ကောင်စီတပ်အတွင်း စစ်သားများ 

တိုက်ပွဲများတွင် သေဆုံးခြင်း၊ တပ်မှ ထွက်ပြေး

ခြင်း၊ တပ်မှ တရားဝင် ထွက်ခြင်း၊ CDM ဝင်ခြင်း 

အပါအဝင် စစ်သား အင်အား  ပြုန်းတီးမှု  မြင့်မား

လာနေကြောင်း စစ်တပ် သတင်းရင်းမြစ်များထံမှ 

သိရှိရသည်။ 


၂၀၂၂ ခုနှစ် နှစ်ပိုင်းမှစတင်၍ လအလိုက် စစ်သား 

အင်အား ပြုန်းတီးမှု ရာခိုင်နှုန်း တအိအိတက်လာ

ကြောင်း၊ တိုင်းစစ်ဌာနချုပ်အလိုက်၊ တပ်ရင်းတပ်ဖွဲ့

အလိုက် စစ်သား အင်အားပြုန်းတီးမှု ရာခိုင်နှုန်း

သည် လအလိုက်  မတူညီကြဘဲ ပျှမ်းမျှ ပြုန်းတီးမှု 

အင်အား ၂ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအကြား 

အတက်အကျရှိခဲ့ကြောင်း၊  အာဏာသိမ်းကာလ ၂ 

နှစ်တာကာလအတွင်း ပြန်ကြည့်လျှင် စစ်သား ပြုန်း

တီးမှုအင်အား ရာခိုင်နှုန်း ထိုးတက်မြင့်မားလာ

သည်ကို သိသိသာသာတွေ့ရကြောင်း စစ်ဘက်သ

တင်းရင်းမြစ်က ဆိုသည်။ 


"၂ နှစ်တာကာလ ပြန်ချုပ်ကြည့်တဲ့အခါ အင်အား

ပြုန်းတီးမှု ရာခိုင်နှုန်းက အနိမ့်ဆုံး ဂဏန်း ၂ လုံး 

ကျော်သွားတယ်။  အဲဒါက အံ့အားသင့်စရာ ရာခိုင်

နှုန်းပါပဲ။ အင်အား ပြုန်းတီးမှု ရာခိုင်နှုန်းများတဲ့ 

တိုင်းစစ်ဌာနချုပ် တပ်တွေထဲမှာ မပခ၊ နမခ၊ ရတခ

တပ်တွေက ရာခိုင်နှုန်း မြင့်မားတယ် " ဟု စစ်တပ်

သတင်းရင်းမြစ်က ပြောသည်။ 


အင်အားပြုန်းတီးမှု ရာခိုင်နှုန်း အနိမ့်ဆုံး ကိန်းဂ

ဏန်း ၂ လုံးကျော်ဆိုသည်မှာ တစ်နိုင်ငံလုံးရှိစစ်  

သားအင်အား ထောင် သောင်းချီ သေဆုံးခြင်း၊ ထွက်

ပြေးခြင်း၊ တပ်မှ ထွက်ခွင့်ရခြင်း၊ CDM လုပ်ခြင်း

များ ပါဝင်ကြောင်း သိရှိရသည်။


မပခသည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဖြစ်ပြီး 

ကချင်ဒေသကို ရည်ညွှန်းကာ၊ နမခသည် အနောက်

မြောက်တိုင်းစစ်ဌာနချုပ်ဖြစ်ပြီး စစ်ကိုင်းနှင့် ချင်း

ပြည်နယ်ကို အဓိက ရည်ညွှန်းကြောင်း၊ ရတခသည် 

အရှေ့တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ဖြစ်ပြီး ကရင်

ပြည်နယ်နှင့် မွန်ပြည်နယ်ကိုအဓိကရည်ညွှန်းကြောင်း 

သိရှိရသည်။ 


သို့ရာတွင် စစ်တပ်အင်အားပြုန်းတီးမှုနှင့် ပတ်သက်

သော ကိန်းဂဏန်း အချက်အလက်များကို တောင်းခံ

ရာတွင် အချက် အလက်များမှာ ပေး၍ မရကြောင်း၊ 

အင်အားပြုန်းတီမှု စာရင်းတွင်  သီးသန့်ပြုစုသည့် 

အစစ်အမှန် စာရင်း၊ စစ်ကောင်စီထိပ်ပိုင်းခေါင်း

ဆောင်များထံ တင်ပြသည့် လျှော့ချစာရင်း(လိမ်

လည်သည့် စာရင်း) ဟူ၍ နှစ်မျိုးရှိကြောင်း သိရှိ

ရသည်။ 


တပ်ရင်းတပ်ဖွဲ့များက ၎င်းတို့တပ်များတွင် စစ်ပြေး

များ ရှိလာလျှင်လည်း အမှန်စာရင်း အတိုင်း မတင်

ပြဘဲ လိမ်လည် တင်ပြကြသဖြင့် အင်အားပြုန်းတီး

မှု ရာခိုင်နှုန်းမှာ လက်ရှိတွက်ချက်ထားသည့် နှုန်း

ထက် ပိုမို မြင့်မားနိုင်ကြောင်း စစ်တပ်သတင်းရင်း

မြစ်က ရှင်းပြသည်။ 


ဒုတိယဗိုလ်မှူးကြီး အဆင့် တပ်ရင်းမှူးများ အမိန့်

မနာခံဘဲ ပုန်ကန်ခြင်း


၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် ကရင်ပြည်နယ်တွင် 

ရှေ့တာဝန်ချထားသည့် ခမရ  ၄၀၃ မှ ယာယီတပ်

ရင်းမှူး ဒုတိယဗိုလ်မှူးကြီး/ဗိုလ်မှူး ပြည့်ဖြိုးမောင်၊ 

ဗိုလ်မှူးသန်းနိုင်အေး၊ ဗိုလ်မှူး နိုင်နိုင်ဇော်တို့ကို အ

မိန့်မနာခံမှု၊ စစ်တိုက်ရန် ပုန်ကန်ငြင်းဆန်မှုဖြင့် 

ဖမ်းဆီး အရေးယူခံခဲ့ရသည်။ 


ခမရ ၄၀၃ သည် တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ 

သရက်ချောင်းမြို့နယ်အခြေစိုက် တပ်ဖြစ်ပြီး 

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေတွင် 

ရှေ့တန်း တာဝန်ချထားခံရသည့် တပ်ဖြစ်ကြောင်း၊ 

၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်း ကရင်ပြည်နယ်၊ 

KNU တပ်မဟာ ၅ နယ်မြေရှိ မဲသလောက် စစ်တပ်

စခန်းကို KNLA ၊ PDF ပူးပေါင်းတပ်များက သိမ်း

ပိုက်ခဲ့ပြီး ယင်းစခန်းကို ပြန်လည် သိမ်းယူရန် ခမရ 

၄၀၃ မှ ယာယီတပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး/ဗိုလ်မှူး 

ပြည့်ဖြိုးမောင်၊ ဗိုလ်မှူးသန်းနိုင်အေး၊ ဗိုလ်မှူး နိုင်နိုင်

ဇော်တို့ကို တိုင်းစစ်ဌာနချုပ်က အမိန့်ပေးရာတွင် 

အဆိုပါ အရာရှိ ၃ ဦးက  အမိန့်မနာခံဘဲ စစ်တိုက်ရန် 

ငြင်းဆန်ပုန်ကန်ခဲ့ကြကြောင်း သိရှိရသည်။

 

ထို့ပြင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်းတွင်ပင် 

ခမရ ၄၀၅ မှ  တပ်ရင်းမှူး ဒုတိယဗိုလ် မှူးကြီး လှိုင်

မင်းထွဋ်၊ ဒုတပ်ရင်းမှူး ဗိုလ်မှူး ၀ဏ္ဏနှင့် တပ်ခွဲမှူး 

ဗိုလ်မှူး ကြည် သာဖြိုးတို့က  KNU တပ်မဟာ ၅ 

နယ်မြေ မဲ၀ိုင်စခန်းသို့ ပြောင်းရွှေ့ရန် ထိပ်ပိုင်း 

စစ်ဗိုလ်ချုပ်များ၏ အမိန့်ကို ငြင်းဆန်ခဲ့ကြသဖြင့်  

တပ်တွင်း ပုန်ကန်မှု ပုဒ်မတပ်၍  စစ်တပ်က ဖမ်းဆီး 

အရေး ယူမှုများ လုပ်ဆောင်ထားကြောင်း သိရှိရ

သည်။


စစ်တပ်အတွင်း အချင်းချင်း ပစ်ခတ်သတ်ဖြတ် ပုန်ကန်ကြခြင်း


၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့ ညနေပိုင်း 

ပြင်ဦးလွင်၊ စစ်တပ် ဆက်သွယ်ရေးနှင့် အီလက်ထ

ရောနစ်သင်တန်းကျောင်း ဒုကျောင်းအုပ် ဒုဗိုလ်မှူး

ကြီး ကျော်စိုး အောင် ကို စစ်သည် ၁ ဦးက သေနတ်

ဖြင့် ၂ ချက် ပစ်သတ်ခဲ့သည်။ 


နောက်တန်း အထိုင်တပ်တွင် အရာရှိကြီးကို စစ်

သည်တစ်ဦးက ပစ်ခတ်ခြင်းဖြစ်ရာ ရှေ့တန်းတပ်

များသာမက  နောက်တန်းအထိုင်တပ်များတွင်ပါ 

အမိန့်မနာခံမှုနှင့် တပ် တွင်း ပုန်ကန်မှုများ ဖြစ်ပေါ်

လာနေကြောင်း သိရှိသည်။  ပစ်ခတ်သည့် စစ်သည်

၏သတင်းမှာ လုံး၀ ပျောက်ဆုံးနေပြီး မိသားစုမှာ

လည်း သတင်းအစအန မရရှိတော့ ဟုသိရှိရသည်။ 


စစ်တပ်အတွင်း အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့

ကြသော တပ်တွင်းပုန်ကန်မှုများစွာမှာလည်း ဆက်

တိုက်ဖြစ်ပွားခဲ့သည်။ 


၂၀၂၂ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့ ရန်ကုန်တိုင်း သန်

လျင်မြို့နယ်၊ စစ်ပင်ကွင်း ကျေးရွာတွင် စစ်ဗိုလ် ၁ 

ဦး အပါအဝင် စစ်သည် ၇ ဦးကို စစ်သား ၂ ဦးက 

ပစ်ခတ်သတ်ဖြတ်ခဲ့ကြသည်။  


ပစ်ခတ်မှုကြောင့် ဗိုလ်ကြီးမျိုးဟန်၊ တပ်ကြပ်သိန်း

အောင်၊ တပ်သားတိုးတက် နိုင်၊ တပ်သားမျိုးမင်း

ခန့်၊ တပ်သားစန်းဝင်း၊ တပ်သားအောင်လေးနဲ့ 

တပ်သား လင်းလင်းထွေး တို့ သေဆုံးခဲ့ကြပြီး  

တပ်တွင်းပုန်ကန်သူ စစ်သား ၂ ဦးကို စစ်တပ်က 

သတ်ဖြတ်လိုက်သည်။ 

 

ထို့ပြင် ကချင် ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ 

ပြည်ထောင်ကျေးရွာ၊ အမှတ် ၇ တပ်မ တော် တန်း

မြင့်လေ့ကျင့်ရေး သင်တန်းကျောင်းတွင် ၂၀၂၂ ခု

နှစ်၊ ဇွန်လ ၆ ရက်နေ့ စစ်သား ၈ ဦးကို အရာခံ ဗိုလ် 

အောင်သန်းက ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ 


၂၀၂၂ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ မြောက်ပိုင်းတိုင်းစစ်

ဌာနချုပ် (မပခ)မှ အရာရှိ တချို့က အမှတ် ၇ တပ်မ

တော်တန်းမြင့်သင်တန်းကျောင်းကို လာရောက် စစ်ဆေး

ရာတွင် လုံခြုံရေး ကင်းကျနေသည့်စစ်သား 

၁၀ ဦးက ဆေးသုံးစွဲပြီး မူးယစ် နေခြင်း၊ အရက်

သောက်ထား သည်ကို တွေ့ရှိရခြင်းတို့ကြောင့်သင်တန်း 

ကြီးကြပ်ရေးအရာရှိ အရာခံဗိုလ်အောင်သန်းကို 

စစ်အရာရှိများ ခေါ်ယူ အပြစ် ပေး ဆူပူခဲ့ကြောင်း၊ 

ဇွန်လ ၆ ရက်နေ့  ညပိုင်းတွင် အရာခံဗိုလ် အောင်

သန်းက   စစ်သား ၈ ဦးကို ပစ်ခတ် သတ်ဖြတ်ခဲ့

ကြောင်း သိရှိရသည်။  အရာခံဗိုလ်အောင်သန်းမှာ 

လက်နက်ဖြင့် လွတ်မြောက်ခဲ့ကြောင်း သိရှိရသည်။ 



စစ်သားများ မူးယစ်ဆေးဝါး သုံးစွဲခြင်း

======================


စစ်ကောင်စီတပ်များအတွင်း မူးယစ်ဆေးဝါး သုံးစွဲမှု      

အခြေအနေ ဆိုးဝါးနေပြီး အထူးသဖြင့် စိတ်ကြွ 

ဆေးဝါးများကို အသုံးပြုကြကြောင်း၊ ရှေ့တန်းထွက်

ရသည့်တပ်များ နောက်တန်းမပြန်ရတော့ဘဲ ရှေ့တန်း

တွင်ပင် လှည့်လည် စစ်တိုက်နေရခြင်းတို့ကြောင့် မူး

ယစ်ဆေးဝါး အသုံးပြုမှုများကို တားမြစ်ခြင်းမရှိ

တော့ဘဲ မသိကျိုးကျွံ့ပြုထားကြ ကြောင်း စစ်တပ်

သတင်းရင်းမြစ်များထံမှ သိရှိရသည်။ 


သုံးသပ်ချက်

=========


အထက်ဖော်ပြ အချက်အလက်များကို ကြည့်လျှင် 

အကြမ်းဖက် မင်းအောင်လှိုင် စစ်တပ်၏ အောက်

ခြေအဆင့်တွင် သေဆုံးမှုများစွာဖြင့် "တိုက်တိုင်း ရှုံး 

၊  စစ်ကြောင်းထိုးတိုင်း သေ" အခြေအနေဖြင့် စစ်

တပ်သည် အာဏာသိမ်းပြီး ၂ နှစ်တာ ကာလအတွင်း 

ဖရိုဖရဲဖြင့် စတင် ပြိုကျ ပျက်စီးနေသည်ကို မြင်သာ 

ထင်သာရှိစေသည်။ 


သို့ရာတွင် မင်းအောင်လှိုင်နှင့် စစ်ခေါင်းဆောင်များ

မှာ ပျော်ပွဲရွှင်ပွဲ ၊ မင်္ဂလာပွဲမှ စတင်၍ ပုဂ္ဂလိကနှင့် 

နိုင်ငံတော်အဆင့်  ပွဲများစွာအထိ တက်ရောက်ကာ 

တပ်တွင်း စတင် ပြိုကွဲမှုများကို လျစ်လျူရှုထား

ကြောင်း၊ စစ် တပ်တွင် တပြေးညီထမင်း၀ိုင်းဟုဆို

ကာ အရာရှိနှင့် စစ်သည်များကို တပြေးတည်း 

ထမင်းစားခိုင်းသည့်  ဟန်ပြ စည်းလုံးရေးများသာ  

လုပ်ဆောင်နေကြောင်း သိရှိရသည်။



ဆက်ဖတ်ရန် →
ငိုချင်း ချကြရပြီ (လှစိုးဝေ)

ငိုချင်း ချကြရပြီ (လှစိုးဝေ)

ပြည်သူ တို့၏ ခုခံ တွန်းလှန်စစ် သည် အရှိန်မြှင့်လာနေသည် နှင့် အမျှ အမေရိကန် ကလည်း ဗြောင်ကျကျ ကူညီလာနေပြီ ဖြစ်သည်။

အမျိုးသား ညီညွတ်ရေး အစိုးရ ၏ ကိုယ်စားလှယ်ရုံး နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန ကိုပင် မြို့တော် ဝါရှင်တန် တွင် ဖွင့်လှစ်ခွင့် ပေးခဲ့ပြီ ဖြစ်သည်၊ ယင်းသည် အသိအမှတ် ပြုသည်ဟု မပြောယုံတမယ် လုပ်ရပ်လည်း ဖြစ်သည်။

မနေ့က ဧရာဝတီ နှင့် အင်တာဗျုး တွင်လည်း ဒဲရက် ရှိုလက်မှ NUG ၏ လုပ်ရပ်များကို အားရ ကျေနပ်မှု ရှိကြောင်း နှင့် မြန်မာ တို့၏ တော်လှန်ရေးသည် မကြာမီ အဆုံးသတ်ဖွယ် ရှိသည်ကိုပင် အရိပ်အမြွက် ပြောဆိုသွားခဲ့ပြီ ဖြစ်သည်။

သို့သော် မင်းအောင်လှိုင်၏ အာဏာသိမ်း အဖွဲ့သည် အမေရိကန်၏ ထိုသို့ ပြုမူလာမှုများကို မည်သို့ တုန့်ပြန်ရမှန်း မသိအောင် အကြံအိုက်နေသည်၊ ပုံမှန် အတိုင်း သတ္တိရှိရှိ တုန့်ပြန်မည် ဆိုက ကန့်ကွက်သည့် အနေဖြင့် အနည်းဆုံး အမေရိကန် သံတမန် အချို့ကို တိုင်းပြည်က နှင်ထုတ်ရမည် ဖြစ်သည်။ ထိုသို့ လုပ်မည် ဆိုကလည်း အမေရိကန်မှ ကြိမ်းသေ ပြန်လည် နှင်ထုတ်မည်သာ ဖြစ်သည်။

လက်ရှိ တွင် မင်းအောင်လှိုင်သည် ကန့်ကွက်စာ သာ ထုတ်တတ်သော ဝဏ္ဏမောင်လွင်အား ဆွေမျိုး ဖြစ်နေ၍ အပေါ်သို့ ကန်တင်ကာ သန်းဆွေ နှင့် အစားထိုးလိုက်ပြီ ဖြစ်သည်၊ သန်းဆွေသည် ယခင် သိန်းစိန် အစိုးရ လက်ထက်တွင် အမေရိကန် သံအမတ်ကြီး အဖြစ် ထမ်းဆောင်ခဲ့သူ ဖြစ်နေသည်ကို ကြည့်၍ အမေရိကန် အစိုးရ အသိုက်အဝန်းကို ပြန်လည် ထိုးဖောက် စည်းရုံးရန် ကြံစည်လာနေခြင်း ဖြစ်နိုင်သည်ဟု သုံးသပ်မှုများ ထွက်ပေါ်လာနေသည်။

စစ်အာဏာသိမ်း အဖွဲ့က အမေရိကန် ၏ လုပ်ရပ်များသည် အမှန်တကယ် ကိုယ်ထိ လက်ရောက် ကူညီ ပေးဖို့ မရှိပဲ သူတို့အား ကြောက်လန့်လာအောင် တဆင့်တိုး ခြိမ်းချောက်ယုံ သက်သက်ဟု ယူဆကောင်း ယူဆနေမည်လည်း ဖြစ်သည်။ သို့သော် ထိုသို့လည်း သေချာပေါက် ယူဆမထားရဲပဲ ဖြစ်နေသည်။

အမျိုးသား ညီညွတ်‌ရေး အစိုးရ အနေနှင့်လည်း ထိုသို့ တွက်ချက်ထားကောင်း ထားမည် ဖြစ်သည်။

မင်းအောင်လှိုင်သည် ရုရှားကိုသာ အားကိုးနေရသော်လည်း ပူတင် အခြေအနေကို နှာစေး ချောင်းဆိုး ဖြစ်နေသလား ဆိုသည်က အစ တဖက်က မျက်ခြေမပြတ် အကဲခတ်နေမည်သာ ဖြစ်သည်။ ယခု ပူတင်သည် may disappear at any moment ဆိုသော သတင်းများ ထွက်ပေါ်နေသည်ကလည်း သူ့အတွက် ရင်မအေးစရာ ဖြစ်နေသည်။ ပူတင် မရှိတော့သည်နှင့် သူ့အတွက် ကား ပြေးပေါက်ပင် ရှိတော့မည် မဟုတ် ဆိုသည်ကိုလည်း ကောင်းစွာ သဘောပေါက်နေသည်။

သူသည် ဆန့်ကျင်တွန်းလှန်နေမှုများကို ငြင်သာစွာ ကိုင်တွယ်နေပါသည်ဟု အသံထွက်လာသည်၊ ဆိုလိုသည်က အကြမ်းဖက်မှုများ လျော့ချပေးသွားမည်ဟု ဆိုလိုဟန် ရှိနေသည်။

ပြည်တွင်း တွင်လည်း ဟန်ကိုဖို့ ဆိုကာ မင်္ဂလာဆောင်က အစ အခမ်းအနား ပေါင်းစုံ လိုက် တက်နေသည် ကို တွေ့လာရသည်။ ဤသည်ကပင် တိုင်းပြည် ဖရိုဖရဲ ဖြစ်နေသည့် အခုလို အချိန်မျိုးတွင် နိုင်ငံ ခေါင်းဆောင် တယောက် အနေဖြင့် ယားလို့ပင် မကုပ်အားအောင် အလုပ်များနေရမည့်အစား သူ့အဖို့က အချိန်များစွာ ပိုနေသည်၊ တနေ့ တနေ့ ဘယ်သွားရမလဲ စဉ်းစားနေသည့် အကြံတုံး ညဏ်တုံးမှန်း သိသာနေသည်။

ယခုလောက်ဆိုလျှင် ၎င်းအား အထင်တကြီး နှင့် သွားရောက် တိုင်တန်းခဲ့ကြသည့် နိုင်ငံရေး ပါတီများလည်း တိုင်းပြည် ချစ်စိတ် အနည်းငယ်မျှ ရှိနေသည် ဆိုလျှင်ပင် နောင်တ ရနေကြလောက်ပြီ ဖြစ်သည်။

အောက်ခြေ စစ်အရာရှိများသည်လည်း ယူနီဖောင်းကို ကျော့နေအောင် ဝတ်ကာ အိတ်များ ဆွဲပြီး လွှတ်တော်ထဲ ဝင်၊ ထ ဆို ထ ပေးရသည်ကလွဲ၍ ကျန်သည့် အချိန်တွင် လေအေးစက်လေး အောက်တွင် အိပ်ငိုက်ပြီး ဇိမ်ရှိရှိ နေရမည့် အစား တဘို့ထဲ ကြည့်တတ်သော မင်းအောင်လှိုင်ကြောင့် ရှေ့တန်းတွင် အသက်နှင့် ရင်းကာ ပြေးလွှားလှုပ်ရှားနေကြရပြီ ဆိုသည်ကို တွေးမိက မည်သူ မနာကြည်းပဲ နေအံ့ပေမည်နည်း။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် စစ်တပ်က ဦးဆောင်ပြုလုပ်ပေးခဲ့သည့် ၁၉၉၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲများ တွင်လည်း အပြတ်အသတ် အနိုင်ရရှိခဲ့ပြီးသည့် အစဉ်အလာ ရှိပါလျှက် အခု ကျမှ မဲခိုး နိုင်ပါသည်ဟု ပြောနေရသနည်း။ တခါမျှ မနိုင်ဖူး ဆိုကလည်း ရှိစေတော့ အစရှိသဖြင့် အခြေအနေ မဟန်တော့သည် နှင့်အမျှ တွေးမိလာကြပေဦးမည်။

မင်းအောင်လှိုင်သည် ၎င်းတို့ အမျိုးမျိုး အဖုံဖုံ ဖန်တီး ပုံဖျက်နေသည့် ကြားမှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် သောင်ပြိုကမ်းပြို အနိုင်ရ သွားသည့် အတွက် ၎င်းတို့၏ စာအုပ်အစိမ်းကြီး တဖြေးဖြေး နိဠိ တံ တော့မည်ကို ရိပ်စားလာမိပြီး သူ ရှိနေတုန်း အာဏာသိမ်း မှ ဖြစ်မည်၊ သူ တပ်က ထွက်ရလျှင် မည်သူ လုပ်ရဲသနည်း စိမ်ခေါ်ကာ အားလုံးကို ခြိမ်းချောက်ပြီး သူ့အား ထောက်ခံလာအောင် စည်းရုံးပြီး လုပ်ခဲ့ခြင်းသာ ဖြစ်သည်။ သူ့အပေါ်လည်း အထင်ကြီးထားသည့် စိတ်များ ရှိနေသောကြောင့်လည်း ဖြစ်သည်။ 

ယခုလို နှစ် နှစ် ကြာလာသည့် တိုင် အခြေအနေများက စင်ပေါ် ရောက်နေရမည့် အစား ပို၍ပင် ဆိုးလာနေပြီ ဖြစ်သည်။ တပ်မတော် ဆိုသည့် ဂုဏ်သိက္ခာ သည်လည်း တပြားမှ မကျန်အောင် ပျက်စီးသွားခဲ့ရပြီ ဖြစ်သည်။ ကုလ လုံခြုံရေး ကောင်စီကပင် နှစ် ၇၀ အတွင်း ပထမဆုံး အကြိမ် ရှုတ်ချကြောင်း ဆုံးဖြတ်ချက် ဆိုကာ ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။

မင်းအောင်လှိုင်သည်သာ သူတယောက်တည်း သမ္မတ အဆောင်အယောင်များ နှင့် လူလုံးပြပြီး တောပြော တောင်ပြော ပြောနေရသည်က လွဲ၍ ကျန်စစ်ဗိုလ်ချုပ်များ၏ ဘဝ သည် ဒုံရင်း ဒုံရင်း ပင် မကတော့ပဲ ယခင် ကထက်ပင် ဆိုးနေပြီ ဖြစ်သည်။ ကျိကျိတက် ချမ်းသာနေသော ငွေကြေး များကလည်း ဘဏ်များထဲ ခိုအောင်းထားရသည်မှ အပ ဘယ်နေရာမှ သုံး၍ မရ၊ ဇနီးသားမယား များသည်လည်း အပြင်သို့ လွတ်လွတ်လပ်လပ် မသွားရဲ မလာရဲ ဖြစ်နေရှာသည်။ ၎င်းတို့ အဖို့လည်း မလိုတမျိုး လိုတမျိုး ဆက်ဆံတတ်သော မင်းအောင်လှိုင် ကြောင့် ဘယ်အချိန် ချောင်ထိုး ခံရမည်လဲ ကို တွေးလန့်နေကြရပြန်သည်။ နိုင်ငံတော် အတိုင်ပင်ခံ လက်ထက် တွင် အရက်လေး တမြမြ နှင့် ရှာဖွေထားသမျှ ကို ဇိမ်နဲ့ သုံးဖြုန်း နေနိုင်မည် ဆိုသည်ကိုလည်း မတွေးမိပဲ နေမိကြမည် မဟုတ်။

သူ၏ အနီးကပ် လက်ထောက် ဖြစ်သူ စိုးဝင်း ၏ အာဏာများကို dilute ဖြစ်အောင်၊ အာနိသင် လျော့နည်းသွားအောင် ပြီးခဲ့သည့် ဖေဖေါ်ဝါရီ ၁ ရက် ပြန်လည် ဖွဲ့စည်းမှု တွင် ၎င်း၏ ရာထူး ကို စိုးထွဋ် တို့ နှင့် တတန်းစားတည်း ဖြစ်အောင် လုပ်ပေးလိုက်ပြီ ဖြစ်သည်။

မင်းအောင်လှိုင်သည် စစ်တပ်အတွင်း ကျီးလန့်စာစား နှင့် ဖြစ်နေအောင် အမြဲလို ကြံဖန် စီစဉ်နေခြင်း လည်း ဖြစ်သည်၊ တယောက်သည် တနေရာတွင် အနေကြာပါက မလိုလားအပ်သော အိုင်ဒီယာများ ဝင်လာမည်ဟုလည်း ယူဆနေသောကြောင့် ဖြစ်သည်။

လက်ရှိတွင် စစ်အာဏာသိမ်းခဲ့မှု ကြောင့် တိုင်းရင်းသား များ အချင်းချင်း ယခင်ကထက်ပင် ကျောခြင်းကပ် ရင်ခြင်းကပ် ဖြစ်လာနေသည်ကို တွေ့မြင်နေရ၍ ၎င်းတို့ မအုပ်ချုပ်လျှင် တိုင်းပြည် ပြိုကွဲသွားမည်ဟု တသက်လုံး ဝါဒ ဖြန့် နေမှု များ ကလည်း လေထဲတွင် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

မည်သို့ပင် ဆိုစေ ပြည်သူများကတော့ တရား ဥပဒေ စိုးမိုးရေး နှင့် ညီနောင် တိုင်းရင်းသား များ နှင့် အပြန်အလှန် လေးစားမှု ရှိ‌မည့် ဖက်ဒရယ် ဒီမိုကရေစီ ကို မဖြစ်ဖြစ်အောင် အကောင်အထည် ဖေါ်လာကြတော့မည်သာ ဖြစ်သည်။

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!


ဆက်ဖတ်ရန် →
လျှပ်စစ်ကား အားသွင်းစက်တွေအတွက် နေစွမ်းအင်ကနေ လျှပ်စစ်ရယူမယ်လို့ပြော

လျှပ်စစ်ကား အားသွင်းစက်တွေအတွက် နေစွမ်းအင်ကနေ လျှပ်စစ်ရယူမယ်လို့ပြော


 ရန်ကုန်၊ 

 ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆

လျှပ်စစ်ကားတွေအားသွင်းမယ့် Charging Stationခေါ် အားသွင်းစက်တွေအတွက် နေစွမ်းအင်ကနေ လျှပ်စစ်ရယူသုံးစွဲသွားမယ်လို့ နစက ရဲ့ လျှပ်စစ်ဝန်ကြီး ဦးသောင်းဟန်က ပြောပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁၄ ရက်ကပြုလုပ်တဲ့ Charging Station တွေတည်ဆောက်ဖို့ ပြုလုပ်တဲ့ အစည်းအဝေး မှာ သူက အထက်ပါအတိုင်းပြောခဲ့တာပါ။လျှပ်စစ်ကား အားသွင်းစက်တွေမှာ လိုအပ်တဲ့ဓာတ်အားတွေကို နိုင်ငံတော် ဓာတ်အားပေးစနစ်နဲ့ ချိတ်ဆက်ကာ ဖြန့်ဖြူးပေးသွားမှာဖြစ်ပြီး နွေရာသီကာလတွေမှာတော့ နေရောင်ခြည်စွမ်းအင်အသုံးပြုပြီး ဓာတ်အားပေးသွားမယ်လို့ လျှပ်စစ်ဝန်ကြီး ဦးသောင်းဟန်က ပြောပါတယ်။

ဧပြီလကနေ ဇွန်လအထိ နွေရာသီကာလတွေမှာနေရောင်ခြည်စွမ်းအင်ကနေ ရယူသုံးစွဲနိုင်ရေး ဆောင်ရွက် သွားမှာဖြစ်ပြီး စက်မှုဝန်ကြီးဌာနကဆောင်ရွက်လိုတဲ့ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းနဲ့စပ်ဆက်တဲ့ နည်းပညာဆိုင်ရာ အကူအညီကိုလည်း ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားဖို့ရှိတယ်လို့ ပြောပါတယ်။

လက်ရှိမှာ တရုတ်နိုင်ငံက တင်သွင်းထားတဲ့ လျှပ်စစ်ကားတွေနဲ့ အားသွင်းစက်အချို့ ရောက်ရှိလာပြီဖြစ် တယ်လို့သိရပါတယ်။

#Mercury_Media

ဆက်ဖတ်ရန် →
စစ်ကောင်စီတပ်သား၂ဦး လက်နက်ခဲယမ်းတွေနဲ့တကွ CDF-Senthang ထံလာရောက်ပူးပေါင်း

စစ်ကောင်စီတပ်သား၂ဦး လက်နက်ခဲယမ်းတွေနဲ့တကွ CDF-Senthang ထံလာရောက်ပူးပေါင်း



BVJ၊ ဖေဖော်ဝါရီ ၁၆၊ ၂၀၂၃

ချင်းပြည်နယ်၊ဟားခါးမြို့အခြေစိုက်ခလရ၂၂၆ကတပ်သား၂ဦးဟာ လက်နက်ခဲယမ်းတွေနဲ့တကွ

CDF-Senthangထံအလင်းဝင်ရောက်လာတယ်လို့ထုတ်ပြန်ပါတယ်။ဖေဖော်ဝါရီ ၁၆ရက်ဒီနေ့မှာ

CDF-Senthangထံဆင်သွယ်ပြီး လာရောက်ပူးပေါင်းလာတာဖြစ်ပါတယ်။ အဲဒီတပ် သား၂ဦးဟာ 

MAသေနတ်၁လက်ကျည်ဗုံးသီးနင်းမိုင်းထောင်မိုင်းတွေယူဆောင်ပြီးလာရောက်ပူးပေါင်းတာဖြစ်

ပါတယ်အဲဒီတပ်သား၂ဦးကိုCDFSenthangကနွေးထွေးစွာကြိုဆိုပြီးထိုက်တန်တဲ့ဆုကြေးငွေတွေ

ချီးမြှင့်ကာလုံခြုံတဲ့နေရာဆီပို့ဆောင်ပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
#BurmaVJ


 

ဆက်ဖတ်ရန် →
တလက်၅၀ ဆိုလို့ ၂လက်ယူပြေးတဲ့တပ်သား

တလက်၅၀ ဆိုလို့ ၂လက်ယူပြေးတဲ့တပ်သား



ကနီတွင်စစ်သားအချင်းချင်းပစ်ခတ်မှုဖြစ်ပြီးတစ်ဦး‌သေဆုံး၊ ထွက်ပြေးသွားသည့်တပ်သားအား

  စစ်ကောင်စီမှအင်အားအများအပြားဖြင့်လိုက်ရှာနေ 


ဧရာဝတီတိုင်းမ်

(ကနီ)၊ ဖေဖော်ဝါရီလ ၁၆ ရက် 


စစ်ကိုင်းတိုင်း၊ ကနီမြို့ပေါ်တွင် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ည ၇ နာရီဝန်းကျင်၌ မြန်မာ့စီးပွားရေးဘဏ်အနီးရှိ 

 သစ်စက်ဝင်းအတွင်း စစ်ကောင်စီတပ်သားအချင်းချင်းပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး တပ်သားတစ်ဦး

သေဆုံးခဲ့ကာ ကျန်တစ်ဦးမှာ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း သိရသည်။ 


ကနီမြို့အမှတ်(၃)ရက်ကွက်၊ မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် ကင်းစောင့်နေကြသည့် စစ်ကောင်စီ

တပ်သား ၂ ဦးမှာ အချင်းချင်းရန်ဖြစ်၍ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး တပ်သား အောင်တိုးထွန်း(ခ)ဖိုး

ကြယ်ဆိုသူ သေဆုံးခဲ့ပြီး ကျန်တပ်သားတစ်ဦးမှာ ဖိုးကြယ်၏ သေနတ်ပါယူဆောင်ထွက်ပြေးသွား

ကြောင်း ဒေသခံများထံမှ သိရသည်။ 


"ကနီမြို့ထဲမှာကင်းစောင့်နေတဲ့တပ်သားတွေပါ။ဘဏ်ရှေ့ကင်းစောင့်ရင်းဖြစ်ကြတာ။ညထဲကထွက်ပြေးနေတဲ့စကစတပ်သားကိုအခုထိနေရာအနှံ့လိုက်ရှာနေကြတယ်ဗျ။  

ထွက်ပြေးတဲ့နေတဲ့စစ်သားက အတူတူကင်းစောင့်နေတဲ့ စစ်သားကို ပစ်သတ်ခဲ့တယ်ဆိုပြီး 

သိရတယ်။သေသွားတဲ့စစ်သားဆီကသေနတ်ပါယူပီးထွက်ပြေးသွားတယ်လို့ကြားတယ်။" 

ဟု အသက် ၃၀ ဝန်းကျင် ကနီဒေသခံအမျိုးသမီးတစ်ဦးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။

သေဆုံးခဲ့သည့်တပ်သားမှာ နောက်ကျောသေနတ်ကျည်ပေါက်ထွက် ဒဏ်ရာဖြင့်သေဆုံးခဲ့ပြီး  

ယနေ့နေ့လည် ၁နာရီဝန်းကျင်တွင် သင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။ 


ထွက်ပြေးလွတ်မြောက်သွားသည့်တပ်သားအားရဲ၊စစ်သာ၊ ပျူစောထီး အင်အား ၁၀၀ ဝန်းကျင်ဖြင့် 

 ကနီမြို့တွင်းနှင့်မြို့ပြင်တွင် နေရာအနှံ့ ပိတ်ဆို့ရှာဖွေမှုများပြုလုပ်နေပြီး ယခုအချိန်ထိပြန်လည် 

 ရှာတွေ့ခြင်းမရှိသေးဘဲလွတ်မြောက်နေကြောင်း သိရသည်။ 


ဓာတ်ပုံ -လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ချို့(ပုံဟောင်းဖြစ်ပါသည်။)



ဆက်ဖတ်ရန် →
လုံခြုံရေးကောင်စီဆုံးဖြတ်ချက် စစ်ကောင်စီလိုက်နာမှုရှိ၊ မရှိ သုံးသပ်မည်

လုံခြုံရေးကောင်စီဆုံးဖြတ်ချက် စစ်ကောင်စီလိုက်နာမှုရှိ၊ မရှိ သုံးသပ်မည်

RFA

■ မြန်မာ့အရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေကို စစ်ကောင်စီဘက်က  

လိုက်နာဆောင်ရွက်မှုဘယ်လောက်ရှိသလဲဆိုတဲ့အပေါ် သုံးသပ်မယ့် ဆွေးနွေးပွဲတစ်ရပ်ကို  

လာမယ့် မတ်လလယ်ပိုင်းမှာ ကျင်းပဖို့ရှိတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး 

 ဦးကျော်မိုးထွန်းက ပြောပါတယ်။

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့‌တော်မှာ မနေ့ကပြုလုပ်တဲ့ အမျိုးသားညီညွတ်‌ရေး

အစိုးရ (NUG) နိုင်ငံခြားရေးဌာန ရုံးခန်းဖွင့်ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောခဲ့တာ

ပါ။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာ

က လာမယ့် မတ်လ၁၅ ရက်နေ့ နောက်ဆုံးထားပြီး လုံခြုံရေးကောင်စီကို အစီရင်ခံစာ ပေးပို့ရ

မှာဖြစ်ပြီး၊ အဲဒီအစီရင်ခံစာအပေါ်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲဟာတံခါးပိတ်ဆွေးနွေးပွဲဖြစ်မလား၊ အများကြားနာနိုင်မယ့် တံခါးဖွင့်ဆွေးနွေးပွဲ  

ဖြစ်မလားဆိုတာကိုတော့ မသိသေးဘူးလို့ ဦးကျော်မိုးထွန်းက ပြောပါတယ်။

"ကျွန်တော်တို့မြန်မာပြည်သူတွေဘယ်လောက်ခံစားနေရတယ်ဘယ်လောက်ဒုက္ခရောက်နေ

တယ်ဆိုတာလူတိုင်းသိတယ်သိတဲ့ဟာကိုပိုသိအောင်အဖွဲ့ဝင်နိုင်ငံတွေများများဝင်ပြောလို့ရ

အောင် Open Debate( တံခါးဖွင့်ဆွေးနွေးပွဲ) ဖြစ်အောင် တိုက်တွန်းနေတယ်"

အဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်တဲ့ လုံခြုံရေးကောင်စီဟာ မြန်မာ့အရေးနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်

တစ်ရပ်ကို ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ချမှတ်ခဲ့ပါတယ်။

အဲဒီဆုံးဖြတ်ချက်ထဲမှာစစ်ကောင်စီအနေနဲ့အကြမ်းဖက်တိုက်ခိုက်တာတွေရပ်ဖို့၊ဒေါ်အောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားတွေအားလုံးလွှတ်ဖို့၊ လူသားချင်း

စာနာတဲ့ အကူအညီတွေ လွတ်လွတ်လပ်လပ်ပေးခွင့်ပြုဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။

ဒါပေမဲ့ စစ်ကောင်စီဘက်က လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ အကြမ်းဖက်မှုတွေ ဆက်ကျူး

လွန်နေတယ်လို့ မြန်မာ့အရေး လှုပ်ရှားသူတွေက ထောက်ပြ‌နေကြပါတယ်။

သံအမတ်ကြီးဦးကျော်မိုးထွန်းက… " လိုက်နာဆောင်ရွက်ခြင်းမရှိရင်တော့ တဖြည်းဖြည်းနဲ့  

လုံခြုံရေးကောင်စီကအရေးယူလာလိမ့်မယ်လို့ ကျွန်တော်မြင်တယ်" လို့ အခုလအစောပိုင်းက

  RFA နဲ့ဆက်သွယ်မေးမြန်းခန်းမှာ ပြောဆိုထားပါတယ်။

လုံခြုံရေးကောင်စီအနေနဲ့ မြန်မာပြည်သူတွေရဲ့ အသံတွေကို နားထောင်လိမ့်မယ်လို့ ယုံကြည်

ကြောင်းလည်း ဦးကျော်မိုးထွန်းက ပြောပါတယ်။


လုံခြုံရေးကောင်စီအစည်းအဝေးမြင်ကွင်း ( Photo: AFP)



ဆက်ဖတ်ရန် →
မြန်မာစစ်တပ်ကို လက်နက်ရောင်းချမှု မရှိကြောင်း စင်ကာပူ ထပ်မံငြင်းဆို

မြန်မာစစ်တပ်ကို လက်နက်ရောင်းချမှု မရှိကြောင်း စင်ကာပူ ထပ်မံငြင်းဆို

RFA

■ မြန်မာနိုင်ငံကို လက်နက်မရောင်းဖို့ စင်ကာပူက ပိတ်ပင်ထားတာ အတော်ကြာနေပြီဖြစ်ပြီး၊ မြန်မာစစ်တပ်ကိုလက်နက်ရောင်းချတာမရှိဘူးလို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာကရစ်ရှ်နန်က ထပ်ပြီးငြင်းဆိုလိုက်ပါတယ်။


ဖေဖော်ဝါရီလ ၁၄ ရက်နေ့က စင်ကာပူလွှတ်‌တော်အစည်းအ‌ဝေးမှာ အတိုက်အခံအလုပ်သမားပါတီ လွှတ်တော်အမတ်တစ်ဦးရဲ့ မေးခွန်းကို အခုလိုဖြေဆိုခဲ့တာလို့ CNA သတင်းဌာနက ဖော်ပြပါတယ်။


မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ “မြန်မာ့အရေးအထူးအကြံပေးကောင်စီ (SAC-M)” အဖွဲ့ရဲ့ နောက်ဆုံးထုတ် အစီရင်ခံစာမှာ… ‘စင်ကာပူဟာ မြန်မာစစ်တပ်ရဲ့ လက်နက်ထုတ်လုပ်မှုမှာသုံးတဲ့ကုန်ကြမ်းပစ္စည်းတွေရဖို့ မဟာဗျူဟာမြောက် အရေးကြီးတဲ့ ကြားခံနိုင်ငံအဖြစ် ဆောင်ရွက်ပေးနေတယ်’ ဆိုပြီးဖော်ပြထားတာပါ။


ဒီအစီရင်ခံစာမှာ နာမည်တပ်ဖော်ပြထားတဲ့ စင်ကာပူကုမ္ပဏီတွေအ‌နေနဲ့ မြန်မာစစ်တပ်ကို လက်နက်ရောင်းချမှုပိတ်ပင်ရေး ကန့်သတ်ချက်တွေကို လိုက်နာခြင်းရှိ၊ မရှိ စစ်ဆေးထားတာ ရှိပါသလားဆိုပြီး အလုပ်သမားပါတီအမတ် မစ္စတာတန်က လွှတ်‌တော်မှာ မေးမြန်းခဲ့ပါတယ်။


မြန်မာနိုင်ငံကို လက်နက် ဒါမှမဟုတ် လက်နက်အဖြစ် အသုံးပြုနိုင်တဲ့ ကုန်ပစ္စည်းတွေ လွှဲပြောင်းပေးပို့တာ ခွင့်ပြုမထားကြောင်း စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါလ ၁၈ ရက်နေ့က ငြင်းဆိုထားပြီး ဖြစ်ပါတယ်။


မြန်မာ့အရေး အထူးအကြံပေးကောင်စီရဲ့ အစီရင်ခံစာမှာ ဖော်ပြထားတဲ့ စင်္ကာပူနဲ့ မြန်မာစစ်တပ်ပိုင်လုပ်ငန်းတွေအကြား စီးပွားရေးအရ ဆက်ဆံမှုတွေဆိုတာလည်း ၂၀၂၁ ခုနှစ် စစ်တပ်အာဏာမသိမ်းခင်က ရှိခဲ့တဲ့ ကူးသန်းဆက်ဆံမှုတွေသာ ဖြစ်တယ်လို့ စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီးက ပြောသွားပါတယ်။


ဖေဖော်ဝါရီ ၁၃ ရက်နေ့က ပြုလုပ်တဲ့ မြန်မာစစ်ကောင်စီရဲ့ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အစည်းအဝေး သတင်းထုတ်ပြန်ချက်မှာတော့… ၂၀၂၃ ခုနှစ် ဇန်နဝါရီလကုန်အထိ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုအများဆုံး နိုင်ငံသုံးနိုင်ငံဟာစင်ကာပူ၊ တရုတ်နဲ့ ထိုင်းနိုင်ငံဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

-----

၂ဝ၂၁ ခုနှစ် သြဂုတ်လ ၂ဝ ရက်နေ့က စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနရုံးတွင် တွေ့ရသည့် နိုင်ငံခြားရေးဝန်ကြီးဗီဗီယန် ဘာလာ ကရစ်ရှ်နန်။ (Photo: Reuters)




ဆက်ဖတ်ရန် →