နောက်ဆုံးရ
ထိုင်းဝန်ကြီးချုပ်နှင့်ထွန်းမင်းလတ်တို့ပါဝင်ပါတ်သက်မှု

ထိုင်းဝန်ကြီးချုပ်နှင့်ထွန်းမင်းလတ်တို့ပါဝင်ပါတ်သက်မှု

ထိုင်း အတိုက်အခံပါတီ "ဖတ်ကောင်းကိုင်" พรรคก้าวไกล မှ လွှတ်တော်အမတ် နိုင်ရန်(င်)စီမံရို(မ်) นายรังสิมันต์โรม (ဝန်ကြီးချုပ်လောင်း) ဟာ လက်ရှိအစိုးရကို #အယုံအကြည်မရှိအဆို ကို ယနေ့၊ ဖေဖေါ်ဝါရီလ ၁၅ မှာလွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။ 


အထက်လွှတ်တော်အမတ် ဥပကစ်နှင့် မင်းအောင်လှိုင်လူယုံထွန်းမင်းလတ်တို့ဟာ ထိုင်း-မြန်မာနယ်စပ်က မူးယစ်ဆေးဝါးကုန်ကူးမှု၊ ငွေကြေးခဝါချမှုနှင့် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေမှာပါ ပါဝင်ပတ်သက်နေကြောင်း။ 


ဒါ့အပြင် ဥပကစ်ဟာ အရင်သူပြောခဲ့သလိုဘဲ "သူဟာ ကိုယ်ပိုင် စီးပွါးရေးလုပ်ငန်းတွေမလုပ်တော့ဘူး၊ သူ့ရဲ့ပိုင်ဆိုင်မှုတွေ ရောင်းလိုက်ပြီ" လို့ပြောနေပေမယ့်...


ဥပကစ်ဟာ သူပိုင်တဲ့ ဘန်ကောက်မြို့လယ်က UPA ကုမ္ပဏီကို (အဆောက်အဦးနှင့် မြေ အပါအဝင်) ၂၀၂၀ မှာရောင်းလိုက်ပြီဖြစ်တယ်လို့ပြောခဲ့ပေမယ့်၊ ဩဂုတ်လ ၄ ရက်၊ ၂၀၂၁ မှာတော့ အဲဒီ မြေနှင့် အဆောက်အဦးပါ UPA ကုမ္ပဏီကိုဘဲ

ဘတ် ၁၀၁ သန်းနဲ့ ဥပကစ်က ပြန်ဝယ်ခဲ့ရာ ယနေ့အထိ သူ့အမည်နဲ့ဘဲ ပြန်လည်ပိုင်ဆိုင်နေပါတယ်။ (အဲဒီပတ်ဝန်းကျင်တဝိုက်မှာရှိတဲ့တန်ဖိုးဟာ ပုံမှန်ဈေး အနည်းဆုံး သန်း ၁၅၀ ရှိတာကြောင့် ဥပကစ်ဟာ အရောင်ပြအရောင်းအဝယ် အမည်အလွှဲအပြောင်း လုပ်တာသာဖြစ်ပါတယ်)။


ဒါ့အပြင် လက်ရှိဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးပရာယွတ် ကိုယ်စားပြုဝင်ပြိုင်မယ့် "ဖတ်လိုဝမ်ထိုင်စန်းချာ့" ဆိုတဲ့ပါတီထိပ်ပိုင်းခေါင်းဆောင်တချို့ဟာ (ဥပကစ် အပါအဝင်) မဲဆောက်က လူကုန်ကူးမှုတွေမှာလည်း ပါဝင်ပတ်သက်နေကြောင်း။ ရဲဖမ်းထားတဲ့ အမှု သက်သေ အထောက်အထားတွေကိုလည်း ဖျောက်ဖျက်ခဲ့ကြကြောင်း။


အထူးသဖြင့် လက်ရှိဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးပရာယွတ်ဟာ မူးယစ်ဆေးဝါးကုန်ကူးမှု၊ ငွေကြေးခဝါချမှုနှင့်နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေမှာပါ ပါဝင်ပတ်သက်နေကြတဲ့ သူခန့်ထားတဲ့ အထက်လွှတ်တော်အမတ် ဥပကစ်နှင့် မင်းအောင်လှိုင်လူယုံ ထွန်းမင်းလတ်တို့ အတူပူးပေါင်းပါဝင် ပတ်သက်နေကြောင်း...။ 


#stevensanyu 

ဖေဖေါ်ဝါရီလ ၁၅ ရက်၊ ၂၀၂၃


#ထွန်းမင်းလတ်နဲ့အပေါင်းပါများကိုဇန္နဝါရီလ၂၃ရက်နေ့ရုံးထုတ်မည်


မင်းအောင်လှိုင်လူယုံ ထွန်းမင်းလတ်နှင့် သူ့ရဲ့အတွင်းရေးမှုး၊ စစ်တပ်ခန့် ထိုင်းအထက်လွှတ်တော်အမတ် ဥပကစ်ရဲ့ သမက်နှင့် သူ့ရဲ့အတွင်းရေးမှုးတို့ကို လာမယ့်ရက်ပိုင်းအတွင်း၊ ဇန္နဝါရီလ ၂၃ ရက်နေ့မှာ ရုံးထုတ်ပါမယ်။


စစ်တပ်ခန့် အထက်လွှတ်တော်အမတ် ဥပကစ်က သူ့သမက်ကို လောလောဆယ် တရားခံစာရင်းထဲမထည့်ဘဲအပြစ်မရှိသေးသူစာရင်းထဲ (သံသယရှိသူအဆင့်မှာသာ) မှာသာထားပေးဖို့တောင်းဆိုတာကို တရားရုံးက လက်မခံဘဲ ပါယ်ချခဲ့ပါတယ်။ ဒါ့အပြင် သူတို့ ၄ ယောက်လုံးကိုလည်း အာမခံပေးဖို့လျှောက်တာ ၄ ကြိမ်ရှိပြီဖြစ်ပေမယ့် ၄ကြိမ်လုံးကို တရားရုံးက ပါယ်ချခဲ့ပါတယ်။ 





မင်းအောင်လှိုင်လူယုံ ထွန်းမင်းလတ်ကို စွဲချက်တင်ထားတဲ့အမှုအ‌ရေအတွက်က အများကြီးဖြစ်ပြီး အဲဒီအမှု‌တွေထဲမှာ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှု၊ မူးယစ်ဆေးဝါးမှု၊ လက်နက်မှောင်ခိုမှု၊ ငွေကြေးခဝါချမှု စတာတွေအဓိကပါဝင်ပါတယ်။ 

ကျန်တဲ့ ၃ ယောက်ကိုလည်း သူနှင့်အမှုတူ စွဲချက်တင်ထားပေမယ့် ထွန်းမင်းလတ်က နံပါတ် ၁ ဖြစ်ပြီး၊ ဥပကစ်ရဲ့သမက်က နံပါတ် ၂ ဖြစ်ပါတယ်။


စစ်တပ်ခန့် အထက်လွှတ်တော်အမတ် ဥပကစ်ဟာလည်း ထွန်းမင်းလတ်နဲ့အမှုတွဲတူ မင်းအောင်လှိုင်လူယုံဖြစ်သလို၊ ရဲတွေလက်ထဲမှာလည်း အထောက်အထားတွေပြည့်စုံစွာရထားလို့ "ဖမ်းဝါရမ်း" ပါရထားပြီးကာမှ ရက်ပိုင်းအတွင်းမှာဘဲ "သာမန် ဆင့်ခေါ်စာ" အဖြစ် ဘာကြောင်းပြချက်မှမရှိဘဲပြောင်းသွားခဲ့ပါတယ်။  

ဥပကစ်ဟာသူလွှတ်ဖို့နဲ့ သူ့သမက်အပြစ်နည်းအောင် ထွန်းမင်းလတ်အပေါ် အားလုံးပုံချနိုင်ပါတယ်။ 


ထွန်းမင်းလတ်ကို ချနိုင်တဲ့ပြစ်ဒါဏ်တွေက နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတခုတည်းအတွက် ထောင်ဒါဏ် ၁၅ နှစ်ရှိပြီး၊ မူးယစ်ဆေးဝါးအမှုအတွက်က အနည်းဆုံးထောင်ဒါဏ် တသက်တကျွန်းမှ သေဒါဏ်အထိဖြစ်ပါတယ်။ ဒါတောင် အခြားအမှုတွေဖြစ်တဲ့ လက်နက်ကုန်ကူးမှုနှင့် ငွေကြေးခဝါချမှုတွေ မပါသေးပါဘူး။


#stevensanyu 

ဇန္နဝါရီလ ၁၉ ရက်၊ ၂၀၂၃


ထွန်းမင်းလတ်နှင့်ဥပကစ်ကွင်းဆက်အပါအဝင်နောက်ဆက်တွဲများ




ဆက်ဖတ်ရန် →
နတ်အားကိုးနဲ့မိုက်တော့မယ့်စောက်ပု

နတ်အားကိုးနဲ့မိုက်တော့မယ့်စောက်ပု

ဇောက် ပု ကို အာဆီယံကနေ ကစ် ထုတ် တော့မယ် ဆိုတဲ့ ကိစ္စက၊ မေဒီကန်နဲ့ ဥရောပနိုင်ငံတွေရဲ့ ဖိအား၊ နောက်တချက်က cambodia က ဟွန်ဆန် ကိုယ်တိုင် ဝင်ညှိပေးတာကို ဇောက် ပု က လက်မခံတာ၊ ထိုင်းနိုင်ငံမှာကအနောက်နိုင်ငံတွေရဲ့ ရင်းနှီးမြုပ်နှံမှု(investment) က အရမ်းများတယ်၊ ထိုင်း ဖက်ကနေ ရာထူး ကြီးကြီးတယောက် လွှတ်ပြီး ညှိတာတောင်၊ ဇောက် ပု က လက်မခံတာနော်၊ လန် ထွက် နေတာဘဲ၊ မလေးရှား ဝန်ကြီးချုပ်ကလဲ ဇောက် ပု တို့ကို လက်မခံဖူး၊


 ပြန်စဥ်းစားကြည့်ရင် ကျွန်တော်နိုင်ငံက လူတော်တော်များများက ထိုင်း၊မလေးကို တရားမဝင် သွားကြတာဗျ၊အခုအချိန် ပိုဆိုးတာပေါ့၊ ပြည်တွင်းမှာ ဘာစီးပွားရေးမှ လုပ်လို့ မရတာ၊ ဒီကြားထဲ ကျူးကျော်နေထိုင်တယ်ဆိုပြီး၊အိမ်တွေ လိုက်ဖျက်၊ပြည်တွင်းမှာက တကယ့်ကို င ရဲ ဘဲ၊ ကျွန်တော်နိုင်ငံ အခက် အခဲ ဖြစ်လေ၊ ထိုင်း၊မလေး နိုင်ငံအတွက် ဝန်ထုတ် ဝန်ပို ဖြစ်လေဘဲ၊


အာဆီယံနေ ဇောက် ပု တို့ကို ကစ် ထုတ် လိုက်ပြီဆိုရင် မေဒီကန်နဲ့ ဥရောပနိုင်ငံတွေအနေနဲ့ လုပ်ရ၊ကိုင်ရတာတော်တော်လေး အဆင်ပြေသွားပြီ၊ ၂၀၂၃ က အပြောင်းအလဲ ဖြစ်ကို ဖြစ်မှာပါ


အရေးကြီးတာ တခုက အဲ့ဒီအပြောင်းအလဲက ကျွန်တော်တို့ မျှော်မှန်းထားတဲ့ အရာ ဖြစ်ဖို့အရေးကြီးတယ်ဗျ၊ပန်းတိုင်မရောက်ခင် တက် မထောင် မိဖို့က အဓိက

(ကျော်သူရ)








ဆက်ဖတ်ရန် →
ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် (KBC) ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က) ဖြင့် ထပ်တိုး အမှုဖွင့်

ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် (KBC) ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က) ဖြင့် ထပ်တိုး အမှုဖွင့်

Myanmar now

အမှု ၂ ခု ရင်ဆိုင်နေရသည့် ဘာသာရေးခေါင်းဆောင် ဒေါက်တာခလမ်ဆမ်ဆွန်ကို အာဏာသိမ်း စစ်တပ်ကထောင် ၃ နှစ်မှ ၇ နှစ်အထိ ချမှတ်နိုင်သည့် ပုဒ်မတပ်ပြီး အမှုထပ်ဖွင့်လိုက်သည်။ 



အာဏာမသိမ်းမီ နှစ်လအလိုက မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် KBC ဥက္ကဋ္ဌ ဒေါက်တာခလမ်ဆမ်ဆွန်နှင့် စစ်ဗိုလ်ချုပ်များ တွေ့ဆုံခဲ့စဉ်။ (ဓာတ်ပုံ - KBC)

စစ်ကောင်စီတပ်က ဖမ်းဆီးထားသည့် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် (KBC) ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က) ဖြင့် ထပ်တိုး အမှုဖွင့်ထားကြောင်း

၎င်း၏ရှေ့နေနှင့် မိသားစုထံမှ သိရသည်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၅ ရက်နေ့ နံနက်ပိုင်းက ထိုင်းနိုင်ငံတွင် ဆေးကုသမှု ခံယူရန် ခရီးထွက်လာသည့် သူ့ကို စစ်ကောင်စီတပ်က မန္တလေးလေဆိပ်တွင် ဖမ်းဆီးခဲ့သည်။


ထို့နောက် ၎င်းကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ချုပ်နှောင် စစ်ဆေးခဲ့ပြီးနောက် ဇန်နဝါရီ ၁၁ တွင် ဗိုလ်မှူးသူအောင်ဇော် ဆိုသူက မြစ်ကြီးနားရဲစခန်းတွင် မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁)၊ ရာဇသတ်ကြီးဥပဒေပါ ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅(က) တို့ဖြင့် အမှုဖွင့်ခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၁၄ မြစ်ကြီးနားထောင်တွင်းတရားရုံးတွင် စစ်ဆေးစဉ် ထောင်ဒဏ် ၃ နှစ်မှ ၇ နှစ်အထိ ချမှတ်နိုင်သည့်ပုဒ်မ ၅၂(က) ဖြင့်ပါ ထပ်မံအမှုဖွင့်ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်ဟု ဆိုကာ ထိုသို့ အမှုထပ်တိုးခြင်း ဖြစ်ကြောင်း ၎င်း၏ တရားလွှတ်တော်ရှေ့နေ ဒေါ်ဒေါင်နန်က ပြောသည်။

“သူတို့က NUG သမ္မတ ဦးလရှီးလရော ပြီးတော့ သယံဇာတဝန်ကြီးဖြစ်တဲ့ ဦးတူးခေါင်ရော၊ ပညာရေးဝန်ကြီးဖြစ်တဲ့ ဆရာမဂျာထွယ်ပန် ဒီသုံးဦးနဲ့ လိုင်ဇာမှာ သွားတွေ့တဲ့အတွက်ကြောင့်လို့တော့ ပြောပြတယ်” ဟု ရှေ့နေကဆိုသည်။

ပုဒ်မ ၅၂(က) ကို ယမန်နေ့က တရားစွဲတင်ခဲ့ခြင်းဖြစ်ပြီး ယခင်ပုဒ်မနှစ်ခုမှာ စွဲချက်တင်ရန် လျှောက်လဲချက်အဆင့်ကို ရောက်ရှိကာ ထိုပုဒ်မအတွက် လာမည့် ဖေဖော်ဝါရီ ၂၁ ရက်တွင် ရုံးချိန်းထပ်မံချိန်းဆိုထားသည်ဟု ဒေါ်ဒေါင်နန်က ဆိုသည်။


လာမည့်ရုံးချိန်းတွင် ပုဒ်မ ၅၂(က) အမှုအတွက် တရားလိုနှင့် လိုပြသက်သေကို စတင်စစ်ဆေးမည်ဖြစ်ကြောင်းအထက်ပါ ရှေ့နေက ပြောသည်။


ဒေါက်တာခလမ်ဆမ်ဆွန်ကို အမှုဖွင့်ခြင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ ဌာနချုပ်တည်ရှိရာ တရုတ်နယ်စပ်မြို့ လိုင်ဇာကို သွားရောက်ခဲ့ခြင်းကြောင့် ဖြစ်သည်ဆိုပါက အဓိပ္ပာယ်မရှိကြောင်း ၎င်း၏ မိသားစုကအစဉ်တစိုက်ပြောသည်။

၎င်း၏ဖခင်သည် ခရစ်ယာန်သိက္ခာတော်ရ ဆရာတော်တစ်ပါးဖြစ်သည့်အပြင် KBC အဖွဲ့၏ တာဝန်ရှိသူဖြစ်ရာအသင်းသူ၊ အသင်းသားများရှိသည့် မည်သည့်နေရာကိုမဆို သွားလာရသည့်အတွက် ၎င်းတွင် အပြစ်မရှိကြောင်းမိသားစုဝင် အမျိုးသမီးတစ်ဦးက  ပြောသည်။


ဒေါက်တာခလမ်ဆမ်ဆွန်က ဆုတောင်းမေတ္တာ ပို့ပေးရန် မိသားစုကို မှာကြားလိုက်ကြောင်း၊ ယနေ့အထိ မိသားစုနှင့် မတွေ့ရသေးကြောင်း မိသားစုဝင် အမျိုးသမီးတစ်ဦးက ပြောသည်။

ဒေါက်တာခလမ်ဆမ်ဆွန် KBC ဥက္ကဋ္ဌတာဝန်ယူထားစဉ် ၂၀၁၉ ခုနှစ်အတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့်တွေ့ဆုံစဉ် မြန်မာနိုင်ငံရှိ ခရစ်ယာန်ဘာသာဝင်များကို စစ်တပ်က ညှဉ်းပန်းနှိပ်စက်နေကြောင်း ပြောဆိုခဲ့သည်။


ထိုသို့ ပြောဆိုပြီးနောက် ဒေါက်တာခလမ်ဆမ်ဆွန်ကို အရေးယူပေးရန် စစ်တပ်က မြစ်ကြီးနားမြို့နယ်တရားရုံးတွင် ဦးတိုက်လျှောက်ထားခဲ့သည်။

သို့သော် သုံးရက်အကြာတွင် အမှုကို ပြန်လည်ရုပ်သိမ်းပြီးနောက် ကချင်ဘာသာရေးခေါင်းဆောင်ကို မန္တလေးမြို့ရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ဖိတ်ခေါ်တွေ့ဆုံခဲ့သည်။

ထို့ပြင် တစ်နှစ်ခန့်အကြာ ၂၀၂၀ ဒီဇင်ဘာတွင် မြစ်ကြီးနားရောက်လာသည့် စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒေါက်တာခလမ်ဆမ်ဆွန်ကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ဖိတ်ခေါ်ကာ တကူးတက တွေ့ဆုံခဲ့သည်။


ဆက်ဖတ်ရန် →