နောက်ဆုံးရ
မုံရွာမြို့၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ)ကို  ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်၊ အရာတော်၊ နောင်ကြီးအိုင်ရဲစခန်းကိုလည်း တိုက်ခိုက်

မုံရွာမြို့၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ)ကို ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်၊ အရာတော်၊ နောင်ကြီးအိုင်ရဲစခန်းကိုလည်း တိုက်ခိုက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄  ခေတ်သစ်
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)တပ်အတွင်းသို့ ၁၂၀ မမ လက်နက် ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်ပျက်စီးမှုများ ရှိကြောင်း Chindwin Attack Force မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၁၃ ရက် ညနေ ၆ နာရီခန့်က အဆိုပါတပ်ဝန်းအား ၁၂၀ မမ လက်နက်ကြီး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နလစ ၆ ရှိ အဆောင်များပေါ်သို့ အတိအကျ ကျရောက်ပေါက် ကွဲခဲ့ကြောင်း၊လုံခြုံရေးအခြေအနေကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေ မသိရသေးကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း ၂ တပ်ခွဲ ၄Fight For People –FFP မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မ တော်(Chindwin Attack Force) တပ်ရင်း ၂ ၊ တပ်ရင်း ၃ ၊ တပ်ရင်း ၄ ၏ တပ်ခွဲ၊တပ်ဖွဲ့များ ထိုးစစ် ဆင် တိုက်နေသဖြင့် အရေးပေါ်လက်နက်ခဲယမ်းများ လိုအပ်နေကြောင်း သိရသည်။
အလားတူ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ နောင်ကြီးအိုင်ရဲစခန်းကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Chindwin Attack Force မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
ဖေဖော်ဝါရီလ ၁၁ ရက်နေ့နှင့် ၁၂ ရက်နေ့တွင် အဆိုပါနောင်ကြီးအိုင်ရဲစခန်းကို မုံရွာခရိုင် ပြည်သူ့ကာ ကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း ၃ တပ်ခွဲ ၃ ဂဠုန်နက် PDF ၊ ကျားသစ်နက် ပြောက်ကျားတပ်ဖွဲ့နှင့်တော်လှန်ရေးအင်အားစုများ ပူးပေါင်းကာ လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲစခန်းအတွင်းသို့ လက်နက်ကြီးကျရောက်ခဲ့သော်လည်း ထိခိုက်သေဆုံးမှုအခြေအနေ မသိရသေးကြောင်း သိရသည်။
ဓာတ်ပုံ- အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊စခန်းရုံး အတွင်း မြင်ကွင်း။ 


ဆက်ဖတ်ရန် →
ပုသိမ်မြို့တွင် ဘုရား၊ စေတီပုထိုးများတွင် တပ်စွဲထားတဲ့ စစ်ကောင်စီတပ် သရဲခြောက်ခံရလို့ တပ်ဆုတ်မှုများ ပြုလုပ်ခဲ့ရ

ပုသိမ်မြို့တွင် ဘုရား၊ စေတီပုထိုးများတွင် တပ်စွဲထားတဲ့ စစ်ကောင်စီတပ် သရဲခြောက်ခံရလို့ တပ်ဆုတ်မှုများ ပြုလုပ်ခဲ့ရ


ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၄ ရက်
ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ တပ်စွဲထားတဲ့ စစ်ကော ပုသိမ်မြို့တွင် ဘုရား၊ စေတီပုထိုးများတွင် တပ်စွဲထားတဲ့ စစ်ကောင်စီတပ် သရဲခြောက်ခံရလို့ တပ်ဆုတ်မှုများ ပြုလုပ်ခဲ့ရ င်စီတပ်အချို့ဟာ တပ်စွဲထားတဲ့ ဘုရား၊ စေတီတွေကနေ သရဲခြောက်ခံရတာတွေကြောင့် ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းမှာ တပ်ရုတ်သိမ်းတာတွေ ပြုလုပ်ခဲ့ရတယ်လို့ စစ်ကောင်စီတပ်အသိုင်းဝိုင်းကနေ သိရပါတယ်။ 
“ သူတို့က နေတာက နေချင်သလိုနေတာလေ၊ မူးလာရင် အဝတ်အစားမဝတ်ဘဲနဲ့ အိပ်တာမျိုးတွေ ဆဲတာမျိုးတွေ လုပ်တော့ မြင်အပ် မမြင်အပ်တဲ့ ပိုင်ရာဆိုင်ရာတွေက ပညာပေးတာမျိုးပေါ့၊ ဘယ်လိုမျိုးလည်း ဆို‌တော့ ညဘက် အိပ်နေရင် မနက် အပြင်မှာရောက်နေတာမျိုးတွေ၊ ခြေထောက်တွေဘာတွေက အကောင်ကြီး ကနေ နောက်နေ့ ဆေးခန်းသွားပြရလောက်အောင် ကိုက်ခဲတာတွေ၊ အဲ့တာမျိုးတွေပေါ့” လို့ စစ်ကောင်စီတပ်နဲ့နီးစပ်သူ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။ 
အာဏာသိမ်းပြီးနောက်ပိုင်းမှာပါ ရပ်ကွက်တွေထဲ တပ်စွဲထားတဲ့ အမှတ် ၇ ရပ်ကွက်ထိပ်နဲ့ အမှတ် ၈ ရပ်ကွက် မှာရှိတဲ့ ဧရာမင်းဓမ္မာရုံမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ အမှတ် ၆ ရပ်ကွက် အထက ၉ စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်အပါဝင် နေရာတော်တော်များများမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေဟာ ပြန်လည်း တပ်ရုတ်သွားတာလို့ ဆိုပါတယ်။ 
စစ်ကောင်စီတပ်သားတွေဟာ သရဲခြောက်ခံရတာတွေများလာပြီးနောက်ပိုင်းမှာ နေရာများများမှာ တပ်စွဲ ထားတဲ့နေရာတွေကနေ ပြန်လည် တပ်ရုတ်သိမ်းတာတွေပြုလုပ်ခဲ့ရပြီး မဖြစ်မနေထားဖို့အတွက် အရေးကြီးတဲ့ စစ်ကောင်စီခန့်ဝန်ကြီးတွေရုံးစိုက်ရာနေရာတွေ ဌာနဆိုင်ရာနေရာတွေနဲ့ ရပ်ကွက်တွေထဲမှာတော့ အမှတ် ၈ ရပ်ကွက် တံဂေါင်းဘုရားစေတီဝန်းထဲမှာ တပ်စွဲထားတဲ့ တပ်လောက်သာရှိတော့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပုသိမ်မြို့ပေါ်မှာရှိတဲ့ ရပ်ကွက်တွေထိပ်မှာရှိတဲ့ ဘုရားကျောင်းတွေ၊ စေတီတွေနဲ့ စာသင်ကျောင်းတွေမှာ အာဏာသိမ်းပြီးနောက်ပိုင်း ဒီမိုကရေစီရရှိရေး တောင်းဆိုသူတွေကို ထိန်းချုပ်နိုင်ဖို့အတွက် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားအချို့ဟာ တပ်စွဲတဲ့နေရာတွေမှာ အရက်သေစာသောက်စားပြီး ရမ်းကားဆဲဆိုမှု တွေကြောင့် သရဲခြောက်တာတွေခံခဲ့ရသလို ပြုစားခံရတာမျိုးတွေ ရှိလာလို့ တပ်ပြန်ဆုတ်တာတွေ ပြုလုပ်ခဲ့ရ တာလို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေက ပြောပါတယ်။ 


ဆက်ဖတ်ရန် →
တောင်ကုတ်ရဲစခန်းမှ ရဲအုပ် ဝင်းခိုင်ကို စစ်တပ်က ဖမ်းဆီး

တောင်ကုတ်ရဲစခန်းမှ ရဲအုပ် ဝင်းခိုင်ကို စစ်တပ်က ဖမ်းဆီး


ဧရာဝတီ၊ ဖေဖော်ဝါရီ ၁၄၊ ၂၀၂၃ 

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရဲတပ်ဖွဲ့မှ ရဲအုပ် ဝင်းခိုင်ကို ယနေ့ နံနက် ၈ နာရီ အချိန်ခန့်တွင် အာဏာသိမ်း စစ်ကောင်စီတပ်က လာရောက် ဖမ်းဆီးသွားကြောင်း သိရသည်။

အဆိုပါ ရဲအုပ် ဝင်းခိုင်သည် တောင်ကုတ်-ရန်ကုန်ကားလမ်းမပေါ်ရှိ တောင်ပေါ်ကြီး စစ်ရေးဂိတ်တွင် စခန်းမှူး တာဝန်ဖြင့် တာဝန်ကျနေသူတဦး ဖြစ်ပြီး တောင်ကုတ်မြို့မရဲစခန်းသို့ အမှုကိစ္စဖြင့် လာရောက်စဉ် စကခ (၅) တပ်မဌာနချုပ်မှ စစ်ကောင်စီ တပ်သားများက လာရောက် ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတဦးက ပြောသည်။

၎င်းက “တောင်ကုတ်မြို့မစခန်းကို လာပြီးတော့ ရဲအုပ် ဝင်းခိုင်ကို တပ်က  ဗျူဟာမှူးကိုယ်တိုင် ကားနဲ့လာပြီးတော့ ဖမ်းသွားတယ်လို့ ပြောတယ်။ ဘာကိစ္စနဲ့ ဖမ်းတယ် ဆိုတာတော့ မသိဘူး။ ရဲတွေ ပြောတာက ရဲအရာရှိ တယောက်ကို အဲဒီလိုမျိုး တပ်က အကြောင်းပြချက် မရှိဘဲ ဖမ်းလို့ရသလားဆိုပြီး မကျေမနပ် ဖြစ်နေကြတယ်” ဟု ဧရာဝတီကို ပြောသည်။

ရဲအုပ် ဝင်းခိုင် တာဝန်ကျနေသည့် တောင်ကုတ်-ရန်ကုန်ကားလမ်းမပေါ်ရှိ တောင်ပေါ်ကြီး စစ်ဆေးရေးဂိတ်တွင် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက သစ်မှောင်ခို ကား ၃ စီးအား ဖမ်းဆီးခဲ့သည့် ဖြစ်စဉ်များရှိကာ ယင်း ကိစ္စများနှင့် ပတ်သက်ပြီး တပ်က တစုံတရာ ဆက်နွယ်မှု ရှိနိုင်သဖြင့် ထိုသို့ ဖမ်းဆီးခံရခြင်း ဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့အသိုင်းအဝိုင်းကြား ပြောဆိုမှုများလည်း ရှိသည်။ 

လက်ရှိ အခြေအနေတွင် အဆိုပါ ရဲအုပ် ဝင်းခိုင်အား တောင်ကုတ်အခြေစိုက် အမှတ် (၅) စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ် (စကခ-၅) တပ်မအချုပ်ခန်းထဲတွင် ဖမ်းဆီးချုပ်နှောင်ထားကြောင်း သိရသည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup



ဆက်ဖတ်ရန် →
လူမဝင်သဖြင့် လူဖြည့်နေရသည့် စစ်ကောင်စီ၏ စျေးပွဲတော်

လူမဝင်သဖြင့် လူဖြည့်နေရသည့် စစ်ကောင်စီ၏ စျေးပွဲတော်

ရန်ကုန်မြို့ ပြည်လမ်းရှိ ပြည်သူ့ရင်ပြင်တွင် ပြုလုပ်နေသည့် စစ်ကောင်စီ၏ ပြည်ထောင်စုနေ့စျေးပွဲတော်သို့ လူမဝင်သဖြင့် စစ်တပ်က နည်းပေါင်းစုံဖြင့် စည်ကားစေရန် ကြိုးပမ်းနေသည်။ 

ပြည်သူများက သပိတ်မှောက်ထားသည့် စစ်တပ်ထုတ်ကုန် မြန်မာဘီယာကို နေ့စဉ် အခမဲ့တိုက်ကာ ဆွဲဆောင်သော်လည်း လာရောက်သူ နည်းပါးသောကြောင့် ဈေးပွဲတော်နောက်ဆုံးနေ့ဖြစ်သော ယနေ့ (ဖေဖော်ဝါရီ ၁၄) တွင် တပ်မိသားစုများကို မော်တော်ယာဉ်များဖြင့် သယ်ပို့ကာ လူဖြည့်တင်းနေသည်ကို တွေ့ရသည်။ 

ဓါတ်ပုံ - ဝေမျိုး/Myanmar Now




ဆက်ဖတ်ရန် →
( လှစိုးဝေ) NUG နိုင်ငံခြားရေး ဝန်ကြီးဌာနအား ဝါရှင်တန် တွင် ဖွင့်ပြီ

( လှစိုးဝေ) NUG နိုင်ငံခြားရေး ဝန်ကြီးဌာနအား ဝါရှင်တန် တွင် ဖွင့်ပြီ

ဖွင့်ပွဲ အခမ်းအနားသို့ အမျိုးသား ညီညွတ်ရေး အစိုးရ အဖွဲ့မှ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်၊ ဒု တိယ နိုင်ငံခြားရေး ဝန်ကြီး ဦးမိုးဇော်ဦး၊ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ များ တက်ရောက်ခဲ့ကြသည်ဟု RFA သတင်းတွင် ဖေါ်ပြထားသည်။
ယင်းသည် ကွန်ဂရက် မှ မြန်မာပြည်သူများ၏ ဒီမိုကရေစီ အရေး ကို အားပေး ထောက်ခံရန် အတည်ပြုလိုက်သော Burma Act ၏ တစိတ်တပိုင်းလည်း ဖြစ်သည်ဟု ဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောကြားခဲ့သည်။ အမေရိကန် အစိုးရ ပိုင်းမှ တာဝန်ရှိသူ များ တက်ရောက်လာခြင်းသည် မိမိတို့ အစိုးရနှင့် တရားဝင် ဆက်သွယ်လာပြီ ဆိုသည်ကို ပြဆိုလိုက်ခြင်းပင် ဖြစ်သည်ဟု ဆိုသည်။
အမေရိကန် လူ့အခွင့်အရေး၊ ဒီမိုကရေစီ အရေး ဆိုင်ရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး အူဇရ ဇေရာ မှ Burma Act တွင် ပါဝင်သည့် အတိုင်း ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နှင့် ‌၎င်းတို့ ပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲ အားလည်း ဒေသတွင်း ရှိ နိုင်ငံများမှ အသိအမှတ် မပြုဖို့ လိုသည်ဟုလည်း ပြောကြားသွားခဲ့သည်။
#စစ်အာဏာသိမ်း အဖွဲ့ကို ဆက်ဆံစရာ မလိုတော့သည့် အချိန်ရောက်ပြီ
အဆိုပါ ခေါင်းစဉ် ဖြင့် The Diplomat အွန်လိုင်း မဂ္ဂဇင်းတွင် ဆောင်းပါးရှင် ဂျော်ဒန် အဲရစ်ဆန် က ရေးသားထားသည်။
ဆောင်းပါး အစတွင် အင်းမလှုပ် အဲမလှုပ် နှင့် စွန့်စားလိုစိတ် ကင်းမဲ့နေသော အိမ်နီးချင်း နိုင်ငံများအားလည်း ယခုလို ရဲရဲတောက် မေးခွန်း မေးလာပြန်သည်။
“မြန်မာ အကျပ်အတည်းကို နိုင်ငံရေး အရ အဖြေရှာရန် ကြိုးစားနေသူများ အနေဖြင့် စစ်အာဏာသိမ်း အဖွဲ့ သည် ၎င်းတို့ ကျုးလွန်ခဲ့သော ရာဇဝတ်မှုများ အတွက် တာဝန်ယူမည်လော” 
အဖြေကတော့ ရှင်းပါသည်၊ ၎င်းတို့မှ မည်သို့မျှ တာဝန်ခံကြမည် မဟုတ်ဟု ဆိုသည်။
မြန်မာ ပြည်သူများ လက်နက်ကိုင် တော်လှန်လာအောင် လည်း တွန်းပို့ခဲ့ကြသူများသည် စစ်တပ်ပင် ဖြစ်သည်။ ယင်းနှင့် အတူ စစ်တပ် ထဲတွင်လည်း စိတ်ဓါတ်ကျင့်ဝတ်များ ပျက်ပြားလာခဲ့ခြင်း၊ အမိန့်မနာခံခြင်း၊ အုပ်ချုပ်မှု လျော့ရဲလာခြင်း၊ အကျင့်ပျက် လဒ်စားခြင်း အစရှိသည် တို့ကြောင့် တိုက်ပွဲတိုင်းတွင် အရှက်တကွဲ ရှုံးနိမ့်ကုန်ကြပြီး အားလုံး၏ လှောင်ပြောင်စရာ အဖြစ် ရောက်ကုန်ကြပြီ ဖြစ်သည်။
သံအမတ်ကြီး ဦးကျော်မိုးထွန်း သည် အမျိုးသား ညီညွတ်ရေး အစိုးရ ကိုယ်စားလှယ် အဖြစ် ကုလသမဂ္ဂ တွင် ဆက်ရှိနေသရွေ့ မည်သို့သော နည်းဖြင့် ပြုလုပ်သည့် ရွေးကောက်ပွဲ ဖြစ်စေ တက်လာသော အစိုးရမျိုးကို မဆို နိုင်ငံတကာ၏ အသိအမှတ် ပြု ခံရမည် မဟုတ် ဆိုသည်က ထင်ရှားနေသည်။
လက်ရှိ အနေအထား တွင် အာဏာသိမ်းပြီး နောက် အာဏာကို အခိုင်အခံ တည်ဆောက် နိုင်အောင် ကြိုးပမ်းသည့် အဖြစ်မှ နှစ်နှစ် ကြာလာပြီး နောက်တွင် ဆက်၍ ရပ်တည်နိုင် ခွင့် ရရေး အတွက် မနည်း လုံးပမ်းနေကြရသည့် အနေအထားသို့ ဆိုက်ရောက်လာခဲ့ပြီ ဖြစ်သည်။
ထို့အတွက် အိမ်နီးချင်း နိုင်ငံများ အနေဖြင့် စစ်အာဏာသိမ်း အဖွဲ့ မရှိတော့သည့် နောက်ပိုင်း မြန်မာ ပြည်ရှိ ၎င်းတို့ အကျိုးစီးပွားကို အကာအကွယ် ရရန် လုပ်ရတော့မည့် အချိန်‌ ရောက်လာပြီ ဖြစ်သည်။ စစ်အာဏာသိမ်း အဖွဲ့ နောက်ပိုင်း တက်လာမည့် အစိုးရသည် လူထု၏ ဆန္ဒ နှင့် အညီ မဖြစ်မနေ အကောင်အထည် ဖေါ်ပေးရဖို့ ရှိနေသည်ကို သဘောပေါက်ဖို့ လိုနေပေသည်။ လူထုကလည်း တော်လှန်ရေး ကာလ အတွင်း မိမိတို့ကို အကူအညီ ပေးသည့် နိုင်ငံများ ဖက်ကို ယိမ်းကြမည်သာ ဖြစ်သည်။
တော်လှန်ရေး အစိုးရသည်လည်း ကုန်ခမ်းနေပြီ ဖြစ်သော နိုင်ငံခြား အရံငွေများ အလျှင်အမြန် ဖြည့်တင်းနိုင်ရန် မိမိတို့ကို အကူအညီပေးခဲ့သော တိုင်းပြည်များအား အကျိုးအမြတ် ရှိမည့် နယ်ပယ်များ တွင် ရင်းနှီးမြုပ်နှံနိုင်ရန် လုပ်ငန်းများ ချပေးတော့မည်သာ ဖြစ်သည်။
တရုတ်
တရုတ် အနေဖြင့် လောလောဆယ် ခြံစည်းရိုး ခွထိုင်နေမှု ကို အဆုံးသတ်ပေးရမည်၊ မြန်မာ လူထုက လက်ရှိ တွင် တရုတ်သည် မဟာမိတ် ဖြစ်သော ရုရှားအား  စစ်အာဏာသိမ်း အဖွဲ့ နှင့် တဖက်လှည့် ဆက်ဆံခိုင်း နေသည်ဟု ယူဆနေမှုများ ပပျောက်သွားရန် ရုရှားမှ လက်နက်ရောင်းချနေမှု များ အပါအဝင် အန္တရာယ်လွန်စွာ များသော ဆက်ဆံရေး ရပ်ဆိုင်းသွားအောင် အရင်ဦးဆုံး ပြုလုပ်ရမည်၊ 
ပြီးလျှင် မြန်မာတော်လှန်ရေး တပ်ဖွဲ့များ အပူတပြင်း လိုအပ်နေသော လေယာဉ်ပစ် လက်နက်များ ထောက်ပံ့ပေးမည် ဆိုလျှင် မြန်မာပြည်တွင် ဆက်၍ စီးပွားလုပ်ပိုင်ခွင့် များ အတွက် Golden Ticket အထူးတန်း လက်မှတ် ရရှိဖို့က ကြိမ်းသေသွားပြီ ဖြစ်သည်။
အိန္ဒိယ
အိန္ဒိယ သည် လက်ရှိတွင် ၎င်းတို့ ၏ အရှေ့မြောက် ဒေသ လုံခြုံရေး အတွက် စစ်အာဏာသိမ်း အဖွဲ့နှင့် မဖြစ်မနေ ဆက်ဆံနေရသည်ဟု အကြောင်းပြလာခဲ့သည်။ သို့သော် စစ်အာဏာသိမ်း အဖွဲ့သည် အိန္ဒိယ အစိုးရ အား ဆန့်ကျင်တွန်းလှန်နေသည့် သူပုန်အဖွဲ့များကို အင်အားကြီးထွားအောင် လုပ်ပေးပြီး ချင်းပြည်နယ် အတွင်းရှိ တော်လှန်‌ရေး အင်အားစုများ ကို ချေမှုန်းနိုင်ရန် အမြတ်ထုတ်နေကြပြီ ဖြစ်သည်။
ဘီလီယံ ပေါင်း များစွာ ရင်းနှီးမြုပ်နှံထားသော တရုတ်၏ ဩဇာအာဏာကို တန်ပြန်နိုင်ရန် ဆက်ဆံနေရပါသည် ဆိုသော အကြောင်းပြချက်သည် မည်သို့မျှ အကျိုးထူးမည် မဟုတ်သည့် ဗျုဟာလည်း ဖြစ်နေသည်။ တရုတ်သာ မက ၎င်းတို့၏ မဟာရန်သူတော်ကြီး ဖြစ်သော ပါကစ္စတန်သည် စစ်အာဏာသိမ်း အဖွဲ့ကို လက်နက်များ၊ လေယာဉ်များ ရောင်းချ၍ အမြတ်ထွက်နေကြသည် ဆိုသည်ကိုလည်း သတိမူသင့်သည်။
၎င်းတို့၏ ကုလားတန် မြစ်ကြောင်း စီမံကိန်း နှင့် ထိုင်း-မြန်မာ-အိန္ဒိယ အဝေးပြေး လမ်းစီမံကိန်းသည် လည်း ၎င်းတို့ အာဏာ သက်ဆိုးရှေ ရည်း အတွက် မနည်း ရုန်းကန်နေရသော အာဏာသိမ်း အဖွဲ့ထံမှ မည်သို့သော ပံ့ပိုးပေးမှုများ ရနိုင်ပေဦးမည်နည်း။ 
ထိုင်း
ထိုင်း၏ အဓိက ရည်ရွယ်ချက်သည် ၎င်းတို့ အတွက် သဘာဝ ဓါတ်ငွေ့များ မှန်မှန် ရနိုင်ရေး အတွက်ပင် ဖြစ်သည်။ သို့သော် ထိုင်း တနိုင်ငံလုံး မီးထိန်ထိန် လင်းနိုင်ရန် လျပ်စစ်ဓါတ်အား၏ ၆၀ ရာနှုန်းကို ဓါတ်ငွေ့မှ ရရှိနေပြီး မြန်မာ၏ ရတနာ လုပ်ကွက်မှ ထွက်သော ဓါတ်ငွေ့သည် ၁၁ ရာနှုန်း ပါဝင်နေသည်။ ယူကရိန်း စစ်ပွဲကြောင့် မြန်မာ မှ ဓါတ်ငွေ့များ ယခင်ကထက် ပို၍ လိုအပ်နေသည်။ နော်ဝေး အစိုးရသည် ထိုင်း ၏ PTTEP တွင် ရင်းနှီးမြုပ်နှံမှု များ မြန်မာ စစ်အာဏာသိမ်း အဖွဲ့ နှင့် ပတ်သက်နေ၍ ဆိုကာ ရုပ်သိမ်းသွားခဲ့ပြန်သည်။
ထိုင်းသည် နယ်ခြား လုံခြုံရေး နှင့် မြန်မာပြည်သူတို့၏ ထောက်ခံမှု ရရှိရန် တော်လှန်ရေး အင်အားစုများကို သိုသိုသိပ်သိပ် ကူညီရမည့် အချိန်ရောက်ပြီ ဖြစ်သည်ဟု ဆောင်းပါးတွင် ဖေါ်ပြထားသည်။
နောက်ထပ် ရရှိသော သတင်းအရ စင်္ကာပူ ပါလီမန် တွင် အတိုက်အခံ အလုပ်သမား ပါတီမှ အမတ်၏ အမေးကို ဖြေဆိုရာတွင် စင်္ကာပူသည် မြန်မာ အား လက်နက် မရောင်းချတော့သည်မှာ ကာလ ကြာမြင့်လှပြီ ဖြစ်ကြောင်း၊ ဆယ့်ငါးနှစ် ခန့်ပင် ရှိနေပြီ ဟု နိုင်ငံခြားရေး ဝန်ကြီး ဗီဗီယန် ဘလာခရစ်ရှနန် က ဖြေဆိုသွားသည်။
သို့သော် အမတ်က မြန်မာ အထူးအကြံပေး ကောင်စီ၏ အစီရင်ခံစာ ကို ရည်ညွှန်း မေးမြန်းခဲ့ခြင်း ဖြစ်ကြောင်း ထောက်ပြသည့် အခါ ထိုအစီရင်ခံစာပါ အချက်အလက် အများစုသည် စစ်အာဏာမသိမ်းမီ ကာလများကို ရည်ညွှန်းထားခြင်း ဖြစ်သည်ဟု ဝန်ကြီးက ဆိုသည်။
လက်နက်တွင်သာ လက်နက် ထုတ်လုပ်ရေး ပိုင်းတွင် အသုံးပြုနိုင်သည်ဟု ယူဆရသော ပစ္စည်း မှန်သမျှ အတွက် ပို့ကုန် လိုင်စင် လျှောက်ထားသည့် ကုမ္ပဏီများအားလည်း အန္တရာယ်ရှိကြောင်း သတိပေး အလံနီ ထောင်ပြခဲ့စမြဲ ဖြစ်သည်ဟု ဆိုသည်။
မည်သို့ပင် ဆိုစေ နိုင်ငံတွင်း မငြိမ်မသက် ဖြစ်နေမှုများ အား နှိမ်နှင်းရန် အသုံးပြုနိုင်သည် မှန်သမျှ ကိုပင် ခွင့်မပြုခဲ့ဟု တရားဝင် ငြင်းဆိုသွားခဲ့သည်။
ပြည်သူတို့၏ ခုခံစစ် မုချ အောင်ရမည်!!!

လှစိုးဝေ
သတင်း ဓါတ်ပုံ - Radio Free Asia



ဆက်ဖတ်ရန် →
အမေရိကန်အစိုးရက NUG ကို တရားဝင်ဆက်ဆံမှုပြုလုပ်လာဟု ‌နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ပြော

အမေရိကန်အစိုးရက NUG ကို တရားဝင်ဆက်ဆံမှုပြုလုပ်လာဟု ‌နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ပြော





Photo-NUG
DVB | 14 February, 2023
တရားဝင်အစိုးရတရပ်အဖြစ် တရားဝင်ဆက်ဆံမှုလုပ်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ တောင်းဆိုချက်ကို အမေရိကန်အစိုးရဘက်က လိုက်လျောမှုရှိလာတယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ စစ်ကောင်စီတို့ဟာနိုင်ငံတကာက အစိုးရတရပ်အဖြစ် အသိအမှတ်ပြုခံရရေးအတွက် သံတမန်နည်းအရ အပြိုင်ကြိုးပမ်းခဲ့ကြတာပါ။
အာဏာသိမ်းမှု ၂ နှစ်ကျော်ကြာလာချိန်မှာ ရွေးကောက်ခံကိုယ်စားလှယ်တွေ ဦးဆောင်တဲ့ NUG ဟာ နိုင်ငံတကာသံတမန်ဆက်ဆံရေးမှာ အသာစီးရလာပြီး အင်အားကြီးအနောက်နိုင်ငံတွေရဲ့ ပေါ်ပေါ်ထင်ထင် အားပေးမှုကို ရရှိလာပါတယ်။
NUG ကို အစိုးရတရပ်အဖြစ် နိုင်ငံတကာက အသိအမှတ်မပြုသေးပေမဲ့ အမေရိကန်၊ ဥရောပနဲ့ အနောက်အင်အားကြီးနိုင်ငံတွေရဲ့ တရားဝင်ဆက်ဆံမှုတွေ၊ အသိအမှတ် ပြုတာတွေကို ရလာတယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က ဒေသစံတော်ချိန် ဖေဖော်ဝါရီ ၁၃ ရက် မွန်းလွဲပိုင်းက အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမှာ  NUG နိုင်ငံခြားရေးရုံးဖွင့်ပွဲနဲ့အတူကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ပြောသွားတာရှိတယ်။ ဒီနှစ်ပတ်လည်မှာလေ သတိထားမိမယ်ထင်ပါတယ်။ နောက်ထပ် တတိယနှစ်ပတ်လည်ဆိုတာ မရှိစေရဘူးဆိုတဲ့၊ တော်တော်အားတက်စရာကောင်းတယ်။ဒါက တပိုင်းပေါ့နော်။ အမေရိကန်ပြည်ထောင်စုက တာဝန်ရှိတဲ့ အကြီးအကဲတွေ ပြောတဲ့စကား။ ကျမတို့ကိုOfficial recognize (တရားဝင် အသိအမှတ်ပြုမှု) မလုပ်ရင် official engagement (တရားဝင်ထိတွေ့ဆက်ဆံမှု) လုပ်ပါ ဆိုပြီးတော့ ကျမတို့ တိုးပြီးတောင်းဆိုထားတာရှိတယ်။ ပြောရမယ်ဆိုရင် ဒီရုံးခန်းဖွင့်ပွဲမှာ တာဝန်ရှိတဲ့သူတွေ တက်ရောက်တာကိုက ကျမတို့တောင်းဆိုထားတဲ့ official engagement ကို သဘောတူပြီးတော့Engagement လုပ်တဲ့သဘောလို့ ပြောလို့ရပါတယ်။”
စစ်ကောင်စီကို အကြမ်းဖက်လုပ်ရပ်တွေ ပြုလုပ်နေတာ ရပ်တန့်ဖို့၊ ဖမ်းဆီးခံ ခေါင်းဆောင်တွေနဲ့ အကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ စတဲ့အချက်တွေ ပါဝင်တဲ့ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ၂၀၂၂ ဒီဇင်ဘာ၂၁ ရက်နေ့မှာ ချမှတ်ခဲ့ပါတယ်။ 
ကုလလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ပါ တိုက်တွန်းချက်တွေကို စစ်ကောင်စီက လိုက်နာတယ်၊ မလိုက်နာဘူးဆိုတာကို လာမယ့် မတ်လ ၁၅ ရက်နေ့ မတိုင်ခင်မှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးသံတမန် နိုလင်းဟေဇာက ကုလလုံခြုံရေးကောင်စီထံမှာ အစီရင်ခံစာ တင်သွင်းရမှာ ဖြစ်ပါတယ်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက “ကုလအတွင်းရေးမှူးချုပ်ရဲ့ အထူးသံတမန် (Special Envoy) က မတ်လ ၁၅ ရက်နေ့ မတိုင်ခင်မှာ လုံခြုံရေးကောင်စီကို အစီရင်ခံစာတင်ရမယ်။ လောလောဆယ်လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေ ကြားမှာတော့ ဘယ်လို Format ဖြစ်မလဲ၊ Close door ဖြစ်မလား၊ Private ဖြစ်မလား၊ Open Debate ဖြစ်မလား၊ ပြောနေ ဆွေးနွေးနေကြတာမျိုး ရှိတယ်။ မတ်လဖြစ်တဲ့အတွက် အဲဒီကာလမှာ မိုဇမ်ဘစ်နိုင်ငံက ဥက္ကဋ္ဌဖြစ်မယ်။ ဘယ်လိုပုံစံမျိုးနဲ့ သူ့အလုပ်ပုံစံကို ရေးဆွဲမလဲ ဆိုတာကတော့ မသိရသေးဘူး။ဒါပေမဲ့လည်း မတ်လ ၁၅ ရက်နေ့ မတိုင်ခင်မှာ မြန်မာကိစ္စ ဆွေးနွေးရမယ်ဆိုတာ၊ ပါကိုပါရမယ်ဆိုတဲ့ သဘောတော့ ရှိတယ်။ မြန်မာပြည်သူတွေ ဘယ်လောက်ခံစားနေရတယ်၊ ဘယ်လောက်ဒုက္ခရောက်နေတယ်ဆိုတာ လူတိုင်းသိတယ်။ အဲဒီ သိတဲ့ဥစ္စာကို ပိုသိအောင်၊ လူတွေ အဖွဲ့ဝင်နိုင်ငံတွေ များများပြောလို့ရအောင် လုပ်ပေးဖို့အတွက်ကိုကျနော်တို့ အမြဲတမ်းတိုက်တွန်းနေတယ်။ Open Debate Format နဲ့ လုပ်ပေးဖို့ ဆိုတာကတော့ တိုက်တွန်းနေတယ်။ နိုင်ငံအများက ဝင်ရောက်ပြောဆိုနိုင်တဲ့ ပုံစံမျိုးနဲ့ မြန်မာနိုင်ငံကို ဆွေးနွေးနိုင်လေ ပိုကောင်းလေဆိုတာကိုကျနော်တို့ တိုက်တွန်းလျက်ရှိတယ်ပေါ့နော်” လို့ ပြောပါတယ်။
NUG က နိုင်ငံတကာဆက်ဆံရေးမှာ အသာစီးရလာတယ်ဆိုပေမဲ့ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ နိုင်ငံတကာသံရုံးတွေနဲ့ သံအမတ်တွေဟာလည်း တည်ရှိ တာဝန်ထမ်းဆောင်နေဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့ စစ်ကောင်စီလက်အောက်ခံသံအမတ်တွေဟာ သံတမန်အသိုင်းအဝိုင်းမှာ အရှက်တကွဲအဖြစ်တွေနဲ့ ကြုံတွေ့နေရပြီး ဂုဏ်သရေရှိအသိုင်းအဝိုင်းကနေ အကြဉ်ခံရတာမျိုး ဖြစ်နေပါတယ်။
“မြန်မာပြည်သူလူထုနဲ့အတူတူ၊ ထို့အတူ NUG အစိုးရနဲ့အတူတူပေါ့ ရပ်တည်ကြောင်း ပြသတာ ဖြစ်တဲ့အတွက်ကြောင့် သူတို့ရဲ့ရပ်တည်ချက်က တော်တော်လေးရှင်းလင်းပါတယ်။ သံရုံးတွေ ဆက်ဆံမှုအပိုင်းမှာလည်း ဘယ်သံရုံးနဲ့၊ သူတို့သံရုံးနဲ့ ဆက်ဆံသလား၊ ကျမတို့နဲ့ Engagement ပိုလုပ်သလားဆိုတာကို ကြည့်ခြင်းအားဖြင့်၊လက်တွေ့ဆက်ဆံရေးတွေကို ကြည့်ခြင်းအားဖြင့် အဆင့်အတန်းက တွက်ဆလို့ရလိမ့်မယ်လို့ ကျမအနေနဲ့ မြင်ပါတယ်” လို့ ဒေါ်ဇင်မာအောင်က ပြောပါတယ်။
ဒေသစံတော်ချိန် ဖေဖော်ဝါရီ ၁၃ ရက် မွန်းလွဲပိုင်းက အမေရိကန်ပြည်ထောင်စု မြို့တော် ဝါရှင်တန်ဒီစီမှာ ပြုလုပ်ခဲ့တဲ့ NUG နိုင်ငံခြားရေးဝန်ကြီးဌာန ရုံးဖွင့်ပွဲကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက်ဝန်ကြီး တက်ရောက်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသားအစုအဖွဲ့တွေ၊ မြန်မာပြည်သူတွေရဲ့ ခိုင်မာတဲ့မိတ်ဘက်အဖြစ် ဆက်ရှိသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။
မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဏာသိမ်းစ ကာလတွေမှာ နိုင်ငံတကာအစိုးရတွေရဲ့ လှုပ်ရှားမှုတွေဟာ နှေးကွေးခဲ့ပေမဲ့ ၂၀၂၂ နှောင်းပိုင်းမှာတော့ မြင်သာတဲ့ ဆောင်ရွက်ချက်တွေ ရှိလာတာ ဖြစ်ပါတယ်။

ဆက်ဖတ်ရန် →
မြန်မာနိုင်ငံကို စစ်လက်နက်ရောင်းချခြင်းမရှိကြောင်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးပြော

မြန်မာနိုင်ငံကို စစ်လက်နက်ရောင်းချခြင်းမရှိကြောင်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးပြော

VOA
စင်္ကာပူနိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို စစ်လက်နက်တွေ ရောင်းချခြင်းမပြုတာ နှစ်ပေါင်းအတန်ကြာခဲ့ပြီဖြစ်ပြီး အဲဒီ်ရဲ့ အကျိုးသက်ရောက်မှုတွေလည်း ရှိနေတယ်လို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က ဒီကနေ့မှာ ပြောပါတယ်။





ဇန်နဝါရီလ ၁၆ ရက်နေ့ထုတ် SAC-M မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီရဲ့ အစီရင်ခံစာမှာ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာအသုံးပြုတဲ့ စစ်ကောင်စီရဲ့ စစ်လက်နက်ပစ္စည်းတွေ ထုတ်လုပ်ရာမှာ စင်္ကာပူအပါအဝင် နိုင်ငံပေါင်း ၁၃ နိုင်ငံထက်မနည်းက စီးပွားရေးကုမ္ပဏီတွေ ပါဝင်ပတ်သက်နေကြတယ်လို့ ထည့်သွင်း ဖော်ပြခဲ့တာနဲ့ ပတ်သက်လို့ စင်္ကာပူ လွှတ်တော်အမတ် Dennis Tap က လွှတ်တော်အမေးအဖြေကဏ္ဍမှာ မေးခဲ့တာကို ဝန်ကြီး Balakrishnan ပြန်လည် ဖြေကြားခဲ့တာပါ။
မြန်မာနိုင်ငံကို လက်နက်တွေ တင်ပို့မှုမှာ SAC-M ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားတဲ့ စင်္ကာပူကုမ္ပဏီတွေ ပါဝင်ပတ်သက်နေခြင်းရှိမရှိ အာဏာပိုင်တွေက အသေအချာ စစ်ဆေးခဲ့ခြင်းရှိမရှိ လွှတ်တော်အမတ် Dennis Tap က မေးခွန်းထုတ်ခဲ့ပါတယ်။
မြန်မာစစ်တပ်အတွက် စစ်လက်နက်၊ ဒါမှမဟုတ် စစ်ဘက်ဆိုင်ရာအတွက် အသုံးပြုနိုင်မယ့်အရာတွေကို လွှဲပြောင်းပေးအပ်တာမျိုး စင်္ကာပူနိုင်ငံက ခွင့်ပြုတာမရှိကြောင်း SAC-M ရဲ့ အစီရင်ခံစာထွက်ပြီး ရက်ပိုင်းအတွင်းမှာဘဲ ဝန်ကြီး Balakrishnan က ပြန်လည် ဖြေကြားခဲ့ပြီးလည်း ဖြစ်ပါတယ်။ စင်္ကာပူက မြန်မာနိုင်ငံနဲ့ စီးပွားရေးအရ ပတ်သက်ဆက်နွယ်မှုတွေဟာ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းယူခဲ့တဲ့ ၂၀၂၁ ခုနှစ် မတိုင်ခင်ကတည်းကလို့ ဆိုပါတယ်။

ဆက်ဖတ်ရန် →
လုံခြုံရေးကောင်စီဆုံးဖြတ်ချက် စစ်ကောင်စီလိုက်နာမှုရှိ၊ မရှိ သုံးသပ်မည်

လုံခြုံရေးကောင်စီဆုံးဖြတ်ချက် စစ်ကောင်စီလိုက်နာမှုရှိ၊ မရှိ သုံးသပ်မည်

စောဖိုးခွါး (ဝါရှင်တန်ဒီစီ) RFA


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာက လာမယ့် မတ်လ၁၅ ရက်နေ့ နောက်ဆုံးထားပြီး လုံခြုံရေးကောင်စီကို အစီရင်ခံစာ ပေးပို့ရမှာဖြစ်ပြီး၊ အဲဒီအစီရင်ခံစာအပေါ်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

မြန်မာ့အရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေကို စစ်ကောင်စီဘက်က လိုက်နာဆောင်ရွက်မှုဘယ်လောက်ရှိသလဲဆိုတဲ့အပေါ် သုံးသပ်မယ့် ဆွေးနွေးပွဲတစ်ရပ်ကို လာမယ့် မတ်လလယ်ပိုင်းမှာ ကျင်းပဖို့ရှိတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့‌တော်မှာ မနေ့ကပြုလုပ်တဲ့ အမျိုးသားညီညွတ်‌ရေးအစိုးရ (NUG) နိုင်ငံခြားရေးဌာန ရုံးခန်းဖွင့်ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောခဲ့တာပါ။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာက လာမယ့် မတ်လ၁၅ ရက်နေ့ နောက်ဆုံးထားပြီး လုံခြုံရေးကောင်စီကို အစီရင်ခံစာ ပေးပို့ရမှာဖြစ်ပြီး၊ အဲဒီအစီရင်ခံစာအပေါ်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲဟာ တံခါးပိတ်ဆွေးနွေးပွဲ ဖြစ်မလား၊ အများကြားနာနိုင်မယ့် တံခါးဖွင့်ဆွေးနွေးပွဲ ဖြစ်မလားဆိုတာကိုတော့ မသိသေးဘူးလို့ ဦးကျော်မိုးထွန်းက ပြောပါတယ်။

"ကျွန်တော်တို့ မြန်မာပြည်သူတွေ ဘယ်လောက်ခံစားနေရတယ်၊ ဘယ်လောက် ဒုက္ခရောက်နေတယ်ဆိုတာ လူတိုင်းသိတယ်။ သိတဲ့ဟာကို ပိုသိအောင် အဖွဲ့ဝင်နိုင်ငံတွေ များများဝင်ပြောလို့ရအောင် Open Debate ( တံခါးဖွင့်ဆွေးနွေးပွဲ) ဖြစ်အောင် တိုက်တွန်းနေတယ်"




ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း။

အဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်တဲ့ လုံခြုံရေးကောင်စီဟာ မြန်မာ့အရေးနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တစ်ရပ်ကို ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ချမှတ်ခဲ့ပါတယ်။

အဲဒီဆုံးဖြတ်ချက်ထဲမှာ စစ်ကောင်စီအနေနဲ့ အကြမ်းဖက်တိုက်ခိုက်တာတွေရပ်ဖို့၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ အားလုံးလွှတ်ဖို့၊ လူသားချင်းစာနာတဲ့ အကူအညီတွေ လွတ်လွတ်လပ်လပ်ပေးခွင့်ပြုဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။

ဒါပေမဲ့ စစ်ကောင်စီဘက်က လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ အကြမ်းဖက်မှုတွေ ဆက်ကျူးလွန်နေတယ်လို့ မြန်မာ့အရေး လှုပ်ရှားသူတွေက ထောက်ပြ‌နေကြပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းက… "လိုက်နာဆောင်ရွက်ခြင်းမရှိရင်တော့ တဖြည်းဖြည်းနဲ့ လုံခြုံရေးကောင်စီကအရေးယူလာလိမ့်မယ်လို့ ကျွန်တော်မြင်တယ်" လို့ အခုလအစောပိုင်းက RFA နဲ့ဆက်သွယ်မေးမြန်းခန်းမှာ ပြောဆိုထားပါတယ်။

လုံခြုံရေးကောင်စီအနေနဲ့ မြန်မာပြည်သူတွေရဲ့ အသံတွေကို နားထောင်လိမ့်မယ်လို့ ယုံကြည်ကြောင်းလည်း ဦးကျော်မိုးထွန်းက ပြောပါတယ်။

ဆက်ဖတ်ရန် →
ချစ်သူများနေ့တွင် လေထီးခုန်လေ့ကျင့်ခဲ့သည့် မှော်ဘီလေထီးတပ်စခန်းမှ  အမျိုးသမီးစစ်သည်များ လေ့ကျင့်စဉ် လူနေအိမ်ပေါ်ပြုတ်ကျ

ချစ်သူများနေ့တွင် လေထီးခုန်လေ့ကျင့်ခဲ့သည့် မှော်ဘီလေထီးတပ်စခန်းမှ အမျိုးသမီးစစ်သည်များ လေ့ကျင့်စဉ် လူနေအိမ်ပေါ်ပြုတ်ကျ

ဧရာ၀တီတိုင်းမ်
ဖေဖော်ဝါရီလ ၁၄ ရက်
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ လေတပ်စခန်းတွင် စစ်ကောင်စီ၏ အမျိုးသမီး စစ်သည်များ လေထီးခုန်လေ့ကျင့်ရာတွင်  လူနေအိမ်များပေါ်သို့ ပြုတ်ကျမှု ဖြစ်ပွား ခဲ့ကြောင်း အဆိုပါမြို့နယ်တွင် နေထိုင်သူများ၏ ပြောပြချက်အရ သိရှိရသည်။
ယနေ့ ဖေဖော်၀ါရီ ၁၄ ရက်  နံနက်ပိုင်းက မှော်ဘီရှိ ပူးပေါင်းစစ်ဆင်ရေးနှင့် လေထီး သင်တန်းကျောင်းမှ အမျိုးသမီးစစ်သည်များ လေထီးခုန်လေ့ကျင့်မှု  ပြုလုပ်နေစဉ်  စစ်သည်အချို့သည် ၎င်းတို့၏လေထီးနှင့်အတူ ရပ်ကွက်နေ ပြည်သူများ၏ အိမ်ပေါ်သို့ ပြုတ်ကျမှု ဖြစ်ပွားခဲ့သည်။
"မနက်က စစ်ကောင်စီတပ်က စစ်မေ တွေလေ့ကျင့်နေတာ။ လေထီးခုန်လေ့ကျင့်နေရင်း အိမ်ပေါ်ကို ပြုတ်ကျတာ။ သေသလား၊ ရှင်သလားတော့မသိဘူး။ လူနာတင်ယာဉ်နဲ့ ခေါ်သွားတာပဲ"ဟု ပြုတ်ကျမှုဖြစ်ပွားခဲ့သည့် ရပ်ကွက်အနီးနေထိုင်သူ အမျိုးသား တစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။
မှော်ဘီ လေထီးတပ်မှ လေ့ကျင့်စဉ်ပြုတ်ကျခဲ့သည့် အမျိုးသမီးစစ်သည်၏ အခြေအနေ အသေးစိတ်ကို အတည်ပြု၍မရသေးဘဲ ပြုတ်ကျမှုဖြစ်စဉ်မှာ အမှန်တကယ်ဖြစ်ပွား ခဲ့ကြောင်း တပ်တွင်းနှင့်နီးစပ်သူတစ်ဦးက အတည်ပြု ပြောကြားသည်။
ဓာတ်ပုံ-ပုံဟောင်းပြန်လည်အသုံးပြုထားသည်။
#ရန်ကုန်မြို့  #မှော်ဘီလေထီးတပ်စခန်း #အမျိုးသမီးစစ်သည် #လေထီးခုန်လေ့ကျင့်  #ပြုတ်ကျ  #Ayeyarwaddy_Times



ဆက်ဖတ်ရန် →
သမ္မတရူး မင်းအာင်လှိုင်က  ဝန်ကြီးဌာနဝါစဉ်တွေ လျှို့ဝှက် ထုတ်ပြန်

သမ္မတရူး မင်းအာင်လှိုင်က ဝန်ကြီးဌာနဝါစဉ်တွေ လျှို့ဝှက် ထုတ်ပြန်

သမ္မတရူး မင်းအာင်လှိုင်က  ဝန်ကြီးဌာနဝါစဉ်တွေ လျှို့ဝှက် ထုတ်ပြန်ပြီး စစ် တပ်ကို နံပါတ် ၁ အရေးကြီးဆုံး ဝန်ကြီးဌာနအဖြစ် သတ်မှတ်ကာ  တိုင်းရင်းသားအရေး ဝန်ကြီးဌာနကို နောက်ဆုံးမှာထား
By ရန်ကုန်ခေတ်သစ်
အကြမ်းဖက်မင်းအောင်လှိုင်က သူစိတ်တိုင်းကျ ဖွဲ့စည်းထားတဲ့ ဝန်ကြီးဌာနတွေရဲ့ ဝါစဉ်ကို ၂၀၂၃ ခုနှစ် အတွက် သတ်မှတ် လျှို့ဝှက် ထုတ်ပြန်လိုက်ပါတယ်။ 
ပြည်သူရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရကို ဖြုတ်ချပြီး လက် နက်အားကိုးနဲ့ မတရား အာဏာသိမ်းထားတဲ့ မင်းအောင်လှိုင်ဟာ သူ့ကိုယ်သူ သမ္မတတစ်ဦးလို သမ္မတရဲ့ လုပ်ပိုင်ခွင့် အာဏာတွေကိုသုံးလို့ ပြည်ထောင်စုဝန်ကြီးဌာန ဝါစဉ်တွေ သတ်မှတ်ထုတ်ပြန်လာတာဖြစ်ပါတယ်။ 
မင်းအောင်လှိုင်က သူ့ကိုယ်သူ စစ်ကောင်စီ ဝန်ကြီးချုပ်လို့ အမည်တပ်ထားပေမယ့် ဘွဲ့ထူး၊ ဂုဏ်ထူးတွေ ပေးအပ်နေတာ၊  သမ္မတ ရွှေစလွယ် လွယ်တာ၊ ဝန်ကြီးဌာန ဝါစဉ်တွေ သတ်မှတ်တာ၊ ဘတ်ဂျက်တွေ စိတ်တိုင်းကျ သုံးချင်သလိုသုံးနေတာ၊ ဗိုလ်ရှုခံပွဲတွေ မကြာခဏ ကျင်းပနေတာ စတဲ့ သမ္မတ တစ်ဦးရဲ့ လုပ်ပိုင်ခွင့် အာဏာတွေကို  အခြေခံဥပဒေနဲ့ မညီဘဲ ချိုးဖောက် အသုံးပြုနေပါတယ်။ 
သမ္မတရူး ရူးနေတဲ့ မင်းအောင်လှိုင် သတ်မှတ်တဲ့ ဝန်ကြီးဌာန ဝါစဉ်တွေမှာ စစ် တပ်နဲ့တိုက်ရိုက်ပတ်သက်တဲ့ ကာကွယ်ရေးဝန်ကြီးဌာနကို နံပါတ် ၁ အရေးကြီးဆုံး ဌာနအဖြစ် သတ်မှတ်ပြီး ပြည်ထဲရေးဝန်ကြီးဌာနကို နံပါတ် ၂  အရေးကြီးဆုံးအဖြစ် သတ်မှတ်ပါတယ်။ 
တိုင်းရင်းသားအရေး ဆောင်ရွက်ပေးမယ်လို့ အမြဲတမ်း အသံကောင်းဟစ်နေတဲ့ မင်းအောင်လှိုင်က တိုင်းရင်းသား ရေးရာဝန်ကြီးဌာနကိုတော့ အရေး မကြီးဆုံး ဝန်ကြီးဌာနအဖြစ် အောက်ဆုံးအဆင့်ရဲ့ နောက်ဆုံးနေရာမှာ နံပါတ် ၂၉ အဖြစ် သတ်မှတ်ထားပါတယ်။ 
တိတိကျကျ ပြောရရင်တော့ နောက်ဆုံးမှာထားခံရတဲ့ တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနက အုပ်ချုပ်ရေး ယန္တရားရဲ့ အရေးမကြီးတဲ့ အစိတ်အပိုင်းဖြစ်ပြီး မလုပ် မရှုပ် မပြုတ်၊ အရေးမကြီးတဲ့ဝန်ကြီးဌာန ဆိုတဲ့  အဓိပ္ပာယ်ရပါတယ်။
၀န်ကြီးဌာန ဝါစဥ်သတ်မှတ်မှုဟာ ​စစ်​ကောင်စီအစည်း အ​ဝေး ​နေရာချထားမှု၊ ဘတ်ဂျက်ခွဲ​ဝေသုံးစွဲမှု၊ ဦးစား​ပေးအဆင့် သတ်မှတ်မှု အပါအဝင် အုပ် ချုပ်​ရေးဆိုင်ရာ အ​ရေးကြီးအဆင့် သတ်မှတ်မှုလည်း ဖြစ်ပါတယ်။
အောက်ဆုံးအဆင့်မှာရှိနေတဲ့ တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနအနေနဲ့ စစ်ကောင်စီရဲ့ လုံခြုံရေး၊ နိုင်ငံရေး၊ စီးပွားရေး၊  ပညာရေး၊ ကျန်းမာရေး ဆိုင်ရာ  အစည်းအဝေးတွေမှာ ဦးစားပေး ဖိတ်ခေါ်ခံရခြင်း၊ တက်ခွင့် မရခြင်း စတဲ့ အရေးမကြီးတဲ့ ဝန်ကြီးဌာနအဖြစ် သတ်မှတ်ခြင်းခံရတာလည်းဖြစ်ပါတယ်။ 
ငြိမ်းချမ်းရေး၊ တိုင်းရင်းသား အရေး ဘယ်လောက်ပဲ အသံကောင်းဟစ်ပေမယ့်လည်း လက်နက်အားကိုးတဲ့ လူမိုက် စရိုက်ကို မင်းအောင်လှိုင်သတ်မှတ်တဲ့ ဝန်ကြီးဌာန ဝါစဉ်တွေကို ကြည့်ရင် သိနိုင်မှာလည်းဖြစ်ပါတယ်။


ဆက်ဖတ်ရန် →