နောက်ဆုံးရ
 ခမရ ၃၀၄ တပ်မှ တပ်သားလင်းထက်အောင်၊ ခလရ ၂၆၈ တပ်မှ တပ်သားအောင်မိုးတို့ ငွေကျပ် သိန်း ၁၀၀ စီရရှိ

ခမရ ၃၀၄ တပ်မှ တပ်သားလင်းထက်အောင်၊ ခလရ ၂၆၈ တပ်မှ တပ်သားအောင်မိုးတို့ ငွေကျပ် သိန်း ၁၀၀ စီရရှိ

စစ်ကောင်စီ၏ ခမရ ၃၀၄ တပ်မှ တပ်သားလင်းထက်အောင်၊ ခလရ ၂၆၈ တပ်မှ တပ်သားအောင်မိုးတို့ လက်နက်ခဲယမ်း အပြည့်အစုံဖြင့် အလင်းဝင်၊ လက်နက်အပြည့်အစုံဖြင့် အလင်းဝင်လျှင် ငွေကျပ် သိန်း ၁၀၀ ချီးမြှင့်မည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄ ခေတ်သစ် 

အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကောင်စီ၏ ခမရ ၃၀၄ တပ်မှ တပ်သားလင်းထက်အောင်၊ ခလရ ၂၆၈ တပ်မှ တပ် သား အောင်မိုးတို့ လက်နက်ခဲယမ်း အပြည့်အစုံဖြင့် အလင်းဝင်ကြောင်း  ချင်းပြည်သူ့ကာကွယ်ရေးတပ်များ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။ 
၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့တွင်  ခမရ-၃၀၄ မှ တပ်သား ရဲဘော်လင်းထက်အောင်သည် CDF-Kanpetlet ထံသို့  MA 1 - သေနတ် ၁လက်၊ MAကျည် -၃၃၆တောင့်၊ နင်းမိုင်း -၁လုံး၊ လက်ပစ်မိုင်း  -၁လုံး၊ အီနာဂါ  -၂လုံး၊ စကားပြောစက် -၁လုံး၊ ကျည်ကာအင်္ကျီ  -၁ထည် တို့ဖြင့် အလင်းဝင်လာခဲ့ကြောင်း သိရှိရသည်။ 
ထို့အတူ  ချင်းပြည်နယ်၊ဖလမ်းမြို့နယ် ခလရ ၂၆၈ တပ်မှ အောင်မိုးသည် စစ်ကောင်စီလက်အောက်တွင် ဆက်လက်တာဝန်ထမ်းဆောင်လိုခြင်း မရှိတော့သဖြင့်  CNO/CNDF ထံသို့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် လက်နက်အပြည့်စုံဖြင့် အလင်းဝင်ရောက်ခဲ့ကြောင်း၊  CNO/CNDF က ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် တပ်သား အောင်မိုးကို  ငွေကျပ် သိန်း ၁၀၀ ချီးမြှင့်၍  ဆုကြေးငွေ ချီးမြင့်ကာ လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။ 
CNO/CNDF အနေဖြင့် စစ်ကောင်စီထံမှလက်နက်အပြည့်အစုံဖြင့် အလင်းဝင်ရောက်လာသော စစ် သား၊ရဲ များအား ယခင်တွင် ၎င်းတို့၏ အသက်မွေးဝမ်းကြောင်းအတွက် သိန်း ၅၀  ဆုချီးမြှင့်ခဲ့ကြောင်း၊   CNO/CNDF အနေဖြင့် လက်နက်အပြည့်စုံနှင့် အလင်းဝင်ရောက်သူအားလုံးကို ၎င်းတို့ အသက်မွေးဝမ်းကြောင်းအတွက် ယခင်ဆုကြေးငွေ ကျပ်သိန်း(၅၀)အပြင် ထပ်တိုးချီးမြှင့်ငွေ ဆုကြေး ကျပ်သိန်း(၅၀)၊စုစုပေါင်း ကျပ်သိန်း (၁၀၀)ထိ ပေးအပ်သွားမည်ဖြစ်ကြောင်း ချင်းအမျိူးသားအဖွဲ့ချူပ်က သတင်းထုတ်ပြန်ထားသည်။




ဆက်ဖတ်ရန် →
စစ်တပ်က ပြည်သူတွေကို  ဖိနှိပ်သတ်ဖြတ်နေချိန် အမေရိကန် ကုန်သည်အသင်းနဲ့ အပေါင်းအပါတွေက ရန်ကုန်မှာ ဂေါက်သီးရိုက်ပြိုင်ပွဲ ကျင်းပဖို့ စီစဥ်နေမှု ဝေဖန်ခံရ

စစ်တပ်က ပြည်သူတွေကို ဖိနှိပ်သတ်ဖြတ်နေချိန် အမေရိကန် ကုန်သည်အသင်းနဲ့ အပေါင်းအပါတွေက ရန်ကုန်မှာ ဂေါက်သီးရိုက်ပြိုင်ပွဲ ကျင်းပဖို့ စီစဥ်နေမှု ဝေဖန်ခံရ

By ရန်ကုန်ခေတ်သစ်


မြန်မာနိုင်ငံရှိ အမေရိကန်ကုန်သည်ကြီးများ အသင်း(AmCham) ဟာ ရန်ကုန်မြို့မှာ မကြာမီရက်ပိုင်းအတွင်း ဂေါက်သီးရိုက်ပြိုင်ပွဲတစ်ခုကို ကျင်းပဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။


လာမယ့် ဖေဖော်ဝါရီ ၁၈ ရက်နေ့၊ ရန်ကုန်မြို့ ပန်းလှိုင်ဂေါက်ကွင်းမှာ ကျင်းမှာမှာဖြစ်တဲ့ အဆိုပါ ဂေါက်သီးရိုက်ပြိုင်ပွဲကို အမေရိကန် ကုန်သည်ကြီးများအသင်း (AmCham) နဲ့အတူ မြန်မာ ဟောင်ကောင် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MHKCCI)၊ မြန်မာနိုင်ငံဆိုင်ရာ စင်္ကာပူအသင်း (SAM) နဲ့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းစီးပွားရေးလုပ်ငန်းရှင်များအသင်း (TBAM) တို့က ဦးဆောင်ကျင်းပမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။


အာရှ-ပစိဖိတ် အပြည်ပြည်ဆိုင်ရာ အစားအသောက်၊ စိုက်ပျိုးရေး၊ ဟိုတယ်၊ စားသောက်ဆိုင်၊ ဆေးရွက်ကြီး သမဂ္ဂနှင့် မဟာမိတ် အလုပ်သမားများအသင်း (IUF) ကြီးကတော့ နိုင်ငံရဲ့အာဏာကို တရားမဝင် အင်အားသုံး လုယူနေတဲ့ အကြမ်းဖက် စစ်ကောင်စီကို ပြည်သူတွေက နည်းပေါင်းစုံနဲ့ အခုလိုတော်လှန်နေချိန်မှာ ဒီဂေါက်သီးရိုက်ပြိုင်ပွဲကို ဦးဆောင်ကျင်းပတဲ့  အမေရိကန် ကုန်သည်ကြီးများအသင်းနဲ့ သူ့အပေါင်းအဖော် အဖွဲ့ဝင်တွေကို ကန့်ကွက်ရှုတ်ချတယ် လို့ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။


“ဒီလုပ်ရပ်ဟာ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေ ပုံမှန်အတိုင်း ပြန်လည်လည်ပတ် လုပ်ကိုင်နေကြောင်း” အထင်အရှား သက်သေထူလိုတဲ့ လုပ်ရပ်သဖွယ်ဖြစ်နေပြီး၊ အဖိနှိပ်ခံ မြန်မာပြည်သူတွေရဲ့ လွတ်လပ်ရေးနဲ့ လူ့အခွင့်အရေးတို့အပေါ် ညှာတာမှု ကင်းမဲ့တဲ့၊ မထောက်ထား မစာနာတဲ့ လုပ်ရပ်လည်း ဖြစ်ပါတယ်။ စစ်တပ်ရဲ့ ခရိုနီစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဂေါက်သီးရိုက်ပွဲ ပြန်လည်ကျင်းပခြင်းဟာ နိုင်ငံတကာ စီးပွားရေး အသိုင်းအဝိုင်းအနေနဲ့ ပြစ်ဒဏ်ပေးခံရခြင်းကနေ လွတ်မြောက်နေတဲ့ အပြစ်သား (စစ်အုပ်စု) တွေနဲ့ နောက်တစ်ကြိမ် ထပ်မံပူးပေါင်း လုပ်ကိုင်နေကြောင်းကို ညွှန်ပြနေတဲ့ အချက်လည်း ဖြစ်ပါတယ်” လို့ IUF က သူတို့ရဲ့ website မှာ ‌ရေးသားဖော်ပြထားပါတယ်။


ကိုကာကိုလာ၊ ပန်ပစိဖိတ်(Pan Pacific)၊ Park Royal နှင့် The Pizza ကုမ္ပဏီတွေကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈ ရက်မှာ ကျင်းပမဲ့ အဆိုပါ ဂေါက်သီးရိုက်ပြိုင်ပွဲအတွက် ငွေကြေးမဟုတ်သော ပစ္စည်းနဲ့ ပူးတွဲထောက်ပံ့တဲ့ အလှူရှင်ကုမ္ပဏီများအဖြစ် ဖော်ပြထားပါတယ်။ 


အဆိုပါ အလှူရှင်ကုမ္ပဏီတွေရဲ့ လိုဂိုအမှတ်တံဆိပ်တွေကို ဖေဖော်ဝါရီ ၈ ရက်မှာ AmCham ရဲ့ဝဘ်ဆိုဒ်မှ ဖယ်ရှားခဲ့ပြီးဖြစ်ပေမဲ့၊ (လူမှုကွန်ရက် စာမျက်နှာထက်ရှိ) ပြိုင်ပွဲပေ့ချ် စာမျက်နှာမှာတော့ ဆက်လက်ပြသထားဆဲ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲရဲ့ အခြားစပွန်ဆာတွေထဲမှာ Luther ဥပဒေကုမ္ပဏီ၊ RMA အုပ်စု၊ ဂရမ်းရိုင်ရယ် (Grand Royal)၊ ရိုးမဘဏ် (Yoma Bank) နဲ့ M Tower စတဲ့အဖွဲ့အစည်းတွေလည်း ပါဝင်နေပါတယ်။


တရားမဝင် စစ်အာဏာသိမ်းမှု၏ အကျိုးဆက်အဖြစ် အခုလို တိုင်းပြည်က မငြိမ်မသက်ဖြစ်ပြီး ပြည်သူများ ခက်ခဲစွာ ရုန်းကန်နေရချိန်မှာ ညစာအပါအဝင် ပါဝင်ခွင့် လက်မှတ်တစောင်ကို နိုင်ငံခြားကုန်သည်ကြီးများ အသင်းဝင်အတွက် မြန်မာကျပ်ငွေ ၂၅၀,၀၀၀ နဲ့ အသင်းဝင်မဟုတ်သူများအတွက် မြန်မာကျပ်ငွေ  ၃၀၀,၀၀၀ အထိကုန်ကျမှာဖြစ်တဲ့ အဆိုပါ ဂေါက်သီးရိုက်ပြိုင်ပွဲနဲ့ပတ်သက်ပြီး ဝေဖန်ရှုတ်ချမှုတွေကလည်း ထွက်ပေါ်လို့ လာနေပါတယ်။


လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများအဖွဲ့ဖြစ်တဲ့ Justice For Myanmar က စစ်ထောက်ချုပ်ရုံးပိုင် မြေ‌ပေါ်မှာ  ငှားရမ်းတည်ဆောက်ထားပြီး မြန်မာစစ်တပ်ကို အခွန်ဘဏ္ဍာငွေတွေ ပေးဆောင်နေတဲ့ ရန်ကုန် LOTTE ဟော်တယ်ဟာ ဒီပြိုင်ပွဲကို  စပွန်ဆာပေး ထောက်ပံ့သူအနေနဲ့ ပါဝင်နေတဲ့အပေါ် ထောက်ပြဝေဖန်လိုက်ပါတယ်။ 


ဒါ့အပြင် မြန်မာစစ်တပ်ကို ငွေကြေးထောက်ပံ့နေပြီး စစ်တပ်ရဲ့ ရာဇ၀တ်မှုတွေမှာ ကြံရာပါ ပါဝင်ပတ်သက်စေတဲ့  စီးပွားရေးလုပ်ငန်းတွေကို အားပေးမြှင့်တင်ပေးနေတဲ့ နိုင်ငံခြား ကုန်သည်ကြီးများ အသင်းတွေရဲ့ လုပ်ရပ်ဟာ  ရှက်ဖွယ်လိလိပါပဲ လို့လည်း JFM က ဝေဖန်ပြောဆိုခဲ့ပါတယ်။


မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတဦးကတော့ အခုလို နိုင်ငံခြား ကုန်သည်ကြီးအသင်းတွေရဲ့ လုပ်ရပ်အပါဝင် မြန်မာအကြမ်းဖက် စစ်အုပ်စု ပိုင်ဆိုင်ထားတဲ့ ဒါမှမဟုတ် ထိန်းချုပ်ထားတဲ့ စီးပွားရေးလုပ်ငန်းတွေမှာ  နိုင်ငံတကာကုမ္ပဏီတွေ ဆက်လက်လုပ်ကိုင်နေနိုင်တာဟာ အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေရဲ့ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပစ်မှတ်ထား ပိတ်ဆို့မှုတွေမှာ အားနည်းချက်တွေ ရှိနေတာကြောင့် လို့ ဆိုပါတယ်။ 


"ပြည်သူတွေအပေါ် ရည်ရွယ်ချက်ရှိရှိ ကျူးလွန်နေတဲ့ စစ်တပ်ရဲ့ ရာဇဝတ်မှုတွေကို တကယ်ပဲ ရပ်တန့်‌စေချင်ရင်တော့ အနောက်နိုင်ငံတွေအနေနဲ့ ရှေ့နောက် မညီတဲ့ လုပ်ရပ်တွေကို ရပ်တန့်ပြီး၊ ဒီထက်ပိုပြီး ပြတ်သားတဲ့ ထိရောက်တဲ့ ပစ်မှတ်ထား ပိတ်ဆို့မှုတွေကို အမြန်ဆုံး ချမှတ်ပေးရမှာပါ။ အထူးသဖြင့် MOGE လို နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းအမည်ခံ စစ်တပ်ထိန်းချုပ်ထားတဲ့ လုပ်ငန်းမျိုးကိုပေါ့" လို့ပြောခဲ့ပါတယ်။ 


ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲအကြမ်းဖက်စစ်အုပ်စုအတွက် ဝင်ငွေအမြောက်အမြား   ရှာဖွေပေးနေတဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့ လုပ်ငန်းတွေကို ထောက်ပံ့ကူညီနေတဲ့ အမေရိကန်၊ ဆွစ်ဇာလန်၊ ဂျပန်၊ ယူကေနဲ့ အိုင်ယာလန် ကုမ္ပဏီတွေပါဝင်တဲ့ နိုင်ငံတကာ သဘာဝဓတ်ငွေ့လုပ်ကွက် ဝန်ဆောင်မှုကုမ္ပဏီ ၂၂ ခု အကြောင်းကို အသေးစိတ်စုံစမ်း စစ်ဆေး ဖော်ထုတ်ထားတဲ့ သတင်းနဲ့ အစီရင်ခံစာတွေကို Justice for Myanmar နဲ့ The Guardian သတင်းစာကြီးက ထုတ်ပြန်ခဲ့ပါသေးတယ်။




ဆက်ဖတ်ရန် →
ရွှေဘို၊ ကျောက်မြင့်ရွာနှင့် တင့်တယ်ရွာကို စစ်တပ် မီးရှို့ဖျက်ဆီးမှု နေအိမ် ၆၀၀ ကျော်ပြာကျ

ရွှေဘို၊ ကျောက်မြင့်ရွာနှင့် တင့်တယ်ရွာကို စစ်တပ် မီးရှို့ဖျက်ဆီးမှု နေအိမ် ၆၀၀ ကျော်ပြာကျ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄ ခေတ်သစ်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကျောက်မြင့်ရွာနှင့် တင့်တယ်ရွာကို အကြမ်းဖက် စစ်တပ် မီးရှို့ ဖျက်ဆီးမှု နေအိမ် ၆၀၀ ကျော်ပြာကျခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၈ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က ကျောက်မြင့်ရွာကို သေနတ်များ ပစ်ဖောက်ကာ ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင် နေအိမ် ၂၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ မွန်းလွဲ ၁ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က တင့်တယ်ရွာကို ထပ်မံ ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင် နေအိမ် ၄၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
"​ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ကျောက်မြင့်ရွာက အရင်းဆုံး မီးရှို့ခံရတာ နံနက်အစောပိုင်းလောက်မှာ ရွာကို စစ်ခွေးတွေက ဝင်စီးပြီး ၈ နာရီလောက်မှာ စရှို့တယ် နေအိမ် ၂၀၀ ကျော် မီးလောင်ပြာကျသွားတယ်။ မွန်းလွဲ ၁၂ နာရီလောက်မှာ တင့်တယ်ရွာကို ဝင်ရောက်စီးနင်းပြီး ၁ နာရီလောက်မှာ ပြည်သူပိုင် နေအိမ် ၄၀၀ ကျော်ကို မီးရှို့ဖျက်ဆီးသွားတယ်။ အဲ့ ၂ ရွာပြီးတော့ ကျားရွာကို ထပ်ရှို့တာပဲ" ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။









ဆက်ဖတ်ရန် →
The military council killed a priest and 2 villagers and burned their homes In Shwebo Sagaing

The military council killed a priest and 2 villagers and burned their homes In Shwebo Sagaing

Sagaing Division Shwebo Township, On February 12th, the army of the military council burned the village of Tintel and killed a priest and 2 villagers.
A local resident said that about 100 soldiers and Pyu forces from the 33rd Tamak attacked Tintel village on the morning of the 12th and burned more than 100,000 rice baskets and around 200 houses.
"About 200 homes and 100,000 rice baskets in Tintel village were burned. The value of rice is about
 20,000,000,000 Kyat. A monk, a woman and a man were also killed. It is difficult to estimate the life after it was burned," said a local.

"About 200 homes and 100,000 rice baskets in Tintel village were burned. The value of rice is about 20,000,000,000 Kyat. A monk, a woman and a man were also killed. It is difficult to estimate the life after it was burned," said a local.
The identity of the deceased is not yet known, but their bodies were buried yesterday morning, February 13th, and because the military group was in the vicinity of Tintel village, they were not able to honor the dead according to Buddhist tradition.
He also said that the more than 100,000 rice baskets include the rice produced by the villagers, as well as the rice purchased and stored by some merchants. The price of 100 baskets is 20,000 kyats.
Similarly, on the morning of February 12, the same army also burned about 10 houses in Kyauk Myint village near Tinttel village.
In addition, yesterday, February 13th, at 12:00 noon, the village of Mae Tow continued to be set on fire and remained in the village until about 3:00 p.m., according to the local residents.
uring this year's rice harvest, the military group stole and harvested the locally grown rice, in addition to confiscating 1 harvester and 1 tolaji that were harvesting rice, local farmers were afraid to harvest rice in Shwebo Township, Nearly 100 acres of rice fields around Gidol village and Zihyu Kone village were destroyed.
News: Khao Aung, Editor: Lin







ဆက်ဖတ်ရန် →
ရွှေဘိုမှာ စစ်ကောင်စီက ဘုန်းကြီးနဲ့ ရွာသား ၂ ဦးကိုသတ်ပြီး နေအိမ်တွေပါမီးရှို့ခဲ့။

ရွှေဘိုမှာ စစ်ကောင်စီက ဘုန်းကြီးနဲ့ ရွာသား ၂ ဦးကိုသတ်ပြီး နေအိမ်တွေပါမီးရှို့ခဲ့။

မြေလတ်အသံ - Myaelatt Athan.
ရွှေဘို၊ ဖေဖေါ်ဝါရီ ၁၄၊ ၂၀၂၃။


စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တင့်တယ်ရွာကို စစ်ကောင်စီတပ်က ဖေဖေါ်ဝါရီလ ၁၂ ရက်မှာ မီးရှို့ခဲ့တဲ့အပြင် ဘုန်းကြီးတပါးနဲ့ ရွာသား ၂ ဦးကိုပါ သတ်ခဲ့တယ်လို့ သိရပါတယ်။ 
တမခ ၃၃ က စစ်သားတွေနဲ့ပျူအင်အား ၁၀၀ လောက်ဟာ တင့်တယ်ရွာကို ၁၂ ရက်မနက်ပိုင်းက ဝင်ရောက်မီးရှို့ခဲ့တာကြောင့် စပါးတင်း ၁ သိန်းကျော်နဲ့ နေအိမ် ၂၀၀ ဝန်းကျင် မီးလောင် ပျက်ဆီးခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။ 
"တင့်တယ်ရွာက နေအိမ် ၂၀၀ လောက်နဲ့ စပါးတင်း ၁ သိန်းလောက်ကို မီးရှို့သွားတာဗျ။ စပါးဖိုး သိန်း ၂ သောင်းလောက်ရှိမယ်။ ဘုန်းကြီးတပါး၊ အမျိုးသမီးတဦးနဲ့ အမျိုးသားတဦးကိုလည်း သတ်သွားတယ်။ မီးလောင်ထားတော့ အသက်ကခန့်မှန်းရခက်တယ်"လို့ ဒေသခံတဦးကပြောပါတယ်။
သေဆုံးသူတွေဟာ ဘယ်သူဘယ်ဝါဆိုတာကို မသိရသေးပေမယ့် သူတို့ရဲ့အလောင်းကို ဖေဖေါ်ဝါရီလ ၁၃ ရက်မနေ့ကမနက်မှာသဂြိုလ်ခဲ့ပြီး စစ်အုပ်စုက တင့်တယ်ရွာအနီးဝန်းကျင်မှာပဲရှိနေတာကြောင့် ဗုဒ္ဓဘာသာဓလေ့အရ သရဏဂုဏ်တင်ပေးနိုင်ခြင်းမရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။ 
စပါးတင်း ၁ သိန်းကျော်မှာ ကျေးရွာသားတွေရဲ့ လယ်ထွက်စပါးတွေအပြင် ကုန်သည်အချို့ဝယ်ယူသိုလှောင်ထားတဲ့ စပါးတွေပါဝင်ပြီး တင်း ၁၀၀ လျင် ကျပ်သိန်း ၂၀ ပေါက်စျေးရှိတဲ့ ရွှေဘိုဒေသထွက် ပေါ်ဆန်းဘေးကြားစပါးတွေဖြစ်တယ်လို့လည်း ဆိုပါတယ်။
အလားတူ ဖေဖေါ်ဝါရီ ၁၂ ရက်မနက်ပိုင်းမှာပဲ အဲဒီစစ်တပ်ဟာ တင့်တယ်ရွာအနီးရှိ ကျောက်မြင့်ရွာက နေအိမ် ၁၀ လုံးလောက်ကိုလည်း မီးရှို့ခဲ့ပါသေးတယ်။ 
ဒါ့အပြင် ဖေဖေါ်ဝါရီလ ၁၃ ရက်မနေ့ကနေ့လယ် ၁၂ နာရီလောက်မှာလည်း မဲတောရွာကို ဆက်လက်မီးရိူ့ခဲ့ပြီး ညနေ ၃ နာရီခန့်အထိ အဲဒီရွာထဲမှာပဲရှိနေသေးတယ်လို့ အဲဒီဒေသခံဆီက သိရပါတယ်။
အခုနှစ်စပါးရိတ်သိမ်းချိန်ကလည်း စစ်အုပ်စုဟာ ဒေသခံစိုက်ပျိုးထားတဲ့စပါးတွေကို ခိုးယူရိတ်သိမ်းခဲ့တဲ့အပြင် စပါးရိတ်နေတဲ့ ရိတ်ခြွေစက် ၁ စီးနဲ့ထော်လာဂျီတစီးကို သိမ်းယူခဲ့လို့ ဒေသခံလယ်သမားတွေ စပါးမရိတ်သိမ်းရဲတာကြောင့် ရွှေဘိုမြို့နယ်၊ သီးလုံးရွာနဲ့ ဇီဖြူကုန်းရွာဝန်ကျင်က စပါးစိုက်ဧက ၁၀၀ နီးပါး အကျိုးမဲ့ပျက်စီးခဲ့ရပါသေးတယ်။
သတင်း − ခန့်အောင်၊ စာတည်း − လင်း 









.

ဆက်ဖတ်ရန် →
အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး NUG အစိုးရရုံး ဖွင့်လှစ်ပေး

အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး NUG အစိုးရရုံး ဖွင့်လှစ်ပေး

■ အမေရိကန် ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့တော်မှာ အခြေစိုက်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးရုံးခန်း တရားဝင်ဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ကျင်းပခဲ့ပါတယ်။
အခမ်းအနားကို NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ဒုဝန်ကြီး ဦးမိုးဇော်ဦး၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းအပြင် အမေရိကန်အစိုးရဘက်က လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စ Uzra Zeya အပါအဝင် တခြားတာဝန်ရှိသူတွေလည်း တက်ရောက်ပါတယ်။
အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက "အမေရိကန်အစိုးရအနေနဲ့ Burma Act ဥပဒေမှာ ပြဋ္ဌာန်းပါရှိတဲ့အတိုင်း မြန်မာနိုင်ငံမှာ အားလုံးပါဝင်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ဖို့ ဆက်လက်အားပေးထောက်ခံနေတယ်" လို့ ဖွင့်ပွဲမိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
မြန်မာစစ်ကောင်စီက ကျင်းပဖို့ ပြင်ဆင်နေတဲ့ အတုအယောင် ရွေးကောက်ပွဲကို အမေရိကန်ကရော တခြားဒေသတွင်းနိုင်ငံတွေကပါ လက်မခံကြဖို့ အရေးကြီးကြောင်းလည်း သူက တိုက်တွန်းခဲ့ပါတယ်။
အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ရဲ့ ရုံးခန်းဟာ အမေရိကန်သမ္မတအိမ်ဖြူတော် White house ကနေ မိုင်ဝက်လောက်ပဲဝေးတဲ့ နေရာမှာ တည်ရှိတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်ကုန်ပိုင်း နိုဝင်ဘာလကစလို့ ဒီရုံးခန်းကို ဖွင့်ထားတာဖြစ်ပေမယ့် အခု အမေရိကန်အစိုးရဝန်ကြီးတွေဖိတ်ပြီး အခမ်းအနားနဲ့ ထပ်မံဖွင့်လှစ်တာပါ။
အခုလို ရုံးဖွင့်ခွင့်ရတာဟာ NUG ကို မြန်မာပြည်သူတွေရဲ့ တရားဝင်ကိုယ်စားပြုအစိုးရအဖြစ် အမေရိကန်ပြည်ထောင်စုဘက်က အသိအမှတ်ပြု လက်ခံလိုက်တာဖြစ်တယ်လို့  NUG နိုင်ငံခြားရေး ဒုဝန်ကြီး ဦးမိုးဇော်ဦးက RFA ကို ပြောဆိုထားဖူးပါတယ်။
RFA က ကောက်ယူထားတဲ့ အချက်အလက်တွေအရ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ရုံးခန်းတွေကို အမေရိကန်၊ ယူကေ၊ ဩစတြေးလျ၊ ပြင်သစ်၊ ချက်နဲ့ တောင်ကိုရီးယား၊ ဂျပန်နဲ့ နော်ဝေနိုင်ငံတို့မှာ ဖွင့်လှစ်ထားပါတယ်။
အာဏာသိမ်း စစ်ကောင်စီဘက်ကတော့ NUG ကိုယ်စားလှယ် ရုံးခန်းဖွင့်တဲ့ နိုင်ငံတွေကို ကန့်ကွက်ထားပါတယ်။ ဒီကနေ့ အမေရိကန်အစိုးရတာဝန်ရှိသူတွေ တက်ရောက်ဖွင့်လှစ်ခဲ့တာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သဘောထားမသိရသေးပါဘူး။
အခုဆိုရင် အမေရိကန် ပြည်ထောင်စု အစိုးရရုံးစိုက်ရာ ဝါရှင်တန်ဒီစီမြို့တော်မှာ စစ်ကောင်စီလက်အောက်ခံသံရုံးနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာနရုံးဆိုပြီး အပြိုင် ရုံးနှစ်ရုံး ရှိသွားပြီဖြစ်ပါတယ်။


Photo: RFA









VOA👇👇👇





ဆက်ဖတ်ရန် →
ဝိုင်းမော်တွင် စစ်ကောင်စီ၏ ခလရ ၃၈၉ တပ်မှ ဒုတပ်ရင်းမှူးနှင့်အဖွဲကို KIA တပ်က ဖမ်းဆီး၊ အသေးစိတ် မကြာမီ ထုတ်ပြန်မည်ဟုဆို

ဝိုင်းမော်တွင် စစ်ကောင်စီ၏ ခလရ ၃၈၉ တပ်မှ ဒုတပ်ရင်းမှူးနှင့်အဖွဲကို KIA တပ်က ဖမ်းဆီး၊ အသေးစိတ် မကြာမီ ထုတ်ပြန်မည်ဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄ ခေတ်သစ်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြိုနယ်၊ ဆံဒုံး-ကန်ပိုက်တီးလမ်းပိုင်းတွင် စစ်တပ် ခလရ ၃၈၉ တပ်မှ ဒုတပ်ရင်းမှူးနှင့်အဖွဲကို KIA တပ်ဖွဲက ဖမ်းဆီးလိုက်ကြောင်း KIA သတင်းရင်းမြစ်က ပြောသည်။ 

ယမန်နေ့ ဖေဖော်ဝါရီလ ၁၃ ရက် နံနက် ၉ နာရီခန့်အချိန် ဝိုင်းမော်မြိုနယ်တွင် စစ်တပ်နှင့် အကျိုးတူလုပ်ကိုင်နေသော ရွှေတူးဖော်ရေးလုပ်ငန်းရှင်များကို စစ်ကောင်စီ၏ ခလရ ၃၈၉ တပ်မှ ဒုတပ်ရင်းမှူးနှင့်အဖွဲက သွားရောက်တွေ့ဆုံပြီး ရွှေလုပ်ကွက်များကို စစ်ဆေးခဲ့ကြောင်း၊ ယင်းနောက် အိမ်စီးကားဖြင့် တိတ် တခိုးပြန်လာစဉ်  ကချင်လွတ်မြောက်ရေးတပ်မတော် KIA  က လမ်းမှ စောင့်ဆိုင်း ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ခလရ ၃၈၉ တပ်မှ ဒုတပ်ရင်းမှူးနှင့်အဖွဲကို KIA တပ်ဖွဲက ဖမ်းဆီးလိုက်ပြီးနောက် ယမန်နေ့  မွန်းတည့် ၁၂ နာရီ ၁၅ မိနစ်အချိန် စစ်တပ်က  စစ်ကြောင်းထိုးလာကြောင်း၊ အဆိုပါ စစ်ကြောင်းကို KIA တပ်ဖွဲက  စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများစွာဖြင့် ပြန်ဆုတ်သွားကြောင်း သိရသည်။

"ခလရ ၃၈၉ ဒုတပ်ရင်းမှူးနဲ့ အဖွဲကို အိမ်စီးကား တစ်စီး အပြည့်ပဲ ဖမ်းဆီးလိုက်တယ်။ လက်နက်ကော လူတွေကော ဖမ်းမိတာ။ အသေးစိတ်တော့ ထပ် ပြောပေးပါ့မယ်။ ဖမ်းမိတာကတော့ အတည်ပြုနိုင်ပြီ" ဟု KIA တပ်ဘက်က ပြောသည်။
ဓာတ်ပုံ- ကချင်ပြည်နယ်၊ ပူတာအိုရှိ KIA နှင့် PDF ပူးပေါင်းတပ်ဖွဲဝင်တချို။

 

 

ဆက်ဖတ်ရန် →
India does not have to compete with China; India will have to choose between the power and the power of the people that will come out of the gun

India does not have to compete with China; India will have to choose between the power and the power of the people that will come out of the gun

"What can India do to move Myanmar away from further violence?" written by former Indian Ambassador to Myanmar Gautam Mukhopadhaya in the Indian online journal The WIRE. Excerpted from a long article.

Staying close to home is not the right thing to do when a house is on fire. Currently, China is taking advantage of the fact that the world is falling apart in Burma, while India can no longer sit back and watch.

 The current Indian policy of relying on the Burmese coup group to contain China is even more questionable. Burma's military, according to history and tradition, is against China both militarily and militarily. Special attention is paid to the influx of people.

 However, in 1988, when the army killed their people, 2017 (Rohingya), And whenever it happens like this, China has taken advantage of the international ostracism. The army is weak domestically and has always had to make concessions to China. Can that position ensure India's security? 

China is now stretching its arms from the Bay of Bengal to the Gulf of Muttama.Under former President Thein Sein, the Western Group United States Japan With the restoration of relations with India and the Burmese people's dissatisfaction with the Chinese encroachment interms of population, the situation has deteriorated. Anti-Chinese views are now growing, with suspicions that China may be behind the coup.

Therefore, achieving democracy where the people of Burma have full say can be more beneficial for India than having the Burmese army suffer because of China. It is uncertain whether he will wait for the time when he will become himself. Only if the mother and father try to do so, there may be political relations. 

India will not be able to compete with the Chinese in terms of being favored by the Burmese military. 

The more this is done, the stronger the view that the Burmese people are encouraging and supporting the military will become, and it may become as if they are creating damage to India's interests. 

Therefore, India can only use its democratic and economic power to be in line with the wishes of the Burmese people, as opposed to China's path. There will be no benefit if the Burmese military side, which is oppressive and ruled by China, stands still.What India should do is to secretly communicate with the National Unity Government and the main ethnic armed organizations.

 The Burmese military does not come up with any ideas other than holding on to the 2008 constitution, which is currently impossible. Than Shwe's plan is nothing more than the ideology of wanting to dominate from behind by putting on a show and dominating in the form of a civilian government.

The PR election they will hold is not to be seen as official in any way at home and abroad, and the people who will oversee the election are being attacked by the revolutionary forces, and they are not scolding them for it to happen.

The ASEAN side has tried to negotiate with the opposition forces, but there is no prospect of doing so.Young people, who are the most part of Myanmar's population base, are concerned about their future opportunities,They have decided to make sacrifices for the right to live and travel freely.

Now, it is inconceivable that the army will be able to regain control of the entire country. However, only the federal democratic union that will participate in the military will be able to protect Myanmar from becoming a Balkan region. Therefore, India needs to review the Myanmar policy. There is a need to think 

 more balance between the power that will come out of the gun and the power that will come from the people.Will the power that comes out of the gun be revealed to be beneficial to India? Or we will have to think about whether freedom and democracy are the real values ​​for India. In the current situation, accepting and resettling the fleeing refugees; Among them, the students awarding scholarships to scholars; Political investments should have been made, such as providing medicine and humanitarian aid.The people's resistance and struggle will surely win!!!

writting by Hla Soe Wei 

 


 

 

ဆက်ဖတ်ရန် →
အိန္ဒိယ သည် တရုတ် နှင့် ပြိုင်နေစရာမလို၊ ‌သေနတ်ပြောင်းဝက ထွက်လာမည့် အာဏာ နှင့် ပြည်သူ အာဏာ တခုခု ကို ရွေးချယ်ရတော့မည်

အိန္ဒိယ သည် တရုတ် နှင့် ပြိုင်နေစရာမလို၊ ‌သေနတ်ပြောင်းဝက ထွက်လာမည့် အာဏာ နှင့် ပြည်သူ အာဏာ တခုခု ကို ရွေးချယ်ရတော့မည်

ယခင် မြန်မာ နိုင်ငံ ဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး Gautam Mukhopadhaya မှ အိန္ဒိယ အွန်လိုင်း ဂျာနယ် The WIRE တွင် ရေးသားခဲ့သည့် “What can India do to move Myanmar away from further violence?” ဆောင်းပါး ရှည်ကြီး မှ ထုတ်နှုတ်တင်ပြသည်။
အိမ်နီးနားခြင်း အိမ်တအိမ်တွင် မီးလောင်နေသည်ဆိုက ဘာမှ လုပ်မပေးပဲ နေခြင်းမျိုးသည် လုပ်သင့်သည့် အရာမျိုး မဟုတ်၊ လောလောဆယ် တရုတ်သည် ထိုသို့ မြန်မာပြည်တွင် ကမ္ဘာပျက်နေသလို ဖြစ်နေသည်ကို အခွင့်ကောင်း ယူ အသုံးချနေချိန်တွင် အိန္ဒိယ သည် ထိုင်ကြည့်နေ၍ မည်သို့မျှ မဖြစ်တော့။
လက်ရှိ အိန္ဒိယ မူဝါဒသည် တရုတ် ကို ထိန်းထားရန် မြန်မာ စစ်အာဏာသိမ်း အဖွဲ့ကို အားကိုးနေသည်ကပင် ပို၍ မေးခွန်းထုတ်စရာ ဖြစ်လာရသည်။ မြန်မာ စစ်တပ်သည် သမိုင်း အစဉ်အလာများအရ တရုတ် ကို စစ်ရေး အရ ရော၊ လူ များ ဝင်ရေက်စိမ့်ဝင်လာနေမှု အပေါ် အထူး သတိထားနေသည်။
သို့သော် စစ်တပ်သည် ၎င်းတို ပြည်သူများ အား သတ်ဖြတ်လာသည့် ၁၉၈၈၊ ၂၀၁၇ (ရိုဟင်ဂျာ) ၊ နှင့် ယခု အခါလို ကြုံလာရတိုင်း နိုင်ငံတကာ၏ ဝိုင်းပယ်ခံထားရမှု ကို အရင်းပြုပြီး တရုတ်သည် စီးပွားရေး အရ အမြတ်ထုတ်လာခဲ့သည်ချည်းပင် ဖြစ်သည်။ စစ်တပ်သည် ပြည်တွင်း တွင် အင်အားချိနဲ့လာနေ၍ တရုတ်ကို ကြိတ်မှိတ် လိုက်လျောပေးခဲ့ရသမြဲ ဖြစ်သည်၊ ထိုအနေအထားသည် အိန္ဒိယ၏ လုံခြုံရေး ကို အာမခံ နိုင်မည်လော။
တရုတ်သည် ယခုအခါ ဘင်္ဂလား ပင်လယ်အော် မှသည် မုတ္တမ ပင်လယ်ကွေ့အထိ ခြေတံလက်တံ ဆန့်ထုတ်လာနေပြီ ဖြစ်သည်။
သိန်းစိန် လက်ထက်တွင် အနောက်အုပ်စု၊ အမေရိကန်၊ ဂျပန်၊ အိန္ဒိယ တို့ နှင့် ဆက်ဆံရေး ပြန်လည် ကောင်းမွန်လာခြင်း နှင့် မြန်မာပြည်သူတို့က တရုတ် တို့ လူဦးရေ အရ ကျုးကျော်လာနေမှု များ အပေါ် မနှစ်မြို့ကြသဖြင် အခြေပျက်သွားခဲ့ရသည်။ ယခုအခါ အာဏာသိမ်းမှု နောက်ကွယ်တွင် တရုတ် တို့၏ ခြေရာလက်ရာများ ရှိနိုင်သည်ဆိုသည့် သံသယ ဖြင့် တရုတ် ဆန့်ကျင်ရေး အမြင်များ ကြီးထွားလာနေသည်။
ထို့အတွက် မြန်မာ ပြည်သူ တို့ ပြောနိုင်ဆိုနိုင်ခွင့် အပြည့်အဝ ရှိမည့် ဒီမိုကရေစီ ရရှိလာခြင်းသည် အိန္ဒိယ အဖို့ ယခုလို မြန်မာ စစ်တပ်ကို တရုတ်ကြောင့် မျက်နှာချို သွေးနေရခြင်းထက် ပို၍ပင် အကျိုး ရှိလာနိုင်သည်။ သူ့ဖာသာ ဖြစ်လာမည့် အချိန် စောင့်နေမည် ဆိုက မရေရာ၊ မိိမဖက်ကလည်း ထိုသို့ ဖြစ်ရန် ကြိုးစားပေးမှ သာ နိုင်ငံရေး အရ ဆက်ဆံမှုများ ရှိလာနိုင်ပေမည်။
အိန္ဒိယ သည် မြန်မာ စစ်တပ်၏ မျက်နှာသာပေးခြင်း ခံရဖို့ အရေးတွင် တရုတ်တို့နှင့် မည်သို့မျှ ယှဉ်နိုင်လိမ့်မည် မဟုတ်၊ ထိုသို့ တိုး၍ လုပ်လေ မြန်မာပြည်သူများက စစ်တပ်ကို အားပေးထောက်ခံနေသည် ဆိုသော အမြင် ခိုင်မာလေ ဖြစ်၍ အိန္ဒိယ အကျိုးစီးပွားပျက်စီးရာ ပျက်စီးကြောင်း ကိုယ့်ဖာသာ ဖန်တီးယူနေသလို ဖြစ်သွားနိုင်ပေသည်။
ထို့အတွက် အိန္ဒိယ သည် တရုတ် သွားရာ လမ်းကြောင်း နှင့် ဆန့်ကျင်ဖက် အဖြစ် မြန်မာပြည်သူများ၏ လိုလားချက်များ နှင့် လိုက်လျော ညီထွေ ရှိမည့် ဒီမိုကရေစီနှင့် စီးပွားရေး အင်အား ကို အသုံးချ ကူညီမှသာ ဖြစ်ပေမည်၊ တရုတ်ကဲ့သို့ ဖိနှိပ်အုပ်ချုပ်နေသည့် မြန်မာ စစ်တပ်ဖက်က ရပ်တည်ပေးနေ၍ အကျိုးရှိလာမည် မဟုတ်။
အိန္ဒိယ လုပ်သင့်သည်က အမျိုးသား ညီညွတ်ရေး အစိုးရနှင့် အဓိက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ နှင့် သိုသိုသိပ်သိပ် ဆက်သွယ် ထားရတော့မည် ဖြစ်သည်။
မြန်မာ စစ်တပ်သည် လက်ရှိတွင် မည်သို့မျှ မဖြစ်နိုင်တော့သည့် ၂၀၀၈ ဖွဲ့စည်းပုံ အား ဆုပ်ကိုင်ထားခြင်းမျိုးထက် အခြား မည်သည့် စိတ်ကူးစိတ်သန်း မျှ ထွက်မလာ၊ သန်းရွှေ ကြံစည်ထားသလို ချိတ်ထမိန် ဝတ် အရပ်သား အစိုးရ ပုံစံမျိုး ပွဲထုတ်ပြီး နောက်ကွယ်ကနေ လွှမ်းမိုးထားလိုသည့် အတွေးအခေါ် ထက် မပို။
၎င်းတို့ လုပ်မည့် ပီအာရွေးကောက်ပွဲသည် ပြည်တွင်းပြည်ပ တွင် မည်သို့မျှ တရားဝင် အဖြစ် ရှုမြင်ခံကြဖို့ မရှိသည့်အပြင် ရွေးကောက်ပွဲ ကြီးကြပ်မည့် သူများ အားလည်း တော်လှန်ရေး တပ်ဖွဲ့များက ရန်ရှာလာနေ၍ ဖြစ်လာဖို့ကလည်း မကြိမ်းသေ။
အာဆီယံ ဖက် ၎င်းတို့ ကို ငဲ့ညှာသော အားဖြင့် အတိုက်အခံ အင်အားစုများ နှင့် ဆွေးနွေးရန် မရမက ကြိုးပမ်းပေးခဲ့သော်လည်း လုပ်မည့် အလားအလာ မတွေ့ရ။ မြန်မာ လူဦးရေ အခြေပြ တွင် အများဆုံး ပါဝင်နေသော လူငယ် လူရွယ်များသည် ၎င်းတို့၏ အနာဂတ် အခွင့်အလန်းများ၊ လွတ်လပ်စွာ နေထိုင်သွားလာခွင့် ရရေး တို့ အတွက် အနစ်နာခံ တိုက်ပွဲဝင်ကြရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။
ယခုအခါ စစ်တပ်သည် တတိုင်းပြည်လုံး ကို ပြန်လည် ထိန်းချုပ်နိုင်မည် ဆိုသည် ကလည်း မည်သို့မျှ စဉ်းစား ပုံဖေါ် ကြည့်၍ မရသည့် အနေအထား မျိုး ဖြစ်နေသည်။ သို့သော် စစ်တပ် ပူးပေါင်း ပါဝင်မည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုသည်သာ မြန်မာ အား ဘောလ်ကန် ဒေသ အဖြစ်မျိုး ရောက်မသွားအောင် ကာကွယ်ပေးနိုင်ပေလိမ့်မည်။
ထို့အတွက် အိန္ဒိယ သည် မြန်မာ မူဝါဒ အား ပြန်လည် သုံးသပ်ရန် လိုအပ်လာပြီ ဖြစ်သည်၊ သေနတ် ပြောင်းဝ က ထွက်လာမည့် အာဏာ နှင့် ပြည်သူတို့ထံ မှ ဆင်းသက်လာမည့် အာဏာ အကြား ပို၍ မျှမျှတတ စဉ်းစား သဘောပေါက်ဖို့ လိုအပ်လာပြီ ဖြစ်သည်။
သေနတ် ပြောင်းဝက ထွက်သော အာဏာသည် အိန္ဒိယ အကျိုးရှိရာ ရှိကြောင်း ဖေါ်ဆောင်ပေးမည်လော၊ သို့တည်းမဟုတ် လွတ်လပ်ခွင် နှင့် ဒီမိုကရေစီ သည်သာ အိန္ဒိယ အတွက် အစစ်အမှန် အားထားရမည့် တန်ဖိုးများ လော ဆိုသည်ကို ချင့်ချိန်ရတော့မည် ဖြစ်သည်။၊
လက်ရှိ အနေအထား တွင် ထွက်ပြေးလာသော ဒုက္ခသည်များအား လက်ခံ နေရာချထားပေးခြင်း၊ ထိုအထဲတွင် ပါလာသော ကျောင်းသား များ၊ ပညာရှင်များ အား ပညာသင်ဆုများ ချီးမြှင့်ခြင်း၊ ဆေးဝါး နှင့် လူသားချင်း စာနာ သည့် အကူအညီများ ပေးခြင်း အစရှိသဖြင့် နိုင်ငံရေး ရင်းနှီးမြုပ်နှံ မှုများ ပြုလုပ်ထားသင့်ပြီ ဖြစ်သည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!
လှစိုးဝေ
 

 

ဆက်ဖတ်ရန် →