နောက်ဆုံးရ
မြန်မာစစ်တပ် ဝင်ငွေရနေတဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းများ

မြန်မာစစ်တပ် ဝင်ငွေရနေတဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းများ

 RFA
■ နိုင်ငံတကာ ပွင့်လင်းမြင်သာမှုရှိရေး အဖွဲ့အစည်းတွေဆီကနေရရှိတဲ့ အခွန်စာရွက်စာတမ်းတွေကို လေ့လာသုံးသပ်ချက်အရ အမေရိကန်နဲ့ နိုင်ငံတကာ စွမ်းအင်ကုမ္ပဏီကြီးတွေရဲ့ လက်ခွဲလုပ်ငန်းအချို့ဟာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်မှာတောင် မြန်မာနိုင်ငံမှာ လုပ်ငန်းဆက်လက်လည်ပတ်နေကြပြီး အကျိုးအမြတ်တွေလည်း ရနေကြတဲ့အကြောင်း ပြီးခဲ့တဲ့အပတ်က ယူကေ အခြေစိုက် ဂါးဒီးယန်းသတင်းစာက ရေးသားဖော်ပြလိုက်တာ ဖြစ်ပါတယ်။
ဂါးဒီးယန်းသတင်းစာကရရှိတဲ့ အခွန်စာရွက်စာတမ်းတွေအရ အမေရိကန်ရေနံလုပ်ငန်း ဟာလီဗာတန် (Halliburton) ရဲ့ စင်္ကာပူအခြေစိုက်လုပ်ငန်းခွဲ Myanmar Energy Services ဟာ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး ရှစ်လကျော်ကြာတဲ့ ၂၀၂၂ ခုနှစ် စက်တင်ဘာအထိ အလုပ်လုပ်နေဆဲဖြစ်ပြီး အခွန်မဆောင်ရသေးတဲ့ ဝင်ငွေ ဒေါ်လာ ၆.၃ သန်း ရခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အလားတူပဲ အမေရိကန်နိုင်ငံ ဟူစတန်အခြေစိုက် ရေနံတူးဖော်ရေးလုပ်ငန်း ဘေကာ ဟျူးစ် Baker Hughes ကုမ္ပဏီရဲ့ ရန်ကုန်ရုံးခွဲဟာဆိုရင်လည်း ၂၀၂၂ခုနှစ် မတ်လအထိ အခွန်မဆောင်ရသေးတဲ့ ဝင်ငွေ ဒေါ်လာ ၂.၆၄ သန်း ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ကမ်းလွန်ရေနံတူးဖော်ရေး ဝန်ဆောင်မှုပေးတဲ့ အမေရိကန်ကုမ္ပဏီ Diamond Offshore Drilling ဟာဆိုရင်လည်း ၂၀၂၁ ခုနှစ် စက်တင်ဘာလအထိ ဝင်ငွေ ဒေါ်လာ ၃၇ သန်းနဲ့ ၂၀၂၂ ခုနှစ်အထိ မတ်လအထိ ဝင်ငွေ ဒေါ်လာ ၂၄.၂ သန်း ရရှိကြောင်း အခွန်ဆိုင်ရာ စာရွက်စာတမ်းတွေမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ကမ္ဘာ့အကြီးဆုံး ကမ်းလွန်ရေနံတူးဖော်ရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ Schlumberger ကုမ္ပဏီရဲ့ ရန်ကုန်ရုံးခွဲဟာဆိုရင်လည်း ၂၀၂၁ ခုနှစ် စက်တင်ဘာအထိ မြန်မာနိုင်ငံက စီမံကိန်းတွေကနေ ဝင်ငွေ အမေရိကန်ဒေါ်လာ ၅၁.၇ သန်း ရရှိခဲ့ပြီး ၂၀၂၂ ခုနှစ် စက်တင်ဘာလမှာတော့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ စွမ်းအင်ဝန်ကြီးဌာနဆီကနေ ဒေါ်လာ နှစ်သိန်းရဖို့ ကျန်နေသေးတယ်လို့ ဖော်ပြထားပါတယ်။
အခုအချိန်မှာ မြန်မာနိုင်ငံက ရေနံနဲ့ သဘာဝဓာတ်ငွေ့တူးဖော်ရေးစီမံကိန်းတွေကို ထိုင်း၊ စင်္ကာပူနဲ့ တောင်ကိုရီးယားတို့လို အာရှနိုင်ငံတွေက ကုမ္ပဏီတွေက စီမံလုပ်ကိုင်နေတာ ဖြစ်ပေမယ့် ဒီကုမ္ပဏီတွေ တူးဖော်ရေးလုပ်ငန်းတွေ ဆက်လုပ်နေနိုင်အောင် အမေရိကန်ကုမ္ပဏီတွေက နည်းပညာဝန်ဆောင်မှုတွေပေးနေတာ ဖြစ်တဲ့အကြောင်း၊ ဒီအမေရိကန်ကုမ္ပဏီတွေဟာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ရောင်းချတဲ့ဝင်ငွေကနေ စစ်ကောင်စီ ဆက်လက်ရပ်တည်နိုင်စေဖို့ အကျိုးပြုနေတဲ့အကြောင်း သုံးသပ်ဖော်ပြထားတာ ဖြစ်ပါတယ်။
ဒီအချက်အလက်တွေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ ကုမ္ပဏီတွေကို ဂါးဒီးယန်းသတင်းစာက ဆက်သွယ်မေးမြန်းခဲ့ရာမှာ Halliburton၊ Schlumberger နဲ့ Diamond Offshore Drilling တို့က တုံ့ပြန်ဖြေကြားခြင်း မရှိဘဲ Baker Hughes ကုမ္ပဏီကတော့ စစ်တပ်က အာဏာမသိမ်းခင်ကတည်းက ချုပ်ဆိုထားတဲ့ စာချုပ်ဖြစ်ကြောင်းနဲ့ ၂၀၂၂ခုနှစ် အစောပိုင်းမှာ လုပ်ငန်းပြီးစီးခဲ့ကတည်းက စာချုပ်အသစ်ချုပ်ဆိုမှု မရှိတော့ကြောင်း ဖြေကြားထားပါတယ်။
အခုလို မြန်မာနိုင်ငံက စွမ်းအင်စီမံကိန်းတွေအတွက် ဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီတွေဟာ တရားမဝင် အာဏာသိမ်းထားတဲ့ စစ်ခေါင်းဆောင်တွေအတွက် ဝင်ငွေရဖို့ အထောက်အကူပေးရာ ရောက်တဲ့အကြောင်း စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု မြောက်တဲ့ စစ်ဆင်ရေးတွေအတွက် အားပေးကူညီရာရောက်တဲ့အတွက် နိုင်ငံတကာတာဝန်ရှိမှုတွေကို ချိုးဖောက်ရာ ရောက်တဲ့အကြောင်း မြန်မာစစ်တပ်ရဲ့ အကျိုးစီးပွားတွေအကြောင်း ဖော်ထုတ်နေတဲ့ Justice for Myanmar အဖွဲ့က မရတနာမောင်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂ရက်နေ့က အမေရိကန်အစိုးရရဲ့ ပိတ်ဆို့အရေးယူမှု စာရင်းမှာ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE ရဲ့ ခေါင်းဆောင်နှစ်ဦး ပါဝင်လာခဲ့ပေမယ့် MOGE တစ်ခုလုံးကို ပိတ်ဆို့အရေးယူတာ မရှိသေးပါဘူး။
အခုအချိန်မှာ ဥရောပသမဂ္ဂ အီးယူကပဲ MOGE တစ်ခုလုံးကို ပိတ်ဆို့အရေးယူထားပြီး အမေရိကန်နဲ့ ယူကေနိုင်ငံတွေက MOGE တစ်ခုလုံးကို ပိတ်ဆို့အရေးယူမှု စာရင်းထဲ မထည့်ရသေးတဲ့အတွက် နိုင်ငံတကာ စွမ်းအင်လုပ်ငန်းကြီးတွေဟာ အခြားကုမ္ပဏီတစ်ခု တစ်ဆင့်ခံပြီးဖြစ်စေ MOGE ရဲ့ ခေါင်းဆောင်ပိုင်း မဟုတ်သူတွေနဲ့ တိုက်ရိုက်ဖြစ်စေ ဆက်စပ်အလုပ်လုပ်လို့ ရနေသေးတယ်လို့ သုံးသပ်ဖော်ပြထားပါတယ်။
၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံမှာ အကြီးဆုံး ရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော်ရေးလုပ်ငန်းဖြစ်တဲ့ ရတနာစီမံကိန်းမှာ ဖက်စပ်လုပ်ကိုင်နေတဲ့ ပြင်သစ်ပိုင် တိုတယ်ကုမ္ပဏီက မြန်မာနိုင်ငံကနေ ထွက်ခွာတော့မယ့်အကြောင်း ၂၀၂၂ ခုနှစ်က ကြေညာခဲ့ပြီး အမေရိကန်ပိုင် ရှက်ဗရွန် Chevron ကုမ္ပဏီကလည်း အခုနှစ်မှာ ကြေညာခဲ့ကြပါတယ်။

 
 
 

ဆက်ဖတ်ရန် →
Sagaing Division Shwebo Township, As the army burned down the village, more than 1,000 homes were destroyed

Sagaing Division Shwebo Township, As the army burned down the village, more than 1,000 homes were destroyed

On February 12, Tiger Taung Village in Shwebo Township. Tiger North Village It was reported
 that the soldiers and Pyu Sawhti from Nyaung Pintha Village Agricultural School raided and
 burned the villages of Tiger Nog and Tiger Middle Village, and more than 1,000 houses were
 burnt to ashes. When the army entered the village, guns fired continuously, and 3 elderly 
people died of cardiac arrest.Today, February 13th, the army Katha Township "The war dogs
 have started to attack the village of Uapo, and we have to stare at it because the weapons
 are not balanced," said a local resident.

Starting on February 11th, the terrorist army burned Ingyi village in Katha Township, 
destroying 286 houses. It was reported that 269 houses were destroyed due to the burning of 
 the village.








 
ဆက်ဖတ်ရန် →
ရွှေဘို၊ ကျားရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၀၀၀ ကျော်ပြာကျပြီး သက်ကြီးရွယ်အို ၃ ဦး နှလုံးရပ် သေဆုံး၊ ကသာမြို့ နယ်၊ လှေပိုရွာကိုလည်း စစ်တပ်က မီးတင်ရှို့နေ

ရွှေဘို၊ ကျားရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၀၀၀ ကျော်ပြာကျပြီး သက်ကြီးရွယ်အို ၃ ဦး နှလုံးရပ် သေဆုံး၊ ကသာမြို့ နယ်၊ လှေပိုရွာကိုလည်း စစ်တပ်က မီးတင်ရှို့နေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃ ရန်ကုန်ခေတ်သစ် မီဒီယာ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကျားရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးလိုက်သဖြင့် နေအိမ် ၁၀၀၀ ကျော်ပြာကျခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ရွှေဘိုမြို့နယ်ရှိ ကျား တောင်ရွာ၊ ကျားမြောက်ရွာ၊ ကျားနောက်ရွာနှင့်ကျား အလယ်ရွာတို့ကို ညောင်ပင်သာရွာ စိုက်ပျိုးရေးကျောင်းမှ စစ်သားနှင့် ပျူစောထီးများက ဝင်ရောက် စီးနင်းမီးရှို့ခဲ့​ပြီး နေအိမ် ၁၀၀၀ ကျော် မီး လောင်ပြာကျခဲ့ကြောင်း၊ စစ်တပ်က ကျေးရွာအတွင်းသို့ ဝင်ရောက်စဥ် သေနတ်များ အဆက်မပြတ် ပစ်ခတ်ခဲ့သောကြောင့် အသက်အရွယ် ကြီးရင့်သူ ၃ ဦး နှလုံးရပ်ကာ သေဆုံးခဲ့ကြောင်း သိရသည်။

"ကျားရွာက တောင်၊မြောက်၊နောက်၊ လယ် ဆိုပြီး ၄ ရွာပေါင်းထားတဲ့ ကျေးရွာကြီးပါ စစ်ခွေးတွေမီးရှို့လို့ နေအိမ် ၁၀၀၀ ကျော်ပြာကျသွားတယ်။ အနောက်ရွာမှာ တစ်ရွာလုံး နီးပါး ရှို့ခံလိုက်ရတယ်။ အနောက်ရွာနဲ့ မြောက်ရွာလည်း နေအိမ် တော်တော်များများပါ သွားတယ်။ ကျေးရွာ ၄ ရွာပေါင်းနေအိမ် ၈၀ ရာခိုင်နှုန်းလောက်က မီးထဲပါသွားပါပြီ။ စစ်ခွေးတွေ ရွာထဲဝင်တဲ့အချိန် သေနတ်တွေ ဆက်တိုက်ဖောက်လို့ ကျားတောင်ရွာက အဘိုးအို ၁ ဦးနဲ့ အဘွားအို ၁ ဦး နှလုံးအမောဖောက်ပြီး ဆုံးပါးသွားတယ်။ ဘေးရွာက အဘိုးအို ၁ ဦးလည်း နှလုံးအမောဖောက်ပြီး ဆုံးပါးသွားပါတယ်" ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

စစ်တပ်က ၂၀၂၂ ခုနှစ် ဧပြီလ ၂၉ ရက်နေ့တွင်လည်း ကျားတောင်ရွာကို မီးရှို့ ဖျက်ဆီးခဲ့ပြီး နေအိမ် ၉၀ ကျော်မီးလောင်ပြာကျခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့ တွင်မူ ကျား အနောက်ရွာ၊ ကျားမြောက်ရွာ၊ ကျားလယ်ရွာနှင့် ကျားတောင်ရွာတို့ကို စစ်တပ်က ထပ်မံ မီးရှို့ဖျက်ဆီးရာ နေအိမ် ၁၀၀၀ ကျော်ပြာကျခဲ့ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ လှေပိုရွာကိုလည်း အကြမ်းဖက် စစ်တပ်က ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် မီးတင်ရှို့ဖျက်ဆီးနေကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

" လှေပိုရွာကို စစ်ခွေးတွေ မီးစတိုက်နေပါပြီ လက်နက်အင်အား မမျှတလို့ ဒီတိုင်းပဲ ငေးကြည့်နေရတယ်" ဟု ဒေသခံ ပြည်သူတစ်ဦးကပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၁ ရက်နေ့က စတင်ကာ အကြမ်းဖက် စစ်တပ်က ကသာမြို့နယ်ရှိ အင်းကြီးရွာကို မီးရှို့မှု လူနေအိမ် ၂၈၆ လုံးပြာကျခဲ့ကြောင်း၊ လှေပိုရွာကို မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၂၆၉ လုံးပြာကျခဲ့ကြောင်း သိရှိရသည်။





 

ဆက်ဖတ်ရန် →
အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းက နေအိမ် ၅၅၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံရ

အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းက နေအိမ် ၅၅၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံရ


RFA
■ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်အထိ နှစ်နှစ်အတွင်း နိုင်ငံတစ်ဝန်းက နေအိမ် ၅၅,၄၈၄ လုံးကို စစ်ကောင်စီတပ်နဲ့ သူ့ရဲ့လက်အောက်ခံ တပ်တွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Data for Myanmar က ဖေဖော်ဝါရီလ ၁၀ ရက်မှာ အစီရင်ခံစာထုတ်ပြန်ပါတယ်။
မီးရှို့ခံရမှုမှာ စစ်ကိုင်းတိုင်းကအများဆုံးဖြစ်ပြီး ၄၃,၂၉၂ လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။ ယခုနှစ် ဇန်နဝါရီလအတွင်း နေအိမ်မီးရှို့ခံလိုက်ရတဲ့ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဆားထုံးရွာဒေသခံတစ်ဦးကတော့ မီးကျွမ်းနေတဲ့သွပ်ချပ်တွေနဲ့ ကာရံပြီး ရွက်ဖျင်တဲထိုး နေထိုင်နေတယ်လို့ ဆိုပါတယ်။
"ဒုက္ခရောက်တာပေါ့ မောင်လေးရယ်။ စားစရာတောင်မှ ဘာမှမရှိတာ။ ဇလုံ၊ အလွန်ဆုံး ခုပြောလိုက်မယ်။ စားပွဲကစ စားဖို့သောက်ဖို့ စားပွဲ၊ ကိုယ်ရဲ့နေစရာကတော့ ရွက်ဖျင်လေးနဲ့ပဲ နေတဲ့သူက နေရတာပေါ့။ မနေတဲ့သူက (တဲ) မထိုးနိုင်တဲ့သူကတော့ မထိုးကြသေးပါဘူး။ အစ်မတို့ကကျတော့ ကလေးက နှစ်ယောက်ဆိုတော့ မိသားစုက ခုနစ်ယောက်ဆိုတော့ ကျောင်းကန်ဘုရားဆိုတာကလည်း အမြဲတမ်းကမကောင်းဘူး။ အဲဒါကြောင့် အစ်မတို့ကတော့ သက္ကလက်လေးနဲ့ မိုးထားတာပေါ့နော်။ သွပ်လေးတွေ ခုမီးထဲပါတဲ့သွပ်လေးတွေ ကာထားရတာပေါ့။ အခုက ဒုက္ခမှ တော်တော့်ကို ရောက်ကြတာ"
စစ်ကောင်စီတပ်က ဆားလင်းကြီးမြို့နယ်၊ ဆားထုံးရွာကို ဒီနှစ်ဇန်နဝါရီလတုန်းက ဝင်ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ် ၁၂၈ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အိမ်ခြေ နှစ်ရာကျော်ရှိတဲ့ ဆားထုံးကျေးရွာမှာ နေအိမ် ၈၀ ဝန်းကျင်ပဲ မီးမလောင်ဘဲ ကျန်ခဲ့တာပါ။
Data for Myanmar ရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းက အရပ်သားနေ အိမ်မီးရှို့ခံရတဲ့ပမာဏဟာ တစ်နိုင်ငံလုံးရဲ့ ၈၀ ရာခိုင်နှုန်းနီးပါး ရှိနေတာပါ။ နေအိမ်မီးရှို့ခံရမှု ဒုတိယအများဆုံးက မကွေးတိုင်း ဖြစ်ပါတယ်။ မကွေးတိုင်းမှာ နေအိမ် ၈,၈၆၃ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတာပါ။
မကွေးတိုင်း၊ ပေါက်မြို့နယ်က ရွာလုံးကျွတ် မီးရှို့ခံလိုက်ရတဲ့ ကျွန်းတိုင်းရွာသားတစ်ဦး ကတော့ သူတို့ရွာကိုတောင် မပြန်နိုင်တော့ဘူးလို့ RFA ကို ပြောပါတယ်။
"တောထဲမှာပဲ နေရတယ်ဗျ။ တောထဲတွေမှာ တဲလေးထိုးတယ်၊ မိုးကာလေးမိုးတယ်၊ အဲလိုပဲနေရတယ်ဗျ။ အခု ကျနော်တို့ဘက်ကကျတော့ ချင်းနယ်စပ်၊ ချင်းတောင်တန်း၊ ပုံတောင်ပုံညာနဲ့ နီးစပ်တော့ အအေးဓာတ်ကတော့ ခုချိန်ထိ အေးတယ်။ ညပိုင်းကို အေးတယ်။ နေ့ပိုင်းကို ပူသေးတယ်ဗျ။ ကျနော်တို့ဘက်မှာကျ ဆန်၊ ဆီ၊ ဆား ထုတ်ကုန် အကုန်လုံးရှိတယ်ဗျာ။ ထုတ်ကုန်တွေ အကုန်လုံးကိုလည်း မီးရှို့သွားတယ်ဗျာ"
နေအိမ် ၂၁၀ ဝန်းကျင်ရှိတဲ့ ကျွန်းတိုင်းရွာကို ဇန်နဝါရီလ ၃၀ ရက်က စစ်ကောင်စီတပ်တွေ ဝင်ရောက်မီးရှို့ခဲ့တာပါ။ နေအိမ်မီးရှို့ခံရမှု အများဆုံးဒေသတွေဖြစ်တဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူတွေကို RFA က ဒီကနေ့ ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ သူ့ရဲ့တပ်သားတွေက နေအိမ်မီးရှို့ဖျက်ဆီးတာတွေ မလုပ်ဘူးလို့ ၂၀၂၂ ခုနှစ် သြဂုတ်လအတွင်းက ကုလ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံချိန်မှာ ပြောဆိုခဲ့ပါတယ်။
ဒါပေမဲ့ နေအိမ်မီးရှို့ခံရတဲ့ဒေသခံတွေနဲ့ သုသေသနအဖွဲ့အစည်းတွေကတော့ အရပ်သားတွေနေထိုင်တဲ့ ကျေးရွာတွေကို စစ်ကောင်စီတပ်သားတွေက ဝင်ရောက် မီးရှို့ခဲ့ကြတာလို့ အခိုင်အမာ ပြောဆိုပါတယ်။
ဒီလုပ်ရပ်တွေဟာ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေဖြစ်တယ်လို့ လန်ဒန်မြို့အခြေစိုက် မြန်မာနိုင်ငံလူ့အခွင့်အရေးကွန်ရက် (BHRN) ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးကျော်ဝင်းက ဝေဖန်ပါတယ်။
"ဒီလိုမျိုး ရွာတွေကိုမီးရှို့တာတို့၊ လူတွေကိုဖမ်းဆီးတာ၊ သတ်ဖြတ်တာ ဒါတွေဟာ အခုဘယ်လိုအဆင့် ဖြစ်သွားလဲဆိုတော့ စစ်ရာဇဝတ်မှု မဟုတ်တော့ဘဲနဲ့ စစ်ရာဇဝတ်မှု ဆိုတာက တစ်ဘက်မှာ ရန်သူကိုတိုက်ရင်းခိုက်ရင်းနဲ့ ရန်သူကို ကျူးလွန်တဲ့ဟာတွေ ပေါ့နော်။ အခုဟာက လူသားချင်းဆိုင်ရာ ရာဇဝတ်မှုကျူးလွန်တဲ့အဆင့်ကို ရောက်သွားပြီ။ သူက ဘယ်လိုအချက်အလက်ပေါ်အခြေခံလဲဆိုတော့ ဒီနေရာအနှံ့ကို စနစ်တကျဖြစ်သွားတယ်ပေါ့နော်။ နေရာအနှံ့မှာဖြစ်မယ်။ နောက်သူတို့ စနစ်တကျကို လုပ်လာတယ်။ ဒါမျိုးကို ဒီလိုအချက်အလက်တွေကို အခြေခံပြီးတော့ လူသားချင်းဆိုင် ရာဇဝတ်မှုလို့ ခေါ်တာပေါ့နော်"
နိုင်ငံတစ်ဝန်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန်ပြန့် ပေါ်ပေါက်နေတဲ့ တစ်ချိန်တည်းမှာပဲ စစ်ကောင်စီက သူ့ရဲ့အုပ်ချုပ်မှုသက်တမ်းကို နောက်ထပ်ခြောက်လ တိုးလိုက်ပါတယ်။
ဒီအပြင် စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ တနင်္သာရီ၊ မွန်၊ ကရင်၊ ကယားနဲ့ ချင်းပြည်နယ်အတွင်းက မြို့နယ် ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာခဲ့တာကြောင့် နေအိမ်မီးရှို့ဖျက်ဆီးခံရမှု အပါအဝင် အရပ်သားသေဆုံးထိခိုက်မှုတွေ တိုးလာမှာကို ဒေသခံတွေက စိုးရိမ်နေပါတယ်။

ရွှေဘိုမှာ နေအိမ် ၈၀ နီးပါးမီးရှို့ခံရပြီး ဒေသခံ တစ်သောင်းဝန်းကျင် ထွက်ပြေး
~~~~~
■ အင်အား ၂၀၀ ကျော်ရှိတဲ့ စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ဖေဖော်ဝါရီ ၁၁ ရက်ကစလို့ နယ်မြေရှင်းလင်းရေးလုပ်နေတာကြောင့် နေအိမ် ၈၀ နီးပါး မီးလောင်ခဲ့ပြီး အရပ်သား တစ်သောင်းဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီလ ၁၁ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ ရွှေဘိုမြို့နယ် ညောင်ကန်ရွာကို စစ်ကြောင်းထိုးခဲ့ပြီး နေအိမ် ၈၀ ဝန်းကျင် မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ခန့်မှန်းခြေပေါ့ အိမ်ခြေ ၈၀ လောက် မီးရှို့ခံလိုက်ရတယ်။ ဒီနေ့မနက်မှာ ကျားရွာကိုတစ်ခါ စစ်ကြောင်းထိုးတာဗျ။ ကျားရွာရဲ့ အနောက်ဘက်မှာ ညောင်ပင်သာရွာရှိတယ်ဗျ။ သူတို့ဘက်ကို ကူးလာမှာစိုးလို့ သူတို့လည်း စစ်ဘေးရှောင်နေရတယ်”
စစ်ကြောင်းထိုးခံရတဲ့ ညောင်ကန်ရွာမှာ နေအိမ် ၃၀၀ ဝန်းကျင်ရှိပြီး ဒေသခံ တစ်ထောင်ကျော် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖေဖော်ဝါရီလ ၁၂ ရက်မနက်ပိုင်းမှာတော့ ညောင်ကန်ရွာအနီးက အိမ်ခြေ ၁၇၀၀ နီးပါးရှိတဲ့ ကျားရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်နေပြီး အဲဒီက ဒေသခံ ၅၀၀၀ နီးပါးလည်း ထွက်ပြေးနေရတယ်လို့ ပြောပါတယ်။
ဒီအပြင် ကျားရွာအနောက်ဘက် ညောင်ပင်သာကျေးရွာက ဒေသခံ လေးထောင်နီးပါးလည်း ထိတ်လန့်ပြီး ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့ အစီရင်ခံစာအရ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းအတွင်း စစ်ဘေးဒုက္ခသည် ခြောက်သိန်းခွဲနီးပါး ရှိနေပါတယ်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့က တွေ့ရစဉ်။ (Photo: ShweBo People Defence Force)
 
 
နှစ်ပတ်အတွင်း ကနီနဲ့ ယင်းမာပင်က နေအိမ် ၄၀၃ လုံးမီးရှို့ခံရ၊ ဒေသခံ ခြောက်ဦး သေဆုံး
~~~~~
■ စစ်ကိုင်းတိုင်း၊ ကနီနဲ့ ယင်းမာပင်မြို့နယ်အစပ် ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်က ကျေးရွာ ၁၁ ရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းခဲ့တာကြောင့် နေအိမ် ၄၀၃ လုံးမီးလောင်ပျက်စီးခဲ့ပြီး အရပ်သား ခြောက်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အင်အား ၈၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဇန်နဝါရီလနောက်ဆုံးအပတ်ကနေ ဖေဖော်ဝါရီလ ၈ ရက်အထိ တိုက်ပွဲဖြစ်ပွားတာ မရှိဘဲ အရပ်သား နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ စုစုပေါင်း ကနီမြို့နယ်မှာဆိုရင် အိမ်ခြေ ၂၂၀ ရှို့သွားတယ်၊ ယင်းမာပင်မြောက်ခြမ်းမှာဆိုရင် ကျေးရွာခုနစ်ရွာက စုစုပေါင်း အိမ်ခြေ ၁၈၃ လုံးအထိ မီးရှို့ခံလိုက်ရတယ်”
ဖေဖော်ဝါရီ ၈ ရက် စစ်ကောင်စီစစ်ကြောင်း ပြန်ထွက်ခွာသွားတဲ့နောက် ယင်းမာပင်မြို့နယ်က ကျောက်ကုန်းရွာမှာ အသတ်ခံရတဲ့ အမျိုးသား တစ်ဦး၊ ကျောက်မှော်ရွာမှာ အသက် ၇၀ အရွယ် အမျိုးသမီး တစ်ဦး၊ အသက် ၄၈ နှစ်အရွယ် အမျိုးသမီး တစ်ဦးနဲ့ အသက် ၃၀ ကျော်အရွယ် အမျိုးသား တစ်ဦးတို့ရဲ့ ရုပ်အလောင်းတွေကို ဖေဖော်ဝါရီလ ၉ ရက်နေ့ မှာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နောက်ထပ်လက်ပြန်ကြိုးတုပ် အသတ်ခံရတဲ့ လူလတ်ပိုင်း အမျိုးသား နှစ်ဦးရဲ့ ရုပ်အလောင်းတွေကိုတော့ သပြေတောရွာအနီး ချင်းတွင်းမြစ်ကမ်းစပ်မှာ ဖေဖော်ဝါရီလ ၄ ရက်နေ့က တွေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ချင်းတွင်းမြစ်တစ်လျှောက်ရွာ ၁၁ရွာက နေအိမ်မီးလောင် ပျက်စီးခဲ့တာကြောင့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့အထိ နေရပ်မပြန်နိုင်သူ ၆၀၀ ဝန်းကျင်ရှိတယ်လို့လည်း ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး စစ်ကိုင်းတိုင်း စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့ အစီရင်ခံစာအရ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းအတွင်း စစ်ဘေးဒုက္ခသည် ခြောက်သိန်းခွဲနီးပါး ရှိနေပါတယ်။
_________
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် တကောင်းမင်းရွာ မီးရှို့ခံထားရသည်အား ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)
 
ရွှေဘိုက စစ်ဘေးဒုက္ခသည် တစ်သောင်းနီးပါး အကူအညီလိုအပ်
~~~~~
■ စစ်ကောင်စီတပ်က ရွှေဘိုမြို့နယ်မှာ စစ်ကြောင်းထိုးခဲ့တာကြောင့် အိုးအိမ်စွန့်ခွာပြီး တောတောင်တွေထဲ ထွက်ပြေးနေရတဲ့ ဒုက္ခသည်တစ်သောင်းနီးပါးဟာ အစားအသောက်အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ညောင်ကန်ရွာနဲ့ ကျားရွာတွေကို ဖေဖော်ဝါရီလ ၁၁ ရက်နဲ့ ၁၂ ရက်နေ့တွေမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးမီးရှို့ခဲ့တာကြောင့် အဲဒီရွာတွေနဲ့ အနီးတစ်ဝိုက်ရွာတွေက ဒေသခံတွေ ထွက်ပြေးနေရတာပါ။
တချို့ကလည်း ရွှေဘိုနဲ့ နယ်နိမိချင်းထိစပ်နေတဲ့ ခင်ဦးမြို့နယ်ထဲအထိ ထွက်ပြေးနေကြရပြီး ခင်ဦးဒေသခံတွေက ကူညီနေကြတယ်လို့ ဆိုပါတယ်။
ထွက်ပြေးနေရသူတွေထဲမှာ သက် ၈၀ ကျော်အရွယ်ကနေ နှစ်လသားအရွယ် ရင်ခွင်ပိုက်ကလေးငယ်တွေလည်း ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့ အစီရင်ခံစာအရ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းအတွင်း စစ်ဘေးဒုက္ခသည် ခြောက်သိန်းခွဲနီးပါး ရှိနေပါတယ်။
Photo: Citizen Journalist
 



 
 

ဆက်ဖတ်ရန် →
KNU တပ်မဟာ ၄ နယ်မြေထဲ ဘာတွေ ဖြစ်နေတာလဲ

KNU တပ်မဟာ ၄ နယ်မြေထဲ ဘာတွေ ဖြစ်နေတာလဲ


BBC
တပ်မဟာ ၄ နယ်မြေမှာ KTLA က ဗိုလ်စောအယ်ခွီး ဦးဆောင်နေပါတယ်


တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်ထဲမှာ ကရင်အမျိုးသားအစည်းအရုံး- KNU စစ်ဦးစီးချုပ်ဟောင်း ဗိုလ်မှူးချုပ် စောနယ်ဒါးမြ ထူထောင်လိုက်တဲ့ ကော်သူးလေတပ်မတော်နဲ့ KNU တပ်မဟာ ၄ အောက်က တပ်ဖွဲ့တွေကြား စွပ်စွဲချက်တွေနဲ့ နှစ်ဖက်တင်းမာမှုတွေ ဆက်ရှိနေပါတယ်။
အငြင်းပွားဖွယ်ရာ လူအစုလိုက်သတ်ဖြတ်မှုနဲ့ KNU ကနေ ရာထူးတာဝန် ရပ်စဲခံလိုက်ရပြီးနောက် ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့- KNDO စစ်ဦးစီးချုပ်ဟောင်း ဗိုလ်မှူးချုပ် စောနယ်ဒါးမြက ကော်သူးလေတပ်-KTLAကို ပြီးခဲ့တဲ့နှစ်၊ ဇွန်လမှာ ဖွဲ့စည်းခဲ့တာပါ။
စောနယ်ဒါးမြက ဒီ KTLA တပ်ကိုတည်ထောင်ပြီးနောက်ပိုင်း တနင်္သာရီတိုင်း အတွင်းက ထီးမုပွာ အထူးဒေသကိုစောနယ်ဒါးမြက KTLA တပ်က ဗိုလ်စောအယ်ခွီး ဦးဆောင်တဲ့ KTLA တပ် အဖွဲ့တွေ ရောက်လာခဲ့ပါတယ်။
ဒီနယ်မြေဟာ ကေအန်ယူရဲ့ တပ်မဟာ ၄ နယ်မြေလို့လည်း လူသိများပါတယ်။
ဗိုလ်စောအယ်ခွီး ဦးဆောင်တဲ့ KTLA တပ်ဟာ KNU အုပ်ချုပ်ရေး ကိစ္စတွေအပေါ် ဝင်ရောက်နှောက်ယှက်တာ၊KNU အဖွဲ့အစည်းအပေါ် အနှောက်အယှက်ပြုတာတွေ လုပ်နေ တာတွေကြောင့် ထားဝယ်ခရိုင်ထဲက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်(PDF)တွေအနေနဲ့ KTLA တပ်ကနေ ထွက်ခွာကြဖို့ KNU တပ်မဟာ ၄ ဘက်က ဇန်နဝါရီလကုန်မှာ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ဓာတ်ပုံ ,
SCREENGRAB/KHRG
ကရင်လူ့အခွင့်အရေးအဖွဲ့က ပြောတဲ့ တနင်္သာရီတိုင်းအတွင်းက KNU တပ်မဟာ ၄ ထိန်းချုပ်နယ်မြေထဲက ဒေသအချို့
မြိတ်-ထားဝယ်ခရိုင်၊ တပ်မဟာ ၄ ဟာ KNU ဗဟိုနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA) စစ်ဌာနချုပ်ရဲ့ရပ်တည်ချက်သဘောထားနဲ့ လမ်းစဥ်အတိုင်း ရပ်တည်နေပြီး ဗိုလ်စောအယ်ခွီးနဲ့ ပူးပေါင်းနေတဲ့ ရဲဘော်ရဲဘက်တပ်ဖွဲ့ဝင်တွေ အနေနဲ့ ထွက်ခွါကြဖို့ တပ်မဟာ ၄ စစ်ရုံး ဘက်က ထုတ်ပြန်ပါတယ်။
KTLA ဘက်ကလည်း PDF အနေနဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းနေတဲ့ အဖွဲ့အစည်းကနေ ထွက်ခွာကြဖို့ဆိုပြီး စွပ်စွဲပြောဆိုကာ မရှေးမနှောင်းမှာပဲ ကြေညာချက် ပြန်ထုတ်ပါတယ်။
အဲဒီနောက် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ KNU တပ်မဟာ ၄ နဲ့ ဗိုလ်စောအယ်ခွီး ဦးဆောင်တဲ့ ကော်သူးလေ KTLA တပ်တို့ကြား ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး နှစ်ဖက် အခြေအနေ ပိုတင်းမာလာခဲ့တာဖြစ်ပါတယ်။
အဲဒီပစ်ခတ်မှုမှာ တနင်္သာရီ ကော်သူလေးတပ်က တပ်သားတစ်ဦး ကျဆုံးတယ်ဆိုပြီး ဆာကဆောတပ်လို့ နာမည်ပေးထားတဲ့ ကော်သူလေးတပ်ဘက်က အဲဒီတုန်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။
‘‘ကျွန်တော်တို့ အကြိမ်ကြိမ် သွားပြီး ညှိနှိုင်းတာရှိတယ်။ တပ်မဟာ ၄ လို့ ပြောလိုက်ရင် လူတိုင်းက တပ်မဟာ ၄ကို သိမ်းကျုံးမြင်ကြတယ်။ တကယ်တော့ ဒီလိုမဟုတ်ပါဘူး။ အခုဖြစ်နေတာက တပ်ရင်း အမှတ် ၁၀ နဲ့ တပ်ရင်းအမှတ် ၄ ကြားဖြစ်နေတာပါ။ အမှတ် ၄ နဲ့ က နည်းနည်းတော်သေးတယ်။ အခုတော်တော် ဆိုးဆိုးဖြစ်နေတာကအမှတ် ၁၀ နဲ့ပါ’’ လို့ KTLA တပ်ရဲ့ တနင်္သာရီအထူးတပ်ဖွဲ့အမှတ် ၁ ဘက်က ဘီဘီစီကို ပြောပါတယ်။
ဒါ့အပြင် KTLA တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးတဲ့ ပစ်ခတ်မှာ လာရောက်ပစ်ခတ်တဲ့ကားပေါ်မှာ စစ်တပ် ယူနီဖောင်းဝတ်ထားသူအချို့လည်း ပါလာတာတွေ့ရတဲ့ မှတ်တမ်းတွေလည်း ရထားတယ်လို့ အဲဒီအဖွဲ့ ဘက်ကပြောပါတယ်။
တပ်မဟာ ၄ ဘက်ကတော့ အဲဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး အတိအလင်း သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
ဒါပေမဲ့ နှစ်ဖက် ညှိနှိုင်းမှုတွေ ပြုလုပ်ဖို့ အကြိမ်ကြိမ်လာရောက်တယ်ဆိုတဲ့ KTLA ဘက်က ပြောဆိုချက်ကိုတော့တပ်မဟာ ၄ စစ်ရုံးဘက်က KNLA ဖွဲ့ဝင်တစ်ဦးက ဘီဘီစီကို အခုလို ပြောဆိုပါတယ်။ ‘‘အရင်ကတော့ သူတို့ကကျွန်တော်တို့နဲ့အတူ ရှိနေတာပါပဲ။ နောက်ပိုင်းမှာ ခွဲနေတယ်။ နောက် တဖြည်းဖြည်း လူအင်အားများလာတဲ့အခါနေရာယူတာတွေရှိလာတာပေါ့။ နောက်ပြီး ကျွန်တော်တို့နေတဲ့ နေရာနားကို အခြေချလာတယ်။ ပြီးရင် သွားလာခွင့်မပေး။ ခွင့်ပြုမှ သွားရမယ်ဆိုတာမျိုး လုပ်လာတယ်။ တချို့ကျေးရွာတွေမှာဆိုရင် ရွာလူကြီးကို ဖြုတ်ပြီး သူတို့ကြိုက်တဲ့သူကို ပြန်ရွေးတာတွေရှိတယ်’’လို့ အဲဒီတပ်ဖွဲ့ဝင်က ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ,KTLA
တနင်္သာရီတိုင်းထဲ KNU တပ်မဟာ ၄ နယ်မြေထဲက KNDO တပ်ဖွဲ့ဝင်အချို့လည်း KTLA တပ်ဘက်ကို ပြောင်းလဲဖွဲ့စည်းတာရှိခဲ့၊လက်ရှိမှာ စစ်ကောင်စီတပ်ရော၊ တပ်မဟာ ၄ ပါ စောင့်နေတဲ့ ထားဝယ် - ထီးခီး လမ်းပေါ်မှာ အခြေစိုက်ဖို့ လုပ်နေတာတွေကြောင့် နယ်မြေစိုးမိုးထိန်းချုပ်မှုခေါင်းစဥ်အောက်ကနေ အခုလို တင်းမာမှုတွေ စတင်လာခဲ့တာလို့ ယူဆနေကြပါတယ်။
အဲဒီ ဝါးတောရွာအနီးမှာ KTLA တပ်ဖွဲ့နဲ့ပူးပေါင်းတပ်တွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြီးခဲ့တဲ့နှစ်စက်တင်ဘာလဆန်းမှာပိုင်းမှာ တိုက်ခိုက်မှုလုပ်ခဲ့ပြီး စစ်ကောင်စီဘက်က ဒုတပ်ရင်းမှူးအပါအဝင် တပ်သား ၁၂ ဦးနဲ့ လက်နက်ခဲယမ်းတွေကို ဖမ်းမိခဲ့တယ်လို့ KTLA တပ်ရင်း ၁ ဘက်က သတင်းထုတ်ပြန်ခဲ့ဖူးပါတယ်။
ထိုင်းတောင်ပိုင်းက ထီးခီးနယ်စပ်ကုန်သွယ်စခန်းကနေတဆင့်သွင်းဖို့ ထားဝယ်- ထီးခီးလမ်းကို အားထားရတာကြောင့် အဲဒီလမ်းပိုင်းကို လက်နက်ကိုင်အဖွဲ့တွေ နေရာယူဖို့ ကြိုးပမ်းနေကြ
အဲဒီအတောအတွင်းမှာပဲ တပ်မဟာ ၄ ဆီသွားရောက်ကြတဲ့ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်ထဲက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄၀ ခန့် အဆက်အသွယ် ပြတ်တောက်ခဲ့အပြီးမှာ ဒီ PDF တွေ အရေး တပ်မဟာ ၄ မှာတာဝန်ရှိတယ်ဆိုတဲ့ စွပ်စွဲမှုတွေ အစောပိုင်းက ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ် ခဲ့ပါတယ်။
သရက်ချောင်း ပကဖ ဘက်ကတော့ ဒီလူငယ်တွေနဲ့ အဆက်အသွယ် ပြန်ရပြီဖြစ်ပြီး မိခင်တပ်ရင်းတပ်ဖွဲ့တွေဆီပြန်ဖို့ရှိတဲ့အကြောင်း ဘီဘီစီကို ပြောပါတယ်။
တစ်ဖက်မှာလည်း ကရင်လက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့ကြားက အခုလို မကျေလည်မှုတွေဟာ KNU လို မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ ဖော်ဆောင်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ တောင်ပိုင်းစစ်ဒေသအောက်က PDF တွေအတွက် ဘယ်လို အခက်အခဲတွေဖြစ်လာနိုင်ပါလဲ။
‘‘တော်လှန်ရေးစတင်ကတည်းက တပ်မဟာ ၄ က ကျွန်တော်တို့ အကူအညီတောင်းတိုင်း အကူအညီပေးခဲ့တာရှိတယ်။ ကျွန်တော်တို့ကတော့ ပြည်သူတွေထဲကနေ ပေါက်ဖွားလာပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဌာန အောက်ကနေ သွားနေတာကြောင့် စစ်အာဏာရှင်ဆန့်ကျင်ရေးလုပ်နေတဲ့အဖွဲ့တွေနဲ့ ဆက်ပြီး ပူးပေါင်းနေမှာပါပဲ။ ဒါပေမဲ့ (သူတို့)အချင်းချင်း အဲဒီလို ကွဲလွဲမှုမှာ ကျွန်‌တော်တို့ ကြားညပ်သလိုတော့ဖြစ်သွားတာပေါ့။ပျောက်နေတယ်ဆိုတဲ့ တပ်ဖွဲ့ဝင်တွေနဲ့လည်း အဆက်အသွယ်ပြန်ရပါပြီ။ မိခင်တပ်ရင်းတပ်ဖွဲ့တွေဆီကို မကြာခင်ပြန်လာဖို့ရှိပါတယ်။ အစောပိုင်းတုန်းက ထိုင်းနယ်စပ်ဘက်ကို ရောက်သွားတာဆိုတော့ အဆက်အသွယ် ပြတ်သွားတဲ့သဘောမျိုးပါ’’ လို့ သရက်ချောင်းမြို့နယ်၊ ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့(ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) က ဘီဘီစီကိုပြောပါတယ်။
တနင်္သာရီတိုင်းထဲက ကရင်လူမျိုးတွေကတော့ ကရင့်လက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့ အခုလို တင်းမာမှုကို KNU ဗဟိုဘက်က ကြားဝင်ဖြေရှင်းပေးဖို့ အခုရက်ပိုင်းအတွင်း စာထုတ်တိုက်တွန်းပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဘီဘီစီက KNU ဗဟိုဘက်ကို ဆက်သွယ်ပေမဲ့ မှတ်ချက်တစ်စုံတစ်ရာပေးဖို့ KNU ဗဟိုကငြင်းဆိုထားပါတယ်။

ဆက်ဖတ်ရန် →