သထုံတွင် ကရင်ပြည်နယ်ဘက်သို့ဦးတည်သွားသည့် စစ်ကောင်စီတပ်မှ ရိက္ခာနှင့်လူအင်အားပို့သည့်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ
📅
💬 မှတ်ချက်
ဧရာဝတီတိုင်းမ်
(သထုံ)၊ ဖေဖော်ဝါရီလ ၁၀ ရက်
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သထုံ-မြိုင်ကလေး လမ်းပိုင်းတစ်နေရာဖြစ်သည့် အထက်နောင်ကျန်ရွာအနီးတွင် ဖေဖော်ဝါရီလ ၈ ရက်နေ့က စစ်ကောင်စီယာဉ်တန်းအား မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
သထုံ-ဘားအံ အဝေးပြေးလမ်းပေါ်ရှိ အထက်နောင်ကျန်ရွာအနီးတွင် ကရင်ပြည်နယ်ဘက်သို့ ရိက္ခာနှင့်လူအင်အား ထောက်ပို့ကားတန်းဟုယူဆရသည့် ယာဉ် ၁၉ စီးပါ စစ်ကောင်စီယာဉ်တန်းအား ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကား ၂ စီးပျက်စီးခဲ့ကြောင်း မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုထံမှ သိရသည်။
"တိုက်ခိုက်ခဲ့တာကတော့ သထုံနဲ့မြိုင်ကလေး လမ်းမှာပါ။ အဲ့ဒီနေ့က စစ်ကောင်စီကားတွေကအများကြီးဖြတ်ကျတယ်။ ၁၉ စီးယာဉ်တန်းတစ်ခုကိုမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်။ ကားတွေကတော့ ၃၊၄ စီးတခါစု သွားကြတာပေါ့။ မိုင်းထိပြီး ကား ၂ စီးပျက်ပြီးစက်ရပ်သွားခဲ့တယ်လို့သိရတယ်။ အဓိကက ရိက္ခာနဲ့လူအင်အားတွေတင်လာတာ" ဟု မိတ်ဖက်ဝော်လှန်ရေးတပ်ပေါင်းစု တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကိုပြောသည်။
မိုင်းဆွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုများရှိသော်လည်း အတည်ပြုနိုင်ခြင်းမရှိပဲ မိတ်ဖက်တော်လှန်ရေးတပ်ဖွဲ့များမှာ လုံခြုံစွာဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
သထုံတွင် ဖေဖော်ဝါရီလ ၄ ရက်နေ့ကလည်း သထုံ-ဘီးလင်း ကားလမ်းပိုင်းတစ်နေရာတွင် ကား ၄ စီးပါစစ်ကောင်စီယာဉ်တန်းအား KNLAနှင့်PDF ပူးပေါင်းအဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ရာ တပ်သား ၅ ဦးသေဆုံးခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။
#သထုံ #ကရင် #စစ်ကောင်စီ #PDF #ရိက္ခာ #မိုင်းဆွဲတိုက်ခိုက်
#Ayeyarwaddy_Times

သိမ်းဆည်းခံရသည့် လက်နက်များမှာ ပြုပြင်ရမည့် လက်နက်များဟု စစ်တပ်က သတင်းထုတ်ပြန်လိမ်လည်
📅
💬 မှတ်ချက်
ထန်တလန် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကို ချင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်လိုက်မှုကို ရဲတပ်ဖွဲ့ဝင်များ အောင်မြင်စွာ ဆုတ်ခွာနိုင်ပြီး သိမ်းဆည်းခံရသည့် လက်နက်များမှာ ပြုပြင်ရမည့် လက်နက်များဟု စစ်တပ်က သတင်းထုတ်ပြန်လိမ်လည်
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ ခေတ်သစ်
ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်တွင် ထန်တလန်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကို ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ချင်းတိုင်းရင်းသား ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်လိုက်မှုအပေါ် စစ်တပ်က သတင်းထုတ်ပြန်ရာတွင် ရဲတပ် ဖွဲ့ဝင်များ အောင်မြင်စွာ ဆုတ်ခွာနိုင်သည်ဟု သတင်းထုတ်ပြန်သည်။
ဖေဖော်ဝါရီလ ၈ ရက်နေ့ ည ၁၀ နာရီမှ စတင်ပြီး CNA-CDF ချင်းကာကွယ်ရေးတပ်ဖွဲ့များက ထန်တလန်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက် ၁ နာရီအချိန်တွင် ရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ၊ လက်နက် ၄၀ ကျော်နှင့် ရဲအလောင်း ၄ လောင်းကို သိမ်းဆည်းရမိကြောင်း၊ ကျန်ရှိသော ရဲတပ်ဖွဲ့ဝင်များမှာ ကစဉ့်ကလျား ထွက်ပြေးသွားခဲ့ ကြောင်း သိရှိရသည်။
ထိုသို့ ထန်တလန်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကို ချင်းကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်မှုအပေါ် စစ်တပ်က သတင်းထုတ်ပြန်ရာတွင် သာလွန်အင်အားအသုံးပြု၍ တိုက်ခိုက်ခံရသဖြင့် ရဲတပ်ဖွဲ့ဝင်များက စနစ်တကျဖြင့် ဆုတ်ခွာခဲ့ရပြီး စစ်တပ်လုံခြုံရေး တပ်စခန်းသို့ အောင်မြင်စွာ သွားရောက်ပူးပေါင်းနိုင်ခဲ့သည်ဟု သတင်းဖော်ပြသည်။
ထို့ပြင် လက်နက် ၄၀ ကျော်ကို ချင်းကာကွယ်ရေးတပ်ဖွဲ့များက သိမ်းဆည်းရရှိသည့်အပေါ် စစ်တပ်က သတင်းထုတ်ပြန်ရာတွင် ပြုပြင်ရန် လိုအပ်သည့် လက် နက်ငယ်တချို့ ဆုံးရှုံးခဲ့ရသည်ဟုလည်းကောင်း၊ ချင်းကာကွယ်ရေးတပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးအပေါ်တွင်လည်း ရဲတပ် ဖွဲ့ဝင်များ ကျဆုံး ဒဏ်ရာရရှိသည်ဟုလည်းကောင်း သတင်းများကို ဖော်ပြထားကြောင်း သိရှိရသည်။
"သူ့သတင်းစာက သူတို့စစ်သားတွေအတွက် ထုတ်ပြန်တာ။ ငါတို့ အိုကေတယ်။ ငါတို့ မခံရဘူး။ ငါတို့ အောင်မြင်နေတယ်ပေါ့။ သတင်းစာမှာ သူတို့စစ် တပ်အတွက် ဝါဒဖြန့်တာ။ ပြည်သူတွေအတွက်မဟုတ်ဘူး" ဟု ပြည်တွင်းဝါရင့် သတင်းစာဆရာတစ်ဦးက ပြောသည်။
မင်းအောင်လှိုင် ရွေးကောက်ပွဲ ဘယ်တော့လဲ (OPINION)
📅
💬 မှတ်ချက်
ဇန်နဝါရီလ တတိယပတ်လောက်မှာ နိုင်ငံရေးမိတ်ဆွေတစ်ဦးက အာဏာသိမ်းကာလ ၂ နှစ်ပြည့်၊ လာမယ့် ဖေဖော်ဝါရီမှာ အကြမ်းဖက်စစ်အုပ်စု ဘယ်လိုဆက်စခန်းသွားမလဲလို့ ကျနော့်အမြင်ကို လှမ်းမေးတယ်။ မိတ်ဆွေရဲ့ သိချင်မှုက ၂၀၀၈ အခြေခံဥပဒေကို ကုလားဖန်ထိုး ရှေ့ဆက်မလား၊ ဘယ်လို ကုလားဖန်ထိုးနိုင်သလဲနဲ့ ဒါမှမဟုတ် ၂၀၀၈ အခြေခံဥပဒေကို ဖျက်သိမ်းကာ အာဏာသိမ်းလိုက်ကြောင်း ဗြောင်ကြေညာလိုက်မလားဆိုတာကိုပါ။ သတင်းဌာနကြီးတချို့ကလည်း စစ်အုပ်စုဟာ ၂၀၀၈ အခြေခံဥပဒေပေါ်ကနေ ဘယ်လို ရှေ့ ဆက်သွားနိုင်မလဲဆိုပြီး ခြေဥပုဒ်မတွေ တသီကြီး ဆွဲထုတ်ပြကာ ခန့်မှန်းချက်ပေးတာ တွေ့ရသေးတယ်။
ကျနော်ကတော့ စစ်အုပ်စု ဘယ်လိုရှေ့ဆက်မလဲဆိုတာ စိတ်ဝင်စားစရာမရှိတဲ့အတွက် စက္ကူစုတ်ဖြစ် သွားတာကြာပြီဖြစ်တဲ့ ၂၀၀၈ ခြေဥစာအုပ်ကိုလည်း ပြန်မလှန်၊ တစ်ချက်တောင် စေ့စေ့ မတွေးဖြစ်ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ စစ်အုပ်စုက ၂၀၀၈ ခြေဥကို ကိုင်ကာ ဖာပါးစပ်နဲ့ တောင်ရောက်မြောက်ရောက် လျှောက်ပြောနေတာ အာဏာစသိမ်းစကတည်းကမို့ပါ။
စစ်အုပ်စုက ဘာတွေပဲပြောပြော၊ အာဏာသိမ်းလိုက်တယ်ဆိုတာ ပြည်သူတိုင်း အသိ၊ နိုင်ငံတကာလည်း အသိ။ အာဏာသိမ်းထားပြီး အာဏာကို လက်မလွှတ်ချင်တော့တာကြောင့် အကြီးအကျယ်သတ်ဖြတ် ဖျက်ဆီးနေတဲ့ စစ်တပ်ဟာ ဘယ်လိုတွေ ဘာတွေဆက်ပြောပြီး ဘယ်လိုပဲခေါင်းစဉ်တပ်တပ် အာဏာသိမ်းခြင်းဆိုတဲ့ အနှစ်သာရကို ပြောင်းလဲစရာအကြောင်းမရှိဘူးလို့ နားလည်ပါတယ်။
အခုလည်း ဇန်နဝါရီလ ၃၁ ရက်မှာ မင်းအောင်လှိုင်လက်အောက်ခံ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ပြီး အရေးပေါ်အခြေအနေကို နောက်ထပ် ၆ လ သက်တမ်းထပ်တိုးကြောင်း ကြေညာလိုက်ပါတယ်။
ပြည်သူရွေးကောက်ခံ သမ္မတကို ဖမ်းပြီး အာဏာသိမ်းလိုက်တဲ့ အင်မတန်ရှင်းလင်းလှတဲ့ အာဏာသိမ်းပွဲအပေါ်မြင့်ဆွေကို မင်းအောင်လှိုင်က ယာယီသမ္မတလုပ်ခိုင်း၊ ခြေဥနဲ့ အတင်းကောက်ညီကာ ကုလားဖန်ထိုးခဲ့တဲ့ပွဲအပြီး အခု မြင့်ဆွေကို ကုပ်ချောင်းချောင်းနဲ့ ထပ်တွေ့ရပြန်တယ်။ အခု မင်းအောင်လှိုင်ပြောတဲ့ ကာလုံအစည်းအဝေးဆိုတာ အာဏာသိမ်းထားတာကို ထပ်ကုလားဖန်ထိုးတာဖြစ်လို့ အဲဒီအစည်းအဝေး တက်ရောက်သူအားလုံးဟာ တစ်ချိန်မှာ နိုင်ငံတော်ပုန်ကန်မှုနဲ့ တရားစွဲခံရမယ့် မင်းအောင်လှိုင်ရဲ့အမှုတွဲတွေ ဖြစ်တယ်ဆိုတာ အခုကတည်းက ကြိုတင်ထုံးတို့ထားရပါမယ်။
ဇန်နဝါရီလ ၃၁ ရက်နေ့၊ ကာလုံလို့ ခေါင်းစဉ်တပ်ထားတဲ့ မင်းအောင်လှိုင်ရဲ့ ဆုံးဖြတ်ချက်အရဆိုရင် နောက်ထပ် အရေးပေါ်အခြေအနေသက်တမ်းဆိုတာကို ၆ လ တစ်ဖြတ်နဲ့ ဆက်တိုက်လာမယ့် သဘောပါပဲ။ ဘယ်အချိန်ထိ အရေးပေါ်အခြေအနေ ဖြစ်နေမလဲဆိုတော့ မင်းအောင်လှိုင်လုပ်ချင်နေတဲ့ ရွေးကောက်ပွဲမဖြစ်မချင်းအထိလို့ အကြမ်းဖျင်းပြောနိုင်ပါမယ်။
ဆိုတော့ ရွေးကောက်ပွဲကို စစ်အုပ်စုက ဘယ်တော့လုပ်နိုင်ခြေရှိပါသလဲ။ ဖြစ်နိုင်မယ်ဆိုရင် အခုချက်ချင်းကို စစ်အုပ်စုက ရွေးကောက်ပွဲပြုလုပ်လိုပါတယ်။ ဘာလို့လဲဆိုတော့ ရွေးကောက်ပွဲဆိုတဲ့ ခေါင်းစဉ်ဟာ တိုင်းပြည်အာဏာကို ရာသက်ပန်သိမ်းပိုက်နိုင်မယ့် တရားဝင်နည်းလမ်းလို့ မင်းအောင်လှိုင်ထင်နေလို့ပါပဲ။
စစ်အုပ်စုပြုလုပ်လိုတဲ့ ရွေးကောက်ပွဲဆိုတာ ဒီမိုကရေစီအင်အားစုအားလုံးကို လုံးဝပါဝင်ခွင့် မပေးရုံတင်မက ဇန်နဝါရီနောက်ဆုံးပတ်အတွင်း စစ်အုပ်စုထုတ်တဲ့ နိုင်ငံရေးပါတီဆိုင်ရာ သတ်မှတ်ချက်တွေအရ ရွေးကောက်ပွဲသိပ်ဝင်ချင်နေတဲ့ ကိုကိုကြီးတို့ရဲ့ ပြည်သူ့ပါတီတောင် ပါတီအဖြစ် ဆန်ကာတင်ကျန်ဖို့ မဖြစ်နိုင်ပါဘူး။
စစ်အုပ်စုရဲ့ ရွေးကောက်ပွဲလုပ်ချင်စိတ်က တစ်ပိုင်း၊ လတ်တလော သေချာတာက သူတို့ ရည်မှန်းထားသလို လာမယ့် ဩဂုတ်လမှာ ရွေးကောက်ပွဲလုပ်မယ်ဆိုတာကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ပုံရပြီး အဲဒါဟာ စစ်အုပ်စုကို ဆတ်ဆတ်ခါ နာရပါတယ်။
အင်အားကြီး အမေရိကန်က စစ်အုပ်စုရွေးကောက်ပွဲကို အတိအလင်းပယ်ချလိုက်တာကြောင့် အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံတွေကလည်း အလိုလို ပယ်ချပြီးသားပါပဲ။ မြန်မာ့အရေးမှာ အရေးပါတဲ့ တရုတ်နိုင်ငံကလည်း စစ်အုပ်စုရွေးကောက်ပွဲကို ပယ်ချကြောင်း တရုတ်ထုံးစံအရ ထုတ်ဖော်ပြောခြင်းမရှိပေမယ့် အသိအမှတ်ပြုပုံမရသလို စစ်အုပ်စုနဲ့ ပလူးချင်နေတဲ့ အိန္ဒိယကလည်း အာဆီယံရဲ့ သတိပေးချက်အရ ရူးချင်ယောင်ဆောင်နေရပါတယ်။ အာဆီယံကလည်း စစ်အုပ်စုရွေးကောက်ပွဲကို ငြင်းကြောင်း ထုတ်မပြောပေမယ့် အာဆီယံမူ ၅ ရပ်ဆိုတာ စစ်အုပ်စုသွားလိုတဲ့ ငါတကောရွေးကောက်ပွဲလမ်းကြောင်းနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတာ အသိသာကြီးပါ။ ပြောရရင် စစ်အုပ်စုရွေးကောက်ပွဲအပေါ် ထောက်ခံပါတယ်လို့ ပြောတဲ့ နိုင်ငံတစ်နိုင်ငံတောင် မရှိသေးတာ ကြီးမားတဲ့ ဖိအားတစ်ရပ်ပါပဲ။
ပြီးတော့ ရွေးကောက်ပွဲကိုရော အမှန်တကယ် ဘယ်နှမြို့လောက်မှာ ပြုလုပ်နိုင်မလဲဆိုတဲ့ မေးခွန်းကိုလည်း ဖိအားကြီးကြီးနဲ့ ရင်ဆိုင်နေရပါတယ်။ ဇန်နဝါရီလ ၃၁ ရက်နေ့၊ ကာလုံလို့ နာမည်တပ်ထားတဲ့ အစည်းအဝေးမှာ မင်းအောင်လှိုင်ကိုယ်တိုင် ဝန်ခံလိုက်ရတာက မြန်မာနိုင်ငံတစ်ဝန်း မြို့နယ်ပေါင်း ၃၃၀ မှာ ရာနှုန်းပြည့် ထိန်းချုပ်နိုင်တာ ၁၉၈ မြို့နယ်သာရှိပြီး လုံခြုံရေးနဲ့ ပတ်သက်ပြီး အလေးထားဆောင်ရွက်ရမယ့် မြို့နယ် ၆၅ ခုနဲ့ ထိထိရောက်ရောက် ဆောင်ရွက်ရမယ့်မြို့နယ် ၆၇ ခု ရှိတယ်ဆိုတာပါပဲ။ လုံခြုံရေးအရ အလေးထားဆောင်ရွက်ရမယ့် မြို့နယ်တွေဆိုတာက တစ်စိတ်တစ်ပိုင်းသာ ထိန်းချုပ်နိုင်တဲ့ မြို့တွေလို့ဆိုလိုပြီး လုံခြုံရေးအရ ထိထိရောက်ရောက် ဆောင်ရွက်ရမယ့် မြို့တွေဆိုတာက လုံးဝ ထိန်းချုပ်နိုင်ခြင်းမရှိတဲ့ မြို့တွေလို့ ပြောတာပါ။
သေချာတာက အဲဒီ ၁၃၂ မြို့နယ်မှာ ရွေးကောက်ပွဲပြုလုပ်ဖို့ရာ လောလောဆယ် ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ အသံတိတ်သပိတ်ကို မြန်မာမြို့ပေါင်း ၁၅၀ ကျော်က ဆင်နွှဲခဲ့ခြင်းအရ ဒီမိုကရေစီအင်အားစုတွေက စစ်အုပ်စု ရွေးကောက်ပွဲလုပ်မယ့်နေ့မှာ အသံတိတ်သပိတ် ဆင်နွှဲဦးမယ်ဆိုရင် အနည်းဆုံး မြို့ပေါင်း ၁၅၀ ကျော်မှာ ချောက်ချားသွားနိုင်ပါသေးတယ်။ အသံတိတ်သပိတ်ကို အခြေခံပြောရမယ်ဆိုရင် မြန်မာနိုင်ငံက မြို့ပေါင်း ၁၅၀ ကျော်က စစ်အုပ်စုကို အခိုင်အမာ ဆန့်ကျင်နေပါတယ်။
ပြီးတော့ စစ်အုပ်စုရွေးကောက်ပွဲရဲ့ ကနဦးခြေလှမ်းဖြစ်တဲ့ မဲစာရင်းကောက်ယူတဲ့အဆင့်မှာတင် PDF တွေဟာ လက်ပိုက်ကြည့်မနေကြောင်း သက်သေပြခဲ့ပြီးဖြစ်ပါတယ်။ ဒါကိုပဲ ကိုယ်မသေရင်ပြီးရော အသက်တွေ ပေါတယ်ဆိုပြီး နောက်ထပ်ခြေတစ်လှမ်း ထပ်လှမ်းဦးမယ်ဆိုရင် နောက်ထပ် ပြင်းထန်တဲ့ စိန်ခေါ် သံတွေနဲ့ ရင်ဆိုင်ရမှာ မလွဲပါဘူး။ အဲဒီလိုအခြေအနေမျိုးမှာ ဘယ်သူတွေက လွှတ်တော်အမတ် ဝင်အရွေးခံပြီး အသက်ကို ဖက်နဲ့ထုပ် စင်ပေါ်တက် တရားဟောကာ မဲဆွယ်စည်းရုံးရဲမှာလဲ။ ရန်ကုန်လို၊ မန္တလေးလိုမြို့ ကြီးတွေမှာတောင် ဘယ်အချိန် ဘယ်နေရာက ရောက်လာမယ်မှန်းမသိတဲ့ ကျည်ဆန်တွေက အဆင်သင့် စောင့်နေတာမို့ မင်းအောင်လှိုင်စိတ်ကူးယဉ်နေတဲ့ ရွေးကောက်ပွဲမှာ အမတ်လုပ်ဝင်ရွေးဖို့ ကျပ်ပြည့်တဲ့လူဆို စိတ်ကူးမယဉ်ရဲပါဘူး။
အဲဒီလို ပြည်တွင်း၊ ပြည်ပ ပစ်မှတ်ထားခံနေရတဲ့ ရွေးကောက်ပွဲကို စုံလုံးကန်းဆက်လှမ်းရင် ဆက်ဆိုးရွားနိုင်တာမို့ မင်းအောင်လှိုင်တစ်ယောက် သက်ပြင်းချ တောက်ခတ်ပြီး နောက်တစ်လှမ်း ဆုတ်လိုက်ပုံရပါတယ်။ နောက်တစ်လှမ်းဆုတ်တယ်ဆိုတာ ရှေ့တစ်လှမ်း တိုးဖို့အတွက်ဖြစ်ကြောင်း မမေ့ကြဖို့လိုပါတယ်။ ဘယ်လိုပုံစံမျိုးနဲ့ ရှေ့တစ်လှမ်း ဆက်တိုးလာနိုင်မလဲဆိုတော့ မင်းအောင်လှိုင်ရဲ့ ပုံသေနည်းလမ်းအတိုင်း တစ်စိတ်တစ်ပိုင်းသာ ထိန်းချုပ်နိုင်တဲ့မြို့နဲ့ လုံးဝထိန်းချုပ်နိုင်ခြင်းမရှိတဲ့ မြို့တွေကို အင်အားသုံးဖြိုခွင်းပြီး ရှေ့ ဆက်လှမ်းမှာ အသေအချာပါပဲ။
စစ်အုပ်စုဟာ သူတို့သွားလိုတဲ့ လမ်းကို နောက်ပြန်မလှည့်စတမ်း၊ ပိုင်းပိုင်းဖြတ်ဖြတ် ရွေးချယ်ထားပြီး ဖြစ်ပါတယ်။ စစ်အုပ်စုသွားနေတဲ့လမ်းကို ပြည်တွင်းအင်အားစုတွေရော နိုင်ငံတကာအသိုင်းအဝိုင်းကပါ ဒီနေ့အချိန်ထိ မဟာဗျူဟာမြောက် မဟန့်တားနိုင်သေးတာလည်း အသေအချာပါပဲ။
~~~~~~
ထွန်းလင်း
#ငွေမောင်းသံ မီဒီယာ

မြန်မာနိုင်ငံကို ဒီမိုကရေစီနိုင်ငံ ဖြစ်လာစေဖို့ အချက် ၃ ချက်ကို အဓိက လုပ်ဆောင်နေတယ်လို့ အမေရိကန် ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီး ပြောကြား
📅
💬 မှတ်ချက်
မြန်မာနိုင်ငံကို ပါတီစုံ ဒီမိုကရေစီနိုင်ငံ ဖြစ်လာစေဖို့အတွက် အချက် ၃ ချက်ကို လုပ်ဆောင်နေတယ်လို့ အမေရိကန် ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Melissa Brown က ဒုတိယအကြိမ်မြောက် “နွေဦးပန်းများ” နိုင်ငံတကာ အွန်လိုင်း ညီလာခံမှာ ပြောကြားလိုက်ပါတယ်။
ဒီအချက် ၃ ချက်မှာ အာဏာသိမ်း စစ်ကောင်စီကို စီးပွားရေး၊ နိုင်ငံရေးအရ ဖိအားပေးမှုတွေ တိုးမြှင့်လုပ်ဆောင်တာ၊ မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေကို ထောက်ပံ့မှုတွေ တိုးမြှင့်လုပ်ဆောင်တာ၊ ဒုက္ခသည်တွေအတွက် လိုအပ်နေတဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပေးပို့တာတွေ ဖြစ်တယ်လို့ အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Melissa Brown က ဆိုပါတယ်။
နွေဦးပန်းများလို့ နာမည်ပေးထားတဲ့ ဒုတိယအကြိမ်မြောက် နိုင်ငံတကာညီလာခံမှာ အဖွင့်မိန့်ခွန်းပြောကြားရာမှာ အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Melissa Brown က အခုလို ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။
ဒုတိယအကြိမ်မြောက် “နွေဦးပန်းများ” နိုင်ငံတကာ အွန်လိုင်း ညီလာခံကိုအမေရိကန် အစိုးရ တာဝန်ရှိသူတွေ၊ လွှတ်တော် အမတ်တွေ၊ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ယာယီ သမ္မတ ဒူးဝါးလရှီးလ၊ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွှန့် တို့လည်း တက်ရောက်ပြီး မိန့်ခွန်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။
ဒီညီလာခံကို မြန်မာအမေရိကန် လူမှုအသိုင်းအဝန်းအဖွဲ့ Burmese American Community Institute (BACI) နဲ့ နွေဦးတက္ကသိုလ်လို့ လူသိများတဲ့ မြန်မာ့ အမျိုးသား တက္ကသိုလ်-ကမ္ဘာလုံးဆိုင်ရာနယ်မြေ The National University of the Union of Myanmar – Global Campus (NUUM) တို့အပါအဝင် အဖွဲ့အစည်းတွေရဲ့ ကမကထပြုမှုနဲ့ ဖေဖော်ဝါရီ ၈ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ ကျင်းပနေတာ ဖြစ်ပါတယ်။
“နွေဦးပန်းများ” ညီလာခံမှာ ပညာရှင်တွေရဲ့ စာတမ်းဖတ်ပွဲတွေ၊ ဆွေးနွေးပွဲတွေနဲ့ နိုင်ငံရေး စကားဝိုင်းတွေကို အွန်လိုင်းကနေ စီစဉ်ကျင်းပနေတာ ဖြစ်ပါတယ်။
~~~~~
မေဦးကျော်
#ငွေမောင်းသံ မီဒီယာ


စစ်ကိုင်းတပ်မ ၃၃ ရှေ့ တိုက်ပွဲဖြစ်ပြီးနောက် အရာရှိကြီးတွေ ထိတ်လန့်
📅
💬 မှတ်ချက်
ဖေဖော်ဝါရီ ၉
စစ်ကိုင်းမြို့၊ တပ်မ ၃၃ ရှေ့မှာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့အပေါ် စစ်တပ်အရာရှိကြီးတွေ ထိတ်လန့်နေပြီး လုံခြုံရေးတိုးမြှင့်ထားကြောင်း သိရပါတယ်။
ဖေဖော်ဝါရီ ၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲလောက်က စစ်ကိုင်းမြို့တပ်မ ၃၃ ရှေ့နားမှာ အကြမ်းဖက်စစ် တပ်နဲ့ PDF တို့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
“တပ်မ ၃၃ လို တကယ့်ကို အခိုင်အမာအင်အားရှိတဲ့နေရာရှေ့တောင် လာတိုက်ရဲသေးတော့ တပ်မ ၃၃က တပ်မမှူးနဲ့ အရာရှိကြီးတွေ လန့်သွားတယ်။ဖေဖော်ဝါရီ ၇ ရက်နေ့မှာ တပ်မ ၃၃ ထဲက အရာရှိကြီးတွေ လုံခြုံရေးအစည်းအဝေးလုပ်တယ်။ တပ်မရှေ့နဲ့ ဘေးပတ်ဝန်းကျင်ကို လုံခြုံရေး တိုးမြှင့်နေတယ်။ လက်နက်ကြီးနဲ့ အတိုက်မခံရအောင် ဘာလုပ်မလဲ ဆိုပြီးတော့လည်း ဆွေးနွေး ကြတယ်လို့ ဖရဲသီးတွေဆီကနေ သိရတယ်”လို့ စစ်ကိုင်းအခြေစိုက် PDF ရဲဘော်တစ်ဦးကပြောပါ တယ်။
အဲဒီသတင်းကို တပ်တွင်းသတင်းရင်းမြစ် ၃နေရာကနေ ထပ်တူသိရတဲ့အတွက် မှန်ကန်တယ်လို့ စိတ် ချလက်ချအတည်ပြုနိုင်ကြောင်း သူကဆက်ပြောပါတယ်။
ဖေဖော်ဝါရီ ၆ ရက်နေ့က အမရပူရမြို့နယ် Htet Mobileက ဒလန် ဝေယံအောင်(TKF-AMA အဖွဲ့ဝင်ဟောင်း)ကိုလိုက်လံသုတ်သင်ရာ သူနဲ့ အတူ တစ်ပါတည်းပါလာတဲ့ ကား၂ စီးပေါ်က စစ်သားတွေနဲ့ စစ်ကိုင်းမြို့ရှိ တပ်မ ၃၃ ရှေ့မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း Truth Keeping Force Amarapura v2 ကထုတ်ပြန်ထားပါတယ်။
“PDF တွေမှာ လက်နက်ကြီးတွေ ဒါ့ထက်ပိုအားကောင်းလာရင် ဘာလုပ်ကြမလဲလို့ သူတို့အရာရှိကြီး တွေဆွေးနွေးကြတော့ ဘယ်သူမှ ဘာမှမပြောနိုင်တော့ဘူးလို့ သိရတယ်။ တပ်မ ၃၃ နေရာလည်း မလုံခြုံတော့ဘူးဆိုတာ သူတို့သိလာပြီ”လို့ စစ်ကိုင်းအခြေစိုက် PDF ရဲဘော်ကပြောပါတယ်။
ဖေဖော်ဝါရီ ၆ ရက်နေ့ တိုက်ပွဲမှာ PDF ရဲဘော်တစ်ဦးကျည်ထိမှန်(မစိုးရိမ်)ဒဏ်ရာရခဲ့ပြီး ကျန်အဖွဲ့ဝင်တွေ အထိခိုက်မရှိခဲ့ပါဘူး။ စစ်သား ေတွရဲ့ အထိအခိုက်စာရင်းကိုတော့ စုံစမ်းနေဆဲပဲလို့ Truth Keeping Force Amarapura v2 ကထုတ်ပြန်ထားပါတယ်။
~~~~~~~
ကိုငြိမ်း
ဓာတ်ပုံ-CJ
#ငွေမောင်းသံ မီဒီယာ
စစ်တပ် ဒေါက်တိုင် ခရိုနီ သူဌေးကြီး တေဇ စင်ကာပူမှာ နေထိုင်ခွင့်ဗီဇာရဖို့ ဘွဲ့လက်မှတ် အတု အသုံးပြုနေသလား
📅
💬 မှတ်ချက်
By ရန်ကုန်ခေတ်သစ်
အာဏာရှင် အဆက်ဆက် ခရိုနီသူဌေးကြီးအဖြစ် ရပ်တည်နေနိုင်ခဲ့တဲ့ တေဇဟာ တက္ကသိုလ် ဘွဲ့ တခုခု ရရှိခဲ့တယ် ဆိုတဲ့ မှတ် တမ်း မှတ်ရာ တစုံတခုကို ဘယ်မှာမှ တွေ့ခဲ့ဖူးခြင်း မရှိပါဘူး။ စစ်သက္ကသိုလ် (DSA) တက်ရောက်ခဲ့ပေမယ့် ပြီးဆုံးတဲ့အထိ မတက်နိုင်ဘဲ စစ်တက္ကသိုလ် တတိယနှစ်မှာ ထွက်ခဲ့ရတယ်ဆိုတာ တိုင်းသိပြည်သိဖြစ်ပါတယ်။
ရန်ကုန်ခေတ်သစ်သတင်းဌာနနဲ့ ချိတ်ဆက်နေတဲ့ စင်ကာပူ အခြေစိုက် သတင်းရင်းမြစ်တစ်ခုက ခရိုနီတေဇဟာ စစ်အာဏာသိမ်းချိန်ကတည်းက စင်ကာပူမှာ တိမ်းရှောင်လာခဲ့ပြီး လက်ရှိမှာ နေထိုင်ခွင့် သက်တမ်းကုန်ဆုံးလို့ ဆက် လက် နေနိုင်ဖို့အတွက် Employment Pass လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။
အဲဒီလို လျှောက်ထားရာမှာ လိုအပ်ချက်ဖြစ်တဲ့ ဘွဲ့လက်မှတ်အတွက် ဘွဲ့လက်မှတ်အတု တစ်ခုကို ဖန်တီးအသုံးပြု ခဲ့တယ်လို့ သိရပါတယ်။ စင်ကာပူရဲ့ Employment Pass ဆိုတာက နိုင်ငံခြား ပရော်ဖက်ရှင်နယ် ဝန် ထမ်းတွေ၊ မန်နေဂျာတွေနဲ့ ရင်းနှီးမြှုပ် နှံမှုဆိုင်ရာ ကုမ္ပဏီတွေရဲ့ ပိုင်ရှင်/ဒါရိုက်တာတွေကို ထုတ်ပေးတဲ့ အလုပ်နဲ့ပတ်သက်တဲ့ နေထိုင်ခွင့် ဗီဇာအမျိုးအစားပဲ ဖြစ်ပါတယ်။
စင်ကာပူမှာ နေထိုင်ခွင့် လျှောက်ထားရာမှာ တေဇက သူရရှိထားတဲ့ ဘွဲ့ကို သင်္ချာဘွဲ့လို့ ထည့်သွင်းပြီး ဘွဲ့နံပါတ်မှာတော့ စ- ၆၁၇၄၀ လို့ဖော်ပြထားတဲ့အပြင် ၁၉၈၈ ဇန်နဝါရီလမှာ ဘွဲ့ရခဲ့ကြောင်း၊ ဘွဲ့လက်မှတ်ကို ရန်ကုန်တက္ကသိုလ် က ၁၉၉၄ ခုနှစ်၊ အောက်တိုဘာလမှာ ထုတ်ပေးထားတယ်လို့ ဖော်ပြထားပါတယ်။
တေဇနဲ့ ရင်းနှီးတဲ့ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက “ဦးတေဇ သင်္ချာနဲ့ ဘွဲ့ရခဲ့တယ်ဆိုတာမျိုး တစ်ခါမှ မကြားဖူးသေးဘူး။ တ ကယ် ရခဲ့ရင် သိရမှာပေါ့ဗျာ” ဟု မှတ်ချက်ပြုပြောဆိုပါတယ်။
CDM လုပ်ထားတဲ့ တက္ကသိုလ် ကထိကတစ်ဦးကတော့ ဘွဲ့လက်မှတ်ဆိုင်ရာ စာရွက်စာတမ်း အထောက် အထားတွေက နေပြည် တော် ၊ ပညာရေးဝန်ကြီးဌာန ဆီ ပြောင်းရွှေ့ ရောက်သွားပြီဖြစ်လို့ ရန်ကုန်မှာ ဘွဲ့လက် မှတ် နဲ့ပတ်သက်တဲ့ အစားထိုးတာတွေ၊ အတုလုပ်တာတွေ အခုအချိန်မှာ သိပ်ကို လုပ်စားလို့ကောင်းတဲ့ လုပ်စား ခွင်ကြီးဖြစ်နေတယ် လို့ဆိုပါတယ်။
အာဏာရှင် အဆက်ဆက် ခရိုနီသဌေးကြီးအဖြစ် ရပ်တည်လာခဲ့သလို စစ်အုပ်စုကို ကာလရှည် ထောက်ပံ့နေတဲ့ တေဇဟာ အာဏာသိမ်းမှု စတင်ကတည်းက စင်ကာပူကို ပြောင်းရွေ့နေထိုင်ခဲ့ပါတယ်။
တေဇအနေနဲ့ စင်ကာပူ ဆန်တိုစာ ကျွန်းပေါ်မှာ ဒေါ်လာ ၁၅ သန်းတန် သုံးထပ် အဆင့်မြင့်အိမ်ရာကြီးအပါအဝင် အိမ် ၂ လုံးကို ပိုင်ဆိုင်ထားပြီး၊ အဆိုပါအိမ်ရှေ့မှာ အမြဲလိုလို တန်ဖိုးကြီး Ferrari 8 Spider နှင့် မာစီဒီးစ် ကားကြီး နှစ်စီး ရပ်တန့်ထားကာ၊ မာရီနာဘေး ကာဆီနိုကို ငွေအိတ်ကြီး သယ်ကာ သွားရောက် သုံးဖြုန်းကစားနေနိုင်သူ ဖြစ်နေတယ်လို့ Bloomberg News က လွန်ခဲ့တဲ့ လေးလခန့်ကပဲ သတင်းဖော်ပြခဲ့ပါတယ်။
လက်ရှိမှာတော့ တေဇကို အမေရိကန်၊ ယူကေအပါအဝင် အနောက်နိုင်ငံများက စီးပွားရေး ပိတ်ဆို့အရေးယူထားပြီး၊ NUG အစိုးရကလည်း စစ်တပ်ကို လက်နက်များ ဝယ်ယူနိုင်ဖို့ ပံ့ပိုးနေတဲ့ အကြမ်းဖက် စစ်တပ်ထောက်ခံသူ စီးပွားရေးလုပ်ငန်းရှင် ၉ ဦးရဲ့ အမည်စာရင်းမှာ တေဇကို ထည့်သွင်းအရေးယူထားပါတယ်။
ကာစီနို ကိုးမီး ဖဲဝိုင်းမှာ ဒေါ်လာသန်း ၇၀ ခန့် ရှုံးနိမ့်ခဲ့ဖူးတဲ့ တေဇဟာ စင်ကာပူကို အပန်းဖြေစရာ ကစားကွင်းတခုလို အသုံးချနေတာ ကာလကြာမြင့်လှပြီလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ တိုးမြင့်လာတဲ့ ပိတ်ဆို့အရေးယူမှုတွေနဲ့အတူ အများအမြင်မှာ စောင့်ကြည့်ခံလာရမှုအပြင် ဘွဲ့လက်မှတ်အတုအထိပါ လုပ်လာတဲ့ တေဇတယောက် စင်ကာပူမှာ ဆက်ပြီး အေးအေးလူလူ နေထိုင်နိုင်ဦးမှာလား ဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။
ကန့်ဘလူတွင် စစ်ကောင်စီတပ်စခန်း ၂ ခုနှင့် စစ်ဆေးရေးဂိတ် တစ်ချိန်တည်း တိုက်ခိုက်ခံရပြီး ၁၀ ဦးသေဆုံးဟုဆို
📅
💬 မှတ်ချက်
ကန့်ဘလူ - ဖော်ဖော်ဝါရီ ၁၀၊ ၂၀၂၃။
74 Media
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် အထိုင်ချထားသည့် စစ်ကောင်စီတပ်စခန်း ၂ ခုနှင့် စစ်ဆေးရေးဂိတ်တစ်ခုကို ယမန်နေ့ နံနက် ငါးနာရီက ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးကြောင်း သိရသည်။
ကန့်ဘလူမြို့နယ်၊ ရွှေဘို- မြစ်ကြီးနားကားလမ်းမပေါ်တွင် စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းအဖွဲ့တို့ အထိုင်ချထားသည့် စံပယ်နံ့သာစစ်ဆေးရေးဂိတ်ကိုသွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီနှင့် ပျူစောထီးအဖွဲ့ဝင် ၁၀ ဦး သေဆုံးခဲ့ကြောင်း ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။
“စခန်းကိုသိမ်းလို့ရတော့မှာ အဲ့ထဲဝင်ပြီး လက်နက်တွေဘာတွေ ကောက်တော့မယ့်အချိန်ကျတော့ ဂျက်ဖိုက်တာဝဲတာနဲ့ ပြန်ဆုတ်လာခဲ့တာ။ ဂိတ်အထဲထိဝင်နိုင်တယ်။ အနားကိုကပ်ပြီး လက်နက်ကြီးနဲ့ပစ်ပြီး အလစ်ဝင်တိုက်တာကို” ဟုပြောသည်။
အဆိုပါတိုက်ပွဲကို ကန့်ဘလူဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် (ပကဖ)၊ ကန့်ဘလူတပ်ရင်း (၃) နှင့် တပ်ရင်း (၄) တို့ပါဝင်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
တစ်ချိန်တည်းမှာပဲ စံပယ်နံ့သာကျေးရွာနှင့် ၁၀မိုင်အကွာတွင်ရှိသည့် ပေကြီးကျေးရွာအနီးရှိ ကွင်း (၉) ခေါ် စစ်ကောင်စီတပ်အထိုင်ချထားသည့် တပ်စခန်းကိုလည်း သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ကန့်ဘလူမြို့နယ် မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ကွင်း (၉) ဆိုတာ တပ်မတော်ကြံစိုက်ပျိုးရေးတပ်ကပိုင်တာ။ အဲ့မှာတပ်က အထိုင်ချထားတာ။ ရွှေဘို- မြစ်ကြီးနား ကားလမ်းဘေးမှာ ရှိတာ။ ကွင်း ၉ရယ် စံပယ်နံ့သာရွာရယ် တစ်မနက်တည်းမှာပဲ တိုက်ခိုက်မှုလုပ်ခဲ့ကြတာ။ တစ်ချိန်တည်းမှာ” ဟုပြောသည်။
စစ်တပ်အထိုင်ချထားသည့် ဂိတ်နှင့် တပ်စခန်းများအား သွားရောက်တိုက်ခိုက်ပြီးနောက် သုံးနာရီခန့်အကြာတွင် စစ်ကောင်စီတပ်က စံပယ်နံ့သာကျေးရွာရှိ ဒေသခံအိမ်ငါးလုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
စံပယ်နံ့သာဂိတ်နှင့် ကွင်း (၉) ပစ်ခတ်မှုဖြစ်စဉ်တွင် စစ်ကောင်စီနှင့် ပျူစောထီးအဖွဲ့ဝင် ဆယ်ဦးထက်မနည်း သေဆုံးခဲ့ခြင်း ဟုတ်၊ မဟုတ်ကို The 74 Media အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။
အလားတူ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၈ ရက်နေ့ညကလည်း ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့ကျေးရွာတွင် အထိုင်ချသည့် စစ်ကောင်စီစခန်းကို ကန့်ဘလူတပ်ရင်း (၂) နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် (ပကဖ)များက သွားရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်သည့်အတွက်ကြောင့် ကိုးတောင်ဘို့ဈေးမှာ မီးလောင်ပျက်စီးခဲ့ကြောင်း ကန့်ဘလူတော်လှန်ရေးတပ်ဖွဲ့ဝင် အမျိုးသမီးတစ်ဦးက ပြောသည်။
“သူတို့ဘက်က လက်နက်ကြီးနဲ့ လှမ်းပစ်တော့ ဈေးအလယ်ကို ကျသွားတာလေ။ ပြီးတော့ မီးကျည်တွေနဲ့လည်း ပစ်တော့ ဈေးကမီးလောင်တာ။ ထွက်လည်းမငြိမ်းရဲဘူး။ တစ်ညလုံးပစ်ဖောက်နေတော့ ပြည်သူတွေက မငြိမ်းရဲတော့ တစ်ဈေးလုံး ပြာကျသွားတာ” ဟုပြောသည်။
မီးလောင်ပျက်စီးခဲ့သည့် အဆိုပါဈေးမှာ ကိုးတောင်ဘို့ကျေးရွာဘူတာရုံနှင့် ကပ်လျက်တွင် တည်ရှိပြီး စစ်ကောင်စီတပ်အထိုင်ချထားသည့် ကိုးတောင်ဘို့အထိုင်စခန်းကုန်း၏ မြောက်ဘက်တစ်မိုင်အကွာတွင် ရှိကြောင်းသိရသည်။
၂၀၁၇ သန်းခေါင်စာရင်းအရ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တွင် ကျေးရွာအုပ်စု ၈၆ စုရှိပြီး လူဦးရေ နှစ်သိန်းခုနှစ်သောင်းကျော် နေထိုင်ကြောင်း သိရသည်။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ကျေးရွာငါးရွာမှ နေအိမ် ၁၀၈လုံး မီးလောင်ပျက်စီးခဲ့ပြီး အရပ်သားပြည်သူ ၁၅ဦးကို စစ်ကောင်စီနှင့် ပျူစောထီးတပ်ဖွဲ့ဝင်များက သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
သတင်း - Yu San
ဓါတ်ပုံ - Credit
KNU ထိန်းချုပ်နယ်မြေတွင် အာဏာသိမ်းပြီးနောက် ၂ နှစ်အတွင်း တိုက်ပွဲပေါင်း ၈၀၀၀ ကျော်ဖြစ်ပွားပြီး စစ်သား ၇၀၀၀ နီးပါး သေဆုံး
📅
💬 မှတ်ချက်
ရန်ကုန်၊ ဖေဖော်ဝါရီ ၉ ခေတ်သစ်
ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ရှိ KNU ထိန်းချုပ်နယ်မြေတွင် အာဏာသိမ်းပြီးနောက် ၂ နှစ်အတွင်း တိုက်ပွဲပေါင်း ၈၀၀၀ ကျော်ဖြစ်ပွားပြီး စစ်သား ၇၀၀၀ နီးပါး သေဆုံးကြောင်း KNU က တရားဝင် သတင်းထုတ်ပြန်သည်။
မြန်မာစစ်တပ်မှ အာဏာသိမ်းယူပြီးသည့်အချိန်မှစပြီး ၂ နှစ်အတွင်း တိုက်ပွဲပေါင်း ၈၀၃၈ ကြိမ်ဖြစ်ပွား စစ်တပ်ဘက်မှ ၆၈၇၆ ဦးသေဆုံးကာ ၅၅၁၉ ဦးဒဏ်ရာရရှိကြောင်း၊KNLA /KNDO ပူးပေါင်းတပ်ဖွဲ့ဘက်မှ ၂၁၉ ဦးတိုင်းပြည်အတွက် အသက် ပေး လှူခဲ့ရပြီး ၆၀၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
KNU တပ်မဟာ ၁ နယ်မြေ ဒူးသထူခရိုင် အုပ်ချုပ်မှုနယ်မြေတွင် တိုက်ပွဲပေါင်း ၈၀၁ ကြမ် ဖြစ်ပွားခဲ့ပြီး အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၅၂၆ ဦးသေဆုံးကာ ၁၃၄၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ KNU တပ်မဟာ ၂ တောအူး ခရိုင် အုပ်ချုပ်မှုနယ်မြေတွင် တိုက်ပွဲပါင်း ၂၇၇ ကြိမ် ဖြစ်ပွားခဲ့ပြီး အာဏာ သိမ်း အကြမ်းဖက်စစ်ကောင်စီတပ်များမှ ၅၀၅ ဦးသေဆုံးကာ ၂၀၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ KNU တပ်မဟာ ၃ ခလယ်လွီထူ ခရိုင် အုပ်ချုပ်မှုနယ်မြေတွင် တိုက်ပွဲပေါင်း ၅၂၅ ကြိမ်ဖြစ်ပွားခဲ့ပြီး အာဏာ သိမ်းအကြမ်းဖက်စစ်ကောင်စီတပ်သား ၆၀၆ ဦးသေဆုံးကာ ၃၉၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
KNU တပ်မဟာ ၄ ဘိတ်−ထာဝယ်ခရိုင် အုပ်ချုပ်မှုနယ်မြေအတွင်း တိုက်ပွဲပေါင်း ၁၃၁ ကြိမ်ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်သား ၂၅၉ ဦး သေဆုံးကာ ၂၄၉ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း၊ မူတြော်ခရိုင် တပ် မဟာ ၅ အုပ်ချုပ်မှုနယ်မြေတွင် တိုက်ပွဲပေါင်း ၅၆၃၈ ကြိမ်ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်သား ၂၇၆၀ ဦးသေဆုံးပြီး ၂၃၄၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း၊ ဒူးပလာယာ တပ်မဟာ ၆ အုပ်ချုပ်မှုနယ်မြေတွင် တိုက်ပွဲ ပေါင်း ၆၆၆ ကြိမ်ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်သား ၁၂၂၀ ဦး သေဆုံးကာ ၉၉၄ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ ကြောင်း သိရသည်။
အဆိုပါခုခံတိုက်ပွဲများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုး သား ကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တို့၏ စစ်ရေးဦး ဆောင်မှုအောက်ရှိ စစ်ကြောင်းများ၊ Drone တပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်များမှ အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ခုခံတိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး စစ်အာဏာရှင် စနစ်အမြစ်ပြတ် ချေမှုန်းနိုင်ရေးအတွက် တော်လှန်ရေးတိုက်ပွဲကိုလည်း ဆက်လက် ဆင်နွှဲသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
ဓာတ်ပုံ- KNU တပ်မဟာနယ်မြေတွင် သေဆုံးခဲ့ကြသည့် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းများကို စုစည်းဖော်ပြပါသည်)


မြင်းခြံတွင် ရဲများ လိုက်ပါလာသည့် အိမ်စီးကား ၁ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု
📅
💬 မှတ်ချက်
မြင်းခြံတွင် ရဲများ လိုက်ပါလာသည့် အိမ်စီးကား ၁ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု သေဆုံးမှုများပြား(ရုပ်သံကြည့်ရန်)
ရန်ကုန်၊ ဖေဖော်ဝါရီ ၉ ခေတ်သစ်
မန္တလေး၊ မြင်းခြံမြို့နယ်၊ ကုက္ကဲရဲစခန်းမှအိမ်စီးကား ၁ စီးဖြင့် ထွက်ခွာလာသော ရဲများကို မိုင်းဆွဲ တိုက်ခိုက်မှု၁၂ ဦးသေဆုံးကြောင်း နဂါးနီ ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။
ဖေဖော်ဝါရီလ ၈ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် မြင်းခြံမြို့နယ်၊ ကုက္ကဲရဲစခန်းမှ ထွက်ခွာလာသော ရဲ ၁၂ ဦးပါဝင်သည့် Light truck ကားသည် မြင်းခြံမြို့ဘက်သို့ ထွက်ခွာလာစဥ် ထိန်ပန်းရွာအနီးတွင် ပဒေသာ မိုင်း ၁၅ လုံးဖြင့်ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး ရဲ ၁၂ ဦးလုံးသေဆုံးခဲ့ကြောင်း သိရသည်။
"ကုက္ကဲရဲစခန်းက ရဲခွေး ၁၂ ကောင်ကို ထိန်ပန်းရွာနားမှာ ပဒေသာမိုင်း ၁၅ လုံးနဲ့ မိုင်းဆွဲ တိုက်ခိုက်တာ ကားလည်း ရစရာမရှိအောင် ပျက်ဆီးသွားတယ်။ ကားပေါ်ပါလာတဲ့ ရဲခွေး ၁၂ ကောင်လုံးလည်း သေတယ်လို့ ခရီးသွားတွေ ပြောပြချက်အရ သိရတယ်" ဟု နဂါးနီ ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
ရန်ကုန်ခေတ်သစ်အနေဖြင့် မြေပြင်အခြေအနေကို အသေးစိတ် အတည်ပြု နိုင်ခြင်းမရှိသေးပေ။
မင်းအောင်လှိုင် မိန်းမ၊ သား၊ သမီးနဲ့ မြေးတွေက စင်ကာပူကို အပျော်ခရီး အလည်အပတ် ထွက်လေ့ရှိသတဲ့လား
📅
💬 မှတ်ချက်
ရန်ကုန်၊ ဖေဖော်ဝါရီ ၉ ခေတ်သစ်
အကြမ်းဖက် မင်းအောင်လှိုင်ရဲ့ မိန်းမ ကြူကြူလှ၊ အောင်ပြည့်စုံ၊ ခင်သီရိသက်မွန်တို့ကို မြေး ၅ ဦးနဲ့အတူ စင်ကာပူ Universal Studio Singapore ရဲ့ Accelerator ကစားနည်း ဆိုင်းဘုတ်နားမှာ ရှိနေတဲ့ ဓာတ်ပုံတချို့ရရှိလာပါတယ်။
Universal Studios Singapore က စင်ကာပူနိုင်ငံရဲ့ အပန်းဖြေ ၊ ဖျော်ဖြေရေး၊ ကလေးကစားနည်းပေါင်းများစွာ၊ စားသောက်ဆိုင်တွေ ၊ ရှိုးပွဲတွေ အပြည့်ရှိနေတဲ့ အပန်းဖြေဥယျာဉ်ကြီး တစ်ခုလည်းဖြစ်ပါတယ်။
မင်းအောင်လှိုင်ရဲ့ မိန်းမ၊ မြေးတွေရဲ့ မိသားစုဓာတ်ပုံတွေကို ပေးပို့တဲ့ စင်ကာပူရောက် မြန်မာတစ်ဦးကတော့ ဒီဓာတ်ပုံဟာ ၂၀၂၃ ခုနစ် ဖေဖော်ဝါရီ ၉ ရက် စင်ကာပူ အချိန် မွန်းလွဲ ၂ နာရီ လောက်က ရိုက်ကူးထားတယ်လို့ ဆိုပါတယ်။
ရန်ကုန်ခေတ်သစ်အနေနဲ့တော့ ဒီဓာတ်ပုံတွေရဲ့ အချိန်ကာလကိုတော့ အတည်မပြုနိုင်ပေမယ့်လည်း ဓာတ်ပုံထဲမှာ ပါဝင်နေတဲ့ မင်းအောင်လှိုင် မိန်းမကြူကြူလှ၊ သား၊ချွေးမ၊ သမီးနဲ့ မြေးဖြစ်သူတွေဆိုတာ မှန်ကန်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။
ဓာတ်ပုံထဲမှာ ကြူကြူလှ၊ မင်းအောင်လှိုင်ရဲ့ သား အောင်ပြည့်စုံနဲ့ ဇနီး မျိုးရတနာထိုက် ၊ သမီးအကြီး ချစ်ပိုး(ခေါ်) ခင်ငြိမ်းချမ်းပြည့်စုံလှိုင်၊ ခင်ဘုန်းမြတ်ပြည့်စုံလှိုင်(ခေါ်) ရွှေပိုး၊ အငယ်ဆုံး မြေးမလေးနဲ့ မင်းအောင်လှိုင်သမီး ခင်သီရိသက်မွန်ရဲ့ သမီး အိပိုး (ခေါ်) ဧကရီသက်မွန်လှိုင်၊ မေပိုး(ခေါ်) မေဘရဏီသက်မွန်လှိုင်တို့ကို မြင်တွေ့ရပြီး မင်းအောင်လှိုင်ရဲ့ မြေးတွေကို ထိန်းရတဲ့ စစ်တပ်သူနာပြုတွေကိုလည်း မြင်တွေ့ရပါတယ်။
အောင်ပြည့်စုံရဲ့ သမီးအကြီး ချစ်ပိုး(ခေါ်) ခင်ငြိမ်းချမ်းပြည့်စုံလှိုင်ကိုလည်း အရပ်ရှည်ရှည်နဲ့ မြင်တွေ့ရတာမို့ ဒီဓာတ်ပုံဟာ သိပ်မကြာသေးတဲ့ကာလ ဓာတ်ပုံဖြစ်ဖို့များပါတယ်။
"မအလ မြေးနဲ့ မိသားစု ဓာတ်ပုံတွေကြည့်ရတာ ကိုဗစ်ကာလမတိုင်မီ ပုံအဟောင်းတွေ ဖြစ်မယ်လို့ထင်တာပါပဲ ။ ပုံအဟောင်းပဲ ဖြစ်ဖြစ်၊ ပုံအသစ်ပဲဖြစ်ဖြစ် တစ်တိုင်းပြည်လုံးကို ဖိနှိပ် ချုပ်ခြယ်တဲ့ အာဏာရှင် မိသားစုတွေရဲ့ မြေးတွေဟာ စင်ကာပူရဲ့ ကစားကွင်းတွေမှာ လာပြီး လည်ကြ ပတ်ကြ ပျော်ကြတာ သိသာတာပေါ့။ မင်းအောင်လှိုင်က တစ်တိုင်းပြည်လုံးရဲ့ လူငယ် အနာဂတ်တွေ ဖျက်ဆီး သတ်ဖြတ်နေပေမယ့် သူ့မြေး ကျတော့ စင်ကာပူမှာ ပျော်နေကြတယ်ဆိုတာ ထင်ရှားတာပဲ" လို့ စင်ကာပူရောက် မြန်မာတစ်ဦးက ပြောဆိုပါတယ်။
အကြမ်းဖက်မင်းအောင်လှိုင်ဟာ ပြည်တွင်းဖြစ်ကို အားပေးရမယ်၊ ပြည်တွင်းမှာ အားလုံး ထုတ်လုပ်ရမယ်၊ ပြည်တွင်းခရီးသွား လုပ်ငန်းတွေ တိုးမြှင့်ရမယ် စတဲ့ လူပြိန်းကြိုက်စကားတွေ ပြောတတ်ပေမယ့် သူကိုယ်တိုင်နဲ့ သူ့မိန်းမ၊ မိသားစုတွေက ပြည်ပထုတ်ကုန် အင်္ကျီ၊ ဂျာကင်၊ ဖိနပ်၊ ခါးပတ်၊ အိတ်တွေ အပြင် သား သမီး မြေးတွေကိုတော့ ပြည်ပ အပျော်ခရီး စေလွှတ်တာ လည်းဖြစ်ပါတယ်။
အာဏာအတွက် ပြည်တွင်းဖြစ်ကို အားပေးပါဆိုပြီး ဟန်ဆောင်ပန်ဆောင် ပြောနေတဲ့ မင်းအောင်လှိုင်နဲ့မိသားစုက အာဏာရှင် နေဝင်းလိုပဲ အရည်အသွေးမြင့် ပြည်ပထုတ်ကုန်မှ သုံးပြီး ပြည်ပနိုင်ငံတွေမှာမှ တိုင်းပြည်ဘဏ္ဍာတွေကို ဇိမ်ခံ သွားရောက်လည်ပတ် သုံးဖြုန်းနေတဲ့ အတ္တကြီးသူတွေ ကိုယ်ကျိုးသမားဆိုတာ ထင်သာမြင်သာရှိစေပါတယ်။






သထုံ ခမရ ၉ တပ်ရင်းမှူး နေအိမ်၊ ဗဟိုကင်းနှင့် ကင်းပုန်းများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်၊
📅
💬 မှတ်ချက်
သထုံ ခမရ ၉ တပ်ရင်းမှူး နေအိမ်၊ ဗဟိုကင်းနှင့် ကင်းပုန်းများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်၊ စလင်းမြို့နယ် ကံပြားရဲစခန်းကို တိုက်ခိုက်မှု စစ်သားနှင့်ရဲ ၅ ဦး အပြင်းအထန်ဒဏ်ရာ
ရန်ကုန်၊ ဖေဖော်ဝါရီ ၉ ခေတ်သစ်
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ခမရ ၉ တပ်ရင်းမှူးနေအိမ်နှင့် ကင်းပုန်းစစ်သားများကို ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း Hawk Revolution Squad –HRS တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဖေဖော်ဝါရီလ ၇ ရက် နေ့လယ် ၁၂ နာရီခန့်အချိန် စစ်သားများ တပ်စွဲထားသော ခမရ တပ်ရင်း ၉ အတွင်းရှိ တပ်ရင်းမှူးနေအိမ်၊ ဗဟိုကင်းတို့ကို ၆၀ မမ ဗုံးသီး ၄ လုံးအသုံးပြုပြီး ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ရာ ဗဟိုကင်း၊ လိုင်းခန်းနှင့် တပ်ရင်းမှူးနေအိမ်အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ကြောင်း၊ အလားတူ မိုး ကောင်းဘုရားနှင့် ဖော်ဖကျေးရွာအနီး ကင်းပုန်းဝပ်ရန် လာရောက်သော စစ် သားများကို လည်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ကင်းပုန်းကို တပ်စခန်းရော နှစ်နေရာချခဲ့တာ၊ ကင်းပုန်းက မနက် ၁၀ နာရီ ၁၈ မိနစ်မှာချတယ်၊ ခမရ ၉ တပ်က ၁၂ နာရီကျော်မှာ ထပ်ချတာပါ၊ အရင်ကတော့ ဗုံးချပြီဆိုတာနဲ့ လက်နက်ကြီးရော၊ လက်နက် ငယ်တွေရောပြန်ပစ်တာရှိတယ်၊ ဒီတစ်ခါတော့ လက်နက်ငယ်ပစ်သံမကြားရတော့ဘူး၊ အသံကြားတာနဲ့ ပုန်းနေကြတာနေမှာ” ဟု Hawk Revolution Squad –HRS တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုကို Hawk Revolutionary Squad (HRS) ၊ KNLA တပ်ရင်း၂ တပ်ခွဲ ၃ နှင့် PDF တပ် ရင်း၂ တပ်ခွဲ၃ တို့ ပူးပေါင်းတပ်ဖွဲ့မှ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံး မှုရှိနိုင်သော်လည်း အတည်မပြုနိုင် သေးကြောင်း၊ ခမရ ၉ တပ်အတွင်း ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုတွင် အကြမ်းဖက်စစ်တပ်မှ လက်နက် ကြီး ၇ လုံးခန့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
“အခုနောက်ပိုင်း သူတို့ခြေကုပ် အထိုင်တပ်ရင်း တပ်စခန်းတွေထဲမှာကိုပဲ သူတို့အတွက် လုံခြုံမှုမရှိတော့ ဘူးဆိုတာ ဒီကောင်တွေသိနေပြီ၊ အဲဒါကြောင့် ဗဟိုကင်းတို့၊ တပ်ရင်းမှူးနေအိမ်တို့လိုမျိုး အဆောက် အဦတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာပါ” ဟု Hawk Revolution Squad –HRS တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အလားတူ မကွေးတိုင်း၊ စလင်းမြို့နယ်၊ မုံရွာ- ပုသိမ်လမ်းပေါ်ရှိ ကံပြားရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ရဲ ၅ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း စလင်း PDF ထံမှ သိရသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၈ ရက် ည ၉ နာရီခွဲခန့်က အဆိုပါရဲစခန်းအား RPG လက်နက်ကြီးဖြင့် ပစ်ခတ် ပြီး လက်နက်ငယ်များဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၁ နာရီခန့် တိုက်ပွဲကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ် သား၊ ရဲ ၅ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းရဲစခန်းအတွင်းရှိ လိုင်းခန်းကိုလည်း ပြာချပေး ခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို မင်းဘူးခရိုင်တပ်ရင်း တပ်ရင်း -၁ (PDF –Salin) ၊ မင်းဘူးပကဖနှင့် ပွင့်ဖြူပကဖ တို့ ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်း ဖက်စစ်သားသေဆုံးမှုရှိခဲ့ကြောင်း၊ ယနေ့နံနက် ဖေဖော်ဝါရီလ ၉ ရက် နံနက်အစောပိုင်း စလင်းသို့ အချိန်မီပြန်လည်ဆုတ်ခွာခဲ့ရကြောင်း စလင်း PDF က ဆိုသည်။
ဓာတ်ပုံ- စစ်ရေးစွမ်းရည်ပြသနေသော တောင်းပိုင်းတိုင်း စစ်ဒေသမှ PDF တပ်များ။
နွားထိုးကြီးမြို့အထွက်တွင် စစ်ကား ၁ စီးကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံး၊ ရေနံချောင်းမြို့ ရှောင်လမ်းရှိ စစ်တပ် စစ်ဆေးရေးဂိတ်ကို ပစ်ခတ် တိုက်ခိုက်
ရန်ကုန်၊ ဖေဖော်ဝါရီ ၉ ခေတ်သစ်
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ နွားထိုးကြီးမြို့အထွက် ဆိုင်းဘုတ်အနီးတွင် ကင်းလှည့် ထွက်လာ သော အကြမ်းဖက်စစ်ကား အသေးတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးပွဲချင်းပြီး သေဆုံးခဲ့ ကြောင်း မြင်းခြံခရိုင် တပ်ရင်း ၄ နွားထိုးကြီး PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
ယနေ့ ဖေဖော်ဝါရီလ ၉ ရက် နေ့လည် ၁၁ နာရီခန့်က 4 Wheel ကားအစိမ်းရောင်ဖြင့် အကြမ်းဖက်စစ် သား ၈ ဦးခန့်လိုက်ပါလာသော ကားကို နွားထိုးကြီးမြို့အထွက် ကြိုဆိုပါ၏ ဆိုင်းဘုတ်နားအရောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးပြီး ၄ ဦးမသေမရှင်ဖြစ်သွားကြောင်း သိရသည်။
“မြို့အထွက်ကြိုဆိုပါ၏ ဆိုင်းဘုတ်နားမှာ ဆွဲခဲ့တာ၊ ကားက ထိုးရပ်သွားတာ၊ ၃ ချက်လောက်တော့ ရမ်းသမ်းပစ်တာရှိတယ်၊ မိုင်းဆွဲပြီးတော့ မြို့ထဲက စစ်ခွေးတွေရောက်လာပြီးတော့ သေဆုံးသွားတဲ့ စစ်ခွေးတွေနဲ့ ဒဏ်ရာရတဲ့ကောင်တွေကို သယ်သွားတာ၊ ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေ ဘေး အန္တရာယ် ကင်းပါတယ်” ဟု နွားထိုးကြီး PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။
အလားတူ မကွေးတိုင်း၊ ရေနံချောင်းမြို့ရှောင်လမ်းရှိ စစ်တပ် စစ်ဆေးရေး ဂိတ်စခန်းကို ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း နတ်မောက် PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၈ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်တွင် ရေနံချောင်းမြို့ရှောင်လမ်းပေါ်ရှိ ယာပြင် အကြမ်းဖက် စစ်တပ် ဂိတ်စခန်းကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် မကွေးခရိုင်၊ အမှတ် ၂ တပ်ရင်း၊ တပ်ခွဲ ၁ ၊ ရေနံချောင်း တပ်ခွဲ (PDF -yenangyaung) နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Yenangyaung Local People's Defense Force (ဖေကံကောင်းအဖွဲ့) တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း နတ်မောက် PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။
အောင်လံတွင် စစ်ကြောင်းကို ခြုံခို တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး၊ ညောင်လေးပင်တွင် စစ်တပ် ထောက်ပို့ တံတားတစ်စင်းကို မိုင်းခွဲတိုက်ခိုက်
ရန်ကုန်၊ ဖေဖော်ဝါရီ ၉ ခေတ်သစ်
မကွေးတိုင်း၊ အောင်လံမြို့နယ်၊ ကျွဲခေါင်းကျေးရွာအနောက်ဘက်တွင် အကြမ်းဖက်စစ်သား၊ ပျူစောထီး များကို ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးပြီး ဗိုလ်တစ်ဦးအပါအဝင် ၃ ဦး အပြင်းအထန် ဒဏ်ရာ ရရှိခဲ့ကြောင်း အောင်လံပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာန ထံသို့ ပြောကြားသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၈ ရက် နေ့လည် ၁၂ နာရီ ၄၅ မိနစ်ခန့်က ရွှေပန်းတောကျေးရွာတွင် တပ်စွဲ ထားသော အကြမ်းဖက်စစ်သား၊ ပျူစောထီး ၁၅ ဦးသည် ကားတစ်စီး ဆိုင်ကယ် ၃ စီးဖြင့် တလုတ်ရွာ အုပ်ချုပ်ရေးမှူး ၏ ယောက်ဖတော်စပ်သူ နားရေးဆွမ်းပွဲပွဲမှ ပြန်လာစဉ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဝင် များမှ ခြုံခိုတိုက်ခိုက်ခဲ့ ရာ အကြမ်းဖက်စစ်သား ၄ ဦးသေဆုံးပြီး ဗိုလ်တစ်ဦးအပါဝင် ၃ ဦး အပြင်း အထန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
“တလုတ်ပင်ရွာက အုပ်ကြီးယောက်ဖရဲ့ဆွမ်းသွပ်ကို လာတာဗျ၊ လက်နက်အပြည့်အစုံပါတယ်၊ အဲဒီက နေအပြန်စောင့်တိုက်တာ၊ ဒဏ်ရာရတဲ့သုံးဦးတော့ အနီးအနားက ကားနဲ့သယ်သွားတယ်လို့ ကြားတယ်၊ သေတဲ့ကောင်တွေကို တော့ ဘယ်လိုသယ်လဲ မသိဘူး၊ ကျနော်တို့က အမြန်ပစ်ပြီး ပြန်ဆုတ်လာခဲ့တာ” ဟု အောင်လံမြို့နယ်ပြည်သူ့ကာကွယ်ရေတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ (အောင်လံမြို့) နှင့် သရက်ခရိုင် PDF တပ်ရင်း ၁ တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။
အလားတူ ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းဟောင်း ထိန်တပင်ကျေးရွာနှင့် ထော နွတ် ကျေးရွာကြားရှိ အကြမ်းဖက်စစ်ကောင်စီထောက်ပို့တံတား တစ်စင်းကို ဖောက်ခွဲဖျက်ဆီး ခဲ့ ကြောင်း Bago Region PDF မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။
ယနေ့ဖေဖော်ဝါရီလ ၉ ရက် မွန်းလွဲ ၂ နာရီ ၄၇ မိနစ်က အကြမ်းဖက်စစ်ကောင်စီတပ်မှ ထောက်ပို့ ဆက် သွယ်ရေးတံတားအဖြစ် အသုံးပြုနေသော ပေ ၆၀ အရှည်တံတားတစ်ခုကို မိုင်းခွဲဖျက်ဆီးခဲ့ရာ တံတား တစ်ခြမ်းပျက်စီခဲ့ကြောင်း သိရသည်။
အဆိုပါဖောက်ခွဲမှုကို ညောင်လေးပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ကျောက်တံတားမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ပူးပေါင်းကာ နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ဖောက်ခွဲခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။

လက်အောက်ခံတပ်တွေကို ထိန်းပေးဖို့ KNU ကို စစ်ကောင်စီ အကြောင်းကြား
📅
💬 မှတ်ချက်


