နောက်ဆုံးရ
ဂျပန်အစိုးရ၏ ညွှန်ကြားချက်မရှိဘဲ အကြမ်းဖက်စစ်ကောင်စီနှင့် မင်းအောင် လှိုင်ကို အသိအမှတ်ပြု ထိတွေ့ ဆက်ဆံနေသည့် နီပွန် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဆာဆာဂါဝါ

ဂျပန်အစိုးရ၏ ညွှန်ကြားချက်မရှိဘဲ အကြမ်းဖက်စစ်ကောင်စီနှင့် မင်းအောင် လှိုင်ကို အသိအမှတ်ပြု ထိတွေ့ ဆက်ဆံနေသည့် နီပွန် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဆာဆာဂါဝါ



ဂျပန်အစိုးရ၏ ညွှန်ကြားချက်မရှိဘဲ အကြမ်းဖက်စစ်ကောင်စီနှင့် မင်းအောင် လှိုင်ကို အသိအမှတ်ပြု ထိတွေ့ ဆက်ဆံနေသည့် နီပွန် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဆာဆာဂါဝါကို ဂျပန်ရောက် မြန်မာများ ဆန္ဒပြမည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၉ ခေတ်သစ်

ဂျပန်အစိုးရ၏ ညွှန်ကြားချက်မရှိဘဲ အကြမ်းဖက်စစ်ကောင်စီနှင့် မင်းအောင် လှိုင် ကို အသိအမှတ်ပြု ထိတွေ့ ဆက်ဆံနေသည့် နီပွန် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာ ဆာဆာဂါဝါကို ဂျပန်ရောက် မြန်မာအများ ဆန္ဒပြမည်ဖြစ်ကြောင်း ဂျပန်ရောက် နွေဦးတော်လှန်ရေး အင်အားစုမှ တာဝန်ရှိသူ ကိုသန့်ဇော်ထက်က ပြောသည်။ 
မြန်မာ့ငြိမ်းချမ်းရေး ကိုယ်စားလှယ်နှင့် ဂျပန်အစိုးရ၏ မြန်မာ့ငြိမ်းချမ်းရေး သံတမန် နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါက်တာဆာဆာဂါဝါသည် ဂျပန်အစိုးရ၏ ညွှန်ကြားချက်မရှိဘဲ မင်းအောင်လှိုင်ကို ထိတွေ့ ဆက်ဆံခြင်း၊ အကြမ်းဖက်စစ်ကောင်စီအတွက် အလုပ်လုပ်ပေးခြင်းများရှိနေပြီး ၎င်း၏ လုပ်ဆောင်ချက်များကို ဂျပန်အစိုးရက တစ်စုံတစ်ရာ မသိရှိဟု တုံ့ပြန်ပြောဆိုလာကြောင်း၊ ထို့ကြောင့် အကြမ်းဖက်စစ်ကောင်စီကို ထိတွေ့ ဆက်ဆံနေသော ၎င်းကို ဆန္ဒပြရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရှိရသည်။ 
"ကျနော်တို့ Japan MOFA (နိုင်ငံခြားရေးဝန်ကြီးဌာန) နဲ့လည်း ဆုံပြီးပြီ။ သူတို့ကလည်း ငြင်းတယ်။ Sasagawa ကို သူတို့စေခိုင်းခြင်းမရှိဘူး။ မြန်မာပြည်သူတွေရဲ့တုံ့ပြန်မှုအပေါ်စောင့်ကြည့်ပြီး သူတို့လည်း ဘယ်လိုရပ်တန့်လို့ရမယ် စဉ်းစားမယ်ပြောတယ်" ဟု  ကိုသန့်ဇော်ထက်က ရှင်းပြသည်။ 
အကြမ်းဖက်အားပေး  နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဆာဆာဂါဝါကို  ဂျပန်နိုင်ငံရှိ နီပွန်ဖောင်ဒေးရှင်းရုံးချုပ်ရှေ့တွင် ဖေဖော်ဝါရီ ၂၂ ရက်နေ့  ညနေ ၃ နာရီမှ ၅ နာရီအထိ ကန့်ကွက် ဆန္ဒပြမည်ဖြစ်ပြီး ကန့်ကွက်ဆန္ဒပြပွဲတွင် ပူးပေါင်းပါဝင် အားဖြည့်ကြရန် တရားဝင် အသိပေး ဖိတ်ကြားမှုများ ထုတ်ပြန်ထားပြီးဖြစ်ကြောင်း သိရှိရသည်။

ဆက်ဖတ်ရန် →
ရန်ကုန်တွင် စစ်တပ်က ပြည်ထောင်စုနေ့အတွက် ပြင်ဆင်

ရန်ကုန်တွင် စစ်တပ်က ပြည်ထောင်စုနေ့အတွက် ပြင်ဆင်

မကြာခင်ကျရောက်မည့် ဖေဖော်ဝါရီလ ၁၂ ရက်ပြည်ထောင်စုနေ့အတွက် အာဏာသိမ်းစစ်တပ်က ရန်ကုန်မြို့တွင် ပြင်ဆင်မှုများ ဆောင်ရွက်နေသည်။
တိုင်းရင်းသားဒေသအသီးသီးတွင် ဖမ်းဆီးသတ်ဖြတ်မှုများ ပြုလုပ်နေသည့် စစ်တပ်က တိုင်းနှင့်ပြည်နယ်အလံများကို ပြည်လမ်းတစ်လျှောက် ချိတ်ဆွဲလျက်ရှိသည်။
ရန်ကုန်မြို့ ပြည်လမ်းရှိ ပြည်သူ့ရင်ပြင်တွင် ပြည်ထောင်စုနေ့ပွဲပြုလုပ်ရန် ပြင်ဆင်နေပြီး စစ်တပ်က လက်နက်အပြည့်အစုံဖြင့် ကင်းလှည့်နေသည်။
အဆိုပါ ပြည်ထောင်စုနေ့ပွဲကို တိုင်းနှင့် ပြည်နယ်ခန်းမများတွင် ပြုလုပ်မည်ဖြစ်ပြီး စစ်တပ်က ပြုလုပ်သည့် ယခင်ပွဲများအတိုင်း တပ်မိသားစုများကို အသုံးချကာ စည်ကားသယောင် ပြုလုပ်သွားမည်ဟု သိရသည်။
(Myanmar now)
ဓာတ်ပုံ- CJ





ဆက်ဖတ်ရန် →
ချင်းပြည်နယ်၊ ထန်တလန်မြို့မရဲစခန်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့များက သိမ်းပိုက်

ချင်းပြည်နယ်၊ ထန်တလန်မြို့မရဲစခန်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့များက သိမ်းပိုက်

Breaking News- စစ်အုပ်ချုပ်ရေး ကြေညာထားသော ချင်းပြည်နယ်၊ ထန်တလန်မြို့မရဲစခန်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့များက သိမ်းပိုက်လိုက်ပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်နေ၊ လက်နက် ၄၀ ကျော်နှင့်ခဲယမ်းများ သိမ်းဆည်းရမိ
ရန်ကုန်၊ ဖေဖော်ဝါရီ ၉ ခေတ်သစ်
စစ်အုပ်ချုပ်ရေး ကြေညာထားသော ချင်းပြည်နယ်၊ ထန်တလန်မြို့နယ် ရဲစခန်းကို ယမန်နေ့ညပိုင်းတွင်  CNA-CDFက အပြီးအပိုင် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ဆိုသလို လုပ်ဆောင်နေကြောင်း CNA-CDF သတင်းရင်းမြစ်များထံမှ သိရှိရသည်။ 
ဖေဖော်ဝါရီလ ၈ ရက်နေ့ ည ၁၀ နာရီမှစတင်၍ ရဲစခန်းကို စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ည ၁ နာရီဝန်းကျင်တွင် ထန်တလန် ရဲစခန်းကို လုံး၀ သိမ်းပိုက်လိုက်ကြောင်း၊ ချင်းကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦး ကျဆုံးပြီး စခန်းကို လုံး၀ အပြီးအပြတ် သိမ်းပိုက်လိုက်ကြောင်း၊ လက်နက်များ ၊ ဒရုန်းပစ် လက်နက်များ အပါအဝင် လက်နက် ၄၀ ကျော်နှင့် ခဲယမ်းများ အမြောက် အမြား ရရှိကြောင်း သိရှိရသည်။ 
အကြမ်းဖက်စစ်ကောင်စီက ယမန်နေ့ ညပိုင်းမှစတင်၍ လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေပြီး လက်ရှိ သတင်းရေးသား ဖော်ပြနေချိန်တွင်လည်း လေကြောင်းမှ တိုက်ခိုက်မှုများ ဆက်တိုက်ရှိနေကြောင်း သိရှိရသည်။ 
ရန်ကုန်ခေတ်သစ်အနေဖြင့် ထန်တလန်မြို့နယ် CNA-CDF အဖွဲ့ထံသို့ ဆက်သွယ်ရန် ကြိုးစားလျက်ရှိပြီး သက်ဆိုင်ရာ အဖွဲ့က ထုတ်ပြန်လာမည့် တရားဝင် အတည်ပြုချက်ကို ရရှိရန် ကြိုးစားလျက်ရှိသည်။ 
စစ်ကောင်စီက ဖေဖော်ဝါရီလ ၂ ရက်နေ့မှ စတင်၍ ချင်းပြည်နယ်ရှိ ထန်တလန် မြို့နယ် အပါအဝင် ၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာထားသည်။




ဆက်ဖတ်ရန် →

#Bad_Review_for Potato Corner(Hlaetan Branch)


Video ကိုအစဆုံး သေချာကြည့်ပေးကြပါ

https://youtube.com/shorts/YQ9hGSJZNAY?feature=share အကျယ်ကြည့်ရန်



ဒီနေ့ လှည်းတန်း center မှာ ပါကင်ရပ်ထားရင်းနဲ့ အာလူးကြော်စားမယ်ဆိုပီး Potato corner မှာအာလူးကြော်နဲ့ cheese sausage ဆင်းဝယ်ပါတယ် 
မုန့်မှာ ငွေရှင်းအပြီး အနှင်းက ဒီဘတ်မှာရပ်ပြီး order စောင့်နေတာပါ အာ့အချိန် Potato Corner မှ ဝိုင်းပြထားတဲ့ဝန်ထမ်းက 



’sausage ကို ရေခဲသေတ္တာထဲက ယူပီး သူတပ်ထားတဲ့ Face mask ကိုချွတ်လိုက်ပါတယ် နှာခေါင်းထဲက နှပ်ချီးဖတ်ကိုယူပီး အာ့sausage မှာ သုတ်လိုက်ပါတယ်ရှင် ‘’ အာ့အချိန်သူနဲ့စကားပြောနေတဲ့ ဝန်ထမ်းကောင်မလေးက ဟက် ဆိုပီး အာ့ကောင်လေးကိုတောင် ပြောလိုက်ပါသေးတယ် ။ 

သူလုပ်တာကိုဝန်ခံထားတာကို record သွင်းလာတာပါ 
မိန်းကလေး ဖြစ်လို့ အာ့နားမှာ အခြေအတင်တွေ မဖြစ်ချင်လို့ စိတ်ကို တော်တော်လေးလျှော့ပီး ပြန်လာခဲ့ပါတယ် ။
Potato corner ကိုအသေကြိုက်တဲ့ customer ပါအကောင့်ထဲက လူတွေတောင် သိပါတယ် အမြဲဝယ်စားနေကြပါ ။ ခုလုပ်ရပ်က ရွံ့စရာကောင်းပြီး အတော်လေးအောက်တန်းစား ဆန်လွန်းပါတယ်။

(မနှင်း)
ဆက်ဖတ်ရန် →
မြန်မာပြည်တွင် အာမခံချက်ဆိုသည်မှာ တစ်လလောက်အတွင်းသာကောင်းတတ်သည်

မြန်မာပြည်တွင် အာမခံချက်ဆိုသည်မှာ တစ်လလောက်အတွင်းသာကောင်းတတ်သည်

ဘဝသံသရာ
--------------
သံသရာဆိုသည်မှာ လည်ပတ်ခြင်းသဘောဖြစ်သည်။ မနေ့ကတစ်နေ့လုံး ကွန်ပျူတာသုံးရသည်မှာ တရားရစရာကောင်းလှသည်။ အဖန်တလဲလဲ ဖြစ်ခြင်း ပျက်ခြင်းများကြားမှ နောက်ဆုံးတွင် Facebook ကိုပါ ဖွင့်မရတော့ပါ။ 
အကြောင်းကြားစာတွေ တစ်ခုပြီးတစ်ခု ရောက်လာသည်။ အီးမေးလ်ကို တစ်ယောက်ယောက်ဝင်နေသည်။ Facebook ကို တစ်ယောက်ယောက်ဝင်နေသည် ဆိုသော စာတန်းတွေ ဖတ်ရပြီးနောက် Password တွေကို ပြောင်းခိုင်းနေသည်။ 
ကျွန်တော် Laptop နှင့် Tablet နှစ်ခုတွင် Facebook ကို သုံးပါသည်။ ယခုတစ်လော အင်တာနက်ကလည်း ဆိုးဆိုးရွားရွားကို စုတ်ပြတ်ပါသည်။ မနက်ဆိုလျှင် ကျွန်တော်က ၄ နာရီထပြီး စာရေးနေကျဖြစ်သည်။ ကိုယ်စာရေးသည့် အချိန်တွင် မီးကပျက်နေလျှင် အနေ အထားတွေက ပျက်ကုန်ပြီ။
ကျွန်တော့်ကို ဘေးအိမ်မှ အင်တာနက်ဝိုင်ဖိုင်ပေးသုံးထားသည်။ မီးပြတ်လျှင် သူ့အိမ်က ဝိုင်ဖိုင်လည်း မရတော့ပါ။ သူတို့က ကိုယ့်လိုစောစော အိပ်ရာကထသူများ မဟုတ်ကြ။ ကျွန်တော်ကတော့ မီးပြတ်လည်း အင်ဗာတာလေးကောက်ဖွင့်ပြီး စာရေးနိုင်သေးသည်။ သို့သော် အင်တာနက် လိုင်းပေါ်တက်ဖို့ အခက်တွေ့ ရသည်။ ယခုတစ်လော မီးကလည်း လာချိန်မလာ၊ မလာချိန်လည်းမလာ။ အင်ဗာတာနှင့် ဘက်ထရီ အားဝင်ရန်ပင် မနည်းကြိုးစားနေရသည်။
ဖုန်းနှင့်တစ်ခါ အင်တာနက်ချိတ်ဆက်ပြီး သုံးရပြန်သည်။ ဖုန်းထဲလည်း ငွေမဖြည့်ထားမိပြန်လျှင် ထိုမနက်အဖို့ သောကပွေရတော့သည်။ ဖုန်းငွေဖြည့်ကတ်က ဈေးတွင်သွားဝယ်မှရသည်။
ခုတစ်လော MPT ကလည်း လိုင်းမကောင်း။ အော်ရီဒူးကလည်းအဝိုင်းလည်။ ကိုယ့်ထံတွင်လည်း ထိုလိုင်း နှစ်လိုင်းသာရှိပြီး တစ်လှည့်စီပြောင်းသုံးနေရသည်။ ဟိုလိုင်းမရ သည်လိုင်း၊ သည်လိုင်းမရ ဟိုလိုင်း။ ဖုန်းက ကျွန်တော့်မှာ ပြောရသည်မရှိပါ။ အားလုံးနှင့် အဆက်အသွယ်ဖြတ်ထားသည်။ အင်တာနက်အတွက်သာ ဖုန်းကို အသုံးများပါသည်။ လိုင်းတွေမကောင်းသည့်အခါ သောကတွေများရပြန်သည်။
မနေ့ကတစ်နေလုံး လိုင်းမကောင်းသဖြင့် Facebook ကို ပြန်ဝင်၍ရအောင် မလုပ်နိုင်။ ကျွန်တော်က တစ်ခုခု စိတ်ထဲတွင် စနိုးစနောင့်ဖြစ်နေလျှင် အိပ်မပျော်တော့။ ငါ့ Facebook ဒီမနက်ဖွင့်မရလျှင် စာဘယ်လိုတင်ရပါ့ မည်နည်းဟု စိတ်ထဲစွဲကာ မနက် ၂ နာရီခွဲလောက်ကတည်းက နိုးနေသည်။
တော်သေးသည် မီးလာနေသဖြင့် ဝိုင်ဖိုင်ဖွင့်ပြီး လိုင်းသုံးကြည့်သည်။ ဝိုင်ဖိုင်ပေးထားသော အိမ်ကမိသားစုတွေ မသုံးချိန်ဖြစ်သောကြောင့် လိုင်းတက်လာသည်။ သို့သော် Tablet တွင် Facebook က ဖွင့်မရဘဲ Laptop တွင် သာဖွင့်ရသည်။ တစ်ခုလောက် ဖွင့်၍ရလျှင်မဆိုးဆိုကာ Laptop ကိုသုံးနေရာက ပြန်အိပ်၍မရတော့။ ထို့ကြောင့် စာရေးနေမိသည်။
၂၀၂၁ ဖေဖော်ဝါရီကတည်းက သုံးနေသော အင်တာနက်လိုင်းတွေလည်း တစ်ခုပြီးတစ်ခုပြတ်ကုန်သည်။ ကျွန်တော့်ထံတွင် သူတို့အင်တာနက်သုံးပါက ဘယ်လိုတွေကောင်းကြောင်း ကြော်ငြာပြီး လာတပ်ဆင်ပေးကာ သုံးနေသော လိုင်းနှစ်လိုင်းမှာလည်း စက်တွေသာ ကိုယ့်မှာပုံနေသည် တစ်ခုမျှ သုံးမရတော့။ ထို ဝိုင်ဖိုင် စက်နှစ်လုံးဖိုးအတွက် ရင်းနှီးထားရသော ငွေကပင်မနည်း။ ၂၀၂၁ ဖေဖော်ဝါရီမတိုင်မီကတော့ သုံး၍ ကောင်းနေသေးသည်။ နောက်တော့ သုံးမရ။ ကျွန်တော် တောကိုပြောင်းသည့်အခါတွင်လည်း ထိုစက်တွေ လိုင်းတွေက အသုံးပြု၍ မရတော့သောကြောင့် ချောင်ထိုးထားလိုက်ရတော့သည်။
မြန်မာပြည်တွင် အာမခံချက်ဆိုသည်မှာ တစ်လလောက်အတွင်းသာကောင်းတတ်သည်။ တစ်လအတွင်း ကတော့ ကောင်းလိုက်သည်မှာ ဖြတ်ဖြတ်လူးရောဆိုရမည်ပင်။ ရုပ်ရှင်တွေဘာတွေတောင် ဒေါင်းလုတ် မလုပ်ဘဲ တိုက်ရိုက်ကြည့်နိုင်သည်။ တစ်လပြည့်၍ငွေသွင်းပြီး နောက်တစ်လ ကူးသည်ဆိုလျှင်ပင် ဟိုဟာမရ သည်ဟာမရ အစွမ်းတွေပြတော့သည်။ နောက်ဆုံး ကောင်းနိုး ကောင်းနိုး မှေးသုံးနေရင်းက ဟိုဟာလည်း ဝင်မရ သည်ဟာလည်း ဝင်မရဖြစ်လာသည်။
ကလေးတွေက အကြံပေးသည်။ သူတို့က ကိုယ့်ထက် ကျွမ်းကျင်ကြသည်။ VPN လေးခံသုံးရန်ဖြစ်သည်။ မြန်မာပြည်တွင် VPN မခံဘဲ အဘယ်မှာလျှင် Facebook သုံးနိုင်သနည်း။
“ဦးလေးကလည်း အဲဒီ VPN မရရင် ဟို VPN ပြောင်းသုံးပါလား”
ကလေးတွေကိုပဲ လုပ်ခိုင်းရပြန်သည်။ သူတို့ ပြောင်းသုံးခိုင်းသည့်အတိုင်း VPN ပြောင်းသုံးလိုက်သည့်အခါ  Facebook က ရလာပြန်သည်။ သို့သော် အခြား ကိုယ်စာဖတ်နေသည့် လိုင်းတွေက ဝင်မရ ဖြစ်သွားပြန်သည်။
တစ်နေ့ တစ်နေ့ ဖုန်းတစ်လုံးကို ဘေးချ
ဟိုလိုင်းပြောင်း သည်လိုင်းပြောင်း
ဟိုဟာ မကောင်း သည်ဟာ
သည်ဟာမကောင်း ဟိုဟာ
စာအုပ်လေးတစ်အုပ် ကြိုက်သဖြင့် ဒေါင်းလုပ်ဆွဲနေစဉ် မီးကပြတ်
အင်ဗာတာထချိန်း
ခဏအကြာ မီးကပြန်လာ
ခဏအကြာ ပြန်ပြတ်
အင်ဗာတာ ထဖွင့်
ခဏအကြာ မီးက ပြန်လာ
ခဏအကြာ မီးကပြန်ပြတ်
ခဏအကြာ မီးကပြန်လာ
ဟော ခဏအကြာပြန်ပြတ်
လူကို အလုပ်ပေးထားလိုက်တာများ နားချိန်ပင်မရှိ။
ထိုင်လိုက် ထလိုက်၊ ထလိုက် ထိုင်လိုက်
မီးပြန်လာ ရေသွားဖွင့်လိုက်။ မီးပြတ်လိုက် ပြန်ပိတ်လိုက်။ ထမင်အိုးသွားတည်လိုက်၊ မီးပြတ်လိုက်၊ ပြန်လာလိုက်။ ခလုတ်တွေလိုက်ပိတ်၊ ခလုတ်တွေ ပြန်ဖွင့် ပျော်စရာကောင်းလိုက်သည့်အဖြစ်။ ကိုယ့်လို ဘယ်နိုင်ငံသား ပြည်သူများ ကြုံဖူးပါအံ့နည်း။ ထူးလိုက်သည့်ကံ။
ကာတွန်းလေးတစ်ကွက်ကို မျက်စိထဲသွားမြင်ကာ ပြုံးလိုက်မိ၊ ကလေးကို ရုံးခေါ်သွားသည့် ကာတွန်းလေးကို ဖြစ်သည်။
ကျွန်တော့်ဘဝတွင် မီးမပြတ်သည့်ကာလ၊ အင်တာနက်ကို စိတ်ကြိုက် ကောင်းမွန်စွာသုံးရသည့်ကာလ သက်တမ်းလေးတစ်ခုသာ ကြုံဖူးသည်။ ၂၀၁၅ မှ ၂၀၂၀ အတွင်းသာဖြစ်သည်။ 
ကျွန်တော်က ဆရာကြီး ဦးသုခ၏ “တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်ရမည်” ဆိုသော စကားလေးကို အလွန်နှစ်သက်သူဖြစ်သည်။ ထို့ကြောင့်လည်း ဆရာကြီးစကားလေးနှင့် ဇွဲတင်းကာ ဖြစ်ကိုဖြစ်ရမည်ဆိုပြီး လုပ်ပါသည်။
သို့သော်
မြန်မာပြည်တွင် ကိုယ်ကတကယ်ဖြစ်ချင်သော်လည်း လက်တွေ့တွင် လုပ်မရနိုင်လောက်အောင် ဖြစ်နေသည့် အရာတွေက များလှသည်။ 
ဆရာကြီး ဦးသုခသည် ထိုစကားကို မသုံးမီက ဘဝသံသရာဆိုသည့် ရုပ်ရှင်ထဲတွင် ကိုယ်တိုင် သီဆိုသွားခဲ့သည့် သီချင်းလေးလည်း ရှိခဲ့ဖူးပါသည်။
“ဖြစ်ချင်တာလည်း မဖြစ်ရပါ၊ မဖြစ်ချင်တာတွေလည်း ဖြစ်ရမှာ ... အဲဒါ ... အဲဒါ ... ဘဝသံသရာ” ဆိုသည့် သီချင်းလေးကို ကြားယောင်နေမိသည်။
တင်ညွန့်




၉.၂.၂၀၂၃



ဆက်ဖတ်ရန် →
RANE အဖွဲ့ကြီး၏ ၂၀၂၃ မြန်မာ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး သုံးသပ်ချက်

RANE အဖွဲ့ကြီး၏ ၂၀၂၃ မြန်မာ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး သုံးသပ်ချက်

Risk Assistance Network & Exchange သည် ကမ္ဘာပေါ်ရှိ ကုမ္ပဏီကြီး များ အတွက် ၎င်းတို့ ရင်းနှီးမြုပ်နှံလိုသည့် ဒေသများ၏ အခြေအနေ နှင့် ဖြစ်ပေါ်လာနိုင်သည်များကို လုပ်ငန်းသဘောအရ ဘက်လိုက်မှု ကင်းစွာ နှင့် အရှိကို အရှိအတိုင်း အခကြေးငွေ ယူကာ သုံးသပ်တင်ပြရသည့် အဖွဲ့ဟု လူသိများ ထင်ရှားသည်။
ယခု အဆိုပါ ဝက်ဆိုဒ် ၏ ကမ္ဘာရေးရာ များ သုံးသပ်နေသော Stratfor မှ “Two Years and Counting: The State of Myanmar’s Post-coup Conflict” ခေါင်းစဉ်ဖြင့် သုံးသပ်တင်ပြထားသည်ကို အခမဲ့ ဖတ်ရှုခွင့် ရ၍ ပြန်လည် တင်ပြလိုက်ပါသည်။
မြန်မာ စစ်ကောင်စီသည် အာဏာသိမ်းခဲ့သည် မှာ နှစ် နှစ် ရှိလာပြီ ဖြစ်သော်လည်း စစ်မျက်နှာ အသီးသီး တွင် ရှေ့မတိုး နောက်မဆုတ် နိုင် ဖြစ်နေ၍ တရားဝင် မည့် အရပ်သား အစိုးရ ပုံစံမျိုး ထွက်ပေါ် မလာနိုင် ဖြစ်နေရသည်၊ ထို့အတွက် နိုင်ငံ အတွင်း ပြည်တွင်းစစ်၊ စီးပွားရေး ကျဆင်းလာမှု များ နှင့် နိုင်ငံတကာ၏ ဝိုင်းကျဉ် ထားမှု ကို ဆက်လက် ကြုံတွေ့နေရဦးမည် ဖြစ်သည်။
အာဏာသိမ်းပြီးနောက် ပြဋ္ဌာန်းလာခဲ့သည့် အရေးပေါ် အခြေအနေသည် ဇန်နဝါရီ ၃၁ ရက် တွင် သက်တမ်း ကုန်ဆုံးသွားခဲ့ပြီ ဖြစ်၍ အများက ထိုအခြေအနေကို အခွင့်ကောင်းယူကာ အသွင်ကူးပြောင်းရေး ကောင်စီ ပုံစံမျိုး ဖြင့် နိုင်နိုင်နင်းနင်း ထိန်းချုပ် လာမည့် ရွေးကောက်ပွဲမှ တဆင့် နိုင်ငံတကာ က လက်ခံလာလောက်ပြီး ရင်းနှီးမြုပ်နှံမှုများ ဝင်ရောက်လာနိုင်သည့် အစိုးရမျိုး ဖန်တီးလာနိုင်သည်ဟု ခန့်မှန်းခဲ့ကြသည်။
သို့သော် ကာလုံသည် ရွေးကောက်ပွဲ မကျင်းပမီ ငြိမ်ဝပ်ပိပြားမှု ထိန်းသိမ်းရန် လိုသည်ဆိုကာ တတိယ အကြိမ် သက်တမ်းတိုးလာခဲ့သည်။ ဤသို့ဖြင့် အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင် သည် ဩဂုတ်လ ၁ ရက် နေ့အထိ အာဏာကို ဆက်လက် ထိန်းချုပ်သွားနိုင်ခဲ့သည်။ အခြေအနေများ ဆက်ပြီး တိုးတက်မှု ရှိမလာပါက လည်း စတုတ္တအကြိမ် အဖြစ် ဆက်၍ သက်တမ်းတိုးလာဖွယ် ရှိနေသည်။
သို့သော် စစ်တပ်သည် အာဏာသိမ်းပြီး ကတည်းက လွတ်လပ်ရေး ရပြီးနောက် အကြီးမားဆုံးသော လက်နက်ကိုင် ပုန်ကန်မှုကြီး နှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။ ယခုအခါ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ နှင့် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များသည် ကျေးလက် ဒေသအများစု ပါဝင်သော နယ်မြေ အမြောက်အမြားကို ထိန်းချုပ်လာနိုင်ပြီ ဖြစ်သည်။ ဆက်လက်ပြီးလည်း တိုက်ပွဲများ ဖေါ်ဆောင်နေပြီ ဖြစ်၍ နိုင်ငံအတွင်း လုံခြုံစိတ်ချရသော နယ်မြေ ဟူ၍ အနည်းငယ်သာ ကျန်ရှိလာတော့မည် ဖြစ်သည်။
အနောက်နိုင်ငံများသည် အာဏာသိမ်းပြီး နှစ် နှစ်မြောက်တွင် နောက်ထပ် ပိတ်ဆို့ဒဏ်ခတ်မှု များ ချမှတ်လာကြသည်။ ထိုအထဲတွင် နိုင်ငံပိုင် ရေနံ နှင့် သဘာဝ ဓါတ်ငွေ့ လုပ်ငန်း ပါလာခြင်းသည် သိသိသာသာ အရှိန် မြှင့်လာခြင်းဟု ယူဆ၍ ရပေသည်။ ယခင်က အနောက်နိုင်ငံများသည် တိုင်းပြည် စီးပွားရေး လက်ရှိထက် ပို၍ ဆိုးဝါးလာမည်ကို စိုးရိမ်လာ၍ ရေနံဓါတ်ငွေ့ လုပ်ငန်း အပေါ် ပိတ်ဆို့ ဒဏ်ခတ်ရန် လက်တွန့်နေခဲ့ကြခြင်း ဖြစ်သည်။
ရေနံနှင့် ဓါတ်ငွေ့ လုပ်ငန်းသည် စစ်တပ်အတွက် အဓိက ဝင်ငွေ ရရာ ရကြောင်း ဖြစ်နေ၍ (နှစ်စဉ် ဒေါ်လာ ၁.၅ ဘီလီယံ အထိ ရရှိနေ) ယခုလို ပိတ်ဆို့ ဒဏ်ခတ်လာခြင်းကြောင့် ၎င်းတို့ အတွက် နိုင်ငံခြား အရံငွေ ရရာ ရကြောင်း လျော့နည်းလာဖို့ ရှိနေသည်။ နှစ်နှစ်ကြာမျှ ဖာသိဖာသာ နေလာခဲ့ပြီးနောက် ယခုလို စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့ ရန် ဆုံးဖြတ်ချက် များ ချမှတ်လာခြင်း နှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများ မှ နှုတ်အား ဖြင့် အပြင်းအထန် ဝေဖန် ရှုံ့ချလာမှု များကြောင့် အနောက်နိုင်ငံများ၏ မူဝါဒ ရေးဆွဲသူများ၏ စိတ်တွင် မြန်မာ အရေးသည် ထိတ်ဆုံးက ရှိလာတော့မည် ဖြစ်သည်။
သို့သော်လည်း အနောက်နိုင်ငံများသည် စင်္ကာပူ နှင့် ထိုင်း ကဲ့သို့ မဟာမိတ် များ အပေါ် ပြစ်ဒဏ်ခတ်လို စိတ် မရှိမှု နှင့် ဒေသတွင်း နိုင်ငံများ အနေဖြင့် လက်ရှိ အနေအထားကို မဆိုးလှဟု လက်ခံထားမှု များ ကြောင့် အာဏာသိမ်း အဖွဲ့သည် ငွေရေးကြေးရေး ပိုင်းတွင် ဆက်၍ အသက်ရှု ချောင်နေဦးမည် ဖြစ်သည်။ အထူးသဖြင့် စင်္ကာပူ၏ ကြီးမား ကျယ်ပြန့်လှသည့် ဘဏ္ဍာရေး စနစ် ကို အမှီပြုပြီး စစ်တပ်သည် တတိယ အဖွဲ့အစည်းများ နှင့် ဆက်သွယ်နိုင်နေသဖြင့် လက်နက် ရောင်းချမှု ပိတ်ပင်ခြင်း နှင့် စီးပွားရေး ဒဏ်ခတ်မှု များ ကို တိမ်းရှောင်နိုင်နေဆဲပင် ဖြစ်သည်။ ထိုင်းသည်လည်း ဓါတ်ငွေ့ လိုအပ်ချက် ၏ ၁၅ ရာနှုန်းကို မြန်မာ အား အမှီသဟဲ ပြုနေရသည်။
၂၀၂၃ တွင် အာဆီယံ အဖွဲ့ အတွင်း မြန်မာအား အဝေဖန်ဆုံး ဖြစ်သည့် အင်ဒိုနီရှားသည် အလှည့်ကျ ဥက္ကဌ ဖြစ်လာသော်လည်း စစ်တပ်၏ အကြမ်းဖက် လုပ်ရပ်များ ကို ထိန်းချုပ်နိုင်ရန် ကျန် အဖွဲ့ဝင် နိုင်ငံများ အပေါ် စည်းရုံး၍ မရ ဖြစ်နေဆဲပင်။ တရုတ် နှင့် ရုရှားသည် လည်း အာဏာသိမ်း အဖွဲ့အား မသိမသာ ဖြင့် လက်နက်များ၊ စစ်ပစ္စည်းများ နှင့် နိုင်ငံတကာ မျက်နှာစာ များ တွင် ထောက်ခံနေဆဲပင် ဖြစ်သည်။ အထူးသဖြင့် တရုတ် အတွက် မြန်မာသည် ဘူမိမဟာဗျူဟာ အနေအထား အရ လွန်စွာ အရေးကြီးနေသော နိုင်ငံဖြစ်နေပြန်သည်။
မြန်မာ ၏ ပြည်တွင်းစစ် သည် နှစ်ဖက် စလုံးက အနိုင်ရမည်ဟု တွက်ဆမှုများ နှင့် မြန်မာ ပြည်သူများက စစ်တပ်အပေါ် မုန်းတီး ရွံရှာမှု များ ရှိနေ၍ ရေတို နှင့် အလယ်အလတ် ကာလ အပိုင်း အခြား တွင် အဆုံးသတ်နိုင်ဖွယ် မရှိသေးပေ။ ထိုကာလများ အတွင်း စစ်တပ်သည် အရပ်သား အစိုးရ အဖွဲ့ ပုံစံ အသွင်ပြောင်း နိုင်မည်ဆိုက ၎င်းတို့ လိုအပ်နေသော အသိအမှတ်ပြုခံရမှု နှင့် ရင်းနှီးမြုပ်နှံလိုသူများ၏ ယုံကြည်မှု အထိုက်အလျောက် ပြန်ရလာနိုင်စရာ ရှိနေသည်။ စစ်တပ်သည် ထိုသို့ သော အစိုးရမျိုးကို မျက်နှာပြောင်တိုက်ပြီး ဖန်တီးနိုင်ခဲ့လျှင်ပင် အာဆီယံ နိုင်ငံ အတွင်း တွင်သာ အခြေအနေ ကောင်းလာဖို့ ရှိနေသည်။
သို့သော် စစ်ကောင်စီ နှင့် ၎င်းတို့ တပ်များအား သမိုင်းစဉ်တလျှောက် အပြင်းအထန် ဆန့်ကျင်တိုက်ခိုက်ခဲ့ကြသည့် တိုင်းရင်းသား အဖွဲ့များ နှင့် ဗမာ လူမျိုး များ အကြား ထူးထူးခြားခြား ပေါင်းစည်း လာနိုင်ကြပြီ ဖြစ်၍ အတုအယောင် ရွေးကောက်ပွဲမျိုး ပြုလုပ်ရန်ပင် မဖြစ်နိုင်တော့သည့် အနေအထား ရှိလာနေပြီး စစ်တပ်အတွက် ၎င်းတို့ အာဏာသိမ်းမှု ကို အသိအမှတ် ပြုလာစေရန် နှင့် ရင်းနှီးမြုပ်နှံလိုသူများ ၏ ယုံကြည်မှု များ ပြန်လည် မြှင့်တင်နိုင်ရေး တွင် တိုးတက်မှု များ ဖေါ်ဆောင်နိုင်ဖို့ ခဲယဉ်းလာနေပြီ ဖြစ်သည်။
ပြည်တွင်းစစ်ကြီး အတွင်း နှစ်ဖက် စလုံးက ခေတ်မီ လက်နက်များ ထုတ်သုံးလာနိုင်၍ တိုက်ပွဲများ ကြောက်မက်ဖွယ် ကောင်းလောက်အောင် ပြင်းထန် လာနိုင်ပြီး ဒေသတွင်း လုံခြုံရေးကို ခြိမ်းချောက် လာနိုင်ခြင်းနှင့်အတူ မူးယစ်ဆေးဝါး အန္တရာယ် ကြီးမြင့်လာဖို့ ရှိနေသည်။
စစ်တပ်သည် လေကြောင်း နှင့် လက်နက်ကြီး ပစ်ကူများ ပို၍ သုံးလာနိုင်သော်လည်း တော်လှန်ရေး အင်အားစုများဖက်ကလည်း ဒရုန်းများ တီထွင် အသုံးပြုလာနေ၍ အပျက်အစီးများ ပို၍ ကြီးမားလာဖွယ် ရှိနေသည်။ 
မြန်မာ မှ အလျံပယ်ထွက်ရှိလာနေသော မူးယစ်ဆေးဝါးများ ကြောင့် လက်ရှိ အရှေ့တောင် အာရှ ဈေးကွက်တွင် ဈေးနှုန်းများပင် ကျဆင်းလာခဲ့ရသည်၊ ဇန်နဝါရီ ၂၆ ရက်နေ့ ထုတ်ပြန်သော ကုလသမဂ္ဂ ကျေညာချက်အရ ၂၀၂၂ အတွင်း မူးယစ်ဆေး ထုတ်လုပ်မှုသည် ယမန်နှစ် နှင့် နှိုင်းစာလျှင် ၃၃ ရာနှုန်းအထိ မြင့်တက်လာသည်ဟု ဆိုသည်။
မြန်မာ စီးပွားရေးသည် ၂၀၂၁ အတွင်း ၁၈ ရာနှုန်း ကျဆင်းသွားသော်လည်း ၂၀၂၂ တွင် အနည်းငယ် ပြန်၍ ဦးမော့လာဖွယ် ရှိသည်ဟု ခန့်မှန်းမှုများ ရှိခဲ့သည်။ သို့သော် နိုင်ငံတွင်းရှိ စီးပွားရေး လုပ်ငန်းများသည် အပြည့်အဝ ပြန်လည် လည်ပတ်နိုင်ခြင်း မရှိသေး၊ ၂၀၂၂ နောက်ဆုံး သုံးလပတ်အတွင်း ကမ္ဘာဘဏ်မှ ကောက်ယူသော စစ်တမ်းများအရ စီးပွားရေး လုပ်ငန်း အနေအထား များသည် ပဋိပက္ခများ ကြောင့် နှောင့်‌နှေးရမှု များ မရှိတော့ တိုးတက်လာခဲ့သည်ဟု ဖြေဆိုမှုများ ထွက်ပေါ်လာသော်လည်း ပိတ်ဆို့ ဒဏ်ခတ်မှုများ၊ နိုင်ငံခြား အရံငွေ ပြတ်လတ်နေမှုများ နှင့် ကျပ်ငွေတန်ဖိုး ကျဆင်းနေမှုများ ကြောင့် အာဏာမသိမ်းမီ အနေအထား ပြန်ရောက်ဖို့ အခွင့်အလန်းသည် မရှိသလောက် နည်းပါးနေဆဲပင် ဖြစ်သည်။
လူတဦးချင်းစီ၏ စီးပွားရေး ထုတ်လုပ်နိုင်မှု အတိုင်းအတာ per capita GDP သည် ၂၀၁၉ နှင့် နှိုင်းစာလျှင် ၁၉ ရာနှုန်း ခန့် ကျဆင်းနေဆဲပင် ဖြစ်သည်။ အာဆီယံ အဖွဲ့၏ တုံဏှိဘာဝေ လုပ်ရပ်များကြောင့် မြန်မာသည် အဖွဲ့ကြီး၏ လွတ်လပ်စွာ ကုန်သွယ်ခွင့် လုပ်ငန်းဘောင် အတွင်း ဝင်ရောက်နိုင်နေဆဲ ဖြစ်၍ အရှေ့ နှင့် တောင်အာရှ နိုင်ငံများ ရှိ ကုမ္ပဏီများ အဖို့ နိုင်ငံတွင်းရှိ စီးပွားရေး အခွင့်အလန်း များ အပေါ်  စိတ်ဝင်စားနေဆဲပင် ဖြစ်သည်။
လှစိုးဝေ
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!
Illustration Credit - Nikkei Asia Review




ဆက်ဖတ်ရန် →
ယူကေကို ဒီကနေ့ ရုတ်တရက် ရောက်ရှိလာတဲ့ ယူကရိန်းသမ္မတ ဇလန်စကီး

ယူကေကို ဒီကနေ့ ရုတ်တရက် ရောက်ရှိလာတဲ့ ယူကရိန်းသမ္မတ ဇလန်စကီး

ယူကေကို ဒီကနေ့ ရုတ်တရက် ရောက်ရှိလာတဲ့ ယူကရိန်းသမ္မတ ဇလန်စကီး က ယူကေ Dorset စစ်စခန်းမှာ Challenger 2 တင့်ကား မောင်းဖို့ သင်တန်းတက်နေတဲ့ ယူကရိန်း တပ်ဖွဲ့ဝင်တွေကို ယူကေ ဝန်ကြီးချုပ် ရစ်ရှီဆူးနက် နဲ့ အတူ သွားရောက် တွေ့ဆုံ
ဖေဖေါ်ဝါရီ ၈ - ၂၀၂၃
ယူကေ ကနေ ယူကရိန်းကို Challenger 2 တင့်ကား ၁၄ စီးပေးဖို့ သဘောတူ ထားတာ ဖြစ်ပါတယ်။
ဒါ့အပြင် အမေရိကန်က M1 Abrams တင့်ကား ၃၁ စီး နဲ့ ဂျာမနီက Leopard 2 တင့်ကား ၁၄v စီး ယူကရိန်းကို ထောက်ပံ့သွားမှာ ဖြစ်ပါတယ်။
သမ္မတ ဇလန်စကီး ဟာ ဒီကနေ့မှာ ပါလီမန် ခန်းမမှာ စကား ပြောကြားပြီး ဒေါင်းနင်း လမ်း အမှတ် ၁၀ ဝန်ကြီးချုပ် နေအိမ်ကို လည်း သွားရောက်ခဲ့ သလို ဘက်ကင်ဟမ် နန်းတော်မှာ ဘုရင် ချားစ် ကိုလည်း သွားရောက် တွေ့ ဆုံခဲ့ပါတယ်။ 
ဓါတ်ပုံ - getty









ဆက်ဖတ်ရန် →
ယူကရိန်းကိုပေးမဲ့ အမေရိကန်အဝေးပစ်လက်နက်ကို လျှော့မတွက်ဖို့ ရုရှားအာကာသ အေဂျင်စီအကြီးအကဲဟောင်းက သတိပေး

ယူကရိန်းကိုပေးမဲ့ အမေရိကန်အဝေးပစ်လက်နက်ကို လျှော့မတွက်ဖို့ ရုရှားအာကာသ အေဂျင်စီအကြီးအကဲဟောင်းက သတိပေး

၈/၂ Burma News Network 
ယူကရိန်းကို ပေးပို့မဲ့ အမေရိကန်စစ်လက်နက်အကူအညီအသစ်ထဲက GLSDB အဝေးပစ်ပဲ့ ထိမ်းဒုံးကျည်ဗုံးတွေဟာ အန္တရာယ်အလွန်များကြောင်း ရုရှားအာကာသအေဂျင်စီ အကြီးအကဲ ဟောင်း ဒီမီထရီ ရိုဂိုဇင်က သတိပေးပြောဆိုလိုက်ပါတယ်။ 
အမေရိကန်နဲ့ ဆွီဒင် ပေါင်းစပ်ထုတ်လုပ်ထားတဲ့ အဆိုပါ အဝေးပစ်ဒုံးကျည်တွေဟာ ရုရှား ရေဒါတွေကို အလွယ်တကူ ရှောင်ရှားနိုင်သလို ပေါက်ကွဲစေတတ်တဲ့ ထိပ်ဖူးထုထည်ဟာ ကြီးမားတယ်လို့လည်း ရိုဂိုဇင်က ဆိုပါတယ်။ တပ်ဆင်ထားတဲ့နည်းပညာအရ ရုရှားလေကြောင်းရန်ကာကွယ်ရေးရေဒါတွေအနေနဲ့ GLSDB ဒုံးကျည်ဗုံးတွေလာတာကို ကြိုတင်ထောက်လှမ်း နိုင်စွမ်းမရှိပဲ အနီးရောက်မှ သိနိုင်လိမ့်မယ်လို့လည်း ရိုဂိုဇင်က ပြောပါတယ်။ 
တန်ဖိုးကြီးတဲ့ လက်နက်ကြီးအခြေစိုက်စခန်းတွေ ရေဒါစခန်းတွေကို တန်ဖိုးနည်းနည်းနဲ့ ပစ်ခတ်တိုက်ခိုက်နိုင်အောင် ထုတ်လုပ်ထားတဲ့ ဒုံးကျည်အမျိုးအစားဖြစ်ပြီး တန်ဖိုးကျသင့်ငွေ ဒေါ်လာ ၄ သောင်းပဲ ရှိတာမို့ အရေအတွက် များများပေးနိုင်မဲ့အခြေအနေရှိတယ်လို့လည်း ရိုဂိုဇင်က ဆိုပါတယ်။ 
GLSDB ဒုံးကျည်ဗုံးကို ဘယ်စစ်မြေပြင်မှာမှ အသုံးမပြုဘူးသေးပဲ ယူကရိန်းမှာ စတင်အသုံးပြုမှာမို့ ပိုပြီး သတိထားဖို့လိုတယ်လို့လည်း ရိုဂိုဇင်က ပြောပါတယ်။  ယူကရိန်းတပ်တွေက ဘယ်လို ဒုံးပစ်စင်နဲ့ ပစ်ခတ်မယ်ဆိုတာ မသိရသေးသလို ဘယ်အချိန်မှာ လက်တွေ့အသုံးပြုနိုင်မယ်ဆိုတာ မသိသေးဘူးလို့လည်း ရိုဂိုဇင်က ဆိုပါတယ်။ ပုံမှန်အားဖြင့် လက်တွေ့ပစ်ခတ်အသုံးပြုဖို့ လချီကြာတတ်တာမို့ ရုရှားတပ်တွေအနေနဲ့ အခုကတည်းက ပြင်ဆင်သင့်တာတွေ ပြင်ဆင်ထားဖို့လိုမယ်လို့လည်း ရိုဂိုဇင်က သူ့လူမှုကွန်ယက်ပေါ်ကနေ သတိပေးရေးသားထားပါတယ်။




ဆက်ဖတ်ရန် →
ငါလာလည်တာ ထိုင်းလား မြန်မာလားဆိုတာတောင်တွေဝေသွားစေနိုင်တဲ့ထိုင်းဆိုင်များအကြောင်း

ငါလာလည်တာ ထိုင်းလား မြန်မာလားဆိုတာတောင်တွေဝေသွားစေနိုင်တဲ့ထိုင်းဆိုင်များအကြောင်း

သစ်သီးဆိုင်မှာ အကူစျေးရောင်းနေတဲ့ လူငယ်တွေလဲ
မြန်မာတွေ ပိုင်ရှင်ကထိုင်း အဲ့လိုမျိူး စျေးရောင်းတဲ့သူ
ကအများစုရှိတယ် ဖူးခက်က seafood ဆိုင်တန်းမှာလူ
ခေါ်ဆိုင်ထိုင်ခိုင်းသူတွေရဲ့ ၉၀% ကလဲ မြန်မာတွေ၊ မသိ
ရင် ငါလာလည်တာ ထိုင်းလား မြန်မာလားဆိုတာ 
တောင်တွေဝေသွားစေနိုင်ပါတယ် မြန်မာအလုပ်သ
မားတွေဟာ ထိုင်းတွေလိုပဲ ပြောနိုင်ဆိုနိုင်တော့ အဆင်
ပြေကြပါတယ် ဆိုင်ကိုရောပိုင်တာလားမေးတော့ ပိုင်တဲ့
သူရှိတယ် ဘယ်လိုပိုင်လဲဆိုတော့ အနောက်မှာနာမည်ခံ
ပေးတဲ့ထိုင်းတွေရှိတယ် နာမည်ခံတာကလွဲလို့ဆိုင်ကိစ္စ
ဘာမှဝင်မပါဖူး အခုလိုဝင်စစ်ချိန်မှာ ဆိုင်မှာလဲရှိနေမှာ
မဟုတ်ဖူး၊ လူနဲ့နာမည်မတူတဲ့အတွက်ဖမ်းမယ်ဆိုရင်
တနိုင်ငံလုံးမှာရှိတဲ့ဆိုင်တွေရဲ့၂၀%လောက်ပိတ်သိမ်း
ရပါလိမ့်မယ်၊ အခုလုပ်နေတဲ့စီမံချက်က ဟန်ပြလောက်
ပဲဖြစ်မှာပါ ထိုင်းတွေက တလ ဘတ်၅၀၀၀-၁၀၀၀၀
လောက်ပဲရတဲ့အလုပ်တွေမလုပ်ကြတော့တာကြာပါပြီ
ပြီးခဲ့တဲ့လထဲမှာမဲဆောက်စျေးထဲကွမ်းယာဆိုင်ပါမကျန်
ဝင်ဖမ်းခဲ့ပါသေးတယ် ရာဇဝတ်အလုပ်တွေမဟုတ်လို့
အထက်ကချပေးတဲ့စီမံချက်ကို လုပ်ပြီးပြီဆိုတာသက်
သေပြရုံလောက်ပါပဲ မိသူတွေကကံဆိုးသူတွေလို့ပဲ
ကောက်ချက်လဲချမရပါဖူး ပိုက်ဆံပေး နောက်ကျပြန်
ဖွင့် ပါပဲ ဒီနေရာဒီလုပ်ငန်းကိုထိုင်းတွေကစိတ်မဝင်စား
လို့ စျေးဆိုင်တွေပိတ်ကုန်ရင် အခက်အခဲဖြစ်မှာစျေးဝယ်
မယ့်သူတွေပါ ဆက်ကြေးရမယ့်ရဲတွေလဲစားပေါက်ပိတ်
မှာမို့လို့ စစ်လဲခဏပါပဲ ပြန်ဖွင့်ကြမှာပါ












ဆက်ဖတ်ရန် →
အာဏာသိမ်း (၂)နှစ်အတွင်း စကစ တပ်သား (၃၂,၀၂၀)ယောက် သေဆုံး

အာဏာသိမ်း (၂)နှစ်အတွင်း စကစ တပ်သား (၃၂,၀၂၀)ယောက် သေဆုံး



 

၂၀၂၁

------

ဖေဖော်ဝါရီ (၃)ယောက်

မတ် ဧပြီ မေ (၅၄၁)ယောက်

ဇွန် ဇူလိုင် ဩဂတ် (၁,၇၁၀)ယောက်

ခုခံစစ်ပထမလ စက် (၁၅၆၂)ယောက်

ခုခံစစ်ဒုတိယလ အောက်(၁၉၇၄)ယောက်

ခုခံစစ်တတိယလ နို (၂၁၁၇)ယောက်

ခုခံစစ်စတုတ္ထလ ဒီ (၂၃၇၇)ယောက်

---------------------------

စုစုပေါင်း သေဆုံးသူ = (၁၀,၂၈၄)ယောက်

၂၀၂၂

-----

၂၀၂၂ ဇန္နဝါရီလ ( ၁,၆၈၆ ) ယောက်

၂၀၂၂ ဖေဖော်ဝါရီ ( ၁,၃၅၀ ) ယောက်

၂၀၂၂ မတ်လ ( ၁,၇၃၀ ) ယောက်

၂၀၂၂ ဧပြီလ ( ၁,၉၂၈ ) ယောက်

၂၀၂၂ မေလ ( ၂,၀၂၂ ) ယောက်

၂၀၂၂ ဇွန်လ ( ၁,၉၄၀ ) ယောက်

၂၀၂၂ ဇူလိုင် ( ၁,၇၃၃ ) ယောက်

၂၀၂၂ ဩဂတ် ( ၁,၈၅၄ ) ယောက်

၂၀၂၂ စက်တင်ဘာ ( ၁,၅၄၃ ) ယောက်

၂၀၂၂ အောက်တိုဘာ( ၁,၅၂၀ )ယောက်

၂၀၂၂ နိုဝင်ဘာ ( ၁,၅၉၄ ) ယောက်

၂၀၂၂ ဒီဇင်ဘာ ( ၁,၃၁၆ ) ယောက်

-------------------------------

စုစုပေါင်း သေဆုံးသူ ( ၂၀,၂၁၆ ) ယောက်


၂၀၂၁ ခုနှစ် = (၁၀,၂၈၄) ယောက်

၂၀၂၂ ခုနှစ် = (၂၀,၂၁၆) ယောက်

၂၀၂၃ ဇန္နဝါရီ = (၁,၅၂၀) ယောက်

-------------------------

စုစုပေါင်း = (၃၂,၀၂၀) ယောက်


သေဆုံးသူ စုစုပေါင်း = (၃၂,၀၂၀) ယောက်

CDM စစ်သား + ရဲသား = (၁၂,၀၀၀)ယောက်

----------------------------

အင်အားပြုန်းတီးမှုပေါင်း= (၄၄,၀၂၀)ယောက်

၂၀၂၁ ဖေဖော်ဝါရီ(၁)ရက်နေ့မှ ၂၀၂၃ ဇန္နဝါရီ (၁)ရက်နေ့အထိ

 စစ်ကောင်စီဘက်က (၄၄,၀၂၀) လေးသောင်းခွဲ နီးပါး ပြုန်းတီးခဲ့ပါတယ်။

၂၀၂၁ ခုနှစ် စာရင်းတွေကို ထပ်မံ တည်းဖြတ် ဖြည့်စွက် ထားပါတယ်။

၂၀၂၂ ခုနှစ် စာရင်းတွေဟာ ရန်ကုန် ခေတ်သစ် မီဒီယာ က စုဆောင်း 

ဖော်ပြချက်တွေ ဖြစ်ပါတယ်။ 

NUG က ထုတ်ပြန်တဲ့ စာရင်းနဲ့ အနည်းငယ် ကွာဟမှု ရှိပါတယ်။

၁ ဖေဖော်ဝါရီ ၂၀၂၃

မြတ် မိုး ဟိန်း ခိုင်

ကိုးကား - NUG , ရန်ကုန် ခေတ်သစ် , The Insight , KNU နှင့် သတင်း မီဒီယာများ

 


 

ဆက်ဖတ်ရန် →
နောင်ချိုမြို့နယ်၊ ကုန်းစံ ရဲဘက် အကျဉ်းစခန်းမှ ထောင်ပိုင် ဦးစီးအရာရှိ ဦးဝင်းမြင့်ဇော် ပစ္စတိုဖြင့် မိမိကိုယ်ကို သတ်သေ

နောင်ချိုမြို့နယ်၊ ကုန်းစံ ရဲဘက် အကျဉ်းစခန်းမှ ထောင်ပိုင် ဦးစီးအရာရှိ ဦးဝင်းမြင့်ဇော် ပစ္စတိုဖြင့် မိမိကိုယ်ကို သတ်သေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၈ ခေတ်သစ်
ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်ရှိ ကုန်းစံ ရဲဘက် စခန်း တာဝန်ခံ ထောင်ပိုင် ဦးစီးအရာရှိ ဦးဝင်းမြင့်ဇော် ပစ္စတိုဖြင့် မိမိကိုယ်ကို သေကြောင်းကြံစည်သွားကြောင်း အကျဥ်း ဦးစီးဌာန သတင်းရင်းမြစ်ထံမှ သိရှိရသည်။ 
ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ကုန်းစံ ရဲဘက် အကျဉ်းစခန်း တာဝန်ခံ ထောင်ပိုင် ဦးစီးအရာရှိ ဦးဝင်းမြင့်ဇော်သည် မေးစေ့ကို ပစ္စတို သေနတ်ဖြင့် ပစ်ခတ်ကာ မိမိကိုယ့်ကိုကို သေကြောင်း ကြံစည် သတ်သေသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ပြည်ထဲရေးဝန်ကြီးဌာနက ကုန်းစံ ရဲဘက်အကျဉ်းစခန်းထံမှ စိုက်ပျိုးသီးနှံကြံထွက်ကုန်များ မျှော်မှန်းသည့်အတိုင်း မထွက်၍  ထောင်ပိုင်အနေဖြင့် ကြံ တန် ၁၀၀၀ ပေးလျှော်ရမည်ဟု အမိန့် ပေးညွှန်ကြားလာကြောင်း၊ တပ်မှ ပြောင်းလာသည့် အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး  ဒုဗိုလ်မှူးကြီးဟောင်း ကျော်ကျော်ဦးက  ရဲဘက် စခန်းသို့ လာရောက်၍ လျှော်ကြေးအတွက် လာရောက်တွေ့ဆုံ ဖိအားပေးရန် ကြိုးစားစဉ် ထောင်ပိုင် ဦးဝင်းမြင့်ဇော်ကို အတွေ့ မခံဘဲ သေကြောင်းကြံစည်သွားခြင်းဖြစ်​ကြောင်း သိရသည်။ 
"ရာသီဥတုဖောက်တာနဲ့ ရဲဘက် စခန်းမှာ ခိုင်းစေဖို့ လုပ်သားမရှိတော့ဘူး။ ရဲဘက်စခန်းမှာ အကျဉ်းသား နည်းပါးပြီး လွတ်ငြိမ်းနဲ့ လွတ်ကုန်လို့ ကြံအထွက် မကောင်းတာကို ထောင်ပိုင်က ကြံ တန် ၁၀၀၀ ပေးလျော်ဖို့ ပြည်ထဲရေးက ဆုံးဖြတ်တယ်။ အဲဒါ အကျဉ်းဦးစီး ညွန်မှူး တပ်က ပြောင်းလာတဲ့ ဗိုလ်မှူးကြီး ကျော်ကျော်ဦးက ရဲဘက်စခန်းကို လာရောက်တယ်။ နောက်ပြီးညွှန်မှူးက ထောင်ပိုင်ကို ခေါ်တွေ့တာကို အတွေ့ မခံဘဲ သူ့ကိုယ့်သူ သတ်သေသွားတာပါ" ဟု အကျဥ်း ဦးစီးဌာနနှင့် နီးစပ်သူ တစ်ဦးကပြောဆိုသည်။
ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်တွင် ပြည်ထဲရေးဝန်ကြီးဌာန၊  အကျဥ်းဦးစီး လက်အောက်ရှိ ရဲဘက်စခန်း များသည်  တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို  ဆက်ကြေးပေး၍ ရပ်တည်နေရခြင်းဖြစ်ကြောင်း၊  စစ်ကောင်စီကလည်း အခြားတစ်ဖက်တွင်လည်း ၎င်းတို့လိုချင်သည့် ရလဒ်များ ရရှိစေရေး ဖိအားပေး ခိုင်းစေခြင်းများကြောင့် မြေပြင်၌ အခက်အခဲဖြစ်နေကြောင်း အကျဥ်း ဦးစီးဌာနနှင့် နီးစပ်သူ တစ်ဦးက​ ဆက်လက်ပြောဆိုသည်။
နောင်ချိုမြို့နယ်အတွင်း ကြံစိုက်ပျိုးရသည့် အကျဥ်းစခန်း ၅ ခု ရှိပြီး လွင်ကြီးစခန်း၊ ဂယ်လောင်းစခန်း၊ ဟိုခိုစခန်း၊ ကျူအင်းစခန်းနှင့် ကုန်းစံစခန်း တို့ဖြစ်ကြောင်း သိရသည်။


ဆက်ဖတ်ရန် →
မောင်းသူမဲ့ တိုက်လေယာဉ်ငယ် တည်ဆောက်မှု နည်းပညာများကို လိုအပ်သည့်နေရာများ ဖြန့်ဝေနိုင်ရန် ဆောင်ရွက်နေ

မောင်းသူမဲ့ တိုက်လေယာဉ်ငယ် တည်ဆောက်မှု နည်းပညာများကို လိုအပ်သည့်နေရာများ ဖြန့်ဝေနိုင်ရန် ဆောင်ရွက်နေ

CJ Platform
မောင်းသူမဲ့ တိုက်လေယာဉ်ငယ် တည်ဆောက်မှု နည်းပညာများကို လိုအပ်သည့်နေရာများ ဖြန့်ဝေနိုင်ရန် ဆောင်ရွက်နေကြောင်း People’s Voice မှ မအေးဘုံက CJ Platform သို့ပြောကြားသည်။
“နည်းပညာနဲ့ Drone များကို လိုအပ်တဲ့ နေရာတွေကိုပါ ဖြန့်ဝေနိုင်ဖို့အတွက် စီစဉ်နေပါတယ်၊ အဲ့အတွက် ထောက်ပို့ငွေ လိုအပ်တဲ့အတွက် ပြည်သူတွေကို ချပြပြီး ကောက်ခံဖို့ လုပ်နေပါတယ်” ဟု မအေးဘုံက ပြောကြားသည်။
မောင်းသူမဲ့ တိုက်လေယာဉ်ငယ်များကို ၂၀၂၂ ခုနှစ် မေ လတွင် စတင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး၊ အောက်တိုဘာလတွင် ထောက်လှန်းခြင်း ၊ သတင်းယူခြင်း၊ စစ်ဆင်ရေးများ ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်နိုင်ခဲ့ကြောင်းလည်း သိရသည်။
“လေယာဉ်ငယ်အတွက် ဗုံးသီးကိုလဲ ကိုယ်တိုင်ထုတ်လုပ်တာပါ၊ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကနေပြီးတော့ စစ်ဆင်ရေးပျံသန်းမှုပေါင်း ၁၀၀ နီးပါးရှိပြီ” ဟု မအေးဘုံက ပြောကြားသည်။
ပြည်တွင်းထုတ် မောင်းသူမဲ့ တိုက်လေယာဉ်ငယ် (G3) ထုတ်လုပ်ရေးအဖွဲ့သည် စတင်ဖွဲ့စည်းချိန်က စတင်ကာ သိုသိပ်စွာ လုပ်ဆောင်ခဲ့သည့်အပြင် နီးစပ်ရာအကူအညီအချို့ဖြင့်သာ ရပ်တည်ခဲ့သည့်အတွက် ငွေကြေးအခက်အခဲများစွာ ရှိနေကြောင်းလည်း သိရသည်။
အဆိုပါ တိုက်လေယာဉ်ငယ်များသည် စစ်ကောင် စီ၏ ဂျန်ပါ(ဒရုန်းဖျက်စက်) များကိုပါ ဖြတ်ကျော်မောင်းနှင့်နိုင်သည့်အတွက် စစ်ဆင်ရေးဆောင်ရွက်ရာတွင်လည်း အဆင်ပြေကြောင်း People’ Voice က ထုတ်ပြန်ထားသည်။
“ညီမတို့က ထောက်ပို့အတွက် လိုအပ်တဲ့ငွေကူရှာပေးရတာပါ၊ အောင်မြင်မှုတိုင်းက ထုတ်လုပ်ရေးအဖွဲ့တွေကနေပြီး ပညာရှင်အကိုတွေရဲ့ ကြိုးစားမှု အောင်ပွဲသာဖြစ်ပါတယ်”ဟု မအေးဘုံကပြောကြားသည်။
မောင်းသူမဲ့ တိုက်လေယာဉ်ငယ်များ ပိုမိုထုတ်လုပ်နိုင်ရန်အတွက် ကျပ် ၁၀၀၀ မှစတင်ကာ မိမိစိတ် ကြိုက် ပါ၀င်လှူဒါန်းနိုင်ရန်အတွက် ကျပ် ၁၀၀၀ Campaign အား ယနေ့(ဖေဖော်ဝါရီ ၈ ရက်) စတင်မည်ဖြစ်ကြောင်းလည်း People’s Voice က အသိပေးထားသည်။
မောင်းသူမဲ့ တိုက်လေယာဉ်ငယ်တစ်စီး ထုတ်လုပ်မှုကုန်ကျစရိတ်သည် အမေရိကန်ဒေါ်လာ ၂၀၀၀ ခန့်သာရှိကြောင်းလည်းသိရသည်။
🖋️လင်းခိုင်
ဓာတ်ပုံ -People’s Voice


ဆက်ဖတ်ရန် →
EAO အဖွဲ့တွေ RCSS ဌာနချုပ်မှာ ငြိမ်းချမ်းရေးရှေ့လုပ်ငန်းစဉ် အလွတ်သဘောဆွေးနွေး

EAO အဖွဲ့တွေ RCSS ဌာနချုပ်မှာ ငြိမ်းချမ်းရေးရှေ့လုပ်ငန်းစဉ် အလွတ်သဘောဆွေးနွေး

RCSS ဌာနချုပ်မှာရောက်ရှိနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် EAO အဖွဲ့က ကိုယ်စားလှယ်တွေဟာ ငြိမ်းချမ်းရေး ရှေ့လုပ်ငန်းစဉ်တွေကို ဒီကနေ့ အလွတ်သဘော ဆွေးနွေးခဲ့ကြပါတယ်။ ဒီတွေ့ဆုံဆွေးနွေးပွဲမှာ စစ်ကောင်စီနဲ့ ဆက်လက်ဆွေးနွေးဖို့နဲ့ လာမယ့်တွေ့ဆုံဆွေးနွေးပွဲမှာ NCA လက်မှတ်ထိုး (၇) ဖွဲ့ ပူးပေါင်းတွေ့ဆုံဖို့ ဆွေးနွေးခဲ့ကြပါတယ်။ ဒီသတင်းကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။ 



ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဌာနချုပ် လွယ်တိုင်းလျဲန်မှာကျင်းပတဲ့ ရှမ်းပြည်အမျိုးသားနေ့ကို တက်ရောက်လာတဲ့ တိုင်းရင်းသား လက်နက်ကိုင် EAO အဖွဲ့တွေ့ဟာ ဒီကနေ့မနက် ၉နာရီကနေ ၁၂နာရီ အထိ အလွတ်သဘော ဆွေးနွေးခဲ့တာပါ။ အဓိက ဆွေးနွေးဖြစ်တဲ့အချက်တွေကို NCA လက်မှတ်ထိုးအဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ရဲ့ အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက အခုလို ပြောပါတယ်။ 
“အတူတကွ ဆွေးနွေးမယ်။ အတူတကွဆိုတာ ၇ဖွဲ့ပေါင်းပြီးဆွေးနွေးမယ်။ အဲဒါက အဓိကပါပဲ။ နောက်ပိုင်း ကျနော်တို့ တစ်ဆင့်ပြီး တစ်ဆင့်၊ ဖက်ဒရယ်အရေး၊ လုံခြုံရေး၊ ကျနော်တို့ တဖြည်းဖြည်းစဉ်ဆက်မပြတ် ဆွေးနွေးမှုတွေကို တက်လှမ်းသွားဖို့ဆိုတဲ့ လုပ်ငန်းစဉ်မျိုးလည်း ချတယ်ဗျ။” 
NCA လက်မှတ်ထိုးအဖွဲ့တွေထဲက ၇ဖွဲ့ဟာ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်နေတာ ဖြစ်ပါတယ်။ ဒီလို ၇ဖွဲ့နဲ့ အတူ ပူးပေါင်းတွေ့ဆုံရေးအတွက်ကို စစ်ကောင်စီဘက်က သတင်းစကား ပါးထားပြီဖြစ်ကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက အခုလိုဆက်ပြောပါတယ်။ 
“ သူတို့ဘက်ကလည်း ဆက်လက်ပြီးဆွေးနွေးသွားဖို့ ပြင်ဆင်ထားမှုတချို့ ရှိကြပါတယ်။ သူတို့က Joint Ownership ကို လက်ခံသွားပြီဗျ။ ဒါကြောင့် ၇ဖွဲ့နဲ့ တစ်ပေါင်းတစ်စည်းတည်းတွေ့မယ်။ သူတို့ကလည်းပဲ အဲဒီ ၇ဖွဲ့ တွေ့ရေးအတွက် သူတို့ကလည်းပဲ ပြင်ဆင်နေတယ်ပေါ့ဗျာ။” 
ပြီးခဲ့တဲ့ ၇ရက်နေ့ကတော့ အခမ်းအနားကို တက်ရောက်လာတဲ့ စစ်ကောင်စီရဲ့ အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင် ဒုဗိုလ်ချုပ်ကြီး အေးဝင်းဦးဆောင်တဲ့ အဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေ အလွတ်သဘော ဆွေးနွေးခဲ့ပါတယ်။ 
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီRCSS ဟာ NCA လက်မှတ်ထိုးအဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST နဲ့ အရင်က အလှမ်းကွာနေခဲ့ရာက အခု စစ်ကောင်စီနဲ့ ဆွေးနွေးရာမှာ အတူပါဝင်လာမယ့်အခြေအနေဟာ ရလဒ်ကောင်း တစ်ခုဖြစ်ကြောင်းလည်း ပြောပါတယ်။ 
“ အလွတ်သဘောဆွေးနွေးဖြစ်တဲ့နေရာမှာ RCSS ရဲ့ ဥက္ကဌကြီး ကိုယ်တိုင်က အစည်းအဝေး သဘာပတိအဖြစ် ဆောင်ရွက်ပေးတဲ့အခါကျတော့ လွန်ခဲ့တဲ့ တစ်နှစ်လောက်က အတန်ငယ် ကင်းကွာနေတဲ့ အခြေအနေကနေပြီးတော့ ပိုမိုနီးစပ်လာတဲ့ အခြေအနေပေါ့ဗျာ။ အလုပ် အတူတကွပြန်လုပ်ဖို့အတွက် နည်းနည်းနီးစပ်လာတဲ့အခြေအနေကို ရောက်တယ်လို့ သတင်းကောင်း ပေးချင်ပါတယ်ဗျ။” 
RCSS ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခမ်းစံကတော့ အလွတ်သဘောတွေ့ဆုံဆွေးနွေးရာမှာ အဓိကအားဖြင့် ပဋိပက္ခဖြေရှင်းရေးနဲ့ အတူပူးပေါင်းဆောင်ရွက်ရေးကို ဆွေးနွေးခဲ့ကြောင်း ပြောပါတယ်။ 
“ အဓိကကျတော့ ပဋိပက္ခ ဘယ်လို ဖြေရှင်းမလဲ။ ဘယ်လို ပူးပေါင်းဆောင်ရွက်မလဲ အဲလောက်ပဲခင်ဗျ။ ” 
လာမယ့်အပတ်အတွင်းမှာတော့ မွန်ပြည်သစ်ပါတီ NMSP ဟာ စစ်ကောင်စီနဲ့ တတိယအကြိမ် ဆွေးနွေးဖွယ်ရှိနေပြီး ဒီတွေ့ဆုံပွဲအပြီးမှာတော့ NCA စာချုပ် လက်မှတ် ထိုးအဖွဲ့ ၇ဖွဲ့ပူးပေါင်းပြီး စစ်ကောင်စီနောက်ထပ် တွေ့ဆုံဖို့ ရည်မှန်းထားကြတာဖြစ်ပါတယ်။ 
ဒီနေ့ အလွတ်သဘော တွေ့ဆုံဆွေးနွေးတဲ့ အဖွဲ့တွေကတော့ စစ်ကောင်စီနဲ့ လက်ရှိ ငြိမ်းချမ်းရေး ဆွေးနွေးနေဆဲဖြစ်တဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU ၊ ကရင် ငြိမ်းချမ်းရေးကောင်စီ KNU/KNLA-PC ၊ မွန်ပြည်သစ်ပါတီ NMSP ၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် PNLO ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တို့ ဖြစ်ပါတယ်။ 
NCA လက်မှတ်ထိုးအဖွဲ့တွေထဲက စစ်ကောင်စီနဲ့ ဆွေးနွေးဆဲဖြစ်တဲ့ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA ကတော့ ရှမ်းပြည်အမျိုးသားနေ့ အခမ်းအနားကို မတက်ရောက်တဲ့အတွက် ဒီနေ့ အလွတ်သဘောဆွေးနွေးပွဲမှာလည်း ပါဝင်တက်ရောက်တာ မရှိပါဘူး။ VOA

ဆက်ဖတ်ရန် →

မိုးဗြဲမှာ တိုက်ပွဲပြင်းထန်နေ၊ မိုးဗြဲ - ပီကင်းလမ်းကို မိုးဗြဲ PDF ပိတ်ထား

ရှမ်းပြည်တောင်ပိုင်း၊ မိုးဗြဲမြို့နယ်အတွင်းက စက်တော်ရာတောင်အနီးမှာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက် မနက်က ၉ နာရီကစပြီး စစ်ကောင်စီတပ်နဲ့ မိုးဗြဲ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ညနေ ၃ နာရီကျော်အထိ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ပြီး မိုးဗြဲမြို့ကနေ ပီကင်းရွာကို သွားတဲ့ လမ်းပိုင်းကိုပါ ပိတ်ထားတယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက RFA ကို ပြောပါတယ်။“စစ်ကောင်စီတပ်ဖွဲ့နဲ့က ကျနော်တို့ နီးနီးကပ်ကပ်ပဲ တိုက်ပွဲဖြစ်နေတာ။ တိုက်ပွဲက ညအထိဖြစ်နိုင်တယ်။ အခုက စစ်ကောင်စီဘက်က အင်အားတွေလည်း ထပ်ဖြည့်ထားတယ်။ စစ်တပ်ဘက်က ထိခိုက်မှုများနိုင်တယ်။ ကျနော်တို့ ဘက်ကလည်း အသေးစားထိခိုက်တာ တစ်ယောက်၊ နှစ်ယောက်တော့ရှိထားတယ် ”စစ်ကောင်စီတပ်ဟာ ဖေဖော်ဝါရီ ၇ ရက်နေ့ညကတည်းက လွိုင်ကော်မြို့ကနေ မိုးဗြဲမြို့နေရာအနှံ့ကို တင့်ကား တစ်စီးအပါအဝင် အင်အားတစ်ရာနီးပါး ထပ်ဖြည့်ထားလို့ တိုက်ပွဲပိုပြင်းထန်လာနိုင်တာကြောင့် အဲဒီလမ်းကို အကန့်အသတ်မရှိ ပိတ်လိုက်တာလို့ ဆိုပါတယ်။တိုက်ပွဲဖြစ်တဲ့နေရာအနီးက ဒေသခံတွေကတော့ အရင်ကတည်းက ထွက်ပြေး တိမ်းရှောင်နေကြတယ်လို့ မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ် မေးမြန်းခဲ့ပေမယ့် ညနေပိုင်းအထိ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

စစ်ကောင်စီဟာ ကယားပြည်နယ်၊ ဒီးမော့ဆို၊ ဖရူဆို၊ ဘော်လခဲ၊ ရှားတောမြို့နယ်တွေကို စစ်အုပ်ချုပ်ရေး ကြေညာထားပေမယ့် အဲဒီမြို့တွေနဲ့နီးတဲ့ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲနဲ့ ဖယ်ခုံကတော့ မပါဝင်ပါဘူး။

ဒါပေမဲ့ လွိုင်ကော်အပါအဝင် နေရာအချို့မှာ နယ်မြေတည်ငြိမ်းရေး ဆက်လက် ဆောင်ရွက်မယ်လို့ ဖေဖော်ဝါရီ ၅ ရက်နေ့ထုတ် စစ်ကောင်စီသတင်းစာမှာ ဖော်ပြထားတာကြောင့် လွိုင်ကော်နဲ့နီးတဲ့ မိုးဗြဲနဲ့ ဖယ်ခုံမြို့နယ်မှာပါ တိုက်ပွဲတွေ ပြင်းထန်လာနိုင်တယ်လို့ ဒေသအတွင်း စစ်ရေးလေ့လာသူတစ်ဦးက ပြောပါတယ်။

ဆက်ဖတ်ရန် →
ဖက်ဒရယ်အရေးလက်တွဲဆောင်ရွက်ကြရန် SSPP နှင့် NMSP တို့ကို ယာယီသမ္မတကြီး ဖိတ်ခေါ်

ဖက်ဒရယ်အရေးလက်တွဲဆောင်ရွက်ကြရန် SSPP နှင့် NMSP တို့ကို ယာယီသမ္မတကြီး ဖိတ်ခေါ်

သတင်း ပြည်တွင်း By ရွှေနွယ် 07 February 2023


မဇ္ဈိမ။ ။ဖက်ဒရယ်ဒီမိုကရေစီကပြည်ထောင်စုတည်ဆောက်ရေး အတူလက်တွဲဆောင်ရွက်ကြရန် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)နှင့် မွန်ပြည်သစ်ပါတီ (NMSP)တို့ကို အမြဲဖိတ်ခေါ်လျက်ရှိကြောင်း NUG ၏ ယာယီသမ္မတကြီးက ပြောကြားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ၅/၂၀၂၃ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတကြီး ဒူဝါလရှီးလက ထိုသို့ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။
“ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)ရဲ့ထုတ်ပြန်ချက်အရ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကိုလိုလားတဲ့အင်အားစုတွေနဲ့ လက်တွဲချိတ်ဆက်မယ့်အကြောင်းထုတ်ပြန်ခဲ့ပြီး တဆက်တည်း မှာပဲ မွန်ပြည်သစ်ပါတီမှ (၇၆)ကြိမ်မြောက် မွန်အမျိုးသားနေ့မှာ ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်တွေကို အသိအမှတ်ပြုလျက်တိုင်းပြည်ရဲ့ အနာဂတ်ဖက်ဒရယ်အရေးအတွက် အတူလက်တွဲဆောင်ရွက်နိုင်ဖို့ကို မိမိတို့အစိုးရအနေဖြင့် အမြဲဖိတ်ခေါ်လျက်ရှိပါတယ်” ဟု ယာယီသမ္မတကြီးကပြောသည်။
မွန်ပြည်သစ်ပါတီ(NMSP)က ဖေဖော်ဝါရီလ ၅ ရက်နေ့တွင်ကျရောက်ခဲ့သော (၇၆) ကြိမ်မြောက် မွန် အမျိုးသားနေ့တွင် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
“နိုင်ငံရေးအကြပ်အတည်းကို ဖြေရှင်းနိုင်ခြင်းလည်းမရှိ၊ ဖြေရှင်းရန်နည်းလမ်းရှာကြံခြင်းမပြုဘဲ ရွေးကောက်ပွဲသစ်တစ်ခုကျင်းပရန်အားထုတ်နေခြင်းမှာ ရလဒ်ကောင်းမရရှိနိုင်သည်သာမက သွေးထွက် သံယိုမှုပိုများသည့်ပဋိပက္ခကိုသာဦးတည်နိုင်သည် ” ဟု အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အလားတူ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)မှ ဖေဖော်ဝါရီလ ၂ ရက်နေ့ကပြုလုပ်ခဲ့သည့် တိုးချဲ့ဗဟို ကော်မတီမျက်နှာစုံညီ(နှစ်ချုပ်)အစည်းအဝေးထုတ်ပြန်ချက်၌ “ဖက်ဒရယ် ဒီမိုကရေစီဖြစ်ရန် ဖက်ဒရယ် နှင့် ဒီမိုကရေစီလိုလားသော အင်အားစုများနှင့် လက်တွဲ ကြိုးပမ်းသွားမည်” ဟုဖော်ပြထားသည်။
NUG ၏ ယာယီသမ္မတကြီးကလည်း “စစ်ကောင်စီကိုတွန်းလှန်နိုင်ရန် ပြည်တွင်းအင်အားစုတွေအကြား ညီညွတ်မှုသည် အင်အားတရပ်ဖြစ်သကဲ့သို့ စုစည်းမှု၊ ညီညွတ်မှုနှင့် လက်တွေ့ကျသောပူးပေါင်းမှုများ တည်ဆောက်ရန်လိုအပ်ကြောင်း” ၎င်း၏မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
ထို့ကြောင့် အစည်းအဝေးသို့တက်ရောက်ခဲ့ကြသည့် ကတ်ဘိနက်အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး၊ ဒုဝန်ကြီး များအနေဖြင့် တိုင်းရင်းသားအရေး၊ မဟာမိတ်ချိတ်ဆက်မှုအပိုင်းတို့ကို ဦးစားပေးဆောင်ရွက်ရန်လည်း သမ္မတကြီးမှတိုက်တွန်းခဲ့သည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ


ဆက်ဖတ်ရန် →