ရန်ကုန်တွင် စစ်တပ်က ပြည်ထောင်စုနေ့အတွက် ပြင်ဆင် 📅 💬 မှတ်ချက် မကြာခင်ကျရောက်မည့် ဖေဖော်ဝါရီလ ၁၂ ရက်ပြည်ထောင်စုနေ့အတွက် အာဏာသိမ်းစစ်တပ်က ရန်ကုန်မြို့တွင် ပြင်ဆင်မှုများ ဆောင်ရွက်နေသည်။တိုင်းရင်းသားဒေသအသီးသီးတွင် ဖမ်းဆီးသတ်ဖြတ်မှုများ ပြုလုပ်နေသည့် စစ်တပ်က တိုင်းနှင့်ပြည်နယ်အလံများကို ပြည်လမ်းတစ်လျှောက် ချိတ်ဆွဲလျက်ရှိသည်။ရန်ကုန်မြို့ ပြည်လမ်းရှိ ပြည်သူ့ရင်ပြင်တွင် ပြည်ထောင်စုနေ့ပွဲပြုလုပ်ရန် ပြင်ဆင်နေပြီး စစ်တပ်က လက်နက်အပြည့်အစုံဖြင့် ကင်းလှည့်နေသည်။အဆိုပါ ပြည်ထောင်စုနေ့ပွဲကို တိုင်းနှင့် ပြည်နယ်ခန်းမများတွင် ပြုလုပ်မည်ဖြစ်ပြီး စစ်တပ်က ပြုလုပ်သည့် ယခင်ပွဲများအတိုင်း တပ်မိသားစုများကို အသုံးချကာ စည်ကားသယောင် ပြုလုပ်သွားမည်ဟု သိရသည်။(Myanmar now)ဓာတ်ပုံ- CJ မျှဝေရန် — Facebook · X · Telegram · 🔗 လင့်ခ်ကူးရန်
မှတ်ချက်များ
Post a Comment