အာဏာသိမ်း (၂)နှစ်အတွင်း စကစ တပ်သား (၃၂,၀၂၀)ယောက် သေဆုံး
၂၀၂၁
------
ဖေဖော်ဝါရီ (၃)ယောက်
မတ် ဧပြီ မေ (၅၄၁)ယောက်
ဇွန် ဇူလိုင် ဩဂတ် (၁,၇၁၀)ယောက်
ခုခံစစ်ပထမလ စက် (၁၅၆၂)ယောက်
ခုခံစစ်ဒုတိယလ အောက်(၁၉၇၄)ယောက်
ခုခံစစ်တတိယလ နို (၂၁၁၇)ယောက်
ခုခံစစ်စတုတ္ထလ ဒီ (၂၃၇၇)ယောက်
---------------------------
စုစုပေါင်း သေဆုံးသူ = (၁၀,၂၈၄)ယောက်
၂၀၂၂
-----
၂၀၂၂ ဇန္နဝါရီလ ( ၁,၆၈၆ ) ယောက်
၂၀၂၂ ဖေဖော်ဝါရီ ( ၁,၃၅၀ ) ယောက်
၂၀၂၂ မတ်လ ( ၁,၇၃၀ ) ယောက်
၂၀၂၂ ဧပြီလ ( ၁,၉၂၈ ) ယောက်
၂၀၂၂ မေလ ( ၂,၀၂၂ ) ယောက်
၂၀၂၂ ဇွန်လ ( ၁,၉၄၀ ) ယောက်
၂၀၂၂ ဇူလိုင် ( ၁,၇၃၃ ) ယောက်
၂၀၂၂ ဩဂတ် ( ၁,၈၅၄ ) ယောက်
၂၀၂၂ စက်တင်ဘာ ( ၁,၅၄၃ ) ယောက်
၂၀၂၂ အောက်တိုဘာ( ၁,၅၂၀ )ယောက်
၂၀၂၂ နိုဝင်ဘာ ( ၁,၅၉၄ ) ယောက်
၂၀၂၂ ဒီဇင်ဘာ ( ၁,၃၁၆ ) ယောက်
-------------------------------
စုစုပေါင်း သေဆုံးသူ ( ၂၀,၂၁၆ ) ယောက်
၂၀၂၁ ခုနှစ် = (၁၀,၂၈၄) ယောက်
၂၀၂၂ ခုနှစ် = (၂၀,၂၁၆) ယောက်
၂၀၂၃ ဇန္နဝါရီ = (၁,၅၂၀) ယောက်
-------------------------
စုစုပေါင်း = (၃၂,၀၂၀) ယောက်
သေဆုံးသူ စုစုပေါင်း = (၃၂,၀၂၀) ယောက်
CDM စစ်သား + ရဲသား = (၁၂,၀၀၀)ယောက်
----------------------------
အင်အားပြုန်းတီးမှုပေါင်း= (၄၄,၀၂၀)ယောက်
၂၀၂၁ ဖေဖော်ဝါရီ(၁)ရက်နေ့မှ ၂၀၂၃ ဇန္နဝါရီ (၁)ရက်နေ့အထိ
စစ်ကောင်စီဘက်က (၄၄,၀၂၀) လေးသောင်းခွဲ နီးပါး ပြုန်းတီးခဲ့ပါတယ်။
၂၀၂၁ ခုနှစ် စာရင်းတွေကို ထပ်မံ တည်းဖြတ် ဖြည့်စွက် ထားပါတယ်။
၂၀၂၂ ခုနှစ် စာရင်းတွေဟာ ရန်ကုန် ခေတ်သစ် မီဒီယာ က စုဆောင်း
ဖော်ပြချက်တွေ ဖြစ်ပါတယ်။
NUG က ထုတ်ပြန်တဲ့ စာရင်းနဲ့ အနည်းငယ် ကွာဟမှု ရှိပါတယ်။
၁ ဖေဖော်ဝါရီ ၂၀၂၃
မြတ် မိုး ဟိန်း ခိုင်
နောင်ချိုမြို့နယ်၊ ကုန်းစံ ရဲဘက် အကျဉ်းစခန်းမှ ထောင်ပိုင် ဦးစီးအရာရှိ ဦးဝင်းမြင့်ဇော် ပစ္စတိုဖြင့် မိမိကိုယ်ကို သတ်သေ
ရန်ကုန်၊ ဖေဖော်ဝါရီ ၈ ခေတ်သစ်
ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်ရှိ ကုန်းစံ ရဲဘက် စခန်း တာဝန်ခံ ထောင်ပိုင် ဦးစီးအရာရှိ ဦးဝင်းမြင့်ဇော် ပစ္စတိုဖြင့် မိမိကိုယ်ကို သေကြောင်းကြံစည်သွားကြောင်း အကျဥ်း ဦးစီးဌာန သတင်းရင်းမြစ်ထံမှ သိရှိရသည်။
ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ကုန်းစံ ရဲဘက် အကျဉ်းစခန်း တာဝန်ခံ ထောင်ပိုင် ဦးစီးအရာရှိ ဦးဝင်းမြင့်ဇော်သည် မေးစေ့ကို ပစ္စတို သေနတ်ဖြင့် ပစ်ခတ်ကာ မိမိကိုယ့်ကိုကို သေကြောင်း ကြံစည် သတ်သေသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ပြည်ထဲရေးဝန်ကြီးဌာနက ကုန်းစံ ရဲဘက်အကျဉ်းစခန်းထံမှ စိုက်ပျိုးသီးနှံကြံထွက်ကုန်များ မျှော်မှန်းသည့်အတိုင်း မထွက်၍ ထောင်ပိုင်အနေဖြင့် ကြံ တန် ၁၀၀၀ ပေးလျှော်ရမည်ဟု အမိန့် ပေးညွှန်ကြားလာကြောင်း၊ တပ်မှ ပြောင်းလာသည့် အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒုဗိုလ်မှူးကြီးဟောင်း ကျော်ကျော်ဦးက ရဲဘက် စခန်းသို့ လာရောက်၍ လျှော်ကြေးအတွက် လာရောက်တွေ့ဆုံ ဖိအားပေးရန် ကြိုးစားစဉ် ထောင်ပိုင် ဦးဝင်းမြင့်ဇော်ကို အတွေ့ မခံဘဲ သေကြောင်းကြံစည်သွားခြင်းဖြစ်ကြောင်း သိရသည်။
"ရာသီဥတုဖောက်တာနဲ့ ရဲဘက် စခန်းမှာ ခိုင်းစေဖို့ လုပ်သားမရှိတော့ဘူး။ ရဲဘက်စခန်းမှာ အကျဉ်းသား နည်းပါးပြီး လွတ်ငြိမ်းနဲ့ လွတ်ကုန်လို့ ကြံအထွက် မကောင်းတာကို ထောင်ပိုင်က ကြံ တန် ၁၀၀၀ ပေးလျော်ဖို့ ပြည်ထဲရေးက ဆုံးဖြတ်တယ်။ အဲဒါ အကျဉ်းဦးစီး ညွန်မှူး တပ်က ပြောင်းလာတဲ့ ဗိုလ်မှူးကြီး ကျော်ကျော်ဦးက ရဲဘက်စခန်းကို လာရောက်တယ်။ နောက်ပြီးညွှန်မှူးက ထောင်ပိုင်ကို ခေါ်တွေ့တာကို အတွေ့ မခံဘဲ သူ့ကိုယ့်သူ သတ်သေသွားတာပါ" ဟု အကျဥ်း ဦးစီးဌာနနှင့် နီးစပ်သူ တစ်ဦးကပြောဆိုသည်။
ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ အကျဥ်းဦးစီး လက်အောက်ရှိ ရဲဘက်စခန်း များသည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို ဆက်ကြေးပေး၍ ရပ်တည်နေရခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီကလည်း အခြားတစ်ဖက်တွင်လည်း ၎င်းတို့လိုချင်သည့် ရလဒ်များ ရရှိစေရေး ဖိအားပေး ခိုင်းစေခြင်းများကြောင့် မြေပြင်၌ အခက်အခဲဖြစ်နေကြောင်း အကျဥ်း ဦးစီးဌာနနှင့် နီးစပ်သူ တစ်ဦးက ဆက်လက်ပြောဆိုသည်။
နောင်ချိုမြို့နယ်အတွင်း ကြံစိုက်ပျိုးရသည့် အကျဥ်းစခန်း ၅ ခု ရှိပြီး လွင်ကြီးစခန်း၊ ဂယ်လောင်းစခန်း၊ ဟိုခိုစခန်း၊ ကျူအင်းစခန်းနှင့် ကုန်းစံစခန်း တို့ဖြစ်ကြောင်း သိရသည်။
မောင်းသူမဲ့ တိုက်လေယာဉ်ငယ် တည်ဆောက်မှု နည်းပညာများကို လိုအပ်သည့်နေရာများ ဖြန့်ဝေနိုင်ရန် ဆောင်ရွက်နေ
CJ Platform
မောင်းသူမဲ့ တိုက်လေယာဉ်ငယ် တည်ဆောက်မှု နည်းပညာများကို လိုအပ်သည့်နေရာများ ဖြန့်ဝေနိုင်ရန် ဆောင်ရွက်နေကြောင်း People’s Voice မှ မအေးဘုံက CJ Platform သို့ပြောကြားသည်။
“နည်းပညာနဲ့ Drone များကို လိုအပ်တဲ့ နေရာတွေကိုပါ ဖြန့်ဝေနိုင်ဖို့အတွက် စီစဉ်နေပါတယ်၊ အဲ့အတွက် ထောက်ပို့ငွေ လိုအပ်တဲ့အတွက် ပြည်သူတွေကို ချပြပြီး ကောက်ခံဖို့ လုပ်နေပါတယ်” ဟု မအေးဘုံက ပြောကြားသည်။
မောင်းသူမဲ့ တိုက်လေယာဉ်ငယ်များကို ၂၀၂၂ ခုနှစ် မေ လတွင် စတင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး၊ အောက်တိုဘာလတွင် ထောက်လှန်းခြင်း ၊ သတင်းယူခြင်း၊ စစ်ဆင်ရေးများ ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်နိုင်ခဲ့ကြောင်းလည်း သိရသည်။
“လေယာဉ်ငယ်အတွက် ဗုံးသီးကိုလဲ ကိုယ်တိုင်ထုတ်လုပ်တာပါ၊ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကနေပြီးတော့ စစ်ဆင်ရေးပျံသန်းမှုပေါင်း ၁၀၀ နီးပါးရှိပြီ” ဟု မအေးဘုံက ပြောကြားသည်။
ပြည်တွင်းထုတ် မောင်းသူမဲ့ တိုက်လေယာဉ်ငယ် (G3) ထုတ်လုပ်ရေးအဖွဲ့သည် စတင်ဖွဲ့စည်းချိန်က စတင်ကာ သိုသိပ်စွာ လုပ်ဆောင်ခဲ့သည့်အပြင် နီးစပ်ရာအကူအညီအချို့ဖြင့်သာ ရပ်တည်ခဲ့သည့်အတွက် ငွေကြေးအခက်အခဲများစွာ ရှိနေကြောင်းလည်း သိရသည်။
အဆိုပါ တိုက်လေယာဉ်ငယ်များသည် စစ်ကောင် စီ၏ ဂျန်ပါ(ဒရုန်းဖျက်စက်) များကိုပါ ဖြတ်ကျော်မောင်းနှင့်နိုင်သည့်အတွက် စစ်ဆင်ရေးဆောင်ရွက်ရာတွင်လည်း အဆင်ပြေကြောင်း People’ Voice က ထုတ်ပြန်ထားသည်။
“ညီမတို့က ထောက်ပို့အတွက် လိုအပ်တဲ့ငွေကူရှာပေးရတာပါ၊ အောင်မြင်မှုတိုင်းက ထုတ်လုပ်ရေးအဖွဲ့တွေကနေပြီး ပညာရှင်အကိုတွေရဲ့ ကြိုးစားမှု အောင်ပွဲသာဖြစ်ပါတယ်”ဟု မအေးဘုံကပြောကြားသည်။
မောင်းသူမဲ့ တိုက်လေယာဉ်ငယ်များ ပိုမိုထုတ်လုပ်နိုင်ရန်အတွက် ကျပ် ၁၀၀၀ မှစတင်ကာ မိမိစိတ် ကြိုက် ပါ၀င်လှူဒါန်းနိုင်ရန်အတွက် ကျပ် ၁၀၀၀ Campaign အား ယနေ့(ဖေဖော်ဝါရီ ၈ ရက်) စတင်မည်ဖြစ်ကြောင်းလည်း People’s Voice က အသိပေးထားသည်။
မောင်းသူမဲ့ တိုက်လေယာဉ်ငယ်တစ်စီး ထုတ်လုပ်မှုကုန်ကျစရိတ်သည် အမေရိကန်ဒေါ်လာ ၂၀၀၀ ခန့်သာရှိကြောင်းလည်းသိရသည်။
🖋️လင်းခိုင်
ဓာတ်ပုံ -People’s Voice
EAO အဖွဲ့တွေ RCSS ဌာနချုပ်မှာ ငြိမ်းချမ်းရေးရှေ့လုပ်ငန်းစဉ် အလွတ်သဘောဆွေးနွေး
RCSS ဌာနချုပ်မှာရောက်ရှိနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် EAO အဖွဲ့က ကိုယ်စားလှယ်တွေဟာ ငြိမ်းချမ်းရေး ရှေ့လုပ်ငန်းစဉ်တွေကို ဒီကနေ့ အလွတ်သဘော ဆွေးနွေးခဲ့ကြပါတယ်။ ဒီတွေ့ဆုံဆွေးနွေးပွဲမှာ စစ်ကောင်စီနဲ့ ဆက်လက်ဆွေးနွေးဖို့နဲ့ လာမယ့်တွေ့ဆုံဆွေးနွေးပွဲမှာ NCA လက်မှတ်ထိုး (၇) ဖွဲ့ ပူးပေါင်းတွေ့ဆုံဖို့ ဆွေးနွေးခဲ့ကြပါတယ်။ ဒီသတင်းကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဌာနချုပ် လွယ်တိုင်းလျဲန်မှာကျင်းပတဲ့ ရှမ်းပြည်အမျိုးသားနေ့ကို တက်ရောက်လာတဲ့ တိုင်းရင်းသား လက်နက်ကိုင် EAO အဖွဲ့တွေ့ဟာ ဒီကနေ့မနက် ၉နာရီကနေ ၁၂နာရီ အထိ အလွတ်သဘော ဆွေးနွေးခဲ့တာပါ။ အဓိက ဆွေးနွေးဖြစ်တဲ့အချက်တွေကို NCA လက်မှတ်ထိုးအဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ရဲ့ အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက အခုလို ပြောပါတယ်။
“အတူတကွ ဆွေးနွေးမယ်။ အတူတကွဆိုတာ ၇ဖွဲ့ပေါင်းပြီးဆွေးနွေးမယ်။ အဲဒါက အဓိကပါပဲ။ နောက်ပိုင်း ကျနော်တို့ တစ်ဆင့်ပြီး တစ်ဆင့်၊ ဖက်ဒရယ်အရေး၊ လုံခြုံရေး၊ ကျနော်တို့ တဖြည်းဖြည်းစဉ်ဆက်မပြတ် ဆွေးနွေးမှုတွေကို တက်လှမ်းသွားဖို့ဆိုတဲ့ လုပ်ငန်းစဉ်မျိုးလည်း ချတယ်ဗျ။”
NCA လက်မှတ်ထိုးအဖွဲ့တွေထဲက ၇ဖွဲ့ဟာ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်နေတာ ဖြစ်ပါတယ်။ ဒီလို ၇ဖွဲ့နဲ့ အတူ ပူးပေါင်းတွေ့ဆုံရေးအတွက်ကို စစ်ကောင်စီဘက်က သတင်းစကား ပါးထားပြီဖြစ်ကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက အခုလိုဆက်ပြောပါတယ်။
“ သူတို့ဘက်ကလည်း ဆက်လက်ပြီးဆွေးနွေးသွားဖို့ ပြင်ဆင်ထားမှုတချို့ ရှိကြပါတယ်။ သူတို့က Joint Ownership ကို လက်ခံသွားပြီဗျ။ ဒါကြောင့် ၇ဖွဲ့နဲ့ တစ်ပေါင်းတစ်စည်းတည်းတွေ့မယ်။ သူတို့ကလည်းပဲ အဲဒီ ၇ဖွဲ့ တွေ့ရေးအတွက် သူတို့ကလည်းပဲ ပြင်ဆင်နေတယ်ပေါ့ဗျာ။”
ပြီးခဲ့တဲ့ ၇ရက်နေ့ကတော့ အခမ်းအနားကို တက်ရောက်လာတဲ့ စစ်ကောင်စီရဲ့ အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင် ဒုဗိုလ်ချုပ်ကြီး အေးဝင်းဦးဆောင်တဲ့ အဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေ အလွတ်သဘော ဆွေးနွေးခဲ့ပါတယ်။
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီRCSS ဟာ NCA လက်မှတ်ထိုးအဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST နဲ့ အရင်က အလှမ်းကွာနေခဲ့ရာက အခု စစ်ကောင်စီနဲ့ ဆွေးနွေးရာမှာ အတူပါဝင်လာမယ့်အခြေအနေဟာ ရလဒ်ကောင်း တစ်ခုဖြစ်ကြောင်းလည်း ပြောပါတယ်။
“ အလွတ်သဘောဆွေးနွေးဖြစ်တဲ့နေရာမှာ RCSS ရဲ့ ဥက္ကဌကြီး ကိုယ်တိုင်က အစည်းအဝေး သဘာပတိအဖြစ် ဆောင်ရွက်ပေးတဲ့အခါကျတော့ လွန်ခဲ့တဲ့ တစ်နှစ်လောက်က အတန်ငယ် ကင်းကွာနေတဲ့ အခြေအနေကနေပြီးတော့ ပိုမိုနီးစပ်လာတဲ့ အခြေအနေပေါ့ဗျာ။ အလုပ် အတူတကွပြန်လုပ်ဖို့အတွက် နည်းနည်းနီးစပ်လာတဲ့အခြေအနေကို ရောက်တယ်လို့ သတင်းကောင်း ပေးချင်ပါတယ်ဗျ။”
RCSS ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခမ်းစံကတော့ အလွတ်သဘောတွေ့ဆုံဆွေးနွေးရာမှာ အဓိကအားဖြင့် ပဋိပက္ခဖြေရှင်းရေးနဲ့ အတူပူးပေါင်းဆောင်ရွက်ရေးကို ဆွေးနွေးခဲ့ကြောင်း ပြောပါတယ်။
“ အဓိကကျတော့ ပဋိပက္ခ ဘယ်လို ဖြေရှင်းမလဲ။ ဘယ်လို ပူးပေါင်းဆောင်ရွက်မလဲ အဲလောက်ပဲခင်ဗျ။ ”
လာမယ့်အပတ်အတွင်းမှာတော့ မွန်ပြည်သစ်ပါတီ NMSP ဟာ စစ်ကောင်စီနဲ့ တတိယအကြိမ် ဆွေးနွေးဖွယ်ရှိနေပြီး ဒီတွေ့ဆုံပွဲအပြီးမှာတော့ NCA စာချုပ် လက်မှတ် ထိုးအဖွဲ့ ၇ဖွဲ့ပူးပေါင်းပြီး စစ်ကောင်စီနောက်ထပ် တွေ့ဆုံဖို့ ရည်မှန်းထားကြတာဖြစ်ပါတယ်။
ဒီနေ့ အလွတ်သဘော တွေ့ဆုံဆွေးနွေးတဲ့ အဖွဲ့တွေကတော့ စစ်ကောင်စီနဲ့ လက်ရှိ ငြိမ်းချမ်းရေး ဆွေးနွေးနေဆဲဖြစ်တဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU ၊ ကရင် ငြိမ်းချမ်းရေးကောင်စီ KNU/KNLA-PC ၊ မွန်ပြည်သစ်ပါတီ NMSP ၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် PNLO ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တို့ ဖြစ်ပါတယ်။
NCA လက်မှတ်ထိုးအဖွဲ့တွေထဲက စစ်ကောင်စီနဲ့ ဆွေးနွေးဆဲဖြစ်တဲ့ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA ကတော့ ရှမ်းပြည်အမျိုးသားနေ့ အခမ်းအနားကို မတက်ရောက်တဲ့အတွက် ဒီနေ့ အလွတ်သဘောဆွေးနွေးပွဲမှာလည်း ပါဝင်တက်ရောက်တာ မရှိပါဘူး။ VOA
မိုးဗြဲမှာ တိုက်ပွဲပြင်းထန်နေ၊ မိုးဗြဲ - ပီကင်းလမ်းကို မိုးဗြဲ PDF ပိတ်ထား
ရှမ်းပြည်တောင်ပိုင်း၊ မိုးဗြဲမြို့နယ်အတွင်းက စက်တော်ရာတောင်အနီးမှာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက် မနက်က ၉ နာရီကစပြီး စစ်ကောင်စီတပ်နဲ့ မိုးဗြဲ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ညနေ ၃ နာရီကျော်အထိ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ပြီး မိုးဗြဲမြို့ကနေ ပီကင်းရွာကို သွားတဲ့ လမ်းပိုင်းကိုပါ ပိတ်ထားတယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက RFA ကို ပြောပါတယ်။“စစ်ကောင်စီတပ်ဖွဲ့နဲ့က ကျနော်တို့ နီးနီးကပ်ကပ်ပဲ တိုက်ပွဲဖြစ်နေတာ။ တိုက်ပွဲက ညအထိဖြစ်နိုင်တယ်။ အခုက စစ်ကောင်စီဘက်က အင်အားတွေလည်း ထပ်ဖြည့်ထားတယ်။ စစ်တပ်ဘက်က ထိခိုက်မှုများနိုင်တယ်။ ကျနော်တို့ ဘက်ကလည်း အသေးစားထိခိုက်တာ တစ်ယောက်၊ နှစ်ယောက်တော့ရှိထားတယ် ”စစ်ကောင်စီတပ်ဟာ ဖေဖော်ဝါရီ ၇ ရက်နေ့ညကတည်းက လွိုင်ကော်မြို့ကနေ မိုးဗြဲမြို့နေရာအနှံ့ကို တင့်ကား တစ်စီးအပါအဝင် အင်အားတစ်ရာနီးပါး ထပ်ဖြည့်ထားလို့ တိုက်ပွဲပိုပြင်းထန်လာနိုင်တာကြောင့် အဲဒီလမ်းကို အကန့်အသတ်မရှိ ပိတ်လိုက်တာလို့ ဆိုပါတယ်။တိုက်ပွဲဖြစ်တဲ့နေရာအနီးက ဒေသခံတွေကတော့ အရင်ကတည်းက ထွက်ပြေး တိမ်းရှောင်နေကြတယ်လို့ မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ် မေးမြန်းခဲ့ပေမယ့် ညနေပိုင်းအထိ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်ကောင်စီဟာ ကယားပြည်နယ်၊ ဒီးမော့ဆို၊ ဖရူဆို၊ ဘော်လခဲ၊ ရှားတောမြို့နယ်တွေကို စစ်အုပ်ချုပ်ရေး ကြေညာထားပေမယ့် အဲဒီမြို့တွေနဲ့နီးတဲ့ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲနဲ့ ဖယ်ခုံကတော့ မပါဝင်ပါဘူး။
ဒါပေမဲ့ လွိုင်ကော်အပါအဝင် နေရာအချို့မှာ နယ်မြေတည်ငြိမ်းရေး ဆက်လက် ဆောင်ရွက်မယ်လို့ ဖေဖော်ဝါရီ ၅ ရက်နေ့ထုတ် စစ်ကောင်စီသတင်းစာမှာ ဖော်ပြထားတာကြောင့် လွိုင်ကော်နဲ့နီးတဲ့ မိုးဗြဲနဲ့ ဖယ်ခုံမြို့နယ်မှာပါ တိုက်ပွဲတွေ ပြင်းထန်လာနိုင်တယ်လို့ ဒေသအတွင်း စစ်ရေးလေ့လာသူတစ်ဦးက ပြောပါတယ်။
ဖက်ဒရယ်အရေးလက်တွဲဆောင်ရွက်ကြရန် SSPP နှင့် NMSP တို့ကို ယာယီသမ္မတကြီး ဖိတ်ခေါ်
သတင်း ပြည်တွင်း By ရွှေနွယ် 07 February 2023
မဇ္ဈိမ။ ။ဖက်ဒရယ်ဒီမိုကရေစီကပြည်ထောင်စုတည်ဆောက်ရေး အတူလက်တွဲဆောင်ရွက်ကြရန် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)နှင့် မွန်ပြည်သစ်ပါတီ (NMSP)တို့ကို အမြဲဖိတ်ခေါ်လျက်ရှိကြောင်း NUG ၏ ယာယီသမ္မတကြီးက ပြောကြားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ၅/၂၀၂၃ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတကြီး ဒူဝါလရှီးလက ထိုသို့ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။
“ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)ရဲ့ထုတ်ပြန်ချက်အရ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကိုလိုလားတဲ့အင်အားစုတွေနဲ့ လက်တွဲချိတ်ဆက်မယ့်အကြောင်းထုတ်ပြန်ခဲ့ပြီး တဆက်တည်း မှာပဲ မွန်ပြည်သစ်ပါတီမှ (၇၆)ကြိမ်မြောက် မွန်အမျိုးသားနေ့မှာ ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်တွေကို အသိအမှတ်ပြုလျက်တိုင်းပြည်ရဲ့ အနာဂတ်ဖက်ဒရယ်အရေးအတွက် အတူလက်တွဲဆောင်ရွက်နိုင်ဖို့ကို မိမိတို့အစိုးရအနေဖြင့် အမြဲဖိတ်ခေါ်လျက်ရှိပါတယ်” ဟု ယာယီသမ္မတကြီးကပြောသည်။
မွန်ပြည်သစ်ပါတီ(NMSP)က ဖေဖော်ဝါရီလ ၅ ရက်နေ့တွင်ကျရောက်ခဲ့သော (၇၆) ကြိမ်မြောက် မွန် အမျိုးသားနေ့တွင် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
“နိုင်ငံရေးအကြပ်အတည်းကို ဖြေရှင်းနိုင်ခြင်းလည်းမရှိ၊ ဖြေရှင်းရန်နည်းလမ်းရှာကြံခြင်းမပြုဘဲ ရွေးကောက်ပွဲသစ်တစ်ခုကျင်းပရန်အားထုတ်နေခြင်းမှာ ရလဒ်ကောင်းမရရှိနိုင်သည်သာမက သွေးထွက် သံယိုမှုပိုများသည့်ပဋိပက္ခကိုသာဦးတည်နိုင်သည် ” ဟု အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အလားတူ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)မှ ဖေဖော်ဝါရီလ ၂ ရက်နေ့ကပြုလုပ်ခဲ့သည့် တိုးချဲ့ဗဟို ကော်မတီမျက်နှာစုံညီ(နှစ်ချုပ်)အစည်းအဝေးထုတ်ပြန်ချက်၌ “ဖက်ဒရယ် ဒီမိုကရေစီဖြစ်ရန် ဖက်ဒရယ် နှင့် ဒီမိုကရေစီလိုလားသော အင်အားစုများနှင့် လက်တွဲ ကြိုးပမ်းသွားမည်” ဟုဖော်ပြထားသည်။
NUG ၏ ယာယီသမ္မတကြီးကလည်း “စစ်ကောင်စီကိုတွန်းလှန်နိုင်ရန် ပြည်တွင်းအင်အားစုတွေအကြား ညီညွတ်မှုသည် အင်အားတရပ်ဖြစ်သကဲ့သို့ စုစည်းမှု၊ ညီညွတ်မှုနှင့် လက်တွေ့ကျသောပူးပေါင်းမှုများ တည်ဆောက်ရန်လိုအပ်ကြောင်း” ၎င်း၏မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
ထို့ကြောင့် အစည်းအဝေးသို့တက်ရောက်ခဲ့ကြသည့် ကတ်ဘိနက်အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး၊ ဒုဝန်ကြီး များအနေဖြင့် တိုင်းရင်းသားအရေး၊ မဟာမိတ်ချိတ်ဆက်မှုအပိုင်းတို့ကို ဦးစားပေးဆောင်ရွက်ရန်လည်း သမ္မတကြီးမှတိုက်တွန်းခဲ့သည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ
လုံခြုံရေးဖြင့်သာ သွားလာသည့် သန်လျင်အောင်ချမ်းသာအုပ်ချုပ်ရေးမှူးမြင့်န်ိုင်အား သန်လျင်(ပ.က.ဖ)မှ ၎င်း၏နေအိမ်အတွင်းသို့ ၀င်ရောက် ပစ်ခတ်ရှင်းလင်း
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၈ ရက်
ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ အောင်ချမ်းသာရပ်ကွက်၏ တွဲဘက်ဥက္ကဋ္ဌမြင့်နိုင်ဆိုသူကို ယမန်နေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့ ညပိုင်းက ၎င်း၏နေအိမ်ထဲထိ ၀င်ရောက်၍ သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း မြို့နယ်နေထိုင်သူ များ၏ ပြောပြချက်အရ သိရသည်။
ယမန်နေ့ ဖေဖော်ဝါရီ ၇ ရက် ည ၁၁ နာရီအချိန်ခန့်တွင် အောင်ချမ်းသာရပ်ကွက် တွဲဘက်ဥက္ကဋ္ဌ၊ ရေတပ်မှ တပ်ကြပ်ကြီးဟောင်း(စစ်မှုထမ်းဟောင်း) မြင့်နိုင်ဆိုသူအား သန်လျင်(ပ.က.ဖ)အဖွဲ့မှ နေအိမ်အတွင်းသို့ ဝင်ရောက်ကာ သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"မြင့်နိုင်က ရပ်ကွက်ထဲမှာရှိတဲ့ ခြံလွတ်တွေကို ရောင်း စားတယ်။ အနိုင်ကျင့်တာပေါ့ဗျာ။ CDM ၀န်ထမ်းတွေကိုလည်း ဖမ်းခိုင်းတယ်။ သူ့ကြောင့် ဖမ်းခံရတဲ့သူတွေ မနည်းဘူး။ ရပ်ကွက်ထဲက လူငယ်တွေ၊ ကလေး တွေကို PDF ဆိုပြီး စစ်တပ်ကိုခေါ်ပြီးတော့ ညတိုင်း ၀င်ဖမ်းခိုင်းတာ။ ရှေ့ရက်တွေကတင် ၀င်စစ်တာမကြာသေးဘူး။ လမ်းထဲလည်း စစ်တပ်က လုံခြုံရေး ပေးထားတာ သူ့ကို။ အပြင်သွားရင် လုံခြုံရေးတွေမပါဘဲ မသွားရဲဘူး။ ခုတော့ အိမ်ထဲထိ၀င်သတ်သွားတာ ၀မ်းသာတယ်ဗျာ"ဟု သန်လျင်မြို့နယ်မှ အသက် ၅၀ ဝန်းကျင်အရွယ်ရှိ အမျိုးသားတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
သေဆုံးသူမှာ အောင်ချမ်းသာရပ်ကွက်နေပြည်သူများကို အနိုင်ကျင့်ဖမ်းဆီးမှုများပြုလုပ်နေခြင်းကြောင့် ရှင်းလင်းခဲ့ကြောင်းကို သန်လျင်(ပ.က.ဖ)မှ ပြောသည်။
"မြင့်နိုင်က စစ်သား၊ ရဲတွေနဲ့ အမြဲသွားလာနေတာ။ ပူးတတွဲတွဲနေတာ။ သူ့ကိုပစ်မှတ်ထား စောင့်ကြည့်နေတာ ကြာပြီ"ဟု သန်လျင်(ပကဖ)စစ်ဆင်ရေးတာ၀န်ခံမှ ပြောသည်။
၎င်းမှာ ရေတပ်မှ တပ်ကြပ်ကြီးဟောင်းဖြစ်ပြီး လက်ရှိတွင် ရပ်ကျေးတွဲဘက်ဥက္ကဋ္ဌအဖြစ်လုပ်ဆောင်နေသူဖြစ်ကြောင်း စစ်ကောင်စီတပ်၏ လုံခြုံရေးဖြင့်သာ အပြင်ထွက်လေ့ရှိကြောင်း ဒေသခံများ၏ ပြောဆိုချက်များအရ သိရသည်။
#လုံခြုံရေး #သန်လျင် #အောင်ချမ်းသာ #အုပ်ချုပ်ရေးမှူး #ပကဖ
#Ayeyarwaddy_Times
မိန်းမခိုးပြေးလာသည်ဟု ဟန်ဆောင်ကာ လာရောက်စုံစမ်းသည့် စစ်ကောင်စီထောက်လှမ်းရေး ၃ ဦးကို ဖမ်းဆီးရရှိ
မကွေးတိုင်း၊ ဂန့်ဂေါခရိုင်တပ်ရင်း(YRA)၏ စစ်ဆေးရေးဂိတ်တွင် မိန်းမခိုးပြေးလာသော အရပ်သားများအဖြစ် ဟန်ဆောင်လာသူ စစ်ကောင်စီတပ်သားများကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
YRA ထီးလင်း၏ စစ်ဆေးရေးဂိတ်တစ်ခုတွင် မသင်္ကာဖွယ်လူသုံးဦး(လက်နက်မပါ)အား တွေ့ရှိရသဖြင့် စစ်ဆေးမေးမြန်းရာ အမျိုး သားနှစ်ဦးမှာ ထီးလင်းမြို့ပေါ်အထိုင်ချနေသော ခလရ ၅၅ မှ စစ် ကောင်စီတပ်သားများဖြစ်ပြီး ကျန်အမျိုးသမီးတစ်ဦးမှာ ပျူစောထီးဖြစ်ကြောင်း သိရသည်။
ဒါ့အပြင် မိန်းမခိုးပြေးလာသောအရပ်သားများအဖြစ် ဟန်ဆောင်လာသော စစ်ကောင်စီထောက်လှမ်းရေးများဖြစ်ကြောင်း သိရပြီး နိုင်ငံတကာစစ်ဥပဒေနှင့်အညီ ထိန်းသိမ်းထားရန်ခေါ်ဆောင်လာစဥ် ရုတ်တရက်ထွက်ပြေးရန်ကြိုးစားကြသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရသည်ဟု သိရသည်။
#TachileikNewsAgency
Photo - Yaw Revolution Army-ထီးလင်း
ဇေယျာသော်ချစ်ချစ် တီဇင် ရောင်းတဲ့ #Nitric_Forever 🔥Limited Edition လေးတွေအားပေးကြပါ
#Nitric_Forever
🔥Limited Edition
❤️ Special Price For PDF 💪
T-shirt Fundraising အစီအစဉ်စတင်ပြီးနောက် ချက်ချင်းလာဝယ်ကြပြီး
ဝယ်ယူနှုန်းအများဆုံးဟာ မြန်မာပြည်တွင်းမှ
တော်လှန်ပြည်သူများ တော်လှန်ရဲဘော်များပဲ ဖြစ်ပါတယ်
တော်လှန်ရေးအပေါ်အားမလျော့ကြပဲ ခက်ခဲပင်ပန်းနေတဲ့အချိန်မှာတောင် နိုင်ရာဝန်ကိုထမ်းဆောင်ကြရင်း
ရှိတဲ့အင်အားနဲ့ရအောင်ထောက်ပို့ကြတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်
🔥နောက်ထပ်အစီအစဉ်သစ်တခုကတော့
ပြည်သူ့ရဲဘော် PDF များအတွက် အထူးစျေးနှုန်း (၄၀၀၀၀-/)ကျပ်ဖြင့်ရောင်းချပေးသွားမှာဖြစ်ပါတယ် 💪❤️
စစ်အာဏာရှင်တော်လှန်ရေးမှာ တိုင်းပြည်အတွက် အသက်စွန့်ကာကွယ်ကြသော ပြည်သူ့ရဲဘော်များကို လေးစားဂုဏ်ပြုပါတယ်
T-shirt မှာယူပြီး လက်ဝယ်မရောက်ရှိနိုင်သေးတဲ့အချိန်မှာ Code နံပါတ်တခုနဲ့ထိန်းသိမ်းထားပေးမှာ ဖြစ်ပါတယ်
လှူဒါန်းထောက်ပို့မှုအားလုံး မည်သည့်တခုမျှ အချည်းနှီးမဖြစ်စေရပါ ✊
အချိန်တခုအတွင်းမှာ
Limited အရေအတွက်နဲ့ရောင်းတာမို့
အမြန်ဆုံးမှာယူလို့ရပါပြီ
👉ဝယ်ယူရရှိနိုင်မည့်နေရာများ
🖤ပြည်ပနိုင်ငံများအတွက်
ဤ Pageတွင်မှာယူရရှိနိုင်ပါပြီ
https://m.facebook.com/story.php?story_fbid=495355319359266&id=107890951439040&mibextid=qC1gEa
🖤ပြည်တွင်းနှင့်ထိုင်းနိုင်ငံအတွက်
Telegram channel
@Nitric_Forever
အနက်ရောင် (XL,L,M,S)
ခဲရောင် (XL,L,M,S)
Price- 700/-THB
#အရေးတော်ပုံအောင်ရမည်
#phyozeyathaw #Nitricforever
#ugတွေကိုထောက်ပို့ပါ #မြို့ပြပျောက်ကြား #မောင်ကျော် #အားလုံးစုစည်းနေရင်ဘာမှမဖြစ်
#အရေးတော်ပုံအောင်ရမည် 💪






အလုပ်သမားတွေချုပ်လုပ်နိုင်တာထက်အဆမတန်များတဲ့ အထည်စံချိန်တွေလျှော့ချသတ်မှတ်ပေးဖို့တောင်းဆိုတဲ့ စူပါအလုပ်ထုတ်ခံရ


ဆုလာဘ်ဖြူ
PEP&CO၊ DUNNES STORES စတဲ့ ပြည်ပအမှတ်တံဆိပ်တွေချုပ်လုပ်တဲ့ လုပ်ငန်းခွင်မှာ အလုပ်သမားတွေချုပ်လုပ်နိုင်တဲ့ စံချိန်က တစ်နာရီကို ပွိုင့် ၁၀၀ နှုန်းဖြစ်ပြီး စက်ရုံဘက်ကတောင်းဆိုတာက တစ်နာရီကို ပွိုင့် ၂၃၀ ပါ။ ဒါကြောင့် အဲ့ဒီလို အဆမတန် တိုးမြှင့်ထားတဲ့စံချိန်ကို ပြည့်မီအောင် ချုပ်လုပ်နိုင်ခြင်းမရှိပါက ည ၉ နာရီအထိ အချိန်ပိုကြေး မရဘဲ ချုပ်လုပ်ပေးရတာပါ။
ဒါ့အပြင် စံချိန်ပြည့်အောင် တနင်္ဂနွေနေ့ကိုပါ အလုပ်ဆင်းပေးရပါတယ်။ အိုတီကြေးမရရှိဘဲ အခမဲ့ပါ။ ဒါကြောင့် အခက်တွေ့နေရတယ်လို့ GYSEN(MYANMAR) APPAREL CO,LTD စက်ရုံအလုပ်သမားတွေကပြောပါတယ်။
ရန်ကုန်တိုင်း ရွှေပြည်သာ မြို့နယ် ဝါးတရာစက်မှုဇုန် ဝါးတစ်ရာလမ်း မှာဖွင့်လှစ်ထားပြီး အလုပ်သမား ၁၀၀၀ ဝန်းကျင်နဲ့ လုပ်ငန်းလည်ပတ်နေတဲ့ စက်ရုံက တရုတ်နိုင်ငံသားပိုင် လုပ်ငန်းဖြစ်ပြီး လုပ်ငန်းခွင်ထဲမှာ နိုင်ငံခြားသားက တိုက်ရိုက်အုပ်ချုပ်တာတွေလည်းရှိနေတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။
အဲ့ဒီအထည်ချုပ်စက်ရုံက ကလေးဝတ် သိုးမွှေး လူကြီးဝတ် သိုးမွှေးအင်္ကျီနဲ့ ဘောင်းဘီတွေချုပ်လုပ်တာလို့သိရပါတယ်။
"စက်လိုင်းတစ်လိုင်းကို ၃၃ ယောက်ပဲပေးတယ် လူထပ်တောင်းလဲမပေးဘူး စံချိန်လျှော့ပေးဖို့ ပြောလဲ မရဘူး တိုင်ချင်ရာတိုင်လို့ပဲပြောတယ် သူတို့တောင်းတဲ့စံချိန်မပြည့်ရင် ဝမ်တိန် ထိုးပြီး အလုပ်ထွက်လို့ပြောတယ်" လို့ အမည်မဖော်လိုတဲ့ အလုပ်သမားကပြောပါတယ်။
လုပ်ငန်းခွင်ထဲမှာ တောင်းသလောက်စံချိန်ရဖို့ အလုပ်တက်ချိန် နံနက် ၈ နာရီ ၃၀ မတိုင်ခင် စတင် ချုပ်လုပ်ပေးရကာ နေ့လည် ထမင်းစားချိန် မိနစ် ၃၀ မှာ ထမင်းအမြန်စားပြီးချုပ်လုပ်ရတာနဲ့ ညဘက် ၉ နာရီ အထိ ပျမ်းမျှ တစ်နေ့လျှင် ၁၃ နာရီချုပ်လုပ်ပေးရပြီး ရရှိတဲ့ ငွေကြေးကတော့ ၄၈၀၀ ကျပ်ပါ။တနင်္ဂနွေနေ့မှာလည်း အနားမယူရဘဲ အိုတီအခမဲ့ ဆင်းပေးရပါသေးတယ်လို့ အလုပ်သမားတွေက ပြောဆိုပါတယ်။
အဲ့ဒီလို စံချိန်တိုးတောင်းတာနဲ့ ပတ်သက်ပြီး စက်လိုင်း ၁၂ ကြီးကြပ်သူ စူပါမှ ဦးဆောင်ကာ စံချိန်လျှော့ပေးဖို့ တောင်းဆိုခဲ့ရာမှ စက်လိုင်း ၁၂ ကို ဖျက်သိမ်းကာ လိုင်းပြောင်းခိုင်းစေခဲ့ပြီး တောင်းဆိုပေးတဲ့ စူပါကတော့ ဇန်နဝါရီ ၃၁ ရက်နေ့မှာပဲ အလုပ်ထုတ်ခံခဲ့ရတယ်လို့ သိရပါတယ်။
ထပ်မံကြုံတွေ့နေရတဲ့အခက်အခဲတွေကတော့ စူပါ အောစူပါတွေက ရိုင်းစိုင်းစွာ ပြောဆိုတာ အလုပ်သမားတွေအနေနဲ့ ခွင့်ခံစားခွင့်တွေကို တန်းတူညီမျှခံစားခွင့်မရတာ သောက်သုံးရေ မသန့်ရှင်းတာတွေလည်းသောက်သုံးနေရတယ်လို့ အခက်တွေ့နေတဲ့ အလုပ်သမားတွေကပြောပါတယ်။
လုပ်ငန်းခွင်ထဲမှာ အလုပ်သမားသမဂ္ဂအဖွဲ့ရှိပေမယ့် လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲတွေ ဖြေရှင်းနိုင်ခြင်းမရှိသလို ချိုးဖောက်ခံရမှုတွေလည်း ကြုံတွေ့နေရတယ်လို့ အလုပ်သမားတွေထံကသိရပါတယ်။
အဆိုပါ လုပ်ငန်းခွင်ထဲက အလုပ်သမားတွေအနေနဲ့ ချုပ်လုပ်နိုင်တဲ့ စံချိန်ကိုသာ သတ်မှတ်တောင်းခံပေးဖို့ အိုတီကြေးပေးချေဖို့ တနင်္ဂနွေနေ့မှာ အလုပ်သမားသဘောဆန္ဒမပါဘဲ ခိုင်းစေတာတွေ မပြုလုပ်ဖို့တောင်းဆိုလိုတယ်လို့ သိရပါတယ်။
#MyanmarLabourNews
စစ်ကောင်စီက ရည်မှန်ထားတဲ့ အိမ်ထောင်စုရဲ့ ၈၆ ရာခိုင်နှုန်းကျော် စာရင်းကောက်နိုင်ခဲ့ဟုဆို

ထားဝယ် ၊ ဖေဖော်ဝါရီလ - ၈ရက်
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လူဦးရေစာရင်းအချက်အလက်တွေကို ကောက်ယူခဲ့ရာမှာ ရည်မှန်းထားတဲ့ အိမ်ထောင်စုရဲ့ ၈၆ ဒဿမ ၇ ရာခိုင်နှုန်း အထိကောက်ယူနိုင်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီးဦးမြင့်ကြိုင်က ဖေဖော်ဝါရီလ ၇ရက်နေ့က ပြောခဲ့ပါတယ်။
စာရင်းကောက်ယူမှုကို ဇန်နဝါရီလ ၉ရက်နေ့ကနေ ၃၁အထိ ရုံးပိတ်ရက်မှအပ ရက်ပေါင်း ၂၀ ကြာကောက် ယူခဲ့တာလို့လည်း သူကပြောပါတယ်။
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကောက်ယူရာမှာ ၈၆ ရာခိုင်နှုန်းကျော်ပြီးစီးသလို၊ ရခိုင်ပြည်နယ်မှာတော့ တစ်ပြည်နယ်လုံးရဲ့ ၉၉ ရာခိုင်နှုန်းအထိ ကောက်ယူပြီးစီးခဲ့တယ်လို့ လည်းပြောပါတယ်။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ကျန်နေတဲ့ အိမ်ထောင်စုတွေစာရင်းကိုလည်း ကောက်ယူနိုင်ဖို့ ကြိုးစားပြင် ဆင်နေတယ်လို့ ဦးမြင့်ကြိုင်ကပြောပါတယ်။
၂၀၁၄ခုနှစ် သန်းခေါင်စာရင်းနဲ့ အိမ်ထောင်စုအကြောင်းအရာ အချက်အလက်အရ မြန်မာနိုင်ငံမှာ အိမ်ထောင် စု ၁၁သန်းကျော်အထိရှိပါတယ်။
စစ်ကောင်စီက ကောက်ယူပြီးစီးခဲ့တယ်ဆိုတဲ့ တိုင်းနဲ့ ပြည်နယ်တွေရဲ့အိမ်ထောင်စု စုစုပေါင်းကိုတော့ အတိအကျထုတ်ပြန်တာမျိုး မရှိသေးပါဘူး။
အဲဒီအိမ်ထောင်စုစာရင်းတွေကောက်ယူချိန်မှာလည်း စစ်ပွဲ၊ ပစ်ခတ်မှုတွေဖြစ်နေတဲ့ စစ်ကိုင်း၊ မကွေး၊ ကယား၊ ကရင်၊ ချင်း၊ တနင်္သာရီတိုင်း အပါအဝင် ဒေသအချို့မှာတော့ ကွင်းဆင်းလာရောက်ကောက်ယူတာမျိုးမရှိခဲ့ဘူးလို့ အဲဒီဘက်က ဒေသခံတွေက ဝေဖန်ပြောဆိုကြပါတယ်။
သတင်း - BBC
မမဆောင်းဇာတ်လမ်းတပုဒ်
ပြည်တွင်းကအရင်ပြောရရင် မအလပဲ၊
သူ မမှန်းနိုင်တာ အာဏာသိမ်းရင် ဒေါ်အောင်ဆန်းစုကြည်ကသူ့ကို ဘာပြန်လုပ်မလဲဆိုတာ? သူမ ရေးခဲ့တဲ့တမျက်နှာစာရွက်ကနေ တသက်စာ စစ်အဖြစ်ပြောင်းသွားတာပဲ၊NUGဆိုတာဖြစ်လာဖို့ လွှတ်တော်အမတ်တွေလိုတယ်ဆိုတာသိထားရင်၁ရက်နေ့မှာပဲအမတ်တွေ အကုန်ထောင်ထဲရောက်နေပြီ၊နောက်တခု ကစည်းပေါက်တာ၊ သူတင်ထာ GZတွေက KIA -KNU ထဲရောက်သွားလဲ ရှေ့တန်းစခန်းတွေ ခြေမြန်တပ်မတွေကို ဘယ်လိုနည်းမှကျော်လာနိုင်စရာမရှိဖူးလို့တွက်ခဲ့တာပဲရန်ကုန်မှာ၃၀၀၀၀နဲ့အပြီးတူမီးလုပ်တာတောင်သွားသတိရတယ်၊
အရှေ့မှာတိုက် အနောက်ကနေဖျင်ချခံနေရတယ် ဖရဲသီးတွေကလဲနီရဲနေရောပဲ
မမဆောင်းဖြစ်နေတာ
အဏာကရသလိုလို မရသလိုလို
၃ဂိုး ၀ နဲ့ရှုံးတာ ဂိုးထပ်သွင်းခံရအုံးမယ်
အပြင်နိုင်ငံတွေရဲ့ သံတမန် ဆက်ဆံရေးကိုလဲကြည့်ကြည့် အင်္ဂလန်မှာ သံရုံးရှိပေမယ့် မအလကို အစိုးရအဖြစ်အသိအမှတ်ပြုမထားဖူး၊ ဒေါ်ဇင်မာအောင်ကို အလံနောက်ခံနဲ့တရားဝင်ဝန်ကြီးအဖြစ်နဲ့တွေ့ဆုံခဲ့ပေမယ် မအလအပေါ်မှာပြတ်သားလောက်တဲ့ဆုံး
ဖြတ်ချက်မရှိသေးဖူး၊တရားဝင်နဲ့တရားမဝင်ဆိုတဲ့စကားလုံးနှစ်ခုကြားမှာ သူတို့လဲမမဆောင်းဖြစ်နေတာပဲ၊
နိုင်နေတာငါတို့။
စစ်ကောင်စီက ဗဟို ဝန်ထမ်းတက္ကသိုလ်များတွင် စစ်သင်တန်းနှင့် ပစ်ခတ်မှုကို အဓိက ထား သင်ကြားလာပြီး လိုအပ်လျှင် စစ်မှုထမ်းရမည်ဟုဆို
ရန်ကုန်၊ ဖေဖော်ဝါရီ ၈ ခေတ်သစ်
အကြမ်းဖက်စစ်ကောင်စီက Non-CDM ဝန်ထမ်းများကို ဗဟိုဝန်ထမ်းတက္ကသိုလ်များတွင် ခေါ်ယူ သင်တန်းပေးရာတွင် စစ်သင် တန်းနှင့် ပစ်ခတ်မှုဆိုင်ရာများကို အဓိက ထားသင်ကြားလာပြီး လိုအပ်လျှင် ဝန်ထမ်းအားလုံး စစ်မှုထမ်းရမည်ဟု အသိပေးမှုများရှိလာကြောင်း ဝန်ထမ်းသတင်းရင်းမြစ်များက ပြောသည်။
ဗဟိုဝန်ထမ်းတက္ကသိုလ်(ဖောင်ကြီး)တွင် လက်ရှိ Non-CDM သင်တန်းများ ဖွင့်လှစ်ရာတွင် အရည်အချင်းစစ် စာမေးပွဲများ ဝင်ရောက် ဖြေဆိုရပြီး အများစုသော ဝန်ထမ်းများမှာ အရည်အချင်းမရှိဘဲ ဆွဲခန့်များ ဖြစ်နေ၍ အရည်အချင်း မမီမှုနှင့် စာမေးပွဲ ကျဆုံးမှုများရှိနေသဖြင့် ဌာနဆိုင်ရာ ပြစ်တင် ရှုတ်ချသည့် ဝေဖန်စာများ ထုတ်ပြန်မှုများရှိကြောင်း သိရှိရသည်။
"ဖောင်ကြီးဗဟိုဝန်ထမ်းတက္ကသိုလ်မှာ သင်တန်းဆင်းအရည်ချင်းစစ်ရာမှာ အများစုက ဆွဲခန့် ဝန်ထမ်းတွေဖြစ်တော့ အားလုံးနီးပါး အလယ်လတ်အရည်ချင်းတောင်မရှိဘူးဖြစ်နေတယ်။ သက်ဆိုင်ရာဌာနအကြီးအကဲတွေက သူတို့ရလဒ်တွေကြည့်ပြီး စိတ်ဆိုးဒေါသထွက်ကြတယ်။ ဌာနဆိုင်ရာ ညွှန်မှူး၊ ညွှန်ချုပ်တွေအနေနဲ့ ဝန်ထမ်းများပေါ် ထိန်းကျောင်းကြပ်မတ်မှု၊ သင်ကြားပေးဖို့ အသိပညာ အတတ်ပညာပိုင်းနည်းပါးရင် အစိုးရ ယန္တရား အတွက် အတော်ကို ကသီလင်တ ဖြစ်နိုင်တယ်ဆိုပြီး ဌာနအုပ်ချုပ်မှုခေါင်းဆောင်တွေကို ပြစ်တင်တဲ့ ဌာနဆိုင်ရာလျှို့ဝှက်စာတွေတောင် ထုတ်ရတဲ့အထိ ဖြစ်လာတယ်" ဟု ဝန်ထမ်း သတင်းရင်းမြစ်က ပြောသည်။
လက်ရှိ ဗဟိုဝန်ထမ်းတက္ကသိုလ်များတွင် နိုင်ငံရေးဆိုင်ရာ သဘောတရားများကို သင်ကြားရာတွင်လည်း နိုင်ငံ၏ အခြေအနေမှာ စစ်တပ်အနေဖြင့် အာဏာ မယူလိုဘဲ ထိန်းသိမ်းရခြင်းဖြစ်ပြီး NLD နှင့် ဒေါ်အောင်ဆန်းစုကြည်က ၂၀၂၀ မဲမသမာမှုများကို ရှင်းလင်းခြင်း မရှိ၍ ဖြစ်ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ စစ်တပ်က ရွေးကောက်ပွဲ ကျင်းပ၍ အာဏာပြန်လွှဲမည်ဆိုသော ဝါဒဖြန့် နိုင်ငံရေးသဘောတရားများကို နေ့စဉ် သင်ကြား ဝါဒဖြန့် နေသည်ဟု သိရှိရသည်။


"အခု အရင်ကထက် စစ်ရေးလေ့ကျင့်မှုနဲ့ ပစ်ခတ်မှုတွေကို အဓိကထားပိုသင်နေရတယ်။ သင်တန်းတစ်ပတ်စဉ်နဲ့ တစ်ပတ်စဉ် မတူဘူး။ စစ်ရေးလေ့ကျင့်မှုနဲ့ ပစ်ခတ်မှုဆိုတာက ပါပေမယ့် အရင်က အဲဒါတွေက အဓိက မဟုတ်ဘူး။ အခုတော့ အဲဒါကို အဓိက ထားသင်တယ်။ လိုအပ်ရင် စစ်တိုက်ကောင်း တိုက်ရမယ်ဆိုတာမျိုးတွေလည်းပြောတယ်။ ကျန်တဲ့ စီမံခန့်ခွဲမှုနဲ့ သဘောတရားရေးရာတွေကို သင်ကြားမှု အတော်ကို လျှော့လာပြီ။ " ဟု ဝန်ထမ်း သတင်းရင်းမြစ်က ဆိုသည်။












