ရန်ကုန်၊ ဇန်နဝါရီ ၆ ခေတ်သစ်မီဒီယာ
အကြမ်းဖက်စစ်ကောင်စီလက်အောက်တွင် တိုင်းရင်းသားနယ်မြေများနှင့် စစ်ကိုင်း၊ မကွေး၊ ပဲခူးကဲ့သို့သော တိုင်းဒေသကြီးများကို အဆက်မပြတ် ဗုံးကျဲ နေသည့် အမှတ် ၆၂ Yak-130 တိုက်ခိုက်ရေးလေယာဉ်အုပ်စုမှ ပိုင်း လော့များ ၏ လျှို့ဝှက် အမည်များကို ယက္ခမှ စစ်မင်းသို့ ပြောင်းလဲ လိုက်ကြောင်း သိရှိရ သည်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် အမှတ် ၆၂ တိုက်ခိုက်ရေးအုပ်မှ Yak-130 လေယာဉ်မှူးများ၏ အမည်များကို ယက္ခဟု ပြောင်းလဲခဲ့ပြီးနောက် ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် လျှို့ဝှက် အမိန့်စာ ပေါက်ကြားခဲ့သဖြင့် ယက္ခ အမည်ဝှက်များကို စစ်မင်း အမည်ဝှက်အဖြစ် ပြောင်းလဲလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် တံတားဦးလေတပ်၊ အမှတ် ၆၂ တိုက်ခိုက်ရေးအုပ်မှ Yak-130 မှ ပိုင်း လော့များကို ယခင်က မှော်ဘီသို့ စစ် ဆင် ရေးအဖြစ် လအလိုက် အလှည့် တာဝန်ရွှေ့ပြောင်းထမ်းဆောင်းခိုင်းရာမှ ယခုရက်ပိုင်းအတွင်း မှော်ဘီအစား နေပြည်တော်၊ အေလာသို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခိုင်းကြောင်း သိရှိရသည်။
"အခုက ဗျူဟာပြောင်းတယ် အရင် စစ်ဆင်ရေးအတွက် မှော်ဘီလေတပ်ကို ၃ လ ၁ ကြိမ် သွားရတာ။ Yak-130 အဖွဲ့ ၆၂ အုပ်က။ အခုတော့ စစ်ဆင်ရေး ၃ လ ၁ ကြိမ်ကို အလှည့်ကျကို နေပြည်တော်၊ အေလာကို စစ်ဆင်ရေး ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခိုင်းတယ်။ မှော်ဘီမသွားရတော့ဘူး။ မှော်ဘီကို စိတ်မချ တော့ဘူး။ အခုက တံတားဦးကနေ တိုက်ရိုက် စစ်ဆင်ရေးနေရာကို မသွားဘူး။ ဒီဘက်က လေယာဉ်တက်တာနဲ့ သတင်းပေါက်နေလို့ဆိုပြီး အေ လာ ဘက်ကို ဝင်ပြီးမှ စစ်ဆင်ရေးနေရာကို သွားတယ်။ အပြန်လည်း တိုက်ရိုက် ပြန်မလာဘူး။ အေလာကို ဝင်ပြီးမှ ပြန်လာတယ်" ဟု နေပြည်တော် လေတပ် သတင်း ရင်းမြစ် က ပြောသည်။
တံတားဦးအခြေစိုက် Yak-130 တိုက်ခိုက်ရေးလေယာဉ် အမှတ် ၆၂ တိုက်ခိုက် ရေး အုပ်မှူးမှာ-ဗိုလ်မှူး ရဲဇော်နိုင်ဖြစ်ပြီး ကချင်ပြည်နယ်၊ ဖားကန့်တွင် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့ လူပေါင်းရာချီသေဆုံးခဲ့သော လေယာဉ် ဖြင့် ဗုံးကျဲတိုက်ခိုက်မှုကို တိုက်ခိုက်ဆောင်ရွက်ခဲ့သော စစ်လေယာဉ်မောင်း ပိုင်းလော့ အမှတ် ၆၂ တိုက်ခိုက်ရေးအုပ်မှူးအဖွဲ့မှ ဖြစ်ကြောင်း သိရှိရသည်။
ဂျပုက အတော် ဆိုက်ကိုဖောက်နေသတဲ့
📅
💬 မှတ်ချက်
ဂျပုအကြောင်း အတွင်းသတင်း ရထားတယ်။ ဂျပုက အတော် ဆိုက်ကိုဖောက်နေသတဲ့။ ဟိုတခေါက်က သူ့ကားတန်းကို ရထားတိုက်မိမလို ဖြစ်တဲ့ကိစ္စလေ… သူ့ကို လုပ်ကြံတာလားချည်း ကြောက်လန့်တကြား မေးတာတဲ့။ ဘာသံကြားကြား သူ့လုပ်ကြံတော့မယ်ပဲ ထင်နေသတဲ့။
တိုက်ပွဲသတင်းတွေဆို ရှုံးတဲ့သတင်း သူ့ဆီ ပို့လို့မရဘူး။ ပို့ရင် ဖိုင်တွဲနဲ့ ကောက်ပေါက်တာတဲ့။ သူ့အောက်က ခပ်ကြီးကြီးအကောင်တွေလည်း ရာထူးပြုတ်မှာကြောက်ပြီး နိုင်ပါတယ်ဆိုပြီး သတင်းအင်ထုပြီး တင်နေရသတဲ့။
TNLA ကိစ္စတုန်းက ဂျပုက အင်အနိုင် Reportတွေ ထိုင်ဖတ်၊ ကွန်ဖီးဒန့်လယ်ဗယ်တွေ ဆိုးဟိုက်ပြီး ဝင်တိုက်ခိုင်းတာတဲ့။ တင်နီလာအေးထိရင် သာကောနဲ့ မျက်နှာပျက်မယ်ဆိုတာ သိတယ်။ ဒါပေမယ့် ဂျပုအောက်က ကောင်တွေ မျက်နှာလိုမျက်နှာရနဲ့ ဖောထားတာက PDFတွေဆီပို့မယ် လက်နက်တိုက်ကို သတင်းရထားတယ်ဆိုပြီး ဖောထားတာ။ ဂျပုလည်း သာကောကို ဒီလက်နက်တိုက်ပြပြီး ဒါ့ကြောင့်ဝင်တိုက်တာပါဆိုပြီး ချော့မယ်ပေါ့။
အဘ… မြေပြင်က သွားလို့တော့ မရဘူးဆိုတော့ လေယာဉ်နဲ့ လူချကွာဆိုပြီး ရက်ရောတာ။ အကောင်၂၀၀ သတ်ကွင်းထဲမှာ ပိတ်မိရော။ ဒွမ်ကုန်တာ သောက်သောက်လဲ။ တင်နီလာအေးက ငါနယ်မြေဟဲ့ဆိုပြီး ဘယ်ပြန်ညာပြန်ဘေတာ။
အောက်မှာသာ ၂၀၀ လောက် ကြွကုန်တာ။ ဂျပုဆီတင်တဲ့ Report မှာ သူ့အောက်ကကောင်တွေက ဖိုင်တွဲနဲ့ ထုခံရမှာကြောက်ပြီး လက်နက်တိုက်ရတော့မယ်ဆိုပြီး ဆက်ဖောထား။ ဂျပုက ဓါတ်ပုံတောင်းတော့ ကြံရာမရဖြစ်ပြီး ရှိတဲ့လက်နက်တွေ စုပုံဓါတ်ပုံရိုက်ပြီး PDF တွေရဲ့လက်နက်တွေပါဆိုပြီး ဂျပုကို ပြန်ပြတာ။
Report အလိမ်နဲ့ ဘရိတ်ပေါက်နေတဲ့ ဂျပုက မီဒီယာမှာ ထုတ်ရှိုးကွာဆိုပြီး မီဒီယာမှာ ဓါတ်ပုံလိမ်ကြီးတင်။ ဘယ်PDF ရဲ့ ပစ္စည်းမှလည်း မဟုတ်၊ ကရင်နီကလည်း မသိ၊ စစ်ကိုင်းကလည်း ဘာလားပေါ့။
သတိထားမိလိုက်ကြလား။ TNLA စာထုတ်ပြီး ဒီလက်နက်တွေက TNLA ဆီကလက်နက်တွေ မဟုတ်ဘူးဆိုပြီး ပေါ်တင် စောက်ရှက်ခွဲတာ။ ဂျပုလည်း ဂျောက်ဂျက်တွေကွဲ ဒေါက်ဖိနပ်တွေပြဲပြီး ပြန်ငြိမ်သွား။
အခုလည်း ကြာအင်းဆိတ်ကြီးမှာ အကောင်ရာချီဒွမ်တာကို ဖုံးပြီး ဂျပုဆီ PDF အယောက်၂၀၀၀ ကျပါတယ် ပြောပြီး Report လိမ်တင်နေလောက်ပြီ။
အမှန်လေး ဘာလေး Reportတင်ပေးလိုက်ကြပါ ဂေါင်းကြီးတို့ရဲ့။ နင်တို့ပထွေး ဖိုင်တွဲနဲ့ ကောက်မထုနိုင်ဘဲ ဦးနှောက်သွေးကြောပြတ်သွားအောင်။
အဟစ်ဟစ်
(ပန်ဆယ်လို)
ဂျပန်မှာ မင်းအောင်လှိုင်အတင်းပြောခံရ
📅
💬 မှတ်ချက်
❝၂၀၂၀ ခုနှစ် ကျနော် အငြိမ်းစားယူပြီးရင် သမ္မတလုပ်ချင်လို့ တစ်ကြိမ်လောက်ကူညီပေးပါ❞ တဲ့— မင်းအောင်လှိုင်ကအဲ့ဒီ့လိုပြောတာ။
အဲ့တုန်းက မင်းအောင်လှိုင်နဲ့ အဖွဲ့က ဂျပန်နိုင်ငံကို သွားပြီးနိပွန်ဖောင်ဒေးရှင်းကကျင်းပတဲ့ ပွဲကိုသွားတက်တာ။ အဲ့ပွဲကို မင်းအောင်လှိုင်နဲ့ အဖွဲ့ကလာတော့ ကြိုဆိုပွဲလုပ်ကြတာပေါ့။ ဂျပန်မြန်မာအသင်း ဥက္ကဋ္ဌ Mr. Hideo Watanabe (မစ္စတာ ဟီဒီယို ဝါတာနာဘေး) လည်း တက်တယ်။
အခမ်းအနားပြီးတော့ မင်းအောင်လှိုင်က မစ္စတာ ဟီဒီယို ဝါတာနာဘေး နဲ့ Mr. Yohei Sasakawa (ရောဟဲ ဆာဆာကာဝါ) အဲ့ဒီလိုပြောချလိုက်တာ။
❝ သမ္မတလုပ်ချင်လို့ တစ်ကြိမ်လောက်ကူညီပေးပါ❞ ဆိုပြီး—
မင်းအောင်လှိုင်က အဲ့လိုကြီး ဆိုင်းမဆင့်ဗုံမဆင့် ရုတ်တရက်ပြောလိုက်တော့ ဟို ဂျပန်နှစ်ယောက်လဲ အံတွေဩကုန်တာ။
Mr. Watanabe က— "ဒုသမ္မတကို စစ်တပ်အထဲကနေ ရွေးချယ်မှာမဟုတ်လား၊ ဒု-သမ္မတရာထူးနဲ့ မလုံလောက်သေးဘူးလား" လို့ တောင်ပြန်မေးခဲ့သေးတယ်တဲ့။
မင်းအောင်လှိုင်ယုံကြည်တဲ့ Mr. Watanabe ကပဲ အတွင်းလူတွေကို အတင်းတွေပြန်ပြောလို့ နိုင်ငံရေးဘက်က ဂျပန် အတော်များများသိကြတာ။
နံရံတွေမှာ နားရှိတယ်။
မရွှေမိုး-ကိုရီးယား
January 5th,2023.
စစ်ခွေးနိဂုံး— နှစ်ထောင့်နှစ်ဆယ့် |||
Reference— ဂျပန်နိုင်ငံမှာလက်ရှိနေထိုင်တဲ့ ကိုမျိုးမြင့်ဆွေက အချက်အလက်တွေစုဆောင်းပေးတာဖြစ်ပါတယ်။
၂၀၂၂ ခုနှစ်အတွင်း ကွယ်လွန်ခဲ့သည့် ကမ္ဘာ့ထိပ်တန်းပုဂ္ဂိုလ်များစာရင်းတွင် ဦးဖြိုးဇေယျာသော် ပါဝင်
📅
💬 မှတ်ချက်
ဧရာဝတီ ၊ ဇန်နဝါရီ ၅ ၊ ၂၀၂၃ ။
အမေရိကန်အခြေစိုက် နိုင်ငံတကာနှင့် နိုင်ငံခြားရေးမူဝါဒများကို လေ့လာနေသည့် Council on Foreign Relations အဖွဲ့မှ ထုတ်ပြန်သည့် ၂၀၂၂ ခုနှစ်အတွင်း သေဆုံးကွယ်လွန်ခဲ့သည့် ကမ္ဘာ့ထိပ်တန်းပုဂ္ဂိုလ်များ၏စာရင်းတွင် ဦးဖြိုးဇေယျာသော်ကို ထည့်သွင်း ဖော်ပြထားသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်း ကွယ်လွန်ခဲ့သည့် ထိပ်တန်းပုဂ္ဂိုလ် ၁၀ ယောက်၏ စာရင်းထဲတွင် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ၊ ဗြိတိန်ဘုရင်မကြီး အဲလိဇဘက် ၊ တရုတ်သမ္မတဟောင်း ကျန်ဇီမင်းစသည့် နိုင်ငံ့ခေါင်းဆောင်များနှင့်အတူ ဦးဖြိုးဇေယျာသော်ကို ထည့်သွင်း ဖော်ပြခြင်း ဖြစ်သည်။
ဦးဖြိုးဇေယျာသော်အား နိုင်ငံရေးသမား ၊ ဟစ်ဟော့အဆိုတော် ၊ လွှတ်တော်ကိုယ်စားလှယ် ၊ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူအဖြစ် ထိပ်တန်းပုဂ္ဂိုလ် ၁၀ ယောက်၏ နံပါတ် ၆ ယောက်နေရာတွင် ဖော်ပြထားသည်။ ယခင်ကာလတည်းကပင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သော ဦးဖြိုးဇေယျာသော်သည် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ပြီးနောက် Generation Wave ဟုခေါ်သော မျိုးဆက်သစ်လူငယ်များ အစည်းအရုံးကို တည်ထောင်သူထဲတွင် တဦးအပါအဝင် ဖြစ်ပြီး ၂၀၀၈ ခုနှစ်တွင် စစ်အစိုးရ၏ ဖမ်းဆီးထောင်ချခြင်း ခံခဲ့ရသူလည်း ဖြစ်သည်။
ဟစ်ဟော့ဂီတအဖွဲ့ ACID ၏အဖွဲ့ဝင်လည်းဖြစ်၊ NLD ပါတီ၏ လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်သည့် ဦးဖြိုးဇေယျာသော်၊ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ဦးကျော်မင်းယု (ခေါ်)ကိုဂျင်မီတို့ အပါအဝင် နိုင်ငံရေးအကျဉ်းသား လေးဦးကို အာဆီယံ၊ ကုလသမဂ္ဂ နှင့် နိုင်ငံတကာ တို့မှ ကန့်ကွက်နေသည့်ကြားက ၂၀၂၂ ခုနှစ် ဇူလိုင် ၂၅ ရက်နေ့တွင် ကြိုးပေးကွပ်မျက်ခဲ့ကြကြောင်း စစ်ကောင်စီလက်အောက်ခံ သတင်းစာများမှတဆင့် ထုတ်ပြန်ခဲ့သည်။
#WhatsHappeningInMyanmar
#RejectMilitaryCoup
ALP စစ်ဦးစီးချုပ်အပါအဝင် တပ်ဖွဲ့ဝင်သုံးဦး သတ်ဖြတ်ခံရမှု ULA/AA လက်ချက်မဟုတ်ဟု ငြင်းဆို
📅
💬 မှတ်ချက်
ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) မှ စစ်ဦးစီးချုပ်အပါအဝင် တပ်ဖွဲ့ဝင်သုံးဦး သတ်ဖြတ်ခံရခြင်းသည် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) ၏ လက်ချက်ဖြစ်ကြောင်း ALP က ဇန်နဝါရီလ ၅ ရက်၊ ယနေ့တွင် ကြေညာစွပ်စွဲထားသည်။
အဆိုပါ ကြေညာချက်ထုတ် စွပ်စွဲထားပြောဆိုချက်မှာ အခြေအမြစ်မရှိသည့် စွပ်စွဲချက်သာဖြစ်ကြောင်း ULA/AA က တုံ့ပြန် ငြင်းဆိုထားသည်။
” ဒီလိုကျနော်တို့ကို နာမည်ထုတ်ပြီးတော့ အခြေအမြစ်မရှိ စွပ်စွဲတာကတော့ နာမည်သေနေတဲ့ သူတို့ ALP ကို နာမည်ကြီးအောင်လုပ်ချင်လို့ လုပ်တာလည်းဖြစ်နိုင်ပါတယ်” ဟု ULA/AA ၏ ပြောရေးဆိုခွင့်ရှိသူခိုင်သုခက MPA သို့ ပြောသည်။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ဇန်နဝါရီလ ၄ ရက်၊ မနေ့က ပြည်နယ်စစ်ကောင်စီကျင်းပသည့် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ALP မှ တက်ရောက်ခဲ့ကြသည်။
ထိုပွဲမှပြန်လာစဥ် ALP မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်စိုးမြ၊ အမှတ် (၁၀၁) တပ်ရင်းမှူး၊ ဒုတိယဗိုလ်မှူးကြီးခိုင်ကျော်စိုးနှင့် ဗိုလ်ကြီးခိုင်သူရိန္ဒတို့မှာ ကားလမ်းပေါ်တွင် သေနတ်ဖြင့်ပစ်ခတ်ခံရပြီး ကားပေါ်တွင် သေဆုံးသွားခဲ့သည်။
ထိုကဲ့သို့ အကြမ်းလုပ်ကြံသတ်ဖြတ်ခံရခြင်းမှာ ULA/AA ၏ လက်ချက်ဖြစ်ကြောင်း ဇန်နဝါရီလ ၅ ရက်၊ ယနေ့တွင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) က ထုတ်ပြန်ကြေညာခဲ့သည်။
” နောက်တစ်ခုကတော့ သူတို့ ALP အချင်းချင်း နှစ်ဖွဲ့ကွဲပြီးတော့ တစ်ဘက်နဲ့တစ်ဘက် တိုက်ခိုက်နေကြတာတွေ၊ နောက်ပြီးရင် နေပြည်တော်ကို အစည်းအဝေး သွားမယ်ဆိုရင်တောင်မှ နှစ်ဖွဲ့ လုနေကြတဲ့ အခြေအနေတွေ အဲဒီလိုဟာမျိုးတွေ ရှိပါတယ်” ဟု ခိုင်သုခက ဆက်ပြောသည်။
” ULA/AA က မိမိတို့ ပါတီ/တပ်မတော်မှ ခေါင်းဆောင်းများ၊ ပါတီဝင်များနှင့် တပ်ဖွဲ့ဝင်များအား ဖမ်းဆီးနှိပ်စက်ခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်းတို့ကို ပြုလုပ်လျှက်ရှိသည်သာမက ရခိုင်နိုင်ငံရေးပါတီမှ ခေါင်းဆောင်များ၊ ပါတီဝင်များ၊ အပြစ်မဲ့ ရဟန်း၊ သံဃာများနှင့် ပြည်သူများပါမချန် ဥပဒေမဲ့ ဖမ်းဆီးနှိပ်စက်ခြင်းများ၊ လုပ်ကြံသတ်ဖြတ်ခြင်းများကို ဆက်တိုင်းပြုလုပ်နေခြင်းအတွက် တရားမျှတမှုရရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း” လည်း ALP ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
” နောက်တစ်ခု စဉ်းစားစရာကတော့ အခြားအင်အားစုတစ်ခုခုကလည်း ပြဿနာရှုပ်ထွေးအောင် ဖန်တီးချင်တာကြောင့် ဒီလိုသတ်ဖြတ်တာတွေလည်း ရှိနိုင်ပါတယ်။ ဒီလိုအရှုပ်ထုပ်တွေကြားမှာ ဘယ်သူက ဘယ်လိုလုပ်သွားမှန်း မသိတဲ့အတွက်ကြောင့် ကျနော်တို့ ULA / AA အနေနဲ့ ဒီကိစ္စကို မှတ်ချက်ပေးစရာမရှိပါဘူး” ဟု ခိုင်သုခက ဆိုသည်။
ALP တပ်ဖွဲ့ဝင်များအား ULA/AA က ရခိုင်အမျိုးသားအချင်းချင်းအကြား လူသားမဆန် အကြမ်းဖက်လုပ်ကြံခြင်းသည် ရခိုင်တစ်မျိုးသားလုံးစည်လုံးညီညွတ်ရေးကို ထိခိုက်ပျက်စီးစေသည်သာမက ရခိုင်ပြည်သူများကိုပါ တုန်လှုပ်ခြောက်ခြားစေသည့်အတွက် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်းလည်း ALP က ဆိုထားသည်။
မင်းအောင်လှိုင်၊ မဘသ၊ အမျိုးသားရေး အစွန်းရောက်၊ အယောင်ဆောင် သင်္ကန်း ဝတ်များ နှင့် အဖွဲ့များ၏ စစ်အာဏာသိမ်းရေး ဆက်နွယ် လှုပ်ရှား မှုများ ကို ဖော်ထုတ်ခြင်း
📅
💬 မှတ်ချက်
By ဘမောင်. ခေတ်သစ်မီဒီယာ
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် အာဏာသိမ်းရန် စစ်တပ်၊ မဘ သ၊ အစွန်းရောက် အမျိုးသားရေးသမားများ၊ အယောင်ဆောင်သင်္ကန်းဝတ်များ၊ အစွန်းရောက် နိုင်ငံရေးပါတီများနှင့် အဖွဲ့အစည်းများအကြား ဟန် ချက် ညီညီ လုပ်ဆောင် အာဏာသိမ်းခဲ့ကြောင်း ၎င်းတို့လှုပ်ရှားမှုများကို စဉ်ဆက်မပြတ် လေ့လာမှု စစ်တမ်းများအရ သိရှိရသည်။
စစ်တပ်နှင့် မဘသ အဖွဲ့အစည်း၊ အမျိုးသားရေးအစွန်းရောက်များ၏ ဆက်စပ် ပတ်သက်မှုများကို ၂၀၂၀ နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲကျင်းပပြီး နောက် ပိုင်းကာလများအတွင်း ပိုမိုတွေ့ရှိခဲ့ရပြီး ၂၀၂၀ ဒီဇင်ဘာ ၂၃ရက်နေ့တွင် မင်းအောင် လှိုင်က မဘသ ဥက္ကဋ္ဌ တိလောကဘိဝံသ ၏ ကျောင်းတိုက်သို့ သွား ရောက်တွေ့ဆုံမှုများပြုလုပ်ခဲ့ပြီး အလှူငွေ သိန်း(၅၀၀) လှူဒါန်းခဲ့ကြောင်း သတင်းဖော်ပြချက်များအရ သိရှိရသည်။
အမျိုးသားရေး အဖွဲ့အစည်းများနှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ အတည် ပြုခဲ့သည့် သတင်းအချက်အလက်များအရ “မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာစစ်တပ်မှ တိုင်းပြည်အာဏာအား သိမ်းယူရန် စီစဉ်နေကြောင်းနှင့် အာဏာသိမ်းယူရေးအစီအစဉ်များအား မဘသ ဥက္ကဌဟောင်း တိလောက ဘိဝံသ နှင့် မဘသ ဒုဥက္ကဌဟောင်း သီတဂူဆရာတော် အရှင်ဉာဏိဿရ တို့က ကြိုတင်သိရှိခဲ့ကြောင်း” ထုတ်ဖော်ပြောဆိုခဲ့ကြသည်။
ထို့အတူ စစ်တပ်မှ အာဏာသိမ်းမည့် အကြောင်းအရာအား အစွန်းရောက် အမျိုးသားရေးလှုပ်ရှားသူများမှလည်း ကြိုတင် သိရှိခဲ့ကြသည်။
အဆိုပါ ရက်ပိုင်းများတွင် အမျိုးသားရေးအစွန်းရောက်များမှ ဦးဆောင်၍ ရွေးကောက် ပွဲကော်မရှင်ကို ဆန့်ကျင်ကြောင်း ၊ တပ်မတော်ကို ထောက်ခံ ကြောင်း ဆန္ဒပြပွဲများစွာအား ပြုလုပ်ခဲ့ကြသည်။
ထိုသို့ အမျိုးသားရေးအစွန်းရောက်များ၏ ဆန္ဒပြမှုဖြစ်စဥ်များအား အသုံးပြု ကာ ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးအာဏာတို့ကို မင်းအောင်လှိုင် ထံလွဲပြောင်းကြောင်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ မြန်မာစစ်တပ်မှတိုက်ရိုက်ခန့်အပ်သည့် ဒုသမ္မတ ဦးမြင့်ဆွေ၏ လက်မှတ်ဖြင့် အမိန့်အမှတ်(၁/၂၀၂၁)အား ထုတ်ပြန်ခဲ့သည်။
ထို့ကာလများတွင် စစ်တပ်ဝါဒဖြန့်ချီရေးမီဒီယာတခုဖြစ်သည့် မြဝတီ သတင်းစာ မှလည်း “ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ဆောင်ရွက် ချက်များနှင့် ပတ်သက်၍ ၁၀.၁၁.၂၀၂၀ ရက်နေ့မှ ၂၉.၁.၂၀၂၁ ရက်နေ့အထိ မြို့နယ် ၉၉ မြို့နယ်၌ ဆန္ဒဖော်ထုတ်မှု ၁၂၄ ကြိမ် ပြုလုပ်ခဲ့သည်ကို တွေ့ရှိရ ပါကြောင်း” ထုတ်ပြန်ခဲ့သည်။
အဆိုပါ ဆန္ဒထုတ်ဖော်မှုများအား အဓိက ဦးဆောင်သူများ နှင့် ပါဝင် ပတ်သက်ဝန်းရံခဲ့ကြသူများမှာ အမျိုးသားရေးအစွန်းရောက်များ သာဖြစ် ကြသည်။
အဓိက ဦးဆောင်သူများနှင့် ပါဝင်ခဲ့ကြသူများမှာ မိုက်ကယ်ကျော်မြင့် ၊ တင့် လွင် ၊ ဒေါ်ခင်ဝိုင်းကြည် ၊ ကျောက်ခဲ ၊ မင်းမင်း (MNO အတွင်းရေးမှူး) ၊ ဝင်းကို ကိုလတ် ၊ ဦးပါမောက္ခ(မကွေးကျောင် းတိုက်)၊ ဝီရတေဇော၊ ကန်ညီနောင် ကြာတပွင့်ဆရာတော်၊ ဦးတေဇဝန္ဒ ၊ ဦးဇနိယ ၊ ဦးတေဇောဘာသ ၊ဦးပညာဝံသ ၊ အဂ္ဂဓဇ (တောင်သာလေး ဆရာတော်)၊ ဝင်းမော်(ရွှေသံစဉ်) ၊ လမ်းမတော် မုတ်ဆိတ် ၊ တင်မောင်စန်း ၊ သက်မျိုးဦး ၊ ကျော်မျိုးသက်၊ တင်လင်းထိုက်၊ ကျော်မျိုးဆွေ၊ စောကြယ်ဖြူ၊ သီဟဇော်၊ အေးလေး(မေဘရဏီ)၊ ဇော်ဝင်း (ဥက္ကလာပမင်းကြီး) စသူတို့ဖြစ်ကြပြီး ၊ အမျိုးသားရေးအစွန်းရောက် အဖွဲ့ အစည်းများဖြစ်သည့် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ၊ သာသန အကျိုးပြု အင်အားစုကွန်ရက်၊ မျိုးစောင့်လူငယ်ကွန်ရက်၊ မျိုးချစ်မြန်မာရဟန်း တော်များသမဂ္ဂ ၊ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသားရေးအဖွဲ့အစည်း (MNO) ၊ အမျိုးသားလုံခြုံရေးလူမှုကွန်ရက်-ဗဟို (NSS) ၊ တပ်မတော် ချစ်မြတ်နိုး သူများအဖွဲ့၊ နယ်စည်းမခြားအမျိုးသားရေးညီနောင်များအင်အားစု၊ ဧရာဝတီ အမျိုးသားညွန့်ပေါင်း အဖွဲ့ ၊ မြန်မာနိုင်ငံရေးကွန်ရက် ၊ အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ် နှင့် ပါတီများဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုး တိုးတက်ရေးပါတီ ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အခြေခံ လူတန်းစားဘဝမြင့်မား တိုးတက်ရေးပါတီ ၊ ပြည်သူ့ရှေ့ဆောင်ပါတီ ၊ အမျိုး သား ဒီမိုကရေစီအင်အားစုပါတီနှင့် အမျိုးသားဒီမိုကရေစီ ပါတီသစ် တို့ဖြစ်ကြောင်း လေ့လာမှုများအရ သိရှိရသည်။
အဆိုပါဆန္ဒထုတ်ဖော်ပွဲများကို ပြုလုပ်ရန်အတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် မင်းကင်းမောင်မြင့်က အမျိုး သား ရေးအစွန်းရောက်များအတွက် ပေးအပ်ထားသည့် ရန်ကုန်မြို့ ၊ ၁၅၄ လမ်းတွင်ဖွင့်လှစ်ထားသည့် မျိုးချစ်တို့ဆုံရပ်အမည်ရှိ တိုက်ခန်းတွင် လည်း ကောင်း ၊ ဗဟန်းကြားတောရရှိ ဦးသာသနကျောင်း (မျိုးချစ် ရဟန်းတော် များသမဂ္ဂ-ရန်ကုန် အခြေစိုက်သည့်ကျောင်း) တွင်လည်းကောင်း အဓိက စုရုံးခဲ့ကြသည်။
အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသားရေးအစွန်းရောက်များမှ ဦးဆောင်၍ ပုံသဏ္ဉာန်မျိုးစုံဖြင့် အဖွဲ့သစ်များစွာ ဖွဲ့စည်းတည်ထောင်ခဲ့ကြသည်။
ထိုအဖွဲ့များမှာ ရပ်ထဲရွာထဲသတင်းပေးအဖွဲ့အစည်းမှသည် လက်နက် ကိုင်ဆောင်သည့် သွေးသောက်၊ ပျူစောထီး ၊ ပြည်သူ့စစ်အဖွဲ့အထိ ပုံစံမျိုးစုံ ဖြင့် ဖွဲ့စည်းခဲ့ကြသည်။
ဖွဲ့စည်းရာတွင်လည်း ယခင်ရှိနှင့်နေပြီးသား အဖွဲ့အစည်းအမည်များအား အသုံးမပြုပဲ အမည်သစ်များဖြင့် ဖွဲ့စည်း တည်ထောင်ခဲ့ကြသည်။ ထိုသို့ပြု လုပ်ရခြင်းမှာ စစ်ကောင်စီနှင့် ပတ်သတ်၍ ပေါ်ပေါ်ထင်ထင် ထောက်ခံလိုခြင်း၊ စစ်ကောင်စီအား ဆန့်ကျင်နေသည့် ပြည်သူလူထုအား အကြမ်းဖက် နည်း လမ်းများ အသုံးပြုကာ တုံ့ပြန့် ဆောင်ရွက်လိုခြင်းတို့ကြောင့် ဖြစ်သည်။
ထိုမှသာ ၎င်းတို့၏ အတိတ်တွင် ပြုလုပ်ခဲ့သည့် အစွန်းရောက် အမျိုးသားရေး လုပ်ငန်းများ၊ ဘာသာရေးလုပ်ငန်းများနှင့် ၎င်းတို့လက်ရှိလုပ်ဆောင်နေသည့် အကြမ်းဖက် ဖမ်းဆီးသတ်ဖြတ်ရေးလုပ်ငန်းတို့အား ပြည်သူလူထုအနေဖြင့် ချိတ်ဆက်သက်သေပြသဖို့အတွက် ခက်ခဲသွားစေရန် ရည်ရွယ်ပုံရသည်။
၉၆၉ လှုပ်ရှားမှုများနှင့် အမျိုးသားရေးအစွန်းရောက်လှုပ်ရှားမှုများ အားကောင်း ခဲ့သည့် အချိန်ကာလများဖြစ်သည့် ၂၀၁၃/၂၀၁၄/၂၀၁၅ ကာလများတွင် မြို့ကြီး များရှိ ဗုဒ္ဓဘာသာဝင်ရဟန်းများသည် ဗုဒ္ဓဘာသာပြန့်ပွားရေးနှင့် သာသနာပြု ကြရန်ဆိုသည့် ရည်ရွယ်ချက်များဖြင့် အခြားလူနည်းစုဘာသာဝင် များရှိရာ ကျေးရွာများသို့ သွားရောက် ကာ ဘာသာရေးအရ ၊ ဓမ္မစက်အရ လွှမ်းမိုးမှုများ ကို ပြုလုပ်နိုင်ရန် ကြိုးပမ်းခဲ့ကြသည်။
ကန့်ဘလူမြို့နယ် မှော်တောကျေးရွာ၊ သာသနာ့အလင်းရောင်ကျောင်းတိုက်ရှိ ၅၅၀ ဆရာတော် (ခ) ဦးဝါသဝ ၊ ဦးဝီရရာဇာ၊ ဦးပဏ္ဍိတ(ခ) တက်ခေတ် ဗန်းမော် နှင့် ကန့်ဘလူမြို့နယ်၊ တောက်ကရှပ်ရွာ ဆရာတော် ဦးပညာသာမိ တို့သည် စစ်ကိုင်းတိုင်း ခင်ဦး၊ ကန့်ဘလူ၊ ကျွန်းလှနဲ့ တန့်ဆည် စသည့် မြို့နယ် များ တွင် ပြည်သူ့စစ်အမည်ခံပျုစောထီးအဖွဲ့တွေကို ဦးဆောင်ဖွဲ့စည်း နေသူများ ဖြစ်ကြသည်။
စစ်ကိုင်းတိုင်းအတွင်း ပျူစောထီးများမှ ပြည်သူ့စစ်များအဖြစ် ဖွဲ့စည်း လျက် ရှိသည့် ကျေးရွာများနှင့် နီးစပ်ရာ ကျေးရွာအများစုသည် အမျိုးသားရေး အစွန်းရောက်အဖွဲ့အစည်းဖြစ်သော မ.ဘ.သ အဖွဲ့ဝင်ဘုန်းကြီးများ ရောက် ရှိနေကြသည့် ကျေးရွာများ ဖြစ်သည်ကို တွေ့ရှိရသည်။
အဆိုပါ ပြည်သူ့စစ်များ ဖွဲ့စည်းခြင်းသည် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့(PDF) ပူးတွဲစစ်ကြောင်းများ ကချင် ပြည်နယ်မှ စစ်ကိုင်းတိုင်းအတွင်း ဝင်ရောက်လာသည့် စစ်ဆင်ရေး စစ်ကြောင်း များကို ပြန်လည်ခုခံတိုက်ခိုက်နိုင်ရန် ရည်ရွယ် ဖွဲ့စည်းခဲ့ ခြင်းဖြစ်သည်။
ပြည်သူ့စစ်များ ဖွဲ့စည်းရာတွင် စည်းရုံးပြောဆိုမှုများသည် အစွန်းရောက် မ.ဘ.သ ဘုန်းတော်ကြီးများဖြစ်သည့်အားလျော်စွာ စစ်ကောင်စီက ဘာသာ သာသနာကို ကာကွယ်နေကြောင်း၊ ခရစ်ယာန်ဘာသာဝင်များဖြစ်သည့် (KIA) သည် PDF များအား ဗုဒ္ဓဘာသာအား ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက် ခိုက်ကြရန် စေခိုင်းမှုများရှိကြောင်း၊ စစ်ကောင်စီတပ်နှင့် ပြည်သူစစ်များသည် ဗုဒ္ဓဘာသာကို မပျောက်ကွယ်သွားရန် ကာကွယ်နေကြသည့် “ဗုဒ္ဓ၏ စစ် သည်တော်” များ ဖြစ်ကြောင်း နိုင်ငံရေးအရ ဖြစ်ပွားခဲ့သည့် လက်နက် ကိုင် ပဋိပက္ခ များကို ဘာသာရေးအား ခုတုံးလုပ်ကာ စည်းရုံးပြောဆိုခဲ့ မှုများ အား တွေ့ရှိခဲ့ရသည်။
မ.ဘ.သ အဖွဲ့ဝင် ဘုန်းကြီးများ ဖြစ်ကြသည့် ဝီရသူ ၊ ၅၅၀ ဆရာတော် (ခ) ဦးဝါသဝ ၊ ဦးဝီရရာဇာ၊ ဦးပဏ္ဍိတ(ခ)တက်ခေတ်ဗန်းမော်နှင့် ဦးပညာသာမိတို့ တို့ ဦးဆောင်နေသည့် ပြည်သူ့စစ်များ ကိုင်ဆောင်ထားသည့် လက်နက်များ သည့် အလိုအလျောက် မိုးပေါ်မှ ကျလာခြင်းမဟုတ်ဘဲ စစ်ကောင်စီမှ မ.ဘ.သ ဘုန်းကြီးများအား လက်နက်နှင့် ရိက္ခာ ထောက်ပံ့နေကြောင်း ထင်ရှားသည့် သက်သေ (၅)ခု တွေ့ရှိရသည်။
၎င်းတို့မှာ
၁ - ၂၀၂၂ခုနှစ် ဇူလိုင်၂၈ရက်နေ့တွင် စစ်ကောင်စီလက်အောက်ခံ အနောက် မြောက်တိုင်း စစ်ဌာနချုပ် မှ ကန့်ဘလူမြို့နယ် တန့်ဆည်မြို့နယ် ကျွန်းလှ မြို့နယ် မြို့/ကျေးရွာအသီးသီး မှ ပြည်သူ့စစ် အဖွဲ့ဝင်များအား ရိက္ခာနှင့် ဂုဏ် ပြု ချီးမြှင့်ငွေ ငွေကျပ်သိန်း ၃ထောင်ကျော် ပေးအပ်ပွဲ အခမ်းအနားကို ကန့်ဘ လူ မြို့ပေါ်တွင် ပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားကို ဦးဝါသဝ ဦးဆောင်တက်ရောက်ခဲ့ပြီး အာဏာသိမ်း စစ်ကောင် စီအကြီးအကဲများ၊ အနောက်မြောက်တိုင်းတိုင်းမှူးနဲ့ စစ်ဌာချုပ်အား ဆုတောင်းမေတ္တာပို့ပေးခဲ့သည်။
၂ - ၂၀၂၂ခုနစ် အောက်တိုဘာလ ၃ရက်နေ့တွင် စစ်ကိုင်းတိုင်း ကန့်ဘလူ မြို့နယ် တန့်ဆည်မြို့နယ် ကျွန်းလှမြို့နယ်ရှိ ဦးဝါသဝ ဦးဆောာင်နေသည့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအား ရိက္ခာနှင့်ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ပွဲ အခမ်း အနားကို ကန့်ဘလူမြို့နယ်တွင် ပြုလုပ်ခဲ့သည်။
၃ - ပြည်သူ့စစ်ဖွဲ့စည်းရန်နှင့် လက်နက်များရရှိရန် စစ်ကောင်စီ အရာရှိ အဆင့်ဆင့်နှင့် ကြားဝင်စေ့စပ်ပေးခဲ့သူမှာ Myanmar Nation Post အယ်ဒီ တာ ချုပ် နိုင်ဝင်းထွန်း(ခ) နောင်တော်လေး ဖြစ်ကြောင်း ၎င်း၏ “ကန့်ဘလူ မြို့နယ်က ဒုတိယမြိုင်ကြီးငူဆရာတော်” ဆိုသည့် ဆောင်းပါးတွင် အတိ အလင်း ဖော်ပြခဲ့သည်။ ထိုဆောင်းပါးတွင် ၅၅၀ ဆရာတော်(ခ) ဦးဝါသဝသည် ဘာသာသာသနာအတွက် အနီအစိမ်းမရွေးပဲ အသက်စွန့် ဆောင်ရွက်နေ ကြောင်း၊ အလွန်အမင်းအမွှန်းတင် ရေးသားထားသည့် ဆောင်းပါးဖြစ်သည်။
၄ - အနောက်မြောက်တိုင်း စစ်ဌာနချုပ်၏ လျှို့ဝှက်အစီရင်ခံစာမှာလည်း စစ်ကိုင်းတိုင်းအတွင်း ပြည်သူ့စစ် အဖွဲ့ပေါင်း ၇၇ ဖွဲ့ ဖွဲ့စည်းထားပြီး လက် နက် ပေါင်း အလက် (၂၀၈၀) တပ်ဆင်ထားကြောင်း ဖော်ပြခဲ့သည်။
၅- ဝီရသူသည် စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း အပါအဝင် နယ်များသို့ လှည့်လည်ပြီး ပျူစောထီး(ခ) ပြည်သူ့စစ်ဖွဲ့စည်းရေး များကို အင်တိုက် အား တိုက် လုပ်ဆောင်နေပြီး ဇန်နဝါရီလ ၄ ရက်နေ့တွင် မင်းအောင်လှိုင် ကိုယ် တိုင်က သီရီပျံချီဘွဲ့ ပေးအပ်ခဲ့သည်ကို တွေ့ရသည်။
လက်ရှိ ပျူစောထီး (ခ) ပြည်သူ့စစ်များအား ဖန်တီးဖွဲ့စည်း၍ ဦးဆောင် နေကြ သည့် မ.ဘ.သ ဘုန်းကြီးများ၏ အကြောင်းကိုလည်း တဦးချင်းအလိုက် အကျဉ်းချုံး ဖော်ပြလိုက်သည်။
ဝီရသူ
=====
ယခင်ကတည်းက အစွန်းရောက် ဗုဒ္ဓဘာသာ အယူဝါဒနှင့် အမျိုးသားရေး ဝါဒကို လက်ကိုင်ထားသူဖြစ်သည်။
ဝီရသူသည် မန္တလေးတိုင်း၊ ကျောက်ဆည်ဇာတိဖြစ်ပြီး ၁၉၉၁ ခုနှစ်တွင် မန္တလေး မစိုးရိမ်တိုက်သစ်သို့ ရောက်ရှိခဲ့ပြီး ၁၉၉၉ ခုနှစ်တွင် မစိုးရိမ် နာယက ဆရာတော်ဖြစ်လာခဲ့သည်။ ယခင်ကတည်းက အစွန်းရောင် ဗုဒ္ဓဘာသာ အယူဝါဒများကို ရေးသားပြီး ၂၀၀၁ ခုနှစ်တွင် ၉၆၉ လှုပ်ရှားမှု တွင် ပါဝင် ခဲ့သည်။ ဘာသာရေး အစွန်းရောက် ဟောပြောမှုများကြောင့် ၂ နှစ်အကြာ ၂၀၀၃ ခုနှစ်တွင် သန်းရွှေစစ်အစိုးရက ထောင် ဒဏ် ၂၅ နှစ် ချမှတ်ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် အခြား နိုင်ငံရေးအကျဉ်းသားများနှင့်အတူ လွတ်မြောက် လာခဲ့သည်။
သိန်းစိန်အစိုးရလက်ထက်တွင် ရွေးကောက်ပွဲအနိုင်ရရေး မဘသ အဖွဲ့ ဖွဲ့စည်း ခြင်း အပါအဝင် ဘာသာခြား တို့နှင့် မဆက်ဆံရေး၊ အစ္စလာမ် ဘာသာဝင် တို့ကိုဆန့်ကျင်ရေး ဟောပြောလှုပ်ရှားမှု ကို တစ်နိုင်ငံလုံး ပျံ့နှံ့အောင် လုပ် ဆောင်ခဲ့သည်။ ၂၀၁၂ နှင့် ၂၀၁၃ ခုနှစ်များတွင် မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့သော ဘာသာရေး ပဋိပက္ခများကို ဝီရသူက ဦးဆောင်ခဲ့သည်။
NLD အစိုးရလက်ထက်တွင် စစ်ထောက်ခံရေး အမြဲလှုပ်ရှားပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပုတ်ခတ်စော်ကားသဖြင့် ပုဒ်မ ၁၂၄(က) ဖြင့် အမှုဖွင့်ခံခဲ့ရသည်။ ယင်းနောက် ၂၀၂၀ ပြည့်နှစ်တွင် လာရောက် အဖမ်းခံခဲ့သည်။
မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက် ပြန်လည် လွတ်မြောက်ကာ သီရီပျံ ချီဘွဲ့ ချီးမြှင့်ခံရသည်။ လက်ရှိအချိန်အထိ နယ်ဒေသများတွင် ပျူစောထီးများ ဖွဲ့စည်းရေး ဦးဆောင် လျက်ရှိရာ မဘသ၊ အမျိုးသားရေးအစွန်းရောက် ဝန်းရံ ခြံရံမှုဖြင့် သွားလာနေသည်။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူ အခြေစိုက်၍ ပျူစောထီး(ခ) ပြည်သူ့စစ်များ ဖွဲ့စည်းနေသူ လက်နက်ကိုင် ခေါင်းဆောင် သင်္ကန်းဝတ် ဝါသ၀။
ဝါသဝ
=====
၅၅၀ ဆရာတော် (ခ) ဦးဝါသဝ၏ ဇာတိမှာ တန့်ဆည် မြို့နယ်၊ မူးခွကျေးရွာ ဖြစ်သည်။ ကန့်ဘလူ မြို့နယ် မှော်တောကျေးရွာသည် အစ္စလာမ်ဘာသာဝင် အိမ်ခြေ ၈၀၀/၉၀၀ ခန့်ရှိပြီး ဗုဒ္ဓဘာသာဝင်အိမ်ခြေ ၅၀ ကျော်ရှိသည့် ရွာတရွာ ဖြစ်ခဲ့ပြီး ၂၀၁၅ ခုနစ်တွင် ဘာသာခြားများ များပြားနေခြင်းကြောင့် လာရောက် ကျောင်းထိုင်ခဲ့ခြင်း ဖြစ်ကြောင်း ဦးဝါသဝမှ Myanmar National Post နှင့် အင်တာ ဗျူးတွင် ဖြေဆိုခဲ့သည်။
အမျိုးသားရေးအစွန်းရောက်များဖြစ်သော Myanmar Nation Post အယ်ဒီ တာ နိုင်ဝင်းထွန်း(ခ) နောင်တော်လေး ၊ အမေရိကန်နိုင်ငံသားခံယူထားသူ ကိုကျော်ငြိမ်းမိုး(ခ) ကိုချိုကြီး ၊ ကိုရီးယားနိုင်ငံနေ ကိုချိုကြီး၏ နောက်မိန်းမ ခင်ချိုချိုဝင်း (ခ) ဖွေးစိန် တို့ ဦးဝါသဝရှိရာသို့ သွားရောက်ခဲ့ပြီး မှတ်တမ်းဗီဒီယို များကို ပြန်လည်ထုတ်လွှင့်ရာတွင် လည်း အများပြည်သူများအကြား ကျယ် ကျယ် ပြန့်ပြန့် ပြန့်နှံ့ခဲ့ပြီး စစ်ကောင်စီနှင့် ပျူစောထီးများမှ စစ်ကိုင်းဒေသအား ထိန်းချုပ် ထားပြီး ပြည်သူ့ကာကွယ်ရေးတပ်(PDF) များအား သုတ်သင်နိုင် နေကြောင်း ရေးသားပြောဆိုမှုများ တွေ့ရှိရပါသည်။
ပြည်သူ့စစ်အမည်ခံ ပျူစောထီးအဖွဲ့များအား ဦးဆောင်နေသူ ဦးဝါသဝမှ ၎င်းအနေ နဲ့ ထိုကဲ့သို့ ပြည်သူ့စစ်များ ဖွဲ့စည်းနေခြင်းသည် ကိုယ့်ရပ်ကိုယ့်ရွာ အား ကာကွယ်နေခြင်းဖြစ်ကြောင်း ၊ မည်သူမဆို လာရောက် ခိုလှုံနေထိုင်နိုင် ကြောင်း အမြဲတစေပြောလေ့ရှိသည်။
သို့သော်လည်း ဦးဝါသဝဆီသို့ သွား ရောက်ခဲ့သည့် Myanmar Nation Post တာဝန်ခံ အယ်ဒီတာ နိုင်ဝင်းထွန်း(ခ) နောင်တော်လေး မှ ခရီးစဥ်နှင့် ပတ်သက် ၍ ပြန်လည်ရေးသားထားသည့် “ပြည်သူ့စစ်နှင့် PDF” အမည်ဖြင့် ဆောင်းပါး တခုတွင် “ဒေသခံတွေနဲ့ တွေ့ဆုံစကား ပြောခွင့်ရတဲ့အချိန်မှာ ရွာထဲရပ်ထဲ အေးအေးဆေးဆေးမနေဘဲ အကြမ်းဖက်အားပေး လုပ်နေသူတွေကိုတော့ "မူးရေ ချိုးပေးရတာလည်းရှိတယ်"လို့ သိရပါတယ်”ဟု ရေးသား ဖော်ပြ ထား သည်။ “မူးရေချိုး ပေးခြင်း” ဆိုသည့် အဓိပ္ပါယ်မှာ ဖမ်းဆီး သတ်ဖြတ်ပြီး သည့် အခါ အလုပ်အရူပ်မခံပဲ မူးမြစ်ထဲ မျောချပစ်ချလိုက်ခြင်းကို ဆိုလိုပါသည်။
မဘသ အစွန်းရောက် တက်ခေတ်ဗန်းမော်
ပဏ္ဍိတ (ခ) တက်ခေတ်ဗန်းဗော်
===================
ပြည်သူ့စစ်များအား ဦးဆောင်နေသူများအထဲမှ တဦးဖြစ်သည့် ဦးပဏ္ဍိတ (ခ) တက်ခေတ်ဗန်းဗော်သည် ဦးဝီရသူ ၊ မျိုးချစ်မြန်မာ ရဟန်းတော်များသမဂ္ ဂတို့နှင့် နီးစပ်မှုများစွာရှိသူတဦးဖြစ်ပြီး အမျိုးသားရေးသမားများ မှ ဦးဆောင် ပြုလုပ်သည့် ၂၀၀၈အခြေခံဥပဒေထောက်ခံပွဲများ၊ ပုဒ်မ၅၉(စ)ကာကွယ် စောင့်ရှောက်ပွဲ စသည့် လှုပ်ရှားမှုများတွင် ပါဝင်ပတ်သတ်ဖူးသူတဦးဖြစ်သည်။ စစ်တပ်မှအာဏာသိမ်းပြီးနောက် စစ်သားများအား လှူဒါန်းခြင်း နှင့် အာဏာ သိမ်းမှုအား ထောက်ခံကြောင်း ရေးသားမှုများစွာ ပြုလုပ်ခဲ့သူဖြစ်သည်။
မဘသ အစွန်းရောက် ဝီရရာဇာ။
ဝီရရာဇာ(ခ)ဦးသုဇန
============
၂၀၀၇ ရွှေဝါရောင်လှုပ်ရှားမှုတွင် ပါဝင်ခဲ့သူ တစ်ဦးဖြစ်သည့်မန္တလေး ၊ တမ္ပဝတီ ရပ်၊ တောင်ဆင်းတဲတိုက်၊ ရတနာအောင်ကျာင်းမှ ဆရာတော် ဦးဝီရရာဇာသည် ပျူစောထီး စစ်သင်တန်းဆင်းပွဲအခမ်းနားသို့ သေနတ်လွယ်၍ တက်ရောက် ခဲ့ သည့် သံဃာတော်များထဲတွင် တစ်ပါးအပါအဝင်ဖြစ်သည်။ မန္တလေးတိုင်း မဘသ အဖွဲ့ဝင် ဆရာတော် တစ်ပါးဖြစ်ပြီး ဦးဝီရသူ၏ တပည့်ရင်းတစ်ဦးဖြစ်ပြီး ဘာသာခြားမုန်းတီးစိတ် ပြင်းထန်သည့် ဆရာတော်ဖြစ်သည်။
မဘသ အစွန်းရောက် ပေါက်ကိုယ်တော်
ပေါက်ကိုယ်တော်
==========
ပေါက်ကိုယ်တော်သည် ၂၀၁၈ ခုနှစ်တွင် NLD အစိုးရ ဖြုတ်ကျရေးအတွက် သပိတ်စခန်းဖွင့်ဆန္ဒပြခဲ့သောကြောင့် ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရသည်။ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (မန္တလေး)အဖွဲ့ဝင် ဆရာတော် တစ်ပါးဖြစ်သည်။
ဝီရသူ၏ တပည့်ရင်းတစ်ဦးဖြစ်ပြီး စစ်တပ်ထောက်ခံပွဲများတွင် ဦးဆောင် ပါဝင်ခဲ့သည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်တပ် နှင့် ရဲဝန်ထမ်းများ ကို ထောက်ပံ့လှူဒါန်းမှုများ ပြုလုပ်ခဲ့သည်။
လက်ရှိတွင် မကွေးတိုင်း ၊ ပေါက်မြို့နယ်အတွင်းရှိ ပျူစောထီးနှင့် ပြည်သူ့ စစ်အဖွဲ့ဝင်များကို ထောက်ပံ့လှူဒါန်းမှုများ ပြုလုပ်ခဲ့သည်။ ၎င်း၏ လူမှုကွန် ရက် စာမျက်နှာတွင် PDF အဖွဲ့ဝင်များကို အကြမ်းဖက်သမားများဟူ၍ အမြဲတစေ ရေးသားဖော်ပြလေ့ရှိသည်။
ထိုသို့ စစ်ကိုင်း၊ ကန့်ဘလူ ၊ ကျွန်းလှ ၊ တန့်ဆည်မှာ အခြေစိုက်နေကြသည့် ဗုဒ္ဓဘာသာဘုန်းတော်ကြီး ဦးဆောင်သည့် ပြည်သူ့စစ်များဖွဲ့စည်းခြင်းကို စစ်ကောင်စီဘက်က အလွန်အမင်းသဘောကျနှစ်ခြိုက်ပုံရပြီး ၊ လက်နက် ကိုင်အချင်းချင်း တိုက်ခိုက်ရမည့် တိုက်ပွဲများအား ထေရဝါဒဗုဒ္ဓဘာသာ၏ အမှတ် အသားဖြစ်သည့် သင်္ကန်းအား ခုတုံးလုပ် အသုံးချကာ ၎င်းတို့၏ နိုင်ငံရေး ၊ စစ်ရေး၊ အုပ်ချုပ်ရေးအရ ထိန်းချုပ်ရခက်ခဲသည့် ဒေသများတွင် ထွက်ပေါက်ဖြစ်လာအောင် ဖန်တီးလျက်ရှိသည်။
ထို့ကြောင့်လည်း (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အဖြစ် စစ်ကောင်စီ က ဂုဏ်ပြုဆုတွေ ချီးမြှင့်တဲ့အထဲမှာ တောင်ကလေးဆရာတော် နဲ့ ဦးဝီရသူ တို့လို လူမျိုးကို သီရိပျံချီဘွဲ့ ၊ ငါးရာငါးဆယ် ဆရာတော်ဦးဝါသဝ ကို လူမှုထူးချွန် ပထမဆု ချီးမြှင့်ခဲ့ပါသည်ဟု ယူဆစရာရှိပါသည်။ နောင်တွင် အလျဉ်းသင့် သလို စစ်ကောင်စီက ၎င်းတို့၏ အာဏာသိမ်းရန် ကြိုး ပမ်းနေ မှုများ ချောမွေ့စေရန် မ.ဘ.သ အမျိုးသားရေးအစွန်းရောက် များကို အသုံးပြု နေမှုများကို ဆက်လက် ဖော်ထုတ်မည်ဖြစ်သည်။
အမေရိကတွင် ပညာသင်ယူရန် မြန်မာပြည်မှ ရောက်ရှိလာသော ပထမဆုံးကျောင်းသား
📅
💬 မှတ်ချက်
၁၈၅၈ - ၁၉၂၉
အမေရိကန်ပြည်ထောင်စုကို ပထမဆုံးရောက်ရှိခဲ့သော မြန်မာကျောင်းသား (အမေရိကကို ပထမဦးဆုံး ရောက်သော မြန်မာလူမျိုးလည်း ဖြစ်နိုင်ပါသည်။) မှာ မောင်ရှောလူး ဖြစ်သည်။ အမေရိကန် ပြည်တွင်းစစ် မဖြစ်ခင် ကာလ ၁၈၅၈ ခုနှစ်တွင် မောင်ရှောလူးသည် သူ၏ ဇာတိဖြစ်သော မော်လမြိုင်မြို့မှ ပင်ဆယ်လ်ဗေးနီးယားပြည်နယ် (Pennsylvania) လူးဝစ္စဘာ့ဂ်မြို့(Lewisburg) သို့ခရီးနှင်ခဲ့သည်။
ဖော်ပြပါပုံကို အင်ဒီယားနားပြည်နယ် ဂိုရှန်မြို့ကလေးတွင် ၁၈၆၅ ခုနှစ်ဝန်းကျင်က ရိုက်ကူးခဲ့သည်။ ကာလကတ္တားမြို့တွင် ပညာသင်ရန် အသက် ၁၇ နှစ်အရွယ် မောင်ရှောလူးသည် ၁၈၅၇ ခုနှစ်က မြန်မာပြည်မှ ထွက်လာခဲ့သည်။ ၁၈၅၈ ခုနှစ်တွင် အိန္ဒိယပြည်တွင် ပုန်ကုန်ထကြွမှုများ ဖြစ်ပွားသည့်အခိုက် အမေရိကန်ပြည်ထောင်စုသို့ သင်္ဘောခိုးစီးကာ လိုက်ပါသွားခဲ့သည်။ ဖမ်းမိခံရသည့်အခါ သင်္ဘောခန်းအစောင့်အဖြစ် အလုပ်လုပ်ပေးရင်း ဆက်လက်စီးနင်းနိုင်ခဲ့သည်။ တစ်ပြားတစ်ချပ်မှ မရှိဘဲ အမေရိကန်ပြည်သို့ ရောက်ရှိသွားပြီး တက္ကသိုလ်မတက်ခင်အထိ ကြုံရာကျပန်း အလုပ်လုပ်ကာ အသက်ဆက်ခဲ့ရသည်။ မောင်ရှောလူးသည် ပန်ဆယ်ဗေးနီးယားပြည်နယ် (Pennsylvania)ရှိ လူးဝစ်ဘာ့ခ်တက္ကသိုလ် - University of Lewisburg (ယခု ဘက်ခ်နယ် - Bucknell)တွင် ဂရိ၊ လက်တင်၊ ဒဿနိကဗေဒ၊ သမိုင်းနှင့် သိပ္ပံဘာသာရပ်များကို လေ့လာဆည်းပူးခဲ့သည်။ ဆက်လက်၍ ကလီဗလန် (Cleveland) ဆေးပညာကောလိပ်တွင် ဆက်လက်ပညာသင်ယူပြီး ဘွဲ့ရရှိခဲ့သည်။ ယင်းနောက်တွင်မူ အနောက်နိုင်ငံတွင် ဆေးပညာလေ့ကျင့်သင်ယူခဲ့သော ပထမဦးဆုံး မြန်မာလူမျိုး ဆရာဝန်ဖြစ်လာခဲ့သည်။ မောင်ရှောလူးသည် လူပေါင်းဆံ့သဖြင့် လူချစ်လူခင် ပေါသည်။ လောကကြီးက ဖန်တီးပေးသမျှ အခွင့်အလမ်းတိုင်းကို အကျိုးရှိရှိ အသုံးချနိုင်ခဲ့သူတစ်ယောက် ဖြစ်သည်။ ၁၈၆၇ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၏ ၁၇ ယောက်မြောက် သမ္မတ အန်ဒရူးဂျွန်ဆင် (Andrew Johnson)နှင့် တွေ့ဆုံခွင့် ရခဲ့သေးသည်။ သမ္မတအား မင်းတုန်းမင်းထံသို့ ထောက်ခံစာတစ်စောင် ရေးပေးရန်ပင် ဖျောင်းဖျနိုင်ခဲ့သည်။
မောင်ရှောလူး တဖြစ်လဲ ဒေါက်တာရှောလူးသည် မွေးရပ်မြေ မော်လမြိုင်သို့ ပြန်လာခဲ့ပြီး ဆရာဝန်တစ်ဖြစ်လဲ ကျောင်းဆရာအဖြစ် နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့သည်။ ၁၉၂၁ ခုနှစ်တွင် မောင်ရှောလူး ကွယ်လွန်ခဲ့သည်။ ၁၈၆၀ ပြည့်နှစ်များအတွင်း မောင်ရှောလူးသည် အမေရိကန်ပြည်ထောင်စုတစ်ခွင် လှည့်လည်ကာ မြန်မာနိုင်ငံအကြောင်း ဟောပြောခဲ့သည်။ ထိုအတွက်ကြောင့်ပင် အင်ဒီယားနားပြည်နယ်၊ ဂိုရှန်မြို့သို့ ရောက်သွားခြင်း ဖြစ်နိုင်ပါသည်။
1858 - 1929
The first student from Myanmar to study in US
The first Burmese student to come to America (and perhaps the first Burmese ever in America) was Maung Shaw Loo, who traveled from his native Moulmein to Lewisburg, Pennsylvania in 1858, just before the Civil War.
The photo was taken in the little town of Goshen, Indiana c. 1865. Maung Shaw Loo left Burma in 1857 aged 17 for studies in Calcutta. During the Indian Mutiny in 1858 he stowed away on a ship for America; when discovered he managed to stay on as a cabin boy. Arriving penniless in the US, he did odd jobs to survive, before enrolling at the University of Lewisburg (now Bucknell), in Pennsylvania, where he studied Greek, Latin, Philosophy, History and Science. Afterwards, he attended and graduated from Cleveland Medical College, becoming the first Burmese physician trained in the West. He was a man who knew how to win friends and take every opportunity life presented. In 1867, he even managed to meet then US President Andrew Johnson and persuade the 17th president to write him a letter of recommendation to King Mindon.
Maung Shaw Loo, now Dr. Shaw Loo eventually returned to his native Moulmein, where he worked for many years as a physician and educator. He died in 1921. Maung Shaw Loo traveled widely across America in the 1860s, giving talks about Burma, which is what probably brought him to Goshen, Indiana.
(Khamora)
Link——
KIO/KIA ရဲ့ ခေတ္တ ဥက္ကဌအဖြစ် ဗိုလ်ချုပ်ကြီးဂမ်ရှောင် ကိုခန့်အပ်တာဝန်ပေး
📅
💬 မှတ်ချက်
KIO/KIA ရဲ့ ခေတ္တ ဥက္ကဌအဖြစ် ဗိုလ်ချုပ်ကြီးဂမ်ရှောင် ကိုခန့်အပ်တာဝန်ပေးလိုက်ပါပြီ။
သူဟာယခင်က ကာကွယ်ရေးဦးစီးချုပ်နဲ့ ဒုဥက္ကဌရာထူးကိုရရှိထားသူပါ။
အဆိုပါရာထူးအပြောင်းအလဲကို
ဇန်နဝါရီလ ၂ရက်၂၀၂၃မှာ လက်ရှိဥက္ကဌဗိုလ်ချုပ်ကြီးအင်ဘန်လက လက်မှတ်ထိုးပြီးထုတ်ပြန်ကြေငြာလိုက်တာပါ။
General Gunhtang Gam Shawng ဟာ စစ်ဗျူဟာမှာအရမ်းတော်ပြီးထက်မြက်တဲ့ခေါင်းဆောင်ကောင်းနဲ့
ဘုရားတရားကိုအထူးရိုသေကိုင်းရှိုင်းသူဖြစ်ပါတယ်။ခေတ်ပညာတတ်တစ်ဦးလည်းဖြစ်သလို English စကားလည်းကျွမ်းကျင်စွာပြောဆိုနိုင်သူပါ။
၂၀၁၁ကချင်တကျော့ပြန်စစ်ပွဲကစလို့ယနေ့ထိတိုက်ပွဲတွေမှာ ဦးဆောင်ဦးရွက်ပြုလျက်မအလစစ်တပ်ကိုကောင်းစွာတိုက်ခိုက်နိုင်ခဲ့သူပါ။
သူရဲ့ဦးဆောင်မှုအောက်မှာ ကေအိုင်အေတပ်မတော်ဟာ စစ်စွမ်းရည်တွေတိုးတက်လာသလိုကိုယ်ပိုင်လက်နက်စက်ရုံနဲ့ကိုယ်ပိုင်လက်နက်တွေကိုတီထွင်ထုတ်လုပ်နိုင်ခဲ့တယ်။
Congratulations General Gunhtang Gam Shawng
၂၀၂၃စစ်ခွေးနိဂုံး မကြာခင်မအလ ဇတ်သိမ်းရတော့မယ်။
၈၈ က အမှားဟောင်း စစ်တပ် ဆက်မှားနေ
📅
💬 မှတ်ချက်
8 August 2022
ဧရာဝတီ
အယ်ဒီတာ့အာဘော်
၂၀၂၂ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့သည် ရှစ်လေးလုံး ဒီမိုကရေစီရေး လူထုအုံကြွမှုကြီး ၃၄ နှစ်ပြည့်အထိမ်းအမှတ်နေ့ဖြစ်သည်။ ကွယ်လွန်သူ အာဏာရှင်ဟောင်း ဦးနေဝင်း၏ တပါတီအာဏာရှင်စနစ်ကိုမြန်မာနိုင်ငံတဝန်း လှည်းနေလှေအောင်း မြင်းဇောင်းမကျန် မြို့ပြရော ကျေးလက်ပါ လူထုက လမ်းမများပေါ်ထွက်ပြီး ကန့်ကွက်ဆန္ဒပြကြခြင်းသည် ထိုအချိန်က သပိတ်မှောက် တက္ကသိုလ်ကျောင်းသားများအား လုံထိန်းရဲများက အင်အားသုံး အကြမ်းဖက်နှိမ်နင်းခဲ့မှုကို မခံမရပ်ဖြစ်ကြသောကြောင့်အပြင် နောက်ခံအထွေထွေ မကျေနပ်မှုကြောင့်လည်း ပါသည်။
ရှစ်လေးလုံးအရေးတော်ပုံသည် နှစ်ပေါင်းများစွာ အထီးကျန်ဆန်မှုနှင့် မှားယွင်းသော စီမံခန့်ခွဲမှုကြောင့် နိုင်ငံ့စီးပွားချွတ်ခြုံကျပြီး ကမ္ဘာ့အဆင်းရဲဆုံးစာရင်းဝင်ခဲ့ရမှုအပေါ် များစွာမှီတည်ခဲ့သည်။ ၁၉၆၂ ခုနှစ်စစ်တပ်အာဏာသိမ်းမှုမှ စတင်ခဲ့သော ၂၆ နှစ်ကြာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကြောင့် နိုင်ငံ့စီးပွားရေးလုပ်ငန်းများပြိုပျက်သွားပြီး ဆင်းရဲမွဲတေမှု နက်ရှိုင်းကျယ်ပြန့်လာခဲ့ခြင်းက ၁၉၈၈ ခုနှစ် ရှစ်လေးလုံး ဒီမိုကရေစီရေး လူထုအုံကြွမှုကို အခြေတည်ပေးခဲ့ခြင်းဖြစ်သည်။ နိုင်ငံရေး ဖိနှိပ်မှုနှင့်အတူ စီးပွားကျပ်တည်းမှုနှင့် ဂုဏ်သိက္ခာကျဆင်းရခြင်းတို့က မြန်မာပြည်သူတို့ကို ဒေါသူပုန်ထစေခဲ့သည်။
နိုင်ငံကို တံခါးပိတ်ပြီး အမိန့်ပေး စစ်အုပ်ချုပ်ရေးစနစ်သည် မှားယွင်းကြောင်းနှင့် တိုင်းပြည်ချွတ်ခြုံကျစေခြင်း၏အရင်းခံဖြစ်ကြောင်း စစ်ဘက်က မည်သည့်အခါကမျှ သင်ခဏ်းစာမယူခဲ့သည့်အပြင် ယခု စစ်တပ်သည် ဒီမိုကရေစီရေးနှင့် ဈေးကွက်စီးပွားရေး ဆီသို့ ပြုပြင်ပြောင်းလဲမှုများ ဆက်လုပ်ရန် ငြင်းဆန်ပြီး လူထုက ရွေးကောက်တင်မြှောက်ထားသော အစိုးရကို အာဏာသိမ်းပြီး နောက်ကြောင်းပြန်လှည့်ကာ ထိုအမှားကို ထပ်ကျူးလွန်နေပြန်သည်။
ယခု အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် အားကျနေသော ပြည်တွင်းဖူလုံရေးဟူသည် ဦးနေဝင်း၏တံခါးပိတ် အမိန့်ပေး ဆိုရှယ်လစ်စီးပွားရေးနှင့် ဘာမျှခြားနားခြင်း မရှိပေ။ ကုန်ပစ္စည်းရှားပါးမှု၊ မှောင်ခိုစနစ်၊အကျင့်ပျက်ခြစားမှုတို့သာ ကြီးမားကျယ်ပြန့်လာမည်။
ယခုပင် ပြည်ပမှ သွင်းကုန်များဖြစ်သည့် စက်သုံးဆီ၊ စားသုံးဆီ၊ ဆေးဝါး၊ လူသုံးကုန်ပစ္စည်းများသည် ရှားပါးသွားပြီး ဈေးကလည်း အထူးသဖြင့် ကျေးလက်တွင် ခေါင်ခိုက်နေပြီဖြစ်သည်။ ဝင်ငွေအလုံအလောက်မရှိဘဲ နိုင်ငံခြားအရန်ငွေ တတိတိ ကုန်ခမ်းလာခြင်းကို စစ်ကောင်စီ မည်မျှတောင့်ခံနိုင်မည်နည်း။ နိုင်ငံတွင် တင်ရှိနေသောအကြွေးများကို မဆပ်နိုင်တော့သော အခြေအနေ ရှေ့တွင် ကြုံတွေ့ရတော့မည်။
သို့ရာတွင် စစ်ကောင်စီ ပြောရေးဆိုခွင့်ရသူက မြန်မာသည် သီရိလင်္ကာကဲ့သို့ ဒေဝါလီ မခံဟု ပြောထားသည်။ယင်းသို့ ဆိုခြင်းမှာ နိုင်ငံတကာငွေကြေးအဖွဲ့အစည်းများထံမှ အကူအညီ ဘာမျှရနိုင်မည် မဟုတ်သည်ကို သိရှိထား၍လည်း ဖြစ်နိုင်သည်။ ထို့အပြင် တိုင်းပြည်စီးပွား ပြန်ထူထောင်ရေးထက် စစ်တပ်နှင့် ၎င်း၏ နောက်လိုက်များ အကျိုးစီးပွား မပျက်စီးရေးကို စစ်ကောင်စီက ပိုအလေးထားကြောင်း ဖော်ပြခြင်းလည်း ဖြစ်သည်။
ထို့ကြောင့် မကြာသေးမီက ပြောကြားခဲ့သော မိန့်ခွန်းတခုတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နောက် ၆ လတွင် တိုင်းပြည်စီးပွားပြန်လည်ဦးမော့လာမည်ဟု ပြောခြင်းမှာ ဖြစ်နိုင်ခြေ လုံးဝမရှိသည့်အပြင် ယင်းအစား မြန်မာသည် အပြိုပြိုအလဲလဲဖြင့် ကျရှုံးနိုင်ငံ တနိုင်ငံ A Failed State ဆီသို့ ပိုမိုနစ်ဝင်သွားပေလိမ့်မည်။ စစ်သားများတိုင်းပြည်စီးပွားတိုးတက်အောင် လုပ်နိုင်သည်ထက် တိုင်းပြည်စီးပွားပျက်အောင် ဖျက်တတ်သည်က သမိုင်းမှာအထင်အရှားရှိခဲ့ပြီး ဖြစ်လေသည်။ ။
မလုပ်ရဲတာ ဘာမှ မရှိသော စစ်အာဏာသိမ်း အဖွဲ့
📅
💬 မှတ်ချက်
- U.S. Foreign Policy Magazine
***********************************
ကုလသမဂ္ဂ အတွင်းရေးမှုး ချုပ် အန်တိုနီ ဂူတာရက်ဇ် မှ နိုင်ငံတော် အတိုင်ပင်ခံ အပေါ် အပြီးသတ် ပြစ်ဒဏ် စီရင်ခဲ့မှု အပေါ် လွန်စွာ စိုးရိမ်မကင်း ဖြစ်ရကြောင်းနှင့် သူမနှင့် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်တို့အား ပြန်လွှတ်ပေးရန် တောင်းဆိုလိုက်သည်။
မြန်မာ ဆိုင်ရာ ကုလ လူ့အခွင့်အရေး အထူး ညှိနှိုင်းရေးမှုး တွန် အင်ဒရူးက မူ ကမ္ဘာခေါင်းဆောင်များ အနေဖြင့် ပါးစပ်ဖြင့် ရှုတ်ချနေခြင်းထက် လက်က လှုပ်ဖို့ ပိုအရေးကြီးသည်ဟု သူ၏ တွစ်တာ တွင် ရေးသားလာခဲ့သည်။
အမေရိကန် Foreign Policy မဂ္ဂဇင်းကြီးကလည်း စစ်အာဏာသိမ်း အဖွဲ့သည် ဖျောင်းဖျနားချ၍ မရသူများဟု ရေးသားလာသည်။ မလုပ်ရဲတာ ဘာမျှ မရှိ Myanmar Junta’s has no limit ဟူသော ခေါင်းစဉ်ဖြင့် ၎င်းတို့၏ လက်ရှိ အချိန်အထိ ရက်စက်ကြမ်းကြုပ်စွာ ကျုးလွန်ခဲ့မှုများကို တန်းစီ ရေးသား ချပြခဲ့သည်။ ထိုဆောင်းပါးတွင်ပင် အမေရိကန်၏ Burma Act ဖြင့် မြန်မာ ဒီမိုကရေစီ လှုပ်ရှားမှု အတွက် လောလောဆယ် တနှစ် ဒေါ်လာ သန်း ငါးဆယ်ဖြင့် ငါးနှစ်ဆက်တိုက် ထောက်ပံ့သွားမည် ဖြစ်သည့် အပြင် လူသားချင်း စာနာ ထောက်ထားသည့် အကူအညီ အဖြစ် ဒေါ်လာ သန်း ၂၂၀ ပါ ပေးသွားမည် ဖြစ်သည်ဟု ပါရှိသည်။
စစ်ကောင်စီသည် လွတ်လပ်ရေး နေ့ဟု ဆိုကာ အကျဉ်းသားပေါင်း ၇,၀၂၁ ဦး ပြန်လွှတ်ပေးလိုက်ပြန်သည်။ ထိုအထဲတွင် သာသနာရေး ဝန်ကြီး သူရ ဦးအောင်ကို၊ ရန်ကုန်တိုင်း စည်ပင် ကော်မတီ အဖွဲ့ဝင် ဒေါ်သန်းမြင့်အောင် နှင့် စာရေးဆရာ ဦးထင်လင်းဦး တို့ ပါဝင်သည်ဟု သိရသည်။
၎င်းတို့သည် နိုင်ငံရေး အတွက် အကျိုးအမြတ် တစုံတရာ ရရေး အတွက်သာ ဖြစ်ပြီး ဂီယာ ချိန်းမည့် သူများ မဟုတ်သည်က လွှတ်ပေးသည့် ပုံစံသည် ယခင်အတိုင်းပင် ဖြစ်နေသည်၊ ၎င်းတို့အား အန္တရာယ် ပေးလာနိုင်သူများ၊ ရန်ငြိုးသိုဝှက်ခံထားရသူများ အား နဂိုကတည်းက ပြစ်မှု တစုံတရာ ကျုးလွန်ခြင်း မရှိပဲ ဖမ်းဆီးခဲ့ကြခြင်း မရှိပဲ စိတ်ချရပြီဟု ယူဆသည့် အခါ ပြန်လွှတ်ပေးခဲ့ခြင်း မျိုးသာ ဖြစ်သည်။ ထိုသို့ လွှတ်ပေးသူများသည် ရာဂဏန်းမျှ ပင် မပြည့်သော်လည်း နိုင်ငံရေး အရ ဖမ်းဆီးထားသူများကို ဂုဏ်တင်ပေးသလို ဖြစ်မည် စိုး၍ ရာဇဝတ်မှု ဖြင့် ကျခံနေရသော အကျဉ်းသား များ အား ထောင်ပေါင်းများစွာ နှင့် အတူ အုတ်ရောရော ကျောက်ရောရော ပြန်လွှတ်ပေးနေကျလည်း ဖြစ်သည်။
တရားဥပဒေ စိုးမိုးမှု အဖက်ဖက် က ယို့ယွင်း ပျက်စီးနေသော အနယ်နယ် အရပ်ရပ် ရှိ လူအများ အဖို့ ရင်မအေးဖွယ် လုပ်ရပ်မျိုးကိုလည်း အမြဲလို ဖန်တီးပေးတတ်စမြဲပင် ဖြစ်သည်။ ထိုသို့ ဖြစ်မှ ၎င်းတို့ အပေါ် ပို၍ အားထားလာကြမည်ဟုလည်း တွက်ဆထားတတ်ကြပြန်သည်။
မင်းအောင်လှိုင်သည် သူ၏ ၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့ စကားတွင် မိမိတို့အား နိုင်ငံတကာ အဖွဲ့အစည်း အချို့နှင့် နိုင်ငံ အချို့က ရှုတ်ချနေသော်လည်း မိမိတို့ ရပ်တည်ချက်ကို ကမ္ဘာအလယ်တွင် အခိုင်အမာ ရပ်တည်သွားမည် ဖြစ်ပြီး အိမ်နီးချင်း နိုင်ငံများ နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြောလာသည်။
သို့သော် နိုင်ငံ လွတ်လပ်ရေး နေ့အတွက် သဝဏ်လွှာ ပေးပို့ရန် ရှိနေသည့် သံတမန် အဆက်အသွယ် ထူထောင်ပြီး နိုင်ငံ ၁၂၅ နိုင်ငံ အနက် အိမ်နီးချင်း နိုင်ငံ တနိုင်ငံမျှ မပါပဲ ရုရှား၊ ကမ္ဘောဒီယား နှင့် နီပေါ သုံးနိုင်ငံ ခေါင်းဆောင်များ ထံမှသာ လက်ခံရရှိခဲ့ရှာသည်။ မင်းအောင်လှိုင် လုပ်မည်ဟု ကြွေးကျော် နေသည့် ရွေးကောက်ပွဲ အတွက် အားတက်စရာပင် ဖြစ်သည်။ ထိုသို့ နေပြည်တော်တွင် စလွယ်ကြီး လွယ်ပြီး ဗိုလ်ရှုခံနေချိန်တွင် အောက်ခြေ တပ်သားများ၏ အသက်သွေး များက ဖေါခြင်းသောခြင်း စတေးခံနေကြရပြီ ဖြစ်သည်။
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး မြို့နယ် ဘုရားသုံးဆူ တဝိုက်တွင် တော်လှန်ရေး မဟာမိတ် တပ်ဖွဲ့ များ နှင့် အကြမ်းဖက် စစ်တပ် ၏ စစ်ကောင်စီ တပ်ရင်း သုံးရင်းကို တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်နိုင်သည် အထိ စစ်စွမ်းရည် မြင်တက်လာခဲ့ပြီး တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်ဟုလည်း သိရသည်။ လောလောဆယ်တွင် အကြမ်းဖက် စစ်တပ်၏ တပ်ရင်း နှစ်ရင်းကို သိမ်းပိုက် နိုင်ခဲ့ပြီး အရှင် ဖမ်းဆီးနိုင်ခဲ့သူ အများ အပြား ရှိနေသည်ဟု ခေတ်သစ် မီဒီယာ မှ ရှေ့တန်းမှ လာသော သတင်းများကို ကိုးကားပြီး ဖေါ်ပြထားသည်။
ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP) မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ခိုင်စိုးမြ အပါအဝင် ခေါင်းဆောင် သုံးဦး စစ်တွေမြို့ လွတ်လပ်ရေး အခမ်းအနား သို့ တက်ရန် အသွားတွင် လုပ်ကြံသတ်ဖြတ်ခံလိုက်ရသည်ဟူသော သတင်းများ ထွက်ပေါ်လာခဲ့သည်။
စစ်ကောင်စီသည် ၂၀၂၃ အားလည်း ယခင်ကကဲ့သို့ ပင် အကြမ်းဖက်မှု များ နှင့် စတင် ဖွင့်လှစ်လာခဲ့ရပြီ ဖြစ်သည်။ ၎င်းတို့ အဖို့ လက်ရှိ အနေအထား သည် ချောက်ကမ်းပါးထဲ ကျလုကျခင် ဖြစ်နေ၍ မည်သို့မှ အလျော့ပေး၍ မရ ဖြစ်လာနေသည်။
ပြည်သူများ၏ ရွေးချယ်တင်မြှောက်ခံ နိုင်ငံ ခေါင်းဆောင် အစစ်အမှန် များကတော့ ဗိုလ်ရှုခံ လုပ်ရန် စိတ်မဝင်စားပဲ တိုင်းပြည် အကျိုးရှိရာ ရှိကြောင်း လုပ်ငန်းများ အတွက်သာ သုံးစွဲခဲ့ကြသော်လည်း အတုအယောင် သမားများကတော့ နိုင်ငံ ဘဏ္ဍာငွေများ ကျပ် ဘီလီယံချီ၍ သုံးကာ ပြုလုပ်နေကြရသည်။
ကုလ လုံခြုံရေးကောင်စီ မှ နှစ်ပေါင်း ၇၀ အတွင်း ပထမဆုံးအကြိမ် အဖြစ် ပြဋ္ဌာန်းလာသော ဆုံးဖြတ်ချက် ၂၆၆၉ အပေါ် ရှက်ရကောင်းမှန်း မသိပဲ ငါတို့အတွက် ဘာတွေ နစ်နာနိုင်သလဲ ဟု သာ အရင်ဆုံး တွေးတောတတ်သူများ ဖြစ်နေသည်ကို လည်း တဖြေးဖြေး နှင့် အံ့ဩဖွယ် တွေ့လာခဲ့ရပေသည်။
ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!
(လှစိုးဝေ)
အရောင်ပြောင်းကြတော့မည့် ပုတ်သင်ညိုများ
📅
💬 မှတ်ချက်
အကြမ်းဖက် စစ်ကောင်စီသည် လူထု ကို ၎င်းတို့ လက်ခုတ်ထဲက ရေ ကဲ့သို့ သဘောထားက သွန်ချင်သလို သွန် မှောက်လို မှောက် သဘောထားနေပြီး ထောက်ခံ အားပေးသူများအား နိုင်ငံတော်၏ ဘဏ္ဍာတိုက်ထဲမှ ထုတ်နှုတ် အသုံးပြုကာ ဘွဲ့ထူး ဂုဏ်ထူးများ ဖေါဖေါသီသီ ပေးအပ်ပြီး ထောက်ခံမှု ရရှိအောင်၊ မိမိတို့ နှင့် တဖွဲ့တည်း ဟု ယူဆလာအောင် ကြိုးပမ်းနေသည်။
ထိုအထဲတွင် ကမ္ဘာ အထင်ကရ တိုင်းမ် မဂ္ဂဇင်းကြီး မှ ၂၀၁၃ နှစ်အတွင်း “The Face of Buddhist Terror” ဟု မျက်နှာဖုံး မှ ဖေါ်ပြခြင်း ခံရသော အမျိုးဘာသာ ဆိုကာ သွေးမြောက် ဂျိုကြွနေသူ firebrand ဟု ဝီရသူ အား သီရိပျံချီ ဆုတံဆိပ် ကို အကြမ်းဖက် စစ်ခေါင်းဆောင်မှ ချီးမြှင့်လိုက်သည့် သတင်းသည် ကမ္ဘာ သတင်းစာမျက်နှာ တွင် ပျံ့နှံ့သွားခဲ့ပြီ ဖြစ်သည်။
ဝရမ်းပြေး က သီရိပျံချီ ဆုတံဆိပ် ရနေသော ခေတ်ကြီး ဖြစ်နေသည်။
ထိုသို့ အပေးခံရသူများသည်လည်း မိမိတို့ အနေချောင်၊ စားပေါက် ချောင်အောင် ကြိုးစားပေးနေသူများဟု ယူဆကာ မျက်စိမှိတ် ထောက်ခံနေကြသော်လည်း တဖက်တွင် လိုအပ်လျှင် ဆိုကာ ပြေးပေါက် ကို ရှာကြံစဉ်းစားနေကြရသူ များ ဖြစ်လာနေသည်။ ထိုသို့ ဆုပေးခြင်း များသည် တခါတရံ ခြံစည်းရိုး ခွထိုင်သူများကိုပင် အရောင်ပြောင်းသွားပြီ အဖြစ် ထင်မြင်လာစေရန် ကြိုးပမ်းခဲ့မှုများလည်း ရှိလာခဲ့သည်။
လူထု ကျပ်တည်းလာနေသည့် အရေးကိုပင် ဖြေရှင်းပေးရန် ဆန္ဒမရှိပဲ၊ ကျပ်တည်းလေ တိုင်းပြည် မငြိမ် မသက် ဖြစ်အောင် လုပ်နေသည့် တော်လှန်ရေး အင်အားစုများ ကို ငြိုငြင် လာလေလေ ဖြစ်ကြမည်ဟု ပင် ယူဆနေကြသည်။
အဓိက နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်း ဖြစ်သည့် မြဝတီ-မဲဆောက် လမ်းမကြီးအား ပိတ်ဆို့ထားသည်မှာ ရက်ပေါင်း နှစ်ဆယ်ပင် ရှိသွားပြီး တောလမ်းမှ ပင် ဖြတ်ကာ သွားနေရ၍ ဝန်ဆောင်ခများ မြင့်တက်ကာ ကုန်ဈေးနှုန်းများပင် တရိပ်ရိပ် တက်လာနေပြီ ဖြစ်သည်ဟု ဆိုသည်။
မင်းအောင်လှိုင်၏ ၂၀၂၂ ဩဂုတ်လ ၈ ရက်နေ့ အစည်းအဝေး တွင် ပြည်ပထွက်ခွာလိုသော လူငယ်များ အလွန် များပြားနေ၍ နိုင်ငံကူး လက်မှတ် ထုတ်ပေးခြင်းကို တင်းတင်းကျပ်ကျပ် စီစစ်ရန် ညွှန်ကြားချက်အရ အာဏာသိမ်း အဖွဲ့၏ ပြည်ထဲရေး ဝန်ကြီး ကိုယ်တိုင် နိုဝင်ဘာလ အတွင်း ကွင်းဆင်း စစ်ဆေးကာ ပိတ်ထားရန် ညွှန်ကြားချက်အရ ရပ်ဆိုင်းလိုက်ပြီ ဖြစ်သည်၊ ထို့အတွက် သုံးလေးလ ခန့် QR ကုဒ် များ ယူထားသူများလည်း အကျုံးမဝင် ဖြစ်သွားခဲ့ရသည်။
အာဏာသိမ်း အဖွဲ့သည် နှစ်နှစ်မျှ ကြာအောင် တိုင်းပြည်အာဏာ ဆုပ်ကိုင်ထားသော်လည်း မိုးပြောဂျိုးပြော များ ပြောနေသည်မှ လွဲ၍ လူထု စားဝတ်နေရေး သက်သာ ချောင်ချိလာအောင် မယ်မယ်ရရ လုပ်ပြနိုင်ခဲ့ခြင်းမျိုး တခုတလေမျှပင် မတွေ့ရဘဲ အပျော်အပါးများစွာ မျိုးစုံ ဖန်တီး၊ ဆုတံဆိပ်များ ပေး အစရှိသည့် နည်းမျိုးစုံဖြင့် လှည့်ဖျားနေကြရသည်။
ယခုလည်း အာဏာသိမ်း အဖွဲ့သည် ပြည်သူများ အား ငနုံငအ နင်းပြား များ ဟု ယူဆကာ ၎င်းတို့ ကြုံတွေ့နေရသော ဖွဲ့စည်းပုံ အကျပ်အတည်းကို အလွယ်တကူပင် အမည် ပြောင်း အသက်ဆက် နိုင်ရန် ကြိုးပမ်းနေသည်ဟု ဧရာဝတီ သတင်း တွင် ဖေါ်ပြလာသည်။
၎င်းတို့၏ ဖွဲ့စည်းပုံကပင် ကာလုံသည် အရေးပေါ် အခြေအနေ ကျေညာထားမှုကို တနှစ်သာ သတ်မှတ်နိုင်ပြီး လိုအပ်ပါက ခြောက်လ တကြိမ် နှင့် နှစ်ကြိမ်အထိသာ သက်တမ်း တိုးမြှင့်နိုင်မည် ဖြစ်သည်။
တကယ်တမ်း တွင် ဖွဲ့စည်းပုံ ရေးဆွဲခဲ့ကြသူများသည် ထိုသို့ ဖြစ်လာက မင်းအောင်လှိုင် လို အတွေးအခေါ် လွန်စွာ ညံ့ဖျင်းသော ကာချုပ် မှ စီမံ ခန့်ခွဲရလိမ့်မည်ဟု တွေးထားကြခြင်း မရှိသည်မှာ ထင်ရှားနေသည်၊ သို့မဟုတ်က “လိုအပ်သလို” သက်တမ်းတိုးမည်ဟု ထည့်သွင်းရေးဆွဲကြမည်မှာ ကြိမ်းသေလှပေသည်။
ဖွဲ့စည်းပုံအရ လက်ရှိ စစ်ကောင်စီ သည် ရုပ်သေး သမ္မတ မြင့်ဆွေကို ပြန်လည် လွှဲပြောင်းပေးရမည် ဖြစ်သည်။
သို့သော် ရွှေစားလွယ်ကြီး တကားကား နှင့် အတင်းကာရော သမ္မတ လုပ်နေသော မင်းအောင်လှိုင်သည် ထိုသို့ စဉ်းစားမည်လော၊ လွှဲပေးသည် ဆိုကလည်း ၂၄ နာရီ မပြည့်ခင်မှာပင် မြင့်ဆွေမှ အသစ် ပြန်လည် ဖွဲ့စည်းလာသော “အသွင်ကူးပြောင်းရေး ကောင်စီ” ဟု အမည်ပေးထားသည့် စစ်ကောင်စီ ကို ပြန်လည် လွှဲပေးကြောင်း ပြောလာကြမည်သာ ဖြစ်သည်။
ယခုအခါ ရွေးကောက်ပွဲ ကိုလည်း အဓိက ဝင်ရောက်ယှဉ်ပြိုင်မည့် ကြံဖွတ် ပါတီ မှ အမာခံ များ အား ရပ်ကျေး အုပ်ချုပ်ရေး မှုးများ ခန့်ကာ မဲစာရင်း ပြုစုပြီး ယခင် လုပ်ကိုင်ခဲ့ဖူးသူ ကော်မရှင် အဖွဲ့ဝင်များကို ဆက်သွယ်နေပြီ ဖြစ်သည်ဟု သိရသည်။
လာမည့် ရွေးကောက်ပွဲ သည် ဘောလုံးပွဲတွင် ကွင်းလယ် ဒိုင် အဖြစ် ယှဉ်ပြိုင်နေသည့် အသင်း၏ နည်းပြ ကို ခန့်ထားခြင်းနှင့် မခြားဟုသာ ဆိုရမည် ဖြစ်သည်။
မည်သို့ပင် အမည်များ ပြောင်းစေကာမူ လူကတော့ ပြောင်းလဲခြင်း ရှိမည် မဟုတ်၍ လာမည့် ရွေးကောက်ပွဲ ကြောင့်လည်း ဒီမိုကရေစီ သည် မူးလို့ပင် ရှုစရာ ရှိမည် မဟုတ်ဟု ဆိုသည်။ မင်းအောင်လှိုင်သည် လွှတ်တော်တွင် ပင် ၂၅ ရာနှုန်း ကိုပင် ပြည့်မှီအောင် စေလွှတ်နိုင်တော့မည် မဟုတ်ပေ။
ထင်ရှားနေသည့် အချက်ကတော့ မြောက် အုန်းသီးရ ဖြစ်နေသော မင်းအောင်လှိုင် ဦးဆောင်မှု အောက်တွင် ၎င်း၏ ရူးနှမ်းနှမ်း အတွေး အခေါ် များကို ကြိတ်မှိတ် ထောက်ခံနေကြရသော စစ်ကောင်စီ သည် အရေးပေါ် အခြေအနေကို ယခုထိ ရုပ်သိမ်းနိုင်ခြင်း မရှိသည်က သေချာနေပေသည်၊ အရေးပေါ် အခြေအနေ ရုပ်သိမ်း နိုင်ခြင်း မရှိသည်ကပင် တိုင်းပြည်ကို အုပ်ချုပ်၍ မရ ဖြစ်နေပြီဟု ဝန်ခံနေခြင်းပင် ဖြစ်သည်။
ရွေးကောက်ပွဲသည် ၎င်းတို့ စိတ်ကူးယဉ်နေသလို ဖြစ်သည်ပဲ ဆိုစေဦး မင်းအောင်လှိုင် သမ္မတ ဖြစ်သွားသည်က လွဲ၍ ဒုံရင်း ဒုံရင်း အတိုင်းပင် ရှိနေမည် ဆိုသည်ကား သေချာနေပေသည်။
ထိုအခြေအနေထိ ဖြစ်လာလျှင် အနောက်အုပ်စုသည် ၎င်းတို့ ၏ မူဝါဒ ကျဆုံးခန်း အဖြစ် အထုတ်ဖြေပြလိုက်သလို ဖြစ်သွားနိုင်၍ ပို၍ ပြင်းထန်စွာ တုန့်ပြန် အရေးယူလာကြမည်ကား သေချာနေသည်ဟု ဘန်ကောက်ပို့စ် သတင်းစာ အယ်ဒီတာ အာဘော်တွင် ဖေါ်ပြထားသည်။
ထိုင်းအစိုးရ အနေဖြင့် PTT ကဲ့သို့ မိမိတို့ အကျိုးစီးပွားတခုတည်းသာ ကြည့်၍ မြန်မာနိုင်ငံ အတွင်း စစ်တပ်မှ ၎င်းတို့ ပြည်သူများအား ရက်စက်စွာ ဖိနှိပ်သတ်ဖြတ် မီးရှို့နေမှု များကို မျက်စိမှိတ် ထောက်ခံနေသည်ဟု ကမ္ဘာ အမြင် စောင်းနေမှု ကို ဖယ်ဖျောက်ပစ်နိုင်အောင် ၎င်းတို့၏ လုပ်ရပ်များသည် ကိုယ်ကျင့်တရားအရ မည်သို့မျှ လက်မခံ နိုင်ကြောင်း ထုတ်ပြောရတော့မည့် အချိန် ရောက်ပြီ ဟု တိုက်တွန်းထားသည်။
မည်သူက မည်သို့ပင် ပြောသည်ဖြစ်စေ တိုင်းပြည် နှင့် လူထုကို ကယ်တင်နိုင်မည့် တခုတည်းသော နည်းလမ်းသည်ကား တော်လှန်ရေး ကြီး အောင်မြင်နိုင်ရေးသာ ဖြစ်ပေတော့မည်ဟု ပြည်သူများကတော့ မှတ်ယူထားကြပြီး ဖြစ်သည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!
(လှစိုးဝေ)
သတ္ထုအရည်ကျို မိုလောင်းစနစ်နဲ့ အဆင်မြင့်တင် ထုတ်လုပ်နိုင်နေပြီ
📅
💬 မှတ်ချက်
လက်နက်ကြီးကျည်ကို သတ္ထုအရည်ကျို မိုလောင်းစနစ်နဲ့ အဆင်မြင့်တင် ထုတ်လုပ်နိုင်ပြီဖြစ်၊အများအပြား ထုတ်လုပ်နိုင်ဖို့ ငွေကြေးအကူအညီ လိုအပ်နေဟု SHADOW တပ်ဖွဲ့ ထုတ်ပြန်၊
MFP ၊ ဇန်နဝါရီ - ၃
စိန်ပြောင်းနှင့် တာဝေးပစ် လက်နက်ကြီးကျည်တွေကို ယခင်က သံပိုက်ကို အခြေခံပြီး ထုတ်လုပ်ခဲ့ရာက လက်ရှိမှာ သတ္ထုအရည်ကျို မိုလောင်းစနစ်နဲ့ အဆင်မြင့်တင် ထုတ်လုပ်နိုင်နေပြီ ဖြစ်ပြီး အရေအတွက် များများနဲ့ အရှိန်မြှင့် ထုတ်လုပ်နိုင်ဖို့ ငွေကြေးအကူအညီ လိုအပ်နေတယ်လို့ SHADOW ထုတ်လုပ်ရေးနှင့် လက်နက်ကြီး တပ်ဖွဲ့ က သတင်း ထုတ်ပြန်ပါတယ်။
အရည်သွေး မြှင့်တင်နေသော အချိန်ကာလ ဖြစ်သည့်အားလျော်စွာ စိန်ပြောင်းကျည်နှင့် မီတာ(၅၀၀၀)ပစ် တာဝေးပစ် အမြောက်ကျည်များကို ယခင်တချိန် သံပိုက်ကို အခြေခံ၍ အသုံးပြု ထုတ်လုပ်လာခဲ့ရာမှ ယခုလက်ရှိ အချိန်တွင် သတ္ထုအရည်ကျိူ မို လောင်းစနစ်ဖြင့် ကျနော်တို့ SHADOW (ထုတ်လုပ်ရေးနှင့် လက်နက်ကြီး တပ်ဖွဲ့) မှ ပြောင်းလဲ မြှင့်တင် ထုတ်လုပ်နိုင်ခဲ့ပါပြီ။ သို့သော်လည်း.... လုံလောက်သော ပစ္စည်း အရေအတွက် ထုတ်လုပ်နိူင်ရန် ငွေကြေးအခက်ခဲများလည်း ကြုံတွေ့နေရသည်။ သို့ဖြစ်ပါ၍.. တော်လှန်စိတ်ရှိသူ မိဘပြည်သူ ညီကိုမောင်နှမများ အနေဖြင့် တတ်အားသရွေ့ ဝိုင်းဝန်းကူညီ ထောက်ပံ့ရင်း တော်လှန်ရေးကြီး၏ တထောင့်တနေရာတွင် ပါဝင်ပေးကြစေလိုကြောင်း မပြည့်စုံသော အဖွဲ့ငယ်လေးတစ်ခု အနေဖြင့် အကြိမ်ကြိမ် အမြင်ကပ်လောက်အောင် အတွင်းစည်းကတမျိုး အပြင်မီဒီယာကတစ်သွယ် ----- တောင်းပန်ခြင်း အဖုံဖုံဖြင့် ညှိုးငယ်စွာ တောင်းခံလိုက်ရပါသည် လို့ SHADOW ထုတ်လုပ်ရေးနှင့်လက်နက်ကြီးတပ်ဖွဲ့ က ဖော်ပြပါတယ်။
SHADOW ထုတ်လုပ်ရေးနှင့် လက်နက်ကြီး တပ်ဖွဲ့ ဟာ စစ်ကိုင်းတိုင်း ကနီနယ် အခြေပြု တော်လှန်ရေး တပ်ဖွဲ့ တစ်ဖွဲ့ ဖြစ်ပြီး အော်တိုမောင်းပြန် မဝယ်နိုင်တဲ့ ရဲဘော်တွေအတွက် လက်လုပ် လက်နက်ကြီးတွေ ထုတ်လုပ်ပြီး ဖက်ဆစ်တပ် အမြစ်ဖြတ်ရေး တိုက်ပွဲ၀င်နေတာ ဖြစ်ပါတယ်။
ဖက်ဆစ်တပ် အမြစ်ဖြတ်ရေး တိုက်ပွဲဝင်နိုင်တဲ့ လက်နက်တွေ ထုတ်လုပ်နိုင်ဖို့ မဆုတ်မနစ် ကြိုးစားနေတဲ့ Shadow ထုတ်လုပ်ရေးနှင့်လက်နက်ကြီးတပ်ဖွဲ့ အကြောင်း MFP က တင်ဆက်ထားတဲ့ ဆောင်းပါးကို ယူကျူ့ (https://www.youtube.com/watch?v=9k7ZVtGTHaI ) လင့်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
ဆက်ဖတ်ရန် →




















