နောက်ဆုံးရ
ပြည်သူတွေထက် ထမင်းပိုငတ်နေသူများ

ပြည်သူတွေထက် ထမင်းပိုငတ်နေသူများ

 New year count down ကညမထွက်ရ
အမိန့်ကိုတရက်စာဖျက်သိမ်းပြီးလုပ်တာ
မို့လို့ အာဏာသိမ်းနှစ်ပတ်လည်နေ့ကို 
စကစ ကတဖက်လှည့်အောင်ပွဲခံပြတာ
ဖြစ်တယ်၊
ကမ္ဘာကိုချပြပြီး မြန်မာပြည်ကြီး
အေးချမ်းသာယာနေပါပြီဆိုပြီး
ဆိုက်ဝါးထည့်ဖို့ဖြစ်တယ်၊ပြည်သူထက်
 ထမင်းပိုငတ်လို့သီချင်းဆိုချင်သူတွေ
ကတားရမှာမဟုတ်ဖူး လက်၃ချောင်း
ထောင်ခဲ့သူ တွေကမသွားပဲ boycotts
 လုပ်ကြဖို့ပါ၊
မိမိအိမ်မှာပဲ Count down လုပ်ကြပါ
သင့်ရဲ့ New Year resolution ကဘာလဲ?

ပြည်သူတွေထက် ထမင်းပိုငတ်နေသူများမှာ
— ———————————————-

၁။ နီနီခင်ဇော်
၂။ ရဲရင့်အောင်
၃။ wai လျှံ
၄။ ရွှေထူး
၅။ ဟဲလေး
၆။ အောင်ထက်
၇။ ဂျင်းနီ
၈။ snare
၉။ G tone
၁၀။ ချမ်းမြေ့မောင်ချို
၁၁။ ထက်ယံ
၁၂။ ဖြိုးကြီး
၁၃။ လိမ္မော်သီး
၁၄။ တိုးတိုးနိုင်ဆွေ
၁၅။ ဆူဇီ
၁၆။ မေစပယ်ညို
၁၇။ ဂျေညီညီ
၁၈။ ဂျေမောင်မောင်
၁၉။ ဂျေညီမလေး
၂၀။ မိုးမာန်
၂၁။ ရတနာမိုင်
၂၂။ အယ်လ်ဆိုင်းဇီ
၂၃။ j fire
မန္တလေးတွင် ရှိမည့်သူများ
၁။ ချစ်ကောင်း
၂။ သားစိုး
၃။ ရသ
၄။ ice cold
၅။ ဗျုဟာ
၆။ oasic
၇။ y zet
၈။ မင်းသန့်
၉။ ရာဝဏ
၁၀။ super model
၁၀။ နန်းဆုဦး
၁၁။ ချယ်ရီသင်း
၁၂။ ခရစ္စတီးနား
၁၃။ သန္တာဗိုလ်
၁၄။လမင်းကဗျာ
၁၅။ မာန်ဟိန်း
မော်လမြိုင်တွင် ထူးအယ်လင်းနှင့် အနုပညာရှင်များ
တာချီလိတ်တွင် ဝေလနှင့် အနုပညာရှင်များ
ဖျာပုံတွင် ၀ဏ္ဏနှင့် အနုပညာရှင်များ
မိတ္ထီလာတွင် သာဒီးလူနှင့် အနုပညာရှင်များနှင့်

ပြည်ပနိုင်ငံရောက်မြန်မာများအတွက်လည်း
 ဖျော်ဖြေပွဲများရှိပါသည်

Credit.






ဆက်ဖတ်ရန် →

ဆရာတော်ကြီးကိုအနားပေးသင့်ပါပြီ

ကျောင်းထိုင်ဆရာတော်ကြီးတွေ
သက်တော်ကြီးရင့်လာလို့ စကား
တွေပြောတာပုံမှန်မဟုတ်တော့ဖူး
ဆိုရင် တိုက်အုပ်ဆရာတော်က
တရားဟောတာဝန်လွှဲယူရတယ်၊
ဆရာတော်ကြီးကိုတကာရင်းတွေ
တမိသားစုစာဖူးမျှော်ခွင့်ပဲပေး
တော့တယ်၊ သူ့ဆရာနဲ့သူ့တကာ
ပြောချင်တာပြော အဆင်ပြေတယ်
တရားပွဲဆိုတာက လူအများနဲ့ဆို
တော့ဟောကြားရာမှာတိကျမှန်
ကန်ဖို့လိုတယ်၊
သီတဂူဆရာတော်ကြီးကသက်တော်
ကြီးရင့်ပြီ၊ တရားဟောကြားတာ
မလုပ်သင့်တော့ဖူး လက်ထောက်
ဆရာတော်တွေကတာဝန်လွှဲယူသင့်ပြီ
မင်းအောင်လှိုင်ကဆရာတော်ကြီး
မှတ်ဥာဏ်လျော့နည်းမှု မှန်ကန်စွာ
ရပ်တည်နိုင်မှုမရှိတော့တာကိုအခွင့်
ကောင်းယူပြီးအသုံးချနေတာတွေ့
ရတယ်။မလုပ်သင့်ပါဖူး၊
ဆရာတော်ကြီးကိုလူအများရှေ့
သာသနာပြုခြင်းမှအနားပေးသင့်ပါပြီ။

ဆက်ဖတ်ရန် →
အသံတိတ်လူသတ်သမားတွေ

အသံတိတ်လူသတ်သမားတွေ

မိုးဟိန်းတို့ခြံခုန်သွားတာ

တော်လှန်ရေးအတွက်ဆူးခလုတ်

ဖြစ်စေတယ်


သူတို့ဟာအမေရိကန်နိုင်ငံသား

ခံထားပြီးသား သမ္မတ ပေးမယ်

ဆိုရင်တောင်ယူလို့မရဖူး 


အဲ့တော့ပြည်တွင်းမှာဘယ်လို

အခင်းအကျင်းမြင်ချင်တာလဲ


ဒေါ်စုကိုမကျေနပ်လို့စစ်တပ်က

သိမ်းတာကိုကျေနပ်ရအောင်ကလဲ

၈၈စီနီယာတွေ


အဲ့လိုမျိူးမြင်ချင်တဲ့အရေးအသားတွေ

ဟာအိုင်းရင်းမ ၁၀​ယောက်လောက်ဖွာ

ထက် တော်လှန်ရေးကိုထိခိုက်တယ်


Live လွှင့်ပြီးဆဲပြန်တော့

အကုန်Unfriend လုပ်သွားတယ်


သူတို့နဲ့ကွယ်ပြီးကြောင်ချီးလုပ်တဲ့

အတန်းအစားလဲတခုရှိသေးတယ်


ရန်သူအားရမှာစိုးလို့မဆဲလွှတ်ထားတာ

အသံတိတ်လူသတ်သမားတွေ


အိုင်းရင်းထက်အများကြီးစက်ဆုပ်

ဖို့ကောင်းတယ်


မိုးဟိန်း ဝင်းမိုး သန်းလွင်ထွန်း

ဖင်လိုးဖင်ခံတွေ

၈၈မှာလဲ ဗကသနဲ့ ရကသကြားမှာ

မွှေတာမွှေတာဆိုတာ

တောထဲရောက်တော့လဲ  ABSDF

ကိုညှောင့်တယ် ဥက္ကဌကို လူငှါးပြီး

ဒါးနဲ့ထိုးတယ်

ကိုထွန်းအောင်ကျော်မသေသေးဖူး

သွားမေးကြည့်၊




ဆက်ဖတ်ရန် →
အာဏာမသိမ်းမီ မင်းအောင်လှိုင် တောင်းဆိုမှု နှင့် နိုင်ငံတော် အတိုင်ပင်ခံ ၏ တန်ပြန် အဆိုပြုချက်

အာဏာမသိမ်းမီ မင်းအောင်လှိုင် တောင်းဆိုမှု နှင့် နိုင်ငံတော် အတိုင်ပင်ခံ ၏ တန်ပြန် အဆိုပြုချက်

မင်းအောင်လှိုင်မှ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး တားမြစ်ထားသော ဖွဲ့စည်းပုံ ပုဒ်မ ၅၉ (စ) အား ပယ်ဖျက်ပေးမည်။ သူမအားလည်း ပထမ သုံးနှစ် သက်တမ်း သမ္မတ ဖြစ်ခွင့်ပေးပြီး ကျန်သည့် နှစ် နှစ် နှင့် နောက်ပိုင်းတွင် သူ့ကို လုပ်ခွင့်ပေးရမည် ဆိုကာ ချဥ်းကပ် ဆွေးနွေးလာခဲ့သည်။

 

Hla Soewai


ဧရာဝတီ - အာဏာမသိမ်းမီ မင်းအောင်လှိုင် တောင်းဆိုမှု နှင့် နိုင်ငံတော် အတိုင်ပင်ခံ ၏ တန်ပြန် အဆိုပြုချက် ထွက်ပေါ်
***************
ရွေးကောက်ပွဲ လမ်းကြောင်း ဖြင့် ၎င်းအား သမ္မတ ဖြစ်ရေး ကို လက်ဝေခံ ပါတီများက ဆောင်ကျဉ်း ပေးနိုင် ခဲ့ခြင်း မရှိသည်ကို သိမြင်လာသော မင်းအောင်လှိုင်သည် လက်နက်အားကိုးဖြင့် အာဏာမသိမ်းမီ ရက်အနည်း ငယ် အလိုတွင် သူ့အား သမ္မတ အဖြစ် ခန့်အပ်ရန် နိုင်ငံတော် အတိုင်ပင်ခံ ကို အကျပ်ကိုင် တောင်းဆိုခဲ့သည့် သတင်းသည် ပျံ့နှံ့ ထွက်ပေါ်လာသော်လည်း ယခုအခါ အသေးစိတ်ကို အမေရိကန် နိုင်ငံသား ဖြစ်သူ ဦးကျော်ဌေးဦး မှ ဧရာဝတီသို့ ပြောပြခဲ့သည်ဟု ဆိုသည်။

ဦးကျော်ဌေးဦးသည် ရုက္ခဗေဒ ပညာရှင် တဦး ဖြစ်ပြီး မြန်မာပြည်သို့ ပြန်လာကာ ဒေါ်ခင်ကြည် ဖေါင်ဒေးရှင်းမှ တည်ထောင်ထားသော “လ‌ရောင်တော” သစ်သီးဝလံပန်းမန် ဥယျာဉ် စိုက်ပျိုးခြင်းအတတ် ပညာသင်ကျောင်း ကို ဦးစီးလုပ်ကိုင်ပေးခဲ့သူ ဖြစ်သည်။ သူသည်လည်း မင်းအောင်လှိုင်၏ စက်ကွင်းမှ မလွတ်ရှာဘဲ ကုလသံ အမတ်ကြီး ဦးကျော်မိုးထွန်း အား ဖုန်းဖြင့် ဆက်သွယ်ပြီး ဒေါ်အောင်ဆန်းစုကြည်အတွက် အစားအသောက်များ ပေးပို့နိုင်ဖို့ စီစဉ်ပေးရန် တောင်းဆိုခဲ့သည် ဆိုကာ ၂၀၂၁ စက်တင်ဘာလ အတွင်း ဖမ်းဆီးခြင်း ခံခဲ့ရပြီးနောက် ပြီးခဲ့သည့် နိုဝင်ဘာလ အတွင်း လွတ်ငြိမ်းချမ်းသာ ခွင့် ဖြင့် ပြန်လည် လွတ်မြောက်လာသူ ဖြစ်သည်။ သူ နှင့် ဒေါ်အောင်ဆန်းစုကြည်သည် အာဏာမသိမ်းမီ နာရီပိုင်း အလိုတွင် နေပြည်တော်ရှိ သူမ၏ အိမ်တွင် တွေ့ဆုံ ဖြစ်ခဲ့သည်ဟု ဆိုသည်။

သူသည် ၁၉၈၈ လူထု အုံကြွမှု ကြီး အတွင်း သူ၏ နိုင်ငံရေး ခံယူချက်ကြောင့် နှစ်ကြိမ်တိုင်တိုင် အကျဉ်းချ ခံခဲ့ရသူလည်း ဖြစ်သည်။

ယခု ဧရာဝတီသို့ ထုတ်ပြောခဲ့သည့် အကြောင်းများကို ထောင်တွင်း ရှိနေစဉ် နိုင်ငံတော် အတိုင်ပင်ခံ၏ အနီးကပ် ပုဂ္ဂိုလ်များမှ တဆင့် သိခဲ့ရသည်ဟု ဆိုသည်။

မင်းအောင်လှိုင်မှ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး တားမြစ်ထားသော ဖွဲ့စည်းပုံ ပုဒ်မ ၅၉ (စ) အား ပယ်ဖျက်ပေးမည်။ သူမအားလည်း ပထမ သုံးနှစ် သက်တမ်း သမ္မတ ဖြစ်ခွင့်ပေးပြီး ကျန်သည့် နှစ် နှစ် နှင့် နောက်ပိုင်းတွင် သူ့ကို လုပ်ခွင့်ပေးရမည် ဆိုကာ ချဥ်းကပ် ဆွေးနွေးလာခဲ့သည်။ မင်းအောင်လှိုင်သည် သူ သမ္မတ ဖြစ်လိုသည့် ဆန္ဒတခုတည်းကို ဦးတည်ပြီး ဥပဒေ နှင့် မညီသည့် အကြောင်းအရာများကို တောင်းဆိုလာခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်မှ မင်းအောင်လှိုင်၏ ထိုသို့ ဥပဒေမဲ့ တောင်းဆိုလာခြင်းကို လက်မခံဘဲ ဒုသမ္မတ ရာထူး သို့မဟုတ်ကလည်း ပင်စင်ယူရမည့်အစား စစ်ကော်မရှင် ဥက္ကဌ ရာထူး ဖန်တီးပေးမည်ဟု ပြန်၍ ကမ်းလှမ်း ခဲ့သည်။

ထိုကမ်းလှမ်းချက်ကို လက်မခံနိုင်သော မင်းအောင်လှိုင်က “မဲမသမာမှုများ အကြီးအကျယ် ဖြစ်ခဲ့သည်” ဟူသော စွပ်စွဲချက်ဖြင့် အာဏာ သိမ်းယူခဲ့ခြင်း ဖြစ်ကြောင်း ဦးကျော်ဌေးဦးက ဧရာဝတီကို ပြောပြခဲ့သည်။

ဦးကျော်ဌေးဦးသည် မင်းအောင်လှိုင်၏ နရသိန် အကျဉ်းထောင်ကြီး အတွင်း ၁၈ ရက်မျှ ညှင်းပမ်း နှိပ်စက်ခံ ခဲ့ရပြီး အမေရိကန် နိုင်ငံသား ဖြစ်ကြောင်း သိသွားသည့် အခါမှ သက်သာရာ ရသွားခဲ့သည်ဟု ဆိုသည်။

ဦးကျော်ဌေးဦးမှ ထောင်ထဲတွင် တွေ့ခဲ့ရသော စစ်ဖက် ပုဂ္ဂိုလ်များ၏ အပြောအရ မင်းအောင်လှိုင်၏ စိတ်နေ စိတ်ထားသည် လွန်စွာ မောက်မာပြီး မည်သူ့ကိုမျှ လည်း အယုံအကြည် မရှိ၊ သူ၏ လက်ထောက် စိုးဝင်း ကိုပင် စိတ်မထင်က ဖိုင် နှင့် ပင် ပစ်ပေါက်ခဲ့သူဟုလည်း ပြောခဲ့သည်ကို ကြားခဲ့ရသည်ဟု ဆိုသည်။

သူသမ္မတ ဖြစ်ရေး ရည်မှန်းချက် တခုတည်း ဖြင့် တိုင်းပြည်အာဏာကို လက်လွတ်စပယ် သိမ်းယူခဲ့သော မင်းအောင်လှိုင်သည် ယခု အခါ စစ်မျက်နှာ ပေါင်းစုံ ဖွင့်၍ တိုက်ခိုက်ခံနေရပြီး သူ၏ စစ်အသုံးစရိတ်များ အတွက် မြန်မာ ကျပ်ငွေ ကျပ် ဘီလီယံ ပေါင်း ၄၄၀ (အမေရိကန် ဒေါ်လာ ၁၅၅ သန်း) ဘတ်ဂျက် ကို ထပ်မံ အတည်ပြု ပေးလိုက်ရပြီ ဖြစ်သည်။

ထိုအထဲတွင် လူပေါင်းစုံအား ရွှေစားလွယ်များ ပေးအပ်ခြင်း၊ လူထု အခမ်းအနား ပေါင်းစုံ ပြုလုပ်သည့် ကုန်ကျ စရိတ်များ မပါဝင်သေးပေ။

ယခု အထိ မည်သူကမျှ တိုင်းပြည် ခေါင်းဆောင်တဦး အဖြစ် အသိအမှတ် ပြု ဆက်ဆံခြင်း၊ ဖိတ်ကြား ခြင်း မျိုး မခံရပေ။ ရုရှား တနိုင်ငံတည်းကိုသာ အကြောင်းအမျိုးမျိုး ပြ ကာ သွားရောက်နေခဲ့ရသည့် ဘဝနှင့် ရပ်တည် နေရပေသည်။

သံတမန်ရေးဖက်တွင်လည်း အရေးနိမ့်ပြီးရင်း နိမ့်လာနေကာ မကြာမီက ကုလ လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက် အမှတ် ၂၆၆၉ ဖြင့် အာဆီယံ ဘုံသဘောတူညီချက် ငါး ရပ်အား ထိထိရောက်ရောက် အကောင်အထည် ဖေါ်ရန် တောင်းဆိုလာပြီ ဖြစ်၍ အာဆီယံ အဖို့ ရှေ့လျှောက် ဆက်လက် လှုပ်ရှားသွားရန် လိုအပ်သော အခွင့်အာဏာ များ ရရှိသွားခဲ့ပြီ ဖြစ်သည်။

စစ်အာဏာရှင်တို့၏ မျက်မုန်း ကျိုးခြင်း ခံရဆုံး မပန်ဆယ်လို အား တောင်ကိုရီးယားမှ ဒီမိုကရေစီ လှုပ်ရှားသူ များအတွက် ချီးမြှင့်သည့် ဆု ဖြစ်သည့် ကင်မ်ဂွန်းထယ် ဆုကြီး ကို ချီးမြှင့်ပေးအပ်လိုက်လေသည်။

၎င်းတို့အဖို့ ပြည်တွင်းတွင်လည်း ရိုးအီနေသော အမျိုးဘာသာ သာသနာ ဇာတ်ထုတ်ကြီး ထုတ်သုံးကာ ၎င်းတို့ လုပ်ရပ်များ မှန်ကန်မှု ရှိကြောင်း ပြောဆိုနေရသည့် အဆင့်သို့ ရောက်နေပေပြီ။

အာဏာရှင် မလိုလား မြတ်ဗုဒ္ဓသားတော်များ ဆိုသည့် ရဟန်းသံဃာများ အဖွဲ့မှ “အာဏာရှင် စစ်အုပ်စု လုပ်ရပ်ကြောင့် ဒုက္ခစုံ ရောက်နေတဲ့ ဒီနိုင်ငံကို ဒီနိုင်ငံသူ နိုင်ငံသား မှ မကယ်တင်ရင် ဘယ်သူတွေက ကယ်တင်ပေးမှာလဲ” ဆိုသည့် စာတမ်းများဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုများ ကို ဒီဇင်ဘာ ၂၉ ရက်နေ့က ပြုလုပ်လာခဲ့ကြသည်။

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!! 



ဆက်ဖတ်ရန် →
လူဖြစ်စဉ်အဆင့်ဆင့်👇👇👇

လူဖြစ်စဉ်အဆင့်ဆင့်👇👇👇



ဒီပုံက၂၀၂၀အောင်နိုင်ရေးနောက်ဆုံးနေ့


အရင်ပုံကို ကြည်ပြာမ က ကောက်တင်လိုက်တာ(အနီနဲ့)


ရေသည်ထော့ကျိူးလက်ထဲရောက်သွားတော့
လီးတွေဖြစ်ကုန်တာပေါ့


ဆက်ဖတ်ရန် →
တကယ်တော်လှန်ရေးကိုအားလျော့ စေအောင်လုပ်နေတဲ့ကောင်တွေ

တကယ်တော်လှန်ရေးကိုအားလျော့ စေအောင်လုပ်နေတဲ့ကောင်တွေ

လူတွေထင်တာက အိုင်းရင်းလုပ်ရပ်

ဟာတော်လှန်ရေးကိုထိခိုက်တယ် 

မြောင်းထဲရောက်အောင်ပို့ရမယ် 

ဒီလိုတွေးကြတယ်


တကယ်တော့အိုင်ရင်းက ဖေါက်ပြန်

သူလို့ချပြစရာခိုင်လုံဖို့အထောက်

အထားတွေလိုနေသေးတယ် ပါးစပ်

ဟောင်ဖွာလွန်းလို့ဒီအခြေအနေ

ရောက်တာလို့မြင်တယ်


တကယ်တော်လှန်ရေးကိုအားလျော့

စေအောင်လုပ်နေတာဝင်းမိုးတို့လို

ကောင်တွေ အိုင်ရင်းဆိုတာအခုမှ

သိကြတာပါ 

ဒီကောင်က သန်းလွင်ထွန်း (VOA)

နဲ့ ဗကသ၈၈မှာမင်းကိုနိုင် ကိုကိုကြီး

တို့နဲ့ CECတွေ၊ သမိုင်းမှာဒီလိုဦး

ဆောင်အဖွဲ့မှာပါခဲ့တဲ့ကောင်တွေ

ဖေါက်ပြန်တာကမှပိုအန္တာရာယ်ရှိတာ


သန်းလွင်ထွန်းမိုးသီးဇွန်အောင်

မိုးဝင်းနောက်ဆုံးသက္ကမိုးညိုတို့

ကအစဖေါက်ပြန်သူတွေဟာပညာ

တတ်တွေဆိုတော့Pageတောင်အသံ

မထွက်တတ်တဲ့အိုင်းရင်းလောက်ကို

အပြစ်တင်ချင်စိတ်မရှိတော့ဖူး 

အဲ့ဒီဖေါက်ပြန်ရေးသမားမအေလိုး

တွေကိုပဲဘယ်လိုရိုက်ချရမလဲ

တွေးနေတာ ကမကလတွေ 

အသေလေးတွေမွေးလာရမှာ 

ခွေးနေရာမရဖြစ်နေတဲ့

ခံယူချက်ပျောက်သူတွေ 

တော်လှန်ရေးကိုသစ္စာဖေါက်တဲ့ 

ငလမသ တွေပါ၊






ဆက်ဖတ်ရန် →
တော်လှန်ရေးထဲပါနေတဲ့ မြန်မာပြည်သူတွေအားလုံးကိုပေးတဲ့ဆု

တော်လှန်ရေးထဲပါနေတဲ့ မြန်မာပြည်သူတွေအားလုံးကိုပေးတဲ့ဆု

ညီမလေး ပန်ဆယ်လိုပြောသလို ဒီဆုက တော်လှန်ရေးထဲပါနေတဲ့ မြန်မာပြည်သူတွေအားလုံးကိုပေးတဲ့ဆုပါ။

မရွှေမိုး-ကိုရီးယား
𝑫𝒆𝒄𝒆𝒎𝒃𝒆𝒓 29th,2022.







ဆက်ဖတ်ရန် →

မသေခင်ကတော့ တပ်မတော်အတွက် သူရဲကောင်း

"သေရင်တောင်မြတ်တယ်တဲ့လား" 😔😔

https://youtu.be/knch-1Taz9E ဖိုင်ကြည့်ရန်

တပ်မ ၆၆ ကသေသွားတဲ့ တပ်မတော်သားတွေရဲ့ အလောင်းတွေကို မသယ်နိုင်လို့ရော ပြန်မသယ်ရဲတာကြောင့်ရော လယ်ကန်သင်းရိုးမှာ အလောင်းတွေကို အမှိုက်လိုပဲ မီးရှို့ခဲ့ကြတယ်။ တစ်ချို့ တပ်သားအလောင်းတွေဆိုရင် မီးတောင် မသင်္ဂြိုလ်နိုင်ဘူး ဒီအတိုင်းပစ်ထားခံခဲ့ရရှာတယ်။ 

သေတဲ့အခါကြတော့ သူရဲကောင်းဆိုတာလည်းမရှိ၊ မြတ်တယ်ဆိုတာလည်းမရှိပဲ တိရိစ္ဆာန်လောက်တောင် တန်ဖိုးမရှိစွာနဲ့ပဲ သေဆုံးခဲ့ကြရရှာတယ်။

မသေခင်ကတော့ တပ်မတော်အတွက် သူရဲကောင်းဆိုတဲ့ စကားလေးနဲ့ အထက်အရာရှိ အဘတွေက အငယ်သားတွေကို မြှောက်ပင့်ခိုင်းစားခဲ့ကြတယ်။ ဘာသာရေး ဝါဒမှိုင်းတွေဖြန့်ပြီး သေရင်မြတ်တယ်ကွ ဆိုပြီးလည်း တပ်သားငယ်တွေရဲ့ အသက်တွေက စတေးခဲ့ရပြန်ပြီ။

တကယ်တော့ ခင်ဗျားတို့ အထက်အရာရှိအဘတွေရဲ့ စီးပွားရေးအတွက်သာ သေဆုံးသွားခဲ့တဲ့တပ်မတော်သားတွေက သူရဲကောင်းလုပ်ခဲ့ကြရတာ။ သူတို့မှာ ဘာမှတောင်ပြန်မရခဲ့တဲ့အပြင် အလောင်းတွေတောင်မိသားစု ကြည့်ခွင့်မရ၊ သိခွင့်မရခဲ့ရှာကြဘူး။ သေရင်မြတ်တယ်ဆိုလို့ ခင်ဗျားတို့အထက်အရာရှိ အဘတွေရဲ့ စီးပွားရေးမြတ်တာပဲရှိတယ်။

SAVE YOUR LIFE YOUR SELF
#ဗိုလ်ရဲရင့်
ဆက်ဖတ်ရန် →
ရန်ကုန်မြို့လယ်ခေါင် ဆူးလေမီးပွိုင့်တွင် အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်သား အောင်စိုးထွန်းကို YBS ခရီးသည်တင်ယာဉ်က တက်ကြိတ်၍ သေဆုံး

ရန်ကုန်မြို့လယ်ခေါင် ဆူးလေမီးပွိုင့်တွင် အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်သား အောင်စိုးထွန်းကို YBS ခရီးသည်တင်ယာဉ်က တက်ကြိတ်၍ သေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂၈  ခေတ်သစ်

ရန်ကုန်မြို့လယ်ခေါင် ဆူးလေမီးပွိုင့်တွင် ရဲတပ်သား အောင်စိုးထွန်းကို YBS ခရီးသည်တင်ယာဉ်က တက်ကြိတ်၍ သေဆုံးသွားကြောင်း ရဲသတင်းရင်းမြစ်တချို့နှင့် ဖြစ်စဉ်ကို သိရှိသော သတင်းရင်းမြစ်တချို့၏ ပြောဆိုချက်အရ သိရှိရသည်။ 

ဒီဇင်ဘာလ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် စက်ဘီးစီးလာသော ရဲတပ်သား အောင်စိုးထွန်းက ရန်ကုန် မြို့လယ်ခေါင် ဆူးလေ မီးပွိုင့် မီးနီကို ဖြတ်မောင်းစဉ် မီးစိမ်းကို ဖြတ်မောင်းလာသော YBS 87 က ဖြတ်တိုက်မိပြီး တက်ကြိတ်မိကြောင်း၊ ရဲတပ်သား အောင်စိုးထွန်းသည် YBS ခရီးသည်တင်ယာဉ် အောက်ထဲသို့ ဝင်သွားပြီး ဆေးရုံတင်ပို့ခဲ့သော်လည်း သေဆုံးသွားကြောင်း၊ ဒီဇင်ဘာလ ၂၇ ရက်နေ့ တွင် သဂြိုလ်ခဲ့ပြီး အောင်စိုးထွန်းသည် အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်သားတစ်ဦးဖြစ်ကြောင်း သိရှိရသည်။ 

အဆိုပါယာဉ်တိုက်မှုနှင့်ပတ်သက်ပြီး ရဲတပ်သား အောင်စိုးထွန်းသည် မီးနီကို ဖြတ်မောင်း၍ ကား ကြိတ် ခံရခြင်းဖြစ်သော်လည်း အမှား ကျူးလွန်မှုမရှိသော YBS 87 ယာဉ်မောင်းကို ရဲစခန်းတွင် ဖမ်းဆီး ထိန်းသိမ်း အမှုဖွင့်ထားကြောင်း သိရှိရသည်။





ဆက်ဖတ်ရန် →
နေပြည်တော် အပါအဝင် နိုင်ငံတစ်ဝန်း စစ်တပ်၊ ရဲနှင့် ဝန်ထမ်းများ၏ လုံခြုံရေး အထူးသတိပြုရန်နှင့် ပါဆယ်ဗုံး သတိထားရန်   စစ်ကောင်စီက  လျှို့ဝှက် သတိပေးချက် ထုတ်ပြန်

နေပြည်တော် အပါအဝင် နိုင်ငံတစ်ဝန်း စစ်တပ်၊ ရဲနှင့် ဝန်ထမ်းများ၏ လုံခြုံရေး အထူးသတိပြုရန်နှင့် ပါဆယ်ဗုံး သတိထားရန် စစ်ကောင်စီက လျှို့ဝှက် သတိပေးချက် ထုတ်ပြန်

ရန်ကုန်၊ ဒီဇင်ဘာ ၂၉ ခေတ်သစ်မီဒီယာ

နေပြည်တော် အပါအဝင် ဝန်ကြီးဌာနရုံးများတွင် နှစ်သစ်ကူးကာလနှင့်နှစ်သစ်ကူးအ ကြို ကာလများ တွင်  ပါဆယ်ဗုံးဖြင့်  ဖောက်ခွဲတိုက်ခိုက်မှုများဖြစ်လာနိုင်သဖြင့် သတိထားကြရန်  စစ်ကောင်စီက အထူး လျှို့ဝှက် သတိပေးချက်တစ်ရပ်  ထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။ 

နေပြည်တော်ကောင်စီ၊ ပြည်နယ်/တိုင်း စစ်ကောင်စီရုံးများ အပါအဝင် နိုင်ငံတစ်ဝန်းရှိ စစ်တပ်၊ ရဲ တပ်ရင်းများ၊ ဝန်ကြီးဌာနရုံးများထံသို့ ယင်းလျှို့ဝှက် ညွှန်ကြားချက်ကို အရေးပေါ် ပေးပို့ ထုတ်ပြန် ခြင်းဖြစ်ကြောင်း သိရှိရသည်။ 

နိုင်ငံတစ်ဝန်းရှိ ဝန်ကြီးဌာနများ၊ အုပ်ချုပ်မှုနယ်မြေများရှိ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်များရှိ ဝန်ထမ်း များနှင့် မိသားစုများ၏ လုံခြုံရေးအထူးဂရုပြုကြရန်၊ ပါဆယ်များ ပေးပို့လာလျှင် အလွယ်တကူ လက်ခံ ခြင်းမပြုဘဲ လာပို့သူကို ဖွင့်ဖောက်ပြသခိုင်းပြီးမှသာ လက်ခံရန် ၊ လုံခြုံရေးအသိ၊ လုံခြုံရေး သတိဖြင့် နေထိုင်ကြရန် ညွှန်ကြားချက် ထုတ်ပြန်ခြင်းဖြစ်သည်။



ဆက်ဖတ်ရန် →
မဘသချီးထုတ်မင်္ဂလာတောင်ညွန်ကိုလတ်

မဘသချီးထုတ်မင်္ဂလာတောင်ညွန်ကိုလတ်

ဆန္ဒပြလိုက်လို့ ဘားမားအက်ဆိုတာကြီး
ကျကွဲမကွဲဆိုတာ၅၀၀၀စားတွေမသိပေမယ့်
သူ့အိတ်ဖေါင်းသွားတာတော့အမှန်ပဲ



စာလုံးပေါင်းမမှန်လို့ပြန်လျှော်ရကိန်းလဲရှိပါတယ်




ဆက်ဖတ်ရန် →
အိုင်းရင်းအဖမ်းခံရဟုသတင်းထွက်

အိုင်းရင်းအဖမ်းခံရဟုသတင်းထွက်

ဒီနေ့ဆိုင်ကပိတ်ထားတယ်
ဆိုင်အခင်းအစိမ်းရောင်ဆိုတာမှန်ပေမယ့်
အရင်ထဲကအစိမ်းရောင်လို့လဲပြောသူရှိတယ်




ဆိုင်ပိတ်ထားပေမယ့်သူအကောင့်တွေကို followဖို့
ဆော်ဩထားပါတယ်


ဆိုင်ဖွင့်ထားပေမယ့်လိုင်စင်မရှိလို့ရန်ကုန်လိပ်စာပဲသုံးတယ်



အဖမ်းခံရခြင်းရှိမရှိစုံစမ်းနေပါတယ်





ဆက်ဖတ်ရန် →

ရှေ့နေ ဒေါ်ရွက်နုအောင် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံရ


ရှေ့နေ ဒေါ်ရွက်နုအောင် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံရတရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်အား တွေ့ရစဉ်။

မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရဲ့ အမှုလိုက် ရှေ့နေ ဒေါ်ရွက်နုအောင် ကို မန္တလေး အိုးဘိုထောင်တွင်း အထူးတရားရုံးကနေ ဒီဇင်ဘာ ၂၈ ရက် ဒီနေ့မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၅ နှစ် ချမှတ်လိုက်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရှေ့နေတစ်ဦးက RFA ကို ပြောပါတယ်။

“သူ့ (ဒေါ်ရွက်နုအောင်) ကို ၅၀ (ည) နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၅ နှစ် ချလိုက်တယ်။ ဒီနေ့ မန္တလေးအိုးဘိုထောင် အထူးတရားရုံးကနေ အမိန့်ချတာပါ။ ကျန်းမာရေးလည်း ကောင်းပုံရပါတယ်”

ဒေါ်ရွက်နုအောင်ဟာ မန္တလေးအခြေစိုက် ဒေသခံခုခံကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ကို ငွေသုံးသိန်း ထောက်ပံ့ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့မှာ ဖမ်းဆီးခဲ့ပြီးနောက် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (ည) နဲ့ မန္တလေးခရိုင်ရဲမှူးက တရားလိုလုပ်ပြီး အမှုဖွင့်ခဲ့တာပါ။

အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (ည) မှာတော့ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့ အဖွဲ့အစည်း တစ်ခုခုကို ငွေကြေးထောက်ပံ့ရင် အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်ကနေ ထောင်ဒဏ် တစ်သက်ထိ ချမှတ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

လူ့အခွင့်အရေးရှေ့နေ တစ်ဦးလည်းဖြစ်တဲ့ ဒေါ်ရွက်နုအောင်ဟာ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် အပါအဝင်၊ တိုင်းအစိုးရအဖွဲ့ဝင်တွေနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီဝင်တွေရဲ့ အမှုတွေကို အဖမ်းမခံရခင်က လိုက်ပါဆောင်ရွက်ပေးနေသူ ဖြစ်ပါတယ်။

နေပြည်တော်က နာမည်ကျော် သက်ငယ်မုဒိမ်းမှုဖြစ်တဲ့ ဗစ်တိုးရီးယားအမှုမှာလည်း ခံရသူ ကလေးငယ်ဘက်က ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ပေးခဲ့သူပါ။

RFA က ပြုစုထားတဲ့ စာရင်းတွေအရ အာဏာသိမ်း တစ်နှစ်ကျော်အတွင်း စစ်ကောင်စီကို ဆန့်ကျင်လို့ နိုင်ငံရေးအမှုတွေကို လိုက်ပေးနေတဲ့ ရှေ့နေတွေ အပါအဝင် ရှေ့နေ စုစုပေါင်း ၂၈ ဦး ဖမ်းဆီးခံထားရပါတယ်။

ဆက်ဖတ်ရန် →
စင်ကာပူဘွားတော်က ဒလန်လား?

စင်ကာပူဘွားတော်က ဒလန်လား?

စင်ကာပူဘွားတော်က ဒလန်လား?

စာရေးသူဟာ ဒီမိုအဖွဲ့တွေကို မဝေဖန်ဘဲ ရှောင်လေ့ရှိပါတယ်။ မြတ်အောင်ကိစ္စလဲ သူ့ဖာသာ သိသွားမှသာရေးပြီး ယခင်က စောင်းသာရေးလေ့ရှိပါတယ်။ ဒဲ့ဝေဖန်ခဲ့တာ BPLA ကိုသာ ပါ။ အခြားတပ်တော်တွေကို စောင်းရေးတာသာ ရှိပါတယ်။ ဒီကိစ္စမှာ NUG ကို ဝေဖန်သူတိုင်းကို ဒလန်ပြောရန် မသင့်တော်ပါ။ ဒါပေမယ့် အဆိုပါဝေဖန်သူများဟာ ဒလန်ဖြစ်သွားတာများပါတယ်။ ယခင် NLD ကို ဝေဖန်ခဲ့တဲ့ သိန်းညွန့်၊ ခင်မောင်ဆွေ၊ သက်သက်ခိုင်တို့ကိုကြည့်ရင် နောက်ပိုင်း မအလဘောမဖြစ်သွားတာ အားလုံးသတိထားမိမှာပါ။
စစ်ထောက်လှမ်းရေးမှာ နဂိုထဲက တန်ပြန်ထောက်လှမ်းရေးတွေအနေနဲ့ တော်လှန်ရေးထဲကို ထည့်လိုက်သူတွေရှိပါတယ်။ ဒီလူတွေက စရဖညွှန်ချုပ်၊ ဒုညွှန်ချုပ်ထံသာ သတင်းပို့ရလို့ အခြားအဆင့်သိဖို့ ခက်ပါတယ်။ သူတို့ဟာ လိုင်းပေါ်မှာ NUG ကို မဝေဖန်လောက်ပါ။ သူတို့ဟာ နောက်ပိုင်းမှ ဘက်ပြောင်းအနေနဲ့သာ သုံးမှာပါ။
ဒုတိယအုပ်စုက လေလှိုင်းပေါ်မှာ NLD ကိုဝေဖန်သလို NUG ကို ဝေဖန်ရင်း စရဖက သူတို့ကိုသိမ်းသွင်းတာပါ။ အချို့စာမျက်နှာတွေ၊ လူသိများသူတွေဆိုရင် စရဖက ပိုက်ဆံပေးမယ် သင့်စာမျက်နှာမှာ ကြေညာမယ် ဒေါ်လာ တစ်သိန်း ဘာညာပေးမယ်ဆိုပြီး သူ့ဘက်ပြောင်းအောင် ကြိုးစားတာပါ။ အချို့က သူတို့လိုအပ်ချက်တွေကို သူတို့နဲ့ရင်းနှီးအောင် လိုင်းပေါ်မှာပေါင်းပြီး ညှိတာပါ။ သင်က နိုင်ငံကူးလက်မှတ်လိုချင်လား၊ အိမ်ပြန်လိုချင်လား၊ မိဘလား ဒါမျိုးကို ညှိတာပါ။
စင်ကာပူဘွားတော်ကို ကိုင်တွယ်တာက စရဖတာဝန်ခံ ဒုဗိုလ်မှူးကြီးတိုးထက်အောင်ပါ။ သူက ၂၀၁၈ မှာ တပ်ရင်းမှူးဖြစ်ပြီး နောက်ပိုင်း လိုင်းပြောင်းတာပါ။ စင်ကာပူကလူတစ်ယောက် သတင်းပေးအပြီး စင်ကာပူက ပစ္စည်းသယ်လာသူ အဖမ်းခံရတာသိပေမယ့် သူမသတင်းပေးတာလား အခြားလူလား အစကစုံစမ်းမရခဲ့ပါ။ သူမက PDF တွေအလင်းဝင်ဖို့ ညှိတာက သေချာသွားစေခဲ့ပါတယ်။ ဒါပေမယ့် ပွဲပြီးမှသာ သိခဲ့ပါတယ်။ 
ဒီမိုတွေအနေနဲ့ PDF တွေအနေနဲ့ သူမနဲ့ဆက်သွယ်တာကို ဖြတ်ပြီး ပြည်တွင်းက ဆက်သွယ်ဖူးသူတွေ ခြေရာအမြန်ဆုံးဖျောက်ထားတာ ပိုကောင်းပါလိမ့်မယ်။ သူမက သတင်းအကုန်မပေးသေးပေမယ့် သူမစိတ်ဟာ ခန့်မှန်းရခက်လို့ သူမစိတ်မဖောက်ခင် လွတ်ရာကိုသာ ရှောင်နေပါ။
NUG အနေနဲ့ ဆယ်လီဦးတည် ငွေရှာတာထက် PRF လို လူများစုအခြေပြု ငွေရှာတာ အခြားနည်းငွေရှာတာက ရေရှည်မှာ ပိုအဆင်ပြေမှာပါ။ အားလုံးသတိထားရမှာက NUG/NLD ကို ဝေဖန်သူတိုင်းဟာ ဒလန်မဟုတ်ပေမယ့် စရဖစည်းရုံးတာ ခံရမယ်ဆိုတာပါ။ သူတို့ထဲက ဘက်ပြောင်းသူတွေလဲ ရှိမှာပါ။ ဒါကြောင့် သမိုင်းကောင်းသူကိုသာ ထောက်ပို့မှာ သုံးကြပါလို့ ပြောပါရစေ။ ပြည်တွင်းကလူများ NUG pay ကို ဖြစ်နိုင်ရင်သုံးပါ။ မိမိအမျိုးကတဆင့် ငွေလွှဲပါလို့လဲ သတိပေးပါရစေ။
မြတ်ထွန်းဦး


ဆက်ဖတ်ရန် →
တရုတ် အထူးကိုယ်စားလှယ်သစ် နေပြည်တော် ယနေ့ ရောက်မည်

တရုတ် အထူးကိုယ်စားလှယ်သစ် နေပြည်တော် ယနေ့ ရောက်မည်

ဧရာဝတီ
ဒီဇင်ဘာ ၂၈၊ ၂၀၂၂

အာဆီယံဆိုင်ရာ တရုတ်သံအမတ်ဟောင်း တိန့်ရှီကျွန်း Deng Xijun သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးသံတမန် ဆွန်ကော့ရှန် Sun Guoxiang ၏နေရာကို ဆက်ခံသူအဖြစ် နေပြည်တော်သို့ ရောက်ရှိမည်ဟု သတင်းရသည်။ နေပြည်တော်မလာခင် တရုတ်-မြန်မာ နယ်စပ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား သီးခြားစီ တွေ့ဆုံလာခဲ့ကြောင်းလည်း သိရသည်။ 

တိန့်ရှီကျွန်းသည် ၂၀၂၀ခုနှစ်မှ ယခုနှစ် နိုဝင်ဘာလအထိ အာဆီယံဆိုင်ရာ အထူးသံတမန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၎င်း၏ မြန်မာပြည်ခရီးစဉ်သည်  မြန်မာနိုင်ငံမှ ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် တိုင်းရင်းသားလက်နက်ကိုင်များအား နည်းပညာနဲ့ လူကိုသေစေခြင်းမရှိသော အကူအညီမျိုး ထောက်ပံ့ရန် အမေရိကန် အမျိုးသား ကာကွယ်ရေး လုပ်ပိုင်ခွင့် အက်ဥပဒေ (NDAA) -၂၀၂၃ ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလထဲ တွင် အမေရိကန်က အတည်ပြုခဲ့ပြီးနောက် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။



ဆက်ဖတ်ရန် →

ဒီမိုကရေစီအရေး လှုပ်ရှားမှုနှင့် ပတ်သက်သည့် ကင်မ်ဂွန်းထယ်ဆု မပန်ဆယ်လိုရရှိ

Author လင်းခိုင်
Categories
     
    Published on Dec 28, 2022

     

    ဒီမိုကရေစီအရေး လှုပ်ရှားမှုနှင့် ပတ်သက်သည့် ကင်မ်ဂွန်းထယ်ဆုကို ယင်းဆု ပေးအပ်သည့် အဖွဲ့က ယခုနှစ်အတွက် မပန်ဆယ်လိုကို ပေးအပ်ကြောင်း ကြေညာထားသည်။

    ကင်မ်ဂွန်းထယ်ဆုကော်မတီသည် ဒီဇင်ဘာ ၂၅ ရက်တွင် ၇ ကြိမ်မြောက် ဒီမိုကရေစီအရေးလှုပ်ရှားသူ ကင်မ်ဂွန်းထယ်အထိမ်းအမှတ်ဆုရရှိသူအဖြစ် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူ မပန်ဆယ်လိုကို ရွေးချယ်လိုက်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။

    ဖမ်းဝရမ်းနှင့် စစ်ကောင်စီ နှောက်ယှက်မှုကြားမှ တိုင်းတစ်ပါးသို့ ထွက်ပြောင်းတိမ်းရှောင်ခဲ့သော်လည်း၊ တိုင်းတစ်ပါးသို့ရောက်ရှိချိန်တွင်လည်း မိမိတိုင်းပြည်အတွက် ဒီမိုကရေစီ ရရှိရေး ကြိုးပမ်းနေသည့် စာရေးဆရာမ ပန်ဆယ်လိုကို မြင်ရသည်မှာ လွန်ခဲ့သည့် ဆယ်စုနှစ်များက ဖမ်းဝရမ်းကို ၂၆ ကြိမ်တိုင် ကြံ့ကြံ့ခံပြီး တောင်ကိုရီးယားစစ်အစိုးရ၏ ဖိနှိပ်မှုကြားမှ တိုက်ပွဲဝင်ခဲ့သည့် တောင်ကိုရီးယားဒီမိုကရေစီ လှုပ်ရှားသူ ကင်မ်ဂွန်းထယ်ကို သတိရမိကြောင်း ယင်းဆုချီးမြှင့်ကော်မတီ ကြေညာချက်တွင် ဖော်ပြထားသည်။

    အဆိုပါ ဆုရရှိခြင်းနှင့်ပတ်သက်ပြီး ပန်ဆယ်လိုက ကင်မ်ဂွန်းထယ်ဆုကော်မတီနှင့် ဆုရွေးချယ်ရေးကော်မတီသို့ ဗီဒီရိုဖြင့်ပေးပို့သည့် ကျေးဇူတင်စကား၌ “ မြန်မာနိုင်ငံသည် ယနေ့အချိန်ထိ အိပ်မက်ဆိုးကြီးမှ မလွတ်မြောက်နိုင်သေးသလို အရိပ်မည်းကြီးထဲ ပိတ်မိနေပါတယ်။ ထို့ကြောင့် အဆုံးတိုင် တိုက်ပွဲဝင်သွားရမယ့် မြန်မာပြည်သူတို့ရဲ့ တော်လှန်ရေး ရည်ရွယ်ချက်များ ဆန္ဒများကို အဆုံးတိုင် သတိရပေးပြီး အတူတကွရပ်တည်ပေးပါ” ဟု ပြောကြားခဲ့သည်။

    ၇ ကြိမ်မြောက် ကင်မ်ဂွန်းထယ်ဆု ရွေးချယ်မှုကို ရွေးချယ်ရေးကော်မတီ အဖွဲ့ဝင် ၉ ဦးဖြင့် ဖွဲ့စည်းကာ အသင်းဥက္ကထဖြစ်သူ ဒီမိုကရေစီးအရေးလှုပ်ရှားသူ၊ စာရေးဆရာဘန်းဟောင်ေးဆော့မှ တာဝန်ယူကာ၊ ရုပ်ရှင်မင်းသား၊ စာနယ်ဇင်းသမားများနှင့် အနုပညာရှင်များ၊ တက္ကသိုလ်ပါမောက္ခ၊ ယွန်အမ်းဒေသ အုပ်ချုပ်ရေးမှူး၊ ရုပ်ရှင်ဒါရိုက်တာ၊ လွှတ်တော်အမတ်တို့ဖြင့် ရွေးချယ်မှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။

    ပထမ ၆ ကြိမ်တွင် ချီးမြှင့်ခဲ့သည့် ကင်မ်ဂွန်းထယ်ဆုကို တောင်ကိုရီးယားနိုင်ငံသားများကိုသာ ချီးမြှင့်ခဲ့ပြီး၊ ယခု ၇ ကြိမ်မြောက်တွင် နိုင်ငံခြားသား မပန်ဆယ်လိုက ရရှိခဲ့ခြင်းလည်းဖြစ်သည်။

    ကင်မ်ဂွန်းထယ်ဆု ချီးမြှင့်ငွေအဖြစ် ကိုရီးယား ဝမ်ငွေ သိန်းတစ်ရာ(မြန်မာငွေ သိန်း နှစ်ရာခန့်) ပေးအပ်သွားမည်ဖြစ်ကာ၊ ကင်မ်ဂွန်းထယ် ပုံစံတူ ထုလုပ်ထားသည့် ဆုတံဆိပ်ကိုလည်း ဒီဇင်ဘာ ၂၉ ရက်တွင် ကင်မ်ဂွန်းထယ်ကွန်လွန်ခြင်း ၁၁ နှစ်ပြည့် အထိမ်းအမှတ်နှင့်အတူ ဆိုးလ်မြို့ ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

    အဆိုပါ ဆုပေးပွဲအခမ်းအနားသို့ မပန်ဆယ်လိုမှ တက်ရောက်နိုင်ခြင်းမရှိသဖြင့် မပန်ဆယ်လို ကိုယ်စား မရွှေမိုးမှ တက်ရောက် ဆုယူမည်ဖြစ်သည်။
    Website Link: https://cjplatform.com/
    Telegram Link: https://t.me/cjplatform
    YouTube Link: https://www.youtube.com/@cjplatform
    Twitter Link: https://twitter.com/CjPlatform

    #CjPlatform #ပန်ဆယ်လို #ကင်မ်ဂွန်းထယ်ဆု

    ဆက်ဖတ်ရန် →