နောက်ဆုံးရ

​တယ်လီနောမြန်မာရဲ့ လုပ်ငန်း ပိုင်ရှင်သစ်ထံအလွှဲအပြောင်းစတင်၊စစ်အုပ်စုနောက်ခံ ရွှေဗျိုင်းဖြူ ကုမ္ပဏီ အဓိကပိုင်ဆိုင်သူဖြစ်လာ



People's Spring


နော်ဝေးဆက်သွယ်ရေးကုမ္ပဏီတယ်လီနောက 

ဒီနေ့ မတ် ၁၈ ရက်ကစတင်ပြီး မြန်မာပြည်လုပ်ငန်းခွဲကို ပိုင်ရှင်သစ်ထံ စတင်လွှဲပြောင်းပြီလို့ သတင်းထုတ်ပြန်ပါတယ်။


 တယ်လီနော  က မြန်မာပြည် လုပ်ငန်းခွဲကို လက်ဘနွန်အခြေစိုက် M1 Group ကို ရောင်းချထားတာပါ။


M1 Group ထံက  တယ်လီနော မြန်မာရဲ့ ရှယ်ယာ ၈၀ ရာခိုင်နှုန်းကို စစ်အုပ်စုနောက်ခံရှိတဲ့ ပြည်တွင်းကုမ္ပဏီ ရွှေဗျိုင်းဖြူက ထပ်မံဝယ်ယူထားပါတယ်။


ဒါကြောင့် တယ်လီနော မြန်မာရဲ့အဓိက ပိုင်ရှင်သစ်ဟာ ရွှေဗျိုင်းဖြု ကုမ္ပဏီဖြစ်လာမှာပါ။ တယ်လီနောဟာ မြန်မာပြည်တွင်းမှာ သုံးစွဲသူ ၁၈ သန်းကျော်ရှိပါတယ်။


ပိုင်ရှင်သစ်ထံအလွှဲအပြောင်းဟာ တယ်လီနောရဲ့ သုံးစွဲသူတွေ ၊ ဝန်ထမ်းတွေ နဲ့ မိတ်ဖက်တွေအပေါ် တိုက်ရိုက်သက်ရောက်မှု ရှိမှာမဟုတ်ဘူးလို့ တယ်လီနောရဲ့ ဒီနေ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။


မြန်မာပြည်တွင်းအခြေအနေဟာ ပိုမိုဆိုးဝါးလာနေတဲ့အတွက် နော်ဝေးအခြေစိုက် ဆက်သွယ်ရေး ကုမ္ပဏီကြီး တယ်လီနောဟာ မြန်မာနိုင်ငံမှာ လည်ပတ်နေတဲ့ လုပ်ငန်းကို ရောင်းချဖို့ဆုံးဖြတ်ခဲ့တဲ့အကြောင်း ပြီးခဲ့တဲ့ ဇွန်လအတွင်းကထုတ်ပြန်ထားခဲ့ပါတယ်။


တယ်လီနောမြန်မာရဲ့ပိုင်ရှင်သစ်ဖြစ်လာသူ ရွှေဗျိုင်းဖြူ ကုမ္ပဏီ ပိုင်ရှင် အသက် ၅၉ နှစ်အရွယ် ဦးသိန်းဝင်းဇော်ဟာ စစ်တပ်နဲ့စီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်ခဲ့ဖူးသူဖြစ်ပါတယ်။


လက်ရှိမှာလည်း စက်သုံးဆီတင်သွင်းဖြန့်ဖြူးတဲ့လုပ်ငန်း၊ ကျောက်စိမ်း တူးဖော်ရေးလုပ်ငန်း တွေကို လုပ်ကိုင်နေသူပါ။


ဆက်ဖတ်ရန် →

Telenor Myanmar ကို M1 Groupနှင့် ရွှေဗျိုင်းဖြူ ဖက်စပ်ကုမ္ပဏီ Investcom သို့ ရောင်းချမှု စစ်ကောင်စီ အတည်ပြု ၊ တယ်လီနောပိုင်ရှင်သစ်အဖြစ် စစ်တပ်၏ မိတ်ဖက် ခရိုနီသိန်းဝင်းဇော်ဖြစ်လာ

​


ရန်ကုန်၊ မတ် ၁၈ ခေတ်သစ်မီဒီယာ


Telenor Myanmar ကို  စစ်တပ်နှင့်ဆက်နွယ်နေသော ခရိုနီသိန်းဝင်းဇော်နှင့် M1 Group ဖက်စပ်ကုမ္ပဏီ Investcom သို့ရောင်းချခြင်းမှုကို အကြမ်းဖက် စစ်ကောင်စီ၏ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ယနေ့ အတည်ပြု လိုက်ပြီဖြစ်ကြောင်း M 1 Group က ရန်ကုန်ခေတ်သစ်ထံသို့ ပေးပို့သော  တရားဝင် သတင်းထုတ်ပြန်ချက် အရ သိရှိရသည်။ 


 Telenor Group မှ ၎င်း၏ Telenor Myanmar လုပ်ငန်းကို M1 Group ၏မိတ်ဖက်လုပ်ငန်းဖြစ်သည့် Investcom PTE Ltd. ထံ ရောင်းချခြင်းဆိုင်ရာလျှောက်တင်လွှာအား အတည်ပြုကြောင်း M1 Group ကို အကြမ်းဖက်စစ်ကောင်စီ၏ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က အသိပေးအကြောင်းကြားလာကြောင်း M1 Group က အတည်ပြုသည်။


 M1 Groupက လုပ်ငန်းလွှဲပြောင်းရယူမှုကို အမြန်ဆုံးအပြီးသတ်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ 


 M1 Group သည် Telenor Group ၏မြန်မာလုပ်ငန်းခွဲအားဝယ်ယူရန်အတွက် ကနဦးသဘောတူညီချက်ကို ၂၀၂၁ ခုနှစ် ဇူလိုင်လတွင် ကြေညာခဲ့ပြီး  ၇ လအကြာတွင် အလုံးစုံ တရားဝင်အရောင်းအဝယ်ဖြစ်သွားခြင်းဖြစ်သည်။ 


 M1 Group သည် ပိုင်ဆိုင်မှုကိုလွှဲပြောင်းရယူမည့် လုပ်ငန်းသစ်တစ်ခုဖြစ်သည့် Investcom မှ တစ်ဆင့် စစ်တပ်၏ ခရိုနီ သိန်းဝင်းဇော်ပိုင် Shwe Byain Phyu (SBP) Group နှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟု သိရှိရသည်။


တယ်လီနော်ကို ဝယ်ယူလိုက်သည့် Investom PTE Ltdသည် M1 Group နှင့် Shwe Byain Phyu (SBP) Group တို့ပူးပေါင်းလုပ်ဆောင်သည့် joint venture (JV) လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊  Telenor Myanmar လုပ်ငန်းကို ၂၀၂၂ ပထမနှစ်ဆန်းပိုင်းတွင် စတင်လွှဲပြောင်းရယူခဲ့ကြောင်း သိရှိရသည်။


Telenor Myanmar ကို  စစ်တပ်နှင့်ဆက်နွယ်နေသော ခရိုနီသိန်းဝင်းဇော်၏ ရွှေဗျိုင်းဖြူကုမ္ပဏီနှင့် M1 Group ဖက်စပ်ကုမ္ပဏီ Investcom တွင် အစုရှယ်ယာ ၈၀ ရာခိုင်နှုန်းကို  ရွှေဗျိုင်းဖြူကုမ္ပဏီက ပိုင်ဆိုင်ထားကြောင်း သိရှိရသည်။ 


ဓာတ်ပုံ- တယ်လီနောမြန်မာပိုင်ရှင်အသစ် စစ်တပ်၏မိတ်ဖက် ခရိုနီ သိန်းဝင်းဇော်။


ဆက်ဖတ်ရန် →