နောက်ဆုံးရ

ဖမ်းဆီးစစ်ဆေးနေသည့် အရာရှိသုံးဦးမှာ မှော်ဘီလေတပ်စခန်း တိုက်ခိုက်မှုနှင့် မသက်ဆိုင်

​စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးနေသည့် အရာရှိသုံးဦးမှာ မှော်ဘီလေတပ်စခန်း တိုက်ခိုက်မှုနှင့် မသက်ဆိုင်ဟု ပြည်သူ့အင်အားစု ထုတ်ပြန်


—People's Spring


မှော်ဘီလေတပ်စခန်းတိုက်ခိုက်မှု နှင့်ပတ်သက်ပြီး ဖမ်းဆီးစစ်ဆေးနေသည့် အရာရှိသုံးဦးမှာ တိုက်ခိုက်မှု ဖြစ်စဉ်နှင့် သက်ဆိုင်ခြင်းမရှိဟု ပြည်သူ့အင်အားစု(PF) အဖွဲ့က ထုတ်ပြန်သည်။


ဖေဖော်ဝါရီ ၁၈ရက်က မှော်ဘီလေတပ်စခန်းအား ပြည်သူ့အင်အားစုအဖွဲ့က ဗုံးဖြင့်တိုက်ခိုက်ခဲ့ရာ ယင်းဖြစ်စဉ်အပြီး လေတပ်စခန်းမှ အရာရှိစစ်သည်များကို စစ်ကောင်စီက စစ်ဆေးမှုမျာရပြုလုပ်ရာ ဗိုလ်မှူးထင်လင်းဖေ၊ ဗိုလ်ကြီးလွင်မျိုးထက်၊ ဗိုလ်ကြီးထက်အောင် တို့ စစ်ကောင်စီက ဖမ်းဆီးထားသည်ဟု ဆိုသည်။


မှော်ဘီလေတပ်စခန်းအား တိုက်ခိုက်ခဲ့မှုနှင့် ပတ်သက်၍ တပ်မတော်သားများအား အပြစ်မရှိဘဲ အတင်းအကျပ် ခေါ်ယူ စစ်ဆေးမေးမြန်း နှက်စက်မှုများကို ကြားသိရ၍ အထူးပင်ဝမ်းနည်းကြောင်း၊ ယခုကဲ့သို့ ထင်သလို နှိပ်စက်ညှင်းပန်းခံနေရမှုများကြောင့် အာဏာကို ဖီဆန်ရန်နှင့် ပြည်သူ့ရင်ခွင်သို့ အမြန်ခိုလှုံရန် တိုက်တွန်းကြောင်း ပြည်သူ့အင်အားစုအဖွဲ့က ထုတ်ပြန်ခဲ့သည်။


#လူထုနွေဦး

#LuduNwayOo

#People'sSpring

#PS

https://www.ludunwayoo.com

https://www.facebook.com/LuduNwayOo

https://www.instagram.com/ludunwayoo/


ဆက်ဖတ်ရန် →

အမေရိကန်အစိုးရဘက်ဂျက် ၂၀၂၂ နဲ့ နွေဦးတော်လှန်ရေးအပေါ် သက်ရောက်မှု

(၁)

အမေရိကန်ပြည်ထောင်စု ကွန်ဂရက်လွှတ်တော်က အမေရိကန်အစိုးရရဲ့ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွက် ဘက်ဂျက်ကို မတ်လ ၁၁ ရက်နေ့၊ သောကြာနေ့မှာ အတည်ပြုလိုက်ပါတယ်။ လွှတ်တော် နှစ်ရပ်စလုံးက တခဲနက်ထောက်ခံအတည်ပြုလိုက်တာမို့ သမ္မတ ဂျိုးဘိုင်ဒင်က ရက်ပိုင်းအတွင်းမှာ လက်မှတ်ရေးထိုးပြီး ဥပဒေဖြစ်လာပါလိမ့်မယ်။ အမေရိကန်ပြည်ထောင်စုရဲ့ ဘဏ္ဍာရေးနှစ်က အောက်တိုဘာလမှာ စပြီး စက်တင်ဘာလမှာ အဆုံးသတ်တာမို့ ဒီ ဘတ်ဂျက်ဟာ ၂၀၂၁ ခုနှစ် အောက်တိုဘာလကနေ ၂၀၂၂ ခုနှစ် စက်တင်ဘာလအထိ အစိုးရရဲ့ ကုန်ကျစားရိတ်များအတွက် ဖြစ်ပါတယ်။ တကယ်တော့ အခု ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွက် ၆ လလောက်တောင် နောက်ကျနေပါပြီ။ ဒီဘက်ဂျက်ကို အတည်မပြုနိုင်သေးခင်မှာ အစိုးရလုပ်ငန်းတွေ ရပ်တန့်မသွားစေဖို့ ကွန်ဂရက်လွှတ်တော်က အစိုးရကို အရင်နှစ်က ဘတ်ဂျက်ပမာဏအတိုင်း ဆက်လက်သုံးစွဲခွင့်ပြုတဲ့ ကာလတိုဘတ်ဂျက်ဥပဒေ (Short-term Continued Resolution) ၄ ကြိမ် ပြဋ္ဌာန်းပေးခဲ့ရပါတယ်။ နောက်ဆုံးအတည်ပြုပေးခဲ့တဲ့ ကာလတိုအသုံးစားရိတ်ဘတ်ဂျက်က မတ်လ ၁၁ ရက်နေ့အထိပဲ သက်တမ်းရှိတာမို့ ဒီတစ်ကြိမ်လည်း ပါတီကြီး ၂ ခုက လွှတ်တော်ကိုယ်စားလှယ်များ သဘောတူညီမှုမရခဲ့ရင် အစိုးရလုပ်ငန်းတွေ ရပ်တန့်ရမယ့် အခြေအနေမျိုး ရောက်ရှိနိုင်ပါတယ်။ ဒါကြောင့် အမေရိကန်ပြည်သူများက ကွန်ဂရက်လွှတ်တော်ရဲ့ ဆွေးနွေးမှုတွေကို စိုးရိမ်တကြီး စောင့်ကြည့်နေကြတာပါ။ 

အဲဒီအထဲ ကျနော်တို့ အမေရိကန်ရောက် မြန်မာတွေလည်း ပါကြပါတယ်။ ကျနော်တို့ စိုးရိမ်တကြီး စောင့်ကြည့်ကြတာက ကျနော့်တို့ မျှော်လင့်ထား၊ တောင်းဆိုထားတဲ့ နွေဦးတော်လှန်ရေးကြီးအတွက် ထောက်ပံ့ကူညီမှုတွေကို လွှတ်တော်ကိုယ်စားလှယ်များက အတည်မပြုမှာ၊ ချန်ထားရစ်ခဲ့မှာ၊ တစိတ်တပိုင်းပဲ ခွင့်ပြုမှာတွေကို စိုးရိမ်ပြီး စောင့်ကြည့်ကြပါ။ အခုတော့ အမေရိကန်အစိုးရအတွက် ၂၀၂၁-၂၀၂၂ ဘတ်ဂျက်ကို ကွန်ဂရက်လွှတ်တော်က အတည်ပြုလိုက်ပါပြီ။ မြန်မာနိုင်ငံနဲ့ နွေဦးတော်လှန်ရေးကြီးအတွက် ထောက်ပံ့ကူညီမှုများလည်း ကျနော်တို့ မျှော်လင့်သလို ပါဝင်ပါတယ်။ နိုင်ငံတကာ သတင်းတွေမှာတော့ ဒီ ဘတ်ဂျက်မှာပါဝင်တဲ့ ယူကရိန်းနိုင်ငံအတွက် အထောက်အပံ့ အကူအညီတွေကိုသာ ဦးစားပေးဖော်ပြနေတာမို့ ကျနော်က အမေရိကန်အစိုးရရဲ့ ဘတ်ဂျက်မှာ ပါဝင်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထောက်အပံ့များနဲ့ မူဝါဒများအကြောင်း ရှင်းပြချင်ပါတယ်။  

(၂)

အတည်ပြုလိုက်တဲ့ အမေရိကန်အစိုးရ ဘတ်ဂျက်ဥပဒေကို The Consolidated Appropriations Act 2022”လို့ ခေါ် ပြီး စာမျက်နှာပေါင်း ၂,၇၄၁ မျက်နှာ ရှိပါတယ်။ ဒီ့အပြင် အဲဒီ ဥပဒေနဲ့ တွဲဖက်အာဏာသက်ရောက်တဲ့ အသေးစိတ်ရှင်းပြချက်တွေ (The Explanatory Statements) ကလည်း အပိုင်းပေါင်း ၂၀ ကျော်၊ စာမျက်နှာပေါင်း ၂,၀၀၀ ကျော်ရှိပါတယ်။ ဒီလောက်များပြားတဲ့ စာမျက်နှာတွေထဲမှာ မြန်မာနိုင်ငံနဲ့ ပါတ်သက်သမျှက စာမျက်နှာ အနည်းငယ်ပဲရှိပါတယ်။ ဒါပေမယ့် အဲဒီ စာမျက်နှာအနည်းငယ်မှာ ကျနော့တို့ရဲ့ နွေဦးတော်လှန်ရေးကြီးအတွက် အားတက်စရာ အချက်အလက်တွေ ပါရှိပါတယ်။ အောက်ပါအတိုင်း အကျဉ်းချုပ်ပြီး ရှင်းပြပါရစေ။         

ကွန်ဂရက်လွှတ်တော်က ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်မှာ မြန်မာနိုင်ငံကို အမေရိကန်ဒေါ်လာ ၁၃၆ သန်း ၁သိန်း ၂သောင်း ၇ထောင် ($ ၁၃၆,၁၂၇,၀၀၀) ထောက်ပံ့ဖို့ သတ်မှတ်ပါတယ်။ အဲဒီ ထောက်ပံ့မှုတွေဟာ အောက်ပါအကြောင်းအရာများအတွက် ဖြစ်ပါတယ်။

# ကချင်၊ ချင်း၊ မွန်၊ ကရင်၊ ကရင်နီ၊ ရခိုင်နဲ့ ရှမ်းပြည်နယ်များအတွင်း တိုင်းရင်းသားလူမျိုးစုများ၊ မတူကွဲပြားသော ကိုးကွယ်ယုံကြည်မှုများအကြား အပြန်အလှန် နားလည်မှု၊ ညီညွတ်မှုများကို တည်ဆောက်ရန်၊ လိင်ပိုင်းဆိုင်ရာနှင့် Gender-based အကြမ်းဖက်မှုများကို တားဆီး တိုက်ဖျက်ရန် ဆောင်ရွက်မှုများ၊  

# မြန်မာနိုင်ငံအရှေ့ပိုင်း၊ ထိုင်းနယ်စပ်ဒေသရောက် ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်များ (IDPs) ကို အကူအညီပေးနေကြတဲ့ ဒေသအခြေပြုအဖွဲ့အစည်းများ (Community-Based Organizations)၊ (မြန်မာဒုက္ခသည်များကို ကူညီထောက်ပံ့ရန် သီးခြား သတ်မှတ်ထားသည့် Migration and Refugees Assistance Fund ရန်ပုံငွေများအပြင်) 

# မြန်မာဖက်ဆစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးခြင်း၊ အထောက်အထားရှာဖွေစုဆောင်းခြင်းဆိုင်ရာလုပ်ငန်းများ။ 

# အရေးအကြီးဆုံးအချက်ကတော့ ""အသေးစိတ် ရှင်းလင်းချက် အပိုင်း ၄" (Section 4: The Explanatory Statement Division K) မှာ ဖော်ပြထားတဲ့ အဖွဲ့အစည်းများ၊ အားလုံးပါဝင်သော၊ အားလုံးကို ကိုယ်စားပြုသော ဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် မြန်မာနိုင်ငံတွင်းရှိ တိုင်းရင်းသားလူမျိုးစုများအကြား တန်းတူညီမျှရေး ဆောင်ရွက်နေသော အဖွဲ့အစည်းများ"" ရဲ့ စီမံခန့်ခွဲရေးနှင့် ရုံးလုပ်ငန်းဆိုင်ရာ အစီအစဉ်များ၊ ငြိမ်းချမ်းရေးအတွက် အားထုတ်ကြိုးပမ်းမှုများကို ကွန်ဂရက်လွှတ်တော်ရဲ့ ဘဏ္ဍာငွေခွဲဝေသတ်မှတ်ရေးကော်မတီများ (Appropriations Committees) နဲ့ ကြိုတင်ညှိနှိုင်းတိုင်ပင်ပြီး ထောက်ပံ့ကူညီရန် ဖြစ်ပါတယ်။ အဲဒီအပိုင်းမှာ "ဘယ်အဖွဲ့အစည်းများ" ဆိုတာကို အသေးစိတ် ဖော်ပြမထားလို့ အဲဒီ စာပိုဒ်ရဲ့ ညွှန်ကြားချက်အတိုင်း  "အသေးစိတ် ရှင်းလင်းချက် အပိုင်း ၄" ကို ရှာကြည့်ပါတယ်။ အဲဒီမှာ ဖော်ပြထားတဲ့ အဖွဲ့အစည်းများက အောက်ပါအတိုင်းဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) 

စီဒီအမ် (CDM)

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (EAOs) ရဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများ

ဒါဟာဖြင့် ကျနော်တို့ မျှော်လင့်တောင်းဆိုတာကို အမေရိကန်ကွန်ဂရက်လွှတ်တော်က ဖြည့်ဆည်းပေးလိုက်တာပါ။ 

ကွန်ဂရက်လွှတ်တော်က အမေရိကန်အစိုးရကို မြန်မာနိုင်ငံအတွက် ၂၀၂၁-၂၀၂၂ တစ်နှစ်စာ အမေရိကန်ဒေါ်လာ ၁၃၆ သန်း ၁သိန်း ၂သောင်း ၇ထောင် ထောက်ပံ့ကူညီခွင့်ပြုပြီး အဲဒီ ဘတ်ဂျက်ထဲကမှ NUG၊ NUCC၊ CRPH၊ CDM နဲ့ EAOs စတဲ့ နွေဦးတော်လှန်ရေးဦးဆောင်အဖွဲ့အစည်းများကို အကြမ်းမဖက်လှုပ်ရှားမှုများ (ရုံးလုပ်ငန်း၊ အုပ်ချုပ်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးရေး၊ ၊ ဒီမိုကရေစီအရေး၊ ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး၊ စသည်များ) အတွက် တရားဝင် ထောက်ပံ့ကူညီခွင့်ပြုလိုက်တာပါ။ ကျနော်တို့အတွက် အင်မတန်ကြီးမားတဲ့ အောင်မြင်မှုပါ။  

(၃) 

ဆက်လက် ပြဋ္ဌာန်းထားတာတွေကတော့ ကန့်သတ်ချက်တွေပါ။ ဒီဥပဒေမှာ လျာထားသတ်မှတ်တဲ့ ထောက်ပံ့ငွေများကို မြန်မာဖက်ဆစ်တပ်အတွက် အကျိုးရှိစေမယ့် လုပ်ငန်းတွေမှာ လုံးဝအသုံးပြုခွင့် မရှိပါ။ “နိုင်ငံတော် စီမံခန့်ခွဲရေးကောင်စီ" အပါအဝင် မြန်မာဖက်ဆစ်တပ်က ထိန်းချုပ်ထားတဲ့၊ ဖွဲ့စည်းထားတဲ့၊ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ပါတ်သက်တဲ့၊ ဘယ်လိုအဖွဲ့အစည်းမျိုးအတွက်မှ သုံးခွင့်မရှိပါ။ တိုင်းရင်းသားလူမျိုးစုတွေ၊ ဘာသာရေးအမြင်ကွဲပြားသူတွေ၊ သာမာန်ပြည်သူတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အဓမ္မအနိုင်ကျင့်မှုတွေ ကျူးလွန်တဲ့၊ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များအားလုံးအတွက် သုံးခွင့်မရှိပါ။ 

အဲဒါအပြင် ကွန်ဂရက်က အတည်ပြုတဲ့ ဘတ်ဂျက်ထဲမှာ ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို ကူညီထောက်ပံ့ဖို့ သတ်မှတ်ထားတဲ့ ဘတ်ဂျက်ထဲက အမေရိကန်ဒေါ်လာ ၂၃သန်း ၅သိန်းကို ဘင်္ဂလားဒေ့ရ်ှနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံက ဒုက္ခသည်များအတွက် အသုံးပြုရမယ်လို့ သတ်မှတ်ထားပါတယ်။ ပြီးတော့ နောက်ထပ် အမေရိကန်ဒေါ်လာ ၂သန်းကို ရိုဟင်ဂျာဒုက္ခသည်များရဲ့ ဒီမိုကရေစီဆိုင်ရာ လှုပ်ရှားမှုများမှာ အသုံးပြုခွင့်ပေးထားပါတယ်။ 

ဒီ ဘတ်ဂျက်ဥပဒေ အတည်ပြုပြီး ရက်ပေါင်း ၉၀ အတွင်းမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနနဲ့ အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်မှုအေဂျင်စီ (USAID) တို့က တာဝန်ခံအရာရှိတွေဟာ လွှတ်တော် ၂ ရပ်က ဘဏ္ဍာငွေခွဲဝေသတ်မှတ်ရေးကော်မတီများနဲ့ တွေ့ဆုံပြီး အကောင်အထည်ဖော်မယ့် ထောက်ပံ့ကူညီရေးအစီအစဉ်များကို ညှိနှိုင်းရမယ်လို့လည်း ပြဋ္ဌာန်းထားပါတယ်။  

(၄)

အခုအတည်ပြုလိုက်တဲ့ ၂၀၂၁-၂၀၂၂ ဘတ်ဂျက်ဥပဒေပါ မြန်မာနိုင်ငံအတွက် ထောက်ပံ့ကူညီရေး ပြဋ္ဌာန်းချက်တွေဟာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့မှာ အတည်ပြုခဲ့တဲ့ အမျိုးသားကာကွယ်ရေး အာဏာအပ်နှင်းမှုဥပဒေ ၂၀၂၂ (National Defense Authorization Act 2022/ NDAA) ပါ မြန်မာနိုင်ငံဆိုင်ရာ ပြဋ္ဌာန်းချက်များကို ထပ်မံ အားဖြည့်ထားခြင်း ဖြစ်ပါတယ်။ NDAA က ပြဋ္ဌာန်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ ပြဋ္ဌာန်းချက်များက အောက်ပါအတိုင်း ဖြစ်ပါတယ်။  

၁။ ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့၊ အာရှဖွံ့ဖြိုးရေးဘဏ် စတဲ့ နိုင်ငံတကာငွေကြေးအဖွဲ့အစည်းများက မြန်မာဖက်ဆစ်တပ်အား ငွေကြေးနှင့် နည်းပညာ ထောက်ပံ့ခြင်း၊ ချေးငှါးခြင်း၊ လွှဲပြောင်းပေးခြင်း၊ အာမခံခြင်းများ လုံးဝမပြုလုပ်ရန်။

၂။ ဥပဒေအတည်ပြုပြီးသည့်နေ့မှ ရက်ပေါင်း ၆၀ အတွင်း အမေရိကန်အစိုးရ ထိပ်တန်းအရာရှိများက ကွန်ဂရက်လွှတ်တော်အား မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အစိုးရ၏ ဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြရန်။ အဲဒီလို ရှင်းလင်းတင်ပြရာမှာ 

(က) အမေရိကန်အစိုးရက NUG၊ CDM နဲ့ အခြားသော တော်လှန်ရေးအဖွဲ့အစည်းများ နိုင်ငံတကာမှ တရားဝင်အသိအမှတ်ပြုခံရရေးအတွက် မည်သို့မည်ပုံ ကူညီနေသည်များ ပါဝင်ရန်၊ 

(ခ) အမေရိကန်အစိုးရမှ မဟာမိတ်နိုင်ငံများနှင့် တွဲဖက်၍ မြန်မာဖက်ဆစ်တပ်အပေါ် ချမှတ်ထားသော အရေးယူမှုများအားနှင့် မြန်မာစစ်အုပ်စု၏ တရားဝင်အစိုးရအဖြစ်မှ ငြင်းပယ်မှုများအား ရှင်းပြရန်။

(ဂ) အမေရိကန်အစိုးရမှ မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးမှုများ၊ ကျန်းမာရေးနှင့် ဒုက္ခသည်များအရေးဆိုင်ရာ ကူညီမှုများ၊ NUG နဲ့ အရပ်ဖက်အဖွဲ့အစည်းများ၏ ဒီမိုကရေစီရေး ဆောင်ရွက်မှုများအပေါ် ကူညီမှုများကို ရှင်းလင်းတင်ပြရန်၊

NDAA က ပြဋ္ဌာန်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒတွေကို ဘတ်ဂျက်ဥပဒေပါ မြန်မာနိုင်ငံဆိုင်ရာ ထောက်ပံ့ငွေ ခွဲဝေသတ်မှတ်မှု၊ NUG၊ NUCC၊ CRPH၊ CDM၊ EAOs များအား တရားဝင်ထောက်ပံ့ခွင့်ပြုမှုနဲ့ အသေးစိတ်လမ်းညွှန်ချက်တွေက ထပ်မံအားဖြည့်လိုက်တာပါပဲ။

ဒီဥပဒေများကို လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့၊ ဒီ ဘတ်ဂျက်ဥပဒေပါ အထောက်အပံ့များကို လက်တွေ့ရနိုင်ဖို့အတွက် NUG၊ NUCC၊ CRPH၊ EAOs စတဲ့ အဖွဲ့အစည်းများက စတင်လှုပ်ရှားဖို့ လိုပါတယ်။ သက်ဆိုင်ရာအဖွဲ့အစည်းအလိုက် လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ အုပ်ချုပ်ရေး၊ ၊ ဒီမိုကရေစီရေး၊ စစ်ပြေးဒုက္ခသည်များကို ကူညီထောက်ပံ့ရေး၊ စီဒီအမ်ဝန်ထမ်းများကို ထောက်ပံ့ရေး၊ လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းတင်ရေး၊ အမျိုးသမီးနဲ့ ကလေးသူငယ်များအရေး စတဲ့ လက်နက်ကိုင်လှုပ်ရှားမှုနဲ့ မပါတ်သက်သော လုပ်ငန်းများအတွက် အစီအစဉ်များ၊ ခန့်မှန်းကုန်ကျစားရိတ်များ၊ တာဝန်ယူမှု၊ တာဝန်ခံမှုစနစ်များကို ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ အဲဒီ ကြိုတင်ပြင်ဆင်ထားတဲ့ အစီအစဉ်များနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန၊ USAID နဲ့ ကွန်ဂရက်လွှတ်တော်၊ ဘဏ္ဍာငွေခွဲဝေသတ်မှတ်ရေးကော်မတီများ ကို ဆက်သွယ်ဆွေးနွေးသင့်ပါတယ်။


(မတ်လ ၁၂၊ ၂၀၂၂)  

 Aung Din 


ဆက်ဖတ်ရန် →

​အမေရိကန်က မြန်မာ့နွေဦးတော်လှန်ရေးကိုဒေါ်လာ၁၃၆သန်းထောက်ပံ့

​အမေရိကန်က မြန်မာ့နွေဦးတော်လှန်ရေးကို ထောက်ပံ့ဖို့ ဒေါ်လာ၁၃၆သန်းတဲ့။ 

အထက်လွှတ်တော်ရော အောက်လွှတ်တော်ကရော ထောက်ခံပြီးတာမို့ သေချာသလောက်နီးပါးတော့ ရှိနေပါပြီ။ ရက်ပိုင်းအတွင်း မစ္စတာဘိုင်ဒန် လက်မှတ်ထိုးအတည်ပြုဖို့ပဲ ကျန်ပါတော့တယ်။ 

ဒီ၁၃၆ သန်းဟာ နွေဦးတော်လှန်ရေးအတွက် ထိရောက်တဲ့နေရာမှာ အသုံးပြုခွင့်ရမယ်ဆိုတော့ဖြင် စောက်ပုရဲ့ နေ့ရက်တွေကို အမြန်အဆုံးသတ်နိုင်မယ်လို့ မျှော်လင့်ရတယ်။ 

မုန်တိုင်းနေ့စွဲတွေမှာ လေပြေရနံ့ကို လှမ်းရလိုက်တာပဲ။

❤️

ပန်ဆယ်လို


နွေဦးတော်လှန်ရေးအတွက် အထောက်အကူပြုဖို့ ကန်ဒေါ်လာ ၁၃၆ သန်းကျော် အကူအညီပေးရေး ပါဝင်ထားတဲ့ အမေရိကန်အစိုးရဘတ်ဂျက်ကို လွှတ်တော်က အတည်ပြု


အမေရိကန်ပြည်ထောင်စု ကွန်ဂရက်လွှတ်တော်ကနေပြီးတော့ အမေရိကန်အစိုးရအတွက် ၂၀၂၁-၂၀၂၂ ခုနှစ် ဘတ်ဂျက်ကို မတ် ၁၁ ရက်က အတည်ပြုခဲ့ရာ အဲဒီဘတ်ဂျက်ထဲမှာ မြန်မာ့နွေဦးတော်လှန်ရေးအတွက် ကန်ဒေါ် လာ ၁၃၆ သန်းကျော်အကူအညီပေးမယ့်အစီအစဉ်တွေ ပါဝင်နေတာ တွေ့ရပါတယ်။


ဒီဘတ်ဂျက်ကို အမေရိကန်လွှတ်တော်နှစ်ရပ်စလုံးကထောက်ခံပြီးတာမို့ သမ္မတဂျိုးဘိုင်ဒင်က ရက်ပိုင်းအတွင်း လက်မှတ်ရေးထိုးအတည်ပြုမယ်လို့လည်း ဆိုထားပါတယ်။


လွှတ်တော်က အတည်ပြုလိုက်တဲ့ ဘတ်ဂျက်ထဲမှာ မြန်မာနိုင်ငံအတွက် အမေရိကန်ဒေါ်လာ ၁၃၆,၁၂၇,၀၀၀ ထောက်ပံ့ဖို့ သတ်မှတ်ထားတာပါ။


ဒီသတ်မှတ်ချက်တွေထဲမှာ ကချင်၊ ချင်း၊ မွန်၊ ကရင်၊ ကရင်နီ၊ ရခိုင်နဲ့ ရှမ်းပြည် နယ်များအတွင်း တိုင်းရင်းသားလူမျိုးစုများ၊ မတူကွဲပြားသော ကိုးကွယ်ယုံ ကြည်မှုများအကြား အပြန်အလှန် နားလည်မှု၊ ညီညွတ်မှုများကို တည်ဆောက်ရန်၊ လိင်ပိုင်းဆိုင်ရာနှင့် Gender-based အကြမ်းဖက်မှုများကို တားဆီးတိုက်ဖျက်ရန် ဆောင်ရွက်မှုတွေ၊  မြန်မာနိုင်ငံအရှေ့ပိုင်း၊ ထိုင်းနယ်စပ်ဒေသရောက် ပြည်တွင်းရွှေ့ပြောင်း ဒုက္ခသည်များ (IDPs) ကို အကူအညီပေးနေကြတဲ့ ဒေသအခြေပြုအဖွဲ့အစည်းတွေ (Community-Based Organizations)၊ (မြန်မာဒုက္ခသည်များကို ကူညီထောက်ပံ့ရန် သီးခြား သတ်မှတ်ထားသည့် Migration and Refugees Assistance Fund ရန်ပုံငွေများအပြင်)၊ မြန်မာဖက်ဆစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးခြင်း၊ အထောက်အထားရှာဖွေစုဆောင်းခြင်းဆိုင်ရာလုပ်ငန်းတွေ အတွက်ဆိုပြီးတော့ အမေရိကန် မှာ နေထိုင်တဲ့ စာရေးဆရာအောင်ဒင်က သုံးသပ်ထားပါတယ်။


ထောက်ပံ့ပေးဖို့ အဖွဲ့အစည်းတွေကတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ၊ စီဒီအမ် (CDM) နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (EAOs) ရဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းတွေဖြစ်တယ် လို့ ဆိုပါတယ်။


၁၃.၃.၂၀၂၂

#crd_to_owner

#CRPH

#NUG_Our_Legitimate_Government

#Pdfnews

#RejectMilitaryCoupInMyanmar



ဆက်ဖတ်ရန် →

အကိုင်ခံတော့မယ့် သက်သက်ခိုင်

​ကျော်ဇေယျ က သက်သက်ခိုင်ဆီက

ဆီမလာပဲမလာတော့လို့

ပါတီကထွက်လိုက်ပြီ

သက်သက်ခံလဲဝန်ကြီးလုပ်ချင်တာ

လုပ်ရပြီ ဆိုတော့ ပါတီကိုစိတ်မဝင်စား

တော့ဖူး၊အံမယ် အတိုင်ပင်ခံရာထူး

တောင်ရတော့မယ်ကြားတယ်

မအလရဲ့အကိုင်ခံရာထူးပဲဖြစ်လာမှာ

မအလ အရောင်ပြောင်းတာကြူခေါမ

တောင်မျက်လုံးဒေါက်ထောက်ကြည့်

နေရတယ်၊

မတူဖူးလေ ဒေါ်ဦးအောင်ကျော်ဝင်းက

အနံ့ပဲရှူရတာဆိုတော့ မအလက

ဈေးဦးဖေါက်ဖို့ချောင်းနေတာ

အောင်ကျော်ဝင်းကစိတ်နာပြီး

သိန်း၄၀တန် ၃၄သိန်းနဲ့လျော့

ရောင်းပစ်တယ်၊

သက်သက်ခိုင်ပါတီဖွဲ့တာအဲ့ဒါပဲ

အကိုင်ခံချင်လို့၊

ကြူခေါမနဲ့တွေ့ကြပြီပေါ့


သက်သက်ခိုင်ပုံရှာမရလို့

အေးနေဝင်းရိုက်ထားတဲ့

ပုံလေးပဲကြည့်တော့😋


ဆက်ဖတ်ရန် →

တိုက်တိုင်းကျ အလောင်းတော်တွေ

​


အနှစ်၇၀လောက်ခိုးထားတဲ့ပိုက်ဆံတွေ

သူတို့အိပ်ထဲပဲရောက်တာ

အောက်ကစခတွေက ကပစထုတ်အကျိူး

အပျက်တွေနဲ့ တိုက်တိုင်းကျ အလောင်း

တော်တွေ မြေဩဇာ တွေဖြစ်ကုန်ပြီ

ထွက်သာပြေးကြပေတော့

အသက်ကိုဉာဏ်ပဲစောင့်တယ်

ဘပုမစောင့်ဖူး

ခွေးပြောခွေးယုံ

ခွေးလိုပဲ သေကြ

အဲ့မှာ


ဆက်ဖတ်ရန် →

ဘောမဒလန်တွေပြောသမျှ လိုက်လုပ်နေတဲ့မအလ

​ 

 

ကောင်းမှုတော်စေတီမှ စည်တော်ကို ဖယ်ရှားရန် စစ်ကောင်စီ ကြိုးပမ်း




ဇော်ရဲသွေး

Published on Mar 12, 2022

Myanmar Now

အာဏာသိမ်းဗိုလ်ချုပ်ကြီးများကြောင့် အပြောင်းအလဲများစွာ ဆက်တိုက်ပေါ်ပေါက်နေရာ များမကြာမီ ဖြစ်ပေါ်လာမည့် ပြောင်းလဲမှုမှာ နာမည်ကျော်စေတီတစ်ဆူနှင့် ပတ်သက်နေသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရလက်ထက်က စစ်ကိုင်းမြို့အနီး ရာဇမဏိစူဠာ ကောင်းမှုတော်စေတီ ပရိဝုဏ်အတွင်း တည်ထားခဲ့သော စည်ကြီးတစ်လုံးကို ဖြုတ်ချဖယ်ရှားရန် စစ်ကောင်စီက ပြင်ဆင်နေခြင်း ဖြစ်သည်။


ပန်းပုဆရာတစ်ဦးက ကမ္ဘာ့အကြီးဆုံး ဖြစ်ဖွယ်ရှိသော သစ်တစ်လုံးထွင်းစည်ကြီးကို သီတဂူဆရာတော် ဦးဉာဏိဿရ၏ ၈၂ နှစ်မြောက် မွေးနေ့လက်ဆောင်အဖြစ် ထွင်းထုလှူဒါန်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဆရာတော်က ထိုစည်ကို မဟာဘေရီ ခေါ် အဓိကဒုန္ဒုဘ စည်တော်ကြီးဟု အမည်တပ်ခဲ့ပြီး ကောင်းမှုတော်စေတီ၏ အနောက်တောင်ထောင့်တွင် ညောင်ရမ်းခေတ်ပုံစံ အဆောက်အအုံတစ်ခုဆောက်လုပ်၍ ၂၀၁၉ မတ် ၁၉ တွင် ထားရှိခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီက ထိုစည်ကို ဖြုတ်ချ၍ အလှူရှင်နေထိုင်ရာ စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်မြို့နယ်သို့ ပို့ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။


အင်းတော်မြို့နယ်၏ မြို့နယ်ကောင်စီအဖွဲ့က စည်တော် ပြန်သယ်ယူရေးကိစ္စနှင့်ပတ်သက်၍ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကပင် အသိပေးခဲ့ကြောင်း ကိုယ်တိုင်ထွင်းထုခဲ့သော အလှူရှင် ဦးကျော်ညွန့်က Myanmar Now ကိုပြောသည်။

“မြို့နယ်(ထွေအုပ်)ကတော့ လာခေါ်တယ်၊ ဒါ သယ်ချင်တယ်ပေါ့။ အဲဒါ ဆရာတော်ကြီး သဘောပါ၊ သယ်ချင်သယ်ပေါ့၊ ကျွန်တော့်အနေနဲ့ ဘာမှပြောစရာမရှိဘူး၊ ဆရာတော်ကြီးခွင့်ပြုတယ်ဆိုရင်” ဟု ၎င်းကပြောသည်။


သို့သော် ပြန်သယ်ယူရေးကိစ္စနှင့်ပတ်သက်၍ သီတဂူဆရာတော် အပါအဝင် ကောင်းမှုတော်စေတီ ဂေါပကအဖွဲ့ဝင်များက ဆက်သွယ်အသိပေးလာခြင်း မရှိသေးကြောင်း ဦးကျော်ညွန့်က ပြောသည်။

အလျား ၁၂၈ လက်မ၊ အမြင့် ၆၄ လက်မနှင့် မျက်နာဝအကျယ် ၅၄ လက်မရှိသော ထိုစည်ကြီးကို  NLD လက်ထက်က ယတြာအစီအမံများဖြင့် ပြုလုပ်ခဲ့သည်ဆိုကာ ဖယ်ရှားရန် ကြိုးပမ်းနေခြင်းဟု ကြားသိရကြောင်း စစ်ကိုင်းမြို့ခံ အမျိုးသားတစ်ဦးကပြောသည်။

ထို့ပြင် ကပ်ဘေးကာလ ခရီးသွားများ လည်ပတ်ခွင့်ပိတ်ထားချိန်မှာ စစ်ကောင်စီတပ်က နှစ်ကြိမ်လာ၍ ထိုစည်ကို ဖွင့်ဖောက်စစ်ဆေးခဲ့သေးကြောင်း ဂေါပကအဖွဲ့ဝင်များနှင့် နီးစပ်သော အထက်ပါ အမျိုးသားက ပြောသည်။

စည်ကို ဖြုတ်ချဖယ်ရှားရန် စစ်ကောင်စီ၏ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်မြတ်ထွန်းဦး၊ စစ်ကောင်စီခန့် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးမြတ်ကျော်၊ သီရဂူဆရာတော် အရှင်ဉာဏိဿရတို့ ယခုလ ၉ ရက်နေ့တွင် တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ထိုတွေ့ဆုံပွဲကို ကောင်းမှုတော်စေတီတွင် ပြုလုပ်သော်လည်း ဂေါပကများ တက်ရောက်ခွင့် မရခဲ့ကြောင်း ဂေါပကအဖွဲ့ဝင်တစ်ဦးက Myanmar Now ကိုပြောသည်။

“အစည်းအဝေးလုပ်တယ်ကြားတယ်။ ကိုယ်တို့ ဂေါပကတွေ မပါဘူး။ ဂေါပကတွေ တစ်ယောက်မှ ဝင်ခွင့်မရဘူး၊ လုံးဝ အဝင်မခံဘူး”ဟု ၎င်းကပြောသည်။

NLD အစိုးရလက်ထက်တွင် စစ်ကိုင်းတိုင်းအစိုးရအဖွဲ့၏ ဝန်ကြီးချုပ်ဖြစ်သူ ဒေါက်တာမြင့်နိုင်၊ သီရဂူဆရာတော်နှင့် ကောင်းမှုတော်စေတီ ဂေါပကအဖွဲ့ဝင်များ ပူးပေါင်း၍ စည်ကို နေရာချထားခဲ့ခြင်းဖြစ်သည်။

ထိုစည်ကို အလှူရှင်ထံ ပြန်ပို့မည်ဆိုသော်လည်း ဖြတ်ချ ဖယ်ရှားမည့်ရက် အတိအကျ မသိရသေးပေ။

စည်အတွင်းပိုင်းမှာ တရားဒေသနာတော်နှင့် ဂါထာတော်များ၊ ဗားမဲ့ဆရာတော်၏ ဂါထာတော်နှင့် လောကီအစီအမံများ၊ စည်လုံးပတ် အပြင်ဘက်မှာ ဗုဒ္ဓ၏ ခြေတော်ရာပါ ပုံပန်းသဏ္ဌာန်များကို ထည့်သွင်း ထုလုပ်ထားကြောင်း အစိုးရနှင့် ပုဂ္ဂလိကသတင်းဌာနများက ဓာတ်ပုံများနှင့်တကွ ဖော်ပြထားသည်။

တစ်နှစ်နီးပါးကြာ ကိုယ်တိုင်ထွင်းထုခဲ့ရသော အလှူရှင် ဦးကျော်ညွန့်က နိုင်ငံကောင်းကျိုးအတွက် ရည်ရွယ်ခဲ့သည်ဟု ပြောသည်။

“ဗေဒင်၊ ယတြာရယ်တော့ မဟုတ်ပါဘူးဗျာ။ ဘုရားဟောတဲ့ ဒေသနာတွေနဲ့ ပဲ ထုထားတာပါဗျာ။ အကောင်းဆုံးပေါ့နော။ အသံကို မြည်စေတယ်ပေါ့။ အဲဒီလိုမျိုး ဂါထာတွေပဲပါတာပါ။ ဒီပြင်ဟာတော့ မရှိပါဘူး။ အကောင်းဆုံး ကိုယ်နိုင်ငံ ချမ်းသာ စေချင်တယ် ဆိုတာမျိုး အဲဒီလိုဟာမျိုးတွေပဲ ပါတာပါ”ဟု 

ဧရာဝတီမြစ်ဘေးရှိ စစ်ကိုင်းမြို့နယ်အတွင်း ကြီးမားသော ကြေးခေါင်းလောင်း၊  သစ်တစ်လုံးထွင်းစည်၊ ရှေးဟောင်း စေတီပုထိုးများမှာ ပြည်တွင်းပြည်ပ ဧည့်သည်များကို အထူး ဆွဲဆောင်နေသည်။  

သီရဂူဆရာတော်သည်လည်း စည်ကြီးနှင့်ပတ်သက်၍ ထိုအချိန်က ဂုဏ်ယူဝင့်ကြွားဟန် ရှိခဲ့ကြောင်းတွေ့ရသည်။

“စည်တော်ကြီးက စည်တကာတို့ထက် လွန်ကဲသော ကြီးမားသော စည်တော်ကြီးဖြစ်တယ်။ …စည်တီးရွာသားတွေ စည်တော်ကြီးကို တီးခွင့်ရကြလျှင် တပြည်လုံး တကမ္ဘာလုံး ဓမ္မစည်သံကြီး ခြိမ့်ခြိမ့်တီး သိမ့်သိမ့်ဟီးလိမ့်မည်”ဟု ဒေါက်တာ အရှင်ဉာဏိဿရက မိန့်ဆိုခဲ့ကြောင်း ဧရာဝတီသတင်းဌာန၏ ဖော်ပြချက်တွင်တွေ့ရသည်။

စစ်ကောင်စီက ထိုစည်ကို ဖြုတ်ချဖယ်ရှားရန် ကြိုးပမ်းမှုမှာ ဗေဒင်၊ ယတြာ အခါတော်ပေးများ၏ တိုက်တွန်းမှုကြောင့် လုပ်မိလုပ်ရာ လုပ်ခြင်းသာဖြစ်နိုင်ကြောင်း စစ်ကိုင်းမြို့နေ အမျိုးသားတစ်ဦးက သုံးသပ်သည်။

“ဘာလုပ်လုပ် မအောင်မြင်၊ ကျဆုံးနေတာဆိုတော့ ဓာတ်ရူး နတ်ရူး ဘုန်ကြီးတွေ၊ ဂိုဏ်းဆရာတွေ ပြောသမျှ လိုက်လုပ်၊ လိုက်ဖျက်ဆီးနေတဲ့ သဘောဗျ” ဟု ထိုအမျိုးသားက မှတ်ချက်ပြုသည်။

“ဘုရားပစ္စည်း သူတပါးကောင်းမှုကို ဖျက်ဆီးရင် ဘယ်လို အပြစ်တွေ ခံစားရနိုင်တယ်ဆိုတာ ကျောက်စာတွေသာ ဖတ်ကြည့်ကြပေါ့”

အသက် ၆၆ နှစ် ပြည့်တော့မည့် အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၎င်း၏ အောက်ခြေစစ်သည်၊ အရာရှိတို့  အကျအဆုံးများလာသည့် ကာလတွင်  မွေးဇာတိကိုပြန်ပြီး ကျပ်သိန်း ထောင်ချီသုံးစွဲကာ ဗေဒင်၊ ယတြာ အစီအမံများ   လုပ်ဆောင်ထားသည်။

နိုင်ငံအနှံ့ စေတီများတွင် အလှူရှင်များက အရွယ်စုံ စည်၊ ခေါင်းလောင်း၊ ကြေးစည်များ လှူဒါန်းထားသည်ကို တွေ့နိုင်ပြီး ထိုအထဲမှ  ကောင်းမှုတော်စေတီရှိ  စည်ကြီးကို နေရပ်ပြန်ပို့ရန် စီစဥ်နေကြခြင်းနှင့် ပတ်သက်ပြီး စစ်ကောင်စီက ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။

ကြီးမားလုံးဝန်းသည့်ပုံစံ တည်ထားသော  အဖြူရောင် ကောင်းမှုတော်စေတီကို ယခင် စစ်ခေါင်းဆောင် ဦးသန်းရွေ အလိုကျ ရွှေရောင်ပြောင်းခဲ့သေးသည်။ ၈ နှစ်အကြာ ၂၀၁၈ တွင်  ကောင်းမှုတော်စေတီကို  အဖြူရောင်ဆေးသင်္ကန်း ပြန်လည်ကပ်လှူခဲ့သည်။

ဆက်ဖတ်ရန် →

ညီညီညာညာတိုက်ရမယ့်အချ်န်ရောက်ပြီ

​2019 မတ်လ၁၂

အာဆီယံကာချူပ်အစည်းအဝေးမှာမအလပြောခဲ့တာ၊

EAOsတွေကဒီမိုအစိုးရမရှိမှပတ်ဝန်းကျင်ကောင်း

ဖန်တီးလို့မရမှာဖြစ်လို့အာဏာသိမ်းတယ်

EAOsတွေကိုနှိမ်နင်းဖို့ ဒီမိုကရေစီအနှစ်သာရကို

ဖျက်စီးပစ်တယ်။

ငြိမ်နေတဲ့ EAOsတွေ ခံလို့ကောင်းနိုင်ကြပါစေ

တိုက်မယူပဲဘယ်တော့မှမင်းတို့ပြောတဲ့အခွင့်အရေး

ဆိုတာရလာမှာမဟုတ်ဖူး စောင့်နေပေးလိမ့်မယ်အဲ့မှာ


စစ်ကိုင်းကတူမီး၊လက်လုပ်မိုင်းနဲ့ပဲတိုက်နေတာ

စိတ်ဓါတ်ပဲလိုတယ်၊သူတို့ကိုကူညီထောက်ပံ့တာ

လုပ်ပေးကြပါလား

အဲ့မှာ ရာဘပဲထုတ်ပြီးဇိမ်ခံနေကြ

တချိန်မှာသမိုင်းရေးရင် ဘိန်းစားနာမည်တပ်ပေးမယ်

တိုက်တဲ့EAOsတွေကအလုံးအရင်းနဲ့တိုက်

မင်းတို့ကအဲ့မှာမှိန်းနေလိုက်

ဖက်ဒရယ်တို့ လွတ်လပ်ပိုင်ခွင့်တို့ထပ်ပြောကြည့်

ပါးစပ်ထဲ L**တွေရောက်လာလိမ့်မယ်


တိုက်နေတဲ့ PDF နဲ့ EAOsအဖွဲ့တချို့ ကိုကူညီရမယ့်

အချိန်ရောက်ပြီ၊ ဘိန်းခန်းထဲကထွက်ခဲ့ကြ

L**ပဲ၊



ဆက်ဖတ်ရန် →

မိုးဟိန်း၊ဘကွန်း၊ရေသည်၊သဇင်ဦး မြောင်းထဲပို့ရန်

​Report အဝထုရန် ဂျောက်ချဘောမများ​၏ Telegram အကောင့်များ


ဟန်ငြိမ်းဦး (ရေသည်ထော့ကျိူး)

https://t.me/HNO969777



ဟန်ငြိမ်းဦးအရံအကောင့်

https://t.me/Uhan96999


-------------


ဖိုးကွန်း

https://t.me/Yaungbioo



----------------


မိုးဟိန်း(သူရိယနေဝန်း)

https://t.me/Moehein777


------------


သဇင်ဦး

https://t.me/Thazinoo969



MWD News

https://t.me/mwdnews




ဆက်ဖတ်ရန် →

မစို့မပို့နဲ့ အသားကျ သွားရင် တစ်သက်လုံး မစို့မပို့ပဲ နေရတော့မှာ

​မီးတွေ ၂၄ နာရီ ပျက်မယ် ဆိုပြီး အသံလွှင့် လိုက်တော့ လူတွေ ပူညံ ပူညံ ဖြစ်ကုန်တယ်။ ပြီးတော့မှ တကယ် မပျက်ပါဘူး၊ အချိန်ပိုင်း လောက်ပဲ ဖြတ်မှာပါ ဆိုတော့ တော်ပါသေးရဲ့ ဆိုပြီး စိတ်သက်သာ သွားကြတယ်။ အဲဒီမှာ အရင်ကလို ၂၄ နာရီ မီးလင်းခဲ့တဲ့ အခြေအနေ ပြန်မရောက်တာကို လက်ခံနိုင် သွားကြတယ်။

ညဘက်တွေ ၈ နာရီကနေ မနက် ၆ နာရီ အထိ အပြင်ထွက်ခွင့် ပိတ်ထားတုန်းက လူတွေ အဆင်မပြေ ဖြစ်ကြတယ်။ နောက်ပိုင်းမှာ ၁၀ နာရီ ကနေ ၄ နာရီ ဆိုပြီး ပြန်လျှော့ ပေးလိုက်တဲ့ နည်းနည်း လှုပ်သာ လှည့်သာ ရှိသွားတယ်။ အဲဒီမှာ အရင်ကလို စိတ်ကြိုက် သွားလာလို့ ရတဲ့ အခြေအနေ ပြန်မရောက် တာကို လက်ခံ သွားကြတယ်။

ဆီစျေးတွေ ၂ ထောင်ကျော် အထိ တက်သွားတော့ သွားရေး လာရေး တော်တော် ခက်ခဲ ကြတယ်။ တကယ်လို့များ ၁၀၀-၂၀၀ လောက် ပြန်ကျပြီး ၁၈၀၀-၁၉၀၀ ဝန်းကျင်လောက် ပြန်ဖြစ်ရင် တော်သေးတယ်လို့ တွေးကြမှာပဲ။ အရင်လို တစ်ထောင်ဝန်းကျင်နဲ့ ရတဲ့ အခြေအနေ ပြန်မရောက်တာကို လက်ခံသွားကြ လိမ့်မယ်။

အဲဒါ အာဏာရှင်တွေ လုပ်နေကြ အကွက်တွေကို ဥပမာ ပြောပြတာ။ နိုင်ငံသား တစ်ယောက်ရဲ့ အခွင့်အရေးနဲ့ သက်သာ ချောင်ချိမှု တွေကို အတင်း အဓမ္မ သိမ်းယူပြီးမှ သူတို့ မထိခိုက်ရုံ မစို့မပို့လေး ပြန်ပေးတာ။ 

အဲဒီ မစို့မပို့နဲ့ အသားကျ သွားရင် တစ်သက်လုံး မစို့မပို့ပဲ နေရတော့မှာ။ 

အခွင့်သာခိုက်မှာ ရုန်းမထွက်ကြရင် တစ်သက်လုံး မစင်တွင်း ထဲမှာပဲ ပျော်ပိုက်နေ ရလိမ့်မယ်။


Zin Thaw Naing ရေးသားသည်။


Photo: Crd


ဆက်ဖတ်ရန် →

​#နာမည်ကြီးနေတဲ့ခသစိုးဝင်းအကြောင်း


စိုးဝင်း မိန်းမ သန်းသန်းနွယ်က မန္တလေးက သူ့မောင်အရင်း မျိုးညွန့်နဲ့ မိန်းမ မီမီသန့်ကမန္တလေးမှာနေတယ်(စျေးချိုဘက်ကကုန်သည်အသိုင်းအဝိုင်းကတော့သိကြတယ်)။


 စိုးဝင်းတို့ဖားကန့်ကကျောက်ကုမ္ပဏီကို ဦးစီးပေးအမည်ခံပေးပြီးစင်ကာပူကိုထုတ်ပေးနေကြတာ။


သူတို့ရဲ့သမီး၂ ယောက်က စင်ကာပူမှာ စိုးဝင်းတို့အတွက်တိုက်ခန်းဝယ်တာ Money laundryလုပ်ပေးတာ။ 


မီမီသန့်အမ ရှေ့နေ လှလှဝင်းဆိုတာ ပထမပုဂ္ဂလိကဘဏ်မှာရှယ်ရာအများဆုံးပိုင်ပြီး ငွေဖြူလုပ်တာမှာကူပေးတယ်။ 


ရှေ့နေလှလှဝင်း မန္တလေးမှာနေတဲ့ လိပ်စာက ဆီဆိုင်ဖွင့်ထားတယ် မန်းလေးလွှတ်တော်နားက ရေမြောင်းကပ်ရက်မှာလဲ ခြံရှိတယ်။


သန်းသန်းနွယ်က မန်းလေးလာရင် သူပိုင်တဲ့ ရေစစ်ကန်နားက အိမ်မှာနေတယ်။ 


စိုးဝင်းနဲ့သန်းသန်းနွယ် ပေါက်တဲ့ သားသမီးမရှိဘူး၊ သန်းသန်းနွယ်အရင်တရုတ်ယောကျာ်းနဲ့ရတဲ့ သား ၂ ယောက်ကိုပြန်မွေးစားထားတယ်။


မန္တလေးမှာ ဒေါ်သန်းသန်းနွယ်ရဲ့ သားနှစ်ယောက် နဲ့ ချွေးမ အမည်တွေနဲ့ ပိုင်ဆိုင်မှုတွေကိုထားတာ။ 


မေမြို့ကနွယ်ဝတီဟိုတယ်ကလည်း စိုးဝင်းတို့ပိုင်တာ။ 

ဖားကန့်ကကျောက်ကုမ္ပဏီ

စင်ကာပူကတိုက်ခန်းတွေ(တခြားစီးပွါးရေးရှိသလားတောင်မသိဘူး) 

မန္တလေးကခြံ/အိမ်ပိုင်ဆိုင်မှုတွေ

မေမြို့ကနွယ်ဝတီဟိုတယ် 

ဒါတွေအားလုံးကိုအမျိုးအဆွေတွေကနာမည်ခံပြီးလုပ်ပေးနေတာပဲ။


 ပုံ-၁ သန်းသန်းနွယ်ယောင်းမ မီမီသန့်။


ပုံ-၂ စိုးဝင်းယောက်ဖ သန်းသန်းနွယ်မောင်အရင်း


အဲကြောင့် ဘာပဲဖြစ်ဖြစ် ငါတို့အမြစ်ဖြတ်နိုင်မှ ငါတို့နိုင်မှ ဖြစ်မယ်ဆိုတာပဲ...


မူရင်းလင့် https://m.facebook.com/story.php?story_fbid=453656569819094&id=100055242657018

ဆက်ဖတ်ရန် →

​အာဏာရှင်ဟောင်းနေဝင်းမြေး ပိုင်ဆိုင်သည့်YBSယာဉ် ဗုံးခွဲခံရ


ရန်ကုန်၊ မတ် ၁၁

လူငယ့်ခေတ်

အာဏာရှင်ဟောင်းဦးနေဝင်း၏မြေး ကျော်နေဝင်းပိုင်ဆိုင်သည့် Omni Focusကုမ္ပဏီလက်အောက်ရှိ YBSကားတစ်မှာ ယနေ့ ညနေပိုင်းတွင် ဗုံးခွဲခံရကြောင်း ဒေသခံများထံမှသိရသည်။


ဖြစ်စဉ်မှာ ယနေ့ ညနေပိုင်းတွင် လှိုင်သာယာမြို့နယ်၊ ရန်ကုန် - ပုသိမ်လမ်းပေါ် ၊ ရဲတပ်ရင်း (၉)အနီးရှိYBS ယာဉ်ရပ်နားစခန်းဂိတ်ဝတွင် ခရီးသည်မပါဘဲရပ်ထားသည့် Omni Foucs YBS နံပတ် ၂၀ ယာဉ်တစ်စီးတွင် ပေါက်ကွဲမှု ဖြစ်ခဲ့ခြင်းဖြစ်သည်။


"လူအထိအခိုက်တော့ မရှိဘူးကြားတယ်။ ပေါက်ကွဲသံတော့ခပ်ဝေးဝေးကနေ ကြားရတယ်"ဟု လှိုင်သာယာမြို့နယ်၊ သမကုန်းအနီးနေထိုင်သူတစ်ဦးကပြောသည်။


 လက်ရှိတွင် စစ်ကောင်စီတပ်များ ရောက်ရှိကာ စစ်ဆေးမှုများ ပြုလုပ်နေပြီး ကားအချို့အား တားဆီး စစ်ဆေးနေကြောင်းသိရသည်။


အဆိုပါ Omni Focusပိုင် YBS ကားမှာ ယခင်ကလည်း မီးရှို့ ဖျက်ဆီးခံရခြင်း၊ ဗုံးခွဲ တိုက်ခံရခြင်းနှစ်ကြိမ်ရှိခဲ့ကာ ယခုထပ်မံတိုက်ခိုက်ခံရခြင်းဖြစ်သည်။


ဦးနေဝင်း၏မြေးများမှာ လက်ရှိ အကြမ်းဖက် အာဏာသိမ်းကောင်စီကို အားပေး ထောက်ခံနေသူများဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်များအား အကြမ်းဖက်အဖွဲ့ဟု ထုတ်ဖော်စွပ်စွဲလေ့ရှိသည်။


စစ်ကောင်စီအား ထောက်ခံအားပေးနေသည့်အတွက် Omni Focusလက်အောက်ရှိ YBSကားများအား စီးနင်းမှု မပြုလုပ်ရန် တော်လှန်ရေး အင်အားစုများကတိုက်တွန်းထားသည်။


ဓာတ်ပုံ- ရန်ကုန်အနောက်ပိုင်းခရိုင် ကုန်တင်ယာဉ်ရပ်နားကွင်းတွင် ရပ်နားထားသည့် Omni Focus ပိုင် YBS ၂၀ ယာဉ်အချို့


#M21 #Lungekhit #YBS


ဆက်ဖတ်ရန် →

ဥရောပပါလီမန်က NUG၊ CRPH နှင့် NUCC ကို ပြည်သူကိုယ်စားပြု ကိုယ်စားလှယ်များအဖြစ် အသိအမှတ်ပြု

ဥရောပ ပါလီမန်က NUG ၊ CRPH နှင့် NUCC ကို မြန်မာပြည်သူများ၏ ဒိမိုကရေစီဆန္ဒများကို ကိုယ်စားပြုသည့် တရားဝင်ကိုယ်စားလှယ်များအဖြစ် အသိအမှတ်ပြုထောက်ခံကြောင်း NUG လူအခွင့်အရေး ဝန်ကြီး ဦးအောင်မျိုးမင်း ကပြောသည်။

"ရိုဟင်ဂျာနဲ့ ခရစ်ယာန်တွေအပါအဝင် လူမျိုးနဲ့ ဘာသာရေးအုပ်စုတွေအပေါ်  အကြမ်းဖက် စစ်ကောင်စီက ကျူးလွန်တဲ့ရာဇဝတ်မှုတွေကို အဓိက အထောက်အထားပြု ဖော်ပြထားခဲ့ပါတယ်။ အရေးယူပိတ်မှုထဲမှာ ဗဟိုဘဏ် အပါအဝင် အခြားလုပ်ငန်းတွေကိုပါ ထည့်သွင်းဖို့ တောင်းဆိုထားပါတယ်။" ဟု ဦးအောင်မျိုးမင်းက ၎င်း ၏ လူမှုကွန်ရက်မှတဆင့် ထုတ်ပြန်ပြောဆိုထားသည်။

အဆိုပါဆုံးဖြတ်ချက်ကို ဥရောပပါလီမန်မှ မတ်လ (၁၀)ရက်နေ့၌ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်တွင် ထည့်သွင်း ဖော်ပြခဲ့ခြင်းဖြစ်ကြောင်း၊ ဥရောပလွှတ်တော်၏ ထုတ်ပြန်ချက်တွင်  NUCCကို အသိအမှတ်ပြု ထောက်ခံလာ ခြင်းသည် ထူးခြားချက်ဖြစ်ကြောင်းလည်း ဉီးအောင်မျိုးမင်းက သုံးသပ်သည်။ 

စစ်ကောင်စီ၏ အကြမ်းဖက်မှုများကို ပြင်းထန်စွာရှုတ်ချထားပြီး ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို လေးစားရန်၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေအကျဉ်းသား အားလုံးကိုလွှတ်ပေးရန်လည်း ဥရောပ ပါလီမန်တွင် ထပ်မံတောင်းဆိုတားကြောင်းလည်း သိရသည်။

ဓာတ်ပုံ/ ဖေဖော်ဝါရီ လအတွင်းက ပြုလုပ်ခဲ့သည့် ဥရောပပါလီမန်အစည်းအဝေးတခု

#UNacceptNUGrejectMilitary

#DavidDT

#P08 #Lungekhit #NUG #NUCC



ဆက်ဖတ်ရန် →

ရုပ်ရှင်ရုံတွေပြန်ဖွင့်တော့မယ်တဲ့

​

SP နော် SP


ဒို့ပြည်သူတွေညီရဲ့လားဟေ့


ရုံတင်မယ့်ကားတွေမှာပါမယ့်သူတွေကလဲ


ကြောင်စည်သူနဲ့ဇိုးပြတ်သူစါ


မိုးကြံဖွန်နဲ့ဖင့်အသနီလောင်


ဇိုင်ဇိုင်းနဲ့မီးပူမ


မကြည့်ဖူး


ဦးကွန်းဆဲလိမ့်မယ် 



ဆက်ဖတ်ရန် →
အရှုံးမပေးနဲ့မိငယ်

အရှုံးမပေးနဲ့မိငယ်



နေဝင်းခေတ်ထဲက ပြည်နယ်တွေကိုပဲ
အာရုံထားခဲ့တာ၊ တိုင်းတွေကိုက
သမဝါယမ လောက်ဆိုရပြီ၊
တိုင်းတွေကြွလာမယ်လို့
မအလရော နိုင်ငံရေးသုတေသီ
တွေပါမထင်ခဲ့တာ၊

၈၈တုံးက ABSDF&NCGUB
လိုမျိူးနဲ့ပြီးသွားမယ်ထင်ပြီး
အာဏာသိမ်းတာ

အခုတော့ L**တွေဖြစ်ကုန်ပြီ
မဟုတ်လား မင်းအောင်လှိုင်၊

တိုင်းပြည်ပါပျက်ရော

ဟိုပုံပြင်လိုပေါ့

ငန်းကြီးကရွှေဥတနေ့တလုံးဥပေးတာ
အားမရလို့ဗိုက်ဖေါက်ယူတဲ့ လူလိုမျိူးပဲ

အခုလဲသူသိနေပါပြီ၊
သူဘာလုပ်ရမှန်းမသိတော့ဖူး၊

NLDကိုအပြတ်ဖြတ်တဲ့ဗျူဟာကို
ဝှက်ဖဲပုံစံသုံးနေတယ်၊

နိုင်ငံတကာကတွေ့ချင်တယ်ဆိုရင်
အကြမ်းဖက်တို့ ရာဇဝတ်တို့မို့လို့
ပေးမတွေ့ဖူး၊

တွေ့ချင်ရင်သူတို့ကိုအစိုးရအဖြစ်
အသိအမှတ်အရင်ဆုံးပြုခိုင်းချင်
နေတာ၊

တလရသမားတွေဟာကိုလိုနီစနစ်
ကလွတ်ဖိူ့ ၁၀၃နှစ်လောက် ဝါယမ
ထုတ်ခဲ့ရတယ်

အုံကြွမှု တလရမှာပါဝင်လာမှုမှာ
PDF က အရှိန်အားဖြင့်အဆပေါင်း
များစွာပိုမြန်တာတွေ့ရတယ်၊

PDFဆိုတာဖြစ်လာဖို့ လွယ်တဲ့ကိစ္စ
မဟုတ်ဖူး ဘယ်သူမှမထင်ထားတာ
ကြီးကိုအောင်မြင်ခဲ့တာ၊

ဆက်ထိန်းထားဖို့ ခင်ဗျားရော ကျူပ်ပါ
*တာဝန်ရှိတယ်။





ဆက်ဖတ်ရန် →
မအလကိုကြိမ်စာတိုက်ပွဲလို့ပြောရင်လာဖမ်းမှာပေါ့

မအလကိုကြိမ်စာတိုက်ပွဲလို့ပြောရင်လာဖမ်းမှာပေါ့

လျှပ်စစ်နတ်မင်းကြီးကိုမေတ္တာပို့အမျှဝေပါတယ်
ဘာညာနဲ့အစချီ 

မီးဖျက်တဲ့စေတန်ကို နောက်ဆုံးမှာကြိမ်စာတိုက်

ဆန္ဒဆိုတာပြတတ်ဖို့ပဲလိုတာ



ဆက်ဖတ်ရန် →

တက်တက်ခံ ရာထူး စလောင်းဖုံးမ ရရှိ

​နွားသိုး သည်,နန်းတော်ထဲသို့ ဝင်ရောက်နိုင်သဖြင့် ဘုရင်မဖြစ်နိုင်၊ နန်းတော်သည်သာနွားတင်းကုတ်ဖြစ်သွားမည်။ 


#Sedef Kabas ( တူရကီစာရေးဆရာမ)..

crd: KKMM


မပြီးသေးဖူး အဲ့နွားသိုးက  တက်တက်ထိုင် ကို

တက်တက်ခံ ရာထူးထပ်ပေးလို့ ကြူခေါမ

ပေါက်ကွဲနေတယ်လို့ 🍉သတင်းထွက်



ဆက်ဖတ်ရန် →

​" ဒီကနေ့ ဥရောပပါလီမန်ဆွေးနွေးပွဲမှာ မြန်မာ့အရေးကိုအထိရောက်ဆုံးပြောသွားသည့် ပါလီမန်အမတ် "

ဒီကနေ့ ဥရောပပါလီမန်မှာ မြန်မာ့အရေးဆွေးနွေးကြရာမှာ ပါလီမန်အမတ်အများစုက မြန်မာနဲ့ ယူကရိန်းကို ယှဥ်တွဲပြောသွားကြပါတယ်။ အဲဒီလို ယှဥ်တွဲပြောသွားတဲ့အထဲမှာ ဆွီဒင်နိုင်ငံက ဥရောပပါလီမန်အမျိုးသမီးအမတ် Evin Incir ရဲ့တင်ပြ​ဆွေးနွေးချက်ကို ပါလီမန်အမတ်အများစုက အားရထောက်ခံခဲ့ကြတာတွေ့ရပါတယ်။ Evin Incir ဆွေးနွေးချက်အကျဥ်းချုပ်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။


မြန်မာနိုင်ငံမှာ ပေးဆပ်မှုတွေနဲ့ ခက်ခက်ခဲခဲကျိုးစားတည်ဆောက်ခဲ့ရတဲ့ ဒီမိုကရေစီတိုးတက်ပွင့်လင်းမှုတွေဟာ စစ်တပ်အာဏာသိမ်းမှုကြောင့် အကုန်ပျက်စီးပျောက်ဆုံးသွားရပါတယ်။

 ဒီမိုကရေစီအတွက် မြန်မာပြည်သူတွေ ဒုက္ခဆင်းရဲ

ခံစားနေရချိန်မှာ ကျမတို့က ဘေးကနေ လက်ပိုက်ကြည့်နေလို့ မရပါဘူး။ ဘေးကနေ စောင့်ကြည့်လေ့လာသူတွေ လုပ်လို့မရပါဘူး။ နိုင်ငံတကာဥပဒေတွေချို့းဖေါက်နေတာကို ဘေးကနေ ထိုင်လေ့လာနေလို့ ပြောနေလို့မရပါဘူး။ ဘာကြောင့်လည်းဆိုတော့ ကျမတို့ပြောနေရတာက မြန်မာပြည်သူတွေရဲ့အသက်တွေ ဘ၀တွေပါ၊ စစ်တပ်က အကြမ်းဖက်ဖမ်းဆီးသတ်ဖြတ်နေတဲ့ အလွှာစုံက လူတွေ အရေအတွက်ကလည်း တနေ့တခြားတိုးနေပါတယ်။ လူဦးရေ ၁၄သန်းကျော်ဟာ အရေးပေါ် အကူအညီလိုနေတယ်လို့ UN က ပြောထားပြီးပါပြီ။ အများစုဟာ အမျိုးသမီးတွေနဲ့ကလေးငယ်တွေပါ။ ရိုဟင်ဂျာတွေအပါအဝင် လူနည်းစုတွေခံစားနေရတာတွေအတွက် နိုင်ငံတကာကလည်းအခုထက် တိုးပြီး ချက်ခြင်းကိုင်တွယ်ဖြေရှင်းဖို့လိုပါတယ်။

တကယ်လက်တွေ့ကျကျ အရေးယူဆောင်ရွက်လိုတဲ့ စိတ်ရှိတယ်ဆိုရင် ၂ ပတ်အတွင်းမှာတောင် လုပ်နိုင်တယ်ဆိုတာ ကျမတို့ ပြသခဲ့ပြီးဖြစ်ပါတယ်။ (ယူကရိန်းအရေးမှာ အီးယူက ပါ၀င်ကူညီမှုကို ဆိုလိုသည်)

 မြန်မာ့အရေးမှာလည်း အချိန်မနှောင်းခင်မှာ ကျမတို့ လုပ်ကြရအောင်ပါ။

(Evin Incir )


၁၀/၃/၂၀၂၂

Digital News Wave


KKH🌏



ဆက်ဖတ်ရန် →

အခု မီးပျက်တာက ဝန်ဆောင်မှု အားနည်းလို့ပျက် တာမျိုးမဟုတ်ဘူး

​မီးတွေ အရမ်းပျက်တယ်ဗျာ။ ဘာမှကို လုပ်လို့ ကိုင်လို့လဲမရဘူး။ ကုန်ဈေးနှုန်းတွေကလဲ ကြီးလိုက်တာမှအရမ်းပဲ။ စီး ပွားတွေလဲပျက်နေပြီတဲ့ မိတ်ဆွေတယောက်ကညည်းတယ်။

တိုင်းပြည်က တနှစ်အတွင်းကို ဖရိုဖရဲဖြစ်သွားရှာတယ်။

တခြားနိုင်ငံတွေ ကိုဗစ်ကနေ ပြန်ရုန်းထပြီး နောက်တဆင့်ကို လှမ်းတက်ဖို့ ကြိုးစားနေချိန်မှာ ကိုယ့်တိုင်းပြည်က အရာရာ မှာ အနောက်ကို  ဘတ်ဂီယာထိုးပြီး  တွင်းနက်နက်ထဲကို ပြန်ဆင်းသွားတယ်။

အခြေခံ စီးပွားရေး အဆောက်အအုံက ပျက်နေပြီ။ ပြည်သူတွေကို ဝန်ဆောင်မှုပေးဖို့ မပြောနဲ့ ........

 နိူင်ငံတနိူင်ငံအနေနဲ့ အခြေခံလည်ပတ်ဖို့တောင်ခက်နေပြီလို့မြင်တယ်။ဒါကြောင့် လဲ failed State ဖြစ်မယ်လို့ ပြောခဲ့ကြတာပေါ့။

ပျက်တဲ့ အပျက်က ကြီးလွန်းတယ်။ အခုထက်  အခြေအနေတွေပိုဆိုးလာဖို့ပဲရှိတယ်၊ နိုင်ငံတနိုင်ငံပျက်တယ်ဆိုတာရုတ် တရက်ကြီး ပြိုပျက်သွားတာမျိုး မဟုတ်ဘူး။ အဘက်ဘက်ကနေ တအိအိ ပြိုဆင်းလာရင်း နောက်ဆုံး ချွတ်ခြုံကျသွား တာမျိုးပါ။ တိုင်းပြည်ပျက်တယ်သာပြောတယ်။ တို့တွေနေလို့ရနေတာပဲလို့စဉ်းစားကောင်းစဉ်းစားကြလိမ့်မယ်။ လူဆို တာကတော့ သဘာဝအခြေအနေမှာတောင် နေနိုင်ကြတာပဲမဟုတ်လား။ ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ချွတ်ခြုံကျတာက သိသာလာလိမ့်မယ်။ 

မိတ်ဆွေတယောက်ကလဲလှမ်းပြောတယ်။ ဒီမှာ မီးတွေပျက် နေတော့ အရင်တုန်းက မီးပျက်ရင် ခင်ဗျားရေးတဲ့ပို့စ်တွေကို တောင် သတိရတယ်တဲ့။

ဟုတ်တယ်ဗျလို့။ အရင်က မီးပျက်ရင် ပို့စ်တွေရေးဖြစ်တယ်  အစိုးရရဲ့ လျှပ်စစ်ဝန်ကြီးဌာနအနေနဲ့ ဝန်ဆောင်မှု အားနည်း လို့၊ ဝန်ဆောင်မှု ပိုကောင်းလာအောင် ပြောဆိုရတာပေါ့ဗျာ။ အဲ့လို ဝိုင်းပြောကြရင် ဝန်ဆောင်မှုလေးများပိုကောင်းလာမ လားလို့ မျှော်လင့်ပြီး ပြောရဆိုရတာပေါ့။ 

ဒါပေမဲ့ အခုအချိန်မှာတော့ ဘာဝန်ဆောင်မှုကိုမှ မျှော်မနေနဲ့ တော့ဗျ။ အခု မီးပျက်တာက ဝန်ဆောင်မှု အားနည်းလို့ပျက် တာမျိုးမဟုတ်ဘူးဗျ။ တိုင်းပြည်ပျက်လို့၊ တိုင်းပြည်ကိုပျက် အောင်ဖျက်လိုက်ကြလို့ မီးပါပျက်သွားတာလို့ ပြန်ပြောဖြစ် ခဲ့တယ်။

ကိုရဲ 🇺🇸


ဆက်ဖတ်ရန် →