နောက်ဆုံးရ

မင်းအောင်လှိုင် ၏ လျှပ်စစ်ရထားနှင့် ဘတ်စ်ကား စီမံကိန်း လှောင်ရယ်စရာဖြစ်လာ

​တစ်ပတ်တိတိ ၂၄ နာရီ မီးပြတ်မည်ဟု ကြေညာပြီးနောက် နေရာအလိုက်အချိန်ပိုင်း မီးပေးမည်ဖြစ်၍ ပြည်သူများ မစိုးရိမ်ရန် ထပ်မံထုတ်ပြန်၊ မင်းအောင်လှိုင် ၏ လျှပ်စစ်ရထားနှင့် ဘတ်စ်ကား စီမံကိန်း  လှောင်ရယ်စရာဖြစ်လာ


ရန်ကုန်၊ မတ် ၇ 


မတ်လ ၁၂ ရက်နေ့မှ မတ်လ ၁၈ ရက်နေ့အထိ လျှပ်စစ်အား ၂၄ နာရီ ပြတ်တောက်မှုများ ဖြစ်မည်ဟု စစ်ကောင်စီက ယမန်နေ့ညပိုင်းတွင် ကြေညာပြီးနောက် ယခုတစ်ဖန် လျှပ်စစ်မီးကို အပိုင်းလိုက် အချိန်ပိုင်းအလိုက် ဖြန့်ဖြူးပေးမည်ဖြစ်၍ မစိုးရိမ်ကြရန် စစ်ကောင်စီ၏ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ယနေ့  ထပ်မံ ကြေညာချက် ထုတ်ပြန်သည်။


လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ မတ်လ ၆ ရက်နေ့  အများပြည်သူသို့ပန်ကြားချက်တွင် မတ်လ ၁၂ ရက်နေ့မှ မတ်လ ၁၈ ရက်နေ့အထိ လျှပ်စစ် ဓာတ်အား ဝန်အားထိန်းညှိ လျော့ချမောင်းနှင်ခြင်းအတွက် အချို့သောနေရာများတွင် အပိုင်းလိုက်၊အချိန်ပိုင်းအလိုက် ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း ပြည်သူ လူထုအနေဖြင့် စိုးရိမ်ပူပန်မှု မရှိကြပါရန် အသိပေးပန်ကြားအပ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ယနေ့ ထပ်မံ သတင်းထုတ်ပြန်သည်။ 


ယမန်နေ့ညပိုင်း ကြေညာချက်တွင် လာမည့် မတ်လ ၁၂ ရက်နေ့မှ မတ်လ ၁၈ ရက်နေ့အထိ  တစ်ပတ် လျှပ်စစ်မီး ၂၄ နာရီ ပြတ်တောက်မည်ဖြစ်ကြောင်း အကြမ်း ဖက်စစ်ကောင်စီက ကြေညာသည်။ 


လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ကမ်းလွန်သဘာ၀ဓာတ်ငွေ့စီမံကိန်းများဖြစ်သော ရတနာ၊‌ ဇောတိကနှင့် ရွှေကမ်းလွန်စီမံကိန်းများနှင့် ကုန်းတွင်း ဓာတ်ငွေ့တွင်းများမှ သဘာ၀ဓာတ်ငွေ့အသုံးပြု၍ ဓာတ်အား ၁၄၅၅ မဂ္ဂါဝပ် ထုတ်လုပ်နေကြောင်း၊ ထပ်မံ တွေ့ရှိရသည့် သဘာ၀ဓာတ်ငွေ့တွင်း သစ် ၂ ခုမှ ဓာတ်ငွေ့များကို ဓာတ်အားထုတ်လုပ်နိုင်ရေး ရေအောက်ပိုက်လိုင်းဆက်သွယ်ရေးကို မတ်လ ၁၂ ရက်နေ့မှ မတ်လ ၁၈ ရက်နေ့အထိ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ သဘာ၀ဓာတ်ငွေ့ဖြင့် ဓာတ်အားထုတ်လုပ်နေမှုတချို့ကို ရပ်ဆိုင်းမည်ဖြစ်ကြောင်း၊  ထို့ကြောင့် လျှပ်စစ်ဓာတ်အားကို မတ်လ ၁၂ ရက်မှ မတ်လ ၁၈ ရက်နေ့အထိ တစ်ပတ်အတွင်း နိုင်ငံတစ်ဝန်း အချို့သောနေရာများတွင် ၂၄ နာရီ မီးပြတ်မည်ဖြစ်ကြောင်း စစ်ကောင်စီက ကြေညာခဲ့သည်။ 


လက်ရှိတွင် LNG ဓာတ်အားပေးစက်ရုံများတွင် LNG စျေးနှုန်းမြင့်တက်မှုကြောင့် မလည်ပတ်နိုင်တော့ဘဲ ရပ်တန့်ထားကြောင်း၊ ဘီလူးချောင်းရေအားလျှပ်စစ်စက်ရုံမှ ထွက်ရှိသော ဓာတ်အားမှာလည်း ဓာတ်အားလိုင်းများလည်း ဖောက်ခွဲခံထားရ၍ ပြင်ဆင်ရန် ကြိုးပမ်းနေရကြောင်း စစ်ကောင်စီက ကြေညာသည်။  


ယခင်က  အမြင့်ဆုံး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၄၂၀၀ ထုတ်လုပ်နိုင်ကြောင်း၊ လက်ရှိတွင် ဓာတ်အား ၂၁၇၇ မဂ္ဂါဝပ်သာ ထုတ် လုပ်နိုင်ကြောင်း၊ ဓာတ်‌ငွေ့ပိုက်လိုင်း သစ်များသွယ်တန်းရန်အတွက် ဓာတ်ငွေ့မှ လျှပ်စစ်ထုတ်လုပ်မှု ရပ်ဆိုင်းမည်ဖြစ်ရာ လျှပ်စစ်ဓာတ်အား ၁၃၀၄ မဂ္ဂါဝပ် ထပ်မံ လျော့နည်းမည်ဖြစ်ကြောင်း၊  တစ်နိုင်ငံလုံးတွင် ၈၇၃ မဂ္ဂါဝပ်သာ ထုတ်လုပ်နိုင်မည်ဖြစ်ပြီး ၂၄ နာရီ မီးဖြတ်တောက်မှုများဖြစ်ပေါ်မည်ဖြစ် ကြောင်း စစ်ကောင်စီက ကြေညာထားသည်။ 


လက်ရှိဓာတ်အားသုံးစွဲမှု လိုအပ်ချက်မှာ နေ့ဘက်တွင် အများဆုံး လျှပ်စစ် ဓာတ်အား ၃၄၀၀ မဂ္ဂါဝပ်၊ ညဘက်တွင် အများဆုံး ၃၆၀၀ မဂ္ဂါဝပ်ရှိကြောင်း၊ တစ်ရက်တာ ပျှမ်းမျှ ဓာတ်အားသုံးစွဲမှု ၂၆၀၀ မဂ္ဂါဝပ် သုံးစွဲလျက်ရှိကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ 


အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယမန်နှစ် ဩဂုတ်လ၊ စက်တင်ဘာလနှင့် အောက်တိုဘာလ အစည်းအဝေးများနှင့်ဖွင့်ပွဲများတွင်  မြန်မာနိုင်ငံတွင် လျှပ်စစ်ရထားနှင့် လျှပ်စစ်ကား စီမံကိန်း အကောင် အထည်ဖော်မည်ဖြစ်ကြောင်း၊နေပြည်တော်တွင် မြေအောက်ရထားစနစ်နှင့် လျှပ်စစ်ဘတ်စကားများ ပြေးဆွဲမည်ပြောဆိုခဲ့သည်။


ရန်ကုန်-ပြည် ရထားကို လျှပ်စစ်ရထား ပြေးဆွဲမည်ဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့တွင်လည်း နေပြည်တော်တွင်  လျှပ်စစ် ရထားလမ်းဖောက်နိုင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။


၂၀၂၁ နှစ် အောက်တိုဘာလ ၂၅ ရက်နေ့ နေပြည်တော် စစ်ကောင်စီအစည်း အဝေးတွင် မင်းအောင်လှိုင်က “တစ်နိုင်ငံလုံး လျှပ်စစ်ရထားလမ်းနဲ့ဆွဲရပါလိမ့်မယ်။ တစ်နိုင်ငံလုံး လျှပ်စစ်ရထားနဲ့ပြေးပါမယ်။ မြို့ပေါ်မှာသုံးတဲ့ကားတွေဟာ လျှပ်စစ်ကားတွေ ဖြစ်ရပါလိမ့်မယ်။ ကျနော်တို့ တွက်ချက်နေတယ်။ အချိန်တစ်ခုပြီးရင် အဲဒါကိုကြေညာပါ့မယ်။”ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။ 


မင်းအောင်လှိုင်၏ လျှပ်စစ်ရထားနှင့်လျှပ်စစ်ကား စီမံကိန်းများကို ပြောဆိုခဲ့သော်လည်း လက်တွေ့တွင် လျှပ်စစ်မီးပင် မှန်မှန်မပေးနိုင်၍ ပြည်သူများအကြား လှောင်ရယ်စရာအဖြစ် လူမှုကွန်ရက်များတွင် ဝေဖန်မှုများ တရှိန်ထိုးမြင့်တက်လျက်ရှိနေကြောင်း သိရှိရသည်။


ဆက်ဖတ်ရန် →

မြန်မာဟာ ယူကရိန်းလို ဖြစ်လာမလား ပူတင်ရဲ့သင်ခန်းစာကို လက်တွေ့မြင်လိုက်ရတဲ့ ကျင်ဖင့်

​နွေဦးတော်လှန်ရေးမှသည်

ယူကရိန်း ရုရှစစ်ပွဲဆီသို့ အတွေးစများ


ဘိုင်တန်ဟာ ယူကရိန်း NATO ထဲဝင်ဖို့ကို ဟ ပေးတယ်

ယူကရိန်းကလဲဝင်ချင်တာပေါ့ သူကရုရှရန်ကြောက်တယ်

လေ တရားဝင် NATO အဖွဲ့ဝင်နိုင်ငံဖြစ်လာရင် ရုရှဟာ

ယူကရိန်းကို ၂၀၁၄ က ကရိုင်းမီးယား ကျွန်းဆွယ်ကိုဝင်

သိမ်းသလို သိမ်းမရတော့ဘူး


ရုရှဘက်ကကြည့်ရင် သူ့နိုင်ငံလုံခြုံရေးအရ ယူကရိန်းမှာ

သူ့ဩဇာခံ အစိုးရရှိမှကိုဖြစ်မယ် ယူကရိန်း NATO ထဲပါ

သွားလို့မရဘူး ဒါပေမယ့်လဲ လက်ရှိယူကရိန်းသမ္မတက

အနောက်ဘက်ယိမ်းတယ်


ဘိုင်တန်တို့ကမြှောက်ပေးတယ် လာခဲ့လက်ခံမယ်လုပ်ပြီး

ပူတင်ကိုဆွတယ် ပူတင်ကလဲ ဝင်ရဲဝင်ကြည့်ချမယ်လုပ်

တယ် ပူတင်အရင်ကလဲ ပိုလန်မှာခံခဲ့ရပြီးပြီ ပိုလန်မှာ

NATO ဒုံးကွင်းတွေထားတော့ ရုရှကအသည်းအသန်ကန့်

ကွက်တယ် မရပါဘူး ဒီသင်ခန်းစာယူပြီး ပူတင်ဟာ ယူ

ကရိန်းကိုပိုလန်လို အဖြစ်မခံတော့ဘူး


ကမ္ဘာ့အရေးဘက်ပြန်ကြည့်ရင်လဲ တရုတ်ကအင်အား

ကောင်းနေပြီ ရုရှကလဲ ဆိုဗီယက်ခေတ်ကလို ဂျောက်ဂျက်မဟုတ်တော့ဘူး စီးပွားရေးအတော်အတန်တောင့်လာတယ် သူတို့နှစ်နိုင်ငံ တောင့်လာရင် ရေရှည်မှာ

အမေရိကန်နဲ့ ဥရောပကထိန်းနိုင်မှာ မဟုတ်တော့ဘူး


ဒီတော့

ယူကရိန်းကိုမျှားပြီး ရုရှ ဒုက္ခရောက်အောင် ဘိုင်တန်တို့

ပူတင်နဲ့ကျင်ဖင့်ကို ကျုံးသွင်းတော့တယ် ယူကရိန်းကို

ရုရှကျူးကျော်တယ် မကျူးစေချင်ရင် စထဲက NATOနဲ့

တန့်လို့ရတာပဲ စစ်ပွဲဟာ အခုထချလို့ရတာမှမဟုတ်တာ

ထိရောက်အောင် ကာကွယ်မပေးဘူး ရုရှကျူးတော့ ယူကရိန်းအတွက် ဒရမ်မာတွေချိုးတော့တာပဲ လက်နက်တွေ

တော့ပို့ပေးတယ် ပို့တာဘာလုပ်လို့ရမလဲ ယူကရိန်းကြေ

တော့တာပဲ


အဲ့တော့ ပူတင်လဲ လူကြမ်းကြီးဖြစ် ဝိုင်းပိတ်ဆို့လိုက်တာ

ရုရှစီးပွားရေး နေ့ချင်းညချင်း ကျုံသွားသလို နိုင်ငံခြားအ

ရံငွေတွေ စီးပွားရေးဒေါက်တိုင်တွေရဲ့ ပိုင်ဆိုင်မူ့တွေဟာ

အငွေ့ပျံကုန်တယ် ပူတင်ဟာယူကရိန်းသိမ်းလိုက်နိုင်လဲ

သူ့ရုရှထဲဆွဲသွင်းမရဘူး ပူတင်ဩဇာခံ အစိုးရပဲထားပြီး

ပြန်မှာ


အမြတ်ထွက်မှာ ဘိုင်တန်ပဲ

ရုရှစီးပွားပျက် အင်အားနည်းသွားရင် တစ်ရန်အေးတာပေါ့ အခုကတော့ ယူကရိန်းလဲ NATO ဝင်မတိုက်ပေးသ၍ ရုရှကိုရေရှည်ခုခံဖို့မလွယ်ဘူး ဒါအမှန်တရားပဲ

ဘိုင်တန်ခေါ်တာကို ရိူးခဲ့တဲ့ ပူတင်ကတော့ အစားခံရလို့

ချွေးပျံနေပါပြီ


မြန်မာ့နွေဦးတော်လှန်ရေးဘက်ပြန်ကြည့်ရင်လဲ

ပွဲပြတ်စေချင်ကြာပြီ ကြင်စိုးတို့အခုထိရှင်သန်နိုင်အောင်

လုပ်ထားတာလဲ ဘိုင်တန်နဲ့ကျင်ဖင့် တို့ရဲ့ကြိတ်ဝိုင်းတစ်

ခုလိုပဲ အပြီးသတ်စေချင်ရင် လွယ်ပါတယ် ထိန်းထားတဲ့

ဒေါ်လာ တစ်ဘီလီယံ NUG ကိုပေး လက်နက်စပို့ပေး

ရပါတယ် ဒါအရိုးအရှင်းဆုံးနည်းပဲ


အခုက ကြင်စိုးလူပ်မအောင်ပိတ်ထားတယ် အမြစ်ဖြတ်ဖို့

ထိ အခွင့်အရေးမပေးဘူး ကျင်ဖင့်ဘာလုပ်မလဲ မျှားတယ် ကျင်ဖင့်ကပူတင်လိုမဟုတ်ဘူး ခေါ်ဖဲ ပစ်ဖဲမှန်းနား

လည်တယ် ဘိုင်တန်ခေါ်တဲ့နောက်လိုက်ရင် သူကွဲမှာသိတယ် ပူတင်လိုအမိုက်မခံဘူး


အာတော့ သူလဲဖောလိုကစားနေတယ်

ကြင်စိုးတို့ကတော့ တစ်နေ့ထက်တစ်နေ့ အာဏာကျုံလာ

တယ် အငွေ့ပျံဖို့ပဲကျန်တော့တယ် စဉ်းစားစရာအချက်တစ်ခုက ဘိုင်တန်ဘက်က အရင်ထရိူးလိုက်ရင်တော့

မြန်မာဟာ ယူကရိန်းလို ဖြစ်လာမလား ပူတင်ရဲ့သင်ခန်းစာကို လက်တွေ့မြင်လိုက်ရတဲ့ ကျင်ဖင့် ဘယ်လိုဆက်ကစားမလဲဆိုတာ မကြာခင်ဆက်တိုက်တွေ့လာရပါတော့မယ်လို့


မုဆိုး လက်


ဆက်ဖတ်ရန် →

စစ်ကောင်စီ အသေအပျောက်များသည့် ဒီမော့ဆို ကျောက်ဆည်ကန်တိုက်ပွဲ (ရုပ်သံ)

​


မဲခေါင်၊ မတ် ၆


ဒီမော့ဆို ကျောက်ဆည်ကန်တိုက်ပွဲတွင် စစ်ကောင်စီဘက်က အသေအပျောက်များခဲ့သည့် ရုပ်သံအား အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့က ယနေ့ထုတ်ပြန်သည်။


ယင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က အရှင် ၂ ယောက်နှင့်အတူ လက်နက်များလည်း သိမ်းဆည်းရမိခဲ့သည်။


#MeKongNews


ဆက်ဖတ်ရန် →

နိုင်ငံတော် အရန်စက်သုံးဆီ ဂါလံ ၁၈ သန်းကို အာဏာသိမ်း စစ်တပ်အသုံးပြုရန်

​


နိုင်ငံတော် အရန်စက်သုံးဆီ ဂါလံ ၁၈ သန်းကို အာဏာသိမ်း စစ်တပ်အသုံးပြုရန်အတွက် ပေးအပ်ထားသော ကုမ္ပဏီများထံမှ ပြန်တောင်းခံကြောင်း သိရ

~~~~~~~~~~~


ထက်ခေါင်လင်း/ဧရာဝတီတိုင်းမ်

ရန်ကုန် ၊ မတ်လ ၆ ရက်


အာဏာသိမ်း စစ်ကောင်စီသည် လွန်ခဲ့သည့် ၇ နှစ်ကျော်က နိုင်ငံတော်ပိုင် အရန်စက်သုံးဆီ ဂါလံ သန်းနှင့်ချီသည့် ပမာဏကို စစ်တပ်နှင့် နီးစပ်သည့် ကုမ္ပဏီ ၅ ခုကို အခွန်မဲ့စနစ်ဖြင့် ပေးအပ်ထားခဲ့ရာမှ ပြီးခဲ့သည့်လကမှစပြီး လျှပ်စစ်ကဏ္ဍထုတ်လုပ်ရေးအတွက်ဟုဆိုပြီး အရန်ဆီ ဂါလံ ၁၈ သန်းကို အဆိုပါကုမ္ပဏီများထံမှ အချိုးကျနှုန်းဖြင့် ပြန်လည်တောင်းခံခဲ့ကြောင်း မြန်မာ့ရေနံလုပ်ငန်းဌာန၏ လျှို့ဝှက်ရုံးတွင်းစာအရ သိရသည်။


အဆိုပါ စက်သုံးဆီများသည် သန်လျင်ရေနံချက်စက်ရုံ ပိတ်သိမ်းစဉ်က စက်ရုံအတွင်း ရှိနေခဲ့သည့် စက်သုံးဆီများဖြစ်ပြီး ဂါလံ သန်းရာနှင့်ချီကို မြတ်မေတ္တာမွန်၊ Apex၊ Puma Energy Asia Sun၊ Max၊ Greenluck၊ Denko ကုမ္ပဏီများထံသို့ သိမ်းထားရန်ဆိုပြီး အချိုးကျ ပေးအပ်ခဲ့ကြောင်း သိရသည်။


" အရန်ဆီကို ပြန်တောင်းတဲ့ ခေါင်းစဉ်ကတော့ လျှပ်စစ်လိုအပ်ချက်အတွက် ပြန်ထုတ်ပေးဖို့ပဲလို့ ဆိုတယ်။ ဒါပေမယ့် ထုတ်ယူလိုက်တဲ့ အများစုကတော့ စစ်တပ်အသုံးပြုဖို့ချည်းပဲ။ လျှပ်စစ်ဌာနကို ဘယ်လောက်ရောက်လဲတော့ ကျနော်တို့မသိဘူး။ ကျနော်တို့ဌာနကလူတွေလည်း သယ်ယူပို့ဆောင်ရေး မလုပ်ရဘူး။ Denko က လူတွေချည်း သယ်ကြတာ’ ဟု သီလဝါရှိ မြန်မာ့ရေနံလုပ်ငန်းဝန်ထမ်းတဦးက ပြောသည်။


အဆိုပါညွှန်ကြားစာတွင် ချေးငှားသုံးစွဲလိုသည့်ကိစ္စနှင့်ပက်သက်ပြီး လျှပ်စစ်ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် စတင်ချေးငှားပေးထားသော နိုင်ငံတော်၏ အရန်ဆီများထဲမှ သုံးစွဲရန်အလို့ငှာ ထုတ်ပေးရမည်ဖြစ်ပြီး ကုမ္ပဏီများမှ စက်သုံးဆီ ဂါလံ ၁၈ သန်းကို ထုတ်ပေးရန် စက်သုံးဆီလုပ်ငန်းရှင်များအသင်းမှ မချိန်မှီ ထုတ်ပေးနိုင်စေရန် အကြောင်းကြားသည်ဟု ပါရှိသည်။


သို့သော်လည်း အမှန်တကယ်အားဖြင့် ယခင် ၇ နှစ်ခန့်က နိုင်ငံတော်အရန်ဆီအဖြစ် ထားရှိရေး ကုမ္ပဏီများကို ပေးအပ်ခဲ့သော်လည်း ယခုထုတ်ယူသည့် ဂါလံ ၁၈ သန်းကို နိုင်ငံတော်အနေဖြင့်ပင် ပြန်လည်ဖြည့်တင်းပေးရမည်ဖြစ်ကြောင်း ဌာနတွင်းသတင်းများအရ သိရသည်။


" သူတို့အခုထုတ်တယ်ဆိုတာ ကုမ္ပဏီတွေကို ပြန်ဖြည့်ပေးရမယ်။ ကုမ္ပဏီတွေက ဟိုးအရင်ထဲက အလကား ရထားတဲ့ ဆီတွေလိုဖြစ်နေတယ်။ အဲ့ဆီတွေနဲ့ ဈေးကွက်ထဲ လှည့်ရောင်းနေကြတာ။ အဲ့ဒီအတွက် နိုင်ငံတော်လည်း ဘာမှအကျိုးအမြတ်မရဘူး။ အခွန်မရဘူး။ ဒါက နိုင်ငံတော်အရန်ဆီ၊ အခုထုတ်သုံးဖို့ပေးလို့ ဆိုပေမယ့် ပြန်ဖြည့်ပေးရမယ်" ဟု သီလဝါရှိ စက်သုံးဆီကုမ္ပဏီတခုမှ ဝန်ထမ်းတဦးက ပြောသည်။


သီလဝါဆိပ်ကမ်းတွင် မြတ်မေတ္တာမွန်၊ Apex၊ Puma Energy Asia Sun၊ Max၊ Greenluck၊ Denko စသော ကုမ္ပဏီများ၏ ဆီသိုလှောင်ကန်များ တည်ရှိနေပြီး မြန်မာနိုင်ငံအနှံ့ စက်သုံးဆီများကို ဖြန့်ဖြူးပေးနေပြီး သီလဝါဆိပ်ကမ်းကို အာဏာသိမ်းစစ်တပ်မှ ရေတပ်သားများက လုံခြုံရေး တင်းကျပ်စွာ ကိုင်တွယ်နေလျှက်ရှိသည်။


ထို့အပြင် ယခုနောက်ပိုင်းတွင် သီလဝါဆိပ်ကမ်း၊ လေယာဉ်ဆီတင်ပို့မှု၊ ရေတပ်လှုပ်ရှားမှုများနှင့် ပက်သက်ပြီး သတင်းမီဒီယာများကို ပေါက်ကြားခြင်းမရှိစေရန်အတွက် စစ်ကောင်စီဝန်ထမ်းများအပြင် ကုမ္ပဏီဝန်ထမ်းများကိုပါ ထပ်မံညွှန်ကြားထားပြီး ပေါက်ကြားမှု ပေါက်ပေါက်ခဲ့ပါက နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေဖြင့်ပင် အရေးယူမည်ဟု ထုတ်ပြန်ထားသည်။ 


ထို စစ်တပ်အတွက် အထောက်အပံ့ပေးနေသည့် ကုမ္ပဏီများအဖြစ် မြတ်မေတ္တာမွန်၊ Apex၊ Puma Energy Asia Sun၊ Denko နှင့် ရွှေဗျိုင်းဖြူ ကုမ္ပဏီများအဖြစ် သတင်းများ ထွက်ပေါ်နေသော်ပြီး အမျိုးသားညီညွတ်ရေး အစိုး ရ NUG က စစ်ကောင်စီကို လေယာဥ်ဆီထောက်ပံ့မှုနှင့်ပတ်သက်၍ ပုဂ္ဂလိက စက်သုံးကုမ္ပဏီ ၆ခုကို အမည်ပျက်စာရင်းသွင်းထားပြီး ထပ်မံစိစစ်ကာ ထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။


ဓာတ်ပုံ - လူမှုကွန်ရက်

#Ayeyarwaddy_Times


ဆက်ဖတ်ရန် →

တိုက်ပွဲများ ရပ်တန့်ရန် ယူကရိန်းကို ရုရှားသမ္မတ ပူတင် တိုက်တွန်း၊

​အမေရိကန်-ယူကရိန်း နှစ်နိုင်ငံ သမ္မတ ဖုန်းဖြင့် ထပ်မံဆက်သွယ်ဆွေးနွေး


(乌克兰局势)最新动态:普京敦促乌克兰停止战斗 美乌总统再次通话


ပေကျင်း၊ မတ် ၇ ရက် (ဆင်ဟွာ)

 

ယူကရိန်းဘက်က တိုက်ခိုက်မှုများ ရပ်တန့်ပြီး ရုရှား၏တောင်းဆိုချက်ကို ဖြည့်ဆည်းမှသာ အထူးစစ်ဆင်ရေးလှုပ်ရှားမှု ယာယီရပ်တန့်နိုင်မည် ဖြစ်ကြောင်း ရုရှား သမ္မတ ပူတင်က မတ် ၆ ရက်တွင် ပြောကြားခဲ့သည်။


အမေရိကန်အစိုးရက ယူကရိန်း လုံခြုံရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့်စီးပွားရေးအကူအညီများကို အားဖြည့်ဆောင်ရွက်နေကြောင်း အမေရိကန် သမ္မတ ဘိုင်ဒန်က မတ် ၅ ရက်တွင် ယူကရိန်းသမ္မတ ဇယ်လန်းစကီးနှင့် ဖုန်းဖြင့်ဆက်သွယ်စဉ် ပြောကြားခဲ့သည်။  

 

___   ဒွန်ဘတ်စ်မှ မရီဥပိုလ်သို့ဆက်သွယ်ထားသည့် ပင်မ သဘာဝဓါတ်ငွေ့ပိုက်လိုင်း မတ် ၆ ရက်က တိုက်ခိုက်ခံရကြောင်း၊  ဒွန်ဘတ်စ်ဒေသ အနောက်ဘက်မှ ဇာပိုရေဇီးယားပြည်နယ် Berdianskမြို့တစ်လျှောက် အနီးတစ်ဝိုက်လူနေဒေသများတွင် သဘာဝဓါတ်ငွေ့ပံ့ပိုးမှု အမြန်ဆုံးပြတ်တောက်သွားနိုင်ကြောင်း ယူကရိန်းရှိ Interfax သတင်းဌာနက ယူကရိန်းဒေသခံအရာရှိတစ်ဦး၏ သတင်းကို ကိုးကားဖော်ပြထားသည်။

 

___   ရုရှား သမ္မတ ပူတင်သည် မတ် ၆ ရက်က တူရကီ သမ္မတ အာဒိုဂန်နှင့်  ယူကရိန်းအရေး ဆွေးနွေးခဲ့သည်။ ရုရှား၏အထူးစစ်ဆင်ရေးလှုပ်ရှားမှု အစီအစဉ်အတိုင်း လုပ်ဆောင်နေကြာင်း၊ ရုရှားစစ်တပ်က အရပ်သားလုံခြုံရေးကို တတ်နိုင်သမျှ အလုံးစုံဆောင်ရွက်နေကြောင်း ပူတင်က အလေးထားပြောကြားခဲ့သည်။ ယူကရိန်းဘက်က တိုက်ပွဲများရပ်တန့်ပြီး ရုရှား၏တောင်းဆိုချက်ကို ဖြည့်ဆည်းမှသာ အထူးစစ်ဆင်ရေး ယာယီရပ်တန့်နိုင်မည် ဖြစ်ကြောင်း ပူတင်က ဆိုသည်။ အာဒိုဂန်က အပစ်ခတ်ရပ်စဲရန် ပူတင်ကို တိုက်တွန်းခဲ့ပြီး ယူကရိန်းတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စင်္ကြန်ဖွင့်လှစ်ပေးရန်နှင့် ရုရှား-ယူကရိန်း ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုရန် တိုက်တွန်းပြောကြားခဲ့သည်။ တူရကီအနေဖြင့် ငြိမ်းချမ်းစွာ ပဋိပက္ခဖြေရှင်းရာတွင် အကျိုးဆောင်လိုကြောင်း အာဒိုအန်က ဆိုသည်။

 

___   အထူးစစ်ဆင်ရေးလှုပ်ရှားမှု လုပ်ဆောင်ပြီးနောက်ပိုင်း ယူကရိန်းရှိ စစ်ရေးအခြေခံအဆောက်အအုံများ ပစ်မှတ် ၂,၂၀၃ ကို ချေမှုန်းခဲ့ရာ ကွပ်ကဲရေးဌာနှင့် ဆက်သွယ်ရေးစင်တာ ၇၆၊ လေကြောင်းရန်ကာကွယ်ရေးစနစ် ၁၁၁ စုံ၊ ရေဒါစခန်း ၇၁ ခု ပါဝင်ကြောင်း ရုရှားကာကယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Igor Konashenkov ၏ မတ် ၆ ရက် သတင်းထုတ်ပြန်ချက်များအရ သိရသည်။ ထို့အပြင် မြေပြင်ရှိ လေယာဉ် ၆၉ စီး၊ ဝေဟင်တွင် ပျံသန်းနေသည် လေယာဉ် ၂၄ စီးနှင့် မောင်းသူမဲ့ ဒရုန်းယာဉ် ၆၂ စီး၊ တင့်ကားနှင့်အခြားသံချပ်ကာယာဉ်စသည့် ၇၇၈ စီးကို ပစ်ခတ်ဖျက်ဆီးခဲ့ကြောင်း ဆိုသည်။

 

___   ဗြိတိန် စေတနာ့ဝန်ထမ်းစစ်သည်များ ယူကရိန်းကို ရောက်ရှိနေပြီဖြစ်ရာ ၎င်းတို့က ယူကရိန်းစစ်တပ်နှင့်အတူ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ယူကရိန်း ကြည်းတပ်က မတ် ၆ ရက် လူမှုကွန်ရန်မီဒီယာတွင် ထုတ်ပြန်ပြောကြားခဲ့သည်။စေတနာ့ဝန်ထမ်းစစ်သည်အများစုမှာ ဗြိတိန်တော်ဝင်ရေတပ်က အငြိမ်းစား မရိန်းတပ်သားများ ဖြစ်ကြောင်း ယူကရိန်းမီဒီယာများ၏ဖော်ပြချက်များအရ သိရသည်။

 

___  မတ် ၆ ရက် ၁၀ နာရီမှ ၂၁ နာရီအထိ မရိဥပိုလ်တွင် အပစ်ခတ် ရပ်စဲမည်ဖြစ်ကြောင်း ယူကရိန်း မရီဥပိုလ်မြို့တော်ကောင်စီ၏ မတ် ၆ ရက် ကြေညာချက်တွင် ဖော်ပြထားသည်။ ယင်းနေ့ နေ့လည်ပိုင်း ၁၂ နာရီတွင် စတင်ပြီး ဒေသခံများအနေဖြင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြမည်ဖြစ်ကြောင်း ဆိုသည်။

 

___  ဂျာမနီတွင် မှတ်ပုံတင် လက်ခံထားသည့် ယူကရိန်းပြည်သူ ၃၇,၇၈၆ ဦးရှိရာ ၎င်းမှာ ပြီးခဲ့သည့်ရက်ကထက် လူပေါင်း ၁ သောင်းနီးပါး ထပ်တိုးလာကြောင်း ဂျာမနီပြည်ထဲရေးဝန်ကြီးဌာနက မတ် ၆ ရက်တွင် မီဒီယာများအား ပြောကြားခဲ့သည်။ လက်တွေ့တွင် ယူကရိန်းက ဂျာမနီကို ဝင်ရောက်သည့်အရေအတွက်သည် ယင်းကိန်းဂဏန်းထက် ပို၍ များပြားနိုင်ကြောင်း ဆိုသည်။

 

___  အမေရိကန် သမ္မတ ဘိုင်ဒန်သည် မတ် ၅ ရက်က ယူကရိန်းသမ္မတ ဇယ်လန်းစကီးနှင့် ဖုန်းဖြင့် ဆက်သွယ်ပြီး ယူကရိန်းအရေး ဆွေးနွေးခဲ့သည်။ ဘိုင်ဒန်က အမေရိကန်အစိုးရအနေဖြင့် ယူကရိန်းလုံခြုံရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့်စီးပွားရေးအကူအညီများကို အားဖြည့်ပေးနေကြောင်းနှင့် ယူကရိန်းအတွက် လုံခြုံရေး ထပ်ဆောင်းရန်ပုံငွေ ပံ့ပိုးမှု ဖော်ဆောင်ရန် လွှတ်တော်နှင့်နီးကပ်စွာ ပူးပေါင်းဆာင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ အမေရိကန်၏ ယူကရိန်းလုံခြုံရေးနှင့်ဘဏ္ဍာရေးအားပေးထောက်ခံမှု၊ ရုရှားအပေါ် ဆက်လက်ဆောင်ရွက်မည့် ပိတ်ဆို့မှုများကို ဘိုင်ဒန်နှင့် ဆွေးနွေးခဲ့ကြောင်း ဇယ်လန်းစကီးက လူမှုကွန်ရက်မီဒီယာတွင် ဖော်ပြခဲ့သည်။

 

___  အစ္စရေးဝန်ကြီးချုပ် နာ့ဖ်တာလီ ဘန်းနက်သည် မတ် ၅ ရက်က မော်စကိုတွင် ရုရှားသမ္မတ ပူတင်နှင့် ယူကရိန်းအရေး တွေ့ဆုံဆွေးနွေးခဲ့သည်။ ပူတင်နှင့်တွေ့ဆုံဆွေးနွေးမှုအပြီး နာ့ဖ်တာလီဘန်းနက်က ဖုန်းဖြင့် ဆက်သွယ်ခဲ့ကြောင်း ဇယ်လန်းစကီးက မတ် ၆ ရက် နံနက်ပိုင်း လူမှုကွန်ရက်မီဒီယာတွင် ထုတ်ပြန်ခဲ့သည်။ ယူကရိန်းမီဒီယာများ၏ ဖော်ပြချက်များအရ ဇယ်လန်းစကီး၏အဆိုပြုချက်အရ အစ္စရေးသည် ရုရှား-ယူကရိန်း ပဋိပက္ခ၏ ညှိနှိုင်းသူအဖြစ် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။ မတ် ၅ ရက် ညပိုင်းတွင် နာ့ဖ်တာလီ ဘန်းနက်က ဘာလင်မြို့တွင် ဂျာမနီဝန်ကြီးချုပ် Olaf Scholzနှင့် တွေ့ဆုံဆွေးနွေးခဲ့ရာတွင် ရုရှား-ယူကရိန်းအရေး၌ နီးကပ်သည့် ဆက်သွယ်မှုများ ထားရှိရန် သဘောတူညီခဲ့ကြပြီး နှစ်ဖက်စလုံး၏ ဘုံရည်မှန်းချက်သည် ပဋိပက္ခများ အမြန်ဆုံး အဆုံးသတ်ရေးဖြစ်ကြောင်း ဆိုသည်။

 

___  ဘိုင်ဒန်အစိုးရက အရေးပေါ်ရန်ပုံငွေအဖြစ် လွှတ်တော်ကို အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ တောင်းဆိုထားကြောင်း အိမ်ဖြူတော် စီမံခန့်ခွဲရေးနှင့်ဘတ်ဂျက်ရုံး၏ မတ် ၂ ရက် လွှတ်တော်သို့ ပေးပို့သည့် စာတစ်စောင်တွင် ဖော်ပြထားသည်။ ၎င်းတို့အနက် ကန်ဒေါ်လာ ၄.၈ ဘီလီယံကို အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနကို ချပေးမည်ဖြစ်ပြီး ယူကရိန်းသို့ စစ်ရေးအကူအညီ၊ ဥရောပ၌ တပ်စွဲထားသည့် အမေရိကန်စစ်တပ်၏အထောက်အပံ့နှင့် ပင်တဂွန်၏ထောက်လှမ်းရေး၊ ဆိုက်ဘာတိုက်ခိုက်မှုကာကွယ်ရေးစွမ်းရည်တို့အား မြှင့်တင်ရာတွင် အသုံးပြုမည်ဖြစ်ကြောင်း၊ ကန်ဒေါ်လာ ၅ ဘီလီယံကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီသို့ ချပေးမည်ဖြစ်ပြီး ယူကရိန်းနှင့်အရှေ့ဥရောပဒေသရှိ အမေရိကန်မဟာမိတ်နှင့်မိတ်ဖက်များအတွက် လုံခြုံရေးနှင့်စီးပွားရေးထောက်ပံ့မှုတွင် အသုံးပြုမည်ဖြစ်ကြောင်း ၊ ကျန်ရှိသည် ကန်ဒေါ်လာ သန်း ၂၀၀ ကို အမေရိကန် စီးပွားကူးသန်း၊ စွမ်းအင်၊ တရားစီရင်ရေးနှင့်ဘဏ္ဍာရေးဌာနများကို ချပေးမည် ဖြစ်ကြောင်း ဆိုသည်။  (Xinhua)

  

#Ukraine,#Russia,#US,#xinhua,#xinhuamyanmar,#ယူကရိန်း,#ရုရှား,#အမေရိကန်,#ဆင်ဟွာ


ဆက်ဖတ်ရန် →

​ရုရှား ဗုံးမိုးရွာနေတဲ့ ယူကရိန်း မြို့ရွာတွေထဲ လူတွေ သိန်းပေါင်းများစွာ ပိတ်မိနေ



ရုရှားရဲ့ လက်နက်ကြီးဒဏ်တွေ အဆက်မပြတ် အပြင်းအထန် ခံနေရတဲ့ ယူကရိန်းနိုင်ငံ အနှံ့က မြို့ရွာတွေမှာ လူတွေ သိန်းနဲ့ချီ ပိတ်မိနေကြပြီး အတိဒုက္ခ ဆိုးရွားစွာ ကျရောက်နေပါတယ်။


ရုရှားရဲ့ အမြောက်ကျည်၊ ဒုံးကျည်တွေ ပစ်ခတ်မှုအောက်က ယူကရိန်း လူနေရပ်ကွက်တွေမှာ အရပ်သား ထိခိုက် သေဆုံးရမှုတွေ ဘယ်လိုမှ တားမနိုင် ဆီးမရ မြင့်မားနေပြီး၊ အသက်မသေပဲ ရှင်နေတဲ့ လူတွေဟာလည်း အငတ်ဘေး ဆိုက်လုလု အခြေအနေ ဖြစ်နေပါတယ်။


ယူကရိန်း မြောက်ပိုင်း၊ ကိယက်ဗ် မြို့တော် အနီးက အဲရ်ပင်မြို့ Irpin မှာ ဆိုရင် လူတွေဟာ တနိုင်တပိုင် အထုပ်လေးတွေ၊ သားသမီးငယ်တွေ၊ အိမ်မွေး ခွေးလေး ကြောင်လေးတွေ ပိုက်ပြီး ခြေကျင် ထွက်ပြေး ခဲ့ကြရပါတယ်။


ဒါပေမယ့်လည်း၊ မနေ့ တနင်္ဂနွေနေ့က ဆိုရင် အဲဒီ စစ်ဘေး ဒုက္ခသည်တွေ ပြေးရာလမ်း အဲရ်ပင်မြို့ပြင်မှာ လက်နက်ကြီးကျည် ကျပြီး ယောက်ျား၊ မိန်းမ၊ ကလေး အရွယ်စုံ သေဆုံးခဲ့ရတယ်လို့ မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ ရသူတွေက ပြောပါတယ်။ 


ယူကရိန်း အရှေ့ဘက်ခြမ်း ဆူ(မ)မီ Sumy ဆိုတဲ့ မြို့မှာ ရှိနေတဲ့ အိန္ဒိယကနေ ကျောင်းလာတဲ့ ကျောင်းသားတစ်ယောက်လည်း သူ အစာ သေချာ မစားရတာ သီတင်းတစ်ပတ်ကျော် သွားပြီလို့ ဘီဘီစီကို ပြောပါတယ်။


သူ့မှာ ရှိနေတဲ့ အဟာရဖြည့် ပရိုတိန်း အမှုန့်တွေကို နှင်းတွေနဲ့ အရည်ဖျော် သောက်ပြီး အခုရက်ပိုင်းတွေမှာ အသက်ဆက်နေရတာ ဖြစ်တယ်လို့ ဆိုပါတယ်။


တောင်ဘက်ပိုင်း ဆိပ်ကမ်းမြို့ မာရီအူပူးလ် မြို့ကနေ ထွက်ပြေး လွတ်မြောက်လာတဲ့ မိသားစုတစ်စုကလည်း သူတို့ဟာ လျှပ်စစ်မရှိ၊ အနွေးဓာတ်မရှိ မြေတိုက်ခန်းထဲ သီတင်းတစ်ပတ်ကျော် ပိတ်မိနေခဲ့ပြီး အစာရေစာပါ နောက်ဆုံး ပြတ်လပ်သွားတဲ့ အိပ်မက်ဆိုးလိုမျိုး အတွေ့အကြုံကို ပြန်ပြောင်း ပြောပြပါတယ်။


အဲဒီ မာရီအူပူးလ်မြို့ထဲ ပိတ်မိနေတဲ့ အရပ်သားတွေ အားလုံး ဘေးကင်းရာ ခေါ်ထုတ်သွားနိုင်ဖို့ ကြိုးစားနေတာလည်း ၂ ရက်မြောက် ရှိပြီ ဖြစ်ပေမယ့် အခုထက်ထိ မအောင်မြင်သေးပါဘူး။ အဲဒီမှာ ဆက်ပြီး ပိတ်မိ နေဦးမယ် ဆိုရင် အရပ်သားတွေ အတွက် အခြေအနေဟာ မတွေးဝံ့စရာ ဖြစ်တယ်လို့ ဆိုပါတယ်။


ဒီအချိန်မှာ ရုရှားရဲ့ ပစ်ခတ်မှုတွေဟာ စစ်ရေးပစ်မှတ်နဲ့ အရပ်ဘက် လူနေရပ်ကွက်ရယ်လို့ ပိုပြီး မခွဲခြားတော့ပဲ အဆက်မပြတ် ပစ်ခတ်နေတာ ဖြစ်တယ်လို့လည်း ကိုယ်တွေ့ ကြုံနေရသူတွေက ပြောပါတယ်။


ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှု ၁၀ ရက်ကျော် ကြာခဲ့ပြီးတဲ့နောက် ယူကရိန်းကနေ ထွက်ပြေးသွားကြရတဲ့ အရပ်သားပေါင်း တစ်သန်းခွဲ ကျော်သွားပြီ ဖြစ်ပါတယ်။


ရုရှားတပ်တွေဟာ အရပ်ဘက် ပစ်မှတ်တွေကို အခုအနေအထားထက်ကို ပိုပြီး တိုက်ခိုက်လာလိမ့်မယ် ဆိုပြီး ယူကရိန်း သမ္မတ ဗိုလိုဒီမီယီယာ ဇယ်လန်စကီးက ပြောပါတယ်။


ရုရှားဟာ ယူကရိန်း မြို့ပြ လူနေ ရပ်ကွက်တွေရဲ့ အနီးတဝိုက်မှာ ရှိနေတဲ့ စက်ရုံအလုပ်ရုံတွေ အားလုံးကို ပစ်မှတ်ထား ဗုံးကြဲတာမျိုး၊ လက်နက်ကြီးတွေ၊ ဒုံးကျည်တွေနဲ့ ပစ်ခတ်တာမျိုးတွေ ဆက်ပြီး ကျူးလွန်မှာ ဖြစ်တာကြောင့် ဒါဟာ ... ကြံရွယ်ချက် ရှိရှိ သတ်ဖြတ်နေတာ ဖြစ်တယ်လို့ သမ္မတ ဇယ်လန်စကီးက ဆိုပါတယ်။ 


 “လူတွေအနေနဲ့ ထွက်မပြေးလို့ကို မဖြစ်၊ ထွက်သွားရမယ့် အခြေအနေမျိုးမှာ ကျရောက်နေပါတယ်။ လူတွေ ဘေးလွတ်ရာ ထွက်သွားနိုင်အောင် လမ်းကြောင်းတွေ ဖွင့်ပေးမယ် ဆိုတဲ့ ကတိစကားမျိုးတွေ ကြားခဲ့ရပေမယ့် လက်တွေ့ ဖြစ်မလာပါဘူး။ စာနာမှု လမ်းကြောင်းတွေ ဖြစ်လာမယ့် အစား သွေးတွေပဲ လွှမ်းသွားရတယ်” ဆိုပြီး သမ္မတဇယ်လန်စကီး စိတ်ခံစားမှု ပြင်းပြင်းထန်ထန်နဲ့ ပြောဆိုခဲ့ပါတယ်။ 


အနောက်အုပ်စုရဲ့ စီးပွားရေး ပိတ်ဆို့မှုတွေဟာ ရုရှားရဲ့ ရန်လိုမှုကို မထိန်းချုပ်နိုင်ဘူးဆိုတာ ထင်ရှားလှတယ်လို့လည်း သမ္မတ ဇယ်လန်စကီးက နိုင်ငံတကာ မိသားစုကို ပြောပါတယ်။ #ဘီဘီစီမြန်မာပိုင်း #ယူကရိန်းစစ် #ပူတင် #ရုရှား #ယူကရိန်းသမ္မတ #ဇယ်လန်စကီး


ဆက်ဖတ်ရန် →

သွေးကြွေးမှာဆွေးနွေးရန်မရှိ

​သေတွင်းထဲတွန်းပို့နေတဲ့ ငပုကို တပ်ရင်းလိုက်ပြောင်းလှဲ့ပြီး ပုန်ကန်ပြီး ပြည်သူရင်ခွင်ဝင်ချိန်တန်ပြီ။အသာစီးကနေမသာချည့်ဖြစ်လာနေပြီ။ ဘယ်လိုမှ ပြည်သူ့အားကိုမတွန်းလှန်နိုင်တော့ဘူး။


တတိုင်းတပြည်လုံးက PDF တွေကိုစပ်ရာစပ်ရာ  ရွာတွေကို မီးတင်ရှို့ရုံနဲ့ ဖြတ်လေးဖြတ် အောင်ပြီမထင်နေကြနဲ့။ ရွာတွေ မရှိရင် တောတွေ တောင်တွေထဲ နေပြီး မင်းတို့ကို ဆော်နေမှာပဲ။ ရွာတွေ မရှိရင် မြို့တွေက ထောက်ပံ့မှာပဲ။ 


မြို့တွေကိုတော့ မင်းတို့မီးရှို့လို့မရဘူး။ မီးဖြတ်တာလောက်နဲ့လည်း မြို့နေလူတန်းစားက စိတ်ဓာတ်ကျမယ်မထင်နဲ့။ မီးပြတ်လာခဲ့တာ နှစ်ပေါင်းများစွာမှာ အမေစုအစိုးရ ၅ နှစ်တာလောက်ပဲ မီးမှန်ခဲ့တာ။ 


ငသိန်းကြီးလက်ထက်ထိ လမ်းဘေးမှာမီးစက်ကြီးငယ် ထိုင်ပြီး မီးစက်သံ တညံညံ နဲ့ကျင့်သားရခဲ့ပြီးသား။


အမေစုလက်ထက် မီးလည်းမှန်လာရော မြို့ပေါ်မှာ ငသိန်းလက်ထက်ထိ မီးစက်သွင်းရောင်းစား အမြတ်ထွက်နေတဲ့ ခရိုနီတွေ စီးပွားစပျက် တာ....။မီးစက်စီးပွားပြီးတော့ ဓာတ်ဆီ ဒီဇယ် ကိုလက်ဝါးကြီးအုပ် လုပ်စားနေတဲ့ ခရိုနီကြီးငယ်တွေ ရန်ကုန်မှာ ကွီးဖြိုးက နိုင်ငံခြားကုမ္ပဏီတွေပါ ခေါ် သွင်းပြီး ဈေးပြိုင်ရောင်းခိူင်းမယ်ဆိုတော့ ....မြန်မာနိုင်ငံ စက်သုံးဆီ ဥက္ကဌ ဆိုတဲ့ ကောင်ကြီး ဘယ်လိုစောက်ဖောင်းထု သလည်း ....စစ်ခရိုနီဆီဆိုင်တွေ ဘယ်လို ဒေါသထွက်ကြလည်း မှတ်မိနေသေးတယ်။


ပြောချင်တာက NLD အစိုးရသည် ပြည်သူကိုသက်သာအောင် ချောင်လည်အောင် ကြိုးပမ်းအားထုတ်နိုင်လေ .... မင်းအောင်လှိုင်နဲ့ ခရိုနီပြည်ဖျက်အပေါင်းပါတို့ က အငြိုးတကြီးနဲ့ ရန်လိုလေ.... ဖျက်လိုဖျက်ဆီးလုပ်လေပဲ။


နောက်ဆုံး အာဏာသိမ်းထဲ့အထိဖြစ်လာတာမှာ ... စစ်သူခိုးတွေအပြင် ခရိုနီပြည်ဖျက် ဝိသမလောဘသားကြီးတွေရဲ့ ညှောင့်အားကြောင့်လည်းပါတယ်ဆိုတာ လူတိုင်းသိပြီးသား။


ဒါကြောင့် ပြည်သူ့ဒေါသက နေမြင့်လေအရူးရင့်လေဆိုသလို.... မင်းတို့ ရက်စက်လေ ..ခံပြင်းလေ....ပြန်ချချင်ကြလေပဲ။ ဒီကြားထဲမှာ အရိုးအရင်းလောက်ကိုက်ရပြီး မာန်ဖီ ဒလန်လုပ်ပေးနေတဲ့ အကာအကွယ်မဲ့နောက်လိုက်ခွေးတွေက ဒလန်ရှင်းလင်းရေးမှာ ခွေးသေဝက်သေ အရှော့ခံနေကြရတယ်။


စခ ရခ တွေက လည်း တနိုင်ငံလုံးကစစ်မြေပြင်တွေမှာ စစ်ရေးအတွေ့အကြုံတွေကို မုဆိုးစိုင်သင်သလို အသင်ခံရတဲ့ PDF လေးတွေက စိတ်ဓာတ် မြင့်မိုရ် တွေနဲ့ ပြန်တိုက်နေကြလို့ အလောင်းချင်းထပ်ပြီး သေနေကြတယ်။


ဒါတောင် လက်နက်အင်အားက မမျှသေးလို့။


အခု လက်နက်အင်အားက ပြည်တွင်းထုတ်ရော ပြည်ပ က ဝယ်တာရော PDF တွေလက်ထဲ တစတစ အဆင့်မြင့်ကိုင်နိုင်လာတဲ့ အချိန်မှာ ထောက်ပို့တပ်သားပြည်သူကလည်း ...ပြည်သူ့ဘက်သားသတင်းမီဒီယာတွေ ရဲ့ အင်နဲ့အားနဲ့ ဖော်ပြမှုတွေကြောင့် တော်လှန်ရေးပကတိ အခြေအနေကိုရှင်းလင်းစွာ အချိန်နဲ့တပြေးညီ သိနေကြတော့ ပိုပိုပြီး ထောက်ပံ့လာနေကြတာ.... 


ဒီတော့ မင်းတို့ စခ ရခ တွေနဲ့တကွ မိသားစုတွေ ဘဝ အသက်ရှည်ရှည်လေး နေချင်ကြသေးတယ်ဆိုရင်တော့.... တပ်ရင်းတပ်ဖွဲ့လိုက်ကိုငပုကိုပုန်ကန် ပြီး ပြည်သူ့ဘက်ပြောင်းဘို့ အချိန်မီလေး လုပ်ကြစေချင်တယ်။


PDF ဆိုတာ ဘိုးဘိုးအောင်ရဲ့ ဝ လုံးထက် ဆိုးတယ် စခ တို့။ 


ဘိုးဘိုးအောင် ဝ က မှ တလုံးဖျက်ရင် နှစ်လုံးပေါ်တာ.... ငါတို့ PDF လေးတွေ ဝ က တလုံးဖျက်ရင် အတွဲလိုက်ပေါ်သလို.... တရွာမီးရှို့ရင် ဘေးရွာတွေပါ အကုန် PDF ဖြစ်ကုန်ပြီး အင်အားပိုကြီး ....ပိုပြီး အငြိုးတကြီး စိတ်ဓာတ် တကြီးနဲ့ မင်းတို့ ကို ဒီမြေပေါ်က အပျောက်ကို ရှင်းကြတော့မှာ။


ဘာတဲ့.... သွေးကြွေးမှာဆွေးနွေးစရာမရှိဆိုတဲ့ အသံတွေဆိုတာ ...ငါတို့ နိုင်ခါနီး..နိုင်မယ်မှန်း သေချာလို့ ပြည်သူလူထုကြားမှာ ပဲ့တင်ထပ်လာတဲ့ အသံကွ။ 


ဒီအသံ အလကားပေါ်လာတယ်များထင်သလား။ နိုင်မယ်မှန်းသိလို့ကိုပေါ်လာတဲ့အသံ။


​#သွေးကြွေးမှာဆွေးနွေးရန်မရှိ 


ဒါပဲ။


SanMaung



ဆက်ဖတ်ရန် →

#ဂျာဗလင်တွေ ရော #NLAWတွေ ပါ ပဲလှော်ဝေသလိုဝေ

​


ယူကရိန်းလက်ထဲကို အနောက်အုပ်စုက


#ဂျာဗလင်တွေ ရော

#NLAWတွေ ပါ 

ပဲလှော်ဝေသလို

ပေါပေါများများကြီး  ဝေပေးလိုက်ပါပြီ။


ဂျာဗလင်တို့ NLAW တို့ဆိုတာ

သာမာန် လေယာဥ်ပစ်သေနတ်လို

RPGလို

စုတ်တီးစုတ်ပြတ် ရော့ကက်လောင်ချာ

မဟုတ်ဘဲ


ကိုယ်ပိုင်ထိန်းကျောင်းသွားလာနိုင်တဲ့

အဆင့်မြင့်  Missile စနစ်တွေ ဖြစ်တာမို့


NLAW နဲ့ ပစ်ခံထိတဲ့

တင့်ကား သံချပ်ကာကားဆိုရင်

လွတ်ဖို့ ခဲယဥ်း​ပြီး


ဂျာဗလင်နဲ့ အပစ်ခံရတဲ့

လေယာဥ် ရဟတ်ယာဥ့်ဆိုရင်လည်း

နောက်ဆုံးပေါ်  လေကာမပါဘူး

Speed မရဘူး ဆိုလို့ကတော့

သေဖွယ်ရာ ရှိတာပါဘဲ။


တချိန်ထဲမှာဘဲ

ရုရှားဖက်က Multiple Launcher

ဆိုတဲ့

ပဲ့ထိန်းစနစ်မပါ Missileလို မတိကျတဲ့ 

ရှေးဟောင်းရော့ကက်​​တွဲကြီးတွေနဲ့

အစုလိုက်အပြုံလိုက် ပစ်ခတ်ခြင်းဆိုတဲ့

Bombardment နည်းနဲ့

ပစ်ခတ်လာပြီဆိုတော့

ယူကရိန်းမြို့ပြစနစ်တွေ

အများကြီးကို ပျက်စီးကြရအုံးမှာ။


ကြာလေ

ပွဲက ပိုကြည့်ကောင်းလာလေပါဘဲ

( ကိုယ်မှ မခံရတာကိုးးးးး 😁😁😁)

နိုုင်ဇာမြင့်

ဆက်ဖတ်ရန် →

ဝါသ၀ ခေါင်းဆောင်သော အဖွဲ့ တိုက်ခိုက်ခံရပြီး ၃၀ ကျော် သေဆုံးနိုင်

​တန့်ဆည်တွင် လက်နက်ကိုင် မဘသ ဘုန်းကြီးအမည်ခံ ဝါသ၀ ခေါင်းဆောင်သော အဖွဲ့ တိုက်ခိုက်ခံရပြီး ၃၀ ကျော် သေဆုံးနိုင်


ရန်ကုန်၊ မတ် ၇  ခေတ်သစ်မီဒီယာ


စစ်ကိုင်းတိုင်း၊ တန့်ဆည်တွင် လက်နက်ကိုင် မဘသ ဘုန်းကြီးအမည်ခံ ဝါသ၀ ခေါင်းဆောင်သော အဖွဲ့ တိုက်ခိုက်ခံရပြီး ၃၀ ကျော် သေဆုံးနိုင်ကြောင်း တန့်ဆည် PDF က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ 


မတ်လ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီဝန်းကျင်တွင် တန့်ဆည် PDF ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကဘဲ၊ဘေရင်းကျေးရွာဘက်မှ ပျူစောထီးများနှင့်စစ်သားများ ထွက်ပြေးသွားကြောင်း ၊ ယင်းနောက် ဝါသ၀ ခေါင်းဆောင်သော လက်နက်ကိုင်အဖွဲ့ကို ဒုတိယအကြိမ် လက်နက်ကြီးဖြင့် ပစ်ခတ်ကြောင်း၊  ဝါသ၀ အပါအဝင် စစ်သားနှင့်ပျူစောထီး ၄၀ ကျော်ထိမှန်ကြောင်း သိရှိရသည်။ 


"ဝါသ၀ဆိုတဲ့ ဘုန်းကြီးသေတယ်လို့ အတည်မပြုသေးဘူး။ သိုပေမယ့် သူတို့ဘက်က ၃၀ ကျော်သေတာတော့ Confirmဖြစ်တယ်" ဟု တန့်ဆည် PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ 


ဖေဖော်ဝါရီလ ၂၇ ရက်နေ့ တန့်ဆည်မြို့နယ်၊ ရတနာကံမြင့်ထယ်ကျောင်း တိုက်တွင် ပစ္စတိုလွယ်ပြီး စည်းရုံးနေသော ဘုန်းကြီးများတွင် မဘသ အစွန်း ရောက် ဝါသ၀ ပါဝင်ကြောင်း၊  ကန့်ဘလူမြို့နယ် မှော်တော်ရွာ ကျောင်းထိုင် ဘုန်းကြီးဖြစ်ကြောင်း ၊ အမျိုးသားရေး  တက်ကြွ လှုပ်ရှားသူဖြစ်ပြီး ဓမ္မစကူးလ်ဖောင်ဒေးရှင်းတွင်လည်းကောင်း၊  ငါးရာငါးဆယ်ဆရာတော် အမည်ခံ၍ လက် နက်ကိုင်ပြီး လူသတ် လုပ်ငန်းများ လုပ်ဆောင်နေကြောင်း  သိရှိရသည်။


ဓာတ်ပုံ- လက်နက်ကိုင် မဘသ ဘုန်းကြီးအမည်ခံ အစွန်းရောက် ဝါသ၀ ပစ္စတိုလက်နက်ကိုင်ဆောင်ထားစဉ်။


ဆက်ဖတ်ရန် →

​ဦးဖြိုးမင်းသိန်းနဲ့ဆက်စပ်သည့် အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့အမှုမှာ စစ်ကောင်စီဘက်က သက်သေတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိ



မတ်လ ၇


ဦးဖြိုးမင်းသိန်းနဲ့ဆက်စပ်ပြီး စွဲချက်တင်ခံထားရသည့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဂတိအမှုမှာ စစ်ကောင်စီဘက်က သက်သေတစ်စုံတစ်ရာ ပြသနိုင်ခဲ့ခြင်းမရှိဘူးလို့ ရှေ့နေအဖွဲ့က လျှောက်ထားခဲ့ကြောင်း တရားရုံးနဲ့နီးစပ်သည့်အသိုင်းအဝိုင်းထံက သိရပါတယ်။


ပြီးခဲ့သည့်အပတ်ရုံးချိန်းမှာ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဦးဖြိုးမင်းသိန်းထံက ရွှေနဲ့ ဒေါ်လာများ လက်ခံရယူခဲ့သည့်ဆိုသည့် အဂတိအမှုနဲ့စပ်လျဉ်းပြီး ကြားနာစစ်ဆေးခဲ့စဉ်မှာ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ရှေ့နေအဖွဲ့က လျှောက်ထားခဲ့တာဖြစ်ပါတယ်။


#MyanmaPlatform #News #Domestic

ဆက်ဖတ်ရန် →

လက်ရှိစစ်ရေးအခြေအနေ သုံးသပ်ချက် (မတ်လ ၆ ရက် ၂၀၂၂)

​Credit to Myat Tun Oo


အများစုက စစ်ရေးအခြေအနေ ဘယ်ကိုရောက်ပြီလဲ သိလိုကြပါတယ်။ NUG က နိုင်နေလား မအလက နိုင်နေလားပေါ့။ ဒီနေရာမှာ စာရေးသူအနေနဲ့ အတွင်းသတင်းအပါအဝင် မြေပြင်သတင်းအပေါ်မူတည်ပြီး အမှန်အတိုင်း သုံးသပ်ပေးပါ့မယ်။ အထောက်အထားနဲ့ ပညာရှင်သဘော ခံစားချက်မပါ ရေးပြပါ့မယ်။ မဆဲပါနဲ့။


ဒီမိုတွေစိုးရိမ်တာက ရွာတွေမီးရှို့ခံရ၊ ပြည်သူတွေထွက်ပြေးနေရ၊ မအလက လေပေါ်ကနေ အသာစီးရလို့ PDF တွေ ရှုံးနေလားလို့ စိုးရိမ်ကြတာရှိပါတယ်။ ယခင်က ခဏခဏ ပြောခဲ့သလို မအလတပ်က လေကြောင်းကနေ ရဟတ်ယာဉ်နဲ့ လာတိုက်ရတာက ဘာကိုပြသလဲဆိုတော့ ကုန်းလမ်းမှာ သူ့တပ်က လှုပ်ရှားလို့မရတာ နယ်မြေစိုးမိုးမှုမရှိတာကို ပြနေပါတယ်။ အမေရိကန်လဲ အာဖဂန်မြို့တွေကို စိုးမိုးခဲ့ပေမယ့် နယ်ထဲကို မသွားရဲခဲ့ပါ။ သူက ကျူးကျော်သူဖြစ်ပြီး မအလက မိမိနယ်မြေထဲမှာ မိမိမသွားရဲတာပါ။ သူသာ နယ်မြေစိုးမိုးရင် ရန်ကုန်မှာလို စစ်ကားတွေနဲ့ သွားလာပြရမှာပါ။ စစ်ကိုင်းမှာ လုံးဝမသွားရဲအောင်ကြောက်နေပါတယ်။ သူတို့က အရပ်သားကား ဘုန်းကြီးကားတွေကို စီးပြီး သွားပါတယ်။ ဘုန်းကြီးကတော့ မဘသပေါ့။ နမခထဲမှာ ခေတ်သစ်က သေနှုန်းမြင့်လာရင် ဒီနေ့လှည့်ကင်းနားဆိုပြီးတောင် ပြောယူရတဲ့အထိပါ။


နောက်ရဟတ်ယာဉ်ပေါ်က ဆင်းတိုက်တာပါ။ ဒါကသတင်းအတိအကျရရင် သူတိုက်လို့ရနိုင်ပါတယ်။ ယခင်က အင်တာဗျူးတွေပေးတာရဲ့ အကျိုးကျေးဇူးတွေပါ။ ဒလန်လဲပါပါတယ်။ ဒါပေမယ့် သူတိုက်တိုင်း PDF အများကြီး မထိခဲ့ပါ။ ရှိတဲ့ PDF ထက် သူ့ကြောင့်ထိခိုက်တာက အနည်းစုပါ။ ခံရတာက အပြစ်မဲ့ ရွာသားတွေအများစုပါ။ PDF ကို မတိုက်နိုင် မမိနိုင် မဖမ်းနိုင်လို့ ကြွက်မနိုင် ကျီမီးနဲ့ရှို့တဲ့ပုံစံနဲ့ ရွာတွေကို မီးရှို့နေတာပါ။ စာဖတ်သူများ စဉ်းစားပါ။ ပုံမှန်မှာ မိမိကနိုင်နေတဲ့ရွာကို ဘာမှမီးရှို့စရာမရှိပါ။ သူလုပ်တာက အဆိုပါရွာတွေက သူတို့မီးရှို့ခံရရင် PDF ကို မုန်းပြီး မထောက်ပံ့အောင်ပါ။ မြေပြင်မှာ ဖြစ်နေတာက မီးရှို့ခံရအပြီးမှာ ရွာလုံးကျွတ် PDF ဖြစ်သွားတာပါ။ ဒီနေရာမှာ အရေးကြီးတာက ယခင်ကဆန္ဒပြတာဟာ သူတို့ဒီမိုကရေစီရဖို့နဲ့ ဗမာရွာအများစုဟာ ၉၉% အမေစုကိုချစ်လို့ပါ။ သူတို့မီးရှို့လူသတ်အပြီးမှာ အဆိုပါရွာတွေက ဒီမိုကရေစီနဲ့ အမေစုအတွက်တင်မဟုတ်တော့ဘဲ ငါတို့အဖေ၊ ငါတို့အမေ၊ ငါတို့ကလေး၊ ငါတို့ရွာ၊ ငါတို့သူငယ်ချင်းအတွက် လက်စားချေဖို့ မအလတပ်ကို သတ်မယ်ဆိုတာမျိုး ဖြစ်သွားခဲ့ပါပြီ။ သူတို့စိတ်က ပိုမာသွားကြပါပြီ။ ဒီနေရာမှာ တိုက်ပွဲအတွက် စိတ်ဓာတ်ပေါ့။ ဒီစိတ်ဓာတ်ဟာ မီးရှို့လို့ မကြောက်ဘဲ ပြန်ချမယ်ဆိုတာ ဖြစ်သွားခဲ့ပါပြီ။ ထိုဒေသတွေက အလောင်းဘုရား၊ ဗန္ဓုလနယ်မိုလို့ အမျိုးသားရေးစိတ်ပြင်းပါတယ်။


ဒါဆိုမအလတပ်က အသေများလား PDF က အကျများနေလား? 

အစပိုင်းက မအလတပ်က အသေများတယ်လို့ပြောခဲ့ရင် ဘောမများက ဘာညာဆိုပြီး ဝေဝါးအောင်လုပ်လေ့ရှိပါတယ်။ ဆေးရုံတွေမှာ ခြေပြတ်လက်ပြတ်တွေများနေတာကို အရိုးအထူးကု စစ်ဆေးအရာရှိများစွာက အတည်ပြုထားပါတယ်။ ခြေပြတ် လက်ပြတ်နဲ့ ထွက်ဖို့တင်ထားတဲ့ စာရင်းက ၂၀၂၁ အာဏာသိမ်းနောက်ပိုင်း ရှစ်ထောင်ကျော်ပါတယ်။ မုံရွာနဲ့ မန္တလေးမှာ မိုင်းဆွဲခံရရင် တစ်ချိန်ထဲအများကြီး ဆေးရုံရောက်လေ့ရှိပါတယ်။ ဘာလို့လဲဆိုတော့ သူကကားနဲ့သွားရင် မိုင်းဆွဲခံရလို့ပါ။ အပြင်မထွက်တဲ့နေ့ မိုင်းဆွဲမခံရလို့ အသေအပျောက်နည်းပါတယ်။ တစ်ခါတလေမှာ တောင်ငူလို နေပြည်တော်လို ရန်ကုန်လိုမျိုး သူကလုံခြုံတယ်လို့ ထင်ရတဲ့နေရာမှာ အလစ်အငိုက်မိုင်းဆွဲခံရရင် အသေများပါတယ်။ စစ်သဘောအရ အပြင်မထွက်တိုက်ရင် နယ်မြေစိုးမိုးလို့မရပါ။ မအလတပ်မှာ မိုင်းခံကား မရှိပါ။ ဒါကြောင့် မအလတပ်က အသေများနေပါတယ်။ အသေများပြီး တပ်အင်အားနည်းလာလို့ မအလက စစ်ခွေးသင်္ဃန်းဝတ်ဂတုံးတွေတောင် လက်နက်ကိုင်ခိုင်းနေရပါပြီ။ မအလသာသူ့စစ်သားမသေရင် ဒီလိုမျက်နှာပျက်ခံပြီး သင်္ဃန်းဝတ်ဂတုံးတွေကို စစ်သင်တန်းပေး လက်နက်ကိုင်ခိုင်းစရာမရှိပါ။ ဒါက ထင်ရှားတဲ့အထောက်အထားပါ။


ဒီနေရာမှာ မေးစရာရှိတာက မအလတပ်က ကရင်နီနယ်တွေ လေးကေ့ကော်တွေမှာ ပြန်တိုက်သိမ်းနိုင်တာ မင်းမတွေ့ဖူးလားလို့ မေးနိုင်ပါတယ်။ ပြောလိုတာက စစ်ဆင်ရာမှာ တင့်ကားတွေ၊ လေယာဉ်တွေနဲ့ သာလွန်အင်အားသုံးပြီးသိမ်းရင် နယ်မြေသိမ်းလို့ ရနိုင်ပါတယ်။ သိမ်းပြီးရင် ထိန်းရမှာပါ။ ဥပမာ အမေရိကန်က အီရတ်ကို သိမ်းတာက ဒုံးပျံတွေ၊ လေယာဉ်တွေနဲ့ ပစ်သိမ်းနိုင်ပေမယ့် ထိန်းရာမှာ အသေများခဲ့ပါတယ်။ အဆိုပါဥပမာကို ယခု ယူကရိန်းမှာစစ်မှာ တွေ့ရမှာပါ။ ဒါတွေက ပြည်သူမပါလို့ပါ။ ထို့အတူ မအလတပ်က အဆိုပါနယ်မြေတွေကို သိမ်းနိုင်ပေမယ့် ထိန်းဖို့က မအလတပ်အသေများမှာပါ။ နယ်မြေကိုထိန်းရာမှာ တပ်တွေက ရွာတွေထဲဝင်စစ်တာ အုပ်ချုပ်ရေးစနစ် ထူထောင်တာတွေလုပ်ရမှာပါ။ သူတို့ဟာ စစ်ကိုင်းမှာလို မြို့ပြင်ထွက်တာနဲ့ မိုင်းဆွဲခံရပြီး သေမှာပါ။


ဟာဒါဆိုရင် PDF က မြို့တွေသိမ်းနိုင်တော့မှာလား? PDF ပေါ်လာတာ တစ်နှစ်တောင်မပြည့်သေးပါ။ PDF အရင်ပေါ်ခဲ့တဲ့ AA၊ KIAတို့တောင် မြို့တွေ မသိမ်းနိုင်သေးပါ။ မြို့တွေသိမ်းနိုင်ဖို့က လက်နက်ကြီးကြီးတွေလိုပါတယ်။ ဒီလက်နက်တွေက ပိုက်ဆံရှိရင်တောင် နိုင်ငံကြီးတွေက မရောင်းရင် ဝယ်မရပါ။ ဒါပေမယ့် ရုရှားက ယူကရိန်းကို ဝင်သိမ်းချိန် မအလက ရုရှားကိုထောက်ခံချိန်မှာ အနောက်အုပ်စုဟာ NUG ကို လက်နက်ထောက်ပံ့ဖို့ စဉ်းစားလာနေကြပါပြီ။ တချိန်ထဲမှာဘဲ NUG ဟာ တော်လှန်ရေးမိသားစု PRF အစီအစဉ်နဲ့ စနစ်တကျ ပိုက်ဆံကောက်လာနိုင်တာ တွေ့နေရပါပြီ။ 


နောက်ပိုင်း လစဉ်ဒေါ်လာသန်းဂဏန်းလောက်ရလာရင် PDF ဟာ လက်နက်တွေ ယခုထက်ပိုကောင်းလာမှာပါ။ ယခု NUG လက်အောက်ခံ တရားဝင် PDF ယာယီတပ်ရင်းမှူးတွေက သူတို့ NUG ထံက ထောက်ပံ့မှုနဲ့ ဘယ်လိုတိုးတက်လာနေကြောင်း ဗီဒီယိုဖိုင်နဲ့ ပြောတင်လာတာဟာ NUG အတွက် ပုံရိပ်ကောင်းစေခဲ့ပါတယ်။ မဟုတ်ရင် မရတဲ့ NUG နဲ့ မဆက်သွယ်တဲ့ PDF ကသာ မရဘူးတင်နေလို့ ဇဝေဇဝါဖြစ်စေခဲ့ပါတယ်။ PRF ပိုက်ဆံဟာ လစဉ်ရနေလို့ ကြာလာလေ ဝင်ငွေပိုကောင်းလာလေ ဖြစ်လာမှာပါ။ clicktodonate ကလဲ ဝင်ငွေကောင်းနေပြီး ဒါက GenZ လေးတွေရဲ့ အတွေးအခေါ်အသစ်ကနေလာတာပါ။ ဒါက နည်းဗျူဟာ အသေးစိတ်ပါ။


မဟာဗျူဟာအဆင့်မှာ မအလဟာ ဘယ်တိုင်းရင်းသားလက်နက်ကိုင်ကိုမှ အကြီးအကျယ်မတိုက်ရဲဘဲ ကြောက်လို့ အပြစ်ရပ်ထားရပါတယ်။ AA ဆိုရင် တရားစီရင်နေတာ အုပ်ချုပ်နေတာသိပေမယ့် ချင်းကိုဖိနေရလို့ ရခိုင်က AA ကို သွားမတိုက်ရဲပါ။ ဝ တပ်ဆိုရင် RCSS ရွက်ဆစ်ကို ရှမ်းတောင်အထိ လိုက်တိုက်ပေမယ့် မအလဘာမှမလုပ်ရဲပါ။ ဒါက မအလက PDF ကိုတိုက်ဖို့ ယခင်က ဓားကျိန်းကျိန်းခဲ့တဲ့ လက်နက်ကိုင်တွေကို ဖင်ပေးပေါင်းနေရတာကို ပြတာပါ။

မအလတပ်ကယုံကြည်တာက ဗကပနဲ့ ဦးနု ပုန်ကန်တာကိုနိုင်ခဲ့လို့ ဒီအခေါက်လဲ ဗကပကိုတိုက်သလိုတိုက်ရင် သူတို့နိုင်မယ်လို့ ထင်ထားခဲ့တာပါ။ သူမသိတာက ယခုသူဖြစ်နေတာက ပြည်သူနဲ့ဆိုတာပါ။ ဒီအကြောင်းနောက်မှရေးပါ့မယ်။


အကျဉ်းချုပ်ရရင် စစ်ဖြစ်တာမှာ အနိုင်အရှုံးကို ရွာတွေဘယ်လောက်မီးရှို့နိုင်လဲ အပြစ်မဲ့ပြည်သူ ဘယ်လောက်ကိုသတ်နိုင်သလဲဆိုတာနဲ့ တိုင်းတာရင်တော့ မအလတပ်က မီးရှို့၊ မုဒိမ်းကျင့်၊ အပြစ်မဲ့ပြည်သူကို သတ်တဲ့နေရာမှာ ပထမမိုလို့ နိုင်တယ်လို့ပြောနိုင်ပါတယ်။ ဒါပေမယ့် တကယ်စစ်မြေပြင်မှာ ဘယ်သူကနိုင်သလဲဆိုရင်တော့ PDF ကသာ နိုင်နေတယ်ဆိုတာ မငြင်းနိုင်တဲ့ အထောက်အထားများက ပြနေပါတယ်။ ပြည်သူသာ အဓိကပါ။


https://www.myattunoo.com/

ဆက်ဖတ်ရန် →

ဦးကျော်မိုးထွန်းကို မအလ စကစက နိုင်ငံသားဖြစ်ခွင့်မှရုတ်သိမ်းတယ်

​မြန်မာပြည်ကိုယ်စားပြု ကမ္ဘာ့ကုလသမဂ္ဂ UN ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဦးကျော်မိုးထွန်းကို မအလ စကစက နိုင်ငံသားဖြစ်ခွင့်မှရုတ်သိမ်းတယ်ဆိုတော့...  ဒီပွဲက ကြည့်လှပြီပေါ့လေ... 


ဦးကျော်မိုးထွန်းကဘယ်နိုင်ငံကိုကိုယ်စားပြုသလဲဆိုတာ UN ရဲ့နောက်ထပ်ပြုလုပ်လာမဲ့အစည်းအဝေးတွေမှာ မြင်တွေ့ရပါတော့မယ်... 


အကယ်၍များ ... 


UN က ဦးကျော်မိုးထွန်းရဲ့ထိုင်ခုံမှာ မြန်မာပြည်ကိုယ်စားပြုသူအဖြစ် MYANMAR ဆိုတဲ့အမည်နာမကြီးရှိနေဆဲဆိုရင် ယခု မအလ စကစ ကြေငြာချက်ကြီးကစောက်ရူးစောက်ပေါအဆင့်အလိုလိုရောက်သွားပါလိမ့်မယ်... 


ရှင်းအောင်ပြောရရင် ... 

အခုလိုဒင်းတို့ထပြီးပြောချင်ရာပြော လုပ်ချင်ရာလုပ် ကြေငြာချင်သလိုကြေငြာနေတာတွေဟာ နိုင်ငံတော်နဲ့ မြန်မာပြည်သူလူထုကိုကိုယ်စားပြုနေတာမဟုတ်ဘူးလို့ အလိုလိုအဓိပ္ပါယ်သက်ရောက်သွားစေပါတယ်... 


ဒင်းတို့စစ်သူပုန်အုပ်စု၏ ဗရမ်းဗဒါပြောချင်ရာပြောနေတာကို ကမ္ဘာကဘာတစ်ခုမှအသိအမှတ်မပြုပါ လို့လဲ ထင်ရှားသွားစေပါတယ်... 


ဒါပါဘဲ...

နောက်ဆုံးတော့ လှုပ်လေမြုပ်လေဆိုတဲ့စကား မအလ စကစ  တို့အတွက် တမင်များထားခဲ့လေသလား 😊😁


Sua Sponte...

Sitt Naing Aung

ဆက်ဖတ်ရန် →

အမျိုးသမီးဆောင် အခန်းတည့်တည့်ကို CCTV ထားကာ ဓာတ်ပုံရိုက်ယူ‌ပြီးနောက် ၃ပုံ ၅ထောင်ဖြင့် ပြန်ရောင်းစား

​❗MDY❗


အိုးဘိုထောင်ထဲတွင်

မတ်လ ၃ရက်နေ့ တရားရုံးထွက်မည့် ၅၀၅လူငယ် တစ်ယောက်သည် ရုံးမထွက်ခင် အိမ်သာတက်နေသောကြောင့် ရုံးထွက် နောက်ကျခဲ့ရသဖြင့် အခြား အမှုရင်ဆိုင်နေသော အကျဉ်းသား ၃ ယောက်မှ ၎င်းအား လက်သီးဖြင့် ဝိုင်းထိုးကြရာ ထိုလူငယ်မှ ပြန်ထိုးခဲ့သည်

ထို့အတွက် ပြစ်ဒဏ်ပေးရာ အခြားအမှုအကျဉ်းသားများကို ပြစ်ဒဏ်မပေးပဲ ထိုလူငယ်ကို ဒေါက်ခတ်ပြီး တိုက်ပိတ်ခဲ့ပါသည်

ထိုးကြိတ်နေချိန်အတွင်း အခြားဆိုဒ်မှ ၅၀၅သမားများက ဝိုင်းအော်ကြရာ ထိုအထဲမှ ၅၀၅သမား တစ်ယောက်ကိုပါ ဒေါက်ခတ်ပြီး တိုက်ပိတ်လိုက်‌ေကြာင်းသိရ

ထိထိရောက်ရောက် ဆေးကုသပေးတာမျိုး မရှိပဲ ပါရာစီတမော ပါရာကက် လောက်ပဲတိုက်ကြောင်း

အမျိုးသမီးအဆောင်ဘက်တွင်လည်း မနက်၁၀ နာရီမှ ည၈နာရီထိ ရေမလာကြောင်း ရေစက်ပျက်နေလို့ အလှူငွေတောင်းကာ ထည့်လိုက်ရသော်လဲ ရေက မလာကြောင်း 

ရေမရတဲ့အတွက် အိမ်သာ အခက်အခဲမှာ အဓိကဖြစ်ပြီး ဆီးချုပ် ဝမ်းချုပ် ဖြစ်နေကြရကြောင်း ယားနာတွေ ပေါက်နေကြကြောင်း

ပဲဟင်းရည် ထဲတွင် ပိုးလောက်လန်းပါ ပါကြောင်း

အရင်ထောင်ပိုင်ထက် ယခု ထောင်ပိုင်က ပို တင်းကြပ်ကြောင်း CCTV မှ စောင့်ကြည့်ပြီး ၎င်းဝန်ထမ်းများကို တရားခွင်တွေထိ လိုက်လံ စောင့်ကြည့်နေကြောင်း ရှေ့နေ နဲ့ စကားပြောချိန်တွင်တောင် ဘေးမှ ရပ် စောင့်ကြည့် နားထောင်နေကြောင်း ရေချိုးချိန်ကြာပါက နင်မင်းငါဆ ပြောဆိုကြောင်း

အခန်းတွေထဲ တပတ် တစ်ခါ ဝင်စစ်သောအခါ လိုချင်တဲ့ပစ္စည်းတွေ့ရင် ယူသွားကြကြောင်း

အမျိုးသမီးဆောင် အခန်းတည့်တည့်ကို CCTV ထားကာ ဓာတ်ပုံရိုက်ယူ‌ပြီးနောက် ၃ပုံ ၅ထောင်ဖြင့် ပြန်ရောင်းစားနေကြောင်း အမျိုးသမီးများ အိမ်သာတက် ရေချိုး အဝတ်လဲသည့်အချိန်မျိုးတွင် ဓာတ်ပုံရိုက်ယူကြပြီး ရောင်းစားနေကြကြောင်းဖြင့် 

အိုးဘိုထောင် အတွင်း လူ့အခွင့်အရေး ချိုးဖောက်နေမှုများ သည် ဥပဒေအရ မည်သည့်အကာအကွယ်မှ ရနိုင်ချေ မရှိ ဖြစ်နေကြောင်း 

ထောင်တွင်းမှ တိုင်ကြားသိရှိရပါသည်


#Vomdy

Source ထောင်ဝန်ထမ်းတစ်ဦး

ဆက်ဖတ်ရန် →

တစ်ပတ်တိတိ လျှပ်စစ်မီး ၂၄ နာရီ ပြတ်တောက်မည်ဟု စစ်ကောင်စီက ကြေညာ

​နိုင်ငံတစ်ဝန်း မတ်လ ၁၂ ရက်မှ မတ်လ ၁၈ ရက်နေ့အထိ တစ်ပတ်တိတိ လျှပ်စစ်မီး ၂၄ နာရီ ပြတ်တောက်မည်ဟု စစ်ကောင်စီက ကြေညာ


ရန်ကုန်၊ မတ် ၆ 


လာမည့် မတ်လ ၁၂ ရက်နေ့မှ မတ်လ ၁၈ ရက်နေ့အထိ  တစ်ပတ် လျှပ်စစ်မီး ၂၄ နာရီ ပြတ်တောက်မည်ဖြစ်ကြောင်း အကြမ်းဖက်စစ်ကောင်စီက ကြေညာသည်။ 


လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ကမ်းလွန်သဘာ၀ဓာတ်ငွေ့စီမံကိန်းများဖြစ်သော ရတနာ၊‌ ဇောတိကနှင့် ရွှေကမ်းလွန်စီမံကိန်းများနှင့် ကုန်းတွင်း ဓာတ်ငွေ့တွင်းများမှ သဘာ၀ဓာတ်ငွေ့အသုံးပြု၍ ဓာတ်အား ၁၄၅၅ မဂ္ဂါဝပ် ထုတ်လုပ်နေကြောင်း၊ ထပ်မံ တွေ့ရှိရသည့် သဘာ၀ဓာတ်ငွေ့တွင်း သစ် ၂ ခုမှ ဓာတ်ငွေ့များကို ဓာတ်အားထုတ်လုပ်နိုင်ရေး ရေအောက်ပိုက်လိုင်းဆက်သွယ်ရေးကို မတ်လ ၁၂ ရက်နေ့မှ မတ်လ ၁၈ ရက်နေ့အထိ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ သဘာ၀ဓာတ်ငွေ့ဖြင့် ဓာတ်အားထုတ်လုပ်နေမှုတချို့ကို ရပ်ဆိုင်းမည်ဖြစ်ကြောင်း၊  ထို့ကြောင့် လျှပ်စစ်ဓာတ်အားကို မတ်လ ၁၂ ရက်မှ မတ်လ ၁၈ ရက်နေ့အထိ တစ်ပတ်အတွင်း နိုင်ငံတစ်ဝန်း အချို့သောနေရာများတွင် ၂၄ နာရီ မီးပြတ်မည်ဖြစ်ကြောင်း စစ်ကောင်စီက ကြေညာသည်။ 


လက်ရှိတွင် LNG ဓာတ်အားပေးစက်ရုံများတွင် LNG စျေးနှုန်းမြင့်တက်မှုကြောင့် မလည်ပတ်နိုင်တော့ဘဲ ရပ်တန့်ထားကြောင်း၊ ဘီလူးချောင်းရေအားလျှပ်စစ်စက်ရုံမှ ထွက်ရှိသော ဓာတ်အားမှာလည်း ဓာတ်အားလိုင်းများလည်း ဖောက်ခွဲခံထားရ၍ ပြင်ဆင်ရန် ကြိုးပမ်းနေရကြောင်း စစ်ကောင်စီက ကြေညာသည်။  


ယခင်က  အမြင့်ဆုံး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၄၂၀၀ ထုတ်လုပ်နိုင်ကြောင်း၊ လက်ရှိတွင် ဓာတ်အား ၂၁၇၇ မဂ္ဂါဝပ်သာ ထုတ် လုပ်နိုင်ကြောင်း၊ ဓာတ်‌ငွေ့ပိုက်လိုင်း သစ်များသွယ်တန်းရန်အတွက် ဓာတ်ငွေ့မှ လျှပ်စစ်ထုတ်လုပ်မှု ရပ်ဆိုင်းမည်ဖြစ်ရာ လျှပ်စစ်ဓာတ်အား ၁၃၀၄ မဂ္ဂါဝပ် ထပ်မံ လျော့နည်းမည်ဖြစ်ကြောင်း၊  တစ်နိုင်ငံလုံးတွင် ၈၇၃ မဂ္ဂါဝပ်သာ ထုတ်လုပ်နိုင်မည်ဖြစ်ပြီး ၂၄ နာရီ မီးဖြတ်တောက်မှုများဖြစ်ပေါ်မည်ဖြစ် ကြောင်း စစ်ကောင်စီက ကြေညာထားသည်။ 


ဓာတ်ပုံ- လျှပ်စစ်မီးပြတ်တောက်မှုကြုံနေရသည့် ရန်ကုန်မြို့ခံတစ်ဦး။(ပုံအဟောင်းဖြစ်သည်) 


Photo - AFP


ဆက်ဖတ်ရန် →

​စစ်ကိုင်းအား “အကုန်သတ်၊ အကုန်မီးရှို့” မူဖြင့်ရှင်းရန် စစ်ကောင်စီကြံစည်နေ



ဧရာဝတီ 4 March 2022


စစ်ကိုင်းတိုင်းအတွင်း “အကုန်သတ်၊ အကုန်မီးရှို့” မူဖြင့် ကျေးရွာများကို မီးရှို့ပြီး ပြည်သူ့ကာကွယ်ရေးတပ် (PDF) များအားရှင်းလင်းရန် နေပြည်တော်ရှိ အာဏာသိမ်းစစ်ကောင်စီ ခေါင်းဆောင်ပိုင်းများက ကြံစည်နေကြောင်း ဧရာဝတီက စုံစမ်းသိရသည်။


မကြာခင်ရက်ပိုင်းက စစ်ဘက် အစည်းအဝေးတရပ်ပြုလုပ်ခဲ့ပြီး ယင်းအစည်းအဝေးတွင် လာမည့် မတ်လ ၂၇ ရက်၊ တပ်မတော်နေ့ မတိုင်မီ ကာလအတွင်း စစ်ကိုင်းတိုင်းကို အပြီးရှင်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း စစ်ကောင်စီ အတွင်း သတင်းရင်းမြစ်များထံမှတဆင့် ဧရာဝတီက ရရှိခဲ့သည်။


ပုလဲမြို့နယ်ထဲမှ PDF ခေါင်းဆောင် ဗိုလ်နဂါးကတော့ မတ်လ ၂၇ ရက်မတိုင်မီကာလအတွင်း စစ်ကိုင်းတိုင်းအတွင်း ရှိ PDF များအား အပြီးချေမှုန်းပစ်ရန် စစ်ကောင်စီဘက်က စီစဉ်နေကြောင်း ကြားရသော်လည်း တကယ် စစ်ကြောင်းထိုးလာမည်၊ မလာမည်ကို ယတိပြတ်မပြောနိုင်ဘဲ စောင့်ကြည့်ထားသည်ဟုဆိုသည်။


ဗိုလ်နဂါးက “သေချာတာကတော့ ကျနော်တို့ စစ်ကိုင်းတိုင်းအနေနဲ့က လွတ်မြောက်ရေးကိစ္စမှာ တတိုင်းလုံးနီးပါးမှာ ရှိတဲ့လူတွေက နာကျည်းချက်က ပေါက်ဖွားလာတယ်။ အဲဒါက လျော့ပါးသွားမှာတော့မဟုတ်ဘူး။ တတိုင်းလုံးမှာရှိတဲ့ လူဦးရေပမာဏရဲ့ ၈၀ ရာခိုင်နှုန်းက နာကျင်မှုတွေနဲ့ သူတို့ရဲ့ ယုတ်မာမှုတွေကို မျက်မြင်ကိုယ်တွေ့တွေ့ထားရတာ။ ကျနော်တို့အနေနဲ့ ဘယ်တော့မှ တော်လှန်ရေးကို လက်လျှော့မှာမဟုတ်ဘူး” ဟု ဆိုသည်။


စစ်ကောင်စီ၏ ထိုးစစ်အား မည်ကဲ့သို့ ခုခံရင်ဆိုင်မည်ကို ပုံသေဗျူဟာ ချမထားဘဲ စစ်ကောင်စီတပ်၏ လှုပ်ရှားမှုကို စောင့်ကြည့်ကာ လိုအပ်သည့် တုံ့ပြန်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဗိုလ်နဂါးက ပြောသည်။


လက်ရှိတွင် အာဏာသိမ်း စစ်ကောင်စီတပ်များသည် စစ်ကိုင်းတိုင်းအတွင်း ခြေလျင်စစ်ကြောင်း နှင့်သာမက လေကြောင်းပစ်ကူများ၊ လေကြောင်းမှတဆင့် စစ်သည်များချကာ ရွာများအတွင်း စီးနင်းခြင်းများ လုပ်ဆောင်နေကြောင်း မြေပြင်သတင်းများအရသိရသည်။


ယင်းမာပင်မြို့နယ်ထဲမှ အာဏာသိမ်းမှုဆန့်ကျင်သည့် လက်နက်ကိုင်တော်လှန်ရေးသမားတဦးဖြစ်သူ ကိုဖိုးစီက စစ်ကောင်စီတပ်သည် စစ်ဆင်ရေးတရပ်ဖြင့် အကုန်သတ်၊ အကုန်မီးရှို့လုပ်လာနိုင်ချေရှိမရှိကို ၎င်းအနေနှင့် မခန့်မှန်းတတ်သော်လည်း လက်ရှိတွင် စစ်ကောင်စီတပ်များသည် ၎င်းတို့ဝင်သည့် ကျေးရွာများ၌ ဒေသခံအချို့ကို သတ်ဖြတ်ခြင်း၊ အရပ်သားပိုင်ပစ္စည်းများလုယက်ခြင်းနှင့် နေအိမ်မီးရှို့ခြင်းများကို လုပ်ဆောင်နေကြောင်း ဆိုသည်။


ကိုဖိုးစီက “ကျနော်တို့ကတော့ ဖက်ဒရယ်အတွက် တိုက်ပွဲဝင်နေတာဖြစ်လို့ လက်နက်မချဘူး။ ဆက်လက်ပြီးတော့ တွန်းလှန်နေတာပဲ။ ရဟန်းတွေ၊ ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုတွေအတွက်ကတော့ ကျနော်စိုးရိမ်ပါတယ်။ သူတို့က တနိုင်ငံလုံးအတိုင်းအတာမှာ အမျိုးသမီးတွေကို မုဒိမ်းကျင့်တာရှိတယ်။ သက်ကြီးရွယ်အိုတွေကိုလည်း သတ်ဖြတ်ညှင်းဆဲတာရှိတယ်” ဟု ပြောသည်။


စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်လာပါကလည်း အမာရှောင်၊ အမွတိုက်သည့် ပြောက်ကြားနည်းစနစ်ဖြင့်သာ ခုခံမှုလုပ်နိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။


၎င်းက “အခုလက်ရှိရင်ဆိုင်နေရတာက ကျနော်တို့က တိုက်စစ်မဖွင့်နိုင်ဘူးဗျ။ အဖြစ်လောက်ပဲ ကစားနေရတာ။ ကစားကွက်က တည်မရဖြစ်နေတာ။ ထိုးစစ်တခုလာမယ်ဆိုရင် ကျနော်တို့မှာက လက်နက်ခဲယမ်းက မပြည့်စုံသေးဘူးဗျ။ ဟိုနေ့ ပျောက်ကြားနဲ့ မိုင်းခွဲမယ်။ ဒီနေ့ပျောက်ကြားနဲ့ မိုင်းခွဲမယ်။ ဒီလိုမျိုးပဲ ကစားသွားရမှာပေါ့။ ကျနော်တို့ ပြန်ထိုးစစ်ဆင်ဖို့မှာ လက်နက်ခဲယမ်းက မရှိဘူး။ အများဆုံးသုံးနေရတာက တူမီးပဲ သုံးနေရတာ၊ အဝေးလည်းပစ်လို့မရဘူး” ဟု ရှင်းပြသည်။


မကြာသေးသည့် ဖေဖော်ဝါရီလ ၂၆ ရက်ကလည်း စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ ချင်းပုန်းရွာတွင် PDF များ သင်တန်းပေးနေသည်ဆိုသည့် ယူဆချက်ဖြင့် စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ်ခဲ့သလို စစ်သားများနှင့်လည်း ရွာအတွင်း ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သည်။


အဆိုပါရွာတွင် စစ်တပ်က ၂ ရက်ကြာတပ်စွဲခဲ့ပြီး ဒေသခံများအား သတ်ဖြတ်ခြင်း၊ မီးရှို့ခြင်းများသာမက မူကြိုအရွယ် ကလေး ၈၀ ကျော်ကိုလည်း ပြန်မလွှတ်ဘဲ ဖမ်းဆီးခဲ့သေးသည်။


စစ်တပ်က ပြန်လည်ထွက်ခွာသွားသည့်နောက် ကလေးများကို ပြန်လွှတ်ပေးခဲ့သော်လည်း ချင်းပုန်းရွာတွင် ရွာခံ ၉ အသတ်ခံခဲ့ရပြီး နေအိမ် ၅ လုံး၊ ကား ၅ စီးနှင့် ဆိုင်ကယ်အစီး ၆၀ ခန့် မီးရှို့ဖျက်ဆီးခံရကြောင်း ဒေသခံများထံမှသိရသည်။


ချင်းပုန်းရွာမှ ပြန်ထွက်သွားသည့် စစ်ကောင်စီစစ်ကြောင်းသည် ရပ်တန့်မနေဘဲ ယင်းမာပင်မြို့နယ် သပြေအေးရွာသို့ ဆက်လက်ဝင်ရောက်ကာ အဆိုပါရွာတွင် နေအိမ်မီးရှို့ခြင်းနှင့် သတ်ဖြတ်ခြင်းများကို ဆက်လက်လုပ်ဆောင်ခဲ့ပြန်သည်။


လတ်တလော Facebook လူမှုကွန်ရက်တွင်လည်း စစ်ကိုင်းတိုင်းရှိ မြို့နယ်အများစုကို စစ်ကောင်စီတပ်က အင်တာနက်ဖြတ် တောက်ပစ်ရန် စီစဉ်နေကြောင်း သတင်းများထွက်ပေါ်နေသည်။


မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) က ထုတ်ပြန်ထားသော အချက်အလက်များ အရ ၂၀၂၁ ခုနှစ် ဇူလိုင်လမှ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်အတွင်း စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုပေါင်း ၁၉ ကြိမ်ပြုလုပ်ခဲ့ကြောင်းသိရသည်။


ထို့အပြင် စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်ပေါင်း ၁၆ မြို့နယ်၌လည်း တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အစုလိုက်အပြုံလိုက် အသတ်ခံရမှုများကြောင့် အရပ်သား ၁၄၀ ဦးထက်မနည်း သေဆုံးထားကြောင်း ISP- Myanmar ၏ ဖေဖော်ဝါရီ ၁၁ ရက်ထုတ် စာတမ်းတွင် ဖော်ပြထားသည်။

.

ဧရာဝတီ 4 March 2022

Crd


#နောင်ရိုး🎯


ဆက်ဖတ်ရန် →

စစ်သားတွေ မီးရှို့နေမှုနှစ်ကုန်အထိရပ်ဆိုင်းရန်အစီအစဥ် ရှိ/ မရှိ ဗိုလ်ချုပ်ဇော်မင်းထွန်း ကိုသတင်းထောက်မေးမြန်း

​


ယခုနှစ်ကုန်အထိအပစ်ရပ်ထားကြောင်း နစကအစိုးရကကြေငြာနေသော်လည်း ကျေးရွာလူနေအိမ်များကို နစက စစ်သားတွေ မီးရှို့နေမှုနှစ်ကုန်အထိရပ်ဆိုင်းရန်အစီအစဥ် ရှိ/ မရှိ ဗိုလ်ချုပ်ဇော်မင်းထွန်း ကိုသတင်းထောက်မေးမြန်း


၂၀၂၂ နှစ်ကုန်အထိ စစ်ကောင်စီက တိုင်းရင်းသားမျိုးနွယ်စုများနှင့် အပစ်ရပ်ထားကြောင်း နစကအစိုးရကကြေငြာနေသော်လည်း ကျေးရွာလူနေအိမ်များကို နစက စစ်သားတွေ မီးရှို့နေမှုနှစ်ကုန်အထိရပ်ဆိုင်းရန်အစီအစဥ် ရှိ/ မရှိ ဗိုလ်ချုပ်ဇော်မင်းထွန်း ကိုသတင်းထောက်မေးမြန်းမှု့အပေါ်. ,,.


ခင်ဗျားက ဘာသဘောနဲ့မေးတာလဲ၊ ပြောစမ်းပါ....  ခင်ဗျားတို့ ဘာဖြစ်ချင်လဲ ဟုဒေါသဖြင့်ပြောဆိုပြီး

မြန်မာ့တပ်မတော် ဆိုတာ အသားလွတ်မီးရှို့လူ thartနေတဲ့အဖွဲ့အစည်းမဟုတ်ဘူး၊ PDF တွေစုဖွဲဲ့ပြီးနေတဲ့နေရာတွေကို ရှင်းလင်းရေးလုပ်တဲ့အနေနဲ့ မီးရှို့ဖျက်ဆီးနေရတာပဲရှိတယ်၊ ခင်ဗျားတို့ နောက်

နောင် သတင်းစာရှင်းလင်းပွဲတွေမှာ တပ်မတော်ကို စော်ကားထိခိုက်တဲ့စကားအသုံးအနှုနှ်ုး မျိုးမပြောမိအောင်ဆင်ခြင်ပြီးမေးပါ။ ကျွန်တော် ဒါလောက်ပဲပြောချင်တယ်ဟု သတင်းပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း ကပြောဆိုသည်။🤣🤣🤣💩


#သတင်းပြန်ကြားရေး #ရပ်ရွာတွေမီးလိုက်ရှို့

#မြန်မာ့တပ်မတော်ကို #စော်ကားထိခိုက်


ရဲဇော်  🇱🇷


ဆက်ဖတ်ရန် →

ယူကရိန်းကို ရုရှားကျူးကျော်မှု - မတ်လ ၆ ရက်၊ ယူကရိန်းမှာ သိရှိရသမျှ

​ယူကရိန်းကို ရုရှားကျူးကျော်မှု - မတ်လ ၆ ရက်၊ ယူကရိန်းဒေသစံတော်ချိန် မနက် ၆ နာရီ၊ ၂၅ မိနစ်မှာ သိရှိရသမျှ 


- ယူကရိန်းသမ္မတ ဇလန်းစကီးက သူနဲ့အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်တို့စကားပြောဆိုထားပြီး ယူကရိန်းကို ပိုထောက်ပံ့ဖို့ အမေရိကန်ကွန်ဂရက်စ်လွှတ်တော်ကနေ လုပ်ဆောင်နေတယ်လို့လည်း ပြောတယ်လို့ဆိုပါတယ်။ 


- ယူကရိန်းသမ္မတဇလန်းစကီးက သူ့နိုင်ငံအပေါ် လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ပေးဖို့ အမေရိကန်လွှတ်တော်အမတ် ၃၀၀ နီးပါးနဲ့ ဗီဒီယိုကနေ တဆင့်တွေ့ဆုံချိန်မှာ ထပ်လောင်းတောင်းဆိုလိုက်ပြန်ပါတယ်။ အမေရိကန်ပါဝင်တဲ့ မြောက်အတ္တလတ္တိတ်စာချုပ်အဖွဲ့(နေတိုး) ကတော့  ရုရှားနဲ့ ထိပ်တိုက်တွေ့ဆုံလာနိုင်တဲ့ ဒီလိုသတ်မှတ်မှုမျိုးကို ငြင်းထားပါတယ်။ 


- ရုရှားသမ္မတ ပူတင်ကတော့ ယူကရိန်းနိုင်ငံအပေါ် လေယာဉ်မပျံသန်းရဇုန်သတ်မှတ်မှုမှန်သမျှကို စစ်ရေးဖော်ဆောင်မှုတစ်ခုအဖြစ်မှတ်ယူမယ်ဆိုပြီး ပြောထားပါတယ်။ 


- တစ်ချိန်တည်းမှာပဲ ယူကရိန်းနိုင်ငံအနောက်မြောက်ပိုင်းမှာ တိုက်ပွဲတွေပြင်းထန်နေပြီး အဲဒီက တောင်ပိုင်းမြို့ မာရီယူပူးလ်နဲ့ အရှေ့ပိုင်းမြို့ကြီးတွေဖြစ်တဲ့ ခါကိခ်နဲ့ဆူ့မိမြို့တွေကိုလည်း ရုရှားက လက်နက်ကြီးတွေနဲ့ပစ်ခတ်နေပါတယ်။


- ယူကရိန်းအရေးနဲ့ပတ်သက်ပြီး ပြတ်သားနိုင်မာတဲ့ရပ်တည်ချက်ရှိဖို့ အိန္ဒိယနိုင်ငံလည်း ဖိအားပေးခံနေရပါတယ်။ ရုရှားရဲ့ ယူကရိန်းအပေါ် ကျူးကျော်မှုကို ရှုတ်ချတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမဲခွဲဆုံးဖြတ်မှုမှာ အိန္ဒိယက မဲမပေးဘဲ နေခဲ့သလို ဒီအကြပ်အတည်းကို သံခင်းတမန်ခင်းနည်းနဲ့ဖြေရှင်းဖို့ တိုက်တွန်းပေမဲ့ ရုရှားလုပ်ရပ်ကို ဝေဖန်တာမျိုးတွေတော့ မပြောထားပါဘူး။ 


- ရုရှားက ယူကရိန်းအပေါ် ကျူးကျော်မှုစတင်ပြီးတဲ့နောက် နယူးယောက်မြို့မှာရှိတဲ့ ကုလသမဂ္ဂရုံးချုပ်ဆိုင်ရာရုရှားသံတမန်တွေကို လုံခြုံရေးအကြောင်းပြချက်နဲ့ အမေရိကန်က နှင်ထုတ်ခဲ့ပြီးနောက် အခုတော့ ရုရှားဟာ အဲဒီသံတမန်တွေကို လေယာဉ်နဲ့ ပြန်ခေါ်ထုတ်ဖို့ ပြင်နေပါတယ်။ သံတမန်တွေကို ပြန်ခေါ်မယ့်လေယာဉ်ကို အမေရိကန်လေပိုင်နက်ထဲဝင်ဖို့ ခွင့်တောင်းခဲ့ရတယ်လို့လည်း သတင်းတွေမှာဖော်ပြနေပါတယ်။  


- ကမ္ဘာတဝန်း အင်တာနက်အွန်လိုင်းကနေ ငွေပေးချေနိုင်တဲ့ဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီကြီးတွေဖြစ်တဲ့  ဗီဇာနဲ့ မာစတာကဒ်တို့က ရုရှားနိုင်ငံထဲက သူတို့ရဲ့ဝန်ဆောင်မှုလုပ်ငန်းတွေကို ဆိုင်းငံ့လိုက်ပြီလို့ကြေညာလိုက်ပါတယ်။ ဒါဟာ နိုက်ကီနဲ့ဇာရာတို့လို   ကမ္ဘာ့ထိပ်တန်း အဝတ်အထည်အသုံးအဆောင်တံဆိပ်တွေ၊ ဝန်ဆောင်မှုလုပ်ငန်းတွေက ရုရှားနဲ့လုပ်ငန်းတွဲလုပ်တာ ဆိုင်းငံ့လိုက်ပြီဆိုတဲ့နောက်ဆုံးကြေညာချက်ဖြစ်လာပါတယ်။

#ဘီဘီစီမြန်မာပိုင်း #ရုရှား #ယူကရိန်း #သမ္မတဇလန်းစကီး #သမ္မတပူတင် #သမ္မတဘိုင်ဒန် #လေယာဉ်မပျံသန်းရဇုန်


ဆက်ဖတ်ရန် →

ရုရှား-ယူကရိန်းစစ်ပွဲ ဘာကြောင့်အလှည့်အပြောင်းဖြစ်နေသလဲ

​



ရုရှားဘက်ကမူလမျှော်မှန်းထားသလို၇၂နာရီအတွင်းယူကရိန်းမြို့တော်သိမ်းပိုက်ပြီး သမ္မတဇီလန်စကီးအစိုးရဖြုတ်ချအစိုးရအသစ်တင်ရေး ပျက်ပြယ်ဖို့များသွားပါပြီ။


သို့ပေမယ့်ရုရှားဘက်က၁၅၂မမအမြှောက်ကြီးတွေဖျက်အားပြင်းအမြှောက်ဒုံးလက်နက်ဆက်တိုက်ပို့ဆောင်နေပါတယ်။

ရုရှားဘက်လေကြောင်းအရေးသာမှုလဲရှိနေပါတယ်။


ယူကရိန်းဘက်မှာပြောက်ကျားစစ်အလွန်အားကောင်းလာပြီး လှည်းနေလှေအောင်းမကျန်ပြည်သူပါဝင်မှုနဲ့အတူအပြင်းထန် ခုခံတိုက်ခိုက်မှုကြောင့် ရုရှားတင့်သံချပ်ကာအများအပြားပျက်ဆီးကုန်ပါပြီ။


တာဝေးပစ်လက်နက်လေတပ်ပိုင်းရုရှားကသာပြီး

မြေပြင်ထိုးစစ်မှာယူကရိန်းဘက်ကရုရှားတပ်တွေကိုဖျက်ဆီးနိုင်ပါတယ်။


ဒါ့ထက်ထူးတာစစ်ပွဲရေချိန်အလှည့်ပြောင်းအဖြစ်

အနောက်နိုင်ငံတွေရဲ့လက်နက်ခဲယမ်းစက်သုံးဆီငွေကြေးပုံအောထောက်ပံ့မှုတွေပါ။


အခုနောက်ဆုံး ယူကရိန်းသမ္မတရဲ့ဖိတ်ခေါ်ချက်အရ နိုင်ငံတကာ ဘော်လန်တီရာတိုက်ခိုက်ရေးသမားတွေပါလာနိုင်ပါတယ်။


ဒါ့ကြောင့်ဒီစစ်ပွဲဆွေးနွေးခြင်းဖြင့်အဆုံးသတ်သို့မဟုတ်ရုရှားဘက်ကမြန်မြန်မဖြတ်နိုင်ရင်စစ်နွံနစ်ပြီးနှစ်ဖက်အကြီးကျယ်ထိခိုက်တော့မှာဖြစ်ပါတယ်။


ဒီအလှည့်ပြောင်းဘာကြောင့်ဖြစ်တာလဲ........

ပူတင်မျှော်မှန်းသလိုဘာလို့ဖြစ်မလာတာလဲ........


အဖြေ က ယူကရိန်းသမ္မတကြောင့်ပါ

ပုံထဲကစာလို

ခေါင်းဆောင်ဟာပြဇာတ်စချိန်စင်ပေါ်ရှိလို့ပါပဲ.......


ယူကရိန်း သမ္မတဇီလန်စကီးပြောသလိုဆို "ရန်သူတွေငါတို့နောက်ကျောကိုမြင်ရမှာမဟုတ်ဘူး ငါတို့မျက်နှာကိုပဲမြင်ရမယ်"ပေါ့


သမိုင်းမှာအလားတူဖြစ်စဥ်များစွာရှိပါတယ်။

ပရက်ရှား ရုရှားစစ်ပွဲမှာ

ပရက်ရှားဘုရင်မဟာဖက်ဒရစ်ကိုရန်သူရုရှားဘုရင်မဇာရီးနားတပ်တွေဝိုင်းရံပိတ်ဆို့နေမှုအားလက်နက်မချပဲထွက်မပြေးပဲခုခံမှုကြောင့်ဇာရီးနားကက်သရင်းကွယ်လွန်ပြီးစစ်ပွဲအလှည့်ပြောင်းဖြစ်ခဲ့ပါတယ်။


မြန်မာသမိုင်းမှာလည်းအလားတူဖြစ်စဥ်ရှိပါတယ်။

တရုတ်မြန်မာတတိယစစ်ပွဲ

တရုတ်တပ်တွေသာလွန်အင်အားအလုံးအရင်းနဲ့

အင်းဝမြို့တော်နားဆင်ခေါင်းဝက်ဝံရွာနားထိရောက်ချိန်စစ်သူကြီးမဟာသီဟသူရကဘုရင်ဆင်ဖြူရှင်ကိုနန်းတော်မှစွန့်ခွာရန်အကြံပေးခဲ့သော်လည်း

"ဆင်ဖြူရှင်ပြန်မိန့်သည်ကား

ငါမပြေး........ရန်သူ့အလောင်းဖောင်ဖွဲ့၍

ရွေတောင်ဦးမှရွေကြက်ယက်သို့သွားမည်"မိန့်ခဲ့ပြီး

ထိုစကားကြောင့်ပဲ မြန်မာတပ်တွေစိတ်ဓာတ်တက်ကြွလာကာတရုတ်တပ်ကိုဝန်းရံပိတ်ဆို့ဖြတ်တောက်မှုကြောင့် အနိုင်ရခဲ့ပါတယ်။


တခြားဝေးဝေးမကြည့်ပါနဲ့

အနီးကပ်ဆုံးကျွန်တော်တို့အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းအဂ်လိပ်ကိုတိုက်ရန်ဂျပန်စစ်တပ်နဲ့အတူမြန်မာပြည်ထဲဝင်တော့ကိုယ်တိုင်မြင်းစီးပြီးသူ့တပ်နဲ့အတူဝင်တိုက်ခဲ့တာသာဓကပါပဲ။


ဆိုလိုရင်း က

စစ်ပွဲမှာခေါင်းဆောင်ရဲ့ရဲရင့်မှုကအရေးကြီးပါတယ်

ခေါင်းဆောင်ဟာသူ့အသက်ကိုရင်းပြီး

နောက်လိုက်တွေရှေ့က မားမားမတ်မတ်ရပ်တည်ပြရင်

လက်အောက်တပ်ရဲ့အင်အားကိုအဆတစ်ရာမြှင့်ပေးလိုက်သလိုပါပဲ။


ခေါင်းဆောင်ဟာလက်အောက်နဲ့အတူမရှိရင်

သေချာတာကတော့ ခုခံစစ်မအောင်မြင်ဘူးမှတ်ရပါမယ်။


ဘာကြောင့်လဲ

မြေပြင်သတင်းအချက်လက်အမှန်သိရှိမှု....

တိုက်ပွဲရေချိန်အတက်ကျဖန်တီးနိုင်မှု.....

လက်အောက်ရဲ့ယုံကြည်ကိုးစားမှု.....

လက်အောက်အမိန့်နာခံမှု.....

တပ်ဖွဲ့ခြင်းချိတ်ဆက်ဆောင်ရွက်နိုင်မှု.....

ဒီအပိုင်းတွေသိသိသာသာအားနည်းသွားပါမယ်

ဒါ့ကြောင့် မအောင်မြင်နိုင်ပါဘူး........


ခေါင်းဆောင်နဲ့လက်အောက် စစ်မြေပြင်မှာ အတူတိုက်ပွဲဝင်ရင် ဒီအချက်တွေ အရမ်းအားသာပါတယ်။


သေချာတာကတော့ တော်လှန်ရေး ဖြစ်ဖြစ် ခုခံစစ်ဖြစ်ဖြစ်......... .........

ပြဇာတ်စချိန် ခေါင်းဆောင်ဟာ စင်ပေါ်မှာ ရှိကိုရှိရပါမယ်။


Credit :


ဆက်ဖတ်ရန် →