နောက်ဆုံးရ

ရန်ကုန်တွင် စစ်တပ် ကင်းလှည့်ယာဉ်များနှင့် ရဲစခန်းများ တိုက်ခိုက်ခံရကာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၆၇ ဦး သေဆုံး

​


ရန်ကုန်၊ မတ် ၅

ခေတ်သစ်မီဒီယာ

ရန်ကုန်တွင် ပျံလွှားအောင် စစ်ဆင်ရေး အဖြစ် ဖေဖော်ဝါရီလ ၄ရက်နှ မတ်လ ၄ရက်နေ့အထိ ၁လတာအတွင်း စစ်တပ် ကင်းလှည့်ယာဉ်များနှင့် ရဲစခန်းများကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၆၇ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာ ရရှိသူ ၁၀၀ ကျော်ရှိကြောင်း ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေးတပ်ဖွဲ့ထံမှ သိရသည်။  


ရန်ကုန် အရှေ့ပိုင်းခရိုင်

=============


ရန်ကုန်တိုင်း အရှေ့ပိုင်းခရိုင်တွင် ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေးတပ်ဖွဲ့ လက်အောက်ခံ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များက ပျံလွှားအောင် စစ်ဆင်ရေးအနေနှင့် ဗုံးခွဲတိုက်ခိုက်မှု ၁၁ ကြိမ်၊ ၄၀ မမ ဗုံးသီးလောင်ချာဖြင့် ပစ်ခတ်မှု ၂ ကြိမ် ပြုလုပ်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးသေဆုံးခဲ့ကာ ကင်းလှည့်ယာဉ် ၃ စီး၊ လေတပ်ဗိုလ်ကြီးအဆင့်ရှိသူ နေအိမ်၊ အကြမ်းဖက်စစ်ကောင်စီပိုင် MyTel Showroom တစ်ခုနှင့် စစ်ကောင်စီအခြေစိုက် အဆောက်အအုံတစ်ခု ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။


ရန်ကုန် အနောက်ပိုင်းခရိုင်

===============


ရန်ကုန်တိုင်း အနောက်ပိုင်းခရိုင်တွင် ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေး တပ်ဖွဲ့ လက်အောက်ခံ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များက ဗုံးခွဲတိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့ကာ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးခဲ့ပြီး MyTel တာဝါတိုင် တစ်ခုနှင့် ရဲစခန်း အဆောက်အအုံတစ်ခု ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။


ရန်ကုန် တောင်ပိုင်းခရိုင်

============= 


ရန်ကုန် တောင်ပိုင်းခရိုင်တွင် ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေးတပ်ဖွဲ့ လက်အောက်ခံ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်မှု ၁ ကြိမ်၊ ဗုံးခွဲတိုက်ခုက်မှု ၆ ကြိမ်၊ ၄၀ မမ ဗုံးသီးလောင်ချာဖြင့် ပစ်ခတ် တိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့ကာ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၂ ဦးသေဆုံးခဲ့ကာ MyTel တာဝါတိုင် တစ်ခု၊ ကင်းလှည့်ယာဉ်များနှင့် စစ်ကောင်စီအခြေစိုက် အဆောက်အအုံအချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။ 


ရန်ကုန် မြောက်ပိုင်းခရိုင်

=============

ရန်ကုန် မြောက်ပိုင်းခရိုင်တွင် ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေးတပ်ဖွဲ့ လက်အောက်ခံ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များက ဗုံးခွဲတိုက်ခိုက်မှု ၁၃ ကြိမ်၊ ၄၀ မမ ဗုံးသီးလောင်ချာဖြင့် ပစ်ခတ်မှု ၄ ကြိမ် ပြုလုပ်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ ဦးသေကာ MyTel တာဝိုင်တိုင် တစ်ခု၊တိုက်လေယာဉ် ၂ စီး၊ ကင်းလှည့် ကင်းလှည့်ယာဉ်များနှင့် စစ်ကောင်စီ အခြေစိုက် အဆောက်အအုံအချို့ထိခိုက်ပျက်စီးခဲ့ကြောင်း ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်ထားသည်။ 


အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေးတပ်ဖွဲ့ လက်အောက်ခံ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် ခရိုင်/မြို့နယ်(ပကဖ) ၊ ဗမာ့လူငယ်ကွန်ရက်၊ SSUG, MO7(Eagle) DRG, Black Peacock, MO 8 , HRD, GZDF, ACPLF, Hmawbi  Revolution Force, YPDF(ဗဟန်း), Spring Brother Force, The Boys , STA, Dark Shadow, MDF , SOF , HRDF, MO 3 (Dawn), YFA, Zero to Hero, Z Fighter, GOD, Free Tiger Ranger , SRF , YUG (Army) , APLF အဖွဲ့များ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


Photo - AFP


ဆက်ဖတ်ရန် →

ဒီလို လုပ်လိုက်ရုံ နဲ့ ပြည်သူ့ နဲ့ တော်လှန်ရေး ဟာ ချက်ကြိုးပြတ်မသွား ဘူး

​* ဘယ်သူတွေ ဘယ်နေရာမှာ ရှိနေလဲ ဆိုတာ မဲဆောက်မှာ တောထဲမှာ တောခြောက်တာတွေ လုပ်တာအားမရလို့ ထပ်ပြီး Searching fire လုပ်တဲ့ သဘော လည်း ပါမယ်။ 

*ဒီလို လုပ်လိုက်ရုံ နဲ့ ပြည်သူ့ နဲ့ တော်လှန်ရေး ဟာ ချက်ကြိုးပြတ်မသွား ဘူး လို့ ဆိုချင်တယ်။ 

*  နောက်တချက် အရေးအကြီးဆုံးက - ကျမတို့ တော်လှန်ရေးအလွန် နိုင်ငံတော်သစ်မှာ ဒီ (၈၂) ဥပဒေကြီးက ရှိအုံးမှာ မို့လို့လား လို့ပဲ - မေးခွန်းထုတ်ချင်ပါတယ် ။

(ဒေါ်ဇင်မာအောင်-နိုင်ငံခြားရေးဝန်ကြီး)


ပတ်စပိုစ့်ဆိုတဲ့စာအုပ်လေးတစ်အုပ်ထဲကစာရွက်ပေါ်မှာနိုင်ငံသားဖြစ်မှုကို ရပ်စဲလိုက်ရုံနဲ့ ၊ မှတ်ပုံတင်ကိုဖျက်သိမ်းလိုက်ရုံနဲ့ အမိနိုင်ငံအပေါ်ချစ်မြတ်နိုးတဲ့ကျမရဲ့စိတ်ကို စစ်ကောင်စီအနေနဲ့ဖြိုလဲရိုက်ချိုး ခြေမွဖျက်စီးနိုင်မှာမဟုတ်ပါဘူး။ အကြမ်းဖက် အဖွဲ့အစည်း စစ်ကောင်စီရဲ့ တရား မဝင်တဲ့ ထုတ်ပြန်ချက်ကိုလဲ ကျမတို့ အနေနဲ့ ဂရုစိုက်စရာကို လိုမနေပါဘူး။ တော်လှန်ရေး အောင်မြင်ချိန်​ရောက်တဲ့ အဆုံးသတ်အထိ ပြည်သူတွေ ၊ ကျမရဲ့တော်လှန်ရေးရဲဘော်ရဲဘက်တွေ ၊ ကျမရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ ကျမဆက်လက်ရုန်းကန်တိုက်ပွဲဝင်နေမယ်ဆိုတာကိုပဲ ထပ်လောင်းပြောကြားချင်ပါတယ်။

အိသဉ္ဇာမောင် ဒုဝန်ကြီး


ဆက်ဖတ်ရန် →

​စစ်ခေါင်းဆောင် မင်းအောင်လှိုင် လူမြင်ကွင်းက ပျောက်ကွယ်နေ


=========

အာဏာသိမ်း စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နေပြည်တော်တွင် ကျောင်း ဆောင်တော် ရတနာပန္နက်တော်တင် အခမ်းအနားတက်ရောက်ပြီးကတည်းက လူမြင်ကွင်းမှ ပျောက်ကွယ်လျက်ရှိသည်မှာ ငါးရက်ကြာမြင့်ပြီဖြစ်သည်။။


ဖေဖော်ဝါရီလ ၂၇ရက်နေ့က နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင် ပန္နက်တော်တင်အခမ်းအနား ပြုလုပ်ခဲ့ရာတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ စစ်ကောင်စီဒုဥက္ကဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် စစ်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်ကောင်စီဥက္ကဌနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ စစ်ဘက်ဆိုင်ရာ အရာရှိကြီးများ တက်ရောက်ခဲ့ကြကြောင်း စစ်ကောင်စီအာဘော် ကြေးမုံ သတင်းစာတွင်ဖော်ပြခဲ့သည်။


အခမ်းအနားအပြီး နောက်တစ်ရက် နေပြည်တော် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတွင် ပြုလုပ်ခဲ့သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲတစ်ခုကိုတော့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကသာ ဦးဆောင်တက်ရောက်ခဲ့သည်ကို တွေ့ရသည်။


အလားတူ မတ်လ ၁ရက်နေ့တွင် ပြုလုပ်သည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပခဲ့မှုနှင့် စပ်လျဉ်းပြီး ပြည်လည်သုံးသပ်သည့် အစည်းအဝေးပွဲကို ဒုတိယဥက္ကဌကသာ ဦးဆောင်တက်ရောက်ခဲ့ကြောင်း စစ်ကောင်စီ သတင်းစာများတွင် ဖော်ပြချက်အရ သိရသည်။


မတ်လ ၂ ရက်နေ့တွင် ကျရောက်သည့် တောင်သူလယ်သမားနေ့ အခမ်းအနားကို. အသက် ၆၅ နှစ်အရွယ် ခါးဝေဒနာခံစားနေရဟန်ရှိသော စစ်ကောင်စီဥက္ကဌက  သဝဏ်လွှာပေးပို့ထားသည်ကို တွေ့ရသည်။ သို့သော် ဖေဖော်ဝါရီလကုန်ပိုင်းကနေ မတ်လ ၄ရက်နေ့အထိ နေပြည်တော်တွင် ထိပ်တန်းအစည်းအဝေး သုံးကြိမ်ပြုလုပ်ခဲ့ပြီး အစည်းအဝေးတိုင်း ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကသာ  တက်ရောက်သည်ကိုတွေ့ရသည်။


လူမြင်ကွင်းမှမကွယ်ပျောက်မီ သီတင်းပတ်တစ်ပတ်အကျော်ကတည်းက  စစ်ခေါင်းဆောင်သည် ခါးနာသက်သာစေသည့်ခါးပတ်ပတ်ထားပုံကို သတင်းများတွင်တွေ့ခဲ့ရ့သည်။


သူသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက အာဏာသိမ်း တစ်နှစ်ပြည့်မိန့်ခွန်း​ပြောခြင်း၊ မကွေးပြည်သူ့ဆေးရုံရှိ အသစ်ထပ်မံဆောက်လုပ်ထားသည့် အဆောင်များကို သွားရောက်ကြည့်ရှု့ခြင်း၊ မကွေးတိုင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူကို ရွှေထီးတော်၊ စိန်ဖူးတော်တင်လှူခြင်းနှင့် အနေကဇာတင်သည့် အခမ်းအနားတက်ရောက်ခြင်း၊ ကျိုင်းတုံတွင် ဘုရားဖူးခြင်း၊ စေတီတော်တည်ဆောက်မှုကို သွားရောက်ကြည့်ရှု့ခြင်းတို့ပြုလုပ်ခဲ့သေးကာ ယတြာချေခြင်းများလည်းလုပ်နေခဲ့သည်။


သို့သော် သူသည် ပြည်မြို့သို့ သွားရောက်ရန်ရှိကြောင်း သတင်းထွက်ပေါ်နေပြီး ယခုရက်ပိုင်းအတွင်း ပြည်မြို့တွင် ပလက်ဖောင်းဆေးသုတ်ခြင်း၊ လမ်းသန့်ရှင်းရေး ပြုလုပ်ခြင်းများ ဆောင်ရွက်နေသည်ကို တွေ့ရကြောင်း ပြည်မြို့ခံအချို့ကပြောသည်။

Credit

ဓာတ်ပုံ- စစ်ခေါင်းဆောင် (ညာ)သည် လူမြင်ကွင်းမှမပျောက်မီက ခါးဝေဒနာခံစားနေခဲ့ရဟန်ရှိသည်။



ဆက်ဖတ်ရန် →

တိုက်မ၏တပည့် သည် လာရောက်ပတ်သတ်လာသည်

​စစ်ကိုင်းတောင်ရိုး

သမိတ္ထောဒယသီလရှင် စာသင်တိုက်ကြီး ခင်ဗျား...

ဒေါ်ဝေသိဂ် ီ၊ဒေါ်ဋ္ဌေး၊ဒေါ်သန်းတို့ရဲ့တူမအခြေအနေပါ။

သာသနာကိုမငဲ့။ တိုက်နာမည်ကို ကိုယ်ကျိုးအတွက်အသုံးချ ချင်ရင်လဲ သဘောပါ။


ကျနော် ဖြေရှင်းပေးဖို့ တိုက်ကို အကြိမ်ကြိမ် လာရောက် တောင်းပန်ခဲ့ပါသည်။

သို့ပေမယ့် ဒေါ်ဋ္ဌေးတို့၏ ဆဲဆိုကြိမ်းမောင်း ခြိမ်းချောက် ခြင်းသာခံခဲ့ရပါသည်။

အရင်တခါ ကျနော်ဆရာ့မျက်နှာနှင့် နောက်ဆုပ်ပေးခဲ့သည်။

စ၍ မပတ်သတ်တော့ကြောင်း သိက္ခာကျခံပီး နေလာခဲ့သည်။ ယ္ခုမူ တိုက်မ၏တပည့် သည် လာရောက်ပတ်သတ်လာသည်။ 

ခွင့်မလွှတ်နိုင်တော့ပါကြောင်း အသိပေးပါသည်။

credit #


ဆက်ဖတ်ရန် →

ရူးနေတာ သေချာတယ်

​


ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်သည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ 

တပ်မတော်သား တစ်ဦးဖြစ်ပြီး၊ 


တာဝန် ၁ = တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရာထူးနေရာ၌   လက်ရှိ တာဝန်ထမ်းဆောင်နေသူဖြစ်သည်။ 


တာဝန် ၂ = ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အာဏာသိမ်းပြီး-နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ အဖြစ်-တာဝန်ထမ်းဆောင်လျက်ရှိသည်။ 


တာဝန် ၃ = ၂၀၂၁ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့တွင် ဖွဲ့စည်းခဲ့သော အိမ်စောင့်အစိုးရတွင်လည်း ဝန်ကြီးချုပ်အဖြစ် မိမိကိုယ်ကိုပြန်လည်ခန့်အပ်ကာ တာဝန် ထမ်းဆောင်နေသည်။ 


ယင်းဖန်တီးထားသော 

အိမ်စောင့်အစိုးရ၏ အစိုးရအကြီးအကဲအဖြစ် 

အုပ်ချုပ်ရေးအာဏာနှင့် ကောင်စီဥက္ကဋ္ဌအဖြစ် 

ဥပဒေပြုရေးအာဏာတို့ကို ကိုယ်တိုင်ကျင့်သုံးလျက်ရှိသည်။

ဌေးတင့် 🇳🇱


ဆက်ဖတ်ရန် →

ကုမ္ပဏီ ၆ ခုကို စီးပွားရေး ဆက်ဆံမှု မပြုရန် အမိန့်ထုတ်ပြန်

​ခင်မောင်အေးပိုင် Golden Myanmar Airlines၊ အောင်ကိုဝင်းပိုင် Brighter Energy နှင့် သိန်းဝင်းဇော်ပိုင် ရွှေဗျိုင်းဖြူ တို့ကို စစ်တပ်အတွက် လေယာဉ်ဆီတင်သွင်း၍  အကြမ်းဖက် အားပေးသူများအဖြစ် NUG ကြေညာ၊ ကုမ္ပဏီ ၆ ခုကို စီးပွားရေး ဆက်ဆံမှု မပြုရန် အမိန့်ထုတ်ပြန်


ရန်ကုန်၊ မတ် ၅ 


CB ဘဏ်ဥက္ကဋ္ဌ ခင်မောင်အေးပိုင် Golden Myanmar Airlines ၊ KBZ ဘဏ်ဥက္ကဋ္ဌ အောင်ကိုဝင်းပိုင် Brighter Energy ကုမ္ပဏီနှင့် သိန်းဝင်းဇော်ပိုင် ရွှေဗျိုင်းဖြူ ကုမ္ပဏီတို့ကို စစ်တပ်အတွက် လေယာဉ်ဆီတင်သွင်း၍ NUG က အကြမ်းဖက် အားပေးသူများအဖြစ် မတ်လ ၄ ရက်နေ့တွင် ကြေညာလိုက်ကြောင်း သိရှိရသည်။ 


အကြမ်းဖက် စစ်အုပ်စုအတွက် လေယာဉ်ဆီတင်သွင်းမှုတွင် ပါဝင်ကူညီဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရသဖြင့် Golden Myanmar Airlines ၊ ရွှေဗျိုင်းဖြူ ကုမ္ပဏီနှင့် Brighter Energy ကုမ္ပဏီ တို့ကို အကြမ်းဖက်စစ်ရာဇဝတ်မှုများ ကျူးလွန်ရန် ထောက်ခံအားပေးသူများအဖြစ် သတ်မှတ်ပြီး ၎င်းတို့၏ လုပ်ငန်းများကို စီးပွားရေးအရ ဆက်ဆံခြင်းမပြုရန် NUG အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဒေါ်ခင်မမမျိုးက လက်မှတ်ရေးထိုး၍ ကြေညာချက် ထုတ်ပြန်သည်။ 


ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ထွန်းမြင့်နိုင်(ခ) စတီဗင်လောပိုင် Yangon Aerodrome Company ၊  ကြံ့ဖွတ်အမတ်ဟောင်း ဒေါက်တာဝင်းမြင့်ပိုင် မြတ်မေတ္တာမွန်ကုမ္ပဏီ၊ ရှယ်ယာရှင်များဖြစ်ကြသည့်  ကြူကြူမြင့်၊ သရဖီလှမျိုး၊ ဝင်းကျော်ကျော်အောင်တို့ ပိုင်ဆိုင်သော Asia Sun Energy ကုမ္ပဏီတို့ကို အမည်ပျက်စာရင်း ကြေညာခဲ့သည်။ 


လက်ရှိအချိန်တွင် လေယာဉ်ဆီတင်သွင်း၍ အမည်ပျက်စာရင်း ကြေညာခံရသည့် ကုမ္ပဏီ ၆ ခုရှိနေပြီး ယင်းကုမ္ပဏီများသည် အကြမ်းဖက်စစ်ရာဇဝတ်မှုထောက်ခံအားပေး၍ စီးပွားရေးအရ ဆက်ဆံခြင်းမပြုကြရန် NUG စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက တရားဝင် အမိန့်ထုတ်ပြန် ထားပြီဖြစ်သည်။ 


ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်ရှိ သီလဝါဆိပ်ကမ်းတွင် ဖေဖော်ဝါရီ ၂၇ ရက်နေ့  Asia Sun Energy ကုမ္ပဏီက လေယာဉ်ဆီ Jet Fuelများကို  ဆီသယ်ယာဉ် ၃ စီးဖြင့် သယ်ယူပြီး မှော်ဘီလေတပ်စခန်းသို့ ပို့ဆောင်ခဲ့သေးသည်။


ဆက်ဖတ်ရန် →

​စစ်အာဏာသိမ်းပြီး တစ်နှစ်တစ်လအတွင်း နေအိမ် ၆,၂၀၀ ခန့် မီးရှို့ခံရ



စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် မတ် ၁ ရက်အထိ တစ်နှစ်နဲ့ တစ်လတာကာလအတွင်း မြန်မာနိုင်ငံတဝန်း မီးရှို့ခံရတဲ့ နေရာပေါင်း ၁၆၅ ခုက နေအိမ်ပေါင်း ၆,၁၅၈ လုံး မီးရှို့ခံခဲ့ရတယ်လို့ Data for Myanmar အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ 


မီးရှို့ခံရမှု အများဆုံးတိုင်းက စစ်ကိုင်းတိုင်းဖြစ်ပြီး နေအိမ်ပေါင်း ၃,၇၀၀ နီးပါး၊ ဒုတိယအများဆုံးကတော့ ချင်းပြည်နယ်ဖြစ်ပြီး နေအိမ်ပေါင်း ၁,၁၀၀ ကျော်၊ မကွေးမှာ ၉၀၀ နီးပါး၊ ကယားမှာ ၃၀၀ ကျော်၊ ရှမ်းမှာ ၉၀ ကျော်၊ မန္တလေးမှာ ၃၀ ကျော်၊ တနင်္သာရီမှာ ၃၀ နီးပါး၊ ပဲခူးအနောက်ပိုင်းမှာ ၁၀ လုံးနဲ့ ကရင်ပြည်နယ်မှာ ၅ လုံးဖြစ်ပါတယ်။  


“မီးရှို့တာတွေ စဖြစ်တာကတော့ ၂၀၂၁ မေလလောက်ကစတာ၊ ရှေ့ပိုင်းကာလတွေကတော့ ဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နင်းတာပေါ့။ အခုရက်ပိုင်း စစ်ကိုင်းဘက်မှာ အင်တာနက်ဖြတ်တောက်ထားတော့ ဒီလို လူ့အခွင့်အရေးချိုးဖောက်မှုတွေ လိုက်စုဆောင်းဖို့ မလွယ်တော့ဘူး။ ဒေသခံတွေအနေနဲ့ ဒီအချက်လက်တွေကို မှတ်တမ်းတွေ၊ ဓာတ်ပုံတွေ၊ ဗွီဒီယိုတွေ ဖြစ်ဖြစ် သေချာသိမ်းထားနိုင်ရင်တော့ ပြန်စုဖို့ရလောက်မယ်။ ဒါပေမဲ့လည်း အခြေအနေတွေက ပြောမရဘူး ” လို့ အချက်လက်တွေကို စုစည်းဖော်ပြပေးနေတဲ့ Data for Myanmar အဖွဲ့ဝင်တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။ 


အခု ဖော်ပြနေတဲ့ အချက်လက်တွေကလည်း တိုက်ပွဲသတင်းတွေနဲ့ နေအိမ်မီးရှို့ခံရတဲ့ သတင်းတွေကို ရက်အလိုက် ၊ ဖြစ်စဉ်အလိုက် ပြန်စီပြီး ရေတွက်ထားတဲ့အကြောင်း၊ သတင်းဌာနတစ်ခုချင်းစီက အရေအတွက်တွေကို ပြန်စိစစ်ထားပြီး ဒေသခံ လူ့အခွင့်အရေးအဖွဲ့တွေ၊ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ အဖွဲ့တွေက ထုတ်ပြန်ထားတာတွေကိုလည်း အခြေခံပြုစုထားတာလို့ ပြောပါတယ်။ 


Data For Myanmar အဖွဲ့ဟာ စစ်အာဏာသိမ်းခံထားပြီးနောက်ပိုင်း နေအိမ်မီးရှို့ခံရတာ၊ ဖျက်ဆီးခံရတာ၊ နေအိမ်စွန့်ခွာထွက်ပြေးကြရတာ စတဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေအပါအဝင် အသံတိတ်သပိတ်မှာ ပါဝင်တဲ့မြို့တွေ၊ နုတ်ထွက်သွားတဲ့ အုပ်ချုပ်ရေးမှူးစာရင်းတွေ စတဲ့ အချက်လက်တွေကို စုစည်းဖော်ပြပေးနေတာ ဖြစ်ပါတယ်။


 

ဒီသတင်းအပါအဝင်နောက်ဆုံးရသတင်းများတိုက်ရိုက်တင်ဆက်မှု https://www.bbc.com/burmese/live/burma-60389755


 ဓာတ်ပုံ-Gangaw Youths Voice

ပုံစာ-ဂန့်ဂေါမှာ ဖေဖော်ဝါရီ ၂၈ ရက်နဲ့ မတ် ၁ ရက်နေ့က မီးရှို့ဖျက်ဆီးခံရတဲ့နေအိမ်တချို့ကိုတွေ့ရစဉ်။


ဆက်ဖတ်ရန် →

ရုရှနိုင်ငံကို ပိတ်ဆို့အရေးယူသည့်နိုင်ငံများတွင် စင်ကာပူလည်းပါဝင်လာ

​


မတ် ၅၊ ၂၀၂၂။ 


စင်ကာပူနိုင်ငံအနေဖြင့် ရုရှနိုင်ငံအခြေစိုက် ဘဏ်အချို့နှင့် ရုရှအစိုးရကိုအကျိုးအမြတ်ရစေမည့်လုပ်ငန်းများကို စီးပွားရေးဆိုင်ရာပိတ်ဆို့အရေးယူမှုများပြုလုပ်မည်ဟု ကြေညာလိုက်သည်။


ယူကရိန်းပြည်သူများကို တိုက်ရိုက်ထိခိုက်စေရန်လက်နက်အဖြစ်အသုံးပြုနိုင်သည့် လက်နက်ဆိုင်ရာပစ္စည်းများတင်ပို့မူကို တားဆီးပိတ်ပင်သွားမည်ဟု စင်ကာပူနိုင်ငံ၏နိုင်ငံခြားရေးရာဝန်ကြီးဌာနက ကြေညာခဲ့သည်။ 


"ရုရှနိုင်ငံနဲ့ ရုရှပြည်သူတွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးကို တန်ဖိုးထားပေမယ့် ရုရှနိုင်ငံအနေနဲ့ တခြားတိုင်းပြည်တစ်ပြည်ရဲ့ အချုပ်အခြာပိုင်နက်ကို ကျူးလွန်နယ်ချဲ့တာကို လက်မခံနိုင်ဘူး" ဟု နိုင်ငံခြားရေးရာဝန်ကြီးဌာနက ဆိုသည်။ 


စင်ကာပူနိုင်ငံ၏လုပ်ဆောင်ချက်သည် "ယူကရိန်းနိုင်ငံနှင့် ၎င်း၏အချုပ်အခြာပိုင်နက်ကို ကျူးကျော်တိုက်ခိုက်မှု" လုပ်ဆောင်နေသည့် ရုရှား၏စွမ်းရည်ကို အတားအဆီးဖြစ်စေရန် ရည်ရွယ်သည်ဟု သိရသည်။ 


ယူကရိန်းနိုင်ငံကို စစ်အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ကျူးကျော်ထားသည့် ရုရှားနိုင်ငံကို ကမ္ဘာ့ဘော်လုံးအဖွဲ့ချုပ် (FIFA) အပါအဝင် အားကစားနှင့် အခြားကဏ္ဍအများအပြားက ရုရှားနိုင်ငံကိုပိတ်ဆို့အရေးယူမှုများပြုလုပ်လိုက်သည်။ 


ထိုကဲ့သို့ပိတ်ဆို့အရေးယူသည့်ကဏ္ဍများကြောင့် ရုရှားနိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ၊ ကမ္ဘာ့ရပ်ဘီအသင်းချုပ်၊ ဟော်ကီ၊ တင်းနစ်၊ စကိတ်နှင့် အခြားအားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ဆုံးရှုံးမည် ဖြစ်သည်။ 


ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုများကြောင့် ရုရနိုင်ငံသည် ကမ္ဘာ့ဖလားဘော်လုံးပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိတော့မည်မဟုတ်ဘဲ ယခင်က ရုရနိုင်ငံ၊ စိန့်ပီတာစ္စဘတ်မြို့တွင် ကျင်းပမည့် ချန်ပီယံလိဂ်ပြိုင်ပွဲဗိုလ်လုပွဲစဉ်ကို ပြင်သစ်နိုင်ငံသို့ ပြောင်းရွှေ့ကျင်းပရန် ဆုံးဖြတ်ခဲ့သည်။

The 74 Media

ဆက်ဖတ်ရန် →

နိုင်ငံတကာမသန်စွမ်းသူများ ဥက္ကဋ္ဌရဲ့ ရုရှား - ယူကရိန်း ငြိမ်းချမ်းရေးတောင်းဆိုမှု တရုတ်ပိုင်ရုပ်သံ CCTV က ဆင်ဆာဖြတ်

​


မသန်စွမ်းအားကစားပြိုင်ပွဲဖွင့်ပွဲအတွင်း မသန်းစွမ်းသူများဆိုင်ရာအကြီးအကဲရဲ့ ရုရှား - ယူကရိန်းအရေးအတွက် ငြိမ်းချမ်းရေးဆိုင်ရာ တောင်းဆို ပြောဆိုမှုကို တရုတ်နိုင်ငံပိုင်မီဒီယာ CCTV က ဆင်ဆာဖြတ်တောက်ခဲ့ပါတယ်။ 


အိုလံပစ် မသန်စွမ်းအားကစားပြိုင်ပွဲကို လက်ရှိအချိန်မှာ ဖွင့်ပွဲကျင်းပပြီး တရုတ်နိုင်ငံမှာ ပြုလုပ်နေတာပါ။ 


နိုင်ငံတကာမသန်စွမ်းသူများ ဥက္ကဋ္ဌ အင်ထရူးပါဆင်စ်က ရုရှား - ယူကရိန်း အရေးအတွက် ငြိမ်းချမ်းရေးကိုအရေးတကြီးလုပ်ဆောင်ကြဖို့ တောင်းဆိုခဲ့တာပါ။ 


"ဒီညတော့၊ ငြိမ်းချမ်းရေးသတင်းစကားနဲ့ စတင်ချင်ပါတယ်" လို့ တရတ်သမ္မတ ရှီကျင့်ဖျင် အပါအဝင် တက်ရောက်လာတဲ့ နိုင်ငံတကာမိတ်ဆွေတွေ၊ ပွဲကြည့်ပရိတ်သတ်တွေအားလုံးအရှေ့မှာ အင်္ဂလိပ်ဘာသာစကားနဲ့ အဲဒီလိုအစချီပြောဆိုခဲ့တာပါ။ 


အဲဒီလိုပြောဆိုမှုကို တရုတ်နိုင်ငံပိုင်မီဒီယာဖြစ်တဲ့ CCTV ကထုတ်လွှင့်နေချိန်မှာပဲ အဲဒီပြောဆိုမှုကို သဲသဲကွဲကွဲမကြားရအောင် ပြုလုပ်ခဲ့ပြီး၊ လက်သင်္ကေတပြ သတင်းပြောဆိုသူကလည်း ဘာသာပြန်ဆိုပြောပြတာကို ရပ်တံ့ခဲ့ပါတယ်။ 


"မတူကွဲပြားမှုတွေကို ဂုဏ်ပြုပြီး ကွဲပြားမှုတွေကို လက်ခံတဲ့ အဖွဲ့အစည်းကြီးတစ်ရပ်ကို ဦးဆောင်နေတဲ့သူတစ်ယောက်အနေနဲ့တော့ အခုကမ္ဘာကြီးမှာဖြစ်နေတဲ့ မငြိမ်းချမ်းမှုဖြစ်စေတဲ့အရာတွေအတွက်ကို ထိန့်လန့်နေရပါတယ်"လို့ ပြောဆိုတာအပြင် ထပ်မံပြောဆိုတဲ့ ရုရှား - ယူကရိန်းဆိုင်ရာ စစ်ပွဲနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ တိုက်တွန်းပြောဆို မှုတွေကို တရုတ်နိုင်ငံပိုင်မီဒီယာ CCTV က ဆက်တိုက်ဆင်ဆာဖြတ်တောက်မှုတွေလုပ်ခဲ့ပါတယ်။ 


တရုတ်ကတော့ ရုရှား - ယူကရိန်းအရေးမှာ ရုရှားဘက်က ကျူးကျော်မှုလို့ခေါ်ဆိုတာကို ငြင်းဆန်ထားပြီး၊ ရုရှားကိုပြစ်တင်ရှုံ့ချမယ့် ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးမှာလည်း မဲမပေးပဲနေခဲ့ပါတယ်။ 


ဓာတ်ပုံ - GETTY


ဒီသတင်းအပြည့်အစုံအပါအဝင် ဘီဘီစီမြန်မာပိုင်းရဲ့နောက်ဆုံးရ သတင်းများတိုက်ရိုက်တင်ဆက်မှု

https://www.bbc.com/burmese/live/burma-60389755 


#ဘီဘီစီမွနျမာပိုငျး #ယူကရိနျး #ရုရှား #တရုတ် #Paralympics #CCTV #Censorship



ဆက်ဖတ်ရန် →

အာဏာသိမ်း အဖွဲ့ စိုးရိမ်စပြုလာ

​


အာဏာသိမ်း အဖွဲ့သည် နေပြည်တော်အား လုံခြုံစိတ်ချရသည့် ခံတပ်ကြီး သဖွယ် သဘောထားလာနေပြီး ရန်ကုန်ရှိ ဦးပိုင် ရုံးချုပ်ကို ရွှေ့ပြောင်းရန် ပြင်ဆင်လာနေပြီ ဖြစ်သည်ဟု သိရသည်။


ထိုသို့ ရွှေ့ပြောင်းရန် ဆုံးဖြတ်ခဲ့မှုသည် လုံခြုံရေး အရ စိုးရိမ်မကင်း ဖြစ်လာနေသည်ကို ပြဆိုလိုက်ခြင်းပင် ဖြစ်သည်။ ဦးပိုင် သည် ၎င်းတို့ အတွက် အစိုးရ ဘတ်ဂျက် အပြင်မှ စာရင်းစစ်ခွင့် မရှိ၊ စိတ်ကြိုက် သုံးခွင့် ရအောင် ဒေါ်လာ ဘီလီယံ ပေါင်း အများအပြား ကို “အောက်ဆိုက်” ဝင်ငွေ အဖြစ် ဖန်တီးပေးနေသည့် ကုမ္ပဏီ ပေါင်းများစွာ ကို ပိုင်ဆိုင်ထားသဖြင့် ဖြစ်နိုင်သမျှ အမြန်ဆုံး ရွှေ့ရန်လိုလားနေပြီး အဆောက်အဦး သစ်အတွက် နေပြည်တော် ဥတ္တရသီရိ မြို့ မန္တလေး လမ်းတွင် ဇန်နဝါရီ လ အတွင်း မြေနေရာကို ပန္နက်ရိုက်ကာ စတင် ဆောက်လုပ်နေပြီဟု ဧရာဝတီ သတင်းက ဆိုသည်။


စစ်ကောင်စီ အဖို့ က ၎င်းတို့ အားကိုးအားထား ပြုသည့် ရုရှားသည် စီးပွားရေးပိုင်းတွင် ပြဿနာပေါင်း သောင်း ခြောက်ထောင် နှင့် ရင်ဆိုင်နေရပြီ ဖြစ်၍ မြန်မာကဲ့သို့ နိုင်ငံမျိုးအား လက်နက်ခဲယမ်း များ ထောက်ပံ့ရေး အစ ရှိသည် တို့တွင် မည်သို့မျှ ဦးစားပေး အဆင့်တွင် မထားနိုင်တော့သည်ကိုလည်း ရိပ်စားမိလာကြပြီ ဖြစ်သည်။ လက်နက်များ အရင်အတိုင်း ဆက်လက် ရောင်းနိုင်သည်ပင် ဆိုစေဦး နှစ်နိုင်ငံစလုံးအဖို့ နိုင်ငံတကာ ဘဏ္ဍာရေး နယ်ပယ်တွင် နာမည်ပျက် စာရင်း သွင်းခံထားရသူများ ဖြစ်၍ ငွေပေးငွေယူ လုပ်ရမည့် အရေးသည် လတ်တ လောမှာ အခက်အခဲများ ရင်ဆိုင်နေရပြီ ဖြစ်သည်ဟု ဝါရှင်တန် အမျိုးသား စစ်ကောလိပ် နှင့် ဂျော့ချ် တောင်း တက္ကသိုလ် ရှိ ပါမောက္ခ ဇာခါရီ အဘူဇာက ထောက်ပြလာခဲ့သည်။


သူ၏ အဆိုအရ ရုရှားသည် ၎င်းတို့ရှိ နိုင်ငံခြား အရံငွေ ဒေါ်လာ ၆၃၀ ဘီလီယံ ၏ ၄၀ ရာ နှုန်း ကို ထုတ်ယူခွင့် မရတော့၍ စီးပွားရေး ပိုင်းတွင် အကြီးအကျယ် ထိခိုက်သွားခဲ့ရပြီ ဖြစ်သည်။


နောက်ထပ် စိုးရိမ်မကင်း ဖြစ်လာသည့် လက္ခဏာ အဖြစ် စစ်ကိုင်းတိုင်း ဒေသကြီး တခုလုံးအား ကြာသပတေး နေ့မှစ၍ မိုဘိုင်း အင်တာနက် ကို “အချိန် အကန့်အသတ် မရှိ” လုံးဝဖြတ်တောက် ပြစ်လိုက်ပြီဟု ကြေညာလာ ခြင်း ဖြစ်သည်။ ယခင်က မြို့နယ် ရှစ်မြို့နယ်အား ကန့်သတ်ထားရာမှ တတိုင်းလုံးကို ထပ်မံ တိုးချဲ့လိုက်ခြင်း ဖြစ်သည်။ (ပုံတွင် စစ်တပ်မှ ဇန်နဝါရီ ၃၁ ရက် နေ့ အတွင်း စစ်ကိုင်းတိုင်း ပုလဲ မြို့နယ် အတွင်းရှိ မွေတုံး ရွာ ကို မီးရှို့ဖျက် ဆီးသွားသည့် မြင်ကွင်းကို တွေ့နိုင်သည် - မြန်မာနောင်း)


အိမ်များကို မီးရှို့ဖျက်ဆီးခံရ၍ ထွက်ပြေးသွားရသူများကိုလည်း လေးရက်အတွင်း ပြန်မလာက PDF များ အဖြစ် သတ်မှတ်ပြီး ကွပ်မျက်သွားမည်ဟု ကလေး မြို့နယ်အတွင်း  ကလေး-ဂန့်ဂေါလမ်း ရှိ သံဖို ကျေးရွာမှ စစ်ပြေးရှောင်သူများအား ခြိမ်းခြောက်လာသည်ဟု သတင်းများက ဆိုသည်။


 မိမိတို့ နောက်တွင် ပြည်သူတရပ်လုံး ရှိနေသည် ဆိုပြီး အသက်စွန့်၍တိုက်ပွဲ ဝင်နေကြသူများကို အားပေးသည့် အနေဖြင့် ထိုသို့ မလုပ်နိုင်သူများမှလည်း ၎င်းတို့နှင့် မပူးပေါင်း ဆိုသည့် စိတ်ဓါတ်ရေးရာ အရဖြင့်တော့ ဆက် လက် တိုက်ပွဲဝင်သွားကြရမည် ဖြစ်သည်။ သွေးအေး သွားပြီ ဆိုသည့် လက္ခဏာများ ပြသလာပါက တော်လှန် ရေးအင်အားစုများ အကြား စိတ်ဓါတ်များ ကျဆင်းလာနိုင်သည်။ ထိုသို့ သွေးအေးလာသူများ အတွက် ဆက် လက် ရင်ဆိုင်ရမည့် အရေးမှာ စစ်အာဏာရှင်တို့လက်အောက်တွင် ကျွန်ယုံ ကျွန်ကောင်း ပီသစွာ နေထိုင်တတ် အောင် ကြိုးစားကြရတော့မည် ဖြစ်သည်။ သာမန် စစ်ဗိုလ်တယောက်ကိုပင်  မျက်နှာချို သွေးကာ မော်မကြည့် ဝံ့သည့် အဖြစ်မျိုး နှင့် ကြုံကြရပေတော့မည်။


အေတီအမ် ရှေ့တွင် တန်းစီနေရသည့် အဖြစ်မှ ရာရှင်နှင့် ရောင်းပေးမည့် ဆန် ဆီ ဆား တို့ ဝယ်ယူနိုင်ရာတွင် တန်းစီကြရပေတော့မည်။


လက်ရှိတွင် ရုရှားအား ချက်ချင်းဆိုသလို စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်လာသော ဂျပန်၊ တောင်ကိုရီယား၊ စင်္ကာပူ၊ ဩစတေးလျှ တို့က မြန်မာ အပေါ် ထိုသို့ လုပ်ခြင်း မရှိ ဘဲ business as usual အဖြစ် ရောက်လာနိုး နှင့် စောင့်ကြည့်နေသည်။ ရုရှားသည် တရုတ်ဖက် ယိမ်းသွားမည် ဆိုသည့် စိုးရိမ်စကား မဆိုကြတော့။ ဂျပန် နှင့် စင်္ကာပူ ဆိုလျှင် ၎င်းတို့၏ ဘဏ်တိုက်ကြီးများတွင် စစ်ဗိုလ်ချုပ်ကြီးများ အပ်နှံငွေများကို အမေရိကန်ကဲ့သို့ ထိန်းချုပ်ခြင်းမျိုး ပင် မလုပ်ကြပေ။ အမေရိကန်မှ ထိန်းချုပ် ထားသည့် ငွေများကို NUG မှ သုံးစွဲခွင့် မရသေး၊ ထိုငွေများ ကို အပေါင် သဘောမျိုး ထား၍ အခြားဘဏ်များမှ ချေးငှားနိုင်ခွင့် ပင် မရပေ။


အာဆီယံသည်လည်း တနိုင်ငံ၏ ပြည်တွင်းရေးကို တနိုင်ငံက မစွက်ဖက်ရေး ဆိုသည့် မူ၏ နောက်တွင် ပုန်း လျှိုးနေကြဆဲ ဖြစ်သည်။


ထိုသို့သော  အနေအထားများ ကို သိမြင်နားလည်လာကြသော NUG နှင့် မြန်မာ ပြည်သူတို့ အဖို့ ပါးစပ်ထဲ တွေ့ကရာ ပြောကာ မီးဖိုချောင်ထဲ အထိ ဝင်ရောက်ချယ်လှယ်လာ သော အာဏာရှင် တဦး ၏ နှုတ်ဖျားမှ ထွက် လာသော မရေမရာ စကားများထက် မိမိတို့ လွတ်လပ် လုံခြုံစွာ နေထိုင်သွားလာခွင့် ပြန်လည် ရရှိရေး၊ မိမိတို့ စိတ်ကြိုက် လူနေမှု စနစ် နှင့် စီးပွားရေး အနာဂတ် လမ်းကြောင်း ရွေးချယ်ရန် အတွက် မိမိတို့ကိုယ်ကို မိမိတို့ အားကိုး ရတော့မည် ဆိုသည့် အယူအဆ ကို လက်ခံလာကြသည်ကပင် တော်လှန်ရေး အတွက် အားဆေးများ ဖြစ်လာခဲ့ရသည်ဟု ပါမောက္ခ အဘူဇာ မှ သုံးသပ်သွားခဲ့သည်။


ပြည်သူများကတော့ မည်သူတဦးတယောက်မျှ လှုံ့ဆော် စည်းရုံးစရာ ပင် မလိုအောင် ၎င်းတို့ အကြောင်းကို နောကျေအောင် သိထားကြသူများ ပီပီ အာဏာသိမ်းသည့် သတင်း ထွက်ပေါ်လာချင်းပင် စောင့်ကြည့်စရာ မလို မိမိတို့ အားလုံး၏ အနာဂတ် ပျက်စီးသွားပြီ ဆိုသည်ကို ချက်ခြင်း လက်ငင်း နားလည် လိုက်ကြသည့် အထိ ယုံကြည် ကိုးစားခြင်း ခံရသူများ ဖြစ်သည်။ ယခုထက်ထိလည်း မိမိတို့ ယူဆထားသည်မှာ မှန်ကန်ကြောင်း သက်သေပြနေဆဲပင် ဖြစ်သည်။


ထိုသို့သော ပုဂ္ဂိုလ်များက လူထုကို နားလှည့် ပါးရိုက်လုပ်ရန် ရွေးကောက်ပွဲကို ဟန်ပြလုပ်ပြီး နောက်ကွယ်မှ စီမံအုပ်ချုပ်သွားမည့် အရေးကို မည်သူကမျှ လက်ခံနိုင်စရာ မရှိ ဆိုသည်မှာလည်း အဆန်းတကြယ်တော့ မဟုတ်ပေ။


ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!


ဆက်ဖတ်ရန် →

​တကယ့်နန်းလုပွဲ အစစ် !



ပြင်သစ်သမ္မတစကားအရဆို အတော်စိုးရိမ်စာကောင်းနေသလို ကျနော်ယူဆမြင်နေတာ ပူတင်က နောက်မဆုတ်ဘူး ယူကရိန်းကို အရသိမ်းမယ်ဆို 


လူသိပ်မရှိတဲ့ မြို့တမြို့လောက်ကို နူတလုံးလောက် ပစ်ပြလိမ့်မယ် ဒါမှ သိမ်းပြီးသားနဲ့ အနောက်အုပ်စုပါ ခြိမ်းခြောက်ပြိးသားဖြစ်မယ် မဟုတ် သူခံနေရ စစ်ပွဲကြာရှည်မှာပဲ 


ဒီလိုဆိုမေးစရာရှိတယ် ပစ်ရင် အနောက်အုပ်စု ဘာလုပ်မလဲဆို မလုပ်ဘူး သူတို့မပစ်မခြင်း တားဆီးမယ် စိုးရိမ်မယ်နဲ့ သမရိုးကျစစ်လောက်နဲ့ပဲ ဟန့်တားမယ် 


ဒီအတွက် ဘယ်နေရာပစ်မလဲဆို နူစက်ရုံတွေ ရှိတဲ့နေရာလို့ပဲထင်တယ် ဒါကြောင့်ဟိုနေ့က အဲ့ကိုပစ်တာ ကံကောင်းလို့ ဘာမှမဖြစ်တာပဲ အကြောင်းက ပူတင်ကို ခြိမ်းခြောက်အာခံနိုင်တဲ့ ဒီစက်ရုံတွေကို တခါတည်း ဖျက်ပြီးသားနဲ့ သူ့အလိုကျ အစိုးရတင်မြောက်နိုင်ဖို့ ယူကရိန်းကို သိမ်းဖို့ဆို နူပစ်ရင်ပစ် မပစ်ရင် နူစက်ရုံတွေ လှမ်းထုပဲ 


အစက အဲ့စက်ရုံတွေကို ခြိမ်းခြောက်ရုံပစ်ပြပြီး ပိုကြီးမားကျယ်ပြန့်မစိုးလို့ အခြားနေရာ ပစ်မယ်ထင်ရပေမယ့် နူပစ် သိမ်းပိုက် စစ်ရေးကူနေတဲ့ အနောက်အုပ်စုကို ခြိမ်းခြောက်ဟန့်တားဖို့ဆို ထိုနေရာကို ပစ်ပြီး ပူတင်ထဟီးရိုးလုပ်မယ် ထင်ပါတယ် 


ဒီတော့ ဒီပွဲ ယူကရိန်းရှုံးရင် အနောက်အုပ်စု ဒီမိူစနစ်က ကွန်မြူနစ်ဝါဒီ ကျရှုံးရမှာ ဖြစ်သလို နိုင်ရင်တော့ ပွဲပြတ်ပြီး ချိ့နား ပူတင် အန္တရာယ်မှနေ ကမ္ဘာ့နိုင်ငံတွေ လုံခြုံပြီ ဖြစ်လေသည် 


ဒီအတွက် တကယ့်နန်းလုပွဲဆိုတာ ခုမှသေချာနေပြီဟုဆိုချင်ပြီး ကမ္ဘာကျော်မျက်မမြင်ရှေ့ဖြစ်ဟောဆရာမကြီး ဟောထားတဲ့ ဟောကိန်း မှန်မမှန်ဆိုတာ စောင့်ကြည့်ဖွယ်ရာနဲ့ ၂၀၂၂မှစ တျုတ်နဂါးကြီး ကမ္ဘာကို လွှမ်းမိုးအုပ်စိုးလိမ့်မည်ဆိုတာကတော့ ခုထိ မမှန်သေးဘူးဆိုတာ သိစေချင်သည် !


#မင်းကြည်ညိုနေ 🕊️


ဆက်ဖတ်ရန် →

​NUG ခေါင်းဆောင်တွေကို စစ်ကောင်စီက နိုင်ငံသားအဖြစ်က ရပ်စဲ



စစ်ကောင်စီဘက်က မတ်လ ၄ ရက်နေ့ ထုတ်ပြန်ချက်တစ်ခုမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ထဲက ခေါင်းဆောင်တွေဖြစ်တဲ့ ဒေါက်တာဇော်ဝေစိုး၊ ဦးရည်မွန်၊ ဦးလွင်ကိုလတ်၊ ဦးအောင်မျိုးမင်း၊ ဒေါက်တာဆာဆာ၊ ဒေါ်ဇင်မာအောင်တို့အပါအဝင် ၈ ဦးနဲ့ ဦးမင်းကိုနိုင်၊ ဦးမျိုးရန်နောင်သိမ်းနဲ့ မအိပန်ဆယ်လိုတို့ကို နိုင်ငံသားအဖြစ်က ရပ်စဲကြောင်း ကြေညာပါတယ်။


NUG ရဲ့လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းကတော့ ဒီလိုလုပ်တာဟာ စစ်ကောင်စီအပါအဝင် စစ်အစိုးရအဆက်ဆက်က ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေကို စွပ်စွဲလုပ်ဆောင်လေ့ရှိတဲ့ လုပ်ထုံးလုပ်နည်းတစ်ခုသာ ဖြစ်ပြီး စစ်ကောင်စီက ကြေညာတာဖြစ်တဲ့အတွက် လုပ်ပိုင်ခွင့်မရှိသလို တရားဝင်မှာလည်း မဟုတ်ဘူးလို့ ဘီဘီစီကို ပြောပါတယ်။

ဘီဘီစီမြန်မာပိုင်း


ဟာသကွာ ။ 


ငါတို့ကို နိုင်ငံသားအဖြစ်ကနေရပ်စဲပါသည်တဲ့။  မင်းတို့နိုင်ငံသားဖြစ်ခွင့်ပေးမှ နိုင်ငံသားဖြစ်မှာကျနေတာပဲ ။ နိုင်ငံသားဖြစ်ခြင်းဆိုတာ နှလုံးသား နဲ့ ဆိုင်တယ် ၊ ခံယူချက်နဲ့ဆိုင်တယ်။  ငါဘယ်နိုင်ငံရောက်နေနေ ငါ့အတွေး၊ ငါ့ဝိဉာဏ် ၊ ငါ့နှလုံးသားရှိရာအရပ်ဟာ ငါ့အမိနိုင်ငံတော်ပဲ။


ငါတို့က အသွေးအသားအားဖြင့် မြန်မာ ၊ ဝိဉာဉ်အားဖြင့် မြန်မာ ၊ နှလုံးသားအားဖြင့် မြန်မာ ။ မြန်မာပြည်အတွက် ငါတို့ဘဝတွေ ပေးထားတာ ၊ စတေးထားတာ ၊ စွန့်လွတ်ထားတာ။ မင်းတိူ့လို ဒီမြေမှာမွေး ဒီရေကိုသောက်ပြီး ဒီမြေကိုပြန်ဒုက္ခပေးနေတဲ့ “ သားရေပေါ်အိပ်၊ သားရေသားစား “တွေမဟုတ်ဘူးဆိုတာ မင်းတို့ခေါင်းထဲဦးနှောက်ပါရင်သိပါတယ်။


အရှက်မရှိပြောထွက်တဲ့စကား ငါတို့ကိုနိုင်ငံသားအဖြစ်မှရပ်စဲသည်တဲ့ ။ မြန်မာနိုင်ငံကိုမင်းတို့ပိုင်တာကျနေတာပဲ။ ဆုတောင်းလေ ၊ ဆုတောင်း ။ နောက်ဆုံးထွက်သက်မတိုင်မှီ ဆုတောင်းသွားကြပေါ့။


စကားမစပ် ငါ့အမည်စာလုံးပေါင်းမှားနေတယ်။ ဒါမှမဟုတ် အဲ့ဒါနောက်တစ်ယောက်လား။


ဇွတ်ကိုကြောက်နေလိုက်ကြတာ စာလုံးပေါင်းတောင်မှားတယ်။ 


မျိုးရန်နောင်သိန်း

၄- ၂-၂၀၂၂

#မြန်မာစံတော်ချိန် ည ၉ နာရီ ၅၂


ဆက်ဖတ်ရန် →

🗣 အော်ဟစ်ကြသူများ 🗣

​


ဒါက ထုံးစံပါ။


ကမ္ဘာအရပ်ရပ်က နိုင်ငံသားတွေက အစိုးရကို သံသယနဲ့ ဝေဖန်မှုတွေ လုပ်လေ့ရှိကြတာပဲ..။


မြန်မာပြည်က မောင်နှမတွေရော NUG အစိုးရကို ဝေဖန် ဘာညာလုပ်ကြတာတွေ့ရတာ အမှန်တော့ ဝမ်းသာစရာပါ။


ကျုပ်တို့ မြန်မာတွေ ပါးစပ် ပိတ်လာရတာ အနှစ် ၆၀ကျော်ပြီလေ..။ အခုမှ ကျုပ်တို့ လူလို သူလို အစိုးရကို ဝေဖန်တာတို့ ဘာတို့..။


အဲ… ဆဲတာတို့…။


🗣


ဒါ..မြန်မာပြည်မှာမှ မဟုတ်ပါဘူး၊ ဒီနေ့ခေတ်မှာ ကမ္ဘာတစ်ဝှမ်းက ပြည်သူတွေဟာ သူတို့အစိုးရတွေကို ပိုပြီးဝေဖန်လာကြတယ်။


အခုခေတ် မျိုးဆက်သစ်တွေက နိုင်ငံရေး ပါတီတွေကို စိတ်ပျက်ကြတယ်။ နိုင်ငံရေး အဖွဲ့အစည်းတွေ အပေါ် ယုံကြည်မှု နည်းပါးလာကြတယ်။ဒါကလည်းအကြောင်းရှိတယ်တဲ့။


‘ လူမှုရေး ခေတ်မှီတိုးတက်လာတာနဲ့အမျှ၊ နိုင်ငံသားတွေကျွမ်းကျင်မှုတိုးတက်လာနဲ့ အမျှ၊ သူတို့ရဲ့ မျှော်လင့်ချက်တွေက မြင့်တက်လာတယ်..’


‘မျှော်လင့်ချက်တွေဖြစ်မလာတာကြောင့် အာဏာပိုင်တွေ အပေါ် ကြည်ညိုမှု လျော့နည်းသွားတာဖြစ်တယ်’..လို့ The Civic Culture Transformed စာအုပ်ကပြောတယ်..။


🗣


လေ့လာသူတွေ တွေ့ရှိချက်အရ — 


အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ  ဒေါ်နယ်ထရမ့် အနိုင်ရရှိမှု ဟာ ကမ္ဘာကြီးရဲ့ political culture ကို တမျိုးတဖုံပြောင်းလဲစေတယ်တဲ့။


အဲ့ဒီ့တုန်းက လူတွေက— ‘ဘုရားရေ…. ဒေါ်နယ်ထရမ့်က သမ္မတဖြစ်တော့မယ်?’  ဆိုတဲ့ ထိတ်လန့်တာမျိုး..။


အဲဒီက စပြီး အစိုးရကို အပြင်းအထန်ဝေဖန်တဲ့ ဓလေ့က ကမ္ဘာအနှံ့ကို ဗိုင်းရပ်စ်တစ်ခုလို ပျံ့နှံ့လာတာ။


ဒေါ်နယ်ထရန့်ရဲ့ ဖန်တွေကလည်း ဒေါ်နယ်ထရန့် ထိရင်လုံးဝမခံတာ… ဘိုင်ဒင်အစိုးရ post တွေဆို ‘ဟ..ဟ..’ တွေချည့်..၊ ဆဲတာလည်း နည်းမျိုးစုံ..။


🗣


ဒီနေရာမှာ လွဲနေတာ တစ်ခုရှိတယ်။


NUG အဆဲခံရတာနဲ့ ထရမ့် တို့ ဘိုင်ဒင် တို့ အဆဲခံရတာနဲ့မတူဘူး။

အဲဒီ့ နိုင်ငံတွေကို သွားပြီး အတုယူကော်ပီကူး လို့မရသေးဘူး။ အတုယူဖို့ စောသေးတယ်။


သူတို့နိုင်ငံတွေက ဓမ္မနဲ့ အဓမ္မ စစ်ဖြစ်နေတာမဟုတ်ဘူးလေ။ ပါတီတွေကွဲနေတာ.. အဲ့ဒါ နိုင်ငံရေးအတွေးအခေါ် လွတ်လပ်စွာကွဲလွဲမှုတွေပါ..။


🗣


မြန်မာနိုင်ငံမှာက ဓမ္မနဲ့ အဓမ္မ စစ်ဖြစ်နေတာ။ NUG က ဓမ္မဘက်က ခက်ခက်ခဲခဲ ကုတ်ကပ် ရပ်တည်နေရတယ်။


NUG အစိုးရ အဖွဲ့ဝင်တွေဟာ စေတနာ့ဝန်ထမ်းတွေပါ။ အိမ်ဖြူတော်မှာ ဘော်ဒီဂတ် တွေနဲ့ နိုင်ငံ့အရေးကို စိတ်အေးစွာ လုပ်နေရတဲ့သူတွေမဟုတ်ပါ။ 


စစ်ကောင်စီဘက်က NUG ကို သတ်ဖို့ သေနတ်အပြည့်နဲ့ အဆင်သင့်စောင့်နေတာပါ။


စစ်ကောင်စီမှာ သတ်ရဲဖြတ်ရဲ ယုတ်မာတဲ့ စိတ်ဓာတ်ကအဆင်သင့်..၊


နှစ်ပေါင်းများစွာ လေ့ကျင့်ထားပြီး ညစ်ညစ်ပတ်ပတ် ကလိမ်ကကျစ် အိုင်ဒီယာလော်ဂျီတွေစုထားတဲ့ အုပ်စုက ဆိုက်ဝါးထည့်ဖို့ အဆင်သင့်.. ၊ 


အရာရာ စနစ်တကျ အဆင်သင့်ဖြစ်နေတဲ့ မိစ္ဆာအကြီးကြီးတွေကို ရင်ဆိုင်နေရတယ်။


သူတို့ရဲ့ စနစ်တကျ သင်ယူထားတဲ့ ပရိုပါဂန်းဒါးအုပ်စုကလည်း ပရိုပါဂန်းဒါးလုပ်ဖို့ အင်အား ကြီးမားစွာနဲ့ စောင့်ကြည့်နေကြတာ..။


သူတို့က NUG ကိုပြည်သူတွေ ဝုန်းတာကို စောင့်နေတယ်..။ အခွင့်ရတိုင်း ဝမ်းသာအားရ ဝိုင်းပြီး ဆွမ်းကြီးလောင်းကြတာ..။


ပွဲကိုဖြစ်နေတာပဲ..။


🗣


ဒါနဲ့ပဲ ပြဿနာက နည်းလမ်းတကျ မဖြေရှင်းနိုင်ကြ.. အိုဗာတင်းတွေဖြစ်ကုန်တာ..။ ဘာပြဿနာမှလည်း မပြီးသွားပါ။


🗣


မြန်မာက တချို့ မောင်နှမတို့ ပထမဆုံး အတွေ့အကြုံမို့လားမသိ၊ အစိုးရကို အပြုသဘောနဲ့ ဝေဖန်ရမယ့်အစား ရန်သူကြီးလို ရန်ဖြစ်နေကြတယ်။


ပြိုင်ဘက်ကြီးလို ပြောင်လှောင်ကြတယ်။ အတင်းပြောသလိုကြီး ပြောလိုပြော..။


ကောင်းရော..။


ပြီးတော့ပြောလိုက်ကြသေး.. ‘ ချစ်လို့ဝေဖန်တာ’ တဲ့…။


🗣


နိုင်ငံရေး သမားတိုင်း မကောင်းတာမဟုတ်ဘူး။ ဖောက်ပြန်သူတွေ ရှိသလို မဖောက်ပြန်သူတွေလည်း ရှိတယ်။


NUG က “ဝေဖန်ပါ။ NUG ဟာ ဝေဖန်မှုကို ကြိုဆိုပါတယ်” ဆိုတာ အမြဲပြောလေ့ရှိပါတယ်။ ‘အဆဲ’ တွေကိုတော့ ကြိုဆိုမယ်မထင်။ 


ကျုပ်…ပြည်သူတစ်ယောက်အနေနဲ့ မကြိုဆိုပါ။ ( ကျမတစ်ယောက်တည်း အမြင်ဖြစ်ပါတယ်။) 


🗣


ချစ်လို့ဝေဖန်ရင် ၁၀၀% စေတနာရှိရမယ်။ ရယူလိုတာ မပါရဘူး။


ရယူလိုတာက ဘာလဲ…?


ဝေဖန်သူဟာ ငွေ၊ ရာထူး နေရာလိုချင်တဲ့ ဆန္ဒရှိနေရင်….၊ဝေဖန်သူဟာ attention လိုချင်တဲ့ ဆန္ဒရှိနေရင်….၊ဝေဖန်သူဟာ နာမည်ကြီးချင်တဲ့ ဆန္ဒရှိနေရင်….၊ ဝေဖန်သူဟာ ‘ငါဟာ NUG ထက်ဉာဏ်ပညာကြီးမြတ်သူဖြစ်တယ်’ ဆိုပြီး အများကိုသိမြင်စေလိုတဲ့ ဆန္ဒရှိနေရင်….၊


လွဲတာပဲ..။


အဲ့ဒါ ဘေးကကြည့်ရင် သိပ်သိသာတယ်။ ရှက်ဖို့လည်းကောင်းတယ်။


🗣


ဒီမိုကရေစီ နိုင်ငံရေး ယဉ်ကျေးမှု လေ့လာသူတွေက ဒီမိုကရေစီနဲ့ ပတ်သက်ပြီး အထိမ်းအကွပ်မရှိဖြစ်လာတဲ့အပေါ် စိုးရိမ်မှုတွေဖြစ်နေကြတယ်တဲ့..။


ဟုတ်တယ်..

အထိန်းအကွပ်မရှိ…။


🗣


မြန်မာပြည်က စကစ ဆိုက်ဝါးကောင်တွေ ဘောမ ပရိုပါဂန်းဒါးကောင်တွေက အခုဆိုလည်သွားပြီ။ အရင်လို မဆဲတော့ဘူး။


ပရိုဖိုင်းတွေမှာတောင် အမေစုပုံတွေနဲ့၊ လက် ၃ ချောင်းတွေ ဘာတွေ ထောင်လို့..။ ဒီမိုတွေနဲ့ သူငယ်ချင်းတွေဖြစ်လို့..။


“ အမရဲ့ စာဖတ်ပရိတ်သတ်ပါရှင်.. အဲ့လို စတာ..” (အမရဲ့ စာဖတ်ပရိတ်သတ်က စစ်တပ်ဘက်က များပါတယ်ဆိုမှ..😅)


“ ကျနော်တို့ PDF တွေရဲ့ ရင်ထဲဝင်ကြည့်စမ်းပါတွေ ဘာတွေ…”


“ NUG ကို ပုခုံးနဲ့တွန်းတင်ခဲ့ဖူးတယ်.. အခုတော့ ..ဘာညာ”


ခေတ်သစ် ဘောမတွေက လည်သွားပြီ။ 


အဲ့လိုတွေ.. အဲ့လိုတွေ…။


🗣


အစိုးရကို 'မနာလိုခြင်း' ဆိုတာ ကလည်း ဆယ်စုနှစ်များစွာကတည်းက နိုင်ငံရေးလောကမှာ ရှိနေတယ်လို့ နိုင်ငံရေးလေ့လာသူကပြောတယ်။


သူတို့ကျတော့ ဆန့်ကျင်တာ မဟုတ်ဘူး။ မနာလိုတာ။


နိုင်ငံရေးသမားစစ်စစ်ကို မနာလိုဖြစ်စရာမရှိဘူး။ သူ့နေရာကို ခဏ ဝင်နေကြည့်ပါ။


🗣


ဗိုလ်ချုပ် အောင်ဆန်းက ပြောခဲ့တယ်—


“ နိုင်ငံရေးသမား စစ်စစ်တိုင်းဟာ တကယ့် ပရဟိတသမား၊ ပရဟိတ သမားတောင်မှ သာမန်မဟုတ်ဘူး။ ကိုယ်ကျိုးစီးပွားကို စွန့်လွှတ်ထားသူတွေ၊ ကိုယ့်ထမင်းကိုယ်စားပြီး ကြီးတော်နွား ကျောင်းနေသူတွေ။”


“သားပစ် မယားပစ်၊ မိသားစုပစ်၊ ထောင်တန်း မကြောက်၊ အချုပ်အနှောင်ခံရမှာ မကြောက်၊ နောက်ဆုံး အသက်ဇီဝိန်ပါ အချွေခံရနိုင်တဲ့ အထိ ဖြစ်နိုင်တယ်။”


🗣


နိုင်ငံရေး သမားတွေထဲမှာလည်း ပင်ပင်ပန်းပန်းမရပ်တည်ပဲ နေရာရ ဖျာရရုံ .. နေရာလု ဖျာလုသူတွေရှိတာလည်း ထုံးစံပါပဲ။


ဒါမျိုးကို ပုဂ္ဂိုလ်ရေးအရ ဝေဖန် တိုင်ကြားရမယ်။ ‘အမှန်တရား’ ဆိုရင် ဝေဖန်ရဲရမယ်။ အားနာစရာမလိုပါ။ 


🗣


ဆဲဆိုတာမျိုးဟာ တစ်ဖက်သားကို နစ်နာစေလိုတဲ့ ဆန္ဒတဲ့ နှုတ်အားဖြင့် တိုက်ခိုက်တာပါ။ 


‘မအလ မင်းအောင်လှိုင်’ စသည်ဖြင့် စကစကို ကြမ်းကြမ်း တမ်းတမ်း ဆဲဆိုပြီး စိတ်ဓာတ်ရေးရာ စစ်ဆင်ရေး လုပ်ကြတယ်။


NUG ကို ‘ကြမ်းကြမ်း တမ်းတမ်း ဆဲဆို’ တာကရော… ချစ်လို့လား။


‘နုဂျီ’…. ဆိုတာ စကစ၊ ဘောမတွေ စ ထွင်တဲ့စကားလုံးပါ။ ဒီစကားလုံးပြောမှ ခေတ်မှီသလိုလို… တော်လှန်ရေးသမားတွေရဲ့ ပါးစပ်ထဲရောက်နေတာတွေ့ရတာဟာ ဘောမတွေရဲ့ အောင်မြင်မှုပဲ..။


🗣


နိုင်ငံခြားမှာနေတဲ့ အလှူရှင်တချို့ကလည်း ‘စစ်ရေး’ အထိဝင်ချယ်လှယ်ကုန်ကြတာတွေ့လာရတယ်။


‘စစ်ရေးဗျူဟာ’ ကို ကျုပ်တို့မှ နားမလည်တာ…။ 


လက်ရှိ ကာကွယ်ရေးဝန်ကြီးလည်း တကယ် စစ်မတိုက်ဖူးတဲ့သူမို့ သူလည်း အဲ့လောက် နားမလည်ဘူး။ 


စစ်ရေးကို စစ်ရေးဗျူဟာ နားလည်သူတွေရဲ့ ညွှန်ကြားချက်တွေ ယူရတာဖြစ်ပါတယ်။


🗣


‘နိုင်ငံရေးစနစ်တွေ ကောင်းမွန်စွာလုပ်ဆောင်ဖို့ သစ္စာရှိတဲ့နိုင်ငံသားတွေ လိုအပ်တယ်။’


‘သစ္စာရှိတဲ့နိုင်ငံသား’တွေပါ..။


🗣


‘အနှောက်အယှက်ကင်းသော ခေါင်းဆောင်မှု’ ဆိုတာတော့ ဒဏ္ဍာရီထဲမှာပဲရှိခဲ့တယ်။ သက်ဦးဆံပိုင်ဘုရင် စနစ်တွေမှာတော့ မနှောက်ယှက်ရဲကြဘူးပေါ့..။


ဒီနေ့ခေတ် အုပ်ချုပ်သူတွေ ဘဝကလည်း မလွယ်လှပါ။


ရိုးသားကြိုးစားတဲ့ အုပ်ချုပ်သူတစ်ဦးဆိုပါတော့၊ သူဟာ သူ့တာဝန်တွေကို ရိုးရိုးသားသား ကျေပွန်အောင်လုပ်နေလို့ပဲ မပြီးပါဘူး ။


‘ ပြည်သူကအထင်လွဲနေတဲ့ ပြဿနာတွေကို အောင်အောင်မြင်မြင်ဖြေရှင်းနိုင်တဲ့ ပညာ’ ကိုပါတတ်ရပါတယ်။


ဒါမှ ပြည်သူတွေက သူ့ရဲ့ အခွင့်အာဏာကို လေးစားမယ်။ လေးစားရင် သူ့အလုပ်တွေကို ဝင်ရောက်စွက်ဖက်ခြင်းမရှိ။ အဲဒီ့တော့မှ အေးအေးဆေးဆေး အလုပ်လုပ်နိင်တာ။


🗣


ဒီပြဿနာရဲ့ အဖြေက ပညာရေးတဲ့။ ပညာရေးနဲ့ဖြေရှင်းရတာပါ။


ပြည်သူကတော့ ခေတ်အဆက်ဆက် အစိုးရကို ဝေဖန်နေမှာပဲ။ ဝေဖန်မယ့် နိုင်ငံသားတွေကို တကယ်တွေးတတ်အောင် ပညာရေး မြှင့်တင်ပေးရပါမယ်တဲ့။


ပညာရေးကို တိုးချဲ့ရမယ်။ ကျွမ်းကျင်မှုဆိုင်ရာတွေကို တိုးတက်အောင်လုပ်ပေးရမယ်။ 


သတင်းအချက်အလက် လက်လှမ်းမှီအောင်လုပ်ပေးရမယ်။ ဒါမှ ပိုပြီး ခိုင်မာအားကောင်းတဲ့ နိုင်ငံသားတွေကို မွေးထုတ်နိုင်မယ်။


သူတို့က အစိုးရကို ‘ပညာရှိရှိ’ ဝေဖန်ကြမယ်။ အစိုးရလည်း အလုပ်ကောင်းကောင်းလုပ်လို့ ရမယ်။ ဒါဆို နိုင်ငံတိုးတက်မယ်။ 


🗣


အလိမ်အညာ နိုင်ငံရေးသမားတွေရှိရင်လည်း ပညာတတ်ပြည်သူတွေရှေ့ မဟုတ်တာ မလုပ်ရဲတော့ဘူး။ လုပ်ရင်လည်း အရှက်ကွဲမှာပဲ..။


🗣


‘ပညာတတ်တွေ၊ တွေးခေါ်တတ်တဲ့ အားကောင်းမောင်းသန် နိုင်ငံသားတွေ’ များလာပါမှ တော်လှန်ရေးအောင်မယ်။ ဒီမိုကရေစီ အသက်ရှင်မယ်။


🗣


‘အစိုးရကောင်းဟာ အလုပ်ကောင်းကောင်းလုပ်နိုင်ဖို့အတွက် နာခံမှုရှိတဲ့ နိုင်ငံသားကောင်းတွေလိုအပ်တယ်’


(နိုင်ငံရေး သိပ္ပံပညာရှင်များ Chris Welzel and Russell Dalton)


🗣


‘ကောင်းကင်ကြီး ပြိုကျလို့မဖြစ်ပါဘူး။’ 


🗣🗣 🗣


မရွှေမိုး- ကိုရီးယား

March 4th,2022. 


References:


ဒီပို့စ်ဟာ စာရေးသူရဲ့ အမြင်မဟုတ်ပါ။ ကိုးကားတွေဖတ်ကြပါ။


▪️အာရှနှင့် ယဉ်ကျေးမှုဆိုင်ရာပြောင်းလဲမှု- ခိုင်ခံ့သောနိုင်ငံသားများအထိ စတဲ့ ဆောင်းပါးတွေကို အခြေခံထားတယ်။


▪️Asian Journal of Comparative Politics 


▪️ The secret of better government? Citizens who complain— 2016/12/02/the-secret-of-better-government-citizens-who-complain/

By Democratic Audit UK


ဆက်ဖတ်ရန် →

နျူကလီးယားစက်ရုံ ရုရှားရဲ့တိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်း

​ယူကရိန်းမှာ တည်ရှိတဲ့ ဥရောပရဲ့အကြီးဆုံး နျူကလီးယားစက်ရုံ ရုရှားရဲ့တိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်း

-------------

ကိဗ်၊ မတ် ၄


ယူကရိန်းမှာ တည်ရှိတဲ့ ဥရောပရဲ့အကြီးဆုံး Zaporizhzhia နျူကလီးယားစက်ရုံဟာ ရုရှားစစ်တပ်ရဲ့တိုက်ခိုက်မှုကြောင့် ဒီနေ့ မတ်လ ၄ ရက်မနက်ပိုင်းမှာ မီးလောင်ကျွမ်းနေပါတယ်။


ဒီနေ့မနက်ပိုင်းမှာ ရုရှားစစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် မီးလောင်ကျွမ်းရတာဖြစ်ကြောင်း အီနာဂိုဒါရဲ့ မြို့တော်ဝန် ဒီမီထရို အော်လဗ်က အတည်ပြုပြောကြားလာပါတယ်။


ယူကရိန်းမှာ နျူကလီးယားဓာတ်ပေါင်းဖို ၁၅ ခုရှိပြီး ၆ ခုဟာ အဆိုပါစက်ရုံမှာရှိနေပြီး တကယ်လို့သာ အခုစက်ရုံကနေ ရေဒီယိုသတ္တိကြွမှုတွေ ဖြစ်ပွားလာခဲ့မယ်ဆိုရင် မျိုးဆက် ၃ ဆက်လောက်အထိ ရင်ဆိုင်ရနိုင်တဲ့ ဓာတ်ရောင်ခြည်သင့်ဘေးအန္တရာယ်ကို ကြုံတွေ့ရနိုင်မယ့်အပေါ် စိုးရိမ်မှုတွေရှိနေကြပါတယ်။


Twitter >>> https://twitter.com/MercuryMedia21

Telegram >>> https://t.me/mercurymedia

#Mercury_Media

#Mercury_International_News

#နျူကလီးယား 

#ရုရှား

#ယူကရိန်း


ရုရှရဲ့ ဗုံးတလုံး ယူကရိမ်းရဲ့ ဥရောပမှာ အကြီးဆုံး ညူကလီးယား လျပ်စစ်စက်ရုံကို လာထိတယ်။ 


ကံကောင်းချင်တော့ စက်ရုံက တာဘိုင် reactor ခြောက်ခု မှာ ပြင်နေလို့ရပ်ထားတဲ့ တခုကိုထိတယ်။ ရပ်ထားပေမဲ့ စက်ထဲမှာ ညူကလီးယားလောင်စာရှိနေတယ်။ လက်ရှိတော့ မီးကို ထိမ်းထားနိုင်တယ်ဆိုတယ်။ 


ဗုံးကြောင့် ဒီညူကလီးယားစက်ရုံ က ညူကလီးယားလောင်စာတွေ ပျက်စီးရင် ချာနိုဘိုင်းစက်ရုံ ပျက်စီးတုန်းကထက် ၁၀ ဆ အန္တရာယ်ပိုမယ်။ 


ပျက်စီးသွားရင် ဘာဖြစ်နိုင်လဲ ? ညူကလီးယားလောင်စာ စိမ့်ထွက်ရင် ရေဒီယိုသတ္တိကြွမယ်၊ အဲ့ဒီ ရေဒီယိုသတ္တိကြောင့် လူတွေသေနိုင်တယ်၊ ရေရှည်မှာ အဲ့ဒီဒေသမှာ ကင်ဆာတွေဖြစ်မယ်။ 


ယုကရိန်းမှာ ညူကလီးယား လျပ်စစ်စက်ရုံ ၁၅ ရုံရှိတယ်။ စစ်ဟာ တကယ့်ကွိုင်ပဲ။ ဒီစစ်ပွဲမှာ ကမ္ဘာဟာ ညူကလီးယား အန္တရာယ် တကယ် ကျနေတယ်။ 



ဆက်ဖတ်ရန် →

ရုရှားနှင့် ယူကရိန်းကြား ဒုတိယအကြိမ် ဆွေးနွေးပွဲ ပြီးဆုံးခဲ့ပြီး ယာယီအပစ်အခတ်ရပ်စဲရေး

​ဒေသစံတော်ချိန် မတ်လ ၃ ရက်နေ့ ည၈နာရီခွဲခန့်တွင် ရုရှားနှင့် ယူကရိန်းကြား ဒုတိယအကြိမ် ဆွေးနွေးပွဲ ပြီးဆုံးခဲ့ပြီး ယာယီအပစ်အခတ်ရပ်စဲရေးနှင့် လူသားချင်းစာနာထောက်ထားရေးလမ်းကြောင်း ထူထောင်ရေးနှင့်ပတ်သက်၍ နှစ်ဖက်စလုံးက သဘောတူညီမှု ရရှိခဲ့သည်။ 


ယူကရိန်းဘက်ကမူ စေ့စပ်ညှိနှိုင်းမှု၏ မျှော်မှန်းရလဒ်ကို မရရှိခဲ့ဟု ပြောကြားခဲ့သည်။ ရုရှားနှင့် ယူကရိန်းတို့သည် တတိယအကြိမ် ဆွေးနွေးပွဲကို အမြန်ဆုံးကျင်းပရန် သဘောတူညီခဲ့ကြသည်။


CRI Myanmar


ဆက်ဖတ်ရန် →

ဓါတ်ငွေ့ဖိုးမပေးနိုင်လို့တစ်ရက်ကိုလျှပ်စစ်မီး ခြောက်နာရီဘဲရမည်

​


4 Mar 2022 By MPA /007

နေပြည်တော်မှအပကျန်တစ်နိုင်ငံလုံးနွေရာသီတလျှောက်ပျဉ်းမျှတစ်ရက်ကိုခြောက်နာရီဘဲပေးနိုင်​မယ်လို့စစ်ကောင်စီလက်အောက်ခံနေပြည်တော်လျှပ်စစ်ရုံးကသိရသည်။ 


“နေပြည်တော်ကပေါင်းလောင်းတိုက်ရိုက်လိုင််းရှိလို့ခံသာနေတာ။ ကျန်တာတွေကတစ်နိုင်ငံလုံးမှာရန်ကုန်ကသဘာဝဓါတ်ငွေ့သုံးစက်တွေနဲ့လျှပ်စစ်ထုတ်ပြီးပေးနေရတာ။အခုဓါတ်ငွေဖိုးမပေးနိုင်တော့တစ်နိုင်ငံလုံးပျှဉ်းမျှခြောက်နာရီဘဲရတော့မယ်”ဟုပြောသည်။ 


ရေအားလျှပ်စစ်ဟာနွေရာသီမှာထုတ်လုပ်မှုကျဆင်းသွားတဲ့အပြင်ဓါတ်ငွေထုတ်လုပ်မှုဟာဒေါ်လာနဲ့ကုန်ကျတာကြောင့်စစ်ကောင်စီကငွေမတက်နိုင်တော့ဘူးဟုဆိုသည်။ 


“အာဏာသိမ်းပြီးမိုးကုန်ကတည်းကမီးပျက်​နေတာ။ အခုရန်ကုန်မှာလဲမီးလာချိန်စုစုပေါင်းလေးငါးခြောက်နာရီပါဘဲ။မီးတောင်မှန်အောင်မပေးနိုင်ဘဲစစ်ကောင်စီကစီးပွါးရေးတိုးတက်အောင်လုပ်မယ်ပြောသေး။ ဒီပုံစံဆိုစားဝတ်နေရေးအရမ်းကြပ်တည်းဦးမှာ”ဟုရန်ကုန်မြို့ခံစီးပွါးရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။ 


မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင်ရန်ကုန်ကလျှပ်စစ်သုံးစွဲမှုအများဆုံးမှာရန်ကုန်တိုင်းဖြစ်ပြီးတစ်နိုင်ငံလုံးကုန်ထုတ်လုပ်မှုနဲဝန်ဆောင်မှု၇၅ရာခိုင်နှုန်းဝန်းကျင်ရှိသည်။ 


လျှပ်စစ်မီးပျက်တောက်မှု၊ဒေါ်လာငွေလဲနှုန်းမြင့်တက်မှုတွေကြောင့်လာမည့်သုံးလအတွင်းအခြေခံလူတန်းစားများဟာ ဆယ်စုနှစ်အတွင်းအကျပ်တည်းဆုံးကာလဖြစ်ပေါ်လာနိုင်ကြောင်းကျွမ်းကျင်သူများကခန့်မှန်းထားသည်။ 


#MPA #Myanmar #inseinprison #HumanRightsViolations


ဆက်ဖတ်ရန် →

ဗိုလ်မှူးထင်လင်းဖေ ရေကြည်အိုင်စစ်ကြောရေးတွင် ဖမ်းဆီးခံထားရ

​လူမှုကွန်ရက်တွင် စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီကို ဝေဖန်သူ မှော်ဘီလေတပ်မှ ဗိုလ်မှူးထင်လင်းဖေ ရေကြည်အိုင်စစ်ကြောရေးတွင် ဖမ်းဆီးခံထားရ


ရန်ကုန်၊ မတ် ၄ ခေတ်သစ်မီဒီယာ


ရန်ကုန်တိုင်း၊ မှော်ဘီလေတပ်စခန်းဌာနချုပ်မှ Yak 130 တိုက်လေယာဉ် ၂ စီး ဖေဖော်ဝါရီလ ၁၈ ရက်နေ့ညပိုင်း ဗုံးခွဲခံရမှုနှင့်ပတ်သက်ပြီး လေတပ် အရာရှိ နှင့်စစ်သားများကို  ရေကြည်အိုင်တွင် ခေါ်ယူစစ်ဆေးစဉ် စစ်တပ်ပိုင်ဦးပိုင်ကုမ္ပဏီကို လူမှုကွန်ရက်တွင် ဝေဖန်ပို့စ်တင်ခဲ့သည်ကို စစ်ဆေးတွေ့ရှိရ၍ ဗိုလ်မှူးထင်လင်းဖေကို ဖမ်းဆီးထားကြောင်း သိရှိရသည်။ 


မှော်ဘီလေတပ်စခန်းမှ ဖမ်းဆီးစစ်ဆေးခံရသော လေတပ်အရာရှိ၊ စစ်သား အများအပြား ပြန်လည် လွတ် မြောက် လာသော်လည်း ဗိုလ်မှူးထင်လင်းဖေမှာ ယနေ့အချိန်အထိ လွတ်မြောက်ခြင်းမရှိဘဲ ဆက်လက် ဖမ်းဆီးခံထားရကြောင်း ရေကြည်အိုင် စစ်ကြောရေးမှ တပ်ရင်းမြစ်က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။ 


" ဗိုလ်မှူး ထင်‌လင်းဖေက  လက်ရှိစစ်တပ်အာဏာသိမ်းတဲ့ဖြစ်စဉ်ကိုလဲသဘောမကျတဲ့အုပ်စုထဲမှာပါပြီးတော့ လေတပ်ဆွယ်မှူးနဲ့လဲ အဆင်မပြေတဲ့သူဖြစ်တယ်။ သူက ဦးပိုင်နဲ့ပတ်သက်ပြီးတော့ သူ့ရဲ့ Facebook မှာ စစ်တပ်ကို တိုက်ခိုက်ထားတဲ့ စာတွေ တင်ခဲ့သူလည်းဖြစ်ပါတယ်။ သူက မှော်ဘီ လေတပ်စခန်းအုပ် (၁၇/ခ)ပထမတန်း အရာရှိပါ။ရေကြည်အိုင်မှာ စစ်ဆေးခံနေရတာဖြစ်ပါတယ်။အခြားသူများ ပြန်လည် လွတ်မြောက်လာခဲ့သောလည်း  ဗိုလ်မှူး ကတော့ ဆက်လက်အစစ်ဆေးခံနေရတာ ဖြစ်ပါတယ်။သူဟာ အမေတစ်ခု သားတစ်ခုဘဝ၊ လူပျိုကြီးပါ" ဟု ရေကြည်အိုင် စစ်ကြောရေးမှ တပ်သတင်းရင်းမြစ်က ဆိုသည်။ 


မှော်ဘီလေတပ်စခန်းမှ လေတပ်အရာရှိဗိုလ်ကြီးများ အပါအဝင်  လေတပ် စစ်သားများ၊ မိုဘိုင်းလ်ဖုန်းများကို ယူဆောင် စစ် ဆေးပြီး  လူမှုကွန်ရက်တွင် NUG ပေ့ချ်ကို Like နှင့် Share  သူ လေတပ် မိသားစု များ လည်း စစ်မေးခံရကြောင်း၊ လူမှုကွန်ရက် အကောင့်များနှင့် Password များကိုလည်း စစ်တပ်ကို ပေးထားရကြောင်း သိရှိရသည်။ 


မှော်ဘီလေတပ်စခန်းတွင် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ည ၁၁ နာရီ ၄၀   အချိန် People’s Force ပြည်သူ့ အင်အားစု (Yangon) က Yak တိုက်လေယာဉ် ၂ စီးကို အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းသို့ တိုက်ခိုက်မှုကြောင့် လေယာဉ် ၂ စီးပျက်စီးသွားကြောင်း သတင်း ထုတ် ပြန်ခဲ့ပြီး လေတပ်သတင်းရင်းမြစ်ကမူ တိုက်လေယာဉ် ၂ စီးလုံး ပြောပလောက် အောင် မထိခိုက်ခဲ့ဟု လေတပ်သတင်းရင်းမြစ်က ပြောသည်။ 


ဓာတ်ပုံ- စစ်ရေးပြ အခမ်းအနား ချီတက်နေသော လေတပ်မှ စစ်သားများ။ 


Photo - ဆင်ဟွာ


ဆက်ဖတ်ရန် →

ရုရှားနျူထက် စက္ကန့်ပိုင်းပိုမြန်တာ US နျူတွေပါ

​အာဏာရှင်ဆိုတာ သူ့ထောင်ချောက်ထဲမှာ သူပြန်ပိတ်နေလေ့ရှိတယ်ဆိုတာ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ချိန်မှာ ဗလာမီဒီယာပူတင်ရဲ့

ဖြစ်ရပ်က ထင်ရှားနေတယ်....


ယူကရိန်းကို ၈ရက်ကြာတဲ့အထိ မသိမ်းနိုင်သေးဘူး... 

စစ်ရေးကျွမ်းကျင်သူတွေ၊ သုတေသီတွေက ရုရှားရဲ့

စစ်အင်အားအရ ၉၆နာရီအတွင်း သိမ်းနိုင်မယ်လို့ 

သုံးသပ်ထားကြပေမယ့် ခုချိန်ထိ ဆိပ်ကမ်းမြို့တမြို့သာ ထိန်းချုပ်ထားနိုင်ပြီး ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ခါရာကိဗ်မှာ ယူကရိန်းက အပြင်းအထန် ခုခံစစ် ဆင်နွဲထားနိုင်ဆဲပါ...ရုရှားရဲ့တပ်အင်အားဟာ ယူကရိန်းထဲ ကျွံဝင်လေလေ စစ်ပွဲကို ဖြတ်ရခက်လေလေပဲ...


စစ်ပွဲကြာလာလေ စစ်အသုံးစရိတ်က ကြောက်ခမန်းလိလိတက်လာပြီး ရက်ကြာညောင်းလာရင် စစ်ပွဲအသုံးစရိတ်ထက် တိုက်ခိုက်လိုစိတ်မဲ့လာပြီး အီသွားရင် ရုရှားဟာဗုန်းဗုန်းလဲကျသွားမယ်ဆိုတာပဲ....


စစ်ရေးကျွမ်းကျင်သူတွေ၊ အမေရိကန်စစ်ဘက်အရာရှိ

တွေ ခေါင်းကိုက်နေတာ ရှိတယ်...အင်အားကောင်းလှတဲ့ရုရှားလေတပ်အုပ်စုတွေ ၁ရက် ၂ရက်သာ လေကြောင်းထိုးစစ်ဆင်နွဲပြီး အားပျော့လာတယ်... မြေပြင်ကနေ တာတို တာလတ်ပစ် missilesဒုံးတွေနဲ့သာ မြို့ကြီးတွေကို တိုက်ခိုက်နေပြီး သံချပ်ကာတပ်မတွေသာ အရှေ့အနောက် ပင်ဆာထိုးစစ်ဆင်နွဲနေတာဖြစ်တယ်...


သည်ပုံစံအတိုင်းဆို ရုရှားဟာ သည်ကျူးကျော်စစ်တွေ

အရာရာကို ပြန်ပေးဆပ်ရမယ့်အနေအထားရောက်သွား

လိမ့်မယ်... အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုကို ကျူးကျော်စစ်ဆင်နွဲထားတာ၊ စစ်ရာဇဝတ်မှုချိုးဖောက်ထားတာတွေအပြင် စသ်အသုံးစရိတ်ကြောင့် ရုရှားစီးပွားရေးထိခိုက်လာတဲ့အပြင် USနဲ့ အနောက်အုပ်စုကလည်း နိုင်ငံတကာ

ငွေလွှဲပေးချေစနစ်(SWIFT)စနစ်ကိုပါ ရပ်ဆိုင်းလိုက်

တာကြောင့် Putinကို အာဏာပေးထားသရွေ့ကတော့ 

ရုရှားစီးပွားရေးပျက်ကပ်က မီးခိုးကြွက်လျှောက်လိုက်လာပြီး ရုရှားဘီလျံနာခေတ်ပျက်သူဌေး(Oligarchs) တွေအထိနာလာကြတယ်...


မနေ့က Biden တိုင်းပြည်ပြမိန့်ခွန်းပြောတဲ့အချိန်မှာ 

ပူတင်ကို အလွန်ဆိုးဝါးသူအဖြစ်သတ်မှတ်ပြီး ၎င်းနဲ့

ဆက်စပ်သူတွေအားလုံးရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်

သွားမယ်လို့ ကြေညာခဲ့တယ်...


Oligarchsတွေ ပိုင်ဆိုင်တဲ့ဥရောပနဲ့အမေရိကန်တလွှား ဇိမ်ခံအိမ်ကြီး ဇိမ်ခံသင်္ဘောတွေအပြင် ငွေကြေးကိုပါ ထိန်းချုပ်လာမှာကြောင့် ရုရှားဘီလျံနာတွေ ကသောင်းကနင်းဖြစ်နေကြတယ်... အငွေ့ပျံတယ်ဆိုတာ ဒါမျိုးကို ခေါ်တာ...


ရုရှားဘဏ်တွေနဲ့ ချိတ်ဆက်မှုအကုန်ရပ်တန့်လာကြတာ

ရုရှားစတော့ဈေးကွက်လည်း ပိတ်လိုက်ရတဲ့အပြင် ရူဘယ်ငွေကြေးဖောင်းပွလာပြီး ရုရှားငွေကြေးယန္တရား

တွေ Sanctions ကြောင့် ဖုတ်လှိုက်ဖုတ်လှိုက်ဖြစ်နေ

ချိန်မှာ ရုရုားအာဏာပိုင်တွေ ဆေးမြီးတိုနဲ့ ကုပေမယ့် 

ပြိုလဲမဟ့်အရိပ်အယောင်က ပေါ်ထွက်လာနေတယ်...


USရော အနောက်ဥရောပနိုင်ငံတွေလည်း မထိခိုက်ဘူး

လားဆိုတော့ ထိခိုက်ပါတယ်... အလျင်အမြန်ထိန်းညှိ

နေရတွေ ကာဗာလုပ်နေရတာတွေအပြင် ထိခိုက်မှုဒဏ်ကိုအနည်းဆုံးဖြစ်အောင် ပြင်ဆင်နေကြတယ်...အထူးသဖြင့်

ဥရောပနိုင်ငံကြီးတွေ အတွက် စွမ်းအင်လိုအပ်ချက်မြင့်

မားနေမှုအပေါ် ဘယ်လိုဖြေရှင်းမလဲဆိုတာ top issue

ဖြစ်လာတယ်... ရုရှားရဲ့စွမ်းအင်လောင်စာပေါ်မှီခိုနေရ

တဲ့ ဂျာမနီ၊ ပြင်သစ်ခေါင်းဆောင်တွေ G7မှာ ခေါင်းချင်း

ရိုက်ဆွေးနွေးနေကြတယ်...


အဓိကပြဿနာဖြစ်တဲ့ Putin ရဲ့ ယူကရိန်းအပေါ် ကျူးကျော်စစ်စတင်မှု၊ aggresiveဖြစ်မှုအပေါ် အလျှော့ပေးလာနိုင်လားဆိုတော့ အလျှော့ပေးစရာလမ်း

မမြင်ဘူး....


Putin အနေနဲ့ ယူကရိန်းအပေါ် တိုက်ခိုက်မှုတွေ ထင်

တိုင်းမပေါက်တဲ့အပြင်၊ အနောက်အုပ်စုရဲ့ sanctions

ချမှုအပေါ် အမျက်ပြင်းစွာထွက်ပြီး ဖေဖော်ဝါရီ၂၇ရက်

နေ့မှာ နျူကလီယားတပ်ဖွဲ့ကို အမြင့်ဆုံးတပ်လှန့်ထား

လိုက်တယ်... 


နျူကလီးယားစစ်ပွဲစမလားဖြစ်ပြီး စိုးရိမ်ပူပန်မှုတွေ

World Warဖြစ်ဖို့ နီးလားပြီးလားဆိုတဲ့ နိုင်ငံတကာ

မှာ ကြောက်လန့်နေကြပေမယ့် MR. JOEက သက်

တောင့်သက်သာပဲ စီမံခန့်ခွဲနေတယ်.... Putinကြော

ကို ကောင်းကောင်းသိနေပုံပဲ...  အဓိက ထိခိုက်မှာက 

စကင်ဒီနေဗီယန်ဒေသတလျှောက်နဲ့ ဥရောပနိုင်ငံကြီး

တွေ ခံရမှာဖြစ်ပြီး ရုရှကတော့ ပြာအတိဖြစ်သွားနိုင်တယ်...


ရုရှားနျူထက် စက္ကန့်ပိုင်းပိုမြန်တာ US နျူတွေပါ...

NATOထဲမှာ အထိုင်ချထားတဲ့ ဒုံးစခန်းကနေ 

ရုရှားဒုံးတွေကို တန်ပြန်တိုက်ချင်းပစ်ဒုံးတွေ အလုံး

ရာချီတက်လာလိမ့်မယ်...Putin နျူကလီးယားသုံး

ရင်တောင် ရုရှားစစ်ဦးစီးချုပ်အဖွဲ့က ခွင့်ပြုနိုင်ပါ့မလား

ဆိုတာ ... သမ္မတပူတင်ရူးတိုင်း လိုက်ရူးပါ့မလား...

သေတ္တာနက်ကို ခွင့်


ယူကရိန်းထဲ စစ်လက်နက်ပစ္စည်းထောက်ပံ့တာကလွဲလို့

USစစ်သားတွေ မပါဝင်တာ၊ အရေးပေါ်အခြေအနေမှာ 

NATOအဖွဲ့ဝင်နိုင်ငံတစ်လျှောက် စစ်ရေးဖြန့်ကျက်တာ

ကလွဲလို့ Sanctionsပိုင်းကိုသာ ဂရုစိုက်လုပ်နေတယ်...


ဒွန်းညက်စ်နဲ့ လူးဟန့်ဒေသနှစ်ခုကို ယူကရိန်းကန ခွဲ

ထွက်ခွင့် ရုရှားသမ္မတပူတင် လက်မှတ်ထိုးပြီးနောက်မှာ

ရုရှား-အမေရိကန်ထိပ်သီးတွေ့ဆုံပွဲကို USကဖျက်လိုက်ပြီး

နောက် ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ချိန်မှာ

ဆုတ်မရတဲ့စစ်ပွဲ ငါးစာကို ဟပ်လိုက်မိပြီး ပူတင်ကျဆုံး

ခန်းဟာ အနှေးနဲ့ အမြန်ဖြစ်ပေါ်လာလိမ့်မယ်...


ယူကရိန်းကလည်း ခုခံစစ်ကို ဆင်နွဲချိန်မှာ EUထဲဝင်ဖို့

လက်မှတ်ထိုး သဘောတူညီမှုယူခဲ့တယ်...ဥရောပနိုင်ငံ

တွေဘက်ကလည်း တခဲနက်ထောက်ခံကြိုဆိုခဲ့ပြီး

ယူကရိန်းသမ္မတ ဗယ်လင်စကီးဟာ သူ့တိုင်းပြည်အနေ

အထားခိုင်မာဖို့ NATO မဟာမိတ်အဖွဲ့ထဲဝင်ဖို့ပါ US

ကို ခွင့်ပြုချက်တောင်းနေပြီး... 


ဆေးသမား နာဇီဝါဒီအဖြစ် Putin တိုက်ခိုက်ခဲ့သူ ဗယ်လင်စကီးအနေနဲ့ ရုရှားတို့ကျူးကျော်စစ်ဆင်နွဲနေချိန်မှာ အမိမြေကနေ မခွါပဲ ယူကရိန်းပြည်သူလူထုနဲ့အတူ

ရင်တိုက်တိုက်ပွဲဝင်နေတာကြောင့် heroဖြစ်လာတဲ့

အပြင် စစ်လက်နက်ထောက်ပံ့ဖို့ အတူတိုက်ပွဲဝင်ချင်တဲ့

မည်သည့်နိုင်ငံခြားသားမဆို ဗီဇာမပါပဲ ဝင်ရောက်ခွင့်

ပြုတာကြောင့် Putin ဆုတ်လည်းစူး စားလည်းရူး

ဖြစ်နေပြီး စစ်နွံအိုင်ထဲ နစ်သထက်နစ်လာတယ်...


Bidenကလည်း ညှိနှိုင်းမခံတော့ပဲ Putinနဲ့ ရုရှားကို

လျှော့ချည် တင်းချည်နဲ့ စိတ်ကြိုက်မျှားနေပါတယ်...

ငါးက ခုတ်ငါးမန်း အကြီးစား... အချိန်မရွေး ဒုက္ခ

ရောက်နိုင်တယ် ... ခေါင်းကမာတဲ့အပြင် အမြီးရိုက်အား

ကလည်းပြင်းတော့ မတော် ငါးဖမ်းသင်္ဘာပါထက်ခြမ်း ကွဲသွားနိုင်တယ်....


ငါးဖမ်းဦးစီးအတွက်ကတော့ ငါးဘယ်လောက်ကြီးကြီး

ငါးမျှာချိတ်မိထားတဲ့ ငါးမန်းကို လွှတ်ပေးရိုးထုံးစံမရှိ

ဘူး...အကောင်ကြီး ရန်လိုလေ မောအောင်ကစားနိုင်

ရင် စိတ်ကြိုက်ခုတ်ထစ်ယူငင်ရုံပဲ... တံငါလောကမှာ

ရက်သိပ်မကြာပဲ သင်္ဘောလေးပြန်လာနိုင်မှာကို ဂုဏ်

ယူကြတယ်... 


NATOငါးဖမ်းသင်္ဘောပေါ်က သင်္ဘောသားတွေဟာ 

ခုတ်ငါးမန်းရဲ့ အစွယ်၊ အကောင်ကြီးမားမှုကြောင့်

ထိန့်လန့်ကြပေမယ့် ငါးဖမ်းဦးစီးကတော့ သာသာ

ယာယာပဲ.... ခုတ်ငါးမန်းကြီးက ရုန်းလိုက် နားလိုက်

အမောပြေရင် ငါးဖမ်းသင်္ဘောကို ဝင်အောင်းလိုက်နဲ့

ဒေါသတကြီး အခဲမကျေဖြစ်နေပေမယ့် ကြာလာတော့

မလှုပ်နိုင်တော့ဘူး... 


ငါးဖမ်းဦးစီးက ဆီပိုက်လေးတစ်ချောင်းနဲ့ ငါးမန်းကြီးကို

လှမ်းရန်စတယ်... မောနေပေမယ့် မာန်ကြီးတဲ့ ငါးမန်း

က ဆီပိုက်ကို လှမ်းကိုက်တာ ဟိုက ရေချိုတစ်ခွက်

လောင်းထည့်တယ်...ထပ်ပြီး နောက်တစ်ခွက်....


၁နာရီလောက်ကြာရင် ငါးမန်း ဆန့်ပြီး... 


ဘယ်လောက်ကြီးတဲ့ ငါးမန်း၊ ဝေလငါးဖြစ်စေ ရေချို

တစ်ခွက် ပါးစပ်ထဲရောက်အောင်သွင်းနိုင်ရင် သေတယ်...

ရေချိုက ရေငန်သတ္တဝါတွေအတွက် အဆိပ်ဖြစ်ပြီး၊ ရေငန်

ကလည်း ရေချိုငါးသတ္တဝါတွေရဲ့ အဆိပ်ဖြစ်တယ်ဆိုတာ

ကို ကျွမ်းကျင်တဲ့ တံငါသည်တွေ ကောင်းကောင်းသိတာ

ပေါ့...ထို့အတူ 


နိုင်ငံရေးမှာလည်း ကျင်လည်ကျက်စားနေသူအတွက် 

ရန်သူကို ဘယ်လိုအသေသတ်ရမလဲဆိုတာ ကောင်း

ကောင်းသိတယ်... အဓိက နောက်ခံအင်အား feedback

ပေါ်မူတည်ပြီး ရန်သူရဲ့ အားနည်းချက် Weaknessကို 

Strategic, light tatic, heavy tatic ကို လိုသလောက်

ချိန်ဆပြီး အတွေ့အကြုံ(experience)ကို ကစားနိုင်ရင်

ပွဲပြီးမီးသေပါ..


Putin ကျတာနဲ့ ဘယ်လာရုစ်အာဏာရှင် အလက်ဇန္ဒား လူကာရှန်ကို၊ မြန်မာက ကြင်စိုးဂေါက်ကြောင်တို့ပါ 

ယောရုဝကို သွားဖို့ ဖိတ်စာ(dead note)ကမ်းသလို

ဖြစ်မှာ သေချာတယ်လေ....


Written by:

A.M.H#(Irony)


Photo Credit#


ဆက်ဖတ်ရန် →

ကမ္ဘာတည်သရွေ့ ဥဒါန်းမကျေသင့်သူများ



အရှေ့ဥရောပတွင် စစ်ပွဲကြီး ဖြစ်ပွားလာသည် မှာ တပတ်ခန့်သာ ရှိသေးသော်လည်း နိုင်ငံတွင်း စက်သုံးစီများ ခုန်တက်သွားမှု နှင့် အတူ အထွေထွေ ကြပ်တည်းမှု ကြီးက စတင်လာပြီ ဖြစ်သည်။


ထိုသို့ ဖြစ်ပေါ်လာနေသော အကျပ်အတည်းကို ဖြေရှင်းရမည်ထက် ဖြစ်လာသမျှ ကို ယူကရိန်း စစ်ပွဲ အပေါ် ထိုးချ၍ ရပြီဟု စစ်အာဏာသိမ်း အဖွဲ့ ၏ စိတ်ထဲတွင် ကြိတ်၍ ဝမ်းသာနေလောက်ပြီလည်း ဖြစ်သည်။


သို့သော် ၎င်းတို့ စတက်လာစကပင် စစ်တပ်ကို လစာ အလုံအလောက်ပေးနိုင်ရန် ဆိုကာ ငွေသားများ ထိန်းချုပ်သိမ်းယူခဲ့ခြင်းကြောင့် ကျပ်ငွေ အပေါ်အယုံအကြည် မဲ့လာပြီး တန်ဖိုးထိုးကျသွားခဲ့ရသည်၊ ထိုအချိန်မှစ၍ ပြည်ပမှ ဝယ်ယူ တင်သွင်းနေရသော လောင်စာဆီ၊ စားသုံးဆီ၊ ဓါတ်မြေဩဇာ အစရှိသည့် မရှိမဖြစ် အရေးပါသော ကုန်စည် များ ၏ ဈေးနှုန်းများ တရိပ်ရိပ် မြင့်တက် လာခဲ့ရသည်။ လက်ရှိ ဖြစ်ပေါ်လာသော နိုင်ငံတကာ အခြေအနေများကြောင့် ပို၍ပင် ဆိုးလာဖို့သာ ရှိနေသည်။ ဓါတ်ဆီ ဈေးသည် အာဏာမသိမ်းခင်က ၇၀၀၊ သိမ်းပြီး မကြာမီမှာပင် ၁,၆၀၀၊ အခု ၂,၀၀၀ အထိ ဖြစ်လာနေသည်။


ထိုသို့ အခြေအနေများ ဆိုးဝါးလာနေ၍ မငတ်ယုံတမယ် ရုန်းကန်နေကြရသော လူထုကြီးမှာလည်း အေးအေးသက်သာ ငတ်နေခွင့် မရကြပြန်၊  ၎င်းတို့ လက်ပါးစေ တပ်များ၏ အနိုင်ကျင့်သည့် ဒဏ်ကို ခါးစီးခံကြရပြန်သည်၊ အိမ်များကို ဝင်ရောက်ရှာဖွေခြင်း၊ လမ်းများ ပေါ်တွင် စစ်ဆေးခြင်း၊ မထင်လျှင် မထင်သလို ပစ်သတ်ခြင်း တို့ဖြင့် ဥပဒေမဲ့ ရမ်းကားလာနေကြသည်။


နယ်များတွင် ဆက်ကြေးတောင်းခြင်း၊ PDF ဟု စွပ်စွဲကာ မည်သူထံမှမဆို အချိန်မရွေး လုယက် နိုင်ခွင့် ရှိနေသည်၊  မီးတင်ရှို့ သတ်ဖြတ်ကာ အစဖျောက် ပစ်နိုင်သည်။ ရွာများကိုလည်း ထိုနည်း၎င်းပင်။ ဧရာဝတီ မှ တသီးပုဂ္ငလိက သုတေသန အဖွဲ့များ၏ စာရင်းပြုစုထားချက်အား ကိုးကား၍ ဖေါ်ပြရာတွင် စစ်အာဏာသိမ်းပြီး ၁၃ လ အတွင်း စစ်ကောင်စီ သစ္စာခံ တပ်များက နိုင်ငံ အတွင်းရှိ နေရာ ၁၆၅ နေရာတွင် အိမ်အလုံးပေါင်း ၆,၁၅၈ လုံးအား မီးတင်ရှို့ ဖျက်ဆီးပစ်ခဲ့ကြသည်ဟု ဖေါ်ပြခဲ့သည်၊ ထိုအထဲတွင် ၆၀% သည် စစ်ကိုင်းတိုင်း အတွင်း ဖြစ်သည်ဟု ဆိုသည်။


ထို့အပြင် ဇန်နဝါရီ ၂၀ ရက်နေ့အထိ ကောက်ယူခဲ့သော စာရင်းအရ ၎င်းတို့အား ဆန့်ကျင်မှု ဖြင့် အိမ်အလုံးပေါင်း ၂၆၇ လုံးနှင့် ဆက်စပ်ပိုင်ဆိုင်မှုများကို သိမ်းဆည်းသွားခဲ့သည်ဟု သိရသည်။


ပြည်သူတို့သည် နှစ်ပေါင်း ၆၀ ခန့် စစ်အာဏာရှင် စနစ် နှင့် ယဉ်ပါးခဲ့ကြပြီးဆိုသော်လည်း တဖွဲ့ပြီး တဖွဲ့သည် ဆိုးသည်ထက် ဆိုးလာနေသည့် အဖြစ်နှင့် ရင်ဆိုင်လာနေရသည့် အဖြစ်ကို သိသာထင်ရှားစွာ တွေ့မြင်လာကြရပြီ ဖြစ်သည်။


ဆာလောင်မွတ်သိပ်လာသော လူထုကြီး၏ ဒေါသကို ၁၉၈၈ တွင် မြင်တွေ့ခဲ့ကြသဖြင့်လည်း စိုးရိမ်ထိတ်လန့်‌‌ နေကြ၍ ဂမူးရှုးထိုး နှိပ်ကွပ်နေသော်လည်း အခြေအနေများ ပို၍ ဆိုးသည်ထက် ဆိုးအောင် ဖန်တီးပေးနေသလို ဖြစ်လာခဲ့သည်။


နိုင်ငံ အကြီးအကဲများ အား ဖမ်းဆီးကာ မဆင်မခြင် အာဏာသိမ်းခဲ့မှု၏ ရလဒ်သည်ကား ဈေးနှုန်းများ ကြီးမြင့်လာခြင်း၊ အလုပ်အကိုင်များ ပါးရှားလာခြင်း နှင့် တနိုင်ငံလုံး လက်နက်ကိုင်၊ လက်နက်မဲ့ ပုန်ကန်လာကြခြင်းတို့သာ အဖတ်တင်ခဲ့သည်။


နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ်ကြီး၏ ခန့်မှန်းချက်အရ တနှစ် အတွင်း အလုပ်အကိုင် ပေါင်း ၁.၆ သန်း ခန့် ဆုံးရှုံးသွားခဲ့သည်ဟု သိရသည်။


ပြည်ပရင်းနှီးမြုပ်နှံမှုများက နေ့ချင်းညချင်း ဆိုသလို ကွယ်ပျောက်ကုန်သည်၊ ပြည်ပရင်းနှီးမြုပ်နှံမှူ အသစ်များကို အတည်ပြုပေးခဲ့သည် ဆိုသော်လည်း တကယ်တမ်း အကောင်အထည် ဖေါ်လာဖို့ ဆိုသည်က မဖြစ်နိုင်သလောက် နီးပါးပင်။


လူထု အား တဖက်တလမ်းမှ အကူအညီ ပေး‌ နေသည့် ပရဟိတ အဖွဲ့များအားလည်း မထင်လျှင် မထင်သလို ဖမ်းဆီးနေ၍ ပေါ်ပေါ်ထင်ထင် မလုပ်ကိုင်ရဲကြ၍ အောက်ခြေလူတန်းစားများ ပို၍ ထိခိုက်နစ်နာခဲ့ကြရပြန်သည်။


ယင်းနှင့်အတူ ရာဇဝတ်မှုများ ထူပြောလာ‌ နေပြီး ယခုပင် ရန်ကုန်မြို့တွင်းပြေး ဘတ်စ်ကားများပေါ်တက်၍ ဓါးပြတိုက်သည် အထိ လက်ရဲဇက်ရဲ ကျူးလွန်လာကြသည့် သတင်းများလည်း ခပ်စိပ်စိပ် ထွက်ပေါ်လာနေသည်။


ထိုကဲ့သို့ မိမိတို့ အကျိုးရှိရာ ရှိကြောင်းကိုသာ တွေးပြီး အာဏာသိမ်းခဲ့သည့် အဖြစ်ကြောင့် တတိုင်းပြည်လုံး ‌ဒုက္ခ သုက္ခ ရောက်ကြရသည်အဖြစ်ကြောင့် ၎င်းတို့ အပေါ် မည်သို့မျှ ခွင့်လွှတ်နိူင်ကြတော့မည် မဟုတ်ပေ၊ ထို့အတွက် နိုင်ငံတကာ မှ ပြီးပြီးရော ဆိုကာ ဆွေး‌ ‌နွေး ညှိနှိုင်း ရန် ပြောလာနေသည်များကို လက်ခံကြတော့မည် မဟုတ်ပဲ ၎င်းတို့အား အပြီးအပိုင် ဖယ်ရှားနိုင်မည့် နည်းလမ်းများကိုသာ ရှာကြံ လုပ်ဆောင်နေကြပြီ ဖြစ်သည်။ မနေ့ကပင် ရန်ကုန် ရှိ လူငယ်များက "ကမ္ဘာတည်သ‌ရွေ့ ဥဒါန်း မကြေဖူးဟေ့" ဟူသော ခေါင်းစီး စာတန်းများဖြင့် ဆန္ဒပြလာခဲ့ကြသည်။ (ပုံတွင်ရှု့)


ဤသည်ကား စစ်တပ်သည် တနိုင်ငံလုံးရှိ ပြည်သူများကို ရန်သူအဖြစ် ဆက်ဆံခဲ့ကြသည့် အကျိုးဆက်ပင် ဖြစ်သည်။ မည်သို့မျှ undo လုပ်၍ မရနိုင်တော့သည့် အဖြစ် ဆိုက်ရောက်သွားခဲ့သည်။ ၎င်းတို့အဖို့က အုပ်ချုပ်လို့ မရသည့်အတူတူ ရသမျှ ကုပ်ကပ်နေကြမည်သာ ဖြစ်သည်။ နောက်ဆုံးတွင်တော့ ပြည်သူများ၏ ဒဏ်ခတ်ခြင်းကို ခံကြရပေတော့မည်။


သမ္မတ ကြီး နှင့် နိုင်ငံတော် အတိုင်ပင်ခံ အား လည်း ဥပဒေမဲ့ ဖမ်းဆီးခဲ့ကြယုံမက လူထုမှ အယုံအကြည်မဲ့လာစေရန် ရည်ရွယ်ချက်ဖြင့် လုပ်ကြံ ဖန်တီးထားသော စွဲချက်အမျိုးမျိုး ဖြင့် ထောင်ဒဏ်များ ချမှတ်ခဲ့သော်လည်း အာဏာသိမ်း အဖွဲ့ အတွက် shoot his own foot ဆိုသလို အကျိုးယုတ်ဖို့သာ ဖြစ်လာခဲ့ရသည်။


ထိုသို့ မတရားပုဒ်မများ တပ်၍ ဖမ်းဆီးထားခြင်းကို နိုင်ငံတကာမှ လက်မခံခဲ့ကြသည့်အပြင် အာဆီယံ မှ အာဏာသိမ်း အဖွဲ့အား ပြန်လည် လက်ခံရေး အတွက် အထူးသံတမန် နှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံခွင့်ရရေး ကို အဓိက အချက် အဖြစ်တောင်းဆိုလာခဲ့သည်။ စစ်ကောင်စီ သည် NLD မှ အခြားအဖွဲ့ဝင်များနှင့် တွေ့ဆုံခွင့် ပေးပါမည်ဟု ပြောလာသော်လည်း အရေးပါသည် ပုဂ္ဂိုလ်အားလုံးအား ထောင်သွင်း အကျဉ်းချထားပြီး ဖြစ်သည်ကို တွေ့မြင်နေရ၍ ကိုယ့်သိက္ခာကိုယ် တန်ဖိုးထားသူတိုင်း စဉ်းစားကြလိမ့်မည်

 မဟုတ်ပေ။


ကမ္ဘောဒီယား အထူးသံတမန် နိုင်ငံခြားရေး ဝန်ကြီး ဖြစ်သူ ပရပ် ဆော့ဟွန်းသည် မတ်လ ၂၀ မှ ၂၃ အထိ လာရောက်မည်ဟု ထုတ်ဖေါ်ပြောဆိုလာခဲ့သည်။


မတ်လ ၂၈-၂၉ တွင် ပြုလုပ်မည့် အမေရိကန်-အာဆီယံ ထိပ်သီး အစည်းအဝေးသို့လည်း မြန်မာဖက်မှ နိုင်ငံရေး နှင့် မသက်ဆိုင်သည့် ညွန်ချုပ် အဆင့်ရှိသူကိုသာ တက်ရောက်ခွင့် ပြုမည်ဟုလည်း သိရသည်။


အာဆီယံ မှ စစ်ကောင်စီအား ဖိအားပေးလိုပါက နိုင်ငံတော် အတိုင်ပင်ခံ နှင့် တွေ့ခွင့်မရလျှင် အမျိုးသား ညီညွတ်ရေး အစိုးရ အဖွဲ့ဝင်များနှင့် တွေ့ဆုံ ဖိုသာ ရှိတော့သည်ဟု ပြောဆိုသင့်ပေသည်။


ပြည်တွင်း တွင်လည်း ခုခံစစ်ကို ဆင်နွှဲနေသော တော်လှန်ရေး အဖွဲ့များ၊ တိုင်းရင်းသား လက်နက်ကိုင်များ နှင့် တိုက်ပွဲများ ပြင်းထန်သည်ထက် ပြင်းထန်လာနေသည်။


မင်းအောင်လှိုင်သည် ကိုးကန့် ခေါင်းဆောင် ဖုန်ကြားရှင် ကွယ်လွန်သွားခြင်း အတွက် ဝမ်းနည်းကြောင်း စာ ပေးပို့ခဲ့သော်လည်း MNDAA အဖွဲ့ ဈာပန အခမ်းအနားဖြင့် အလုပ်များနေကြသည်ကိုအခွင့်ကောင်းယူကာ မုန်းကိုး ဒေသ ရှိတောင်ကုန်းများကို တပ်မ ၉၉ လက်အောက်ခံ ခမရ ၄၂၀ မှ အ လစ် ဝင်ရောက် တိုက်ခိုက်လာခဲ့သည်ဟု MNDAA ၏ ပြန်ကြားရေး တာဝန်ခံက ဆိုသည်။


မင်းအောင်လှိုင်သည် ငွေကုန်ကြေးကျ များလှသည့် လေကြောင်းမှ တိုက်ခိုက်ခြင်းမျိုး မလုပ်နိုင်ခဲ့ပါက တော်လှန်ရေး အင်အားစုများအား မည်သို့မျှ ဟန့်တားနိုင်စွမ်း မရှိတော့သည်ကိုလည်း

ကောင်းစွာ ရိပ်စား မိ နေပြီ ဖြစ်သည်။ 


တော်လှန်ရေး အင်အားစုများဖက်က ထိုအနေအထားကို ‌ကျော်လွှားနိုင်မည့် နည်းလမ်းများ ရရှိလာသည်နှင့် အမျှ အခြေအနေများ လျှင်မြန်စွာ ပြောင်းလဲ လာပေတော့မည်သာ ဖြစ်သည်။


ပြည်သူတို့၏ တရားသော စစ် မုချအောင်ရမည်!!!

လှစိုးဝေ

Image credit - Myanmar Now


ဆက်ဖတ်ရန် →