နောက်ဆုံးရ

မြန်မာ‌တွေ ရုရှားမကောင်းကြောင်း မရေးရန် ကရင်မလင်သံရုံးသတိပေး

​



ဗလာဒီမာပူတင်ဟာ ယူကရိန်းကိုကျူးကျော်တာမဟုတ်ကြောင်းနဲ့ လုံလောက်မှုမရှိတဲ့ သတင်းအချက်အလက်များပေါ် အခြေခံပြီး မြန်မာသတင်းမီဒီယာများမှ ဆောင်းပါးအများအပြား ရေးသားနေတယ်လို့ ကရင်မလင်ရဲ့ ရန်ကုန် ရုရှားသံရုံးက ဒီကနေ့ ထုတ်ပြန် သတိပေးလိုက်ပါတယ်။ 


ပူတင်ရဲ့စစ်တပ်ဟာ အရပ်သားများနဲ့မြို့များကို တိုက်ခိုက်ခြင်းမပြုဘူးလို့လည်း သံရုံးက ငြင်းဆိုထားပါတယ်။ ပူတင်ရဲ့စစ်တပ်ဟာ တားမြစ်လက်နက်များနဲ့ အရပ်သားများကို လူသားဒိုင်းအဖြစ် အသုံးမပြုဘူးလို့ဆိုပြီး စစ်သုံ့ပန်းများကို အမြင့်ဆုံးလေးစားမှုဖြင့် ဆက်ဆံတယ်လို့ ရေးသားထားပါတယ်။


https://www.facebook.com/1513612285565484/posts/3211798839080145/


MK@


မြန်မာပြည်သူကိုရုရှားလက်အောက်ခံထင်နေသလား ငပူတင်းမင်းဘောငုံနေတဲ့မအလအဖွဲ့ကိုဘဲမင်းပြောလို့ရမယ်




ဆက်ဖတ်ရန် →

ကုလသမဂ္ဂ အ‌ရေးပေါ် အထွေထွေညီလာခံမှာ ရုရှားရဲ့ယူကရိန်းကျူးကျော်စစ်ကို ရှုံ့ချ

​ကုလသမဂ္ဂ အ‌ရေးပေါ် အထွေထွေညီလာခံမှာ ရုရှားရဲ့ယူကရိန်းကျူးကျော်စစ်ကို ရှုံ့ချပြီး တပ်တွေ ပြန်ရုပ်သိမ်းဖို့ အဆိုမဲခွဲရာမှာ စုစုပေါင်း ကုလသမဂ္ဂအဖွဲ့ဝင် ၁၉၃နိုင်ငံမှာ ၁၄၁ နိုင်ငံက ထောက်ခံ၊ ၃၅ နိုင်ငံက ကြားနေပြီး ၅ နိုင်ငံက ကန့်ကွက်ခဲ့ပါတယ်။ ကန့်ကွက်တဲ့ နိုင်ငံတွေကတော့ ရုရှား၊ ဘီလာရုစ်၊ မြောက်ကိုရီးယား၊ အီရစ်ထရီးယားနဲ့ ဆီးရီးယားတို့ ဖြစ်တယ်လို့သိရတယ်။ တရုတ်ကတော့ကြားနေခဲ့တာတွေ့ ရပါတယ်။ မြန်မာ စစ်ကောင်စီက ရုရှားကို ထောက်ခံတယ်လို့ သတင်းမီဒီယာတွေမှာ ပြောကြားနေပေမယ့် အခုညီလာခံ ကို စစ်ကောင်စီက ကိုယ်စားပြုခွင့်မရှိဘဲ ဦးကျော်မိုးထွန်းက ပဲ မြန်မာပြည်ကို ကိုယ်စားပြုတက်ရောက်ခွင့်ရပြီး သတင်း တွေအရတော့ ဦးကျော်မိုးထွန်းဟာ မြန်မာပြည်ကိုယ်စားပြု ပြီး အဆိုကို ထောက်ခံကြောင်း မဲပေးခဲ့တယ်လို့ ဆိုကြပါ တယ်။


ဒါပေမဲ့ ကုလအထွေထွေညီလာခံရဲ့ မဲခွဲဆုံးဖြတ်ချက်ဟာ လိုက်ကို လိုက်နာရမယ်ဆိုတဲ့ binding resolution မဟုတ် တဲ့အတွက် ထိရောက်မှုတော့ ရှိနိုင်မှာ မဟုတ်ဘဲ နိုင်ငံရေး ဖိအားပဲ ဖြစ်နိုင်ပါလိမ့်မယ်။


ပြီးခဲ့တဲ့ ၂၀၂၁၊ ဇွန်လတုန်းက မြန်မာ့အရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မဲခွဲဆုံးဖြတ်မှုလုပ်ခဲ့ပါ သေးတယ်။ အဲ့တုန်းကတော့ စစ်ကောင်စီအနေနဲ့ပြည်သူတွေကို သတ်ဖြတ်ဖိ နှိပ်နေတာတွေကို ရပ်တန့်ဖို့၊ မြန်မာနိုင်ငံ ကို လက်နက်တင်သွင်းမှုတွေ ပိတ်ဆို့ဖို့စတဲ့ အချက်တွေပါ ဝင်ပါတယ်။ အဲ့ဒီတုန်းကလည်း ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ပေါင်း ၁၉၁ နိုင်ငံမှာ ၁၁၉ နိုင်ငံက အဆိုကို ထောက်ခံခဲ့ပြီး ၃၆ နိုင်ငံက ကြားနေကာ၊ ၃၇ နိုင်ငံက မဲမပေးခဲ့ဘဲ ဘယ်လာ ရုစ်တနိုင်ငံတည်းကကန့်ကွက်ခဲ့တာပါ။ အဲ့ဒီအဆိုဟာလည်း legally binding မဟုတ်ခဲ့ပါဘူး။

ကိုရဲ 🇺🇸



ဆက်ဖတ်ရန် →

ပြည်သူ ၁ ဦးကို သတ်ဖြတ်ကာ နွား ၁၅ ကောင်ကိုပါ ပစ်သတ် မီးရှို့ဖျက်ဆီးခဲ့သော သပြေအေးရွာ

​စစ်တပ်က ပြည်သူ ၁ ဦးကို သတ်ဖြတ်ကာ နွား ၁၅ ကောင်ကိုပါ ပစ်သတ်  မီးရှို့ဖျက်ဆီးခဲ့သော သပြေအေးရွာ မြင်ကွင်းများ၊  မိုးကောင်းရွာကိုလည်း စစ်တပ်က ထပ်မံ မီးရှို့ဖျက်ဆီးနေ 


ရန်ကုန်၊ မတ် ၂ ခေတ်သစ်မီဒီယာ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် သပြေအေးကျေးရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် Mi 35 ရဟတ်ယာဉ် ၂စီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီးနောက် ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ် အလုံး ၅ဝနှင့် နွား ၁၅ကောင်ကို မီးရှို့သတ်ဖြတ် ဖျက်ဆီးခဲ့ကြောင်း၊ ပြည်သူ ၁ ဦးလည်း ပစ်သတ်ခံရကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။ 


 အကြမ်းဖက် စစ်ကောင်စီ၏ Mi 35 ရဟတ်ယာဉ်သည် ကျေးရွာ အတွင်းသို့ ပစ်ခတ်ပြီးနောက် လူတင် ရဟတ်ယာဉ် ၂စီးဖြင့် ကျေးရွာအတွင်းသို့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ချပေးခဲ့ကြောင်း၊ ယင်း စစ်သားများက ရွာကို မီးရှို့ပြီး နွားများကိုပါ သတ်ဖြတ်ခဲ့ကာ ပြည်သူ ၁ ဦးကိုလည်း ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။    



လက်ရှိအချိန်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် သပြေအေးကျေးရွာနှင့် နှစ်မိုင်အကွာရှိ မိုးကောင်းကျေးရွာဘက်သို့ ယနေ့ မတ်လ ၂ရက်နေ့ မွန်းလွဲပိုင်းတွင် ရောက်ရှိနေကာ ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးလျက် ရှိကြောင်း သိရသည်။


Photo - ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေး

ဆက်ဖတ်ရန် →

ထောက်/ပို့အဖွဲ့များကို စစ်တပ်က လိုက်ဖမ်းနေ

​ရန်ကုန်တွင် ငွေလှူဒါန်းမှုများကို Wave Money မှ ခြေရာခံပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားသော ထောက်/ပို့အဖွဲ့များကို စစ်တပ်က လိုက်ဖမ်းနေ


ရန်ကုန်၊ မတ် ၃ 

ခေတ်သစ်မီဒီယာ

ရန်ကုန်တွင် ငွေလှူဒါန်းမှုများကို Wave Money မှ ခြေရာခံပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားသူ ထောက်/ပို့အဖွဲ့များကို စစ်တပ်က လိုက်ဖမ်းလျက်ရှိပြီး လက်ရှိအချိန်အထိ ဖမ်းဆီးခံရသူများ ရှိနေကြောင်း တော်လှန်ရေးတက်ကြွလှုပ်ရှားသူ ဦးဆောင်သူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။


ဖမ်းဆီးမှုများသည် ယမန်နေ့မှစတင်ခြင်းဖြစ်ပြီး ငွေလှူဒါန်းမှုဆိုင်ရာ Wave Money အချက်အလက်များ၊ ဖုန်းနံပါတ်များကို ခြေရာခံခြင်း၊ ဖမ်းမိသူများကို ဖုန်းဆက်ခိုင်း၍ ထောင်ချောက်ဆင် ဖမ်းဆီးခိုင်းခြင်းများကို စစ်တပ်က လုပ်ဆောင်နေကြောင်း သိရှိရသည်။ 


"ရန်ကုန်မှာရှိတဲ့ Supporters တွေကို အပီအပြင်လိုက်ဖမ်းနေတယ်။ မနေ့က စဖမ်းတာ Wave Account ကနေခြေရာခံတာ ။ စာရင်းအတိအကျနဲ့ ငွေလွဲမှတ်တမ်းတွေပါပါတယ်။ ထပ်သိရတာက လိုချင်နေတာက ၈ ယောက်အဖွဲ့။ အထဲမှာ မိထားတာတွေလည်းရှိတယ် မိတဲ့သူရဲ့ ဖုန်း Contact ကနေ ဖုန်းခေါ်ခိုင်းပြီး ကွင်းဆက်လိုက်နေတယ်။ အခု ဖမ်းတာက support အဖွဲ့တွေကြီးပဲ။ အဲဒီကနေမှ UG တွေကို အစဆွဲထုတ်မယ့်သဘောရှိတယ်။ တချို့က သတင်းမှားထင်မှာစိုးလို့ နာမည်ကြီးတွေကို အလွှတ်ပြပြီး supporter တွေကို ဆွဲနေတာ" ဟု တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။ 


အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဖမ်းဆီးရမိသူများကို စစ်ကြောရေးတွင် လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်မှုများ လုပ်ဆောင်နေပြီး လူမသိ သူမသိ သေဆုံးသွားရသည့် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများလည်းရှိနေကြောင်း သိရှိရသည်။ 


ဓာတ်ပုံ- မြန်မာနိုင်ငံမှ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု တစ်ခု။


Photo - AFP


ဆက်ဖတ်ရန် →

ဇော်မဲလုံး ဂြိုဟ်ကောင်မို့ ဒီနာမည်နဲ့ပဲ ကိုက်ပါတယ်

​🛑 စစ်ကောင်စီကို တောင်ကိုရီးယားက အံ့ဩနေ.. 🛑


‘ယူကရိန်း ကျူးကျော်မှုနဲ့ ပတ်သက်ပြီး မြန်မာစစ်ကောင်စီက ရုရှားကို ထောက်ခံသည်... ‘ ဆိုတဲ့ခေါင်းစဉ်နဲ့ တောင်ကိုရီးယား သတင်းစာတွေမှာ ပါလာတာ ၂၆ ရက်နေ့ကတည်းကပါ..။


"ရုရှားစစ်တပ်ဟာ သူ့ရဲ့ အချုပ်အခြာအာဏာကို ထိန်းသိမ်းဖို့ လုပ်ဆောင်ချက်တွေ လုပ်ဆောင်ခဲ့တာပါ" လို့ စစ်အုပ်ချုပ်ရေး ပြောရေးဆိုခွင့်ရှိသူ 조 민 툰 — ဂျိုမင်းထွန်းက ပြောပါတယ်လို့ တောင်ကိုရီးယား သတင်းတွေကဖော်ပြထားတယ်။


( မှတ်ချက်— ကိုရီးယားလို ‘ဇော်’ က စာလုံးပေါင်းမရှိတော့ ‘조 -ဂျို‘ လို့ရေးထားတယ်။ ဇော်မဲလုံး ဂြိုဟ်ကောင်မို့ ဒီနာမည်နဲ့ပဲ ကိုက်ပါတယ်..😌..။)


🛑


မနှစ်က ဇွန်လမှာ ရုရှားက မြန်မာစစ်ဦးစီးချုပ်ကို ကြိုဆိုဂုဏ်ပြုတပ်ဖွဲ့နဲ့ ကြိုဆိုခဲ့တယ်..။


“ယူကရိန်းကို ရုရှားကျူးကျော်ဝင်ရောက်မှုဟာ တရားမျှတမှုဖြစ်တယ်”  လို့ မြန်မာစစ်ကောင်စီက ၂၆ ရက်နေ့ထုတ် AFP သတင်းမှာ ဖော်ပြထားပါတယ်။


မြန်မာစစ်ကောင်စီက ရုရှားဘာသာနဲ့ပါ ကြေညာချက်ထုတ်ပြန်ခဲ့တယ်။


 ရုရှားဟာ မြန်မာစစ်တပ်ကို အဓိက လက်နက် တင်သွင်းနေတဲ့ မဟာမိတ်ဖြစ်တယ်။


မြန်မာစစ်တပ်ဟာ လက်နက်မျိုးစုံရဲ့ ၁၆% ကို ၂၀၁၄ ကနေ ၂၀၁၉  ခုနှစ်အတွင်းရုရှားနိုင်ငံက ၀ယ်ယူခဲ့တယ်။


၂၀၁၉ မှာ ရုရှားက Su-30 တိုက်လေယာဉ်ခြောက်စင်းကို ဝယ်ယူခဲ့တယ်။


မနှစ်က ဇန်နဝါရီမှာ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေနဲ့ ကင်းထောက်ဒရုန်းတွေကို မိတ်ဆက်ဖို့အတွက် ရုရှားနဲ့ စာချုပ်ချုပ်ခဲ့တယ်။


🛑


အမေရိကန်နဲ့ အခြား အနောက်နိုင်ငံတွေက ရုရှားကို ပိတ်ဆို့အရေးယူမှု အမျိုးမျိုး ချမှတ်ခဲ့တယ်။


တရုတ်နဲ့အတူ နိုင်ငံတကာက စစ်အာဏာရှင်တွေက ရုရှားကို ထောက်ခံအားပေးနေတယ်။


အဲ့ဒီနိုင်ငံတွေအားလုံးကလည်း  ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ပိတ်ဆို့အရေးယူခံရတဲ့ နိုင်ငံတွေပါ..။


 🛑🛑🛑


ဒါတောင်ကိုရီးယားမှာ အခုတလော  issue ဖြစ်နေတဲ့ မြန်မာ သတင်းပါ။


ရှက်တယ်..။


မြန်မာစစ်ကောင်စီဟာ ရုရှားအပေါ်ထားတဲ့ သဘောထားကို စာထုတ်တယ်။


ဒါဟာ ကမ္ဘာ့အလယ်မှာ ရှက်ဖွယ်လိလိ ‘လူသတ်အားပေးတယ်’ လို့စာထုတ်တာပါ။


‘လူသတ်သမား ပူတင်အပေါ် ထားတဲ့ စစ်ကောင်စီတို့ရဲ့ မြင့်မြတ်သောနှလုံးသား’ 


‘လူသားမျိုးနွယ် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း ဆိုတာကို နားလည်ပေးတတ်တဲ့ ကို သဘောထားကြီးသူများ’


မြန်မာပြည်မှာ နင်တို့ရှိနေတာ ရှက်တယ်။


🛑 🛑 🛑


မရွှေမိုး- ကိုရီးယား

March 2nd,2022. 


[우크라 침공] 미얀마 군정, 러시아 지지.."주권 유지 위한 행동"

김범수

입력 2022. 02. 26. 10:18


ဆက်ဖတ်ရန် →

စစ်ကောင်စီထံ တင်သွင်းပေးခဲ့တဲ့ လက်နက်ပွဲစားများ

​စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဘီလာရုစ်၊ ရုရှား၊ ဂျာမနီ တို့က လက်နက်တွေကို စစ်ကောင်စီထံ တင်သွင်းပေးခဲ့တဲ့ လက်နက်ပွဲစားများ


ရန်ကုန် ၊မတ် ၂ 

ခေတ်သစ်မီဒီယာ

ကုန်သွယ်ရေးဒေတာဘေ့စ် Import Genius ရဲ့  အချက်အလက်တွေအရတော့ ၂၀၂၁ ခုနှစ်၊ မတ်လတွင် Dynasty International ဟာ  Mi-17 စက်ပစ္စည်းအစိတ်အပိုင်းတွေကို Ural Avia ထံမှ တင်သွင်း ခဲ့တယ်လို့သိရှိရပါတယ်။ Ural Avia ကုမ္ပဏီ ဟာ ရုရှားနိုင်ငံ၊ Yekaterinburg မြို့ အခြေစိုက်Mil ရဟတ်ယာဥ် အစိတ်အပိုင်း ထုတ်လုပ်ပြုပြင်တဲ့ ကုမ္ပဏီတစ်ခုလည်းဖြစ်ပါတယ်။ 


မြန်မာစစ်တပ်အတွက် အရေးကြီးတဲ့ စစ်လက်နက် ကုန်သွယ်ရေးကုမ္ပဏီ Dynasty International ဟာ စစ်တပ်အာဏာသိမ်းယူပြီးတဲ့ နောက်ပိုင်း ဘီလာရုစ်၊ ရုရှား၊ ဂျာမနီ နိုင်ငံတွေ ကထုတ်လုပ်တဲ့ စစ်လက်နက်ပစ္စည်းတွေကို အကြမ်းဖက်စစ်ကောင်စီအတွက် ဝယ်ယူပေးခဲ့တယ်လို့ Justice For Myanmar က ထုတ်ပြန်လိုက်ပါတယ်။


လက်နက်ပွဲစား ကုမ္ပဏီ Dynasty International ကို ဒေါက်တာအောင်မိုးမြင့်က ဦးဆောင်ပြီး သူဟာ ဘီလာရုစ်နိုင်ငံရဲ့ မြန်မာနိုင်ငံ ဆိုင်ရာဂုဏ်ထူးဆောင်ကောင်စစ်ဝန်နဲ့ မြန်မာနိုင်ငံရှိ ဘီလာရုစ်ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်း ရှင်များအသင်းရဲ့ ကိုယ်စားလှယ်လည်း ဖြစ်ပါတယ်။


Dynasty International ကို ဒေါက်တာအောင်မိုးမြင့် နဲ့အတူ သူရဲ့ အမွှာညီအစ်ကိုဖြစ်သူ လှိုင်မိုးမြင့်နဲ့ မျိုးသစ္စာ ဆိုတဲ့ မြန်မာ အမျိုးသားတစ်ဦး တို့ကဦးစီးလုပ်ကိုင်နေတာဖြစ်တယ်လို့ Justice For Myanmar ရဲ့ထုတ်ပြန်ချက်တွေ အရသိရှိရပါတယ်။ 


ဒေါက်တာအောင်မိုးမြင့် နဲ့ လှိုင်မိုးမြင့်တို့ဟာ ယခင်နအဖ စစ်အစိုးရပြည်ထဲရေး ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြင့်ရဲ့ သားတွေ ဖြစ်တယ်လို့လည်းသိရှိရပါတယ်။ 


ကုန်သွယ်ရေးဒေတာဘေ့စ် ImportGenius ရဲ့  အချက်အလက်တွေအရတော့ ၂၀၂၁ ခုနှစ်၊ မတ်လတွင် Dynasty International ဟာ  Mi-17 စက်ပစ္စည်းအစိတ်အပိုင်းတွေကို Ural Avia ထံမှ တင်သွင်း ခဲ့တယ်လို့သိရှိရပါတယ်။ Ural Avia ကုမ္ပဏီ ဟာ ရုရှားနိုင်ငံ၊ Yekaterinburg မြို့ အခြေစိုက်Mil ရဟတ်ယာဥ် အစိတ်အပိုင်း ထုတ်လုပ်ပြုပြင်တဲ့ ကုမ္ပဏီတစ်ခုလည်းဖြစ်ပါတယ်။ 


Dynasty International ကုမ္ပဏီ ကတင်သွင်းပေးခဲ့တဲ့  Mi-17 ရဟတ်ယာဥ်တွေကို မြန်မာစစ်တပ်က  စစ်ဘက်သယ်ယူပို့ဆောင်ရေးအတွက် အဓိက အသုံးပြုတယ့်လည်းသိရှိရပါတယ်။ 


ဘီလာရုစ် က မြန်မာစစ်တပ်အတွက်  စစ်လက်နက်ရောင်းချမှုတွေမှာ ၂၀၁၆ ခုနှစ်က ပေးပို့ခဲ့သော Kvadrat-M မြေပြင်မှဝေဟင်ပစ် လေကြောင်းရန်ကာ ကွယ်ရေး ဒုံးကျည်စနစ် နှစ်ခု၊ ၂၀၁၅-၁၆ ခုနှစ်တွင် ပေးပို့ခဲ့သည့် 3M9 မြေပြင်မှဝေဟင်ပစ် ဒုံးကျည် (၁၀၀)၊ ၂၀၁၉ ခုနှစ်တွင် ပေးပို့ခဲ့တဲ့ Mi24/Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဥ်  ( ၂ )စီးတို့ ပါဝင်ပါတယ်။ 


Justice For Myanmar ရဲ့ထုတ်ပြန်ချက်တွေအရ ဒေါက်တာအောင်မိုးမြင့်ဟာ  မြန်မာစစ်တပ်အတွက် ဘီလာရုစ်နိုင်ငံက စစ်လက်နက်ဝယ်ယူ မှုတွေမှာလည်း အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ဖွယ်ရှိတယ်လို့ဆိုပါတယ်။ 


၂၀၁၃ ခုနှစ်က Dynasty International နဲ့ ဘီလာရုစ်ကုမ္ပဏီ လက်နက်ကုမ္ပဏီ Tetraedr UE တို့ အပြန်အလှန်ဆက်သွယ်ထားတဲ့  Email တစ်စောင်ပေါက်ကြားလာခဲ့ပြီး အဲ့ဒီ အီးမေးလ် ထဲမှာတော့ စစ်လက်နက်ရောင်းချမှု ညှိနှိုင်းပေးခြင်းအတွက် Dynasty က ဝန်ဆောင်ခ ရရှိမှာဖြစ်ပြီး ပူးပေါင်းဆောင် ရွက်ရေး သဘောတူစာချုပ်ညှိနှိုင်းဆွေးနွေးမှုအရ  Tetraedr ကရောင်း ချခဲ့သော စစ်လက်နက်ပစ္စည်းထဲမှာ  ဒုံးကျည်စနစ်များ၊ ရေဒါနဲ့ လေကြောင်းပစ်မှတ်စနစ်များ ပါဝင်နေတယ်လို့ သိရှိရပါတယ်။


မြန်မာစစ်တပ်ရဲ့ တရားမဝင်အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်းမှာတော့  ဒေါက်တာအောင်မိုးမြင့်ဟာ စစ်ကောင်စီနဲ့  ဘီလာရုစ် အစိုးရ နှစ်ဘက်ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့မြင့်တင်နိုင်ရေးအတွက် ဘီလာရုစ် နိုင်ငံကိုသွားရောက်ခဲ့ပါတယ်။ 


အဲ့ဒီခရီးစဥ်အတွင်းမှာပဲ  ဒေါက်တာအောင်မိုးမြင့်ကို ဘီလာရုစ်အစိုးရက ဂုဏ်ထူးဆောင်ကောင်စစ်ဝန်အဖြစ် ဆုတံဆိပ်တစ်ခုကိုလည်း ပေးအပ်ချီးမြှင့်ခဲ့တယ်လိုံ သိရှိရပါတယ်။ 


ဘီလာရုစ်နိုင်ငံဟာ  ပြီးခဲ့တဲ့ ဇွန်လက ပြုလုပ်ခဲ့တဲ့ကုလသမဂ္ဂအထွေထွေညီလာခံမှာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေ ကတောင်းဆိုခဲ့တဲ့ “မြန်မာနိုင်ငံသို့ စစ်လက်နက်စီးဝင်မှုမှကာကွယ်ရေး” အဆိုကို ကန့်ကွက်ခဲ့တဲ့ တစ်ခုတည်းသောနိုင်ငံ ဖြစ်ခဲ့ပါတယ်။


Dynasty International ဟာ ဂျာမနီလေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီ Grob Aircraft SE ရဲ့ မိတ်ဖက် ကုမ္ပဏီ တစ်ခုလည်း ဖြစ်တယ့်သိရှိရပါတယ်။


 မြန်မာ့လေတပ်ဟာ Grob G 120P အမောင်းသင် လေယာဉ် ၂၀ ပါဝင်တဲ့ လေယာဥ်အုပ် တစ်အုပ်ကို ပိုင်ဆိုင်ထားပြီး အဲ့ဒီလေယာဉ်တွေကို  ဒေါက်တာအောင်မိုးမြင့်က ပွဲစားအဖြစ် ဝယ်ယူပေးခဲ့တာဖြစ်တယ်လို့ Justice For Myanmar ဖော်ပြထားပါတယ်။


မြန်မာစစ်တပ်က ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုစစ်ဆင်ရေး ပြုလုပ်နေချိန် ၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်နေ့မှာလည်း  Grob ကုမ္ပဏီက နိုင်ငံခြားသားကျွမ်းကျင်ပညာရှင်တွေ ဟာလေယာဉ်ပြုပြင်ထိန်းသိမ်းရေးစာချုပ်တစ်ရပ် ချုပ်ဆိုနိုင်ဖို့အရေး အဆင့်မြင့်လေတပ်အရာရှိကြီးများနှင့် အစည်းအဝေး တစ်ခု ပြုလုပ်ခဲ့တယ်လို့ Justice For Myanmar ထုတ်ဖော်ခဲ့ပါတယ်။


လျှို့ဝှက်ပေါက်ကြားလာတဲ့ ကာကွယ်ရေးဝန်ကြီးဌာန စာရွက်စာတမ်းတစ်ခုအရ ၂၀၁၇ ခုနှစ်မှာလည်း Grob ကုမ္ပဏီက မြန်မာစစ်တပ်နဲ့ ယူရို (၃၂၂,၂၉၂) တန် စာချုပ်အရ Dynasty ကုမ္ပဏီသို့ စက်အပိုပစ္စည်း အစိတ်အပိုင်း (၁၄) ခု ပေးပို့ခဲ့တယ်လို့ သိရှိရပါတယ်။


၂၀၂၁ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့မှာ ကျင်းပပြုလုပ်တဲ့ တရားမဝင်စစ်ကောင်စီရဲ့  မြန်မာ တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားမှာ  Grob လေယာဉ်များ ပါဝင်ပြသခဲ့ပါတယ်။


နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ပြုစုထားတဲ့ မှတ်တမ်းတွေ အရ အဲ့ဒီနေ့မှာ   စစ်တပ်၏ ရက်စက် ကြမ်းကြုတ်သည့် အကြမ်းဖက်တိုက်ခိုက်မှုတွေ‌ကြောင့်  လူပေါင်း (၁၆၀) ကျော်သေဆုံးတယ်လို့ သိရှိရပါတယ်။


မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းယူပြီးနောက်ပိုင်း ဘီလာရုစ်၊ ရုရှား၊ ဂျာမနီ နိုင်ငံတွေကနေပြီး စစ်ကောင်စီထံ လက်နက်တင်သွင်းပေးနေတဲ့Dynasty International နဲ့ဒေါက်တာအောင်မိုးမြင့် တို့ကတော့ မြန်မာစစ်တပ်ရဲ့  ရက်စက်ကြမ်းကြုတ်သည့်ရာဇဝတ်မှုတွေမှာ  ကြံရာပါအဖြစ်ပတ်သက်နေပြီး ကြီးလေး တဲ့ နိုင်ငံတကာရာဇဝတ်မှုများမှ အကျိုးအမြတ်များ ရရှိနေပါတယ်။ 


Dynasty International နဲ့ သက်ဆိုင်တဲ့ လူပုဂ္ဂိုလ် တွေကို နိုင်ငံတကာက ပိတ်ဆို့အရေးယူဖို့ Justice For Myanmar ကတောင်းဆိုထားပါတယ် ။


ဆက်ဖတ်ရန် →

ဝီရသူက PDF ဖြိုခွဲရေး ဟောပြော

​စစ်ကိုင်းတိုင်းမှာ  ဝီရသူ ဦးဆောင်တဲ့  ပဏ္ဍိတ၊ ဝါသဝ၊ ဝီရရာဇာ အပါအဝင် အစွန်း ရောက် မဘသ ဘုန်းကြီးတွေ လက်နက်ကိုင်ပြီး ပြည်သူကို ကွင်းဆင်းစည်းရုံး၊ စစ်တပ်ထောက်ခံတဲ့ ပြည်သူ့စစ်ဖွဲ့စည်းရေးနဲ့ PDF ဖြိုခွဲရေး ဟောပြော


By ရန်ကုန်ခေတ်သစ်


စစ်တပ်အထိနာနေတဲ့ စစ်ကိုင်းတိုင်းမှာ အမျိုးသားရေး အစွန်းရောက် ဝီရသူ ဦးဆောင်ပြီး အစွန်းရောက် မဘသ ဘုန်းကြီးတွေဖြစ်တဲ့ ပဏ္ဍိတ၊ ဝါသဝ၊ ဝီရ ရာဇာတို့လို အမျိုးသားရေး အစွန်းရောက် ဘုန်းကြီးတွေကိုယ်တိုင် လက်နက်ကိုင်ပြီး PDF ဖြိုခွဲရေး တရားတွေ လိုက်လံဟောပြော စည်းရုံးမှုတွေ လုပ်ဆောင်လာပါတယ်။ 


"အနီ၊ အစိမ်း မခွဲခြားဘူး၊ ဗုဒ္ဓဘာသာ ကိုယ့်မြန်မာလူမျိုးတွေကို ဘုန်းဘုန်းတို့က စောင့်ရှောက်မယ်။ နိုင်ငံရေး အကြောင်းပြ လူသတ်နေတဲ့ PDF အကြမ်းဖက်တွေကို ဖမ်းဆီး နှိမ်နင်းသတ်ဖြတ်ရမယ်" ဆိုတဲ့ အစချီလာတဲ့ PDF ဖြိုခွဲရေး ဟောပြောမှုတွေကို ဝီရသူ အပါအဝင် မဘသ ဘုန်းကြီးတွေက ဘုန်းကြီး ကျောင်းတွေမှာ လူစုခိုင်းပြီး စည်းဝေး ဟောပြောလာတာလည်းဖြစ်ပါတယ်။ 


ဖေဖော်ဝါရီလ ၂၇ ရက်နေ့ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ရတနာကံမြင့်ထယ်ကျောင်းတိုက်မှာ ကျွန်းလည်ရွာ၊ ကဘဲရွာ၊ မူးကျင်းရွာ၊ ဘေရင်း ရွာမှာ အမျိုးသားရေး အစွန်းရောက်  ဦးဝါသဝ၊ဦးပဏ္ဍိတ၊ ဦးဝီရသူတို့က ပြည်သူတွေကို စုရုံးပြီး PDF ဖြိုခွဲရေးတရားတွေ ဟောပြောပါတယ်။ 


ထူးခြားချက်ကတော့ ဦးဝါသ၀နဲ့ ဦးပဏ္ဍိတ အပါအဝင် နောက်လိုက် အမျိုးသားရေး အစွန်းရောက် ဘုန်းကြီး တွေမှာ စက်သေနတ်နဲ့ ပစ္စတိုသေနတ်တွေကို လွယ်ထားတာလည်းဖြစ်ပါတယ်။ သင်္ကန်းနဲ့ လက်နက်ကိုင်ဆောင်ပြီး PDF ဖြိုခွဲရေး လိုက်လံဟောပြောလာတာလည်းဖြစ်ပါတယ်။ 


ဝီရသူနဲ့ မဘသ အစွန်းရောက်ဘုန်းကြီးတွေကို  စစ်တပ်မှ ဗိုလ်ကြီး ကျော် သူရိန်၊ ကျေးရွာ ပြည်သူ့စစ်အမည်ခံ အဖွဲ့ခေါင်းဆောင် ဦးညွန့်ခိုင်တို့က လုံခြုံရေးယူပေးထားကြပါတယ်။  


ဒါ့အပြင် ဘုန်းကြီးကျောင်းတွေမှာ အခြေပြုပြီး ကွပ်ကဲရေး စခန်းဖွင့်တာ၊ လေ့ကျင့်ရေး စခန်းဖွင့်တာတွေ ပြည်သူ့စစ်ဌာနချုပ်စခန်းပုံစံ တပ်စွဲတာတွေကိုလည်း စစ်တပ်ဘက်က လုပ်ဆောင်လာပါတယ်။ 


သာမန် စစ်ကြောင်းတွေ ဝင်ရင် ခက်ခဲနေတဲ့ စစ်ကိုင်းတိုင်းကျေးရွာတွေမှာ သင်္ကန်းစည်းထားတဲ့ အမျိုးသားရေး မဘသ ဆရာတွေကို လက်နက်ကိုင်ဆောင် ဝင်ရောက်စေပြီး လူထုစည်းရုံးမှုတွေ လုပ်လာတာလည်းဖြစ်ပါတယ်။ ပြည်သူ့စစ်အဖွဲ့တွေကို မဘသ အစွန်းရောက် ဘုန်းကြီးတွေဘက်က ဦးဆောင် ဖွဲ့ပေးလာနေပြီး အခုဆိုရင် ပြည်သူ့စစ်အမည်ခံ အဖွဲ့ ၇၇ ဖွဲ့နဲ့ လက်နက်ပေါင်း ၂၀၈၀ တပ်ဆင်ပြီးဖြစ်ပါတယ်။


ဝီရသူနဲ့ အတူ တန့်ဆည် ရတနာကံမြင့်ထယ်ကျောင်းတိုက်မှာ ဟောပြောသွားတဲ့ ပဏ္ဍိတ၊ ဝါသဝတို့ အကြောင်းကိုလည်း လေ့လာကြည့်ရအောင်ပါ။ 


ဝါသ၀ (ပစ္စတိုလွယ် ဘုန်းကြီး) 

=======================

ဖေဖော်ဝါရီလ ၂၇ ရက်နေ့ တန့်ဆည်မြို့နယ်၊ ရတနာကံမြင့်ထယ်ကျောင်းတိုက်မှာ ပစ္စတိုလွယ်ပြီး ဝင်လာတဲ့ မဘသ ဘုန်းကြီးကတော့ ဝါသ၀ ဖြစ်ပါတယ်။ 


သူ့ကတော့ ကန့်ဘလူမြို့နယ် မှော်တော်ရွာ ကျောင်းထိုင် ဘုန်းကြီးဖြစ်ပါတယ်။ အမျိုးသားရေး  တက်ကြွ လှုပ်ရှားသူဖြစ်ပေမယ့် နာမည်သိပ်မထွက်ပါဘူး။ ဓမ္မစကူးလ်ဖောင်ဒေးရှင်းမှာ တက်တက်ကြွကြွ ပါဝင်နေပြီး ငါးရာငါးဆယ်ဆရာတော်ဆိုတဲ့ အမည်ခံပြီး ကျောင်းသားလူငယ်နဲ့ကလေးငယ်တွေကို ဘာသာရေး သင်တန်းတွေ ပေးနေတဲ့ ဘုန်းကြီးဖြစ်ပါတယ်။ 


မှော်တောကျေးရွာဘက်မှာတော့ ပညာရေး၊ လူမှုရေး ဦးဆောင်တယ်ဆိုပြီး ကြည်ညိုကြသူတွေ ရှိတယ်လို့ သိရပါတယ်။ အခုနောက်ပိုင်းမှာ ဝီရသူနဲ့ ချိတ်ဆက်ပြီး ဘုန်းကြီးတွေ ဦးဆောင်တဲ့ လက်နက်ကိုင် တန်ပြန် ရေး အစီအစဉ်မှာ သူရှေ့ဆုံးက ပါဝင်လာတာဖြစ်ပါတယ်။ 


ပဏ္ဍိတ-တက်ခေတ်ဗန်းမော်(ကျောက်ဆည်)

====================================


ပဏ္ဍိတ-တက်ခေတ်ဗန်းမော်(ကျောက်ဆည်)ကတော့ ဝီရသူရဲ့ လက်ရုံးတစ်ဦး သွေးသောက်တစ်ဦးလည်းဖြစ်ပါတယ်။ ကျောက်ဆည်မှာ မဘသနဲ့ အမျိုးသားရေး အစွန်းရောက် လုပ်ငန်းတွေ ဦးဆောင်နေသလို ကိုယ်တိုင်လည်း လက်နက်ကိုင်ဆောင်ထားပါတယ်။ ရန်ကုန်မှာ အကြမ်းဖက်စစ်သားတွေကို ရိက္ခာလှူဒါန်းတဲ့ ကိစ္စတွေမှာ ပါဝင်အလှူခံပေးသူဖြစ်သလို NLD ခေတ်မှာလည်း NLD ဆန့်ကျင်ရေး ရှေ့ဆုံးက ဦးဆောင် ပါဝင်ခဲ့တဲ့သူဖြစ်ပါတယ်။ 


သူဟာလည်း အခုဆိုရင် ဝီရသူနဲ့ ပူးပေါင်းပြီး ကျေးရွာအခြေပြု ပြည်သူ့စစ်တွေ ပေါ်ပေါက်ရေးနဲ့ PDF ဖြိုခွဲရေးမှာ ရှေ့ဆုံးက ပါဝင်လာနေတာလည်းဖြစ်ပါတယ်။ 


ဝီရရာဇာ

=======


ဝီရရာဇာကလည်း  မန္တလေးမြို့၊ တမ္ပဝတီရပ်မှ မဘသ အမျိုးသားရေး အစွန်း ရောက် ဘုန်းကြီးတစ်ဦးဖြစ်ပြီး ဝီရသူကို အမာခံထောက်ခံသူလည်းဖြစ်ပါတယ်။ သူကတော့ လက်နက် အပြည့်အစုံ ကိုင်လို့ ကျည်ကို လွယ်ထားတာလည်း ဖြစ်ပါတယ်။ 


မဘသအဖွဲ့ရဲ့ ပြန်ကြားရေးအဖြစ်လည်း တာဝန်ယူခဲ့သလို မဟော်သဓာ ကျောင်း ပေါ်ပေါက်ရေးမှာ ဦးဆောင်ခဲ့တဲ့ ဘုန်းကြီးလည်းဖြစ်ပါတယ်။ 


စစ်တပ်ထောက်ခံတဲ့ မဘသဘုန်းကြီးတွေရဲ့ ပြည်သူ့စစ်မဟာဗျူဟာ

======================================


ဝီရသူနဲ့ မဘသ ဘုန်းကြီးတွေကတော့ အနီ၊ အစိမ်းမခွဲခြားဘဲ ဗုဒ္ဓဘာသာဝင်မှန်သမျှ ကာကွယ်ပေးမယ်ဆိုတဲ့ ကြွေးကြော် စည်းရုံးလာတဲ့ လက်နက်ကိုင် တန်ပြန် စစ်ရေး လှုပ်ရှားမှုက စစ်ကောင်စီရဲ့ ပြည်သူ့စစ်ဗျူဟာရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်လာတာဖြစ်ပြီး အောင်မြင်လာတယ်ဆိုရင်တော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တိုးချဲ့လုပ်ဆောင်ဖို့ ဦးတည်နေတာလည်းဖြစ်ပါတယ်။


ဆက်ဖတ်ရန် →

တရုတ်ဆိုရှယ်မီဒီယာတွေမှာ ပူတင်ကိုမဟာသူရဲကောင်းအဖြစ်ချီးကျူး

​🇨🇳 တရုတ်ပြည်မှာ ယူကရိန်းကိစ္စလှောင်ပြောင်ပြီးဆိုရှယ်မီဒီယာမှာတင်နေတာတွေကို ယူကရိန်းရှိတရုတ်သံရုံးနဲ့ တရုတ်ပြည်အာဏာပိုင်တွေကသတိပေးနေရပါတယ်။  


တရုတ်ဆိုရှယ်မီဒီယာတွေမှာ ပူတင်ကိုမဟာသူရဲကောင်းအဖြစ်ချီးကျူးတာ၊ ယူကရိန်ပြည်သူတွေကိုလှောင်ပြောင်တာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။


စစ်ဘေးတိမ်းရှောင်နေတဲ့ယူကရိန်းအမျိုးသမီးတွေရဲ့ပုံတွေကိုတင်ပြီး ဒို့တာဝန်ယူမယ်၊ ဒို့နေစရာပေးမယ်လေစတဲ့ "#လူမပီသတဲ့" လှောင်ပြောင်မှုတွေကို တရုတ်မီဒီယာတွေမှာ အချို့ကရေးသားခဲ့ကြပါတယ်။


တရုတ်ပြည်ဟာ ကုလသမဂ္ဂမှာ #ရုရှားကျူးကျော်စစ်ကိုရှုံ့ချဖို့ပျက်ကွက်ခဲ့တာရယ်၊ အခုလိုဆိုရှယ်မီဒီယာမှာ #လှောင်ပြောင်သူအချို့ရှိနေတာတွေရယ်ကြောင့် ယူကရိန်းပြည်သူတွေအကြားမှာ #တရုတ်ပြည်ဆန့်ကျင်ရေးအမြင်တွေကြီးထွားလာခဲ့ပါတယ်။


Since then, multiple internet platforms including Weibo, TikTok sibling Douyin, and WeChat have suspended accounts with provocative content and called on users to stay "objective and rational", and uphold a "clean and upright atmosphere" when discussing international events.


တရုတ်ဆိုရှယ်မီဒီယာတွေဖြစ်တဲ့ Weibo, Douyin, WeChat တွေမှာ အခုလိုရန်မီးပွားစေတဲ့အကောင့်တွေကို ယာယီပိတ်ပင်တာလုပ်ခဲ့ပါတယ်။


In a commentary on Sunday, state news agency Xinhua urged internet users to "discuss and present viewpoints in a reasonable way", criticising those who "spoke inappropriately".


တရုတ်ဆင်ဟွာသတင်းဌာနကလည်း အင်တာနက်အသုံးပြုသူတွေကို လက်ရှိကမ္ဘာ့အရေးအခင်းနဲ့ပတ်သက်ပြီး ကျိုးကြောင်းမှန်ကန်တဲ့ဘက်ကမြင်ပြီး ဆွေးနွေးပြောဆိုဖို့ တိုက်တွန်းထားပါတယ်။


ယူကရိန်းရှိတရုတ်သံရုံး WeChat အကောင့်ကလည်း ယူကရိန်းပြည်သူတွေအခက်အခဲကြုံတွေ့နေရချိန်မှာ နားလည်ဖို့နဲ့ ရန်မစဖို့ တိုက်တွန်းထားပါတယ်။


တရုတ်ပြည်ဟာ မော်စီတုံးစခဲ့တဲ့ ယဉ်ကျေးမှုတော်လှန်ရေးရဲ့ အကျိုးဆက်ကို စတင်ခံစားနေရပါပြီ။


လူသားဆန်ခြင်းဆိုတာဘာလဲ ဆိုတာကိုနားမလည်တော့ရင် နေရာတိုင်းမှာဒုက္ခတွေ့နိုင်ပါတယ်။


အခုဆိုရင် ယူကရိန်းရောက်တရုတ်ကျောင်းသူတစ်ယောက်အပြောအရ သူ့အနေနဲ့ဗုံးခိုကျင်းတောင်မသွားရဲဘူးတဲ့။


လူတွေကသူ့ကိုကြည့်မယ့်အကြည့်တွေကိုစိုးရိမ်တဲ့အပြင် နှင်ထုတ်ခံရမှာကိုတောင် စိုးရိမ်နေရပါတယ်တဲ့။


Richard Myo Thant

2-March-2022


ဆက်ဖတ်ရန် →

​၂ဒသမ၅ ဘီလီယံ တန်ကြေးရှိ အကြမ်းဖက်စစ်တပ်က သိမ်းထားတဲ့ မြေ

​၂ဒသမ၅ ဘီလီယံ တန်ကြေးရှိ အကြမ်းဖက်စစ်တပ်က သိမ်းထားတဲ့ မြေတွေကို အမျိုးသားညီညွတ်ရေးအစိုးရ က မူဝါဒအရ သိမ်းဆည်းပြီး လေလံတင်ရောင်းချမည်

မတ် ၂ ၊ ၂၀၂၂


ကိုယ်ကျိုးစီးပွားအတွက် ပြည်သူပိုင်မြေတွေကို အကြမ်းဖက်စစ်တပ်က သိမ်းယူထားတဲ့အထဲက တန်ကြေး ၂ဒသမ၅ ဘီလီယံရှိတဲ့ မြေတွေကို အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ မူဝါဒအရသိမ်းဆည်းပြီး လေလံတင် ရောင်းချမှုတွေ ပြုလုပ်သွားမယ်လို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြော ကြားလိုက်ပါတယ်။


“သူတို့ ကိုယ်ကျိုးစီးပွားအတွက် ရယူထားတဲ့ အရင်းအမြစ်တွေကို သိမ်းပြီးတော့ နစ်နာသူတွေအတွက် ပြန်လည်အသုံးချသွားဖို့ ဒီမူကို ချလိုက်တာပဲ။ မိုးကောင်းဆေးရုံလိုဟာမျိုး၊ ကန်သာယာဆေးရုံလိုဟာမျိုး” လို့ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က Myanmar Now ကို ပြော ထားတာပါ။


Myanmar Now သတင်းဌာနနဲ့ ဖော်ပြချက်အရတော့ အမျိုးသားညီညွတ်ရေးအစိုးရက  အာဏာသိမ်းစစ် ခေါင်းဆောင်ပိုင် မြေကွက်တွေအပါအဝင် စစ်တပ်သိမ်းယူထားတဲ့ ရန်ကုန်မြို့က နေရာကောင်း အကွက်ကောင်း မြေကွက် ၂၅ ခုမှာ တန်ဖိုးအားဖြင့် ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံတန်ကြေးရှိပြီး အဲဒီအကွက်တွေကို လေလံတင် ရောင်းချမှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။


ဒီလိုပြုလုပ်မယ့် အစီအစဉ်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်က ထုတ်ပြန်ခဲ့တဲ့ တပ်ပိုင်မြေနဲ့ စပ်လျဉ်းတဲ့ မူဝါဒ တွေနဲ့ ဆက်စပ်ပြီး လုပ်ဆောင်တာဖြစ်တယ်လို့လည်း ဖော်ပြထားတာ တွေ့ရပါတယ်။


အကြမ်းဖက်ခေါင်းဆောင် မိသားစု စီးပွားရေးအတွက် သိမ်းယူထားတဲ့ ရန်ကုန်မြို့နယ်၊ မိုးကောင်းလမ်းပေါ်က ၁၀ ဧကကျယ်ပြီး ဆေးရုံဆောက်ထားတဲ့ မြေနေရာက အမေရိကန်ဒေါ်လာ သန်း ၁၀၅ အထိ တန်ကြေးရှိတယ်ဆို ပြီးတော့လည်း စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက တွက်ချက်ပြထားပါတယ်။


ဝန်ကြီးဌာနရဲ့ မူဝါဒအရ တပ်သိမ်းမြေတွေကို ပြန်လည်သိမ်းဆည်းပြီး လေလံတင်ရောင်းချလို့ရလာတာတွေကို CDM လှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့ ဝန်ထမ်းတွေအတွက် အိမ်ရာဆောက်လုပ်တာ၊ အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက် ဆီးထားတဲ့ ကျေးရွာတွေကို ပြန်လည်တည်ဆောက်ပေးတာနဲ့ ပြန်လည်ကုစားပေးတဲ့ လုပ်ငန်းတွေမှာ အဓိက ဦး စားပေးအဖြစ် အသုံးပြုသွားမှာလည်းဖြစ်ပါတယ်။


တပ်သိမ်းမြေနေရာတွေကို လေလံတင်ရောင်းချမှာဖြစ်ပေမယ်လည်း မင်္ဂလာဒုံမြို့နယ် ပြည်လမ်း ၁၇ မိုင်ရှိ ဗဟိုထောက်လှမ်းရေးတပ်(ရေကြည်အိုင်) တည်ရှိရာ ၆၃ ဧကအကျယ်နေရာကိုတော့ ပြန်လည်ရောင်းချတာမျိုး မလုပ်ဘဲ နာဇီအကျဉ်းစခန်းလိုမျိုး အထိမ်းအမှတ်နေရာ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

 

CDM ဗိုလ်ကြီးဇင်ယော်ကတော့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လက်ရှိထုတ်ပြန်လိုက်တဲ့စာရင်းတွေက လူသိ များတဲ့နေရာတွေက စာရင်းပဲဖြစ်ပြီးတော့ လူမသိသေးဘဲ စစ်ဗိုလ်ချုပ်တွေ လက်ဝါးအုပ်ထားတဲ့ မြေနေရာ များ စွာရှိသေးတယ်လို့ ဆိုပါတယ်။


"NUG အစိုးရက ဒီဟာတွေ လုပ်မယ်ဆိုရင် စစ်ခေါင်းဆောင်တွေ၊ စစ်ဗိုလ်ချုပ်တွေ တုန်လှုပ်၊ ချောက်ချားသွားမှာ အသေအချာပဲ။ ဘာလို့လည်းဆိုတော့ သူ့လူတွေ သေသွားတာထက် ပိုဆိုးတယ်လေ။ သူတို့ ကိုယ်ကျိုးစီးပွားကို တိုက်ရိုက်ထိခိုက်မှာ" လို့ ဗိုလ်ကြီးဇင်ယော်က Myanmar Now ကို ပြော ထားပါတယ်။


Justice for Myanmar အဖွဲ့ကလည်း အကြမ်းဖက်စစ်တပ်က သိမ်းဆည်းထားတဲ့ မြေတွေထဲက စီမံကိန်းတွေ ကိုလုပ်ဆောင်နေပြီး အဲဒီလုပ်ဆောင်နေတဲ့စီမံကိန်းတွေကနေ ကန်ဒေါ်လာသန်းနဲ့ချီပြီး နှစ်စဉ်ရရှိနေတယ်လို့ ထောက်ပြထားပါတယ်။


ဓာတ်ပုံ - မင်းအောင်လှိုင်မိသားစု စီးပွားရေးအတွက် တပ်သိမ်းမြေ ၁၀ ဧကကို ဆေးရုံဆောက်လုပ်ခဲ့တာပါ။ တန်ကြေးကကန်ဒေါ်လာ ၁၀၅ သန်းတန်ကြေးရှိပါတယ်။

#SpringReovlution

#PVTV 

#PVTVNews

#PVTV ရဲ့ သတင်းများကို Telegram Channel - https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။


ဆက်ဖတ်ရန် →

လာမည့်နှစ် ၇၅ နှစ်မြောက်လွတ်လပ်ရေးနေ့ကို ဗိုလ်ရှုသဘင်ထက်ပိုပြီးကြီးကျယ်ခမ်းနားအောင်လုပ်မယ်လို့ ဒု-စစ်ခေါင်းဆောင် စိုးဝင်း ပြော



ဧရာဝတီတိုင်းမ် မတ်လ ၂ ရက်


၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ရက်မှာကျရောက်မည့် ၇၅ နှစ် မြောက်လွတ်လပ်ရေးနေ့ကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက်နေ့ကျင်းပခဲ့တဲ့ဗိုလ်ရှုသဘင်ထက် ပိုမို ကြီးကျယ်ခမ်းနားကောင်းမွန်အောင်လုပ်ဆောင်မည်ဟု အာဏာ သိမ်းဒု-စစ်ခေါင်းဆောင် စိုးဝင်းက ပြောကြားကြောင်း စစ်ကောင်စီဝါဒဖြန့် မီဒီယာများက ထုတ်ပြန်သည်။


ယမန်နေ့မတ်လ ၁ ရက်တွင်ပြုလုပ်သည့် စစ်ကောင် စီ ၏ဗိုလ်ရှုသဘင်ကျင်းပနိုင်ခဲ့မှုနှင့်ပတ်သက်သည့်အစည်းအဝေးတွင် ဒု -စစ်ခေါင်းဆောင်က ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


'' ၇၅ နှစ်မြောက်ပြည်ထောင်စုနေ့ အခမ်းအနားကိုကျင်းပနိုင်ခဲ့သော်လည်း အားသာချက်၊အားနည်းချက်များရှိကြောင်း၊ အားသာချက်များကိုပေါင်းစပ်ပြီး အား နည်းချက်များကိုပြုပြင်ဆောင်ရွက်ကာ ၇၅ နှစ်မြောက်လွတ် လပ်ရေးနေ့ကို ပိုမိုကြီး ကျယ်ခမ်းနားတဲ့စစ်ရေးပြမှုများ၊ ပြကွင်းပြကွက်များ ခင်းကျင်းပြသမှုများနဲ့  ပြုလုပ်မည်'' ဟု ပြောကြားခဲ့ကြောင်း သိရသည်။


ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့ ဗိုလ်ရှုသဘင်ကို ဒု-စစ်ခေါင်းဆောင်စိုးဝင်း ဦးဆောင်ပြင် ဆင်ကာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဗိုလ်ရှုအလေးပြုခံဦးဆောင်ကျင်းပခဲ့ပြီး အဆိုပါဗိုလ်ရှုသဘင် ၏ အခမ်းအနားအသုံးစားရိတ်မှာ ကျပ်သိန်းပေါင်း သောင်းနှင့်ချီကုန်ကျမှုရှိခဲ့ကြောင်း သိရသည်။


#AyeyarwaddyTimes


ဆက်ဖတ်ရန် →

​ရုရှား၏ အခြားတစ်ဖက်



ပူတင်က ရုရှားစစ်တပ်ကို ၁၉၉၈ နောက်ပိုင်း စစ်အင်အားတည်ဆောက်လာခဲ့ပြီး ရုရှားစီးပွါးရေးကိုလဲ အမေရိကန်နဲ့ အဆင်ပြေအောင်ပေါင်းပြီး တိုးတက်အောင်လုပ်ခဲ့ပါတယ်။ ယခုအမေရိကန်ကို စအာခံပါပြီ။ ဒါရဲ့ နောက်ဆက်တွဲအနေနဲ့ မြန်မာပြည်ကို ဘယ်လိုရိုက်ခတ်နိုင်လဲ လေ့လာကြည့်ရအောင်။


နိုင်ငံရေး

~~~~~~

မအလဟာ ပူတင်ကိုထောက်ခံပြပြီး သူ့ရဲ့ အာဏာတည်မြဲရေးကို ပူတင်နဲ့ဆက်လိုက်တာတွေ့ရပါတယ်။ သူ့သေတွင်းသူတူးသွားတာပါ။ ဒါရဲ့အခြားတစ်ဖက်မှာ အမေရိကန်ရဲ့ ရန်သူဟာ ရုရှားနဲ့တရုတ်ဖြစ်လာနေလို့ သူကရုရှားတပည့်ခံခြင်းဖြင့် အမေရိကန်က နိုင်ငံရေးအရ NUG ကို ထောက်ခံရမှာဖြစ်ပြီး ပူတင့်ထံက မအလလက်နက်ရနေတာကို အမေရိကန်ကို ထောက်ပြပြီး ပူတင့်တပည့်ကို တိုက်ခိုက်ဖြုတ်ချနိုင်အောင် လက်နက်တောင်းရတာ ယခင်ကထက် ပိုနီးစပ်လာနိုင်ပါတယ်။ နောက်ရုရှားဟာ ဒီစစ်ပွဲကို ရက်ပိုင်းအတွင်း အနိုင်လို့ တွက်ခဲ့ပုံပါ။ ယခု ယူကရိန်းက ခံစစ်ကောင်းနေလို့ အမြန်နိုင်ဖို့မလွယ်သလို မြို့တွေကိုသိမ်းနိုင်ခဲ့ရင်တောင် ယူကရိန်းက ပြောက်ကျားစနစ်နဲ့ဆက်တိုက်ခဲ့ရင် အမေရိကန် အာဖဂန်နဲ့ အီရတ်မှာ ခံရသလို ရုရှားတပ်လဲ အသေများလာမှာပါ။ ဒါဆိုရင် သူ့ပြည်သူက အသံထွက်လာမှာပါ။ 


စီးပွါးရေး

~~~~~~

ယခုတောင်ရုရှားစီးပွါးရေးကျပြီး ငွေထုတ်စက်တွေမှာ မြန်မာပြည်ကလို စတန်းစီနေပါပြီ။ ရုရှားငွေတန်ဖိုးလဲ ကျနေသလို စတော့စျေးကွက် Stock လဲ ပြုတ်ကျလို့ ပိတ်ထားရပါတယ်။ နောက်စစ်ပွဲအတွက်အကုန်အကျများပြီး စီးပွါးကျလာနိုင်ပါတယ်။ နောက်ရုရှားပို့ကုန်ကို ရေနံနဲ့ သဘာဝဓာတ်ငွေ့ကအစ လိုက်ပိတ်နေပါပြီ။ လေယဉ်တောင် သူတို့လေပိုင်နက်ထဲ အဝင်မခံတော့ပါ။ ဒါကြောင့်ရုရှားရဲ့ဝင်ငွေကျပြီး ထွက်ငွေကများလာမှာပါ။ ရုရှားကလက်နက်ရောင်းပြီး ငွေရှာပေမယ့် သူ့ထံကဝယ်သူအများစုက မအလလိုခွက်သမားတွေ အများစုပါ။ စီးပွါးရေးကျရင် သူ့ပြည်သူက ဆူမှာပါ။ ရုရှားမှာ လူသန်းချီဆန္ဒပြရင် ရုရှားစစ်တပ်က မပစ်ဖို့များပါတယ်။ ဒါကပူတင်ပြုတ်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။


မြန်မာပြည်အတွက်က မအလဟာ ထင်ထင်ရှားရှားပူတင်ကိုထောက်ခံပြလို့ အမေရိကန်က NUG ကို လက်နက်ထောက်ပံ့ဖို့အထိ စဉ်းစားသွားစေမှာပါ။ ရုရှားက စီးပွါးရေးကျလို့ မအလကို စီးပွါးရေးအရ ကူညီဖို့က မဖြစ်နိုင်ပါ။ ပူတင်က ယူကရိန်းစစ်ပွဲထဲမှာ အမေရိကန် အီရတ်နဲ့ အာဖဂန်မှာလို ပိတ်မိသွားခဲ့ရင် အခြားကမ္ဘာ့အရေးမှာ လူစွာလုပ်ဖို့ ခက်သွားမှာပါ။ ရုရှား စီးပွါးရေးကျလို့ ပူတင်ပြုတ်ခဲ့ရင် ပူတင်ကထောက်ခံလို့ ရှင်သန်နေရသူတွေလဲ ထိမှာပါ။


အမှန်က မြန်မာပြည်ရဲ့ နိုင်ငံခြားရေးမူဝါဒက ကြားနေမိုလို့ ဘာမှမပြောရင် ဘာမှမဖြစ်နိုင်ပေမယ့် မအလအာခြောင်လို့ သူ့ကို ပူတင်လူလို့ ထင်သွားစေပါတယ်။


ယခုအပေါ်မှာတင်ပြတာက ရုရှားကြောင့် စာရေးသူတို့အပေါ်ဘာတွေရိုက်ခတ်လာနိုင်လဲဆိုတာပါ။ ဒါပေမယ့် စာရေးသူတို့ ဒီမိုတွေအားလုံးသိထားရမှာက ယူကရိန်းကို အမြောက်ဖျက်လက်နက်တွေ ထောက်ပံ့ပေမယ့် စာရေးသူတို့ရဲ့ PDF ကို အမေရိကန်နဲ့ အနောက်အုပ်စုက ဘာမှမထောက်ပံ့သေးဘူးဆိုတာပါ။ ဒါ့အပြင် စာရေးသူတို့စစ်ကိုင်း၊ ချင်းမှာ ပြေးနေရတဲ့ ဒုက္ခသည်တွေအတွက် ဘီဘီစီမှာ နေ့စဉ်ယူကရိန်းလိုမပါနေသလို ထောက်ပံ့မနေပါ။ ဒါကြောင့် စာရေးသူတို့အနေနဲ့က NUG အစိုးရရဲ့ ငွေတိုက်စာချုပ်ကိုဝယ်ပါ၊ တော်လှန်ရေးမိသာစု PRF ဝင်ပြီး လစဉ်ထောက်ပံ့ပါ၊ ထီထိုးပါ။ လိုင်းပေါ်တက်နိုင်ရင် clicktodonate ကိုနှိပ်ပါ။ ယူကရိန်းကတောင် စစ်တိုက်ဖို့ NUG လို ငွေတိုက်စာချုပ်ရောင်းနေပါပြီ။ စာရေးသူတို့ ပြည်သူအချင်းချင်းကသာ ကူရမှာပါ။ စာရေးသူတို့ မြန်မာလိုတွေးပြီး အနောက်မမျှော်ဘဲ မြန်မာလို မအလတပ်ကိုပြန်တိုက်ရင် လုံးဝမုချနိုင်မှာပါ။


https://www.myattunoo.com

..

Myat Tun Oo

..


ဆက်ဖတ်ရန် →

ပူတင်က ဘဏ္ဍာရေးတည်ငြိမ်မှု ရှိစေရေး အစီအမံများနှင့်ပတ်သက်သည့် အမိန့်အား လက်မှတ်ရေးထိုး


မော်စကို ၊ မတ် ၂ ရက်(ဆင်ဟွာ) 


ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင်က နိုင်ငံ၏ ဘဏ္ဍာရေးတည်ငြိမ်မှု ရှိစေရေး ယာယီစီးပွားရေးအစီအမံများအား အသုံးပြုရန် စတင်သည့် အမိန့်ဒီဂရီတစ်ရပ်အား လက်မှတ်ရေးထိုးခဲ့ကြောင်း ကရင်မလင်က မတ် ၁ ရက်တွင် ကြေညာခဲ့သည်။ 


အမေရိကန်နိုင်ငံ ၊ အခြားနိုင်ငံများ နှင့် နိုင်ငံတကာအဖွဲ့အစည်းများက ရုရှားဆန့်ကျင်ရေး ဒဏ်ခတ်အရေးယူခြင်းများအား တုံ့ပြန်ရာတွင် အဆိုပါအစီအမံများကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အမိန့်ဒီဂရီတွင် ဖော်ပြထားသည်။ 


ယင်းအစီအမံများအနက် ရုရှားနိုင်ငံသည် မတ် ၂ ရက်မှစတင်၍ အမေရိကန်ဒေါ်လာ ၁၀,၀၀၀ နှင့် ညီမျှသည့် ပမာဏထက် ကျော်လွန်ရာတွင် နိုင်ငံခြားငွေကြေးစီးဆင်းမှုအား ပိတ်ပင်သွားမည် ဖြစ်ကြောင်း သိရသည်။ 


မတ် ၂ ရက်မှ စတင်သက်ရောက်မည့် ချေးငွေများ ၊ အိမ်ခြံမြေ နှင့် အစုရှယ်ယာလက်မှတ် အရောင်းအဝယ်များနှင့် ပတ်သက်သည့် ကန့်သတ်ချက်များအား ရုရှားဆန့်ကျင်ရေးလုပ်ရပ်များအား လုပ်ဆောင်သည့် နိုင်ငံများနှင့် ဆက်စပ်သည့် နိုင်ငံခြားသားများအပေါ်တွင် ချမှတ်သွားမည် ဖြစ်ကြောင်း သိရသည်။ 

ဖေဖော်ဝါရီ ၂၈ ရက်တွင် ရုရှားနိုင်ငံသမ္မတ ပူတင်သည် ယူကရိန်းနိုင်ငံ၌ ရုရှားနိုင်ငံ၏ အထူးစစ်ဆင်ရေး ပြုလုပ်နေချိန်တွင် အနောက်နိုင်ငံများ၏ ဒဏ်ခတ်အရေးယူမှုလှိုင်းသစ်၏ သက်ရောက်မှုအား ကာကွယ်တားဆီးရန် “အထူးစီးပွားရေးအစီအမံများ”အား အသုံးပြုရန် စတင်သည့် အမိန့်ဒီဂရီတစ်ရပ်အား လက်မှတ်ရေးထိုးခဲ့ကြောင်းလည်း သိရသည်။ 


(Xinhua) 

COPY @China Xinhua News

ကျော်စွာမြင့်


ဆက်ဖတ်ရန် →

ရုရှားရဲ့ကျူးကျော်စစ်ကို မြန်မာနဲ့ အာဖဂန် ကုလကိုယ်စားလှယ်တွေ ကန့်ကွက်မည်

​



■ ယူကရိန်းနိုင်ငံကို ရုရှားက ကျူးကျော်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ပြစ်တင်ရှုတ်ချရေး ကုလသမဂ္ဂအထွေထွေညီလာခံက ဆုံးဖြတ်ချက်ချဖို့ မဲပေးမှုမှာ မြန်မာနဲ့အာဖဂန်နစ္စတန် နိုင်ငံတွေကလည်းပါဝင်မယ်လို့ သံတမန်တွေရဲ့ပြောဆိုချက်ကို ကိုးကားပြီး AFP သတင်းမှာ မနေ့ကဖော်ပြပါတယ်။ 


အာဖဂန်နိုင်ငံမှာ တာလီဘန်တွေက အုပ်စိုးနေပြီး မြန်မာပြည်မှာက စစ်တပ်က အာဏာသိမ်းအုပ်ချုပ်နေတာပါ။ ဒါပေမဲ့ ကုလသမဂ္ဂမှာတော့ အရင်အစိုးရလက်ထက်က တာဝန်ယူခဲ့တဲ့ သံအမတ်တွေကပဲ ဆက်ပြီးနေရာယူထားပါတယ်။ ဒီသံအမတ်တွေက ရုရှားရဲ့ကျူးကျော်စစ်ကို ကန့်ကွက်ကြမယ့် သဘောပါ။ 


မြန်မာစစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ယူကရိန်းကို ရုရှားကဝင်တိုက်တာဟာ ရုရှားရဲ့အချုပ်အခြာအာဏာတည်မြဲဖို့ လုပ်တာလို့ RFA ကိုပြောထားပါတယ်။ 


မြန်မာနိုင်ငံအနေနဲ့ ရုရှားကိုကန့်ကွက်ရေးမဲထည့်မယ့် ကိစ္စ ဟုတ် မဟုတ်သိနိုင်ဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။ ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်ဟာ မလိုက်နာရင်လည်းရတဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်။ 


လုံခြုံရေးကောင်စီကလည်း အတည်ပြုမယ့် ပုံ မပေါ်ပါဘူး။ ဒါပေမဲ့ ရုရှားရဲ့ကျူးကျော်မှုကို အပြင်းအထန်ဝိုင်းကန့်ကွက်ကြရင် ကမ္ဘာ့အလယ်မှာ ရုရှားက အပယ်ခံ အထီးကျန် နိုင်ငံအဖြစ် ထင်ရှားနေလိမ့်မယ်လို့ AFP သတင်းမှာဖေါ်ပြထားပါတယ်။

Photo: AFP

(၂ဝ၂၂ ခုနှစ် မတ်လ ၁ ရက်နေ့က နယူးယောက်မြို့တွင် ရုရှား-ယူကရိန်းအရေး ကုလသမဂ္ဂအထူးအစည်းအဝေးပွဲ ကျင်းပစဉ်။)

..

RFA


..

ဆက်ဖတ်ရန် →

​ယူကရိန်း ကို ရုရှ ဘာလို့တိုက်?



သမိုင်းပညာရှင်ဒေါက်တာသန်းထွန်းကို မေးတယ်။ သမိုင်းကိုဘာလို့သင်တာလဲ? ဆိုတော့ “မအ အောင်”  လို့ ပြန်ဖြေတယ်။ 


ယူကရိန်းကို ရုရှ ဘာလို့ဝင်တိုက်တာလဲ?အလွယ်ဆုံးရှင်းကြည့်ရအောင်။ အစက ကိုယ်လည်းမသိဘူး၊ယေဘုယပဲ။  အခုမှ presentation တခုကြည့်မိလို့၊ သမိုင်းကို ချုံ့ရေးရင် အမှားများတတ်တယ် တဲ့၊ ခွင့်လွှတ်ပါ။ ကိုယ်ပိုင်သမိုင်းနားလည်တာမဟုတ်၊ ဖတ်မှတ်ထားတဲ့အာဘော်တွေသာဖြစ်ပါတယ်။ 


၁၉၉၀ ခုနှစ်မတိုင်ခင်က ယူကရိန်း  နဲ့ ရုရှ က ကွန်မြူနစ် ဆိုဗီယက် ယူနီယံထဲက နိုင်ငံတွေ ဖြစ်တယ်။ တနိုင်ငံထဲ ဆိုကြပါစို့။ သူတို့တွေ ပြောဆိုတဲ့ စကားအလွန်တူတယ်၊ ရခိုင် နဲ့ ဗမာလို ပေါ့။ 


၁၉၉၀ မှာ ဆိုဗီယက်ပြည်ထောင်စုကြီး ပြိုကွဲသွားတယ်။ ယူကရိန်း နဲ့ ရုရှ ကသီးခြားနိုင်ငံဖြစ်လာကြရော၊ ရုရှက ဧရိယာသိပ်ကြီးတယ်၊ ကမ္ဘာ့အကြီးဆုံးနိုင်ငံ။  ယူကရိန်း က မြန်မာနိုင်ငံလောက်ရှိတဲ့ နိုင်ငံဖြစ်လာတယ်။ 


ရုရှ နဲ့ ယူကရိန်း က ဥရောပတိုက်နဲ့ အာရှတိုက်… တိုက်၂ တိုက် ဆုံတဲ့နေရာမှာ ရှိကြတယ်။ ရုရှ က ဧရိယာသိပ်ကြီးတော့ အာရှတိုက်ရော ဥရောပထဲပါ  ပါတယ်။ ယူကရိန်းက အနောက်ဖက်ပိုင်း ကျတော့ ဥရောပထဲမှာ။ 


ရုရှက ဥရောပနိုင်ငံတွေကို ရေနံ နဲ့ သဘာဝဓါတ်ငွေ့ရောင်းတာ ပိုက်ဆံအလွန်ရတယ်။ တနှစ် ဒေါ်လာ ဘီလီယံ တရာကျော်ရတယ်။ ရုရှ က နိုင်ငံကလည်းကျယ်တော့ ရေနံ နဲ့သဘာဝဓါတ်ငွေ့သိုက်တွေအများကြီးပဲ၊ ဆော်ဒီအာရေဗျ ထက် ရေနံ ပိုထုတ်နိုင်တယ်။ ရုရှ အဓိကဝင်ငွေက ရေနံ နဲ့ သဘာဝဓါတ်ငွေ့။ ရုရှကနေ  ဥရောပ တတိုက်လုံးကို ရောင်းတဲ့ရေနံ နဲ့ သဘာဝ ပိုက်လိုင်းတချို့ က ယူကရိန်း ကို ဖြတ်သွားရတယ်၊ အယင် နိုင်ငံတူတုန်းက ပြဿနာမရှိဘူး၊ ၁၉၉၀ နောက်ပိုင်း နှစ်နိုင်ငံ ဖြစ်လာတော့ ယူကရိန်းက ပိုက်လိုင်းဖြတ်ခတောင်းတယ်။ ရုရှက ယူကရိန်းကို တနှစ် ဘီလီယံ နဲ့ ချီပေးရမယ်။ ပူတင်က နှစ်ပေါင်းများစွာ ပေးရင် အများကြီးပေးရမှာဆိုတော့ အဲ့လောက် မပေးချင်ဘူး၊ စျေးလျော့ဖို့ညှိတယ်၊ ယူကရိန်းကလည်း သူ့နိုင်ငံသစ် ထူထောင်ခါစ ဆိုတော့ မွဲတယ်၊ ငွေလိုတယ်၊ ညှိမရဘူး၊ ပူတင်က အဲ့လောက် မပေးချင်တော့ ယူကရိန်းကို ကွေ့ပြီး ပိုက်လိုင်းအသစ်တွေ ကွေ့ပတ် ဖေါက်ရရော။ ခွဲမစားချင်တဲ့ ပူတင်တင်းတယ်။ အဲ့ဒါ ပြဿနာတချက်။ 


အမေရိကန်ဦးဆောင်တဲ့ နေတိုး လို့ခေါ်တဲ့ ဥရောပ အုပ်စု က ရုရှ ကို စစ်တိုက်မယ်ဆိုရင် ကြည်းတပ်ဟာ ယူကရိန်းဘက်က တဆင့် ရုရှ ကို ဝင်လာနိုင်တယ်။ ကျန်တဲ့ အပေါက်တွေကနေ ရုရှ ကို ဝင်ဖို့မလွယ်ဘူး။ ရုရှ က ယူကရိန်း အပေါက်ကနေဝင်လာမှာ ကြောက်တယ်။ 


၂၀၁၀ မှာ ယူကရိန်းဟာ ယူကရိန်း-ရုရှနယ်စပ် အရှေ့ဖက်၊ ဒွန်းညက်စ် မှာတခု၊ အနောက်ဖက် ကာပေးသီးယန်းစ် မှာ တခု ဓါတ်ငွေ့သိုက်တွေ့တယ်၊ တခါ ၂၀၁၂ မှာ ယူကရိန်းနိုင်ငံ ခရိုင်မီးယား ကမ်းရိုးတန်းမှာ သဘာဝ ဓါတ်ငွေ့ ၂ ထရီလီယံကုဗပေ လောက်ရှိတဲ့ဓါတ်ငွေ့သိုက်ကြီး တွေ့တယ်၊ အဲ့ဒီ ဓါတ်ငွေ့သိုက်တွေတူးနိုင်ရင် ယူကရိန်းအဆင်ပြေပြီ။ ဥရောပနိုင်ငံတွေက ရုရှဆီက မဝယ်ပဲ ယူကရိန်းဆီက ပြောင်းဝယ်နိုင်တယ်။ 


ပူတင် ဟာ ဥရောပ ရဲ့ရေနံ နဲ့ သဘာဝ ဓါတ်ငွေ့ ကို ချုပ်ကိုင်ပြီး နေတိုးကို နိုင်ငံရေး ကစားချင်တယ်။ ယူကရိန်းက သဘာဝဓါတ်ငွေ့သိုက် တွေက သူ့ပါဝါ ကျသွားနိုင်လောက်အောင် ခြိမ်းခြောက်လာနိုင်တယ်။ 


၂၀၁၂ တုန်းက ယူကရိန်းသမ္မတ ဗစ်တာ ယာနိုကိုဗစ် က ပူတင် နဲ့ အဆင်ပြေတယ်။ ရုရှဖက်ပါတယ်။ ၂၀၁၄ မှာ ပူတင်ဘက်ယိမ်းတဲ့ ယူကရိန်းသမ္မတ ကို ဒီမိုကရေစီ နဲ့ ဥရောပဘက် ယီမ်းတဲ့ ဆန္ဒပြတဲ့လူတွေက ဆန္ဒပြလိုက်တာ သမ္မတ ယာနိုကိုဗစ် ရုရှ ကိုထွက်ပြေးရတယ်၊ 


ပူတင် က သူ့လူပြုတ်ကျတာနဲ့ လက်သွက်တယ်၊ ယူကရိန်းဆန္ဒပြပွဲမပြီးခင် ယူကရိန်းပိုင် ခရိုင်မီးယားဒေသ ကို တက်သိမ်းပစ်တယ်၊ ခရိုင်မီးယားမှာ သူ့ရေတပ်ရှိလို့၊ ရုရှလူမျိုးတွေ အများစုနေလို့ ၊ သမိုင်းမှာ ခရိုင်မီးယားဟာရုရှ မြေ ဖြစ်ခဲ့လို့ ဘာညာ အကြောင်းပြပြီး လူ ၂ သန်းလောက်နေတဲ့ ယူကရိန်းပိုင်ခရိုင်မီးယား ကို ဒီနေ့အထိပြန်မပေးဘူး။ 


အဓိက က ခရိုင်မီးယား ရေနံသိုက် ကို ယူကရိန်းက မတူးနိုင်ခင် လက်ဦးမှုယူ ပစ်လိုက်တာ လို့စွပ်စွဲကြတယ်။  နောက် ဓါတ်ငွေ့သိုက်တခု တွေ့ထားတဲ့ ဒွန်းညပ်စ်မှာလည်း ရုရှမျိုးနွယ်စု သူပုန် ကို မွေးပြီး တိုင်းရင်းသား လက်နက်ကိုင်အဖြစ် ရုရှဟာ ယူကရိန်းနယ်ထဲ မီးထိုးနေတယ် လို့ ယူကရိန်းက အော်တယ်။ 


အဲ့ဒီနောက် ယူကရိန်း-ရုရှ နယ်စပ်မှာ ရုရှကို ထောက်ခံတဲ့ သူပုန်နယ်မြေတွေ ဖြစ်လာတယ်။ ယူကရိန်းက သဘာဝဓါတ်ငွေ့သိုက်တွေ တူးမယ့်ကုမ္ပဏီတွေလည်း ပူတင်ခြောက်ထားလို့ လာမတူးရဲကြတော့ဘူး။ 


၂၀၁၄ မှာ ပူတင်က အဲ့လိုတွေလုပ်တော့ ယူကရိန်း တွေက ဥရောပ ဘက် ပို ယိမ်းသွားတယ်။ ၂၀၁၄ နောက်သမ္မတတွေက ရုရှ ကို ဆန့်ကျင်သူတွေ ဖြစ်လာတယ်။ ယူကရိန်းတွေက ပူတင့်ကိုကြောက်လာတယ်၊ ပူတင်က ယူကရိန်းကို တဖြေးဖြေးဖဲ့ယူမသွားမှာစိုးပြီး နေတိုးထဲဝင်ချင်တဲ့ စိတ်ဖက် ပိုခိုင်မာလာတယ်။ ပူတင်ကလည်း မင်းတို့ဝင်ရဲ ဝင်ကြည့်… ငါက ဝင်တိုက်မှာ… ဘာညာ နဲ့ အခုတော့ ချကြလေရော။ 


ပူတင် ကလည်း နိုင်ငံတွေမှာ စစ်ပွဲတွေနဲ့ အရမ်းကစားတယ်၊ နေတိုးကလည်း ပူတင့်ကိုလန့်လို့ စစ်ရေး အပေါက်တွေ ပိတ်ဖို့ကြိုးစားတယ်။ နယ်မြေ နဲ့ ရေနံကလည်း ပူတင့်အာဏာ အတွက် အရေးအကြီးဆုံး ပစ္စည်း။ 


တိုတိုရေးရရင်တော့ အဲ့ဒီက စတာပဲ။


ရခိုင်၊ ကချင်၊ ဝ၊ တရုတ်၊ EAO တွေ  ဓါတ်ငွေ့ပိုက်လိုင်းတွေ geopolitics တွေလည်း မိုးပြိုခဲ့သည်ရှိသော်နဲ့ ကြိုပြီး ဆက်စပ်ကြည့်ပေါ့။ သတိ ပိုတယ်မရှိ။

ကျော်စွာမင်း

ဆက်ဖတ်ရန် →

အနုပညာရှင်တချို့လွတ်မယ်

​ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ လူမင်း၊ ပိုင်တံခွန်၊ ဒါရိုက်တာဝိုင်းနဲ့ မဝင်းမင်းသန်းတို့ကို ဒီနေ့လွှတ်ပေးမယ်လို့ဗိုလ်ချုပ် ဇော်မင်းထွန်းပြော 


ပုဒ်မ ၅၀၅-က နဲ့ထောင်ဒဏ်သုံးနှစ်စီ ချမှတ်ခံထားရတဲ့ အကယ်ဒမီ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ သရုပ်ဆောင်လူမင်း၊ ပိုင်တံခွန်၊ မဝင်းမင်းသန်းနဲ့ မကြာသေးခင်က ဖမ်းဆီးခံထားရတဲ့ ဒါရိုက်တာဝိုင်းတို့ကို ဒီနေ့မတ်လ ၂ မှာ လွှတ်ပေးမယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီကိုပြောပါတယ်။ 


ဘာအထိမ်းအမှတ်မှမရှိဘဲ ဒီတိုင်းလွှတ်ပေးတာဖြစ်ပြီး  ဘာကြောင့် လွှတ်တယ်ဆိုတာ အသေးစိတ်မပြောဘဲလွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တယ်လို့ သူက ပြောပါတယ်။ 


ဒီနေ့လွှတ်ပေးမယ့်သူတွေထဲမှာမလေးရှားနိုင်ငံသားတစ်ဦးလည်း ပါဝင်တယ်လို့ သူက ဆက်ပြောပါတယ်။ 


အခုလွှတ်ပေးမယ့်အထဲမှာ အဆိုတော်ပိုပိုနဲ့ ရဲတိုက်တို့ပါဝင်ခြင်းမရှိတာကိုတွေ့ရပါတယ်။ 


အဆိုတော်ပိုပိုဟာလည်း ပုဒ်မ ၅၀၅-က နဲ့ထောင်ဒဏ်သုံးနှစ် စစ်ကောင်စီကချမှတ်ထားပြီး သရုပ်ဆောင်ရဲတိုက်ကလည်း နောက်ထပ်အမှုတစ်ခုနဲ့ထပ်မံရင်ဆိုင်နေရတာဖြစ်ပါတယ်။ 


ဒီသတင်းအပါအဝင်နောက်ဆုံးရသတင်းများတိုက်ရိုက်တင်ဆက်မှု https://www.bbc.com/burmese/live/burma-60389755


ဓာတ်ပုံများ-Social media, Amazing Grace, Pai Tagon Fan club


ဆက်ဖတ်ရန် →

နယ်စပ်ကုန်သွယ်မှုဝါဒပြောင်းလဲခြင်း”


     ပြီးခဲ့တဲ့သောကြာနေ့(၂၅-၂-၂၀၂၂)ရက်နေ့ကနယ်စပ်ကုန်သွယ်ရေးစနစ်စတင်ပြောင်းလဲခဲ့ပြီးကုန်သည်များ အခက်အခဲတွေ့ရှိနေရကြောင်း ၊ တစ်ဘက်နိုင်ငံမှ ပြည်တွင်းသို့ပစ္စည်းတင်ပို့လိုပါက မြဝတီဘဏ်နှင့်မြန်မာ့စီးပွာရေးဘဏ်တို့တွင် နိုင်ငံခြားဘဏ်အကောင့်စာရင်းဖွင့်ရမည်ဖြစ်ပြီး စာရင်းဖွင့်ရသည့်အခါတွင်လဲ ဥပမာ.. တရုပ်ယွမ် ၁ ယွမ်ပြင်ပပေါက်စျေး၃၁၀ ကျပ်ရှိရင် ဘဏ်မှလက်ခံငွေစျေးသတ်မှတ်ချက်အရ ၂၈၀ကျပ်ဖြင့်ဖွင့်ပေးကြောင်း ၊ တင်ပို့သည့်ပစ္စည်းအမျိုးအမည်အရေအတွက်အားလုံးကိုလဲ ဘဏ်မှဖြတ်ပေးသည့်စျေးနှုန်းအတိုင်းပစ္စည်းတန်ဘိုးသတ်မှတ်ကြောင်း။

           အကယ်၍ ပစ္စည်းတင်ပို့ရန်လျောက်ထားလာပါက လျှောက်ထားသည့်ကုမ္ပဏီအနေဖြင့် ပစ္စည်းဝယ်ယူထားသည့် ဘောက်ချာ နှင့် သတ်မှတ်ထားသည့် ဘဏ်မှငွေ လွဲပြေစာများကိုပြသရမည်ဖြစ်ကြောင်း

Import တင်သွင်းလိုသည့် ပစ္စည်းများကိုလဲ ၎င်းကဲ့သို့ဝယ်ယူဘောက်ချာနှင့် ဘဏ်ငွေလွဲပြေစာများတင်ပြကြရကြောင်း (မှတ်ချက်-အောက်ငွေလွဲ့နှင့်မရ)။

          အထက်ပါမူဝါဒပြောင်းလဲသတ်မှတ်ချက်များကြောင့် တစ်ဘက်နိုင်ငံမှ ပစ္စည်းဝယ်ယူရာတွင် အောက်လွဲဖြင့်ငွေကြိုလွဲမှ ကုန်ဝယ်ဘောက်ချာရကြကြောင်း၊ ငွေကြိုတင်မလွဲဘဲ တစ်ဘက်မှမည်သည့်ပစ္စည်းများကြိုတင်မပို့ကြောင်း၊ Export အဖြစ်တင်ပို့ရောင်းချရာ၌လည်း နိုင်ငံခြားငွေကာလပေါက်စျေးအတိုင်းတန်ဘိုးမရဖြစ်နေရကြောင်း၊ မြဝတီဘဏ်နှင့်မြန်မာ့စီးပွားရေးဘဏ်များမှာလဲ အကောင့်ဖွင့်ရာတွင်၎င်းတို့သတ်မှတ်စျေးအတိုင်းငွေစျေးဖြတ်ပြီး နိုင်ငံခြားငွေများကိုတော့ ၎င်းတို့စျေးအတိုင်းပြင်ပသို့ ပြန်လည်ရောင်းချပေးခြင်းမရှိခြင်တို့ကြောင့် ပြီးခဲ့သည့်သောကြာနေ့ကထဲက ယနေ့အချိန်အထိ တရုပ်ပြည်ကျင်ဆန်းကျော့ဂိတ်မှ မြန်မာပြည်တွင်းသို့တင်သွင်းလာမည့် ကုန်တင်ကားကြီးများ (A)ဇုံစစ်ဆေးရေးဂိတ်တွင် ရှေ့မတိုးနိုင်ဖြစ်နေပြီးပိတ်မိနေကြကြောင်း မူဆယ်နယ်စပ် မိတ်ဆွေကုန်သည်တစ်ဦးမှပြောကြားချက်အရ သိရှိရပါသည်။

                                                   ကိုစိုး

                                                (အမိမြေ)


ဆက်ဖတ်ရန် →

အာဏာသိမ်းစစ်တပ်၏ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွင် ဗုဒ္ဓဘာသာဘုန်းကြီးအချို့ သင်္ကန်းဝတ်ဖြင့် လက်နက်ကိုင်

​

https://t.me/TachileikNewsAgency/22185 

* * * *  *


စစ်ကိုင်းတိုင်း၊တန့်ဆည်မြို့နယ်အတွင်း အာဏာသိမ်းတပ်လက်အောက်ခံ ပြည်သူ့စစ်အဖြစ် လက်နက်ကိုင်ထားသည့် ဗုဒ္ဓဘာသာဘုန်းကြီးအချို့ကို အာဏာသိမ်းတပ်ဖွဲ့ဝင်များနှင့်အတူ ကျေးရွာတွင်း ဝင်လာသည့် မှတ်တမ်းများ လူမှုကွန်ယက်တွင် ပျံ့နှံ့နေသည်ကို တွေ့ရသည်။


အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ပြည်သူများအား အကြမ်းဖက်နှိမ်နှင်းနေသည့် အာဏာသိမ်းစစ်တပ်က လက်အောက်ခံ ပြည်သူ့စစ်များကို နေရာအနှံ့အပြားတွင် တတ်နိုင်သမျှ အင်အားစု၍ ဖွဲ့စည်းနေသည်ကို တွေ့ရသည်။


#TachileikNewsAgency


ဆက်ဖတ်ရန် →

အယ်ရို ဖလုတ် လေကြောင်း လိုင်း ဒေါ်သန်း ထောင် နဲ့ ချီ ဆုံးရှုံး မှု တွေဖြစ်

​♦ရုရှားနိုင်ငံနဲ့ လူထု တွေ ယူကရိန်းနိုင်ငံ က အစိုးရနဲ့

လူထုတွေ လောက်နီးပါး ဒုက္ခ ကြုံတွေ့ရလိမ့်မယ်!

သင်ပြုသည့်ကံပဲ့တင်သံ သင့်ထံပြန်လာပြီ "ပူတင်🧐

--------------------------------


အယ်ရို ဖလုတ် လေကြောင်း လိုင်း ဒေါ်သန်း ထောင် နဲ့ ချီ ဆုံးရှုံး မှု တွေဖြစ် ဘဏ်လုပ်ငန်း တွေ ဘီလျှံ နဲ့ ချီ အငွေ့ပျံ 


Aeroflot ဆိုတာရုရှားနိုင်ငံရဲ့အကြီးဆုံးလေကြောင်း  လိုင်း တစ်ခု ဖြစ်ပါတယ် ၁၉၂၃ ခုနှစ်ကတည်း က စတင် ခဲ့လို့ကမ္ဘာ့သက်တမ်းအရှည်ဆုံး လေကြောင်း လိုင်းတစ်ခုလည်း ဖြစ်ပါတယ်။


ကုမ္ပဏီကပိုင်ဆိုင် တဲ့လေယာဉ်အစီးပေါင်းထောင် ချီရှိကာနိုင်ငံပေါင်း ၁၀၀ ကျော်ကိုတိုက်ရိုက် လေ ကြောင်း လိုင်း တွေ ရှိပါတယ်။


ရုရှား ရဲ့ ယူကရိန်း ကို ကျူးကျော် စစ်ကြောင့် 

အမေရိကန် ဥရောပ ကနေဒါ နဲ့ သြစတေးလျှ တို့ က အယ်ရိဖလုတ်လေကြောင်း လိုင်း သူတို့ နိုင်ငံအပေါ် ဖြတ် ပျံသန်း ခွင့် နဲ့ ခရီး စဉ် တွေကို ပိတ်ပင် လိုက် တာမှာ အယ်ရိုဖလုတ်အတွက်ဒေါ်လာ သန်း ထောင် နဲ့ချီပြီး ဆုံးရှုံး ပါတယ်။


ခရီး သည် တင် ၀န်ဆောင် မှု သာမကဘဲ ကုန်စည် ပို့ဆောင် တဲ့ ဝန်ဆောင် မှု က နေ ရ တဲ့ ၀င်ငွေ က ပိုများ တဲ့ အတွက် အယ်ရို ဖလုတ် အတွက် အတော်. ကို အထိနာတာ ပါ။ 


နယူးယောက် ကို ပျံသန်း တဲ့ အယ်ရို ဖလုတ် ဆိုရင် လမ်း တစ်ဝက် မှာ ပဲ နောက်ပြန် လှည့် သွား ရပါတယ်။


အယ်ရိုဖလုတ် လို မျိုး ကမ္ဘာ့ နိုင်ငံ တွေရဲ့ ပိတ်ဆို့ မှု ကြောင့် နောက်ထပ် အထိ နာတာက တော့ ရုရှား ရဲ့ ဘဏ် လုပ်ငန်းစနစ် ပါ နှစ်ရက် အတွင်းမှာဒေါ် လာ ဘီလျံ နဲ့ ချီ အရှုံး ပေါ်ခဲ့ ပါတယ်။


ရုရှား ဗဟိုဘဏ်ရဲ့ အမေရိကန် မှာ ရှိတဲ့ ပိုင်ဆိုင် မှု တွေကို ထိမ်းချုပ်ခံထား ရပြီး နောက်မှာ မော်စကို က ATM တွေမှာ ဧရာမလူတန်းရှည် ကြီးနဲ့ငွေထုတ် သူတွေ အလျိုလျို ပေါ်ခဲ့ ပါတော့ တယ်။


နိုင်ငံတကာ ငွေကြေး ရံပုံငွေအဖွဲ့ ကတော့ရုရှားဟာယူကရိန်းကိုမတိုက်ခင်ကစီးပွားရေး အနေအထား မျိုး နောင်ဆယ်နှစ် နဲ့ ပြန်မရ တော့ဘူး လို့သုံးသပ် ပါတယ်။


ရူဘဲလ် ငွေကြေး က ၇၀ ရာခိုင်နှုန်း ထိ စံချိန် တင် ထိုးကျသွား တာကြောင့်လည်း ရုရှား ရဲ့ဘဏ္ဍာရေး စနစ်ဟာအရှိုက်ကို အထိုး ခံလိုက် ရသလိုဖြစ်သွား တာပါ။

FNG

ခွန် တိုး ဦး 



ဆက်ဖတ်ရန် →

ယူကရိန်း နှင့် မြန်မာနိုင်ငံပြည်သူများရဲ့ သဘောထားကိုလေးစားကြဖို့ ပြင်သစ်နိုင်ငံသံရုံးကဆန္ဒထုတ်ဖော်

​နိုင်ငံတကာရောက်မြန်မာမိတ်ဆွေများမင်္ဂလာပါ။ 


ယူကရိန်း နှင့် မြန်မာနိုင်ငံပြည်သူများရဲ့ သဘောထားကိုလေးစားကြဖို့ ပြင်သစ်နိုင်ငံသံရုံးကဆန္ဒထုတ်ဖော်ခဲ့သလို ၊ EU ကလည်းပြောခဲ့ပါတယ်။ 


ယူကရိန်းပြည်သူတွေဟာ ပြည်ပ အာဏာရူး၊ နယ်မြေနယ်ချဲ့သမားကြောင့် မိမိတို့အခွင့်အရေးတွေဆုံးရှုံးတဲ့အပြင် ဒုက္ခရောက်ကြရ၊ သေကြေပျက်စီးရသလို ၊ မြန်မာပြည်သူတွေဟာလည်း အဏာရူး၊ အာဏာနယ်ချဲ့ကြောင့် လူသားအခွင့်အရေးတွေဆုံးရှုံးရတယ်၊ ဒုက္ခရောက်ကြ၊ သေကြေပျက်စီးရပါတယ်။ 


အခုဆိုရင် ကမ္ဘာ့နိုင်ငံတွေဟာ ရုရှကို စီးပွါးရေး ဝိုင်းဝန်းပိတ်ဆို့တဲ့အပြင် ၊ နိုင်ငံတကာဘဏ်စနစ် SWIFT ကပါ ထုတ်ပယ်ခြင်းခံရတဲ့အတွက် ကျောကော့အောင်ခံနေရပါပြီ။ ယူကရိန်းမြို့တော် Kiev ကို ရုရှသိမ်းနိုင်ရင်တောင်မှ ကြာရှည်ထိမ်းနိုင်ဖို့ မလွယ်ပါဘူး။ ဒီစစ်ပွဲ ရုရှရှုံးမှာပါ။


ပူတင်လို ကံကြမ္မာဆိုးမျိုး မင်းအောင်လှိုင် နှင့် အပေါင်းအပါတစ်စုလည်းကြုံတွေ့သင့်ပါတယ်။ မြန်မာနိုင်ငံကို SWIFT ကနေ ထုတ်ပယ်ဖို့ တောင်းဆိုရပါမယ်။ 


ဒါအပြင် ယူကရိန်းနိုင်ငံသားတွေရဲ့ မိမိကိုယ်မိမိ ခုခံကာကွယ်ပိုင်ခွင့်အတွက် နိုင်ငံတကာမှ လက်နက်ထောက်ပံ့ကူညီပေးသလို ၊ မြန်မာပြည်သူတွေရဲ့ မိမိကိုယ်မိမိ ခုခံကာကွယ်ခွင့်အတွက် နိုင်ငံတကာမှ လက်နက်ထောက်ပံ့ပေးဖို့တောင်းဆိုရပါမယ်။ 


ကျွန်တော်တို့ ရဲရဲတောင်းဆိုရပါမယ်။ ရအောင်တောင်းဆိုရပါမယ်။ 


Save Ukraine! Save Myanmar ! Campaign ကို အမေရိကန်ပြည်ထောင်စုမှာရော ကမ္ဘာ့နိုင်ငံအသီးသီးမှာပါပြုလုပ်ကြဖို့ အကြံပြုပါရစေ၊ မေတ္တာရပ်ခံတောင်းဆိုပါရစေ။ 


အမေရိကန်ပြည်ထောင်စုမှာပြုလုပ်ဖို့ ကျွန်တော်စတင် နှိုးဆော်နေပါပြီ။ ဥရောပ နှင့် အာရှမှာလည်းအမြန်ဆုံး စတင်နှိုးဆော်စေချင်ပါတယ်။


 NUG ကိုလည်း “ လသာတုန်းဗိုင်းငင်၊ မိုးရွာတုန်းရေခံ “ ဖို့ အကြံပြုပါရစေ။


မျိုးရန်နောင်သိန်း

၁-၂-၂၀၂၂

#အမေရိကန်အရှေ့ပိုင်းစံတော်ချိန် 

နေ့လည် ၃:၀၀ နာရီ


ဆက်ဖတ်ရန် →