နောက်ဆုံးရ

အစိုးရသစ်နှင့် ပြည်သူ့ကာကွယ်ရေးအစီအမံသစ် CRPH ကြေညာမည်

 အစိုးရသစ်နှင့် ပြည်သူ့ကာကွယ်ရေးအစီအမံသစ် CRPH ကြေညာမည်
DVB
ပြည်ထောင်စုလွှတ်တော် ကိုယ်စာပြုကော်မတီ CRPH ဟာ လာမယ့်ရက်ပိုင်းအတွင်းမှာ အစိုးရသစ်နဲ့အတူ ပြည်သူ့ကာကွယ်ရေးအစီအမံသစ်ကိုပါ တစ်ပါတည်း ချပြတော့မယ်လို့ CRPH ပြည်ထောင်စုဝန်ကြီးကပြောပါတယ်။ 

ပြည်သူ့ကာကွယ်ရေးအစီအမံဖြစ်တဲ့ ဖက်ဒရယ်တပ်မတော် ဖြစ်တည်လာဖို့ လစဉ် ဘဏ္ဍာငွေ ဒေါ်လာသန်း ၂၀ လောက် ရှိနိုင်ပြီး ပြည်သူ့လူထုရဲ့ပါဝင် လှူဒါန်းထည့်ဝင်မှုကို အထူး လိုအပ်ကြောင်း CRPH ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က ဒီနေ့ အွန်လိုင်းလူမှုကွန်ရက်ကနေ တဆင့် ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ 
ဒီအတွက် CRPH ဝက်ဘ်ဆိုက်ကနေ  သွားရောက်လှူဒါန်းနိုင်သလို GoFundMe.com နိုင်ငံတကာဝက်ဘ်ဆိုက်မှာ  CRPH ကမ်းပိန်းကိုရှာဖွေနိုင်တယ်လို့ နည်းလမ်းဖော်ပြထားပါတယ်။
CRPH အနေနဲ့ အလှူငွေ ဝက်ဘ်ဆိုက်စတင်ရာမှာ ၁၂ရက်အတွင်း လူပေါင်း ၇၀၀၀ ကျော်ဆီကနေ  ဒေါ်လာ ၇ သိန်းကျော်ရရှိထားတာကိုလည်း တွေ့ရပါတယ်။ 
ဒီလိုထည့်ဝင်လိုက်ခြင်းဟာ အာဏာသိမ်းအကြမ်းဖက်အုပ်စုကို အခွန်မဆောင်ပဲ အန်တုတာ ဖြစ်သလို CRPH ကဖွဲ့ပေးတဲ့ အစိုးရသာ တို့အစိုးရလို့ ပြတ်ပြတ်သားသား ဆန္ဒဖော်ထုတ်လိုက်တာ လည်း ဖြစ်တယ်လို့ CRPH အဖွဲ့ဝင် ဦးလွင်ကိုလတ်က ပြောပါတယ်။
#DVB #News #CRPH
http://burmese.dvb.no/archives/453743
ဆက်ဖတ်ရန် →

လာဘ်စားတယ်ဆိုတာကတော့ တကယ့်ဟာသပျက်လုံးပဲ


သူမရဲ့လက်ကျန်သက်တမ်းမှာ
တနေ့တအိမ် ထမင်းလိုက်စားမယ်ဆိုရင်တောင် အသက်-၁၀၀ပြည့်တဲ့အထိ အိမ်စေ့မှာမဟုတ်ဘူး။

"ကျွန်မကိုဘာလက်ဆောင်ပေးကြမှာလဲ" လို့သာ
တောင်းကြည့်
ရွှေ (၇) ပိဿာမပြောနဲ့
တနိုင်ငံလုံးကလူတွေ သူတို့ရှိတဲ့ရွှေတွေ
လက်ဆောင်ပေးကြလို့ ကွန်တိန်နာနဲ့ သယ်ရမယ်။

"ငြိမ်းချမ်းရေး"ကလွဲရင်
ဘာမှမလိုချင်တဲ့အမျိုးသမီးကို
"ငြိမ်းချမ်းရေး"ကလွဲရင်
အကုန်လိုချင်တဲ့လူတွေက
ပေါက်လွှတ်ပဲစားစွပ်စွဲနေတာ
လမင်းကိုခွေးဟောင်နေတာပဲ။

Credit
ဆက်ဖတ်ရန် →

မြန်မာ့ကမ်းလွန် ပင်လယ် ကိုးကိုးကျွန်းနဲ့ ရေမိုင် ၁၀၀ အတွင်းမှာ လေ့ကျင့်မှုတွေပြုလုပ်

ဒီနေ့ အိန္ဒိယသမုဒ္ဒရာထဲဆိုပေမယ့်
မြန်မာ့ကမ်းလွန် ပင်လယ် ကိုးကိုးကျွန်းနဲ့
ရေမိုင် ၁၀၀ အတွင်းမှာ လေ့ကျင့်မှုတွေ
ပြုလုပ်နေတာကို တွေ့ရှိရပါတယ်။

ဒီထဲမှာ ရေဒါပျောက် အမြန်မောင်း 
လှေငယ်လေးတွေနဲ့ လေ့ကျင့်နေတာ
တွေ့ရပါတယ်။

ရေဒါပျောက်တဲ့လှေငယ်ဆိုပေမယ့်
အတွင်းမှာ ဟမ်းမားစစ်ကား အနည်းဆုံး 
(၃) စီးလောက် အလွယ်တကူ 
တင်ယူလို့ရတာလည်း တွေ့ရပါတယ်။

အဓိကကတော့ အဲဒီထဲမှာ The 7thfleet
guided missile detroyer လို့ ခေါ် ဒရုန်းခွင်း
ဒရုန်းတွေ ပါဝင်နေပြီး

FM35 လို့ ခေါ်တဲ့
ကိုယ်ပျောက်လေယာဉ်က ရှေ့ပြေး သွားနေ
တာကိုလည်း တွေ့ရသည့်အပြင် 
Ships of
Detroyer Squadrons တွေပါ 
ပါဝင်နေတာကို တွေ့ရှိရပါတယ်။

၂၄-၀၃-၂၀၂၁
Crd
ဆက်ဖတ်ရန် →

တပ်ရင်းမှူးအပါအဝင် စစ်သား ၅ ဦးကို အရှင် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိ

 KIA က စစ်​ကောင်စီ တပ်စခန်း ၃ ခုကိို တိုက်ခိုက် သိမ်း ပိုက်ပြီး​နောက် တပ်ရင်းမှူးအပါအဝင် စစ်သား ၅ ဦးကို အရှင် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိ

ရန်ကုန်၊ မတ် ၂၅ 

KIA က မတ်လ ၂၄ ရင်​နေ့ညပိုင်း KIA ဌာနချုပ် လိုင်ဇာအနီးရှိ စစ်​ကောင်စီတပ်စခန်း ၃ ခုကိို တိုက်ခိုက် သိမ်း ပိုက်ပြီး​နောက် တပ်ရင်းမှူးအပါအဝင် စစ်သား ၅ ဦးကို အရှင် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိ​ကြောင်း KIA သတင်းအသိုင်းအဝိုင်းက သတင်းထုတ်ပြန်သည်။

KIA တပ်မဟာ ၅က  မတ်လ ၂၄ ရက်နေ့  အာဏာသိမ်းစစ်အုပ်စု ၏ အခြေစိုက်  စခန်း Alaw Bum နှင့်အနီးနား ရှိ စခန်းများကို KIA စစ်သည်တို့ အပြင်းအထန် ဝင်ရောက် တိုက်ခိုက်သိမ်းပိုက် ခဲ့ရာ စစ်​ကောင်စီတပ်မှ တပ်ရင်းမှုးတစ်ဦး၊ တပ်ကြပ်ကြီးတစ်ဦး၊ ရဲဘော်သုံးဦးကို အရှင် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးထား​ကြောင်း၊ စစ်သုံ့ပန်းများကို ယခု အချိန်တွင် စစ်သုံ့ပန်း စည်းကမ်း အရကောင်း မွန်စွာ ထိန်းသိမ်း ထားကြောင်းKIA သတင်းအဝန်းအဝိုင်းဖြစ်​သော Kachin Liberation Mediaက သတင်းထုတ်ပြန်ထားသည်။

​credit Khit thit  media

https://www.facebook.com/385165108587508/posts/1156718964765448/
ဆက်ဖတ်ရန် →
မြန်မာ့အရေး ကုလလူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက် ကန့်ကွက်သူမရှိ

မြန်မာ့အရေး ကုလလူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက် ကန့်ကွက်သူမရှိ

နားကားပါပြီ
___________
UN Human Rights Council မြန်မာ့အရေး ကုလလူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက် ကန့်ကွက်သူမရှိ အတည်ပြု
VOA Burmese
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်ကနေ မြန်မာအရပ်သား အစိုးရကို ဖြုတ်ချတဲ့အပေါ် အပြင်းအထန်ရှုတ်ချထားတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက်မူကြမ်းကို ကန့်ကွက်သူမရှိ၊ မဲမခွဲဘဲ လူ့အခွင့်အရေးကောင်စီကနေ တညီတည်း ဆုံးဖြတ်အတည်ပြုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ အရေးပေါ်အခြေအနေကြေညာပြီး လွှတ်တော်ကို ပယ်ဖျက်တာ၊ သမ္မတဦးဝင်းမြင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အစိုးရခေါင်းဆောင်ပိုင်းတွေ၊ နိုင်ငံရေးသမားတွေ သတင်းသမားတွေ အရပ်ဘက်လူမှုအဖွဲ့အစည်းအသီးသီးက ပုဂ္ဂိုလ်တွေကို မတရားဖမ်းဆီးတဲ့အပေါ်မှာလည်း ကုလလူ့အခွင့်အရေးကောင်စီက အပြင်းအထန် ကန့်ကွက် ရှုတ်ချထားပါတယ်။ လက်ရှိကျင်းပနေတဲ့ ၄၆ ကြိမ်မြောက်ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ ကမ္ဘာအရပ်ရပ်က လူ့အခွင့်အရေးအခြေအနေတွေကို အလေးထားဆွေးနွေးနေကြတာမှာ မြန်မာပြည်အရေးကိစ္စကလည်း အဓိက ဆွေးနွေးစရာအကြောင်းတခုဖြစ်ခဲ့ပါတယ်။
အဆိုမူကြမ်းတင်သွင်းတဲ့ EU ဥရောပသမဂ္ဂရဲ႕ကုလကိုုယ်စားလှယ်က မြန်မာ့လူ့အခွင့်အရေး အခြေအနေအပေါ် အပြင်းထန်ဆုံးရှုတ်ချကြောင်း ခုလိုတင်ပြခဲ့ပါတယ်။
“ရွေးကောက်ခံအရပ်သားအစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာရယူထားတဲ့အပေါ် အီးယူက အပြင်းထန်ဆုံး ကန့်ကွက်ရှုတ်ချပါတယ်။ ဒီမိုကရေစီရေး ကာကွယ်နေကြတဲ့မြန်မာပြည်သူတွေနဲ့လည်း အတူရပ်တည်နေပါတယ်။ စိုးရိမ်စရာကောင်းလောက်အောင် လူတွေသတ်ဖြတ်ခံနေရတာ၊ အကြမ်းဖက်နှိပ်စက်ခံရတာတွေကိုလည်း တွေ့မြင်နေရပါတယ်။ ဆန္ဒပြပြည်သူတွေကို ခုလိုသတ်ဖြတ်နေတာ၊ မဆင်မခြင်ဖမ်းဆီးထိန်းသိမ်းနေတာနဲ့ နှိပ်စက်ညှဉ်းပန်းနေတာတွေကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီကလည်း စိုးရိ်မ်ကြောင်းရှင်းရှင်းလင်းလင်းပြောဆိုထားပါတယ်။ ငြိမ်းချမ်းစွာအဖြေရှာနိုင်ရေးအတွက် အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေလုပ်ပြီး အမျိုးသားရင်ကြားစေ့ရေးလုပ်ဆောင်ဖို့ကြဖို့လည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီကရော၊ အာဆီယံအဖွဲ့ကပါ တိုက်တွန်းတောင်းဆိုထားပါတယ်။ ဖိနှိပ်မှုတွေ တိုးလုပ်လာနေတဲ့ မြန်မာစစ်ဘက်တပ်ဖွဲ့က သူတို့လုပ်ရပ်အတွက်တာဝန်ခံမှု ရှိစေရပါမယ်။ အခြေခံလူ့အခွင့်အရေးအရ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်တဲ့ပြည်သူတွေကို အင်အားသုံး နှိမ်နင်းတာတွေရပ်ရပါမယ်။ အရေးပေါ်အခြေအနေ ထုတ်ပြန်တာတွေရော စစ်အုပ်ချုပ်ရေး ထုတ်ပြန်ထားတာတွေကိုပါ ရပ်ပြီး အရပ်သားအစိုးရကို ပြန်လည် အာဏာအပ်နှင်းရပါမယ်။ သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထားသူအားလုံးကို ပြန်လွှတ်ပေးဖို့လည်းတောင်းဆိုပါတယ်။"
ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်နေတာ၊ သတင်းမီဒီယာတွေကို ပိတ်ဆို့ ကန့်သတ်တာ၊ အင်တာနက်ဖြတ်တောက်တာ စတဲ့ လွတ်လပ်ခွင့်တွေ ထိပါးတဲ့ကိစ္စတွေအပေါ်မှာလည်း အလွန်တရာစိုးရိမ်ကြောင်း ဒီ ဆုံးဖြတ်ချက်မှာ ဖော်ပြပါရှိပါတယ်။ ဒီ ဆုံးဖြတ်ချက်မူကြမ်းကို အီးယူ ဥရောပသမဂ္ဂက အဆိုပြု တင်သွင်းခဲ့တာဖြစ်ပြီး ဒီနေ့ လူ့အခွင့်အရေးကောင်စီအစည်းအဝေးမှာ ဒီဆုံးဖြတ်ချက်မူကြမ်းကို ကန့်ကွက်သူမရှိ အတည်ပြုနိုင်ခဲ့တာဖြစ်ပါတယ်။
အရေးပါသည့်အချက်များ
၁။ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်တဲ့ပြည်သူတွေကို အင်အားသုံး နှိမ်နင်းတာတွေရပ်ရပါမယ်။ အရေးပေါ်အခြေအနေ ထုတ်ပြန်တာတွေရော စစ်အုပ်ချုပ်ရေး ထုတ်ပြန်ထားတာတွေကိုပါ ရပ်ပြီး အရပ်သားအစိုးရကို ပြန်လည် အာဏာအပ်နှင်းရပါမယ်။ သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထားသူအားလုံးကို ပြန်လွှတ်ပေးဖို့လည်းတောင်းဆိုပါတယ်။
၂။ ဒီဆုံးဖြတ်ချက်မူကြမ်းကို ကန့်ကွက်သူမရှိ အတည်ပြုနိုင်ခဲ့
၃။ ကုလသမဂ္ဂက ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးအဖွဲ့ IIMM ရဲ့ အခန်းကဏ္ဍကိုလည်း ထည့်သွင်ထားပြီး ICC နိုင်ငံတကာပြစ်မှုဆိုင်ရာတရားရုံး ICJ နိုင်ငံတကာ တရားရုံး အပါအဝင် နိုင်ငံတကာနဲ့ ဒေသတွင်းတရားရုံးတွေနဲ့ နီးနီးကပ်ကပ် ဆက်သွယ်ဆောင်ရွက်ဖို့ ဆိုတာတွေကိုပါ ထည့်သွင်းထားပါတယ်။
၄။ တရုပ် နှင့် ရုရှား
မြန်မာနိုင်ငံအရေးဟာ စိုးရိမ်စရာကောင်းပေမယ့် ပြည်တွင်းရေးကိစ္စဖြစ်တယ်လို့ တရုတ်ကိုယ်စားလှယ် ပြောပါတယ်။ ဒါပေမဲ့ မဲခွဲဖို့ကို မတိုက်တွန်းခဲ့သလို့ ဒီဆုံးဖြတ်ချက်မူကြမ်း ကန့်ကွက်သလား မေးတဲ့အချိန်မှာလည်း မကန့်ကွက်ခဲ့ပါတယ်။ ရုရှားနိုင်ငံကလည်း မြန်မာ့အရေးစိုးရိမ်ကြောင်းဖော်ပြပြီး ကန့်ကွက်မဲမပေးပါဘူး။ အာဆီယံနိုင်ငံတနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံကတော့ မြန်မာ့အရေးမှာ ညှိနှိုင်းဆွေးနွေးကြမယ်ဆိုရင် အတတ်နိုင်ဆုံးကူညီသွားမယ်လို့ တုံ့ပြန်ခဲ့ပါတယ်။
၅။ အရပ်သားအစိုးရကို ပြန်လည် အာဏာအပ်နှင်းရပါမယ်။

 
ဆက်ဖတ်ရန် →

ဒေါ့ဖုန်းယန်မြို့နယ်ခွဲရှိ အာဏာသိမ်းစစ်တပ်ကို KIA က တိုက်ခိုက်



KNG   24th March 2021

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုဌာချုပ်နှင့် နီးကပ်သော ဒေါ့ဖုန်းယန်မြို့နယ်ရှိ အာဏာသိမ်းစစ်တပ်၏ တပ်စခန်းတချို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ယနေ့ညနေ ၅ နာရီခွဲခန့်မှစတင်ပြီး တိုက်ခိုက်နေကြောင်း သိရသည်။

သေနတ်သံအချို့ကို KIO/KIA ဗဟိုဌာနချုပ်မှပင် ကြားနေရကြောင်း လိုင်ဇာဒေသခံများထံမှ သိရသည်။

စစ်ရှောင်များ ပြန်လည်နေထိုင်သော မြစ်ကြီးနား-ဗန်းမော် လမ်းမပေါ်ရှိ လွယ်မောက်ယန် ၊ နွမ်းလန်ယန် စသည့်ကျေးရွာများမှလည်း သေနတ်သံကို ရှင်းလင်းစွာ ကြားနေရကြောင်း ဒေသခံများ ကချင်သတင်းဌာန KNG ကို ပြောသည်။

“အကြာကြီး စစ်ဖြစ်လို့ထားခဲ့ပြီးမှ အခုပြန်လာနေထိုင်တော့ အခုတစ်ခါသေနတ်သံတွေ ကြားနေရလို့ ဘယ်လို လုပ်ရမလဲ စိုးရိမ်နေကြတယ်။” ဟု ပစ်ခတ်သံ ကြားနေရသည့် ဒေသခံ တစ်ဦး က ပြောသည်။

လက်ရှိ တိုက်ပွဲ ဖြစ်ပွားနေသောနေရာမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၅ အောက် အလောဘွမ်၊ ဂျော်မော် စသည့်နေရာများတွင် ဖြစ်ကြောင်းလည်း သိရသည်။

ထိုနေရာများတွင် တပ်စွဲထားသော အာဏာသိမ်းစစ်တပ်ကို KIA က ဝင်ရောက်တိုက်ခိုက်ခြင်း ဖြစ်ကြောင်း KIA သတင်းတစ်ချို့တွင် ဖော်ပြထားသည်ကို တွေ့ရသည်။

ကချင်ပြည်နယ်တွင် အာဏာသိမ်းစစ်တပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ယခုလ ၁၁ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယခု ဌာနချုပ်နှင့် နီးကပ်သော တပ်မဟာ ၅ နယ်မြေရှိ အာဏာသိမ်းစစ်တပ်ကိုလည်း ပြန်လည် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

https://burmese.kachinnews.com/2021/03/24/mar-24-s2/?
ဆက်ဖတ်ရန် →

သင်္ယန်းကျွန်မြို့နယ် ငမိုးရိပ် (8) လမ်း ​မင်း​အောင်လှိုင် ရဲ့ စစ်​သွေးကြွ အဖွဲ့ လူသတ်မှူမှတ်တမ်း ဗွီဒီယို

သင်္ယန်းကျွန်မြို့နယ် ငမိုးရိပ် (8) လမ်း ​ခွေးသူ​တောင်းစားမင်း​အောင်လှိုင် ရဲ့ စစ်​သွေးကြွ သူပုန်အဖွဲ့ လူသတ်မှူမှတ်တမ်း ဗွီဒီယို 11-3-21


ဆက်ဖတ်ရန် →

ပခုက္ကူအရှေ့ပိုင်း ရဲစခန်းဘက်မှာပစ်နေတယ်

ပခုက္ကူအရှေ့ပိုင်း ကိုမောင်းနေတာပါ

ရဲစခန်းဘက်မှာပစ်နေတယ် မီးတွေပိတ်ပြီးဝပ်ခိုင်းထားတယ်လာတဲ့လူတွေကိုရိုက်နှက်ပြီးဒူးထောက်ခိုင်းထားတယ်စစ်ကားတွေလည်းအများကြီးရဲစခန်းဘက်ကိုသွားနေတယ်တဲ့

ပခုက္ကူ စျေးဆိုင်တွေမပိတ်ထားဖို့လိုက်ကြေငြာနေတယ်



ဆက်ဖတ်ရန် →

ဖါကိုအပျိူစင်ဖြစ်အောင်ပြောသလိုမျိူး


ဆက်စစ်လိုက်တော့ဆန်ဆီဝယ်ထားတာတွေ

ပညာသင်စာရိတ်ထုတ်ပေးလိုက်တာတွေ

တွေတွေတွေ ပဲထွက်လာတယ်၊

သူတို့အုပ်စုကဟာတွေလိုဇီးသီးဗန်းမှောက်

သလိုအိတ်ထဲထည့်တာမရှိဖူး၊

ပညာသင်ဆုရတဲ့သူတွေကလဲ ပို့စ်တွေတင်

ဆော်ကြတယ်၊နာရေးကူညီမှု၊ပြေတီဦး

ဖေါင်ဒေးရှင်းတွေအကုန်စာရင်းဇယားနဲ့

ရိုးသားကြတာချည်းပဲ၊

နောက်ကြောင်းမပြန်ချင်ပေမယ့်ပြောရအုံးမယ်

ကနေဒါကအိုင်ဗင်ဟိုးကဆန်ရှင်ချလို့ပြန်အထွက်

ဝမ်ပေါင်ကမဝင်ခင် တူးပြီးသားကြေးနီနဲ့စက်ပစ္စည်း

တွေသန်းရွှေသမီးတွေကရောင်းစားတာရော

ဝမ်ပေါင်ကိုလုပ်ကွက်ပေးတဲ့အတွက်ရောဒေါ်လာ

သန်း၃၀၀ကျော်ရခဲ့တယ်၊ 

သန်းရွှေသမီးတွေထဲကတယောက်လောက်

အခုလိုပရဟိတအဖွဲ့လေးဟန်ပြလောက်တောင်

လုပ်ပြခဲ့လား?

ဒီမယ်ဇော်မဲလုံး......

လူဆိုတာမိုက်ရိုင်းရင်တောင် ပင်ကိုယ်စိတ်ကရိုးသား

ရတယ် သတင်းစာရှင်းလင်းပွဲမှာ ဖါကိုအပျိူစင်ဖြစ်

အောင်ပြောသလိုမျိူး မင်းပထွေးမင်းအောင်လှိုင်ကို

ကြပ်ကြပ်ကာကွယ်၊ 

social punishment တွေက မင်းရဲ့မိသားစုပုန်းနေတဲ့

နေရာလိပ်စာနဲ့တကွသိတယ်နော်။ဒီလောက်ပဲပြောမယ်


ဆက်ဖတ်ရန် →

US ဂျပန် ဩစီ အိန္ဒိယ လေးနိုင်ငံအစည်းဝေးပြီးစီး


ဒီနေ့တိုကျိုမှာUS ဂျပန် ဩစီ အိန္ဒိယ  လေးနိုင်ငံအစည်းဝေးအပြီးဂျပန်မှ စစ်စရိတ် တစ်ဝက်တိတိကျခံ၍ တောင်ကိုရီးယားမှ လိုအပ်တာမှန်သမျှအကုန်ကူညီသွားမည် ဟု ကြားရသည်။အမေရိကန် လေယာဉ်တင်သင်္ဘောအုပ်စုတောင်တရုတ်ပင်လယ်မှ ထွက်ခွာလာကာမာလက္ကာရေလက်ကြားကိုဖြတ်ပြီးမြန်မာရေပိုင်နက်ဆီသို့ ဦးတည်ခုတ်မောင်းနေပါတယ်လေးနိုင်ငံရေတပ်တွေ စုံပြီးစစ်ရေးလေ့ကျင့်မှု့တွေကို  မြန်မာရေပိုက်နက်အနီးမှာ လုပ်ပါမယ်

ပြင်သစ်နဲ့ ဂျာမဏီကပါထပ်ပြီး အားဖြည့်ပေးဖို့ အရန်သင့်ရှိနေပါတယ်။

 အကြမ်းဖက်စစ်တပ်မှာ ပစ်စရာ ကျည်ဆံမရှိတော့ဘူတပ်မ ၃၃ နဲ့ တပ်မ ၇၇ ကို ဆန်ရှင်လုပ် လိုက်တာက တပ်မတော်အတွက်ပြသနာ တပ်မတွေမှာသုံးနေတဲ့ အမေရိကန်ထုတ် M 1 carbine တွေရဲ့ ခဲယမ်းဖြစ်တဲ့ 7.62 X 33mm ခဲယမ်းတွေ နောက် Smith and Wilson က .38 ခဲယမ်းတွေမရနိုင်တော့ပါဘူး စစ်ကောင်စီတပ်တွေအတွက်ပြသနာပါ ဒါ့အပြင် တင့်ကားတပ် က commet တင့်တွေအတွက် ၇၇ မီလီမီတာကျည်များကိုပါ ဗြိတိန်ကကန့်သတ်လိုက်တာကြောင့် တပ်ပျက်နေပါပြ်ီ

အရေးတော်ပုံအောင်ရမည်

Credil

ဆက်ဖတ်ရန် →

ရပ်ကွက်ထဲ မှာ ဂျို ကြွ နေတဲ့ ဒလံတစ်ကောင် ရှိတယ်


ရပ်ကွက်ထဲ မှာ ဂျို ကြွ နေတဲ့ ဒလံ

တစ်ကောင် ရှိတယ်တဲ့ ။

ချာတိတ်တွေ က ညဖက်ကြီး သူ့

ခြံ ဒေါင့် မှာ လေးဂွ ၂ လက် ရယ် ၊  ဂျင်ဂလိ ဆယ်ချောင်း ရယ် ၊  ဓါတ်ဆီ တပုံး နဲ့ ပုလင်းလွတ် ငါးလုံးရယ်  

သွားဖွက် ထားကြတယ် ။

မနက်ရောက်တော့ လမ်းထိပ် မှာ

ရောက် နေတဲ့ ဟိုကောင်တွေ ဆီ  လူကြီး တစ်ယောက် 

က သွား သတင်းပေးတယ် တဲ့ ။

မကြာပါဘူး ၊ ဒလံ အိမ် ကို လာဝိုင်း

ကြတော့တာပါပဲ ။

ရပ်ကွက်ထဲ က လူငယ်တွေ ကလည်း

အိမ်နား ရစ်သီ ရစ်သီ လုပ်ပြီး  ငါ တို့လူ ကို ပြန်လွှတ်

ပေးလို့ အော် ပြေးကြ တယ် ။

တခါအော် ပြေးလိုက် ၊ ဟိုကောင် လည်း

တခါ အဗြင်း ခံလိုက် ရနဲ့ ခပ် မျော့မျော့ ပဲ ကျန်တော့

မှ ဂုတ် ဆွဲ ကားပေါ် တင်ပြီး ခေါ် သွားကြတယ်တဲ့ ။

ဂျန်ဇီ တွေ တကွက်ပြလိုက်တာ ။

Crd #


ဆက်ဖတ်ရန် →

တပ်မ ၃၃ ၊ တပ်မ၇၇ ဒရုန်းပစ်မှတ်များဖြစ်လာပါပြီ


အမေရိကန်က ဒဏ်ခတ် ပိတ်ဆို့လိုက်တဲ့ တပ်မ ၃၃ ၊ တပ်မ၇၇ နဲ့ ၎င်းတို့ရဲ့ လက်အောက်ခံ တပ်ရင်း တည်နေရာများဟာ ဒရုန်းပစ်မှတ်များဖြစ်လာပါပြီ။


အောက်ဖော်ပြပါ တပ်မ တပ်ရင်းများ အနီးရှိ 

ပြည်သူများအနေဖြင့် သတိကြီးစွာဖြင့်

နေထိုင်ကြပါ။ ဖြစ်နိုင်လျှင် ရွှေ့ပြောင်းနေထိုင်ကြပါ။


အမှတ်(၃၃)ခြေမြန်တပ်မ ဌာနချုပ်

အမှတ် (၃၃) ခြေမြန်တပ်မ ဌာနချုပ် မှာ စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့တွင် တည်ရှိသည်။ အမှတ် (၃၃) ခြေမြန်တပ်မဌာနချုပ်၏ ကွပ်ကဲမှုအောက်တွင် 


အမှတ် (၃၃၁) နည်းဗျူဟာကွပ်ကဲမှုအဖွဲ့

အမှတ် (၃၃၂) နည်းဗျူဟာကွပ်ကဲမှုအဖွဲ့

အမှတ် (၃၃၃) နည်းဗျူဟာကွပ်ကဲမှုအဖွဲ့ နှင့်

ခြေလျင်/ခြေမြန်တပ်ရင်း (၁ဝ) ရင်း ရှိသည်။


အမှတ်(၃၃)ခြေမြန်တပ်မ ဌာနချုပ်

အမှတ် (၃၃) ခြေမြန်တပ်မဌာနချုပ်၏ လက်အောက်ခံတပ်ရင်းများမှာ အောက်ပါအတိုင်းဖြစ်သည်-


ခမရ(၁၁)-ရွှေဘို

ခမရ(၁၂)-ရွှေဘို

ခမရ(၁၃)-စစ်ကိုင်း

ခမရ(၁၁၁)-ဝန်းသို

ခမရ(၁၁၆)-ပုသိမ်ကြီး

ခမရ(၁၁၉)-ပုသိမ်ကြီး

ခမရ(၁၂ဝ)-ဝန်းသို

ခလရ(၄)-ပုသိမ်ကြီး

ခလရ(၄၂)-ရွှေဘို

ခလရ(၇၆)-မန္တလေး-အုန်းချော

လက်ရှိတပ်မမှူးမှာ ဗိုလ်မှူးချုပ်အောင်အောင်(စစ်တက္ကသိုလ်အပတ်စဉ်-၃၅)ဖြစ်သည်။


အမှတ်(၇၇)ခြေမြန်တပ်မ ဌာနချုပ်


အမှတ်(၇၇)ခြေမြန်တပ်မ ဌာနချုပ် ၏ အခြေစိုက်မှာ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့တွင်ဖြစ်ပြီး တပ်မမှူးမှာ ကြည်း ၁၇၄၅၄ ဗိုလ်မှူးကြီး ထွန်းသန်း ဖြစ်သည်။ တပ်မ ၇၇ တွင်နည်းဗျူဟာ အမှတ် (၇၇၁)နှင့်အတူ လက်အောက်ခံတပ်ရင်းများမှာ-

ခြေလျင်တပ်ရင်းအမှတ် (၁၁) ဝါးယားချောင်းအခြေစိုက်၊

ခြေမြန်တပ်ရင်းအမှတ် (၈) ပဲခူးအခြေစိုက်၊

ခြေမြန်တပ်ရင်းအမှတ် (၁၀၁) အင်းတကော်ခြေစိုက်၊

ခြေမြန်တပ်ရင်းအမှတ် (၁၀၆) ထောက်ကြံ့ - မင်္ဂလာဒုံအခြေစိုက်၊

ခြေမြန်တပ်ရင်းအမှတ် (၃၀၃) တိုးကြောင်ကလေး အခြေစိုက်၊

ခြေမြန်တပ်ရင်းအမှတ် (၃၁၃) မှော်ဘီအခြေစိုက်၊

ခြေမြန်တပ်ရင်းအမှတ် (၇၀၁) မှော်ဘီအခြေစိုက်၊

ခြေမြန်တပ်ရင်းအမှတ် (၇၀၂) မှော်ဘီအခြေစိုက်၊

ခြေမြန်တပ်ရင်းအမှတ် (၇၀၃) မှော်ဘီအခြေစိုက်၊

ခြေမြန်တပ်ရင်းအမှတ် (၇၀၄) ဖူးကြီးအခြေစိုက်၊

ခြေမြန်တပ်ရင်းအမှတ် (၇၀၉) တိုက်ကြီးအခြေစိုက်၊

ခြေမြန်တပ်ရင်းအမှတ် (၇၁၀) တိုက်ကြီးအခြေစိုက်] တို့ဖြစ်သည်။

BURMA UPDATE: On March 22, the European Union joined the United States, the United Kingdom, and Canada in imposing sanctions on Burma’s military regime. In addition, the U.S. designated Burma’s Chief of Police, Than Hlaing, and Bureau of Special Operations commander, Lieutenant General Aung Soe, as well as the 33rd and 77th Light Infantry Divisions (LIDs), who were among the security forces that fired live rounds into a crowd in Mandalay. Both the 33rd LID and 77th LID are part of the Burmese security forces’ planned, systemic strategy to ramp up the use of lethal force. “These designations show that this violence will not go unanswered,” U.S. Department of State Secretary Antony J. Blinken underscored. FULL STATEMENT: https://www.state.gov/designating-officials-and-military-units-in-response-to-escalating-violence-in-burma/ 

U.S. Embassy Rangoon

#Credit

#WhatsHappeningInMyanmar



ဆက်ဖတ်ရန် →

ဆက်သွယ်လာပြီဆိုရင် သူတို့မဟုတ်တော့ပါကြောင်း

အရေးကြီးသတင်းပါ။ 
Source က နာမည်ထုတ်မပြောချင်ပေမယ့် တစ်နိုင်ငံလုံးယုံကြည်ရတဲ့သူပါ။ 

CRPH အဖွဲ့ဝင်တွေ၊ NLD ရာထူးအကြီးပိုင်းတွေနဲ့ လတ်တလောဝရမ်းပြေးဖြစ်နေသူတွေရဲ့ ဖုန်းဆင်းကဒ်တွေအကုန်လုံးကို စစ်တပ်က Reactivate လုပ်ပြီး ဒီဆင်းကဒ်တွေကတစ်ဆင့် လိုက်လံဆက်သွယ် ထောက်လှမ်းနေပါပြီ။ 

ဒီလူတွေနဲ့ မိတ်ဆွေဖြစ်ထားသူတွေကို အသိပေးချင်ပါတယ်။ CRPH အဖွဲ့ဝင်တွေ၊ NLD အရေးကြီးပိုင်းတွေ၊ ဝရမ်းပြေးဖြစ်နေသူတွေနဲ့ မိတ်ဆွေဖြစ်ထားသူတွေအနေနဲ့ အထူးသတိပြုပေးပါ။ ဒီလူတွေအားလုံး သူတို့ Sim Card တွေကို အသုံးမပြုတော့ပါဘူး။ သူတို့ရဲ့ ဖုန်းနံပါတ်တွေက ဆက်သွယ်လာပြီဆိုရင် သူတို့မဟုတ်တော့ပါကြောင်း အသိပေးပါရစေ။ 

ပွင့်လင်းစွာ ပြောဖို့လိုအပ်တယ်လို့ ဆုံးဖြတ်ကြတာမို့ ထုတ်ဖော်အသိပေးတာပါ။ 

အထူးသတိထားပေးကြပါ။

(ပန်ဆယ်လို)
ဆက်ဖတ်ရန် →

မန္တလေး March (21)-(22)-(2021) သုံးရက်အတွင်းကျဆုံးမှုများ


မန္တလေး March (21)-(22)-(23) သုံးရက်အတွင်းကျဆုံးမှုများ 


✅(21.3.2021)


(1)ကိုတွတ်ကြီး(53)နှစ်

(2)ကိုဖြိုးဝေထွန်း(26)နှစ်

(3)ကိုမင်းသူအောင်(ခ)ပြောင်ကြီး (39)နှစ်

(4)ကိုဖိုးငယ် (31)နှစ်

(5)ကိုလှိုင်မျိုးဆက် (40)နှစ်

(6)ကိုဘေဘီစိန်မြင့် (30)နှစ်

(7)ကိုဇော်မျိုးထက်(16)နှစ်

(8)ကိုဇော်မျိုးဦး(44)နှစ်

(9)ကိုဖြိုးမောက်မောင်(43)နှစ်


✅(22.3.2021)

(10)ကိုစိုင်းအောင်မြင့်(ခ)အီးတီ (50)နှစ်

(11)မောင်ထွန်းထွန်းအောင် (15)နှစ်

(12)မောင်ဇော်ဇော် (18)နှစ်

(13)ကိုဝင်းထွန်းဦး (25)နှစ်

(14)ကိုမင်းသုခ (42)နှစ်

(15)ကိုနေမျိုးကျော် (38)နှစ်

(16)ကိုဇော်လင်းထိုက် (32)နှစ်

(17)ကိုအင်ဂျန်ဗို (21)နှစ်

(18)ဦးအောင်တင့် (58)နှစ်

(19)ကိုမြင့်သိန်း (25)နှစ်

(20)ကိုအေးချမ်းမိုး (21)နှစ်

(21)ကိုဝေလွင်

(22)ကိုမိုးကျော်ဇင်(25)နှစ်

(23)အမျိုးသမီးတစ်ဦး (အလောင်းမရ)

(24)ပရဟိတသမားတစ်ဦး (အလောင်းမရ)


✅(23.3.2021)


(25)ကိုချမ်းသာထွေး (20)နှစ်

(26)မခင်မျိုးချစ် (7)နှစ်

ဒီစာရင်းတွေက မန္တလေးအခြေစိုက် သတင်းမီဒီယာများနဲ့ လူမှုကူညီရေးအဖွဲ့အစည်းများ၊ ဆရာဝန်များဆီမှ စုဆောင်းရရှိထားသမျှ အချက်အလက်တွေပါ။

ဒီစာရင်းထဲမှာ မပါသေးဘဲကျန်ရှိနေတာ၊ လွဲမှားနေတာတွေရှိသေးရင် အချိန်မရွေး ဖြည့်စွက်ထောက်ပြပေးကြပါ။

Credit- Aung Toe - Travelin Bamar

ဆက်ဖတ်ရန် →

ဘဏ်ငါးဘဏ်တော့စာရင်းပေါက်သွားပြီ

#ဘဏ်ငါးဘဏ်တော့_စာရင်းပေါက်သွားပြီနော်။ MAB , AGD , KBZ , SHWE , UAB .
 
#စစ်ခေါင်းဆောင်များအတွက်_နောက်ကွယ်မှ_လုပ်ကိုင်ပေးနေသည့်_လူပုဂ္ဂိုယ်_23ဦး နှင့် ၄င်းတို့ရဲ့ လုပ်ငန်းများကို ဘဏ္ဍာရေးအရ ပိတ်ဆို့အရေးယူမှုများ ပြုလုပ်သင့်သည်ဟု ကမ္ဘာ့အလုပ်သမားသမဂ္ဂအဖွဲ့ကြီးနှစ်ခုဖြစ်တဲ့ International Trade Union Confederation (ITUC) and UNI Global Union ကထုတ်ပြန်လိုက်သည်။

The International Trade Union Confederation (ITUC) and UNI Global Union, which represents working people in the finance sector, have released the names of 23 people with close connections to the Myanmar military junta who should be subject to financial sanctions to avoid coup leaders, already subject to financial sanctions, using them as proxies.

၁။ အေးနေဝင်း (ဗိုလ် နေဝင်း မြေး)
၂။ ကျော်နေဝင်း (ဗိုလ် နေဝင်း မြေး)
၃။ သက်သက်ခိုင် (စစ်ကောင်စီ၏ လူကယ်ပြန်ဝန်ကြီး၊ ရွှေနန်းတော်)
၄။ ဒေါက်တာအင်ဒရူးငွန်ကျုံးလျန် (USနိုင်ငံသား၊ စစ်ကောင်စီ၏ အကြံပေး)
၅။ အောင်ပြည့်စုံ (မင်းအောင်လှိုင် သား)
၆။ ခင်သီရိသက်မွန် (မင်းအောင်လှိုင် သမီး)
၇။ မျိုးရတနာထိုက် (မင်းအောင်လှိုင် ချွေးမ)
၈။ ချစ်ခိုင် (အေဒင် Eden Group) (#MAB_Bank)
၉။ ဝင်းမင်းခိုင် (ချစ်ခိုင် သား)
၁၀။ ခင်ရွှေ (ဇေကမ္ဘာ)
၁၁။ တေဇ (Htoo Group) (#AGD_Bank)
၁၂။ အောင်ကိုဝင်း (#KBZ_Bank)
၁၃။ ကျော်ဝင်း (ရွှေသံလွင်၊ SkyNet) (#SHWE_Bank)
၁၄။ ဒေါက်တာစိုင်းဆမ်ထွန်း (လွယ်ဟိန်း) (Alpine သောက်ရေသန့်)
၁၅။ အိုက်ထွန်း (ရွှေတောင်)
၁၆။ အောင်ဇော်နိုင် (အိုက်ထွန်း သား)
၁၇။ အောင်ဇော်ရဲမြင့် (ဒုဗိုလ်ချုပ်ကြီး ရဲမြင့် သား၊ Yetagun Construction)
၁၈။ နေအောင် (အောင်သောင်း သား၊ (#UAB_Bank)
၁၉။ ပြည့်အောင်(အောင်သောင်း သား၊ Aung Yee Phyo Co Ltd)
၂၀။ ထွန်းနိုင်ရွှေ (သန်းရွှေ သား၊ Myanmar Naing Group)
၂၁။ တိုးနိုင်မန်း (ရွှေမန်း သား၊ Cherry FM)
၂၂။ အောင်သက်မန်း (ရွှေမန်း သား၊ ဧရာရွှေဝါ) 
၂၃။ တိုးနိုင်မန်း



#credit
ဆက်ဖတ်ရန် →