နောက်ဆုံးရ

တောင်ကြီးမြို့တွင်အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်

တောင်ကြီးမြို့တွင် အပြစ်မဲ့ပြည်သူအား အာဏာသိမ်းအုပ်စု၏ အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့် ပစ်ခတ် 21.3.2021 #TachileikNewsAgency Vdo: CJ
ဆက်ဖတ်ရန် →

We Love Yangon အဖွဲ့ကို တပ်နဲ့ရဲစီးနင်းစဥ် အမျိုးသမီး ၁ ဦး ၅ လွှာမှပြုတ်ကျရုပ်သံ


Stella's Streaming

5လွှာတက်ဖမ်းတာ ကောင်မလေးတစ်ယောက် ပြုတ်ကျအခုတော့ ဆုံးပြီတဲ့  ၂၁ မတ်လ၊ ၂၀၂၁

Edit >> တွန်းချခံရတာလို့ပြောတယ် 😓

မင်္ဂလာတောင်ညွန့် 91လမ်း Source >> 91လမ်း #Video_crd

Khit Thit Media

We Love Yangon အဖွဲ့ကို တပ်နဲ့ရဲစီးနင်းစဥ် အမျိုးသမီး ၁ ဦး ၅ လွှာမှပြုတ်ကျ

မတ်လ၊၂၁ရက် ရန်ကုန်

မဂ်လာတောင်ညွန့် ၉၁ လမ်းမှာရှိတဲ့ we love yangon ပရဟိတအဖွဲ့ကို ဒီကနေ့ နေ့လည်ခင်း ၁၁ နာရီခွဲလောက်က ရဲနဲ့စစ်တပ်အင်အားအများအပြားဝင်ရောက်စီးနင်းပြီးတော့ we love yangon ရဲ့ရုံးတံခါးတွေဖျက်ဆီးပြီးရုံးခန်းထဲဝင်ရောက်ပြီး ပြည်သူတွေကလှူဒါန်းထားတဲ့ပစ္စည်းတွေကို ယူဆောင်သွားတဲ့အပြင် စတင်စီးနင်းဝင်ရောက်စဥ်မှာပဲ သေနတ်တွေပစ်ဖောက်ခြောက်လှန့်ခဲ့တဲ့အတွက် we love yangon ရုံးခန်းရှိတဲ့တိုက်အပေါ်ထပ်ငါးလွှာမှ မိန်းခလေးတဦး ပုန်းအောင်းရင်း ၅လွှာမှပြုတ်ကျသွားတယ်လို့ မျက်မြင်တွေကပြောပါတယ်။

MyanmarLabourNews


ဆက်ဖတ်ရန် →

တောင်ဥက္ကလာမှာ ဖုန်းဆိုင်ကို ညဘက် ဝင်ဓားပြတိုက်


(၁၉.၀၃.၂၀၂၁) တောင်ဥက္ကလာမှာ ဖုန်းဆိုင်ကို ညဘက် ဝင်ဓားပြတိုက် တန်ဖိုးရှိတာတွေ အကုန်ယူသွား ငြိမ်ခံနေရင် ပိုဆိုးဖို့ပဲ ရှိတော့တယ်


South Oakkalapa: terrorists broke into mobile phones & accessories shop, vandalized & robbed all the smartphones & valuable items last night. Shop owner couldn’t report to anyone as polices & soldiers are the one who committed the crime. #WhatsHappeningInMyanmar #Mar19Coup


Source - https://www.facebook.com/100012340021876/posts/1113378639083460/?d=n


ဆက်ဖတ်ရန် →

အောင်ပင်လယ်ထဲခွေးတွေဝင်ကိုက်သွား

 မကျေနပ်ဘူးဟေ့ ဒီနေ့ ၁နာရီအောင်ပင်လယ်ထဲခွေးတွေဝင်ကိုက်သွားတယ်… ခြောက်ယောက်ထိတယ် ကိုယ့်လမ်းထဲကတယောက်ပေါင်ထိသွားတယ် ခြောက်ယောက်အပစ်ခံလိုက်ရတယ် ဒင်းတို့ကို အမှုန်ခြေပစ်ချင်တယ် သတ္တိရှိရင် သေနပ်ယူမလာနဲ့ One by one ဘဲ လက်နက်နဲ့လာပြီး ဂန်မကျယ်ကြနဲ့ အဲဒါသတ္တိရှိတာမဟုပ်ဘူး  #M :Szo(Mdy) 21 /3 /2021


ဆက်ဖတ်ရန် →

We Love Yangon အဖွဲ့ကို တပ်နဲ့ရဲစီးနင်းစဥ် အမျိုးသမီး ၁ ဦး ၅ လွှာမှပြုတ်ကျ

မတ်လ၊၂၁ရက်

ရန်ကုန် မဂ်လာတောင်ညွန့် ၉၁ လမ်းမှာရှိတဲ့ we love yangon ပရဟိတအဖွဲ့ကို ဒီကနေ့ နေ့လည်ခင်း ၁၁ နာရီခွဲလောက်က ရဲနဲ့စစ်တပ်အင်အား အများအပြားဝင်ရောက်စီးနင်းပြီးတော့ we love yangon ရဲ့ရုံးတံခါးတွေဖျက်ဆီးပြီးရုံးခန်းထဲဝင်ရောက်ပြီး ပြည်သူတွေကလှူဒါန်းထားတဲ့ပစ္စည်းတွေကို ယူဆောင်သွားတဲ့အပြင် စတင်စီးနင်းဝင်ရောက်စဥ်မှာပဲ သေနတ်တွေပစ်ဖောက်ခြောက်လှန့်ခဲ့တဲ့အတွက် we love yangon ရုံးခန်းရှိတဲ့တိုက်အပေါ်ထပ်ငါးလွှာမှ မိန်းခလေးတဦး ပုန်းအောင်းရင်း ၅လွှာမှပြုတ်ကျသွားတယ်လို့ မျက်မြင်တွေကပြောပါတယ်။

MyanmarLabourNews


ဆက်ဖတ်ရန် →
ကာချုပ်မင်းအောင်လှိုင်ကိုကိုးကျွန်းကို ဒီနေ့ တကယ်သွားခဲ့လား?

ကာချုပ်မင်းအောင်လှိုင်ကိုကိုးကျွန်းကို ဒီနေ့ တကယ်သွားခဲ့လား?

......................................... ဒီနေ့နေ့လည်ပိုင်းက မင်းအောင်လှိုင်နဲ့အဖွဲ့ဟာ ကိုကိုးကျွန်းကို သွားရောက်ခဲ့တယ်လို့ သတင်းတွေ ထွက်နေပါတယ်။ ဒီမတိုင်မီက အမေရိကန်၊ ဂျပန် တို့ ဦးဆောင်တဲ့ quard နဲ့ ပြင်သစ်ပူးပေါင်း ရေတပ်ဟာ မြန်မာ့ ကမ်းရိုးတန်းနဲ့ မဝေးလှတဲ့ အက်ဒ်မန် ကျွန်းစုတွေ နားမှာ စစ်ရေး မလေ့ကျင့်မီ ကိုကိုးကျွန်းက ရေဒါစနစ်တွေ အလုပ်မလုပ်တော့ဘူး ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ပါတယ်။ ကိုကိုးကျွန်းဟာ Quard သာ တကယ်လို့ မြန်မာကို လေကြောင်းတိုက်ခိုက်ရင် အရင်ဆုံး ချေမှုန်းခံရမယ့် နေရာမျိုး ဖြစ်ပါတယ်။ ဒီနေရာမျိုးကိုမှ ကာချုုပ် မင်းအောင်လှိုင် ရဲရဲရင့်ရင့် သွားခဲ့တယ်လို့ ဆိုပါတယ်။ မြေပြင် အခြေအနေမှာတော့ မင်းအောင်လှိုင်ဟာ ဟိုနေ့က အာဆီယံကာချုပ် online အစည်းအဝေးကိုတောင် ဇာတ်ထဲက မညီမညာ ဆက်တင်ဆင်ထားသလို သုံးထပ်သားတွေကိုဖြစ်သလို ဆေးသုတ်ထားတဲ့ အမည်မသိ ခပ်စုတ်စုတ် နေရာကနေပဲ တက်ခဲ့တာပါ။ ဟိုတစ်လောက သတင်းစာ ရှင်းလင်းပွဲကိုလည်း မှိုတက်နေတဲ့ မြေအောက်ခန်း တစ်ခုကနေ စကားပြောခဲ့ပါတယ်။ သေချာတာကတော့ မင်းအောင်လှိုင်ဟာ သူ့ စစ်တပ်တွေ အကာအကွယ်တွေ ဝိုင်းနေပြီး ဟီးဟီးထအောင် ဆောက်ထားတဲ့ နေပြည်တော် စစ်ဌာနချုပ်မှာတောင် မနေရဲပါဘူး။ နေပြည်တော်မှာတောင် ပေါ်ပေါ်ထင်ထင် မနေရဲတဲ့သူက အမေရိကန်ရဲ့ လေကြောင်းစိုးမိုးမှု လက်တကမ်းမှာ ရှိတဲ့ ကိုကိုးကျွန်းကို ဒီလိုအချိန်မှာ သွားတယ်ဆိုတာက တကယ့် ဆိုက်ဝါးအကြီးစားကြီး ဖြစ်ဖို့များပြီးဒီဆိုက်ဝါးကလည်း ကိုယ့်တပ်ကို ကိုယ်ပြန်ထည့်တဲ့ သဘောပါ။ အာဏာသိမ်းပြီး နှစ်လနီးပါး ကြာတဲ့အထိ မင်းအောင်လှိုင်ဟာ ဘာမှ ပီပီပြင်ပြင် မလုပ်နိုင်သေးပဲ နိုင်ငံတကာရဲ့ ပြင်းထန်တဲ့ ဖယ်ကျဥ် အရေးယူမှုတွေ၊ စီးပွားရေး ဆုံးရှုံးမှုတွေ ၊ ပြည်တွင်းက ခါးခါးသီးသီး ဆန့်ကျင် ရွံရှာမှုတွေပဲ ရထားပါတယ်။ အခုဆိုရင် KNU လို တိုင်းရင်းသား တပ်ဖွဲ့ဟာ သမိုင်းမှာ မရဖူး မကြုံဖူးတဲ့ တစ်ပြည်လုံး ထောက်ခံမှုတွေနဲ့အတူအာဏာသိမ်း စစ်တပ်ကို ထိုးစစ် ဆင်နေပြီ ဖြစ်ပါတယ်။ ဒီအနေအထားကြောင့် တပ်တွင်းမှာ စိတ်ဓါတ်ကျမှုတွေ မရေရာမှုတွေနဲ့ မင်းအောင်လှိုင်ကို ထောက်ခံမှု အလွန်အမင်း ကျဆင်းနေပါတယ်။ တပ်ပြေးတွေ များနေပါတယ်။ ပုန်းနေတဲ့ မင်းအောင်လှိုင်ကို ဝေဖန် နေကြပါတယ်။ အနားယူသွားတဲ့ စီနီယာ ဗိုလ်ချုပ်တွေရော ၊သူတို့နဲ့ ရင်းနှီးတဲ့ တပ်တွင်း ဗိုလ်ပေါက်စတွေပါ နေ့တိုင်း မေတ္တာ ပို့နေပါတယ်။ ဒါကြောင့် မင်းအောင်လှိုင်ဟာ သူပုန်းနေတာ မဟုတ်ကြောင်း ၊ ရဲရင့်ကြောင်း စစ်တပ်ကို ဆိုက်ဝါး ထည့်ချင်လို့ ကိုကိုးကျွန်း ကို သွားတယ်ဆိုတဲ့ သတင်းကို ဖန်တီးလိုက်ပုံ ရပါတယ်။ သူ့စီနီယာကြီး ဆက်ဒန်ဟူစိန်တို့ တဲရစ်အဇစ်တို့ US ဝင်တိုက်တုံးက ဘဂ္ဂဒက်မြို့ ပြာကျခါနီး ဆိုက်ဝါး လုပ်ခဲ့သလို ကိုကိုးကျွန်း သတင်းကို ဖြတ်ညှပ်ကပ် ပုံဟောင်းတွေနဲ့ စစ်တပ် မီဒီယာတွေ ကနေတောင် ထုတ်ပြန်နိုင်ပါတယ်။
ဆက်ဖတ်ရန် →
တော်လှန်​ရေးတိုင်းရဲ့ သင်္ကေတ

တော်လှန်​ရေးတိုင်းရဲ့ သင်္ကေတ

တော်လှန်​ရေးတိုင်းရဲ့ သင်္ကေတဟာ လှိုင်းလုံးကြီးများလိုပါ။ အမြင့်ဆုံးတက်လိုက်
နိမ့်ကျလိုက် ပြီးရင် ကျရှိန်နဲ့ ပြန်မြင့်တက်လိုက် ၊ ဒီလိုနဲ့ပဲ လိုရာကမ်း​ခြေ​ ​ရောက်မြဲပါ။

မြို့ပြကြီး​တွေရဲ့ လမ်းမလမ်းခွဆုံတွေမှာ အနုပညာရှင်​တွေ၊ထင်ရှားသြဇာကြီး​သူ​တွေနဲ့ ​​အောင်လံစုံတလူလူလွှင့်၊သပိတ်မျိုးစုံ၊ ပိုစတာစုံ၊ပါ​ဖောင်းမင့်စုံ​တွေနဲ့၊ဝန်းရံသူ​တွေ
အပြည့်နဲ့လူပင်လယ်သပိတ်မျိုးလည်း ဖန်တီးနိုင်ခဲ့သလို၊လမ်း​တွေပိတ်ဆို့ ခုခံကာကွယ်ရ၊​ပြောက်ကြားသပိတ်ဆင်နွှဲရ၊လူမဲ့သပိတ်​တွေနဲ့တုန့်ပြန်ရတာ​တွေဟာလည်းရှိရမြဲပါ။

 ကြုံသမျှအ​ခြေအ​နေအ​ပေါ်ရရာနည်းနဲ့ အာခံပြ၊အညံ့မခံတွန်းလှန်ဆဲဖြစ်​ကြောင်းကမ္ဘာကိုပြရတာပါပဲ။

လှိုင်းလုံးကြီး​တွေကျရှိန်နဲ့ပြန်တက်ချိန်ကို ကြိုပြင်ကြရာမှာ ယုံကြည်မှုသာ အင်အားပါ။ CDM 

သပိတ်​တွေ​ကြောင့် စစ်​ကောင်စီဟာ အစိုးရဖြစ်ခွင့်​တောင် အိပ်မက်မက်ခွင့်မရှိ​​အောင် 

ယန္တယား​တွေ ဆွံ့အသွားပါပြီ။

တိုင်းရင်းသား​ဒေသ​တွေမှာ EAO အပါအဝင်အဖွဲ့အစည်း​ပေါင်းစုံရဲ့ လုပ်နိုင်စွမ်းစည်းရုံးနိုင်စွမ်း​တွေ​ကြောင့် CDM ဝန်ထမ်း​တွေ စစ်​ကောင်စီရဲ့ လက်နက်ကိုင်​တွေ စု​ပေါင်းအင်အားရာ​ကျော်​ထောင်ချီခိုလှုံပူး​ပေါင်းလာကြလို့ ​နေရာချစီစဥ် ​ဆောင်ရွက်မှု​တွေ လက်မလည်​အောင်လုပ်​နေရပါပြီ။

နိုင်ငံတကာမျက်နှာစာကိုတချက်ကြည့်​ပေးပါ။ Scandinavian တိုင်းပြည်​တွေအပါအဝင် EU နိုင်ငံများ၊ ဗြိတိန်၊
အ​မေရိကန် တို့မှ သံအမတ်ကြီးများရဲ့ ထုတ်ပြန်ချက်မှာ စစ်​ကောင်စီတပ်ဖွဲ့​တွေရဲ့သူရဲ​​ဘော​ကြောင်ရမ်း

ကားမှု​တွေအ​ပေါ် ပြင်းထန်တဲ့ တုံ့ပြန်မှု​တွေ​တွေ့ရမှာပါ။ ပါးစပ်နဲ့ဟန့်မရရင်လက်ပါကြရစမြဲပါ။ အ​ရေးယူ​ဆောင်ရွက်မှု​တွေတန်းစီ​နေပါတယ်။

သပိတ်အပါအဝင် အင်အား​ပေါင်းစုံရဲ့ ပေါင်းစုမှုနဲ့ ပန်းတိုင်ကိုကြည့်ပါ။ ဖက်ဒရယ်ဒီမိုက​ရေစီပါ။နိုင်ငံ​ရေးအနှစ်သာရ

အပြည့်နဲ့သ​​ဘောတူမှုအပြည့်နဲ့ပါ။

ဒီမိုက​ရေစီနဲ့ဖက်ဒရယ်ဟာ​ ​​ငွေစက္ကူတချပ်ရဲ့ မျက်နှာနှစ်ဖက်လို ​ကျောချင်းကပ်ခွာမရ​တော့​အောင်တသားထဲဖြစ်သွားပါပြီ။ ပြည်​ထောင်စု​သွေးချင်း​တွေရဲ့ ညီညွတ်မှုအား ပြယုဂ်​ကောင်းပါ။

တိုင်းရင်းသား​တွေကို ကြည့်မယ်ဆိုရင် လက်နက်ကိုင်အဖွဲ့နဲ့ နိုင်ငံ​​ရေးပါတီ​​တွေကို
ကြည့်ယုံနဲ့ မပြည့်စုံပါဘူး။ ဥပမာ တခုပဲ ​ပြောပါမယ်။ KPICT ကိုကြည့်ပါ။ ယခင် လူသိများတဲ့ KIO / KIA တင်မက ကချင်လူထု​လူတန်းစားအလွှာအသီးသီး၊ လူမှုအဖွဲ့၊ဘာသာ​ရေးဆိုင်ရာ​ခေါင်း​​ဆောင်များ၊ကမ္ဘာအနှံ့က မျိုးဆက်အစုံ​တွေ​ပေါင်းစုထားတာပါ။အဖွဲ့​​ပေါင်းစုံ ရာချီ​ပေါင်းမိသွားတာမျိုးပါ။ဖက်ဒရယ်ဒီမိုက​ရေစီအတွက် အပြည့်ပူး​ပေါင်း​နေပါပြီ။

ဒါ ဥပမာ တခုပဲ ရှိပါ​သေးတယ်။ကျန်တိုင်းရင်းသားလူမျိုးစု​တွေလည်း ကိုယ်စီနီးစပ်တူရာစုဖွဲ့​တော်လှန်​နေပါပြီ။ 

CRPH နဲ့ ပြည်သူအစိုးရအ​နေနဲ့လည်း ထိုအဖွဲ့​ပေါင်းစုံနဲ့ တိုင်ပင်ပြီး သ​ဘောတူ​အ​ခြေခံ​​ကောင်း​တွေရထားပြီဆိုတာကျ​နော်တင်ပြခဲ့ပြီးသားပါ။

​ဒေသတွင်းမှာလည်းတသက်လုံးငုပ်တုပ် ASEAN လိုအဖွဲ့အစည်းမျိုး​တောင် လှုပ်လှုပ်ရွရွထတဲ့ပြီး မြန်မာအ​ရေးကိုမဝင်မဖြစ်ဝင်ဖို့ ဦး​ဆောင်လှုံ့​ဆော်​နေပါပြီ။
အင်ဒိုနီးရှားသမ္မတရဲ့မိန့်ခွန်းနဲ့နှိုး​​ဆော်ချက်ကိုသာ နမူနာဖတ်ကြည့်ကြပါ။အားလုံးမဖြစ်မ​နေ အ​ဖြေရှာကြရမယ်လို့ အချက်​ပေး​နေပါပြီ။ ​နေ့ချင်းညချင်းဆက်သွယ် စည်း​ဝေးဖို့ ပြင်​နေပါပြီ။

ကမ္ဘာ့ကွန်ယက်ကြီးနဲ့ချိတ်ပြီး စစ်​ကောင်စီရဲ့ ဘဏ္ဍာ​ရေးကိုထိန်းချုပ်နိုင်စွမ်း၊သံတမန်နည်းလမ်းအရပြည်သူ့

အစိုးရဖက်က အမြင့်ဆုံးအသာစီးရ​နေမှု​တွေရှာ​ဖွေသုံးသပ်မြင်နိုင်ကြရင် မြန်မာ့​နွေဦးအ​ရေး​တော်ပုံဟာ
ပင်လုံးကျွတ်ပုရစ်ဖူး​တွေ ​ဝေသစ်​နေတာ ​သေချာ​တွေ့ရမှာပါ။

ကုလသမဂ္ဂမှာလည်းလမ်း​ကြောင်းများစွာကျန်ပါ​သေးတယ်။ဖြစ်နိုင်​​ချေ၊စွမ်းနိုင်​ချေ အပြည့်နဲ့ပါ။

ကုလရဲ့ UNSC လုံခြုံ​ရေး​ကောင်စီမှာ မြန်မာအ​ရေးအတွက် သ​​ဘောတူ​ကြေညာချက် ၂ ကြိမ်ရတယ်ဆိုတာ၊ ရခဲတဲ့​​အောင်မြင်မှု​တွေပါ။တဆင့်ခြင်းတက်ရတာ​တွေရှိပါတယ်။ကုလလူ့အခွင့်အ​ရေး​ကောင်စီ၊ အ​ထွေ​ထွေညီလာခံစသဖြင့်
အခွင့်အလမ်း​ကောင်းများစွာအတွက် တာဝန်ရှိသူအားလုံးစွမ်းရည်အပြည့်အရယူပြကြဦးမှာပါ။

ပြည်တွင်းမှာ အပစ်မဲ့ပြည်သူ​တွေအ​ပေါ် စစ်​ကောင်စီရဲ့ ကြမ်းကြုတ်ရက်စက်မှု​တွေ လူ့ကျင့်ဝတ်လူ့ဂုဏ်သိက္ခာကို​စော်ကားကျုးလွန်မှု​တွေ(လမ်း​​​ပေါ်ကအနိုင်ကျင့်မှု​တွေ) ကိုမှတ်တမ်းတင်​ပေးပို့ထားတဲ့ ပြည်သူ​တွေရဲ့တာဝန်​ကျေမှုဟာ တကယ်စွမ်းခဲ့ပါတယ်။ကမ္ဘာကြီးဘယ်လိုမှ သည်းမခံနိုင်​တော့​အောင် ရင်​​တွေကို ထိမှန်ခဲ့ပါတယ်။

အ​ရေးယူ​ဆောင်ရွက်မှု​တွေ သွက်လက်ထိ​ရောက်ဆက်တိုက်လာမှာပါ။ပြည်သူ​တွေအ​နေနဲ့"​အောင်စိတ်"နဲ့သာ ယုံ​နေဖို့၊အထိအခိုက်အကျအဆုံးအနဲဆုံးနည်း​​တွေနဲ့ ပြင်ဆင်ဖို့၊မျိုးဆက်တခုနဲ့တခုကြားစိတ်ဝမ်းကွဲ​သွေးခွဲစကားအပြု

အမူ​တွေကို အဝင်မခံပဲတသားထဲ တခုထဲဖြစ်​နေဖို့ပါပဲ။

CDM သမား​တွေအတွက် သတင်း​ကောင်းရှိပါတယ်။အနာဂါတ်နိုင်ငံ​တော် အစိုးရ
ယန္တယားမှာ ပြည်သူ့သစ္စာ​ဖောက်များနဲ့ ဗျူရိုကရက်များအတွက်​​နေရာမရှိ​စေရ၊CDM ဝန်ထမ်းများ၊မျိုးဆက်သစ်ဝန်ထမ်းများနှင့်သာ၊ အစိုးရယန္တယားသစ် တည်မှာဖြစ်​ကြောင်း မကြာခင် ကိုယ်​​​ယောင်ထင်ရှားမြင်ရပါလိမ့်မယ်။

မ​ဝေး​တော့တဲ့ အနာဂါတ်မှာ ပြည်သူကိုနှိပ်စက်တဲ့စစ်တပ်​နေရာရှိ​တော့မှာ မဟုတ်ပါ။ ဖက်ဒရယ်တပ်မ​တော်သာရှိလာပါလိမ့်မယ်။ရဲတပ်ဖွဲ့ဟာလည်းနိုင်ငံသား​​တွေကို ​​စောင့်​ရှောက်ကာကွယ်မည့်အသစ်ကျပ်ချွတ် ရဲတပ်ဖွဲ့သာဖြစ်လိမ့်မယ်လို့ အခိုင်အမာ​ပြောပါရ​စေ။

လူငယ်မျိုးဆက်သစ်​တွေ အတွက်ဖက်ဒရယ်တပ်မ​တော်၊ ရဲတပ်ဖွဲ့အသစ်ဖြစ်လာ​အောင်ပြင်ဆင်​လေ့ကျင့်​နေပါပြီ။

အ​ရေး​တော်ပုံ​အောင်ရမည်။

#မင်းကိုနိုင်
၂၀.၃.၂၀၂၁ 



ဆက်ဖတ်ရန် →