နောက်ဆုံးရ
အောင်ပန်းမြို့အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းမှုများ

အောင်ပန်းမြို့အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းမှုများ

■ အောင်ပန်းမြို့တွင် ယနေ့ မတ်လ ၁၉ ရက်၊ နံနက်ပိုင်းက အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့များမှ အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
.
.
.
လွတ်လပ်၍ အမှီအခို ကင်းသော မီဒီယာအဖြစ် ဆက်လက် ရပ်တည်နိုင်ရေး ထောက်ပံ့မှုများ ပြုလုပ်လိုပါက https://www.kanbawzatainews.com/p/blog-page_6.html

ဆက်ဖတ်ရန် →
မ/ဥ ဒလန်တွေလည်းပါလာပါတယ်

မ/ဥ ဒလန်တွေလည်းပါလာပါတယ်

၁၉.၃.၂၀၂၁
၁၀:၀၅
Ycdcမှ ဝန်ထမ်းတွေကို သဲအိတ်ရှင်းဖို့ခေါ်ပြီးမနိုင်တော့ ရပ်ကွက်ထဲကလူတွေပါခေါ်ရှင်းခိုင်းတာ
ပုန်းသည့်နေရာနှင့် တော်တော်ဝေးသောနေရာများဖြစ်သောကြောင့် zoomဆွဲထားပါသည်။
တချို့ဒလန် အကြီးစားတွေက ရိုက်ရန်မြင်ကွင်းမရှင်းပါ

ဆက်ဖတ်ရန် →
အကြမ်းဖက်စစ်​ကောင်စီတပ်များ ပြည်သူပိုင်ကား အစီး ၃၀ ​ကျော်ကို ဖျက်ဆီးခြိမ်း​ခြောက်

အကြမ်းဖက်စစ်​ကောင်စီတပ်များ ပြည်သူပိုင်ကား အစီး ၃၀ ​ကျော်ကို ဖျက်ဆီးခြိမ်း​ခြောက်

ရန်ကုန်၊ မတ် ၁၉
မင်း​အောင်လှိုင်၏ အကြမ်းဖက်စစ်​ကောင်စီတပ်များသည် မတ်လ ၁၈ ရက်​နေ့ ညပိုင်းက သဃ်န်းကျွန်းမြို့နယ်၊ ငမိုးရိပ်လမ်းသွယ်များအတွင်းရှိ ပြည်သူပိုင် ကား အစီး ၃၀ ​ကျော်ကို ဖျက်ဆီးခြင်း၊ ပစ်သတ်မည်ဟုခြိမ်း​ခြောက်ခြင်း၊ ဆဲဆိုခြင်းများ လုပ်​ဆောင်ခဲ့​ကြောင်း သိရှိရ
ဆက်ဖတ်ရန် →
uwsaရန်ကုန်မြို့ထိ စစ်ကြောင်းတွေ ဆင်နွှဲသွားဖို့ ရှိ

uwsaရန်ကုန်မြို့ထိ စစ်ကြောင်းတွေ ဆင်နွှဲသွားဖို့ ရှိ

မတ်လ ၁၈ ၊ ၂၀၂၁
ခွန်အကာ / OMG
မြန်မာ တပ်မတော်လို့ ခံယူထားတဲ့စစ်အဏာသိမ်းကောင်စီ ကနေ ဖမ်းဆီးထားတဲ့ သမ္မတ ဦးဝင်းမြင့် ၊ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် တို့အား ချက်ချင်ပြန်လွှတ်ပေးဖို့နဲ့ အေးချမ်းစွာ ဆန္ဒပြနေတဲ့ပြည်သူတွေကို ဆက်လက် အကြမ်းဖက်မှု ၊ မတရားဖမ်းဆီမှု များ ပိုမို့ ရှိလာပါက uwsa ဝ တပ်မတော် အနေနဲ့လက်ရှိ " ဝ " ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရ ဒေသကနေ မန္တလေး - နေပြည်တော် လမ်းမကြီးကနေ ရန်ကုန်မြို့ထိ စစ်ကြောင်းတွေ ဆင်နွှဲသွားဖို့ ရှိသလို...တစ်ခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့လည်း အွန်လိုင်း ကနေ ဆွေးနွေးတိုင်ပင်တာတွေ ရှိတယ်လို့ " ဝ " အထူးဒေသ ( ၄ ) မိုင်းလားမြို့ ပြန်ကြားရေးတာဝန်ခံ ဒု ဥက္ကဋ္ဌ က OMG သို့ ပြောကြားခဲ့ပါတယ်။
သတင်း နှင့် ဓာတ်ပုံ - ခွန်အကာ
ဆက်ဖတ်ရန် →

အကြမ်းဖက်ရဲတပ်ဖွဲ့မှ ကားကို ရပ်တန့်‌စေပြီး ဆဲဆို အဓမ္မလိုက် ရိုက်နှက် ခဲ့သော ဗီဒီယိုမှတ်တမ်း

မတ်လ ၁၈ ရက်၊ ရန်ကုန်မြို့ တာ​မွေတွင် အကြမ်းဖက်ရဲတပ်ဖွဲ့မှ ကားကို ရပ်တန့်‌စေပြီး ဆဲဆို အဓမ္မလိုက် ရိုက်နှက် ခဲ့သော ဗီဒီယိုမှတ်တမ်း။
ဆက်ဖတ်ရန် →
အမေရိကန်တွေ ဝင်ကူလာမှာကို မအလ စစ်သူပုန်တွေနဲ့ သူတို့ပထွေးတရုတ်တွေပါ

အမေရိကန်တွေ ဝင်ကူလာမှာကို မအလ စစ်သူပုန်တွေနဲ့ သူတို့ပထွေးတရုတ်တွေပါ

 
 
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့
တရုတ်နိုင်ငံခြားရေးဝမ်ယိတို့
မနက်ဖြန် 19-3-2021 အမေရိကန်မှာ
မြန်မာအရေးဆွေးနွေးကြဖို့ရှိ။
မြန်မာ့အရေးတည်ငြိမ်နေပြီဖြစ်လို့
အမေရိကန်မှ ဝင်မပါဖို့ တရုတ်ဘက်မှ အသံထွက်နေ။
ဒါ့ကြောင့် မြို့ကြီးတွေမှာ
လမ်းပေါ်က သပိတ်အတားအစီးတွေကို
အတင်းလိုက်ဖယ်ရှားနေခြင်းဖြစ်။
အဖမ်းခံထားရသူတချို့နဲ့ ရွေး/ကော်တချို့ကိုလဲ
ပြန်အလွှတ်ပြနေတယ်။
မြန်မာပြည်မှာ တည်ငြိမ်သွားသယောင်
ကမ္ဘာကို သတင်းလွှင့်နိုင်ဖို့ လုပ်နေကြခြင်းဖြစ်တယ်။
ဒါ့ကြောင့် ပစ်မည် သတ်မည်ဟုခြိမ်းခြောက်နေပေမဲ့
ယခင်နေ့ရက်တွေလောက် ပစ်ခတ်မှုတွေ
သိပ်လုပ်တာမတွေ့ရတော့တာပါ။
အမေရိကန်တွေ ဝင်ကူလာမှာကို
မအလ စစ်သူပုန်တွေနဲ့ သူတို့ပထွေးတရုတ်တွေပါ
အလွန်ကြောက်နေကြတယ်။
ဒါ့ကြောင့် လက်နက်မဲ့ပြည်သူများအပေါ်
အမေရိကန် မဟာမိတ်တပ်များမှ ကူညီပေးနိုင်ဖို့အတွက်
တိုင်းပြည် မငြိမ်သက်သေးကြောင်းနှင့်
စစ်အုပ်စုကို လုံးဝလက်မခံကြောင်း
ဆန္ဒပြပွဲများ ဆက်တိုက်ပြဖို့လိုပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်များက ဝိုင်းတိုက်နေကြတဲ့
တိုက်ပွဲများဆီ စစ်အင်းအားတွေ ပို့နေရလို့
လက်ကျန်အင်အားလောက်နဲ့
မြို့တွေမှာ ရသလောက် ဖြဲခြောက်ပြနေကြတာပါ။
အင်အားမလောက်လို့ စစ်သားမယားများကိုပါ
ယူနီဖောင်းဝတ်ခိုင်းပြီး အသုံးချနေကြတာတွေ့နေရတယ်။
ဟိုမြို့မှာ ဆန္ဒပြနေတယ်ဆိုလဲ ဒီစစ်သားနဲ့ ရဲတွေပဲ
ဒီမြို့မှာဆိုလဲ ဒီစစ်သားနဲ့ ရဲတွေပဲ လိုက်နေရတာဆိုတော့
ဒီကောင်တွေ လုံးဝ ပင်ပန်းနေကြပါပြီ။
ဆန္ဒပြပြည်သူများ ပင်ပန်းနေကြတာထက်ကို
စစ်သူပုန် ရဲများ စစ်သားများ အသေပင်ပန်းနေကြပါပြီ။
- စစ်ကားတွေ အများကြီး တာလပတ်တွေ အုပ်မိုးပြီးသာ
ယာဉ်တန်းလိုက် မောင်းပြနေပေမဲ့
ကားတွေထဲမှာ တစ်စီးကို ၅ ယောက် ၁၀ ယောက်နဲ့
တချို့ကားတွေထဲ တစ်ယောက်မှ မပါပဲ ကြောက်လန့်အောင်
ဟန်ရေးပြနေကြတာပါ။
- ဒီကောင်တွေမှာ မြို့ပေါ် အင်အားက ထိရောက်အောင် မရှိတော့ပါ။
- တစ်နေရာမှာ အင်အားသုံး သွားဖြိုခွင်းနေရင် ကျန်တဲ့နေရာများကို 
လွှတ်ပေးထားနေရတဲ့အခြေအနေပါ။
- နေရာစုံ ဒေသစုံကသာ တပြိုင်နက် အုံကြွလိုက်ရင်
ဒီကောင်တွေမှာ နိုင်နင်းအောင် ဖြိုခွင်းစရာ အင်အားမရှိတော့ပါ။
- ဒါ့ကြောင့် စစ်အကြမ်းဖက်များနှင့် ထိပ်တိုက်မတွေ့အောင်ရှောင်ရှားကြပြီး
ရတဲ့နည်းဖြင့် လမ်းများအပေါ် ဆန္ဒဖော်ထုတ်ကြပါ။
- တိုင်းပြည် မတည်ငြိမ်သေးကြောင်း ကမ္ဘာသိအောင် ပြကြပါ။
- မှတ်တမ်းပုံတွေ Video တွေရိုက်ပြီး တင်ကြပါ။
- စစ်အုပ်စုကို လုံးဝလက်မခံကြောင်း သက်သေတွေပြကြပါ။
- မြန်မာရေပိုင်နက်အနီးရောက်နေသည့်
US မဟာမိတ်စစ်အုပ်စုမှ ကူညီလို့ရအောင်
ပြည်တွင်းမှ ပြည်သူများမှ ဆန္ဒတွေ
ဆက်တိုက်ပြကြဖို့လိုပါသည်။
Credit
NOM

ဆက်ဖတ်ရန် →
USA -CHINA ဆွေးနွေးပွဲအခြေအနေမကောင်းပါ

USA -CHINA ဆွေးနွေးပွဲအခြေအနေမကောင်းပါ

အမေရိကန် ၁၈ ရက်နေ့ မြန်မာနိုင်ငံမှာ ၁၉ ရက်နေ့က ငါတို့နိုင်ငံအတွက်အရေးကြီးတယ်။
စစ်ပွဲတွေဖြစ်ပီးမှ လက်ရှိပြဿနာတွေပီးသွားမလား...
ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တရုတ် နောက်ဆုတ်သွားမလားဆိုတာ အဖြေတခုထွက်လိမ့်မယ်။
တကမ္ဘာလုံးမှာရှိတဲ့ အမေရိကန် ဗြိတိန် ပြင်သစ် ဂျာမဏီ ဂျပန် ကိုရီးယား ဩစတြေးလျိား အိန္ဒိယ  တူရကီ NATO အုပ်စုဝင်နိုင်ငံတွေက တရုတ်ကို စစ်ပြုဖို့အချိန်ရောက်နေပီ။
တရုတ်က Proxy war ကို ရွေးချယ်လိုက်ရင် မြန်မာပြည်ဟာ စစ်မြေပြင်ဖြစ်မယ်။ ကမ္ဘာ့နိုင်ငံဆယ်နိုင်ငံလောက်နဲ့ တရုတ်ပြိုင်မိုက်ဖို့ကတော့ တရုတ်အဲသလောက်မမိုက်မဲဘူးလို့ထင်တယ်။ ရုရှကတော့ နှာစေးသွားပါပီ။
တရုတ်လက်ရှောင်သွားရင် တရုတ်ပေးရမယ့် အရင်းနှီးတွေတော့ရှိတာပေါ့။ အဲ့ထဲမှာ မြန်မာ့အရေးလဲပါလိမ့်မယ်။
တရုတ်လက်ရှောင်သွားရင် အာဏာရူးမအလ တို့အတွက်ကတော့ ဆက်ပီးမိုက်မဲစရာမရှိတော့ပီ။
စစ်ဗိုလ်ချုပ်တသိုက်နဲ့မိသားစုတွေ ရုရှမှာ ခိုလုံခွင့်တောင်းဖို့သာရှိတယ်။
ဆက်ပီးတင်းခံ သတင်းအမှောင်ချပီး လူဆက်သတ်နေမယ်ဆိုရင်တော့
ဘင်္ဂလားပင်လယ်အော်က မဟာမိတ်ရေတပ်ကြီးက ဒီတိုင်းလှည့်ပြန်သွားစရာတော့မရှိဘူး။
(တချို့တွေက စစ်ရေးလေ့ကျင့်တာပဲ ဘာကြောက်စရာရှိလဲပေါ့။ စစ်ရေးလေ့ကျင့်တယ်ဆိုတာ ခေါင်းစဉ်လှအောင်တပ်ပေးတာပါ။ တကယ်က စစ်လာပြင်တာပါ။ ပီးခဲ့တဲ့လကလည်းတောင်တရုတ်ပင်လယ်ပြင်မှာ စစ်ရေးလေ့ကျင့်ပီး တရုတ်ကို challenge လုပ်ပီးပါပီ။ အခုလည်း တခါထပ်ပီး မြန်မာနိုင်ငံနဲ့အနီးဆုံးနေရာမှာ challenge ထပ်လုပ်တာပါ။ ဒါမျိုးကို တောင်ကိုရီးယားနိုင်ငံမှာသွားလုပ်ရင် မြောက်ကိုရီးယားက အသားကုန်အော်ပါတယ်။ မယုံရင် လေ့လာကြည့်ပါ။ အခုတော့ အာဏာရူးမအလတို့တွေအသံတချက်မထွက်ရဲပါဘူး။ ဒီလိုမြန်မာနိုင်ငံအနီးနားမှာ နိုင်ငံစုံရေတပ်တွေစစ်ရေးလေ့ကျင့်တာမျိုးက သမိုင်းမှာ မရှိခဲ့ဖူးပါ။ ၈၈ ကနဲ့အခြေအနေလုံးဝကွဲပါတယ်)

ဆက်ဖတ်ရန် →
ကျည်ဆံတွေကြား အကြောက်တရား မရှိတဲ့Gen-Z မျိုးဆက်

ကျည်ဆံတွေကြား အကြောက်တရား မရှိတဲ့Gen-Z မျိုးဆက်

Gen- Zကလေးများရဲ့တိုက်ပွဲကို ကြည့်နေရင်း ဘာတွေတွေ့လဲဆိုတော့ မိုလိုတော့ဗ်တွေ အဆင်သင့် ပြင်ပေးထားပြီး ဆက်တိုက်ပစ်ထည့်ကြတာပဲ။ နောက်ပြီး ရှေ့တန်းက တိုက်နေချိန် နောက်တန်းက မီးသတ်ဆေးဗူးနဲ့ အဆင့်သင့် စောင့်နေပြီး မလိုအပ်တဲ့နေရာမီးစွဲတာနဲ့ ချက်ချင်း ထ သတ်တယ်။ ဒီလောက် တပြောင်းပြောင်း ပစ်နေတာတောင် တက်လိုက်/ဆင်းလိုက်နဲ့ မမှုတမ်း လှုပ်ရှားနေပုံတွေကို တည်တည်ငြိမ်ငြိမ်နဲ့ ကျကျနန မှတ်တမ်းယူနိုင် Live လွှင့်နိုင်တဲ့ သူလည်း ရှိတယ်။ လူစုခွဲဟေ့ဆိုလည်း ချက်ချင်း ကိုယ်ယောင် ဖျောက်ပစ်နိုင်တယ်။ ညီတာ။ အသေချာဆုံးနဲ့ အကြိုက်ဆုံးကတော့ သေတတ်တဲ့ ကျည်ဆံတွေကြား အကြောက်တရား မရှိပဲ တက်ညီလက်ညီ အချိတ်အဆက်မိမိ လှုပ်ရှားနိုင်တဲ့ Gen-Z မျိုးဆက် ရဲဘော်လေးတွေပဲ။ မင်းတို့ကို လေးစားလိုက်တာ၊ ချစ်လိုက်တာ၊ အားကျလိုက်တာ။ အလေးပြုတယ်ကွာ။ တကယ်။.
Crd
ကျွန်တော် လဲ အလေးပြုလို့ ပြန်လည် မျှဝေသည်
ဆက်ဖတ်ရန် →
စစ်ကောင်စီရဲ့ မြေပြင်လှုပ်ရှားမှုမှာ Psycho ပိုင်းတွေအများကြီးပါနေတာတွေ့ရတယ်။

စစ်ကောင်စီရဲ့ မြေပြင်လှုပ်ရှားမှုမှာ Psycho ပိုင်းတွေအများကြီးပါနေတာတွေ့ရတယ်။


 
လက်ရှိ စစ်ကောင်စီရဲ့ မြေပြင်လှုပ်ရှားမှုမှာ Psycho ပိုင်းတွေအများကြီးပါနေတာတွေ့ရတယ်။လွန်ခဲ့တဲ့ရက်ပိုင်းအထိ Well Plan မရှိတော့ပဲ ရမ်းပစ်နေတယ်လို့ ထင်ခဲ့မိတယ်။ မဟုတ်ဘူး တကယ် Well Plan နဲ့ သူတို့ ဆက်လုပ်နေကြတယ်။
ပထမဦးစွာ အထွေထွေထိုင်သပိတ်တွေလုပ်တဲ့ နေရာတွေ
နေ့လည်မှာ ထိုင်သပိတ်လုပ်တယ် ၊ဖြိုခွင်းတယ်။ရပ်ကွက်နေပြည်သူတွေကို အထိနာအောင်လုပ်တယ် ။ပစ်သတ်တယ်။ ဒါတင်မကပဲ ညအခါ ထိုင်သပိတ်လုပ်ခဲ့တဲ့ ရပ်ကွက်ကို ထပ်ပြီး သေနတ်တွေနဲ့လာပစ်တယ်။အကြောက်တရားရအောင်လုပ်တယ်။ ပထမ ၁/၂ ခါ မသိသာပေမဲ့ ၃/၄/၅ ခါမြောက်မှာ ထိုင်သပိတ်လုပ်မဲ့ရပ်ကွက်ရှိ ပြည်သူတွေက သပိတ်တွေကို ပူးပေါင်းချင်စိတ်မရှိကြတော့ဘူး။ ထိုင်သပိတ်လာလုပ်ရင် ညကျ ငါတို့ရပ်ကွက်ကိုလာပြီး သောင်းကျန်းတော့မယ် ဆိုတဲ့ အသိတရားဝင်သွားပြီ။ မလုပ်အောင် တားတဲ့သူကို ရပ်ကွက်ထဲက သူအချင်းချင်းကလဲ ဒလံဆိုပြီး အမြင်တွေစောင်းပြီး စိတ်ဝမ်းကွဲကြပြီ။ အခုဆို ထပ်ပြီးအထိခိုက်မခံချင်လို့ ထိုင်သပိတ်တွေ နားထားကြပြီ။
ဒုတိယ တစ်ခုက ရပ်ကွက်တွေထဲ အတားအဆီးလုပ်တဲ့ကိစ္စတွေ။
လွန်ခဲ့တဲ့ ၂ ရက်က ကျနော်လက်ရှိနေနေတဲ့ နေရာတနေရာမှာပေါ့ ။လမ်းထိပ်မှာပိတ်ထားတဲ့သဲအိတ်တွေကို လာဖြိုတယ်။ပြီးတော့ပြောသွားတယ်။ "အတားမဆီးတွေ မလုပ်ကြပါနဲ့ ။မလုပ်ရင် ခင်ဗျားတို့ဘက်ကို ယောင်လို့တောင်မလာပါဘူး။ အတားဆီးး တွေထပ်လုပ်ရင် ခင်ဗျားတို့ အသက်အိုးအိမ်စည်းစိမ်းတွေအတွက် ကျွန်တော်တို့ အာမ မခံပါဘူး " ဆိုပြီးပြောသွားတယ်။ မယုံလို့ စောင့်ကြည့်တယ်။ တကယ်ပဲ အခုထိ ထပ်မလာကြဘူး။ အဲ့တော့ လူတွေရဲ့ စိတ်ထဲမှာ အပေါ်မှာပြောခဲ့သလိုပဲ အတားဆီးထပ်လုပ်ချင်တဲ့သူကို ကျန်တဲ့သူတွေက ဝိုင်းဝန်းတားကြတော့တယ်။ ဘာလို့ဆို တစ်ယောက်လုပ်ရင် ကျန်တဲ့ တစ်ရပ်ကွက်လုံး ခါးစည်း ခံကြရမှာကိုး ။
ဒီကိစ္စတွေမှာ ဘာတွေ့ရလဲဆို One for All ဆိုတာမျိုးပေါ့၊ ကျနော်တို့တွေ ငယ်စဉ်က ကျောင်းတွေမှာ ကြုံခဲ့ကြဖူးပါတယ်။အခန်းထဲမှာ တစ်ခုခုဖြစ်ရင် ဘယ်သူလုပ်တာလဲ ဆရာမတွေကမေးတယ်။ တရားခံမပေါ်ရင် တစ်တန်းလံုးကိုရိုက်တာမျိုး။ နောက်တစ်ခါထပ်ဖြစ်တဲ့အချိန်မှာ အရိုက်မခံနိုင်တဲ့သူတွေက လုပ်တဲ့သူကို တန်းပြီးလက်ညှိုးထိုးလိုက်ကြတယ်။ အချင်းချင်း စိတ်ဝမ်းကွဲအောင်လုပ်တဲ့နည်း။
(သပိတ်ကိုမလုပ်နဲ့မ
ဆက်ဖတ်ရန် →
ငုံ့ခံလိုက်ရင် ကျနော်တို့ဟာ သစ္စာဖောက်ပဲ။

ငုံ့ခံလိုက်ရင် ကျနော်တို့ဟာ သစ္စာဖောက်ပဲ။

အာဏာသိမ်း ၄၄
၁။ ဒီပွဲဟာ အကြမ်းဖက်စစ်တပ်အနေနဲ့ လူထုထောက်ခံမှု အကျဆင်းဆုံးပွဲပါပဲ။ အရင်က ဘာပဲဖြစ်ဖြစ် စစ်တပ်ရဲ့ ဘတ်ဂျက်ဟာ KNU လိုအဖွဲ့နဲ့ ယှဉ်ရင်တောင် အဆမတန် များလွန်းတာ တွေ့ရမှာပါ။ ဒီဘတ်ဂျက်တွေဟာ ဗမာပြည်သူတွေဆီကနေ ဂုတ်သွေးစုတ်ထားတဲ့ ပိုက်ဆံတွေပါပဲ။
အခုတော့ အတော်များများက လုံးဝလက်မခံဘဲ ကန့်ကွက်နေကြပြီမို့ စစ်တပ်အနေနဲ့လည်း ဘတ်ဂျက်တွေ အများကြီးထိခိုက်ပါတယ်။ တဖက်မှာ နိုင်ငံတကာမှာ ဖြန့်ကျက်ထားတဲ့ ပိုက်ဆံတွေပါ ပိတ်မိကုန်တော့ စစ်မျက်နှာပြင်နှစ်ခုလုံးမှာပါ ရှုံးနေရတာပေါ့။
မိတ်ဆွေနည်းနည်းနဲ့ နေဖို့ ကြိုးစားထားတယ်ဆိုတာ ဆိုက်ဝါးသက်သက်ပဲဆိုတာ အရာမထင်လိုက်တဲ့လော်ဘီကြေးက သက်သေပြနေပါတယ်။ အကြမ်းဖက်တပ်ဟာ ငွေကြေးအခက်အခဲ ကြီးကြီးမားမား ရင်ဆိုင်နေရပါတယ်။
ဒီကြားထဲမှာ လူတွေ ရာနဲ့ချီပြီး စစ်တပ်ကနေ ထွက်ပြေးနေတာပါ ပေါင်းလိုက်ရင် သူတို့မှာလည်း အင်အားလျော့နေတာ သေချာပါတယ်။
၂။ ပြည်သူလူထုရဲ့ နိုင်ငံရေးရေချိန်ဟာ အရမ်းမြင့်မားနေပါတယ်။ ပိုဆိုးတာက အကြမ်းဖက်တပ်က ဆိုးရွားတဲ့ကိုင်တွယ်ပုံတွေကြောင့် ညှိနှိုင်းလို့ ရတဲ့အခြေအနေကို ကျော်လွန်ခဲ့ပြီ။
တကယ်လို့ ဖေဖော်ဝါရီ ၂၀ လောက်က အန်တီစုတို့ ပြန်လွတ်ခဲ့ပြီး အာဏာမသိမ်းခင် အစလောက် ပြန်ရောက်ခဲ့ရင် လူထုက လက်ခံနိုင်မှာ ဖြစ်ပေမဲ့ အခုကတော့ ကျော်သွားပြီ။ ခုဆိုရင် တဖွဲ့ဖွဲ့က အလုံးစုံပျက်သုန်းမှပဲ ကိစ္စက ပြီးတော့မှာပါ​။
ဒါကြောင့် အကြမ်းဖက်တပ်ဟာ အာဏာတည်ဆောက်ရေးအတွက် အများကြီးလုပ်နေရလို့ ပြန်လည်တည်ဆောက်ရေးအတွက် ဘာမှလုပ်ချိန်မရသေးဘူး။
၃။ အခုဆို ရန် ငါ စည်းပြတ်သွားပြီဆိုတော့ ဒီတော်လှန်ရေးပြီးရင် လောက်ကောင်တွေက မြန်မာနိုင်ငံရဲ့ စီးပွားရေးကို ထိန်းချုပ်ရဖို့ ဘယ်လိုမှ ဖြစ်နိုင်မှာ မဟုတ်တော့ဘူး။
ဒီလူတွေရဲ့ ကုတ်သွေးစုတ်ထားတာတွေကို ပြည်သူပိုင်သိမ်းလို့ ရသွားနိုင်တဲ့အနေအထားပဲ။ ကျနော်တို့ ရှုံးရင် ကျနော်တို့က နိုင်ငံသစ္စာဖောက်။ သူတို့ ရှုံးရင် သူတို့က နိုင်ငံသစ္စာဖောက်။
သူတို့က အွန်လိုင်းပဲ ထောက်ခံရဲကြသူ။
ကျနော်တို့က အသေခံရဲကြသူ။
ဘယ်သူက ပိုပြီး နိုင်နိုင်မလဲ မေး?
၄။ ကျနော်တို့ နိုင်ရင် အများကြီး ဖြစ်နိုင်တယ်။
ကျနော်တို့အနေနဲ့ ပျက်စီးသမျှကို အကြမ်းဖက်တပ်အနွယ်တွေရဲ့ ပိုင်ဆိုင်မှုနဲ့ လျော်ကြေးပေးလိုက်ရုံပဲ။ အေး သူတို့နိုင်ရင်ရော တိုင်းပြည်အခွံပဲရမယ်။သူတို့က ဆုံးရှုံးစရာတွေ ပိုကြီးတယ်။ ကျနော်တို့က အသက်မှတပါး တခြား မရှိဘူး။ သူတို့က ပြိုကွဲနေပြီဖြစ်တဲ့ တိုင်းပြည်ကြီးကိုပဲ အမွေဆက်ဆံရမှာ။ ကျနော်တို့က နိုင်ငံတကာက ဂုဏ်ယူတဲ့နိုင်ငံကိုအမွေဆက်ခံရမှာ။
၅။ လက်ဗလာနဲ့ သေရဲတဲ့သူတွေရဲ့ သတ္တိကို သူတို့ ကြောက်ကြရမယ်။
သူတို့ ဝိုင်းခံရတဲ့အချိန် ဘယ်လိုကြောက်ကြလဲ? ကျည်ကုန်တဲ့အခါ ဒိုင်းတွေနဲ့ ငိုနေတာတွေ၊ ဒါတွေကြည့်ရုံနဲ့တင် လုပ်နိုင်စွမ်း မတူတာပိုပြီး သိနိုင်တယ်။
ကျနော်တို့က သူတို့ထက် အဆပေါင်းများစွာ ရဲစွမ်းသတ္တိရှိတယ်။ ကျနော်တို့အနေနဲ့ သွေးနဲ့ရင်းပြီး အောင်မြင်မှုတွေ ရထားပြီးပြီ။ ကျနော်တို့ ငုံ့ခံလိုက်ရင် ကျနော်တို့ဟာ သစ္စာဖောက်ပဲ။ အဆုံးသတ်ထိ တိုက်ပွဲဆင်နွဲကြမယ်။
ရေးသားသူ -
Yan Naing Oo
ဆက်ဖတ်ရန် →
* ( Doomsday Plane ) တောင်ရောက်နေပါလား၊

* ( Doomsday Plane ) တောင်ရောက်နေပါလား၊

 

နိုင်ငံခြားရေးဝန်ကြီးစီးလာတဲ့အပြာရောင်လေယာဉ်ပျံကြီးဘေးမှာရပ်ထားတဲ့ကိုယ်ထည်အဖြူရောင် ဘေးကအပြာရောင်အစင်းနဲ့လေယာဉ်ကြီးကိုတချက်အကဲခတ်လိုက်ပါ၊ အဲ့လေယာဉ်ကြီးတောင် အာရှမှာရောက်နေတာတွေ့ရတော့ ကိုယ်တောင်တကယ် အံဩ တုန်လှုပ်လန့်သွားပါတယ်၊ အဲ့လောက်တောင် တကယ်စစ်ပြင်ဆင်လာတာပါလား၊
*****အခုန လေယာဉ်အဖြူကြီးကို Doomsday Plane လို့ခေါ်ပါတယ်၊ သူ့နိုင်ငံနဲ့တကမ္ဘာလုံးမှာနေရာယူထားသော ရွေ့လျှားနေသော အဏုမြူဒုံးကျည်လက်နက်တပ်ဆင်ထားတဲ့စစ်သင်္ဘောအားလုံး ရေငုပ်သင်္ဘောအားလုံး တအမ္ဘာလုံးကြိုက်တဲ့နေရာကိုလှမ်းပစ်လို့ရတဲ့အဆင်သင့်အနေထားလျို့ဝှက်တာဝေးပစ် နျူးကလီးယားဒုံးကျည်အားလုံး ကိုအဲ့လေယဉ်ပေါ်မှထိမ်းချုပ်စင်တာကနေအမိန့်ပေး ၍သော်လည်းကောင်း အဲ့ကနေဘဲတိုက်ရိုက်ထိမ်းချုပ်ခလုတ်နှိပ်ပီး ကြိုက်တဲ့နေရာအားလုံးကိုအကုန်လှမ်းပစ်လို့ရပါတယ်၊ အနုမြူဗုံးကျဲ B လေယာဉ်ကြီးအားလုံးနဲ့လည်းအတူတွဲအလုပ်လုပ်နိုင်ပီး သူကကြိုက်တဲ့ကောင်းကင်နေရာဝေဟင်အနိမ့်အမြင့်မှာဘဲဆီပြန်ဖြည့်ပီးလျို့ဝှက်ပျံသန်းရင်းအကြာကြီးနေနိုင်ပါတယ်တဲ့၊
အခုချီတက်လာနေတဲ့လေယာဉ်တင်သင်္ဘောအုပ်စု ရေငုပ်သင်္ဘောအုပ်စုနဲ့မဟာမိတ်တပ်တွေခနမေ့ထားပါဦး၊
*****ဒါကြောင့် လူယုတ်မာရဲ့ပထွေးတရုပ်ကသူ့ကိုဝိုင်းကြိတ်ဖို့ အဲ့လောက်တောင်တကယ်ပြင်ဆင်လာတာသိတော့ လေသံပြောင်းလာရတာပါ၊ မအလရေ မင်းအလှည့်တော့လာတော့မယ်၊ ကြိုက်တဲ့ဗေဒင်ဆရာတွေနဲ့ မင်းအားကိုး ဘုန်းကြီးလိုလို ရသေ့လိုလိုကောင်ရဲ့အဆောင်တွေဆောင်ပါ၊ နေ့ ည မအား ယတြာချေပါ၊ မင်းအတွက်ဆေးမရှိတော့ပါဘူး၊ မင်းမရှုမလှကျရှုံးကိုကျရှုံးမှာပါ
ဟုတ်ပါ့မလား ကိုထက်ရယ်ဆိုသူတွေအတွက် website link လေးပါ ထပ်ဖြည့်ပေးထားပါတယ် 😊 ⬇️
ဆက်ဖတ်ရန် →
၁၀။ တိုင်းပြည်အုပ်ချုပ်ချင်တာ မအောင်မြင်ဘူး

၁၀။ တိုင်းပြည်အုပ်ချုပ်ချင်တာ မအောင်မြင်ဘူး

စိတ်ဓာတ်ကျနေပြီလား?
1st Feb ကနေ 15th March အထိ မြေပြင် အဖြစ်အပျက်တွေကို ကျော်ကြည့်ရအောင်။
၁။ ဆေးရုံတွေဖွင့်တာ မအောင်မြင်ဘူး
၂။ ကျောင်းတွေဖွင့်တာ မအောင်မြင်ဘူး
၃။ ဘဏ်တွေဖွင့်ခိုင်းတာ မအောင်မြင်ဘူး
၄။ ရပ်ကျေးကောင်စီ မအောင်မြင်ဘူး
၅။ CDM ရုံးတက်ခိုင်းတာ မအောင်မြင်ဘူး
၆။ ငွေတိုက်စာချုပ်တင်ဒါ မအောင်မြင်ဘူး
၇။ နိုင်ငံတကာပွဲမှန်သမျှ မအောင်မြင်ဘူး
၈။ တိုင်းရင်းသားလက်နက်ကိုင်ကို ကြိုညှိတာ မအောင်မြင်တော့ဘူး
၉။ CRPHဖမ်းချင်တာခုထိ ရှာမတွေ့တော့ မအောင်မြင်ဘူး
၁၀။ တိုင်းပြည်အုပ်ချုပ်ချင်တာ မအောင်မြင်ဘူး
~~~~~~~~~~~~~~~~~~~~~~~~~~
ပြောချင်တာ အနှစ်ချုပ်က
"မောရင် နားပါ
ပြီးရင် ပန်းတိုင်ကိုဆက်သွားမယ်။"
နိုင်ငံခြားကပိုင်ဆိုင်မူတွေ ထုတ်မရတော့ တာတွေလို/ social punishment တွေလို/ အယောင်ဆောင် democracy မှန်းကမ္ဘာကသိသွားတာတွေလို/ သူတို့အကြောင်းကို တိတိပပသိပြီး တူးတူးခါးခါးမုန်းတဲ့ next generationကြီးတစ်ခုပေါ်လာတာတွေ နဲ့အခြားသော ကိုယ်တွေလို သာမန်လူနားမလည်နိုင်တဲ့ အမြတ်ထွက်တာတွေ လည်းအများကြီးရှိပါသေးတယ်
သူတို့ မအောင်မြင်တာမှန်သမျှ ကျတော်တို့အောင်ပွဲလေ။ ဘာကို စိတ်ဓါတ်ကျရမှာလဲ ပြော။
သူတို့အောင်မြင်တာ သေနတ်ရှိလို့ လူသတ်တာနဲ့ ကြောက်အောင်လုပ်တာ။ ဒီတခုပဲ သူတို့ကောင်းကောင်းလုပ်တတ်တော့တယ် ခုချိန်ထိပေါ့။ မှာချင်တာ အဖမ်းမခံနဲ့ မသေစေနဲ့။ ကိုယ် လုပ်နေတဲ့ အလုပ်ကို အကောင်းဆုံးလုပ်နေပါ။ ကျနော်တို့ ကြောက်သွားမှ စိတ်ဓါတ်ကျသွားမှ သူတို့အောင်မြင်မှာ။
အသက်ပေးလိုက်ရတဲ့လူတွေနဲ့ ဒဏ်ရာရခဲ့သူတွေ အားလုံးကို ကျေးဇူးရှိတယ်လို့ ယူဆရင် စိတ်ဓာတ်မကျပါနဲ့။
အမှောင်မိုက်ဆုံးအချိန်ဟာ ရောင်နီလာတော့မယ့် အချိန်ပါပဲ။
ဆက်ဖတ်ရန် →