လက်နက်တွေတင်ဆောင်ထားတဲ့ကားကိုတမင်တကာလာရောက်စွန့်ပစ်ထားပါတယ်
လမ်းမတော်ကီလီထိပ်မှာ ဘူဒိုဇာတင်ထားတဲ့ကားတစီးနဲ့ ဆလွန်းကားတစီးထဲမှာ လက်နက်တွေ နဲ့ မိထားပါတယ် စုစုပေါင်း၁၁စီးရှိမယ်ပြောပါတယ် ရှေ့က၃စီးကတော့လွတ်သွားပါတယ် crd
တခြားကြွလို့ရတဲ့ နေရာက ကြွနေတာပဲ .... စမ်းချောင်းသားတွေ သွေးမနည်းဘူး စမ်းချောင်း တရုတ်ကျောင်းလမ်း
ရဲထွဋ်မိသားစု ... Social Punishment
"ဗိုလ်တစ်ထောင် ၅ " ရဲ့ လောက်ကောင် 🐛
" Pann Kyar Wai @ Vicky" ဖြစ်ပါတယ်။
သူကတော့ စဖြစ်ခါစက ခဏ post တချို့တင်ပြီးနောက် facebook ကနေပျောက်ကွယ်သွားပြီး Instagram မှာတစ်ချက်တစ်ချက်ထတင်ပါတယ် သို့သော် သူ့ကို social punishment ပေးရမယ့်အချက်ကတော့ သူ့အဖေ U Ye Htut ကြောင့်ပါ။
ထိုသူဟာဆိုရင် Facebook မှာအဓိပ္ပာယ်မရှိသော ဝါဒမှိုင်းများဖြန့်နေသူတစ်ဦးဖြစ်ပါတယ် ဥပမာ StateOfEmergency ဆိုတာမျိုးတွေ လျှောက်လျှောက်ရေးတယ်ပေါ့ ဒါတင်မကပါဘူး အဘတွေလုပ်သမျှကို စာသမားပေသမားလိုလိုနဲ့ လိုက်ပြီး ဖုံးဖိကာကွယ်တာမျိူးကလဲ လုပ်တတ်ပါသေးတယ်။ ဒီထက်သိချင်ရင် Facebook က Ye Htut ပါ။
Vicky ဟာဆိုရင်တော့ သူ့အဖေကို အရမ်းဂုဏ်ယူနေတာပါ သူ့အဖေ အရှိန်အဝါတစ်လုံးနဲ့ လူတိုင်းကို နှိမ့်ချ အနိုင်ကျင့်တတ်သူလဲဖြစ်ပါတယ် အမေကိုယ်တိုင်ကလဲ အားပေးအားမြှောက်လုပ်ပါတယ်။
သူတို့က ညီအစ်မ ၃ ယောက်ပါ ၃ယောက်လုံး ဒီအချိုးပါပဲ။ ရောင်းရင်းတို့ လောက်ကမွေးလဲ လောက်ပဲလို့သတ်မှတ်ကြတဲ့အတွက် ယခုလိုဖော်ပြလိုက်ပါတယ်။
#crd
U.S. Embassy Rangoonကြေငြာချက်
“မြန်မာနိုင်ငံအတွင်းဆန္ဒပြသူများအပေါ် ထိတ်လန့်တုန်လှုပ်ဖွယ်အသက်သေဆုံးစေခဲ့သော အကြမ်းဖက်မှုကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် ကုန်ပစ္စည်းများနှင့်နည်းပညာများကို မြန်မာစစ်အစိုးရက ရယူနိုင်ခြင်းမရှိစေရန် ကန့်သတ်ချုပ်ချယ်လိုက်သည့်အကြောင်း ထပ်တိုးကန့်သတ်ချက်ကို အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ကြေညာလိုက်သည်။ မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီ ပြန်လည်အသက်ဝင်စေရေးကိုလည်း မိမိတို့တောင်းဆိုလိုက်သည်” - နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်
မြန်မာနိုင်ငံအတွင်း စစ်တပ်အာဏာသိမ်းမှုနှင့်ငြိမ်းချမ်းစွာဆန္ဒပြသူများအပေါ် အကြမ်းဖက်မှု အရှိန်မြင့်တက်လာနေခြင်းကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် ကြေညာချက်အပြည့်အစုံကို https://go.usa.gov/xsUXa တွင်ဖတ်ရှုနိုင်ပါသည်။
“In response to shocking and deadly violence against protestors in Burma, U.S. Department of Commerce is announcing further restrictions to constrain the Burmese military regime\"s access to U.S. goods and technology. We call for the restoration of democracy in Burma.” - Antony Blinken, Secretary of the State
The press release by the U.S. Department of Commerce in response to the military coup and escalating violence against peaceful protesters in Burma can be found here: https://go.usa.gov/xsUXa
March 5 2021·
Photographer တဦးရဲ့ သုံးသပ်ချက် 😏
#Object နဲ့ background က ကပ်နေတာကို ခံစားမိတယ်။
နောက်က လျှာထိုးပုံစံ အဖြူစင်းတွေမှာ distortion နည်းနည်း ပါနေတယ် ခံစားမိတယ်။
မသိမသာ လောက်ဘဲ ပါတာ ဆိုတော့ စိတ်ထင် 24mm သုံးထားတယ် ထင်တယ်။ မဟုတ်ရင် 30mm ဘဲ။ ဒီ position ယူရင် 50mm သုံးလို့ရပါရက် distortion အပါခံပြီး 24mm သုံးတာ နေရာမရှိလို့ ဖြစ်နိုင်တယ်။
နောက်က မီးက အလုံးလိုက်ကြီး ကွက်နေတယ်။ ဒါကလည်း lighting ကပ်ထိုးရင် ဖြစ်တတ်တာမျိုးနဲ့ ဆင်တယ်။
သေခြာတယ် camera man မှာ နောက်ထပ်ဆုတ်စရာ space မရှိတာ ဖြစ်နိုင်သလို၊ ဆုတ်လိုက်ရင် bound ထဲ မလိုလားအပ်တာ ဝင်လာနေလို့လဲ ဖြစ်နိုင်တယ်။
ဒါကို ကြည့်ရင် bound ရော setting ရော သိပ်ကြပ်နေတယ်။ အခန်းကျဉ်းထဲမှာ ရိုက်ထားတာ ကျိန်းသေတယ်။ Coz ဘယ်နိုင်ငံတော်အဆင့် ခန်းမ မဆို ကျဉ်းစရာ bound ကြပ်စရာ အကြောင်း မရှိဘူး။ အားလုံးက အကျယ်ကြီးတွေ ဆောက်ထားတာ။
မအလတို့ ဘယ်ချောင်မှာပုန်းပြီး setting ဆင်ရိုက်ပြီး video file ပို့ပေးနေလဲ မသိ 🤔
ခရက်ဒစ်-မူလရေးသူ
Photo_Credit
မဖြစ်နိုင်တဲ့ အဆုံးမှာတော့ တိုက်ခိုက်ရပါလိမ့်မယ်
မျောက်ခြောက်ကြိမ်
ပုံပြင်တစ်ပုဒ်ရှိတယ်
မျောက်တွေမွေးထားပြီး တောင်းစားနေတဲ့ လူတစ်ယောက်အကြောင်းပေါ့
သူက မျောက်တွေအများကြီး မွေးထားတာ။ မျောက်ပြ ပိုက်ဆံတောင်းနေတဲ့ သူတောင်းစားလေ။ မျောက်ပြ တောင်းစားတဲ့ကောင်လက်ထဲမှာ ကိုင်ထားတာ တုတ်တစ်ချောင်းတည်းပါ။ မျောက်တွေ အားလုံးက သူတို့ သခင်မျက်နှာထက် တုတ်ကိုပဲကြည့်နေတာ။ တုတ်က မျောက်အားလုံးကို ထိန်းထားတဲ့ အသက်ပဲ။
မျောက်တွေကို တုတ်မြှောက်ရင်ဘာ၊ တုတ်ဝှေ့ရင်ဘာ၊ တုတ်ထောင်ရင်ဘာ၊ တုတ်ရမ်းရင်ဘာဆိုပြီး မျောက်ရှင်က မျောက်တွေကို သင်ထားတာ။ သင်တဲ့အခါမှာလည်း အဲဒီတုတ်နဲ့ပဲ ရိုက်သင်တာကြောင့် မျောက်တွေဟာ တုတ်ကို အရမ်းကြောက်ကြတယ်။
မျောက်တစ်အုပ်ကို တုတ်တစ်ချောင်းတည်းနဲ့ ထိန်းထားတဲ့ မျောက်ရှင်ကို မျောက်တွေက မတော်လှန်ရဲ ကြဘူး။ မတော်လှန်ရဲဘူးဆိုတာထက် ဘယ်လိုတော်လှန်ရမှန်းကို မသိတာ။
တစ်ခါ မျောက်တစ်ကောင်က သူတို့ကြောက်နေရတဲ့ တုတ်ကိုယူပြေးဖူးတယ်။ အဲဒီကောင် သေလောက်အောင် အရိုက်ခံရတယ်။
တစ်ခါ မျောက်တစ်ကောင်က တုတ်ကို ချိုးပစ်ဖူးတယ်။ ချိုးလိုက်တဲ့ တုတ်ထက် ပိုကြီး၊ ပိုရှည်တဲ့ ကြိမ်လုံး ရောက်လာတယ်။
မျောက်ဘဝ မလွယ်ပါဘူး
သခင်ကို ရှာလည်းကျွေး၊ အရိုက်လည်း ခံရသေး၊ ပေးတာယူ၊ ကျွေးတာစား၊ တစ်ခါတစ်လေများ ငတ်တောင် နေတယ်။
သခင်ကတော့ မျောက်ပြပြီး တောင်းထားတဲ့ပိုက်ဆံနဲ့ ကောင်းကောင်းစား၊ မျောက်တွေကတော့ သူတို့တောင်း ထားတာတောင် သူတို့မစားရတဲ့ ဘဝကိုရောက်နေရရှာသူတွေပါ။ ဒါပေမဲ့ သခင်ကို မှီခိုနေရတာကိုပဲ သူတို့က ကံကောင်းလှပြီထင်နေကြတာ။
သူတို့သခင်က အရက်တွေသောက် အစားတွေစား၊ လွှင့်ပစ်လိုက်တာလေး ကောက်စားရတာကို ကျေနပ် နေရတဲ့ မျောက်တွေဘဝမှာ အာဏာဟာ တုတ်အပေါ်မှာတည်တယ်။ တုတ်ပြလိုက်ရင် ကုပ်နေကြရတယ်။
တုတ်ကိုကြောက်ပြီး မျောက်တွေက ထွက်လည်း မပြေးရဲဘူး။ မျောက်ပဲ တောထဲဝင်ပြေးလိုက်ရင်ရတာပဲ။ ဒါပေမဲ့ သူတို့စိတ်ထဲမှာ တောထဲသွားရင် ငတ်သေမှာကြောက်တာထက် သူတို့သခင်က လိုက်လာပြီး ဖမ်းမိရင် တုတ်နဲ့ရိုက်မှာပဲဆိုပြီး ကြောက်နေတာကြောင့်လည်း ထွက်မပြေးရဲဘူး။ ထွက်ပြေးတဲ့ မျောက်တစ်ကောင်ကို ဖမ်းလာပြီး သူတို့ရှေ့မှာပဲ သေအောင်ရိုက်သတ်ပြထားတော့ ကြောက်တာပေါ့။
တစ်နေ့တော့ မျောက်တစ်ကောင်က ဝါးဆစ်ပိုင်းတစ်ပိုင်းကို ကိုင်လာတယ်။ ကျန်တဲ့ မျောက်တွေက ဘာလုပ်မလဲ ကြည့်နေတယ်။ မျောက်က ဝါးဆစ်ပိုင်းနဲ့ မူးပြီး ထိုင်လျက်သား အိပ်နေတဲ့ သူ့သခင်ခေါင်းကို ရိုက် လိုက်တယ်။ လက်ဆနည်းနည်းပြင်းတော့ ခေါင်းပေါက်ပြီး သွေးထွက်လာတယ်။
အဲဒီမျောက်ကို မနက်က ကြိမ်နဲ့ဆော်ခံထားတာ စိတ်ထဲက ခံပြင်းသွားပုံရတယ်။
သခင်က လန့်နိုးလာတယ်
သူ့ခေါင်းကို ပွတ်ကြည့်တော့ သွေးတွေ ထွက်လာတယ်။ သူ့ကို ရိုက်တဲ့မျောက်နောက်ကို လိုက်တယ်။ မျောက်က ကြောက်ပြီး ပြန်ရိုက်တယ်။ သူ့သခင်လဲကျသွားတယ်။
အဲဒီတော့မှ ကျန်တဲ့မျောက်တွေက သူတို့သခင်ကို တုတ်နဲ့ ရိုက်နိုင်တယ်ဆိုတာ သိပြီး တုတ်တွေ ကိုင်လာကာ ဝိုင်းရိုက်တယ်။ မထနိုင်အောင်ကို ဝိုင်းရိုက်တာ။
သခင်သေတာတောင် ဘာလုပ်ရမှန်း မသိသေးဘူး။ မျောက်တစ်ကောင်က သွားကိုင်လှုပ်တယ်။ မထနိုင်တော့ဘူး။ ဒီတော့မှ ထွက်ပြေးတာ။
တစ်ကောင်ပြေးတော့ နောက်တစ်ကောင်က လိုက်
နောက်တစ်ကောင်နောက်ကို နောက်တစ်ကောင်လိုက်
အိမ်ထဲမှာ မျောက်တစ်ကောင်မှ မရှိတော့ဘူး
ဒါတောင် တောစပ်ကနေ ကြည့်နေသေးတယ်။
“ငါတို့သခင် လိုက်လာလေမလား”
မလိုက်လာတော့မှ တောထဲကိုဝင်၊ တွေ့တဲ့ အသီးအနှံတွေခူးစား ပျော်သွားတယ်။
မျောက်တွေစိတ်ထဲတော့ တွေးနေမှာ
“ငါတို့ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ခေါင်းကိုရိုက်ပြီး ထွက်လာနိုင်သားနဲ့ နှစ်တွေ ဘာကြောင့် ကြားပြီးမှ လွတ်မြောက်ရတာလဲပေါ့”
“အစကတည်းက တစ်ချောက်လောက်ပြန်ခံပြီး တွယ်ထည့်လိုက်ရင် ငါတို့ လွတ်မြောက်တာကြာပြီ”
တကယ်လိုတာ “သတ္တိ” ပါ
သူကိုင်ထားတဲ့ ကြိမ်တစ်ချောင်းဟာ ငါတို့လက်ပေါင်းများစွာဒဏ်ကို မခံနိုင်ဘူးဆိုတာ မယုံရင် စမ်းကြည့် လိုက်ပါ။
(ရှေးဟောင်း တရုတ်ရိုးရာပုံပြင်တစ်ပုဒ်ကို ကိုးကားပါသည်)
တင်ညွန့်
၇.၃.၂၀၂၁

















































