နောက်ဆုံးရ
အီတလီတွင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်သည့် ဂုဏ်ထူးဆောင်နိုင်ငံသားဆု သားဖြစ်သူ တက်ရောက် လက်ခံ

အီတလီတွင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်သည့် ဂုဏ်ထူးဆောင်နိုင်ငံသားဆု သားဖြစ်သူ တက်ရောက် လက်ခံ

အီတလီတွင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်သည့် ဂုဏ်ထူးဆောင်နိုင်ငံသားဆု သားဖြစ်သူ တက်ရောက် လက်ခံပြီး မြန်မာအကြမ်းဖက်စစ်တပ် ကျရှုံးလိမ့်မည်ဟု ကင်မ်အဲရစ်(ခေါ်) ကိုထိန်လင်းပြောဆို


ရန်ကုန်၊ ဇွန် ၁၈ ခေတ်သစ်


အီတလီနိုင်ငံ၊ Abbiategrasso မြို့တွင် ဒေါ်အောင်ဆန်းစုကြည်ကို   ချီးမြှင့်သည့် ဂုဏ်ထူးဆောင်နိုင်ငံသားဆုကို သားငယ်ဖြစ်သူ  ကင်မ်အဲရစ်(ခေါ်) ကိုထိန်လင်းက တက်ရောက်လက်ခံလိုက်ပြီး မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်တပ် ကျဆုံးလိမ့်မည်ဖြစ်ကြောင်း ပြောဆိုသည်။ 


ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင်နိုင်ငံသားဆုချီးမြှင့် ပေးအပ်ပွဲအခမ်း အနားကို ယမန်နေ့ Abbiategrasso မြို့တော်ဝန် Cesare Nai က ဦးဆောင်ပြီး ၊အီတလီအမတ် Umberto Maerna ၊ Lombardy ဒေသကောင်စီဝင် Andrea Sala၊ အီတလီ လွှတ်တော်အမတ်ဟောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်၏ သူငယ် ချင်းဖြစ်သူ Albertina Soliani၊ မြန်မာနိုင်ငံဆိုင်ရာ အီတလီသံအမတ်ဟောင်း Alessandra Schiavo တို့ တက်ရောက်ခဲ့ကြသည်။


မိခင်အတွက် ဆုကို လက်ခံခဲ့သော ကင်မ်အဲရစ်(ခေါ်) ကိုထိန်လင်းက မြန်မာ နိုင်ငံတွင် အကြမ်းဖက်မှုများ ပြီးဆုံးမည်ဖြစ်ပြီး စစ်တပ်က ရှုံးနိမ့်မည်ဖြစ် ကြောင်း၊ မြန်မာ့ဒီမိုကရေစီအရေး လမ်းကြောင်းပေါ်သို့ ပြန်လည် ရောက်ရှိမည်ဖြစ်ကြောင်း ပြောဆိုသည်။ 


ကင်မ်အဲရစ်(ခေါ်) ကိုထိန်လင်းက မိခင်ဖြစ်သူ၏ ကျန်းမာရေးအတွက် စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး မိခင်ကို ချက်ချင်းလွှတ်ပေးရန် တောင်းဆိုခဲ့သည်။ စစ်ကောင်စီက မတရားဖမ်းဆီး အကျဉ်းချထားသော ဒေါ်အောင်ဆန်းစုကြည်ထံမှ စာတစ်စောင်ကို သားငယ် ကင်မ်အဲရစ်(ခေါ်) ကိုထိန်လင်းက လက်ခံရရှိခဲ့သည်။ 


ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော် အကျဉ်းထောင်တွင်ပင် ရှိနေပြီး ရန်ကုန်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်ကိုလည်း စစ်တပ်က ရောင်းချရန် ကြိုးစားနေကြောင်း ကင်မ်အဲရစ်(ခေါ်) ကိုထိန်လင်းက ပြောဆို

သည်။





ဆက်ဖတ်ရန် →
 ခွဲတမ်းရ စားအုန်းဆီများကို ထွေ/အုပ် အပါအဝင်အာဏာပိုင်များနှင့်ပေါင်း၍ ပြင်ပသို့ ရောင်းချ

ခွဲတမ်းရ စားအုန်းဆီများကို ထွေ/အုပ် အပါအဝင်အာဏာပိုင်များနှင့်ပေါင်း၍ ပြင်ပသို့ ရောင်းချ

စားအုန်းဆီကုန်သည် ၄ ဦးက ခွဲတမ်းရ စားအုန်းဆီများကို ပြည်သူများသို့ ဖြန့်ဝေရောင်းချပေးခြင်းမရှိဘဲ ထွေ/အုပ် အပါအဝင်အာဏာပိုင်များနှင့်ပေါင်း၍ ပြင်ပသို့ ရောင်းချ

■ စားအုန်ဆီတစ်ပိဿာလျှင် ငွေကျပ် ၅၃၇၀ ကျပ်စစ်တပ်က သတ်မှတ်ထားသော်လည်း ပြင်ပစျေးကွက်တွင် ဆီတစ်ပိဿာလျှင် ငွေကျပ်  ၁၄၀၀၀ အထိ စျေးပေါက်နေ

ရန်ကုန်၊ ဇွန် ၁၈ ခေတ်သစ်

အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတွင်းသို့ တင်သွင်းလာသော စားအုန်းဆီများကို လိုင်စင်ရ ဆီကုန်သည်ကြီးများမှတစ်ဆင့် ပြည်သူများထံသို့ ဖြန့်ဝေရောင်းချလျက်ရှိရာ စားအုန်းဆီကုန်သည် ၄ ဦးက ခွဲတမ်းရ စားအုန်းဆီများကို ပြည်သူများထံသို့ ဖြန့်ဝေရောင်းချခြင်းမပြုဘဲ ထွေ/အုပ် အပါအဝင်အာဏာပိုင်များနှင့်ပေါင်း၍ ပြင်ပစျေးကွက်သို့ စျေးနှုန်းအမြင့် အမြတ်ကြီးကြီးဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။
 
အကြမ်းဖက်စစ်ကောင်စီက စားအုန်းဆီ တစ်ပိဿာလျှင် ရည်ညွှန်းစျေး ၅၃၇၀ ကျပ် သတ်မှတ်ထားသော်လည်း လက်တွေ့ စျေးကွက်အတွင်းတွင် စားအုန်းဆီ တစ်ပိဿာလျှင် ငွေကျပ် ၁၄၀၀၀ စျေးနှုန်းရှိနေကြောင်း ၊ အဓိကမှာ ဆီကုန်သည်များက ခွဲတမ်းရ စားအုန်းဆီများကို ပြည်သူများထံသို့ မှန်မှန်ကန်ကန်ရောင်းချပေးခြင်းမရှိဘဲ အာဏာပိုင်များနှင့်ပူးပေါင်း၍ ပြင်ပစျေးကွက်သို့ စျေးအမြင့်ဖြင့် ပြန်လည်ရောင်းချကြောင်း သိရှိရသည်။ 

"စားအုန်းဆီစျေးတွေအဆမတန်မြင့်တက်နေတာက  သင်္ဃန်းကျွန်းမြို့နယ်မှာရှိတဲ့ ဆီကုန်သည် စိုင်းဇော်ဇော်လင်း (ကြယ်ဖြူဆီဆိုင်)၊  ဒေါ်သိမ့်သိမ့်ဆွေ(စိုင်းဇော်လင်းအကိုမိန်းမ)အောင်မြန်မာဆီဆိုင်၊ ဇော်မင်းအောင် (ဧရာဝတီဆီဆိုင်)နှင့်ဦးအောင်သိန်း(ဆီကုန်သည်အသင်း)တို့လို လောဘသားကောင်တွေရှိနေသ၍ဆီစျေးက အဆမတန်တက်နေပါ့မယ်။ သူတို့က သင်္ဃန်းကျွန်းမြို့နယ်အတွက် ရရှိတဲ့ စားအုံးဆီပေပါခွဲတမ်းတွေကို ပြည်သူ့လက်ထဲသို့တိုက်ရိုက်ရောက်မယ့် ဆီကိုယ်စားလှယ်တွေကို ပြန်လည်ခွဲဝေမပေးဘဲ (ထွေ/အုပ်)များနှင့်ပေါင်းစားကာ လက်ဝါးကြီးအုပ်ပြီးမတရားချမ်းသာနေကြသူများဖြစ်တယ်။ စိုင်းဇော်လင်းဝင်ငွေ က တနေ့ဝင်ငွေသိန်း၃၀၀ နဲ့ ၄၀၀ ပတ်ချာလည်မှာရှိပါတယ်။ သင်္ဃန်းကျွန်း ထွေ/အုပ် တစ်ရုံးလုံးကို စိုင်းဇော်လင်းနှင့်ဆီကုန်သည်တွေက  သိန်းပေါင်းများစွာ ပေးကမ်းပြီးလက်ဝါးကြီးအုပ်ထားကြတယ်။ ဘယ်သူလာပြောပြော ထွေ/အုပ်ရုံးက ထိုသူများကိုအကာအကွယ်များပေးထားကြတယ်။ တခြားမြို့နယ်တိုင်း မြို့နယ်တိုင်းမှာလည်းဒီလိုပုံ ဒီလိုအတိုင်းတွေကြီးပဲရှိနေတယ်။  သဃ်န်းကျွန်းမြို့နယ်ကတော့အဆိုးဆုံးပေါ့" ဟု ဆီကုန်သည်သတင်းရင်းမြစ် တစ်ခုက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 

စစ်ကောင်စီက ဆီကုန်သည်များထံမှတစ်ဆင့် စာအုန်းဆီများကို သတ်မှတ်စျေးဖြင့် ပြည်သူများထံသို့ ရောင်းချရန်  စီစဉ်ပေးထားသော်လည်း လက်တွေ့တွင် စားအုန်းဆီကုန်သည်များက ပြင်စျေးကွက်များသို့ စျေးအမြင့်ဖြင့်သာ ထုတ်ရောင်းကြကြောင်း သိရှိရသည်။

"ကုမ္ပဏီ ၂၆ ခုက ဒီကုမ္ပဏီ၂၆ခုက ဗဟိုဘဏ်က ရောင်းပေးတဲ့ စျေးသက်သာတဲ့ ငွေလဲနှုန်းနဲ့ဒေါ်လာဝယ်ယူပြီး စားအုန်းဆီသွင်းခွင့်ရတယ်။ ကုမ္ပဏီ၂၆ကနေ မြို့နယ်တွေကို စာအုန်းဆီ ပီပါတွေ ပြန်ခွဲပေးရတယ်။  စားအုန်းဆီစျေးနှုန်း အဆင်ပြေအောင် ဆောင်ရွက်မှပဲ စျေးကွက် ကမောက်ကမတွေနဲ့ စျေးကွက်တွင်း စားအုန်းဆီ Black Market စျေးနှုန်း ဟာ ၁၄၀၀၀ ထိ ရောက်ရှိလာတာကို တကယ် မြေပြင် အလုပ်လုပ်ကြသူတွေ သိရှိပြီးဖြစ်မယ်ထင်ပါတယ်။  အနာတစ်ခြား ဆေးတစ်ခြား ပေးနေသ၍ မိုးပေါ်က သိကြားမင်း လာကယ်တောင် အဆင်ပြေမှာ မဟုတ်ပါ။ စျေးကွက်တွင်းစားအုန်းဆီ ပမာဏ များများ တင်သွင်းလာခဲ့ရင်တောင် ဒေါ်လာစျေးပြင်ပပေါက်စျေး အရ စားဆီ တစ်ပိဿာ  ငွေကျပ်  ၇၅၀၀ ပတ်ဝန်းကျင် ပေါက်စျေးအဖြစ် ရှိနေမှာဖြစ်ပါတယ်" ဟု ဆီကုန်သည်သတင်းရင်းမြစ်က ဆိုသည်။ 

လက်ရှိ စားအုန်းဆီ ပြင်ပစျေးကွက်သည် ဆီကုန်သည်များ၊ စစ်တပ်အာဏာပိုင်များနှင့် ထွေ/အုပ်များ ပါဝင်ပတ်သက်နေသဖြင့် ဆီစျေးကျဆင်းရန် မလွယ်ကူကြောင်း သိရှိရသည်။ 

"အခုလက်ရှိ ကုမ္ပဏီ တွေ ကိုယ်စားလှယ် အနေနဲ့ ရောင်းချပေးနေမှုတွေမှာ မြို့နယ် မြေပြင်အခြေအနေတွေအရ မြို့နေ လူတန်းစားတွေနဲ့ ကိုယ်စားလှယ် ရရှိသူတွေသာ လုပ်ပိုင်ခွင့်ကို အသုံးချနေကာ  အဆင်ပြေနေကြတာ တွေ့ရပါတယ်။  စားအုန်းဆီ တစ်အိမ်ထောင် တစ်ပိဿာ နှုန်းဖြင့် ရောင်းပေးပေမယ့်လည်း အဲဒီဆီတွေကလည်း စျေးကွက်ထဲကို တစ်ပိဿာ  ၁၂၀၀၀ ကျော်နဲ့ ပြန်ဝယ်ကြတယ်။  အဲဒါကြောင့် အခြေခံ ပြည်သူတွေက စားအုန်းဆီ တစ်ပိဿာ ၁၄၀၀၀ စျေးနဲ့ ပြန်ဝယ်ယူနေရတယ်" ဟု ဆီကုန်သည် သတင်းရင်းမြစ်က ရှင်းပြသည်။ 

ပြည်တွင်းတွင် လိုအပ်သုံး စားသုံးဆီများကို ပြည်ပမှနှစ်စဉ် အမေရိကန်ဒေါ်လာသန်း ၆၀၀ ကျော်ဖိုးခန့် တင်သွင်းနေရပြီး နိုင်ငံခြား ငွေသုံးစွဲပြီး တင်သွင်းနေရတာကြောင့် ပြည်တွင်းမှာ စားအုန်းဆီပြတ်လတ်လာမှုများရှိနေကြောင်း သိရှိရသည်။ 

ဓာတ်ပုံ - စားအုန်းဆီတန်းစီနေကြသည့် ပြည်သူများ။ (ပုံအဟောင်းဖြစ်ပါ သည်။)


ဆက်ဖတ်ရန် →
 နိုင်ငံခြားငွေ ပြတ်လပ်သော စစ်ကောင်စီက  ပြည်ပရောက် မြန်မာအလုပ် သမား များထံမှ ဒေါ်လာရရန် နည်းမျိုးစုံဖြင့် ကြိုးပမ်း

နိုင်ငံခြားငွေ ပြတ်လပ်သော စစ်ကောင်စီက ပြည်ပရောက် မြန်မာအလုပ် သမား များထံမှ ဒေါ်လာရရန် နည်းမျိုးစုံဖြင့် ကြိုးပမ်း

ပြည်ပရောက် မြန်မာအလုပ်သမားများ၏ လစာ ၂၅ ရာခိုင်နှုန်းကို တရားဝင်ဘဏ်များမှတစ်ဆင့် ပြည်တွင်းမိသားစုထံသို့ လွှဲပြောင်းသည့်အထောက် အထားများ အေဂျင်စီများကို စစ်ကောင်စီက တင်ပြခိုင်း


ရန်ကုန်၊ ဇွန် ၁၇ 


ပြည်ပနိုင်ငံများသို့ အေဂျင်စီများမှတစ်ဆင့် သွားရောက် အလုပ်လုပ်သော အလုပ်သမားများ၏ လစာ ၂၅ ရာခိုင်နှုန်းကို တရားဝင်ဘဏ်များမှတစ်ဆင့် ပြည်တွင်းရှိ မိသားစုထံသို့ လွှဲပြောင်းသည့်အထောက်အထားများ အေဂျင်စီများကို စစ်ကောင်စီက တင်ပြခိုင်းနေကြောင်း ပြည်ပ အလုပ်အကိုင်အေဂျင်စီအသိုင်းအ၀ိုင်း ထံမှ သိရှိရသည်။ 


၂၀၂၄ ခုနှစ် ဇွန်လမှစတင်၍ လစဉ် လဆန်း ၅ ရက်အတွင်း ပြည်ပအလုပ် အကိုင်အေဂျင်စီများအနေဖြင့် မိမိတို့ စေလွှတ်လိုက်သော အလုပ်သမားများက ပြည်ပနိုင်ငံများတွင် ရရှိသော လစာများကို ပြည်တွင်းရှိ မိသားစုများထံသို့ ပြည်တွင်းဘဏ်များမှတစ်ဆင့် လွှဲပြောင်းသော အထောက်အထားများကို စစ်ကောင်စီ၏ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနထံသို့ တင်ပြရမည် ဖြစ်ကြောင်း၊ ထိုသို့ တင်ပြရန် ပျက်ကွက်ပါက ပြည်ပအလုပ်အကိုင်အေဂျင်စီများကို လုပ်ငန်းလုပ်ခွင့် လိုင်စင်ရုပ်သိမ်းသည်အထိ အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။ 


ပြည်သို့ သွားရောက်အလုပ်လုပ်ကိုင်သည့် အလုပ်သမားစာရင်းများအရ လုပ်သား ၅၀ ဦးနှင့်အထက် စေလွှတ်ခဲ့သော အေဂျင်စီများသည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလအတွင်း အေဂျင်စီ ၆၅ ခု ၊ အောက်တို ဘာလအတွင်း အေဂျင်စီ ၇၈ ခု၊ နိုဝင်ဘာလအတွင်း အေဂျင်စီ ၈၃ ခု၊ ဒီဇင်ဘာလအတွင်း  ၅၆ ခု ရှိကြောင်း၊ အဆိုပါ အေဂျင်စီများအနေဖြင့် မိမိတို့ စေလွှတ်ခဲ့သော အလုပ် သမားများက ပြည်ပရောက်လစာ ၂၅ ရာခိုင်နှုန်းကို ပြည်တွင်းမိသားစုများထံသို့ တရားဝင်ဘဏ်များမှတစ်ဆင့် လွှဲပြောင်းသော အထောက် အထားများကို  ဇွန်လ ၂၈ ရက်နေ့ နောက်ဆုံးပေးပို့ရမည်ဖြစ်ကြောင်း၊ အချိန်မီ မပေးပို့ပါက အေဂျင်စီများ၏ စေလွှတ်ရေးလုပ်ငန်းစဉ်များကို ယာယီဆိုင်းငံသွားမည်ဖြစ်ကြောင်း စစ်ကောင်စီက ဖိအားပေးလာကြောင်း သိရှိရသည်။ 


"နိုင်ငံခြားဝင်ငွေ နည်းနေတဲ့ စစ်တပ်က ပြည်ပရောက် မြန်မာအလုပ်သမားတွေဆီက​ ဒေါ်လာ ပြန်ရဖို့ ကြိုးစားနေတဲ့လုပ်ရပ်ပါပဲ။ ပြည်ပအလုပ်အကိုင်အေဂျင် စီတွေပါ အလုပ်ဆက်ပြီး လုပ်ဖို့  အတော်ကို ခက်ခဲကုန်ပါပြီ" ဟု  ရန်ကုန်အခြေ စိုက် ပြည်ပအလုပ်အကိုင်အေဂျင်စီတစ်ခုက ပြောဆိုသည်။





ဆက်ဖတ်ရန် →
 နိုင်ငံရေးအကျဉ်းသူ ၄၀ ကျော် ကာအိန္ဒြေပျက်ပြားအောင်နှိပ်စက်ခံရ

နိုင်ငံရေးအကျဉ်းသူ ၄၀ ကျော် ကာအိန္ဒြေပျက်ပြားအောင်နှိပ်စက်ခံရ

ဒိုက်ဦးထောင် ပြောင်းရွေ့ခံရတဲ့ နိုင်ငံရေးအကျဉ်းသူတွေကို ထောင်အာဏာပိုင်တွေက အကြမ်းဖက်နှိပ်စက်နေတာကြောင့် ဒဏ်ရာရရှိသူ အများအပြားရှိနေ 

PEN47 / ဇွန် ၁၆

မွန်ပြည်နယ် ကျိုက်မရောထောင်ကနေ ဒိုက်ဦး(ကျိုက်ဇကော)ထောင်ကို ဇွန်လ ၁၅ ရက်၊ မနက်၃ နာရီခန့်က ထောင်ပြောင်းရွှေ့ခံရတဲ့ နိုင်ငံရေးအကျဉ်းသူ ၄၀ ကျော်ကို ဒိုက်ဦးထောင်အာဏာပိုင်တွေက ကာအိန္ဒြေ ပျက်ပြားစေတဲ့ စကားများဖြင့် ပြောဆိုပြီး အကြမ်းဖက် ရိုက်နှက်ပစ်ခတ် နှိပ်စက်နေတာကြောင့် အကျဉ်းသူ အများအပြား ထိခိုက်ဒဏ်ရာ ရရှိနေတယ်လို့ အကျဉ်ထောင် နဲ့ နီစပ်သူထံက သတင်းရရှိပါတယ်။

ဒိုက်ဦး(ကျိုက်ဇကော)ထောင်ကို ထောင်ပြောင်းရွှေ့ခံရတဲ့ နိုင်ငံရေးအကျဉ်းသူ ၄၀ ကျော်ကို ထောင်ဗူးဝမှာ  ထောင်ဝန်ထမ်းတွေက ရှာဖွေရေးပြုလုပ်ရာမှာ နိုင်ငံရေး အကျဉ်းသူများရဲ့  ခန္ဓာကိုယ်အတွင်း နှိုက်နှိုက်ချွတ်ချွတ် စစ်ဆေးပြီး ကာအိန္ဒြေပျက်ပြားစေတဲ့  စကားများဖြင့် ပြောဆိုခဲ့တယ်လို့ သိပါတယ်။ 

ဒါ့အပြင် နိုင်ငံရေး အကျဉ်းသူများက ထောင်ပြောင်းရွေ့ခံရချိန်မှာ သယ်ဆောင်လာတဲ့ အစားအသောက်များနဲ့ အသုံးအဆောင်ပစ္စည်းများ ထုတ်ပေးရန်အတွက် တောင်းဆိုခဲ့ကြရာ ထောင်ဝန်ထမ်းတွေက ကြမ်းတမ်းစွာ ပြောဆိုဆက်ဆံခဲ့တာကြောင့် နိုင်ငံရေးအကျဉ်းသူတွေနဲ့ စကားအခြေအတင်ဖြစ်ပွားခဲ့တယ်လို့ ဆိုရပါတယ်။ 

ထိုသို့ စကားအခြေအတင်းဖြစ်ပွားပြီးနောက်မှာ  ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသူတွေကို "မိုက်တဲ့ကောင်မ ထွက်ခဲ့၊ မုဒိန်းကျင့် ပေးမယ်လို့ " ညစ်ညမ်းကြမ်းတမ်းတဲ့ စကားများစွာ ပြောဆိုပြီး အမျိုးသမီးအကျဉ်းဆောင်အတွင်းသို့ သေနတ်များ လေးခွများဖြင့် အကြမ်းဖက်ပစ်ခတ်ခဲ့တာကြောင့်  အမျိုးသမီး အများအပြား ဦးခေါင်း ပေါက်ခြင်း၊ ဖူးယောင်ခြင်း ၊ ရင်ဘတ်တွေကို ထိမှန်ခြင်း နဲ့  သွေးအန်ခြင်းတွေ ဖြစ်ပွားခဲ့တယ်လို့ ထောင်တွင်းသတင်းရင်းမြစ်ထံကနေ သိရပါတယ်။

ဒါအပြင် အမျိုးသားထောင်ဝန်ထမ်းတွေက သေနတ်များ၊ လေးခွများ၊ သစ်သားတုတ်များ ၊ နံပါတ်တုတ်များ ကိုင်‌‌ဆောင်ကာ  အမျိုးသမီး အကျဉ်းဆောင်အတွင်းသို့   အကြမ်ဖက်ဝင်‌‌ရောက် ရိုက်နှက်နှိပ်စက်မှု့တွေလည်း ပြုလုပ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ 

၄င်းအကျဉ်းထောင်တွင်းက ထောင်ဝန်ထမ်းတွေရဲ့ အကြမ်းဖက်သေနတ်ပစ်ခတ်သံတွေမှာ ထောင်ပြင်ပထိကြားရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 

လက်ရှိအချိန်အထိ ဒိုက်ဦးအကျဉ်းထောင်မှာ လူ့အခွင့်အရေးချိုးဖောက်မှုများကို စစ်ကောင်စီတပ်‌က  ပေါ်ပေါ်တင်တင် ပြုလုပ်နေခြင်း ဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ကလည်း ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။ 

လက်နက်ဟူ၍ အပ်တိုတစ်ချောင်းမျှ မရှိတဲ့ အမျိုးသမီးများကို အင်အားသုံးကာ အကြမ်းဖက်မှုများ ပြုလုပ်နေခြင်းမှာ  များစွာရွံ့ရှာဖွယ်ကောင်းကြောင်းနဲ့  အကျဉ်းထောင်အတွင်းရှိ ဥပဒေမဲ့ လုပ်ရပ်များကို ရပ်တန့်နိုင်ရန်အတွက် နိုင်ငံရေးအကျဉ်းသူများနဲ့အတူ တစ်သားတည်းရပ်တည်ကာ ကျယ်ကျယ်လောင်‌‌လောင်ဖြင့် အသံထွက်ပေးကြရန် နိုင်ငံရေးအကျဉ်းသူများအဖွဲ့က မေတ္တာရပ်ခံတိုက်တွန်းထားပါတယ်။ 




ဆက်ဖတ်ရန် →
ရန်ကုန်မှာ အဖမ်းအဆီးတွေ ပြန်များလာ

ရန်ကုန်မှာ အဖမ်းအဆီးတွေ ပြန်များလာ


မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ကင်းစင်အောင်ဆောင်ရွက်ဖို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မှာကြားခဲ့ပြီးနောက် နိုင်ငံတဝန်းဆက်တိုက်ဖမ်းဆီးမှုတွေကို စစ်ကောင်စီသတင်းတွေမှာ ဖေါ်ပြနေပါတယ်။ ပြည်ပအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ထုတ်ပြန်ချက်အရ ဇွန်လပထမနဲ့ ဒုတိယပတ်အတွင်း ရန်ကုန်တိုင်းက ၁၉ ဦးကို စစ်ကောင်စီက ဥပဒေမဲ့ ဖမ်းဆီးခံခဲ့တယ်လို့ဖော်ပြပါတယ်။ ရန်ကုန်ကပေးပို့တဲ့သတင်းကို တင်ပြထားပါတယ်။

ဇွန်လပထမပတ်က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ခဲ့တဲ့ သန်လျင်တံတား အမှတ် (၃) ဖွင့်ပွဲ အခမ်းအနားကို ၁၀၇ မမ ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ဖို့ စီစဉ်ထားသူ ၉ ယောက်ကို ဖမ်းဆီးထားတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။ ဒီလူတွေကို ဘယ်နေရာမှာ ဖမ်းပြီးစစ်မေးနေလဲဆိုတာ ခုချိန်ထိ မသိရသလို သူတို့အခြေအနေကိုလည်းမသိရသေးပါဘူး။ နိုင်ငံရေးအကျဉ်းသားဟောင်းတယောက်ဖြစ်တဲ့ ဦးထွန်းကြည်ကတော့ ဖမ်းဆီးခံရတဲ့သူတွေရဲ့ အသက်အန္တရာယ်အထူး စိုးရိမ်စရာ ကောင်းတယ်လို့ ပြောပါတယ်။

"မနေ့တနေ့ကမှသန်လျင်တံတားကိစ္စနဲ့ပတ်သက်လို့ တောင်ဒဂုံ ၇၂ က ကလေးတွေကိုဖမ်းတယ်။ တကယ်တကယ်ကျတော့ ပွင့်လင်းမြင်သာမှု မရှိဘူး။ အခုကဖမ်းပြီးသွားပြီဟေ့ဆိုရင် ဒီလူငယ်တွေ နိုင်ကျဉ်းတွေကိုအပြတ်ရှင်းပလိုက်တဲ့အနေအထားဖြစ်နေတယ်။ ကျူပင်ခုတ်ကျူငုတ် မကျန်တဲ့နည်းနာတွေနဲ့ ဖိနှိပ်ညှင်းပန်းပြီး လူ့အခွင့်အရေးကိုအဆိုးဝါးဆုံး ချိုးဖောက်နေတယ်။ စစ်ကြောရေးရောက်နေသူတွေ အဖမ်းဆီးခံထားရသူတွေ ထောင်အသီးသီးမှာရှိတဲ့နိုင်ကျဉ်းတွေအားလုံးအတွက်ကတော့ တကယ်ကိုဒီအချိန်မှာအလွန်အမင်း သူတို့အသက်အန္တရာယ်ကို စိုးရိမ်မကင်းဖြစ်မိတယ်။ အခုလိုပုဒ်မအမျိုးမျိုးတပ်ပြီးတော့ အကြမ်းဖက်လုပ်နေတာကိုတော့ နိုင်ငံတကာဘက်က စကစကိုတော့အမြန်ဆုံးထိထိရောက်ရောက်အရေးယူသင့်တယ်။"

ဖမ်းဆီးခံထားရသူ ၉ ယောက်မှာ အမျိုးသား ၈ ယောက်နဲ့ အမျိုးသမီး ၁ ယောက်ပါပါတယ်။ သန်လျင်တံတားကိုဖောက်ခွဲဖို့လုပ်သူတွေလို့ စစ်ကောင်စီစွပ်စွဲထားတဲ့သူတွေကို ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့ နယ်၊ သင်္ဘောကျင်းဝန်ထမ်းအိမ်ယာဝန်းထဲမှာရှိတဲ့ လိုင်းခန်းအဟောင်းမှာ ရှာဖွေဖမ်းဆီးခဲ့တာဖြစ်တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ပါတယ်။ အကြမ်းဖက်ဖို့လုပ်ဆောင်သူလို့ ခေါင်းစဉ်တပ်ဖမ်းရင်လည်း ဖမ်းဆီးခံရသူတွေကို စစ်မေးတာမှာ လက်လွန်ညှင်းပန်းနှိပ်စက်တာ၊ ပြန်လည် ခုခံချေပခွင့်မပေးတာဟာ လူ့အခွင့်အရေးနဲ့ ဥပဒေကိုချိုးဖောက်တာဖြစ်တယ်လို့ ဥပဒေပညာရှင်တဦးကခုလိုပြောပါတယ်။

"မြန်မာနိုင်ငံသားတွေကို စစ်ကြောရေးလို့ခေါ်တဲ့နေရာမှာ စစ်ဆေးဖို့ဆိုတာသည် ဒီနေ့ မြန်မာနိုင်ငံမှာရှိတဲ့ တည်ဆဲဥပဒေ ဘယ်ဥပဒေမှာမှ ပြဌာန်းထားတာမရှိဘူး။ တပ်မတော်အက်ဥပဒေ၊ တပ်မတော်နည်းဥပဒေ၊ ဘယ်ဥပဒေမှာမှမရှိဘူး။ တခြားဥပဒေတွေမှာလည်းမရှိဘူး။ အဲဒါကြောင့် အဲဒါတွေသည် ဥပဒေနဲ့ အညီမဟုတ်ဘူး၊ ဥပဒေနဲ့ ညီညွတ်မှုမရှိဘူးလို့ ဆရာတို့ အတည်အလင်းပြောခြင်းဖြစ်ပါတယ်။"

နေရာစုံမှာ လူငယ်လူရွယ်တွေကို ပုဒ်မမျိုးစုံတပ် ဖမ်းဆီးနေတာတွေ ပိုလာနေတာမို့ လူငယ်တွေအနေနဲ့သတိဝိရိယနဲ့ နေထိုင်ဖို့လိုနေတယ်လို့ ထိုင်းအခြေစိုက် အာဏာရှင်စနစ်တော်လှန်ရေးနဲ့ ပြည်သူ့ကာကွယ်ရေးကွန်ယက်က ဒုဥက္ကဋ္ဌ ကိုဇော်ထွန်းကပြောပါတယ်။

"ခုရန်ကုန်မန်းလေးပဲခူးညောင်လေးပင် ဗမာပြည်ထဲရှိတဲ့အနယ်နယ်အရပ်ရပ်က မြို့တွေနယ်တွေမှာပေါ့။ လူငယ်တွေကိုအကြောင်းအမျိုးမျိုး ပြပြီးတော့စကစက ဖမ်းဆီးမှုတွေအများကြီးလုပ်နေတယ်။ တချို့လူငယ်တွေလည်းဖမ်းဆီးခံရပြီးရဲစခန်းရောက်ပြီးတော့ ပြန်ပိုက်ဆံတောင်း ပြီးတော့ ပြန်လွှတ်ပေးတာရှိတယ်။ နောက်သန်လျင်တံတားဖောက်ခွဲဖို့ လုပ်လို့ဆိုပြီး လူငယ်တွေဖမ်းဆီးခံရတာတွေ့ရတယ်။ စကစကနေပြီးတော့ အကြောင်းအမျိုးမျိုး ဖမ်းဆီးမှုတွေ အနိုင်ကျင့်မှုတွေနှိပ်စက်မှုတွေ ပြုလုပ်မှာဘဲ။ လူငယ်တွေအနေနဲ့ သတိထားရှောင်စေချင်ပါတယ်။"

အခုသီတင်းပတ်တွေအတွင်း ရန်ကုန်မြို့က မြို့နယ်တချို့မှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေက ဧည့်စာရင်း စစ်တာ တွေ ပြန်လုပ်လာသလို သူတို့ မသင်္ကာရင် နေအိမ်တွေထဲ မွှေနှောက်ရှာဖွေကာ ဖမ်းဆီးသွားတာတွေရှိတယ်လို့ ‌ကြုံရတဲ့ရပ်ကွက်နေပြည်သူ တွေကပြောပါတယ်။ အမည်မဖော်လိုတဲ့ ရန်ကုန်တိုင်းစစ်ကြောရေးမှာပါဝင်တဲ့ အရာရှိတဦးအဆိုအရ လတ်တလောမှာ အကြမ်းဖက်မှုနဲ့ ပတ်သက်လို့ ဖမ်းဆီးခံရသူတွေဟာ အယောက် ၂၀ ထက်မနည်းရှိနေပြီး သူတို့ကနေတဆင့် ဆက်စပ်တရားခံတွေကို ဖမ်းဆီးဖို့ အပူတပြင်းလုပ်ဆောင်နေတယ်လို့ ပြောပါတယ်။ ဆက်စပ်တရားခံတွေ ဖမ်းမိအောင်ဆောင်ရွက်သူတွေကို ရာထူးတိုးပေးတာအပြင် တခြားခံစားခွင့်တွေ စစ်ကောင်စီဘက်ကပေးတယ်လို့ သူကပြောပါတယ်။ ရန်ကုန်တိုင်းအတွင်းမှာ စစ်ဆင်ရေးလုပ်ဆောင်မယ်ဆိုတဲ့ သတင်းရထားတာအပြင် တန်ပြန်ထောက်လှမ်းရေးတွေအရ အခုလိုဖမ်းဆီးနိုင်တာတွေရှိခဲ့တာလို့ အမည်မဖော်လိုတဲ့ စစ်ကြောရေးအရာရှိတယောက်က ပြောပြပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးနဲ့ တောင်ငူမြို့တို့တွေမှာ လက်နက်ခဲယမ်းများနဲ့ဆက်စပ်ပစ္စည်းများ ဆက်တိုက်ဖမ်းဆီးခဲ့တာတွေရှိခဲ့တယ်လို့ စစ်ကောင်စီလိုလားတဲ့ တယ်လီဂရမ်ချယ်နယ်တွေမှာတင်ထားတာတွေရှိပါတယ်။ ဇွန်လပထမပတ်မှာတောင်ငူမြို့ လေးမိုင်စစ်ဆေးရေးဂိတ်မှာ လက်နက်မျိုးစုံ ၃၄ လက်အပါအဝင် ကျည်မျိုးစုံ၊ ဗုံးသီးအလုံးတွေ၊ လက်ပစ်ဗုံးတွေ၊ရီမုတွေအပြင် ဒရုန်းနဲ့ စတားလင့်စက်တွေ သိမ်းရတယ်လို့ အဲဒီချန်နယ်တွေမှာ ဖော်ပြထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ထုတ်ပြန်ချက်အရ ၂၀၂၄ ခုနှစ် ဇွန်လ ၁ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ နှစ်ပတ်အတွင်း ရန်ကုန်တိုင်းက ၁၉ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ အများစုက ရန်ကုန်တိုင်းကဖြစ်ပြီး ကျန်တစ်ဦးက ဧရာဝတီတိုင်းက ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ AAPP ရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်း သုံးနှစ်ကျော်ကာလအတွင်း နိုင်ငံရေးနဲ့ဆက်စပ်ပြီး လူပေါင်းနှစ်သောင်းကျော် ဖမ်းဆီးခံထားရဆဲဖြစ်ပြီး အဲဒီအထဲက လူကိုးထောင်ကျော် ထောင်ဒဏ်တွေ ချမှတ်ခံထားရပါတယ်။ စစ်ကောင်စီကတော့ AAPP ရဲ့စာရင်းဟာ ချဲ့ကားထားတဲ့ စာရင်းတွေဖြစ်တယ်လို့ ပြောကြားပယ်ချလေ့ရှိပါတယ်။

၁၄ ဇွန်၊ ၂၀၂၄

ဗွီအိုအေ (မြန်မာဌာန)



ဆက်ဖတ်ရန် →
ဦးဇော်ဇော်ရဲ့ ဧရာဝတီဘဏ်နဲ့ ဦးနေဝင်း 'မြေး' တို့ရဲ့ အသစ်ပြန်ဖြစ်လာတဲ့ ပြဿနာ

ဦးဇော်ဇော်ရဲ့ ဧရာဝတီဘဏ်နဲ့ ဦးနေဝင်း 'မြေး' တို့ရဲ့ အသစ်ပြန်ဖြစ်လာတဲ့ ပြဿနာ



မျိုးမင်း(မကျည်းလဟာ) (NP News) - ဇွန် ၁၄

ဦးဇော်ဇော်ပိုင်တဲ့ ဧရာဝတီဘဏ်နဲ့ ဦးနေဝင်း ရဲ့မြေး ဦးကျော်နေဝင်းတို့ရဲ့ကြားကပြဿနာဟာ အသစ်တစ်ဖန် ပြန်စလာပါပြီ။ ဘယ်အကြောင်းအရာ ဖြစ်မလဲဆိုတာကတော့ အခုလောက်ဆို အကြမ်းဖျင်း သိနေလောက်ပါပြီ။ သို့သော်လည်း အတွင်းကျကျ ဖြစ်စဉ်တချို့ကတော့ ဒီလိုပါ။

ပြည်ထဲရေးဝန်ကြီးဆီလိပ်မူတဲ့ တိုင်ကြားစာတစ်စောင်

အသစ်ပြန်ဖြစ်လာတဲ့ ပြဿနာရဲ့အစက Omni Focus ယာဉ်လိုင်းအမှတ်YBS(20) နဲ့YBS(56) တို့ လိုင်စင်သက်တမ်းကျော်လွန်နေတာ လေးနှစ်ရှိလာသည့်တိုင် ဆက်လက်ပြေးဆွဲနေခြင်း အကြောင်းပါပဲ။ ၂ဝ၂၄ ခုနှစ် ဧပြီလ(၂၂)ရက် ရက်စွဲနဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ထံကို လိပ်မူတိုင်ကြားခဲ့တဲ့ စာတစ်စောင်ရှိခဲ့ပါတယ်။ တိုင်ကြားတဲ့ကုမ္ပဏီက ဘယ်လိုရည်ရွယ်ချက်နဲ့ တိုင် လဲဆိုတာမသိပေမယ့် တိုင်ကြားစာထဲမှာပါဝင်လာတဲ့ ကိစ္စက အတော်လေး စိတ်ဝင်စားစရာကောင်းခဲ့တာ ပါ။ YBS အစီး (၅၀ဝ) ပိုင်ရှင်ဖြစ်သူ ဦးနေဝင်းရဲ့မြေး ဦးကျော်နေဝင်းတို့က လိုင်စင်သက်တမ်းကျော်လွန် နေပါလျက်နဲ့ ဆက်လက်ပြေးဆွဲခွင့်ရနေခြင်း၊ နိုင်ငံတော်ကိုပေးဆောင်ရမယ့်အခွန်ကို ချိုးဖောက်ပျက် ကွက်နေခြင်း၊ တရားမဝင်ဖြစ်နေသောကားများကို အများပြည်သူအတွက်ပြေးဆွဲနေခြင်းကြောင့် ပြည် သူလူထုအတွက် လုံခြုံစိတ်ချရမှုပိုင်း စိုးရိမ်စရာဖြစ် လာခြင်းဆိုသော ခေါင်းစဉ်များစွာက တိုင်ကြားစာထဲ မှာ ပါဝင်လာပါတယ်။

YRTA အောက်မှာ ကုမ္ပဏီ ပေါင်း (၂၁) ခု ရှိတယ်လို့ရေးသားထားသလို အဲဒီအထဲမှာမှ ဦးနေဝင်းရဲ့မြေးတွေပိုင်ဆိုင်တဲ့ Omni Focus ဟာ ၂၀၂၀ ကနေစတင်ပြီး လိုင်စင်သက် တမ်းကျော်လွန်ခြင်းကို သက်တမ်းထပ်တိုးမထားကြောင်း၊ လေးနှစ်အတွင်း ခန့်မှန်းတန်ဖိုး ကျပ်သိန်း ပေါင်း(၁၉ဝဝဝ)ထက်မနည်းကို နိုင်ငံတော်ထံအခွန် ဆောင်ရန်ပျက်ကွက်နေကြောင်း၊ ဦးကျော်နေဝင်းတို့ ပိုင်ဆိုင်သော့ YBS (82)ဟာ ၂၀၂၄ ခုနှစ် မတ်လ (၂၄)ရက်က သိန်း(၂၆ဝ) ကျော်တန်ဖိုးနဲ့ညီမျှတဲ့ ပျက်စီးမှုအတွက် မြို့တော်စည်ပင်နဲ့ လျှပ်စစ်ဌာနတို့ ကို ပေးလျော်ခြင်းမရှိကြောင်း၊ လိုင်စင်သက်တမ်းတိုး ထားခြင်းမရှိဘဲ CNG သုံးစွဲခွင့်ရနေခြင်း အစရှိတဲ့ ကိစ္စများစွာကို ဖော်ပြထားပါတယ်။ ဒီစာရဲ့ရည်ရွယ် ချက်ကတော့ နိုင်ငံကျော်မိသားစုဖြစ်တဲ့ နိုင်ငံတော်အ ကြီးအကဲဟောင်း ဦးနေဝင်းရဲ့မြေးတွေဖြစ်နေတာ ကြောင့် အခွင့်ထူးခံဖြစ်ခွင့်ရနေသလားလို့ မေးခွန်းမ ထုတ်ရုံတမည် ညွှန်းဆိုထားတာပါ။ ဒါ့ပြင် သတင်းဌာနဆီရောက်ရှိလာတဲ့ အီးမေးလ်တစ်စောင်မှာလည်း အလားတူအချက်အလက်တွေပါဝင်ခဲ့သလို ထပ်တိုး တွေအဖြစ် YRTC က ထိန်းချုပ်တဲ့စနစ် CCTV နဲ့ GPS တွေ တပ်ဆင်ခြင်းမရှိဘဲ Omni Focus က ပြေးဆွဲနေကြောင်းဖော်ပြထားပါတယ်။ စိတ်ဝင်စားစ ရာအကောင်းဆုံးအပိုင်းကတော့ Omni Focus ဟာ ဦးဇော်ဇော်ရဲ့ဧရာဝတီဘဏ်နဲ့ ငွေကြေးကိစ္စအတွက် အမှုရင်ဆိုင်နေရတယ်လို့ အတိအလင်းဖော်ပြထားတာပါ။ ဖော်ပြထားတဲ့ကိန်းဂဏန်းကတော့ ကျပ် သိန်းပေါင်း ၅၄ဝဝ၀ဝ ကျော် (၅၄,၈၁၉,၂၀ဝ,ဝဝဝ) နဲ့ အတိုးငွေ ကျပ်သိန်းပေါင်း ၂၂၀ဝ၀ဝ ကျော် (၂၂,ဝ၂၁,၆၃၈,၆၈၉.၃၁) တို့ကို ရလိုမှုနဲ့ ဧရာဝတီ ဘဏ်က ဦးကျော်နေဝင်းရဲ့ Omni Focus ကို တရားစွဲဆိုထားတယ်လို့ သိရပါတယ်။ နှစ်ခုပေါင်း ကိန်းဂဏန်းက ကျပ်သိန်းပေါင်း (၇၆၈ဝဝဝ)ကျော်ပါတယ်။ ဒါ့ပြင် ကညနရဲ့လုံးထုံးလုပ်နည်းတွေကို ကျော်လွန်ပြီး ဖောင်းကြွနံပါတ်ပြားတွေကို Omni Focus က ၂၀၂၃ ခုနှစ် ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလ တွေအတွင်းက ထုတ်ယူခွင့်ရခဲ့တယ်လို့လည်း ရေးသားထားပါတယ်။ ဆိုလိုချင်တာကတော့ လိုင်စင် သက်တမ်းတိုးခြင်းမလုပ်တဲ့ သို့မဟုတ် လိုင်စင်သက် တမ်းကျော်လွန်ပြီး တရားမဝင်သလိုဖြစ်နေတဲ့ Omni Focus ယာဉ်လိုင်းကို ဖောင်းကြွနံပါတ်ပြား ထုတ်ပေးတဲ့ကိစ္စဟာ Omni Focus ရဲ့ပိုင်ရှင်မိသား စု အရှိန်အဝါကြောင့်လားလို့ မွေးခွန်းထုတ်ထားတာပါ။

Omni Focus ဦးကျော်နေဝင်းရဲ့ဖွင့်ဟဝန်ခံချက်များ
"ဒီလိုရှိတယ်ဗျ။ အဲဒါကတော့ သူတို့ဘက်က ပြောတဲ့ သူတို့တွက်တဲ့ Amount(ပမာဏ) ရှိမှာပေါ့။ သူတို့ဟာသူတို့ တွက်ချင်တာတွေတွက်တာလေ။ ကျွန်တော်တို့ကတော့ ကိုဗစ်ကာလရော ဘာတွေရော အကုန်ပြန်တွက်ရမှာတွေရှိတယ်လေ။ အဲဒါကိုတော့ ကျွန်တော် Comment (မှတ်ချက်) လုပ်ဖို့ ခက်လိမ့် မယ်။ ကျွန်တော်လည်း သေချာပြန်တွက်မှ ရမယ်" လို့ ဦးကျော်နေဝင်းက NP News ရဲ့သီးသန့် မေးမြန်းချက်တွေကို ဖြေကြားပါတယ်။ မေးမြန်းခဲ့တာကတော့ ဧရာဝတီဘဏ်ကို ဆပ်ရမယ့်ပမာဏက ကျပ်သိန်းပေါင်း(၇၆ဝဝဝဝ) ကျော်ရှိတယ်လို့ တိုင်ကြား စာတစ်ခုမှာ ရေးထားတဲ့အတွက် အဲဒီပမာဏက တကယ်ပဲလားဆိုတာပါ။ နောက်တစ်ချက်က လေးနှစ်အ တွင်း နိုင်ငံတော်ကိုပေးဆောင်ရမယ့် အခွန်ငွေ ကျပ်သိန်းပေါင်း (၁၉၀ဝဝ)ကျော်ဆိုသောကိစ္စအတွက် ဦးကျော်နေဝင်းဘက်ကတော့ "ကားစာအုပ်ပြမှ အ ခွန်ဆောင်လို့ရမှာ။ အဲဒီနေ့အထိကို တွက်ရဦးမှာလေ။ ရက်လွန်ဒဏ်ကြေးတွေတပ်ရဦးမှာ"လို့ ပြန်လည်ပြော ကြားခဲ့သလို ကားစာအုပ်က ဧရာဝတီဘဏ်ဆီမှာရှိနေ တယ်လို့ ပြောပါတယ်။ ဒီစကားအရ Omni Focus ဟာ နိုင်ငံတော်ကို အခွန်ဆောင်ဖို့ ပျက်ကွက်နေတဲ့ သဘောမျိုး ကောက်ချက်ချရမှာပါ။ ဦးကျော်နေဝင်း ဘက်ကနေ ပြန်လည်ပေးပို့လာတဲ့ စာသက်သေတွေ အရ ယာဉ်စီးရေ(၉၉)စီးဟာ ၂၀၂၀ ပြည့်နှစ် မေလ (၃၁)ရက်ကတည်းက လိုင်စင်သက်တမ်း ကုန်နေခဲ့ပြီ လို့တွေ့ရပါတယ်။ ကုန်းလမ်းပို့ဆောင်ရေးလုပ်ငန်းများ ဥပဒေပုဒ်မ (၆၅)အရ မည်သူမျှ လုပ် ငန်းလိုင်စင် မရှိဘဲ ကုန်းလမ်းပို့ဆောင်ရေးလုပ်ငန်းကို လုပ်ကိုင်ခြင်း မပြုရလို့ အတိအလင်းဖော်ပြထားတဲ့အတွက် ဦးကျော် နေဝင်းတို့ရဲ့ယာဉ်လိုင်းဟာ ဥပဒေကို ချိုးဖောက်သ လိုဖြစ်နေတာလည်း မှန်နေပါတယ်။ ဒီအတွက်ကြောင့် ဧရာဝတီဘဏ်ဆီကို Omni Focus ကုမ္ပဏီဘက်ကနေ ၂၀၂၃ ခုနှစ်က အောက်တို ဘာ (၂၇)ရက်မှာ စာတစ်စောင်ပေးပို့ခဲ့တာကိုတွေ့ရပါတယ်။ အဲဒီစာထဲမှာ တော့ ကား (၉၉) စီး သက်တမ်းတိုးရေးအတွက် ကား Owner Book တွေကို ခေတ္တ ထုတ်ယူသုံးစွဲခွင့်ပြုဖို့ တောင်းခံထားတာပါ။ လက်မှတ်ကိုတော့ ကုမ္ပဏီ GMအဆင့်က ရေးထိုးတင်ပြခဲ့ပါတယ်။ " လိုင်စင် သက်တမ်းတိုးဖို့ကို YRTA က တရားဝင်ညွှန်ကြားပါတယ်။ ကုမ္ပဏီတိုင်းကို ညွှန်ကြားတာပါ။ ယာဉ်သက် တမ်းတိုးဖို့ကို ဆက်လက်ဆောင်ရွက်ပါမယ်လို့ ပြန်လည်တင်ပြခဲ့သလို ဧရာဝတီဘဏ်နဲ့လည်း Hire purchase လုပ်ထားတာမို့လို့ ကားစာအုပ်သက်တမ်း တိုးဖို့အတွက် တရားဝင်တောင်းခံခဲ့ပါတယ်။ သူတို့ဆီက စာပြန်ပါတယ်။ တရားရုံးတင်ထားတဲ့ဟာဖြစ်တဲ့အတွက် ကြောင့် တရားရုံးကိုတင်ပြပြီးရင် စာအုပ်တွေကို သက်တမ်းတိုးဖို့ ဆက်လက်ဆောင်ရွက်ပါမယ်လို့ ပြောတယ်။ တကယ်တမ်း တေ့တေ့ဆိုင်ဆိုင် YRTA ကညှိနှိုင်းပေးတဲ့အခါကျတော့ ပိုက်ဆံပေးမှ စာအုပ် ပေးမယ့်သဘောမျိုး ပြောလာပြန်ပါတယ်။ ဧရာဝတီက ပိုက်ဆံလိုချင်လို့ တရားရုံးမှာတင်ထားတာ မဟုတ်လား၊ ကြိုက်ကြိုက် မကြိုက်ကြိုက် တရားရုံးက ချမှတ်တဲ့ဟာကိုပဲ ကျွန်တော်တို့ နှစ်ဖက်လုံးက လက် ခံရမယ်လေ။ A ပဲဖြစ်ဖြစ် B ပဲဖြစ်ဖြစ် အမိန့်ချလိုက် ရင် အားလုံးက လက်ခံရမှာပဲ။ ဒါပေမဲ့ အခုအချိန်မှာ သူများနည်းတူ ယာဉ်လိုင်းသက်တမ်းတိုးဖို့တွေမှာ စာ အုပ်ပေးရမှာ မဟုတ်ဘူးလား"လို့ ဦးကျော်နေဝင်းက ပြောပါတယ်။

ဒီအချက်ကြောင့် သက်တမ်းတိုးဖို့ကိစ္စ ကို တိုးလိုခြင်း မတိုးလိုခြင်းအပေါ် ပြောပိုင်ခွင့် မရှိ တော့ကြောင်းလည်း ဦးကျော်နေဝင်းက ဆိုပါတယ်။ သို့သော်လည်း ကားအစီးရေ ဘယ်လောက်ကို ငွေပမာဏ ဘယ်လောက်သုံးပြီးHire purchase နဲ့ ဝယ်ထားခဲ့တာလဲဆိုတာကိုတော့ တိတိပပဖြေကြား ခြင်းမပြုဘဲ့ YBS ကိစ္စတွေဖြစ်လာခြင်းဟာ ရိုးရှင်း တဲ့ကိစ္စမဟုတ်ဘူးလို့ ဖြေကြားပါတယ်။ "ဘဏ်ကနေ ပိုက်ဆံချေးထားတာပဲ၊ ချေးထားရင် ပြန်ပေးရမှာပဲဆို သလိုမျိုး ရိုးရှင်းတဲ့ကိစ္စတစ်ခုမဟုတ်ပါဘူး။ အဲဒီချေးငွေကို ကျွန်တော်တို့က လိုချင်ပါတယ်ဆိုပြီး ဧရာဝတီ ဘဏ်ဆီမှာတင်ပြခဲ့တာ တစ်ခုမှမရှိဘူး။ သူတို့ဘက် က လုပ်ချင်လွန်းလို့ ကျွန်တော်တို့ဆီကို ရောက်လာတဲ့ ပုံစံရှိပါတယ်။ အဲဒီကိစ္စကို သင့်တော်တဲ့အချိန်ရောက် ရင် ကျွန်တော်ရှင်းပြပါမယ်။ အခုအချိန်မှာတော့ တရားရုံးရင်ဆိုင်နေရတာမို့လို့ အသံမြည်အောင် ခေါင်းလောင်းသွားတီးတယ်လို့ မဖြစ်စေချင်ဘူး။ ကျွန်တော်ပြောချင်တာကတော့ ပုံမှန်ချေးငွေကိစ္စ မဟုတ်ပါဘူး" လို့ ဦးကျော်နေဝင်းကပြောပါတယ်။ အချို့သော စကားတွေကတော့ ဖော်ပြရန်မသင့်သေး တာတွေ ပါဝင်နေပါသေးတယ်။ ဥပမာအားဖြင့် "ပိုက် ဆံပေးမှ ကားစာအုပ်ပေးမယ်ဆိုတာကတော့ နည်း နည်း လူကြီးမဆန်ဘူးလားလို့"ဆိုသော စကားအပြင် ဧရာဝတီဘဏ်ကြောင့်သာ သက်တမ်းတိုးမရတာ ဖြစ်တယ်လို့ ဦးတည်ပြောဆိုထားပါတယ်။ တခြား ရှုထောင့်မှာလည်း ဦးကျော်နေဝင်းတို့ရဲ့Omni Focus ယာဉ်လိုင်းဟာ မော်တော်ယာဉ်တွေ သက် တမ်းကုန်နေခြင်းနဲ့ ယာဉ်လိုင်းပြေးဆွဲခွင့် တရားဝင်မှု ရှိမရှိ မရှင်းလင်းခြင်းဖြစ်နေသည့်တိုင် အုတ်အော် သောင်းတင်းမဖြစ်ဘဲ ဆက်လက်ပြေးဆွဲခွင့် ရနေမှု တွေဟာ နိုင်ငံကျော်မိသားစု အသိုင်းအဝိုင်းဖြစ်နေတာ ကြောင့်လားဆိုတဲ့ မေးခွန်းတွေလည်း ရှိနေပါတယ်။ နိုင်ငံတော်အကြီးအကဲဟောင်း ဦးနေဝင်းရဲ့မြေးတွေ ဖြစ်နေခြင်း၊ တပ်မတော်နေ့လို နေ့မျိုးတွေမှာ လက်ရှိ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သီးခြားလက်ခံတွေ့ဆုံ စကားပြောခြင်းတွေဟာ Omni Focus အတွက် သက်ညှာခွင့်တွေဖြစ်နေ သလားလို့ မေးခွန်းထုတ်နေကြတာပါ။ YRTA မှ ပြောရေးဆိုခွင့်ရှိသူ ဦးလျန်ကျင့်မန်ဆိုရင် NP News က သတင်းစာရှင်းလင်းပွဲထဲမှာ မေးခဲ့တဲ့ မေးခွန်းကို တူးတူးခါးခါး ရှောင်ထွက်သွားခဲ့ပါတယ်။ ဖြေကြားပေးဖို့ တာဝန်မရှိသလိုမျိုး၊ မဖြေရဲသလိုမျိုး၊ တစ်စုံတစ်ရာကို စိုးရိမ်နေသလိုမျိုး ရှောင်လွှဲသွားခဲ့ပါတယ်။ 

"တပ်ချုပ်ကြီးနဲ့တွေ့ထားတော့ တော်ရုံလူက ဘယ်လုပ်ရဲမှာလဲဆိုတဲ့ဟာမျိုးက ဒီခေတ်ကြီးမှာတော့ မရှိတော့ဘူး၊ မရှိလည်း မရှိသင့်တော့ဘူးလို့ ထင်ပါ တယ်။ တပ်ချုပ်ကြီးနဲ့သိလို့ ဘတ်စ်ကားလိုင်စင်ကို သက်တမ်းတိုးထားလို့ ရတယ်ဆိုရင် ကျွန်တော်လည်း စီးပွားရေးလုပ်နေတဲ့သူပဲဗျာ။ အဲဒီလောက်လေးနဲ့ လုပ်ရင် ကျွန်တော့်လောက်တုံးတဲ့သူ ရှိမှာမဟုတ်ဘူး လေ။ တကယ်လို့ အဲဒီလို endure influence သုံး မယ်ဆိုရင် ရွှေတွင်းတွေ သွားတောင်းရင် တောင်းမှာ ပေါ့ဗျာ။ တခြားလုပ်ပိုင်ခွင့်တွေ၊ အော်ပရေတာ လိုင် စင်အသစ်တွေ ချခိုင်းပေးမှာပေါ့ဗျာ။ တချို့ကိစ္စက ရယ်စရာဖြစ်နေတာပေါ့။ ဘတ်စ်ကားလိုင်စင်ကိစ္စမှာ လည်းကားတွေကို ပြေးဆွဲတာရပ်ထားလိုက်မယ်ဆို ရင် ဘယ်သူတွေ အကျိုးယုတ်မှာလဲ။ ပြည်သူတွေပဲ အခက်အခဲဖြစ်သွားမှာ"လို့ ဦးကျော်နေဝင်းက ပြန်လည်တုံ့ပြန်ပါတယ်။ ဦးဖြိုးမင်းသိန်းလက်ထက်က Omni Focus အပြင် ကားကုမ္ပဏီအများစု ချေးငွေရရှိခဲ့ကြသလို ကားအဟောင်းတွေကို အသစ်လို့ခေါင်း စဉ်တပ်ပြီး ဂျင်းထည့်ခဲ့ကြသူတွေရှိတယ်လို့လည်း ဖွင့်ဟပါတယ်။ Omni Focus ကတော့ ဦးဖြိုးမင်း သိန်းလက်ထက်ကတည်းက ဝန်ဆောင်မှုအကောင်း ဆုံးယာဉ်လိုင်းဆုကို ရရှိခဲ့သလို လက်ရှိအထိလည်း ဝန်ဆောင်မှုနဲ့ ငွေကြေးကောက်ခံမှုအပိုင်းကို အကောင်းဆုံးလုပ်ဆောင်နေဆဲ ဖြစ်တယ်လို့ပြောပါ တယ်။

ဧရာဝတီဘဏ်ဘက်က တုံ့ပြန်ချက်များ
Omni Focus အများပိုင်ကုမ္ပဏီရဲ့ ၂၀၂၃ ခုနှစ်အောက်တိုဘာ(၂၇)ရက်က ပေးပို့တဲ့စာဟာ GM အဆင့်က လက်မှတ်ရေးထိုးထားတယ်လို့ ဧရာဝတီဘဏ်ဘက်က ပြန်လည်ရေးသားခဲ့သလို အခုလိုအရေးကြီးတဲ့ကိစ္စအတွက် ဒါရိုက်တာအဖွဲ့ ဘက်က ဆုံးဖြတ်ချက်ကို ဒါရိုက်တာအဆင့်တစ်ဦးဦး က တာဝန်ခံလက်မှတ်ရေးထိုးပေးပို့ဖို့လိုတဲ့သဘောမျိုး ၂၀၂၃ ခုနှစ် နိုဝင်ဘာ(၁၇)ရက်မှာ အကြောင်းပြန် ထားပါတယ်။ Omni Focus ကုမ္ပဏီထံကို ဧရာဝတီ ဘဏ်ရဲ့အကြောင်းပြန်စာမှာတော့ ချေးငွေအရင်းနဲ့ အတိုးပေးသွင်းရန်ပျက်ကွက်မှုအတွက် ရန်ကုန်တိုင်း တရားလွှတ်တော်ဆီမှာ တရားမကြီးအမှုအမှတ် (၁၀၅/၂၀၁၉)နဲ့ ၂၀၁၉ ခုနှစ် ဩဂုတ်လ(၁၆)ရက်မှာ တရားစွဲဆိုထားကြောင်း ဖော်ပြထားပါတယ်။ YBS(20) မှာ ကားအစီးရေ (၆၉) စီး၊YBS(56) မှာ အစီး(၃၀)နဲ့ ပေါင်း(၉၉)စီး ရှိတယ်လို့ ဆိုပါတယ်။ သက်တမ်းကုန်နေလို့ သက်တမ်းမတိုးဘဲ ယာဉ်လိုင်း ဆက်လက်ပြေးဆွဲနေခြင်းအပေါ် ဘယ်လိုမှတ်ချက် မှ မပေးလိုပေမယ့် တရားရင်ဆိုင်ဆဲ အမှုပိုင်ပစ္စည်း ဖြစ်ခြင်းကြောင့် အမှုစစ်ဆေးကြားနာစဉ်ကာလ အတွင်း သက်တမ်းတိုးလိုတဲ့ကိစ္စဟာ ရန်ကုန်တိုင်း တရားလွှတ်တော်ကိုသာ တင်ပြလျှောက်ထားဖို့ လိုအပ်တယ်လို့ ရေးသားထားပါတယ်။ ရန်ကုန်တိုင်း ဒေသကြီးတိုင်းတရားလွှတ်တော်က လိုင်စင်သက် တမ်းတိုးရေးကိစ္စအတွက် အမိန့်ချမှတ်ညွှန်ကြားပေးခဲ့ရင် ဘဏ်ကိုယ်စားလှယ်တစ်ဦးနဲ့အတူ ယာဉ်မှတ်ပုံ တင်မူရင်းတွေကို ကုန်းလမ်းပို့ဆောင်ရေးòန်ကြားမှု ဦးစီးဌာနဆီ တရားရုံးအမိန့်အတိုင်း လိုက်ပါလုပ်ဆောင်ပေးမယ်လို့ တုံ့ပြန်ထားပါတယ်။ "သူတို့ လိုင် စင်လုပ်မရအောင် ကန့်ထားတာမဟုတ်ဘူး။ ဘဏ် မှာ တကယ်စာအုပ်ရှိနေတာက(၉၉)အုပ်ပဲ။ အစီး (၁၀ဝ)ရှိတဲ့အထဲက တစ်စီးက ပျက်စီးဆုံးရှုံးမှုဖြစ် သွားတယ်။ ဒီကားကိစ္စတွေ စဖြစ်တုန်းက တိုင်းဒေသ ကြီးအစိုးရအဖွဲ့လည်း ပါတာဖြစ်တဲ့အတွက်၊ တိုင်းအ စိုးရက အာမခံတာဖြစ်တဲ့အတွက် ချေးငွေထုတ်ပေး တာဆိုတာ ကြားပြီးသားဖြစ်မှာပါ။ အစကတည်းက ကားအစီး(၅၀ဝ)လုံးရဲ့စာအုပ်တွေက ဘဏ်မှာပဲ လာ ထားရမှာကို (၁၀ဝ)ပဲ လာထားတယ်။ တိုင်းအစိုးရကသာ ကြားထဲကနေ အာမခံမယ်ဆိုရင် ဗဟိုဘဏ်ကို တင်ပြပြီးတော့ ခွင့်ပြုချက်နဲ့ထုတ်ပေးလို့ရတယ်။ မဟုတ်ဘဲ ထုတ်ပေးပြီးမှ (၉၉)အုပ်လုံးကို သူတို့က ထပ်ကိုင်ထားလိုက်ရင် ဘဏ်က ဘာမှလုပ်မရတော့ ဘူးလေ။ ဒါကြောင့် တိုင်းဒေသကြီးအစိုးရအဖွဲ့က ထောက်ခံပေးတဲ့စာကို တောင်းခံထားတာရှိတယ်}လို့ ဧရာဝတီဘဏ်ဘက်က တာဝန်ခံတစ်ဦးကလည်း NP New ရဲ့မေးမြန်းချက်ကို ဖြေကြားပါ တယ်။ 

တစ်နည်းအားဖြင့် ဧရာဝတီဘဏ်ဟာ Omni Focus အတွက် ကားစီးရေ(၅၀ဝ)စာ ချေးငွေ သို့မ ဟုတ် ကားအစီး (၅၀ဝ) ကို ဝယ်ပေးခဲ့ပေမယ့် ဦးကျော်နေဝင်းတို့ဘက်က ဘဏ်လုပ်ထုံး လုပ်နည်း အတိုင်း စာအုပ် (၅၀ဝ) လုံးကို အပေါင်ထားအပ်နှံ ပေးခြင်းမရှိခဲ့တဲ့သဘောလို့ ကောက်ချက်ချရမလို ဖြစ်လာပါတယ်။ ဆိုလိုတာက ဘဏ်တွေမှာ ချေးငွေ တင်ရင် ဘယ်လိုပုံစံနဲ့ပဲတင်ခဲ့သည်ဖြစ်စေ အပေါင်ပစ္စည်းကလိုအပ်ပါတယ်။ အပေါင်ပစ္စည်းကို ဘဏ်က ရမထားရင် ဘဏ်ဘက်ကပဲ ဆုံးရှုံးနစ်နာမှာဖြစ်ပြီး မတတ်သာတဲ့အဆုံးရောက်ရင် တရားစွဲရပါတယ်။ လက်ရှိအနေအထားအရ ကားအစီးရေ(၅၀ဝ)မှာ စာအုပ်(၁၀ဝ)ပဲ ဘဏ်အပေါင်ပစ္စည်းအဖြစ် ရရှိထား သလို အဲဒီအစီး (၁၀ဝ) ကလည်း သက်တမ်းကုန် နေလို့ သက်တမ်းတိုးဖို့ကိစ္စတွေ လိုအပ်လာနေတာ ပါ။ ဒါဆိုရင် အစီး (၄၀ဝ) ကတော့ သက်တမ်းကိစ္စ အတွက် ဦးကျော်နေဝင်းတို့ဘက်က စိုးရိမ်စိတ်ပူ ရခြင်းမရှိဘူးလို့ ယူဆစရာရှိလာပါတယ်။ ဦးကျော် နေဝင်းကလည်း ကားအစီး(၅၀ဝ)ထဲကနေ(၄၀ဝ)က ကိုဗစ်ကာလကတည်းက ရပ်ထားတဲ့သဘောမျိုး ပြောထားပါတယ်။ ကျန်တဲ့အစီး (၁၀ဝ) ထဲက တစ်စီး ဟာ ဗိုလ်တထောင်ဆိပ်ကမ်းနားမှာ ပျက်စီးသွား ခဲ့ပြီးတော့ (၉၉) စီးကို သာ လုပ်ငန်းလည်ပတ်နေတာလို့ ပြောခဲ့သလို အဲဒီ (၉၉) စီးအတွက်သာ သက်တမ်းတိုး ဖို့လိုနေတယ်လို့ ပြောခဲ့ပါတယ်။ 

အနှစ်ချုပ်၍ သုံးသပ်ကြည့်ရသော် 
ရန်ကုန်မြို့လမ်းမတွေပေါ်မှာ မြင်နေရတဲ့ Omni Focus ယာဉ်လိုင်းနံပါတ်နှစ်ခုဟာ လိုင်စင် သက်တမ်းမရှိဘဲ လေးနှစ်ကြာပြေးဆွဲနေတာ ဖြစ်ပါ တယ်။ ဒါဟာ ဥပဒေကို ကျော်လွန်နေတာလည်း အမှန်ပါပဲ။ အာဏာပိုင်တွေဘက်ကလည်း ဥပဒေကို ကျော်လွန်နေတဲ့ ဦးကျော်နေဝင်းပိုင် ယာဉ်လိုင်းနံပါတ် နှစ်ခုကို လုံးဝပိတ်ပစ်ခြင်းမလုပ်နိုင်သေးဘဲ ညှိနှိုင်း ဆွေးနွေးရင်းနဲ့ လေးနှစ်တိုင်အောင် ခွင့်ပြုပေးထား တာ အမှန်ပါပဲ။ ခိုင်မာတဲ့အကြောင်းပြချက်ကတော့ ခရီးသည်တွေ အခက်အခဲကြုံသွားမှာစိုးတာကြောင့် ဆိုသောအချက်အပြင် သက်ဆိုင်သူတွေကြား ညှိနှိုင်း ဆွေးနွေးရင်းနဲ့ နားလည်မှုယူပြီး ပြေးဆွဲနေတာမျိုးလို့ အလီဘိုင်လုပ်လို့ရနေပြန်ပါတယ်။ ဥပဒေအရဆိုရင် အမှုရင်ဆိုင်နေရတဲ့လုပ်ငန်းစဉ်ထဲက ပစ္စည်းတွေကို သုံးစွဲခွင့် ရှိမရှိက ပြန်လည်ဆန်းစစ်ရတော့မှာပါ။ YRTA နဲ့ တိုင်းအစိုးရအဖွဲ့ဟာ ဒီကိစ္စကို ကောင်းကောင်းဖြေရှင်းထားနိုင်ခြင်း မရှိသေးပါဘူး။ တစ် နည်းအားဖြင့် ဦးဖြိုးမင်းသိန်းရှုပ်ခဲ့သော အရှုပ်ထုပ် ကို တည်ဆဲအာဏာပိုင်တွေက ဖြေရှင်းရခက်နေတာပါ။ အကယ်၍ သာမန်ပုဂ္ဂိုလ်တွေရဲ့အမှုဆိုရင်တော့ ပြီးပြတ်နေလောက်တာကြာပြီဖြစ်သလို ပစ္စည်းတွေ ကလည်း ဆုံးဖြတ်ချက်ကျပြီးလောက်ပါပြီ။ သို့သော်လည်း ဦးနေဝင်းရဲ့မြေးနဲ့ ဦးဇော်ဇော်ရဲ့ဧရာဝတီဘဏ်တို့ကြားက ပြဿနာဖြစ်နေလေတော့ ဖြေရှင်းပေးရမယ့်သူတွေ ခေါင်းကိုက်နေလောက်မှာပါ။ Omni Focus ကိစ္စအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ နောက်ဆုံးအစည်းအဝေးက ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁၉)ရက်လို့တော့ အပြန်အလှန်ပေးပို့စာတွေအရ သိရပါတယ်။ ဦးဖြိုးမင်းသိန်းလက်ထက်ကYBS ကားတွေတင်သွင်းမှုကို အကြီးအကျယ်လုပ်ခဲ့သလို ချေးငွေကိစ္စတွေလည်း ကျယ်ကျယ်လောင်လောင် ထွက်ခဲ့ပါတယ်။ ဦးကျော်နေဝင်းတို့ရဲ့ Omni Focus အတွက် ကားအစီးရေ(၅၀ဝ)အတွက်ကတော့ ချေး ငွေပမာဏဟာ ဘယ်လောက်ဆိုတာကို တိတိပပ မသိရသေးပါဘူး။ ပြည်ထဲရေးဝန်ကြီးထံ လိပ်မူသော ၂၀၂၄ ခုနှစ် ဧပြီလက တိုင်ကြားချက်နဲ့ သတင်းဌာန ထံရောက်ရှိလာသော အီးမေးလ်အရ ချေးငွေပမာဏ ဟာ ကျပ်(၅၄,၈၁၉,၂၀ဝ,ဝဝဝ) သို့မဟုတ် သိန်း ပေါင်း (၅၄၀ဝဝဝ) ကျော်၊ ဒီအတွက် အတိုးငွေဟာ ကျပ် (၂၂,ဝ၂၁,၆၃၈,၆၈၉.၃၁) သို့မဟုတ် သိန်း ပေါင်း (၂၂၀ဝဝဝ)ကျော် ဖြစ်ပါတယ်။ စုစုပေါင်း ကျပ် သိန်း (၇၆၈၀ဝဝ)ကျော်ဖြစ်သလို နိုင်ငံတော်ကို ပေး သွင်းရမယ့်အခွန်ငွေ ကျပ်သိန်းပေါင်း(၁၉၀ဝဝ)ကျော်ဟာ ဦးကျော်နေဝင်းတို့ဘက်က ပေးရမယ့် ပမာဏတွေဖြစ်လာပါတယ်။ ဧရာဝတီဘဏ်က တရားစွဲ ထားတဲ့အမှုကိုလည်း နှစ်ဖက်ရင်ဆိုင်ကြားနာနေကြဆဲပါ။ ကားအစီးရေ(၉၉)စီးကလည်း သက်တမ်းတိုး မထားရသေးပါ။ 

ဦးကျော်နေဝင်းကလည်း သက်တမ်းတိုးဖို့ ကိစ္စကို ကြိုးစားနေတယ်လို့ပြောထားသလို ဦးဇော် ဇော်တို့ဘက်ကလည်း စာအုပ်တွေ လုံးဝမပေးဘူးလို့ မပြောခဲ့ပါဘူး။ ဒါဆိုရင် ဒီကြားထဲမှာ 'ဘာ'ပျောက်နေတယ်ထင်ပါသလဲ။ ဒီကိစ္စကို ဘယ်လိုစဉ်းစားဆုံးဖြတ်ပေးချင်ပါသလဲ။ အပြည့်အစုံဖတ်ပြီးတဲ့နောက် မှတ်ချက်လေးတွေပေးပို့နိုင်ကြောင်းလည်း ရေးသားလိုက်ရပါတယ်။

ဆက်ဖတ်ရန် →
မောင်တောမြို့နယ်ရှိ စစ်ကောင်စီ၏ တပ်ရင်းစခန်း ၄ ခုကို AA က သိမ်းပိုက်လိုက်ပြီး မောရ၀တီဗျူဟာမှူး ဗိုလ်မှူးကြီး တေဇာဌေး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ကျော်သေဆုံး

မောင်တောမြို့နယ်ရှိ စစ်ကောင်စီ၏ တပ်ရင်းစခန်း ၄ ခုကို AA က သိမ်းပိုက်လိုက်ပြီး မောရ၀တီဗျူဟာမှူး ဗိုလ်မှူးကြီး တေဇာဌေး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ကျော်သေဆုံး





ရန်ကုန်၊ ဇွန် ၁၄  ခေတ်သစ်

ရခိုင်ပြည်၊ မောင်တောမြို့နယ်ရှိ စစ်ကောင်စီ၏ တပ်ရင်းစခန်း ၄ ခုကို AA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး မောရ၀တီဗျူဟာမှူး ဗိုလ်မှူးကြီး တေဇာဌေး အပါ အဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ကျော်သေဆုံးကြောင်း AA က သတင်းထုတ်ပြန်သည်။ 

AA က ဘူးသီးတောင်မြိုနယ်အတွင်းရှိ စစ်ကောင်စီ၏ စခန်းများအားလုံးကို အပြီးသတ်သိမ်းပိုက်ပြီးသည့်အချိန်တွင် ရက္ခိုင်-ဘင်္ဂလာနယ်စပ်၊ မောင်တောမြိုရှိ စစ်ကောင်စီ၏ လက်ကျန်စခန်းများအားလုံးကို  အပြီးသတ်သိမ်းပိုက်ရယူရေးအတွက် ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း၊  ၂၀၂၄ ခုနှစ်၊ ဇွန်လ ပထမအပတ်အတွင်း၌ မောင်တောမြိုရှိ တာဝါတိုင်စခန်း၊ ကျောက်ပန္ဒူစခန်း၊ ခွဆုံပြင်စခန်း၊ မြင်းလွှတ်စခန်း၊ အင်းဒင်စခန်း (သို) နခခ  ၆ စခန်း နှင့် နခခ ၉ စခန်းတို့ကို  အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။ 

ဇွန်လ ဒုတိယပတ်အတွင်းတွင် မောင်တောမြို့နယ်ရှိ “နခခ (၄) တပ်ရင်းဌာန ချုပ်” ကို ဇွန်လ ၁၀ ရက်၊ နံနက်  ၇ နာရီအချိန်တွင်လည်းကောင်း၊ “အလယ်သံကျော်စခန်း” ကို  ဇွန်လ ၁၀ ရက်၊ နံနက် ၇ နာရီ ၄၆ မိနစ် အချိန်တွင်လည်း ကောင်း၊  “မောရဝတီဗျူဟာ” ကို ဇွန်လ ၁၃ ရက်၊ နံနက်  ၇ နာရီအချိန်တွင်လည်းကောင်း၊ “နခေါင်းတိုစခန်း” ကို  ဇွန်လ  ၁၃  ရက်၊ ညနေ  ၆  နာရီအချိန်တွင်လည်းကောင်း အသီးသီး ထပ်မံသိမ်းပိုက်ရယူနိုင်ခဲ့ကြောင်း သိရှိရသည်။ 

အဆိုပါ စခန်းသိမ်းတိုက်ပွဲများအတွင်း မောရဝတီဗျူဟာမှူး ဗိုလ်မှူးကြီး- တေဇာဌေးအပါအဝင် စစ်ကောင်စီတပ်ဖွဲဝင်  ၂၀၀ ကျော်အား သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း၊  တစ်ပြိုင်နက်တည်းတွင် မောင်တော၊ အမ်း၊ သံတွဲ မြို့များတွင် ရှိသော စစ်ကောင်စီ၏ အခြားသော စခန်းများကိုလည်း AA က  ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။ 

တိုက်ပွဲများအတွင်း စစ်တပ်၏ လက်နက်ခဲယမ်း၊ စစ်လက်နက်အသုံးအဆောင်ပစ္စည်း များကို သိမ်းဆည်းရမိသကဲ့သို စစ်သုံပန်းအချိုကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း၊  လက်နက်ချအညံ့မခံဘဲ ထွက်ပြေးလျက်ရှိနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း လိုက်လံရှာဖွေကာ ရှင်းလင်းလျက်ရှိကြောင်း သိရှိရသည်။ 

ထို့ပြင်  ဇွန်လ  ၁၃  ရက်နေ့တွင် တောင်ကုတ်မြိုနှင့် (၈) မိုင်ခန့်အကွာရှိ တောင်ကုတ်-အမ်း ကားလမ်းမပေါ်ရှိ “ရွှေကွမ်းစမ်း တံတား” အား စစ်ကောင်စီမှ မိုင်းခွဲဖျက်ဆီးထားခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။




ဆက်ဖတ်ရန် →
စစ်ကောင်စီက ၄ လအတွင်း  အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု အနည်းဆုံး ၄၆ ကြိမ်ကျူးလွန်ခဲ့ကာ ပြည်သူပေါင်း ၃၆၉ ဦးအထိ သေဆုံးခဲ့

စစ်ကောင်စီက ၄ လအတွင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု အနည်းဆုံး ၄၆ ကြိမ်ကျူးလွန်ခဲ့ကာ ပြည်သူပေါင်း ၃၆၉ ဦးအထိ သေဆုံးခဲ့



 ရန်ကုန်၊ ဇွန် ၁၄ ခေတ်သစ်


အကြမ်းဖက်စစ်တပ်က  ၄ လတာကလအတွင်း ပြည်သူများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ် အနည်းဆုံး ၄၆ ကြိမ်ရှိခဲ့ကာ ပြည်သူပေါင်း ၃၆၉ ဦး သေဆုံးခဲ့ကြောင်း ဉာဏ်လင်းသစ်သုတေသနအဖွဲ့က ထုတ်ပြန်ပြောဆိုသည်။ 


၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ ၄ လတာကာလအတွင်း အကြမ်းဖက်စစ်တပ်က ပြည်သူများကို ၅ ဦးနှင့် ၅ ဦးအထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များကို လေ့လာဆန်းစစ်ထားကြောင်း၊  လေကြောင်းအသုံးပြုမှုကြောင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုသည် ၁၆၈ ဦးခန့်ရှိကြောင်း၊ ၄ လတာကာလအတွင်း လေကြောင်းအသုံးပြု၍ သတ်ဖြတ်မှုကြောင့် ပြည်သူ သေဆုံးမှုသည် ၄၆ ရာခိုင်နှုန်းအထိ ရှိခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။


 လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ပြည်သူများ အစုလိုက် အပြုံလိုက်သေဆုံးခဲ့ရသည့် ဖြစ်စဉ်သည် အများဆုံးဖြစ်ပြီး သေဆုံးသူဦးရေသည်လည်း အများဆုံးဖြစ်ခဲ့ကြောင်း၊ လေကြောင်းအသုံးပြု တိုက် ခိုက်ခံရမှုကြောင့် အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရသည့် ဖြစ်စဉ် အနည်းဆုံး ၂၃ ခုရှိခဲ့ပြီး ရှမ်းမြောက်ပိုင်းတွင် ၆ ခု၊ ရခိုင်တွင် ၄ ခု၊ စစ်ကိုင်းတွင် ၄ ခု၊ ကချင်တွင် ၂ ခု၊ ကရင်တွင် ၂ ခု၊ ကရင်နီတွင် ၂ ခု ၊ ချင်းပြည်တွင် ၂ ခု နှင့် ပဲခူးတွင် ၁ ခုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။


 လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရမှုတွင် ရခိုင်တွင် ၄၀ ဦး၊ ရှမ်းမြောက်တွင် ၃၄ ဦး၊ စစ်ကိုင်းတွင် ၃၂ ဦး၊ ကရင်တွင် ၁၈ ဦး၊ ချင်းတွင် ၁၂ ဦး၊ ကချင်တွင် ၁၁ ဦး၊ ကရင်နီတွင် ၁၁ ဦးနှင့် ပဲခူးတွင် ၁၀ ဦးဖြစ်ကြောင်း၊ ထိုအထဲတွင် ၂၀၂၄ ခုနှစ် မတ်လ ၁၈ ရက်နေ့ ရခိုင်၊ မင်းပြားမြို့နယ်၊ သာဒါကျေးရွာတွင် ဖြစ်ပွားခဲ့သည့် စစ်တပ်၏ လေကြောင်းဗုံးကျဲတိုက်ခိုက်မှုကြောင့် ပြည်သူ သေဆုံးရမှုသည် အများအပြားဖြစ်ပြီး ကလေးငယ် ၉ ဦးအပါအဝင် ၂၂ ဦးအထိခဲ့ကြောင်း ဉာဏ်လင်းသစ်သုတေသနအဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။


 ထို့ပြင် အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများ၏ စစ်ကြောင်းထိုးကာ ပြည်သူများကို အစုလိုက် အပြုံလိုက်သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ် အနည်းဆုံး ၁၁ ခုရှိခဲ့ပြီး သေဆုံးသူ စုစုပေါင်း ၉၁ ဦးအထိရှိခဲ့ကြောင်း ၊ အဆိုပါ ဖြစ်စဉ်များတွင် စစ်ကိုင်းတွ၍် ၅ ခု၊ ကရင်နီတွင် ၂ ခု၊ မကွေးတွင် ၁ ခု၊ ပဲခူးတွင် ၁ ခု၊ မန္တလေးတွင် ၁ ခုနှင့် ရှမ်းပြည်တောင်ပိုင်းတွင်းတွင် ၁ ခု ဖြစ်ပွားခဲ့ကာ စစ်ကိုင်းတွ၍် ၅၂ ဦး၊ က ရင် နီတွင် ၁၃ ဦး၊ မကွေးတွင် ၁၀ ဦး၊ ပဲခူးတွင် ၆ ဦး၊ မန္တလေးတွင် ၅ ဦးနှင့် ရှမ်းပြည်တောင်ပိုင်းတွင် ၅ ဦး သေဆုံးခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။


စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ကာ ပြည်သူများကို သတ်ဖြတ်ခဲ့မှုတွင် စစ်ကိုင်းတိုင်း ဝန်းသိုမြို့နယ်တွင် ပြည်သူ ၁၉ ဦးကို သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်မှာ သေဆုံးမှုအများဆုံးဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ရခိုင်ပြည်နယ် မောင်တောမြို့နယ် သရက်အုပ်ကျေးရွာ၊ အဘူဂျာကျေးရွာမှာ ရိုဟင်ဂျာ ၅ ဦးသည်လည်း ဧပြီလ ၇ ရက်နေ့တွင် ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရသည့် ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။


အကြမ်းဖက်စစ်တပ်ကြောင့် ပြည်သူများအစုလိုက် အပြုံလိုက်သေဆုံးရမှုတွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခံရမှုလည်း ပါဝင်ပြီး ၄ လတာ ကာလအတွင်း စစ်တပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အစုလိုက်အပြုံလိုက်သေဆုံးရသည့် ဖြစ်စဉ် အနည်းဆုံး ၆ ခုရှိကာ ၅၂ ဦးသေဆုံးခဲ့ကြောင်း၊ လက် နက်ကြီးကြောင့် ရခိုင်တွင် ၃၀ ဦး၊ ကချင်တွင် ၁၀ ဦး၊ ရှမ်းတောင်ပိုင်းတွင် ၇ ဦး၊ ကရင်တွင် ၅ ဦး သေဆုံးခဲ့ရကြောင်း ၊ ရခိုင် စစ်တွေမြို့ ကိုရီးယားဆိပ်ကမ်းရှိ ဈေးကို ဖေဖော်ဝါရီ ၁၉ ရက်နေတွင် စစ်တပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ သေဆုံးမှု ၂၂ ဦးအထိရှိခဲ့ကြောင်း သိရှိရသည်။


 ထို့အတူ အကြမ်းဖက်စစ်တပ်၏ ပြည်သူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို အခြားပုံစံများဖြင့်လည်း ကျူးလွန်ခဲ့မှုများ ရှိကာ ၄ လတာ ကာလအတွင်း ဖြစ်စဉ် ၃ ခုအထိရှိခဲ့ကြောင်း၊ ဇန်နဝါရီ ၂၁ ရက်နေ့တွင် ရှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့၊ တောင်ပိုင်းရပ်ကွက်မှ ဒေသပြည်သူ ၆ ဦးသည် အကြမ်းဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထွက်ပြေးစဉ် မြေပြင်ရှိ အကြမ်းဖက်စစ်သားများ၏ သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင်း ၅ ဦး သေဆုံးခဲ့ကြောင်း၊ ဇန်နဝါရီ ၂၇ ရက်နေ့တွင်လည်း ညပိုင်းတွ၍် မြင်းခြံမြို့သို့ သွားရောက်သည့် တောင်သာမြို့နယ်မှ လူငယ် ၅ ဦး ကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၄ ရက်နေ့တွင်လည်း ရှမ်းပြည်ဆီဆိုင်မြို့နယ်တွင် ပအိုဝ်းအမျိုးသား ၁၂ ဦးကို စစ်တပ်က ပစ်သတ်ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။



ဆက်ဖတ်ရန် →