မမေဇွန်မိုး သို့မဟုတ် စစ်တပ်က ဖမ်းဆီးသတ်ဖြတ်လိုက်တဲ့ သူနာပြုဆရာမ
“ဗဟိုအလုပ်အမှုဆောင်တစ်ဦးနှင့် ဗဟိုကော်မတီဝင်သုံးဦးအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှထုတ်ပယ်”
ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့ကို လွှတ်ပေးရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီ ၏ ဆုံးဖြတ်ချက် အကြမ်းဖက် စစ်ကောင်စီ မလိုက်နာမှု Noeleen Heyzer က လုံခြုံရေးကောင်စီထံ တင်ပြအစီရင်ခံမည်
မေ့လျော့မခံရသေးပေမဲ့ လျစ်လျူရှုခံနေရတဲ့ မြန်မာနိုင်ငံကစစ်ပွဲ
ညွှန်ချုပ်ဟောင်းတစ်ဦးပိုင်သည့် နေပြည်တော်ရှိ Mandalay Paradise စားသောက်ဆိုင်တွင် ဗုံးပေါက် ကွဲ
စစ်ကောင်စီအနေဖြင့် နေပြည်တော်အပါအဝင် မည်သည့်နေရာမှ လုံခြုံမှုမရှိတော့သည်ကို သိစေရမည်ဟု ကာကွယ်ရေးဝန်ကြီးပြောကြား
Author လင်းခိုင်
သတင်း
Published on Mar 02, 2023
စစ်ကောင်စီအနေဖြင့် နေပြည်တော်အပါအဝင် မည်သည့်နေရာမှ လုံခြုံမှုမရှိတော့သည်ကို သိစေရမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးရည်မွန်မှ Radio NUG မှ PDF များကို မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်း ပြောကြားခဲ့သည်။
ဖေဖော်ဝါရီလသည် PDF တပ်မတော်အတွက် ဂုဏ်ယူစရာ လတစ်လဖြစ်ကြောင်း၊ အဆိုပါလအတွင်း စစ်ကိုင်းနှင့် စစ်ဒေသ ၃ခုလုံးရှိ PDF တပ်ရင်းများ၊ ပကဖများ၊ LDF များလက်တွဲပြီး တစ်နိုင်ငံလုံးအတိုင်းအတာနှင့် တပြိုင်နက် ဟန်ချက်ညီညီ စစ်ဆင်မှု အကြိမ် ၇၀ တိတိဖော်ဆောင်နိုင်ခဲ့သည်ဟု ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
“တိုက်ပွဲဖော်ဆောင်ရာ ဒေသတွေက စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ရန်ကုန်၊ ပဲခူူး နှင့် နေပြည်တော်တို့ဖြစ်တယ်။ တိုက်ပွဲပေါင်း ၇၀ အနက် ၆၅ ပွဲကို ၂၄ နာရီအတွင်း တပြိုင်တည်း ဟန်ချက်ညီညီ ဖော်ဆောင်နိုင်ခဲ့ကြတာဖြစ်တယ်” ဟု ပြည်ထောင်စုဝန်ကြီးကပြောကြားသည်။
အဆိုပါ စစ်ဆင်ရေးများသည် စစ်ကောင်စီ လေတပ်စခန်း ၂ ခု၊ ရဟတ်ယာဉ် ကွင်း ၁ခု၊ တပ်မဌာနချုပ် ၁ခု၊ အထိုင် နောက်တန်းစခန်း ၂၆ခု၊ ရဲစခန်း ၉ ခု၊ ရန်သူ့စစ်ကြောင်း ၂ခု၊ ပျူစောထီးစခန်း ၁၅ ခုတို့ ဖြစ်ကြောင်း၊ မဟာမိတ်တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များနှင့် PDF ရဲဘော်များ လက်တွဲပြီး မြို့ပြ စစ်ဆင်မှုနှင့် စခန်းသိမ်းစစ်ဆင်မှုများ၊ ဟန်ချက်ညီညီဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ပြည်ထောင်စုဝန်ကြီးက ရှင်းပြသည်။
အထက်ပါ စစ်ဆင်မှုများကြောင့် စစ်ကောင်စီသည် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အထိနာခဲ့ပြီး PDF တပ်မတော်ကိုလည်း အဆုံးအဖြတ်နှင့် အဆုံးသတ်တိုက်ပွဲများ ဆင်နွှဲရန် ယုံကြည်မှု ပိုမိုတိုးပွားစေသည်ဟု ယင်းက ဆိုသည်။
“ပြည်သူကို ဆန့်ကျင်တဲ့ စစ်ကောင်စီအဖို့ နေပြည်တော်အပါအဝင် ဘယ်နေရာမှ လုံခြုံရာ ရှာမရနိုင်ဘူးဆိုတာ သူတို့သိစေရမယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောကြားသည်။
“ဒီလို ဟန်ချက်ညီညီ ဗျူဟာမြောက် စစ်ဆင်မှုကို ရှေ့မှာလည်း အရှိန်အဟုန်မြှင့်ပြီး ဆောင်ရွက်သွားဖို့ရှိလိမ့်မယ်။ မဟာဗျူဟာက ကွက်ပြည့်နင်းတဲ့ ဗျူဟာဖြစ်တယ်။ ပြည်သူထောက်ခံတဲ့ တော်လှန်ရေးဖြစ်တဲ့ အားလျော်စွာ တစ်နိုင်ငံလုံးအကြားအလပ်မရှိ အင်အားတည်ဆောက်ပြီးအကြားအလပ်မရှိ တိုက်ပွဲဝင်ကြဖို့ဖြစ်တယ်။ဒါက နွေဦးတော်လှန်ရေးရဲ့ ထူးခြားချက်ဖြစ်သလို အားသာချက်လည်းဖြစ်တယ်” ဟု ပြည်ထောင်စုဝန်ကြီးချုပ်က ဆိုသည်။
ထို့ပြင် တိုက်ပွဲဝင်နိုင်စွမ်း အားနည်းနေသေးသည့် ဒေသများရှိ ရဲဘော်များအနေဖြင့်လည်း အင်အားတည်ဆောက်မှု တိုးချဲ့ပြီး လုပ်ဆောင်နေကာ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် လိုအပ်သည့် ထောက်ပံ့မှု၊ တပ်ဆင်မှုများကို ဆက်တိုက်ဆောင်ရွက်နေကြောင်း၊ မဟာမိတ်တိုင်းရင်းသားများနှင့် PDF တပ်မတော်တို့ ပိုအားကောင်းလာသည့်အတွက် ပြည်သူ့တော်လှန်ရေးပိုမိုအားကောင်းပြီး မဟာဗျူဟာအတိုင်း ကွင်ပြည့်နင်းနိုင်မည်ဟု ယုံကြည်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
“ပြည်သူကို ဆန့်ကျင်တဲ့ စစ်ကောင်စီအဖို့ နေပြည်တော်အပါအဝင် ဘယ်နေရာမှ လုံခြုံရာ ရှာမရနိုင်ဘူးဆိုတာ သူတို့သိစေရမယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောကြားသည်။
#CjPlatform #NUG #ပြည်ထောင်စုဝန်ကြီး #ဦးရည်မွန်

ပုသိမ်ထောင် လှုပ်ရှားမှုနောက်ပိုင်း နိုင်ကျဉ်း ၆၀ အား ခြေချင်းခတ်ထား၊ ထောင်ပိုင်မှ အရက်မူးတိုင်း မကျေနပ်သူများကို ရိုက်နှက်နေ
မင်းအောင်လှိုင်က သူ့မိန်းမ ကြူကြူလှကို အဂ္ဂမဟာသီရိသုဓမ္မသီင်္ဂီဘွဲ့ ပေး အပ်၊
သန်းရွှေ မိန်းမ ကြိုင်ကြိုင် အပါအဝင် စစ်ဗိုလ်ချုပ်ဟောင်းနဲ့ ခေါင်း ဆောင် ဟောင်း မိန်းမ တွေကိုလည်း ဘွဲ့တွေ ပေးပြန်
ရန်ကုန်၊ မတ် ၂ ခေတ်သစ်
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့မိန်းမ ဖြစ်တဲ့ ကြူကြူလှကို အဂ္ဂမဟာသီရိသုဓမ္မသီင်္ဂီဘွဲ့ ပေးအပ်တယ်လို့ စစ်တပ်က သတင်းထုတ်ပြန်ပါတယ်။
သူ့မိန်းမ ကြူကြူလှ အပြင် စစ်အာဏာရှင်ဟောင်း သန်းရွှေ မိန်းမ ကြိုင်ကြိုင်၊ ဒုစစ်ခေါင်းဆောင်ဟောင်း မောင်အေး မိန်းမ မြမြစန်း၊ သမ္မတဟောင်း သိန်းစိန် မိန်းမ ခင်ခင်ဝင်း၊ ယာယီသမ္မတ မြင့်ဆွေ မိန်းမ ဒေါ်ခင်သက်ဌေး၊ လေယာဉ်ပျက်ကျ ကွယ်လွန်ခဲ့တဲ့ အတွင်းရေးမှူး ၂ ဗိုလ်ချုပ်တင်ဦး မိန်းမ ဒေါ်သန်းသန်းနွဲ့၊ ဒုသမ္မတ စိုင်းမောက်ခမ်း မိန်းမ ဒေါ်နန်းရွှေမှုံတို့ကို စုစုပေါင်း ၇ ဦးကို မင်းအောင်လှိုင်က အဂ္ဂမဟာသီရိသုဓမ္မသီင်္ဂီဘွဲ့က ဘွဲ့တွေ ပေးအပ်တာဖြစ်ပါတယ်။
မင်းအောင်လှိုင်က သူ့မိန်းမ ကြူကြူလှကို အစည်းအဝေးတွေမှာ ချီးကျူးလေ့ရှိပြီး သူ့မိန်းမ ကောင်းကြောင်း တော်ကြောင်း ထုတ်ပြောလေ့ရှိပါတယ်။
သူ့မိန်းမက ကျောင်းဆရာမဖြစ်ပြီး သူ့ထက် အသက်ကြီးပေမယ့် စည်းကမ်းစနစ်ကျနသေချာသူဖြစ်ကြောင်း အစည်းအဝေးတွေမှာ ထုတ်ပြောပြီးနောက် အခုနောက်ဆုံး ဘွဲ့တွေ ပေးအပ်လာတာလည်းဖြစ်ပါတယ်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ စစ်ကောင်စီအစည်းအဝေးမှာ မင်းအောင်လှိုင်က သူ့မိန်းမ ကြူကြူလှကို အနစ်နာခံသူ ဆရာမလို့ အမည်တပ်ပြီး ချီးကျူးဂုဏ်ပြုခဲ့ပါသေးတယ်။
မင်းအောင်လှိုင်က ဇနီးကို ချီးမွန်းခန်းဖွင့်ရာမှာ သူ့ဇနီးကြူကြူလှက ကျောင်း ဆရာမ ဖြစ်ကြောင်း၊ ဆရာဆိုတာ ဝါသနာ၊ စေတနာ၊ အနစ်နာ နာ ၃ နာ အလုပ် လုပ်သူဖြစ်ကြောင်း၊ ကြူကြူလှဟာ စာသင်တာ ဝါ သနာပါသူဖြစ်ပြီး မဟာဘွဲ့တန်း တက်ကတည်းက အချိန်ပိုင်း နည်းပြ အဖြစ် လုပ်သား ကော လိပ်မှာ ကျောင်း ဆရာမ လုပ်ခဲ့ကြောင်း၊ သူ တပ်ရင်းမှူးဖြစ်ချိန်မှာ အလုပ် ထွက်ခိုင်းလိုက်လို့ သူ့ကို အလေးထား၍ အလုပ်ထွက်တာဖြစ်ကြောင်း၊ ကြူကြူ လှက အလုပ်မထွက်ချင်ဘူးလို့ သူ့ကို တဖွဖွ ပြောကြောင်း၊ အခုဆိုရင် ကြူကြူ လှ တပည့်တွေ ပါမောက္ခချုပ်တွေပင် ဖြစ်နေပြီဖြစ်ကြောင်း၊ ကြူကြူလှကဲ့သို့ သော ဆရာမများဟာ အနစ်နာခံ လုပ်ခဲ့သူများဖြစ်တာကို ပြောချင်ကြောင်း မင်း အောင်လှိုင်က စစ်ကောင်စီအစည်းအဝေးမှာ ပြောဆိုသွားခဲ့ပါတယ်။
စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ မြန်မာအကြမ်းဖက် စစ်တပ်ကို အိန္ဒိယက အမြောက်ပြောင်းများ ပံ့ပိုးကူညီနေ
ရန်ကုန်၊ မတ် ၂ ခေတ်သစ်
ဒီမိုကရေစီ လိုလားတောင့်တတဲ့ တော်လှန်ရေး အင်အားစုတွေကို ချေမှုန်းရာမှာ မြန်မာစစ်တပ်က အသုံးပြုနေတဲ့ လက်နက်ကြီး အမြောက်ပြောင်းတွေကို အိန္ဒိယက ပံ့ပိုးကူညီနေတယ်လို့ Justice For Myanmar(JFM) ကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
စစ်ကောင်စီဟာ တစ်နိုင်ငံလုံးနီးပါးမှာ ဖြစ်ပွားနေတဲ့ တော်လှန်မှုတွေကို ဖြိုခွင်းဖို့အတွက် အချိန်နဲ့အမျှ လုံးပမ်းနေရပါတယ်။ လက်နက်ကြီးတွေ လေကြောင်းတိုက်ခိုက်မှုတွေကို အကန့်အသတ် မရှိ အသုံးချကာ ပြည်သူတွေကို ရက်ရက်စက်စက် တိုက်ခိုက်သတ်ဖြတ်နေရတာကြောင့် မြန်မာစစ်တပ်ကို လက်နက်တင်ပို့ရောင်းချမှုတွေ ရပ်တန့်ဖို့ ဖိအားပေးတောင်းဆိုမှုတွေလည်း နိုင်ငံတကာမှာ မြင့်တက်လို့ လာနေပါတယ်။
ဒီလို အခြေအနေတွေကြားက အိန္ဒိယဟာ စစ်ကောင်စီအတွက် အမေရိကန်ဒေါ်လာ ၃၃၀,၀၀၀ တန်ဖိုးရှိတဲ့ အမြောက်ပြောင်းတွေကို ရောင်းချရာမှာ တိုက်ရိုက်ပါဝင်ပတ်သက်ခဲ့တယ်ဆိုတဲ့ သတင်းထွက်ပေါ်လာပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ အောက်တိုဘာလအတွင်းက အိန္ဒိယနိုင်ငံပိုင် စစ်လက်နက် ထုတ်လုပ်တဲ့ Yantra India Limited ကုမ္ပဏီက ၁၂၂ မီလီမီတာ အမြောက်ပြောင်း ၂၀ ကို မြန်မာစစ်တပ်ဆီ ပေးပို့ခဲ့ကြောင်း သင်္ဘောအသွားအလာ အချက်အလက်တွေကို အခြေခံပြီး Justice for Myanmar အဖွဲ့က ယမန်နေ့က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
အမေရိကန်ဒေါ်လာ ၃၃၀,၀၀၀ တန်ဖိုးရှိ တဲ့ အမြောက်ပြောင်းတွေကို လက်ခံသူဟာ ရန်ကုန် အခြေစိုက် Innovative Industrial Technologies Company Limited ဖြစ်တယ်ဆိုတဲ့အကြောင်းကို AFP သတင်းဌာနမှာလည်း ဖော်ပြထားပါတယ်။
Innovative Industrial Technologies Company Limited ကို မြန်မာစစ်တပ်ရဲ့ စစ်လက်နက်ပွဲစား ကျော်ကျော်ထွန်း ဆိုသူက ပိုင်ဆိုင်တာ ဖြစ်တယ်လို့ JFM ကဆိုပါတယ်။
ကျော်ကျော်ထွန်းက မြန်မာစစ်တပ်အတွက် လက်နက်တွေတင်ပို့နေတဲ့ အကြီးစား လက်နက်ပွဲစားဖြစ်ကြောင်းနဲ့ သူဟာ အိန္ဒိယကုမ္ပဏီ Sandeep Metalcraft ကနေ မြန်မာစစ်တပ်ကို စနက်တံဖျူးစ်တွေ တင်ပို့ခဲ့တဲ့ အကြောင်းတွေကို Justice For Myanmar က ယမန်နှစ်အတွင်းက ဖော်ထုတ်ခဲ့ပါသေးတယ်။
နိုင်ငံတကာအနေနဲ့ လက်ရှိအချိန်ထိ ကျော်ကျော်ထွန်းနဲ့ ဆက်စပ်ပတ်သက်သူတွေကို အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုတွေ မလုပ်ဆောင်ရသေးပါဘူး။ အဲ့ဒီ့ကုမ္ပဏီဟာ Data Centre မှာ စစ်ကောင်စီအတွက် လုံခြုံရေးပစ္စည်းများ တပ်ဆင်ဖို့ ပြီးခဲ့တဲ့နှစ်က တင်ဒါ အောင်မြင်ထားတယ်လို့လည်း AFP သတင်းများက ဆိုပါတယ်။
မြန်မာနိုင်ငံကို အမြောက်ပြောင်းများ တင်သွင်းခဲ့တဲ့ Yantra India Limited ဟာ လက်နက်ကြီးပြောင်းတွေနဲ့ အခြားသော အမြောက်၊ တင့်ကား လက်နက်ပစ္စည်း အစိတ်အပိုင်းများ ထုတ်လုပ်တဲ့ အိန္ဒိယ နိုင်ငံပိုင် စစ်လက်နက်ကုမ္ပဏီလည်း ဖြစ်ပါတယ်။
တရားမဝင် အာဏာသိမ်းကြိုးပမ်းမှု စတင်စဥ်ကထဲက စစ်တပ်ဟာ ၄င်းတို့ကို ဆန့်ကျင်သူများအပေါ် လက်နက်အားကိုးနဲ့ စစ်ရာဇတ်ဝတ်မှုတွေ ကျူးလွန်ခဲ့တာကြောင့် စစ်တပ်ကို လက်နက်ပံ့ပိုးနေတဲ့ အိန္ဒိယဟာ ဒီစစ်ရာဇဝတ်မှုတွေနဲ့ မြန်မာ့ဒီမိုကရေစီ ဆိတ်သုဉ်းရေး စစ်တပ်ရဲ့ ကြိုးပမ်းမှုတွေမှာ ကြံရာပါအဖြစ် ပါဝင် ပတ်သက်နေပြီပဲ ဖြစ်ပါတယ်။
စစ်ကောင်စီဟာ အရပ်သားပြည်သူ့တွေ နေထိုင်ရာ နေရာတွေကို ၁၂၂ မမ ဟောင်ဝှစ်ဇာအမြောက်တွေနဲ့ မကြာသေးခင်ကပဲ ပစ်ခတ်ခဲ့တဲ့ မှတ်တမ်းတွေ ရှိနေပါတယ်။ ဥပမာတစ်ခုအနေနဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့က ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နမ့်ဆိုင်း Namsai Hkahku ဆင်ခြေဖုံးရပ်ကွက်တွေဆီ ၁၂၂ မမ ဟောင်ဝှစ်ဇာ အမြောက်တွေနဲ့ စစ်တပ်က ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့မှာလည်း ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်အတွင်း ၁၂၂ မမ ဟောင်ဝှစ်ဇာ အမြောက်တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။
မြန်မာစစ်တပ်ရဲ့ ၂၀၂၁ တရားမဝင် အာဏာသိမ်းကြိုးပမ်းမှု စတင်ပြီးနောက်ပိုင်း နိုင်ငံတကာအနေနဲ့ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းဖို့ကြိုးစားမှုတွေမှာ အိန္ဒိယ မိုဒီအစိုးရရဲ့ သံတမန်ရေး အားထုတ်မှုတွေဟာ မြန်မာပြည်သူတွေအပေါ် အကူအညီ မဖြစ်ခဲ့ပါဘူး။ ကုလသမဂ္ဂမှာလည်း ရုရှားနှင့် တရုတ်တို့လို့ပဲ အကြမ်းဖက်စစ်ကောင်စီကို ကာကွယ်ပေးတဲ့ ပုံစံမျိူးနဲ့ အိန္ဒိယဟာ ကြားနေဝါဒကို စွဲကိုင်ကျင့်သုံးခဲ့တာ တွေ့ရပါတယ်။
ထင်ရှားတဲ့ ဥပမာအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် “တရားလက်လွတ် ဖမ်းဆီးထားသူ” အားလုံးကို ပြန်လွှတ်ပေးရေး တောင်းဆိုထားတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ပထမဆုံး ဆုံးဖြတ်ချက်ကို ရုရှနှင့် တရုတ်တို့နှင့်အတူ အိန္ဒိယက မဲမပေးဘဲ ကြားနေခဲ့တာပါ။
မြန်မာနယ်စပ်မှာ ပြဿနာတွေ ရှိနေသလို အိန္ဒိယအနေနဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ထိတွေ့ဆက်ဆံမှုတွေကို ရှောင်ကွင်းလို့ မရနိုင်ကြောင်း ၄င်းတို့နဲ့ စစ်ကောင်စီ ဆက်ဆံရေးကို ရည်ညွှန်းပြီး အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက ကာကွယ်ပြောဆိုထားခဲ့ဖူးပါတယ်။
အိန္ဒိယလက်နက်ထုတ်လုပ်ရေး ကုမ္ပဏီတွေက အာဏာသိမ်း ကြိုးပမ်းမှုနောက်ပိုင်း မြန်မာစစ်တပ်ကို စစ်လက်နက်တွေ ဆက်လက်ထောက်ပံ့ ပေးနေတယ်ဆိုတဲ့ အချက်က နိုင်ငံတကာဥပဒေတွေနဲ့ Wassenaar သဘောတူညီချက်ပါ လိုက်နာရမယ့် စံနှုန်းတွေအပေါ် အိန္ဒိယနိုင်ငံရဲ့ ဆိုးဆိုးရွားရွား လျစ်လျူရှုမှုကို ပြသနေပါတယ်။
Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “အိန္ဒိယနိုင်ငံက အမြောက်ပြောင်းတွေ တင်ပို့မှုကို ခွင့်ပြုပေးတဲ့အတွက် မြန်မာအရပ်သားပြည်သူတွေအပေါ် စစ်အုပ်စုရဲ့ အဆင်ခြင်မဲ့တိုက်ခိုက်မှု တွေကို တိုက်ရိုက်ပံ့ပိုးကူညီနေတာ ဖြစ်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
အိန္ဒိယအနေနဲ့ မြန်မာစစ်အုပ်စုကို စစ်လက်နက်ပစ္စည်း ထောက်ပံ့တာ ချက်ချင်းရပ်တန့်ရမှာ ဖြစ်ပြီး၊ အိမ်နီးချင်းနိုင်ငံတခုအနေနဲ့ စစ်ရာဇဝတ်ကောင်တွေဖြစ်တဲ့ တရားမဝင် စစ်အုပ်စုနဲ့ အတူမရပ်တည်ဘဲ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ပေးဖို့ အိန္ဒိယအစိုးရကို JFM က တောင်းဆိုထားကြောင်းလည်း သိရပါတယ်။
ကိုကျော်ဇောကို စစ်တပ်က ခေါင်း၊ ခြေလက်များ ဖြတ်တောက်၊ ဗိုက်ဖောက်ပြီး ရက်ရက်စက်စက် သတ်ဖြတ်
စစ်ကိုင်း၊ တာတိုင်ကျေးရွာမှ PDF ရဲဘော် ကိုကျော်ဇောကို စစ်တပ်က ခေါင်း၊ ခြေလက်များ ဖြတ်တောက်၊ ဗိုက်ဖောက်ပြီး ရက်ရက်စက်စက် သတ်ဖြတ်
ရန်ကုန်၊ မတ် ၂ ခေတ်သစ်
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ တာတိုင်ကျေးရွာမှ PDF ရဲဘော် ကိုကျော်ဇောကို စစ်တပ်က ခေါင်း၊ ခြေလက်များ ဖြတ်တောက်ပြီး ဗိုက်ဖောက်ထုတ်ပြီး ရက် ရက် စက်စက် သတ်ဖြတ်သွားကြောင်း စစ်ကိုင်းမြို့နယ်၊ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၁ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက စစ်ကိုင်း မြို့နယ်အတွင်းသို့ ရေကြောင်းမှ ဝင်ရောက်လာပြီး တာတိုင်ကျေးရွာအတွင်း သို့ ဝင်ရောက်ကာ PDF တော်လှန်ရေးရဲဘော် မိုက်ကယ်(ခ) ကိုကျော်ဇောကို သတ်ဖြတ်သွားခဲ့ကြောင်း၊ သတ်ဖြတ်ရာတွင် အလွန်ရက်စက်စွာ သတ် ဖြတ်သွားခဲ့ကြောင်း သိရှိရသည်။
"စစ်ကိုင်းမြို့နယ်၊ တာတိုင်ရွာ တော်လှန်ရေး ရဲဘော် မိုက်ကယ်(ခ) ကိုကျော်ဇောကို စစ်ခွေးတွေက ရက်ရက် စက် စက် သတ်ဖြတ်သွားပါတယ်။ ငါန်းဇွန်ဘက်ကို ပြန်ဆုတ်သွားပြီ။ စစ်ခွေးတွေ ရေကြောင်းက ၀င်လာတာ။ မနေ့မနက် အစောကြီးက၀င် ဒီမနက်မှ ပြန်ကပ်ရတော့ အလောင်းတွေ့တာပဲ" ဟု စစ်ကိုင်းမြို့နယ်၊ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
စစ်ကိုင်း၊ တာတိုင်ကျေးရွာမှ PDF ရဲဘော် ကိုကျော်ဇောကို စစ်တပ်က ခေါင်း၊ ခြေလက်များ ဖြတ်တောက်၊ ဗိုက်ဖောက်ပြီး ရက်ရက်စက်စက် သတ်ဖြတ်
ကျောက်ခေတ် မှသည် ကျောက်ခေတ်ဆီသို့
လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၁ နှစ် ဒီလိုနေ့မျိုးမှာ ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်တဲ့ စပ်တပ်ဟာ အရပ်သားရွေးကောက်ခံ ဝန်ကြီးချုပ် ဦးနု အစိုးရ ကိုဖမ်းဆီးပြီး အာဏာသိမ်းခဲ့ပါတယ်။
အာဏာသိမ်းမယ့် ၁၉၆၂ မတ်လ ၂ ရက် မနက် ၂ နာရီလောက်မှာ ရန်ကုန်မြို့ ပြည်ထောင်စုရိပ်သာလမ်းကြား က ဝန်ကြီးချုပ် ဦးနုနေထိုင်ရာ အိမ်ကို စစ်တပ်က ဝိုင်းလိုက်ပါတယ်။
ဘုရားဝတ်ပြုပြီး ည ၁၂ နာရီကျော်လောက်မှ အိပ်ရာဝင်တဲ့ ဝန်ကြီးချုပ်ဟာ အိမ်ဝင်းထဲက ဆူဆူညံညံအသံတွေကြောင့်အိပ်ပျော်ရာကနိုးလာတာနဲ့တပြိုင်နက် ခြောက်လုံးပြုးကိုင်ထားတဲ့ စစ်ဗိုလ်တယောက် သူ့အခန်းထဲမှာ မတ်တပ်ရပ်နေတာကိုတန်းတွေ့လိုက်ရတော့တာပဲ။
စစ်ဗိုလ်က စစ်တပ်က အာဏာသိမ်းလိုက်ကြောင်းနဲ့ သူတို့နဲ့ လိုက်ခဲ့ဖို့ ပြောခဲ့တယ်လို့ ဦးနုက တာတေစနေသားစာအုပ်ထဲမှာရေးသားခဲ့ပါတယ်။
People’s spring
“၅၉ နှစ်အကြာ သမိုင်းလှည်းဘီး“
❐ ဝန်ကြီးချုပ်ဦးနုနဲ့ သမ္မတဦးဝင်းမြင့်ဆီက စစ်တပ် အာဏာဘယ်လိုလုခဲ့လဲ
— People's Spring
လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၉ နှစ်က ဝန်ကြီးချုပ် ဦးနုဆီကနေ စစ်တပ်အာဏာလုစဉ် ဝန်ကြီးချုပ်ကို ထိုင်ခုံ တစ်လုံးပေါ်မှာ ခဏ ထိုင်ခိုင်းတဲ့ အပြုအမူမျိုး ဖေဖော်ဝါရီလ ၁ရက် မနက်ဝေလီဝေလင်းမှာ သမ္မတ ဦးဝင်းမြင့် ကြုံခဲ့ရပါတယ်။
ပထစအစိုးရ ဝန်ကြီးချုပ် ဦးနုကို နေအိမ်ကနေ ထိန်းသိမ်းမယ့်နေရာဆီ ခေါ်ဆောင်မယ့် ကားမလာခင် အိမ်ဝမှာ ထိုင်ခုံတစ်လုံး ချပေးပြီး ထိုင်စောင့်ခိုင်းထားခဲ့သလို သမ္မတဦးဝင်းမြင့်ကိုလည်း ရာထူးကနေ နှုတ်ထွက်ဖို့ ဖိအားပေမယ့် စစ်ဘက်အရာရှိကြီးတွေ မလာခင် သမ္မတအိမ်တော်ရုံးခန်းရှေ့က ထိုင်ခုံ မှာ စစ်တပ်က ထိုင်စောင့်ခိုင်းထားခဲ့တာပါ။
ဒါဟာ လွန်ခဲ့တဲ့ ၁၉၆၂ ခုနှစ်နဲ့ အခု ၂၀၂၁ နှစ်အာဏာသိမ်းမှုတွေမှာ ရွေးကောက်ခံ အရပ်သားအစိုးရ ဆီက အာဏာလုချိန် အစိုးရ အဖွဲ့အကြီးအကဲ တွေအပေါ် စစ်တပ်က ပြုမူခဲ့တာတွေပါ။
အာဏာသိမ်းရတဲ့အကြောင်းပြချက်ဟာ အချိန်ကာလအရ ကွဲပြားသွားပေမယ့် လက်နက်အားကိုးပြီး စစ်တပ်ရဲ့ အာဏာလုပုံကတော့ ထိုနည်း၎င်းပါပဲ။
❐ ဝန်ကြီးချုပ်ဦးနု နဲ့ သမ္မတ ဦးဝင်းမြင့်တို့ဆီက စစ်တပ်အာဏာလုပုံ
အာဏာသိမ်းမယ့် ၁၉၆၂ မတ်လ ၂ ရက် မနက် ၂ နာရီလောက်မှာ ရန်ကုန်မြို့ ပြည်ထောင်စုရိပ်သာလမ်းကြား က ဝန်ကြီးချုပ် ဦးနုနေထိုင်ရာ အိမ်ကို စစ်တပ်က ဝိုင်းလိုက်ပါတယ်။
ဘုရားဝတ်ပြုပြီး ည ၁၂ နာရီကျော်လောက်မှ အိပ်ရာဝင်တဲ့ ဝန်ကြီးချုပ်ဟာ အိမ်ဝင်းထဲက ဆူဆူညံညံအသံတွေကြောင့်အိပ်ပျော်ရာကနိုးလာတာနဲ့တပြိုင်နက် ခြောက်လုံးပြုးကိုင်ထားတဲ့ စစ်ဗိုလ်တယောက် သူ့အခန်းထဲမှာ မတ်တပ်ရပ်နေတာကိုတန်းတွေ့လိုက်ရတော့တာပဲ။
စစ်ဗိုလ်က စစ်တပ်က အာဏာသိမ်းလိုက်ကြောင်းနဲ့ သူတို့နဲ့ လိုက်ခဲ့ဖို့ ပြောခဲ့တယ်လို့ ဦးနုက တာတေစနေသားစာအုပ်ထဲမှာရေးသားခဲ့ပါတယ်။
ဝန်ကြီးချုပ်ဟာ အပေါ်အင်္ကျီဝတ်လိုက်ပြီး အပေါ့သွားမလို့ ရေချိုးခန်းတံခါးကို ဖွင့်ချိန်မှာ ဝင်ခွင့်မပေးတော့ဘဲ တန်းခေါ်သွားခဲ့ပေမယ့် ကားမလာသေးလို့ အိမ်ဝမှာ ထိုင်စောင့်နေခဲ့ရတယ်လို့သိရပါတယ်။
အဲဒီလိုထိုင်စောင့်တုန်း စစ်သားတစ်ယောက်က လောက်ကောင်မိပြီ ဆိုပြီး စကားပြောစက်နဲ့ သတင်းလှမ်းပို့ တာကို ဝန်ကြီးချုပ်နားနဲ့ ကြားခဲ့ရပါတယ်။
အဲဒီအချိန်မှာ ဝန်ကြီးချုပ်ရဲ့ မိသားစုတွေကိုတော့ စစ်သားတွေက ဧည့်ခန်းထဲ မှာ စုထားလိုက်ပြီး ပြင်ပမြင်ကွင်းကိုမမြင်နိုင်အောင် ပြတင်းပေါက်တွေကို ကျောပေးကာ တန်စီးထိုင်ခိုင်းထားခဲ့တယ်လို့ ဆိုပါတယ်။
ဝန်ကြီးချုပ်ကို နေအိမ်ကနေ ဖမ်းသွားပြီးနောက် မင်္ဂလာဒုံက ၂ထပ် တိုက် တစ်လုံးမှာ ခေတ္တထိန်းသိမ်းလိုက်ပါတယ်။
အဲဒီကတည်းက ပြန်မလွှတ်တော့ဘဲ ၄ နှစ်ကျော်ကြာ ဖမ်းထားခဲ့ပြီး ၁၉၆၆ ခုနှစ် အောက်တိုဘာမှ လွှတ်ပေးပါတယ်။
ဒီလို ဝန်ကြီးချုပ်ဦးနု ဖမ်းဆီးထောင်ချ အာဏာသိမ်းခဲ့တဲ့နေ့ကနေ ၅၉ နှစ်အကြာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှာ သမ္မတ ဦးဝင်းမြင့်ကိုလည်း အလားတူ ကျူးလွန်ခဲ့ပြန်ပါတယ်။
ဒီတခါအာဏာသိမ်းတဲ့ နေ့ကတော့ ရွေးကောက်ပွဲအရထွက်ပေါ်လာမယ့် လွှတ်တော်အစည်းအဝေးတွေ မစမီ နာရီပိုင်းအလိုမှာ သိမ်းခဲ့တာပါ။
အာဏာမသိမ်းခင် မနက် ၅ နာရီလောက်မှာ နေပြည်တော်သမ္မတ အိမ်တော် ထဲမှာ စစ်သားတွေအပြည့်နေရာယူလိုက်တာပါပဲ။
အဲဒီနောက် သမ္မတအိမ်တော်ထဲက အိပ်ခန်းတံခါးကိုသွားခေါက်ပြီး သမ္မတထွက်လာချိန်မှာတော့ ရုံးခန်းကို ခေါ်သွားခဲ့ပါတယ်။
ဒါပေမယ့် သမ္မတရုံးခန်းထဲကို မဝင်ခိုင်းဘဲ အပြင်က ထိုင်ခုံတစ်လုံးမှာ သမ္မတကို ထိုင်ခိုင်းထားခဲ့တာပါ။
အဲဒီနောက် ဗိုလ်ချုပ်ကြီးအဆင့်ထက် မနိမ့်သူ နှစ်ဦးရောက်လာပြီး ကျန်းမာရေးအကြောင်းပြ ရာထူးက နှုတ်ထွက်ဖို့ သမ္မတဦးဝင်းမြင့်ကို ဖိအားပေးပါတော့တယ်။
" ကျန်းမာရေးကောင်းနေတယ် မထွက်နိုင်ဘူး" လို့ သမ္မတ က ပြော တဲ့အခါ ကမ်းလှမ်းချက်ကို ငြင်းဆန်မှုကြောင့် ထိခိုက်နစ်နာမှုတွေဖြစ်လာမယ်လို့ ထပ်မံ ခြိမ်းခြောက်ပါတယ်။
သမ္မတက "ကမ်းလှမ်းမှုကို လက်ခံမယ့်အစား အသေခံလိုက်မယ်" လို့ တုံ့ပြန်လိုက်တဲ့အခါမှာတော့ရာထူးက နုတ်ထွက်ဖို့ စည်းရုံးမှု မအောင်မြင်ဘဲ သမ္မတ ကို အိမ်တော်ဆီပြန်လည်ခေါ်ဆောင်သွားပါတော့တယ်။
သမ္မတက စစ်တပ်အာဏာမသိမ်းသင့်ကြောင်းနဲ့ ဥပဒေအတိုင်းလုပ်ဖို့ ပြောဆိုခဲ့ပေမယ့် သမ္မတအပါအဝင် မိသားစုဝင်တွေကို သမ္မတအိမ်တော်ကနေ အခြား နေရာပြောင်းရွှေ့ဖို့ ပစ္စည်းတွေ သိမ်းထားဖို့ စစ်တပ်က တဆက်တည်းပြောလာပါတယ်။
ဒီနောက်မှာတော့ အိမ်တော်ကနေ မိသားစုလိုက်နေရာရွှေ့လိုက်ပြီး အခုချိန်ထိ ဘယ်မှာ ထိန်းသိမ်းထားတယ်ဆိုတာကို မသိရပါဘူး။ ပြီးတော့လည်း စုစုပါထောင်ဒဏ် ၅ နှစ်အထိ ချလို့ရ ပုဒ်မနှစ်ခုနဲ့တရားစွဲလိုက်ပါတော့တယ်။
ကိုးကား − တာတေစနေသား − ဦးနု
သမ္မတ ဦးဝင်းမြင့်၏ တရားရုံး ထွက်ဆိုချက်
ပြည်တွင်းစစ်ထဲတရားဝင် ဝင်ရောက်လာတဲ့ကြံ့ခိုင်ရေးပါတီ

























