နောက်ဆုံးရ
တရုတ်၏ သဘောထား ပြောင်းလဲလာခြင်းလော

တရုတ်၏ သဘောထား ပြောင်းလဲလာခြင်းလော

ဂျကာတာ သို့ ရောက်ရှိလာသော တရုတ် နိုင်ငံခြားရေး ဝန်ကြီး ချင်ဂန်း မှ တရုတ်သည် မြန်မာနှင့် ပတ်သကိ၍ အင်ဒိုနီရှား ဆောင်ရွက်ရန် ရှိနေသည့် ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်များ အား အပြည့်အဝ ထောက်ခံသွားမည်ဟု ပြောကြောင်း ရိုက်တာ သတင်း တွင် ပါရှိလာခဲ့သည်။

အင်ဒိုနီရှား နိုင်ငံခြားရေး ဝန်ကြီး ရက်နို မာဆူဒီ မှ အာဆီယံ ၏ အချက် ငါးချက် ကို ယခုထိ မြန်မာ စစ်ဗိုလ်ချုပ်များ၏ ငြင်းဆန်နေမှု အပေါ် တရုတ် နိုင်ငံခြားရေး ဝန်ကြီး နှင့် ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

ဆွေးနွေးပွဲများ ဖြစ်ပေါ်လာရေး အလားအလာ များ ထွက်ပေါ်လာစေရန် တခုတည်းသော ရည်ရွယ်ချက်ဖြင့် အင်ဒိုနီရှား မှ အာဆီယံ ဥက္ကဌ အဖြစ် တာာဝန်ယူ ဆောင်ရွက်မည့် ပဋိပက္ခတွင် ပါဝင် ပတ်သက်နေသူ အားလုံး နှင့် ဆွေးနွေးသွားမည့် လုပ်ငန်းစဉ်များ ကို ယခုလို ထောက်ခံမှု ပေးလာမှု အပေါ် တန်ဖိုးထား ကျေးဇူးတင်ကြောင်း မစ္စက် မာဆူဒီ မှ ပြောခဲ့သည်ဟု သတင်းတွင် ပါရှိသည်။

ဆိုလိုသည်က အာဆီယံ မှ အမျိုးသား ညီညွတ်ရေး အစိုးရ နှင့် တွေ့ဆုံရန် ရှိနေသည်များကို တရုတ်ဖက်မှ ထောက်ခံကြောင်း မီးစိမ်းပြလိုက်ခြင်းလည်း ဖြစ်ပေသည်။ ယခင် ၎င်းတို့၏ လူ ဟွန်ဆန် ကိုပင် ထိုသို့ အခွင့်အရေးမျိုး ပေးခဲ့ခြင်း မရှိပေ။

ချင်ဂန်း သည် တောင်တရုတ် ပင်လယ် နှင့် ထိစပ်နေသည့် နိုင်ငံများ အကြား လိုက်နာဆောင်ရွက်ရမည့် ကျင့်ထုံး code of conduct အတွက် ပြုလုပ်မည့် ဆွေးနွေးပွဲ မတိုင်ခင် စနည်းနာရန် ဂျကာတာ သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

တရုတ်သည် အကယ်၍များ မြန်မာ နိုင်ငံတွင် အာဏာသိမ်း အဖွဲ့ ပြုတ်ကျသွားခဲ့လျှင် ပေါ်ပေါက်လာမည့် ပြည်သူ့ အစိုးရထံ လက်တဖက် ကမ်းလာခဲ့ခြင်းလည်း ဖြစ်သည်။ ၎င်းတို့ အဖို့ မြန်မာနိုင်ငံတွင်း အခြေအနေများ အပေါ် လွန်စွာ စိုးရိမ်မကင်း ဖြစ်လျက် ရှိနေသည်၊ တတိုင်းပြည်လုံး လက်နက်ကိုင် ၍ ဖြစ်စေ အသံတိတ် ဖြစ်စေ ဆန့်ကျင်တွန်းလှန်နေမှုများကို အတင်းကာရော လက်နက် အားကိုး ဖြင့် နှိမ်နှင်းနေရသည့် အဖြစ်ကို ကြည့်၍ အာဏာသိမ်း အဖွဲ့ သည် ရှေ့လျောက် တိုင်းပြည်ကို မည်သို့မျှ ဆက်၍ တည်ငြိမ်အောင် အုပ်ချုပ်သွားနိုင်စွမ်း မရှိ တော့သည့် အဖြစ် လည်း ရိပ်စားမိလာနေကြပြီ ဖြစ်သည်။

သူတို့၏ စိတ်ထဲတွင်လည်း ထိုသို့ နှိမ်နှင်း နိုင်ခဲ့သည် ဆိုစေဦး What’s next? ဟူသော မေးခွန်းများ ထွက်ပေါ်လာနေမည်မှာ မလွဲဧကန်ပင် ဖြစ်သည်။ မင်းအောင်လှိုင် အဖို့က What’s next? ဆိုသည်နှင့် ပတ်သက်၍ အဖြေမရှိ၊ ဤသည်ကို ဆက်၍ မျက်စိမှိတ် ထောက်ခံမှု ပေးသွားမည် ဆိုက အမေရိကန် ရင်ခွင်ထဲ တွန်းပို့ပေးသလို အဖြစ် ရောက်သွားမည်ဟု တွက်ဆလာကြပုံရှိသည်။

ထို့အတွက် အနည်းဆုံး ၎င်းတို့ နှင့် ပလဲနံပ သင့်နိုင်မည့် စစ်ခေါင်းဆောင် များ ပါဝင်မည့် အာဏာခွဲဝေရေး ပုံစံမျိုး ဖြစ်စေချင်လာသည်။

အလားတူပင် အာဆီယံသည် စစ်တပ်နှင့် အာဏာ ခွဲဝေယူသည့် ပုံစံမျိုး သာ ဖန်တီးပေးလိုစိတ် ရှိနေသည်။ အားလုံးက လက်နှစ်ဖက် စလုံး မဟုတ်သည့်တိုင် လက်တဖက် တော့ ကမ်းလာနေပြီ ဖြစ်သည်။

စစ်အာဏာသိမ်း အဖွဲ့ကတော့ ပြည်တွင်း တွင် မည်သည့် လက်မျှ ကမ်းလို့မရအောင် ဖမ်းလို့ မရအောင် နေသည့် လူများကို  ဆုများ လိုချင်သည် ဖြစ်စေ၊ မလိုချင်သည် ဖြစ်စေ ပေးကာ၊ အတင်းပင် သူ့တို့ ဘက်သား အဖြစ် ပြောင်းလဲပေးနေပြီ ဖြစ်သည်။

သမ္မတကြီး ဦးထင်ကျော်ကိုပင် ဖခင် ဆရာကြီး မင်းသုဝဏ် အတွက် ပေးသည့်ဆုကို အတင်းပင် အိမ်တိုင်ယာရောက် သွားပေးခဲ့သည်။ ပုံထဲတွင် ဦးထင်ကျော်သည် ကျန်းမာရေး ကောင်းမွန်လျက် ရှိပြီး ဆု တက်မယူနိုင်လောက်သည့် အနေအထား မျိုး လည်း မတွေ့ရပေ။ တီခွန်မြတ်မှ လွဲ၍ အဖမ်းမခံရပဲ အပြင်တွင် ကျန်နေသည့် အခြားသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရ ဝန်ကြီးများ တဦးတလေမျှ ဆုတက်‌ရောက် လက်ခံရယူခဲ့ခြင်း မရှိဟု သတင်းများက ဆိုသည်။

ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဖြိုးမင်းသိန်း အား လည်း မြန်မာငွေ ကျပ်တသိန်း (ဒေါ်လာ ၄၀) ဖြင့် ၎င်း၏ နိုင်ငံရေး အသုဘကို ဖုတ်ကြည်း မီးသင်္ဂြိုလ် ပေးလိုက်ပြီ ဖြစ်သည်။

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!
လှစိုးဝေ


ဆက်ဖတ်ရန် →
ခြူးလေးကိုကယ်ထုတ်လာသူ

ခြူးလေးကိုကယ်ထုတ်လာသူ

ပြသနာအစက ခြူးလေးက....

ခြူးလေးက နာမည်အနောက်မှာ ထားလို့ဆိုပြီး
စောင်ပြသနာ ရှာလိုက်တယ်။ မရိုက်တော့ဘူး
ဘာညာတွေ လုပ်လိုက်တယ်....

အဲ့လို စောင်ပြသနာ ရှာလိုက်တာကို ဆိုရှယ်
မီဒီယာပေါ်မှာ ကြောင်ရေချိုးပေးကြတယ်။
အုပ်စုတွေကွဲပြီး ငြင်းကြခုံကြတယ်....

ကြောင်ရေချိုးပေးရာကနေတစ်ဆင့် တစ်ချို့က
အောက်ဖဲ စလှန်ပါလေရော။ ခြူးလေး သူ့ရဲ့
ဘဲကြီးနဲ့ လေမှုတ်သွင်းတဲ့ပုံ တက်လာတယ်....

တစ်ဆက်တည်း ဘာထွက်လာလည်း ဆိုတော့
အဲ့ဘဲကြီးက သူ့စပွန်ဆာ၊ အိမ်ထောင်ကြီးနဲ့တဲ့။
ဝင်နာတဲ့ လူတွေက ပြန်ဖာတယ်။ အဲ့လူကြီးမှာ
အမွှာညီအစ်ကိုရှိတယ်။ အိမ်ထောင်ရှိတယ်ဆိုတာ
သူမဟုတ်ဘူး၊ နောက်တစ်ယောက်တဲ့....

အောက်ဖဲလှန်တဲ့အဖွဲ့က အဲ့မှာ ရေဆုံးမြေဆုံး
လှန်ပါလေရော။ ညီအစ်ကို ၂ ယောက်လုံးမှာ
အိမ်ထောင်ရှိတယ်။ ပုံနဲ့တကွ ချပြလိုက်တယ်....

ဆက်ပြီး အောက်ဖဲလှန်တော့ အဲ့ဒီ ညီအစ်ကိုက
စခတွေနဲ့ ပိုင်တယ်။ ဟို Bar က သူတို့ပိုင်တာ၊
ဘယ်လုပ်ငန်းက သူတို့ဟာဆိုပြီး သူတို့တွေ
ပိုင်ဆိုင်တာတွေ ပေါ်လာတယ်....

အဲ့ဒီ ညီအစ်ကိုကနေ ဆက်ပြီး ပေါ်လာတာက
ဟိုကောင် ပိုင်တံခွန်။ ပိုင်တံခွန်က သူတို့ရဲ့
လက်စွဲမင်းသား။ ပိုင်တံခွန် အဖမ်းခံရပြီး
လွယ်လွယ်လေး ပြန်လွတ်လာတာ အဲ့ဒီ
ညီအစ်ကိုတွေကြောင့် ဆိုပြီး....

ညီအစ်ကို ၂ ယောက်ရဲ့ ပိုင်ဆိုင်မှုတွေ၊ လုပ်ငန်း
အများအပြား အွန်လိုင်းပေါ် ရောက်လာတယ်။
ထိပ်ပိုင်း စခတွေရဲ့ သားသမီးတွေ၊ သားမက်
ချွေးမတွေပါ ပါလာတယ်....

အဲ့လို ညီအစ်ကို ၂ ယောက်နဲ့ ထိပ်ပိုင်းစခတွေရဲ့
အမျိုးတွေ နွယ်နေပြီး နေရာတကာ ချယ်လှယ်
စီးပွားရေး သောင်းကျန်းနေတာ၊ Bar တွေ ဖွင့်ပြီး
မူးယစ်ဆေးဝါး ကိစ္စတွေ လုပ်နေတာ၊ ပိုင်တံခွန်ရဲ့
ဇာတ်လမ်းတွေ ဆိုရှယ်မီဒီယာပေါ် တက်လာတာ
တွေဟာ ခြူးလေး နာမည်အရှေ့အနောက်ကိစ္စကို
စောင်ပြသနာ စရှာလိုက်လို့ အောက်ဖဲလှန်ရင်းမှ
ပေါ်လာတာ....  #credit 


ဆက်ဖတ်ရန် →
 ရန်ကုန်တိုင်းမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ ဥပဒေပေါ်ပေါက်ဖို့ ကြိုးစားမယ်လို့ CRYH ပြော

ရန်ကုန်တိုင်းမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ ဥပဒေပေါ်ပေါက်ဖို့ ကြိုးစားမယ်လို့ CRYH ပြော

အောင်သိင်္ခ (ဝါရှင်တန်ဒီစီ)
2023.02.22 RFA

ရန်ကုန်မြို့လယ် ဆူးလေဘုရားလမ်းကို ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့က တွေ့ရစဉ်။RFA

ရန်ကုန်တိုင်းအနေနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ အခြေခံဥပဒေတစ်ရပ် ပေါ်ပေါက်လာဖို့အတွက် ဆက်လက်ကြိုးစားသွားမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လှိုင်သာယာမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူက ပြောလိုက်ပါတယ်။

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ အွန်လိုင်းက ကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရဲ့ဆောင်ရွက်ချက် နှစ်နှစ်ပြည့် ပြည်သူတွေကို တင်ပြတဲ့ အခမ်းအနားမှာ အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။

"ရန်ကုန်တိုင်းသည် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရှိသော အခြေခံဥပဒေတစ်ရပ် ဖြစ်ထွန်း ပေါ်ပေါက်လာရေး ဆက်လက် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။ ရန်ကုန်တိုင်းလွှတ်တော် ကိုယ်စားပြုကော်မတီ ပြည်သူ့ရေးရာ စီမံခန့်ခွဲရေးအဖွဲ့က ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းစဉ်များ ပီပီပြင်ပြင် ပေါ်ပေါက် လာရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များနဲ့ ညှိနှိုင်း ပေါင်းစပ်လျက် အသွင်ကူးပြောင်းရေးကာလ အုပ်ချုပ်ရေးစနစ် ခိုင်မာအားကောင်းလာစေရေးကို ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်သည်" လို့ NLD လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူက ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီ CRYH ဟာ ၂၀၀၈ ဖွဲ့စည်းပုံ အောက်ကပေါ်လာတဲ့ ကော်မတီဖြစ်တဲ့အတွက် ရန်ကုန်တိုင်းအတွင်း ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ပိုရအောင်လုပ်မယ်ဆိုတာဟာ ၂၀၀၈ အခြေခံဥပဒေကို ပြန်အသိအမှတ်ပြုရာ ရောက်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက ပြောပါတယ်။

"၂၀၀၈ အခြေခံဥပဒေအရ ပေါ်လာတဲ့ ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီဆိုပြီးတော့ လုပ်မှာဆိုရင် ၂၀၀၈ ကို ပြန်အသိအမှတ်ပြုပြီးတော့ ၂၀၀၈ ပြင်ဆင်ရေးကို ပြောနေတဲ့ အဓိပ္ပါယ်မျိုး ပြန်ဖြစ်နေတာပေါ့ဗျာ။ ဘယ်လောက် အဓိပ္ပါယ်မဲ့မလဲ၊ ဘယ်လောက်ခက်ခဲမလဲ ဆိုတာတွေးကြည့်လို့ရတာပေါ့နော်"

CRYH အနေနဲ့ အခုလို ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ အခြေခံဥပဒေတစ်ရပ် ရေးဆွဲမယ်ဆိုရင်အမျိုးသားညီညွတ်ရေးအစိုး
ရNUG၊ အမျိုးသား ညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC တို့နဲ့ စကားပြောဖို့ လိုအပ်လိမ့်မယ်လို့လည်း ဦးရဲထွန်းက ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအောက်ကကျင်းပတဲ့ ရွေးကောက်ပွဲဖြစ်တဲ့ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲရလဒ် ပျက်ပြယ်သွားပြီ လို့ ဝေဖန်ပြောဆိုနေကြတာဟာ စစ်ကောင်စီရဲ့ အလိုအတိုင်း ဖြစ်သွားနိုင်တာကို သတိပြုကြဖို့ သဘာပတိ အဖြစ်ဆောင်ရွက်ခဲ့တဲ့ ဗိုလ်တထောင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင့်လွင်က အခမ်းအနားမှာ ပြောပါတယ်။

"တကယ်တော့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ဟာ အာဏာရှင်စနစ် အခြေပြုတဲ့ ဖွဲ့စည်းပုံသစ်ပင်ကနေ ပြည်သူများက လိမ္မာပါးနပ်စွာ ခူးရင်းရရှိထားတဲ့ ဒီမိုကရေစီအသီးအပွင့် ဖြစ်ပါတယ်။ အာဏာရှင်အခြေပြု သစ်ပင်ကို အခွင့်သင့်တဲ့အခါမှာ ခုတ်လှဲနိုင်ခဲ့တဲ့အခါမှာ ပြည်သူ့လက်ထဲက ဒီမိုကရေစီ အသီးအပွင့်ဟာလည်း ပျက်ပြယ်သွားပြီလို့ မဆိုသင့်ပါဘူး ဒီအသီးအပွင့်ဖြစ်တဲ့ ပြည်သူရဲ့ အပ်နှင်းယုံကြည်မှုကို ရယူပြီးတော့ စစ်အုပ်စုဟာ ကျွန်တော်တို့က နိုင်ငံရေးနည်းအရ တိုက်ပွဲဝင်နေတာမျိုးဖြစ်ပါတယ်။ ဒါကိုပျက်ပြယ်သွားပြီလို့ ဆိုခြင်းဟာ ဘုံရန်သူဖြစ်တဲ့ စစ်အုပ်စုရဲ့ ဆန္ဒနဲ့တစ်ထပ်တည်း ဖြစ်နေတာကို ဝေဖန်သူများ သတိပြုစေလိုပါတယ်"

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်ကနေပြုလုပ်တဲ့ ရွေးကောက်ပွဲတွေကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် ၂၀၀၈ ဖွဲ့စည်းပုံကိုတော့ မထောက်ခံခဲ့ဘူးလို့လည်း ဦးတင့်လွင်က ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းကြောင်း ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်နေ့မှာပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ CRPH က ကြေညာခဲ့ပါတယ်။

ရန်ကုန်တိုင်းအတွင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ အင်အားတောင့်တင်းခိုင်မာလာနေသလို ပိုမိုအားကောင်းဖို့အတွက် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ၊ တတ်သိပညာရှင်တွေနဲ့ အားဖြည့် ဖွဲ့စည်းပြီး ဖြစ်တယ်လို့ ဗိုလ်တထောင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်လဲ့လဲ့ဝင်း က ပြောပါတယ်။

"အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနဲ့လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန လမ်းညွှန်ချက်နဲ့အညီ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ အင်အားတောင့်တင်း ခိုင်မာလာပြီး လုပ်ငန်းယန္တရား အားကောင်းလာစေရန်အတွက် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များကို ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်များ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များ ဒေသအတွင်းရှိ တတ်သိပညာရှင်များနှင့် အောင်မြင်စွာ ပြင်ဆင်အားဖြည့်ဖွဲ့စည်းပြီးလည်း ဖြစ်ပါသည်"

ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ ပြည်သူ့ရေးရာ စီမံခန့်ခွဲရေးကော်မတီရဲ့အစီရင်ခံစာဖတ်ကြားချိန်မှာ ဒေါ်လဲ့လဲ့ဝင်း အခုလို ထည့်သွင်းပြောသွားခဲ့တာပါ။

ဒီအခမ်းအနားကို တက်ရောက်တဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က အမျိုးသားဒီမိုကရေစီ NLD ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်တွေဟာ ပြည်သူတွေက ပေးအပ်တဲ့တာဝန်ကို အသက်တွေ၊ ဘဝတွေ ရင်းပြီး ရပ်တည်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

"တကယ်တမ်း ပြည်သူ့ရဲ့ အာဏာကို ဘယ်လိုမတရားမှုမျိုးနဲ့မှ ရယူထိန်းသိမ်းတာကို ဘယ်တော့မှ လွယ်လွယ်ကူကူ လက်မြှောက် အရှုံးပေးမှာ မဟုတ်ဘူး။ ပြည်သူတွေက ပေးအပ်တဲ့ တာဝန်တွေကို ကျွန်တော်တို့ရဲ့ ဘဝတွေ အသက်တွေ ရင်းနှီးပြီးတော့ ရပ်တည်ဆောင်ရွက်သွားဖို့ရန်အထိလည်း ဝန်မလေးဘူးဆိုတာကို ဒီကနေ့ တကယ်တမ်း မြန်မာပြည်တွင်းထဲမှာ အသက်တွေဘဝတွေ စည်းစိမ်ဥစ္စာတွေ မှန်သမျှပေးဆပ်ပြီးတော့ အခု အချိန်အထိ ကြံကြံခိုင်ခိုင် ရင်ဆိုင်နေကြတဲ့ ပြည်သူတွေနဲ့ တစ်သားတည်း ရှိနေတယ်ဆိုတာကို ပြသခြင်းဖြစ်တယ်လို့ ကျွန်တော့်အနေနဲ့ ယုံကြည်ပါတယ်"

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ် ဖေဖေါ်ဝါရီ ၂၂ ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၆ ဦးဖမ်းဆီးခံရတယ်လို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်မာဌေးက ပြောခဲ့ပါ တယ်။

ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားပြု ကော်မတီရဲ့ ရှေ့လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီးမှတ်ချက်ရနိုင်ဖို့ ရန်ကုန်တိုင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးဌေးအောင်နဲ့ စစ်ကောင်စီပြောခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဖုန်းနဲ့ဆက်သွယ်ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဒီနေ့ အခမ်းအနားမှာ အုပ်ချုပ်ရေးကဏ္ဍ ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ရန်ကုန်တိုင်းအတွင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)ဖွဲ့စည်းမှုတွေ၊ CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ ဝန်ထမ်းတွေကို ကူညီဆောင်ရွက်ပေးခဲ့တဲ့ အခြေအနေတွေ၊ ကြားကာလ ပညာရေးဆိုင်ရာ ဆောင်ရွက်ချက်တွေ၊ ဒီမိုကရေစီအရေးလှုပ်ရှားမှုကြောင့် အကျဉ်းကျခံနေရသူတွေကို ဥပဒေကြောင်းအရ ကူညီပေးခဲ့တာတွေနဲ့ ကိုဗစ်ကာလ မြို့နယ် ၁၆ မြို့နယ်အတွက် ထောက်ပံ့ငွေပေးအပ်ခဲ့တဲ့ အခြေအနေတွေကို တင်ပြခဲ့ကြပါတယ်။

စစ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီကို စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။




ဆက်ဖတ်ရန် →
 မြစ်ကြီးနားတွင် ပင်စင်ထုတ်သူများထံက တုံကင်တခု ငွေ ၂၀၀၀ မှ ၃၀၀၀ ကျပ်အထိတောင်းနေ

မြစ်ကြီးနားတွင် ပင်စင်ထုတ်သူများထံက တုံကင်တခု ငွေ ၂၀၀၀ မှ ၃၀၀၀ ကျပ်အထိတောင်းနေ

Published By Nay Kyal DVB| 22 February, 2023
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြန်မာ့စီးပွားရေးဘဏ်မှာ ပင်စင်စားတွေကို ဘဏ်ဝန်ထမ်းတွေက ငွေထုတ်ယူတဲ့ တုံကင်နံပါတ်တွေ တရားမဝင် ရောင်းချပြီး ငွေတောင်းခံနေတယ်လို့ ပင်စင်ထုတ်ယူသူတွေက ပြောပါတယ်။

မြန်မာ့စီးပွားရေးဘဏ် ပင်စင်ထုတ်ရက်အတွင်း ပင်စင်ထုတ်ယူဖို့ ဘဏ်ဝန်ထမ်းတွေဆီက တုံကင်တခုကို ၂၀၀၀ ကျပ်မှ ၃၀၀၀ အထိ ပေးဝယ်ယူနေရတယ်လို့ ဆိုပါတယ်။

"ပင်စင်ထုတ်မယ်ဆို တုံကင်နံပါတ်ရဖို့ ကြိုဖုန်းဆက်ရတယ်။ ဘဏ်ရောက်ရင် ဘဏ်ဝန်ထမ်းကောင်လေးဆီက တုံကင်ကို ၁ ကနေ ၁၀၀ အတွင်းကို တခု နှစ်ထောင် နဲ့ ဝယ်ရတယ်။ ရှေ့ဆုံးမြန်မြန်ရချင်ရင် ၃၀၀၀ ပေးဝယ်ရတယ်။ တုံကင်မဝယ်ဘဲ သူတို့ဝေတာကို စောင့်ရင်တော့ နံပါတ် ၆၀၀ လောက်ဖြစ်သွားပြီး အချိန်အကြာကြီးစောင့်ရတယ်" လို့ ပင်စင်လာထုတ်တဲ့ အမျိုးသားတဦးက ပြောပါတယ်။

မြစ်ကြီးနားမြို့နယ်မှာ ပင်စင်ထုတ်သူတွေကို မြန်မာ့စီးပွားရေးဘဏ်က လစဉ်တိုင်းရဲ့ ၂၁ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ ပင်စင်လစာ ထုတ်ပေးတာပါ။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပင်စင်စားပြည်သူတွေအပေါ် တရားမဝင်တုံကင် နံပါတ်ရောင်းချတာနဲ့ ပတ်သက်ပြီး ၂၀၂၂ ခုနှစ်အတွင်းက ဘဏ်မန်နေဂျာဆီ တိုင်ကြားခဲ့ပေမဲ့ အခုအချိန်ထိ အရေးယူမှုမရှိခဲ့ဘူးလို့ ပင်စင်စားတွေက ပြောတယ်။


 

ဆက်ဖတ်ရန် →
 ပေါက်မြို့နယ်၌ ပျူစောထီးစခန်း တိုက်ခိုက်ခံရ၊ ငဖဲအခြေစိုက် ကပစ-၁၄ စက်ရုံ တိုက်ခိုက်ခံရပြီး ယမ်းသန့်စင်စက်ရုံရပ်နား

ပေါက်မြို့နယ်၌ ပျူစောထီးစခန်း တိုက်ခိုက်ခံရ၊ ငဖဲအခြေစိုက် ကပစ-၁၄ စက်ရုံ တိုက်ခိုက်ခံရပြီး ယမ်းသန့်စင်စက်ရုံရပ်နား

Published By DVB | 22 February, 2023
မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ ဖေဖော်ဝါရီ ၂၂ ရက် မနက်ပိုင်းက ပျူစောထီးစခန်းတခုကို စီနင်းတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၂ ယောက်သေဆုံးပြီး Mi35 တိုက်ခိုက်ရေး ရဟတ်ယာဥ်တစီးနဲ့ လေကြောင်းပစ်ကူပေးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

ပေါက်မြို့နယ် ကုက္ကိုစုကျေးရွာက အင်အား ၃၅ ယောက်လောက် အထိုင်ချ တပ်စွဲထားတဲ့ ပျူစောထီးစခန်းတခုကို ဒီမနက် ၅ နာရီလောက်မှာ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၂ ယောက် သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ M7 People Defense Army ရဲ့ ဒုတပ်ရင်းမှူး ဗိုလ်မြတ်က ဒီဗွီဘီကို ပြောပါတယ်။

ပစ်ခတ်တိုက်ခိုက်ချိန် ၂ နာရီကျော်လောက်အကြာမှာ စစ်ကောင်စီဘက်က Mi35 တိုက်ခိုက်ရေးရဟတ်ယာဥ်တစီး တက်လာပြီး မနက် ၈ နာရီကျော်လောက်မှာ ရွာပေါ်ကနေဝဲပြီး ဘေးပတ်ဝန်းကျင်တွေကို ပတ်ပစ်ခဲ့တယ်လို့ ဆိုပါတယ်။

ပေါက်မြို့နယ်မြောက်ပိုင်း ကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့ရဲ့ ခေါင်းဆောင် ရဲဘော်ဘခက်ကတော့ ကုက္ကိုစုကျေးရွာကို မနေ့က ဖေဖော်ဝါရီ ၂၁ ရက် ညပိုင်းမှာ ချဉ်းကပ်ခဲ့ပြီး ဒီနေ့မနက် ၅ နာရီလောက်မှာ စတင်တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။

“ကျနော်တို့ ပူးပေါင်းတပ်ဖွဲ့တွေ ရွာထဲကိုဝင်ရောက်ပြီး စခန်းသိမ်းခါနီးကျမှ ဒီနေ့မနက် ၈ နာရီကျော်လောက်မှာ သူတို့ဘက်က Mi35 တိုက်ခိုက်ရေးရဟတ်ယာဥ်တစီးနဲ့ လေကြောင်းပစ်ကူ ပေးတာကြောင့် ကျနော်တို့ဘက်က ရဲဘော်တွေ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်။”

နှစ်ဖက်တိုက်ပွဲအတွင်းမှာတော့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ များပြားနိုင်လို့ လေကြောင်းပစ်ကူခေါ်တာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

မကွေးတိုင်း၊ ငဖဲမြို့နယ်မှာတော့  စစ်ကောင်စီရဲ့ ကပစ-၁၄ စက်ရုံ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရလို့ ယမ်းသန့်စင်စက်ရုံ ရပ်နားထားရတယ်လို့ လူထုတော်လှန်ရေး မဟာမိတ်အင်အားစု-PRA(မကွေး) ကနေ သိရပါတယ်။

“ငဖဲမြို့နယ်အခြေစိုက် အမှတ် ၁၄ ကာကွယ်ရေးပစ္စည်းစက်ရုံအတွင်းက ယမ်းချက်စက်ရုံကို ဖေဖော်ဝါရီ ၉ ရက် မနက် ၁၂ နာရီ မိနစ် ၄၀ လောက်မှာ ဟောလုံစစ်ကြောင်းနဲ့ မောလုံစစ်ကြောင်းတို့ ပူးပေါင်းပြီး ၁၀၇ မမ ၂ လုံး၊ RPG ၁ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ” လို့ PRA-မကွေးရဲ့ စစ်ဦးစီးချုပ် ဗိုလ်ဟာဂျူလီက ဒီဗွီဘီကို ပြောပါတယ်။

“နောက်ဆက်တွဲ လေ့လာစုံစမ်းချက်တွေအရ သူတို့ရဲ့ ယမ်းချက်လုပ်တဲ့ လုပ်ငန်းစဥ်တွေ အားလုံး ရပ်ဆိုင်းသွားပြီ။ သူတို့စက်ရုံတွေက တခုနဲ့တခု ချိတ်ဆက်ထားတာဖြစ်လို့ ဒီစက်ရုံတခု မရှိတာနဲ့ ကျန်တဲ့စက်ရုံတွေကပါ အလုပ်ဆက်လုပ်လို့မရတဲ့ အနေအထား ဖြစ်သွားတယ်။ ကျနော်တို့က အဲဒီစက်ရုံဟာ အနည်းဆုံး ၆ လလောက် ရပ်နားထားရမယ်လို့ ခန့်မှန်းထားပေမဲ့ ပညာရှင်တွေ ခန့်မှန်းတာကတော့ ပြန်လုပ်ဖို့တောင် မလွယ်ကူဘူးလို့ သုံးသပ်တယ်” လို့ ဗိုလ်ဟာဂျူလီက ပြောပါတယ်။

အဓိကတော့ ပစ္စည်းတွေတင်သွင်းရတဲ့ဟာတွေက ရုရှားထုတ်တွေဖြစ်တဲ့အတွက် တော်တော်ကို ခက်ခက်ခဲခဲ ပြန်လုပ်ရမယ့် အနေအထားရှိပြီး ကုန်ကျစရိတ်က ၁၉၉၆ ခုနှစ်က တည်ဆောက်တာတောင် သိန်း ၂,၄၀၀ ကုန်ရင် အခုနှစ် ကုန်ကျစရိတ်ဆိုရင် သိန်းပေါင်း သောင်းချီ ကုန်ကျနိုင်တယ်လို့ ဆိုပါတယ်။

အဲဒါကြောင့်မို့ တော်လှန်ရေးအင်အားစုတွေကို နှိမ်နင်းမယ့် လက်နက်ခဲယမ်းထုတ်လုပ်တဲ့ ယန္တရား တစိတ်တပိုင်းကိုတော့ ဖျက်ဆီးပြီး နှောင့်နှေးအောင် လုပ်လိုက်နိုင်တယ်လို့ ပြောပါတယ်။

ငဖဲမြို့နယ်မှာ ဇန်နဝါရီ ၁ ရက် မနက်ကလည်း စစ်ကောင်စီကားတစီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား အများအပြား ဒဏ်ရာရရှိခဲ့ရတယ်လို့ လူထုတော်လှန်ရေး မဟာမိတ်အင်အားစု PRA(မကွေး) ကနေ သိရပါတယ်။


ဆက်ဖတ်ရန် →
ဝီရသူ သာယာဝတီမြို့ကိုလာရောက်၊ လူငယ်များ စစ်ပညာသင်ရန် ဟောပြော

ဝီရသူ သာယာဝတီမြို့ကိုလာရောက်၊ လူငယ်များ စစ်ပညာသင်ရန် ဟောပြော

Published By DVB | 22 February, 2023
ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်မှာ မဘသဘုန်းကြီး ဦးဝီရသူက လူငယ်တွေ စစ်ပညာသင်ယူကြဖို့နဲ့ ပြည်သူ့စစ်အဖွဲ့တွေ ဖွဲ့ကြဖို့ လာရောက်ဟောပြော စည်းရုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဦးဝီရသူက စစ်ကားတွေနဲ့ ခြံရံရောက်လာကာ ဖေဖော်ဝါရီ ၁၉ ရက်က ဖားရွှေကျော်ရွာမှာ တရားဟောခဲ့သလို သာယာဝတီမှာတော့ နွယ်ခွေရပ်ကွက်၊ ဗားဂရာဘုန်းကြီးကျောင်း ထီးတင်ပွဲမှာ ဟောပြောသွားတာ ဖြစ်ပါတယ်။

သာယာဝတီမြို့ နွယ်ခွေရပ်ကွက်နေ ဒေသခံက “အဓိကဟောတာကတော့ လူငယ်တွေ ကိုယ့်ဒေသကို ကိုယ်ကာကွယ်ဖို့ သေနတ်ကိုင်ရမယ်၊ စစ်ပညာတွေသင်ရမယ်၊ ပြည်သူ့စစ်ဖွဲ့ရမယ် ဆိုတာတွေကို အဓိကဇောင်းပေး ဟောပြောသွားတာပဲ” လို့ ပြောပါတယ်။

သာယာဝတီမြို့နေသူတယောက်ကလည်း “သူ့ကို ဒေသတွင်းက (မဘသ) အဖွဲ့တွေ၊ (မဘသ) ဘုန်းကြီးတွေက သွားပင့်ကြတာ။ ကျောင်းထီးတင်ပွဲအတွက် သူနဲ့အတူ အဆိုတော် ဖြိုးမြတ်အောင်နဲ့ ခင်မိုးပန်းချီတို့ပါ ပါလာတယ်၊ စိန်ဟင်္သာဆိုင်းနဲ့၊ နောက်ရက်ကျတော့ သာယာဝတီထောင်ကိုလည်း သွားတယ်။ ထောင်က အကျဉ်းသား ၂,၀၀၀ ကျော်အတွက် ညနေစာ တနပ်စာ သိန်း ၃၀၊ ထောင်စာကြည့်တိုက်အတွက် တသိန်း၊ ထောင်ဝန်ထမ်းတွေကို မုန့်ဖိုး ၅,၀၀၀ ဆီ ပေးသွားတယ်။ ထောင်ထဲမှာ တရားဟောမဟောတော့ မသိဘူး” လို့ ပြောပါတယ်။

ဦးဝီရသူဟာ သာယာ၀တီမြို့မှာ ဖေဖော်ဝါရီ ၁၉ ရက်ကနေ ၂၁ ရက်အထိ  ၃ ရက်ကြာနေခဲ့ပြီး ဆရာစံ လယ်သမားတော်လှန်ရေး စတင်ခဲ့တဲ့ ဖားရွှေကျော်ရွာ၊ သာယာဝတီထောင်နဲ့ ဆရာစံပန်းခြံတွေကို သွားရောက်ခဲ့ပါတယ်။

၂၀၂၂ ခု အောက်တိုဘာလကလည်း နတ်တလင်းမြို့နယ်၊ တာပွန်မြို့က ဘုရားထီးတင်ပွဲကို ဒေသခံ မဘသအဖွဲ့တွေရဲ့ ဖိတ်ကြားချက်အရ ဦးဝီရသူဟာ စစ်ကောင်စီယာဉ်တန်းနဲ့ လိုက်လာခဲ့ပြီး ၉၆၉ တရား ဟောပြောခဲ့တဲ့ ရုပ်သံဖိုင်တွေ ထွက်ရှိခဲ့ပါတယ်။


 

ဆက်ဖတ်ရန် →
 အွန်လိုင်းဘွတ်ကင်စနစ်သစ်ဖြင့် နိုင်ငံကူးလက်မှတ် လျှောက်ထားနိုင်မည်ဟု စစ်ကောင်စီ ကြေညာ

အွန်လိုင်းဘွတ်ကင်စနစ်သစ်ဖြင့် နိုင်ငံကူးလက်မှတ် လျှောက်ထားနိုင်မည်ဟု စစ်ကောင်စီ ကြေညာ

Published By Nay Kyal | 22 February, 2023 DVB
လာမယ့် ဖေဖော်ဝါရီ ၂၄ ရက်ကစတင်ပြီး နိုင်ငံကူးလက်မှတ်တွေကို Online Booking စနစ်သစ်နဲ့ လျှောက်ထားနိုင်မယ်လို့ စစ်ကောင်စီက ကြေညာလိုက်ပါတယ်။

နိုင်ငံကူးလက်မှတ်တွေကို www.passport.gov.mm ဝက်ဘ်ဆိုက်ကနေ Online Booking စနစ်သစ်နဲ့ ကိုယ်တိုင်လျှောက်ထားနိုင်မယ်လို့ ကြေညာထားပြီး အခုလောလောဆယ်မှာတော့ အဲဒီဝက်ဘ်ဆိုက်ကို ဝင်လို့မရသေးပါဘူး။

Online Booking စနစ်ကို မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး (ရန်ကုန်) မှာပဲ ကျင့်သုံးမှာဖြစ်ပြီး ပြည်နယ်/တိုင်းဒေသကြီးတွေမှာရှိတဲ့ ရုံးခွဲတွေမှာတော့ အရင်ကလျှောက်ရတဲ့ လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်ပေးသွားမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

Online Booking ရယူရာမှာလည်း အချိန်အကန့်အသတ်မရှိ အလွယ်တကူ လျှောက်ထားနိုင်မှာဖြစ်ပြီး ကုန်ကျစရိတ်ကို သတ်မှတ်နှုန်းထားအတိုင်း တပါတည်း ပေးချေရမယ်လို့လည်း ပါရှိပါတယ်။

ဒါ့အပြင် Online Booking လျှောက်ထားဖို့ အခက်အခဲရှိသူတွေအနေနဲ့ သက်ဆိုင်ရာ မြို့မရဲစခန်းတွေမှာ အကူအညီတောင်းခံပြီး လျှောက်ထားနိုင်မှာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လျှောက်ထားရာမှာ ဘယ်သူမဆို လွယ်လွယ်ကူကူ လျှောက်ထားနိုင်ဖို့ စီစဉ်ထားတာဖြစ်လို့ ကြားခံပွဲစားတွေနဲ့ အခကြေးငွေပေးဆောင် မလျှောက်ကြဖို့လည်း အသိပေးထားပါတယ်။

စစ်ကောင်စီက တနိုင်ငံလုံးက နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) ရုံးတွေကို ဇန်နဝါရီ ၂ ရက်ကစပြီး အကန့်အသတ်မရှိ ပိတ်ထားလိုက်တဲ့အတွက် အလုပ်အကိုင်ရှားပါးမှုကြောင့် ပြည်ပထွက်ခွာ အလုပ်ရှာဖွေကြသူတွေ၊ ပညာရေး၊ ကျန်းမာရေးအတွက် ပြည်ပထွက်ခွာလိုသူတွေ အခက်တွေ့နေပါတယ်။

အဲဒီလိုပိတ်လိုက်ပြီးတဲ့နောက်ပိုင်း MOU နဲ့ ပြည်ပထွက်ခွာ အလုပ်လုပ်မယ့်သူတွေ၊ ဗုဒ္ဓဂါယာ ဘုရားဖူးသွားမယ့်သူတွေကိုပဲ နိုင်ငံကူးလက်မှတ် ထုတ်ပေးတော့တာကြောင့် ပြည်ပထွက်လို၊ နိုင်ငံကူးလက်မှတ်ရလိုတဲ့ ပြည်သူတွေဟာ မိမိသွားလိုတဲ့နိုင်ငံကို မသွားရခင် ငွေကုန်ကြေးကျခံပြီး ဗုဒ္ဓဂါယာကို ဘုရားဖူး အရင်သွားနေကြရပါတယ်။

နိုင်ငံကူးလက်မှတ်ရဖို့ ဘုရားဖူးထွက်ရတော့မယ့် ပြည်သူတယောက်က “ကျမဆိုရင် ပတ်စ်ပို့ရဖို့ ဗုဒ္ဓဂါယာဘုရားဖူးခရီးစဉ်တောင် ဝယ်ပြီးပြီ။ နောက်လထဲ သွားရတော့မှာ။ အခုပြန်ဖွင့်မယ်ဆိုတော့ ပိုက်ဆံအပိုကုန်သွားမှာပေါ့” လို့ ပြောပါတယ်။

စစ်ကောင်စီဟာ နိုင်ငံကူးလက်မှတ်ထုတ်ပေးတာကို ဘာရည်ရွယ်ချက်နဲ့ ရပ်လိုက်လည်း မသိရပေမဲ့ ပြည်သူတွေ အပြင်ထွက်ပြီး အလုပ်လုပ်လို့ရတဲ့ငွေနဲ့ တော်လှန်ရေးကို ထောက်ပံ့နေတာကို ဒုက္ခပေးလိုတာကြောင့်လို့ ထင်ကြေးပေးကြတာတွေလည်း ရှိပါတယ်။

နိုင်ငံကူးလက်မှတ် ထုတ်ပေးတာတွေ ရပ်လိုက်တဲ့အပြင် ပြည်ပနိုင်ငံက မြန်မာနိုင်ငံ သံရုံးတွေမှာ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးတာတွေကိုလည်း ရပ်ခဲ့ပါတယ်။ 


ဆက်ဖတ်ရန် →
အာဆီယံဘုံသဘောထားထောက်ခံမှု တရုတ်ကို အင်ဒိုကျေးဇူးစကားဆို

အာဆီယံဘုံသဘောထားထောက်ခံမှု တရုတ်ကို အင်ဒိုကျေးဇူးစကားဆို

ဖေဖော်ဝါရီ ၂၂၊ ၂၀၂၃ (ဗွီအိုအေ၊မြန်မာ)

မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို ထောက်ခံတဲ့အတွက် တရုတ်နိုင်ငံကို ကျေးဇူးတယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi ကပြောပါတယ်။ အင်ဒိုနီးရှားနိုင်ငံကိုရောက်ရှိနေတဲ့ တရုတ်နိုင်ငံရေးခြားရေးဝန်ကြီး Qin Gang နဲ့ တွေ့ဆုံအပြီးမှာ၊ အင်ဒို နိုင်ငံခြားရေးဝန်ကြီး Retno က အခုလို ပြောတာပါ။ ဘုံသဘောတူညီချက်၅ရပ်ကို တရုတ်က ထောက်ခံတဲ့အတွက် အင်ဒိုနီးရှားနိုင်ငံအနေနဲ့ ကျေးဇူးတင်ကြောင်းပြောဆိုပြီး၊ ဒါဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းကို ကူညီဖြေရှင်းဖို့ အာဆီယံရဲ့ အဓိက ရပ်တည်ချက်ဖြစ်ပါတယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့ပါတယ်။

အင်ဒိုနီးရှားဟာ အာဆီယံအလှည့်ကျဥက္ကဌအဖြစ် မြန်မာနိုင်ငံရဲ့ အဓိကကျတဲ့ အစုအဖွဲ့အားလုံးနဲ့ ထိစပ်ဆက်ဆံသွားမယ်လို့လည်း အင်ဒို နိုင်ငံခြား​ရေးဝန်ကြီးက ပြောသွားပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်ကအာဏာသိမ်းပြီးနောက် ကြုံလာရတဲ့ နိုင်ငံရေးအကျပ်အတည်းကို ကူညီဖြေရှင်းဖို့ အာဆီယံက အချက်၅ ချက်ပါ ဘုံသဘောထားကို ချမှတ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီသဘောတူညီချက်ကို မြန်မာစစ်ကောင်စီဖက်က လိုက်နာဆောင်ရွက်ဖို့ ပျက်ကွက်နေတာကြောင့် အာဆီယံအသင်းကြီးက အတော်စိတ်ပျက်လာတဲ့ပုံရှိပါတယ်။ ဒီ ၅ ချက်ဟာ အကြမ်းဖက်မှုတွေကိုချက်ခြင်းရပ်တန့်ပြီး တွေ့ဆုံဆွေးနွေးကြဖို့ အဓိက တိုက်တွန်းထားတာပါ။

ဒါပေမယ့် မြန်မာနိုင်ငံတွင်း စစ်ရေးပဋိပက္ခတွေ အရှိန်မြင့်လာသလို၊ မြန်မာစစ်ကောင်စီကလည်း အတိုက်အခံနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအပေါ် စစ်ဆင်ရေးတွေ တိုးမြှင့်လာပါတယ်။ စစ်အုပ်ချုပ်ရေးသက်တမ်းကို တိုးမြှင့်လိုက်သလို၊ အခုနှစ်ကျင်းပမယ့် ရွေးကောက်ပွဲဟာလည်း မရေမရာအခြေအနေမှာရှိလာပါတယ်။ တဖက်မှာတော့ မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက်အကောင်အထည်ပေါ်လာဖို့ အမေရိကန်ပြည်ထောင်စုအပါအဝင် အနောက်နိုင်ငံတွေရော၊ တရုတ်အပါအဝင် အိမ်နီးချင်းနိုင်ငံအများစုကပါ ထောက်ခံထားကြပါတယ်။

ပြီးခဲ့တဲ့ မြန်မာ့အရေးကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်အမှတ် ၂၆၆၉ မှာလည်း အာဆီယံ ဘုံသဘောတူညီချက် လက်တွေ့အကောင်အထည်ဖော်ဖို့ တိုက်တွန်းထားတာပါ။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဟာ အင်ဒိုနီးရှားနိုင်ငံကို ဖေဖော်ဝါရီ ၂၁ရက်နေ့ကနေ ၂၃ ရက်နေ့အထိရောက်ရှိနေတာဖြစ်ပြီး၊ ဒေသတွင်းအငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ပြင်ဒေသ စည်းမျဉ်းစည်းကမ်း အပြီးသတ်ချမှတ်နိုင်ရေးဆွေးနွေးဖို့ဖြစ်တယ်လို့သိရပါတယ်။ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦး ဘာတွေ အသေးစိတ်ဆွေးနွေးလဲဆိုတာတော့ အတိအကျမသိရပါဘူး။


 

ဆက်ဖတ်ရန် →
ဒေါက်တာခလမ်ဆမ်ဆွန် စွဲချက်အမှုများကြားနာစစ်ဆေး

ဒေါက်တာခလမ်ဆမ်ဆွန် စွဲချက်အမှုများကြားနာစစ်ဆေး

ဖေဖော်ဝါရီ ၂၂၊ ၂၀၂၃ (ဗွီအိုအေ၊မြန်မာ)

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလဆန်းပိုင်းက စစ်ကောင်စီက ဖမ်းဆီးထိမ်းသိမ်းထားတဲ့ ကချင်နှစ်ခြင်းအသင်းတော်(KBC) 
ဥက္ကဋ္ဌဟောင်း သိက္ခာတော်ရ ဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်ကို အကြမ်းဖက်မှုဥပဒေအမှုစွဲဆိုထားတဲ့အမှု
အတွက် မနေ့က ရုံးထုတ်စစ်ဆေးပါတယ်။ ကနဦးစစ်ဆေးနေတဲ့ ပုဒ်မ ၁၇/၁နဲ့ ပုဒ်မ ၅၀၅-က ပုဒ်မနှစ်ခုအတွက် 
လာမယ့် ရုံးချိန်းမှာ စွဲချက်တင်မတင်ဆုံးဖြတ်ဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။ ရန်ကုန်ကပေးပို့ထားတဲ့သတင်းကို
 ကိုဇော်ဝင်းလှိုင်က ပြောပြမှာပါ။

မနှစ် ဒီဇင်ဘာ ၅ ရက် မနက် ၉ နာရီခန့်က ထိုင်းနိုင်ငံကို ဆေးသွားကုဖို့ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ
 ဒေါက်တာခလမ်ဆမ်ဆွမ်ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက စစ်ဆေး မေးမြန်း စရာရှိလို့ဆိုပြီး ဖမ်းဆီးခဲ့တာပါ။ 
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ရက် မှာတော့ ဗိုလ်မှူးသူအောင်ဇော် ဆိုသူ က မြစ်ကြီးနားရဲစခန်းမှာ မတရားအသင်း ဆက်သွယ်
မှုဥပဒေပုဒ်မ ၁၇/၁၊ တပ်မတော်ကိုအကြည်ညို ပျက်အောင် သွေးထိုး လှုံ ဆော်မှု ၅၀၅-ကတို့နဲ့ အမှုဖွင့်ခဲ့ပြီး တရား
ရင်ဆိုင်နေရတာပါ။ ထပ်တိုးလိုက်တဲ့ အကြမ်းဖက်မှု ဥပဒေ ပုဒ်မ ၅၂(က)စွဲချက်ကိုတော့ မနေ့က ပထမဆုံးအကြိမ်ရုံး
ထုတ်စစ်ဆေးတယ်လို့ ရှေ့နေဖြစ်သူက ပြောပါတယ်။

"ဗိုလ်မှုးသူအောင်ဇော် သူဘဲတရားလိုပြန်လုပ်တာ။ အတူတူဘဲ တရားလိုကတော့ ဟိုပုဒ်မတွေနဲ့အတူတူဘဲ။ 
ဗိုလ်မှုးသူအောင်ဇော်ကတရားလိုလုပ်တယ်။ သူ့ကိုစစ်တယ်။ နောက်တခြား သက်သေ ၂ ယောက်စစ်တယ်။ မနေ့က 
၃ယောက်ကိုစစစ်ပါတယ်။"

ကနဦး စွဲဆိုထားတဲ့ ပုဒ်မ ၁၇/၁ နဲ့ ပုဒ်မ ၅၀၅-က ပုဒ်မနှစ်ခုအတွက်လဲ မနေ့ကစစ်ဆေးကြားနာမှုတွေ လုပ်ပြီး၊ အမှု
 ၂ မှုစလုံးကိုစွဲချက်တင်သင့်မသင့် နှစ်ဖက်လျှောက်လဲချက်ပေးခဲ့တယ်လို့သိရပါတယ်။ လာမယ့် ရုံးချိန်းမှာတော့ အဲဒီ
နှစ်မှုကို စွဲချက်တင်မှု လက်ခံ မခံဆိုတာ တရားရုံးက အမိန့်ချမယ်လို့ ရှေ့နေက ပြောပါတယ်။

"ကျမတို့ဘက်ကတော့ စွဲချက်မတင်သင့်ကြောင်းလျှောက်လဲချက်ပေးတယ်။ ရုံးချိန်းကတော့ အတူတူဘဲ အားလုံး 
၂၈ရက်နေ့ပါ။ အဲဒီမှာကျတော့အမိန့်ချမှတ်လိမ့်မယ်။ စွဲချက်တင်လားမတင်လားပေါ့။ စွဲချက်တင်မတင်ဆိုတာက 
တရားသူကြီးကတော့ဆုံးဖြတ်မှာပါ"

ကျန်းမာရေးမကောင်းတာကြောင့်ဆေးစစ်ဖို့သွားချိန်မှာ အခုလိုဖမ်းဆီးခံခဲ့ရတဲ့ ဒေါက်တာခလမ်ဆမ်ဆွန်ရဲ့ ကျန်းမာ
ရေးအခြေအနေနဲ့ပတ်သတ်လို့ မိသားစုဘက်က စိတ်ပူနေပါတယ်။ လက်ရှိအချိန်ထိ မိသားစုနဲ့ တွေ့ခွင့်မရသေးဘူး
လို့ မိသားစုဝင်တဦးက ဗွီအိုအေကို ပြောပါတယ်။

ကချင်လူထုအကြား ဩဇာတိက္ကမကြီးမားတဲ့ ဒေါက်တာခလမ်ဆွမ်ဆွန်ကို မြစ်ကြီးနားထောင်မှာ ချုပ်နှောင်ထားတာ
ပါ။ ဒေါက်တာခလမ်ဆမ်ဆွန်ဟာ KIA ဌာနချုပ်ရှိရာ လိုင်ဇာသို့သွားရောက်ပြီး၊ KIA ထိပ်သီး ခေါင်းဆောင်တွေနဲ့ တွေ့
ဆုံခဲ့တာကြောင့် ဖမ်းဆီးအရေးယူခံရတာလို့ နီးစပ်သူတွေက ပြောပါတယ်။ ဒါနဲ့ပတ်သတ်လို့တော့ စစ်ကောင်စီဘက်
ကိုမေးမြန်းပေမယ့် ပြန်လည်ဖြေဆိုတာတော့ မရှိပါဘူး။

KBC ဘက်ကတော့ ဆရာတော်လွတ်မြောက်ရေးအတွက် ကော်မတီတစ်ရပ်ဖွဲ့ပြီးနောက်၊ ဆရာတော်နဲ့ တွေ့ခွင့်ရရေး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဘက်ကို စာပို့ထားပေမယ့် ခုချိန်ထိ အကြောင်းပြန်တာမရှိခဲ့ဘူးလို့ KBCတာဝန်ရှိသူတဦး
က ပြောပါတယ်။

သိက္ခာတော်ရဆရာ ဒေါက်တာ ခလမ်ဆမ်ဆွမ် ဟာ KBC ရဲ့ အထွေထွေအတွင်းရေးမှုးချုပ်နဲ့ ဥက္ကဋ္ဌ တာဝန်တွေကို 
ယူခဲ့သူဖြစ်ပြီး၊ ပြီးခဲ့တဲ့ အောက်တိုဘာလက ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် " KBC ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် 
" အဖြစ် ခန့်အပ်ခံရပါတယ်။

လူနည်းစုတိုင်းရင်းသားတွေအပေါ် မြန်မာစစ်တပ်က ဘာသာရေး လွတ်လပ်ခွင့် ဖိနှိပ်မှုနဲ့ ပတ်သက်ပြီး ၂၀၁၉ ခုနှစ်
က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို အမေရိကန်ပြည်ထောင်စုအိမ်ဖြူတော်မှာ ကိုယ်တိုင်သွားရောက် တင်ပြ
ခဲ့သူလည်းဖြစ်ပါတယ်။ အဲဒါအတွက်လည်း အဲဒီအချိန်တုန်းက သူ့ကို မြန်မာစစ်တပ်က တရားစွဲဆိုခဲ့ဖူးပြီး၊နောက်ပိုင်း
 အမှု ရုတ်သိမ်းပေးခဲ့ပါတယ်။

ဒေါက်တာခလမ်ဆွမ်ဆွန်ကို ပြန်လွှတ်ပေးဖို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ တောင်းဆိုတဲ့ အကြောင်း၊ အမေရိကန်
နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Ned Price ကလည်း တွစ်တာလူမှုကွန်ယက်မှာ ရေးသားခဲ့ပါတယ်။

 


ဆက်ဖတ်ရန် →
စစ်ကိုင်းနဲ့ မကွေးတိုင်းတွေမှာ တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီ လေကြောင်းသုံး တိုက်ခိုက်

စစ်ကိုင်းနဲ့ မကွေးတိုင်းတွေမှာ တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီ လေကြောင်းသုံး တိုက်ခိုက်

VOA
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကုက္ကိုစုကျေးရွာမှာ စစ်ကောင်စီထောက်ခံတဲ့ ပျူစောထီးတွေနဲ့ ဒေသခံကာကွယ်ရေး 
တပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်က လေကြောင်းကနေ ပစ်ခတ်တာတွေ လုပ်ခဲ့ပါတယ်။ စစ်ကိုင်းတိုင်း 
ခင်ဦးမြို့နယ် အင်ပတ်ကွေ့မှာလည်း လက်နက်ကြီးထိမှန်လို့ အရပ်သား ထိခိုက်ဒဏ်ရာ ရတာတွေရှိခဲ့ပါတယ်။ 
မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတွင်း တိုက်ပွဲအခြေအနေတချို့ သတင်းပေးပို့တာကို မမြသဇင်အောင်က တင်ပြပေး
ပါမယ်။

မကွေးတိုင်း ပေါက်မြို့နယ်ထဲက ကုက္ကိုစုကျေးရွာမှာ ဖေဖော်ဝါရီ ၂၂ ရက် မနက် ၄ နာရီခန့်ကဒေသခံကာကွယ်ရေး
တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီထောက်ခံတဲ့ ပျူစောထီးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ တိုက်ပွဲဟာ မနက် ၇ နာရီခွဲ
အထိ ၃ နာရီကျော် ကြာမြင့်ခဲ့ပြီး မနက် ၈ နာရီလောက်မှာ စစ်တပ်က ရဟတ်ယာဉ် ၂ စီးနဲ့ လာရောက်ပစ်ခတ်ခဲ့တယ်
လို့ ဒေသခံတဦးက ပြောပါတယ်။

“မနက် ၄ နာရီမထိုးခင်က စဖြစ်တာ ပျူရွာကိုဝင်သိမ်းတာ မနက်ကျ လေယောဉ်တွေနဲ့လာပစ်တာ။ မနက်က 
၈ ခွဲလောက်မှာ လေယာဉ်က လာပစ်သွားတယ်။ အဲ့သူတို့ရဲ့ ကုက္ကိုစုနဲ့ပတ်ဝန်းကျင်အနားတွေပေါ့။ သူတို့ကုက္ကိုစုကို 
ဒီဘက် PDF တွေက ပျူရွာကို ဝင်သိမ်းချင်တာ လေယာဉ်နဲ့ပစ်ခတ်ချိန်က နာရီဝက်လောက်တော့ ကြာမယ်။ 
လေယာဉ်က တော်တော်ကို ပစ်သွားတာ။ ကျွန်တော်တို့ဆီက ဒီအတိုင်းကို ကြားနေရတာ ဗောင်းဗောင်းနဲ့။”

ကုက္ကိုစုရွာဟာ စစ်တပ်ကို အားပေးထောက်ခံတဲ့ ပျူစောထီးကျေးရွာဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
 ဒါကြောင့် ကာကွယ်ရေး အဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်တာလို့ ယူဆနေကြပါတယ်။ တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် 
ညနေပိုင်းမှာ ကုက္ကိုစု ကျေးရွာအနီးက ရေပြာကျေးရွာမှာ စစ်တပ်က အင်အား ဖြည့်တင်းနေပြီး နယ်မြေရှင်းလင်းဖို့
 လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ရေပြာကိုရောက်နေပြီ ရေပြာဆိုတာ ပေါက်မြို့နယ်ရဲ့ ရဲစခန်းရှိတဲ့ရွာပေါ့ ကား ၂ စီးနဲ့ စစ်သားပေါင်း အယောက်ဦးရေ
 ၇၀ လောက် ခန့်မှန်းပေါ့ ရေပြာကိုရောက်နေပြီ စစ်သားပေါင်း ၇၀ ပေါ့။”

တိုက်ပွဲကြောင့် အနီးအနားက ကျေးရွာက ဒေသခံတွေက ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်တပ်က နယ်မြေရှင်းလင်း
ရေးလုပ်လာမှာကို စိုးရိမ်နေပါတယ်။ ဒါက မကွေးတိုင်းက အခြေအနေပါ။ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်မှာဆိုရင်လည်း
 ဖေဖော်ဝါရီ ၂၁ ရက် ညပိုင်းက အင်းပတ်ကျေးရွာထဲကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် အရပ်သား 
 ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ပစ်ခတ်ခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။

“ညက ၈ နာရီကျော်လောက်က အင်းပတ်ရွာထဲကို လက်နက်ကြီးနဲ့ထုတာပေါ့လေ။ လက်နက်ငယ်တွေနဲ့လည်း 
ရမ်းပစ်တယ်ပေါ့။ သူက လက်နက်ငယ်မှန်ပြီး အသက် ၃၀ အရွယ် အမျိုးသား တဦး ပေါင်ကိုမှန်တယ်ပေါ့နော်။ 
အသက် ၆၀ လောက်ရှိတဲ့ အမျိုးသမီးကြီးက အိမ်ထဲမှာ ထိုင်နေတာပေါ့နော်။ အိမ်ထဲမှာ ထိုင်နေတာကို အိမ်ထဲကျပြီး
တော့ နောက်ကျောကိုမှန်သွားတယ်ပေါ့နော်။ တိုက်ပွဲလည်းဖြစ်ပွားခြင်းလည်းမရှိဘူး။ ဒါပေမယ့် သူတို့က အင်းပက်
ဘက်ကို ပုံမှန်လိုလို ထုကြတယ်ပေါ့နော်။”

၂၀၂၁ ခုနှစ်တုန်းကလည်း လက်နက်ကြီးတွေ ပစ်ခတ်ပြီး အင်းပက်ရွာထဲကို လက်နက်ကြီးတွေနဲ့ကျရောက် ပေါက်ကွဲခဲ့
လို့ အမျိုးသား ၁ ဦးသေဆုံးခဲ့ပါသေးတယ်။ အင်းပက်ကျေးရွာဟာ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုအတွင်း မီး ၂ ကြိမ်အ
ရှို့ခံခဲ့ရပြီး နေအိမ် ၂၀၀ ကျော်မီးလောင်ဆုံးရှုံးခဲ့တဲ့ ကျေးရွာလည်းဖြစ်ပါတယ်။


ဆက်ဖတ်ရန် →
 Y 12 အမောင်းသင်လေယာဉ် မတော်တဆမှုဖြစ်ပွား

Y 12 အမောင်းသင်လေယာဉ် မတော်တဆမှုဖြစ်ပွား

မိတ္တီလာ လေတပ်စခန်းဌာနချုပ်တွင် လက်နက်နှင့်ရိက္ခာသယ်သည့် Y 12 အမောင်းသင်လေယာဉ် မတော်တဆမှုဖြစ်ပွား
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂
မန္တလေးတိုင်း၊ မိတ္တီလာ လေကြောင်း အတတ်သင်လေတပ်စခန်းဌာနချုပ်တွင် ယနေ့ မွန်းလွဲပိုင်း လက်နက်နှင့် ရိက္ခာများ သယ်ဆောင်ရာတွင် အသုံးပြုသည့် Y 12 အမောင်းသင်လေယာဉ် မတော်တဆမှု ဖြစ်ပွားကြောင်း သိရှိရသည်။ ဖေဖော်
ဝါရီလ ၂၂ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန် Y 12 အမောင်းသင်လေယာဉ်   လေယာဉ်အမှတ် 4508 သည်လေယာဉ်
ပြေးလမ်းတွင်  ရှေ့ဘီး (Nose Wheel) ကျိုး ပြီး မတော်တဆဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ လေယာဉ်သည်   Transport အမောင်းသင်ဖြစ်ပြီး စစ်ဆင်ရေးများတွင်လည်း လက်နက် နှင့်ရိက္ခာ များ သယ်ယူ ပို့ဆောင်ကြောင်း သိရှိရသည်။ လေယာဉ်မတော်တဆမှုကြောင့် လူထိခိုက်မှု တစ်စုံတစ်ရာ မရှိဘဲ လေယာဉ် ထိခိုက်ပျက်စီးမှု အနည်းငယ် ဖြစ်ပေါ် ကြောင်း သိရှိရသည်။
ဓာတ်ပုံ- အကြမ်းဖက် စစ်ကောင်စီ၏  Y 12 အမောင်းသင်လေယာဉ်တစ်စီး။


ဆက်ဖတ်ရန် →
"ဒီ​နေ့ဘာဖြစ်ခဲ့လဲ"

"ဒီ​နေ့ဘာဖြစ်ခဲ့လဲ"

"ဒီနေ့ဘာဖြစ်ခဲ့လဲ"


ဒီနေ့(ဖေဖော်ဝါရီ ၂၂ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့သတင်း​တွေထဲက ထူးခြားတဲ့ သတင်းတွေကိုPeople’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။


▪︎မံစီမှာစစ်ကောင်စီတပ်စစ်ကြောင်းကို KIA ကြားဖြတ်တိုက်ခိုက်


ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ(၃) တပ်ရင်း (၂၇) နယ်မြေအတွင်း စစ်ကြောင်းထိုး လှုပ်ရှားလာတဲ့ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ KIA သတင်းပြန်ကြားရေးက ဖော်ပြပါတယ်။ မံစီမြို့နယ် ဇွပ်ဂျာကျေးရွာအနီး စစ်ရေးလှုပ်ရှားတဲ့ စစ်ကောင်စီတပ်နဲ့ KIA တို့ ဒီနေ့ မနက်ပိုင်းက တိုက်ပွဲဖြစ်ပွါးခဲ့တာပါ။ တိုက်ပွဲမှာ လက်နက်ကြီးများနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပြီး စစ်ကောင်စီတပ်ကသေဆုံးထိခိုက်ရှိမရှိကို ဖော်ပြမထားပါဘူး။ ကချင်သတင်းဌာနအချို့က မံစီမြို့နယ် ဇွပ်ဂျာရွာအနီး တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၁၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဖော်ပြပါတယ်။


▪︎၁၅ မိနစ်ကြာတိုက်ပွဲမှာ စစ်ကောင်စီတပ်ဗိုလ်မှူးအပါအဝင် နှစ်ဦးသေ


ကရင်ပြည်နယ် ဖလူး-ဝေါ်လလမ်းမမှာ စစ်ကောင်စီစစ်ကြောင်းနဲ့ ကော်ဘရာစစ်ကြောင်းတို့ ဒီနေ့ နေ့ခင်းကတိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီစစ်ကြောင်းမှ ဗိုလ်မှူးတစ်ဦးနဲဲ့ အခြားအဆင့် တစ်ဦးတို့ သေဆုံးခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ပါတယ်။ တိုက်ပွဲဖြစ်ပွားချိန်မှာ ၁၅ မိနစ်ခန့်သာ ကြာမြင့်ပြီး စစ်ကောင်စီဘက်မှ နှစ်ဦးသေဆုံးတဲ့အပြင် လေးဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီဘက်မှ ရမ်းသမ်းပစ်ခတ်ခဲ့လို့ ဒုက္ခသည်စခန်းမှာ နေထိုင်ခိုလှုံနေတဲ့ ပြည်သူတစ်ဦး ဦးခေါင်းဒဏ်ရာ ရရှိခဲ့ပြီး ကော်ဘရာရဲဘော်တစ်ဦးလည်း မစိုးရိမ်ရဒဏ်ရာရရှိခဲ့တယ်လို့ အသိပေးပါတယ်။


▪︎ကသာနဲ့ ထီးချိုင့်ကြားမှာ စစ်​ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ


ကသာနဲ့ထီးချိုင့်မြို့ကြားမှာ စစ်ကာင်စီတပ်မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ၁၅ ဦးခန့်​သေပြီးနောက်  စစ်တပ်ကအရပ်သား နှစ်ဦးကို သတ်ဖြတ်ကာ သုံးဦးထက်မနည်းကို ဖမ်းဆီးသွားတယ်လို့ ​ဒေသခံနဲ့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။  အင်အား ၈၀ ခန့်ရှိတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို ကသာနဲ့ထီးချိုင့်မြို့ကြား ကလုံရွာမှာပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့( PDF)များက ဖေဖော်ဝါရီ ၁၉ ရက်က မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ အဲဒီနေ့ကစလို့ စစ်ကောင်စီတပ်ဟာ ကလုံရွာမှာ တပ်စွဲကာ အရပ်သားများကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့တယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။


▪︎အ​ခေါက်​ရွှေကို ပြင်ပ​ပေါက်​ဈေးထက် ကျပ်ကိုး​သောင်း​လျှော့​ရောင်းဖို့ စစ်ကောင်စီဖိအားပေး


အ​ခေါက်​ရွှေတစ်ကျပ်သားလျှင်ပြင်ပ​ဈေးကွက်မှာ ကျပ် ၂၈ သိန်းခွဲ​ကျော်ရှိ​နေ​ပေမယ့် စစ်​ကောင်စီက ကျပ်ကိုး​သောင်း​ကျော်​လျှော့ရောင်းချရမယ်လို့ ဒီနေ့ဖိအား​ပေးသတ်မှတ်လိုက်ပါတယ်။ ဒီနေ့ ပြင်ပပေါက်ဈေးကွက်မှာအခေါက်ရွှေတစ်ကျပ်သား ၂,၈၆၀,၀၀၀ ပေါက်ဈေးရှိ​ပေမယ့် စစ်​ကောင်စီကာ၂,၇၉,၀၀၀ ကျပ်နဲ့ ရောင်းချဖို့သတ်မှတ်ခဲ့တာပါ။ စစ်ကောင်စီသတ်မှတ်လိုက်တဲ့ ဈေးနှုန်းမှာ လက်တွေ့ ဈေးကွက်အတွင်း အမှန်တကယ်သက်ရောက်မှုမရှိနိုင်ဘဲ စစ်​ကောင်စီကို ဆန့်ကျင့်တဲ့ ရွှေလုပ်ငန်းရှင်များနဲ့ ရွှေဆိုင်ပိုင်ရှင်များကို အနိုင်ကျင့်ဖို့အတွက်သာ ဖြစ်နိုင်​တယ်လို့ ရွှေဆိုင်ပိုင်ရှင်တစ်ဦးကပြောပါတယ်။


▪︎မကွေးတိုင်းမြို့နယ်လေးခုမှာ တစ်ရက်တည်း စစ်ကောင်စီတပ်သား အနည်းဆုံး ၁၁ ဦးသေဆုံးဟု NUG ထုတ်ပြန်


မကွေးတိိုင်း မြို့နယ် လေးခုမှာ ဖေဖော်ဝါရီ ၂၀ ရက် တစ်ရက်တည်း ရန်သူ့စစ်တပ်ရဲ့ ရဲစခန်း၊ စစ်ဆေးရေးဂိတ်နဲ့စစ်ကြောင်းများကို  ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရန်သူ့ဘက်မှ အနည်းဆုံး၁၁ ဦးသေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။ဂန့်ဂေါ၊ သရက်၊ မင်းတုန်း၊ မင်းလှမြို့နယ်တို့အတွင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်ဘက်မှ အနည်းဆုံး ၁၁ ဦးသေဆုံး၊ ၁၀ ဦး ပြင်းထန်ဒဏ်ရာရခဲ့ကာ ရဲနဲ့ တပ်စခန်းတချို့လည်း မီးလောင်ပြာကျခဲ့တယ်လို့ သိရပါတယ်။


▪︎မူဆယ်မှာ ရဲတပ်ကြပ်တစ်ဦး အသတ်ခံရ


ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့လယ်မှာ စစ်ကောင်စီ လက်အောက်ခံရဲတပ်ဖွဲ့မှ တပ်ကြပ်တစ်ဦး ဒီနေ့မနက်ပိုင်းက ပစ်ခတ်ရှင်းလင်းခံလိုက်ရပါတယ်။  ဆိုင်ကယ်စီးလာသူနှစ်ဦးက ရဲတပ်ကြပ်ကို မူဆယ်မြို့ ‌မြောက်ရပ်ကွက်လမ်း‌ဘေး တစ်နေရာမှာ သေနတ်နဲ့ အနီးကပ်ပစ်ခတ်ခဲ့တာလို့ မြို့ခံတွေက ပြောပါတယ်။ ပစ်ခတ်ရှင်းလင်းခံရတဲ့ ရဲတပ်ကြပ်မှာ မူဆယ်မြို့မရဲစခန်းမှ ဖြစ်ပြီး ပစ်ခတ်တဲ့အဖွဲ့ကို မသိရသေးပါဘူး။


▪︎မိုးမိတ်မြို့ရှိ စစ်​ကောင်စီတပ်ရင်းများကို လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်


မိုးမိတ်မြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းများကို မိုးကုတ်ဗျူဟာတပ်ရင်းက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ​တိုက်ခိုက်ခဲ့​တဲ့အဖွဲ့က​ ပြောပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့ရှိ စစ်ကောင်စီတပ်ရင်း ၂၂၃၊၂၇၆ နဲ့ ၃၄၈ တပ်ရင်းများကို ဖေဖော်ဝါရီ ၂၀ ရက် မနက်ပိုင်းမှာ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ကျဆုံးဒဏ်ရာရရှိမှုအခြေအနေကိုတော့ မသိရသေးပါဘူး။ စစ်ကောင်စီက အဲဒီနေ့ ညနေပိုင်းအထိလက်နက်ကြီးများနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။ 


▪︎ထိန်းချုပ်နယ်မြေရှိ စက်ယန္တရားများကို ကြားကာလအတွင်း လိုအပ်သလိုအသုံးပြုမယ်လို့ မတူပီ(ပအဖ)နဲ့ CDF ပူးတွဲထုတ်ပြန်


မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ မတူပီ ချင်းကာကွယ်ရေးတပ်(CDF) ထိန်းချုပ်နယ်မြေ အတွင်းရှိစက်ယန္တရားများကို အများပြည်သူမှ တင်မြှောက်တဲ့ အစိုးရတစ်ရပ် မပေါ်ပေါက်မီ ကြားကာလအတွင်း လိုအပ်သလို အသုံးပြုသွားမယ်လို့ ဒီနေ့ ပူးတွဲထုတ်ပြန်ပါတယ်။ စစ်ကောင်စီက အာဏာသိမ်းယူပြီးနောက် စစ်ကောင်စီယန္တရား လည်ပတ်နိုင်ဖို့ အထောက်အကူပြုစေတဲ့ တင်ဒါလုပ်ငန်းများကို မပြုလုပ်ဖို့ သဘောထားထုတ်ပြန်ထားတာကြောင့် အများပြည်သူ ဆက်သွယ်ရေး၊ လမ်း၊ တံတားများ ပျက်စီးမှု ရှိခဲ့ပါတယ်။ ပျက်စီးသွားတဲ့ အများပြည်သူ အသုံးပြုတဲ့ ဆက်သွယ်ရေးလမ်း၊ တံတားများ ပြန်လည် ပြုပြင်ထိန်းသိမ်းဖို့ မတူပီ CDFနဲ့ ပအဖ တို့ကစက်ယန္တရားများကို လိုအပ်သလို အသုံးပြုမယ်လို့ ထုတ်ပြန်ခဲ့တာပါ။


▪︎ညောင်လေးပင်မြို့နယ်တိုက်ပွဲစစ်ကောင်စီတပ် ၁၀ ခန့်သေပြီး PDF ရဲဘော်တစ်ဦးကျ


ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ဖွဲ့များကြား နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့ မနက်ပိုင်းက ညောင်လေးပင်မြို့နယ် ပုဇွန်မြောင်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ပဲခူးခရိုင် PDF တပ်ရင်း ၃၇၀၂၊ တပ်ခွဲ ၄၊တပ်စု ၃ မှ တော်လှန်ရေးရဲဘော်များက သွားရောက်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ အဲဒီတိုက်ပွဲမှာ PDFဘက်ကရဲဘော်တစ်ဦးကျဆုံးခဲ့ပြီး စစ်ကောင်စီဘက်က ၁၀ ဦးခန့် သေဆုံးတယ်လို့ ဒေသခံက ပြောပါတယ်။ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စစ်ရေးသတင်းထုတ်ပြန်ချက်မှာလည်း နှစ်ဖက်တိုက်ပွဲအတွင်း ရန်သူ့တပ်သား (၁၀)ဦးကျော်သေဆုံးတယ်လို့ ဖော်ပြပါတယ်။


▪︎ဖရူဆိုနဲ့ ရှားတောရှိ စစ်ကောင်စီအခြေစိုက်စခန်းများ တိုက်ခိုက်


ကရင်နီပြည်နယ်၊ ဖရူဆိုနဲ့ ရှားတောမြို့နယ်ရှိ စစ်ကောင်စီရဲ့ အခြေစိုက်စခန်းများကို တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုရှိတယ်လို့ ကရင်နီစစ်ဖက်ဆိုင်ရာဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ KMICက ပြောပါတယ်။ဖေဖော်ဝါရီ ၂၀ ရက် မနက်ပိုင်းက ရှားတောမြို့အနီးရှိ စစ်ကောင်စီရဲ့ ခမရ (၅၁၀)တပ်ရဲ့ မြို့တွင်းစခန်းကို ကရင်နီတပ်မတော်(KA)နဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။တိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုကို KMIC က စုံစမ်းဆဲဖြစ်တယ်လို့ အသိပေးပါတယ်။ မနေ့ကစလို့ စစ်ကောင်စီတပ်ဟာ ဖရူဆိုမြို့အရှေ့ခြမ်းတစ်လျှောက် ကင်းထောက်ရဟတ်ယာဥ်နဲ့ ထောက်လှမ်းတာမျိုးရှိတယ်လို့ သိရပါတယ်။


▪︎ကရင်အချင်းချင်း တိုက်နေမယ့် အစား သေနတ်ပြောင်း၀ စစ်အုပ်စုဘက်လှည့်ဖို့ IKO တိုက်တွန်း


ကရင်အချင်းချင်း တိုက်ခိုက်မယ့်အစား သေနတ်ပြောင်း၀ကို စစ်အုပ်စုဘက်သို့ လှည့်ကြဖို့ နိုင်ငံတကာ ကရင်အဖွဲ့အစည်း (IKO)က ဒီနေ့ ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။ ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) နယ်မြေအတွင်း KNLA နဲ့ KTLA တို့အကြားတိုက်ပွဲဖြစ်ပွားနေခြင်းနဲ့ပတ်သက်လို့ IKOက အခုလို ထုတ်ပြန်လာတာပါ။ ဒီနေ့ ကာလဟာ စစ်အစိုးရကို ပြည်သူတစ်ရပ်လုံးမှ တော်လှန်တိုက်ပွဲဝင်နေကြခြင်းဖြစ်ပြီး ကရင်တပ်ဖွဲ့များအကြား အချင်းချင်း တိုက်ခိုက်နေခြင်းမှာ မဖြစ်သင့်ဘဲ အဲဒီလိုဖြစ်နေခြင်းအပေါ် အထူးစိတ်မချမ်းမြေ့ဖြစ်ရတယ်လို့ IKOက ဆိုပါတယ်။


▪︎ရန်ကုန် UG အချို့ ဖမ်းဆီးခံရမှု URF ပါဝင်နေတယ်ဆိုတဲ့ စွပ်စွဲချက်ကို  MUPDF ပြန်ရုတ်သိမ်း


မနေ့က ရန်ကုန် UG အချို့ကို စစ်ကောင်စီတပ်က လိုက်လံဖမ်းဆီးခြင်းခံရတဲ့ ဖြစ်စဥ်မှာ မြို့ပြစစ်ရေးလှုပ်ရှားမှုများအတွက် နည်းပညာနဲ့ ပစ္စည်းအကူအညီပေးနေတဲ့ URF အဖွဲ့ပါဝင်နေတယ်ဆိုတဲ့ စွပ်စွဲချက်ကို  ပြန်လည်ရုတ်သိမ်းတယ်လို့ Myanmar Underground People Defense Force - MUPDF အဖွဲ့က ဒီနေ့ ထုတ်ပြန်အသိပေးပါတယ်။ မနေ့​​ဖြစ်စဥ်နဲ့ပတ်သက်ပြီး ဖြစ်ခဲ့သမျှတွေမှာ URF ကအသွင်ယူပြီး ထောင်ဖမ်းခဲ့တယ်လို့ စွပ်စွဲချက်အပေါ်မှာ ပြန်လည်သုံးသပ်မှုတွေလုပ်ပြီး အချို့သောအချက်အလက်များကို ဒီနေ့မနက်ပိုင်းမှာ ထပ်မံသိရှိရလို့ အဲဒီစွပ်စွဲချက်ကို ပြန်လည်ရုတ်သိမ်းတယ်လို့ MUPDF အဖွဲ့တာဝန်ခံ ကိုစနေက ပြောပါတယ်။ MUPDF ဖြစ်စဥ်ကအတော်စဥ်းစားရခက်တဲ့ကိစ္စဖြစ်သလို မိဘပြည်သူများကိုလည်း အချိန်နဲ့တပြေးညီတင်ပြသွားမယ်လို့ United Resistance Force - URF က အသိပေးထားပါတယ်။


▪︎အင်အားအနည်းငယ်သာရှိတဲ့ KNLA တပ်စခန်းတစ်ခုကို စစ်ကောင်စီ ဝင်ရောက်စီးနင်း


ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆) နယ်မြေရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်စခန်းတစ်ခုကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းပြီး စခန်းရှိအဆောက်အဦးများကို မီးရှို့သွားတယ်လို့ KNU သတင်းရင်းမြစ်တစ်ဦးက အတည်ပြုပါတယ်။ အဲဒီတပ်စခန်းမှာလူဦးရေ အနည်းငယ်သာရှိလို့ စစ်ကောင်စီတပ်နဲ့ အပြန်အလှန် တိုက်ပွဲဆင်နွှဲခြင်းမပြုဘဲ ဆုတ်ခွာခဲ့တာလို့ သိရပါတယ်။ စစ်ကောင်စီတပ်ကလည်း ကြာကြာတပ်မစွဲဘဲ ဒီနေ့မှာ အဲဒီစခန်းကို ပူးပေါင်းတပ်ဖွဲ့က ပြန်လည်သိမ်းယူခဲ့တယ်လို့ ကရင်သတင်းဌာန KIC က ဖော်ပြပါ တယ်။


▪︎ပေါက်နယ် စစ်​ကောင်စီတပ်စခန်းကို PDFများတိုက်ခိုက်


မကွေးတိုင်း၊ပေါက်မြို့နယ် ကုက္ကိုလ်စုရွာရှိ စစ်ကောင်စီတပ်စခန်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များက ဒီနေ့မနက် အ​စောပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့​တယ်လို့ ​ဒေသခံများက​ပြောပါတယ်။ စစ်ကောင်စီဘက်မှအနည်းဆုံး တစ်ဦးသေဆုံးခဲ့ပြီး စခန်းသိမ်းခါနီးမှာ စစ်ကောင်စီတပ်က ရဟတ်ယာဉ်တစ်စီးနဲ့ ခြောက်ကြိမ်တိုင်တိုင်လာ​ရောက်ပစ်ခတ်ခဲ့တာကြောင့် ဒေသခံကာကွယ်ရေးတပ်များက ပြန်လည်ဆုတ်ခွါခဲ့ရတယ်လို့ ပါဝင်တိုက်ခိုက်ခဲ့​တဲ့ PDF တစ်ဦးကပြောပါတယ်။ စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ပေါက်မြို့နယ်ရှိအဲဒီစစ်ကောင်စီစခန်းဟာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးများအထိုင်ချထားတာလို့ သိရပါတယ်။


▪︎နိုင်ငံတဝန်းဆန္ဒပြပွဲတွေ


စစ်ကိုင်းတိုင်း မုံရွာမြို့ပေါ် တစ်နေရာမှာ သပိတ်အင်အားစုမှ တော်လှန်လူငယ်များက "လူကိုသာသတ်လို့ရမယ်တော်လှန်စိတ်ကိုသတ်လို့မရဘူး" ဘန်နာစာသားကို ကိုင်ဆောင်ကာ "မင်းတို့စစ်ဖိနပ်အောက်မှာ ငါတို့ဘယ်တော့မှဒူးမထောက်ဘူး" ၊ "မုံရွာမြို့ကို လုံးဝအုပ်ချုပ်ခွင့်မရစေရ"၊ "အရေးတော်ပုံအောင်ရမည်" ကြွေးကြော်ဆန္ဒပြခဲ့ပါတယ်။


 ကလေးမြို့ပင်မသပိတ်ဟာ ကလေးမြို့စျေးတစ်ခုမှာ လူအင်အားအများအပြားနဲ့ “ညီညွတ်မှ ပြည်သစ်ရမယ် ဘုံရန်သူကို မမေ့ကြနဲ့” စာတန်းကိုင်စွဲပြီး စစ်အာဏာရှင်ကို ကန့်ကွက်သပိတ်မှောက်ခဲ့ကြပါတယ်။


ဘုတလင်မြို့နယ်မှာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုသပိတ် ဟောပြောပွဲ ကျင်းပခဲ့ပြီး မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီမှ ကိုခန့်ဝေဖြိုး၊ မုံရွာစီးပွားရေး တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ မှ ကိုရှင်းသန့်နဲ့ ကိုသန့်ကုဋေအောင်တို့မှ ဖက်ဒရယ်အရေး၊ မကြောက်တရားနဲ့ ဖက်ဒရယ် ပညာရေးတို့ ဟောပြောခဲ့ကြပါတယ်။


ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာတစ်ရွာမှာ သပိတ်အင်အားစုနဲ့ ဒေသခံပြည်သူများက "ငါတို့သည် ပြာပုံကိုမကြောက် စစ်ဖိနပ်အောက် ဒူးမထောက်"  ကြွေးကြော်ပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ချီတက်ဆန္ဒပြခဲ့ကြပါတယ်။


မကွေးတိုင်း မြိုင်မြို့နယ်မှာလည်း နှစ်ငါးလုံး လူထုလှုပ်ရှားမှု (၂)နှစ်ပြည့်နေ့အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်ကို  အင်အားအများအပြားနဲ့ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ပြည်သူများက "ပြည်သူ့နှလုံးမသိမ်းကျုံးလျှင်ပြည်သူ့ခွန်အားမကိုးစားလျှင် ဓားသွားလည်းကြွေ လှံလည်းခွေအံ့"၊ "မတရားမှုမှန်သမျှ ခေါင်းငုံ့မခံ CDMထုနဲ့ပြည်သူ့အသံ"၊ "ဖောက်ပြန်သူတို့ရွေးကောက်ပွဲ ပြည်သူ့အားနဲ့ဆန့်ကျင်ကြ" စတဲ့ စာသားပါဘန်နာများ ကိုင်ဆောင်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။


တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် စျေးတစ်ခုမှာ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)မှ လူထုကို စစ်တပ်ထုတ်ကုန် မသုံးစွဲရေးနဲ့ စစ်ကောင်စီရဲ့ အခြေခံစီးပွားရေး ထောက်တိုင် ဖြိုချရေးစည်းရုံးလှုံ့ဆော်ကာ အသိပညာပေးလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။ အဲဒီလှုပ်ရှားမှုမှာ စည်းရုံးဟောပြောခြင်း၊စည်းရုံးရေးစာစဉ်များဖြန့်ဝေခြင်း၊ PTTEP နဲ့ PTT အမှတ်တံဆိပ် အချောဆီများကို ဆန့်ကျင်ကြဖို့နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံများ ကြွေးကြော်ခဲ့ကြပါတယ်။



ဆက်ဖတ်ရန် →