နောက်ဆုံးရ
ရန်ကုန်-မန္တလေး လမ်းဟောင်းတွင် ယနေ့ တံတား မိုင်းကွဲပြီး ယာဉ်များ ပိတ်ဆို့နေ

ရန်ကုန်-မန္တလေး လမ်းဟောင်းတွင် ယနေ့ တံတား မိုင်းကွဲပြီး ယာဉ်များ ပိတ်ဆို့နေ

ရန်ကုန်-မော်လမြိုင် လမ်းပိုင်းတွင် စစ်တပ် ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး၊


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀ ခေတ်သစ်


ရန်ကုန်-မော်လမြိုင် လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ် ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံးကြောင်း KNU သတင်းရင်းမြစ်က ပြောသည်။ 


ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ည ၇ နာရီ ၄၀ မိနစ်တွင် သထုံမှ ဘီးလင်းသို့ မောင်းနှင်လာသည့် အကြမ်းဖက် စစ်တပ် ယာဥ်တန်းကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက ရန်ကုန်-မော်လမြိုင်လမ်း၊ ကမာဆိုင်ရွာအနီးတွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း သိရသည်။


အဆိုပါ တိုက်ခိုက်မှုကို KNLA တပ်မဟာ ၁ ၊ တပ်ရင်း ၂ ၊ တပ်ခွဲ ၃ နှင့် ဘီးလင်း ပကဖ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။


ထို့ပြင် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မွန်းလွဲပိုင်း ရန်ကုန်-မန္တလေး လမ်းဟောင်း၊ ကျောက်တံခါးမြို့နယ်နှင့် ပဲနွယ်ကုန်းအကြားရှိ တံတား မိုင်းကွဲပြီး လက်ရှိအချိန်တွင် ကားများ ပိတ်ဆို့နေကြောင်း ခရီးသွားပြည်သူများထံမှ သိရှိရသည်။ 


"ကျောက်တံခါး နှင့် ပဲနွယ်ကုန်း ကြား ရန်ကုန် မန္တလေးလမ်းဟောင်း တံတားမိုင်းကွဲပါတယ်။ အခုအချိန်အထိ ကားတွေ ပိတ်ထားပြီး ဖြတ်သန်းခွင့်မပြုသေးပါဘူး။ ကားတွေပိတ်နေပါတယ်" ဟု ဒေသပြည်သူ တစ်ဦးက ပြောသည်။  


ဓာတ်ပုံ- ရန်ကုန်-မန္တလေး လမ်းဟောင်း၊ ကျောက်တံခါးနှင့် ပဲနွယ်ကုန်းအကြားတွင် ယနေ့ တံတားမိုင်းကွဲ၍ ပျက်စီးနေစဉ်။









ဆက်ဖတ်ရန် →
ရွှေဘိုမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က မီးတင်ရှို့နေ

ရွှေဘိုမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က မီးတင်ရှို့နေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀ ခေတ်သစ်


စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။


ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က ထူးကြီးရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး မွန်းလွဲ ၄ နာရီ ၂၅ မိနစ်ခန့်တွင် တည်ပင်ရွာကို ထပ်မံမီးရှို့ဖျက်ဆီးလျက်ရှိကြောင်း သိရသည်။


"ရွှေဘို အနောက်ခြမ်း ထူးကြီးရွာနဲ့ တည်ပင်ရွာကို စစ်ခွေးတွေက မီးရှို့နေပါတယ်။ ဒီနေ့ ညနေပိုင်း ၃ နာရီအချိန်ခန့်ကပါ။ ပြည်သူတွေ ထိခိုက်မှု အတိအကျ မသိရသေးဘူး။ ရွှေဘိုအနောက်နယ်ကို စစ်ခွေးတွေက စစ်ကြောင်းထိုးနေတယ်။ တိုက်ပွဲ ဖြစ်ပွားတာတော့ မကြားမိဘူး" ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။


တည်ပင်ရွာနှင့် ထူးကြီးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ အကြောင်းမဲ့ ဝင်ရောက် စီးနင်း မီးရှို့နေခြင်းဖြစ်ပြီး ဒေသခံ ပြည်သူများလည်း ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။





ဆက်ဖတ်ရန် →
မကွေးခရိုင် PDF တပ်ရင်း ၁ တွင် ရဲဘော်များကို လစာ တချို့ပေးအပ်၊

မကွေးခရိုင် PDF တပ်ရင်း ၁ တွင် ရဲဘော်များကို လစာ တချို့ပေးအပ်၊

လှူဒါန်းထောက်ပို့ လိုသူများ ဆက်သွယ်နိုင်


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀ ခေတ်သစ်


မကွေးတိုင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မကွေးခရိုင် PDF တပ်ရင်း ၁ တွင် ရဲဘော်များကို လစာတချို့ပေးအပ်လိုက်ကြောင်း မကွေးခရိုင် PDF တပ် ရင်း ၁ မှ တာဝန်ရှိသူတစ်ဦး၏ အဆိုအရ သိရှိရသည်။


"မကွေးခရိုင်PDF အမှတ် -(၁) တပ်ရင်းရဲ့  စီမံဘဏ္ဍာအစည်းအဝေးအမှတ်စဉ် ၁  ဆုံးဖြတ်ချက်နဲ့ တပ်ရင်းရဲဘော်များအားလုံးကို ရဲဘော်လစာအဖြစ် တစ်ဦး ၂၀၀၀၀ ကျပ် ၂၀၂၃ခုနှစ် ၂ လပိုင်းမှာ စတင် ပေးအပ်ပါတယ်။  ရဲဘော်တွေရဲ့ တစ်ယောက် ကုန်ကျမှုစရိတ်က စားစရိတ်နှင့်တစ်ကိုယ် ရေကျန်း မာရေးသုံး၊ ဝတ်စားဆင်ယင်မှုတို့အတွက် တစ်သိန်းနှစ်သောင်းကျပ်ပါ ထည့်တွက်လျှင် ရဲဘော်တစ်ဦးမှာ  နိုင်ငံတော်မှ တစ်လကို အခြေခံ လစာ ၁၄၀၀၀၀/ကျပ်ရရှိတယ်လို့ ဆိုရမှာဖြစ်ပါတယ်" ဟု မကွေးခရိုင်တပ်ရင်း ၁ မှ တာဝန်ရှိသူက ဆိုသည်။ 


ထိုကဲ့သို့ ရဲဘော်များ လစာ ပေးအပ်ခြင်းသည် ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်၍ ဆုံးဖြတ် ပေးအပ်ခြင်းဖြစ်ကြောင်း၊ ရဲဘော်များ၏ လစာအတွက် လှူဒါန်းလိုသူများအနေဖြင့်လည်း ထောက်ပံ့ကူညီနိုင်ကြောင်း သိရှိရသည်။ 


"တချို့ရဲဘော်တွေမှာ မုန့်ဝယ်စားချင်တာတောင် မိသားစုကို ပြန်ငှဲ့ရလို့ မတောင်း ရက်လို့ မစားနိုင်ကြဘူး။ ဒါတွေ အတွက်လည်း ရဲဘော်အားလုံးတစ်စိတ်တည်းတစ်ဝမ်းတည်းဖြစ်စေလိုတယ်။ တပ်ရင်းကိုထောက်ပို့ပြုလိုတဲ့ သူများရှိလျှင်လည်း ဆက်သွယ်ဆောင်ရွက်နိုင်ဖို့ ကြိုဆိုလျက်ရှိပါတယ်" ဟု ၎င်းက ဆက်လက်ပြောဆိုသည်။





ဆက်ဖတ်ရန် →
ကန့်ဘလူ၊ မြေမွန်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီး

ကန့်ဘလူ၊ မြေမွန်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီး

ကန့်ဘလူ၊ မြေမွန်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ရာနှင့်ချီပြီး မီးလောင်ပြာကျ၊ ပုလဲမြို့နယ်၊ နွယ်အင်းရွာကိုလည်း စစ်တပ်က စီးနင်းပြီး ကျေးရွာ ဆေးပေးခန်းကို မီးရှို့ဖျက်ဆီး


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀ ခေတ်သစ်


စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မြေမွန်ရွာကို အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးမှု နေအိမ် ရာနှင့်ချီပြီး မီးပြာကျခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။


ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ကန့်ဘလူမြို့နယ်၊ မြေမွန်ရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကာ နေအိမ် ရာနှင့်ချီပြီး မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။ 


"မြေမွန်ရွာကို စစ်ခွေးတွေ ဒီနေ့ မီးရှို့သွားတာ ပျက်စီးဆုံးမှု အခြေအနေတော့ အတိကျ မသိရသေးဘူး။ ကျေးရွာရဲ့ သုံးပုံနှစ်ပုံ လောက် ပြာကျသွားတယ်။ ရွာမှာက နေအိမ် ၇၀၀ ကျော်လောက်ရှိတယ်။ နေအိမ် ရာနဲ့ချီပြီး မီးထဲပါသွားတယ်။ စစ်ခွေးတွေ ရွာကို မီးစရှို့ပြီး ၂ နာရီလောက် တိုက်ပွဲဖြစ်သွားသေးတယ်။ တိုက်ပွဲအခြေအနေ အသေးစိတ်တော့ မသိရသေးဘူး" ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။


အလားတူ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ နွယ်အင်းရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်းပြီး ကျေးလက် ဆေးပေးခန်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။


ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ဇီဖြူကုန်း ပျူစောထီးရွာမှ ထွက်လာသည့် စစ်သားနှင့် ပျူစောထီးများက နွယ်အင်းရွာကို ဝင်ရောက်စီးနင်းပြီး စစ်ဘေးရှောင် ပြည်သူများ၏ တောတဲများကို မီးရှို့ဖျက်ဆီးပြီးနောက် နွယ်အင်းရွာမှာ တပ်စွဲကာ ကျေးလက် ကျန်းမာရေး ဆေးပေးခန်းကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်းသိရသည်။


အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် နွယ်အင်းရွာ၌ ညအိပ် တပ်စွဲပြီးနောက် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် ကျေးရွာအတွင်းမှ ပြန်လည် ထွက်ခွာသွားပြီး တုံးကန်ကျေးရွာ၌ တပ်စွဲထားကြောင်း သိရှိရသည်။










ဆက်ဖတ်ရန် →
အုပ်ချုပ်ရေးမှူး ခင်မောင်ဇင်မှာ နောက်ပင်လှည့်မကြည့်ဘဲ ထွက်ပြေး

အုပ်ချုပ်ရေးမှူး ခင်မောင်ဇင်မှာ နောက်ပင်လှည့်မကြည့်ဘဲ ထွက်ပြေး

ရာအိမ်မှူး ၂ ဦးသေဆုံးခဲ့သော ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် အမှတ် ၉၄ ရပ် ကွက်ရုံးကို ဝင်ရောက်ပစ်ခတ်ချိန်ရပ်ကွက်အုပ်ချုပ်ရေးမှူး စစ်မှု ထမ်းဟောင်း ခင်မောင်ဇင် နောက်ပင်လှည့်မကြည့်ဘဲ ထွက်ပြေး၍ လွတ်မြောက်ခဲ့


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀ ခေတ်သစ်


ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် အမှတ် ၉၄ ရပ်ကွက်ရုံးကို ယမန်နေ့ သေနတ်၊ လက်ပစ်ဗုံးများဖြင့် ဝင်ရောက် ပစ်ခတ်ရာ  အမှတ် ၉၄ ရပ်ကွက် ရာအိမ်မှူး ဝင်းမြင့်နှင့် ထွန်းထွန်းဝင်းတို့ သေဆုံးခဲ့ပြီး   စစ်မှုထမ်းဟောင်းရပ် ကွက် အုပ်ချုပ်ရေးမှူး ခင်မောင်ဇင်မှာ နောက်ပင်လှည့်မကြည့်ဘဲ ထွက်ပြေး၍ လွတ် မြောက်သွားကြောင်းဒေသပြည်သူများက ပြောသည်။ 


ဖေဖော်ဝါရီလ ၁၉ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၅ မိနစ်အချိန် ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်၊ ယုဇဥယျာဉ်အိမ်ရာ ၁၄လမ်းထိပ်ရှိ အမှတ် ၉၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးထဲတွင် ပစ်ခတ်မှုဖြစ်ပွားပြီး လက်ပစ်ဗုံးများ ပါပေါက်ကွဲကြောင်း၊ ပစ်ခတ်တိုက်ခိုက်မှုများကြောင့်  ရာအိမ်မှူး ဝင်းမြင့်နှင့် ရာအိမ်မှူး ထွန်းထွန်းဝင်းတို့ သေဆုံးကြောင်း သိရှိရသည်။ 


"ဒီနေ့ မနက် ရပ်ကွက်ထဲမှာ အပြောအများဆုံးက မနေ့က ပစ်ခတ်မှုဖြစ်ချိန် အုပ်ကြီး ခင်မောင်ဇင် "နောက်ကျတဲ့ခြေထောက် သစ္စာဖောက်" ဆိုပြီး ပြေးသလား မှတ်ရတယ် ပြေးချက်က အသားကုန်တဲ့။ ပစ်မယ့် လူငယ်တွေလည်း ဝင်လာရော အုပ်ကြီးက သူ့လူတွေတောင် သူ သတိမပေးနိုင်ဘူး ကိုယ် လွတ်ရုန်းပြေးတာ။ သူ့လူ ၂ ဦးသေတယ်။ သူတော့ လွတ်သွားတယ်။ သူ့ကိုလည်း လိုက်ပစ်တာ အပြေးကောင်း လို့ မထိတာ" ဟု ယုဇနဥယျာဉ်မြို့တော်နေ ပြည်သူတစ်ဦးက ပြောသည်။ 


ယမန်နေ့ ရပ်ကွက်ရုံးအတွင်း ဝင်ရောက်ပစ်ခတ်မှုကြောင့် ရာအိမ်မှူး ဝင်းမြင့်နှင့် ထွန်းထွန်းဝင်းတို့ သေဆုံးပြီး ၊ ရာအိမ်မှူး မြင့်ဝေ၊ ရာအိမ်မှူး ဖြိုးကိုကိုမောင် ၊ ရာအိမ်မှူး မခင်ဆွေဝင်း၊ ရာအိမ်မှူး အောင်ဝင်း စုစုပေါင်း ၄ ဦး  သေနတ် မှန်ဒဏ်ရာရရှိကြောင်း၊ ရာအိမ်မှူး အောင်ဝင်းမှာ ခေါင်းတွင် ကျည်ထိမှန်ထား၍ အသက်အန္တရာယ်စိုးရိမ်ရကြောင်း သိရှိရသည်။


ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် အမှတ် ၉၄ ရပ်ကွက်ရုံးကိုဒဂုံမြို့သစ် ဆိပ်ကမ်း မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ခြင်းဖြစ်ကြောင်း သိရှိရသည်။



ဆက်ဖတ်ရန် →
လေကြောင်းရန် ကာကွယ် ရေးတပ်မှ ဗျူဟာမှူး ဗိုလ်မှူးကြီး ဇေယျာထွန်း ပါ သေဆုံး

လေကြောင်းရန် ကာကွယ် ရေးတပ်မှ ဗျူဟာမှူး ဗိုလ်မှူးကြီး ဇေယျာထွန်း ပါ သေဆုံး

ရေတာရှည်တိုက်ပွဲတွင် သေဆုံးသွားသော စစ်သား ၃၀ ကျော်တွင်  အမှတ် ၂၀၂၂  လေကြောင်းရန် ကာကွယ် ရေးတပ်မှ ဗျူဟာမှူး ဗိုလ်မှူးကြီး ဇေယျာထွန်း ပါ သေဆုံးခဲ့

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀ ခေတ်သစ်

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ဖြစ်ပွားသော တိုက်ပွဲတွင် သေဆုံးသွားသော စစ်သား ၃၀ ကျော်အနက်တွင် အမှတ်  ၂၀၂၂ လေကြောင်းရန် ကာကွယ်ရေးတပ်မှ ဗိုလ်မှူးကြီး ဇေယျာထွန်းပါ ပါဝင်သွားကြောင်း တော်လှန်ရေး သတင်းရင်းမြစ်တစ်ခုက အတည်ပြုပြောဆိုသည်။ 

ဖေဖော်ဝါရီလ ၁၆ ရက်နေ့   နံနက် ၉ နာရီမှ မွန်းလွဲ ၁ နာရီအထိ ပဲခူးတိုင်း၊ တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၄၊ တပ်ခွဲ ၆ ပူးပေါင်းတပ်ဖွဲ့နှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ သည်  ရေတာရှည်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားရာ အကြမ်းဖက်စစ်ကောင်စီဘက်မှ ၃၀ ဦး‌ကျော် သေဆုံးပြီး အများအပြား ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်း၊ ယင်းတို့ထဲတွင် အမှတ် ၂၀၂၂ လေကြောင်းရန် ကာကွယ်ရေးတပ်မှ ဗိုလ်မှူးကြီး ဇေယျာထွန်း ပါဝင်ခြင်းဖြစ်ကြောင်း သိရှိရသည်။ 

"ဗျူဟာမူး ဇေယျာထွန်း  အမှတ် ၂၀၂၂ လေကြောင်းရန်တပ်က ကျဆုံးမှု အတည်ပြုနိုင်ပါတယ်။ မနေ့ ဖေဖော် ဝါရီ ၁၉ ရက်နေ့ ညနေပိုင်းမှာ စစ်တပ် အလောင်း ထပ်တွေ့ပါတယ်။ စစ်တပ်က အလောင်းလာကောက်တော့  ၁၂၀ မမတွေပါ ပစ်ပြီး လာကောက်တာ။ ဗျူဟာမှူး ဇေယျာထွန်း သေဆုံးတာကိုတော့ အတည်ပြုနိုင်ပါတယ်။ သူတို့ဘက်က အလောင်းပြန်ကောက်သွားပါတယ်" ဟု ပြည်သူ့ကာကွယ်ရေး တပ်မတော် တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောဆိုသည်။ 

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် ရေတာရှည်တွင် ကျေးရွာများကို ဓားပြတိုက် ပြန်လာသော စစ်ကြောင်းကို တိုက်ခိုက်ရာ  စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဦးကျော်သေဆုံးပြီး လက်နက် ၇ လက်၊ ခဲယမ်းများနှင့်  ခိုးရာပါ ရွှေနှင့်ဖုန်းများ သိမ်း ဆည်းရမိခဲ့ခြင်းဖြစ်သည်။ 

စစ်တပ်ဘက်မှ လက်နက် ၇ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိရာတွင်  
၁။ MA3  ၄ လက်
၂။ MA11  ၂ လက်
၃။ MA2  ၁ လက်
၄။ ကျည်ဘောက်  ၁၈ ခု
၅။ ကျည်   ၅၂၀ တောင့်
၆။ ၆၀ မမဗုံးသီး ၂ လုံး နှင့် ရိက္ခာအများအပြားတို့ဖြစ်ကြောင်း သိရှိရသည်။ 

သေဆုံးသွားသော စစ်သားများထံမှ  

၁။ လက်ကောက် ၂ ကွင်း
၂။ ဆွဲကြိုး ၁ ကုံး
၃။ လက်စွပ်၁ ကွင်း
၄။ ဖုန်း ၃ လုံးတို့ကိုပါ သိမ်းဆည်းရရှိပြီး သိမ်းဆည်းရရှိသော လက်ဝတ်ရတနာများနှင့် အသုံးအဆောင်ပစ္စည်းများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက မူလပိုင်ရှင်များထံ အတိအကျ ပြန်လည်အပ်နှံနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။ 

ထို့ပြင် ဖေဖော်ဝါရီလ ၇ ရက်နေ့ ၊ ၈ ရက်နေ့ ၊ ၁၂ ရက်နေ့ ၊ ၁၄ ရက်နေ့တွင်လည်း PDF ပူးပေါင်းတပ်ဖွဲ့များနှင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့ကြောင်း၊  ၎င်းတိုက်ပွဲများတွင်လည်း အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများပြားခဲ့ပြီး အရေအတွက် အတိအကျကိုမူ ထပ်မံအတည်ပြုလျက်ရှိကြောင်း သိရှိရသည်။





ဆက်ဖတ်ရန် →
အကြမ်းဖက်စစ်တပ် လက်ချက် ဖြင့် ‌ပြည်သူ များ သေဆုံးမှုသည် ၃,၀၀၀ အထိ ရှိလာ

အကြမ်းဖက်စစ်တပ် လက်ချက် ဖြင့် ‌ပြည်သူ များ သေဆုံးမှုသည် ၃,၀၀၀ အထိ ရှိလာ

အမေရိကန် မှ နောက်ထပ် ဒေါ်လာ သန်း ၅၀ ‌ကူညီမည်ဟု ဆို
****************

ကုလသမဂ္ဂ မှ မကြာမီ က ထုတ်ပြန်ခဲ့သော ကမ္ဘာလူသား များ လိုအပ်ချက် စစ်တမ်းတွင် အာဖရိက နွယ်ဖွား များ ကဲ့သို့ပင် မြန်မာပြည် လူဦးရေ၏ သုံးပုံတပုံ ခန့်ရှိ ၁၇ သန်း သည် ယခုအခါ လူသားချင်း စာနာ ထောက်ထားမှု ဖြင့် ကူညီရန် လိုအပ်နေသည်ဟု ပါရှိခဲ့သည်၊ ထိုပမာဏ သည် ၂၀၂၀ ကုလစစ်တမ်းတွင် ၁ သန်း ခန့်ရှိခဲ့ရာ မှ စစ်ဗိုလ်ချုပ်ကြီးများ၏ စွမ်းပကားဖြင့် ၁၇ သန်း အထိ ဦးမော့လာခဲ့ခြင်းပင် ဖြစ်ပေတော့သည်။

ဖေဖေါ်ဝါရီ ၁၅ ရက်နေ့တွင် ထုတ်ပြန်သော အမေရိကန် နိုင်ငံတကာ ဖွံဖြိုးမှု အကူအညီ ပေးရေး အေဂျင်စီ U.S Agency for International Development (USAID) မှ ထုတ်ပြန်ချက်တွင် မြန်မာ ပြည်သူများ အတွက် အရေးပေါ် အစားအသောက် နှင့် အဟာရ များ ထောက်ပံ့ ကူညီ သွားနိုင်ရေး ရည်ရွယ်ပြီး ဒေါ်လာ သန်း ၅၀ ပံ့ပိုးသွားမည်ဟု ပါရှိခဲ့သည်။

USAID သည် ပဋိပက္ခ များ ဖြစ်ပွားနေသော ဒေသများတွင် ကမ္ဘာ စားနပ်ရိက္ခာ အဖွဲ့နှင့် လက်တွဲ လုပ်ဆောင်၍ အကူအညီများ ပေးသွားမည် ဖြစ်သည်။

သို့သော် မြန်မာနိုင်ငံ တွင်းရှိ ကုလ အဖွဲ့အစည်း အများစု သည် ရန်ကုန်တွင် ရုံးခန်းများ ဆက်ဖွင့်ထားနိုင်ရေး ကိုသာ အဓိကထားပြီး စစ်အာဏာသိမ်း အဖွဲ့နှင့် သတိကြီးစွာ ထားပြီး ဆက်ဆံနေဆဲ ဖြစ်သည်ဟု အပြင်းအထန် ဝေဖန်ခံနေရဆဲပင် ဖြစ်သည်။

နိုင်ငံရေး အကျဉ်းသားများ အကူအညီ ပေးရေး အဖွဲ့ ၏ နောက်ဆုံးထုတ်ပြန်ချက်အရ စစ်အာဏာ သိမ်း အဖွဲ့ ၏ လက်ချက် ဖြင့် ‌ပြည်သူ များ သေဆုံးမှုသည် ၃,၀၀၀ အထိ ရှိလာနေပြီဟု ပါရှိလာခဲ့သည်။

သောကြာနေ့က သေဆုံးမှု အမှတ်စဉ် ၃,၀၀၀ ပြည့်သွားခဲ့သူ သည် စစ်ကိုင်း ဒေသကြီးမှ မယ်သီလရင် အဖွားအို တဦး ဖြစ်သည်။

ခင်ဦး မြို့နယ် လက်ပန်လှ ကျေးရွာသို့ မင်းအောင်လှိုင် သစ္စာခံ တပ်များနှင့် ၎င်းတို့၏ လက်ပါးစေ ပျုစောထီး ဆိုသူများ ဝင်ရောက်စီးနင်းပြီး မီးတင်ရှို့သွားခဲ့ရာ မှ ထွက်မပြေးနိုင်သဖြင့် မီးလောင်ကျွမ်း သေဆုံးသွားရခြင်း ဖြစ်သည်။

ထိုသို့ ၃,၀၀၀ မြောက် သေဆုံးခဲ့ရမှု ကို အသိအမှတ် ပြုသည့် အနေဖြင့် ပြင်သစ် သံအမတ်ကြီး ခရစ္စတီယန် လက်ခ်ျဗိုင်း မှ အမှတ်တရ ဝမ်းနည်းစကား ပြောဆိုသွားခဲ့သည်။

သေဆုံးသူ ၃,၀၀၀ ထဲတွင် မယ်သီလရှင် အဖွားအိုကဲ့သို့ပင် ကျေးရွာများကို မီးရှိ့ဖျက်ဆီး မဲမဲမြင်ရာ သတ်ဖြတ်ခဲ့မှုကြောင့် အသက်ဆုံးရှူံးခဲ့ရသည့် ပြည်သူ ၁,၂၂၉ ဦး ရှိသွားပြီ ဖြစ်သည်။

မည်သို့ပင် ဖြစ်စေ ထိုသို့သေဆုံးနေမှု သည် အနောက်တိုင်း အစိုးရများ၏ အသိစိတ် ကို ဆူးနှင့် ထိုးနေသလို ခံစားနေရပြီ ဖြစ်သည်။ ထိုအထဲမှ မတရားမှု ကို လက်ပိုက် ကြည့်မနေတတ်သော လူများ ဦးဆောင်နေသည့် နိုင်ငံ တနိုင်ငံ တော့ သေချာပေါက် ထွက်ပေါ်လာမည်သာ ဖြစ်သည်။

ယခု အခါ အာဆီယံအား အမျိုးသား ညီညွတ်ရေး အစိုးရ နှင့် တရားဝင် ဆွေး‌နွေးရန် ဖိအားပေးလာနေပြီ ဖြစ်သည်။ သို့သော် အာဆီယံသည် ပြဿနာ ပြေလည်ရေးထက် လက်ရှိ စစ်အာဏာသိမ်း အဖွဲ့နှင့် ရှေ့လျောက် ဆက်ဆံသွားရမည့် အရေးကို အဓိက ထား စဉ်းစားနေဆဲပင် ဖြစ်သည်။

စစ်အာဏာရှင် ဝါဒသည် မြန်မာနိုင်ငံရေး မျက်နှာစာတွင် ရှေ့လျောက် နေရာ မရတော့ဟု အခိုင်အမာ ယုံကြည်မှသာ NUG နှင့် ဆက်ဆံလာဖို့ ရှိသည်။

သို့သော် ၎င်းတို့ ထည့်သွင်း မစဉ်းစားသည့် အချက်သည် ထို အချိန်မျိုး ရောက်လာလျှင် NUG သည်လည်း ၎င်းတို့နှင့် ဆက်ဆံရမည်ထက် အခြား အရေးကြီးသော အလုပ်များ နှင့် လက်မလည် အောင် အလုပ်ရှုပ်နေတော့မည် အရေးပင် ဖြစ်သည်။

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!
လှစိုးဝေ

ဓါတ်ပုံ - ဧရာဝတီ သတင်း


ဆက်ဖတ်ရန် →
စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် တနင်္သာရီတိုင်းမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာ

စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် တနင်္သာရီတိုင်းမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာ

February 19, 2023

တနင်္သာရီ၊ ဖေဖော်ဝါရီ(၁၉)

တနင်္သာရီတိုင်းဒေသကြီးရှိ ပုလောနဲ့တနင်္သာရီမြို့နယ်တွေကို စစ်ကောင်စီဘက်က စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ပုလောမြို့နယ်နဲ့ တနင်္သာရီမြို့နယ်တို့ကို စစ်အုပ် ချုပ်ရေးကြေညာပြီးနောက် တပ်အင်အား၂၀၀ ကျော်ပါတဲ့ စစ်ကြောင်းတစ်ကြောင်း၊ တပ်အင်အား ၁၀၀ ကျော်ပါတဲ့စစ်ကြောင်းတစ်ကြောင်းနဲ့ ထိုးစစ်ဆင်လာတာပါ။

စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာတာကြောင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ဒုတိယအပတ်ကနေ ဒီနေ့အချိန်အထိ ပုလောမြို့နယ်မှာ တိုက်ပွဲ ၁၀ ကြိမ်၊ တနင်္သာရီမြို့နယ်မှာ တိုက်ပွဲ ၅ ကြိမ်ထက်မနည်း ဖြစ်ပွားထားတာပါ။

မြိတ်ခရိုင်တပ်ရင်း(၁)ပြန်ကြားရေး တာဝန်ခံကတော့ စစ်ကောင်စီဘက်က စစ်ကြောင်းထိုးထားတဲ့အတွက် နေ့စဉ်နဲ့အမျှ တိုက်ပွဲတွေဖြစ်ပွားနေသလို နှစ်ဖက်တိုက်ပွဲတွေလည်း ပိုမိုပြင်းထန်လာနိုင်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ပုလောမြို့နယ် ကဒဲကျေးရွာတိုက်ပွဲမှာတော့ စစ်ကောင်စီဘက်ကအပြင်းအထန် ထိုးစစ်ဆင်လာတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ရှေ့တန်း စခန်းတစ်ခုကို လက်လွှတ်ပေးထားတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ပုလောနဲ့တနင်္သာရီမြို့နယ်တွေက တိုက်ပွဲတွေကြောင့် ဒေသခံ ၅၀၀၀ ကျော်ဟာ ထပ်မံထွက်ပြေးတိမ်းရှောင်နေရသလို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးတာတွေ ရှိနေတာပါ။

စစ်အုပ်ချုပ်ရေးကြေညာပြီး စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ၃ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိထားသလို တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၂၀ ထက်မနည်းမီးလောင်ပျက်စီးခဲ့ပါတယ်။

တနင်္သာရီတိုင်းဒေသကြီး ပုလောနဲ့တနင်္သာရီမြို့နယ်တို့မှာ တိုက်ပွဲတွေ ပိုမိုပြင်ထန်းလာမှုနဲ့အတူ ကျန်မြို့နယ်တွေဖြစ်တဲ့ ထားဝယ်၊ ရေဖြူ၊ လောင်းလုံးနဲ့ မြိတ်တို့မှာလည်း စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့တို့ကြားထိတွေ့တိုက်ပွဲတွေ ဆက်ရှိနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်



ဆက်ဖတ်ရန် →
လူမိုက်၊ ပျူစောထီး၊ မဘသ၊  လက်နက် ကိုင် နေမျိုးအောင်

လူမိုက်၊ ပျူစောထီး၊ မဘသ၊ လက်နက် ကိုင် နေမျိုးအောင်

သာကေတတွင် PDF များကို ဖမ်းဆီးရာတွင် ပါဝင်သည့် လူမိုက်၊ ပျူစောထီး၊ မဘသ၊  လက်နက် ကိုင် နေမျိုးအောင် ပစ်ခတ်ခံရ၍ သေဆုံးပြီးနောက် အလောင်း ရင်ခွဲရုံရောက်ရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ ခေတ်သစ်

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်တွင် PDF များကို ဖမ်းဆီးရာတွင် ပါဝင်ပြီး စစ်တပ် သတင်းပေး လုပ် ဆောင်နေသူ လူမိုက် ပျူစောထီး၊ မဘသ လက်နက်ကိုင် နေမျိုးအောင် ယနေ့ မွန်းလွဲပိုင်း ၃ နာရီ ၁၈ မိနစ်တွင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့ မွန်းလွဲပိုင်း ၃ နာရီ ၁၈ မိနစ်အချိန် ခိုင်ရွှေဝါလမ်းမကြီးပေါ် သောက်ရေကန်အနီးတွင် ပစ်ခတ်ခံရပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း၊ လူမိုက် ထောင်ထွက် နေမျိုးအောင်သည် မဘသ၊ အမျိုးသားရေး အစွန်းရောက်များနှင့် စစ်တပ်ထောက်ခံပွဲများတွင် ပါဝင်သူဖြစ်‌ပြီး ရပ်ကွက်ကို ခြိမ်းခြောက်နေသူဖြစ်ကြောင်း၊ သာကေတတွင် စစ်တပ်ထောက်ခံသူနှင့် မဘသ  တင်လင်းထိုက် လူမိုက်  နဂါးလေး၊ လူမိုက် ဝင်းထွဋ်ဝင်းတို့နှင့်အတူ နေမျိုးအောင်က ပြည်သူ့စစ်(ခေါ်) ပျူစောထီး အဖွဲ့ ဖွဲ့၍ PDF များကို ဖမ်းဆီးခြင်း၊ သတင်းပေးခြင်း၊ ပြည်သူလူထုကို ရမ်းကား ဖိနှိပ်ခြင်းပြုလုပ်နေသူဖြစ်ကြောင်း သိရှိရသည်။ 

"ပစ်ခံရတာက ဦးခေါင်းထိပြီး ပွဲချင်းပြီးသေတယ်။  သူနေတာက သာလ္လာဝတီ ၁၃ရပ်ကွက် ၂လမ်းဘက်မှာနေတာ။ ခိုင်ရွှေဝါ လမ်းဘက်က သူတို့ ကျက်စားတဲ့ဂွင်တွေ။ နေမျိုးအောင်က ထောင်ထွက် လူမိုက်၊ မဘသ ၊ စစ်တပ်ထောက်ခံသူလည်းဖြစ်တယ်။ လက်နက်လည်းရှိတယ် သူ့မှာ။ ရပ်ကွက်နဲ့ ပြည်သူတွေကို ဒုက္ခပေးနေသူ"ဟု သာကေတပြည်သူတစ်ဦးက ပြောသည်။ 

လက်ရှိတွင် စစ်တပ်က သာကေတတစ်မြို့လုံးကို ပိတ်ဆို့ စစ်ဆေးလျက်ရှိကြောင်း ၊ သာကေတမြို့နယ်အတွင်းရှိ ကမာကြည်တံတားသာကေတအဝိုင်း၊ ရွှေပုစွန်၊ ရှုခင်းသာ၊ ၁ စျေးကွေ့နား တို့တွင် ပိတ်ဆို့ စစ်ဆေးနေကြာင်း သိရှိရသည်။

ယနေ့ ညနေပိုင်းတွင် သာကေတ လူမိုက် နေမျိုးအောင်၏ အလောင်း ရင်ခွဲရုံသို့ ရောက်ရှိလာကြောင်း သိရှိရသည်။ 






ဆက်ဖတ်ရန် →
မန္တလေးမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ဆိုင်ကယ်စီးလာစဉ် ပစ်ခတ်ခံရပြီးသေဆုံး

မန္တလေးမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ဆိုင်ကယ်စီးလာစဉ် ပစ်ခတ်ခံရပြီးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

မန္တလေးမြိုမှာ မနေ့က ညနေပိုင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ဆိုင်ကယ်စီးလာစဉ် သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။

မန္တလေးတိုင်း မဟာအောင်မြေမြို့နယ်က ရွှေဘုန်းရှိန်ရပ်ကွက် အုပ်ချုပ်ရေးမှူးဟာ မနေ့က ညနေပိုင်းမှာ ဘုရားကြီး အရှေ့ဘက်မုခ်အနီး ပညာပျိုးခင်းလမ်းပေါ် ဆိုင်ကယ်စီးလာချိန် ပစ်ခတ်ခံခဲ့ရတာပါ။

အုပ်ချုပ်ရေးမှူးရဲ့ ဆိုင်ကယ်အနောက်ကနေ အမည်မသိလူနှစ်ဦး ဆိုင်ကယ်တစ်စီးနဲ့ လိုက်ပါပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့ရာ အုပ်ချုပ်ရေးမှူးရဲ့ ဦးခေါင်းကို ထိမှန်ခဲ့ပြီး နေရာမှာပဲ ပွဲချင်းပြီးသေဆုံးသွားတယ်လို့ သိရပါတယ်။

ပစ်ခတ်မှုကို ဘယ်အဖွဲအစည်းက လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ သေချာမသိရသေးပါဘူး။


#Mercury_Media
#Mercury_Local_News
#မန္တလေး
#ရပ်ကွက်အုပ်ချုပ်ရေးမှူး
ဆက်ဖတ်ရန် →