နောက်ဆုံးရ
ပေါက်တောဝမီးပွိုင့်အနီးရှိ စစ်တပ်ဘန်ကာအား အဝေးထိန်းမိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်

ပေါက်တောဝမီးပွိုင့်အနီးရှိ စစ်တပ်ဘန်ကာအား အဝေးထိန်းမိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်

အင်းစိန် ပေါက်တောဝမီးပွိုင့်အနီးရှိ စစ်တပ်ဘန်ကာအား MUPDF ကအဝေးထိန်းမိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်

​ကျော်​ဇော၊သုည ၊ People's Spring

ရန်ကုန်မြို့ အင်းစိန်မြို့နယ်တွင် စစ်ကောင်စီတပ်၏လုံခြုံ
ရေးဘန်ကာတစ်ခုကို အဝေးထိန်းမိုင်းဖြင့်ဖောက်ခွဲတိုက်
ခိုက်ခဲ့ကြောင်း Myanmar Underground People Defense Force (MUPDF)အဖွဲ့တာဝန်ခံ စ​နေက 
ပြောသည်။

အင်းစိန်ထောင်အနီး ပေါက်တောဝမီးပွိုင့်ရှိ စစ်တပ်ဘန် ကာအား ယမန်နေ့(ဖေဖော်ဝါရီ ၁၈)နံနက် ၄ နာရီ ၃၃ မိနစ်ခန့်တွင် URF ၏နည်းပညာအကူအညီဖြင့် အဝေးထိန်းမိုင်းနှင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

"(စစ်ကောင်စီတပ်သားများ)ကြိမ်းသေထိခိုက်မယ်။ သေမသေတော့ မသိရသေးပါဘူး။ ဖြိုတာက ဘန်ကာကိုဗျ။ C4 သုံးထားတာ၊ ထည့်တာနည်းသွားလို့ မဖြိုလိုက်နိုင်ဘူး"ဟု MUPDF မှ တပ်ဖွဲ့တာဝန်ခံ စ​နေက People's Spring သို့ ပြောသည်။

အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သော စစ်တပ်နှစ်ထပ်ဘန်ကာတွင် အပေါ်ထပ်၌ စစ်ကောင်စီတပ်သားသုံးဦး
ခန့်ရှိပြီး ဘန်ကာအောက်ဘက် သဲအိတ်များအကာ အကွယ်ယူထားသည့်နေရာတွင် စစ်ကောင်စီတပ်သားသုံးဦးခန့်ရှိကာ ထိခိုက်မှုရှိနိုင်ကြောင်း၎င်းကရှင်းပြသည်။

"မနေ့က မနက်အစောပိုင်းပေါက်တောဝဘက်မှာပေါက်ကွဲသံ တစ်ချက် အကျယ်ကြီး ကြားလိုက်ရတယ်။ မီးပွိုင့်နားက ဘန်ကာမှာ ပေါက်တာလို့တော့ ကြားတယ်။အဲ့မှာကစစ်သားတွေတော့ အမြဲစောင့်နေတာ တွေ့ရတယ်။ လူထိခိုက်မှု ရှိ၊ မရှိ တော့ မသိပါဘူး " ဟု အင်းစိန်မြို့နယ်နေပြည်သူတစ်ဦးကပြောသည်။

ယနေ့ (​ဖေ​ဖော်ဝါရီ ၁၉ )နံနက်ပိုင်းတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် အင်းစိန်မြို့နယ် ပေါက်တောဝ၊ ရွာမ၊ ဒညင်းကုန်း၊ ဖော့ကန်ရပ်ကွက် တို့၌ စစ်ကောင်စီဝင်ကားများ ကင်းလှည့်လည်နေကြောင်းဒေသခံအချို့ကပြောသည်။

ယခုစစ်ရေးတိုက်ခိုက်မှုသည် Myanmar Underground People Defense Force - MUPDF ၏ ပြည်သူသို့အသိပေးသော (၅)ပွဲမြောက် စစ်ရေးတိုက်ခိုက်မှုဖြစ်ပြီး ယင်းတိုက်ခိုက်မှုများအနက် ရွှေပေါက္ကံမြို့သစ်၊ တောင်ငူလမ်း၊ ဘောလုံးကွင်းအနီးရှိ စစ်ကောင်စီတပ်စခန်းတစ်ခုအား RPG ဖြင့် ပစ်ခတ်နိုင်ခဲ့သည့်လှုပ်ရှားမှုမှာ အားအရဆုံးဖြစ်ကြောင်း MUPDF က People's Spring အား ရှင်းပြသည်။

"တော်လှန်ရေးဟာ အောင်ကိုအောင်ရမယ်ဆိုတဲ့အောင်စိတ်ထားပေးကြဖို့နဲ့။တော်လှန်ရေးရဲဘော်တွေအဖွဲ့အစည်းတွေနဲ့ယခုထပ်ပို နားလည်မှုရှိစွာ၊ယုံကြည်မှုရှိစွာ လက်တွဲကြဖို့မေတ္တာရပ်ခံချင်ပါတယ်ခင်ဗျာ။ကျွန်တော်တို့ MUPDFရဲ့ ပြည်သူတွေအပေါ်ထားတဲ့ သဘောထားကလဲ။ပြည်သူသာလျှင် အဓိကပါပဲ။ဒါကြောင့်ပြည်သူတွေရဲ့ရှေ့မှာအမြဲ
ရပ်တည်သွားမှာပါ။ အမြဲကာကွယ်သွားမှာပါ "ဟု စ​နေက​ပြောသည်။

ပြည်သူများအနေဖြင့်လည်းစစ်​ကောင်စီတပ်၏ကင်းစခန်းများ ဂိတ်များကို ဝေးရာမှ ရှောင်ကျဥ်သွားကြရန်လည်း  MUPDFက​မေတ္တာရပ်ခံသည်။

ဖေဖော်ဝါရီ ၁၂ ရက်နေ့ညပိုင်းကလည်း အင်းစိန်ပန်းခြံအနီး ကျယ်လောင်သည့် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး အလားတူ ယခုလအတွင်း အင်းစိန်ရွာမအုပ်ချုပ်ရေးမှူးရုံး ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရသေးသည်။

(ရတ်ကုန်မြို့ရှိ စစ်​ကောင်စီ၏ ဘန်ကာတစ်ခု။ဓါတ်ပုံ-CJ)



ဆက်ဖတ်ရန် →
ခြောက်ဆယ်ကြီးက ခြောက်ဆယ်ပေါက်စလေးကို မွေးဖွား သန့်စင်

ခြောက်ဆယ်ကြီးက ခြောက်ဆယ်ပေါက်စလေးကို မွေးဖွား သန့်စင်

သူကိုတော့နာမည်ပေးထားတယ်
#ကွန်မန်ဒိုတိုက်စစ်မှူး လေးပါ
သူလေးကိုတော့ ပြုပြင်ထိမ်းကြောင်းမွန်းမံရအုန်းမှာပေါ့
304 <> 814
 TIGER FIGHTERS ထုပ်လုပ်ရေးတပ်နည်းပညာစုဖွဲ့မှု့အင်အားစု




















ဆက်ဖတ်ရန် →
 အပစ်ရပ်ပြီး ငြိမ်းချမ်းရေးစကားပြောရမည့်အချိန်မဟုတ်ဟု  အမေရိကန်က ပြော

အပစ်ရပ်ပြီး ငြိမ်းချမ်းရေးစကားပြောရမည့်အချိန်မဟုတ်ဟု အမေရိကန်က ပြော

“ယူကရိန်း ရုရှားလက်ရှိအနေအထားသည် အပစ်ရပ်ပြီး ငြိမ်းချမ်းရေးစကားပြောရမည့်အချိန်မဟုတ်ဟု  အမေရိကန်က ပြော”
၁၈/၂ Burma News network 

ယူကရိန်းနဲ့ရုရှားအပစ်ရပ်ပြီး ငြိမ်းချမ်းရေးလုပ်ဖို့ အဆိုပြုတင်ပြမယ်ဆိုတဲ့ တရုတ်အစိုးရရဲ့အပြောအပေါ် သံသယရှိတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီ ဘလင်ကန်က ပြောလိုက်ပါတယ်။ 

လက်ရှိအနေအထားမှာ အပစ်ရပ်ဖို့ပြောဆိုနေတာဟာ ရုရှားကိုအနားရဖို့ နောက်ထပ် ထိုးစစ်တွေဆင်နွဲဖို့ လက်နက်နဲ့လူအင်အားပြန်လည်စုစည်းဖို့ အချိန်ပေးဖို့ပဲ ဖြစ်မယ်လို့ ဘလင်ကန်က ဆိုပါတယ်။ လောလောဆယ် စစ်မြေပြင်မှာ ရုရှားတွေအခြေအနေမကောင်းဘူးဆိုတာကို ပူတင်က သိနေသလို ရုရှားတပ်တွေအတွက် လိုအပ်ချက်တွေဖြည့်ဆီးပြင်ဆင်ဖို့အချိန်လိုတယ်ဆိုတာကိုလည်း ပူတင်က ကောင်းကောင်းသဘောပေါက်နေတယ်လို့ ဘလင်ကန်ကပြောပါတယ်။ 

အပစ်ရပ်ပြီးဆွေးနွေးဖို့ပြောနေပေမဲ့ သိမ်းပိုက်ထားတဲ့ယူကရိန်းနယ်မြေတွေနဲ့ပတ်သက်လို့ ဘယ်တော့မှ ဆွေးနွေးမှာမဟုတ်ဘူးဆိုတဲ့ ပူတင်ရဲ့အပြောကို  အားလုံးမမေ့ဖို့လိုတယ်လို့လည်း ဘလင်ကန်က ဆိုပါတယ်။ သိမ်းပိုက်ခံနယ်မြေတွေ ပြန်မရသရွေ့ ယူကရိန်းမှာ ရေရှည်ခိုင်မြဲမဲ့ ငြိမ်းချမ်းရေးမရနိုင်ဘူးလို့လည်း ဘလင်ကန်က ပြောပါတယ်။ ပူတင်ရဲ့ရည်ရွယ်ချက်ဟာ အပစ်ရပ်ပြီး အင်အားစု လက်နက်စုပြီး နောက်တကြိမ်တိုက်ပွဲတွေ ဖန်တီးဖို့ပဲ ဖြစ်တာမို့  လက်ရှိအနေအထားမှာ အပစ်ရပ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးကြဖို့ ပြောတာတွေဟာ လက်ခံနိုင်စရာမရှိဘူးလို့  ဘလင်ကန်က ပြောသွားပါတယ်။  

ဂျာမနီနိုင်ငံ မြူးနစ်မြို့မှာ ကျင်းပနေတဲ့ နိုင်ငံတကာလုံခြုံရေးညီလာခံမှာ တရုတ်ကိုယ်စားလှယ်ဖြစ်တဲ့ ကွန်မြူနစ်ပါတီဗဟိုကော်မတီနိုင်ငံခြားရေးမူဝါဒအကြံပေးနဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဝမ်ယီက ရုရှားနဲ့ယူကရိန်းနှစ်နိုင်ငံ အပစ်ရပ်ပြီး ဆွေးနွေးအဖြေရှာနိုင်မဲ့ ငြိမ်းချမ်းရေးအဆိုပြုချက်တင်ပြဖို့ အသင့်ရှိနေပြီလို့ပြောဆိုခဲ့တဲ့အပေါ်ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ဝေဖန်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ 

ရုရှားကျူးကျော်စစ်မှာ ယူကရိန်းတွေပဲ အနိုင်ရရှိမယ်ဆိုတာကို ရာနှုံးပြည့်ယုံကြည်လက်ခံထား သလို ယူကရိန်းကို ဆက်လက်ကူညီမယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီဘလင်ကန်က ပြောသွားပါတယ်။


ဆက်ဖတ်ရန် →
ရေးတံတားကြီးစစ်ဆေးရေးဂိတ်ကို PDF တိုက်ခိုက်

ရေးတံတားကြီးစစ်ဆေးရေးဂိတ်ကို PDF တိုက်ခိုက်


ဧရာဝတီ၊ ဖေဖော်ဝါရီ ၁၉၊ ၂၀၂၃

မွန်ပြည်နယ် တောင်ပိုင်း၊ ရေး -ထားဝယ် ကားလမ်းမပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းချထားသော ရေးတံတားကြီးစစ်ဆေးရေးဂိတ်ကို ယနေ့ မနက် ၇ နာရီ ၁၅ မိနစ်ဝန်းကျင်တွင် ရေးဘီလူး ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ရေးဘီလူး ပြည်သူ့ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင် ရေးဘီလူးက " တိုက်ပွဲကတော့ ၁ နာရီလောက် အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့တယ်။ အောင်အောင်မြင်မြင် တိုက်ခိုက်ပြီး ဆုတ်ခွာနိုင်ခဲ့တယ်။ တပ်ဖွဲ့ဝင် ၃ ဦး ဒဏ်ရာရရှိခဲ့တယ် " ဟု ဧရာဝတီသို့ ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဆုတ်ခွာသွားပြီးနောက် စစ်ကောင်စီဘက်က တိုက်ပွဲဖြစ်ပွားရာ ပတ်ဝန်းကျင်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သလို ပြည်သူတဦးကိုလည်း ပစ်သတ် လိုက်ကြောင်း  ၎င်းက ဆိုသည်။

၎င်းက ဆက်လက်၍ " တိုက်ပွဲဖြစ်ပြီး နေ့လည်ပိုင်းလောက်မှာ ခွေး(စစ်ကောင်စီတပ်)တွေက ပြည်သူတဦးကို ပစ်သတ်လိုက်တာရှိတယ်။ အဲဒါကို ဝါဒဖြန့်ပြီးတော့ ကျနော်တို့ဘက်က ၁ ဦးကျသွားပြီဆိုပြီး ရေးနေတာရှိတယ်။ ကျနော်တို့ ယူနီဖောင်းတွေနဲ့ စစ်တိုက်ကြတာ၊ အခုသေသွားတဲ့ အလောင်းက အပြင်ဝတ်စုံနဲ့ ဖြစ်တယ် " ဟု ပြောသည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အထိအနာပြီး ၁၅ ဦးဝန်းကျင် ကျဆုံးခဲ့ကြောင်း ရေး ဘီလူး ပြည်သူ့ကာကွယ်ရေးအဖွဲ့ ထံမှ သိရသော်လည်း ဧရာဝတီမှ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

ပုံစာ- မွန်ပြည်နယ် တောင်ပိုင်း၊ ရေး -ထားဝယ် ကားလမ်းမပေါ်တွင် ယနေ့ မနက်ပိုင်း တိုက်ခိုက်မှုမြင်ကွင်း/ရေး ဘီလူး 

#WhatsHappeningInMyanmar
#RejectMilitaryCoup








ဆက်ဖတ်ရန် →
မြန်မာခရိုနီ ထွန်းမင်းလတ်နှင့် ထိုင်းလွှတ်တော်အမတ်အကြား နက်နက်ရှိုင်းရှိုင်း ပတ်သက်နေကြောင်း ပေါ်ထွက်လာ

မြန်မာခရိုနီ ထွန်းမင်းလတ်နှင့် ထိုင်းလွှတ်တော်အမတ်အကြား နက်နက်ရှိုင်းရှိုင်း ပတ်သက်နေကြောင်း ပေါ်ထွက်လာ



By မဇ္ဈိမ/ Prachatai 19 February 2023

ဖေဖော်ဝါရီလ ၁၉ ရက်

မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်နီးစပ်သည့် ဆက်ဆံရေးရှိသူ မြန်မာခရိုနီလက်နက်ပွဲစားထွန်းမင်းလတ်နှင့် မိမိအကြား ပတ်သက်ဆက်နွယ်မှု မရှိကြောင်း ထိုင်းလွှတ်တော်အမတ် ဥပါကစ် ပချာရီယန်ကွန်းက လူသိရှင်ကြား ထပ်တလဲလဲ ငြင်းဆန်ခဲ့သော်ငြား ယခုအခါ ၎င်းနှင့် ထွန်းမင်းလတ်အကြား စီးပွားရေးဆက်ဆံပတ်သက်မှုများက မကြာသေးခင်က ပါလီမန်ဆွေးနွေးမှုတစ်ခုအတွင်း ပေါ်ထွက်လာခဲ့ကြောင်း ထိုင်းအွန်လိုင်းသတင်းဌာန Prachatai က ဖော်ပြသည်။

၂၀၂၃ ဖေဖေါ်ဝါရီ ၁၅ ရက် ပါလီမန်အစည်းအဝေးတစ်ခုအတွင်း ရှေ့သို့လှမ်းချီပါတီ (MFP) မှ လွှတ်တော်အမတ် ရန်ဆီမန် ရိုမီက ယခုကိစ္စကိုထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။ လွှတ်တော်၌ ပြောဆိုစဉ် ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာသည် အကျင့်ပျက် ပုဂ္ဂိုလ်များနှင့် ရောနှောပတ်သက်နေကြောင်းနှင့် မူးယစ်ဆေးနှင့် ဆက်စပ်သည့် ကိစ္စရပ်များကိုစနစ်တကျ ကိုင်တွယ်ပါ့မည်ဆိုသည့်ကတိကဝတ်ကို လျစ်လျူရှုထားကြောင်း၎င်းစွပ်စွဲသည်။

ထိုင်းအထက်လွှတ်တော်အမတ် ဥပါကစ်သည် ထိုင်းနိုင်ငံ အခြေစိုက် Allure Group (P&E) Co Ltd ၏တည်ထောင်သူနှင့် အဓိကရှယ်ယာရှင်ဟောင်း ဖြစ်ရုံတင်မကဘဲ Myanmar Allure ကို ထွန်းမင်းလတ်နှင့်အတူ ပူးတွဲတည်ထောင်သူဖြစ်ကြောင်း ရန်ဆီမန်က ပြောသည်။ ထို့ပြင် ဥပါကစ်၏ သားမက် ဒင်းန် ယန်း ဂူလ်တူလာသည်လည်း ထိုကုမ္ပဏီနှစ်ခုစလုံး၏ ဘုတ်အဖွဲ့ဝင်နှင့် ရှယ်ယာရှင်ဟောင်းတစ်ဦးဖြစ်သည်ဟု ဆိုသည်။

ထိုင်းနိုင်ငံတွင် ထွန်းမင်းလတ်နှင့် ဒင်းန် အပြင် “P” နှင့် “N” ဆိုပြီး ရည်ညွှန်းပြောဆိုသည့် အခြားလူပုဂ္ဂိုလ်နှစ်ဦးတို့အပေါ် လက်ရှိတွင် တရားရုံးတစ်ခု၌တရားစွဲဆိုထား

သည်။ Allure Group (P&E) ကို အသုံးပြုပြီး လျှပ်စစ်ဝယ်ယူမှုများမှတစ်ဆင့် မူးယစ်ဆေးငွေကြေးများကို ခဝါချရန် လုပ်ဆောင်မှုအတွက် တရားစွဲဆိုထားခြင်းဖြစ်သည်။

ထို လေးဦးသည် လက်ရှိတွင် ထိုင်းအကျဉ်းထောင်

တစ်ခု၌ ထိန်းသိမ်းခံထားရသည်။

ရန်ဆီမန်က ပြင်ပသို့ ပေါက်ကြားလာသည်ဆိုသော ထိုင်းလွှတ်တော်အမတ်နှင့် အမှုနှင့် သက်ဆိုင်ပတ်သက်သူများ

အကြား အွန်လိုင်း စကားအဆက်အသွယ်ပြောဆိုမှုများ ဆိုသည်ကို ပြသသည်။ ယင်းတွင် ဥပါကစ်ကAllure P&E ကို မှတ်ပုံတင်ရန် “P” ကို ညွှန်ကြားခဲ့သည်ဆိုသည့် ပြော

ဆိုချက်တစ်ခုကို တွေ့ရသည်။ နောက်ထပ် အွန်လိုင်း စကားအဆက်အသွယ်ပြောဆိုမှုတစ်ခုအရလည်း နောက်ပိုင်းတွင် “P” က ဥပါကစ်ထံ ကုမ္ပဏီ၏ဘဏ္ဍာရေး အစီရင်ခံစာနှင့်အတူ ၎င်း၏ ရှယ်ယာဝင်ငွေဆိုင်ရာ အချက်အလက်များကို ပေးပို့ခဲ့သည်ဆိုသည်ကိုပြသနေသည်။

ဥပါကစ်ထံ ပေးပို့သည့် မက်ဆေ့ချ်များတွင် “P” က ထိုင်းလွှတ်တော်အမတ်ကို “ဘော့စ်” ဟု သုံးနှုန်းထားသည်။ထို့ပြင် ထိုင်းလွှတ်တော်အမတ်သည် ကုမ္ပဏီ၏ လိုဂိုဒီဇိုင်းကိစ္စမှစပြီး ရုံးများ၏ တည်နေရာအထိ ကိစ္စအမျိုးမျိုးတွင် ပါဝင်ပတ်သက်နေခဲ့ကြောင်းကို ပေါက်ကြားလာသည့် အွန်လိုင်းစကားပြောဆိုမှုများအရ သိရသည်။

“P” က သူမသည် အခြားသူများအတွက် အမည်ခံတစ်ဦးအဖြစ် ကုမ္ပဏီတွင် ရှယ်ယာများ ထိန်းထားခြင်းဖြစ်သည်ဟု အထူးစုံစမ်းစစ်ဆေးရေးဌာန (DSI) ကို ပြောခဲ့ကြောင်း ရန်ဆီမန်က ပြောသည်။

အခြားသော ပေါက်ကြားမှုတစ်ခုအရ ထွန်းမင်းလတ်က ယခုအမှုတွင် ပါဝင်သည့် နောက်ထပ် တရားခံတစ်ဦးဖြစ်သော “N” ကို ကုမ္ပဏီဘုတ်အဖွဲ့ဝင်တစ်ဦးအဖြစ် ခန့်ထားရန် ဥပါကစ်ကို ပန်ကြားခဲ့ကြောင်းကို ပြသနေသည်။ထို့ပြင် ထွန်းမင်းလတ်သည် ဥပါကစ်ထံ ၎င်း၏ အမည်ပြောင် “Ou” ကိုသုံးပြီး လျှပ်စစ်ဝယ်ယူမှုအတွက် ဘဏ်ဖြတ်ပိုင်းများကို ပေးပို့ခဲ့သည်။

ထို့ပြင် Allure Group ၏ အခြားသော အဓိကရှယ်ယာရှင်ဖြစ်ပြီး လက်ရှိအချိန်တွင် ဖမ်းမမိသေးသည့် အွန်လိုင်းလောင်းကစားသူဌေး ပန်နာရောင် ခွန်ပီတက်ခ်၏ လက်မှတ်ကို အတုလုပ်ရန် ဥပါကစ်က ထွန်းမင်းလတ်ကို ပြောခဲ့ကြောင်း ရန်ဆီမန်က ထုတ်ဖော်သည်။ ဥပါကစ်သည် ထိုအွန်လိုင်းဆက်သွယ်ပြောဆိုမှုတွင် ပန်နာရောင်၏ ပတ်စ်ပို့မိတ္တူတစ်ခုကို တွဲပို့ပေးခဲ့ပုံရသည်။

ထို အွန်လိုင်း စကားအဆက်အသွယ်များသည် ဥပါကစ် အထက်လွှတ်တော်အမတ် ဖြစ်နေခဲ့ပြီးဖြစ်သည့်၂၀၂၀-၂၁ ကာလတွင် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ရန်ဆီမန်က မှတ်ချက်ပြုသည်။ ထိုကဲ့သို့ ရန်ဆီမန်၏ ပြောဆိုချက်အရ ဥပါကစ်သည် ၂၀၁၉ ခုနှစ်က လွတ်တော်အမတ်နေရာကို မရယူခင် ကုမ္ပဏီမှ ထွက်ခွာထားကြောင်းကိုပြသနေသည့် ကော်ပိုရိတ် မှတ်တမ်းအပေါ် စိန်ခေါ်နေသည်။

 ထို အွန်လိုင်း စကားအဆက်အသွယ်များအပြင် ရန်ဆီမန်သည် ဥပါကစ်ကို ဖမ်းဝရမ်းထုတ်ရန် ရာဇဝတ်မှုတရားရုံးတစ်ခု၏ ဆုံးဖြတ်ချက်ကို ပယ်ချသည့် ၂၀၂၂ အောက်တို

ဘာ ၃ ရက် တရားရုံးအမိန့်ညွှန်ကြားချက်တစ်ရပ်ကိုပါ တင်ပြခဲ့သည်။ ထွန်းမင်းလတ်နှင့် အမှုတွင် ပါသည့် အ

ခြားသော တရားခံများသည် စက်တင်ဘာလက ဖမ်းဆီးခြင်းခံခဲ့ရသည်။

ဖမ်းဝရမ်းကို မနက်ပိုင်းတွင် ထုတ်ပြန်ခဲ့ပြီး နေ့လည်ခင်းတွင် ပြန်ရုပ်သိမ်းခဲ့သည်။ ဥပါကစ်သည် ဖမ်းဆီးမခံရသင့်ဘဲ ဆင့်ခေါ်သင့်သည့် “အရေးကြီး ပုဂ္ဂိုလ်တစ်ဦး” ဖြစ်သည့်အတွက်ကြောင့်ဆိုပြီး အကြောင်းပြချက် ထွက်ပေါ်ခဲ့ကြောင်း ရန်ဆီမန်က ပြောသည်။

ဥပါကစ်၏ ဖမ်းဝရမ်းကို အလျင်အမြန် ပြန်ရုပ်သိမ်းထားခဲ့သည် ဆိုသည့် ပရာချာထိုင်းနှင့် စနစ်တကျ စီစဉ်သောရာဇဝတ်မှုနှင့် အကျင့်ပျက်ခြစားမှု အစီရင်ခံရေး ပရောဂျက် (OCCRP) တို့၏ ၂၀၂၂ အောက်တိုဘာလ တွေ့ရှိချက်များကို ထုတ်ပြန်ချက်က ထပ်လောင်း အတည်ပြုသည်။

၁၉၉၉ ခုနှစ်က မြန်မာနယ်စပ်မြို့ တာချီလိတ်အနီး Allure Resort အပန်းဖြေနေရာတစ်ခုကို ဥပါကစ်တည်ဆောက်စေနိုင်ရန် ထွန်းမင်းလတ်၏ ဖခင်က ကူညီပေးခဲ့ကြောင်း Justice for Myanmar ၏ အစီရင်ခံစာတစ်ရပ်ကို ရန်ဆီမန်က ကိုးကားပြောသည်။ အဆိုပါ အပန်းဖြေနေရာတွင် ကာစီနိုရုံတစ်ခုနှင့် ဖျော်ဖြေရေးနေရာတစ်ခုတို့ ပါဝင်သည်။ ယင်း၏ ဝင်ငွေ၏ ၆ ရာခိုင်နှုန်းသည် မြန်မာစစ်တပ်ထံ တိုက်ရိုက် ပျံ့နှံ့စီးဝင်စေခဲ့သည်။အဓိကအားဖြင့် ဥပါကစ်၏ စီးပွားရေးလုပ်ငန်းများက မြန်မာစစ်တပ်ကို အကျိုးဖြစ်ထွန်းစေခဲ့သည်။

ဥပါကစ်၏ မရှင်းမရှင်းဖြစ်သော စီးပွားရေးလုပ်ငန်းကိစ္စများအကြောင်း ထုတ်ဖော်ပြီးနောက် MFP အမတ်သည်ဥပါကစ် ပိုင်ဆိုင်သော ဘန်ကောက်ရှိ Ari soi 5 ရှိ မြေ

ကွက်တစ်ကွက်အကြောင်း ဆက်လက် ဆွေးနွေးပြောဆိုသည်။ ယင်းမြေကွက်သည် လက်ရှိတွင် Ruam Thai Sang Chart ပါတီရုံးနေရာ ဖြစ်နေပြီး ယင်းသည် ဗိုလ်ချုပ်ကြီး ပရာယွတ် တရားဝင် ပူးပေါင်းပါဝင်ထားသည့် အသစ်ထူထောင်သော အဖွဲ့အစည်းတစ်ခုဖြစ်သည်။

ဗိုလ်ချုပ်ကြီး ပရာယွတ် သို့မဟုတ် ၎င်း၏ ရောင်းရင်းမိတ်ဆွေ ဗိုလ်ချုပ်ကြီး ပရာဝစ် ဝေါင်ဆုဝမ် ဦးဆောင်သောဆိနိတ်လွှတ်တော် ရွေးချယ်ရေး ကော်မတီက ဥပါကစ်၏ လုပ်ဆောင်ချက်များနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများကို နှောင့်ယှက်ခဲ့သလား ဆိုပြီး ရန်ဆီမန်က မေးခွန်းထုတ်သည်။ ၎င်းတို့သည် ဥပါကစ်၏ စီးပွားရေးလုပ်ငန်းကို သိရုံသာမကဘဲ ၎င်းတို့ အာဏာဆက်မြဲစေရေး ဥပါကစ်က အကူအညီပေးနိုင်ရန် အလို့ငှာ ၎င်းကို နိုင်ငံရေးတွင်အခန်း ကဏ္ဍတစ်ခု ပေးထားခဲ့သည်ဟု ရန်ဆီမန်က မှန်းဆ ပြောဆိုသည်။

“ဒီလောက် များပြားတဲ့ ပုံမှန် မဟုတ်တဲ့ အခြေအနေတွေ တိုက်တိုက်ဆိုင်ဆိုင် ပေါ်ထွက်နေမှုအရဆိုရင် ဒီလွှတ်တော်အမတ်ကို တရားစွဲဖို့ အားထုတ်မှုတိုင်းက တားဆီးခံရလိမ့်မယ် ဆိုတာကို ရှင်းရှင်းလင်းလင်းအချက်ပြနေတယ်။ အဲဒီလို ပူးပေါင်းချိတ်ဆက်လုပ်ဆောင်မှုတွေက ကန့်လန်ကာ နောက်ကွယ်က ကြိုးကိုင်ခြယ်လှယ်မှုတွေကို ပြသနေသည်။ လွှတ်တော်အမတ် ‘Ou’ ဆီကနေ ကာလကြာ အကျိုးဖြစ်ထွန်းရရှိထားတဲ့သူ၊ သူ့ကို ဆက်ပြီးအသုံးချချင်တဲ့သူကတော့ ဗိုလ်ချုပ်ကြီး ချန်အိုချာပါပဲ”

“ဆိုတော့ ရှင်းရှင်းလင်းလင်း ဖြစ်နေတာက ဥပါကစ်ကို လွှတ်တော်အမတ်တစ်ဦးအဖြစ် ဗိုလ်ချုပ်ကြီး ပရာယွတ်ရဲ့ခန့်အပ်မှုက သူ့အတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်။ အဲဒါက သူ့ကို ဝန်ကြီးချုပ်အဖြစ် အမည်စာရင်းသွင်းမှုအတွက် မဲပေးမှုနဲ့ အကူအညီဖြစ်စေရုံတင်မကဘဲ အဲဒါက ပါတီသစ် 

တည်ထောင်ဖို့ အကူအညီဖြစ်စေပါလိမ့်မယ်။ ဒီတော့ Ruam Thai Sang Chart ပါတီက မြေနေရာနဲ့အဆောက်အအုံကို ငှားဖို့ စာချုပ်ချုပ်ခဲ့သလား၊ မချုပ်ခဲ့ဘူးလားဆိုတာနဲ့ပတ်သက်လို့ ဗိုလ်ချုပ်ကြီး ပရာယွတ်အနေနဲ့ ရှင်းပြစေချင်ပါတယ်။ တကယ်လို့ ဟုတ်တယ်ဆိုရင် ဘယ်လောက်နဲ့ ချုပ်တာလဲ။ ဒါမှမဟုတ် အဲဒါကရက်ရောမှု လုပ်ရပ်တစ်ခုလား၊ အလကား ငှားရမ်းမှုလား” ဟု ရန်ဆီမန်က မေးခွန်းထုတ်သည်။

Prachatai ၏ ခွင့်ပြုချက်ဖြင့် ဖော်ပြသည်။

ဤဆောင်းပါပါ အမြင်များသည် မဇ္ဈိမ မီဒီယာဂရု(ပ်) ၏ အမြင်များကို ထင်ဟပ်မှု မရှိပါ။

ဆက်ဖတ်ရန်

ထွန်းမင်းလတ်နှင့်ဥပကစ်ကွင်းဆက်အပါအဝင်နောက်ဆက်တွဲများ

ဆက်ဖတ်ရန် →