နောက်ဆုံးရ
လုံခြုံရေးဖြင့်သာ သွားလာသည့် သန်လျင်အောင်ချမ်းသာအုပ်ချုပ်ရေးမှူးမြင့်န်ိုင်အား သန်လျင်(ပ.က.ဖ)မှ ၎င်း၏နေအိမ်အတွင်းသို့ ၀င်ရောက် ပစ်ခတ်ရှင်းလင်း

လုံခြုံရေးဖြင့်သာ သွားလာသည့် သန်လျင်အောင်ချမ်းသာအုပ်ချုပ်ရေးမှူးမြင့်န်ိုင်အား သန်လျင်(ပ.က.ဖ)မှ ၎င်း၏နေအိမ်အတွင်းသို့ ၀င်ရောက် ပစ်ခတ်ရှင်းလင်း

ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၈ ရက်
ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ အောင်ချမ်းသာရပ်ကွက်၏ တွဲဘက်ဥက္ကဋ္ဌမြင့်နိုင်ဆိုသူကို ယမန်နေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့ ညပိုင်းက ၎င်း၏နေအိမ်ထဲထိ ၀င်ရောက်၍ သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း မြို့နယ်နေထိုင်သူ များ၏ ပြောပြချက်အရ သိရသည်။
ယမ‌န်နေ့ ဖေဖော်ဝါရီ ၇ ရက် ည ၁၁ နာရီအချိန်ခန့်တွင် အောင်ချမ်းသာရပ်ကွက် တွဲဘက်ဥက္ကဋ္ဌ၊ ရေတပ်မှ တပ်ကြပ်ကြီးဟောင်း(စစ်မှုထမ်းဟောင်း) မြင့်နိုင်ဆိုသူအား သန်လျင်(ပ.က.ဖ)အဖွဲ့မှ နေအိမ်အတွင်းသို့ ဝင်ရောက်ကာ သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"မြင့်နိုင်က ရပ်ကွက်ထဲမှာရှိတဲ့ ခြံလွတ်တွေကို ရောင်း စားတယ်။ အနိုင်ကျင့်တာပေါ့ဗျာ။ CDM ၀န်ထမ်းတွေကိုလည်း ဖမ်းခိုင်းတယ်။ သူ့ကြောင့် ဖမ်းခံရတဲ့သူတွေ မနည်းဘူး။ ရပ်ကွက်ထဲက လူငယ်တွေ၊ ကလေး တွေကို PDF ဆိုပြီး စစ်တပ်ကိုခေါ်ပြီးတော့ ညတိုင်း ၀င်ဖမ်းခိုင်းတာ။ ရှေ့ရက်တွေကတင် ၀င်စစ်တာမကြာသေးဘူး။ လမ်းထဲလည်း စစ်တပ်က လုံခြုံရေး ပေးထားတာ သူ့ကို။ အပြင်သွားရင် လုံခြုံရေးတွေမပါဘဲ မသွားရဲဘူး။ ခုတော့ အိမ်ထဲထိ၀င်သတ်သွားတာ ၀မ်းသာတယ်ဗျာ"ဟု သန်လျင်မြို့နယ်မှ  အသက် ၅၀ ဝန်းကျင်အရွယ်ရှိ အမျိုးသားတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
သေဆုံးသူမှာ  အောင်ချမ်းသာရပ်ကွက်နေပြည်သူများကို အနိုင်ကျင့်ဖမ်းဆီးမှုများပြုလုပ်နေခြင်းကြောင့် ရှင်းလင်းခဲ့ကြောင်းကို သန်လျင်(ပ.က.ဖ)မှ ပြောသည်။
"မြင့်နိုင်က စစ်သား၊ ရဲတွေနဲ့ အမြဲသွားလာနေတာ။ ပူးတတွဲတွဲနေတာ။ သူ့ကိုပစ်မှတ်ထား စောင့်ကြည့်နေတာ ကြာပြီ"ဟု သန်လျင်(ပကဖ)စစ်ဆင်ရေးတာ၀န်ခံမှ ပြောသည်။
၎င်းမှာ ရေတပ်မှ တပ်ကြပ်ကြီးဟောင်းဖြစ်ပြီး လက်ရှိတွင် ရပ်ကျေးတွဲဘက်ဥက္ကဋ္ဌအဖြစ်လုပ်ဆောင်နေသူဖြစ်ကြောင်း စစ်ကောင်စီတပ်၏ လုံခြုံရေးဖြင့်သာ ​အပြင်ထွက်လေ့ရှိကြောင်း ဒေသခံများ၏ ပြောဆိုချက်များအရ သိရသည်။
#လုံခြုံရေး #သန်လျင် #အောင်ချမ်းသာ #အုပ်ချုပ်ရေးမှူး #ပကဖ 
#Ayeyarwaddy_Times



ဆက်ဖတ်ရန် →
မိန်းမခိုးပြေးလာသည်ဟု ဟန်ဆောင်ကာ လာရောက်စုံစမ်းသည့် စစ်ကောင်စီထောက်လှမ်းရေး ၃ ဦးကို ဖမ်းဆီးရရှိ

မိန်းမခိုးပြေးလာသည်ဟု ဟန်ဆောင်ကာ လာရောက်စုံစမ်းသည့် စစ်ကောင်စီထောက်လှမ်းရေး ၃ ဦးကို ဖမ်းဆီးရရှိ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်တပ်ရင်း(YRA)၏ စစ်ဆေးရေးဂိတ်တွင် မိန်းမခိုးပြေးလာသော အရပ်သားများအဖြစ် ဟန်ဆောင်လာသူ စစ်ကောင်စီတပ်သားများကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ 
YRA ထီးလင်း၏ စစ်ဆေးရေးဂိတ်တစ်ခုတွင် မသင်္ကာဖွယ်လူသုံးဦး(လက်နက်မပါ)အား တွေ့ရှိရသဖြင့် စစ်ဆေးမေးမြန်းရာ အမျိုး သားနှစ်ဦးမှာ ထီးလင်းမြို့ပေါ်အထိုင်ချနေသော ခလရ ၅၅ မှ စစ် ကောင်စီတပ်သားများဖြစ်ပြီး ကျန်အမျိုးသမီးတစ်ဦးမှာ ပျူစောထီးဖြစ်ကြောင်း သိရသည်။
ဒါ့အပြင် မိန်းမခိုးပြေးလာသောအရပ်သားများအဖြစ် ဟန်ဆောင်လာသော စစ်ကောင်စီထောက်လှမ်းရေးများဖြစ်ကြောင်း သိရပြီး နိုင်ငံတကာစစ်ဥပဒေနှင့်အညီ ထိန်းသိမ်းထားရန်ခေါ်ဆောင်လာစဥ် ရုတ်တရက်ထွက်ပြေးရန်ကြိုးစားကြသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရသည်ဟု သိရသည်။
#TachileikNewsAgency
Photo - Yaw Revolution Army-ထီးလင်း


ဆက်ဖတ်ရန် →
ဇေယျာသော်ချစ်ချစ် တီဇင် ရောင်းတဲ့ #Nitric_Forever  🔥Limited Edition လေးတွေအားပေးကြပါ

ဇေယျာသော်ချစ်ချစ် တီဇင် ရောင်းတဲ့ #Nitric_Forever 🔥Limited Edition လေးတွေအားပေးကြပါ

#Nitric_Forever
🔥Limited Edition 
❤️ Special Price For PDF 💪
T-shirt Fundraising အစီအစဉ်စတင်ပြီးနောက် ချက်ချင်းလာဝယ်ကြပြီး 
ဝယ်ယူနှုန်းအများဆုံးဟာ မြန်မာပြည်တွင်းမှ 
တော်လှန်ပြည်သူများ တော်လှန်ရဲဘော်များပဲ ဖြစ်ပါတယ် 
တော်လှန်ရေးအပေါ်အားမလျော့ကြပဲ ခက်ခဲပင်ပန်းနေတဲ့အချိန်မှာတောင် နိုင်ရာဝန်ကိုထမ်းဆောင်ကြရင်း
 ရှိတဲ့အင်အားနဲ့ရအောင်ထောက်ပို့ကြတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်
🔥နောက်ထပ်အစီအစဉ်သစ်တခုကတော့ 
ပြည်သူ့ရဲဘော် PDF များအတွက် အထူးစျေးနှုန်း (၄၀၀၀၀-/)ကျပ်ဖြင့်ရောင်းချပေးသွားမှာဖြစ်ပါတယ် 💪❤️
စစ်အာဏာရှင်တော်လှန်ရေးမှာ တိုင်းပြည်အတွက် အသက်စွန့်ကာကွယ်ကြသော ပြည်သူ့ရဲဘော်များကို လေးစားဂုဏ်ပြုပါတယ် 
T-shirt မှာယူပြီး လက်ဝယ်မရောက်ရှိနိုင်သေးတဲ့အချိန်မှာ Code နံပါတ်တခုနဲ့ထိန်းသိမ်းထားပေးမှာ ဖြစ်ပါတယ်
လှူဒါန်းထောက်ပို့မှုအားလုံး မည်သည့်တခုမျှ အချည်းနှီးမဖြစ်စေရပါ ✊
အချိန်တခုအတွင်းမှာ
Limited အရေအတွက်နဲ့ရောင်းတာမို့ 
အမြန်ဆုံးမှာယူလို့ရပါပြီ 
👉ဝယ်ယူရရှိနိုင်မည့်နေရာများ
🖤ပြည်ပနိုင်ငံများအတွက် 
ဤ Pageတွင်မှာယူရရှိနိုင်ပါပြီ
https://m.facebook.com/story.php?story_fbid=495355319359266&id=107890951439040&mibextid=qC1gEa
🖤ပြည်တွင်းနှင့်ထိုင်းနိုင်ငံအတွက် 
Telegram channel 
@Nitric_Forever
အနက်ရောင် (XL,L,M,S)
ခဲရောင် (XL,L,M,S)
Price- 700/-THB 
#အရေးတော်ပုံအောင်ရမည် 
#phyozeyathaw #Nitricforever 
#ugတွေကိုထောက်ပို့ပါ #မြို့ပြပျောက်ကြား #မောင်ကျော် #အားလုံးစုစည်းနေရင်ဘာမှမဖြစ် 
#အရေးတော်ပုံအောင်ရမည် 💪













ဆက်ဖတ်ရန် →

အလုပ်သမားတွေချုပ်လုပ်နိုင်တာထက်အဆမတန်များတဲ့ အထည်စံချိန်တွေလျှော့ချသတ်မှတ်ပေးဖို့တောင်းဆိုတဲ့ စူပါအလုပ်ထုတ်ခံရ

cover
profile
Feb 5, 2023

PEP&CO၊ DUNNES STORES စတဲ့ ပြည်ပအမှတ်တံဆိပ်တွေချုပ်လုပ်တဲ့ လုပ်ငန်းခွင်မှာ အလုပ်သမားတွေချုပ်လုပ်နိုင်တဲ့ စံချိန်က တစ်နာရီကို ပွိုင့် ၁၀၀ နှုန်းဖြစ်ပြီး စက်ရုံဘက်ကတောင်းဆိုတာက တစ်နာရီကို ပွိုင့် ၂၃၀ ပါ။ ဒါကြောင့် အဲ့ဒီလို အဆမတန် တိုးမြှင့်ထားတဲ့စံချိန်ကို ပြည့်မီအောင် ချုပ်လုပ်နိုင်ခြင်းမရှိပါက ည ၉ နာရီအထိ အချိန်ပိုကြေး မရဘဲ ချုပ်လုပ်ပေးရတာပါ။

ဒါ့အပြင် စံချိန်ပြည့်အောင် တနင်္ဂနွေနေ့ကိုပါ အလုပ်ဆင်းပေးရပါတယ်။ အိုတီကြေးမရရှိဘဲ  အခမဲ့ပါ။ ဒါကြောင့် အခက်တွေ့နေရတယ်လို့ GYSEN(MYANMAR) APPAREL CO,LTD စက်ရုံအလုပ်သမားတွေကပြောပါတယ်။

ရန်ကုန်တိုင်း ရွှေပြည်သာ မြို့နယ် ဝါးတရာစက်မှုဇုန် ဝါးတစ်ရာလမ်း မှာဖွင့်လှစ်ထားပြီး အလုပ်သမား ၁၀၀၀ ဝန်းကျင်နဲ့ လုပ်ငန်းလည်ပတ်နေတဲ့ စက်ရုံက တရုတ်နိုင်ငံသားပိုင် လုပ်ငန်းဖြစ်ပြီး လုပ်ငန်းခွင်ထဲမှာ နိုင်ငံခြားသားက တိုက်ရိုက်အုပ်ချုပ်တာတွေလည်းရှိနေတယ်လို့ အလုပ်သမားတွေက‌ပြောဆိုပါတယ်။

အဲ့ဒီအထည်ချုပ်စက်ရုံက ကလေးဝတ် သိုးမွှေး လူကြီးဝတ် သိုးမွှေးအင်္ကျီနဲ့ ဘောင်းဘီတွေချုပ်လုပ်တာလို့သိရပါတယ်။

"စက်လိုင်းတစ်လိုင်းကို ၃၃ ယောက်ပဲပေးတယ် လူထပ်တောင်းလဲမပေးဘူး စံချိန်လျှော့ပေးဖို့ ပြောလဲ မရဘူး တိုင်ချင်ရာတိုင်လို့ပဲပြောတယ် သူတို့တောင်းတဲ့စံချိန်မပြည့်ရင် ဝမ်တိန် ထိုးပြီး အလုပ်ထွက်လို့ပြောတယ်" လို့ အမည်မဖော်လိုတဲ့ အလုပ်သမားကပြောပါတယ်။

လုပ်ငန်းခွင်ထဲမှာ တောင်းသလောက်စံချိန်ရဖို့ အလုပ်တက်ချိန် နံနက် ၈ နာရီ ၃၀ မတိုင်ခင် စတင် ချုပ်လုပ်ပေးရကာ နေ့လည် ထမင်းစားချိန် မိနစ် ၃၀ မှာ ထမင်းအမြန်စားပြီးချုပ်လုပ်ရတာနဲ့ ညဘက် ၉ နာရီ အထိ ပျမ်းမျှ တစ်နေ့လျှင် ၁၃ နာရီချုပ်လုပ်ပေးရပြီး ရရှိတဲ့ ငွေကြေးကတော့ ၄၈၀၀ ကျပ်ပါ။တနင်္ဂနွေနေ့မှာလည်း အနားမယူရဘဲ အိုတီအခမဲ့ ဆင်းပေးရပါသေးတယ်လို့ အလုပ်သမားတွေက ပြောဆိုပါတယ်။

အဲ့ဒီလို စံချိန်တိုးတောင်းတာနဲ့ ပတ်သက်ပြီး စက်လိုင်း ၁၂ ကြီးကြပ်သူ စူပါမှ ဦးဆောင်ကာ စံချိန်လျှော့ပေးဖို့ တောင်းဆိုခဲ့ရာမှ စက်လိုင်း ၁၂ ကို ဖျက်သိမ်းကာ လိုင်းပြောင်းခိုင်းစေခဲ့ပြီး တောင်းဆိုပေးတဲ့ စူပါကတော့ ဇန်နဝါရီ ၃၁ ရက်နေ့မှာပဲ အလုပ်ထုတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

ထပ်မံကြုံတွေ့နေရတဲ့အခက်အခဲတွေကတော့ စူပါ အောစူပါတွေက ရိုင်းစိုင်းစွာ ပြောဆိုတာ အလုပ်သမားတွေအနေနဲ့ ခွင့်ခံစားခွင့်တွေကို တန်းတူညီမျှခံစားခွင့်မရတာ သောက်သုံးရေ မသန့်ရှင်းတာတွေလည်းသောက်သုံးနေရတယ်လို့ အခက်တွေ့နေတဲ့ အလုပ်သမားတွေကပြောပါတယ်။

လုပ်ငန်းခွင်ထဲမှာ အလုပ်သမားသမဂ္ဂအဖွဲ့ရှိပေမယ့် လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲတွေ ဖြေရှင်းနိုင်ခြင်းမရှိသလို  ချိုးဖောက်ခံရမှုတွေလည်း ကြုံတွေ့နေရတယ်လို့ အလုပ်သမားတွေထံကသိရပါတယ်။

အဆိုပါ လုပ်ငန်းခွင်ထဲက အလုပ်သမားတွေအနေနဲ့ ချုပ်လုပ်နိုင်တဲ့ စံချိန်ကိုသာ သတ်မှတ်တောင်းခံပေးဖို့ အိုတီကြေးပေးချေဖို့ တနင်္ဂနွေနေ့မှာ အလုပ်သမားသဘောဆန္ဒမပါဘဲ ခိုင်းစေတာတွေ မပြုလုပ်ဖို့တောင်းဆိုလိုတယ်လို့ သိရပါတယ်။

#MyanmarLabourNews

ဆက်ဖတ်ရန် →
စစ်ကောင်စီက ရည်မှန်ထားတဲ့ အိမ်ထောင်စုရဲ့ ၈၆ ရာခိုင်နှုန်းကျော် စာရင်းကောက်နိုင်ခဲ့ဟုဆို

စစ်ကောင်စီက ရည်မှန်ထားတဲ့ အိမ်ထောင်စုရဲ့ ၈၆ ရာခိုင်နှုန်းကျော် စာရင်းကောက်နိုင်ခဲ့ဟုဆို


ထားဝယ် ၊ ဖေဖော်ဝါရီလ - ၈ရက်
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လူဦးရေစာရင်းအချက်အလက်တွေကို ကောက်ယူခဲ့ရာမှာ ရည်မှန်းထားတဲ့ အိမ်ထောင်စုရဲ့ ၈၆ ဒဿမ ၇ ရာခိုင်နှုန်း အထိကောက်ယူနိုင်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီးဦးမြင့်ကြိုင်က ဖေဖော်ဝါရီလ ၇ရက်နေ့က ပြောခဲ့ပါတယ်။
စာရင်းကောက်ယူမှုကို ဇန်နဝါရီလ ၉ရက်နေ့ကနေ ၃၁အထိ ရုံးပိတ်ရက်မှအပ ရက်ပေါင်း ၂၀ ကြာကောက် ယူခဲ့တာလို့လည်း သူကပြောပါတယ်။
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကောက်ယူရာမှာ ၈၆ ရာခိုင်နှုန်းကျော်ပြီးစီးသလို၊ ရခိုင်ပြည်နယ်မှာတော့ တစ်ပြည်နယ်လုံးရဲ့  ၉၉ ရာခိုင်နှုန်းအထိ ကောက်ယူပြီးစီးခဲ့တယ်လို့ လည်းပြောပါတယ်။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ကျန်နေတဲ့ အိမ်ထောင်စုတွေစာရင်းကိုလည်း ကောက်ယူနိုင်ဖို့ ကြိုးစားပြင် ဆင်နေတယ်လို့ ဦးမြင့်ကြိုင်ကပြောပါတယ်။
၂၀၁၄ခုနှစ် သန်းခေါင်စာရင်းနဲ့ အိမ်ထောင်စုအကြောင်းအရာ အချက်အလက်အရ မြန်မာနိုင်ငံမှာ အိမ်ထောင် စု ၁၁သန်းကျော်အထိရှိပါတယ်။
စစ်ကောင်စီက ကောက်ယူပြီးစီးခဲ့တယ်ဆိုတဲ့ တိုင်းနဲ့ ပြည်နယ်တွေရဲ့အိမ်ထောင်စု စုစုပေါင်းကိုတော့ အတိအကျထုတ်ပြန်တာမျိုး မရှိသေးပါဘူး။
အဲဒီအိမ်ထောင်စုစာရင်းတွေကောက်ယူချိန်မှာလည်း စစ်ပွဲ၊ ပစ်ခတ်မှုတွေဖြစ်နေတဲ့ စစ်ကိုင်း၊ မကွေး၊ ကယား၊ ကရင်၊ ချင်း၊ တနင်္သာရီတိုင်း အပါအဝင် ဒေသအချို့မှာတော့ ကွင်းဆင်းလာရောက်ကောက်ယူတာမျိုးမရှိခဲ့ဘူးလို့ အဲဒီဘက်က ဒေသခံတွေက ဝေဖန်ပြောဆိုကြပါတယ်။ 
သတင်း - BBC











ဆက်ဖတ်ရန် →
မမဆောင်းဇာတ်လမ်းတပုဒ်

မမဆောင်းဇာတ်လမ်းတပုဒ်

ပြည်တွင်းကအရင်ပြောရရင် မအလပဲ၊

သူ မမှန်းနိုင်တာ အာဏာသိမ်းရင် ဒေါ်အောင်ဆန်းစုကြည်ကသူ့ကို ဘာပြန်လုပ်မလဲဆိုတာ? သူမ ရေးခဲ့တဲ့တမျက်နှာစာရွက်ကနေ တသက်စာ စစ်အဖြစ်ပြောင်းသွားတာပဲ၊NUGဆိုတာဖြစ်လာဖို့ လွှတ်တော်အမတ်တွေလိုတယ်ဆိုတာသိထားရင်၁ရက်နေ့မှာပဲအမတ်တွေ အကုန်ထောင်ထဲရောက်နေပြီ၊နောက်တခု ကစည်းပေါက်တာ၊ သူတင်ထာ GZတွေက KIA -KNU ထဲရောက်သွားလဲ ရှေ့တန်းစခန်းတွေ ခြေမြန်တပ်မတွေကို ဘယ်လိုနည်းမှကျော်လာနိုင်စရာမရှိဖူးလို့တွက်ခဲ့တာပဲရန်ကုန်မှာ၃၀၀၀၀နဲ့အပြီးတူမီးလုပ်တာတောင်သွားသတိရတယ်၊

အရှေ့မှာတိုက် အနောက်ကနေဖျင်ချခံနေရတယ် ဖရဲသီးတွေကလဲနီရဲနေရောပဲ
မမဆောင်းဖြစ်နေတာ
အဏာကရသလိုလို မရသလိုလို

၃ဂိုး ၀ နဲ့ရှုံးတာ ဂိုးထပ်သွင်းခံရအုံးမယ်





အပြင်နိုင်ငံတွေရဲ့ သံတမန် ဆက်ဆံရေးကိုလဲကြည့်ကြည့် အင်္ဂလန်မှာ သံရုံးရှိပေမယ့် မအလကို အစိုးရအဖြစ်အသိအမှတ်ပြုမထားဖူး၊ ဒေါ်ဇင်မာအောင်ကို အလံနောက်ခံနဲ့တရားဝင်ဝန်ကြီးအဖြစ်နဲ့တွေ့ဆုံခဲ့ပေမယ် မအလအပေါ်မှာပြတ်သားလောက်တဲ့ဆုံး

ဖြတ်ချက်မရှိသေးဖူး၊တရားဝင်နဲ့တရားမဝင်ဆိုတဲ့စကားလုံးနှစ်ခုကြားမှာ သူတို့လဲမမဆောင်းဖြစ်နေတာပဲ၊ 

နိုင်နေတာငါတို့။

ဆက်ဖတ်ရန် →
စစ်ကောင်စီက ဗဟို ဝန်ထမ်းတက္ကသိုလ်များတွင် စစ်သင်တန်းနှင့် ပစ်ခတ်မှုကို အဓိက ထား သင်ကြားလာပြီး လိုအပ်လျှင် စစ်မှုထမ်းရမည်ဟုဆို

စစ်ကောင်စီက ဗဟို ဝန်ထမ်းတက္ကသိုလ်များတွင် စစ်သင်တန်းနှင့် ပစ်ခတ်မှုကို အဓိက ထား သင်ကြားလာပြီး လိုအပ်လျှင် စစ်မှုထမ်းရမည်ဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၈ ခေတ်သစ်

အကြမ်းဖက်စစ်ကောင်စီက Non-CDM ဝန်ထမ်းများကို ဗဟိုဝန်ထမ်းတက္ကသိုလ်များတွင် ခေါ်ယူ သင်တန်းပေးရာတွင် စစ်သင် တန်းနှင့် ပစ်ခတ်မှုဆိုင်ရာများကို အဓိက ထားသင်ကြားလာပြီး လိုအပ်လျှင် ဝန်ထမ်းအားလုံး စစ်မှုထမ်းရမည်ဟု အသိပေးမှုများရှိလာကြောင်း ဝန်ထမ်းသတင်းရင်းမြစ်များက ပြောသည်။ 
ဗဟိုဝန်ထမ်းတက္ကသိုလ်(ဖောင်ကြီး)တွင် လက်ရှိ Non-CDM သင်တန်းများ ဖွင့်လှစ်ရာတွင် အရည်အချင်းစစ် စာမေးပွဲများ ဝင်ရောက် ဖြေဆိုရပြီး အများစုသော ဝန်ထမ်းများမှာ အရည်အချင်းမရှိဘဲ ဆွဲခန့်များ ဖြစ်နေ၍ အရည်အချင်း မမီမှုနှင့် စာမေးပွဲ ကျဆုံးမှုများရှိနေသဖြင့် ဌာနဆိုင်ရာ ပြစ်တင် ရှုတ်ချသည့် ဝေဖန်စာများ ထုတ်ပြန်မှုများရှိကြောင်း  သိရှိရသည်။ 
"ဖောင်ကြီးဗဟိုဝန်ထမ်းတက္ကသိုလ်မှာ သင်တန်းဆင်းအရည်ချင်းစစ်ရာမှာ အများစုက ဆွဲခန့် ဝန်ထမ်းတွေဖြစ်တော့ အားလုံးနီးပါး အလယ်လတ်အရည်ချင်းတောင်မရှိဘူးဖြစ်နေတယ်။ သက်ဆိုင်ရာဌာနအကြီးအကဲတွေက သူတို့ရလဒ်တွေကြည့်ပြီး စိတ်ဆိုးဒေါသထွက်ကြတယ်။  ဌာနဆိုင်ရာ ညွှန်မှူး၊ ညွှန်ချုပ်တွေအနေနဲ့ ဝန်ထမ်းများပေါ် ထိန်းကျောင်းကြပ်မတ်မှု၊ သင်ကြားပေးဖို့ အသိပညာ အတတ်ပညာပိုင်းနည်းပါးရင် အစိုးရ ယန္တရား အတွက် အတော်ကို ကသီလင်တ ဖြစ်နိုင်တယ်ဆိုပြီး  ဌာနအုပ်ချုပ်မှုခေါင်းဆောင်တွေကို ပြစ်တင်တဲ့  ဌာနဆိုင်ရာလျှို့ဝှက်စာတွေတောင် ထုတ်ရတဲ့အထိ ဖြစ်လာတယ်" ဟု ဝန်ထမ်း သတင်းရင်းမြစ်က ပြောသည်။ 
လက်ရှိ ဗဟိုဝန်ထမ်းတက္ကသိုလ်များတွင် နိုင်ငံရေးဆိုင်ရာ သဘောတရားများကို သင်ကြားရာတွင်လည်း နိုင်ငံ၏ အခြေအနေမှာ စစ်တပ်အနေဖြင့် အာဏာ မယူလိုဘဲ ထိန်းသိမ်းရခြင်းဖြစ်ပြီး NLD နှင့် ဒေါ်အောင်ဆန်းစုကြည်က ၂၀၂၀ မဲမသမာမှုများကို ရှင်းလင်းခြင်း မရှိ၍ ဖြစ်ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ စစ်တပ်က ရွေးကောက်ပွဲ ကျင်းပ၍ အာဏာပြန်လွှဲမည်ဆိုသော ဝါဒဖြန့် နိုင်ငံရေးသဘောတရားများကို နေ့စဉ် သင်ကြား ဝါဒဖြန့် နေသည်ဟု သိရှိရသည်။


"အခု အရင်ကထက် စစ်ရေးလေ့ကျင့်မှုနဲ့ ပစ်ခတ်မှုတွေကို အဓိကထားပိုသင်နေရတယ်။ သင်တန်းတစ်ပတ်စဉ်နဲ့ တစ်ပတ်စဉ် မတူဘူး။ စစ်ရေးလေ့ကျင့်မှုနဲ့ ပစ်ခတ်မှုဆိုတာက ပါပေမယ့် အရင်က အဲဒါတွေက အဓိက မဟုတ်ဘူး။ အခုတော့ အဲဒါကို အဓိက ထားသင်တယ်။ လိုအပ်ရင် စစ်တိုက်ကောင်း တိုက်ရမယ်ဆိုတာမျိုးတွေလည်းပြောတယ်။  ကျန်တဲ့ စီမံခန့်ခွဲမှုနဲ့ သဘောတရားရေးရာတွေကို သင်ကြားမှု အတော်ကို လျှော့လာပြီ။ " ဟု ဝန်ထမ်း သတင်းရင်းမြစ်က ဆိုသည်။ 


ဆက်ဖတ်ရန် →
စစ်တပ်သတ်ဖြတ်မှုကြောင့် ပြည်သူ ၂,၉၅၄ ဦး ကျဆုံးပြီး ၁၃,၈၄၅ ဦး ချုပ်နှောင်ခံထားရ

စစ်တပ်သတ်ဖြတ်မှုကြောင့် ပြည်သူ ၂,၉၅၄ ဦး ကျဆုံးပြီး ၁၃,၈၄၅ ဦး ချုပ်နှောင်ခံထားရ

DVB | 7 February, 2023

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့်နိုင်ငံတဝန်း အပြစ်မဲ့ ကျဆုံးပြည်သူ ၂,၉၅၄ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၇,၆၈၄ ယောက်ထိ ရှိလာခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။
ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၇ ရက်အထိ အေအေပီပီကကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။
နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၃,၈၄၅ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက၂,၃၃၈ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။
တော်လှန်ရေးနဲ့ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၁၀၁ ယောက်ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၂ ယောက် အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၄၃ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
လတ်တလောအချိန်ထိ အာမခံနဲ့လွတ်မြောက်သူ ၂၄ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူ ဦးရေကတော့၃,၈၁၅ ယောက် ရှိတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက် ညနေ ၆ နာရီလောက်က တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ တန်းရှင်းကျေးရွာဘက်ကိုအကြမ်းဖက်စစ်အုပ်စုတပ်ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပြီး အဆိုပါ လက်နက်ကြီးကျည်ဟာ ကျေးရွာထဲကနေအိမ် ၁ လုံးပေါ် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် နေအိမ်ထဲမှာရှိနေတဲ့ ဒေါ်သန်းမော် နေရာတင် သေဆုံးခဲ့ပြီးကလေးငယ် ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်တရားရုံးကနေ အင်းတော်မြို့နယ်၊ နဘားကျေးရွာမှာ နေထိုင်တဲ့စစ်ကိုင်းတိုင်း သတင်းစာဆရာများအသင်း အတွင်းရေးမှူးနဲ့ အလွတ်တန်းသတင်းထောက်ဖြစ်သူ ဒေါ်ယဉ်ယဉ်သိန်းကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က နဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁ နှစ်နဲ့ ၆လ အမိန့်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ ဒေါ်ယဉ်ယဉ်သိန်းဟာ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ နိုင်ငံတော်ကိုအကြည်ညိုပျက်စေတဲ့ စာသားတွေနဲ့ ဝန်ထမ်းတွေ ကြောက်လန့်စေတဲ့ စာသားတွေကို ရေးတင်တယ်ဆိုကာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလတုန်းက ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါကအေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။
ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်နဲ့ အဖမ်းအဆီးအချက်အလက်တွေကို detention-data@aappb.org အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။


ဆက်ဖတ်ရန် →
မြန်မာ သည် ရုရှား၏ အစောင့်ရှောက်ခံ နိုင်ငံ အဖြစ် ဦးတည်နေပြီလော

မြန်မာ သည် ရုရှား၏ အစောင့်ရှောက်ခံ နိုင်ငံ အဖြစ် ဦးတည်နေပြီလော

ထိုမေးခွန်းသည် ရုပ်ပိုင်းဆိုင်ရာ အရ မဟုတ်သော်လည်း စိတ်ပိုင်းဆိုင်ရာ အဖြစ် ကမ္ဘာက ယူဆလာအောင် အာဏာသိမ်း စစ်တပ်သည် ကြံရာမရ ဖြစ်လာသည်နှင့် အမျှ ဖန်တီး တည်ဆောက်ပေးနေပြီ ဖြစ်သည်။
ရုရှားဖက်ကတော့ ဝေးကွာလှသည့် အပြင် ၎င်းတို့ နကိုယ်ကတည်းက နိုင်ငံရေး စစ်ရေး အရ တက်တက်ကြွကြွ လှုပ်ရှားခဲ့ခြင်း မရှိသည့် အရှေ့တောင် အာရှ နိုင်ငံ ဖြစ်သော မြန်မာ နိုင်ငံ ကို အမေရိကန် တို့ စိတ်ထဲ ကျလိကျလိ ဖြစ်အောင် ကလိပေးချင်သည့် စိတ်ထက် မပို ဆိုသည်ကို အာဏာသိမ်း အဖွဲ့က ရိပ်မိကောင်း ရိပ်မိနိုင်သော်လည်း ၎င်းတို့ အပေါ် လူ ရှိန်လာစေရန် အတင်း လုပ်ယူနေခြင်း မျိုးသာ ဖြစ်သည်။
ထိုသို့ အရှက် နှင့် မဟုတ်ပဲ အသက်နှင့် လူလုပ်နေကြသည့် နောက်ထပ် အဖြစ်တခုကား လှိုင်တက္ကသိုလ် နယ်မြေ ဝန်း အတွင်း နျူကလီယား စွမ်းအင် သတင်းသုတေသန ဌာန ဖွင့်လှစ် လိုက်ခြင်းပင် ဖြစ်သည်။
ထိုဌာနအား ရုရှား အစိုးရပိုင် အနုမြူ စွမ်းအင် ကော်ပိုရေးရှင်း ကြီး ဖြစ်သော ရိုဆာတွန် ၏ ညွှန်ကြားရေးမှုး ချုပ် အယ်လက်ဆီ ယူဂင်နီဗစ်ချ် လီကာချက် တက်ရောက်ပြီး ဖွင့်လှစ်ပေးခဲ့သည်။ ဆန်းကြယ်နေသည်ကား ထိုအခမ်းအနားသို့ နိုင်ငံ၏ ဝန်ကြီးချုပ် ကြီး ဟု မိမိကိုယ် မိမိ ခံယူထားသူ မင်းအောင်လှိုင် သည် ထိုသို့ ပြည်ပနိုင်ငံ တနိုင်ငံ၏ ညွှန်ကြားရေးမှုးချုပ် အဆင့်ရှိသူ တဦး နှင့် အတူ တွဲ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။
ထိုသို့ တက်ဖို့ကလည်း သူ့အတွက် အလွယ်တကူ တော့ မဟုတ်၊ ကြည်းရေလေ စစ်ဆင်ရေး မျိုး ဖြင့် လုံခြုံရေး အတွက် အထပ်ထပ် စီမံခဲ့ရပြန်သည်။
မင်းအောင်လှိုင်သည် မည်သို့သော ရည်ရွယ်ချက် နှင့် ဖြစ်စေ  စစ်ခေါင်းဆောင်များ၏ သိမ်ငယ်စိမ် inferiority complex ကို ရှေ့မှ ဦးဆောင် ပြလိုက်ခြင်းပင် ဖြစ်သည်၊ ထိုနေရာတွင် မေးခွန်း ထုတ်စရာဖြစ်လာရသည်က သူ့လိုပင် ဗိုလ်နေဝင်း၊ ဗိုလ်သန်းရွှေ တို့ ယခုလို ထိုကဲ့သို့ အခမ်းအနားမျိုး ကို တက်ရောက်လာကြမည်လော ဟူ၍ ဖြစ်သည်။
မင်းအောင်လှိုင်သည် မိုင် ထောင်ပေါင်းများစွာ ဝေးကွာသော အရပ်မှ အရှင်သခင်များ နှင့် အားရတင်းတိမ် နိုင်ခြင်း မရှိပဲ အထိမ်းအမှတ် ကျောက်ပြားကိုပင် အမွှေးနံ့သာ များ ပက်ဖျန်းကာ ကိုယ့်အားကိုယ်ကိုး ရမှန်း မသိပဲ မမြင်ရသော လောက မှ ပုဂ္ဂိုလ်များကို ပင် တိုင်တည်လိုက်ပြန်သေးသည်။ ထိုလောက မှ ပုဂ္ဂိုလ်များသည် ၎င်းတို့ အတွက် ပြည်သူများ၏ ထောက်ခံမှု ထက် ပိုအရေးကြီး နေသည် ဆိုသည်ကိုလည်း စစ်ခေါင်းဆောင် အဆက်ဆက် ခံယူထားခဲ့ကြပြီး ဖြစ်သည်။
နိုင်ငံတကာ၏ သံခင်းတမန်ခင်း ဆက်သွယ် ဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်း များကို ကိုပင် ဂရုမစိုက်နိုင်တော့ပဲ ပစိဖိတ် သမုဒ္ဒရာ ထဲ ရှိ ဥရောပ နိုင်ငံကြီး တနိုင်ငံ၏ အစောင့်အရှောက်ခံ ကျွန်းနိုင်ငံ လေး တခု၏ အကြီးအကဲ လို အဖြစ်မျိုး ရောက်သွားရရှာပြီ ဖြစ်သည်။ လီကာချက်အား ဂုဏ်ပြု ညစာ စားပွဲ ဖြင့် ဧည့်ခံ ဦးမည်လော ဆိုသည်ကား မသိရသေး။
မင်းအောင်လှိုင်သည် ၎င်း၏ အာဏာ တည်မြဲရေး အတွက် တိုင်းပြည်ကို မီးလောင် တိုက်သွင်းနေယုံဖြင့် အားမရပဲ ၎င်း ၏ အလွန်အကျွံ လုပ်ရပ်များကို ထောက်ခံပေးမည့် အရှင်သခင် ကြီးကို အားကိုးတကြီး ဖြင့် ပင့်ဖိတ်လာခြင်း ဖြစ်သည်။
သို့သော် အရှင်သခင်ကြီး ကိုယ်နှိုက်ကား သူပြဿနာ နှင့် သူ ကြုံနေရပြီး ဆီရီယားကို ဝင်ကူသလို မျိုး မည်သို့မျှ လုပ်ပေး နိုင်စွမ်း ရှိမည် မဟုတ်ပေ၊ ရှိသည် ဆိုစေဦး တရုတ် နှင့် အရှေ့အာရှ နိုင်ငံများ၏ လေပိုင်နက် ကို ဖြတ်သန်းရပေဦးမည်။ ရုရှားသည် အထက်တွင် ပြောခဲ့သလို အမေရိကန် နှင့် အနောက်အုပ်စုများ စိတ်ထဲတွင် ကျလိကျလိ ဖြစ်အောင် ဆွပေးနေခြင်းမျိုး ထက် ပို၍ သဘောထားမည် မဟုတ်။
သို့သော် ထိုသတင်း အား အနောက်တိုင်း သတင်းဌာနများက ရုရှားကြောင့် အရှေ့တောင်အာရှ တွင် နျူကလီယား ပြိုင်ဆိုင်မှု တိုးမြှင့်လာမည်လောဟု အလွန်အကျွံ မေးခွန်းထုတ်ပြီး တွန်းတွန်း တိုက်တိုက် ရေးသားလာကြပြီ ဖြစ်သည်။
ထိုသို့ အာဏာသိမ်း အဖွဲ့ သည် ရုရှား နှင့် ပလူးပလဲ လုပ်လာနေမှု ကို မိမိတို့ လက်ပိုက်ကြည့်နေမည် မဟုတ်ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး၏ ထိတ်တန်း အကြံပေး ဒဲရက် ရှိုလက်က တရားဝင် ထုတ်ဖေါ်ပြောဆိုခဲ့ပြီး ဖြစ်သည်။
မင်းအောင်လှိုင်၏ အတွေးအခေါ်သည် မည်သို့ပင် ရည်ရွယ်စေကာမူ တော်လှန်ရေး ချိန်ခွင်လျှာ အား မဖြစ်မနေ ပြောင်းလာအောင် ဖန်တီးပေးနေခြင်းသာ ဖြစ်၍ ကြိုဆိုရမည်သာ ဖြစ်သည်။
မြန်မာပြည်သူများသည် အိမ်နီးချင်း နိုင်ငံများ ကဲ့သို့ လူချင်းတူတူ သူချင်းမျှမျှ နေထိုင်နိုင်ခြင်း မရှိတော့သည်ကို မည်သို့ ကြံဆောင်ရပါမည်လဲ ဟု တွေးခေါ် မျှော်မြင် နိုင်စွမ်း မရှိသည့် အကြံတုံး ညဏ်တုံးများပီပီ လူ အထင်ကြီး ပြီးရော ဆိုကာ လျှောက်လုပ်နေခြင်း မျိုးသာ ဖြစ်သည်။
ရိုဆာတွန်မှ ဖေဖေါ်ဝါရီ ၆ ရက် နေ့ ထုတ်ပြန်သော ကျေညာချက်တွင် နျူကလီယား ကဏ္ဍတွင် အစိုးရချင်း ပူးပေါင်း ဆောင်ရွက်မှု အဖြစ် low-capacity နျူကလီယား ဓါတ်အားပေး စက်ရုံ အသေးစားလေး တခု တည်ဆောက်ပေးရန် လက်မှတ် ရေးထိုး ခြင်း ဖြစ်သည်ဟု ပါရှိသည်။ ထိုသို့တည်ဆောက်ရန် ဖြစ်နိုင်ခြေ ရှိမရှိ ကွင်းဆင်းလေ့လာမည့် ပရိုဂျက် အတွက်လည်း နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပြီး ဖြစ်သည်ဟု ဆိုသည်။ 
ယခင်က ဆက်ဒမ် ဟူစိန် လည်း ပြင်သစ် နှင့် အလားတူ သဘောတူညီချက် ရရှိခဲ့ပြီး ဖြစ်သည်။ သို့သော် ဆက်ဒမ် ဟူစိန်က အထက်စီး နှင့် ဖြစ်၍ ပြင်သစ် သမ္မတ ကိုယ်တိုင်ကပင် အော်လီ နိုင်ငံတကာ လေဆိပ်တွင် ကော်ဇော်နီ ခင်း၍ ဂုဏ်ပြုတပ်ဖွဲ့ နှင့် တခမ်းတနား ကြိုဆိုခဲ့သည်။ အကောင်အထည်ပေါ်လာလု ဆဲဆဲ တွင် အစ္စရေး လေတပ်၏ ချေမှုန်း ဖျက်ဆီးခြင်းကို ခံခဲ့ရသည်။
အချုပ်အားဖြင့် ဆိုလျှင် ထိုသို့ လုပ်ဖြစ်သည် ဆိုစေဦး နျူကလီယား ဓါတ်အားပေး စက်ရုံ လည်ပတ်နိုင်ဖို့ နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ မှ အရင်ဆုံး လုံခြုံမှု ရှိမရှိ စစ်ဆေးပြီးမှ သာ ခွင့်ပြုရစမြဲ ဖြစ်သည်၊ ၎င်းတို့အား နိုင်ငံတကာ ကပင် အသိအမှတ် ပြုခြင်း မခံရသည့်အတွက် မည်သူမျှလည်း ရောက်လာဖို့ မရှိ ပေ။
ဤသည်ကလည်း အစွမ်းကုန် တွက်ဆ ပြောဆိုခြင်းမျိုးသာ ဖြစ်ပြီး ၎င်းတို့ အမွှေးနံ့သာ များ ဖြင့် ပက်ဖျန်းထားသော ကဗ္ဗည်း ကျောက်ပြားသည်လည်း ရေညှိများဖြင့် ဖုံးလွှမ်းသွားဖို့သာ ရှိနေပေတော့သည်။
ပတ်ဝန်းကျင် နိုင်ငံများက မိမိတို့ နိုင်ငံ၏ ဂုဏ်သိက္ခာ နှင့် အချုပ်အခြာအာဏာကို အထိခိုက်မခံပဲ တိုင်းပြည် တိုးတက်ရာ တိုးတက်ကြောင်းများ ဖေါ်ဆောင်နေချိန်တွင် အရှက်ထက် အသက်နှင့် လူလုပ်နေကြရသော မင်းအောင်လှိုင် နှင့် အဖွဲ့သည် ရုရှားကို ဖါးရ၊ တရုတ်ကို မျက်နှာချို သွေးရ လုပ်နေရပြီ ဖြစ်သည်။
သို့သော် အမျိုးသား ညီညွတ်ရေး အစိုး ရကမူ နိုင်ငံတကာ တွင် သံခင်း တမန်ခင်း အရ ဂုဏ်သိက္ခာရှိရှိ ထိုးဖေါက်နိုင်နေပြီ ဖြစ်သည့် နောက်ထပ် လက္ခဏာ တရပ်အဖြစ် နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင် မှ ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီး ဂျိမ်းစ် ကလဲဗာလီ နှင့် လန်ဒန်တွင် တန်းတူရည်တူ အဆင့် တွေ့ဆုံဆွေးနွေးခဲ့သည်ကို ပုံတွင် တွေ့နိုင်ပေသည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!
လှစိုးဝေ


ဆက်ဖတ်ရန် →
 မြေအောက်လျှပ်စီး ပျောက်ကျားတပ်ဖွဲ့ Page အတု

မြေအောက်လျှပ်စီး ပျောက်ကျားတပ်ဖွဲ့ Page အတု

စစ်ကိုင်းတွင်  မြေအောက်လျှပ်စီး ပျောက်ကျားတပ်ဖွဲ့ Page အတုထောင်ကာ မစ်ရှင်အတုများဖြင့် အလှူရှင်နှင့်ထောက်ပို့များကို ထောင်ဖမ်းရန် ကြိုးစားလာ၊ ဆားတောင်တွင် PDF ဆေးတပ်မှ ရဲမေ ၁ ဦးကျဆုံးဆိုသော သတင်း မဟုတ်မှန် 


ရန်ကုန်၊ ဖေဖော်ဝါရီ ၆ ခေတ်သစ်


စစ်ကိုင်းတိုင်းတွင်  ဗိုလ်မုန်တိုင်းဆိုသော အမည်ဖြင့် မြေအောက်လျှပ်စီး ပျောက်ကျားတပ်ဖွဲ့ Page အတုထောင်ကာ မစ်ရှင်အတုများဖြင့် နွေဦးတော်လှန်ရေး အလှူရှင် နှင့်ထောက်ပို့များကို စစ်တပ် ထောင်ချောက်ဆင် ဖမ်းရန် ကြိုးစားနေကြောင်း စစ်ကိုင်းခရိုင် လူသားစာနာတာဝန်ခံ SAGAING 44 က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 
ယနေ့ လူမှုကွန်ရက်နှင့် သတင်းဌာနများတွင် ဖော်ပြနေသော ဆားတောင်တွင် မြေအောက်လျှပ်စီး ပျောက်ကျားတပ်ဖွဲ့ ၏ PDF ဆေးတပ်မှ ရဲမေ ၁ ဦးကျဆုံး သည်ဆိုသော သတင်းမှာလည်း သတင်းအတုဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ 


စစ်ကိုင်းမြို့နယ်၊ မြင်းမူမြို့နယ်၊ အရာတော်မြို့နယ်၊ ဝက်လက်မြို့နယ် အတွင်း တိုက်ပွဲအတု၊ သတင်းအတုများဖန်တီးပြီး သတင်းမီဒီယာများ၏ စိစစ်နိုင်မှုမရှိခြင်းကို အခွင့်ကောင်းယူ အသုံးချ၍ သတင်းမှားများ ဖြန့်ဝေလျက်ရှိသည့် ဗိုလ်မုန်တိုင်းဦးဆောင်သည်ဆိုသည့် ပြောက်ကျားတပ်ဖွဲ့ ‌‌Page  သတိထားကြစေလိုကြောင်း ၊ ၎င်း ဖော်ပြနေသည့် မစ်ရှင်များမှာ အတုများဖြစ်ပြီး စစ်ကိုင်းတိုင်းအတွင်း ယင်းကဲ့သို့သော မစ်ရှင်များ မရှိကြောင်း  စစ်ကိုင်းခရိုင် လူသားစာနာတာဝန်ခံ SAGAING 44 က ဆက်လက် ပြောဆိုသည်။ 
"မြေအောက် လျှပ်စစီး ပျောက်ကျားတပ်ဖွဲ့ ဆိုတဲ့ Page မှာတင်သမျှက မြေ ပြင်မှာ ဘာမှမရှိမဖြစ်ခဲ့တဲ့ဟာတွေကို ပုံအတုတွေနဲ့တင်လို့ မြို့နယ် ပကဖ ပအဖ တွေ IO တွေ အကုန်စည်းဝေးခေါ် စုံစမ်းပြီး စစ်ခွေးတွေ ပေ့အတုထောင်တာ အတည်ပြုနိုင်ခဲ့ပါတယ်။ စစ်ကိုင်းသတင်းမှန်ကတင်တာ လူသိနည်းနေလို့  ဆက်သွယ်မိတဲ့ထောက်ပို့တွေ အဖမ်းမခံရဖို့ ပြည်သူတွေ သတိထားဖို့ပါ" ဟု စစ်ကိုင်းခရိုင် လူသားစာနာတာဝန်ခံ SAGAING 44 ကပြောသည်။ 


အဆိုပါ မြေအောက်လျှပ်စီးပျောက်ကျားတပ်ဖွဲ့ Page  သည်  ဇန်နဝါရီလ ၂၉ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး  သတင်းအတု၊ ဓါတ်ပုံ မှတ်တမ်းအတုများဖန်တီးဖေါ်ပြလျှက်ရှိကြောင်း ၊သတင်းဓါတ်ပုံများကို ယုတ္တိရှိစေရန် ရှေ့သတင်းနောက်သတင်းချိတ်ဆက်၍ စနစ်တကျပုံဖေါ်ထားပြီး မြေပြင်တွင် အမှန်တကယ်မရှိသော ဖြစ်စဉ်များကို စိတ်ကူးယဉ်ပုံဖေါ် လိမ်ညာလှည့်စားထားသည်ကို တွေ့ရှိရကြောင်း၊  စစ်ကောင်စီဘက်မှ တော်လှန်ရေးတပ်ဖွဲ့ အသွင်ယူကာ အယောင်ဆောင်၍ ထောက်ပို့များနှင့် တော်လှန်ရေးရဲဘော်များကို ပူးသတ်ရန်အတွက်လည်းကောင်း၊ ပြည်သူလူထုအား လိမ်ညာလှည့်ဖြား အလှူခံစားရန်အတွက်ဟုလည်းကောင်း သုံးသပ်ယူဆရကြောင်း ၎င်းက ဆက်ရှင်းပြသည်။ 


စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့ပေါ် ဂျင်ဝိုင်း စစ်ကောင်စီ ဒုဗိုလ်ပါ ၆ ဦး ရှင်းလင်းသတင်းတွင် မြေအောက်လျှပ်စီး‌ပြောက်ကျားတပ်ဖွဲ့က အသုံးပြုခဲ့သော ဓါတ်ပုံမှာ ၂၀၂၂ ဇန်နဝါရီလ ၁၃ ရက်နေ့က ဖိလစ် ပိုင်နိုင်ငံမှ သတင်းဓါတ်ပုံဖြစ်ပြီး ၎င်းမှတ်တမ်းဓါတ်ပုံအား အသုံးပြု၍ သတင်းအတု ဖြန့်ဝေကြောင်း သိရှိရသည်။










ဆက်ဖတ်ရန် →

ဖျက်သိမ်းခံထားရသည့် နှင်းဆီပါတီကို ပြည်ထောင်စုဒီမိုကရေစီပါတီအဖြစ် အမည်ပြောင်းလဲ၍ မှတ်ပုံတင်ရန် ပြင်ဆင်နေ

Author ကိုပေါက်
CategoriesPublished on Feb 07, 2023

 
နှင်းဆီပါတီဟု လူသိများသည့် ညီညွတ်သောဒီမိုကရက်တစ်ပါတီ(UDP)ကို ပြည်ထောင်စုဒီမိုကရေစီပါတီ (Union Democracy Party)ဟု အမည်ပြောင်းကာ ပြည်ထောင်စုအဆင့်ပါတီ အနေဖြင့် ရွေးကောက်ပွဲကော်မရှင်တွင် မှတ်ပုံတင်ရန် ပြင်ဆင်နေသည်ဟု နိူင်ငံရေးပါတီအချို့ထံမှ သိရသည်။
စစ်ကောင်စီသည် ယခုနှစ် ဇန်နဝါရီ ၂၆ ရက်က နိူင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအသစ် ပြဌာန်းလိုက်ပြီးနောက် ပါတီဝင်ဦးရေ သိန်းနှင့်ချီရှိသည့် ဖျက်သိမ်းခံထားရသည့် နှင်းဆီပါတီမှ ပါတီအသစ် ပြန်လည်ဖွဲ့စည်းရန် ပြင်ဆင်နေတာဖြစ်သည်ဟု ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးက CJ Platform ကိုပြောသည်။
“နှင်းဆီပါတီမှာ ရင်းနှီးတဲ့မိတ်ဆွေတွေရှိတယ် သူတို့ပါတီကို ပြန်အသက်သွင်းမယ်ပေါ့ ပါတီကို အခြားနာမည်နဲ့ ပြန်လျှောက်မယ်ပေါ့”ဟု ပြောသည်။
၂၀၂၀ ရွေးကောက်ပွဲတွင် NLD ပါတီပြီးလျှင် ကိုယ်စားလှယ်အများဆုံးဖြင့် ဝင်ရောက် ယှဥ်ပြိုင်ရန် ပြင်ဆင်ခဲ့သည့် ပါတီမှာ နှင်းဆီပါတီဖြစ်ပြီး ကိုယ်စားလှယ်ဦးရေ ၁၁၃၁ ဦးရှိသည့်အတွက် အမှန်တကယ် မှတ်ပုံတင်ခွင့်ရရှိပါက ကြံ့ခိုင်ရေးပါတီနှင့်အပြိုင် ပါတီတစ်ခုဖြစ်လာနိူင်သည်ဟု နိူင်ငံရေးလေ့လာသူတစ်ဦးက သုံးသပ်သည်။
နှင်းဆီပါတီဥက္ကဌ ဦးကျော်မြင့်ကို ထောင်ပြေးမှုဖြင့် ၂၀၂၀ခုနှစ် စက်တင်ဘာ ၃၀ ရက် ညပိုင်းက လှိုင်သာယာမြို့နယ် ပန်းလှိုင်အိမ်ရာတွင် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး မန္တလေးဗဟိုအကျဥ်းထောင်သို့ ပို့ဆောင်ခဲ့သည်။
၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ချမ်းအေးသာစံမြို့နယ်တရားရုံးမှ ထောင်ပြေးမှုပုဒ်မဖြင့် ထောင်ဒဏ် ၁၁ နှစ် အမိန့်ချမှတ်ကာ အင်းစိန်အကျဥ်းထောင်သို့ ပြန်လည်ပို့ဆောင်ခဲ့သည်။
အင်းစိန်အကျဥ်းထောင်ရှိ အထူးတရားရုံးမှ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၆ ရက်တွင် ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ ပုဒ်မ ၈၂ ၊ ပုဒ်မ ၁၇၁ တို့ဖြင့် ထောင်ဒဏ်ခြောက်နှစ်နှင့် ငွေဒဏ် တစ်သိန်းချမှတ်ခဲ့သည်ဟု တရားရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“အမိန့်ချတော့ ပထမထင်တာ စစ်ကောင်စီ ၂ နှစ်ပြည့်မှာ လွှတ်ပေးမယ်ထင်တာ မလွတ်ဘူး လဝကဥပဒေပုဒ်မ ၃
(၁)ရယ် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၄၃ နှစ်မှုကျန်သေးတယ် “ဟု ပြောသည်။
လက်တလောတွင် ပါတီဥက္ကဌဦးကျော်မြင့်အား အင်းစိန်အကျဥ်းထောင်တွင် လှိုင်သာယာမြို့နယ်ရဲတပ်မှူးမှ တရားလိုပြုလုပ်၍ တရားစွဲဆိုထားသည့် လဝကဥပဒေပုဒ်မ ၃ (၁)နှင့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၄၃ တို့ကို ထပ်မံရင်ဆိုင်နေရသည်။
မန္တလေးဗဟိုအကျဥ်းထောင်မှ ၁၉၉၉ ခုနှစ်ထွက်ပြေးခဲ့သည့် ဦးကျော်မြင့်သည် ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP)ကို ဦးဆောင်ကာ ၂၀၁၀ ခုနှစ်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် မှတ်ပုံတင်ခဲ့သည်။
နှင်းဆီပါတီသည်၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊၂၀၁၅ ရွေးကောက်ပွဲ၊၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဥ်ပြိုင်ခဲ့ရာ အနိူင်ရရှိခြင်းမရှိပေ။
နှင်းဆီပါတီသည် ၂၀၂၀ရွေးကောက်ပွဲတွင် မြို့အများစုတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ကိုယ်စားလှယ်လောင်းများအား အခကြေးငွေပေးကာ ငှါးရမ်းခြင်း၊ ဆိုင်ကယ်ပြင်မှအစ ဘိလိယက်ခုံများတွင်ပါ ပါတီရုံးခန်းအဖြစ် ငှါးရမ်းဖွင့်လှစ်ခြင်းများကို လုပ်ဆောင်ခဲ့သည့် ပါတီတစ်ခုဖြစ်သည်။

ဆက်ဖတ်ရန် →
ပရိသတ်တွေ စိတ်တိုတာခံနေရတဲ့ မင်းသားမြင့်မြတ်

ပရိသတ်တွေ စိတ်တိုတာခံနေရတဲ့ မင်းသားမြင့်မြတ်


Shwe S N | February 4, 2023 | Celebrity | 
BGF ခေါင်းဆောင် စောချစ်သူ၏ လက်ရုံးဟု လူသိများသည့် ဗိုလ်မှူးနိုင်မောင်ဇော်က မြင့်မြတ်နှင့် တွဲရိုက်ထားသည့် ဓာတ်ပုံကို လူမှုကွန်ရက်၌ တင်ထားသည်။ နယ်ခြား​စောင့်တပ်ဖွဲ့ (BGF)မှာ အကြမ်းဖက်စစ်​ကောင်စီတပ် သြဇာခံ​သောအဖွဲ့များဖြစ်သည်။
Facebook လူမှုကွန်ရက်ကို မြစ်သံလွင်အမည်ဖြင့် အသုံးပြုနေသည့် နိုင်မောင်ဇော်က မြင့်မြတ်၊Kညီတို့နှင့်တွဲရိုက်ထားသည့် ဓာတ်ပုံကို တင်ကာ ” Dinner အတွက်ကျေးဇူးပါ ညီလေး” ဟု  ရေးထားသည်။ညစာစားပွဲတွင် ဟင်းအမယ်စုံနှင့်အကြမ်း
ဖက်စစ်တပ်ထုတ်မြန်မာဘီယာပုလင်းများနှင့်အတူ ​ပြုံးရွှင့်ကြစား​သောက်​နေကြသည်ကို​တွေ့ရသည်။
ထိုအပြင်အဆိုပါညစာစားပွဲတွင်မော်​တော်ဆိုင်ကယ်နှင့်ကားများတင်သွင်း​ရောင်းချ​နေ​သော Easy Rider Moterbike ကုမ္ပဏီနှင့် Naga Lady Auto Mobile ပိုင်ရှင် တင်​ကျော်နန္ဒ လည်းပါဝင်သည်ကို​တွေ့ရသည်။ Easy Rider သည် မြန်မာ-ထိုင်းနယ်စပ်မှတစ်ဆင့် စစ်​ကောင်စီနှင့် BGF များကိုဆက်​ကြေး​ပေးကာ ဆိုင်ကယ်တင်သွင်း​နေ​သောလုပ်ငန်းဖြစ်​ကြောင်းနယ်စပ်မှလုပ်ငန်းရှင်တစ်ဦးက​ ပြောသည်။
မြင့်မြတ်သည် စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ နေတိုး၊ စိုင်းစိုင်းခမ်းလှိုင်တို့ကဲ့သို့ နှုတ်ဆိတ်နေပြီး ရုပ်ရှင်ကြည့်ပရိတ်သတ်များ၏ ပြစ်တင်ဝေဖန်ခံနေရသည်။ထို့အပြင် မြင့်မြတ်သည်စစ်ကောင်စီအမာခံ​ထောက်ခံသူ အဆို​တော်ယုန်​လေးနှင့် ရင်းနှီး​သော မိတ်​ဆွေဖြစ်သလို ၊ အာဏာသိမ်း​ခေါင်း​ဆောင်မင်း​အောင်လှိုင် ၏သမီး ခင်သီရိသက်မွန် အဓိကပိုင်ဆိုင် 7th Sense ရုပ်ရှင်ထုတ်လုပ်​ရေးနှင့်စာချုပ်ချုပ်ဆိုထား​သော အဓိကမင်းသားဖြစ်သည်။


ဆက်ဖတ်ရန် →