နောက်ဆုံးရ
မြန်မာ့အရေးအတွက် အဖွဲ့တွင်းသဘောထားကွဲလွဲမှုမရှိပဲ ပူးပေါင်းဖြေရှင်းရန်အာဆီယံဥက္ကဌတိုက်တွန်း

မြန်မာ့အရေးအတွက် အဖွဲ့တွင်းသဘောထားကွဲလွဲမှုမရှိပဲ ပူးပေါင်းဖြေရှင်းရန်အာဆီယံဥက္ကဌတိုက်တွန်း


ဂျာကာတာ၊ဖေဖော်ဝါရီ ၄

အာဆီယံဝန်ကြီးများအစည်းအဝေး၌ အကျပ်အတည်းဖြစ်ပွားနေသော မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးအစီအစဉ်ကိုအကောင်အထည်ဖော်ရာ၌ အဖွဲ့ဝင်နိုင်ငံအားလုံးစည်းလုံးမှုရှိကြောင်းပြသသင့်သည်ဟု အင်ဒိုထိပ်တန်းသံတမန်ကပြောကြားခဲ့သည်။အင်ဒိုနိုင်ငံခြားရေးဝန်ကြီး ရတ်ထ်ဒနိုမာဆူဒီက အာဆီယံအဖွဲ့၏ ကျယ်ပြန့်သောပံ့ပိုးကူညီမှုဖြင့် ငြိမ်းချမ်းရေအစီအစဉ်ကို အကောင်အထည်ဖော်ရန်လည်း ဆွေးနွေးညှိနှိုင်းခဲ့သည်ဟုဆိုသည်။

အာဆီယံဘုံသဘောတူညီချက်ငါးရပ်သည် မြန်မာ့အရေးဖြေရှင်းရာ၌ အာဆီယံဥက္ကဌအတွက် အရေးပါသောလမ်းညွှန်မှုတစ်ရပ်အဖြစ်ရှိနေမည်ဖြစ်ကာ ၎င်းသည်အာဆီယံအဖွဲ့၏ စည်းလုံးညီညွတ်မှုကိုလည်း ကိုယ်စားပြုသည်ဟုမစ္စမာဆူဒီကပြောကြားခဲ့သည်။

အစည်းအဝေး၌ မြန်မာ့အရေးအပြင် တောင်တရုတ်ပင်လယ်အငြင်းပွားမှုနှင့် အာဆီယံအဖွဲ့တွင် အရှေ့တီမောပါဝင်ဆောင်ရွက်ရေး အစီအစဉ်များကိုလည်းထည့်သွင်းဆွေးနွေးခဲ့ကြသည်ဟုသိရသည်။

အရှေ့တီမောသည် ၎င်း၏နိုင်ငံခြားရေးဝန်ကြီးကို လေ့လာသူအဖြစ် ပထမဆုံးအကြိမ် အစည်းအဝေးသို့စေလွှတ်ခဲ့သည်။အာဆီယံခေါင်းဆောင်များသည် အရှေ့တီမောအား အဖွဲ့၏ ၁၁ နိုင်ငံမြောက်အဖွဲ့ဝင်အဖြစ် မူဝါဒအရအသိအမှတ်ပြုကာ လေ့လာသူအဆင့်ကိုပေးအပ်ရန် နို၀င်ဘာလကသဘောတူခဲ့ကြခြင်းဖြစ်သည်။

နောက်ဆုံးတွင် တရုတ်နိုင်ငံနှင့်ပတ်သက်၍ တောင်တရုတ်ပင်လယ်အတွင်း ပိုင်နက်အငြင်းပွားမှုများကို ကျင့်ဝတ်နှင့်အညီ တတ်နိုင်သမျှမြန်မြန်ဖြေရှင်းကြရန်လည်း ဝန်ကြီးများအစည်းအဝေး၌ ထပ်မံအတည်ပြုခဲ့ကြသည်ဟုသိရှိရသည်။

Source : Nikkei Asia

ဆက်ဖတ်ရန် →
" အာဏာသိမ်းခေါင်းဆောင်တွေနဲ့ ဆွေးနွေးဖို့ စစ်ဗိုလ်ချုပ်ကြီးတစ်ဦးကို လွှတ်တော့မယ့် အင်ဒိုနီးရှား "

" အာဏာသိမ်းခေါင်းဆောင်တွေနဲ့ ဆွေးနွေးဖို့ စစ်ဗိုလ်ချုပ်ကြီးတစ်ဦးကို လွှတ်တော့မယ့် အင်ဒိုနီးရှား "

အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတစ်ခုလုံးကို မြန်မာ့ပြဿနာက လွှမ်းမိုးခဲ့ပါတယ်။ ဖေဖော်ဝါရီ ၃ ရက်၊ သောကြာနေ့က ကျင်းပတဲ့ အာဆီယံအစည်းအဝေးမှာ မြန်မာစစ်တပ်က စစ်အုပ်ချုပ်ရေး သက်တမ်းတိုးခဲ့တဲ့အပေါ်မှာ " တိုးတက်မှု့မရှိပဲ ဆုတ်ယုတ်နေတယ် " လို့ ဝေဖန်မှု့တွေ မြင့်တက်ခဲ့ပြီး ဘယ်လို ဖြေရှင်းကြမလဲ ဆိုတာကို အကြိတ်အနယ် ဆွေးနွေးကြပါတယ်။ ပွင့်ပွင့်လင်းလင်း ဆွေးနွေးမှု့ဟာ မိသားစုပုံစံမျိုး ဖြစ်စေဖို့ကိုလည်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။ 

ဒီနှစ် အာဆီယံဆွေးနွေးပွဲမှာ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံမှာရှိတဲ့ သက်ဆိုင်သူတွေနဲ့ ဆွေးနွေးနိုင်ဖို့ဟာ အဓိကကျတယ်လို့ ဆိုပါတယ်။ 

ဒီအစည်းအဝေးမှာ မြန်မာစစ်ခေါင်းဆောင်တွေကို တက်ရောက်ခွင့် မပြုခဲ့ပါဘူး။ လွန်ခဲ့တဲ့ နှစ်နှစ်က အာဏာသိမ်းလိုက်တဲ့အတွက် မြန်မာနိုင်ငံဟာ ပရမ်းပတာ အကြမ်းဖက်မှု့တွေနဲ့ ကြုံတွေ့နေရပြီး အာဆီယံမှာ ပေးခဲ့တဲ့ကတိကို အကောင်အထည်မဖော်တဲ့အတွက် မြန်မာစစ်ခေါင်းဆောင်တွေကို အာဆီယံအစည်းအဝေးကနေ ချန်လှပ်ထားခဲ့တာပါ။ 

အကြမ်းဖက်မှု့တွေ လျှော့ချဖို၊ လူသားချင်းဆိုင်ရာ အကူအညီတွေ ဝင်ရောက်နိုင်ဖို့နဲ့ သက်ဆိုင်သူတွေကို တွေ့ဆုံ ဆွေးနွေးဖို့ဟာ ဒီအစည်းအဝေးရဲ့ အဓိကအချက်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။ 

အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီကတော့ မြန်မာအာဏာသိမ်း ခေါင်းဆောင်တွေနဲ့ ဆွေးနွေးဖို့အတွက် စစ်ဗိုလ်ချုပ်တစ်ဦးကို စေလွတ်ဖို့ စီစဉ်နေပါတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် ညှိနှိုင်း ဆွေးနွေးမှာပါ။ အင်ဒိုနီးရှား အစိုးရက စေလွှတ်မယ့် စစ်သံတမန် ဗိုလ်ချုပ်ကြီးရဲ့ ကိုယ်ရေးရာဇဝင် အသေးစိပ်ကိုတော့ မပြောကြားသေးပါဘူး။ အင်ဒိုနီးရှား စစ်သံတမန် ဗိုလ်ချုပ်ကြီးဟာ မြန်မာနိုင်ငံကို အမြန်ဆုံး သွားလိမ့်မယ်လို့ အင်ဒိုနီးရှား သမ္မတက ပြောကြားထားပါတယ်။ 

သုံးသပ်ရရင်တော့...၊ 
မြန်မာ့အရေးအတွက် အာဆီယံနဲ့ နိုင်တကာအသိုင်းအဝိုင်းဟာ ဆွေးနွေး ညှိနှိုင်းရေးကိုသာ ဦးတည်နေပါသေးတယ်။ ဘာ့ကြောင့်လဲဆိုတော့ ပဋိပက္ခ ဆိုတဲ့ အမြင်ရှိနေတော့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သက်ဆိုင်သူ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပါတီအားလုံးကို တွေ့ဆုံဖို့ ဆန္ဒပြင်းပြနေပါတယ်။ ဒါတွေကို အင်ဒိုနီးရှားက အာဆီယံဥက္ကဋ္ဌ သက်တမ်းအတွင်းမှာ မဖြစ်မနေ အကောင်အထည်ဖော်မယ်လို့လည်း ကတိပြုထားပါတယ်။

အာဆီယံဥက္ကဋ္ဌဖြစ်လာတဲ့ အင်ဒိုနီးရှားဟာ အထူးသံတမန် စစ်ဗိုလ်ချုပ်တစ်ဦးကို မြန်မာပြည်လွှတ်မယ်ဆိုတာကလည်း ထူးခြားပါတယ်။ အစိုးရတာဝန်ရှိသူတွေသာမကပဲ 
 " အင်ဒိုနီးရှား  စစ်ဘက်က ဗိုလ်ချုပ်တစ်ဦးကို မြန်မာအာဏာသိမ်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံခိုင်းတာဟာ ဘာအတွက်လဲ...? " ဆိုသလိုလည်း တွေးမိပါတယ်။

ဒါတင်မကသေးပါဘူး။ အမေရိကန်ဦးဆောင်မယ့် အာဆီယံ တပ်မတော် တွေ့ဆုံပွဲနဲ့ လေ့ကျင့်ရေးမှာလည်း မြန်မာကို ဖိတ်ခေါ်ထားပါတယ်။

ဆိုတော့၊ အာဆီယံနဲ့ နိုင်ငံတကာက ဘာ့ကြောင့် ဒီလိုလုပ်နေရသလဲ...?

ဆိုရင်၊ မြန်မာ့အခြေအနေကြောင့်ပါ။

လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ဆိုတာက ရဇသံ သဘောပါပဲ။ အချိန်ကာလအရ စောင့်ကြည့်မှာပါ။ ဒါ့ကြောင့်လည်း စစ်အာဏရှင်တွေဘက်က ပျာယာခတ်နေတာပါ။ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို မလိုက်နာခဲ့ရင် R2P ပါဘဲ။ R2P ဆိုတာက စစ်ရေးတစ်ခုတည်းမဟုတ်ပါဘူး။ " ငြိမ်းချမ်းမှု့ ထိန်းသိမ်းရေးတပ် " တွေက ထိန်းသိမ်းဖို့အတွက် ဝင်လာမှာပါ။ ပဋိပက္ခ ဆိုတဲ့ အခြေအနေကို ဝင်ထိန်းပြီး ပြန်လည်ဖွဲ့စည်းပေးသင့်တာတွေ ဖွဲ့စည်းမှာပါ။ ( R2P လာမယ်၊ မလာဘူးက လုံခြုံရေးကောင်စီက ဆုံးဖြတ်မှာပါ။ ဆုံးဖြတ်ချက်အရ R2P နီးနေပြီလို့တော့ ပြောလို့ရပါတယ်။ ) ဒီလို ငြိမ်းချမ်းမှု့ ထိန်းသိမ်းရေးတပ်တွေ ဝင်လာတဲ့အခါ ခုခံမှု့တွေ ရှိခဲ့ရင် စစ်ဖြစ်မှာပါ။ ဒီအခြေအနေတွေကို သိနေတဲ့ နိုင်ငံတကာအသိုင်းအဝိုင်းဟာ တွေ့ဆုံဆွေးနွေးမှု့တွေကို စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်တွေနဲ့ အစားထိုးလာတာပါ။ ဒေသတွင်းမှာ စစ်မဖြစ်စေချင်တဲ့ အင်ဒိုနီးရှားကလည်း နိုင်ငံတကာရဲ့ ရာဇသံနဲ့ စစ်ရေးအခြေအနေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးမယ်လို့ ယူဆရပါတယ်။

ဆိုတော့...၊ လုံခြုံရေးကောင်စီအနေနဲ့ မြန်မာစစ်တပ်ရဲ့ သဘောထားကို နောက်ဆုံးအခွင့်အရေးပေးပြီး စစ်ဘက်ဆိုင်ရာ အဖွဲ့တွေကို ချည်းကပ်ခိုင်းတယ်လို့ မြင်ပါတယ်။

အမေရိကန်ရဲ့ Burma Act ကလည်း အသက်ဝင်နေပြီဆိုတော့၊ အမေရိကန်ဟာ မြန်မာစစ်တပ်ကို အနီးဆုံး ချည်းကပ်နေတာပါ။ စစ်ပွဲကို ရှောင်လွှဲလို့ ရနိုင်မလားဆိုတဲ့ အဆင့်မျိုးပါ။ 

ဒါ့ကြောင့်လည်းပဲ အာဆီယံဥက္ကဋ္ဌ ဖြစ်လာတဲ့ အင်ဒိုနီးရှားဟာ အာဆီယံ အထူးသံတမန်ကို မလွှတ်ပဲ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ rank တူတဲ့ အင်ဒိုနီးရှား စစ်ဗိုလ်ချုပ်တစ်ဦးကို လွှတ်လိုက်တယ်လို့ သုံးသပ်ချင်ပါတယ်။   ။
..
ဘကြီးအောင် LA
3 February, 2023
.

ဆက်ဖတ်ရန် →
လှိုင်မြို့နယ်မှာ ရုပ်ရှင်ဆန်စွာ ရာအိမ်မှူးကို ကားပေါ်ကနေ သေနတ်နဲ့ပစ်ခတ်ရာ ဦးခေါင်းထိသွား

လှိုင်မြို့နယ်မှာ ရုပ်ရှင်ဆန်စွာ ရာအိမ်မှူးကို ကားပေါ်ကနေ သေနတ်နဲ့ပစ်ခတ်ရာ ဦးခေါင်းထိသွား


မဲခေါင်၊ ဖေဖော်ဝါရီ ၄

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ် အမှတ် (၃) ရပ်ကွက်မှ ရာအိမ်မှူး ကို ဒီကနေ့ မနက်ပိုင်းက သေနတ်နဲ့ ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက မဲခေါင်သတင်းကို ပြောပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီ ၄ ရက် မနက် ၆ နာရီဝန်းကျင်က ဘုရင့်နောင် (၁၀) လမ်းနဲ့ ဖြတ်လမ်းထောင့်မှာ ရုပ်ရှင်ဆန်စွာ ကားပေါ်ကနေ သေနတ်နဲ့ ပစ်ခတ်သွားရာ ဦးခေါင်း ထိသွားတယ်လို့ မျက်မြင်တွေ့သူ တစ်ဦးက ပြောပါတယ်။

"သူ့ထမင်းကြော်ဆိုင်ဖွင့်ဖို့ ဆိုက်ကားသမား အလာမှာ ပစ်ခံရတာ။ သူကတော့ ခေါင်းထိသွားတော့ သေဖို့များတယ်။ ဆိုက်ကား ဆရာကတော့ ဗိုက်ကို ထိသွားတယ်။ သေမသေတော့ မသိရသေးဘူး။ ဆေးရုံကားနဲ့တော့ သယ်သွားတာ တွေ့တယ်။ ဘာလို့ ပစ်သွားတာလဲ ဆိုတာတော့ မသိဘူး" လို့ သူကပြောပါတယ်။

သေနတ်နဲ့ ပစ်ခတ်ခံရသူ ရာအိမ်မှူးမှာ မင်းဇော် ဆိုသူဖြစ်ပြီး ဆိုက်ကားမောင်းနှင်သူဟာ ရန်နိုင်စိုး ဖြစ်ကာ စစ်ကောင်စီက သူတို့ ၂ ဦးကို ဆေးရုံကားနဲ့ သယ်ဆောင်သွားပြီး ပစ်ခတ်ခဲ့တဲ့ ကားကို လိုက်လံ ရှာဖွေနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့ နေ့လယ်ပိုင်းက လှိုင်မြို့နယ် (၁) ရပ်ကွက်မှာလည်း ပျူစောထီး ဆိုသူ လူအေး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပြီး စစ်ကောင်စီက လမ်းအတွင်း နေထိုင်တဲ့ အမျိုးသား ၂၀ ဦးထက်မနည်း အချုပ်ကားနဲ့ လာရောက် ဖမ်းဆီးသွားတယ်လို့ ရပ်ကွက်နေ ပြည်သူတွေက မဲခေါင်သတင်းကို ပြောပါတယ်။

Photo - ပုံဟောင်း


ဆက်ဖတ်ရန် →
အမေရိကန်နိုင်ငံအတွင်းကို တရုတ်နိုင်ငံ စပိုင်မိုးပျံပူဖောင်းများ ဝင်ရောက်ပျံသန်း

အမေရိကန်နိုင်ငံအတွင်းကို တရုတ်နိုင်ငံ စပိုင်မိုးပျံပူဖောင်းများ ဝင်ရောက်ပျံသန်း

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၃ 

အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်က တရုတ်နိုင်ငံရဲ့ စပိုင် မိုးပျံပူဖောင်းများဟာ အမေရိကန်နိုင်ငံအတွင်း ပျံသန်း ဝင်ရောက်ခဲ့ပေမယ့် စစ်ဘက်တပ်မှူးများက မိုးပျံပူဖောင်းများကို ပစ်ချခြင်းမလုပ်ဖို့ အကြံပြုထားတယ်လို့ သိရပါတယ်။ 

အမေရိကန်စစ်ဌာနချုပ်ရဲ့ ဗိုလ်မှူးချုပ် ပက်ရိုင်ဒါက "NORADအပါအဝင် အမေရိကန်အစိုးရတာဝန်ရှိသူတွေဟာ စပိုင် မိုးပျံပူဖောင်းတွေကို ခြေရာခံမှုတွေ ဆက်လက်လုပ်ဆောင်နေပြီး အနီးကပ်စောင့်ကြည့်နေခဲ့တယ်။ အဲဒီမိုးပျံ ပူဖောင်းတွေဟာ လက်ရှိအချိန်မှာ သယ်ယူပို့ဆောင်ရေးလေယာဉ်တွေ ပျံသန်းတဲ့ အမြင်ပေအထက်မှာ ပျံသန်း နေခဲ့တယ်။ မိုးပျံပူဖောင်းတွေဟာ လက်ရှိအချိန်မှာ မြေပြင်ပေါ်မှာ ရှိနေတဲ့သူတွေကို ခြိမ်းခြောက်တာ၊ စစ်ရေး နည်းလမ်းအရ ဆောင်ရွက်တာမျိုးတွေ မရှိသေးဘူး" လို့ပြောပါတယ်။ 

၎င်းက တရုတ်နိုင်ငံရဲ့မိုးပျံပူဖောင်းတွေ ပျံသန်းမှုဟာ ပထမအကြိမ်မဟုတ်ကြောင်း၊ အရင်တုန်းကလည်း အမေရိကန်နိုင်ငံအတွင်း ပျံသန်းမှုတွေ ရှိခဲ့ဖူးကြောင်း၊ ဒါပေမယ့် အမေရိကန်အစိုးရဟာ အရေးကြီးတဲ့ သတင်းအချက်လက်တွေကို တရုတ်နိုင်ငံရဲ့စပိုင်မိုးပျံပူဖောင်း မရအောင်ကာကွယ်မှုတွေ ချက်ချင်းလုပ်ဆောင်ခဲ့ရ ကြောင်း ပြောပါတယ်။ 

အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုင်အော်စတင် နဲ့ အမေရိကန်စစ်ဘက်အကြီးအကဲတွေဟာ တရုတ်မိုးပျံ ပူဖောင်းတွေကို ပစ်ချတာခြင်းမလုပ်ဖို့ ပြောဆိုထားကြောင်း၊ အဲဒီပူဖောင်းတွေကို ပစ်ချလိုက်မယ်ဆိုရင် မိုးပျံ ပူဖောင်းမှာ ပါဝင်တဲ့ အစိတ်အပိုင်းတွေက မြေပြင်ပေါ်ရှိ ပြည်သူတွေရဲ့လုံခြုံရေးနဲ့ဘေးကင်းမှုတွေကို အန္တရာယ်ရှိ စေနိုင်တဲ့အတွက် ပစ်ချဖို့တားမြစ်ခြင်းဖြစ်ကြောင်း အမေရိကန်အစိုးရတာဝန်ရှိသူတစ်ဦး က ပြောပါတယ်။

အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက "ကျွန်တော်တို့ဟာ ဒီမိုးပျံပူဖောင်းရဲ့ ထောက်လှမ်း ရရှိနိုင်မယ့်တန်ဖိုး၊ ပမာဏာအကန့်အသတ်ကို အကဲဖြတ်နေတယ်" လို့ ပြောပါတယ်။

မိုးပျံပူးဖောင်းတွေဟာ လက်ရှိအချိန်မှာ မွန်တာနာမြို့မှာ ပျံသန်းနေပြီး အဲဒီမြို့မှာ အမေရိကန်လေတပ်ရဲ့ အခြေစိုက်စခန်းက စီမံခန့်ခွဲနေတဲ့ Minuteman III အမျိုးအစားတိုက်ချင်း ပစ်ပဲ့ထိန်းဒုံးကျည်များရှိနေကြောင်း သိရပါတယ်။ အမေရိကန်အစိုးရဟာ တိုက်လေယာဉ်တွေကို မိုးပျံပူးဖောင်းနားကို ဖြန့်ကြတ်ချထားပြီး လေ့လာ သုံးသပ်မှုများ လုပ်ဆောင်နေကြောင်း သိရပါတယ်။


ဆက်ဖတ်ရန် →
NUG လက်အောက်ခံ ဆရာ၊ဆရာမတွေကို ဖမ်းဆီးအရေးယူမယ်လို့ ခြိမ်းခြောက်စာစောင်တွေ လိုက်ဖြန့်

NUG လက်အောက်ခံ ဆရာ၊ဆရာမတွေကို ဖမ်းဆီးအရေးယူမယ်လို့ ခြိမ်းခြောက်စာစောင်တွေ လိုက်ဖြန့်



စစ်ကိုင်း၊ ဖေဖော်ဝါရီ ၃၊ ၂၀၂၃။
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်ကို ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ NUG လက်အောက်ခံ ဆရာ၊ဆရာမတွေကို တည်ဆဲဥပဒေနဲ့ အရေးယူမယ်လို့ ခြိမ်းခြောက်ရေးသားထားတဲ့ လက်ကမ်းစာစောင်တွေကို လိုက်လံဖြန့်ဝေနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖေဖော်ဝါရီ ၃ ရက် ဒီကနေ့ နေ့လယ် ၁ နာရီခန့်လောက်က အင်အား ၁၀၀ နီးပါးဟာ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ခြေလျင်နဲ့ ဆာလင်းကြီးမြို့ထဲကို ဝင်လာတဲ့ လမ်းကြောင်းတလျှောက် လက်ကမ်းစာစောင်တွေကို လမ်းဆုံနေရာတွေမှာ ကပ်ထားခဲ့တာလို့ ဆားလင်းကြီး ဒေသခံတဦးက ပြောပါတယ်။
“လာတာတော့ ခြေလျင်နဲ့ပဲ လာတယ်။ အဓိကကျတဲ့ လမ်းဆုံတွေမှာ အဲဒီစာရွက်တွေ လိုက်ကပ်သွားတယ်။ ကံကြီးတောရွာ အထွက်ကိုလည်း ကပ်ထားခဲ့ပါတယ်” လို့ သူကဆိုပါတယ်။
အဲဒီလက်ကမ်းစာစောင်ထဲမှာ NUG အမည်ခံတရားမဝင်အဖွဲ့က ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းက ဆရာ၊ဆရာမတွေဟာ ကျောင်းသားတွေဆီကနေ ငွေကြေးကောက်ခံနေမှုနဲ့ အခုဖွင့်လှစ်ထားတဲ့ ကျောင်းတွေဟာလည်း အစိုးရက အသိအမှတ်ပြုထားတဲ့ ကျောင်းမဟုတ်ကြောင်းတွေ စာသားတွေပါတဲ့ စာတွေရေးသားထားပါတယ်။
အဲဒီအပြင် ကျောင်းသား၊သူနဲ့ မိဘတွေအနေနဲ့လည်း အဲဒီကျောင်းတွေဟာ တရားမဝင်ဖြစ်တဲ့အတွက် အချိန်နဲ့ငွေ ကြိုးစားအားထုတ်မှုတွေဟာ အရာမထင်ဘဲ ဖြစ်လိမ့်မယ်လို့လည်း စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ လက်ကမ်းစာစောင်တွေထဲမှာ ရေးသားထားပါတယ်။
မနေ့ကညပိုင်းမှာ စစ်ကိုင်းတိုင်းအတွင်း မြို့နယ် ၁၁ မြို့နယ်ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေငြာတဲ့အထဲမှာ ဆားလင်းကြီးမြို့နယ်ပါဝင်ပြီး ဒီကနေ့မှာပဲ အခုလို ချိန်းခြောက်စာတွ လိုက်လံဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။
သတင်း - နန်းခမ်း
ဆက်ဖတ်ရန် →
  ထင်ရှားတဲ့ အမှတ်အသား မေးစေ့မှာ စောင်မွှေးနှစ်ပင်ပေါက်နေတဲ့ မှဲ့အပြားရှိ

ထင်ရှားတဲ့ အမှတ်အသား မေးစေ့မှာ စောင်မွှေးနှစ်ပင်ပေါက်နေတဲ့ မှဲ့အပြားရှိ

ဖေ့စ်ဘုတ်နာမည်က ဟန်ငြိမ်းဦး
နာမည်ရင်းက စိုးနိုင်
အသက်က ၃၆နှစ် 
မွေးနေ့က ၃.၁.၁၉၈၅ (အသက်၂၈ဆိုတာ လိမ်ထားတာ။မှတ်ပုံတင်၊ပက်စ်ပိုစ့်တွေထဲက အမှန် ရထားပြီ။ )

ထင်ရှားတဲ့ အမှတ်အသား မေးစေ့မှာ စောင်မွှေးနှစ်ပင်ပေါက်နေတဲ့ မှဲ့အပြားရှိ။ ထိပ်ပြောင်နေလို့ မန္တလေးမှာ ဆံပင်တုသွားလုပ်ရင်း တစ်သိန်းခွဲတန် အပေါစား ပါးချိုင့်အတုပါ တပ်လာ။ ဆံပင်တုစွပ်ရင်စွပ်။ မစွပ်ရင် ဦးထုပ်အမြဲစောင်းထားတယ်။ ခြေထောက်တစ်ဖက် ဆာနေတယ်။ လမ်းလျှောက်ရင် ပုံမှန်မဟုတ်ဘူး။ 

နေတာက နေပြည်တော်မှာ။ အလုပ်အကိုင်က ရေသန့်ရောင်းတယ်။ အစ်ကိုလုပ်တဲ့သူက အုတ်ရောင်းတယ်။ ပညာအရည်အချင်း ၈ တန်းအောင်။ 

ပက်ပိုစ့်တောင် ၂၀၁၉ မှ လုပ်ရကောင်းမှန်း သိတဲ့ကောင်။ 

ဒီ ခွေးမသာ မအေလိုး စိုးနိုင် က မိန်းမရှိတယ်။ ဦးဟန် ဦးဟန်ဆိုပြီ ဆော်တွေဆီက ပတ်ခြူတယ်။ ဆယ်လီသတင်းတွေကို အတွင်းလူတွေပေးလို့ရတာ။ အနုပညာလောကကလည်း မဟုတ်ဘူး။ ဟက်ကာလည်း မဟုတ်ဘူး။ ဟက်လည်း မဟက်တတ်ဘူး။ ဘာမှလည်း မလုပ်တတ်ဘူး။ ပိုက်ဆံလိုလာရင် အချို့ နာမည်မကြီးတဲ့ မိန်းကလေးတွေဆီ တင်လိုက်ရမလား ဖွလိုက်ရမလား ငွေညှစ်တတ်တဲ့ စောက်ကျင့်ရှိတယ်။

စစ်သားလည်း မဟုတ်ဘူး။ 
စစ်တပ်အသိုင်းအဝိုင်းလည်း မဟုတ်ဘူး။ အာဏာသိမ်းရင် တရားမစွဲရဲကြအောင် စစ်တပ်ကို ဖားယားပြီး ဘောမတာ။ 
အာဏာသိမ်းတာ သူ့အကြိုက်မို့ လုပ်ချင်တာ လုပ်လို့ရပြီး အရမ်းပျော်တယ်တဲ့။ စစ်တပ်ကို ဘောမတော့ စစ်တပ်က ဟာတွေက ဒီ့ကောင့်ကို ဘာသာရေးလူမျိုးရေးမှိုင်းတွေ၊ သတင်းအတုတွေ တင်ခိုင်းတယ်။ ဒီကောင်ကလည်း သူ့ကို Cover ပေးအောင် အဆဲခံရမှန်း သိလျက်နဲ့ တင်တယ်။

ဒီ စိုးနိုင် က ငကြောက်။ သင်းသင်းတရားစွဲတုန်းက မအိပ်နိုင်မစားနိုင်တွေ ဖြစ်အောင် ကြောက်ခဲ့တာ။ အခု ဘယ်လောက် ကြောက်နေမလဲ မတွေးရဲဘူး။ ကျွတ်.. ကျွတ်… ကျွတ်

ခွေး စစ် တပ် လီး စုပ် ဖို့ မရှိတော့ တဲ့ နင်ဟာ ရေသန့်ရောင်းတဲ့ ၈ တန်းအောင်ကောင်ပဲဆိုတာ မမေ့နဲ့။


ဆက်ဖတ်ရန် →
ဟုမ္မလင်းတွင် PDF က ပစ်ချလိုက်သော စစ်ကောင် စီ ရဟတ်ယာဉ်မှာ ရုရှား Mi 17 အမျိုးအစား ထောက်ပို့ ရဟတ်ယာဉ် ဖြစ် ကြောင်း မြေပြင်တပ်ဖွဲ့အတည်ပြု

ဟုမ္မလင်းတွင် PDF က ပစ်ချလိုက်သော စစ်ကောင် စီ ရဟတ်ယာဉ်မှာ ရုရှား Mi 17 အမျိုးအစား ထောက်ပို့ ရဟတ်ယာဉ် ဖြစ် ကြောင်း မြေပြင်တပ်ဖွဲ့အတည်ပြု

ရန်ကုန်၊ ဖေဖော်ဝါရီ ၃ ခေတ်သစ်မီဒီယာ

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့သစ်တွင်  PDF တပ်များက ပစ်ချလိုက်သော စစ်ကောင်စီရဟတ်ယာဉ်မှာ ရုရှား Mi 17 အမျိုးအစား ထောက် ပို့ ရဟတ်ယာဉ်ဖြစ်ကြောင်း HPDF မိုးကြိုးအဖွဲ့မှ ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 

ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင် ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေး မြို့သစ်တွင် စစ်တပ်နှင့် PDF တပ်များ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ရွှေပြည်အေး မြို့သစ်ကို PDF တပ်များက ထိန်းချုပ်ခဲ့ကြောင်း၊ ယင်းနောက် တိုက်ပွဲများ ဆက်တိုက်ဆိုသလိုဖြစ်ပွားပြီး ယနေ့တွင် Mi17 ထောက်ပို့ ရဟတ်ယာဉ်ကို ပစ်ချနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ 

"ရဟတ်ယာဉ် ပစ်ချတာကိုတော့ အတည်ပြုနိုင်ပါတယ်။ ရဟတ်ယာဉ် အမျိုးအစားက Mi 17 အမျိုးအစားဖြစ်ပါတယ်။ ပစ်တဲ့ လက်နက်ကိုတော့ ကျနော်တို့ ပြောပြလို့ရမပါဘူး။ ရဟတ်ယာဉ် ပျက်ကျအောင် ပစ်ချနိုင်ခဲ့တာကိုတော့ Confirm ပေးနိုင်ပါတယ်။ အခု ရွှေပြည်အေးမြို့သစ်ဘက်ကို ဖုန်းလိုင်းတွေ ဖြတ်ထားပါတယ်" ဟု HPDF မိုးကြိုးမှ ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။ 

ယနေ့ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၂၀ ဦးထက်မနည်းသေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးကြောင်း  NUG ကာကွယ်ရေး ဝန်ကြီးဌာနက တရားဝင် သတင်းထုတ်ပြန်ထားသည်။ 

ဟုမ္မလင်း၊ ရွှေပြည်အေးမြို့သစ်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ခန္တီးခရိုင်တပ်ရင်း (၁)- ဟုမ္မလင်း၊HPDF-124 ၊ HPDF၊HPDF မိုးကြိုး အပါအဝင် မဟာမိတ် တပ်ပေါင်းစုများက စစ်ကောင်စီတပ်များကို တိုက်ခိုက်နေခြင်း ဖြစ် သည်။ 

ဓာတ်ပုံ- စစ်တပ်၏ Mi 17 ရဟတ်ယာဉ်တစ်စီးကို တွေ့ရစဉ်။


ဆက်ဖတ်ရန် →
“မင်း သတ္တိရှိရင်၊ လုပ်ရဲလို့ ခံရဲတယ် ဆိုရင် လူမိုက်လုပ်ကွ၊ လူညစ်တော့ မလုပ်နဲ့။ ယောကျ်ား သိက္ခာကျတယ်။”

“မင်း သတ္တိရှိရင်၊ လုပ်ရဲလို့ ခံရဲတယ် ဆိုရင် လူမိုက်လုပ်ကွ၊ လူညစ်တော့ မလုပ်နဲ့။ ယောကျ်ား သိက္ခာကျတယ်။”

အပြိုင်အဆိုင် အနိုင် ဘောလုံးပွဲ
လွန်ခဲ့တဲ့ တစ်နှစ်က ရေးခဲ့တဲ့ ဘောလုံးပွဲက ရခဲ့တဲ့ ဘ၀ သင်ခန်းစာ
မဖတ်ရသေးသူများအတွက် ပြန်လည်မျှဝေလိုက်ပါတယ်။ 
“မင်း သတ္တိရှိရင်၊ လုပ်ရဲလို့ ခံရဲတယ် ဆိုရင် လူမိုက်လုပ်ကွ၊ လူညစ်တော့ မလုပ်နဲ့။ ယောကျ်ား သိက္ခာကျတယ်။”
( ဆောင်းပါးကောက်နှုတ်ချက်)
---------------------------------------------------------------------------------------------------------
အပြိုင်အဆိုင် အနိုင်  ဘောလုံးပွဲ 
ဘဝမှာ ဘောလုံးပွဲတွေအများကြီး ကြုံခဲ့ဖူးပေမယ့် လွန်ခဲ့တဲ့ နှစ်ငါးဆယ်ကျော် ကလေးဘဝက ကြုံခဲ့တဲ့ ဘောလုံးပွဲလောက် ဘယ်ပွဲမှ မှတ်မှတ်ရရမဖြစ်ခဲ့ဘူး။ တစ်သက်လုံး တသသ မရှိခဲ့ဘူး။ သင်ခန်းစာယူလို့ မဆုံး မဖြစ်ခဲ့ဘူး။ 
အဲဒီ ဘောလုံးပွဲဟာ  ကျွန်တော့်လက်ထဲကို ထူးခြားတဲ့ဘောလုံး တစ်လုံးရောက်လာတာက အစပြု ခဲ့တာပါ။ ထူးခြားတဲ့ဘောလုံး အကြောင်းမပြောခင် ဘောလုံးရလာတဲ့ အချိန်ကာလကို အရင် ပြောမှ ပြည့်စုံမယ်။ အဲဒီအချိန်က ၁၉ ၆၈- ၆၉ ၊ ကျွန်တော်က လေးတန်းကျောင်းသား။ အဖေက နာဂ တောင်တန်းက မြို့လေးမှာ တာဝန်ကျတယ်။ 
ကျွန်တော်တို့ မူလတန်းကျောင်းလေးမှာ ကျောင်းသားတွေရဲ့ တစ်ခုတည်းသော ကစားနည်းက ဘောလုံးကန်တာပဲ။ ဘောလုံးဆိုတာလည်း ကောင်းကောင်း ကန်းကန်းမဟုတ်ဘူး။ မြို့ထဲ တရုတ် စတိုးဆိုင်က ရောင်းတဲ့ ကော်ဘော်လုံးပဲ။ ဆိုရှယ်လစ်ခေတ် ဆိုတော့ တကယ့်ဘောလုံးဆိုတာ ကုန်သွယ်ရေးက ရောင်းမှ ဝယ်လို့ရတာ။ ကျွန်တော်တို့ မြို့လေးမှာ ရွှေလောက်နီးနီး ရှားတယ်။ 
ကော်ဘောလုံးဆိုတော့ နည်းနည်းကန်လိုက်တာနဲ့ ပေါက်ပြီ။ ဘောလုံးပေါက်တိုင်း အသစ်ဝယ်ဖို့ ပူဆာရင်လည်း အိမ်ရဲ့ တုတ်စာမိမှာသေချာသလောက်ဖြစ်နေတော့ ကလေးတွေဟာ  ကော်ဘောလုံး အပိန်အရှုံ့နဲ့ ပဲ နှစ်ပါးသွားနေရတယ်။ အဲဒီလို အချိန်မှာ ကျွန်တော့်အဖေက မန္တလေးသွားရတယ်။ မန္တလေးက ပြန်လာတော့ သားရေဘောလုံးတစ်လုံး၊ လေထိုးတံတစ်ချောင်း၊ လေထိုးပိုက်တစ်ခု ပါလာတယ်။ ဘောလုံးက တရုတ်လုပ်၊ ကြိုးချုပ်လို့ခေါ်တဲ့ ဘောလုံး။ ကော်ဘောလုံးနဲ့ပဲ နှစ်ပါးသွားနေရတဲ့ ကျွန်တော်တို့အတွက်တော့ အင်မတန်ထူးခြားတဲ့ ဘောလုံးပေါ့။ ဒါ့အပြင်  အဖေက  ဘောလုံးကွင်း အသေးလေးဖောက်ပေးတယ်။ ဂိုးကျဉ်းကန်ဖို့အတွက် သစ်သားတန်းနဲ့ ဂိုးတိုင် အသေးလေးလုပ်ပေး တယ်။ ဂုံနီအိတ်တွေ နဲ့ ဂိုးပိုက်လေးလုပ်ပေးတယ်။ 
ဒီလိုနဲ့ အဖေ့ကျေးဇူးကြောင့်  ဘောလုံးပိုင်၊ ကွင်းပိုင်ဖြစ်လာတဲ့ ကျွန်တော်ဟာ သူငယ်ချင်း တွေကြားမှာ အကောင် ဖြစ် လာတယ်။ ကျွန်တော်နဲ့ မတည့်ရင် ဒီကွင်းမှာ ကစားလို့မရဘူး။ လူခွဲရင် ကိုယ်ကြိုက်တဲ့သူ ရ အောင် ယူတယ်။ ကိုယ်တိုင်လည်း ဝင်ကန်တယ်။ ကိုယ်တိုင်ပဲ ဒိုင်လုပ်တယ်။ ဒိုင်ဆုံးဖြတ်ရင် လက်ခံ၊ ပြန်မပြောနဲ့။ နောက်လာကစားလို့မရဘူးဖြစ်သွားမယ်။ တစ်ချို့ မခံချင်တဲ့ သူငယ်ချင်းတွေက မလာ ဘူးပေါ့။ ဒါပေမယ့် ကြာကြာမနေနိုင်ပါဘူး။ ကော် ဘောလုံး အစုတ်နဲ့ မကန်ချင်တော့ မချစ်သော်လည်း အောင့်ကာနမ်း ပြီး ပြန်လာရတာပဲ။ 
တစ်ခါတစ်လေကျတော့ အရုပ်ကားချပ်ကြေး၊ သားရေကွင်းကြေးကန်ကြတယ်။ ဒီလိုကန်ရင်တော့ ကျွန်တော်ဘက်က လူတစ်ယောက်ပိုယူတယ်။ ငါ့ကွင်း၊ ငါ့ဘောလုံး ၊ ငါမပါရင် မင်းတို့ ပွဲမဖြစ် ဘူး။ ကန်ချင်ရင် ငါ့ဘက်ကို တစ်ယောက်အကြောပေး ဒါပဲ။ များများမပြောဘူး။ သို့သော် လောင်းကြေးပါတဲ့ ပွဲမျိုးဆိုရင်တော့ ကျွန်တော်ကိုယ်တိုင်လည်း ကန်၊ ကိုယ်တိုင်လည်း ဒိုင် လုပ် ဆိုတာမျိုးမလုပ်ပါဘူး။ မ ျှမ ျှတတ ဖြစ်အောင် ဒိုင် တစ်ယောက်ထားတယ်။ 
ဒိုင်လူကြီးကတော့ ဝေးဝေးမရှာရပါဘူး။ အဖေ့ အနားမှာ အမြဲတမ်းနေတဲ့ ဦးလေးကြီးက ဒိုင်လူကြီး ပေါ့။ သူက ဘောလုံး မကန်တတ်ဘူး။ ဒါပေမယ့် ပြဿနာမရှိဘူး။ သူ့အလုပ်က ကျွန်တော်က “ ဦးလေး” လို့အော်လိုက်ရင် ခရာမှုတ်လိုက်ဖို့ပဲ။ ဘာပြစ်မှုလည်းဆိုတာ ကျွန်တော်ကပဲ ပြောပြ ရတာပေါ့။ တစ်ဖက်အသင်းက ဆင်ခြေတက်ရင်လည်း “ ဟေ့ကောင်တွေ ဒိုင်ကို ပြန်မပြောနဲ့၊  မကျေနပ်ဘူးလား” ဆိုပြီး ဖြဲချောက်ရတာပဲ။  
ဒီတော့ ကားချပ်ကြေး ကန်တိုင်း ကျွန်တော်တို့ အသင်းပဲ နိုင်တာပေါ့။ ဒီလိုနဲ့ ကြေးကြီးပွဲ ကြီး ကန်ဖို့ဖြစ်လာတယ်။ ကြေးကြီးတယ်ဆိုတာက အရုပ်ကားချပ်ကြေးများတာကို ပြောတာ။ ကျွန် တော်တို့ခေတ်က ကားချပ်ဆိုတာ ကလေးပိုက်ဆံပဲလေ။ အရင်ပွဲနဲ့မတူတာက အဖေတပည့် ဦးလေးကြီးက ခရီးထွက်သွားတော့ ဒိုင်မလုပ်နိုင်ဘူး။ ဒါပေမယ့် ကျွန်တော်က စိတ်မပူဘူး။ အခု ဦးလေးကလည်း အဖေ တပည့်တစ်ယောက်ပဲ၊ အထာနပ်မှာပါပေါ့။ နောက်ပြီး ထုံးစံအတိုင်း ကျွန် တော့်ဘက်က လူတစ်ယောက် အကြောယူထားသေးတယ်လေ။ 
လောကမှာ အရာရာဟာ ကိုယ်ထင်တဲ့အတိုင်းမဖြစ်ဘူးဆိုတာ တယ်မှန်တာကိုး။ ဒိုင် လုပ်တဲ့ ဦးလေးက “ ဦးလေး” လို့ လှမ်းအော်ရင်လည်း မကြားချင်ယောင်ဆောင်နေတယ်။ သူ ဆုံး ဖြတ်တာကို ကန့်ကွက်တော့ ဒိုင်ကို ခံမပြောနဲ့လို့ သတိပေးတယ်။ ဟိုဘက်အသင်းကို ဘက် လိုက်နေသလားတောင် ထင်ရတယ်။  သူလုပ်တာနဲ့ တစ်ဘက် အသင်းကကောင်တွေ အားတက်ပြီး ကျုံးကန်၊ ကျွန်တော့်တို့ဘက်ကတော့ တစ်သက်လုံး ဒိုင် အားကိုးနဲ့လုပ်စား လာတာဆိုတော့  ခြေပျက်။ နောက်ဆုံးတော့ ဝက်ဝက်ကွဲရှုံးတော့တာပဲ။ 
ဒါပေမယ့် ဒါ ကျွန်တော့်ကွင်းလေ။ ဒီလို လာလုပ်လို့ဘယ်ရမလဲ။ ပွဲပြီးတော့ ဘောလုံးကို သိမ်း၊ ဒိုင် ညစ်လို့ ငါတို့ရှုံးတာ။ အရင်ဒိုင် ဦးလေးကြီးလာမှ ပြန်ကန်မယ်ဆိုပြီး ပြောရတာပေါ့။ ဟိုဘက် အသင်း ကလည်း ဘယ်ခံမလဲ၊ ဒီတစ်ပွဲက ကြေးများတာကိုး။ အတိုချုပ်လိုက်တော့ နှစ်ဘက် ရန်ဖြစ်ပြီး ထိုးကြိတ်လိုက်တာ အားလုံး ကျောင်းအုပ်ဆရာကြီး ရုံးခန်းရောက်တော့တာပဲ။ 
ကျွန်တော်တို့ မူအုပ်ဆရာကြီး ဦးထွန်းမြင့် ဆိုတာ စည်းကမ်းကြီးတော့ သူ့ရုံးခန်းရောက်တယ် ဆိုရင် အခြေအနေမကောင်းတော့ဘူး။ ဖြစ်ကြောင်းကုန်စင် နားထောင်ရင်းနဲ့ နဂို က ညိုမှောင် နေတဲ့ ဆရာကြီးမျက်နှာက မဲမှောင်လာတယ်။ နှာခေါင်းဝက လေသံ တရှုးရှုးထွက်လာတယ်။ ဒါဟာ ဆရာကြီး ဒေါသ ဆိုင်ကလုန်းမုန်တိုင်းလာပြီ ဆိုတဲ့ သတိပေးခေါင်းလောင်းသံပဲ။ ဒါ့ကြောင့် သူ့ရှေ့မှာ လက်ပိုက်ရပ်နေတဲ့ ကျွန်တော်တို့ ကိုယ်လုံးတွေက တဖြည်းဖြည်း ကျုံ့လာကြတယ်။ 
အားလုံးနားထောင်ပြီးတော့ ဆရာကြီးက  ကြိမ်လုံးနဲ့ စားပွဲကို တဖြန်းဖြန်း ရိုက် ရင်း “ ရဲထွဋ် ၊ မင်း သတ္တိရှိရင်၊ လုပ်ရဲလို့ ခံရဲတယ် ဆိုရင် လူမိုက်လုပ်ကွ၊ လူညစ်တော့ မလုပ်နဲ့။ ယောကျ်ား သိက္ခာကျတယ်။ အခု ကြည့်စမ်း၊ မင်း ဖောက်တဲ့ ကွင်း မှာ မင်းစည်းကမ်းအတိုင်း လူလည်း အကြောယူထားသေးတယ်။ ဒိုင် ကို ပြန်မပြောနဲ့ဆိုတာလည်း မင်းသတ်မှတ်တာပဲ။ မင်းနိုင်နေ တုန်းက အကောင်း၊ ရှုံး တော့မှ ဒိုင်ညစ်တယ်၊ ပြန်ကန်မယ် ဆိုတော့ ဒါ သက်သက် ညစ်တာကွ။ မင်း လူညစ်ပဲ” လို့ အော်တော့တာပဲ။ ဇာတ်သိမ်းတော့ ရန်ဖြစ်တာကြောင့် အားလုံး တစ်ယောက် ကို သုံးချက်၊ ကျွန်တော်ကတော့ ညစ်ကျယ်ကျယ်လုပ်တဲ့အတွက် အပိုဆောင်း ငါးချက်  အဆော်ခံ ထိတယ်။ ဘောလုံးကိုလည်း ဆရာကြီးက ကျောင်းပိုင်အဖြစ်သိမ်းလိုက်တယ်။ 
အရိုက်ခံရတာက မနာဘူး။ ဘောလုံး အသိမ်းခံရတာတော့ အတော်နာတယ်။ တကယ်တော့ ကိုယ့်ခြေစွမ်းက ကောင်းတာမဟုတ်ဘူး၊ ဒီဘောလုံး ကြောင့်သာ ကွင်းထဲမှာ ဆရာကြီးလုပ်နေရ တာ မဟုတ်လား။ ဒါ့ကြောင့် ဆရာကြီးကို အယူခံဝင်တယ်။ မရဘူး။ 
ဒါနဲ့ အဖေ့ကို ဘောလုံးအသိမ်းခံရတဲ့အကြောင်းနဲ့ ဆရာကြီးဆီက ပြန်တောင်းပေးဖို့ ပြော တယ်။ အကြောင်းစုံ သိသွားတဲ့ အဖေက “ မင်းကို လူချစ်လူခင်များအောင်၊ သူငယ်ချင်း တွေနဲ့ ပိုစည်းလုံးအောင်  ဘောလုံးဝယ်ပေးတာ၊ မင်းက ညစ်တော့ ခံပေါ့ကွာ” လို့ သြဘာပေးတယ်။ ဆရာကြီးသာ မရိုက်ရင် သူက ရိုက်ပြီး အပြစ် ပေးမယ့်ပုံပဲ။ အဲဒီမှာ လူညစ် ဆိုရင် အဖေကတောင် လက်မခံဘူးဆိုတာ သဘောပေါက်သွားတယ်။ 
အဲဒီဘောလုံးပွဲက ကျွန်တော့်အတွက် တစ်သက်တာ သင်ခန်းစာပဲ။   ဘ၀ မှာ ဘယ်လို ပြိုင်ဆိုင်မှု မျိုးနဲ့ ကြုံကြုံ ညစ်ပြီး အနိုင်ယူဖို့ မစဉ်းစားတော့ဘူး။ ကိုယ့်အထက် က ဖြစ်ဖြစ်၊ လုပ်ဖော် ကိုင်ဘက်ဖြစ်ဖြစ်၊ လက်အောက်က ဖြစ်ဖြစ် ညစ်တတ်တဲ့ လူတွေကို တွေ့ရင်လည်း လေးစားလို့ မရတော့ ဘူး၊ ခင်မင်စိတ်မရှိတော့ဘူး၊ စာနာစိတ်မထားနိုင်ဘူး။ 
 ကျွန်တော် အဲဒီမြို့လေးက ပြောင်းလာပြီးနောက်ပိုင်း ဆရာကြီးနဲ့ မဆုံဖြစ်တော့ ဘူး၊ ဆရာကြီး ကွယ်လွန်သွားတာတောင် နှစ်အတော်ကြာမှ သိတယ်။ ဒါပေမယ့် လူညစ်တွေ တွေ့ တိုင်း “ သတ္တိရှိရင်၊ လုပ်ရဲလို့ ခံရဲတယ် ဆိုရင် လူမိုက်လုပ်ကွ၊ လူညစ်တော့ မလုပ်နဲ့။ ယောကျ်ား သိက္ခာကျတယ်” ဆိုတဲ့  ဆရာကြီး စကားကို  ပြန်သတိရတယ်။ 
အခုနေ ဆရာကြီးများရှိရင် ကြိမ်လုံး တဝင့်ဝင့်နဲ့ ဘာတွေများပြောနေမလဲ မသိဘူး။  
#yehtutarticle
#football


ဆက်ဖတ်ရန် →
လှိုင်မြို့နယ်မှာ ပျူစောထီးအဖွဲ့ဝင်ဆိုသူ ဦးခေါင်း သေနတ်နဲ့ပစ်သတ်ခံရ

လှိုင်မြို့နယ်မှာ ပျူစောထီးအဖွဲ့ဝင်ဆိုသူ ဦးခေါင်း သေနတ်နဲ့ပစ်သတ်ခံရ

မဲခေါင်၊ ဖေဖော်ဝါရီ ၃

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ် (၁) ရပ်ကွက်မှာ နေထိုင်တဲ့ ပျူစောထီး အဖွဲ့ဝင် ဆိုသူ လူအေး နေအိမ်တိုက်ခန်းမှ ဆင်းလာစဉ် အမျိုးသား ၂ ဦးက ခေါင်းကို သေနတ်နဲ့ ပစ်သတ်ခဲ့လို့ နေရာမှာ သေဆုံးသွားတယ်လို့ ဒေသခံတွေက မဲခေါင်သတင်းကို ပြောပါတယ်။

ဒီကနေ့ နေ့လယ် ၃ နာရီကျော်က ဇေယျမင်္ဂလာ (၂) လမ်း၊ နေအိမ် တိုက်ခန်းမှ ဆင်းလာတဲ့ လူအေး ဆိုသူကို အမည်မသိ အမျိုးသား ၂ ဦးက အနီးကပ် သေနတ်နဲ့ ပစ်သတ်ခဲ့တာလို့ မျက်မြင်တွေ့သူ တစ်ဦးက ပြောပါတယ်။

"ရပ်ကွက်ထဲမှာ အရင်ကလည်း လမ်းလူကြီး လုပ်ဖူးတယ်။ စစ်ကောင်စီ တက်လာတော့လည်း ပျူစောထီး လုပ်တယ် ကြားတယ်။ သန်းခေါင်စာရင်း ကောက်တော့လည်း သူကိုယ်တိုင်ပါတယ်။ မြို့နယ် အရန်မီးသတ်မှာလည်း သူကပါတယ်။ ခေါင်းကိုပဲ တည်ပစ်သွားတာ။ ၂ ချက်ထဲနဲ့ သေသွားတာ" လို့ သူကပြောပါတယ်။

ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် အဆိုပါလမ်းအတွင်းသို့ စစ်ကားနဲ့ ဆေးရုံကား ၂ စီး ရောက်ရှိလာပြီး အလောင်း တင်ဆောင်သွားတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

အဲဒီနောက် လူသတ်မှု ဖြစ်ပွားခဲ့တဲ့ ဇေယျမင်္ဂလာ (၂) လမ်းအတွင်း စစ်ကောင်စီတပ်သားတွေ လှည့်လည် စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

ဒီပစ်ခတ်မှုကို ဘယ်အဖွဲ့က ပြုလုပ်ခဲ့တယ် ဆိုတာကိုတော့ မသိရှိရသေးပါဘူး။
Has 

ဆက်ဖတ်ရန် →
ဖက်ဒရယ်နဲ့ ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေနဲ့လက်တွဲဖို့ SSPP ဆုံးဖြတ်

ဖက်ဒရယ်နဲ့ ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေနဲ့လက်တွဲဖို့ SSPP ဆုံးဖြတ်

မဲခေါင်၊ ဖေဖော်ဝါရီ ၃

ဖက်ဒရယ်နဲ့ ဒီမိုကရေစီ လိုလားတဲ့ အင်အားစုတွေနဲ့ လက်တွဲသွားမယ်လို့ ရှမ်းတော်လှန်ရေး အင်အားစု ဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ-SSPP က  ဒီကနေ့ ထုတ်ပြန်ပါတယ်။

ရှမ်းပြည်တိုးတက်ရေးပါတီ ဌာနချုပ်မှာ ဇန်နဝါရီလ ၁၉ ရက်မှ ဖေဖော်ဝါရီ ၁ ရက်နေ့အထိ ပြုလုပ်ခဲ့တဲ့ “၂၀၂၂ ခုနှစ် တိုးချဲ့ဗဟိုကော်မတီ မျက်နှာစုံညီ အစည်းအဝေး” မှာ အခုလို ဆုံးဖြတ်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒီအစည်းအဝေးကို SSPP ခေါင်းဆောင် ဗိုလ်ချုပ်ကြီးစဝ်စေထင်က သဘာပတိအဖြစ် ဆောင်ရွက်ပြီး ဗဟိုကော်မတီဝင် ၂၆ ဦး၊ အရန်ဗဟိုကော်မတီ ၅ ဦးနဲ့ ဗဟိုရုံးအဖွဲ့ဝင် ၁၄ ဦး တက်ရောက်ခဲ့ပါတယ်။

မြန်မာနိုင်ငံအတွက် အလိုအပ်ဆုံးဖြစ်တဲ့ အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ရေရှည်ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရဖို့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံနိုင်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ တည်ဆောက်ဖို့ လိုအပ်နေတာကြောင့် ဖက်ဒရယ်နဲ့ ဒီမိုကရေစီ လိုလားတဲ့ အင်အားစုတွေနဲ့ လက်တွဲ ကြိုးပမ်းမယ်လို့ ဆိုပါတယ်။

လက်ရှ နိုင်ငံရေး အကြပ်အတည်းတွေကို အဖြေရှာ ကျော်လွှားနိုင်ဖို့နဲ့ အနာဂါတ် ပြည်ထောင်စု တည်ဆောက်နိုင်ရေးဟာ လူတစ်စု၊ လူမျိုးတမျိုးတည်းရဲ့ မူပိုင်အရေး မဟုတ်ဘဲ လူမျိုး၊ ဘာသာမရွေး ပြည်ထောင်စုသား တိုင်းရင်းသား လူမျိုးတိုင်းရဲ့ သမိုင်းပေးတာဝန် ဖြစ်တဲ့အတွက် စုပေါင်းတာဝန်ယူ ဖြေရှင်းရမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် ဆင်းရဲဒုက္ခ အပေါင်းနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြည်သူလူထုရဲ့ လူနေမှုဘဝ ပြန်လည်ရှင်သန် ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် နည်းလမ်းရှာ ဆောင်ရွက်သွားမှာ ဖြစ်ပြီး လူထုအကျိုးပြု ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းနဲ့ ဆင်းရဲမွဲတေမှု ပပျောက်ရေးကို ဆက်လက် ဆောင်ရွက်မယ်လို့ ဖော်ပြထားပါတယ်။

#MeKongNews 
#SSPP
#ဖက်ဒရယ်
#ဒီမိုကရေစီ


ဆက်ဖတ်ရန် →
NUG ယာယီသမ္မတ ဒူဝါလရှီးလ၏ လူမှုကွန်ယက်စာမျက်နှာ တိုက်ခိုက်ခံရ ဆိုရှယ်မီဒီယာအသုံးပြုသည့် တော်လှန်ရေးရဲဘော်များ သတိထားရန် အသိပေး

NUG ယာယီသမ္မတ ဒူဝါလရှီးလ၏ လူမှုကွန်ယက်စာမျက်နှာ တိုက်ခိုက်ခံရ ဆိုရှယ်မီဒီယာအသုံးပြုသည့် တော်လှန်ရေးရဲဘော်များ သတိထားရန် အသိပေး

အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီလ၏ လူမှုကွန်ယက်စာမျက်နှာ Facebook Page တိုက်ခိုက်ခံခဲ့ရကြောင်း ယာယီသမ္မတကြီးရုံးက ဖေဖော်ဝါရီ ၂ ရက်တွင် ထုတ်ပြန်ထားသည်။
 ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စစ်ကောင်စီအာဏာသိမ်းအုပ်စုအား ဆန့်ကျင်သည့် အနေဖြင့် မြန်မာတစ်နိုင်ငံလုံး၏ တိတ်ဆိတ်ငြိမ်သက်ခြင်း သပိတ်အား အောင်ပွဲခံနေကြစဉ် ည ၇ နာရီ၀န်းကျင်တွင် ယာယီသမ္မတ၏ Facebook Page တိုက်ခိုက်ခံရခြင်း ဖြစ်သည်။ 
 ထိုကဲ့သို့ ယာယီသမ္မတ၏ Facebook Page တိုက်ခိုက်ခံရမှုကြောင့် စာမျက်နှာပေါ်တွင် တင်ထားသည့် အကြောင်းအရာအားလုံး ပျောက်ပျက်ခဲ့ကြောင်း သိရသည်။ ယာယီသမ္မတ၏ Facebook Pageအား နည်းပညာအဖွဲ့မှ ဖေဖော်ဝါရီ ၂ ရက်တွင် ပြန်လည်ရယူနိုင်ပြီး၊ လက်ရှိတွင် ယင်းစာမျက်နှာ လုံခြုံရေးအတွက် အဆင့်မြှင့်တင်မှုများ လုပ်ဆောင်ခဲ့ပြီဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။
 စစ်ကောင်စီသည် အွန်လိုင်း တိုက်ခိုက်မှုများကို ယခင်ကထက် ဖိဖိစီးစီး လုပ်ဆောင်လာသည့်အတွက် ဆိုရှယ်မီဒီယာကို အသုံးပြုနေကြသည့် တော်လှန်ရေး ရဲဘော်ရဲဘက်များ၊ မိသားစု၀င်များ အားလုံးလုံး ပိုမို သတိထားကြရန်နှင့် လိုအပ်သည့် နည်းပညာဆိုင်ရာ အကြံဉာဏ်များအား သက်ဆိုင်ရာဌာနများတွင် ရယူပြီး ကြိုတင်ကာကွယ်ရန် တိုက်တွန်းထားသည်။ 
ဆက်ဖတ်ရန် →
ကော့သောင်းမြို့ ၅၉၄ နောက်တန်းတပ်ရင်း၌ စစ်သားမိန်းမများ ညဘက်သေနတ်ကိုင် ကင်းစောင့်နေရသဖြင့် စိတ်ဓာတ်များကျဆင်းနေ

ကော့သောင်းမြို့ ၅၉၄ နောက်တန်းတပ်ရင်း၌ စစ်သားမိန်းမများ ညဘက်သေနတ်ကိုင် ကင်းစောင့်နေရသဖြင့် စိတ်ဓာတ်များကျဆင်းနေ

ကိုကိုလေး/ဧရာဝတီတိုင်းမ်
(ကော့သောင်း) ဖေဖော်ဝါရီ ၂ ရက်

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့အခြေစိုက် အမှတ် ၅၉၄ ခြေမြန်တပ်ရင်း (ခမရ ၅၉၄) နောက်တန်းတပ်ရင်း၌ စစ်သားမိန်းမများ ညဘက် သေနတ်ကိုင်ကင်းစောင့်နေရသဖြင့် စိတ်ဓာတ်များ ကျဆင်းနေကြောင်း အဆိုပါတပ် အသိုင်းအဝိုင်းထံက သိရသည်။

အဆိုပါ ခမရ ၅၉၄ တပ်မှာ ကရင်ပြည်နယ်အတွင်း ရှေ့တန်းထွက်နေရပြီး နောက်တန်းတွင် စစ်သားတို့၏  မိန်းမများမှာလည်း စစ်သင်တန်းများ တက်နေရသလို ညဘက်သေနတ်ကိုင် ကင်းစောင့်ရသဖြင့် စိတ်ဓာတ်များ ကျဆင်းနေခြင်းဖြစ်ကြောင်း သိရသည်။

"၅၉၄ တပ်အတွင်းထဲမှာ စစ်သားအင်အားနည်းသွားတာတော့ အမှန်ပဲ။ ကျွန်တော်တို့နယ်ဘက်က တပ်ရင်းတွေက ကရင်ပြည်နယ်ဘက်မှာ ရှေ့တန်းထွက်နေရတယ်။ သေကြတာလည်း များတယ်။ အခုလည်း တပ်တွင်းမှာ စစ်သားအင်အားနည်းပါးလာလို့ စစ်သားမယားတွေကို မဖြစ်မနေ စစ်သင်တန်းတွေပေးတဲ့အပြင် ညဘက် သေနတ်ကိုင်ပြီး ကင်းစောင့်ရတာတွေများလာတော့စိတ်ဓာတ်တွေကျနေကြတယ်။ သူတို့မှာ ပင်ပန်းတော့ အတော်စိတ်ပျက်နေကြတယ်။ အခွင့်သာတာနဲ့ ထွက်ပြေးမယ်ဆိုတာချည်းပဲ ပြောနေကြတယ်"ဟု အဆိုပါတပ်ရင်းအနီးနေထိုင်သူ အရပ်သူအမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့ အခြေစိုက် ခမရ ၅၉၄ တပ်မှာ အမှတ် ၂၀ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်  စကခ -၂၀ လက်အောက်ခံတပ်ရင်းဖြစ်ပြီး ကရင်ပြည်နယ်သို့ ရှေ့တန်းစစ်ဆင်ရေးထွက်နေရသည်မှာ ၂ နှစ်ကျော် ကြာမြင့်နေပြီဖြစ်ကြောင်း သိရသည်။

စကခ ၂၀ လက်အောက်ခံတပ်များမှာ ကရင်ပြည်နယ်၊ တပ်မဟာ ၆ နယ်မြေအတွင်း ထိုးစစ်ဆင်နေပြီး ကရင့် လွတ်မြောက်ရေးတပ်မတော် - KNLA၊ ကော်ဘရာစစ်ကြောင်း၊ PDF ပူးပေါင်းတပ်များနှင့် တိုက်ပွဲများ ထိတွေ့ဖြစ်ပွားသဖြင့် ထိခိုက်သေဆုံးမှုများပြားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ဒီဇင်ဘာလအတွင်းက အဆိုပါ စကခ ၂၀ လက်အောက်ခံ တပ်ရင်း ၇ ခုမှ စစ်ကောင်စီတပ် သား ၂၀ ဦး ကရင်ပြည်နယ်ရှေ့တန်းသို့ မလိုက်ချင်သဖြင့် စစ်တပ်ကိုစွန့်ခွာထွက်ပြေးခဲ့ရာ ၂ ဦးသာ ပြန်လည် ဖမ်းမိခဲ့ပြီး ၁၈ ဦးမှာ ယနေ့အချိန်ထိ လွတ်မြောက်နေဆဲဖြစ်ကြောင်း  သိရသည်။

ကရင်ပြည်နယ်၌ ၂ နှစ်ကျော်ကြာ ရှေ့တန်းထွက်နေရပြီး နောက်တန်းပြန်ခွင့်မရသည့် တနင်္သာရီတိုင်းမှ တပ်များနှင့် နောက်တန်းမှ မိသားစုများကို အာဏာသိမ်းစစ်ခေါင်းဆောင် ကာချုပ် မင်းအောင်လှိုင်နှင့် စစ်တပ် ထိပ်ပိုင်းခေါင်းဆောင်များက ၂၀၂၂ ခုနှစ်အတွင်း မကြာခဏ ကွင်းဆင်း၍ စည်းရုံးနှစ်သိမ့်မှုများ ပြုလုပ်နေရကြောင်း သိရသည်။

ဓာတ်ပုံ-ပုံဟောင်းပြန်လည်အသုံးပြုထားသည်။
#တနင်္သာရီတိုင်း #ကောင့်သောင်း #စကခ၂၀ #ခမရ၅၉၄ #Ayeyarwaddy_Times


ဆက်ဖတ်ရန် →
NUG, PDF နဲ့ ပတ်သက်သူတွေကို အရေးယူမယ်လို့ SMS ပေးပို့ကာ စစ်အုပ်စုခြိမ်းခြောက်

NUG, PDF နဲ့ ပတ်သက်သူတွေကို အရေးယူမယ်လို့ SMS ပေးပို့ကာ စစ်အုပ်စုခြိမ်းခြောက်

ဖေဖော်ဝါရီ ၂ 
စစ်အုပ်စုက သူတို့အကြမ်းဖက်အဖွဲ့အစည်းလို့ သတ်မှတ်ထားတဲ့ NUG, PDF တွေနဲ့ ပတ်သက်သူတွေ၊ အားပေးထောက်ခံသူတွေကို အရေးယူသွားမယ်လို့ ဖုန်းအော်ပရေတာတွေကနေတစ်ဆင့် ပြည်တွင်းရှိ ဖုန်းသုံးစွဲသူ ပြည်သူတွေထံသို့ SMS စာတိုတွေ ပေးပို့ခြိမ်းခြောက်နေတယ်လို့ သိရပါတယ်။ 
စစ်အုပ်စုလက်အောက်ခံ အဖွဲ့တစ်ခုဖြစ်တဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုကော်မတီဆိုတဲ့ (CCCT) က "အကြမ်းဖက်အဖွဲ့အစည်းတွေကို အားပေးရာရောက်တဲ့ ဂိမ်းကစားခြင်း၊ ကြော်ငြာထည့်သွင်းခြင်းတွေဟာ ဥပဒေအရ အရေးယူခံရနိုင်တယ်" လို့ ဆိုပြီး ဖုန်းသုံးစွဲသူတွေထံသို့ ဆက်သွယ်ရေးအော်ပရေတာတွေကနေတစ်ဆင့် တိုက်ရိုက်စာတိုမက်ဆေ့တွေ ပေးပို့လာတာဖြစ်တယ်လို့ ဆိုပါတယ်။ 
ဒါ့အပြင် "အကြမ်းဖက်မှုနှင့်ဆိုင်သော Post Share, Like, Comment တင်ခြင်းတွေဟာ ဥပဒေအကြောင်းအရ အရေးယူရခံနိုင်တယ်" လို့လည်း စစ်အုပ်စုလက်အောက်ခံ CCCT ဆိုတဲ့အဖွဲ့က SMS စာတိုတွေ ပေးပို့ခြိမ်းခြောက်လာတာဖြစ်ပါတယ်။
"အခုရက်ပိုင်း ဖုန်းတွေကို စာတိုတွေ တောက်လျှောက်ဝင်နေတယ်။ သူတို့ပေးပို့လာတဲ့စာအရ NUG, PDF အဖွဲ့တွေ တော်လှန်ရေးအဖွဲ့တွေနဲ့ မပတ်သက်ဖို့ကို တိုက်ရိုက်ရည်ညွှန်းထားပါတယ်။ ပတ်သက်ရင် အရေးယူမယ်လို့လည်း ပါတယ်" လို့ ရန်ကုန်မြို့တွင်းနေ ဖုန်းသုံးစွဲသူ ပြည်သူတစ်ဦးက ငွေမောင်းသံသို့ ပြောပါတယ်။
ဖုန်းသုံးစွဲသူတွေထံသို့ အဲဒီစာတိုမက်ဆေ့တွေကို အခု ဖေဖော်ဝါရီလဆန်းပိုင်းအတွင်းမှာ စစ်အုပ်စုလက်အောက်ခံ (CCCT) အဖွဲ့က တောက်လျှောက်ပေးပို့နေတာဖြစ်တယ်လို့ သိရပါတယ်။ 
~~~~ 
ထူးထူး 
ပုံစာ - စစ်အုပ်စုရဲ့ CCCT အဖွဲ့က ပေးပို့လာတဲ့ SMS စာတိုများ။
#ငွေမောင်းသံ မီဒီယာ



ဆက်ဖတ်ရန် →
မြန်မာ့အရေးနှင့်စပ်လျဉ်း၍ ယူကေပါလီမန်၌ ပြုလုပ်သည့် အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး တက်ရောက်ဆွေးနွေး

မြန်မာ့အရေးနှင့်စပ်လျဉ်း၍ ယူကေပါလီမန်၌ ပြုလုပ်သည့် အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး တက်ရောက်ဆွေးနွေး




၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်၊ လန်ဒန်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုးသည် ဖေဖော်ဝါရီ (၁) ရက်နေ့က ယူကေနိုင်ငံ၊ လန်ဒန်မြို့တော်ရှိ ယူကေပါလီမန်တွင် All Parties Parliamentary Group (APPG) က ဦးစီးကျင်းပသည့် အစည်းအဝေး၌ အကြမ်းဖက်စစ်အုပ်စုက လက်ရှိမြန်မာနိုင်ငံ၏ ကျန်းမာရေး၊ ပညာရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကဏ္ဍများအပေါ် အကြမ်းဖက်လုပ်ရပ်များအား အရှိန်အဟုန်ဖြင့် စဉ်ဆက်မပြတ် ကျူးလွန်လျက်ရှိကြောင်း၊ အကြမ်းဖက်စစ်အုပ်စုကြောင့် အတိဒုက္ခရောက်နေကြရရှာသော မြန်မာပြည်သူတို့၏ ကျန်းမာရေး၊ ပညာရေးနှင့် လူမှုဖူလုံရေးတို့အတွက်  လိုအပ်သော အကူအညီအထောက်အပံ့များကို အင်္ဂလန်နိုင်ငံနှင့် အင်္ဂလန်နိုင်ငံက ကြီးမှူးချိတ်ဆက်ပြီး နိုင်ငံတကာက အချိတ်အဆက်မိမိ ဆောင်ရွက်သွားစေလိုကြောင်း တိုက်တွန်းဆွေးနွေးပြောကြားခဲ့ပါသည်။ 

ထိုအစည်းအဝေးကို All-Party Parliamentary Group (APPG) on Global Health ၏ Co-chair ဖြစ်သူ Lord Nigel Crisp က ဥက္ကဌအဖြစ် ဆောင်ရွက်ပြီး ပါလီမန်အမတ်များ၊ လူ့အခွင့်အရေးစောင့်ရှောက်မှုနှင့် တစ်ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးဆောင်ရွက်မှုအဖွဲ့များမှ တာဝန်ရှိပုဂ္ဂိုလ်များက တက်ကြွစွာ ပါဝင်ဆွေးနွေး၍ စစ်ဘေးသင့် မြန်မာပြည်သူများ၏ လတ်တလောကြုံတွေ့နေရသော ဒုက္ခများကို ကယ်ဆယ်နိုင်ရေး၊ တော်လှန်ရေးအလွန်ကာလတွင် လိုအပ်မည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ လူ့အခွင့်အရေးချိုးဖောက်မှုခံရသူများကို ပြန်လည်ကုစားပေးရေးလုပ်ငန်းများ အစရှိသည်တို့ကို ရင်းနှီးနွေးထွေးစွာ ဆွေးနွေးတိုင်ပင်ညှိနှိုင်းခဲ့ကြပါသည်။ 

By-ဇော်ဝေစိုး
ဆက်ဖတ်ရန် →
စစ်အာဏာသိမ်း ၃ နှစ်မြောက် နှစ်ပတ်လည်နေ့ ထပ်ရှိလာတော့မည်မဟုတ်ဟု အမေရိကန်ပြော

စစ်အာဏာသိမ်း ၃ နှစ်မြောက် နှစ်ပတ်လည်နေ့ ထပ်ရှိလာတော့မည်မဟုတ်ဟု အမေရိကန်ပြော


By DVB

အမေရိကန်နိုင်ငံအနေနဲ့ မြန်မာပြည်သူတွေရဲ့ နွေဦးတော်လှန်ရေးနဲ့ NUG အစိုးရကို အခုနှစ်မှာပံ့ပိုးကူညီမှုတွေ ပိုမိုလုပ်ဆောင်သွားမှာဖြစ်ပြီး မနှစ်မြို့စရာကောင်းတဲ့ ၃ နှစ်မြောက် အာဏာသိမ်းမှုနှစ်ပတ်လည်နေ့ဆိုတာ ထပ်ရှိလာမှာမဟုတ်တော့ဘဲ မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ်ပြန်ရောက်လာတော့မယ်လို့ မျှော်လင့်ကြောင့် အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရက်ခ်ချောလက်က ပြောကြားလိုက်ပါတယ်။

မြန်မာစစ်အာဏာရှင်တွေ ရက်စက်ကြမ်းကြတ်မှုတွေအပေါ်မှာ တာဝန်ခံမှုရှိစေရေးအတွက် အမေရိကန်ရဲ့ကြိုးပမ်းမှုတွေ၊ မြန်မာနိုင်ငံသားတွေအတွက် အမေရိကန်ရဲ့ ဆောင်ရွက်ချက်တွေနဲ့ပတ်သက်လို့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရက်ခ်ချောလက်ဟာ ဖေဖော်ဝါရီ ၁ ရက်က အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အာရှပစိဖိတ်ဒေသဆိုင်ရာမီဒီယာဆုံမှတ်ကတဆင့် သတင်းထောက်တွေရဲ့ မေးမြန်းချက်တွေကို တယ်လီဖုန်းကနေတဆင့် ဖြေကြားရာမှာ ပြောကြားခဲ့တာပါ။

အမေရိကန်အနေနဲ့ မြန်မာစစ်ကောင်စီအပေါ် နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာ ဖိအားတွေ ပိုမိုများပြားလာအောင် ဆောင်ရွက်ပြီး စစ်ကောင်စီရဲ့ အရည်အသွေးနဲ့ လုပ်နိုင်စွမ်းတွေ လျော့ကျလာအောင် ဆောင်ရွက်နေကြောင်းနဲ့ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုတွေအပေါ်မှာ ထောက်ပံ့ကူညီနေတာကြောင်းပြောပါတယ်။

အမေရိကန်လွှတ်တော်ကလည်း မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေသူတွေကို ကူညီထောက်ပံ့နိုင်ဖို့ BURMA ACT ဥပဒေကို အတည်ပြုပေးခဲ့ပြီး စစ်အာဏာရှင်တွေကို သူတို့ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအတွက် အပြစ်ပေးနိုင်ရေး၊ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေကို ကူညီထောက်ပံ့ရေး၊ လိုအပ်တဲ့ နေရာတွေမှာ လူသာချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးရေးတို့အတွက် အမေရိကန် လွှတ်တော်နဲ့ ပူးပေါင်းဆောင်ရွက်နေသလို အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နဲ့လည်း မကြာခဏတွေ့ဆုံပြီး လိုအပ်တာတွေကို တတ်နိုင်သလောက် ကူညီပေးနေတယ်လို့ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ပိုပိုပြီးလိုအပ်နေတဲ့ လူသာချင်းစာနာမှုအကူအညီတွေပေးပို့ထောက်ပံ့နိုင်ရေး ဆောင်ရွက်နေပြီး အမေရိကန်နိုင်ငံဟာ မြန်မာနိုင်ငံက ပဋိပက္ခတွေ အတွက် ထောက်ပံ့ကူညီမှု အများဆုံးပေးခဲ့တဲ့ နိုင်ငံဖြစ်တယ်၊ အာဏာသိမ်းပြီနောက်ပိုင်း မြန်မာနိုင်ငံက အရေးပေါ်အကူအညီလိုအပ်နေတဲ့နေရာတွေနဲ့ နိုင်ငံရပ်ခြားထွက်ပြေးခိုလှုံနေကြရသူတွေအတွက် အမေရိကန်က ဒေါ်လာ သန်း ၅၀၀ နီးပါး ထောက်ပံ့ပေးခဲ့ပြီး ဖြစ်တယ်လို့  ဒဲရက်ခ်ချောလက်က ပြောပါတယ်။

အဲဒါတွေအပြင် အာဆီယံက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ငါး ချက်အတိုင်း မြန်မာစစ်အာဏာရှင်တွေ လိုက်နာဆောင်ရွက်ရေးကို ထောက်ခံအားပေးနေသလို အာဆီယံမှာ မြန်မာစစ်အာဏာရှင်တွေရဲ့အဆင့်ကို ပိုမိုလျော့ချနိုင်ရေးကိုလည်း အာဆီယံမိတ်ဖက်နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ပြောပါတယ်။

အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရက်ခ်ချောလက်က “အရှေ့တောင်အာရှဟာ အမေရိကန်အတွက်အရေးပါတဲ့ ဒေသဖြစ်တာကြောင့် ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေနိုင်တဲ့ မြန်မာ့အရေးဟာ ကျနော်တို့အတွက်လည်း အရေးကြီးတဲ့ ကိစ္စ ဖြစ်ပါတယ်။ အမေရိကန်နဲ့ အရှေ့တောင်အာရှနိုင်ငံတွေ ဆက်ဆံရေးပိုမိုကောင်းမွန်လာစေဖို့အတွက် ရည်ရွယ်ပြီး သမ္မတဘိုင်ဒန်ကလည်း ပြီးခဲ့တဲ့ မေလမှာ အမေရိကန် - အာဆီယံ ညီလာခံကို ဝါရှင်တန်မှာ ကျင်းပခဲ့ပါတယ်။ မည်သို့ပင်ဆိုစေကာမူ မြန်မာနိုင်ငံသားတွေရဲ့ ပြဿနာနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်ရောက်ရေးတို့ဟာ ကျနော်တို့အတွက် အရေးပါတဲ့ ကိစ္စအဖြစ် မှတ်ယူထားပါတယ်။ စစ်အာဏာရှင်တွေကို ပိုမိုအထီးကျန် အင်အားနည်းလာအောင်နဲ့ သူတို့ကို အပြစ်ပေးအရေးယူနိုင်အောင် ဆောင်ရွက်နေသလို မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေကိုကူညီရေးနဲ့ အကူအညီလိုအပ်နေတဲ့ မြန်မာနိုင်ငံသားတွေဆီ လူသာချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးပို့ထောက်ပံ့နိုင်ရေးကိုလည်း ကျနော်တို့ ကြိုးပမ်း ဆောင်ရွက်နေပါတယ်။ 

အာဆီယံညီလာခံတွေနဲ့ အဆင့်မြင့်အစည်းအဝေးတွေမှာ မြန်မာစစ်အာဏာရှင်ကို မပါဝင်နိုင်ရေးအတွက် အမေရိကန်က ဆောင်ရွက်နေတယ်လို့ ပြောပေမဲ့ အခုလထဲမှာ ဘန်ကောက်မှာ ထိုင်းနဲ့ အမေရိကန်တို့ ပူးတွဲအိမ်ရှင်အဖြစ်ကျင်းပမဲ့ အာဆီယံ ဒေသတွင်း ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးမှာ မြန်မာစစ်ကောင်စီကို တက်ရောက်ဖို့ ဖိတ်ကြားတာနဲ့ ပတ်သက်ပြီးလည်း ဒဲရက်ခ်ချောလက်က ရှင်းလင်းပြောသွားပါတယ်။

“အာဆီယံက ဦးဆောင်တဲ့ လုပ်ငန်းစဉ်တွေကို ကျနော်တို့က ကူညီထောက်ပံ့ပေးနေခြင်းကြောင့် မြန်မာစစ်အာဏာရှင်တွေကို တရားဝင်မှုပေးခြင်းမဖြစ်အောင် ကျနော်တို့ အထူးလေးထားတယ်ဆိုတာကို အသိပေးချင်ပါတယ်။ ဖေဖော်ဝါရီလထဲမှာ ထိုင်းမှာကျင်းပဖို့ရှိနေတဲ့ အာဆီယံကာကွယ်ရေးဝန်ကြီးများနှင့် သက်ဆိုင်ရာ ပညာရှင်များ အစည်းအဝေးဟာ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းမှာ ကပ်ရောဂါအခြေအနေကြောင့် အွန်လိုင်းကနေတစ်ဆင့် ခြောက်လတစ်ကြိမ် ကျင်းပခဲ့တာဖြစ်ပြီး အခုတစ်ခေါက်မှာတော့ လူကိုယ်တိုင် တက်ရောက်ရမယ့် အစည်းအဝေးဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာလည်း အာဆီယံအဖွဲ့ဝင်ဖြစ်နေသေးတာကြောင့် သူတို့ကို ဖိတ်ကြားရတာဖြစ်ပေမဲ့ နိုင်ငံရေးအရကိုယ်စားပြုအဆင့်မဟုတ်ဘဲ နည်းပညာအရကျွမ်းကျင်သူအဆင့်ကိုသာ ဖိတ်ကြားမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း အခုလို ကျွမ်းကျင်မှုနဲ့ ပညာရပ်ဆိုင်ရာ အာဆီယံအစည်းအဝေးတွေမှာလည်း မြန်မာနိုင်ငံဟာ၊ အွန်လိုင်းကနေတဆင့် တက်ရောက်တာ ဒါမှမဟုတ် ကျွမ်းကျင်သူအနေနဲ့ တက်ရောက်တာ ဒါမှမဟုတ် လုံးဝမတက်ရောက်တာပဲ ရှိခဲ့ပါတယ်။ အာဆီယံအစည်းအဝေးတွေမှာ မြန်မာကိုယ်စားပြုအဆင့်မြင့်အရာရှိတွေ မပါဝင်နိုင်ရေးအတွက် အာဆီယမိတ်ဖက်နိုင်ငံတွေနဲ့ ကျနော်တို့ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

အာဆီယံရဲ့ သဘောတူညီချက် ၅ ချက်ကိုလည်း ထောက်ခံအားပေးကြောင်း၊ အရင်နှစ်တွေက အာဆီယံဥက္ကဋ္ဌတွေနဲ့ မြန်မာ့အရေးကို ပူးပေါင်းဆောင်ရွက်ခဲ့သလို အခုနှစ်ရဲ့ အာဆီယံဥက္ကဋ္ဌ အင်ဒိုးနီးရှားနဲ့လည်း ပူးပေါင်းဆောင်ရွက်သွားဖြစ်တယ်လို့ သတင်းထောက်တွေရဲ့ မေးခွန်းတွေကို အမေရိကန်နိုင်ငံခြားရေး အတိုင်ပင်ခံပုဂ္ဂိုလ်က ပြန်လည် ဖြေကြားခဲ့ပါတယ်။

မြန်မာစစ်တပ်နဲ့ အပေါင်းပါတွေကို စီးပွားရေးနဲ့ လက်နက်ဝယ်ယူခွင့်ပိတ်ဆို့လိုက်တာတွေကြောင့် စစ်အာဏာရှင်တွေအတွက် ဝင်ငွေရရှိမှု လျော့နည်းသွားသလို အကြမ်းဖက်ရာမှာ အသုံးပြုဖို့ လက်နက်ဝယ်ယူနိုင်စွမ်းလည်း လျော့ကျသွားကြောင်း၊ ရုရှားနဲ့ မြန်မာဆက်ဆံရေး ပိုမိုကောင်းမွန်လာပြီး မြန်မာနိုင်ငံသားတွေအပေါ်မှာ ရုရှားရဲ့ စစ်လက်နက်တွေ အသုံးပြုတိုက်ခိုက်နေတဲ့ အပေါ်မှာလည်း ထိန်းချုပ်တားမြစ်နိုင်အောင် ကြိုးစားသွားမှာဖြစ်ကြောင်းလည်း အမေရိကန် အရာရှိက ပြောပါတယ်။

စစ်အာဏာရှင် ဦးဆောင်ကျင်းပတဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်မျှတမှုရှိမှာမဟုတ်သလို၊ မြန်မာပြည်သူတွေရဲ့ အပြည့်အဝ ပါဝင်မှုမရှိတဲ့ ရွေးကောက်ပွဲဟာ စစ်တပ်က အာဏာကို ဆက်လက်ဆွဲကိုင်ထားဖို့ ဗြောင်ကျကျကြိုးပမ်းမှုဖြစ်တယ်လို့လည်း ဒဲရက်ခ်ချောလက်က ပြောကြားသွားပါတယ်။

ဆက်ဖတ်ရန် →
ဒီမြိုနယ်တွေမာရှယ်လောတဲ့

ဒီမြိုနယ်တွေမာရှယ်လောတဲ့

ကယား

~~~~~

ဒီမော့ဆိုမြို့နယ် 

ဖရူဆိုမြို့နယ် 

ရှားတောမြို့နယ် 

ဘော်လခဲမြို့နယ်


တနင်္သာရီ

~~~~~~~

တနင်္သာရီမြို့နယ်

ပုလောမြို့နယ်


မွန်

~~

ရေးမြို့နယ်၊ 


ကရင်

~~

ကြာအင်းဆိပ်ကြီးမြို့နယ်

ကော့ကရိတ်မြို့နယ်


ပဲခူး

~~~

ထန်းတပင်မြို့နယ်

အုတ်ဖိုမြို့နယ်

နတ်တလင်းမြို့နယ်

ပေါင်းတည်မြို့နယ်


စစ်ကိုင်း

~~~~~

ဂန့်ဂေါမြို့နယ်

ထီးလင်းမြို့နယ်

ဆောမြို့နယ်

ပေါက်မြို့နယ်


 ချင်း

~~~

ဖလမ်းမြို့နယ်

ကန်ပက်လက်မြို့နယ်

မတူပီမြို့နယ်

ထန်တလန်မြို့နယ်

ဟားခါးမြို့နယ်

တီးတိန်မြို့နယ်

တွန်းဇံမြို့နယ်


စစ်ကိုင်း

~~~~~

အင်းတော်မြို့နယ်

ဗန်းမောက်မြို့နယ်

ကောလင်းမြို့နယ်

ပင်လယ်ဘူးမြို့နယ်

မြောင်မြို့နယ်

ဆားလင်းကြီးမြို့နယ်

ပုလဲမြို့နယ်

ယင်းမာပင်မြို့နယ် 

ခင်ဦးမြို့နယ်

တန့်ဆည်မြို့နယ်

ရေဦးမြို့နယ်



တိုင်းမှူးတွေအနေနဲ့ဖမ်းမိသူကိုစိတ်ကြိုက် သေဒဏ်ပေးခွင့်ထောင်ချခွင့်ပြုထားတယ်

အော် သေမှာမကြောက်လို့ပေတရာလျှောက်ခဲ့တာလို့ပြန်ရှင်းပြရမလိုဖြစ်နေပြီ

များများဖမ်းများများသတ်လေလေ စကစ နေဝင်ချိန်ပိုပြီးမြန်မြန်လာလေပဲဆိုတာ ခေါင်းကြီးတို့

အခုထိမသိရခြင်းအကြောင်းကအစာအိမ်အောက်ခြေကမစင်စုတဲ့နေရာကခေါင်းထဲမှာသွားရှိနေလို့ပဲ






ဆက်ဖတ်ရန် →
အလံကိုင် ၁၅၀၀၀ကျပ်၊ ရိုးရိုးလိုက် ၁၀၀၀၀ကျပ်ဖြင့် မြောင်းမြမြို့တွင် လုပ်ဆောင်သည့် တပ် ထောက်ခံပွဲ ဝေစုမတည့်၍ ရန်ဖြစ်

အလံကိုင် ၁၅၀၀၀ကျပ်၊ ရိုးရိုးလိုက် ၁၀၀၀၀ကျပ်ဖြင့် မြောင်းမြမြို့တွင် လုပ်ဆောင်သည့် တပ် ထောက်ခံပွဲ ဝေစုမတည့်၍ ရန်ဖြစ်




 ဖေဖော်ဝါရီ ၂၊ ၂၀၂၃ 


ဧရာဝတီတိုင်း မြောင်းမြမြို့တွင် တပ်ထောက်ခံပွဲအား အလံကိုင်လိုက်သူအား ၁၅၀၀၀ကျပ်၊ ရိုးရိုးလိုက်သူအား ၁၀၀၀၀ ကျပ်ဖြင့် နေ့စားခခေါ်ကာ ယနေ့ မနက်ပိုင်းတွင် ကျင်းပခဲ့ပြီးနောက် ကြံ့ခိုင်ရေးရုံးအတွင်း နေ့စားခများ ခွဲဝေရာတွင် အဝေမတည့်ခြင်းကြောင့် စကားများ ရန်ဖြစ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။


မြောင်းမြမြို့တွင် ယနေ့ ဖေဖေါ်ဝါရီလ ၂ရက်နေ့ မနက်ပိုင်းတွင် လူအင်အား ၅ရာခန့်ဖြင့် စင်္ကြနန္ဒဘုရားရှေ့မှ စတင်ကာ မြို့မဘောလုံးကွင်းအထိ လမ်းလျှောက်ကာ ကြံ့ခိုင်ရေးပါတီဝင်များ ဦး ဆောင်မှုဖြင့် တပ်ထောက်ခံပွဲ လုပ်ခဲ့ခြင်းဖြစ်သည်။နေ့စားလိုက်ခေါ်တာက ဦးတင်မြင့်တို့ ၊တရုတ်စိုးမြင့်တို့ပါတယ်၊ အလံကိုင်ကတော့ အမူးသမားတွေနဲ့ ကြံ့ခိုင်ရေးက ငပေါတွေကိုင်တာ၊ တစ်ယောက်တစ်သောင်းခွဲနဲ့ လိုက်တာကတော့ ရပ်ကွက်စုံပဲ အောင်သပြေကရော၊ ရွာတွေနဲ့ ကွယ်လွယ်ကရော၊ ပွဲပြီးတော့ ကမ်းနားက ကြံ့ခိုင်ရေးရုံးထဲမှာ နေ့စားခထုတ်ပေးတာမှာ တစ်သောင်းပြောပြီး ငါးထောင်ပေးလို့ ရန်တွေဖြစ်ကြတယ်ဟု မြောင်းမြဒေသခံတစ်ဦးက ပြောသည်။


မအူပင်မြို့တွင်လည်း ယနေ့ တပ်ထောက်ခံပွဲပြုလုပ်ရန်အတွက် တစ်အိမ်တစ်ယောက်မဖြစ်နေ လိုက်ကြရန် အုပ်ချုပ်ရေးမှူးများမှ တဆင့် ဖိအားပေး ခိုင်းစေခဲ့ကြောင်း သိရသည်။


#CjPlatform



ဆက်ဖတ်ရန် →