နောက်ဆုံးရ
 ထွန်းမင်းလတ်ကို ထောင်ဒဏ် ၁၅ နှစ်မှ သေဒဏ် အထိ ချမှတ်နိုင်

ထွန်းမင်းလတ်ကို ထောင်ဒဏ် ၁၅ နှစ်မှ သေဒဏ် အထိ ချမှတ်နိုင်

အသက် ၅၃နှစ်အရွယ် ထွန်းမင်းလတ်ကို ထောင်ဒဏ် ၁၅ နှစ်မှ သေဒဏ် အထိ ချမှတ်နိုင်သော မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ ငွေကြေးခဝါကျမှု နှင့် နိုင်ငံဖြတ် ကျော် ရာဇဝတ်မှုတို့ဖြင့် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် စွဲချက်တင်ထား ခဲ့ခြင်း ဖြစ်သည်။

ထွန်းမင်းလတ်နှင့်အတူ အခြားအပေါင်းအပါ ၅ ဦးကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ရာချဒါဖိဆက် ရာဇဝတ်မှုတရားရုံးရှေ့မှောက်တွင် သံခြေကျင်း ဝတ်များဖြင့် ရုံးထုတ်စစ်ဆေးခဲ့သည်။

သို့သော်လည်း စွဲချက်များကို အပြစ်မရှိကြောင်း ရှေ့နေများမှတဆင့် လျှောက် လဲခဲ့သည်ကို Parachathai သတင်းဌာနက ဖော်ပြခဲ့သည်။
ထွန်းမင်းလတ်အပါအဝင် မူးယစ်ဆေးဝါးအမှု၊ ငွေကြေးခဝါချမှုများဖြင့် စွဲချက်တင်ခံရသူများတွင် စုစုပေါင်း ၈ ဦးအထိရှိနေပြီး ၎င်းတို့တွင် ထိုင်းလွှတ် တော်အမတ်တစ်ဦး၏ သမက်လည်းပါဝင်နေခဲ့ကြောင်း Steven Sanyu ကရေးသားခဲ့သည်။

စွဲချက်တင်ခံထားရသူ ၈ ဦးအနက် ထိုင်းနိုင်ငံသား ၂ ဦးဖြစ်သူ အက်ဒီးနှင့် ကျွိုင်တို့မှာ လက်ရှိအချိန်အထိ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်သဖြင့် တရားစွဲဆိုနိုင်ခြင်းမရှိသေးကြောင်း ၎င်းက ရေးသားခဲ့သည်။

ယခင်က ဖမ်းဆီးရမိခဲ့သည့် ဦးထွန်းမင်းလတ်နှင့် Allure Group သို့  ငွေ ကြေး စီးဆင်းမှုများရှိနေခဲ့သော ထိုင်းနိုင်ငံသား ၆ ဦးကို မူးယစ်ဆေးဝါးမှုနှင့် ငွေကြေး ခဝါ ချမှုများဖြင့် ၃ နှစ်ကြာစစ်ဆေးခဲ့ပြီးနောက် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် တရားရုံးက သေဒဏ်ပေးခဲ့ကြောင်း  သိရှိရသည်။ 

သေဒဏ်ချမှတ်ခံထားရသူများတွင် ထိုင်းလွှတ်တော်အမတ်လည်းဖြစ်သူ ထွန်းမင်းလတ်၏ စီးပွားဖက်လည်းဖြစ်သော ဥပါကစ်၏ အကြံပေးတစ်ဦး လည်း ပါဝင်နေခဲ့ကြောင်း သိရှိရသည်။ 

သေဒဏ်ချမှတ်ခံလိုက်ရသည့်ခြောက်ဦးတွင် တစ်ဦးလျှင် ဘဏ်စာရင်းပေါင်း ၁၀၀ ကျော်အထိရှိနေခဲ့ပြီး ဘဏ်စာရင်း တစ်ခုလျှင် ဘတ်သန်း ၁၀၀ ကျော်စီရှိ နေခဲ့ ကြောင်း ရေးသားထားသည်။

၎င်းတို့အားလုံးသည် မူးယစ်ဆေးဝါးမှရရှိသောငွေများကို လျှပ်စစ်ဓာတ်အား အရောင်းအဝယ်ကို အကြောင်းပြ၍ Allure Group ထံ တစ်ဦးနှင့်တစ်ဦး အဆင့်ဆင့် လွှဲပြောင်းခဲ့ကြကြောင်း ရေးသားထားသည်။
နောက်ဆုံးအဆင့်တွင် ထွန်းမင်းလတ်နှင့် ဥပါကစ်၏ Allure Group ထံ လျှပ် စစ်ဓာတ်အားခဟုဆိုကာ ပြန်လွှဲခြင်းများ ပြုလုပ်ခဲ့ကြောင်း ရေးသား ထား သည်။

လွှတ်တော်အမတ်ဖြစ်သူ ဥပါကစ်သည် စီးပွားဖက် ထွန်းမင်းလတ်နှင့် ဆက် နွယ်နေသော အချက်အလက်များရှိနေခဲ့သဖြင့် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၃ ရက် နေ့တွင် ဖမ်းဝရမ်းထုတ်ခဲ့သော်လည်း နာရီပိုင်းအတွင်း ပြန်လည် ရုပ် သိမ်းခဲ့သည်။

ထိုင်းလွှတ်တော်အမတ် ဥပါကစ်နှင့် ဒေါက်တာထွန်းမင်းလတ်တို့သည် ထိုင်း နယ်စပ် အနီး ရှမ်းပြည်နယ်နယ်စပ်မြို့ တာချီလိတ်၌ တရားမဝင် ကာစီနို လုပ်ငန်း လုပ်ကိုင်ရန် Allure အုပ်စုကို လုပ်ကိုင်နေကြကြောင်း Justice for Myanmar က ဆိုထားသည်။

၂၀၁၉ ခုနှစ်တွင် ထိုင်းလွှတ်တော်အမတ် ဥပါကစ်က Allure မှာပါဝင်ခဲ့သော ရှယ်ယာများကို ဦးထွန်းမင်းလတ်အတူ စွဲချက်တင်ခံထားရသော သမက်ဖြစ်သူ ထံသို့ လွှဲပြောင်းပေးခဲ့ကြောင်း Justice for Myanmar အရသိရသည်။

ထွန်းမင်းလတ်၏ မူးယစ်ဆေးဝါးအမှုတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သားဖြစ်သူ ကိုအောင်ပြည့်စုံ ပိုင်ဆိုင်သော အိပ်ခန်း လေးခန်းပါ အဆင့်မြင့် ဇိမ်ခံကွန်ဒိုအခန်းတစ်ခန်းနှင့် သမီးဖြစ်သူ မခင်သီရိသက်မွန်၏ Siam Commercial Bank ၏ ဘဏ်စာအုပ်နှစ်အုပ်ကိုလည်း သိမ်းဆည်းရမိခဲ့သည်။

©️KTM
Hlaing Info


ဆက်ဖတ်ရန် →
မင်းအောင်လှိုင်၊ စိုးဝင်း အပါအဝင် စစ်ဗိုလ်ချုပ်များကို လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ရာဇ၀တ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်မှုများ အတွက် အရေးယူရန် ဂျာမနီနိုင်ငံတွင် အမှုတိုင်ချက်ဖွင့်၊ အမှု လက်ခံပါက အင်တာပိုလ်မှ တစ်ဆင့် ဖမ်းဆီး အရေးယူ နိုင်မည်ဟုဆို

မင်းအောင်လှိုင်၊ စိုးဝင်း အပါအဝင် စစ်ဗိုလ်ချုပ်များကို လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ရာဇ၀တ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်မှုများ အတွက် အရေးယူရန် ဂျာမနီနိုင်ငံတွင် အမှုတိုင်ချက်ဖွင့်၊ အမှု လက်ခံပါက အင်တာပိုလ်မှ တစ်ဆင့် ဖမ်းဆီး အရေးယူ နိုင်မည်ဟုဆို



ရန်ကုန်၊ ဇန်နဝါရီ ၂၆  ခေတ်သစ်မီဒီယာ

မင်းအောင်လှိုင်၊ စိုးဝင်း အပါအဝင် စစ်ဗိုလ်ချုပ်များနှင့် အပေါင်းအပါများကို လူမျိုး တုန်း သတ်ဖြတ်မှု၊ စစ်ရာဇ၀တ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်မှု များ အတွက် အရေးယူရန် ဂျာမနီနိုင်ငံတွင် တိုင်ကြားချက် ဖွင့်လှစ်လိုက်ပြီး အဆိုပါ တိုင်ကြားချက်ကို ဂျာမနီနိုင်ငံက လက်ခံပါက အင်တာပိုလ်မှ တစ်ဆင့် မြန်မာ စစ်ဗိုလ်ချုပ်များကို ဖမ်းဆီး အရေးယူနိုင်မည် ဖြစ်ကြောင်း Fortify Rights မှ ဒါရိုက်တာဘုတ်အဖွဲ့ဝင် နစ်ကီဒိုင်းမွန်း က ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောဆိုသည်။ 

ဂျာမနီနိုင်ငံတွင် မြန်မာစစ်ဗိုလ်ချုပ်များကို Fortify Rights က ဦးဆောင်၍ ရာဇဝတ် ဆိုင်ရာ တိုင်ကြားချက်တစ်ခု ဖွင့်လှစ်လိုက်ခြင်းဖြစ်ပြီး စာမျက်နှာ ၂၁၅ မျက်နှာပါရှိသော ရာဇ၀တ်မှုဆိုင်ရာ တိုင်ကြားချက်နှင့် စာမျက်နှာ ၂၀၀၀ ကျော်ပါ ဝင်သော နောက်ဆက်တွဲစာတမ်းကို ဂျာမနီနိုင်ငံ၊ ရှေ့နေချုပ်ရုံးထံ တင်ပြ၍ တိုင်ကြားချက် ဖွင့်လှစ်ရန် စတင်ကြိုးပမ်းခြင်းဖြစ်ကြောင်း သိရှိရ သည်။ 

 မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ်မှစတင်၍ စစ်ကောင်စီက ရိုဟင်ဂျာများအပေါ် လူမျိုး တုန်းသတ်ဖြတ်မှု အပါအဝင် စစ်အာဏာသိမ်းပြီးနောက် ယနေ့ အချိန် အထိ တိုင်းရင်းသားပြည်သူများကို လေယာဉ်ဖြင့် ဗုံးကျဲသတ်ဖြတ်ခြင်း၊ လက် နက် ကြီးများဖြင့် သတ်ဖြတ်ခြင်း  အပါအဝင် မြန်မာ ပြည်သူများကို ဖမ်းဆီး ညှဉ်းပန်းနှိပ်စက်မှုများအားလုံးကို သက်သေများနှင့်တကွ Fortify Rights က တိုင်ကြားခြင်းဖြစ်ကြောင်း၊ တိုင်ကြားခံရသူများတွင် မင်းအောင်လှိုင်၊ စိုးဝင်းမှ စတင်၍ ဗိုလ်ချုပ်များအပြင် ၎င်းတို့ကို ကူညီ ပေးနေသော ခရိုနီများ၊ အသိုင်း အ၀ိုင်းများ အားလုံးပါဝင်ကြောင်း သိရှိရသည်။ 

မြန်မာနိုင်ငံတွင် လူမျိုးတုန်းသတ်ဖြတ်မှု ၊စစ်ရာဇဝတ်မှုနှင့် အကြမ်းဖက် သတ် ဖြတ်မှုများ ကျူးလွန်သော  တရားခံများ စာရင်း နာမည်စာရင်း အတိအကျဖြင့် တိုင်ကြားထားခြင်းဖြစ်ပြီး လတ်တလော တရားခံ စာရင်းကို အသေးစိတ် မ ထုတ် ပြန်နိုင်သေး ကြောင်း ၎င်းက ဆိုသည်။ 

ဂျာမနီတွင် Universal Jurisdiction စနစ်တည်ရှိနေပြီး တိုင်ကြားချက်ကို လက်ခံပါက စစ်ဗိုလ်ချုပ်များ၊ မိသားစုအသိုင်းအဝိုင်းများ၊ စစ်တပ်ကို ကူညီ နေသော ခရိုနီများ အပါအဝင် လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ် မှုများ နှင့်ပတ်သက်နေသူ အားလုံး မြန်မာ နိုင်ငံပြင်ပ ထွက်သည်နှင့် အပြည် ပြည် ဆိုင်ရာ နိုင်ငံတကာရဲတပ်ဖွဲ့ (အင်တာပိုလ်)မှတစ်ဆင့် ဖမ်းဆီးနိုင်ရန်လည်း မျှော် လင့်ကြောင်း နစ်ကီဒိုင်းမွန်းက ဆိုသည်။ 

ဖေဖော်ဝါရီ ၁ ရက်နေ့တွင် မြန်မာနိုင်ငံ၏ စစ်အာဏာသိမ်းမှု ဒုတိယနှစ် နီးကပ် လာသည်နှင့်အမျှ ရိုဟင်ဂျာ လူမျိုးသုဉ်းသတ်ဖြတ်မှုနှင့် ဆယ်စုနှစ် များစွာ နိုင်ငံအနှံ့ ရက်စက်ကြမ်းကြုတ်မှုများ၏ နောက်ဆက်တွဲအဖြစ် မြန်မာ စစ် တပ်က  ကျူးလွန်ထားသူများသည် ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်သော ရာဇ၀တ် မှုများအတွက် တာဝန်ခံ တာဝန်ယူမှု မရှိသေးသည့်အတွက်  Fortify Rights နှင့်အတူ မြန်မာနိုင်ငံမှ ရက်စက်ကြမ်းကြုတ်သော ရာဇ၀တ်မှုများ၏ နောက်ကွယ် အသက်ရှင်ကျန်ရစ်သူများနှင့် သက်သေများမှ ထိပ်တန်း မြန်မာ စစ် ဗိုလ်ချုပ်ကြီးများနှင့် ပတ်သက်နေသူများ ကျူးလွန်ခဲ့သည့် လူမျိုးတုံး သတ်ဖြတ်မှု၊ စစ်ရာဇ၀တ်မှု၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်ခဲ့သော ရာဇ၀တ်မှု များအတွက် ဂျာမနီနိုင်င့တွင် ရာဇ၀တ်မှုဆိုင်ရာ တိုင်ကြားချက်အသစ်တစ်ခု တင်သွင်းလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။ 

ဂျာမနီနိုင်ငံတွင် တိုင်ကြားမှုသည် ICC ၊ ICJ တရားရုံး တို့ထက် ပို၍ အရေးယူမှု များ မြန်ဆန် နိုင်ပြီး အရေးယူမှုများ လျှင်လျှင်မြန်မြန် ဖြစ်လာနိုင်သည့် အလား အလာများ မြင်တွေ့နေရကြောင်း၊ ဂျာမနီနိုင်ငံသည် ဥရောပတွင် ဦးဆောင် နိုင်ငံ ဖြစ်နေရုံသာမက အာဆီယံနိုင်ငံများ၊ အာရှနိုင်ငံများနှင့်ပါ တရားခံ လွှဲ ပြောင်း ပေးရေး စာချုပ်စာတမ်းများ လက်မှတ်ရေးထိုးထားသည့် နိုင်ငံဖြစ် ကြောင်း၊ ထို့ကြောင့် မင်းအောင်လှိုင် အပါအဝင် မြန်မာစစ်ဗိုလ်ချုပ်များကို အရေးယူရာတွင် ထိရောက်မည်ဟု မျှော်မှန်းထားကြောင်း နစ်ကီဒိုင်းမွန်းက ဆက်လက်ပြောဆိုသည်။ 

ဓာတ်ပုံ- အကြမ်းဖက် မင်းအောင်လှိုင်၊ အကြမ်းဖက် စိုးဝင်းနှင့် အကြမ်းဖက် စစ်အရာရှိများ၏မိန်းမများ အခမ်းအနား တက်ရောက်မှု မြင်ကွင်း။


ဆက်ဖတ်ရန် →
အရင်ကဘယ်လိုခေါ်ခဲ့ကြသလဲ

အရင်ကဘယ်လိုခေါ်ခဲ့ကြသလဲ

Pyu city-states ပျူမြို့ပြများ

Pagan Kingdom (1044–1297)ပုဂံနိုင်ငံတော်
Kingdom ဆိုတာဘုရင်ပိုင်တဲ့နယ်
(ဘာသာပြန်မှာနိုင်ငံတော်လို့ပဲပြတယ်၊)

(Kingdom of Ava, အင်းဝ
the Hanthawaddy Kingdom, ဟံသာဝတီ
the Kingdom of Mrauk U မြောက်ဦး
and the Shan States)ရှမ်းပြည်
ဟုပြိုကွဲပြီးနောက်တောင်ငူမင်းဆက်က
အကုန်ပြန်သိမ်းတာထိုင်းတခုလုံးနီးပါပါတယ်

Toungoo dynasty (1510–1752)တောင်ငူမင်းဆက်

Konbaung dynasty (1752–1885) Alaungpaya Dynastyမင်းဆက်
အလောင်းဘုရားမင်းဆက်က
ကုန်းဘောင်မင်းဆက်မှာပါတယ်တဲ့

Anglo-Burmese wars (1824–85) 

Burma

အင်္ဂလိပ်သိမ်းပြီးမှ country of Burma ဗမာနိုင်ငံ
လို့ခေါ်ဆိုသတ်မှတ်ခဲ့တာတွေ့ရတယ်

တောင်ငူမင်းဆက်ရဲ့နယ်မြေကအရှေ့တောင်
အာရှမှာအကြီးဆုံးပဲတဲ့

ကိုးကား

https://en.m.wikipedia.org/wiki/History_of_Myanmar

၁၉၈၉မှာမှ Burma ကို Myanmar လို့ပြောင်းခေါ်တာ

မအလက တောင်ငူရူးရူးနေတာနေမှာ😅
လက်တွေ့မှာကကြိုးစင်kingdom 😂
ယဉ်ကျေးမှုနဲ့လူ့အဖွဲ့အစည်းအဆင့်ဆင့်
ပြောင်းလဲလာတာကိုနောက်ပြန်ဆွဲချင်ရင်
ကြိုးကြီးကြီးဆောင်ထားလိုက်
ပျူစောထီးအထိကိုပြန်သွားတာနော်
 
လိပဲ🫢

(ရဲရင့်ငယ်)

တော်လှန်ရေးကာလမှာသိစရာမလိုသေးပေမယ့်
CRPHနဲ့ ကရင်၊ကချင် တို့ရဲ့ NUGဖြစ်လာဖို့
ဘာတွေသဘောတူခဲ့ကြလဲဆိုတာစိတ်ဝင်စား
စရာပါ။ တော်တော်နဲ့ Release မလုပ်နိုင်ခဲ့ဖူး
နွေဦးတော်လှန်ရေး၂နှစ်မှာစိုးရိမ်စရာအကောင်း
ဆုံးလပိုင်းလေးဖြစ်ခဲ့တယ်။ NUGဆိုတဲ့စာလုံး
ပေါ်လာမှပဲဟင်းချနိုင်တော့တယ်။






ဆက်ဖတ်ရန် →
ကုလသမဂ္ဂမှ R2Pအခြေခံမူသဘောတရားကို စွဲကိုင်ကာ မြန်မာစစ်တပ်ကို အရေးယူရန် အလိုအပ်ဆုံးအချိန်ဟု မြန်မာသံအမတ်ကြီးပြော

ကုလသမဂ္ဂမှ R2Pအခြေခံမူသဘောတရားကို စွဲကိုင်ကာ မြန်မာစစ်တပ်ကို အရေးယူရန် အလိုအပ်ဆုံးအချိန်ဟု မြန်မာသံအမတ်ကြီးပြော

ယန်းဒီ/People’s Spring

ယခုအချိန်ကာလသည် ကုလသမဂ္ဂမှ R2P အခြေခံမူသဘောတရားကို စွဲကိုင်ကာ မြန်မာစစ်တပ်ကျူးလွန်ခဲ့သော ရာဇ၀တ်မှုများအတွက် တာ၀န်ခံမှုရှိစေရန် အရေးယူဆောင်ရွက်ရန် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းသည်။

မြန်မာသံအမတ်ကြီးက ဇန်နဝါရီ ၂၄ ရက်တွင် ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးကောင်စီ၏ “လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူမျိုးတုံး သုတ်သင်ရှင်းလင်းမှုနှင့် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့်ရာဇဝတ်မှုတို့အား ကာကွယ်နိုင်မည့် လူမှုရေးနှင့် စီးပွားရေးလုပ်ဆောင်ချက်များ”ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် အထူးအစည်းအဝေး၌ တိုက်တွန်းခဲ့ခြင်းဖြစ်ပြီး စစ်တပ်တာ၀န်ခံမှုရှိစေရန်နှင့် ၎င်းတို့အကျိုးခံစားနေသည့် ပြစ်ဒဏ် ခတ်ခြင်းမခံရသည့်ယန္တရားကို အပြီးတိုင်ရပ်တန့်နိုင်ရန်အတွက် ကုလသမဂ္ဂမှ အသံတစ်သံတည်း ထွက်ဆိုကာ စုပေါင်းအင်အားဖြင့် အရေးယူဆောင်ရွက်ရမည့် အလိုအပ်ဆုံး အချိန်ပင်ဖြစ်ကြောင်းထည့်သွင်းပြောကြားသည်။

ကိုယ်ပိုင်အတွေ့အကြုံအရ စစ်တပ်မှ အကျိုးခံစားနေသော ပြစ်ဒဏ်ခတ်မှု မခံရခြင်းကို အပြီးတိုင်ရပ်တန့်ခြင်းနှင့် စစ်တပ်ကို ရွေးကောက်တင်မြှောက်ခံရသည့် အစိုးရအောက်တွင် ပြည့်ပြည့်ဝဝထားရှိခြင်းကသာလျှင် ပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်မှုများ၏ အန္တရာယ်မှ ကာကွယ်နိုင်မည့် နည်းလမ်းတစ်ခု ဖြစ်ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောသည်။ အထူးသဖြင့် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်အား ချုပ်ငြိမ်းစေခြင်းက အလွန်အရေးပါအရာရောက်ကြောင်း ထပ်လောင်းပြောသည်။

မြန်မာပြည်သူများနှင့် နိုင်ငံတကာအသိုက်အဝန်းက အကြမ်းဖက်မှုအားလုံး ရပ်တန့်ရန် ထပ်ခါတလဲလဲ တောင်းဆိုခဲ့သော်လည်း စစ်တပ်သည် လူအစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်း၊ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်စုအပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများကို စဉ်ဆက်မပြတ်ကျူးလွန်နေကြောင်း သံအမတ်ကြီးက အစီရင်ခံသည်။

မြန်မာစစ်တပ်နှင့် ယင်းအဖွဲ့အစည်းအား အားဖြည့်ထောက်ခံပေးနေသူများအနေဖြင့်မူ လူ့အခွင့်အရေးနှင့် လူသားဆန်မှုအပေါ် မထီမဲ့မြင်ပြုလျက်ရှိကြောင်းကို ကြိမ်ဖန်များစွာ ပြသနေခဲ့ကြောင်းလည်း သံအမတ်ကြီးက ကုလသမဂ္ဂ၌ ပြောသည်။


#လူထုနွေဦး

ဆက်ဖတ်ရန် →
ပွေးကွက်

ပွေးကွက်

လျှပ်စစ်ကားတွေကသာမန်ကားထက်စျေးကြီးပေ
မယ့်ဆီကားထက်လျှပ်စစ်ခအများကြီးသက်သာ
တယ် ဒါပေမယ့် စျေး၊အလုပ်သွားတာလောက်ပဲ
အဆင်ပြေတယ် ခရီးဝေးသွားရင်ဆီဆိုင်လိုအား
သွင်းဖို့နေရာရှားတယ် ဆီထည့်ရင် ၂မိနစ်လောက်
ပဲကြာမယ် အားသွင်းတာက ဘယ်လောက် boost 
လုပ်လုပ် ကြာတာကကြာတာပဲ အရေးရယ်အကြောင်း
ရယ်ဆို အသက်တောင်မှီမှာမဟုတ်ဖူး
တောင်တက်လမ်းတွေဆိုလဲအဆင်မပြေဖူး
ခဏလေးနဲ့အားကုန်တယ် 
အိမ်မှာအားသွင်းတဲ့အဆင့်အထိမရှိသေးပဲ လျှပ်စစ်
ကားဝယ်စီးတဲ့သူမတွေ့ဖူးသေးဖူး 
40amp breaker နဲ့ ပါဝါလိုင်းအသစ် stove အတွက်
ကြိုးမျိူး ကားဂိုထောင်ထဲကိုထပ်သွယ်ရတယ်

အားကုန်ရင်နေပြည်တော်အထိတွန်းသွားပြီးအား
သွင်းရမှာလား🫣🫢🥴
တက်စီဆိုပိုတောင်ဆိုးသေးတယ်
ဆန်မရှိပဲစောက်စားကြီးပြချင်တာ
လျှပ်စစ်ကားရှိလို့နိုင်ငံကြီးတိုးတက်နေပြီ
ငါ့ကိုသမ္မတလုပ်ခွင့်ပြုဆိုတဲ့အကွက်
ပွေးကွက်လေ အဲ့မှာကုပ်နေတယောက်ထဲ🖕🏿








ဆက်ဖတ်ရန် →
လိရွေးကောက်ပွဲလား

လိရွေးကောက်ပွဲလား

လွှတ်တော်ခေါ်ခါနီးရက်တွေ မအလ သမ္မတရာထူး
တောင်းခဲ့လားဆိုတာ မသေသေးတဲ့ NLD CECတွေ
လွှတ်လာရင်တောင်မေးစရာမလိုပါဖူး၊

မဲဆွယ်ပွဲကာလထဲကအာဏာသိမ်းမယ်ဆိုတာ
ပါတီ၃၀ကျော်နဲ့မအလတွေ့အပြီးထဲကနုတ်မလုံတဲ့
မိုက်ကယ်ကျော်မြင့် လွှင့်တဲ့ Live! ထဲမှာပါပြီးသား
မဲသမာသည်ဖြစ်စေ မသမာသည်ဖြစ်စေသိမ်းကို
သိမ်းမှာ၊ ဘူးလက် ဝီရသူ လာအဖမ်းခံတာ အာမခံ
ချက်ရှိထားလို့၊

မဲမသမာမှုစာတမ်းဆိုပြီး၁၄၀ M PDF က လည်းစခ
တွေရေးဖြန့်တာ ကြားနေလူဆိုတာအာဏာရှင်လက်
ထက်မှာမရှိတဲ့အတွက်စာတမ်းမှာပါသမျှဟာလုပ်
ဇာတ်အဖြစ်နဲ့ 🗑️ ထဲရောက်မှာပဲ ဘယ်သုသေသီ
ကမှမှီငြမ်းရေးသားကြမှာမဟုတ်ဖူး

ထားပါတော့

အခုကာလုံခေါ်မယ် လူစုံအောင်ခေါ်မယ်ဆိုလို့အပြင်
လူများလားမှတ်တယ် ဗိုလ်ချူပ်ကြီးတွေတဲ့
ကာလုံဆိုတဲ့နာမည်ကိုကာဗာယူရုံအဆင့်ပဲရှိတယ်

အနိုင်ရပါတီကိုအာဏာလွှဲမယ်တဲ့ ဒီလောက်တောင်
အာဏာရူးထားပြီိးမှဘယ်လိုပုံစံနဲ့လွှဲမှာလဲစဉ်းစား
ကြည့်၊

PRစနစ်ဆိုတော့ ကြံဖွတ် အမတ်အများဆုံးရမယ်
မိုက်ကယ်ကျော်မြင့် အေးမောင် အဘဘောမတွေ
မအလခေါ်တွေ့ထားတဲ့၃၅ပါတီကအနည်းဆုံးတ
ယောက်စီလွှတ်တော်အမတ်ဖြစ်လာမယ် 
ကိုကိုကြီးကသိပ်မသေချာဖူး လွှတ်တော်ထဲမှာ
ကန့်ကွက်မဲပေးတာမအလမကြိုက်ဖူး၊

ပုံမှန်ဆိုရင် ခင်ရီသမ္မတဖြစ်လာမယ် ဒါပေမယ့်
စကစ သူ့လက်အောက်မှာ ဝန်ကြီးလုပ်နေသူကို
ရုတ်ချည်း ထွက်ခိုင်းပြီး သန်းဌေးကိုကန်ချလိုက်
တယ်၊ မင်းကင်းမောင်မြင့်ပါစိထားတယ်သတင်း
ထွက်တယ်၊ တကယ်လို့ခင်ရီသမ္မတဖြစ်ရင်ပရို
တိုကောအရ ကာချူပ်က အဆင့် ၇ ကိုရောက်ပြီ

အခုနေ ခင်ရီကိုအင်တာဗျူးနိုင်ရင်မေးကြည့်
လွှတ်တော်မှာ ကြံ့ဖွတ်အမတ်ကအများဆုံးဖြစ်လာ
မယ် တိုင်းရင်းသားကတယောက် စစ်တပ်ကတ
ယောက်ရယ် ခင်ရီရယ်  ကြံဖွတ်အမတ်တွေရော
အမတ်ကြီးမိုက်ကယ်ကျော်မြင့် တို့ရော ဘယ်သူ့
ကိုသမ္မတအဖြစ် မဲထည့်ကြမလဲ စစ်တပ်တင်တဲ့
ဒုသမ္မတဟာ မအလ မဟုတ်ဖူးပဲထားမအလဟာ 
သမ္မတထက်နိမ့်တဲ့နေရာမှာနေလို့ကိုမရတော့တာ
 အကုန်လုံးကသူအောက်ကလူတွေချည်းပဲ 

(အတိုက်အခံဆိုတဲ့စကားရပ်ကပြည်သူ
တွေချည်းပါတဲ့နိုင်ငံရေးစနစ်မှာပဲရှိတယ်)

နေဝင်းက စန်းယုကိုသမ္မတနေရာပေးလိုက်လို့
အငြိမ်းစားယူခဲ့လား ပါတီညီလာခံမှာပါတီဥက္ကဌ
ထိုင်ခုံက သမ္မတဆိုတဲ့စန်းယုထိုင်တဲ့ခုံထက်မြင့်
နေတယ်၊ ဒီအချက်ကိုငယ်ငယ်တုံးထဲကတွေးမိထား
တော့ ၁၉၉၀ရွေးကောက်ပွဲမှာ တစညအမတ်လောင်း
မဲလာဆွယ်တော့ လူကြီးတွေကြားထဲကနေ ရအောင်
မေးဖူးတယ် သူက ဒါကတော့သားရယ် သူကခေါင်း
ဆောင်လေတဲ့ ပြန်ဖြေတာ ဘယ်သူ့သားလေးလဲဆို
ပြီးမေးနေသေးတယ်၊

ဘယ်လိုပဲကုလားဖန်ထိုးထိုး မအလဟာ အမြင့်ဆုံး
နေရာတခုကိုဖန်တီးယူမှာပဲ 

ဒေါ်အောင်ဆန်းစုကြည်ဟာ ဦးထင်ကျော်ကိုပထမ
နေရာပေးပြီး တလှမ်းဆုတ်လျှောက်ဖူးတယ်
ဦးထင်ကျော်ဇနီးကအားနာလို့ နောက်ချန်နေနေတာ
ကို ဒေါ်စုကိုယ်တိုင် အရှေ့ကိုအသာတွန်းပို့ခဲ့တဲ့
ရုပ်သံအထောက်အထားရှိခဲ့တယ်၊

ပရိုတိုကော(၇)မှာမအလနေပြီးဒေါ်စုလိုသဘောထား
ကြီးပြရဲလားဆိုတာ ဘယ်ဘောမမှမဖြေရဲဖူး မအလ
တရားဝင် ခေါင်းဆောင်ဖြစ်ဖို့ ရေသည်ထော့ကျိူး
ကျော်စွာ ရွှေဘ ဟောင်မင်းတို့လို ဘောမတွေကအစ
ခင်ရီအဆုံးဝိုင်းပြီးတွန်းတင်နေကြတာ

လိရွေးကောက်ပွဲလား

ငါတို့ကမင်းတို့ရွေးကောက်ပွဲခေါင်းထဲမှာကိုမရှိတာ
မင်းတို့ထိုင်ဆင်းသွားအောင် knockout ပဲလုပ်မှာ

လူ့အသိုင်းအဝိုင်းမှာ လူစိတ်မရှိသူတွေမထားချင်
တော့တာ အစိုးရနဲ့ပြည်သူတသားတဲ့ဖြစ်တဲ့လူ့ဘောင်
ကို ရအောင်ပြန်လုပ်မှာ 
ဒီအချိန်မှာ မင်းတို့ဖက်ကဘာတွေပဲ propaganda 
လုပ်ပြီးလှိမ့်လုံးတွေတင်နေလံ ပြည်သူကအံတိုနေပြီ

၈၈၈၈ရောနွေဦးမှာပါအိမ်လုံးကျွတ်လမ်းပေါ်တက်
တာ သံပုံးခေါက်တာကို NLDကမြှောက်ပေးလို့
ပြည်သူကထင်ယောင်မှားဖြစ်တာလို့မင်းတို့ရေးတာ
ဟုတ်မဟုတ်တယောက်ချင်းစီလိုက်မေး

ပြည်သူက NLD ကြောင့်လမ်းပေါ်တက်တာမဟုတ်ဖူး
အာဏာရှင်စနစ်ကိုမလိုချင်လို့ ပြည်သူနဲ့တသားထဲ
ရှိတဲ့အစိုးရ ခေတ်အဆက်ဆက်ဖြစ်နိုင်ဖို့သူတို့သမိုင်း
သူတို့ရေးတာ ငါလဲဒီလောက်ပဲနိုင်ငံရေးကိုနားလည်
တယ် ဒီထက်ပိုပြောရင်တော့ ဆဲစရာပဲကျန်တော့တယ်

ရဲရင့်ငယ်(ကနေဒါ)

(ကိုဂျင်မီကိုသေဒါဏ်အမိန့်ချသည့်နေ့က
နောက်ဆုံးတွေ့ရသည့်ပုံဖြစ်သည်)


ဆက်ဖတ်ရန် →
စစ်ဘက်ဆိုင်ရာ ကြေးနန်းတွေ စာတွေ အတုတွေ ထွက်ပေါ်ခဲ့ကြောင်းဗိုလ်ဇင်ယော်ပြော

စစ်ဘက်ဆိုင်ရာ ကြေးနန်းတွေ စာတွေ အတုတွေ ထွက်ပေါ်ခဲ့ကြောင်းဗိုလ်ဇင်ယော်ပြော

စစ်ဘက်ဆိုင်ရာ ကြေးနန်းတွေ စာတွေ အတုတွေ ထွက်ပေါ်ခဲ့ကြောင်း ဘယ်လိုအမှားတွေ ရှိကြောင်း ကျွန်တော်တို့ CDM စစ်သားအများစု ရှင်းလင်းပြီးဖြစ်ပါတယ် ။ အခုတစ်ခါကတော့ Power Point လို့ခေါ်တဲ့ တင်ပြချက် အတုတစ်စောင်ဘဲ ဖြစ်ပါတယ် ။ စစ်ဘက်စာတွေရော အခုလို Power Point တွေ မှာရော ပထမဆုံး စာမျက်နှာမှာ နံပတ် ၁ လို​ ့ တပ်လေ့မရှိပါ တပ်လို့လည်းမရပါ ။ ဒါကြောင့် မြို့ပြအဖွဲ့တွေရဲ့ လှုပ်ရှားမှုအားကောင်းလာခြင်းကို ထောက်ပံ့သူများ နဲ့ လှုပ်ရှားသူများကို ထိတ်လန့်စက်ဆုပ်ဖွယ် ပြုလုပ်လာမှုလည်းဖြစ်ပါတယ်။ မူရင်း ပို့စ်မှာ ဖော်ပြထားတဲ့ အချက်အလက်တွေထဲမှာ မှားယွင်းမှု တွေရှိနေပေမယ့် ဘယ်အရာက မှားနေပါတယ်လို့ ချေပရင် အဖွဲ့တွေရဲ့ လုံခြုံမှုစည်း ကျိုးပေါက်မှာဖြစ်ပါတယ် ။ ဒါကြောင့် ပါဝင်ကူညီသူများ အနေဖြင့် စိုးရိမ်ပူပန်စိတ် မဖြစ်ကြစေဘို့ အသိပေးတင်ပြရခြင်းဖြစ်ပါတယ်ခင်ဗျာ ။

စာကြွင်း။ သတင်းဌာနကို အပြစ်တင်ခြင်းမဟုတ်ပါ ။ ကျွန်တော် တို့တွေဆို Documents အစစ်တွေ ရရှိပါတယ် သတင်း မူရင်း Source ပျောက်ပျက် အန္တရယ် စိုးရိမ်၍ စကားပြေဖြင့်သာ အမြဲ သတိပေးပြောဆိုပါတယ်ခင်ဗျာ။

ပုံ ၁ ။ စာမျက်နှာ နံပတ် တပ်ထားခြင်း (False)
ပုံ ၂ ။ စာမျက်နှာ နံပတ် ကာလာတူဖြစ်ခြင်း
ပုံ ၃ ။ စစ်တပ်သုံး အမှန် 

                                                 ဇင်ယော်




































ဒီ​​နေ့မှာ​တော့ အကြောင်းအရာတစ်ခုကို နောက်ဆုံးအ​နေနဲ့ ထပ်မံရှင်းလင်းတင်ပြလိုပါတယ်ခင်ဗျာ။ကျွန်​တော့်ရဲ့လစဥ် Campaign က​နေ Support ​ပေး​နေတဲ့ WOH.. HRD GZDF တို့ကို စရဖအသွင်​ပြောင်း ဒလန်ဇာတ်သွင်း​ခံ​​နေရမှုကို ကာကွယ်​ပေးချင်တဲ့အတွက် အခုလိုရှင်းလင်းတင်ပြပေးရခြင်းပဲဖြစ်ပါတယ် ခင်ဗျာ။ 

ဇန်နဝါရီ ၁၈ ရက်နေ့က Social Media ပေါ်မှာ ပျံ့နှံလာတဲ့ အမှတ်(၁)စ-စ်ဘက်ရေးရာ လုံခြုံရေးအကူတပ်ရဲ့ ၁၆. ၉. ၂၀၂၂ ရက်စွဲပါ Power Point နဲ့တင်ပြချက် အတုတစ်စောင်အ​ကြောင်းကို Post တင်ရှင်းပြီးဖြစ်​ပေမဲ့မ​နေ့က ၂၃.၁. ၂၀၂၃ ရက်​နေ့မှာလည်း Powerpoint Detail အတုတစ်​စောင်ထပ်မံ​ပေါ်ထွက်လာပြန်ပါတယ် ခင်ဗျာ။(မ​နေ့က Powerpoint Deatilဟာ ဒီဇင်ဘာ ၂၂ရက်​နေ့ကတစ်ခါထွက်​ပေါ်ထားပြီး လူသိနည်းခဲ့တဲ့ Powerpoint ပါ ခင်ဗျာ) 

Powerpointတစ်ခုလုပ်ပြီးရင် အနည်းဆုံး ဒုမှူးကြီးအဆင့်က​နေစ-စ်​ဆေးထားရပါတယ်။စ-စ်ကောင်စီရဲ့ ထိပ်တန်းလျှို့ဝှက်အဆင့်ရှိစာတွေ ပေါက်ကြားလာမှုအပေါ်မှာ စ-စ်တပ်ဟာ အရှုံးထဲကနေ အမြတ်ယူတို-က်ကွ-က်ဖော်လာခြင်းဖြစ်ပါတယ်။ဒါဟာ စ-စ်တပ်ရဲ့လုပ်ရိုးလုပ်စဥ် လုပ်ငန်းတစ် ရပ်မျှသာဖြစ်ပါတယ်။

PowerPoint ရဲ့တင်ပြချက်ပါ အရေးအသားတွေမှာ စ-စ်ဘက်အခေါ်အသုံးအနှုန်းတွေဟာလည်းမဆီမလျော်ဖြစ်နေတာတွေ အများကြီးတွေ့ရပါတယ်။အချက်အလက်တွေရယ် လူပုဂ္ဂိုလ်နာမည်တွေ မှန်ခြင်း၊မှားခြင်းကိုတော့ UG အဖွဲ့တွေရဲ့ လုံခြုံရေးကြောင့်ထည့်ပြီး မရှင်းတော့ပါဘူး ခင်ဗျာ ။ 

ဒါဟာမြို့ပြUG ညီငယ်အဖွဲ့တွေရဲ့ လှုပ်ရှားမှုအားကောင်းလာခြင်း​ကြောင့် ထောက်ပံ့သူများနဲ့ လှုပ်ရှားသူများကို ထိတ်လန့်​အောင် ပြုလုပ်လာမှုလည်းဖြစ်ပါတယ်။ဒါကတော့ စ-စ်တပ်ရဲ့ လူမကုန် ကျည်မကုန်တဲ့ စ-စ်ဆင်ရေးဖြစ်ပြီး အဲဒီဖက်မှာ စ-စ်တပ်က အရမ်းကျွမ်းကျင်ပါတယ်။ 

အရေးကြီးတဲ့အချက်က အခု Power Point ကို တော်လှ-န်သူအချင်းချင်း ဂျောက်ချပြီး ဖန်တီးထုတ်လွှင့်လာတာဖြစ်ပါတယ်။မြို့ပြအဖွဲ့အချင်းချင်း သွေးကွဲစေရန်၊ယုံကြည်မှုပြိုကွဲစေရန် စ-စ်တပ်ရဲ့ ဝါဒဖြန့်ခြင်းမျှသာဖြစ်ပါတယ်။ 

ရွေးကောက်ပွဲဆိုတာ မြို့ပြနဲ့ကျေးလက်မှာသာ ပြုလုပ်ရမှာဖြစ်သလို UG ဆိုတာလည်း အဲဒီနေရာတွေမှာသာ လုပ်ငန်းတွေ ဆောင်ရွက်ရတာဖြစ်ပါတယ်။UG တွေ ဦးကျိုးသွားပြီဆိုရင် စ-စ်ကောင်စီရဲ့ အရှိန်မြှင့်လာတဲ့ ရွေးကောက်ပွဲလုပ် ငန်းစဥ်တွေကို ပိုမို​​မြန်ဆန်စွာလုပ်ဆောင်လာနိုင်မှာဖြစ်ပါတယ်။ 

စ-စ်ကောင်စီဝါဒဖြန့်တဲ့ထဲမှာပါ​နေတဲ့ GZDF.WOH.HRD ဆိုတဲ့UG အဖွဲ့တွေဟာဆိုရင် ကျွန်တော့်ရဲ့ Vitamin For UG Campaign က​နေ​ လစဥ်ထောက်ပို့ထားတဲ့ အဖွဲ့တွေဖြစ်ပြီး တကယ်လက်သံပြောင်ထားတာကိုလည်း သိပြီးဖြစ်မှာပါ ခင်ဗျာ။ပြည်သူတွေ ဝေဝါးစေဖို့နဲ့ UG အချင်း ချင်း သွေးကွဲစေရန် ခဲတစ်လုံးတည်းနဲ့ ငှက်နှစ်ကောင်ပစ်လိုက်သလိုပါပဲ ခင်ဗျာ။အခုချိန်မှာ တကယ်ထဲထဲဝင်ဝင်ဆောင် ရွက်နေတဲ့ အဖွဲ့တွေ အင်အားယုတ်လျော့လို့မရပါဘူး။ 

ဒီတော့ နယ်မြေခံအဖွဲ့အချင်းချင်း ယုံကြည်မှုတည်ဆောက်ပါ။ လက်တွဲပါ ။ပူးပေါင်းဆောင်ရွက်ပါ။သူတစ်လူ ငါတစ်မင်း ဖြစ်လို့မရပါဘူး။ ဒါကသတိထားရမယ့်အချက်ပါ။ကျွန် တော်ကတော့ ၂၀၂၁ ခုနှစ်မတ်လဆန်းမှာ CDM ဝင်ပြီးတည်းက နွေဦးတော်လှန်ရေးမှာ အရာရောက်တဲ့ အလုပ်တွေ မလုပ်နိုင်သေးပေမယ့် အရေးပါတဲ့ အလုပ်လေးတွေလုပ်နေပါတယ်ခင်ဗျာ ။ 

ဘယ်လိုပဲ စကစဖက်ကဆိုက်ဝါး​တွေနဲ့ ​သွေးခွဲသပ်လျှိုမှု​တွေရှိ​နေပါ​စေကျွန်​တော့်ရဲ့ Vitamin for UG Campaign က​နေလစဥ်​ထောက်ပို့မှုရယူထားတဲ့ UG ညီငယ် ၁၄ဖွဲ့ဟာ တလရပြီးဆုံးတဲ့အထိ ကိုယ်စွမ်း ဥာဏ်စွမ်းရှိသ​ရွေ့  စကစကိုတွ-န်းလှ-န်​နေမှာပဲဖြစ်ပါတယ် ။​ကျေးဇူးပါ ခင်ဗျာ။ 

                                                ဇင်​ယော်




ဆက်ဖတ်ရန် →

အမျိုးသမီး စစ်သည်တွေ စစ်ကောင်စီ စုဆောင်းလာ

အမျိုးသမီး စစ်သည်တွေ စစ်ကောင်စီ စုဆောင်းလာ

no tag

ဓာတ်ပုံ ရင်းမြစ်, တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး

နိုင်ငံအနှံ့မှာ တိုက်ပွဲတွေဖြစ်ပွားနေချိန်မှာ စစ်ကောင်စီတပ်ဟာ အမျိုးသမီးစစ်သည်တွေကို တိုးချဲ့လက်ခံဖို့ ထပ်ပြီး ပြင်ဆင်လာပါတယ်။

စစ်တပ် အာဏာမသိမ်းခင်ကလည်း အရာရှိမဟုတ်တဲ့ အခြားအဆင့် အမျိုးသမီးစစ်သည်တွေကို အခုလို ခေါ်ယူမှုတွေရှိခဲ့ပေမဲ့ အာဏာသိမ်းပြီးတဲ့နောက် လပိုင်းခြားပြီး မကြာခဏခေါ်ယူနေတာလို့ စောင့်ကြည့်သူတွေက ဆိုပါတယ်။

ကြည်း၊ ရေ၊ လေ လက်ရုံးတပ်နဲ့ ဝန်ထမ်းတပ်တွေမှာ စစ်မှုထမ်းဖို့ အခြားအဆင့်အမျိုးသမီးတွေကို မြန်မာစစ်တပ်က အခုရက်ပိုင်း နိုင်ငံပိုင်သတင်းစာတွေကနေ ခေါ်ယူနေတာလို့လည်း သိရပါတယ်။

ကြည်းတပ်တွေမှာ စစ်အင်အားလိုအပ်ချက်ရှိနေချိန်မှာ ဒီလို အမျိုးသမီးစစ်သည်ခေါ်ယူမှုတွေကြောင့် စစ်ကောင်စီဟာ အမျိုးသမီးစစ်မှုထမ်းတွေကို စစ်မြေပြင်အထိ စေလွှတ်မှုတွေရှိနေလားဆိုတဲ့ မေးခွန်းတွေလည်း ရှိလာပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး

 စစ်ကောင်စီက ခေါ်တဲ့ အမျိုးသမီး စစ်သည်အတွက်လျှောက်ထားသူတွေဟာ အိမ်ထောင်မရှိသူ အပျိုဖြစ်ရမှာဖြစ်ပြီးတော့ အသက် ၂၅ နှစ်ထက်မကြီးရလို့ ပါရှိသလို အရပ် ၅ပေ ၂ လက်မ ကိုယ်အလေးချိန် ပေါင် ၁၀၀ နဲ့ အထက်ရှိရမယ်လို့ လျှောက်လွှာမှာ ဖော်ပြထားပါတယ်။

 ပညာအရည်အချင်း ရှစ်တန်းအောင်အဆင့် တက်ရောက်နိုင်တဲ့ ဒီတပ်သားသစ် သင်တန်းကို ၄ လ တက်ရောက်ရမှာ ဖြစ်ပြီး သတ်မှတ်ချက် ကိုက်ညီရင် ဆန္ဒပြုထားတဲ့ လက်ရုံးတပ် ဒါမှမဟုတ် ဝန်ထမ်းတပ် တစ်ခုခုမှာ တာဝန်ထမ်းဆောင်ရမယ်လို့ အလုပ်ခေါ်စာမှာ ပါရှိပါတယ်။ 

 မြန်မာစစ်တပ်မှာ အမျိုးသမီးဗိုလ်လောင်းတွေကို ၂၀၁၃ ခုနှစ်ကစပြီး နှစ်စဥ် ပုံမှန်ခေါ်ယူနေတာ အပတ်စဥ်(၉) အထိ ရှိနေပါပြီ။

အမျိုးသမီးစစ်မှုထမ်းတွေကို အရင်က ဆေးတပ်မှာ အဓိကတာဝန်ပေးခဲ့ရာကနေ နောက်ပိုင်း အမျိုးသမီးလေသူရဲအရာရှိတွေအထိ တာဝန်ပေးနေတာတွေ့ရပေမယ့် စစ်မြေပြင်အထိ စေလွှတ်တာတော့ မတွေ့ရသေးဘူးလို့ စစ်ဘက်ဆိုင်ရာ အသိုင်းအဝိုင်းကနေ သိရပါတယ်။ 

no tag

ဓာတ်ပုံ ရင်းမြစ်, SCREEN SHOT

“ အမျိုးသမီး စစ်သည်တွေကိုတော့ အများအားဖြင့်တော့ ရုံးပိုင်းမှာ တာဝန်ချထားတာ များတယ်၊လေတပ်မှာ အမျိုးသမီးလေသူရဲဗိုလ်လောင်းတွေ တာဝန်ပေးတာရှိသလို ရေတပ်က ပင်လယ်ပြင်ထွက်တဲ့နေရာမှာ အမျိုးသမီးတွေ ပါလာတာတွေရှိတယ်၊ ကြည်းတပ်အနေနဲ စစ်မြေပြင်အထိ လွှတ်ဖို့ လောလောဆယ်တော့မရှိသေးဘူးလို့ထင်တယ် “လို့ လုံခြုံရေးဆိုင်ရာအရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ သေနင်္ဂအင်စတီကျုက အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးက ပြောပါတယ်။

 ဒါပေမဲ့ စစ်ကိုင်းတိုင်းထဲက ဒီပဲယင်းနဲ့ ဆားလင်းကြီးထဲက ရွာတချို့ကို စစ်တပ်က စစ်ကြောင်းထိုးတဲ့အခါ စစ်ကောင်စီစစ်ကြောင်းမှာ အမျိုးသမီးစစ်သည်တချို့ ပါတာတွေ့ရတယ်လို့ ဒေသခံကာကွယ်ရေး တပ်တချို့က ပြောပါတယ်။

စစ်တပ်၏ အာဏာသိမ်းမှုကို လက်နက်ကိုင် ပြန်ခုခံနေတဲ့ နိုင်ငံအနှံ့အပြားမှ ဒေသခံ ကာကွယ်ရေးအဖွဲ့တွေကို  စစ်ကောင်စီက ရင်ဆိုင်နေရတာဖြစ်ပြီးတော့ အချို့နေရာတွေမှာ ပြည်သူစစ်တွေဖွဲ့ ပြီး စစ်ကောင်စီက လက်နက်တပ်ဆင်ပေးတာလည်း ရှိပါတယ်။

 ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်မှာတော့ အမျိုးသမီးစစ်သည်တွေက ဆေးတပ်ဖွဲ့၊ထောက်ပို့ကနေ ရှေ့တန်းစစ်မျက်နှာပြင်အထိ ပါဝင်နေကြတယ်လို့ မြောင်အမျိုးသမီးတပ်ရင်းရဲ့ ပြန်ကြားရေး တာဝန်ခံ မအမရာက ပြောပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, KNDF

 ကမ္ဘာ့နိုင်ငံပေါင်း ၁၄ဝ မှာ မြန်မာစစ်တပ်ရဲ့ စစ်ရေးစွမ်းရည်က အဆင့် ၃၈ ရှိတယ်လို့ ၂၀၂၃ အတွက် Global Firepower သုတေသနအဖွဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မြန်မာနိုင်ငံမှာ လူဦးရေ ၅၇ သန်းကျော်ရှိပြီး စစ်သည်အင်အားက လေးသိန်းခွဲရှိတယ်လို့ Global Firepower က ဖော်ပြပါတယ်။ နိုင်ငံလူဦးရေ စုစုပေါင်း ရဲ့ ဝ.၈ ရာခိုင်နှုန်းရှိပြီး ဝ.၇ ရာခိုင်နှုန်းနဲ့ ညီမျှတဲ့ ဦးရေ လေးသိန်းက လှုပ်ရှားနေတယ်လို့ဆိုပါတယ်။ အရန်တပ်ဖွဲ့ဝင် မရှိဘဲ ပြည်သူ့စစ်က ငါးသောင်းရှိတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကတော့ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့က တပ်ရင်းတွေကို ဒေသကာကွယ်ရေးတပ်နဲ့  KNLA တပ်တွေဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့တာ ရှိပါတယ်။

 မြန်မာ့တပ်မတော် ကြည်းတပ် တပ်ရင်းတွေမှာ တပ်ရင်းတစ်ခုမှာရှိသင့်တဲ့ တိုက်ခိုက်ရေး အင်အားမရှိဘဲ ၄ ဆ ၅ ဆလောက် နည်းတာကိုတွေ့ရတယ်လို့ ငြိမ်းချမ်းရေးနဲ့လုံခြုံရေးဆိုင်ရာမြန်မာ အင်စတီကျူရဲ့ အမှုဆောင်ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးက ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်က ဘီဘီစီနဲ့ အင်တာဗျူးတစ်ခုမှာ ပြောခဲ့ပါတယ်။

တပ်ရင်းတစ်ခု အင်အားနည်းနေရင် စစ်ရေးလုပ်ဆောင်မှုမလုပ်နိုင်ဘဲ ခြေလျင်တပ်တွေမှာ လက်နက်တွေ အင်အားကောင်းပေမဲ့ သင့်လျော်တဲ့ အင်အားမဖြည့်ဆည်းနိုင်ရင် စွမ်းဆောင်ရည်မှာ ထိခိုက်နိုင်တယ်လို့ စစ်ရေးကျွမ်းကျင်သူတွေက ပြောပါတယ်။

မြန်မာတပ်မတော် စစ်သားသစ်စုတဲ့ ပြသာနာရှိနေပြီး တိုက်ခိုက်ရေးမှာ အသက် ၃၀ ကျော်စစ်သားတွေအများအပြားပါနေတဲ့ အတွက် စစ်သားစုဆောင်းရေးကို ထိထိရောက်ရောက်မလုပ်နိုင်တဲ့အရာက တပ်တွေရဲ့ လုပ်ရည်ကိုင်ရည်ကို ထိခိုက်နိုင်တယ်လို့လည်း နိုင်ငံတကာ စစ်ရေးကျွမ်းကျင်သူတွေက ပြောပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, GETTY IMAGES

 မြန်မာစစ်တပ်မှာ အမျိုးသမီးအရာရှိနဲ့ အခြားအဆင့် စုစုပေါင်း အရေအတွက်က သုံးထောင်ကျော်ရှိနေပြီလို့ စစ်တပ်ကထုတ်ပြန်တဲ့ ၂၀၂၁ ခုနှစ်လကုန်အထိ စာရင်းတွေအရသိရပါတယ်။

စစ်တပ်ကို အခုအခါမှာ နိုင်ငံရေးအင်အားစု တစ်စုပုံစံနဲ့ မြင်နေပြီးတပ်မတော်ကို ထောက်ခံသူရှိသလို မထောက်ခံသူတွေ အများအပြားရှိလာပြီး လက်ရှိစစ်သားစုဆောင်ရေးကို လာရောက် ရိုတ်ခတ်နေတာလို့ လည်း ထောက်ပြကြပါတယ်။

အာဏာမသိမ်းခင်ကတည်းက မြန်မာစစ်တပ်မှာ အမျိုးသမီးတွေ ဝင်ရောက် တာဝန်ထမ်းဆောင်ဖို့ စိတ်ဝင်စားမှုနည်းတဲ့ အခြေအနေကနေ အခုအာဏာသိမ်းပြီးနောက်မှာတော့ တပ်ဖွဲ့ဝင် အင်အားရနိုင်ဖို့ အခြေအနေက ပိုနည်းပါးသွားနိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိနေပါတယ်။

ဆက်ဖတ်ရန် →
ရန်သူ စစ်သား အယောက်(၅၀)ကျော်ကိုရှင်းလင်းခဲ့တဲ့ လက်ဖြောင့်တပ်သား ရဲဘော်နွေဦးကို NUG က စနိုက်ပါသေနတ် ဂုဏ်ပြု ချီးမြှင့်

ရန်သူ စစ်သား အယောက်(၅၀)ကျော်ကိုရှင်းလင်းခဲ့တဲ့ လက်ဖြောင့်တပ်သား ရဲဘော်နွေဦးကို NUG က စနိုက်ပါသေနတ် ဂုဏ်ပြု ချီးမြှင့်

ဇန်နဝါရီ (၂၄)ရက် |||နွေဦးအသံ|||

အကြမ်းဖက် စစ်ကောင်စီ ရဲ့ဗိုလ်မှူးကြီး အဆင့်ကစပြီး တပ်ခွဲမှူး ၊ ရဲဘော်အဆင့်အထိ ရန်သူအယောက် ၅၀ ကျော်ကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့တဲ့ ရဲဘော်နွေဦး ကို NUG ၀န်ကြီးဦးလွင်ကိုလတ်က ဇန်နဝါရီ (၂၄)ရက်မှာ စနိုက်ပါသေနတ် ပေးအပ်ချီးမြှင့် ခဲ့တယ်လို့ တောင်ငူ ခရိုင် ပြည်သူ့ကာကွယ် ရေး တပ်ရင်းအမှတ် - ၃၅၀၂  တပ်ခွဲ(၁) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ရဲဘော်နွေဦး(ခ) ဖိုးလုံးကိုတပ်ရင်း (၃၅၀၂)ရဲ့တပ်ရင်းမှူးကတဆင့် စနိုက်ပါ (388) ကို ချီးမြှင့်ခဲ့တာပါ။

ပြီးခဲ့တဲ့နှစ်ကလည်း ERO အဖွဲ့တခုဆီက စနိုက်ပါအသေးတစ်လက်ကို ဆုချီး မြှင့်ခံထားရတဲ့သူ ဖြစ်ပါတယ်။

ရှေ့တန်းစစ်မျက်နှာပြင်လို အန္တရာယ်များတဲ့နေရာတွေမှာလည်း ကိုယ်တိုင် ၀င်ရောက်ပစ်ခတ်နေတာဖြစ်ပြီး မိမိ ရဲဘော်တွေကို လက်တွေ့သင်ကြားပေးနေတဲ့ ရဲဘော်တဦးလည်းဖြစ်ပါတယ်။

ရဲဘော်နွေဦး သုတ်သင်ရှင်းလင်းခဲ့တဲ့ ရန်သူတွေထဲမှာ  ဗိုလ်မှူးကြီးအဆင့်ကနေ တပ်ခွဲမှူး၊ ရဲဘော်အဆင့်အထိ စုစုပေါင်း (၅၇)ယောက်ကိုရှင်းလင်း ခဲ့တာဖြစ်ပါတယ်။

ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေအနေနဲ့လည်း အကြမ်းဖက် စစ်ကောင်စီ ကို ပိုမိုချေမှုန်း တိုက်ခိုက် သွားမှာဖြစ်ပြီး မြို့ပေါ်တိုက်ပွဲတွေအတွက်လည်း တိုက်ခိုက်ဖို့ အသင့်ဖြစ်ပြီလို့သိရပါတယ်။

©TheVoiceOfSpring
Photo| NUG | ရဲဘော်နွေဦး ကိုစနိုက်ပါဆုချီးမြှင့်စဥ်။




ဆက်ဖတ်ရန် →
ကိုဂျင်မီတို့အတွက်လျော်ကြေးပြန်လာယူမယ်

ကိုဂျင်မီတို့အတွက်လျော်ကြေးပြန်လာယူမယ်

ဘယ်နေ့ကအောင်ပွဲရဲ့၁၀၀% လဲဆိုတာမသိပေ
မယ့် မအလ လမ်းပျောက်နေတာအသေအချာပဲ
Mission ကိုင်တဲ့ဗိုလ်ချူပ်ကြီးတွေလဲအကြံမပေး
တတ်တော့ဖူး VOAနဲ့အင်တာဗျူးမှာလဲ USAက
Russia နဲ့ပလူးနေတာတွေအတွက်၂ဆတိုးခံရမယ်
ပြောထားတယ် မီဒီယာပိုင်းမှာလဲကျဆုံးနေကြောင်း
ကျော်စွာနဲ့ရေသည်တို့ကအစဝန်ခံထားကြတယ်

စကစ report၂ခုအရ အသွင်ယူပြီးလုပ်ဆောင်တာ
တွေရှိနေတယ် UGဆိုတော့ဟုတ်တယ်မဟုတ်ဖူး
ပြောရတာမလွယ်ဖူး ကိုဂျင်မီမိတာအသွင်ယူ
နဲ့တဲ့တဲ့တိုးတာလို့ခြုံငုံသုံးသပ်လို့ရတယ်

report တွေကမှန်တယ်မှားတယ်ပြောမရပေမယ့်
အသွင်ယူတာကအနည်းနဲ့အများရှိနေတာအသေ
အချာပဲ
အပေါ်ဇယားကွက်မှာ အသွင်ယူခေါင်းဆောင်က
စခတပ်ကြပ် ကွန်ယက်ထဲပါတဲ့ ဇင်ယော်က
CDMဗိုလ်ကြီး သိသလောက်သူကအမှန်အကန်
CDM လုံးထွေးနေတဲ့သဘော သူလဲဖျင်ရိုး
ခံရတဲ့သဘောပါ

စကစလဲသိပြီးသားဆိုတော့တခုထုတ်ပြောပြမယ်

ကိုဂျင်မီကိုမိတဲ့နေ့ကပုံထဲမှာ၆လက်တွေ့တယ်
မဟုတ်လား အဲ့ဒါတွေပို့ထားတာ၃ရက်ပဲရှိသေး
တယ် အဲ့အချိန်ထဲကဇေယျာသော်ကတွဲဖက်
တာဝန်ခံ ကနဦးတာဝန်ကCDMကိစ္စတာဝန်ယူ
ထားပါ။

သူတို့နေရာကိုလျှို့ဝှက်အမည် နောင်— ကအခု
တာဝန်ယူထားပါတယ် code of commend
ကို လိုက်နာပါမယ်ဆိုတဲ့အဖွဲ့တွေကို mission 
မရှိသေးပေမယ့် လစဉ်ပေးတာမျိူးမဟုတ်ပဲ
၅သိန်း ၆သိန်း အဲ့လို့ရကြပါတယ် 

ကျွန်တော်တို့နဲ့လဲကနဦးထဲကသိတဲ့အဖွဲ့တွေပါ
ရှိပြီးသားအဖွဲ့တွေမှာ အသွင်ယူစခကမရှိသလောက်
နည်းပါတယ် တဖွဲ့နဲ့တဖွဲ့လဲ အဆက်အသွယ်ရှိပါတယ်

နောက်ပိုင်းအဖွဲအသစ်တက်ကြွသူတွေထပ်တိုး
လာချိန်မှာအသွင်ယူတွေပါလာတာပါ

အာမခံပြောနိုင်တာက ကနဦးကွန်ယက်ကခိုင်ပါတယ်
မပျက်ပါဖူး ကိုဂျင်မီလို သတင်းပေးတာခံတာမျိူး
ကတော့ လုံခြုံရေးစည်းပေါက်လို့အခံရခက်တာအမှန်
ပါပဲ

ရန်ကုန်ဟာ စစ်မြူတဲ့အဆင့်မှာပဲထားပါတယ်
အင်္ဂလိပ်လက်ထက်တော်လှန်ရေးတွေမှာ
ကျန်တဲ့နေရာအကုန်ကျရင် ရန်ကုန်ကကျပြီးသားပါ

နေဝင်းလက်ထက်ရန်ကုန်အစိုးရဆိုပြီးတော့တောင်
အခေါ်ခံရလောက်တဲ့အထိဖြစ်ခဲ့ဖူးတယ်

ကျွန်တော်တဦးထဲအမြင်အရနေပြည်တော်ကနေ
ပဲခူးထိကျရင်ပြီးသလောက်ပါပဲ မအလရဲ့နောက်
ဆုံးခံစစ်ဟာ ရန်ကုန်မဟုတ်လောက်ပါဖူး
လူထုကြားထဲသူမတိုးရဲပါဖူး နွေဦးသပိတ်တုံးက
လိုပိတ်ထားတဲ့လမ်းတွေရှင်းချိန်မရှိသလိုမီးရှူး
မီးပန်းနဲ့ပစ်တဲ့ခေတ်မဟုတ်လို့သူကြောက်ပါတယ်

အသွင်ယူကိစ္စဟာရန်ကုန်မှာရှိနေလို့ ဆုံးရှူံးမှုတွေ
ရှိပါတယ်နည်းနိုင်သမျှနည်းအောင်ကျစ်ကျစ်လစ်
လစ်ရှိအောင်ကြိုးစားနေပါတယ်

အခြားနေရာတွေမှာအောင်ပွဲဆက်နေတာအားလုံး
အသိပါ

အားတင်းထားရန်ကုန်—

ရန်ကုန်မယ့်အောင်မြေကို
ဒို့တွေအရောက်လာခဲ့ပါမယ်💞

ကိုဂျင်မီတို့အတွက်လျော်ကြေးပြန်လာယူမယ်






















ဆက်ဖတ်ရန် →