နောက်ဆုံးရ
UNHCR ဘယ်လိုလျှောက်ကြမလဲ

UNHCR ဘယ်လိုလျှောက်ကြမလဲ

ဒီဆောင်းပါးမှာ UNHCR ဘယ်လိုလျှောက်ရလဲ
ပြောပြပေးမှာပါ မြန်မာပြည်တွင်းမှာမွန်းကြပ်နေသူ
တယောက်အနေနဲ့ကောက်ရိုးတပင်ဆိုပေမယ့် အားနည်း
အားသာချက်တွေရှိတာကိုလဲသိထားသင့်ပါတယ်
ပထမဆောင်းပါးက ငွေကြေးတတ်နိုင်သူတွေကဗီဇာ
လျှောက်ဟိုနိုင်ငံရောက်မှ အဆိုင်လင်ခံကြတာပါ
အခုတင်ပြမယ့် UNHCR လျှောက်ထားရာမှာလဲ
မြန်မာငွေသိန်း၁၅၀-၂၀၀လောက်လက်ထဲရှိထားသင့်
ပါတယ်၊ မဲဆောက် ချင်းမိုင် ဘန်ကောက် အဆင်ပြေ
တဲ့နေရာနေနိုင်ပေမယ့်မဲဆောက်မှာကပိုအဆင်ပြေပါတယ်
လာနေသူများလို့အခန်းခတွေတောင်စျေးတက်လာပါတယ်
သွားနေစရာ ပိုက်ဆံမရှိသေးရင်တော့ ထိုင်းမှာ အလုပ်သွား
လုပ်ရင်းလျှောက်ထားနိုင်ပါတယ်၊အလုပ်ကိစ္စတော့ဒီဆောင်း
ပါးမှာမပါပါဖူး UNHCR ကိစ္စပဲဆက်ပြောပါမယ်၊

မဲဆောက်ကိုကမ်းကူးခ ဘတ်၃၀၀၀လောက်ကုန်ပါတယ်
စာအုပ်နဲ့အပေါ်လမ်းကလာလို့လဲရပါတယ်၊
အင်တာဗျူးလုပ်ဖို့ဒုတိယနိုင်ငံမှာရှိနေရမယ့်သဘောပါ
ပြည်တွင်းကလှမ်းလျှောက်လို့ရမရ စုံစမ်းဆဲပါ

မဲဆောက်ကိုရောက်ရင် နေစရာကစျေးနုန်းအမျိူးမျိုး
ရှိပါတယ် အဲကွန်းမပါတဲ့ Share room တွေဆိုရင် 
ဘန်ကောက်မှာတောင် ဘတ်၃၀၀၀လောက်နဲ့
ရတယ်လို့ဆံပင်ညှပ်ဆိုင်က မြန်မာမိန်းကလေးတယောက်
ကပြောပြဖူးပါတယ်၊
မဲဆောက်မှာလဲဘယ်လောက်တန်အခန်းနဲ့နေချင်လဲအပေါ်
မူတည်ပါတယ်၊
မိသားစုလိုက်ဆိုရင် ဘတ်၁၀၀၀၀-၁၅၀၀၀လောက်ကုန်
ပါတယ် ရွှေ့ပြောင်းအလုပ်သမားတွေနေထိုင်သလိုချွေတာ
နိုင်ရင်သိပ်မကုန်ဖူးပေါ့  UNHCR လျောက်ရာမှာ တတ်နိုင်သူ
ရှိသလိုမတတ်နိုင်သူလဲရှိပါတယ်
တနှစ်စာ နှစ်နှစ်စာလောက် ထိုင်းနိုင်ငံမှာ ဘယ်လိုရပ်တည်
မလဲဆိုတာကြိုတင်စဉ်းစားစေချင်ပါတယ်

ရဲကိုလိုင်းကြေး အနေနဲ့ဘတ်တလ ၃၅၀ ပေးရတယ် ( ရဲကဒ် လို့ခေါ်တယ် ) 
ရွှေခေါင်း ခေါ် သာမာန်ရဲ နဲ့ဆို မဖမ်းဘူး
ရဲလိုင်းကြေးပေးထားလို့
တောမော လို့ခေါ်တဲ့ immigration ကဖမ်းရင်တော့ ဘတ် ၃၀၀၀ မှ တသောင်းကျော် ထိပေး ပီး လိုက်ထုတ်ရတယ်
ရဲဖမ်းရင် လာထုတ်ဖို့ UNHCRကဖုန်းနံပါတ်ပေးထားပါတယ်
UNHCR ပါရင် ရဲက ဥပဒေ အတိုင်းသွားတော့ လူက အချုပ်ထဲ ကြာတတ်တယ် ။  ရဲကို နဲနဲပါးပါး လာဘ်ပေး လိုက်တာ မြန်တယ်  နေ့တပိုင်းတောင်မကြာပါဖူး သိထားဖို့ပါ၊

နေစရာရပြီဆိုရင် UNHCR ကို စာတင်ရပါမယ်
အီးမေးလ်က  thaba@unhcr.org, 

မိမိ ဖြစ်စဉ် အကျဉ်း 
ဘယ်သူဘယ်ဝါ
ဘာလို့ ပြေးလာရ
ဖုန်း 
အီးမေး

စာရေးနည်းကို အရင်လျောက်ထားဖူးသူတွေကို
မေးမြန်းနိုင်ပါတယ်၊ မဲဆောက်ရောက်တဲ့အထိ
မေးစရာအသိမရှိဖူးဆိုရင်ပြောပါ ရှင်းပြမယ့်သူ
နဲ့ချိတ်ပေးပါမယ် 

ပီးရင် သံရုံးတွေကို biography တင်ရပါမယ်၊

သံရုံးကသူ့လူသူရွေးပါတယ် သံရုံးလိပ်စာတွေ
အောက်မှာပါပါတယ်
လူရွေးရာမှာစံနုန်းမျိူးစုံရှိပါတယ်
ရေမီးရှားမှာလိုကျော်တာခွတာတွေရှိပါတယ်
နောက်မှလျောက်ပြီးအရင်ရောက်ချင်ရင်တော့
သူတို့စိတ်ဝင်စားသူဖြစ်ဖို့လိုပါတယ်၊


ရွေးပြီးသားလူကိုသံရုံးတွေက IOM လက်အပ်ပါတယ်
ရွေးပြီးသားထဲက လူတထောင်လောက်ကို နေစရာပေး
ထားပါတယ် မရသူလဲရှိလို့အရမ်းကြီးမမျှော်လင့်စေပါဖူး
လိုအပ်တဲ့လုပ်ဆောင်မှုတွေလုပ်လိုက်စောင့်လိုက်ပေါ့နော်

နောက်ဆုံးအဆင့်ရောက်ပြီးသားသူတွေက ဘန်ကောက်က
အယောက် ၆၀လောက်ဆံ့တဲ့နေရာကိုပြောင်းနေရပြီးရင်
တလအတွင်းတတိယနိုင်ငံကိုသွားရပါပြီ၊


လျောက်ထားလို့ ရနိုင်တဲ့ သံရုံးအီးမေးလ်တွေပါ

USသံရုံး
acsbkk@state.gov

Canadaသံရုံး
bngkkg@international.gc.ca

ဩဇီသံရုံး
austembassy.bangkok@dfat.gov.au

RMA(Refugee US)
BnkRefugeeSection@state.gov

JRS(ကူညီထောက်ပံ့အဖွဲ့)
urp.caseworker@jrs.or.th

Refugee Rights Litigation Project
Email- Refugeerightslitigation@gmail.com
Phone- +660926988292


IOM
iomthailand@iom.int

RSC-inquiries@rescue.org

UNရုံး(BKK)
thaba@unhcr.org

UNရုံး(Maesod)
thabm@unhcr.org

UNရုံး(MaeHongson)
thamh@unhcr.org

(USသံရုံးကဝန်ထမ်း)
GetzlerVaughanC@state.gov

MuehlkeDV@state.gov

ဥပဒေရုံး 
Asylum Access Thailand (AAT)
Email-thailand@asylumaccess.org
Phone- +66025135228/ 0944982500/0970013043


Centre for Asylum protection (CAP)
Email- info@capthailand.org
Phone- +660863981016

Human Rights and Development Foundation (HRDF)
Phone- +660659042329


Germanyသံရုံး
info@bangkok.diplo.de


Pinlandသံရုံး
sanomat.BAN@formin.fi 

Customer Service
ban.konsuli@formin.fi 


Austriaသံရုံး(ဩစတြေးရီးယားမဟုတ်ပါ)
bangkok-ob@bmeia.gv.at


Swedenသံရုံး
ambassaden.bangkok@gov.se 


Norwayသံရုံး
emb.bangkok@mfa.no
consular.bangkok@mfa.no


Denmark သံရုံး
bkkamb@um.dk
bkkambbor@um.dk


USသံရုံး
acsbkk@state.gov
pressbkk@state.gov

USရန်ကုန်သံရုံး
USEmbassyRGNPress@state.gov

RMA(Refugee US)
BnkRefugeeSection@state.gov

Canadaသံရုံး
bngkkg@international.gc.ca

ဩဇီသံရုံး
austembassy.bangkok@dfat.gov.au
humanitarian.bangkok@dfat.gov.au 
andrea.faulkner@dfat.gov.au 

ဆွစ်ဇာလန်သံရုံး
bangkok@eda.admin.ch

JRS(ကူညီထောက်ပံ့အဖွဲ့)
urp.caseworker@jrs.or.th

Resettlement Support Center
ReportUSRAPFraud@rescue.org

Refugee Rights Litigation Project
Email- Refugeerightslitigation@gmail.com
Phone- +660926988292


IOM
iomthailand@iom.int

USCIS
FOIAPAQuestions@uscis.dhs.gov

RSC-inquiries@rescue.org

UNရုံး(BKK)
thaba@unhcr.org

UNရုံး(Maesod)
thabm@unhcr.org

UNရုံး(MaeHongson)
thamh@unhcr.org

(UNHCR)
kipronoh@unhcr.org

devincen@unhcr.org

myaya@unhcr.org


(USသံရုံးကဝန်ထမ်း)
BuckleySM@state.gov
Name:Sarah

GetzlerVaughanC@state.gov
Name:Cristine

MuehlkeDV@state.gov
Name:David


Main* **
ElmsME@state.gov
Name:Michelle Elms ✨


ဥပဒေရုံး 
Asylum Access Thailand (AAT)
Email-thailand@asylumaccess.org
Phone- +66025135228/ 0944982500/0970013043


Centre for Asylum protection (CAP)
Email- info@capthailand.org
Phone- +660863981016

Human Rights and Development Foundation (HRDF)
Phone- +660659042329

AAPP
info@aappb.org

လက်ရှိရင်ဆိုင်နေရတာကကြံ့ကြာမှုပါ

 ဗွီအိုအေက ဘန်ကောက်မြို့က UNHCRရုံး ကို ဆက်သွယ်မေးမြန်းတဲ့အခါမှာ ပြင်ပဆက်သွယ်ရေးတာဝန်ခံMorgane Roussel-Hemeryက အီးမေလ်ကနေ တုံ့ပြန်ရေးသားရာမှာ တတိယနိုင်ငံတွေမှာ အခြေချနေထိုင်ဖို့ခွင့်ပြုချက်ရထားပြီးသူတွေအတွက် ထိုင်းက ထွက်ခွာခွင့်ရဖို့ကိစ္စဟာ ထိုင်းအစိုးရရဲ့ဆုံးဖြတ်ချက်ပေါ်မှာပဲ မူတည်ကြောင်း ပြောဆိုထားပါတယ်။ အခုသတင်းဆောင်းပါးရေးသားချိန်အထိ ထိုင်းအစိုးရတာဝန်ရှိသူတွေဘက်က ဗွီအိုအေရဲ့မေးမြန်းချက်ကို တုံ့ပြန်ခြင်းမရှိသေးပါဘူး။
အီးမေးလ်တွေမပျောက်ချင်ရင် ဒီပို့စ်လင့်ကို
မိမိအီးလ်မေးကိုပြန်ပို့ပြီးသိမ်းထားပါ
 သိချင်တာတွေပြောပြတဲ့မဲဆောက်က IOM 
အဆင့်ရောက်ညီငယ်ကိုကျေးဇူးတင်ပါတယ်
တတိယနိုင်ငံထွက်ခွင့်ရမရထက် ထိုင်းနိုင်ငံ
မှာအချိန်ကြာကြာနေနိုင်ဖို့ ဘယ်လိုရပ်တည်မလဲ
ဆိုတာကလည်းအဓိကကျပါတယ်
ရောက်တာနဲ့တန်းထွက်ချင်ရင်တော့ 
ခင်သီရိသက်မွန်လေးကိုသာ သုတ်လာခဲ့ပါ 
ချက်ချင်းရောက်စေရပါမယ်😍
အားလုံးစစ်ခွေးကိုက်တဲ့ရန်ကလွတ်ပါစေ
ခွေးစွယ်တွေချိူးပြီးတဲ့နေ့ကျပြန်ဆုံကြတာပေါ့
ကံကောင်းကြပါစေ
မဲဆောက်မှာတွေ့ရင် https://fb.watch/i4oUDCmwli/?mibextid=qC1gEa  မြန်မာဆိုင်သွားထိုင်ကြမယ်နော်
လူစုံတယ်။










ဆက်ဖတ်ရန် →
ချက် မိတ်

ချက် မိတ်

ခေတ်သစ် သတင်း အဆိုအရ စစ်အာဏာသိမ်း အဖွဲ့၏ ပြည်ထဲရေး တာဝန်ခံ စိုးထွဋ် မှ အမျိုးသား ညီညွတ်ရေး အစိုးရ တပ်မတော် PDF အား ချေမှုန်းရန် ထိတ်တန်းလျို့ဝှက် အစည်း‌အဝေးကို ဒီဇင်ဘာ ၂၃ ရက်နေ့က ခေါ်ယူပြီး brainstorming လုပ်ကြသော်လည်း လူတဦးချင်းစီထံ SMS မက်ဆေ့ခ်ျ ပို့ရန် မှ စ၍ တ‌ယောက် တပေါက် နှင့် လက်တွေ့ အကောင်အထည် ဖေါ်နိုင်စွမ်း မရှိသည့် ပေါက်ပန်းဈေး အကြံညဏ်များ ပြောဆိုရင်းဖြင့်သာ အဆုံးသတ်သွားခဲ့ရသည် ဟု သိရသည်။

၎င်းတို့ ထိုသို့ တိုင်ပတ်နေချိန်တွင် အမျိုးသား ညီညွတ်ရေး အစိုးရ၏ ဘဏ္ဍာရေး ဝန်ကြီး ဦးတင်ထွန်းနိုင်မှ မိမိတို့ အစိုးရမှ စစ်အာဏာရှင်များ အား ဖြုတ်ချရန် လုံးပမ်းနေသည့် တော်လှန်ရေးကြီး အတွက် ရံပုံငွေ ဒေါ်လာ သန်း ၁၀၀ ကျော် စုဆောင်းနိုင်ခဲ့ပြီဟု ဂုဏ်ယူ ဝင့်ကြွားစွာ ထုတ်ဖေါ်ပြောဆိုလိုက်သည့် သတင်းကို ကမ္ဘာ ဘဏ္ဍာရေး သတင်းဌာန ဖြစ်သည့် Bloomberg တွင် ဖေါ်ပြလာခဲ့သည်။

ထိုအထဲမှ ၄၅% သည် အထူး ငွေတိုက် စာချုပ်များ ရောင်းရငွေများ ဖြစ်ပြီး၊ စစ် အာဏာရှင်များ ပိုင်ဆိုင်ထားသည့် အဖိုးတန် အိမ်ခြံမြေများကို လေလံတင် ရောင်းချရငွေများလည်း ပါဝင်သည်။

ရရှိသည့် ငွေများကို ကဏ္ဍပေါင်းစုံတွင် အသုံးပြုမည်ဟု လည်း ဆိုသည်။ နောက်ပိုင်းတွင် NUG မှ crypto currency အဖြစ် Initial Coin Offering ကို တရားဝင် လက်ခံခြင်း၊ စာရင်းသေ အပ်နှံ‌‌ ငွေများ လက်ခံနိုင်မည့် Spring Development Bank ကိုလည်း တည်ထောင်သွားမည်ဟုလည်း သိရသည်။

နိုင်ငံ အတွင်းရှိ မြို့နယ်ပေါင်း ၃၃၀ အနက် ၃၈ မြို့တွင် ဝင်ငွေခွန် ကောက်ယူမှု များ ပြုလုပ်ခဲ့ရာ ကျပ်ငွေ သန်း ၃,၀၀၀ အထိ ရရှိခဲ့သည်ဟု သိရသည်။ ထိုသတင်းကပင် မြိုနယ် ၃၈ မြို့တွင် အဖြူရောင် နယ်‌ မြေ အဖြစ် NUG မှ အုပ်ချုပ်နိုင်နေပြီ ဆိုသည်ကို နိုင်ငံတကာ သို့ အလုပ်နှင့် သက်သေပြ အတည်ပြု ပေးနိုင်ခဲ့ပြီ ဖြစ်သည်။

ဦးတင်ထွန်းနိုင်မှပင် အမည်မဖေါ်လိုသူ တဦးမှ ဒေါ်လာ ၆ သန်း အထိ ထည့်ဝင်လှူဒန်းသွားသည်ကိုလည်း အတည်ပြု ခဲ့သည်။

စစ်အာဏာသိမ်း အဖွဲ့သည် တိုင်းပြည် အာဏာကို သိမ်းယူပြီး အုပ်ချုပ်လာသည်မှာ ၂ နှစ် နီးပါး ရှိလာပြီ ဖြစ်သည်၊ ထို့အတွက် တိုင်းပြည်၏ အုပ်ချုပ်ရေး ယန္တရား မှန်သမျှ ကို စိတ်ကြိုက် အသုံးချခွင့် ရှိနေသည်။ ငွေကြေးကလည်း ကြောင့်ကြနေစရာ မလို၊ သို့သော် ယခု အချိန်အထိ နိုင်ငံတကာ ၏ အသိအမှတ်ပြုခြင်းလည်း မခံရသည့် အပြင် ဗုံးမကြဲနိုင်သည့် စစ်မျက်နှာ မှန်သမျှ တွင် အရှုံး နှင့် ရင်ဆိုင်နေကြရသည်၊ ထိုသို့ အချိန်ကြာလာလေ ၎င်းတို့အဖို့ အထင်သေး ခံရလေ ဖြစ်လာနေသည်။

ကုလသမဂ္ဂ တွင် အမျိုးသား ညီညွတ်ရေး အစိုးရ၏ သံအမတ်ကြီး ဖြစ်သူ ဦးကျော်မိုးထွန်းသည် အထွေထွေ ညီလာခံ ဆုံးဖြတ်ချက် မှန်သမျှ ကို တရားဝင် မဲထည့် နိုင်နေသော်လည်း ၎င်းတို့ နှင့် ပတ်သက်သူ များ အဖို့ ကုလ အဆောက်အအုံအတွင်းရှိ စင်္ကြန်လမ်းတွင်ပင်‌ လျှောက်ခွင့်မရ ကြသည့် အခြေ ဆိုက်နေသည်။

လူထု ကလည်း အသိအမှတ် ပြုဖို့ ဝေးစွ၊ ဖြစ်နိုင်လျင် ၎င်းတို့ မျက်နှာ များကိုပင် မမြင်ချင်သည့် အထိ ဖြစ်လာနေသည်။ ထိုလူများက ရွေးကောက်ပွဲ လုပ်ကြဦးမည် ဆိုသည့်စကား က ရီစရာ ဟာသ တခုလို ဖြစ်နေသည်။ 

မင်းအောင်လှိုင်သည် သူတို့ဖက်ကတော့ ဒီလိုပဲ ပြောကြမှာပေါ့ ဟု ကိုယ့်စိတ်ကို လှည့်စားနေသော်လည်း
သူ့အဖို့ စစ်ရေးတွင် အသာစီးရဖို့ လေကြောင်းတခုတည်းသာ အားကိုးရတော့မည်ကို ကောင်းစွာ သိနားလည် ထားပြီးဖြစ်သည်။

နေပြည်တော်ရှိ စစ်ဗိုလ်ချုပ်များကလည်း ထိုသဘော အတိုင်းပင် ရှိ၍ တိုင်းပြည်ဖွံ့ဖြိုးရေး၊ အုပ်ချုပ်ရေး တို့ကို လက်ရှိအနေအထား မပျက်အောင်သာ ထိန်းထားပြီး စစ်လက်နက် ပစ္စည်းများ ဝယ်ယူရေး အတွက် သာ တိုင်းပြည် ဘဏ္ဍာကို ပုံအော် သုံးကြတော့မည် ဖြစ်သည်။

အောက်ခြေ စစ်သည်များသည်လည်း တိုက်ပွဲတိုင်း ထင်တိုင်း မပေါက် အခြေမလှ ဖြစ်နေသည့် သတင်းများ နေ့စဉ်နှင့် အမျှ ကြားနေရပြီး အင်အား ဖြည့်တင်းနိုင်ကြခြင်းလည်း မရှိပြန်၍ ၎င်းတို့ အသက် ခန္ဓာ တည်မြဲဖို့သည် နေ့လား ညလား ဖြစ်လာနေပြီဆိုကာ စိတ်ဓါတ်များ ကျဆင်းလာနေကြပြီ ဖြစ်သည်။ ဤသည်ကလည်း သူသူ ကိုယ်ကိုယ် ဖြစ်ကြမည်သာပင်။ အားလုံးအဖို့ ဇနီးသားသမီးများ လောက အလယ် ထားခဲ့ရမည့် အရေးကို တွက်ဆလာကြပေလိမ့်မည်။

မင်းအောင်လှိုင်သည် ၎င်းတို့အား ထိန်းထားနိုင်ရေး အတွက် ရွာများကို မီးရှို့လုယက်ခွင့် ပေးထားသော်လည်း နောက်ဆုံးတွင် ရှို့စရာ ရွာပင် မကျန်တော့သည့် အဖြစ်မျိုး ရောက်လာပေဦးမည်။

အထက်တွင် ဆိုခဲ့သည့် အတိုင်း အချိန်ကြာလာလေ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များသည် အင်အားကြီးထွားလာနေပြီး တိုက်ရည်ခိုက်ရည် စစ်စွမ်းရည်များ ပြည့်ဝလာကြပြီ ဖြစ်သည်၊ ၎င်းတို့အား ပြည်သူများ၊ကုလ အပါအဝင် နိုင်ငံတကာကလည်း ဝိုင်းဝန်းထောက်ခံလာနေကြ၍ မင်းအောင်လှိုင် သစ္စာခံ တပ်များ နှင့် ယှဉ်လျှင် စိတ်ဓါတ် အင်အားချင်းလည်း မိုး နှင့် မြေလို ကွာခြားလာနေသည်။ 

အထူးသဖြင့် အာဆီယံ အဖွဲ့ကြီးမှ အင်ဒိုနီရှား၏ ဦးဆောင်မှု အောက်တွင် စစ်အာဏာသိမ်း အဖွဲ့အား အပြင်းအထန် ဆန့်ကျင်လာနေ၍ ရုရှား နှင့် တရုတ်တို့မှ အာဆီယံ နှင့် ဆန့်ကျင်ဖက် ရပ်တည်၍ မရ၊ အနောက်အုပ်စု နှင့် အင်အားချိန်ခွင်လျှာ ထိန်းညှိထားဖို့ လိုအပ်လာနေသည်။ အဆိုပါ သဘောထားကို မကြာခင်က အထင်အရှား မြင်တွေ့လာနေရသည်။

စစ်ကောင်စီသည် ထိုသဘောကို ကောင်းစွာ နားလည်ထားပြီး အာဆီယံအား ဆန့်ကျင်လေလေ ရုရှား နှင့် တရုတ်တို့၏ နိုင်ငံရေး အရ ထောက်ခံမှု ကျဆင်းလေလေ ဖြစ်လာမည် ကို သိထားပြီး ဖြစ်သည်။ သို့သော် လောလောဆယ်တွင် ဆက်လက် ရှင်သန်နိုင်ရေး ကို ဦးစားပေးနေရ၍ ထိုအရေး ကို မျက်စိမှိတ် ထားရသည့် အဖြစ် ရောက်နေသည်။

ထို့အတွက် ကုလ နှင့် အနောက်အုပ်စုမှ အာဆီယံ အား ၎င်းတို့၏ အချက် ငါးချက် နှင့် အပိုင်ချည်ကာ စစ်အာဏာသိမ်း အဖွဲ့ကို လုံးဝ အသိအမှတ် မပြုပဲ ဆန့်ကျင်နေရန် ဖိအားပေးနေခြင်း ဖြစ်သည်။

မိမိတို့ အနေဖြင့် အာဆီယံ ၏ အခန်းကဏ္ဍကို လျော့မတွက်မိဖို့ လိုသည်။ အာဆီယံသည် နိုင်ငံတကာ အလယ် စစ်တုရင် စကား နှင့် ဆိုလျှင်  စစ်အာဏာသိမ်း အဖွဲ့နှင့် တရုတ်၊ ရုရှားတို့အား ခွ ချက် ချက် ထားသည်ဟု ဆိုရမည် ဖြစ်သည်။

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!
လှစိုးဝေ





ဆက်ဖတ်ရန် →
အဆိုင်လင်ခံမည့်သူများသိထားသင့်သည့်အချက်များ

အဆိုင်လင်ခံမည့်သူများသိထားသင့်သည့်အချက်များ

မရေးချင်ပေမယ့်လဲရေးတော့မယ်
ကနေဒါ ယူအက်စ်အေ အပါအဝင်
အဆိုင်လင်ခံလို့ရတဲ့နိုင်ငံတွေကို
အလည်၊ကျောင်း၊ မိသားစု ဗီဇာ
အခြားစာအုပ်၊သင်္ဘောခုန်ချ အမျိုး
မျိုးနဲ့သွားရောက်သူတွေရှိပါတယ်

ဒီအထဲမှာ အဆိုင်လင်ခံသူအချို့
ရှိပါတယ်၊နိုင်ငံအတွင်းရောက်ရှိ
ပြီးမှရှေ့နေငှါးပြီးဆောင်ရွက်ကြ
တာပါ၊

မလာခင်ထဲက အစီအစဉ်ရှိသူ
တွေကို ဒီနေရာမှာအကြံပေးချင်
တာက ကိုယ်ရေးအချက်အလက်
Biography ကိုကြိုရေးထားပါ၊
ပြန်ရင် အဖမ်းခံရမယ် အthat
ခံရမယ်တခုခုပါအောင်ရေးရပါ
မယ်၊ ဓါတ်ပုံ၊မှတ်တမ်းတွေတင်
ရပါတယ်၊ကိုယ့်အီးမေးလ်ကိုယ်
ပြန်ပို့ပြီးfolderတခုမှာ hideလုပ်
ထားပြီးယူလာလို့ရပါတယ်၊

မည်သည့်ဗီဇာဖြင့်လာသည်ဖြစ်
စေ နိုင်ငံအဝင် လူဝင်မှုဌာန
Immigration မှာ 

“ I would like to apply for
Refugee status.”

“I can not go back home”

လို့ပြောလိုက်ရင်ရပါပြီ
အကြောင်းပြချက်တောင်းရင်
အီးမေးလ်ထဲမှာသိမ်းထားတဲ့
Bioနဲ့အထောက်အထားတွေ
ပေးလိုက်ပါ၊ အသေးစိတ်ရ
ယူခြင်းမရှိပါဖူး၊ပြင်ဆင်ခြင်း
ဖြည့်စွက်ခြင်းများကိုနောက်
ပိုင်းမှာရှေ့နေနဲ့တိုင်ပင်ပြီး
ဆောင်ရွက်ရပါတယ်၊
ရှေ့နေခကိုLegal aid 
မှတဆင့်လျောက်ထားလို့ရပါတယ်

လေဆိပ်မှာတခါထဲလုပ်တာက
အထဲရောက်မှလုပ်တာထက်ပို
Strong ဖြစ်ပါတယ်၊မိမိရဲ့ဗီဇာ
စာရွက်ကိုမိမိရှေ့မှာတင်ဆုတ်ဖြဲ
လိုက်မှာပါ၊ မကြောက်ပါနဲ့
ပြန်မပို့ပါဖူး၊မလိုအပ်တော့လို့ပါ
ပတ်စပို့ကို အခြေချနေထိုင်ခွင့်
ရတဲ့နေ့မှာပြန်ပေးပါတယ်

မှတ်သားစရာတခုပြောပြပါမယ်
နျူးယောက်ကျွန်းငယ်လေးတခု
မှာတည်ဆောက်ထားတဲ့လေဘာတီ
အရုပ်ကြီးကပင်လယ်ဖက်ကိုမျက်
နှာမူပြီးကြိုနေတဲ့ဟန်ထုဆစ်ထား
တာပါ ဟိုးအရင်က အိုင်ယာလန်
အီတလီ နိုင်ငံတွေမှာအာလူးခင်း
ပိုးကျတော့ ရွက်လှေကြီးတွေနဲ့
အမေရိကန်ကိုခိုလှုံဖို့လာရင် 
လေဘာတီအရုပ်ကြီးကိုပျပျလေး
တွေ့တာနဲ့ပျှော်ကြရတယ် 
အနားကကျွန်းလေးတခုမှာ လူဝင်မှု
ရုံးရှိတယ် အဲ့ကျွန်းမှာကပ်ပြီး
အချက်အလက်ပေးပြီးမှ နျူးယောက်
မြို့ကိုဝင်ခွင့်ရပါတယ်

ပြန်ပို့နိုင်စရာရှိပါတယ်
တရားရုံးမှာကိုယ်ရေးထားတာကိုမမှတ်မိ
ပဲမေးတာနဲ့ဖြေတာတလွဲလုပ်သူတွေပါ
ဘယ်သူမှကယ်မရပါဖူး
ကိုယ့်အကြောင်းကိုယ်မသိတဲ့သူမရှိဖူး
မထင်နဲ့ရှိပါတယ်
သူများရေးပေးတာတင်လိုက်တာ ၁၂
မျက်နှာလောက်ရှိတယ် အထဲမှာဘာပါ
မှန်းသေသေချာချာမသိသူတွေပါ
မှတ်သားသင့်တာများများရေးရင်များ
များအမေးခံရပါတယ်

၃၊၄မျက်နှာလောက်ဆိုရင်ရပါပြီ
အရေးအသားထက် ရုံးတက်ရင်
အပြန်အလှန်ပြောဆိုမှုကပဲ အနိုင်
အရှုံးကိုဆုံးဖြတ်ပါတယ်၊
ဆွဲချကမေးတာကိုတရားသူကြီးတွေက
ထိုင်နားထောင်ပြီးဆုံးဖြတ်တာပါ

နိုင်ငံရေးခံယူချက်အပြည့်ရှိတဲ့စိတ်
သွင်းထားပြီး ဟန်ပါပါပြောနိုင်အောင်
ကျင့်ထားသင့်ပါတယ်

အမှန်အတိုင်းဖြစ်စေ ဇာတ်လမ်းလုပ်ပြီး
ဖြစ်စေ ကိုယ်ရေးအချက်အလက် ရေးရာ
မှာ သတိထားရမယ့်အချက် တခုပဲရှိပါတယ်

လက်နက်ကိုင်ဖူးတယ် သင်တန်းတက်ဖူးတယ်
မပါအောင်ရေးရပါမယ် ရေးမိရင် security 
Check မိပါတယ် အခြေချနေထိုင်ခွင့်မရပဲ
ယာယီနေထိုင်ခွင့်ပဲရပါတယ်

Non-Violence သမားဆိုတာပေါ်လွင်
အောင်ပြောနိုင်ရပါမယ်

လေဆိပ်မှာတခါထဲလုပ်သူတွေဟာ ထောက်ပံ့
ကြေးချက်ချင်းရပါတယ်၊ ကျောင်းတက်ချင်
ရင် Local Fee ဖြစ်နိုင်ပါတယ် နိုင်ငံအပေါ်မူ
တည်ပါတယ်
(အလုပ်ဗီဇာနဲ့သွားသူတွေအတွက် သတ်မှတ်
နှစ်ပြည့်ရင်အခြေချနေထိုင်ခွင့်လျောက်လို့ရ
ပါတယ် မရမှ Refugee လျောက်ထားစေလိုပါ
တယ်)

စစ်ခွေးကိုက်တဲ့ရန်က ယာယီလွတ်မြောက်လို
သူများကံကောင်းပါစေ ခွေးစွယ်တွေကျွတ်တဲ့
တနေ့အတူတူပြန်ကြတာပေါ့

ရဲရင့်ငယ် ကနေဒါ






ဆက်ဖတ်ရန် →
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ KNU ဆုံးဖြတ်

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ KNU ဆုံးဖြတ်

■ စစ်ကောင်စီကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကို ပြတ်ပြတ်သားသားဆန့်ကျင်ဖို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုကော်မတီက ဆုံးဖြတ်ထားတယ်လို့ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ဇန်နဝါရီလ ၁၅ ရက်မှာ RFA ကို ပြောပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူတို့အနေနဲ့ အထွေထွေရွေးကောက်ပွဲကို အကြားအလပ်မရှိကျင်းပဖို့ ကြိုးပမ်းနေတယ်လို့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှာ ပြောဆိုထားပါတယ်။

ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းနဲ့ တနင်္သာရီတိုင်းတွေက နယ်မြေတချို့ကို ထိန်းချုပ်ထားတဲ့ KNU အနေနဲ့ ထိန်းချုပ်နယ်မြေအတွင်းမှာ ရွေးကောက်ပွဲပြုလုပ်ခွင့်ပေးမှာ မဟုတ်သလို ရွေးကောက်ပွဲလုပ်ငန်းစဉ်မှန်သမျှကို ဆန့်ကျင်သွားမယ်လို့ ပဒိုစောတောနီးက ပြောပါတယ်။

ဒီရွေးကောက်ပွဲကနေ စစ်ကောင်စီက သူ့ရဲ့ တရားဝင်မှုကို ရှာဖွေဖို့ကြိုးစားမှာဖြစ်သလို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်ပြီးအသက်သွင်းဖို့ကြိုးစားတာကို KNU က လက်ခံမှာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကို ဘယ်လိုနည်းနဲ့ ဆန့်ကျင်သွားမလဲဆိုတာကိုတော့ အသေးစိတ်ထုတ်မပြောနိုင်ဘူးလို့လည်း ဆိုပါတယ်။

KNU ဟာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးခဲ့ပေမယ့် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့တဲ့အတွက် ၂၀၂၁ ခုနှစ်နောက်ပိုင်း KNU ထိန်းချုပ်နယ်မြေအတွင်း တိုက်ပွဲပေါင်း ခုနစ်ထောင်ကျော်ဖြစ်ပွားခဲ့ပါတယ်။

ဒီတိုက်ပွဲတွေကြောင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းနဲ့ တနင်္သာရီတိုင်းတွေအတွင်း အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ အရပ်သား နှစ်သိန်းကျော်ရှိပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) က ထုတ်ပြန်ထားပါတယ်။


ဆက်ဖတ်ရန် →
စစ်ကောင်စီရဲ့ ထိပ်သီးဆွေးနွေးပွဲကျင်းပပြီး တရားဝင်မှုရရှိရေး ကြိုးပမ်းမှုကို တရုတ်က လက်မခံခဲ့

စစ်ကောင်စီရဲ့ ထိပ်သီးဆွေးနွေးပွဲကျင်းပပြီး တရားဝင်မှုရရှိရေး ကြိုးပမ်းမှုကို တရုတ်က လက်မခံခဲ့

စစ်ကောင်စီရဲ့ ထိပ်သီးဆွေးနွေးပွဲကျင်းပပြီး တရားဝင်မှုရရှိရေး ကြိုးပမ်းမှုကို တရုတ်က လက်မခံခဲ့

ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁၅ ရက်

မြန်မာနိုင်ငံမှာပြုလုပ်တဲ့ ဒေသတွင်းအစည်းအဝေးတစ်ခုတက်ရောက်ဖို့ တရုတ်ဝန်ကြီးချုပ် လီခချန်ကို ဖိတ်ကြားပေမယ့် ပေကျင်းက ငြင်းဆန်လိုက်တာဟာ နေပြည်တော်က စစ်အာဏာရှင်တွေအတွက် အရှိုက်ထိခဲ့ တယ်လို့ Aljazeera သတင်းဌာနက ဖော်ပြပါတယ်။

စစ်ကောင်စီက အတိုက်အခံတွေကို နှိပ်ကွက်ကာ နိုင်ငံတကာမှာ တရားဝင်မှုရရှိဖို့ ကြိုးပမ်းနေမှုကြောင့် နိုင်ငံတကာရဲ့ အထီးကျန်မှု ခံနေရချိန် လန်ချန်-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးဆွေးနွေးပွဲ (LMC) ကို တက်ရောက်ဖို့ စစ်ကောင်စီရဲ့ဖိတ်ကြားချက်ကို တရုတ်နိုင်ငံက အကြောင်းမပြန်ခဲ့တာပါ။

ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ သာယာဝပြောရေးမြှင့်တင်ဖို့ တရုတ်နိုင်ငံက ဉီးဆောင်ပြီး ထူ ထောင်ခဲ့တဲ့ LMC ဟာ မဲခေါင်မြစ်တစ်လျောက်ရှိ လာအို၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတွေနဲ့ ဖွဲ့ စည်းထားတာပါ။

တိဘက်ကုန်းပြင်မြင့်မှမြစ်ဖျားခံကာ တရုတ်နိုင်ငံတွင်းမှ ဖြတ်သန်းစီးဆင်းတဲ့ မဲခေါင်မြစ်ကို လန်ချန်မြစ် လို့ လူသိများပါတယ်။

၂၀၂၂ ခုနှစ်မှာ LMC အလှည့်ကျဥက္ကဌ မြန်မာနိုင်ငံက နှစ်ကုန်မှာ ထိပ်သီးဆွေးနွေးပွဲကို လက်ခံကျင်းပဖို့ မျှော်လင့်ခဲ့ပြီး အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်၊ တရုတ်ဝန်ကြီးချုပ် လီခချန်းနဲ့ အာဆီယံငါးနိုင်ငံမှ ခေါင်းဆောင်တွေ တက်ရောက်မယ်လို့ မျှော်လင့်ခဲ့ကြောင်း သတင်းရင်းမြစ်နှစ်ခုက ပြောပါတယ်။

ဒါပေမယ့် စစ်ကောင်စီရဲ့ဖိတ်ကြားချက်ကို တရုတ်နိုင်ငံက မတုံ့ပြန်ခဲ့တာကြောင့် ထိပ်သီးဆွေးနွေးပွဲ မ ဖြစ်မြောက်ခဲ့ဘူးလို့ သိရပါတယ်။

စစ်ကောင်စီရဲ့ဖိတ်ကြားချက်ကို တရုတ်နိုင်ငံက မတုံ့ပြန်ခဲ့တာကြောင့် အစည်းအဝေး အထမမြောက်ခဲ့ ပါဘူး အာဆီယံက သံတမန်တွေနဲ့ နီးကပ်တဲ့ဆက်ဆံရေးရှိတဲ့ ဟောင်ကောင်အစိုးရ တာဝန်ရှိသူဟောင်း မိုက် ကယ်နိုင်က ပြောပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းပြီးနောက်ပိုင်း မည်သည့် အကြီးတန်း တရုတ်တာဝန်ရှိသူကမှ မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ခြင်းမရှိဘူးလို့ လက်ရှိမှာ ဗန်ကောက်မြို့ရှိ စီးပွားရေးနဲ့ကုန်သွယ်ရေးရုံးရဲ့ ဒုတိယအ ကြီးအကဲ မိုက်ကယ်နိုင်က ပြောပါတယ်။

ဝန်ကြီးချုပ် လီခချန်က မင်းအောင်လှိုင်နဲ့တွေ့ဆုံရင် အာဏာသိမ်းစစ်ကောင်စီကို တရားဝင် ထောက်ခံသ လိုဖြစ်မှာကို တရုတ်နိုင်ငံက ထည့်သွင်းစဉ်းစားဖွယ်ရှိတယ်လို့ သူက ဆိုပါတယ်။

စစ်တပ်က အာဏာလုယူမှုကြောင့် ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ ၂၀၂၁ ခုနှစ် ဧပြီလမှာ အာဆီယံက အတည်ပြုခဲ့တဲ့ ဘုံသဘောတူညီချက်ငါးရပ် ဖော်ဆောင်ရာမှာ တိုးတက်မှုမရှိတာကြောင့် အဖွဲ့ဝင် ၁၀ နိုင်ငံပါ အာဆီယံအဖွဲ့က မြန်မာစစ်ကောင်စီဝန်ကြီးတွေကို ဒေသတွင်းအစည်းအဝေးတွေ တက်ရောက်ခွင့် ပိတ်ပင်တာကြောင့် တရုတ်နိုင်ငံက စစ်ကောင်စီရဲ့ ဖိတ်ကြားချက်ကို ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။

တရုတ်နိုင်ငံက စစ်ကောင်စီရဲ့ဖိတ်ကြားချက်ကို မတုံ့ပြန်ခဲ့ဖူးလို့ USIP ရဲ့ ဌာနေ ညွှန်ကြားရေးမှူး ဂျေ ဆင်တာဝါက ပြောပါတယ်။ ၂၀၂၂ ခုနှစ်မတိုင်မီ မြန်မာနိုင်ငံမှာ လန်ချန်ခေါင်းဆောင်တွေရဲ့ ထိပ်သီးဆွေးနွေးပွဲ ကျင်းပမယ့်အဆိုပြုချက်ကို တရုတ်နိုင်ငံက သဘောမတူခဲ့ပါဘူး ဂျေဆင်တာဝါက ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီနဲ့ဆက်ဆံရာမှာ အာဆီယံနိုင်ငံတွေနဲ့ဆက်ဆံရေးထက် ဉီးစားမပေးဘူးဆိုတာ တရုတ်နိုင်ငံက အချက်ပြလိုက်တာလို့ သူက ဆိုပါတယ်။ မင်းအောင်လှိုင်က LMC ထိပ်သီးဆွေးနွေးပွဲကို အသုံးချ ပြီး တရားဝင်မှုရရှိဖို့ ကြိုးပမ်းတာဟာ မအောင်မြင်ခဲ့ပါဘူး လို့ သူက ပြောပါတယ်။

တရုတ်၊ အိန္ဒိယ၊ ရုရှားနဲ့ ထိုင်းနိုင်ငံဟာ အာဏာသိမ်းပြီးနှစ်နှစ်နီးပါးကြာချိန်အထိ မြန်မာစစ်တပ်နဲ့ တ ရားဝင် ဆက်ဆံရေး တည်ဆောက်ထားတဲ့ နိုင်ငံအနည်းငယ်မှာ ပါဝင်ပါတယ်။

တရုတ်နဲ့ရုရှားက မြန်မာစစ်ကောင်စီကို ပြင်းထန်တဲ့ အရေးယူမှုတွေ မလုပ်ဆောင်နိုင်ဖို့ ကုလသမဂ္ဂ လုံ ခြုံရေးကောင်စီကို ပိတ်ပင်ခဲ့ပါတယ်။ ဒါပေမယ့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အကြမ်းဖက်မှုတွေရပ်တန့်ဖို့နဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွှတ်ပေးဖို့ တောင်းဆိုထားတဲ့ ၇၄ နှစ်အတွင်း မြန်မာ့အရေး ပထမဆုံး ဆုံး ဖြတ်ချက်မူကြမ်းကို ပြီးခဲ့တဲ့လအတွင်း ချမှတ်ခဲ့ရာမှာ တရုတ်၊ ရုရှားနဲ့ အိန္ဒိယနိုင်ငံက ကြားနေမဲပေးခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ မြန်မာဗိုလ်ချုပ်ကြီးတွေအပေါ် ဟက်ဟက်ပက်ပက်မရှိတဲ့ ရပ်တည်ချက်အရ မြန်မာ အာ ဏာသိမ်းမှုဆန့်ကျင်ရေးတပ်ဖွဲ့တွေဟာ တရုတ်နိုင်ငံကို ရန်သူအဖြစ် မသတ်မှတ်ဖူးဆိုတဲ့ အဓိပ္ပာယ်သက်ရောက် ပါတယ်။

NUG ကလည်း တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေအပေါ် တိုက်ခိုက်တာကို ဆန့်ကျင်ပါတယ်။ တရုတ်စီ မံကိန်းတွေကို မတိုက်ခိုက်ဖို့ NUG က PDF တွေကို တောင်းဆိုခဲ့ပါတယ်။ မြန်မာဒီမိုကရေစီ နိုင်ငံရေးသမားတွေရဲ့ တရုတ်လိုလားတဲ့ ရပ်တည်ချက်က အံ့အားသင့်စရာ မဟုတ်ပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD အစိုးရက တရုတ်တစ်နိုင်ငံတည်းမူဝါဒ ကို လိုက်နာခဲ့သလို တရုတ်အ စိုးရရဲ့ ဟောင်ကောင်ရှိ ဒီမိုကရေစီဆန္ဒပြပွဲတွေအပေါ် ဖြိုခွင်းမှုတွေကို မရှုတ်ချခဲ့ပါဘူး။ မြန်မာဗိုလ်ချုပ်ကြီးတွေ က တရုတ်နိုင်ငံနဲ့နီးကပ်ဖို့ လူသိရှင်ကြား ကြိုးပမ်းခဲ့ပါတယ်။

တရုတ်နဲ့ရုရှားက ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်မူကြမ်း မဲခွဲရာမှာ ကြား နေမဲပေးခဲ့တာဟာ စစ်ကောင်စီရဲ့ မိတ်ဆွေးအနည်းငယ်ဟာ စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ကာ ကွယ်ပေးဖို့ စိတ်မဝင်စားတော့တာကို အချက်ပြနေတယ် လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့မှ လူးဝစ်ချာ ဘွန်နီက ပြောပါတယ်။

Aljazeera ဝဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ ဆောင်းပါးရှင် Thompson Chau နဲ့ Dominic Oo ရဲ့ Did China deliver a snug to Myanmars military regime? ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုထားပါတယ်။

#Ayeyarwaddy_Times


ဆက်ဖတ်ရန် →
စစ်ကောင်စီ၏ ၈ နာရီနီးပါးကြာမြင့်သော သွေးရူးသွေး တန်း  လျှို့ဝှက် အစည်း အဝေး၄၅မျက်နှာမှတ်တမ်း

စစ်ကောင်စီ၏ ၈ နာရီနီးပါးကြာမြင့်သော သွေးရူးသွေး တန်း လျှို့ဝှက် အစည်း အဝေး၄၅မျက်နှာမှတ်တမ်း

စစ်ကောင်စီ၏ ၈ နာရီနီးပါးကြာမြင့်သော သွေးရူးသွေး တန်း  လျှို့ဝှက် အစည်း အဝေးက NUG ၊ CRPH နှင့် PDF ကို ချေမှုန်းမယ်တဲ့လား 
-----------------------------------------------------
▪️အစည်းအဝေး ဆွေးနွေးချက် အပြည့်အစုံ ထုတ်ပြန်ခြင်း

By ရန်ကုန်ခေတ်သစ်

အကြမ်းဖက် စစ်ကောင်စီ၏ ပြည်ထဲရေးဝန်ကြီး စိုးထွဋ် ဦးဆောင်၍ ဒီဇင်ဘာ လ ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီမှ ည ၈ နာရီ ၁၅ မိနစ်အထိ   ၈ နာရီနီးပါး ကြာ မြင့်သော သွေးရူးသွေး တန်း  လျှို့ဝှက် အစည်းအဝေး ပြုလုပ်ခဲ့ပြီး ယင်းအစည်း အဝေးတွင်  NUG ၊ CRPH နှင့် PDF ကို ချေမှုန်းရေး ဆွေးနွေးခဲ့ကြသည်။ 

ယင်းအစည်းအဝေးတွင် ပြည်ထဲရေးဝန်ကြီး စိုးထွဋ်၊ ဒုဝန်ကြီးများ၊ ကာကွယ် ရေး ဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဗဟိုဘဏ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့  အပါအဝင် ဌာနဆိုင်ရာမှ ထိပ်တန်း အရာရှိ ၅၅ ဦးတက် ရောက်ခဲ့ကြသည်။ 

ယင်းအစည်းအဝေးတွင် လက်ရှိအခြေအနေများအရ NUG ၊ CRPH ၊ PDF တို့ကို အကြမ်းဖက် အဖွဲ့အဖြစ် သတ်မှတ်ရန် စစ်ကောင်စီ ၏ ကြိုးပမ်းမှု မအောင်မမြင် သည့်အနေအထားကို စိုးထွဋ်က ဆွေးနွေးသွားသည်။ 

ရူးကြောင်ကြောင် အကြံပြုချက်များနှင့် ဆွေးနွေးချက်များ
================================

နိုင်ငံတကာနှင့် ကုလသမဂ္ဂက စစ်ကောင်စီကို အသိအမှတ်မပြုသော်လည်း ၎င်းတို့က အရှက်သိက္ခာမဲ့စွာဖြင့် သံရုံးများနှင့် နိုင်ငံတကာထံသို့  သတင်းများပေးပို့ကာ စစ်တပ်ကို လက်ခံလာအောင်ကြိုးစားနေကြသည်။  

ရူးကြောင် လုပ်ရပ်အဖြစ် မြန်မာနိုင်ငံရဲတပ်ဖွဲ့က Facebook Account များကို ပိတ်သိမ်းလိုက်ပြီဟူ၍ လည်းကောင်း၊ လူမှုကွန်ရက်တွင် စစ်တပ်ကို ဆန့်ကျင်နေသော အကောင့်များကို ပိတ်သိမ်းရန် Google နှင့် Facebook ကို ကန့် ကွက် စာပို့သော်လည်း အကြောင်းမထူး ဟုဆိုကြပြန်သည်။ 

နယ်စပ်ရေးရာ ဒုဝန်ကြီးဆိုသူက လူမှုကွန်ရက်တွင် Hacker များ ငှားရမ်း၍ သတင်းရယူမှု လုပ်ဆောင်ရန် အကြံပြုပြန်သည်။ 

စစ်တပ်အတွက် သတင်းပေးမည့် သူမရှိ၍ သတင်းပေး မွေးပြီး ပြည်သူအချင်းချင်းရန်တိုက်ပေးရန် စီမံချက်ချ
=======================================

ယင်းအစည်းအဝေးတွင် ဆွေးနွေးချက်များကို ကြည့်ပါက စစ်တပ်အတွက် သတင်းပေးမည့်သူမရှိဖြစ်၍ ၎င်းတို့၏ ဖိနှိပ်မှု လုပ်ငန်းများ မအောင်မမြင် ဖြစ်နေမှုများကို ထုတ်ဖော်ပြောဆိုသွားသည်။ 

သတင်းပေးများ မွေးမြူရန် စီမံချက်ကို ချမှတ်သွားပြီး ယင်းအတွက်လည်း စစ်ကောင်စီက ငွေကြေး ရန်ပုံငွေအဖြစ် သန်း ၅၀၀ ချထားပေးခြင်း အပါအဝင် လုပ်ငန်း စဉ်များ ချမှတ်ထားသည်ကို မြင်တွေ့ရသည်။ 

ထို့ပြင် ပြည်သူအချင်းချင်း တားဆီးသည့်ပုံစံဖြင့် ရန်တိုက်ကာ PDF များကို နှိမ်နင်းရန်လည်း လုပ်ဆောင်ရန်လည်း စီမံချက်ချထားကြသည်။ 

မီဒီယာစစ်ပွဲမှာ စစ်ကောင်စီ အရေးနိမ့်နေ
=======================

စစ်ကောင်စီက  မီဒီယာစစ်ပွဲတွင် ၎င်းတို့ အရေးနိမ့်နေပြီး CRPH ၊ NUG နှင့် PDF က အားသာ ချက်ရှိနေကြောင်း ဝန်ခံသည်။ 

ကမ္ဘာ့မီဒီယာကို မထိုးဖောက်နိုင်လျှင်ပင် နိုင်ငံအတွင်း ထိုးဖောက်ရန်အတွက် သတင်းရေးသားပုံများ ပြောင်းကြရန်လည်း ပြည်ထဲရေးဝန်ကြီးက ဆိုသည်။ 

စစ်ကောင်စီ၏ ဝါဒဖြန့် ယန္တရားကို အရှိန်အဟုန်မြှင့်ရန် ၎င်းတို့က စီမံချက်များ ချမှတ်ကြသည်။ 

နိုင်ငံတကာက NUG CRPH နှင့် PDF ကို အသိအမှတ်ပြုနေမှု တိုက်ဖျက်ရန် နည်းလမ်းရှာ
==========================================

ယင်းအစည်းအဝေးတွင် နိုင်ငံတကာက NUG CRPH နှင့် PDF ကို အသိအမှတ် ပြုမှုများရှိနေကြောင်း ၎င်းတို့ ဝန်ခံထားကြသည်။ 

ယင်းအခြေအနေကြောင့် မထိန်းသိမ်းနိုင်ဘဲ အကြမ်းဖက်မှုများ မြင့်တက်လာနိုင်သည်ဟု စစ်ကောင်စီဘက်က သုံးသပ်ထားရာ ၎င်းတို့ကိုယ်တိုင်လည်း အလွန် ရက်စက်သော နည်းလမ်းများကို သုံးရန် ပြင်ဆင်နေသည်ကို သိသာမြင်သာစေသည်။ 

ငွေကြေးစီးဆင်းမှု ထိန်းချုပ်ရေး
==================

ပြည်ငွေကြေးစီးဆင်းမှုကို စစ်ကောင်စီက မထိန်းချုပ်နိုင်ကြောင်း ဝန်ခံထားပြီး ပြည်တွင်းတွင် ငွေကျပ် သိန်း ၁၀၀ ကျော် လွှဲပြောင်းမှုမှန်သမျှကို စောင့်ကြည့်နေကြောင်း ဗဟိုဘဏ်ဘက်က ပြောသည်။ 

Wave ၊ K Pay များကို စောင့်ကြည့်ရန်လည်း တင်ပြ ဆွေးနွေးကြသည်။ 

CDM များ ပြည်ပထွက်ခွင့် ပိတ်ပင်ထားပြီး CDM များကို  ပစ်မှတ်ထား စောင့်ကြည့်ရန် စီမံချက်ချ
=======================================

ပြည်ထဲရေးဝန်ကြီးက CDM များ ပြည်ပထွက်ခွင့် ပိတ်ပင်ထားပြီး CDM များကို ပစ်မှတ်ထားစောင့်ကြည့်ရန်၊ မလေးရှားနှင့်ထိုင်းမှ ပြန်လာသူများကို ပစ်မှတ်ထား စောင့်ကြည့်ရန် ၊ ပြည်ပ ပြန်လွှတ်ခံရသူ ၅၀၀ နီးပါးကို သေချာစောင့်ကြည့်ရန်၊ လိပ်စာနှင့်အမည်များ ပေးပို့ထားရန် ဆွေးနွေးကြသည်။ 

အကြမ်းဖက်မှု အမည်တပ်ထားသည့် နိုင်ငံရေးအမှု ၁၇၈၂၅ မှု စစ်တပ်က အရေးယူထားဟုဆို၊ ချိတ်ပိတ်ထားသည့် ပိုင်ဆိုင်မှုများ စစ်တပ်ပိုင် သိမ်းယူမည်
====================================

စစ်အာဏာသိမ်းချိန်မှစတင်၍ အကြမ်းဖက်မှုဟု အမည်တပ်ထားသည့် နိုင်ငံရေးအမှု ၁၇၈၂၅ မှုရှိပြီး ၇၄၀၂ မှု အမှုစွဲတင်နိုင်ခဲ့ကြောင်း၊ စစ်ဆေးဆဲ ၁၀၁၅၅ မှု၊ တရားရုံးစစ်ဆေးဆဲ ၄၃၃၂ မှုရှိကြောင်း သိရှိရသည်။ 

ချိတ်ပိတ်ထားသည့် ပိုင်ဆိုင်မှုများကို စစ်ကောင်စီက စစ်တပ်ပိုင်အဖြစ် သိမ်းယူရန် အစီအမံများကို လည်း စီမံချက် ဆောင်ရွက်ရန် ဆွေးနွေးထားကြသည်။ 

ဒရုန်းဖြတ်ချစက်များနှင့် လက်နက်များ တပ်ဆင်မည်
==============================
ဝန်ကြီးဌာနနှင့် အဆောက်အအုံများတွင် ဒရုန်းဖြတ်ချ စက်များနှင့် ဒရုန်းပစ်ချသည့် လက်နက်များ၊ ဆက်သွယ်ရေးဖြတ်တောက်သည့်စက်များ တပ်ဆင်ရန် ဦးစားပေး ဆွေးနွေးကြသည်။ 

စီမံချက် ၃၃ ခု နှင့် ၃ လတစ်ကြိမ် အကြံပြုချက်များ ရယူမည်
==================================

စစ်ကောင်စီက NUG CRPH PDF များကို ချေမှုန်းရန် စီမံချက် ၃၃ ခု ချမှတ်ပြီး ၃ လ တစ်ကြိမ် အကြံပြုချက်များ ပေးပို့ရန် ညွှန်ကြားသည်။ 

မတ်လ၊ ဇွန်၊ စက်တင်ဘာ၊ ဒီဇင်ဘာတို့တွင် အကြံပြုချက်များ ထပ်မံပေးပို့ရန် ညွှန်ကြားထားသည်










































































ဆက်ဖတ်ရန် →