နောက်ဆုံးရ
NLD နာယက ဦးတင်ဦးကို စစ်ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် သွားရောက်တွေ့ဆုံ

NLD နာယက ဦးတင်ဦးကို စစ်ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် သွားရောက်တွေ့ဆုံ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ နာယက သူရဦးတင်ဦးကို  စစ်ကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်က ဒီကနေ့ဒီဇင်ဘာ၁၉ရက် မနက်ပိုင်းက လာရောက်တွေ့ဆုံတယ်လို့ ဦးတင်ဦးနဲ့ နီးစပ်သူအချို့ဆီကသိရပါတယ်။ ဗဟန်းမြို့နယ်က ဦးတင်ဦးနေအိမ်ကို ဒီကနေ့ မနက် ၉နာရီကျော်က လာရောက် တွေ့ဆုံတာဖြစ်ပြီး ကျန်းမာရေး အခြေအနေနဲ့ မဟာစည်ဘုန်းကြီးကျောင်းမှာအတူတူတရားထိုင်ခဲ့တဲ့ အတွေ့အကြုံတွေကိုဆွေးနွေးပြောကြားကြတယ်လို့ ဆိုပါတယ်။ 

လူမှုကွန်ရက်မှာ ထွက်ပေါ်နေတဲ့ ဓာတ်ပုံမှာတော့ ဦးတင်ဦးကစာတစ်စောင်ကိုဖတ်နေတာတွေ့ရသလိုပင်နီအင်္ကျီကိုဝတ်ဆင်ကာ တွေ့ဆုံခဲ့တာတွေ့ရပါတယ်။

'' ဂါရဝပြုတာပေါ့။ကျန်းမာရေး‌အခြေအနေမေးတယ်။ ပြီးတော့ မဟာစည်မှာတရားထိုင်ခဲ့တဲ့ အကြောင်းတွေပြောကြတယ်။ နိုင်ငံရေးအကြောင်းမပါပါဘူး။ ၁၀မိနစ် ၁၅မိနစ်လောက်ပဲကြာပါတယ်''လို့ နီးစပ်သူတစ်ဦးကပြောပါတယ်။ 

အခုတွေ့ဆုံမှုမတိုင်ခင်ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ ဦးတင်ဦးဆီကို မန်းငြိမ်းမောင်က လွတ်လပ်ရေးနေ့အခမ်းအနားဖိတ်ဖို့ သွားရောက်မယ်လို့ သတင်းတွေထွက်ခဲ့တာပါ။ ဒါပေမဲ့ နီးစပ်သူတွေကတော့လွတ်လပ်ရေးနေ့ဖိတ်တာမဟုတ်ဘူးလို့ ငြင်းဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD ပါတီခေါင်းဆောင်တွေကို စစ်ကောင်စီက ဖမ်းဆီးထားပြီး နာယက ဖြစ်သူကို တွေ့ခဲ့တဲ့ စစ်ကောင်စီအဖွဲ့ဝင်ဟာ ၂၀၂၃ မှာ စစ်ကောင်စီကျင်းပဖို့ ပြင်နေတဲ့ ရွေးကောက်ပွဲ နဲ့ပတ်သက်ပြီး ပြောဆိုဖို့ ဖြစ်နိုင်တယ်ဆိုတဲ့ နိုင်ငံရေးအကဲခတ်တွေရဲ့ သုံးသပ်ချက်တွေလည်းရှိနေပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၅ရက်ကလည်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ပါတီရဲ့နာယကလည်းဖြစ်၊ ဗိုလ်ချုပ်ကြီးဟောင်းလည်းဖြစ်တဲ့ သူရဦးတင်ဦးကို ဗဟန်းက ဦးတင်ဦးရဲ့နေအိမ်မှာတွေ့ဆုံခဲ့ပါသေးတယ်။ စစ်ကောင်စီဥက္ကဋ္ဌ တွေ့ဆုံမှု တစ်နှစ်ပြည့်ချိန် အခုနှစ်ဒီဇင်ဘာလ မှာ သူ့ရဲ့ ကောင်စီဝင်တစ်ဦးက သွားရောက်တွေ့ဆုံတာလည်းဖြစ်ပါတယ်။ 
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်းဖြစ်တဲ့ သူရဦးတင်ဦးဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ NLD ပါတီကို တည်ထောင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။

ဓာတ်ပုံ - MeKong News - မဲခေါင်သတင်း 



ဆက်ဖတ်ရန် →

VAKOK -CNDF တပ်ဖွဲ့ကို US Army မှ သင်တန်းဆရာတွေရဲ့ အထူးကြပ်မတ်မှုဖြင့် အပြင်းအထန် စစ်ရေးလေ့ကျင့် (ရုပ်/သံ)

ဗွီဒီယိုကြည့်ရန်ဒီမှာနှိပ်ပါ



ဧရာဝတီတိုင်းမ်

ဒီဇင်ဘာလ ၁၉ ရက် 


စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်အခြေစိုက်ဖြစ်သည့် VAKOK  CNDF က ရဲဘော်တွေကို US Army မှ သင်တန်းဆရာတွေရဲ့ အထူးကြပ်မတ်မှုဖြင့် အပြင်းအထန် စစ်ရေးလေ့ကျင့်နေကြောင်းကို VAKOK  CNDF တပ်ဖွဲ့ထံက ယမန်နေ့ ဒီဇင်ဘာလ ၁၇ ရက်နေ့က သတင်းထုတ်ပြန်သည်။


အဆိုပါ VAKOK -CNDF တပ်ဖွဲ့သည် မြို့တွင်းတိုက်ပွဲ၊ အနီးကပ်ခြေမှုန်းရေး၊ တန်ပြန်ထိုးစစ်ခြေမှုန်း တိုက်ခိုက်ရေးတို့အတွက် အပြင်းအထန် စစ်ရေးလေ့ကျင့်နေကာ စစ်ရေးလေ့ကျင့်မှု ပြီးဆုံးသည်နှင့် တပြိုင်နက် စစ်ရေးလှုပ်ရှားရာဒေသ ကလေးမြို့တွင်းနဲ့ တောင်ပိုင်းဒေသတို့မှာ တိုက်ပွဲတွေဖော်ဆောင်သွားမယ်လို့ အသိပေးထုတ်ပြန်ထားသည်။


ဒါ့ပြင် VAKOK - CNDF တပ်ဖွဲ့အနေဖြင့် တိုက်ပွဲများဖော်ဆောင်ရန်အတွက် လက်နက်ခဲယမ်း လိုအပ်မှုမှာလည်းရှိနေသည့်တွက် ပြည်တွင်း၊ ပြည်ပ ညီအစ်ကိုမောင်နှမများမှလည်း စစ်အာဏာရှင် အမြစ်ပြတ်တိုက်ခိုက်ပြီး၊ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက်  VAKOK - CNDF တပ်ရင်းအား ဆက်လက်အားဖြည့်ကူညီပေးကြရန်လည်း အကူအညီတောင်းခံထားကြောင်းသိရသည်။


ရုပ်သံ-VAKOK - CNDF

#Ayeyarwaddy_Times

ဆက်ဖတ်ရန် →
⏰ ၁၉-၁၂-၂၀၂၂ သတင်းများ

⏰ ၁၉-၁၂-၂၀၂၂ သတင်းများ

📬 ယနေ့ကြေးနန်း 📭
⏰ ၁၉-၁၂-၂၀၂၂
......................................
သတင်းပိတ်-7:30 pm
တင်-8:30 pm 
........................................      

🛑 မြင်းခြံခရိုင် 
************
♦ယနေ့ထူးခြားမှု မရှိ 

🎯 တိုက်ပွဲ၊ EAOs & PDF
********************  
♦အင်းတော်တွင် စစ်တပ်နှင့် KIA ၊ PDF ပူးပေါင်းတပ်ဖွဲတို့ တိုက်ပွဲဖြစ်ပြီး စစ် သား ၄၀ နီး ပါး ဒဏ်ရာရ သေ
♦မနေ့က ဆားလင်းကြီးတွင် ဘီယာဆိုင်လာသည့် ရဲများကို ပစ်ခတ်တိုက်ခိုက်မှု ဒုရဲအုပ် အပါအဝင် ရဲ ၄ ဦးသေ၊ လက်နက် ၃ လက်ရ
♦မနေ့ညက မြောင်မြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာ ၄ ခုကို တပြိုင်တည်း ပစ်ခတ် တိုက်ခိုက် 
♦မတ္တရာတွင် စစ်တပ်ထောက်ပို့ယာဉ်တစ်စီးကို လက်နက်ခဲယမ်းများ ဖမ်းမိ
♦ မြိုင်တွင် ဈေးဝယ် ထွက်သည့် စစ်ကားကို  မိုင်း ၁၅ လုံးဖြင့် တိုက်ခိုက်မှု စခ နှင့် ပျူများ သေ ထိခိုက် ရှိ 
♦အမေရိကန် စစ်မှုထမ်းဟောင်း သင်တန်းဆရာများနှင့် အထူးတပ်ဖွဲ့သင်တန်း CNDF ပြုလုပ်
♦ဒီ- ၁၅ ရက်က ကန့်ဘလူတွင် စစ်သားများကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်
♦မှော်ဘီလေတပ်စခန်းကို ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ရှော့တိုက် ဒုံး ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ 

🤡 စစ်ကောင်စီ
*************
😎ရုရှား-မြန်မာဆက်ဆံရေးအဖွဲ့ကို ဝန်ကြီးဌာနပုံစံဖွဲ့စည်းထားပြီး နူကလီးယား ဆိုင်ရာ ဌာနကြီး တစ်ခုကိုပါ ဖွဲ့စည်းထား၊ ၃ နှစ်မှ ၅ နှစ်အတွင်း စစ်ရေးဆိုင်ရာ နူကလီးယားနည်းပညာ ရရှိရေး မင်းအောင်လှိုင်မျှော်မှန်းထားဟုဆို
😎ဟိုပုံးမြို့နယ်၌ သေနတ်အလက် ၅၀၀ ခန့် သိမ်းဆည်းရမိဟု စစ်ကောင်စီထုတ်ပြန် 

😎 စစ်တပ်၏ မဲဝိုင်စခန်း တိုက်ခိုက်ခံနေရသဖြင့်   စစ်ကူသွားရန် အမိန့်  မနာခံ သည့် ခမရ ၄၀၅ တပ်ရင်းမှူးနှင့် အရာရှိ ၂ ဦးကို စစ်တပ်က ဖမ်းဆီး 

👹 စစ်အုပ်စုရဲ့ ယုတ်မာ ရမ်းကားရက်စက်မှု
*********************************
◾ရွှေဘိုတွင် စပါးရိတ်သိမ်းနေသည့် ဒေသခံပြည်သူ ဦးဖိုးသီတိုးကို စစ်တပ်က ပစ်သတ် 

🔲 မတရားဖမ်းဆီးထောင်ချ
**********************
◾ပေါက်မြို့နယ်၊ ထောက်ရှာပင်ရွာကို စစ်တပ်က ယမန်နေ့ ညပိုင်းတွင် စီးနင်း မီးရှို့နေ
◾ဝေါမြို့နယ်နဲ့ မွန်ပြည်နယ်၊ မုပ္ပလင်ကို ဆက်သွယ်ထားတဲ့ စစ်တောင်းတံတားနားက စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှာ လူငယ် နှစ်ယောက်ကို တားဆီး စစ်ဆေးချိန် ထွက်ပြေးတဲ့ အတွက် သေနတ်နဲ့ပစ်ဖမ်း၊ တယောက်ဖမ်းမိ၊ တယောက်လွတ်သွား
◾ခန္တီးမြို့က ရဲတပ်‌သားတဦးအား စစ်‌‌ကောင်‌စီ ဖမ်းဆီး
◾သရက်ချောင်းမြို့  ကျေးရွာ ၂ ရွာရှိ ရော်ဘာခြံအလုပ်သမားများကို စစ်ကောင်စီက လာရောက် ဖမ်းဆီးသွား 

💀 သာရေး 
************
♦ဒီဇင်ဘာ ၁၈ ရက်နေ့ တရက်တည်း  စစ်ခွေးဝဲစား ၃၆ ကောင်သေ 

🏃 စစ်ပြေး
**********
♦ခန္တီးမြို့နယ်၊ နန်စီပွန် ကျောက်စိမ်းမှော်အထက်ဆိပ် ရဲကင်း စခန်းမှ ရဲတပ်သား ၄ ဦး လက်နက်အပြည့်အစုံဖြင့် ထွက်ပြေးသွား
♦ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ရွှေဂူရွာတံတား၌ ဂိတ်စောင့် နေသည့် စစ်သားတစ်ဦး လက်နက်အပြည့်အစုံဖြင့် ထွက်ပြေးသွား 

📜 သတိပေး
***********
♦ပန်းဆိုးတန်း-ဒလ ကူးသန်းနေသည့် ချယ်ရီ ကူးတို့ သင်္ဘောပေါ်၌ ဗုံးပေါက်ကွဲမှု ဖြစ်စဥ်သည် PDF ၏ လက်ချက်မဟုတ်ဘဲ  စစ်ကောင်စီ နှင့် ဒလန် များက PDF အယောင်ဆောင် ဖောက်ခွဲ ဖျက်ဆီးလာ  ဒလ PDF တပ်ဖွဲ့ က ယနေ့ ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန် 

🌐 နိုင်ငံတကာ 
************
♦မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ငွေကြေးဖောင်းပွမှုနှုန်းက ၂၀ ရာခိုင်နှုန်းနီးပါးအထိ မြင့်တက်လာတယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က အခု ဒီဇင်ဘာလမှ ထုတ်ပြန်တဲ့ အာရှဒေသ စီးပွားရေး အလားအလာ အစီရင်ခံစာမှာဖော်ပြ 

📣စစ်ဘေးရှောင်
**************
♦အင်းတော်တွင် တိုက်ပွဲဖြစ်ပြီးနောက်  ကျေးရွာများကို စစ်တပ်က မီးတင်ရှို့၍ ပြည်သူ ၅၀၀၀ ကျော် ထွက်ပြေးနေရ 
♦ခင်ဦးမြို့နယ်မှာ အာဏာသိမ်းအပြီး ၂ နှစ်နီးပါးကာလမှာ စစ်ကောင်စီက မီးရှို့ခဲ့တဲ့ကျေးရွာပေါင်း ၅၈ ရွာထဲမှာ ၂၇ ရွာက ပြည်သူပေါင်း ၆ သောင်းကျော် နေစရာအိမ် လိုအပ်နေ 

⭕ လူမှုစီးပွား
************
♦မြန်မာနိုင်ငံမှာ လက်ရှိ မြန်မာငွေ တန်ဖိုး တက်လာပေမယ့် အလှကုန်ပစ္စည်း အပါအဝင် စားသောက်ကုန် ဈေးနှုန်းတွေ ဆက်လက်မြင့်တက်နေ
♦ကပ်ဘေးအလွန် တောင်ကိုရီးယားကို မြန်မာလုပ်သား ၇၀၀၀ ကျော်ရောက်ရှိထား၊  အာဏာသိမ်းပြီးနောက် ပြည်ပအလုပ်ထွက်ခွာမှုပိုများလာ  

🔲 အထွေထွေ
*************
♦NLD နာယက ဦးတင်ဦးကို စစ်ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် သွားရောက်တွေ့ဆုံ 
♦ခင်ရီ ၏ လုံခြုံရေးစီမံချက်အရ  ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများကို ကြံ့ဖွတ်ပါတီဝင်များဖြင့် စတင် အစားထိုးနေ ၊ မင်္ဂလာဒုံမြို့နယ်မှ ရပ်ကွက် အုပ်ချုပ်ရေးမှူး ၁၄ ဦးကို ရာထူးမှ ထုတ်ပယ်
♦နွေဦးတက္ကသိုလ်နှင့် နယူးဇီလန်ရှိတက္ကသိုလ်တို့ သဘောတူစာချွန်လွှာရေးထိုး
♦တမူးမြို့နယ် အတွင်းရှိ NUG အစိုးရ လက်အောက်ခံ စာသင်ကျောင်းများ၌ ဒီဇင်ဘာလ အားကစားပြိုင်ပွဲများ ကျင်းပ
♦တော်လှန်ရေးအတွက် “Buddy ချီတက်၊ စစ်တပ်ပျက်” ရန်ပုံငွေကမ်ပိန်းမှ ကျပ်သိန်း ၁၁၀၀ ကျော် စံချိန်တင် ရရှိ
♦မလေးရှားနိုင်ငံ၊ ဘာတာဝပ်မြို့တွင် နွေဦးတော်လှန်ရေး ရန်ပုံဘောလုံးပြိုင်ပွဲပြုလုပ် ကျင်းပခဲ့ပြီး ငွေကျပ် သိန်း ၁၀၀ ဝန်းကျင်ရရှိထား
♦အမေရိကန်နိုင်ငံ၊  အော်ရီဂွန်ပြည်နယ် ပေါ်တလန်မြို့ Asian Family Center တွင်  “ မသောက်မိသော မိုးခါးရေ” ရုပ်ရှင်ပြသ
♦ပြည်ပရောက် CDM ဆရာဝန်များကုသပေးမည့် နွေဦးတော်လှန်ရေး အွန်လိုင်းဆေးခန်းဖွင့်လှစ်
♦မြို့ပြတော်လှန်ရေးအင်အားစုများ ထောက်ပံ့နိုင်ရန် Milk Tea Alliance Yangon အစီအစဥ် ပြုလုပ်မည်
♦ထားဝယ်မြို့နယ် ကြက်ခြေနီအသင်းခွဲ အရေးပေါ်လူနာတင်ယာဉ်ဝန်ဆောင်မှု ရပ်နား
♦စစ်ကိုင်းတိုင်း ကလေးမြို့နယ်မြောက်ပိုင်း ရေဆန်ကျွန်းဘုရားတောင်ခြေရင်းမှာတည်ရှိတဲ့ ကျေးရွာ ၄ ရွာကို စစ်ကောင်စီက လျှပ်စစ်မီးဖြတ်တောက်သွား
♦လသာမြို့နယ်ရှိ ဧရာဝတီဘဏ်ခွဲ၌ ကျပ် သိန်း ၁၀၀ နီးပါး လုယက်ခံရ
♦တံတားဦးမြို့အနီး အင်အား ရစ်ချ်တာစကေး ၃ ဒသမ ၁ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့  မြေငလျင်တခု ဒီဇင်ဘာ ၁၉  ရက်မနက်က ထပ်မံလှုပ်ခတ်
♦သီရိလင်္ကာ ပင်လယ်ရေပြင်ပိုင်နက်မှာ စက်လှေနဲ့အတူမျောပါနေတဲ့ မြန်မာဘက်က ထွက်လာသူ  ၁၀၄ ဦးကို မနေ့ ဒီဇင်ဘာလ ၁၈ ရက်မှာ ကယ်ဆယ်ခဲ့တယ်လို့ သီရိလင်္ကာရေတပ်က သတင်းထုတ်ပြ
😷 ဒီဇင်ဘာ ၁၈ ရက်နေ့က ကိုဗစ်ကူးစက်သူ ၄ ဦး‌တွေ့ ဟု စကစကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန် 

♦ နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့ရသူ ၂၆၁၄ ဦးနှင့် ဖမ်းဆီးချုပ်ခံရသူ ၁၆၅၆၃ ဦး ရှိဟု ယနေ့ ဒီဇင်ဘာ ၁၉ ရက်နေ့တွင် AAPP ထုတ်ပြန်ထား 

🌍 ကမ္ဘာ့သတင်း
**************
🔹ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂီလ်ရွှိုင်ဂူဟာ ရုရှားအစိုးရရဲ့ အထူးစစ်ဆင်ရေးမှာ ပါဝင်နေတဲ့ ယူကရိန်းနိုင်ငံထဲက တပ်ဖွဲ့တွေကို စစ်ဆေးခဲ့
🔹ရုရှားအသုံးပြုနေသည့် အီရန်လုပ် ဒရုန်းများကို တိုက်ခိုက်ရန် အသင့်ဟု ယူကရိန်းစစ်တပ် ပြော
🔹ယူကရိန်းပြည်သူ ၆ သန်းခန့်ကို ၂၄ နာရီအတွင်း လျှပ်စစ်မီးပြန်ပေးနိုင်ဟု ဇလန်းစကီးပြော 

🚩မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ



ဆက်ဖတ်ရန် →

ဆားလင်းကြီးမှာ ဘီယာဆိုင်လာထိုင်တဲ့ ရဲငါးယောက်ကို တော်လှန်ရေးတပ်တွေ ဝင်ပစ်၊ ဒုရဲအုပ်အပါအဝင် လေးယောက်သေပြီး အူဇီသေနတ်သုံးလက်ရရှိ (ရုပ်သံ)

https://youtu.be/XLc02rxMP1o ကိုနှိပ်ပါ။

December 19

စစ်ကိုင်းတိုင်း ဆားလင်းကြီးနယ် မှာ ဘီယာဆိုင်လာထိုင်တဲ့ စစ်ကောင်စီလက်အောက်ခံ ရဲငါးယောက်ကို မနေ့က ပစ်ခတ်တိုက်ခိုက်မှုအတွင်း ဒုရဲအုပ်အပါအဝင် ရဲလေးယောက်သေကာ သေနတ်သုံးလက်ကို သိမ်းပိုက်ရရှိခဲ့တယ်လို့ ချင်းတွင်းဂဠုန်ရာဇာပြောက်ကျားတပ်ဖွဲ့က လူငယ့်ခေတ်ကို ပြောပါတယ်။

ဆက်ဖတ်ရန် →
 ၅ နှစ်အတွင်း စစ်ရေးဆိုင်ရာ နူကလီးယားနည်းပညာ ရရှိရေး မင်းအောင်လှိုင်မျှော်မှန်း

၅ နှစ်အတွင်း စစ်ရေးဆိုင်ရာ နူကလီးယားနည်းပညာ ရရှိရေး မင်းအောင်လှိုင်မျှော်မှန်း

ရုရှား-မြန်မာဆက်ဆံရေးအဖွဲ့ကို ဝန်ကြီးဌာနပုံစံဖွဲ့စည်းထားပြီး နူကလီးယား ဆိုင်ရာ ဌာနကြီး တစ်ခုကိုပါ ဖွဲ့စည်းထား၊ ၃ နှစ်မှ ၅ နှစ်အတွင်း စစ်ရေးဆိုင်ရာ နူကလီးယားနည်းပညာ ရရှိရေး မင်းအောင်လှိုင်မျှော်မှန်းထားဟုဆို

ရန်ကုန်၊ ဒီဇင်ဘာ ၁၉

ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံအကြား ဆက်ဆံရေး တိုးမြှင့်ရန်နှင့် နှစ်နိုင်ငံ စစ်ရေး၊ စီးပွားရေး၊ လူမှုရေး အရှိန်အဟုန်တိုးမြှင့် ပူးပေါင်းဆောင် ရွက်ရေးအတွက် စစ် ကောင်စီက စစ်ဘက်အရာရှိကြီးများ ဦးဆောင်ပါဝင်သောအဖွဲ့တစ်ခုကို  ဝန်ကြီး ဌာနပုံစံ ဖွဲ့စည်းထားပြီး ယင်းဝန်ကြီးဌာနအောက်တွင် ရုရှား-မြန်မာ နူကလီးယား နည်းပညာပူးပေါင်းမှု ဌာနကြီးတစ်ခုကိုပါ ဖွဲ့စည်းထားကြောင်း နေပြည်တော်စစ်ဘက်သတင်းရပ်ကွက်ထံမှ သိရှိရသည်။ 

ရုရှားနိုင်ငံတွင်  စက်တင်ဘာလ ၇ ရက်နေ့ ကျင်းပခဲ့သည့် အရှေ့ဖျားစီးပွားရေး ဖိုရမ်(EEF)တွင် ရုရှားသမ္မတ ပူတင်နှင့် မင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့ပြီးနောက် နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ရေးအတွက် ဝန်ကြီးဌာနပုံစံ အဖွဲ့များ ဖွဲ့စည်းခြင်း၊ နူကလီးယားနှင့်စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဌာနကြီးတစ်ခုကိုပါ တိုးချဲ့ ဖွဲ့စည်းလာခြင်းဖြစ်ကြောင်း သိရှိရသည်။ 

"ရုရှား-မြန်မာပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ကို ဝန်ကြီးဌာနပုံစံမျိုးဖွဲ့စည်းထား ပါတယ်။  အဲဒီအထဲမှာ ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်း၊ ဗိုလ်ချုပ်ကြီး မြထွန်း ဦး၊ ဗိုလ်မှူး ချုပ် မြတ်မင်းဦးတို့လို့ ဗိုလ်ချုပ်တွေ ပါတယ်။ တိုက်ရိုက်ကတော့ တပ်ချုပ်က ကိုင်တာ။ အရပ်ဘက် ဝန်ကြီးဌာနတွေလည်းပါတယ်။ အဖွဲ့စုံပါ တယ်။ ဦးဆောင်တာက စစ်ဘက်က ဦးဆောင်တယ်။ အဲဒီမှာ ရုရှားပြန် မြန်မာ စစ်အရာရှိတွေ အားလုံးပါတယ်" ဟု  စစ်ဘက်သတင်းရပ်ကွက်က ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ 

ရုရှား-မြန်မာဆက်ဆံရေးအဖွဲ့တွင်ပါဝင်သည့် ဗိုလ်မှူးချုပ် မြတ်မင်းဦးသည် နေပြည်တော် စစ်ရုံးချုပ် တပ်မ တော် (ကြည်း၊ရေ၊လေ)ကွန်ပျူတာဌာနမှူး ဖြစ်ပြီး ဒုတိယဗိုလ်ချုပ်ကြီးကံမြင့်သန်းသည် ကာကွယ်ရေးပစ္စည်း ထုတ်လုပ် ရေး ညွှန်ကြားရေးမှူးရုံး အရာရှိချုပ်ဖြစ်ကာ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် ကာကွယ်ရေးဝန်ကြီး ဖြစ်ကြောင်း သိရှိရသည်။ 

ရုရှား-မြန်မာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့သည် နူကလီးယား စွမ်းအင်သုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံ တည် ဆောက် ရေး၊ နူကလီးယား အချက် အလက် စင်တာ ရန်ကုန်တွင် ဖွင့်လှစ်ရေးကိုလည်း တိုက်ရိုက်ကိုင်တွယ်ပြီး အကောင်အထည်ဖော်မှုအနေဖြင့် နူးကလီးယားနည်းပညာဆိုင်ရာ ဌာနကြီးက ဆောင်ရွက်အကောင်အထည်ဖော်သည်ဟုဆိုသည်။ 

နိုဝင်ဘာလ ၂၂ ရက်နေ့  မြန်မာနိုင်ငံအတွက် နူကလီးယား စွမ်း အင် အားသုံး လျှပ်စစ် ဓာတ် အားပေး စက်ရုံ တည် ဆောက်ရန်  ရုရှားနှင့် မြန်မာ နှစ်နိုင်ငံ လက်မှတ်ရေးထိုးခဲ့ပြီး နိုဝင်ဘာလ ၁၈ ရက်နေ့တွင်မူ ရန်ကုန်တွင် Nuclear Technology Information Center တည်ထောင်ရန် ရုရှား နိုင်ငံပိုင် အဏုမြူ စွမ်းအင် ကော်ပိုရေးရှင်း ROSATOM နှင့် သိပ္ပံနှင့် နည်းပညာ ဝန်ကြီး ဌာနတို ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီ လက်မှတ်ရေးထိုးခဲ့ကြသည်။ 

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လာမည့် ၃ နှစ်မှ ၅ နှစ်အတွင်း မြန်မာနိုင်ငံတွင် စစ်ဘက်ဆိုင်ရာ နူကလီးယားနှင့် ပတ်သက်သော နည်းပညာ များ လက်တွေ့ အပြည့်အ၀ ရရှိရန် မျှော်မှန်းထားကြောင်း၊ အဓိကအားဖြင့် ငြိမ်းချမ်းသော ရည်ရွယ်ချက်ဟု အမည်တပ်ထားသော်လည်း စစ်ဘက်ဆိုင်ရာ နူကလီးယား  နည်းပညာများကို ရရှိရန် လိုလားနေကြောင်း သိရှိရသည်။ 

"တပ်ချုပ်ဘက်ကတော့ ၃ နှစ်ကနေ ၅ နှစ်အတွင်း စစ်ဘက်နဲ့ပတ်သက်တဲ့ နူကလီးယား နည်းပညာတွေ ရချင်တယ်။ ဒါတွေကို တတ်ကျွမ်းထားရမယ်။ ထုတ်လုပ်တာ မထုတ်လုပ်တာက တစ်ပိုင်း။ အဓိက စစ်ရေးနဲ့ပတ်သက်တဲ့ နည်းပညာတွေကို ရယူဖို့ကို သူက စိတ်အားထက်သန်နေတယ်" ဟု စစ်ဘက် သတင်းရင်းမြစ်က ပြောသည်။ 

ရုရှား-မြန်မာဆက်ဆံရေးအဖွဲ့သည် ရုရှားနိုင်ငံမှ နည်းပညာများရရှိရေးအတွက် ပညာတော်သင်စေလွှတ်ခြင်း၊ ရုရှားမှ ပညာရှင်များ မြန်မာနိုင်ငံတွင် လာ ရောက် ပညာသင်ကြားပို့ချခြင်း၊ နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ တက္ကသိုလ်များ အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးတို့ကိုလည်း ဆောင်ရွက်နေသည်ဟု သိရှိရသည်။

ခေတ်သစ်မီယာ


ဆက်ဖတ်ရန် →
ကမ္ဘာဗလားကိုအသက်နဲ့လောင်းကြေးထပ်ခဲ့တဲ့စခ

ကမ္ဘာဗလားကိုအသက်နဲ့လောင်းကြေးထပ်ခဲ့တဲ့စခ

မြောင်တွင် စစ်အုပ်စု ကမ္ဘာ့ဖလားဗိုလ်လုပွဲကြည့်နေချိန် တပ်စွဲရာနေရာလေးခုကို ပစ်ခတ်တိုက်ခိုက်

အောင်ဇေယျ/People's Spring

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် စစ်အုပ်စု ကမ္ဘာ့ဖလားဗိုလ်လုပွဲ ကြည့်နေချိန် ရဲစခန်းအပါအဝင် စစ်အုပ်စုတပ်စွဲရာ နေရာ လေးခုကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြောင်မြို့နယ်တော်လှန်ရေးတပ် MRAအဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့(ဒီဇင်ဘာ ၁၈ ရက်) ည ၉ နာရီခွဲခန့်က မြောင်မြို့ပေါ်ရှိ စစ်ကောင်စီအုပ်စု တပ်စွဲရာ ရဲစခန်း၊ ထွေအုပ်ရုံး၊ ဝန်ထမ်းအိမ်ရာနှင့် စစ်ကောင်စီတပ်သားများ ကင်းပုန်းဝပ်နေသည့် နေရာများသို့ MRAက ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာ့ဖလား ဗိုလ်လုပွဲအား အားပေးနေကြမည့်အခြေအနေကို အခွင့်ကောင်းယူ၍  လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်သားများ အထိအခိုက်အကျအဆုံး အများအပြားရှိသည်ဟု သိရပြီး အသေးစိတ်ထပ်မံစုံစမ်းနေကြောင်း MRA အဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

"မြို့ထဲထိဝင်ပြီး အနီးကပ် ပစ်ခဲ့တာပါ။ အပြန်အလှန် ပစ်ခတ်ခဲ့တာ ၃၀မိနစ်ခန့် ကြာခဲ့ပါတယ်။ ဒီ Missionကို ကမ္ဘာ့ဖလား ဗိုလ်လုပွဲရက်မှာ သေချာသတ်မှတ်ပြီး ကျွန်တော်တို့ Plan (အစီအစဥ်)တွေချခဲ့ပါတယ် ။ သေချာပေါက် ကြည့်နေတာပေါ့ဗျာ။အလစ်အငိုက်ပါပဲ။ နောင်လည်း ခုလို Mission(စစ်ဆင်​ရေး)တွေ လုပ်သွားအုံးမှာပါပဲ"ဟု ပြောသည်။

ထို့အပြင် ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်တပ်ရင်း(၅)-MRA နှင့်မြောင်မြို့နယ် ပ.က.ဖ၊  မန္တလေးခရိုင်တပ်ရင်း(၆)-MNPDF၊ 
မုံရွာခရိုင်တပ်ရင်း(၁၂) တပ်ခွဲ(၃)၊ မြင်းခြံခရိုင်တပ်ရင်း(၆) တပ်ခွဲ(၁)-NYSGF၊
ဇာမဏီပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းစစ်ဆင်ရေးပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးသည်။

ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်နှင့် နီးစပ်ရာနေရာများသို့ သွားလာလှုပ်ရှားမှုများ မပြုလုပ်ကြရန်လည်း MRAက မေတ္တာရပ်ခံသည်။
People’s spring 

(စစ်ဆင်ရေးတစ်ခုတွင် တွေ့ရသည့် MRA ရဲဘော်များ)


ဆက်ဖတ်ရန် →
PNO နယ်ထဲမှာ မိတဲ့သေနတ်တွေကို PDF သယ်လာတဲ့ သေနတ်တွေလို့ စစ်ကောင်စီ သတင်းဖြန့်

PNO နယ်ထဲမှာ မိတဲ့သေနတ်တွေကို PDF သယ်လာတဲ့ သေနတ်တွေလို့ စစ်ကောင်စီ သတင်းဖြန့်

မဲခေါင်၊ ဒီဇင်ဘာ ၁၉

PNO နယ်မြေဖြစ်တဲ့ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဟိုပုံးမြို့နယ်မှာ ဒီဇင်ဘာလ ၁၇ ရက်နေ့ မနက် ၉ နာရီက PDF တွေ သယ်ဆောင်လာတဲ့ လက်နက်များစွာ ဖမ်းမိပြီး လိုက်ပါလာသူတွေ ထွက်ပြေးသွားတယ်လို့ စစ်ကောင်စီ အာဘော် သတင်းဌာနတွေက မနေ့က ဖော်ပြပါတယ်။

ဟိုပုံးမြို့နယ်၊ မိုင်းပျဉ်းကျေးရွာအနီးမှာ ပင်လုံမြို့၊ ဆနင်းကျေးရွာဘက်မှ ရပ်စောက်မြို့နယ်၊ ပင်ဖြစ်ကျေးရွာ  ဘက်သို့ မောင်းနှင်လာတဲ့ ၆ ဘီးကားကို ရှာဖွေစစ်ဆေးရာ PDF အဖွဲ့ဝင်တွေ လျှို့ဝှက် သယ်ဆောင်လာတဲ့ Type-81 အမျိုးအစား သေနတ် ၄၉၉ လက်၊ ကျည်အိမ် ၄၉၈ ခုနဲ့ တခြား ဆက်စပ် ပစ္စည်းတွေ သိမ်းဆည်း ရမိခဲ့တယ်လို့ သတင်းဖြန့်ထားတာ ဖြစ်ပါတယ်။

"ပင်လုံဖက်က လာတယ်ဆိုတော့ အဲဒီမှာ RCSS ဂိတ်ရော၊ PNO ဂိတ်ရော ရှိတယ်။ ပြီးတော့ အဲဒီလမ်းက ရပ်စောက်သွားလမ်း။ စစ်တပ်ဂိတ်က ၂ ဂိတ်၊ ၃ ဂိတ်ရှိတာ။ ဒါကို ဘယ် PDF က အဲဒီလမ်းကနေ လက်နက် သယ်မှာလဲ။ နောက်တစ်ခုက ပင်လုံ၊ ဟိုပုံး၊ ရပ်စောက် ၃ ဒေသလုံးမှာ PDF မှ မရှိတာ။ သတင်းဖြန့်တာတောင် ဦးနှောက်ရှိရှိ မဖြန့်တတ်ဘူး" လို့ ဟိုပုံးဒေသခံတစ်ဦးက ပြောပါတယ်။

အဲဒီကားဟာ ရပ်တန့်မပေးဘဲ မောင်းနှင်ထွက်ပြေး သွားတဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့က လိုက်လံဖမ်းဆီးရာ ကားကို ရပ်တန့်ခဲ့ပြီး လိုက်ပါလာသူတွေ ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။

အခုဖမ်းမိတဲ့ လက်နက်တွေဟာ UWSA ၀ တပ်ဖွဲ့က ထုတ်လုပ်တဲ့ လက်နက်တွေ ဖြစ်တယ်လို့ စစ်တပ် အာဘော် သတင်းဌာနတွေက စွပ်စွဲမှုတွေ ရှိနေပေမယ့် ၀ တပ်ဖွဲ့ဖက်က တုန့်ပြန် ဖြေရှင်းတာ မရှိသေးပါဘူး။

သိမ်းဆည်းရမိတဲ့ လက်နက်တွေနဲ့ ဆက်စပ်ပစ္စည်းတွေကို စစ်ကောင်စီတပ်ဖွဲ့က လုပ်ထုံးလုပ်နည်းတွေနဲ့အညီ စစ်ဆေး ဆောင်ရွက်နေတယ်လို့လည်း စစ်ကောင်စီဝါဒဖြန့်သတင်းဌာနတွေက ဖော်ပြထားပါတယ်။

MK-008
#MeKongNews


ဆက်ဖတ်ရန် →
“ရွှေဘ နောက်ပိုင်း ကြမ်းမည်”

“ရွှေဘ နောက်ပိုင်း ကြမ်းမည်”

“ရွှေဘ နောက်ပိုင်း ကြမ်းမည်” ကာလ ထဲ စတင် ချည်းနင်း ဝင်ရောက်လာပြီ
***************
ကုလ အထွေထွေ ညီလာခံ၏ ကိုယ်စားလှယ် ခန့်အပ်ရေး ကော်မတီမှ တနင်္လာနေ့တွင် တွေ့ဆုံဆွေးနွေးပြီး စစ်အာဏာသိမ်း အဖွဲ့မှ သံအမတ်အသစ် အမည်စာရင်း တင်သွင်းလာမှု အပေါ် မဲ ပင် ခွဲစရာ မလိုပဲ ဆုံးဖြတ်ချက် ပေးရန် နောက်တကြိမ် ထပ်မံ ရွှေ့ဆိုင်းလိုက်သည့် ဆုံးဖြတ်ချက်အား အထွေထွေ ညီလာခံမှ သောကြာနေ့တွင် တရားဝင်  ကျေညာလိုက်ခြင်းဖြင့် အမျိုးသား ညီညွတ်ရေး အစိုးရဖက်မှ ရပ်တည်လာခဲ့သူ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်းသည် ဆက်လက် ၍ တည်မြဲသွားခဲ့ပြီ ဖြစ်သည်။

ထိုဆုံးဖြတ်ချက် အပေါ် လန်ဒန် အခြေစိုက် မြန်မာ အရေး တာဝန်ခံမှု ထွက်ပေါ်ရေး ပရိုဂျက်၏ ဒါရိုက်တာ ဖြစ်သူ ဘီဘီစီ သတင်းထောက်ဟောင်းကြီး ခရစ် ဂန်းနက်စ် (ပုံတွင် ရှု)  မှ ကြိုဆိုလိုက်ပြီး “တရားမဝင် စစ်အာဏာသိမ်း ခေါင်းဆောင်များမှ နိုင်ငံတကာ၏ အသိအမှတ် ပြုခံရရေး ကြိုးပမ်းလာနေချိန်တွင် ယခုလို ရွှေ့ဆိုင်းခံလိုက်ရခြင်းသည် သံတမန်ရေးအရ ရော၊ သင်္ကေတ သဘောအရပါ လွန်စွာ လေးနက် မှု ရှိသည်” ဟု ဆိုသည်။

“ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် အရှေ့တောင်အာရှတွင် ပိုပေါ့ ၏ ခမာနီ အုပ်ချုပ်ရေး ကာလအတွင်း ပေါ်ပေါက်ခဲ့သော အကြမ်းဖက် လုပ်ရပ်များ နောက်တွင် တခါဖူးမျှ မကြုံဖူးသည့် အတိုင်းအတာဖြင့် မြန်မာ ပြည်သူများ အပေါ် အကြမ်းဖက်မှု ကျုးလွန်နေခဲ့သူ ဖြစ်သည်” ဟုလည်း နှိုင်းယှဉ် ပြောဆိုသွားခဲ့သည်။

အဆိုပါ ပရိုဂျက်၏ တာဝန်ရှိသူ တဦး လည်း ဖြစ်သည့် ဒါမီယန် လီလီမှလည်း ကုလ အနေဖြင့် အမျိုးသား ညီညွတ်ရေး အစိုးရအား ကုလ လက်အောက်ခံ အဖွဲ့အစည်း အသီးသီး တွင် ကိုယ်စားပြုခွင့် ပေးရန် နှင့် ဦးကျော်မိုးထွန်းအားလည်း ကုလ အခွင့်အရေးများ နှင့် ခံစားခွင့်များ အပြည့်အဝပေးပါရန် တိုက်တွန်းခဲ့ပြန်သည်။

လက်ရှိတွင် ဦးကျော်မိုးထွန်းသည် အဖွဲ့ဝင် ၁၉၃ နိုင်ငံရှိ အထွေထွေ ညီလာခံတွင် မြန်မာ ကိုယ်စားပြု တက်ရောက်ခွင့် ရှိနေသော်လည်း ကုလ လူ့အခွင့်အရေး ကောင်စီ၏ မြန်မာနေရာသည် လစ်လပ်နေဆဲပင် ဖြစ်သည်ဟု ထောက်ပြခဲ့သည်။ ယင်းသည် မြန်မာပြည်သူ ၅၅ သန်းမှ ၂၀၂၀ ရွေးကောက်ပွဲတွင် သောင်ပြိုကမ်းပြို ရွေးချယ်တင်မြှောက်ခဲ့သော အစိုးရတရပ်၏ ကိုယ်စားပြုနိုင်ခွင့်ကို ငြင်းပယ်ရာ ရောက်နေသည်၊ အစရှိသဖြင့် ၎င်းတို့ ၏ ပြောဆိုခဲ့မှုများကို ဝါရှင်တန် ပို့စ် သတင်းစာကြီးတွင် အကျယ်တဝင့် ဖေါ်ပြထားသည်။

အလားတူပင် မြန်မာစစ်ကောင်စီ ကဲ့သို့ပင် နာမည်ဆိုးဖြင့် ကျော်ကြားနေသော တာလီဘန် အဖွဲ့ကိုယ်စားလှယ် စေလွှတ်ခွင့်ကိုလည်း ငြင်းပယ်ခြင်း ခံခဲ့ရသည်။

ဦးကျော်မိုးထွန်း နှင့် RFA အင်တာဗျုးတွင် မိမိ၏ လုပ်ပိုင်ခွင့် ဘောင်အတွင်းမှ တိုင်းပြည် နှင့် လူမျိုး အတွက် ကောင်းရာကောင်းကျိုး ကို ဆက်လက်သယ်ပိုးသွားမည် ဖြစ်ပြီး နိုင်ငံတကာအားလည်း မြန်မာပြည်သူတို့ ရင်ဆိုင်နေရသော အခက်အခဲ၊ ပြဿနာများကို ပိုမို သိရှိသဘောပေါက်လာအောင် ရှင်းပြသွားမည် ဟု ဆိုသည်။

လက်ရှိတွင် မြန်မာပြည်သူ ၂၆၀၀ နီးပါးသည် စစ်ကောင်စီ၏ ဥပဒေမဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ကြရပြီး တနိုင်ငံလုံးရှိ ပြည်သူများလည်း ကိုယ်ရော စိတ်ပါ ဒုက္ခသုက္ခများ ကြုံတွေ့နေရပြီဖြစ်သည်၊ ကုလ စာရင်းဇယားများအရ ၁၄ သန်း ခန့်ရှိ ပြည်သူများသည် အစားအသောက် ရှားပါး ပြတ်လတ်မှု နှင့် ရင်ဆိုင်နေရကြောင်း၊ ထို့အတွက်ကြောင့်လည်း ပြည်တွင်း ပြည်ပ နှင့် NUG အပါအဝင် အဖွဲ့အစည်း ပေါင်းစုံမှ ထုတ်ဖေါ်ပြောဆိုနေရခြင်း ဖြစ်သည်ဟု ဆိုသည်။

ထို့အတွက် လက်ရှိတွင် ကုလ သမဂ္ဂ လုံခြုံရေး ကောင်စီသို့ တင်သွင်းရန် ဆုံးဖြတ်ချက် မူကြမ်း အား ဗြိတိန်မှ ဩဂုတ်လ ကတည်းက ဦးဆောင်ရေးဆွဲခဲ့ပြီး ယင်း အပေါ် ကောင်စီ ဝင် နိုင်ငံများ အကြား ဆွေးနွေးမှုများ ပြုလုပ်နေပြီး အတည်ပြုရန် နီးစပ်လာနေပြီ ဖြစ်၍ တိုးတက်မှုများ ထွက်ပေါ်လာခြင်း ဖြစ်သည်ဟု ဆိုသည်။ ဆုံးဖြတ်ချက် ချမှတ်ပြီးပါက မြန်မာ ပြည်သူများ အပေါ် စစ်တပ်မှ ရက်စက် ကြမ်းကြုပ်စွာ ပြုကျင့်နေမှုများ ကို ကမ္ဘာအား မီးမောင်းထိုးပြလိုက်ခြင်းသာ ဖြစ်၍ ထိရောက်ပြတ်သားသည့် အရေးယူမှုများ ဖြစ်ပေါ်လာအောင် လမ်းခင်းပေးနိုင်စွမ်း ရှိသည်ဟု လည်း ပါရှိခဲ့သည်။

ရန်ကုန်ရှိ ကုလ အဖွဲ့အစည်းများ နှင့် အင်ဂျီအို များ သည် အကူအညီများကို အမှန်တကယ် လိုအပ်နေသူ များ ထံ ရောက်ရှိလိုသည်ဆိုက ပါဝင်ပတ်သက်နေသည့် အဖွဲ့အစည်း အားလုံး နှင့် ဆက်သွယ်နိုင်မှသာ ဖြစ်မည်ဟုလည်း ထောက်ပြသွားခဲ့သည်။

လက်ရှိတွင် အမျိုးသား ညီညွတ်ရေး အစိုးရနှင့် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့များ မှ ပြည်သူတို့၏ တော်လှန်ရေးကို ပုံပေါ်လာအောင် ဆောင်ရွက်ရာတွင် ပို၍ ပို၍ အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်နေသည်ကို မည်သူမျှ မငြင်းနိုင်အောင် ထင်ရှားလာနေပြီ ဖြစ်၍ ကုလ တခုတည်း အပေါ် မျှော်ကြည့်နေ၍ မရကြောင်း၊ ကုလ သည် နိုင်ငံပေါင်း ၁၉၃ နိုင်ငံ ပါဝင်နေ၍ နိုင်ငံတခုစီ၏ ဆုံးဖြတ် လုပ်ဆောင်မှုများကို ထည့်သွင်းစဉ်းစားရ၍ ကြန့်ကြာမှုများ ရှိနေ၍ ဖြစ်သည်ဟု ဆိုသည်။

အချို့နိုင်ငံများက NUG အား လူသိရှင်ကြား အသိအမှတ်ပြုခြင်း မရှိသော်လည်း အတူ လက်တွဲ လုပ်ဆောင်လာနေပြီ ဖြစ်၍ ကျန် နိုင်ငံများကိုလည်း ထိုအတိုင်း လုပ်ပေးခြင်း ဖြင့် မြန်မာ ပြည်သူများ အား အကူအညီပေးကြပါရန် တောင်းဆိုသည်ဟု ဆိုသည်၊ NUG သည် တည်ထောင်ပြီး လ ပေါင်း နှစ်ဆယ်အတွင်း တိုးတက်မှု အများအပြား ထွက်ပေါ်လာအောင် ဖေါ်ဆောင်နိုင်ခဲ့သည်မှာ အထင်အရှားပင် ဖြစ်သည်ဟု ပြောဆိုသွားခဲ့သည်။

မင်းအောင်လှိုင်သည် ၎င်း၏ အာဏာ တည်မြဲရေး အတွက် မည်သည်ကိုမျှပင် ဂရုမစိုက်နိုင်အားတော့ပဲ မဲမဲ မြင်ရာ တိုက်လေယာဉ်များ စေလွှတ်ကာ ဗုံးကြဲတိုက်ခိုက်နေခြင်း ဖြင့် စိတ်ရောကိုယ်ပါ ဖိစီးလာနေချိန်တွင် ယ ခုအပတ်အတွင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းအား လက်ရှိတာဝန်များ ဆက်လက် ထမ်းဆောင်ရန် ဆုံးဖြတ်ချက် နှင့် အတူ အမေရိကန် လွှတ်တော်နှစ်ရပ်လုံးမှ BURMA ACT ပါဝင်သည် ကာကွယ်ရေး အသုံးစရိတ်ကို အတည်ပြု ပေးလိုက်ပြီ ဖြစ်သည်။

နှစ် နှစ်လုံးလုံး သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောသလို ကိုယ်ရော စိတ်ပါ ကြိမ်မီးအုံးသလို ထိခိုက် ခံစား‌နေခဲ့ရပြီး နောက် မျှော်လင့်ချက် ရောင်ခြည်များ သမ်းလာနေပြီ ဖြစ်သည့် “ရွှေဘ နောက်ပိုင်း ကြမ်းမည်” ကာလ ထဲ စတင် ချည်းနင်း ဝင်ရောက်လာနေခြင်းဟု မဆိုက အခြားမည်သို့မျှ ပြောနိုင်ပေဦးမည်နည်း။

This is the moment of “Shew Ba’s comeback in full force”.

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

လှစိုးဝေ



ဆက်ဖတ်ရန် →
PDF တပ်သား ၆၅၀၀၀ ကျော်ခန့်ရှိ

PDF တပ်သား ၆၅၀၀၀ ကျော်ခန့်ရှိ










ဂျာမန် DW သတင်း ဌာက ၁၇-၁၂-၂၀၂၂ ဒီနေ့ 
ထုတ်လွှင့် သွားတဲ့ မြန်မာ က ပီဒက်တွေအကြောင်း 
Documentary သတင်း ဗီဒီယိုပါ။

ဂျာမန်သတင်းထောက်ဟာ ပီဒက်အချို့နဲ့
တွေ့ဆုံသတင်းယူခဲ့ပါတယ်။
ပီဒက် PDF တပ်သား ၆၅၀၀၀ ကျော်ခန့်ရှိနေပြီး ၊ 
သူတို့ဟာ မြန်မာပြည်ပြန်လည်လွတ်မြောက်ဖို့
ဘာကိုပဲပေးရ၊ပေးရ အသက်ကိုပင်မမှုပဲ
ရင်ဆိုင်နေကြပြီး စိတ်အားထက်သန်နေကြတယ်။

လူငယ်တွေ အဖွဲဖွဲ အသုတ်လိုက် ပီဒက် တပ်တွေ
အသီးသီး ကိုလာရောက်ပူးပေါင်းနေကြတယ်။

နောက်ဆုံးသတင်းက ပီဒက်ကလေး ပြောသွားတာ
ကတော့ သူတို့ နိုင်ငံခြားပြည်ပကလက်နက်ထောက်ပံ့
တာကို လိုချင်တယ်။

DW news
17-12-2022

ဆက်ဖတ်ရန် →
အရာရှိ ၂ ဦးကိုဖမ်းဆီးမှု တပ်တွင်းဝေ ဖန်ပြစ်တင်မှုများရှိနေ

အရာရှိ ၂ ဦးကိုဖမ်းဆီးမှု တပ်တွင်းဝေ ဖန်ပြစ်တင်မှုများရှိနေ

ခမရ ၄၀၅ မှ တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး လှိုင်မင်းထွဋ် နဲ့အကြီးတန်းအရာရှိ ၂ ဦးကိုဖမ်းဆီးမှု တပ်တွင်းဝေ ဖန်ပြစ်တင်မှုများရှိနေပြီး စစ်ခေါင်းဆောင်တွေအပေါ် မကျေမနပ်ဖြစ်နေ

ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁၈ ရက်

ကရင်ပြည်နယ်စစ်ဆင်ရေးအတွင်း စစ်တိုက်ဖို့ငြင်း ဆန်ခဲ့တဲ့ တနင်္သာရီတိုင်း၊သရက်ချောင်းမြို့အခြေ စိုက် ခမရ ၄၀၅ တပ်ရင်းမှူးနဲ့ဒုတပ်ရင်းမှူးအပါ တပ်အကြီးတန်းအရာရှိ ၃ ဦးကို ဖမ်းဆီးစစ်ဆေးနေတဲ့အပေါ် ခမရ ၄၀၅ တပ်ရင်း ကတပ်မိသားစုဝင်တွေ မကျေမနပ်ဖြစ်နေတယ်လို့ သိရပါတယ်။

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်နယ်မြေအတွင်းက စစ်ကောင်စီတပ်မဲဝိုင်စခန်းကို စစ်ကူ သွားရောက်ပူးပေါင်းဖို့ ခမရ ၄၀၅ ရဲ့ကွပ်ကဲမှုဖြစ်တဲ့ အမှတ် ၈ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ ၈) စကခ မှူး ဗိုလ်မှူးချုပ် အေး မင်းဦးမှ ဒီဇင်ဘာလ ၁၄ ရက်နေ့က ညွှန်ကြားမှုကို ခမရ ၄၀၅ တပ်ရင်းမှူး၊ဒုတပ်ရင်း မှူးနဲ့ တပ်ခွဲမှူး မှူး/ဗက ၁ ဦးတို့ က မသွားရောက်နိုင်ကြောင်းပြန်လည်ပြောဆို၍ အာဏာဖီဆန်တပ်တွင်းပုန်ကန်ခဲ့တာဖြစ်ပြီး အဲ့ဒီလို လုပ်ဆောင်ခဲ့လို့ စစ်ကောင်စီတပ်က ခမရ ၄၀၅ စစ်ကြောင်းကို သာလွန်အင်အားနဲ့ပြန်လည်ဝိုင်းပြီး တပ်အကြီးတန်းအရာရှိ ၃ ဦးကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

အဲ့ဒီလို ခမရ ၄၀၅ တပ်ရင်းမှူးအပါ အရာရှိ ၃ ဦးကို ဖမ်းဆီးထိန်းသိမ်းစစ်ဆေးနေမှုအပေါ် နောက်တန်း တပ်ရင်းမှ မိသားစုဝင်များက စစ်ခေါင်းဆောင်များအပေါ်ဝေဖန်ပြစ်တင်ပြောဆိုမှုများရှိနေပြီး မကျေမနပ်မှုများ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

''အဲ့ဒီဖြစ်စဉ်က တပ်ရင်းမှူးရော သူ့တပည့်တွေရောအကုန်လုံးတညီတညွတ်ထဲမသွားဘူးဆိုပြီးငြင်းတာ။ ဒါပေ မယ့်တပ်ရင်းမှူး၊ဒုရင်းမှူးနဲ့ မှူး/ဗက တွေက သူတို့ကခေါင်းဆောင်တွေဆိုတော့ သူတို့ဘဲခေါင်းခံပြီး အရေးယူခံလိုက်ရတာ။ တပ်မိသားစုတွေကတော့ သူတို့မတရားခိုင်းတာကိုပြန်ငြင်းတော့လည်းဒီလိုအရေး ယူလို့ဆိုပြီး အထက်ကပုဂ္ဂိုလ်တွေကို ပြောကြဆိုကြနဲ့ မကျေမနပ်တွေဖြစ်နေတယ်'' လို့ သရက်ချောင်းတပ်နယ်နဲ့နီးစပ်တဲ့ တပ်သတင်းရင်းမြစ်တစ်ဦးကဧရာဝတီတိုင်းမ်ကိုပြောပါတယ်။



ဆက်ဖတ်ရန် →
သီတာယုမွန်  (မြင်းခြံပျူအဖွဲ့(၆)ခေါင်းဆောင်)

သီတာယုမွန် (မြင်းခြံပျူအဖွဲ့(၆)ခေါင်းဆောင်)


သူ့သမီးအကြီးမလေးက မဟော်သဓါမှာတက်နေတာ

 နေ့လုံးဝအပြင်မထွက် ညဘက်မှာဘေးမှာ

၁၀ယောက်လောက်ခြံရံပြီးမှအပြင်ထွက်ကြောင်းသိ







ဆက်ဖတ်ရန် →
ရန်ကုန်-ဒလကူးတို့ သင်္ဘောပေါ် ပေါက်ကွဲမှုဖြစ်

ရန်ကုန်-ဒလကူးတို့ သင်္ဘောပေါ် ပေါက်ကွဲမှုဖြစ်

လူသေဆုံးမှုရှိပြီး ထိခိုက်ဒဏ်ရာရသူများပြား

မဲခေါင်၊ ဒီဇင်ဘာ  ၁၈

ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ် ရန်ကုန်-ဒလ ချယ်ရီ၁ ကူးတို့သဘော်ပေါ်မှာ ဒီနေ့ဒီဇင်ဘာ၁၈ရက် ညနေ၆နာရီ ၄၅မိနစ်က အချိန်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။




ရန်ကုန်ဘက်ကနေ ဒလဘက်ကို ကူးခါနီး ကမ်းကနေမခွာခင် ပေါက်ကွဲခဲ့တာဖြစ်ပြီး အဲဒီပေါက်ကွဲမှုကြောင့် သင်္ဘောပေါ်မှာ လိုက်ပါလာတဲ့ ပြည်သူအချို့သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ အယောက်၂၀ဝန်းကျင်ခန့် ရှိတယ်လို့ သွားရောက်ကူညီသူတစ်ဦးက ပြောပါတယ်။

"လူနာတင်ယာဥ်တွေ မြို့နယ်အစုံက သတင်းကြားတော့လာသယ်နေတာ။ ကြားရသလောက်တော့ စာရင်းကောက်နေတာ သေတာ၃ဦး ထိခိုက်ဒဏ်ရာရတာ ၁၉ဦးရှိတယ်။ စာရင်းကတော့ကောက်နေတုန်းဆိုတော့ အတည်ပြုလို့မရ​သေးဘူး"လို့ သူကပြောပါတယ်။

ရန်ကုန်မြို့အတွင်း လသာ၊ ကျောက်တံတား၊ ပန်ဘဲတန်း၊ ဗိုလ်တထောင်၊ အလုံမြို့နယ်တွေကနေလည်း ညနေ၆နာရီ၄၅မိနစ်က ပေါက်ကွဲသံတွေကြားရတယ်လို့ ဒေသခံတွေကပြောပါတယ်။

MK - 005
#MeKongNews





ဆက်ဖတ်ရန် →
သာယာဝတီထောင်က နိုင်/ကျဉ်းတွေ အလုပ်ကြမ်းပါလုပ်နေရ

သာယာဝတီထောင်က နိုင်/ကျဉ်းတွေ အလုပ်ကြမ်းပါလုပ်နေရ

သာယာဝတီထောင်က နိုင်/ကျဉ်းတွေ အလုပ်ကြမ်းပါလုပ်နေရကြောင်း မိသားစုဝင်တွေပြော
~~~~~
■ ပဲခူးတိုင်း၊ သာယာဝတီထောင်မှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို နှိပ်ကွပ်တဲ့အနေနဲ့ စစ်ကောင်စီရဲ့ အကျဉ်းထောင်ဝန်ထမ်းတွေက အလုပ်ကြမ်းတွေပါ ခိုင်းနေတယ်လို့ နိုင်ငံရေးအကျဉ်းသား မိသားဝင်တွေက ပြောပါတယ်။

အိမ်သာကျင်းကအစ တူးခိုင်းနေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နိုင်ငံရေး အကျဉ်းသား မိသားစုဝင် တစ်ဦးက RFA ကို ပြောပါတယ်။ 

“သာယာဝတီထောင်မှာ နိုင်/ကျဉ်းတွေကိုပဲ နှိပ်ကွပ်တဲ့သဘော ဖြစ်နေတယ်။ အရင်က ခိုး၊ ဆိုး၊ လု၊ နှိုက်တွေကို ခိုင်းတဲ့ မိလ္လာကျင်းတူးတာတို့ ဘာတို့ဆိုရင် အခုသူတို့ကို မခိုင်းတော့ဘဲနဲ့ နိုင်/ကျဉ်းတွေကို ခိုင်းနေတယ်။ အိမ်သာကျင်း တူးခိုင်းတယ်။ ယာခင်းထဲတွေ သွားခိုင်းတယ်။ ညဘက် အိပ်လို့မရအောင်လုပ်တယ်။ ဆူရင် ပူရင်လည်း အကျဉ်းသားအချင်းချင်းကို ရိုက်ခိုင်းတာတဲ့။ ရိုက်နှက်တဲ့သူကို ကော်ဖီမစ် ၃ ထုတ်ပေးပြီးတော့ ရိုက်ခိုင်းတာ”

နှလုံးယောင်နေတဲ့ နိုင်ငံရေးအကျဉ်းသားတစ်ဦးကိုလည်း ဆေးသေချာကုမပေးဘဲ ပစ်ထားတယ်လို့ ဆိုပါတယ်။   

ဒါ့အပြင် ထောင်ထဲမှာ လွတ်လွတ်လပ်လပ် သွားလာလို့မရအောင် လက်ရှိ သံဇကာတွေ ကာလိုက်လို့ လမ်းလျှောက်ဖို့နေရာ ကျဉ်းမြောင်းသွားတယ်လို့လည်း နိုင်/ကျဉ်း မိသားစုဝင်က ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ RFA အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနိုင်ဝင်းကတော့ အကျဉ်းထောင်တွေမှာ မည်သူ့ကိုမဆို ဆေးကုသမှုပေးနေတယ်လို့ RFA ကို ဖြေဆိုထားပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အကျဉ်းထောင်ထဲမှာ အကျဉ်းသား သေဆုံးမှုတွေအတွက် စစ်ကောင်စီရဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့မှာ တာဝန်ရှိတယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW) က ပြောဆိုထားပါတယ်။ 

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းအရ  အာဏာသိမ်းချိန်ကနေ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့အထိ ဖမ်းဆီးခံရသူ စုစုပေါင်း ၁၃၀၈၈ ဦးရှိပြီး အဲဒီအထဲက ၁၇၂၅ ဦးကတော့ ထောင်ဒဏ်ချမှတ်ခြင်း ခံထားရပါတယ်။
_________

ပဲခူးတိုင်း သာယာဝတီ အကျဉ်းထောင်ဂိတ်တံခါးအား တွေ့ရစဉ်။ (Photo: RFA)


ဆက်ဖတ်ရန် →
တရုတ်လုပ်ငန်းရှင်တစ်ဦးရဲ့ သံကျောက်တူးဖော်တဲ့ လုပ်ကွက်ကို လေယာဉ်နှစ်စီးနဲ့ ဗုံးလေးလုံး လာကြဲ

တရုတ်လုပ်ငန်းရှင်တစ်ဦးရဲ့ သံကျောက်တူးဖော်တဲ့ လုပ်ကွက်ကို လေယာဉ်နှစ်စီးနဲ့ ဗုံးလေးလုံး လာကြဲ

ဝိုင်းမော်မြို့ KIA နယ်မြေထဲက တရုတ်လုပ်ငန်းရှင်ရဲ့ သံကျောက်တူးလုပ်ကွက် ဗုံးကြဲခံရ
~~~~~
■ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ထိန်းချုပ်နယ်မြေ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ဆိုင်မိုင်ရွာက တရုတ်လုပ်ငန်းရှင်တစ်ဦးရဲ့ သံကျောက်တူးဖော်တဲ့ လုပ်ကွက်ကို ဒီဇင်ဘာလ ၁၇ ရက် မနေ့မနက်ပိုင်း စစ်ကောင်စီတပ်က လေယာဉ်နှစ်စီးနဲ့ ဗုံးလေးလုံး လာကြဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီလုပ်ကွက်ဟာ အရင်က ခရိုနီစီးပွားရေးလုပ်ငန်းရှင် ဦးတေဇ လုပ်ခဲ့တာဖြစ်ပြီး ၂၀၂၀ ခုနှစ် နောက်ပိုင်းမှာ တရုတ်လုပ်ငန်းရှင်တစ်ဦးက ပြန်လည်တူးဖော်နေတာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။ 

 “အရင်က တေဇလုပ်တဲ့အချိန်တော့ ကန်တော်ယန်ကတစ်ဆင့် ကန်ပိုက်တီဘက်ကိုပို့တာ။ အဲချိန်မှာတော့ အပေါ်က လူကြီးတွေလည်း စားရ၊ အောက်ကဂိတ်မှာထိုင်တဲ့ သူတွေလည်း စားရတော့ အဲချိန်က ဘာမှမဖြစ်ဘူး။ အခုလည်း ကန်တော်ယန်ဘက်က တစ်ဆင့် ကန်ပိုက်တီဘက်က ပြန်သယ်ဖို့ပြောတာပေါ့ စကစတွေဘက်က။ အခုက ဒီလိုင်ဇာ ဘက်ကတစ်ဆင့် တရုတ်ကိုပို့တော့ စကစ မစားရတော့ဘူး။ စကစဘက်ကလည်း ဟိုတလောကနေ ကန်ပိုက်တီဘက်ကနေ မပို့ရင် အနှောက်အယှက်ပေးမယ်လို့ သတိပေးထားတာလို့ ကြားတယ်။ အခုမပို့တော့ သူတို့က လေယာဉ်နဲ့လာပစ်တာပေါ့။ လူထိတာတွေတော့ မရှိဘူး“

ဦးတေဇလုပ်ခဲ့ချိန်က စစ်ကောင်စီဂိတ်တွေရှိတဲ့ ဗန်းမော် -မြစ်ကြီးနားလမ်းကနေ တရုတ်ပြည်နယ်စပ် ကန်ပိုက်တီဂိတ်ကတစ်ဆင့် တရုတ်ပြည်ကိုပို့ခဲ့တာဖြစ်ပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်း လိုင်ဇာကနေပဲ တရုတ်ပြည်ကို ပို့နေတာလို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေရဲ့ ပြောဆိုမှုနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကလည်း လေယာဉ်နဲ့ လာပစ်တာပဲသိရပြီး ဘာကြောင့် လာပစ်တယ်ဆိုတာနဲ့ အသေးစိတ်ကို မသိရသေးဘူးလို့ RFA ကို ပြောပါတယ်။

ဆိုင်မိုင်ရွာဟာ အိမ်ခြေ ၁၀၀ ကျော်ရှိပြီး မြစ်ကြီးနား-ဗန်းမော် လမ်းမပေါ်နဲ့ ကန်တော်ယန်ရွာရဲ့ အနောက်ဘက် ၁၀ မိုင်ခန့်အကွာမှာ ရှိတဲ့ရွာ ဖြစ်ပါတယ်။

အများစုဟာ ၂၀၁၁ ခုနှစ်မှာ တစ်ကျော့ပြန် ကချင်စစ်ပွဲ စဖြစ်ကတည်းက လိုင်ဇာမြို့ပေါ်မှာ ရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်းတွေမှာ သွားရောက်ခိုလှုံနေကြရပြီး လက်ရှိ စစ်ဘေးဒုက္ခသည် တချို့သာ ရွာပြန် တောင်ယာစိုက် နေကြတာလို့ ဒေသခံတွေကပြောပါတယ်။
_________

ဝိုင်းမော်မြို့နယ် ဆိုင်မိုင်ရွာမှ သံကျောက်တူးဖော်တဲ့ လုပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲသည့် ဗုံးစများကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့က တွေ့ရစဉ်။ Photo: Citizen Journalist)


ဆက်ဖတ်ရန် →
သာမညဆရာတော်ရုပ်အလောင်းကို ဖျက်စီးခဲ့တဲ့စောချစ်သူ

သာမညဆရာတော်ရုပ်အလောင်းကို ဖျက်စီးခဲ့တဲ့စောချစ်သူ

#ရွှေကရင်တို့စည်းလုံးချိန်တန်ပြီ

ကရင်ပြည်နယ်ကောင်းစားချင်ရင်ကရင်လူမျိုးညီညွတ်ဖို့လိုတယ်
စစ်အုပ်စုရဲ့ ယုတ်မာတဲ့အကြံစည်များသိသင့်ပါပြီ

သံတောင်ပြည်သူ့စစ်ကတော့ လက်မောင်းဘက်ခွါပြီး မူလပထမ KNU နဲ့ပြန်ပေါင်းသွားပြီ။ 
တချို့DKBA ကလူတွေလည်း မိခင် KNU ထံ ပြန်လာပေါင်းကြတာတွေရှိပြီ။

BGF က အောက်ခြေ ကရင်တပ်သားတွေလည်း ကရင်လူမျိုးအတွက် ခုလိုအရေးကြီးချိန်မှာ သွေးစည်းဖို့အသိတရားရှိသင့်ကြပါ ပြီ။ 

စောချစ်သူ ဆိုတာ KNU ထဲလည်း ဖူးဂျော်နီတို့ ဖူးဖော့ဒိုတို့လို သဘာ လည်းမရှိသလို ဇ လည်းမရှိ။ပညာဆိုတာ ကလည်း(၄)တန်းတောင်မအောင်။စာမတတ်လို့ သူမိန်းမ ဆရာမက စာသင်ပေးရတဲ့အဆင့်။ DKBA ဖွဲ့စကတောင် နာမည်မရှိနေရာမရှိတဲ့ကောင်က ကရင်ဂွင်ထဲဝင်လာတဲ့ ‘ဝ’တွေဆီက ယာဘ(မြင်းဆေး)နည်းပညာတွေခိုးပြီး “ဝ “ကိုပြန်Thet ခဲ့၊ ဒုက္ခတွေအမျိုးမျိုးပေးပြီး မြဝတီက ‘ဝ’ ပိုင်မြေတွေ မောင်ပိုင်စီးခဲ့လို့ “ဝ “က တရုတ်နဲ့ညှိပြီး တဖက်လှည့်နဲ့ သူ့မြေမှာ ကာစီနိုတွေဖွင့်စေခဲ့ပြီး ရိုးသားတဲ့ကရင်မြေကို အညှီအဟောက်တွေလွှမ်းစေခဲ့တဲ့ လူမျိုးပါ။
ဒါတင်ပဲလားဆိုတော့•••
သာမညဆရာတော်ရုပ်အလောင်းကို သန်းရွှေကဖျက်ဆီးခိုင်းပြီးချိန် မြှောက်စားလို့ တောက်ကြွားလာပြီး ၂၀၀၈/၉ လောက် 9E/ 9999 Hammer ကြီးကို ဘားအံ-ဘီးလင်း၊ ရွှေကုက္ကို-ဘားအံ တကြော ယာဉ်တန်းကြီးနဲ့ ဖျင်ယားကောင်းလိုက်တာ ရတခတိုင်းမှူးကတဆင့် သူ့ကားကို အမေကြိုင်အလှူခံပြီး၊ KNUအမာခံမြေ “မဲဝိုင်”ကို ရွှေကိစ္စအကြောင်း
ပြပြီး စောချစ်သူကို ရှေ့တော်ပြေးအနေနဲ့ နယ်မြေရှင်းဖို့ ပို့ချလိုက်တယ်။ 
ပြီးမှ ဦးအေးရဲ့ အဓိက မိတ်ဖက် sponsor ကြီး ခုမန္တလေးကောင်စီဥက္ကဌ ဦးမောင်ကိုရဲ့ထာဝရကုမ္ပဏီ ရွှေလာတူးတဲ့အခါ ဦးအေးလူမှန်း၊ ထာဝရမှာ ဦးအေးရှယ်ယာအများစုပါမှန်း နကန်းတလုံးမသိဘဲ စက်ပစ္စည်းတွေချည်း ဒေါ်လာ ၄ သန်းဖိုးလောက်ဝယ်ထားရတဲ့ ထာဝရကုမ္ပဏီကို လုံခြုံရေးfees ကို တလသိန်းထောင်ချီတောင်းပြီး စောချစ်သူ လူတွေကပဲ KNU ကပစ်သလိုလိုနဲ့ ကုမ္ပဏီဝင်းထဲကို တလ တစ်ခါ-၂ခါလောက် RPG နဲ့လှမ်းထုလိုက်၊ မဲဝိုင် အတက်ကားတွေကို ဝင်းမောင်းအကျော်ကနေ ရှေ့ထွက်မိုင်းထောင်လိုက်လုပ်နေတာ ကုမ္ပဏီက supervisor တွေထဲ artillery ကကောင်တွေပါလာလို့ ကျည်လာရာလမ်းကြောင်းပြန်တွက်တော့ ထုနေတာ KNU မဟုတ်။ ချစ်သူလူတွေမှန်းသိလို့ ကုမ္ပဏီလည်း ခွက်ခွက်လန်အရှုံးတွေတပွေ့တပိုက်နဲ့ ပြန်ထွက်သွားခဲ့ရတာကို ဦးမောင်ကိုက တအားနာကျည်းထားတာ။ ဘယ်လောက်များနာကျည်းလဲဆို ဝယ်ထားတဲ့စက်ပစ္စည်းအများစုကို ထားပစ်ခဲ့သည်အထိ။ 
မောင်ကိုဆိုတာ မဆလအစိုးရပိုင်ကျောက်ပုထိုးမှာ ဦးနေဝင်းခွက်ခွက်လန်ရှုံးပြီး သူ့ချည်းအမြတ်ကြမ်းခဲ့တဲ့အထိ ကုလားဖန်အထိုးကောင်းတဲ့ လူမျိုး၊ မဆလခေတ်မှာ နေဝင်းခေါင်းပေါ်တက်ထိုင်လို့ နဝတခေတ်မှာလည်း ဦးအေးကို ပေါင်ကြားညှပ်ထားနိုင်သည်အထိ ခေတ်အဆက်ဆက် ဂေါင်းကြီးတွေ မျက်လုံးမွှေးပေါ် စင်္ကြလျှောက်နိုင်ခဲ့သလောက် မဲဝိုင်မှာ ဘာမဟုတ်ညာမဟုတ်တဲ့ ချစ်သူ လိုကောင်က သူ့က်ို ဖျင်ချခဲ့တဲ့ရန်စက သခွတ်ပင်က မီးတကျည်ကျည်တောက်နေဆဲ။  
ခု စကစမှာ မအလ ထက်ပိုအာဏာစက်ပြင်းတဲ့ မိုးမြင့်ထွန်းဆိုတာ ဘိုဝင်းထွန်းပြီးရင်ဦးအေးရဲ့အချစ်ဆုံးသော PSO တယောက်။ ဦးအေးတင်မက  ကြီးတော်မြကပါ သားအရင်းလိုတုန်နေအောင်ချစ်တဲ့တယောက်။ ၂၀၁၀ ပျဉ်းမနားတပ်ရင်း ၉၇ တပ်ရင်းမှူးဘဝကတည်းက အနာဂတ်ရဲ့တပ်ချုပ်တယောက်လို့ ထိပ်ပိုင်းလူတွေကြား နာမည်ကြီးခဲ့တဲ့တယောက်။ 
ကရင်ကိုအပီအပြင်ထိုးစစ်ဖွင့်ချိန် KNU ကို BGF နဲ့ပေါင်းတိုက်စေတယ်ဆိုတာ ကျောင်းတော်က ရန်စကြောင့် ယာလည်းညက်၊ ကြက်လည်းဂိပြီးသားဖြစ်အောင် တမင်ယုတ်နေတာမို့ BGF က အောက်ခြေတပ်သားတွေ သူတို့အချင်းချင်းရဲ့ ရန်ငြိုးတွေကြား ကိုယ့်အသက်ကို မစတေးကြပါနဲ့••• လို့။
ကရင်အချင်းချင်း ကျောချင်းအပ် ရင်ချင်းကပ်ပြီး ညီညွတ်စွာနဲ့ မာနယ်ပလောအကြွေးကိုသာ ပြန်ဆပ်ကြပါ လို့တောင်းပန်းပါရစေ..

ဆရာမ နော်အဲ့မူးရဲ့ အကြွေးပြန်ဆပ်ကြပါလို့ တောင်းပန်ပါရစေ….

©️

🏴‍☠️ မင်းဆက်ကျော်🕊️


ဆက်ဖတ်ရန် →
ထိုင်းစွမ်းအင်ကုမ္ပဏီ PTT ကို နော်ဝေး ရန်ပုံငွေအဖွဲ့ထုတ်ပယ်

ထိုင်းစွမ်းအင်ကုမ္ပဏီ PTT ကို နော်ဝေး ရန်ပုံငွေအဖွဲ့ထုတ်ပယ်

မြန်မာပြည်မှာ လူ့အခွင့်အရေးချိုးဖောက်မှုကို အထောက်အပံ့ဖြစ်နေတဲ့လုပ်ရပ်တွေကြောင့် ထိုင်းစွမ်းအင်ကုမ္ပဏီ PTT ကို နော်ဝေး ရန်ပုံငွေအဖွဲ့ထုတ်ပယ်


ဒီဇင်ဘာ ၁၇၊ ၂၀၂၂

ထိုင်းစွမ်းအင်ကုမ္ပဏီ PTT ရဲ့ လုပ်ရပ်တွေဟာ မြန်မာပြည်မှာဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ကိစ္စရပ်တွေအတွက် အထောက်အပံ့ဖြစ်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နော်ဝေး ရင်းနှီးမြှုပ်နှံမှုအစုအဖွဲ့မှ ထုတ်ပယ်လိုက်ပါတယ်။ 

ဒါ့အပြင် ကမ္ဘာအကြီးဆုံး အမေရိကန်ဒေါ်လာ ၁.၃ ထရီလီယံရှိတဲ့ ရန်ပုံငွေအဖွဲ့ရဲ့ ဗဟိုဘုတ်အဖွဲ့ကလည်း PTT ရေနံနှင့် လက်လီစီးပွားရေး ကုမ္ပဏီ (PTT OR) နဲ့ အစ္စရေးအခြေစိုက် Cognyte ဆော့ဝဲကုမ္ပဏီနှစ်ခုကို လက်သင့်မခံနိုင်စရာ လူ့အခွင့်အရေး ချိုးဖောက်မှု အကြောင်းပြချက်နဲ့ ထုတ်ပယ်တော့မှာဖြစ်ပါတယ်။

ရန်ပုံငွေအဖွဲ့ရဲ့ ကျင့်ဝတ်ထိန်းသိမ်းရေးကောင်စီက ထိုင်းနဲ့ မြန်မာစစ်ကောင်စီရဲ့ စစ်အုပ်စုပိုင် ကုမ္ပဏီတွေကြား ခိုင်မာတဲ့ မိတ်ဖက်လုပ်ငန်းနဲ့ သူတို့ရဲ့ဆောင်ရွက်မှုတွေက စစ်အုပ်စုရဲ့ စစ်ဆင်ရေးနဲ့အကြမ်းဖက်မှုတွေမှာ ငွေကြေးရင်းမြစ်လမ်းကြောင်းအနေနဲ့ အထောက်အပံ့ဖြစ်နေတယ် လို့ပြောကြာခဲ့ပါတယ်။

ဒါ့အပြင် အဲ့ဒီရန်ပုံငွေအဖွဲ့က အဲ့ဒီကုမ္ပဏီတွေအနေနဲ့ စစ်နဲ့ပဋိပက္ခ ဖြစ်ပွားရာ နေရာတွေမှာ လူတစ်ဦးချင်းစီရဲ့ အခွင့်အရေးတွေကို ပြင်းပြင်းထန်ထန် ချိုးဖောက်ဖျက်ဆီးနေတဲ့ လက်သင့်မခံနိုင်စရာ ကိစ္စရပ်တွေကိုလည်း ကိုးကားပြောဆိုခဲ့ပါသေးတယ်။


PTT ရဲ့လုပ်ငန်းစုတစ်ခုဖြစ်တဲ့ PTTEP က ပြင်သစ် တိုတယ်စွမ်းအင်ကုမ္ပဏီမြန်မာပြည်က ထွက်ခွာပြီးနောက်မှာ ရတနာရေနံစီမံကိန်း လည်ပတ်မှုကို လွှဲပြောင်းယူမယ်လို့ မတ်လက ပြောဆိုခဲ့ပါတယ်။ တစ်ချိန်ထဲမှာပဲ PTTEPက  ဓာတ်ငွေ့ထုတ်လုပ်မှု လျော့နည်းလာပြီဖြစ်တဲ့ ရဲတံခွန်စီမံကိန်းကနေ နှုတ်ထွက်ခဲ့ပါတယ်။

#SpringRevolution
#PVTV
#PVTVNews
ဆက်ဖတ်ရန် →
တအာင်းတပ်မတော် (TNLA) ထုတ်ပြန်ချက်

တအာင်းတပ်မတော် (TNLA) ထုတ်ပြန်ချက်

🟢 တအာင်းဒေသ နမ့်ဆန်မြို့နယ် ကုန်းသာ၊ ဟူးမန်းနဲ့ မန်လုံးရွာမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲနဲ့ ပတ်သက်ပြီး တအာင်းတပ်မတော် (TNLA)က ထုတ်ပြန်ချက် ထုတ်လာပါတယ်။


စစ်ကောင်စီဘက်က ထုတ်ပြန်ထားသလို လက်နက်ခဲယမ်းတွေ သိမ်းဆည်းခံရတာမရှိပဲ စစ်တပ်ရဲ့ လက်နက်ခဲယမ်းတွေကိုသာ TNLA က သိမ်းဆည်းရမိခဲ့တာလို့ ဖော်ပြထားပါတယ်။


ဒီဇင်ဘာ ၁၈ ရက်




ဆက်ဖတ်ရန် →
ထောက်ပို့ရဟတ်ယာဉ် ၁ စီး   ကျည်မှန်ပြီး သုံးမရ

ထောက်ပို့ရဟတ်ယာဉ် ၁ စီး ကျည်မှန်ပြီး သုံးမရ

နမ့်ဆန်တိုက်ပွဲတွင် TNLA၏ ပစ်ခတ်မှုကြောင့် စစ်တပ်ဘက်မှ ထောက်ပို့ရဟတ်ယာဉ် ၁ စီးကို   ကျည်ထိမှန်ပြီး သုံးမရတော့ဟုဆို

ရန်ကုန်၊ ဒီဇင်ဘာ ၁၈  ခေတ် သစ်

ရှမ်းပြည်နယ်၊ နမ့်ဆန်မြို့နယ်တွင် ဒီဇင်ဘာလ ၇ ရက်နေ့မှ ဒီဇင်ဘာလ ၁၂ ရက်နေ့ အထိ ၅ ရက် အကြာ ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် TNLA ၏ ပစ်ခတ်မှုကြောင့် စစ်တပ်ဘက်မှ ထောက်ပို့ ရဟတ် ယာဉ် ၁ စီး လက်နက်ငယ်ကျည် ထိမှန်ပြီး သုံးမရတော့ ကြောင်း လေတပ်သတင်းရင်းမြစ်က ပြော သည်။ 

ဒီဇင်ဘာလ ၇ ရက်နေ့တွင် စစ်တပ်က ထောက်ပို့ရဟတ်ယာဉ်များဖြင့် စစ်သည်များကို ချထားပေးပြီး နမ့်ဆန်မြို့နယ် ကုန်းသာကျေးရွာကို ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ ယင်းနောက် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားခဲ့သဖြင့် ထောက်ပို့ ရဟတ်ယာဉ်များဖြင့် လက်နက်ခဲယမ်းများ ချထားပေးခြင်း၊ စစ်အင်အား များ တိုးမြှင့်ချထားခြင်းများ လုပ်ဆောင်ခဲ့ ကြောင်း၊ ထိုသို့ လုပ်ဆောင်စဉ် TNLA၏ ပစ်ခတ်မှုကြောင့် ထောက်ပို့ ရဟတ်ယာဉ် ၁ စီး ကျည်ထိမှန်သွားပြီး အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း၊ လက်ရှိတွင် ကျည်ထိမှန်ထားသော ရဟတ်ယာဉ်သည် သုံးမရတော့ကြောင်း လေတပ် သတင်းရင်းမြစ်က ပြော သည်။ 

"ရဟတ်ယာဉ် အပစ်ခံရတာမှန်တယ်။ ထိသွားတယ်။ အခုထက်ထိတော့ မပြင်ရသေးလို့ ဒီအတိုင်း ထားထားတယ်။ စစ်ရေးအခြေအနေ မငြိမ်သေးတာကြောင့်လည်းပါတယ်။ စိန်ရတု လေတပ် နှစ်ပတ် လည်နဲ့ဆိုတော့ အဲဒါကို ပြင်ဖို့ လတ်တလော မလုပ်ရသေးဘူးလို့သိရတယ်။ ရဟတ်ယာဉ်ထိတာရော အပစ်ခံရတာမှန်ပါတယ်။ ရဟတ်ယာဉ် ၁ စီးကျည်ထိထားပါတယ်"ဟု လေတပ် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။ 

ရှမ်းပြည်နယ်၊ နမ့်ဆန်မြို့နယ်၊ ကုန်းသာကျေးရွာတွင် ဒီဇင်ဘာလ ၇ ရက်နေ့မှ ဒီဇင်ဘာလ ၁၂ ရက် နေ့ အထိတိုက်ပွဲ သည် PDF များ၏ လက်နက်သယ်ယူရေးကို ဝင်ရောက်စီးနင်းခြင်းဖြစ်ပြီး အလောင်း များနှင့်လက်နက်များရရှိကြောင်း၊ TNLA ကို ဝင်တိုက်ခြင်းမဟုတ်ကြောင်း၊ စစ်တပ်ဘက်မှ အရာရှိ နှင့်စစ်သည်များ သေဆုံးကြောင်း စစ်တပ်က သတင်းထုတ်ပြန်ထားသည်။ 

မြောက်ပိုင်းမဟာမိတ် သတင်းရင်းမြစ်တချို့ကမူ နမ့်ဆန်မြို့နယ်၊ ကုန်းသာကျေးရွာတိုက်ပွဲတွင် စစ် တပ်ဘက်မှ အနည်း ဆုံး ၁၀၀ အင်အားပါ စစ်ကြောင်းပြုတ်သွားပြီး TNLA က စစ်သား အလောင်း များ၊ လက်နက် များသိမ်းဆည်းရမိကြောင်း၊ TNLA ဘက်မှလည်း ကျဆုံးမှုများရှိကြောင်း ရန်ကုန် ခေတ် သစ် သတင်းဌာနသို့ ပြောဆိုထားသည်။ 

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီ၏ ရုရှားထုတ် Mi-17 ထောက်ပို့ ရဟတ်ယာဉ်တစ်စီး။ (ပုံအဟောင်းဖြစ်သည်)
ဆက်ဖတ်ရန် →
NDAA အပေါ် သူတို့အမြင်

NDAA အပေါ် သူတို့အမြင်

အမေရိကန် ကာကွယ်ရေး အသုံးစရိတ် ဥပဒေ သည် နှစ်ပေါင်း ၆၁ နှစ် တိုင် နှစ်စဉ်လိုလို အချိန်မီ ပြဌာန်း နိုင်ခဲ့သဖြင့် ယခုတကြိမ်လည်း နှစ်မကူးမီ သမ္မတ ဂျိုးဘိုင်ဒင်မှ သေချာပေါက် လက်မှတ် ရေးထိုးတော့မည် ဖြစ်သည်။

ထိုဥပဒေတွင် ယခုနှစ် ထူးခြားချက် အဖြစ် မြန်မာ ဒီမိုကရေစီ အရေး လှုပ်ရှားမှုများကို အကူအညီပေးနိုင်ရန် BURMA ACT ကို ထည့်သွင်းလာခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဥပဒေအား အောက်လွှတ်တော်မှ ယခုနှစ် ဧပြီလ တွင် အတည်ပြု ပေးခဲ့သော်လည်း ဆီးနိတ်တွင် ဆွေးနွေး အတည်ပြုသည့် အဆင့်အထိ ရောက်မလာခဲ့၍ အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ ဥက္ကဌ ဂရီဂိုရီ မိခ် (ပုံတွင်ရှု) မှ NDAA တွင် ထည့်သွင်းလိုက်ခြင်းပင် ဖြစ်သည်။ 
ရှေ့နေတဦးလည်း ဖြစ်သော မစ္စတာ မိခ် သည် ၁၉၉၈ မှ စ၍ နယူးယောက် အမှတ် (၅) မဲဆန္ဒနယ်မြေ ကိုယ်စားပြု အောက်လွှတ်တော် ကိုယ်စားလှယ် အဖြစ် ထမ်းဆောင်ခဲ့သည်မှာ  သက်တမ်း အားဖြင့် ဆယ်ကြိမ် ရှိလာခဲ့ပြီ ဖြစ်သည်။ 

BURMA ACT ဖြင့် အမေရိကန် အစိုးရသည် အမျိုးသား ညီညွတ်ရေး အစိုးရနှင့် တိုက်ရိုက် ထိတွေ့ ဆက်ဆံခွင့် ရရှိသွားခဲ့ပြီ ဖြစ်သည်၊ ယင်းနှင့်အတူ အာဏာသိမ်း စစ်ကောင်စီ နှင့် ၎င်းတို့အား ထောက်ခံနေသူများ အား ပိတ်ဆို့ အရေးယူနိုင်မည့် အစီအစဉ်များ ရေးဆွဲ ချမှတ်နိုင်တော့မည် ဖြစ်သည်ဟု RFA မှ အဲလက်စ် ဝီလီမင်းက သုံးသပ်ရေးသားခဲ့သည်။

ထိုမျှသာမကသေး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကိုပါ လက်နက်မှ လွဲ၍ အခြား အကူအညီမျိုးစုံ ပံ့ပိုးကူညီပေးနိုင်တော့မည် ဖြစ်သည်။

အမျိုးသား ညီညွတ်ရေး အစိုးရ၏ ယာယီ သမ္မတကြီး ဒူးဝါး လရှီးလ မှ အဆိုပါ ဥပဒေ ပြဋ္ဌာန်းပေးခဲ့မှုကို ချီးကြုးကြောင်း ကျေညာချက် ထုတ်ပြန်ခဲ့သည်။ ယင်း ဥပဒေသည် ဒီမိုကရေစီ၊ လူ့အခွင့်အရေး နှင့် တရားမျှတမှုများအတွက် ရုန်းကန် တိုက်ပွဲဝင်နေကြသည့် မြန်မာပြည်သူများ၊ မိမိတို့၏ ညီနောင် မဟာမိတ် အဖွဲ့အစည်းများအား ထောက်ခံသွားမည့် အမေရိကန် ပြည်ထောင်စု၏ ပေါ်လစီကို ရှင်းလင်း ပြတ်သားစွာ ဖေါ်ပြထားသည့် အရေးပါသော ဥပဒေ ဖြစ်သည်ဟု ကျေညာချက်တွင် ပါရှိခဲ့သည်။

အမေရိကန် ငြိမ်းချမ်း‌ရေး အင်စတီကျု မှ မြန်မာ ရေးရာ တာဝန်ခံ နီကိုးလ် ကောခရန် မှ ဥပဒေ ၏ အထိရောက်ဆုံးသော အချက်သည် အမေရိကန် အာဏာပိုင်များ အနေဖြင့် NUG, NUCC, CRPH တို့ နှင့် တိုက်ရိုက် ဆက်ဆံနိုင်ဖို့ လမ်းပွင့်သွားခဲ့ခြင်းပင် ဖြစ်သည်ဟု ဆိုသည်။ ယင်းသည် လက်ရှိ အကျပ်အတည်းကို ဖြေရှင်းနိုင်ရေး၏ တစိတ်တပိုင်း ဖြစ်လာခဲ့သည်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဆန်ရှင်း ညှိနှိုင်းဆောင်ရွက်ရေး အဖွဲ့သည်လည်း ပြီးပြည့်စုံသည့် ပေါ်လစီ တရပ် ချမှတ် နိုင်တော့မည် လည်း ဖြစ်သည်။

အမေရိကန် အမျိုးသား စစ်ကောလိပ်မှ ပါမောက္ခ ဇာကာရီ အဘူဇာ မှ ကွန်ဂရက်သည် ထိုင်းတို့၏ ဖိအား ပေးနေမှု ကြောင့် အရေးပါသည့် ရေနံ နှင့် သဘာဝ ဓါတ်ငွေ့ လုပ်ငန်းများ အပေါ် ပိတ်ဆို့ အရေးယူရန် အစိုးရ၏ တုံဏှိဘာဝေ လုပ်နေမှု မဖြစ်မနေ လုပ်ရတော့မည့် အဆင့်ရောက်အောင် တွန်းပို့လိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

NUG, PDF, နှင့် EAO များ အား ကူညီပံ့ပိုးမှုများ ပို၍ ပြုလုပ်သွားနိုင်ရန် လမ်းဖွင့်ပေးထားပြီး ဖြစ်သော်လည်း အမေရိကန် အစိုးရမှ မည်သို့မည်ပုံ အကောင်အထည် ဖေါ်သွားမည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးဟု ဆိုသည်။ လက်ရှိ အနေအထားတွင် ပြဿနာ ရေရှည်လာလေ အာဏာသိမ်း အဖွဲ့ အတွက် အကျိုးရှိလေ ဖြစ်လာနိုင်သည်ဟုလည်း ထောက်ပြသွားခဲ့သည်။

မိမိအမြင် ပြောရမည်ဆိုက လက်နက်မဟုတ်သော အကူအညီများ ထဲတွင် တပ်များ စုစည်းပုံ၊ ရွှေ့ပြောင်းပုံများကို တော်လှန်ရေး အဖွဲ့များအား  ထောက်လှမ်းရေး ဂြိုလ်တု သတင်းများ ပေးပို့ခြင်း၊ စစ်ဖက်ဆိုင်ရာ အကြံပေးမှု များ ပါဝင်လာနိုင်ခြင်း တို့ကြောင့် လွန်စွာမှ ထိရောက်မှု ရှိနေပေသည်။ ထိုသို့ ပြုလုပ်နိုင်ကြောင်း အခန်း (၃)၊ အပိုဒ် ၃၀၁ တွင် သွယ်ဝိုက် ဖေါ်ပြထားသည်ကို တွေ့ရသည်။

မင်းအောင်လှိုင်မှ တုန်လှုပ်ခြောက်ချားစွာဖြင့် ရုရှားများ အား မရမက အပူကပ် ခေါ်သွင်းလာခြင်း တို့ကြောင့် အမေရိကန်ဖက်ကလည်း မဖြစ်မနေ ပါဝင်လာရခဲ့၍ ဘယ်သူမပြု မိမိမှုသာ ဟု ပြောရမည်သာ ဖြစ်သည်။

BURMA ACT ၏ အခန်း (၂) အပိုဒ် ၂၀၅ တွင် ကုလဆိုင်ရာ အမေရိကန် သံအမတ်ကြီး အား အဆိုများ တင်သွင်းပြီး အကြမ်းဖက် စစ်တပ်ကို အကာအကွယ် ပေးနေသည့် ရုရှား နှင့် တရုတ်တို့ ဂုဏ်သိက္ခာ ကျဆင်းသည်ထက် ကျဆင်းလာစေရန် နှင့် ကုလမှ ပို၍ အရေးယူ ဆောင်ရွက်လာစေရန် လူသိရှင်ကြား အသံဖြင့် မဲခွဲစေရန် သမ္မတ အနေဖြင့် ညွှန်ကြားရမည် ဟုလည်း ပါရှိသည်။

မြန်မာ အရေး နိုင်ငံတကာ ကျွမ်းကျင်သူများ နှင့် ဖွဲ့စည်းထားသည့် အကြံပေး ကောင်စီ မှ ကြာသပတေး‌နေ့က စာတမ်း တစောင် ထုတ်ပြန်ခဲ့ရာတွင် မြန်မာ စစ်တပ် ၏ တာဝန်ခံမှု ကင်းမဲ့နေခြင်းအား အဆုံးသတ်နိုင်မည့် အဖွဲ့အစည်းသည် နိုင်ငံတကာ ရာဇဝတ်မှု များ ဆိုင်ရာ တရားရုံး အိုင်စီစီပင် ဖြစ်သည်ဟု ပါရှိခဲ့သည်။

၂၀၀၂ ခုနှစ်မှ စ၍ မြန်မာ စစ်တပ် မှ ရိုဟင်ဂျာ များ အပါအဝင် နိုင်ငံသား များ အပေါ် ကျုးလွန်ခဲ့သည့် ပြစ်မှု အားလုံးကို အိုင်စီစီ အနေဖြင့် စုံစမ်း အရေးယူ ပိုင်ခွင့် ရှိသည့် ဥပဒေ အကြောင်းအရာ အချက်အလက် များကို အပြည့်အစုံ ဖေါ်ပြထားခဲ့သည်။

နိုင်ငံတကာ မိသားစု အနေဖြင့် ထိုသို့ ရာဇဝတ်မှုများ ကျုးလွန်နေသူ အားလုံးကို အိုင်စီစီ သို့ မဖြစ်မနေ ပို့ဆောင်နိုင်ရေး အတွက် လုပ်စရာ ရှိတာ မှန်သမျှကို ပြုလုပ်ရမည်ဟု အဖွဲ့ဝင် ဖြစ်သည့် မစ္စက် ယန်ဟီလီးမှ ထောက်ပြခဲ့သည်။ မင်းအောင်လှိုင် နှင့် အပေါင်းအပါ စစ်ဗိုလ်ချုပ်များသည် ထိုသို့ မလုပ်မချင်း မြန်မာပြည်သူများ အပေါ် ရက်စက်ကြမ်းကြုပ်မှု များ ဆက်၍ ကျုးလွန်နေကြမည်သာ ဖြစ်သည်ဟု သတိပေးခဲ့ပြန်သည်။

အိုင်စီစီ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများ အနေဖြင့် မြန်မာပြည်သူများ အတွက် တရားမျှတမှု ဖေါ်ဆောင်နိုင်ရန် နောက်ထပ်တနှစ် အချိန်မဖြုန်းသင့်ဟု လည်း ဆိုသည်။

အမျိုးသား ညီညွတ်ရေး အစိုးရမှ ရောမ ပြဋ္ဌာန်းချက်ကို လက်ခံကြောင်း ကျေညာချက် ထုတ်ပြန်ခဲ့ပြီး ဖြစ်၍ အိုင်စီစီ အား ထိုသို့ အရေးယူနိုင်ရန် လမ်းဖွင့်ပေးထားခဲ့ပြီး ဖြစ်သည်ဟု ဆိုသည်။ အမေရိကန်မှ ထိုအရေးကို အားပေးထောက်ခံသွားမည်ဟု ဥပဒေ၏ အခန်း (၄)၊ အပိုဒ် ၄၀၁ နှင့် ၄၀၂ တွင် ဖေါ်ပြထားပြန်သည်။

ကုလသမဂ္ဂ မှ လည်း အကြမ်းဖက် စစ်တပ်၏ ကိုယ်စားပြုခွင့် တင်ပြလာသည်ကို ဆုံးဖြတ်ချက် ပေးရန် ငြင်းဆိုခဲ့ပြန်သည်။

မကြာသေးမီ ရက်ပိုင်း အတွင်းက လန်ဒန် အခြေစိုက် မြန်မာ အရေး တာဝန်ခံမှု ထွက်ပေါ်ရေး ပရိုဂျက်၏ ဒါရိုက်တာ ဖြစ်သူ ဘီဘီစီ သတင်းထောက်ဟောင်းကြီး ခရစ် ဂန်းနက်စ မှ “ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် အရှေ့တောင်အာရှတွင် ပိုပေါ့ ၏ ခမာနီ အုပ်ချုပ်ရေး ကာလအတွင်း ပေါ်ပေါက်ခဲ့သော အကြမ်းဖက် လုပ်ရပ်များ နောက်တွင် တခါဖူးမျှ မကြုံဖူးသည့် အတိုင်းအတာဖြင့် မြန်မာ ပြည်သူများ အပေါ် အကြမ်းဖက်မှု ကျုးလွန်နေခဲ့သူ ဖြစ်သည်” ဟုလည်း နှိုင်းယှဉ် ပြောဆိုသွားခဲ့သည်ကို ဝါရှင်တန် ပို့စ် သတင်းစာတွင်  ပါရှိလာခဲ့သည်။

ယခုအခါ မင်းအောင်လှိုင် နှင့် စစ်ဗိုလ်ချုပ်များအား အမေရိကန် မှ ဦးဆောင်ပြီး အဖွဲ့အစည်း အသီးသီးမှ ပြုတ်တူ ကြီး ဖြင့် ဝိုင်း၍ ညှပ်လာနေပြီ ဖြစ်သည်။

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!

လှစိုးဝေ
ဆက်ဖတ်ရန် →
ကမ္ဘာမကျော်တဲ့အညာသူကြီးတွေ

ကမ္ဘာမကျော်တဲ့အညာသူကြီးတွေ



ရော်နယ်ဒိုတို့...
နေမာတို့ငိုပြလိုက်တယ်...
ကမ္ဘာကျော်တွေရဲ့မျက်ရည်...
တကမ္ဘာလုံးကြွေပေါ့.....

ကမ္ဘာမကျော်တဲ့...
အညာသူကြီးတွေရဲ့မျက်ရည်...
လူမသိသူမိသိ...
ကမ္ဘာကြီးလည်းမသိ...

                          M ! N G Y !  .....
ဆက်ဖတ်ရန် →